Part_6

ဒေါက်...ဒေါက်...ဒေါက်..
ခွန်း,,လေးရေ ထတော့လေး ကလေးရဲ ဒီနေ့ကျောင်းစတက်ရမဲ့နေ့ကို
နောက်ကျတာမကောင်းဘူးလေကွယ်။

ဒေါ်ချစ်ခွန်ချို,,တစ်ယောက် သူမရဲသမီးအား ကျောင်းနောက်ကျမှာဆိုး၍ နိုးနေခြင်းပါ။

ကျွီး....
ခွန်း,,အခန်းတံခါးဖွင့်ပြီး အိပ်မှုံစုတ်ဖွားနဲ

ခွန်း,,နိုးပါပြီမာမီရဲ့ ဝါးးးး

ကောင်းပါပြီရှင့် အောက်မှာမနက်စာအမြန်လာစားတော့ နောက်ကျနေပြီးရယ်ကလေးရဲ မာမီစောင့်နေမယ်နော်။

ဟုတ်ကဲပါမာမီ ခွန်း,,အမြန်လုပ်ပြီးဆင်းလာခဲ့မယ်နော်။

အင်အင်မာမီအောက်မှာစောင့်နေမယ်နော်ကလေး.....

ငယ်,,ဒီနေ့ကျောင်စတက်ရမဲ့နေ့ပဲဖြစ်သည်။ ခုငယ်တက်မဲ့ကျောင်းက ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်တာကြောင့် ကျောင်းဝတ်စုံက အဖြူအစိမ်းနဲမဟုတ်ပဲ ကျောင်း ယူနီဖောင်ပဲဝတ်ရမှာ ဖြစ်တာကြောင့် ငယ့်အတွက်က အထူးအဆန်ဖြစ်နေသည်။

အထွေးနဲအရီကလည် ကျောင်းသွားဖို့တွက်ပြင်ဆင်ရင် စကားတွေများနေကြသည်။ သူတို့နှစ်ယောက်ကအမြဲတစ်ဂျက်ဂျက်နဲမလို့ဒေါ်မြက အမြဲဆူရသည်။ ငယ်,,သူတို့နှစ်ကိုအားကျမိပါ၏ ငယ်မှာလည်း ညီအစ်မရှိရင်သိပ်ကောင်းမှာပဲ အဲ့တာဆိုငယ်လည်းဒီလိုအထီးမကျန်တော့ဘူးထင်ပါတယ်။

အထွေနဲအရီကိုငယ်,,ခင်ချင်ပါတယ် ဒါပေမဲအထွေးနဲအရီ ကငယ့်ကိုမခင်ချင်ဘူးထင်တယ် ငယ်စကားပြောရင်ငယ့်,,ကိုပြန်မပြောကြဘူးရယ်။
ငယ်,,အတွေးတွေရပ်ပြီး။

အမြန်လုပ်မှ ဒီနေ့ငယ်,,တို့ကိုအန်တီကလိုက်ပို့မှာဖြစ်တယ် ဒါ့ကြောင်နောက်ကျလို့မဖြစ် ငယ့်,,ကိုစောင့်နေရရင်အားနာစရာကြီး အမြန်လုပ်မှ

အန်တီ..

အော် ပြီးကြပြီးလားသမီးတို့ ကျောင်းပစ္စည်းတွေရောအစုံပါပြီလားစစ်ကြည့်အုန်း

ဟုတ်အကုန်ပါပြီ တီချို

‌အင်ပါကွယ် သမီးတို့ မမ ခွန်းလေးကိုစောင့်နေတာ။ သမီးတို့က ယူနီဖောင်းလေးတွေနဲ သိပ်ကိုချစ်စရာကောင်းကြတာပဲ

ချို,, ခလေးမလေးတွေကိုကြည့်ရင် သဘောကျနေမိသည်။
ဟော မမပဲလေးလာပါပြီ" မာမီကလေးလေးကအချောအလှလေးပါလား။

မာမီနော်။ ခွန်း,,ကိုလှတယ်လို့ပြောတာမကြိုက်လို့ မာမီက တမင်စနေတာ

ဟင်...ဟင်..ချစ်လိုက်ရှင့် မာမီ့ကလေးလေးကို

ချို,,ခွန်း,,ပါးလေးကိုဆွဲညစ်လိုက်တော သွားတက်လေးများပေါ်အောင်ရယ်လေသည်။ ကဲကားပေါ်တက် ။

ခွန်း,,မာမီဘေးကိုကြည့်လိုက်တော

ကျွတ်...

ခွန်း,,အလိုမကျစွာမျက်မှောင်ကျုံ့လိုက်ပြီး

ဘာလဲခွန်း,,က သူနဲကားတစ်စီထဲအတူစီးရမှာလား ခွန်း,,လက်မခံနိုင်။

မာမီတိုပဲသွားလိုက်တောခွန်း,,မလိုက်တော့ဘူး ကိုဇော်ဖြစ်ဖြစ် ကိုဖိုးထူးဖြစ်ဖြစလိုက်ပို့ခိုင်းလိုက်မယ်

ခွန်း,,ကသူမကိုကြည့်ပြီးပြောလိုက်တော့ သူ့‌ကြောင့်‌ ပြောမှန်းသူသိလို့ခွန်း,,ကိုပြန်ကြည့်လာသည်။

ခွန်းရယ် မာမီက ပထမဦးဆုံး‌ ရက်လေးမလိုအကုန်းလုံးကိုလိုက်ပို့ပေးချင်လို့ပါ ကလေးရဲ လာပါ မာမီစိတ်ချမ်းသားအောင် ဒီနေ့တစ်ရက်ထဲပါ နော်ကလေးလေး

မာမီဒီလိုပြောရင် ခွန်း,,မာမီကိုမလွန်ဆန်နိုင် ခွန်း,,လည်စိတ်ရှုပ်ရှုပ်နဲခေါင်းကိုဆွဲဖွကာ

ကဲပြီးရောဗျား.... မာမီကြိုက်သလိုသာလုပ်တော့..
ခွန်းပြောလိုက်ပြီး ကားခေါင်းခန်းတွင်ဝင်ထိုင်လိုက်တော့သည်

ခွန်း,,တစ်ယောက် တစ်လမ်းလုံးမျက်မှောင်ကုပ်ပြီးလိုက်ပါသွားတော့သည်။

ငယ်,,ကျောင်တော်ကြီးကိုရောက်တော့ အတော်ပင်အံ့ဩမင်သက်နေမိသည်။
သူနေခဲ့သည့်ကျောင်းနဲ့ခုကျောင်းကြီးက လုံးဝမသက်ဆိုင်ပါ အန်တီကငယ့်,,ကိုဒီလို‌အကောင်းစားကျောင်းကြီးမှာထားပေးမယ်လို့မထင်ခဲ့ဘူး။
ငယ်,,အန်တီ့ကိုတကယ်ကျေးဇူတင်ပါသည်။ ဦးတို့မိသားစုက
ငယ့်,,ဘဝရဲကျေးဇူးရှင်ပဲလို့ပြောလို့ရသည်။
ငယ်,,အဲ့ဒီ့ကျေးဇူးကိုပြန်ဆပ်နိုင်အောင် ငယ်,,ကြိုးစားပါမည်။
ရွားကဒေါ်လေးသိမ်းယဉ်ကိုလည်း ငယ်ကျေးဇူးဆပ်ဖို့ရှိနေသေးသည်။
ငယ်,,ဦးကိုမေးစရာလေးရှိနေပါသေးတယ် ဒါပေမဲ့ဦးနဲကအခွင့်မကြုံးဘူးဖြစ်နေတာခက်သည်။သေချာပေါက်မေးမှရမှာ ငယ်အဲ့တာသိချင်လို ဦးနောက်လိုက်လာတာပဲဖြစ်သည်။

G-10"

ငယ်,,စာသင်ခန်းထဲရောက်တော့ ငယ့်,,ကိုလူတွေကအထူအဆန်းဝိုင်ကြည့်နေကြောင့် ငယ်,,အနေခက်လို အထွေးနဲအရီ့ကိုလှမ်းကြည့်တော့ ငယ်ကိုမသ်ိဟန်ဆောင်ပြီး သူတို့ခုံနေရာဆီ နေရာယူကာတချားသူများနဲပါ စကားတွေပြောနေကြသည်။ ငယ်,,လည်းလွတ်နေတဲခုံနေရာတွင်သာ ဝင်ထိုင်လိုက်ပြီး စာသင်ဆရာအလာကိုသာစောင့်နေလိုက်သည်။

ထိုချိန် အတန်းပိုင်ဆရာဝင်လာလို့

နှိုတ်ခွန်းဆက်ပြီး ဆရာကငယ့်,,ကိုအတန်းရှေ့ကိုခေါ်လို့
ငယ်,,လည်း ဆရာ့နားလေးသွားလိုက်တော့ ဆရာကငယ့်,,ကို နံမည်မိတ်ဆက်ခိုင်သည်။ ကိုယ်ရေအကျည်းအချက်လက်များကိုတော့ အန်တီဖြည့်ပေးခဲ့သည်မလို ပြောရန်မလို

ကျွန်မနမည် ကြာညို,,ပါရှင့် လိုအခွန်းထဲသာပြောပြီး
နေရာဆီပြန်လာခဲ့လိုက်သည်။

အားလုံးကငယ့်,,ကို အံ့ဩသလိုကြည့်လာကြသည်။
ငယ်,,လည်းနေတက်သလိုသာ နေနေလိုက်သည်။
အစမလို့ပါ နောက်အဆင်ပြေသွားမှာ ဟုတ်တယ်အဆင်ပြေသွားမှာ။
ငယ်,,ကိုယ့်ကိုကိုယ်သာအားပေးလိုက်၏။။

အတန်းပြီးတော့ ငယ့်,,နောက်ကခုံကတစ်ယောက်က ငယ့်ကိုစကားလာပြောသည်။

ဟိတ်"ကြာညိုနော် ထမင်းစားကဒ်နဲ တချားအသင်းဝင်ခွင့်ကဒ်တွေ လုပ်ရအုန်းမယ်နော်ငါနမည်က အဲလစ်ပါ အတန်းခေါင်းဆောင်ဆိုပါတော့ လိုအပ်တာရှိရင်ပြောလို့ရတယ် ကြာညိုကကျောင်သူအသစ်ဆိုတော့ ငါ့အကူညီလိုလည်ပြော

ဟုတ်ကဲ။ကျေးဇူးပါနော်

ရပါတယ်ဆိုတဲပုံနဲခေါင်းသာညိမ့်ပြလာသည်။

ငယ်,,နဲအဲလစ်ကခုရုံးခန်းကနေ ထမင်းစားကဒ်နဲ့ ကျောင်းသားကဒ်သွားယူပြီ ကန်တင်းကိုဦတည်လာနေချင်းပါ အဲလစ်ကဖော်ရွေသည်ခင်ဖို့ကောင်းပြီး ငယ့်,,ကိုစကားပြောပေးသည်။

"မင်းပုံကလည်းကွား အီးမှန်ထားသလိုနဲဘာဖြစ်နေတာလဲမနက်ထဲက
ခွန်း,,တို့သူငယ်ချင်တွေကန်တင်းထိုင်ရင်း ခွန်းကိုကြည့်ကာ ပွားကြတာဖြစ်သည်။

"အေဟုတ်တယ်ဒီကောင်မနက်ထဲကဖြစ်နေတာ ဘာလဲမင်း မမမင်းကိုစိတ်ကောက်နေပြန်ပြီလား

"မင်းတို့မသိပါဘူးကွား...

"အေမသိလိုမေးနေတာလေ မအေဘေလေးရဲ

ခွန်း,,မနက်ထဲကစိတ်မကြည်လို့ ငပိုင်နဲ ဘီလျံကာ ကမေးနေချင်းပါ ခွန်း,,ကပြန်မဖြေတော ငပိုင်ကဆဲသည်။မပြောလိုမရသည်မလို ပြောပြလိုက်သည်။

ဖြစ်စဉ်ကအဲလိုကွာ

အဲတာဆိုရင် မင်းမာမီနဲမင်ဒယ်ဒီနဲက အဲကောင်မလေးမိဘတွေနဲတစ်ခုခုပတ်သက်ခဲ့လို့နေမှာသေချာတယ်ကွ

အေဟ ဒီကောင်ငပိုင်ပြောတာဖြစ်နိုင်တယ် မင်‌ကရောမမေးကြည့်ဘူးလားမင်းမာမီနဲမင်းဒယ်ဒီကို။

နားစမ်းပါကွာ ခုတောင်ဘာမှမသိပဲစိတ်ရှုပ်ရတဲ့ထဲ

ခွန်း,,ပြောပြီထမင်းသာဆက်နေရင်ဘေးဘီလှမ်းကြည့်မိလိုက်တော့
ဟိုတစ်ယောက် သူကိုကြည့်ရင်းခွန်း,,အကြံတစ်ခုရသွားပြီး
လူယုတ်မာပြုံးပြုံးလိုက်သည်။

အဟတ် ...

အပျင်းပြေစကားကြတာပေါလေ..



မိုး ဆက်ပြီးကြိုးပါအုန်းမည်
အားပေးသူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်လျှက်ပါဗျ

ချစ်သောမိုး🍀🤍

Comment