Part_13

ဒီနေ့ Saturdayဖြစ်တာကြောင့် ခွန်း,,တို့မိသားစုရဲ့Breakfastဟာ စကားသံများနဲ အသက်ဝင်လို့နေသည်။

"မာမီ့ခွန်း,,သူငယ်ချင်းတွေ အိမ်လာလည်မလို့တဲ့ အဲ့တာလေ..."

ခွန်း,,ဆက်ပြောဖို့ မာမီ့ မျက်နှာကိုလှမ်းအကဲ့ခက်ကြည့်လိုက်တော့
မာမီက ခွန်း,,ဘာပြောချင်လည်းသိနေတဲ့ပုံမျိုးနဲပြုံးပြီးတော့ခွန်း,,ကို ဆက်ပြောလေဆိုတဲ့ အကြည့်မျိုးနဲကြည့်နေလေသည်။

"အဲ့တာလေ မမလရိပ်နွယ်,နဲ မမလရိပ်,သူငယ်ချင်ပါ ပါတယ် အဲ့တာမာမီ့ကိုခွင့်တောင်းချင်လို့"

ထိုစကားကိုကြားတော့ ဒေါ်မြင့်မြတ်ချယ်,မျက်နှာပျက်သွားသည်
ဦးမြတ်ရာဇာကတောသူနဲမဆိုင်သလိုသာ သတင်းစာအဖက်မပြက်
ဒေါ်ချစ်ခွန်းချို,ကတော့ သက်ပြင်းချရင်း...

"မာမီတို့က ခွန်း,,ကိုအနေကျပ်ရအောင် စိတ်ရှုပ်ရအောင်မလုပ်ပါဘူး ခွန်း,,လေးရဲ့ မာမီတို့ကသမီးလရိပ်ကို အဘောမကျဘူးဆိုတာ ခွန်း,,လေးကို မာမီးတို့ကချစ်လို့ပါကွယ် "

"ခွန်း,,သိပါတယ်မာမီ ခွန်း,,ကိုနားလည်ပေးလို့လည်း ခွန်း,,ကကျေးဇူးတင်ပါတယ်နော် ခွန်း,,ကမာမီတို့ရဲကလေးဖြစ်ခွင့်ရတာ ခွန်း,,သိပ်ကံကောင်းတာပဲ"

"စကားတက်တိုင်းပြောနေတော့တာပဲဖွားမြေးလေးက"

"ဟုတ်ပါ့ မာမီရယ် မာမီ့မြေးက တဂယ့်ကိုအတက်လေး ချိုတို့ကိုအဲအပြော‌ တွေနဲချုပ်နေတာ"

"အဟမ့်...."

ခွန်း,,အပြောကို ဖွားနဲမာမီကသဘောတွေကျပြီး ဒယ်ဒီကလည်းခိုးပြုံး‌ နေတာ ခွန်းတွေ့သွားလိုအရှက်ပြေ ချောင်းဟမ့်နေသည်။တဂယ်ကို ခွန်း,,ကသိပ်ကံကောင်းတယ်။

"အန်တီ.."

"အော် ငယ်,,သမီးလာလေ "

ခွန်း,,တို့ မနက်စာပြီးလို့ ဧည့်ခန်းမှာထိုင်ပြီး မာမီနဲ နှစ်ယောက်ထဲစကားပြောနေကြတုန်း ဟိုတစ်ယောက် ရောက်လာတာပဲဖြစ်သည်။ ခွန်း,,လှမ်းကြည့်လိုက်တော့
အရိပ်ပန်းဒူးဖုံးဂါဝန် အစိမ်းနုရောင်လေးနဲ သူမကဖြူဥနေသည်။

သူမဆံပင်လေးများကိုခါတိုင်းလို့ ကပိုကယိုလေးစည်းနောင်းမထာပဲ ဖားယားလေးချထားတာလေးကလည်း ဘယ်လိုလေးမှန်မသိဘူး ခွန်း,,ကြည့်နေမှန်းသိတော့ခွန်းကိုပြန်ကြည့်နေသည်။ ခါတိုင်းလိုပဲကြောင်တောင်တောင်အကြည့်တွေနဲပေါ့

"ငယ်,,သမီးက အန်တီ့ကိုပြောစရာရှိလို့လား"

"ဟုတ်.. ဟိုဟာလေ...ငယ်,,ဦးကိုပြောစရာရှိလို့ အဲ..တာငယ်,,မပြောရဲလို့ အန်တီကငယ့်,,ကို ကူပြောပေးလို့ရလားဟင်"

"ရတာပေါ သမီးရယ် သမီးကဦးလေးကို ဘာပြောချင်လို့လဲ... အန်တီပြောကူပေးမှာပေါ"

"မနက်ဖြန်မှ ငယ်,,ပြောမှာ အဲတာအန်တီ့ကို အရင်လာပြောပြတာ"

ဒေါ်ချစ်ခွန်းချိုသူမရှေ့က ခလေးမလေးကိုကြည့်ပြီးအူယားနေမိသည်လေ

"အို့..ကောင်းပါပြီရှင့် အဲ့ဒီ့ ချိန်ကြရင်ပြောနော်အန်တီ့ကို "

"ဟုတ်ကဲ့အန်တီ အဲ့ဆိုငယ်,,သွားတော့မယ်နော်"

သူမခေါင်းသာညိမ့်ပြလိုက်သည်။ ခွန်းလေးနဲပြောလက်စ စကားပြန်ဆက်မလို့ကြည့်လိုက်တော မျက်မှောင်ကြီးကုတ်လို့..

"ခွန်း,,လေး ဘာဖြစ်လို့တုန်းမျက်မှောင်ကြီးလည်းကုတ်လို့ "

"ဘာမှမဖြစ်ပါဘူး မာမီ ခွန်း,,အပေါ်တက်တော့မယ်နော်"

သူဘာအချိုး ချိုးသွားတာလဲခွန်း,,ကို ရှိတယ်လို့တောင်မထင်ဘူးပြောချင်ရာပြောသွားတာ ခွန်း,,မာမီကိုသူ့အပိုင်လိုလိုနဲ ဘယ်လိုဟာလဲမသိဘူး..။

"ငယ်,,တို့ရွာမှာလေ ဒီလိုတရုတ်စကားပန်းလေးတွေက်ိုသုပ်စားကြတယ်"

"အမ်း..."

"ဟင်း...မခါးဘူးလား"

"ဟုတ်တယ် မခါးဘူးလားငယ်,,ရဲ့"

"အင်....နဲနဲတော့ခါးသက်သက်လေးပေါ့ မြေပဲ၊နမ်း၊ပဲမှုတ်တို့နဲသေချာသုပ်စားရင်တော့မခါးဘူး ဆိမ့်ဆိမ့်လေးနဲစားကောင်းတယ်"

ဒီနေ့ကျောင်းပိတ်ရက်မလို့ ငယ်,,စာကျက်နေတုန်းအထွေးနဲအရီးက ငယ့်,,ကိုကစားရအောင်လာခေါ်လို့ ငယ်,,လည်းအူလည်လည်နဲလိုက်ခဲ့လိုက်သည်။

ခုရက်ပိုင်းအထွေးနဲအရီက ငယ်,,ကိုစကားပြောလာကြသည်။ ငယ်,,ကတော့ပျော်တာပေါလေ  ခုခြံကြီးထဲရောက်တော့လည်းတရုတ်စကားပင်းကြီးအောက်မှာပဲ ငယ်တို့ထိုင်ရင် တရုတ်စကားပန်းလေးတွေကောက်နေရင် ငယ်,,ကဒီပန်းကစားလို့ရတယ်ဆိုလို့ ထူးဆန်းနေကြသည်။

"ဒါဆို အထွေးတို့ကိုလည်းသုပ်ကျွေးပါလား စားဖူးကြည့်ချင်လို့"

"အင့်...ငယ်,,သုပ်ကျွေးမှာပေါ အာ့ဆိုပန်းလေးတွေကောက်ရအောင်လေ"

'တီး... တီး....တီ..

"အမလေးတော့!"

"ဟယ်..!လန့်လိုက်တာ ဘာလို့ဟွန်းကိုအဲ့လောက်တီးနေရတာလဲ"

'တီးးး......တီး......တီးးး......

"ဘာလဲ အစ်ကိုမျိုးဇော်မရှိဘူးလား ဘယ်သွားပြီးအချောင်ခိုနေတာလဲမသိဘူး တီချိုနဲတိုင်ပြေားရမယ် တဂယ်ထဲ တံခါးကြီးမနိုင်ပါဘူးဆိုမှ"

အထွေးက ပွစိပွစိလေးလုပ်ပြီး တံခါးဖွင့်ဖို့ထသွားတော့ ငယ်နဲအရီကပါထလိုက်သွားပြီး

"အမလေးဟယ်!နင့်တစ်ယောက်ထဲမဖွင့်ခိုင်းပါဘူးအထွေးရဲ"

"ငယ်,,လည်း ကူဖွင့်ပေးမယ်လေ"

ကျွီး....ဂျိန်း...

"ဟေ တို့ဒီလောက် ဟွန်းတီနေတာ ယူတို့မကြားတာလား "

"ရှင့်"

"အမ်း"

"ဘာလဲဟ"

ငယ်တို့သုံးယောက်လုံးကြောင်အသွားသည် ကားပေါ်ကအစ်မကတော့‌ ပြောချင်ရာပြောပြီး ခြံထဲမောင်းသွားကားကိုငယ်တို့ လိုက်ကြည့်နေရင်က နောက်ကားတစ်စီးကလည်း အဟွန်းတီးလိုက်တော့မှ
သုံးယောက်လုံး ထက်လန့်သွားကြသည်။

"Hello အလှလေး "

နောက်ထက် ကားထဲကအစ်ကိုတစ်ယောက်ကလည်း ငယ်,,တို့ကိုလှမ်းနှုတ်ဆက်တော့ ငယ်,,တို့ပို၍ကြောင်သွားကြသည်။

"ဘာလဲ ဒီလူတွေကြောင်တောင်တောင်နဲ နေအပူလွန်ပြီးလွတ်သွားကြတာလားမသိဘူး"

အထွေးကပြောတော့ အရီကပါ

"ဟုတ်ပါ့ ဇီယိုများများစားခိုင်းမှရမယ်"

"ဟင်း..ဟင်း.."ငယ်ကတော့ ရယ်‌ မိနေသည်

"လာ အထွေးတို့သွားရအောင် ပန်းတွေလည်းအများကြီးရပြီး"

"ဟေ့ ခနလားအုန်း...!"

"ရှင်.."

"ဘာကြောင်ကြည့်နေတာလဲ ယူတို့ကိုခေါ်နေတာလေ အမြန်လာခဲ့"

"ဟုတ်'

ငယ်,,တို့အိမ်ကြီးဘက်ကိုပြန်အလာမှာ လသာဆောင်ကနေစောနကသူတွေခေါ်လို့ သွားရသေးသည်။ စောနကလူတွေနဲအတူ သူပါရှိနေသည်မလို့ ဆိုပို၍မှန်မည် ။အထွေနဲအရီကတော့ လက်ရှိနေရာကနေ ရပ်စောင့်နေကြသည်။

"ရော ဒါတွေရေသေချာဆေးပြီး ခွဲလာခဲ့ပေး ဒီမုန့်တွေရောပန်းကန်ထဲထည့်လာခဲ့ပေး "

ငယ်,,လက်ထဲကို သစ်သီးထုပ်တွေနဲမုန့်ထုပ်တွေပါထိုးပေးလာပြီး သွားပြင်ဆင်ခိုင်တာဖြစ်သည်။

ငယ်,,လည်းယူလိုက်ပြီး မုန့်ထုပ်ပေးတဲအစ်မကိုကျော်ကာ သူကိုတချက်လှမ်းကြည့်လိုက်တော့ သူ့ရဲဘေမှာ ဟိုတစ်ခါကငယ်,,တွေ့ခဲ့တဲ့အစ်မလှလှလေးက သူရဲလက်မောင်းကိုချိတ်လို့ထားပြီ စကားများပြောနေကြသည်။ ဘာတွေကိုဒီလောက်သဘောကျ
နေတာလဲဟင်..သွားတက်လေးများပေါ်အောင်ထိ
ရယ်လို့နေပါလား....."

ငယ်,,လှမ်း‌ကြည့် နေတာကို ဘေကအစ်မလှလှကမြင်သွားတော့ငယ့်ကိုစိုက်ကြည့်လာသည်မလို့ ငယ်,,အမြန်သွားဖို့လုပ်ရသည်။

"နေအုန်း..!  သန့်သန့်ရှင်းရှင်းလုပ်နော် တို့က ရွံ..တက်..လို့.."

"......"

ငယ်,,ဘာစကားမှပြန်မပြောပဲ ဒီတိုင်ပြန်ထွက်အလာ နောက်ကမုန့်ထုပ်ပေးတဲ့ အစ်မက"

"ခွန်းမြတ်ရာ မင်းတို့အိမ်ကအိမ်‌ဖော်တွေက တမျိုးပါလား မသိရင် အိမ်ရှင်တွေလိုပဲနော်"

"အိမ်အဖော်..." အိမ်ဖော်ဆိုတာငယ်,,တို့လို သူများအိမ်မှာကပ်နေရတာကို အိမ်ဖော်လို့ ဆိုလိုတာလား...ငယ်,,အမြဲတန်းကိုယ့်နေရာကိုသိပါတယ် .သိနေအောင်လည်အချို့ လူအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲသတိပေးကြတယ် ခုနကအစ်မလိုမျိုးပေါ ငယ်ကို့ဘာကိုတွေးပြီ ပြုံးမိသွားသည်။

"အစ်မ Roseကို စိတ်အနေခက်သွားရင် ခွန်း,,ကပဲတောင်းပန်ပါတယ်ဗျ သူတို့လေးတွေကအိမ်ဖော်အဖြစ်ခေါ်ထားတာ မဟုတ်ဘူးဗျ ခွန်း,,တို့အိမ်မှာ အိမ်ဖော်မထားပါဘူး သူတို့လေးတွေက ခွန်း,,မာမီအဖော်ရအောင် လာနေပေးတဲ့ခလေးတွေပါ"

ခွန်း,,အစ်မRoseပြော တဲ့စကားများကိုလုံဝ မကြိုက်ပါ ခွန်း,,တို့အိမ်မှာ ခေါ်ထားတဲအလုပ်သမားများအားလုံးကို ခွန်း,,တို့တခါမှအလုပ်သမားတစ်ယောက်လို မောက်မောက်မာမာ ပြောဆို မဆက်စံဖူးပါ မာမီသာကြားရင်တော့..ဖြင့် ။ခွန်း,,အပြောကြောင့် အစ်မRoseမျက်နှာ ကွက်ခနဲပျက်သွားသည်။

"ဘာကွာလို့လဲ ခွန်း,,ရဲ အိမ်အကူကအိမ်အကူပဲပေါ ပိုက်ဆံပေးခေါ်ထားရတာပဲမလား ?"

မ,ကပါထက်ပြော လာတော့ခွန်း,,လည်စကားမများချင်တာနဲဆက်မပြောဖြစ်တော့ပါ မကခွန်း,,အစ်မRoseကိုပြောလိုက်တာ မကျေနပ်ဘူးထင်တယ်။ ခွန်း,,လည်းမတက်နိုင်ပါ

ငယ်,,နဲအတူ အထွေးနဲအရီကပါ မုန့်တွေအသီးတွေပြင်ဆင်ပြီးတော့ ကူပြီးလာချပေးသည်။ အကုန်လုပ်ပေးပြီးပြန်မယ်အလုပ် သူ့ဘေးကအစ်မလှလှလေးက

"မင်းက နေပေးအုန်း တို့လိုအပ်ရင်ခိုင်းရအောင်လို့ ဟိုနှစ်ယောက်ကတော့သွားလို့ရပြီ"

"ဟုတ်ကဲ့"

"တမျိုးတော့မထင်နဲနော် နဲနဲဝေဝေလေးက ရပ်ပေးပါ မင်းနားကအနံ့ကိုတို့မခံနိုင်လို့"

"ရှင်....ဟုတ်ကဲ့"

ငယ်,,လည်အနောက်ကိုနဲနဲတိုး လိုက်ပြီးကိုယ့်ကိုကိုယ် မသိမသာပြန်နမ်းကြည့်မိသည်။

ခွန်း,,နဲ ခွန်း,,သူငယ်ချင်တွေကပါ မျက်နှာမကောင်းကြပေး
ဘီလျံကာကတော့အားမနာတက်တဲသူမလို့ ထပြောလို့စကားများကြမှာဆိုးတာနဲ ငပိုင်ကပဲဝင်ထိန်းပေးနေရသည်။

"ဟေမင်းနံမည် ဘယ်လိုခေါ်လဲ"

"ကြာညိုပါ"

"ခွီ...ကြာညိုတဲ့ ရွာသူမထင်တယ်နော် လရိပ်"

Roseအသံတိုတိုလေးနဲလရိပ်နာကပ်ပြောပေမဲ့ တမင်တစ်ဖက်လူကြားအောင်ပြောတာမျိုး

"ကြာညို..တို့ကိုသန်စင်ခန်း လိုက်ပို့ပေးပါအုန်း တို့လမ်းမသိလို့"

"မ, ခွန်း,,လိုက်ပို့မယ်လေ"

‌"နေပါစေ တို့သူ့ကိုပဲလိုက်ပို့ခိုင်းလိုက်မယ် ခွန်းကသူငယ်ချင်တွေနဲအဖော်ရှိနေပေးလိုက်ပါ"

လရိပ်ပြောပြီး ခွန်း,,ရဲပါးလေးကိုအနမ်းပေးကာ ဟိုကောင်မလေးနဲ ထွက်လာခဲ့လိုက်သည်"

မိန်းမသားချင်းမလို အဲ့ဒီ့ကောင်မလေးရဲ့အကြည့်ကို လရိပ် တန်းသိသည် ခွန်း,,နားမှာလာကပ်တဲမိန်မတွေ အများပြာတွေ့ရပေမဲ့ လရိပ်နွယ်ဆိုတဲ့မိန်းမက ဘယ်သူ့ကိုမှဂရုကိုမစိုက်ခဲ့တာ လရိပ်ဒီတစ်ယောက်ကိုမြင်ရတော့ အနိုင်လိုချင်သည် ခွန်း,,ရဲသူငယ်ချင်းတွေကလည် လရိပ်ကိုကျော်ပြီး အဲ့မိန်မအကြောင်းကိုအရေတယူပြောနေကြတာ လရိပ်နဲနဲမှမကြိုက် ခွန်း,,ကရော ဘာလို့ အဲမိန်းမကိုကျမှ ကြည့်တဲ့အကြည့်က မရိုးရှင်းပါ လရိပ်ကိုဒီလိုအချိုးမျိုး လာချိုးလို့မရဘူး......


မိုးဒီ့ထက်ပိုကြိုးစားပါအုန်းမည် ။
အားပေးဖက်ရှုသူ တစ်ဦးတစ်ယောက်ချင်စိီတိုင်းကို ကျေးဇူးတင်လျက်ပါဗျ🙏

ချစ်သောမိုး🤍🍀




Comment