Paet-10

ရော့  သမီး ဒါလေးရောစားကြည့် များများစားမှ နေမြန်မြန်ပြန်ကောင်းမှာသမီးရဲ့

ငယ်,,သက်သာနေပါပြီဒေါ်မြရယ် ငယ် ,,ဗိုက်တွေလည်းပြည့်တင်းနေပါပြီ ငယ့်,,အတွက်အလုပ်ရှုပ်မခံပါနဲ့ဒေါ်မြရဲ့
ငယ်,,နေရခက်လို့ပါ။

"အလိုတော် နေမကောင်းတဲသူကိုဂရုစိုက်ပေးတာကို ဘယ်ကအလုပ်ရှုပ်ရမှာတုန်းကွယ် နေမကောင်းလို့သက်တောင့်သက်သာနားတာလည်း နေရခက်စရားလားသမီးရဲ့

ဟင်း ဟင်း"

ဘာကိုသဘောကျနေတာလဲ သမီးရဲ့

"ငယ်,,ဒီလိုဂရုစိုက်ခံရဖူးတာ ပထမဦးဆုံးမလို့ ပျော်လိုပါ ဂရုစိုက်ခံရတာ တဂယ်ကောင်းတယ်။  "ဟီး

သမီးရယ်" ဒေါ်မြတစ်ယောက် ခလေးကိုကြည့်ပြီးသနားဂရုနာဖြစ်ရသည်။ မိဘတွေနဲမနေခဲ့ရတော့ မေတ္တာငတ်နေရှာမှာ။

ငယ်,,ကျောင်မတက်ရတာ ဒီနေ့နဲဆို၄ရက်ရှိသွားပြီး ငယ့်,,ရဲ့
ပထမဦး ဆုံး ဓမ္မတာကာလကို အန်တီကသေချာပြောပြသင်ပြပေးလို့ ကောင်းကောင်းပြီးဆုံးသွားနိုင်သည်။ ငယ်,, ပထမဦးဒီလိုကြုံတွေ့ရတော့
မေမေ့ကိုအရမ်းလွမ်းတာပဲ ဒီနေ့ ဦး,အချိန်ရရင်ကောင်းမယ်။

အိမ်ရှေ့က ကားသံကြောင့် အထွေးနဲအရီတို့ကျောင်ပြန်လာပြီပဲ။

ငယ်,,စားပွဲကနေအမြန်ထပြီး အခန်း‌ ထောင့်ကမှန်နားသွားရပ်ကာ ခန်းဆီးလေးနဲနဲလေးဟပြီး ချောင်းကြည့်နေသည်။ သူရောတစ်ခါထဲပြန်လာလားလို့။ ငယ်,,ပြုံးမိသွားပါသည်"သူဒီနေ့စောပြန်လာတာပဲ

ငယ်,,ဘာလို့ သူ့ကိုပဲအမြဲတွေ့ချင်နေမိတာလဲစဉ်းစားလို့မရပါ
သူ့ကိုတွေ့အရင်ငယ်,,ပျော်တယ် သူခိုင်းတာတွေကိုပဲလုပ်ပေးချင်မိတယ်။ ခက်တာက ငယ်,,နေမကောင်ဖြစ်ထဲက ဘာမှခေါ်မခိုင်းတော့ပါ။ ကျောင်းအမြန်တက်ချင်နေပါပြီ ကျောင်းမှာဆိုသူ့ကိုမြင်နေရအုန်းမှာ ခုသူ့ကိုမမြင်ရတာ3ရက်ရှိနေပြီလေ ပြီးတော့သူက ငယ်,,တို့လိုကျောင်းကဆင်းတာနဲအိမ်မပြန်ရပါ သူတို့ကအတန်းကြီးဆိုတော့
အချိန်ပိုတွေရှိနေ‌ သေးတာကြောင့်"

ခွန်း,,ဒီနေ့ အတန်းချိန်မရှိတာနဲ အိမ်တန်းပြန်လိုက်လာခြင်းပဲဖြစ်သည်။ ငပိုင်တို့ခေါ်တာကို ခွန်း,,မလိုက်ချင် အိမ်ပဲပြန်ချင်တာနဲ ဟိုကောင်တွေကို ငြင်းလွတ်းတော့ "

အလယ်" အလှလေးက အိမ်မှာဆိုတောအိမ်ပြန်ချင်မှာပေါလေ ...

ခွန်း,,သူတို့ပြောတာတွေကိုမကြားဟန်ဆောင်ပြီး‌တာ ထွက်လာခဲ့လိုက်သည်။

ခွန်း,,လေးဒီနေ့အိမ်ပြန်စောသားပဲ  အပေါ်တက်ပြီူအဝတ်လဲချေအုန်း ဒေါ်မြခွန်းအစာပြေစားဖို့ တစ်ခုခုလုပ်ထားပေးမယ်

"ဟုတ်ဒေါ်မြ  အော် ခွန်းကိုပျားသံပုရာအေးလေးဖျော် တိုက်ပါအုန်း

"အမလေ ‌ ရစေရပါမယ်ရှင့်

ခွန်း,,ပြောပြီအပေါ်သို့တက်လာခဲ့လိုက်သည်။

ငယ်,,ကူလုပ်ပေးမယ်နော် ဒေါ်မြ

အေ့ကွယ်အတော်ပဲ ငယ်,,ဟိုတစ်ခေါက်က လုပ်ပေးတဲ့ပါမုန့်ယိုသုပ်လေးလေ
အဲတာခွန်းလေးကြိုက်တယ် သမီးအဲတာလေးပဲဒေါ်မြကိုလုပ်ပေး ချေ ဒေါ်မြ သံပုရာရည်ဖျော်လိုက်အုန်းမယ်"

ဟုတ်" သူကကြိုက်တယ်တဲ့

ငယ်,,အဲ့နေ့က ပါမုန့်ကို Chocolateရယ် စတော်ဘယ်ရီ ရယ်
ပျားရည်ရယ် သုံးမျိုးလုံးတွေ့လို့ သုံးမျိူလုံးရောသုပ်ပေးလိုက်တာဖြစ်သည်။

ဒေါ်မြ"

ရှင့် လာ ခွန်း,,လေး လာထိုင် အဆင်သင့်ပဲ ခွန်းလေးကြိုက်တယ်ဆိုတဲ ပါမုန့်ယိုသုပ်လေးပါလုပ်ပေးထားတယ်

ဒေါ်မြကအတော်ဆုံးပဲ

ခွန်း,,ပါမုန့်ကိုယူစားလိုက်ပြီး လက်မလေးထောင်ကာပြောလိုက်တော့ တော့ ဒေါ်ပြကသဘောတစ်ကျရယ်သည်။

ခွန်း,, မသ်ိမသာ မီးဖိုခန်းဆီကိုလှမ်းကြည့်လိုက်တော့ ဟိုတစ်ယောက် အထွေးနဲအရီးနားမှာ သွားပြီး ယောင်တောင်တောင်လုပ်နေသည်။ ဟိုနှစ်ယောက်ကသူ့ကိုအဖက်တောင်မလုပ်ပေ ။

ကျွတ်!

ကိုယ့်ကိုအဖက်မလုပ်တာကို ဘာသွားရှုပ်နေတာလဲ။

"ဒေါ်မြ ခွန်း,,အပြင်ခနသွားလိုက်အုန်းမယ်နော်

ကောင်းပါပြီ နောက်မကျစေနဲနော် ခွန်းလေး သူဌေးပြန်ရောက်ရင်
,မတွေလို့ဆူနေလိမ့်အုန်းမယ်။

ခွန်း,,မကြာပါဘူး

ခွန်း,,ဒီနေ့‌အတန်းအစောပြီးတဲ့အကြောင်းက မ,ဆီဘယ်လိုရောက်လဲ
မသိ မ,ကသူကို သင်တန်းလာကြိုပေးခိုင်းတာနဲ ခွန်း,, မ,ကိုကြိုဖိုအမြန်ထွက်လာခဲ့လိုက်သည်။

ခွန်း,, မတို့ကျောင်းဝန်းထဲရောက်တော့ ...

ခွန်း,,"  တို့ဒီမှာ

မ,က ကန်တင်းမှာ မ,သူငယ်ချင်းတွေရောပါသည်။
မ,ခွန်း,,ကိုစောင့်နေရတာကြားသွားလား ခွန်း,,ရေချိုးနေလို့

မကြာပါဘူး တို့လည်းသူငယ်ချင်းနဲ ဗိုက်ဆာလို့မုန့်စားရင်စောင့်နေတာ။ ခွန်းကိုတို့သူငယ်ချင်းတွေနဲ မိတ်ဆက်ပေးမလို့

ခွန်း,,သူ့နမည်က Roseတဲ့ တို့နဲငယ်သူငယ်ချင်တွေ သူက USကျောင်းတက်နေတာ ခုမှတို့ဆီအလည်ပြန်လာတာ။
"Rose သူက ခွန်းမြတ်ရာ,,တဲ တို့နဲတွဲနေတဲ့သူဆိုတာ သူပေါ့

"တွေ့ရတာဝမ်းသာပါတယ် တို့နမည်ကRoseပါ လရိပ်ရဲအချစ်ဆုံးသူငယ်ချင်းဆိုပါတော့...

ခွန်း,,ကိုမ,ကသူ့သူငယ်နဲ မိတ်ဆက်ပေးပုံရော မ,သူငယ်ချင်းကခွန်း,,ကိုအကဲခက်ပုံကို လုံးဝမကြိုက်ပါ ခုခွန်း,,ကဂျောင်ပိတ်ပြီဖမ်းခံနေရတဲ့ ခံစားချက်ကြီး" ခွန်း,,လည်းစိတ်ကိုထိန်းကာ ဟန်မပြက် ပြန်နှုတ်ဆက်တယ်။

"ဟုတ်ကဲတွေ့ရတာ ဝမ်းသာပါတယ် ခွန်းမြတ်ရာ,,ပါ အစ်မ

"တို့မင်းအကြောင်းတွေ လရိပ်ပြောလို မကြာခနကြာဖူးပါတယ်"

ခွန်း,,က ခုမှ မ‌, ပြောလို့သိရတာပါ

ခွန်း,,လည်းစကားကို အပိုမပြောချင်တာနဲ လိုရင်းတိုရှင်းပြောတော့ အစ်မRoseကမျက်နှာ ပြက်သွား၏ ။ မ,ကတော့သူနဲမဆိုင်သလိုပင် နေသာသလိုသာနေနေသည်။

5:34
တို့ပြန်တောမယ်‌နော်Roseအချိန်ကမစော တော့ဘူး အိမ်ရောက်မှဖုန်းဆက်လိုက်မယ်။

"Okကောင်းကောင်းပြန်းအုန်းနော်လရိပ်"
ခွန်းမြတ်ရာ,,လည်းကားကိုဂရုစိုက်ပါ"

"ဟုတ်ကဲအစ်မ"ခွန်း,,တို့ကိုခွင့်ပြုပါအုန်း.

"ခွန်း တို့ကိုစိတ်ဆိုးနေတာလား"

"ခွန်း,,က ဘာလို့မ,ကိုစိတ်ဆိုးရမှာလဲမ,ရဲ့"

"ဟင်းး ဟင်းး"

"မ, ကဘာလို့ရယ်တာလဲ"

"မှန်းကြည့်လေ တို့ဘာလို့ရယ်သလဲလို့"

"မ ကဗျာ ခွန်း,,ကိုမစနဲ"

"ကဲ့ပါ ကားကိုအာရုံစိုက်မောင်း"

"ဟုတ်ကဲ့ပါဗျ"

ဟင်း!
"ဘယ်ရောက်သွားကြတာပါ့လိမ့် အထွေးရေ... အရီးရေ...

ဒီနေ့ ဒေါ်မြမအားတာနဲ အထွေးနဲအရီးက ဦးတောက်ဆီထမင်းပို လိုက်ခဲ့ဟု ရှာရှာပါးပါးခေါ်လို့  မစဉ်းစားပဲလိုက်လာခဲ့ချင်းပါ 
ခြံဂိတ်နားရောက်တော့ အထွေးနဲအရီက စကားပန်းလေးတွေကောက်ချင်လို့ ငယ့်,,ကိုဦးတောက်ဆီးချိုင့်ပို့ခိုင်းလို့ ငယ်,,လည်းချိုင့်ပိုပြီးပြန်ထွက်လာတော့ နှစ်ယောက်လုံး ဘယ်ရောက်သွားမှန်းမသိ

"အထွေးရေ ..အရီ.. ပုန်းနေကြတာလားဟင် ထွက်လာခဲ့ပါ ငယ်,,ကြောက်လို့။

ငယ်,,ကြောက်ပါသည်။အရင်တစ်ခါတုန်းက ငယ်,,တစ်ယောက်ထဲစကားပန်းလေးတွေကောက်တယ်ဆိုတာ ဒေါ်မြအဖော်ပါသည်ဆိုတဲ့စိတ်ကြောင့် မကြောက်တာပါ။ အဲတုန်းကလည်းအဝတ်တွေရေစိုသွားလို့ ရှက်လို့သာ ပြန်ပြေးခဲ့ရတာ။

ဒီခြံကြီးကကြယ်လွန်းပြီး သစ်ပင်းများဖြင့် အုပ်စိုင်းနေတာ နေ့ခင်းတောင်တစ်ခါတစ်လေ ငယ်‌,,တစ်ယောက်ထဲဆိုတဲ့အသိဝင်ရင် ကြောက်ပါသည်။

ရှပ်..ရှပ်..ရှပ်..

ငယ့်,,ခြေလမ်းတွေတုန်းတိရပ်လိုက်မိပြီး အတောင့်လိုက်လေးဖြစ်သွားသည်။‌ ခြေသံ ဟုတ်တယ် ငယ်,,ခြေသံကြားလိုက်တာ

ရှပ်...ရှပ်...ရှပ်...

ခြေသံက ငယ့်ဆီကိုတစ်ဖြေးဖြေးနီးကပ်လာသည်။ သ..သရဲး ငယ်,,လည်းတုန်‌ နေတဲ့ခြေထောက်တွေကို အားထည့်ပြီး အားကုန်ပြေးတော့သည်။
ပါးစပ်ကလည်းရသမျှ ဘုရားစာများရွတ်ပြီးပြေး‌လေသည်။

အာ့.....! ‌အမေ့...!    ငယ်,,မခြောက်ပါနဲ သရဲကြီးရယ်ကြောက်လို့ပါ တောင်ပန်ပါတယ်....

အာ့!သေပါပြီး

ဟိတ်..ဟိတ်. ဒီမှာ ဘာသရဲလဲ ဘာသရဲမှမရှိဘူး မျက်လုံးလည်းဖွင့်ကြည့်အုန်း

ခွန်း,, သူ့ရှေ့ကတစ်ယောက်ကိုကြည့်ပြီး ရယ်ရခက်ငိုရခက်

အာ့..!   ခွန်း,,ရင်ဘက်ကိုကိုင်ပြီး ငြီးလိုက်မိသည်ဝင်တိုက်တာအရှိန်နဲမို့ရယ်
ခွန်း,,ကHalf Binderကို ညဘက်ပဲချွတ်တာဆိုတော့ တစ်နေကုန်းတင်းကျပ်မှုကြောင့် ချွတ်ထားတဲ့အချိန်များဆို ခွန်းရဲရင်သားများကအထိမခံနိုင်အောင်နာပါသည် ဒါကို ဝင်အတိုက်ခံရတော့။

သူ့ရှေ့ကတစ်ယောက်က တော့သူ့ကိုဝင်တိုက်ပြီး သူပဲလဲကျပြီး သူပဲ မျက်လုံးကြီးစုံမှိတ်လက်အုပ်ကြီးချီပြီ အော်နေပြန်သည်။

ခွန်း,,အသံကြားတော့ မျက်လုံးဖွင့်ကြည့်လာတယ် မျက်ရည်တွေပြည့်နေတဲ မျန်ဝန်း တွေနဲ။ တကယ်ကြီးကြောက်လန့်ပြီး ဖြူဖက်နေပြီးဖြစ်သည်။"

"ဘာဖြစ်တာလဲ"

ဟို....ဟို...ငယ့်အနောက်မှာ သ..သရဲးလိုက်လာလို့ ဟင့်..!

ခွန်း,,သူကိုလက်တစ်ဖက်နဲဆွဲထူလိုက်ကာ သူနားလေးကိုဆဲခေါ်လိုက်ပြီး သူ့နောက်ကို လှမ်းကြည့်လိုက်တော့ ဖြတ်ခနဲတွေ့လိုက်တဲ့အရိပ်ကြောင့် မျက်မှောင်ကျုံမိသွားသည်။ ဒါသရဲးမဟုတ် လူရိပ်ပဲဆိုတာသေချာတယ် ။ ပြန်ပြေးသွားတာဖြစ်နိုင်သည် ။

"မင်းဘာလို့ ညဘက်ကြီးတစ်ယောက်ထဲရှောက် သွားနေရတာလဲ
ဟမ်း..ပြောလေ"

"ဟို..အထွေးနဲအရီတို့ပါတယ် သူတို့ကိုရှာမတွေ့တော့လို့   ရှိုးး..."

"နှပ်လေးတစ်ရှုံ့ရှုံ့လုပ်ကာပြောလာသည်။ အသံမထွက်ပဲကျိတ်ငိုနေပုံပဲ

ကျွတ်....!

"လာခဲ့ လက်ကောက်ဝတ်ကနေဆွဲခေါ်လာလိုက်တော့လည်း အလိုက်သင့်လေး ။ အထဲရောက်မှဆက်မေးဖို့လုပ်လိုက်သည်

"ရော့... ခွန်း,,ရေ ခွက်သူ့ဆီလှမ်းပေးလိုက်ပြီးတော့

ဟုတ်ကဲ့"

"ပြောပါအုန်း ညဘက်ကြီး မင်းတို့တွေဘာသွားလုပ်ကြတာလဲ"

"ဦးတောက်ဆီ ထမင်းသွားပို့တာ အထွေးနဲအရီကအပြင်မှာ စောင့်နေခဲ့တာ ပြန်ထွက်လာတော့ မတွေ့တော့လို့ လိုက်ရှာရင် ...

ရပြီး" နောက်တစ်ခါ အပြင်ဘက်ထွက်ရင်အဖော်နဲသွား။

ကြားလား...!

ဟုတ်ကဲ့  

ခွန်း,,ပြောပြီး အိမ်ပေါ်တက်ခဲ့တော့သည်။ ဘယ်လိုဟာလေးလည်မသိဘူး ကြောင်တောင်တောင်နဲ "

"သူစောနက လူရိပ်တွေ့လိုက်တာကိုအခဲမကြေ ဒါကသာမန်မှဟုတ်ရဲလား။ 



မိုးဒီ့ထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူများကို ကျေးဇူးတင်လျက်ပါဗျ🙏ဂစ


ချစ်သောမိုး🍀🤍




















Comment