Part-24

"ထူးထူးဆန်းဆန်း ခွန်း,,လေးဒီနေ့စောစီးနိုးလို့ပါလား ပြောပြပါအုန်းမာမီ့ကို ဘာအကြောင်းများရှိသလဲလို့..."

ချစ်ခွန်းချို အပေါ်ထက်ဆင်း‌လာတော့ မနက်ဆာထမင်းဝိုင်းမှာ သူမကလွဲရင်လူစုံတက်ဖြစ်နေသောကြောင့် ထူဆန်းလို့မေးလိုက်မိသည်လေ သူမရဲအမေးစကားကို သူမရဲယောက္ခမဖြစ်သူကပြုံယုံသာပြုံးပြပြီး ခွန်း,,လေးကိုမျက်စပြစ်ပြသည်" မာမီကအခုရက်ပိုင်းခွန်း,,လေးနဲဆိုတစ်ပြုံးပြုံးနဲရယ် အရင်ကနဲကိုမတူတာ ဒီမြေးဖွားတွေ သူမ,,ကိုဘာတွေများဖုံကွယ်ထားကြသလဲမသိ ချစ်ခွန်းချို,,စာပွဲမှာဝင်ထိုင်လိုက်ပြီး ခွန်း,,ကိုဘယ်လိုလဲဆိုတဲ့အကြည့်နဲကြည့်လိုက်တော့....ခလေးတစ်ယောက်လို သွားတက်လေးများပေါ်အောင်ရယ်ပြနေသေး"

"ခွန်း,,တမင်အစောထတာပါ မာမီရဲ့ မနေ့ညကခွန်း,,စာတွေပြီးလို့အားတာနဲဒယ်ဒီ့ရဲ စာရင်းချုပ်တွေယူစစ်ကူပေးထားတာ အဲဒါမနက်ကြရင်ဒယ်ဒီရုံးသွားချိန်မမှီမှာဆိုးလို့ အစောထလိုက်တာ မာမီလည်းသိတဲ့အတိုင်အခုတစ်လောဒယ်ဒီကမိုးမလင်းသေးဘူး ရုံးသွားဖို့ကလုပ်နေပြီး ပြီးတော့မနက်ဆာအတူမစားရတာလဲကြာပေါ"

ခွန်း,,လေးအပြောစကားကြောင့် ချစ်ခွန်းချို,,အကို့ကိုစိတ်မကောင်းသလိုလှမ်းကြည့်မိတော့ အကိုကအဆင်ပြေပါတယ်ဆိုတဲ့အပြုံးလေးနဲပြုံပြရှာသည်"သီဟနိုင်,ကသူလိုချင်တာမရမချင်း လက်ရှောမှာမဟုတ်
သီဟနိုင်,ဖြစ်ချင်တဲ့အရာကိုလည်း ချစ်ခွန်းချို,,လုံးဝသဘောမတူနိုင် ပြီးတော့အကို့ ကိုလည်းအခုလိုစိတ်ပင်ပန်းလူပင်ပန်းတာမျိုးကိုလည်းထက်မမြင်ရက်နိုင်တော့ပါ သူမတစ်ခုခုကိုဆုံးဖြတ်ချက်ချရတော့မှာပါလားလို့တွေးမိသည် "

"သား အလုပ်များတာတော့များတာပေါ့သားရယ် ကျန်းမားရေးကိုလည်းဂရုစိုက်ပါကွယ် သားကိုချစ်တဲ့ သူတွေစိတ်ပူပန်နေရပြီလေသားရယ် မာမီက်ိုယ်တိုင်လည်း မာမီ့ရဲသားလေးကို စိတ်ပူနေရတယ်သားရဲ"

"ဟုတ်တယ် အကိုကျန်းမာရေးလေးတော့ဂရုစိုက်ပါအကိုရယ် ချို,,တို့အတွက်အရေးကြီးဆုံးကအကိုပါ ငွေကြေးဥစ္စာနဲဂုဏ်ပကာသနတွေမလိုအပ်ပါဘူး မိသားစုလေးစုစုစည်းစည်းလေနဲကျန်းကျန်းမာမာလေးနေရရင်ပဲ ချို့,,အတွက်ကအတိုင်ထက်အလွန်ပါအကိုရယ်"

ဦးမြတ်ရာဇာ တစ်ယောက် မာမီနဲ ချို,,တို့ရဲ‌အပြောစကားကြောင့် စိတ်မကောင်ဖြစ်ရပြန်သည် သူအခုတစ်လော သူ့ရဲ့Projectတွေကို လိုက်လုနေတဲ့နောက်ကွယ်ကသီဟနိုင်ကြောင့် ဆုံးရှုံးမှုတွေများပြီးမိသားစုကိုတောင် ဂရုမစိုက်မိတာ သမီးဖြစ်သူခွန်း‌,,လေးကတောင်အခုတစ်လောသူအလုပ်ရှုပ်နေတာကိုမကြည့်ရက်တာကြောင့် သူ့ရဲအလုပ်တွေကိုလာလာကူလုပ်ပေးနေသည်မလား ခွန်း,,လေးကဒယ်ဒီ့ရဲ့လုပ်ကို စိတ်မဝင်စားဘူးလို့သာပြောနေတာ လုပ်ငန်းပိုင်မှာတော့အသက်ရွယ်နဲမလိုက်အောင်ဖ‌အေဖြစ်သူထက်တောင်ဆရာကြ‌သေးသည်" ဟင်း.....သက်ပြင်းဖွဖွချကာ..."

"ကျွန်‌တော်အလုပ်တွေရှုပ်နေတာနဲပဲ ကျွန်တော့်ရဲ့မိသားစုလေးကိုဂရုမစိုက်မိလိုက်ဘူး ကျွန်တော်ကြောင့်အကုန်းစိတ်ပူနေကြရပြီ....မာမီလည်းသားကိုဘာမှစိတ်မပူနဲတော့သားပိုဂရုစိုက်ပါမယ်
ချို,,လည်း အရမ်းစိတ်မပူနဲ့တော့ ကိုယ်ပိုပြီးဂရုစိုက်ပါ့မယ်နော်,"

"သမီးလေးခွန်း,,ကတော့ ဒယ်ဒီကိုအခုလိုပင်ပန်းနေတာမမြင်ချင်ဘူး ဆိုရင် ဒယ်ဒီ့သမီးက ဒယ်ဒီ့ရဲ့လုပ်ငန်းအမွေကိုဆက်ခံဖို့စဉ်းစားပေးပေါကွာ ဒါဆိုဒယ်ဒီကတော့ဒယ်ဒီ့ရဲမိတ်ဆွေတွေကြားမှာပိုပြီးဂုဏ်ယူပြနိုင်ပြီး အခုတောင်ဒယ်ဒီရဲ့မိတ်‌ဆွေတွေကြားထဲ့မှာ ဒယ်ဒီကအမြဲတန်းသမီးကြောင့်ဂုဏ်ယူနေရတာကွ ဒယ်ဒီ့တွက်ခွန်းမြတ်ရာက,,သမီးလည်းဟုတ်တယ်သားလည်းဟုတ်တယ် မဟုတ်လား"

ခွန်း,,ဒယ်ဒီစကားကြောင့် မနက်ဆာစားနေရင်မျက်ရည်ဝဲရသည်အထိအရှိုက်ကိုထိသည်လေ ခွန်း,,ဒီမိသားစုမှာမွေးဖွားလာရလို့ ကမ္ဘာပေါ်မှာရှိသမျှဘုရာသခင်များကိုကျေးဇူးအရမ်းတင်မိပါသည်
ခွန်း,,ဖြစ်တည်မှု ခွန်းဖြစ်ချင်တာမှန်သမျှကို ယခုအချိန်ထိ
မညိုမငြင်ဖြည့်ဆည်းပေးခဲ့သည်" ခွန်း,,ဘက်ကလည်းခွန်း,,လုပ်ပေးနိုင်တာကိုပြန်လုပ်ပေးရမဲ့အချိန်ရောက်ပြီမလို့ ခွန်း,,ကျောင်းပြီးတာနဲဒယ်ဒီ့အလုပ်ကိုဦးစည်ဦးဆောင်လုပ်ဖို့ စိတ်ကူထာပြီးသားပါ နောက်ထက်ခွန်း,,ရဲ့မိသားစုဝင်အသစ်လေးကိုလည်းလက်ခံပေးဖို့ခွန်း,,ကမတောင်းဆိုတော့ပဲကြိုးစားပြသွားမှာ အားလုံးလက်ခံလာနိုင်တဲ့အထိခွန်း,,ကြိုးစားမှာ "

"ခွန်း,,ကြိုးစားပါ့မယ်.... ဒယ်ဒီ့ကိုစိတ်မပျက်စေရဘူးလို့ခွန်း,,ဂတိပေးပါတယ်"

"ဟ...ဟာ...ဟား....ကြိုက်ပြီးကွားငါ့သမီးကိုဒယ်ဒီကယုံပြီးသား"

ချစ်ခွန်းချို,,နဲ့ဒေါ်မြမြတ်ချယ်,,ကတောသားဖနှစ်ယောက်ကိုကြည့်ပြီး ပြီတိအပြုံးတွေသာဝေဆာနေတော့သည်"

"အယ်...မခွန်း,,ကSchool busနဲသွားမလို့လားမသိဘူး ကားမှတ်တိုင်ကိုလာနေပြီးရော"

ငယ်,,တို့တွေကားမှတ်တိုင်မှာကားစောင့်နေရင်းက အရီ့ရဲစကားကြောင့်လှည်ကြည့်လိုက်တော့ ခွန်း,,ကငယ်,,တို့ရှိတဲကားမှတ်တိုင်ကိုလာနေတာဖြစ်သည်" ကျောင်းယူနီဖောင်းကခွန်း,,အတွက်ထုပ်ထားသလားအောင်းမေ့ရအောင်ကို ခွန်း,,နဲအရမ်းကိုလိုက်ဖက်လွန်းတာပါ ငယ်,,တို့နဲအတူကားစောင့်နေကြတဲ့မှတ်တိုင်ကကောင်မလေးတွေအကုန်လုံးလည်း ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ပြီးခွန်း,,ကိုသိသိသာသာလိုက်ကြည့်‌နေကြရော..."

ငယ်,,အနဲငယ်စိတ်မကျေမနပ်လေးဖြစ်မိသည်ကအမှန်ပဲ ဟွန်း...! အဲလောက်ထိကြည့် ကောင်းဖို့လိုလို့လား...?

ငယ်,, မနေ့ည‌နေကအကြောင်းလေးတွေးမိပြန်တော့မျက်နှာလေးတွေပူလာရပြန်သည်" မနေ့ညနေကငယ်,,ခွန်း,,ကိုဖက်ပြီးငိုလိုက်မိတာခွန်း,,ရဲအင်ကျီလေးတွေစိုကုန်တဲအထိပင်..... ငယ်,,ရဲ့ပူနေတဲ့ပါးလေးနှစ်ဖက်ကို လက်လေးနဲအုပ်ကိုင်ပြီး ပြန်လှည့်လိုက်ကာ
ကားဆက်စောင့်နေလိုက်သည်"

အမယ်....မသိဟန်ဆောင်တယ်ပေါ မနေ့ညနေကစလိုက်တာကိုအခုထိရှက်နေတာတော့မဟုတ်ဘူးမလား အဟွန်း...!ခွန်း,,ငယ့်,,ပုံလေးကိုကြည့်ပြီးအူယားလို့သဘောတစ်ကျပြုံးမိသွားသည်""

မနေ့ညနေက ခွန်း,,ကိုဖက်ပြီးငိုတော့ခွန်း,,ရဲအင်းကျီလေးစိုကုန်တာကို ခွန်း,,ကနှပ်တွေလည်းထွက်နေပြီး နှပ်တွေရောပေးသွားပြီထင်တယ်လို့စလိုက်တာကို ကောင်မလေးရှက်ပြီးထွက်ပြေးတာ အခုလည်းကြည့်ထက်တွေးပြီးရှက်နေပြန်တာလားမသိ ပါးလေးတွေရဲလို့ ခွန်း,,မှတ်တိုင်နားရောက်တော့ ခပ်တည်တည်ပဲခွန်းကိုဝိုင်းကြည့်နေတဲမျက်လုံးတွေကိုရှောင်ကာ ငယ်,,ဘေးနားလကပိပြီးရပ်လိုက်သည်"

ခွန်း,,ငယ့်မျက်နှာလေးကို အသာငုံကြည့်လိုက်ကာ ဒီကောင်မလေးညကအိပ်ပျော်ရဲ့လားတော့မသိ ခွန်းမှာတော့ဒီကောင်မလေးရဲမျက်ရည်ဝိုင်နေတဲမျက်နှာလေးကို မြင်ယောင်ပြီးအိပ်မပျော်လို့ ဒယ်ဒီ့အလုပ်ခန်းထဲမှာအချိန်ကုန်ခဲ့ရတာမဟုတ်လား ငယ်,,ကငိုလိုက်တော့ဖွင့်ပြောမဲ့ကိစ္စကလည်း ဘယ်ဆီရောက်သွားမှန်တောင်မသိလိုက်....ကားရောက်လာတာနဲခွန်း,,တို့ကားပေါ်တက်ကာ ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး အထွေးနဲအရီနောက်ကိုသွားထိုင်ဖို့လုပ်နေတဲ့ငယ်,,ရဲလက်ခလေးကိုလှမ်းဆွဲလိုက်ပြီး ခွန်း,,ရဲဘေးခုံမှာထိုင်ခိုင်လိုက်တော့လည်ပြူးကြောင်းကြောင်းလေးလုပ်ပြီး ဘာမှတော့ပြန်‌မပြောပေ...

ငယ်,,ကို ခွန်း,,ရဲဘေးမှာခွန်း,,ကဆွဲထိုင်ခိုင်တော့ ကားပေါ်ကကောင်မလေးတွေက ငယ်,,ကိုမကျေနပ်သလိုမျိုးဝိုင်းကြည့်နေကြသည်"ဒါမေပဲငယ်ကတောအရေမစိုက်နိုင်ပါ ဘာလို့လဲဆိုတော့ဘေးမှာငယ်,,ရဲကောင်းကင်ကြီးရှိနေတာကြောင့် သမုဒ္ဒရာလေးက‌ရေလှိုင်တွေထန်လို့နေသည်လေး....

"ဟင့်....!!"

"ကိုယ်ညကအိပ်မပျော်လို့...ကျောင်းရောက်ရင်နိုးနော်ငယ်"

ခွန်း,,ကငယ်,,ကိုပခုံးလေးပေါ်ခေါင်းလေးမှီတင်ပြီးပြောလာတဲ့စကား‌ကြောင့် ငယ် ,,ညိမ်ညိမ်လေးနေပေးလိုက်ပြီး ပေါက်ထွက်မတက်ခုန်နေတဲ့ရင်ခုန်သံလေးတွေကိုသာ ခွန်း,,မကြာပါစေနဲလို့ပဲဆုတောင်းနေမိသည်လေ....

ဒုတ်.....ဒုတ်.....ဒုတ်....

ခွန်း,,ငယ့်,,ရဲ့ပခုံလေးကိုမှီထားရင်းက ငယ့်,,ဆီကကြားရတဲ့ရင်ခုန်သံလေးကြောင့် သဘောကျစွာပြုံးမိသည် ခွန်း,,ရဲရင်ခုန်သံကိုတော့ငယ်,,ကြားမယ်မထင်ပါ.....

"ဟဲ..!!!နင်တို့နှစ်ယောက် ဘာဖြစ်နေကြတာလဲ မနက်ထဲကစာသင်ရင်းနဲ့ တစ်ယောက်ကလည်း မနက်ထဲကပါလားတဲအဲ့ဒီ့ဘူးကြီးကိုင်ပြီးပြုံးစိစိနဲ နောက်တစ်ယောက်ကလည်းရှေ့ကခုံကြီးကိုကြည့်ပြီး ငေးငေးငိုင်ငိုင်နဲ ပြောစမ်းပါအုန်း ဘာတွေဖြစ်နေကြတာလဲလို့"

"အေဟုတ်တယ်..... အထွေးပြောတာမှန်တယ်အဲကိစ္စအရီလည်းသိချင်တယ် ပြောပြ"

ငယ်,,နဲအဲလစ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာဖြေလို့ဖြေရမလဲမသိကြ...

"ဟို....စာ...ဟုတ်တယ်စာတွေအကြောင်းစဉ်းစားနေကြတာဟုတ်တယ်မလား အဲလစ်.."

"မဟုတ်ဘူး..!ငါ...ငါကမနေ့ညကလေ ကိုရီယာကားကြည့်တာအဲထဲကမင်းသားနဲမင်းသမီးအကြောင်းစဉ်းစားနေတာ....ဟုတ်တယ်"

အဲလစ်ကစာ ကြောင်းစဥ်းစားတာမဟုတ်ဘူးလို့ ငြင်းလိုက်တော့ ကြာညိုကအဲလစ်ကိုပြူးပြူးကြောင်ကြောင်လေးပြန်ကြည့်လာသည် မတက်နိုင်ပါ ကြာညိုကစာအကြောင်းစဉ်းစားတာလို့ဖြေရင်ဖြစ်နိုင်သေးတယ် အဲလစ်ကစာအကြောင်းစဉ်းစားတယ်ဆိုတာလုံးဝမဖြစ်နိုင်ပါ ဒါ့ကြောင်ပေါက်ကရဖြေလိုက်တာဖြစ်သည် ဒါတောင်အဲလစ်ရှေ့က အမွှာနှစ်ကောင်ကမယုံသင်ကာမျက်လုံးတွေနဲကြည့်နေသေးသည်မလို့ ဆက်ပြီးဖောရှောလုပ်ဖို့သာတွေးလိုက်တော့သည် အမွှာနှစ်ကောင်ကပေါက်ကရဆိုသိပ်စိတ်ဝင်စားကြသည်မလား..."

"အေ..ဟုတ်တယ်ဟ...ငါစဉ်းစားနေတာလေ မင်းသားနဲမင်းသမီးကကွယ်ရည်းစာတွေဖြစ်သွားကြတော့နမ်းကြတာကွား နမ်းရင်းနဲသူတို့အိပ်ရာပေါ်ရောက်သွားကြရော.."

အဲလစ်ပြောစကားကို အကုန်းလုံးကစိတ်ဝင်တစာနားထောင်နေကြတော့ အစ်လစ်ငါခူပြုံးပြုံလိုက်ပြီးတော့မှစကားပြန်ဆက်လိုက်သည်...

"ပြီးတော့ဟယ်....အဲဒီ့အခန်းမွဲသွားပြီးမှပြန်ကြည်လာပြီးတော့နှစ်ယောက်လုံးကဘာအဝတ်စားမှရှိမနေတော့ဘူး မင်းသားရောမင်းသမီးရောချွေးတွေနဲမောပန်းနေကြပြီး မင်းသားကဘာထမေးတယ်မှတ်လဲ အချစ်လေးမောသွားပြီးလားတဲ့ပြီးတော့နာသွားသေးလားလို့မေးရော အဲမှာမင်းသမီးကပြန်မဖြေပဲစောင်ထဲတိုးဝင်သွားရော....ဟီး....ငါကငါထင်နေသလိုများဖြစ်နေမလာလို့တွေးနေတာဟ..."

"ဟယ်...အဲလစ်အဲ့လိုကားတွေကအသက်မပြည့်ရင်ကြည့်လို့ မရဘူးမလား နင်ပေါက်ကရတွေရှောက်ကြည့်နေတာပေါ့လေ "

"အေ့ဟယ်..နင်ကလည်းဘာတွေ တွေးနေလဲမသိဘူး နောက်တော့ရောဘာဆက်ဖြစ်သွားလဲဟင်..."

"ဟုတ်တယ်အဲ့တာကို...အရီလည်းသိချင်တယ်..ငယ်,,နင်ရောသိချင်တယ်မလားပြောလိုက်လေ"

ငယ်,,အဲလစ်တို့ပြောနေတဲ စကားများကိုတစ်ခုမှနာမလည် အသက်ပြည့်မှကြည့်ရတဲ့ကားကရှိသေးတယ်ပေါ့ ဘယ်လိုကားမျိုးလဲငယ်,,လည်သိတော့သိချင်မိသား

"အင့်....သိတော့သိချင်တယ်"

"ဟဲ...!!ကြာညိုနင်က ငါပြောတာတွေနားလည်လို့သိချင်တာလားဟဲ"

"အဲလစ်ကလည်း နားလည်တော့မှသိချင်မလာနားမလည်လို့သိချင်ပေါလို့"

"ဟ..ဟာ...ဟား..."
"ဟက်...ဟက်...ဟက်..."
"အမလေငယ်,,ရယ်....ဟီး...ဟီး..."

ငယ်,,ပြောတာဘာမှာလို့ပါလဲ သုံးယောက်လုံးကဝိုင်ရယ်နေကြတာ

"တော်ပြီမပြောတော့ဘူး..!! အဲလစ်တို့ကငယ့်,,ကိုညစ်တယ် ကန်တင်းသွားမယ်ထ တော်ကြာအတန်းပြန်တက်ချိန်ထမင်းစားလို့မပြီးပဲဖြစ်နေလိမ့်မယ်"

ကန်တင်းရောက်တော့ အကျင့်ပါနေတဲ့ငယ့်,,ရဲမျက်လုံးတို့က တစ်ယောက်သောသူလေးကိုလိုက်ရှာနေမိသည်လေ...‌တွေ့ပါပြီ ခွန်း,,ကလည်းတစ်ယောက်ယောက်ကို ရှာနေတာဖြစ်မယ်"ခွန်း,,နဲငယ်,,အကြည့်ချင်စုံမိတော့ ခွန်း,,ကသူတို့ခုံမှာလာထိုင်ဖို့လှမ်းခေါ်သည်မလို့ ငယ်,,တို့လည်းခွန်း,,ရှိရာခုံနားပဲသွားလိုက်သည်...."

"ညီမတို့ကအခုမှထမင်းလာစားကြတာလား.....လာ..လာဒီမှာထိုင်"

ခွန်း,,နဲဘီလျံကာက ငယ်,,တို့ကိုဒီခုံမှာလာထိုင်ဖို့ခေါ်တာဖြစ်ပြီး ခုံနားကိုငယ်တို့ရောက်တော့မှ လောကွတ်ထချော်တာငပိုင်ဖြစ်သည် ဒီကောင်ဒီလိုလုပ်တာနှစ်ခါရှိပြီးလေ သည်းခံလို့ရောင့်တက်နေတာ ....

ခွန်း,,နဲဘီလျံကာနဲ တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြီး လူယုတ်မာအပြုံးပြုံလိုက်ကြသည်"....

"အားးးးး!!"

ငယ်,,တို့တွေခုံမှာ ဝင်ထိုင်ယုံပဲရှိသေးတယ် အစ်ကိုစက်ပိုင်ကထအော်တာကြောင့် ငယ်,,လေးယောက်လုံးလန့်သွားရသည်...."

"ဘာဖြစ်လို့လဲ အစ်ကိုစက်ပိုင်ရဲ့ အလန့်တကြား"

အရီကလန့်ပြီးထမေးသည် အရီကခပ်စွားစွားလေးဆိုတော့သူလန့်သွားတာကိုမကျေမနပ်လေးဖြစ်သွားပုံရသည်"

"ဘာမှမဖြစ်ပါဘူး အရီ အစ်ကို့ကိုခွေးကိုက်လိုက်တာထင်တယ်..."

စက်ပိုင်ကြည့်နေ့တာ ဟိုကောင်ငခွန်း,,ကန်တင်းရောက်ကထဲက နေ့လည်ဆာစားမှာဖြင့်မစားနိုင် ဟိုလူရှာသလိုဒီလူရှာသလို လုပ်နေတာ နောက်ဆုံးတော့လည်း ဟိုခလေးမသသိုက်ကန်တင်းထဲရောက်လာမှ ငခွန်း,,တစ်ယောက်မျောက်အုန်းသီးရသလိုပြုံစိစိလုပ်နေတာ အမြင်ကတ်တာနဲလော်ကွတ်ချော်လိုက်တာ အခြောက်မနှစ်ကောင်ကခုံအောက်ကနေ ခြေထောက်တစ်ဖက်စီကို ဖိနင်းလိုက်တာဖြစ်မယ် အသေနားတာဒီနှစ်ကောင်က မိန်းမဆိုပေမဲသာမန်တော့မဟုတ် အရီမေးတာကို ခွေးကိုက်တာလို့ဖြေလိုက်တော့ ငခွန်း,,ရဲဟာလေးကအလန့်တကြားထိုင်ခုံပေါ်ခြေထောက်တွေတင်ပြီး လူကိုပြူကြည့်လာသည်"

"ဟင်း...!!ခွေ...ခွေး....တဂယ်ကိုင်လိုက်တာလားဟင်"

"ငယ်,,ကခွေးကြောက်လို့လား ?"

ခွန်း,,ငယ်,,ရဲ့ကြောက်သွားတဲ့ပုံလေးကြောင့်စိတ်မကောင်း ခွန်း,,ကခွေးကြောက်လို့လားလို့မေးမှ‌ခြေထောက်လေးတွေခုံအောက်ပြန်ချသည်။

"အင့်.....‌ ကြောက်တယ်....ငယ်,,အကြောက်ဆုံးအကောင်‌လေးတွေထဲမှာခွေးပါတယ် ငယ်,, ငယ်ငယ်တုန်းက ကျောင်းမှာခွေလိုက်ကိုက်တာခံရဖူးတာကြောင့် ခွေးဆိုကြောက်လို့..."

"Sorryနော် ငယ်,,အစ်ကိုကစလိုက်တာ ငယ်,,လန့်သွားမယ်မထင်လို့"

ငယ်,,ရဲစကားကြောင့်ခွန်း,,ဆိုးရိမ်သွားရသည် ဖြစ်ပြီးသားကိစ္စဆိုပေမဲ့ခွန်း,,ကာကွယ်ပေးချင်မိသည်လေ

"ကိုက်မိသွားလား ငယ်,,"

"အွန်....ကိုက်မိသွားတယ် ပေါင်မှာငယ်,,ကကြောက်ပြီးမပြေးလိုက်မိဘူးလေ ပြီးတော့အဲဒီ့အာ့ချိန်ရွာမှာ ခွေးရူးရောဂါတွေဖြစ်နေကြတာ ငယ်,,ကကံကောင်းသွားတယ်လို့ဆိုရမလားပဲ ဆေးကုပေးတဲအလှူရှင်ရှိတာကြောင့် ငယ်,,တို့နေတဲ့ရွာကနေ ကျောက်ပန်တောင်မြို့ပေါ်ထိတက်ပြီး ကာကွယ်ဆေးတွေးအများကြီးထိုးခဲ့ရတယ် အလှူရှင်ကကောင်းတော့ ဆေးတွေလည်း အများကြီးကုပေးခဲ့တယ် ငယ့်,,ကို"

ခွန်း,,ငယ်,,ပြောပြတဲ့အကြောင်းတွေကြားပြီး တဂယ်ကိုစိတ်ထဲနေလို့မကောင်းပါ ရှေ့ရှောက် ခွန်း,,အသက်ရှင်‌နေသ၍ငယ့်,,အနားမှာနေပြီးကာကွယ်စောင့်ရှောက်သွားမှာပါ ကြာငယ်,,လေးရယ်......

"ဟိတ်..!"

"အမေ့ရေ...! ဟင့်....ခွန်း,,........လန့်သွားတာပဲ"

"ဖွဖွ...အရမ်းကြီးလန့်သွားလား"

" မှောင်နေတော့...နဲနဲလန့်သွားတာ ခွန်း,,လမ်းရှောက်နေတာလားဟင်.."

ခွန်း,,ငယ်,,တို့ဦးတောက်ကိုထမင်းချိုင့်သွားပို့ကြတာကိုနောက်ကနေ လိုက်လာတာပဲဖြစ်သည်" ဘာလို့လဲဆိုတော့ခွန်း,,ရဲအချစ်ဝေသနာကအတော်‌ဆိုနေပြီလေ မြင်သာမြင်မကျင်ရတဲ့အဖြစ်ကဘယ်လောက်ခံရခက်လိုက်သလဲလေ..."

"မဟုတ်ဘူး တမင်လိုက်လာတာ..ငယ့်,,ကိုပြောစရာရှိလို့"

"ဘာပြောမလို့လဲဟင်..."

ခွန်း,,ငယ့်,,ရဲ့လက်ခလေးနှစ်ဖက်ကိုဆုတ်ကိုင်လိုက်ပြီး....

"ကိုယ်အလေးအနင်ထားပြီးပြောမှာမလို့ ငယ်,,.....ကိုယ်ပြောတာကိုသေချာနားထောင်ပေးနော်.....ကိုယ်လေ....ကိုယ်ငယ့်,,ကိုချစ်တယ်......

"ရှင်..!!! "


အပိုင်းကနဲနဲလေးရှည်သွားတယ်
မိုးဒီ့ထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်ရှင့်🙏



ချစ်သောမိုး🍀🤍






ခွန်းရဲTapyကလေးပေါနော်














Comment