Part-20

ခွန်း,,တို့တွေရေးကစား နေကြတာ နေ့လည်စာအချိန်ကျော်သွားတာကို ဆရာလာပြောမှ သိကြသည်" အဲတောမှအကုန်းလုံ ဗိုက်ဆာကြလို့ အမြန်အဝတ်လဲခန်းဆီပြေးကြသည်"...

ခွန်း,,အဝတ်လဲဖို့လုပ်မှ ငယ်,,ကအဝတ်မပါတာကြောင့် ခွန်း,,အမြန်အဝတ်လဲပြီး ငယ့်,,ကို့အဝတ်လဲခန်း‌ရှေ့မှာခနထိုင်ခိုင်းကာ ခွန်း,,ရဲ့ဂျက်ကတ်ကို ငယ့်,,ကိုယ်ပေါ်ခြုံပေးခဲလိုက်ပြီး ပိတ်ချင်းမြောင်ရောက်အမှတ်တရပစ္စည်းအရောင်ဆိုင်တွေးဘက်ကိုအမြန်ပြေးရသည်။ ပိတ်ချင်းမြောင်‌အမှတ်တရအင်ကျီးလေးတွေထဲကမှ ငယ်,,နဲတော်လောက်မဲအင်းကျီနဲ စကတ်လေးသာဝယ်ခဲ့လိုက်သည်။

"မခွန်း,,ကိုမခွန်း,,သူငယ်ချင်း တွေကကားထဲမှာစောင့်မယ်တဲ့ အဲလစ်ကိုပြောခိုင်းလို့.."

"အော် အင်အင် အဲ့တာဆို....."

ခွန်း,,သွားရတော့မှာသိပေမဲ့ ငယ်,,အဝတ်လဲတာမထွက်လာသေးတော့ အဆင်မပြေလို့များလားဆိုပြီး စောင့်နေရင်းက ငပိုင်တို့ကအဲလစ်ကိုလွတ်ပြီး လာတော့လို့အလိမ်မာနည်းသုံးပြီးခေါ်ခိုင်လိုက်တာ ဖြစ်သည်" ခွန်း,,အဲလစ်အပြောကြောင့်သွားတော့မယ်ပြောဖို့ကို ‌အဝတ်လဲခန်းဘက်ကိုကြည့်ပြီး အချိန်ထက်ဆွဲနေမိသည်မှာအမှန်

"အဲလစ် ဆက်ပြီးစောင့်နေပေးလိုက်မယ် မခွန်း,,တို့ကားကလူစုံနေပြီမလို့ ကားအရင်ထွက်မယ်ထင်တယ်,"

"အဲဆိုခွန်း,,သွားနှင့်ပြီလို့ ပြောလိုက်အုန် အဲလစ်"

"အင့်... အဲလစ်ပြောလိုက်မယ် မခွန်း,,"

ခွန်း,,အဲလစ်ကိုခေါင်းညိမ့်ပြခဲ့လိုက်ပြီးကားဆီသို ဦးတည်လိုက်သည်

အခုခွန်းတို့က ပြင်ဦးမြို့ရဲနံမည်ကြီးတရုတ်စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ We Love spicyမှာရောက်နေကြတာဖြစ်ပြီ ခွန်းတို့တွေ‌ဆိုင်ရောက်မှ မိုးတွေသဲသဲထန်ထန်ရွာချလာပြီး လျှက်စီတွေလပ်ပြီးမိုးတွေကလည်းချိန်းနေတော့ ခွန်း,,ရင်တွေပူမိသည် အကြောင်းမှာ G-11နဲG-10တွေမရောက်သေးဘူးလို့ဆရာကပြောလာတာကြောင့်ဖြစ်သည်"

ဝေါ....ဝေါ.....ဂျိန်း~~~~~

အမလေးအမေရေ..ဒီငမိုက်သားလေးပြောမှာဆိုမှာရှိရင်ခွင်လွတ်ပါလို့...

"ဟေဟျောင်ငပိုင် ငါ့နားလာကပ်မထိုင်နဲ့ မင်းကြောင့် ငါပါစက်ကွင်းမလွတ်ပဲနေမယ် သွားဟိုဖက်သွားထိုင်ကွာ"

"အမယ် မင်းကြယဉ်ကျေးလိမ်မာလေးဆိုတော့လေ ကြည့်ပါလားမင်း‌ကမှ တွေးလက်တောင်တုန်နေပြီး .ဟက်...ဟက်...ဟက်...."

"မင်းမေဂျီးတော်....လက်တုန်နေတာလား ငါချမ်းလို့ကွချမ်းလို့"

ခွန်း,,ရှေ့ကနှစ်ယောက် ကိုက်နေကြတာကိုကြည့်ပြီ ခေါင်းသာရမ်းလိုက်မိတော့တယ် ဒီနှစ်ကောင်ဘယ်တောမှတည့်မှာ မဟုတ်"
မကြားပါဘူး ဆိုင်ထဲကို G-10နဲG-11တွေအပြေးလေးဝင်လာကြတာမြင်တောဘမှ ခွန်း,,စိတ်အေးရတော့သည် ဟူး.........
ခွန်း,,သက်ပြင်အသာချလိုက်ပြီးငယ့်ကိုကြည့်လိုက်တော့ ခွန်း,,ဝယ်ပေးခဲ့တဲ ချဉ်ပေါင်သာအင်ကျီး‌လက်ရှည်လေးနဲအောက်ကတော့ ချဉ်စကတ်အဖြူလေးနဲ့ အပေါ်ကခွန်း,,ရဲဂျတ်ကတ်ထက်ဝတ်ထားတော့ ဂျတ်ကတ်ထဲမှာ တစ်ကိုယ်လုံပြောက်နေသည်လေ"
ဆိုင်ကခွန်း,,တို့ကျောင်သားအဖွဲ့ကလူတွေနဲတင်ပြည့်နေတာကြောင့်ခုံဝိုင်းတွေ မလွတ်ကြ ငယ်,,တို့တွေခုံလိုက်ရှာနေကြရင်းယောင်လည်လည်လုပ်နေတာနဲ ခွန်း,,တို့ဝိုင်းမှာခွန်း,,တို့သုံးယောက်ပဲရှိတာကြောင့်ခွန်း,,ဒီဘက်ဝိုင်းကိုခေါ်မလို့ အလုပ်

"‌ဟိတ်...ဒီမှာလာထိုင်လေ...ရေရာလွတ်တယ်"

ငပိုင်ကထပြီလောဂွတ်ချော်သည်"

ခွန်း,,နဲဘီလျံကာ ငပိုင့်ရဲ့လုပ်ရက်ကိုကြည့်ပြီးထူဆန်းနေကြသည်ကအမှန်

"တော်သေးတယ် ငတ်ပြီးထင်နေတာ အရီဗိုက်အရမ်းဆာနေပြီ"

ငယ်,,တို့ဆိုင်ထဲရောက်တော့ ခုံတွေကအပြည့်မလို့ အခတ်တွေ့နေပြီးအရီကငိုတော့မလိုတောင်ဖြစ်နေသည်" ငယ့်,,တို့ကိုအစ်ကိုစက်ပိုင်က ခုံလွတ်တယ်ဆိုပြီးလှမ်းခေါ်တော့ အရီကရှေ့ကပြေးပြီးခုံမှာဝင်ထိုင်ကာ မီနူးကိုကိုင်ပြီး သူဗိုက်အရမ်းဆာနေကြောင်းနဲ မစားရတော့ဘူးထင်တဲအကြောင်းသာပြောလေသည့်" ငယ်,,တို့လည်းခုံမှာဝင်ထိုင်ကြပြီး အရီ့ရဲအပြုမှုကြောင့်အရီ့ကိုစိတ်ကွက်မှာဆိုးတာနဲ ငယ်,,တို့ကပဲအစ်ကိုစက်ပိုင်ကိုကျေးဇူးတင်စကားပြောလိုက်တော့သည်"

"ကျေးဇူးပါရှင့်"

"ကျေးဇူးပဲနော်အစ်ကိုစက်ပိုင် အရီ့ကိုဗွေမယူပါနဲနော် သူတော်တော်ငတ်နေလို့ပါ.."

"ဗျာ!'

ဟဲ့!

"အော်.!မဟုတ်ပါဘူးသူတော်တော်ဆာနေလို့ပါလို့ပြောချင်တာ လောသွား...ဟဲဟဲ"

အဟီး...

ငယ်,,ကအစ်ကိုစက်ပိုင်ကိုကျေးဇူးတင်‌ ကြောင်းပြောတော့ အထွေးကပါကျေးဇူးလို့ပြောပြီးအရီ့အကြောင်းပြောချင်စောလောသွားပြီးစကားမှားသွားတော့ အဲလစ်ကအထွေးခါးကိုတို့ပြီးသတိပေးလိုက်တော့ နှစ်ယောက်သားတိုးတိုးကျိတ်ကျိတ်လုပ်နေပုံကိုကြည့်ပြီး ငယ်,,လည်ကျိတ်ရယ်မိလေသည်" သူရယ်နေရင် စာပွဲရှေ့ကိုအကြည့်ရောက်လိုက်တော့ခွန်း,,နဲအကြည့်စုံးမိတော့ ငယ်,,ခွန်းကိုရယ်ပြမိပြီးမှ အန်းတန်းတန်းကြီးဖြစ်ပြီး ဘေမှာအသင့်ချထားတဲ့ ရေတွေကိုယူသောက်လိုက်မိသည်"

ခွန်း,,သူ့ရှေ့ကခလေးမကိုကြည့်ပြီး အူယားနေမိသည်မှာအမှန် သူ့သူငယ်ချင်တွေကအခွီလုပ်နေတာကို သူကဘေးကနေကျိတ်ရယ်နေပြီး ခွန်း,,ကိုမြင်တော့လည်း သူပဲရယ်ပြလာပြီး ပြီးကြသူပဲရှက်သွားပြန်ကာရေတွေကိုယူသောက်နေသည် "

"ရေတွေအများကြီးမသောက်နဲငယ်,, ခနနေမှာထားတာတွေရောက်ရင်မစားနိုင်ပဲဖြစ်နေမယ်"

"မစားနိုင်မှာတော့မပူနဲ အရီ့တစ်ယောက်လုံးရှိ.....တယ်"

ဟ....ဟား....ဟာ....

ဒီတစ်ခါအရီ့စကားကို ခွန်း,,တို့တစ်ဖွဲလုံးကထရယ်ကြသည်လေ

ခွန်ူ,,ကငယ်,,ကို ရေတွေအများကြီးမျသာက်နဲပြောတာကို အရီကအစားတစ်လိုင်းပြီပြီ အစားအသောက်ကြောင်းပါရင်သူကတစ်ချိန်လုံးညိမ်နေရာမှထထပြောတက်တာကြောင့် အကုန်းလုံးကထရယ်ကြသည်"

ဒီနေ့ငယ်,,တို့အကုန်းလုံး ဆော့ကြလည်ကြပတ်ကြပြီး
စားကြသောက်ကြနဲ ညမိုးချုပ်ကြမှ ဟိုတယ်ပြန်ရောက်ကြသည်
ငယ်,,တိုတစ်နေကုန်ပန်းသွား ကြပြီးအခန်းပြန်ရောက်တာနဲ
အိပ်ရာထဲတန်ထိုးအိပ်လိုက်ကြသည်"

"မခွန်း,,အရီးတို့ကိုဓာတ်ပုံရိုက်ပေး"

"ခွီ...!ငယ်,,ကမပန်ဝေလေးပေါ့..."

ခွန်း,,တို့ဒီဇင်ဘာပန်းခြံ‌ကိုရောက်နေကြပြီး ခွန်း,,ကပန်းလေးတွေလှလို့ဓာတ်ပုံလိုက်ရိုက်နေရင် နောက်ကအရီ့ခေါ်သံကြောင့်လှည့်ကြည့်ပြီးရယ်မိသွားသည်မှာအမှန် အရီတို့တွေပန်းလေးတွေခူးပြီးငုတ်တုတ်လေးထိုင်နေတဲ့ငယ့်,,ရဲ့ခေါင်ပေါ်လေးမှာ ပန်းပေါင်းစုံပန်းခင်ကြီးလုပ်ထားသည်လေ ဟိုခလေးမကလည်းသူ့ဘာလုပ်လုပ်ညိမ်ခံနေတာ ခွန်း,,သူ့ကိုရယ်တော့ ခွန်း,,ကိုမျက်လုံးဝိုင်းလေးတွေနဲပြန်ကြည့်နေသည်လေ"

ငယ့်,,ပုံလေးကချစ်စရာနတ်သူငယ်လေးနဲတောင်တူနေတာ
ဒီနေ့တော့ပန်းရောင်ဂါဝန်လေးနဲ့တစ်မျိုးချစ်ဖို့ကောင်းပြန်သည် မာမီ့ရဲစနက်ဖြစ်မည် အထွေးတို့ငယ်,,တို့ကိုအမြဲဆင်တူလေးတွေပဲဆင်သည်ခုလည်သုံးယောက်လုံးဆင်တူလေးတွေ အရင်နေ့တွေဆိုငယ်,,ကအစိမ်းနုရောင်လေးတွေပဲဝတ်သည်‌"ထောပတ်သီးလုံးလေးအတိုင်ပေါ့.....

"အထွေးငယ့်,,ကိုဖမ်းထား....ဟ..ဟား....

"အဲလစ်ရေ...ငယ့်,,ကိုကူပါအုန်း......

"ဟဲအရီနင်လည်း လိုက်ဖမ်းလေးဟာ

"ကြာညို.....ကြာညို.....ပြေး

ဟက်....ဟက်....ဟက်.......

ငယ်,,တို့တွေဆော့နေတာကိုကြည့်ရင်း ခွန်း,,ပိုင်ရှင်လေးကိုခွင့်မတောင်မိပဲရိုက်ထားမိတဲ တစ်လျှပ်တစ်ပြက် ပုံလေးတွေပြန်ကြည့်ရင်း သဘောကျနေမိသည်"

ခွန်း,,ရင်ထဲကတစ်စိတ်တစ်ပိုင်းလေးကို ခွန်း,,ရှာတွေ့သွားပြီ အခုခွန်း,,ရဲ့လုပ်ရက်က မ,,အပေါ်ကို သစ္စာဖောက်လိုက်တဲ့လုပ်ရက်တစ်ခုမှန်း ခွန်း,,သိပါသည် အဲဒီ့အတွက်ခွန်း,,ဒီခရီးကပြန်ရင် မ,,ဆီကိုသွားပြီး မ,,ကိုဝန်ခံပြီးကျေနပ်တဲ့ထိတောင်ပန်ဖို့လည်းခွန်း,,တွေးထားသည် "ခွန်း,,အဲလိုတွေရင်ဆိုင်ရဖို့ ခွန်း,,မှာခွန်အားလေးလိုတယ်လေ ငယ်,,ကရောခွန်း,,ကိုအဲဒီ့တွက်ခွန်အားလေးပေးပါ့မလား......?"

"ဝါ့.....ဟီး...."

ခွန်း,,အတွေးလွန်နေတုန်းနောက်ကနေ ပခုံးကိုလာပုတ်လို့လှည့်ကြည့်လိုက်တော့ သရဲမျက်နှာဖုံးလေးအုပ်ပြီးခွန်း,,ကိုလာခြောက်တဲ့ ငယ်,,ပါလေ...

"ဟိတ် ဘာလုပ်တာလဲအဲတာက ခလေးကုလား"

"ဟင်း...ခလေးကုလားမဟုတ်ပါဘူး သရဲပါခွန်း,,ရဲ့"

"ဘာရယ်.....နေပါအုန်းမေးပါရစေအုန်း"

ခွန်း,,ကခါးထောက်ပြီး ပြောတောမယ်မင်းကြီးမလေးက မေးပါဆိုတဲ့အမူအရာလေးနဲ

"ကိုယ်မင်းထက်အသက်ကြီးတယ် ဟိုကောင်ငပိုင်တို့လည်းမင်းထက်အသက်ကြီးတယ် အဲ့ဒါကိုဟိုကောင်ငပိုင်ကိုကြတော့အစ်ကိုစက်ပိုင်လို့ အစ်ကိုထည့်ခေါ်ပြီး ကိုယ့်ကြတော့မှဘာလို့ခွန်း,,ကိုတစ်လုံးထဲခေါ်ရတာလဲဟမ်း....ပြော...ငရဲကြီးမှာမကြောက်ဘူးလားခလေးမ"

"ဟင်း....ငယ်,,ကအန်တီခေါ်တာလေးသဘောကြလို့ပါ ပြီးတော့ခွန်း,,လို့ပဲခေါ်ချင်လို့လေ အဲ့လိုခေါ်တာခွန်း,,ကမကြိုက်လို့လာဟင်"

ခွန်း,,ပြောလိုက်တော့လည်း မျက်နှာသူငယ်နဲလုပ်ပြီး ခွင့်တောင်းနေတဲ့အကြည့်လေးတွေနဲ့ တစ်ဂယ်မ‌လွယ်တဲ့ဟာလေးပဲ

ခွန်း,,ကို ငယ်,,ကခွန်း,,လို့ပဲခေါ်ချင်တာ ပြီးတော့အဲ့လိုလေးခေါ်ရတာကိုသဘောကျတာ ဒါပေမဲ့ခွန်း,,ကမကြိုက်လို့လား..?ငယ်မေးတာကိုလည်ပြန်မဖြေလာပဲ ခါးကြီးထောက်ပြီးငယ့်,,ကိုစိုက်ကြည့်နေသည်မလို့ ငယ်,,နေရတာခက်လှပါတယ်

"ဒီတစ်ခါ အလကားတော့မရတော့ဘူး ခေါ်ချင်ရင်တန်ရာတန်ကျေးတော့ပေးရမယ် ဘယ်လိုလဲ "

"ဘယ်လိုမျိုလဲ ငယ်,,သိပ်နားမလည်ဘူးရော.. "

"ဟက်....နောက်ကျရင်နားလည်အောင်သင်ပေးမယ်.."

ခွန်း,,ပြောပြီးငါးခူပြုံးပြုံးလိုက်တော့ မအူမလည်လေးကခွန်း,,ကိုပြန်ပြုံးပြနေသတဲ့ ကိုယ်နဖူးကိုသာကိုယ်ပြန်ရိုက်ချင်တော့တယ်
ခွန်းမြတ်ရာရေ...

ခွန်း,,အမှတ်တစ်မဲ့လူ‌နှစ်ယောက်ကိုတွေ့လိုက်ရတော့ ခွန်,,တို့နှစ်ယောက်ကိုဒီလူနှစ်ယောက်က တစ်ချိန်လုံးစောင့်ကြည့်နေတယ်ဆိုတာကို ခွန်း,,အရိမ်မိလိုက်ပါပြီ ဒီလူတွေကိုခွန်းရန်ကုန်မှာကထဲကမကြာခနတွေ့နေကြ အဲ့မှာတုန်းကသိပ်ပြီးသတိမထားမိခဲ့ဘူး အခုပြင်ဦးလွင်မှာတွေ့လိုက်တာကြောင့်သေချာသွားပြီ ဒယ်ဒီ့လူတွေလား
ခွန်း,,အိမ်ရောက်မှဒယ်ဒီ့ကိုသေချာ မေးကြည့်မှရမယ်....

ဒီနေ့ဟိုတယ်ပြန်ရောက်တာစောတာကြောင့် ရေမိုးချိုးပြီးတော့
ပျင်းနေတာနဲ ပန်းချီထိုင်ဆွဲနေရင်းက အဲလစ်ကပျင်လို့ အထွေးနဲအရီတို့ဆီသွားဖို့ခေါ်တာနဲ ငယ်,,ပါလိုက်အထွေးတို့ဆီကိုရောက်သွား၏
အထွေးတို့ဆီရောက်မှ အဲလစ်ကသူရဲ့ခါးဂျားထဲထိုးထားတဲ့ မင်းဂွတ်သီးဝိုင်ပုလင်းကြီး ထုတ်လားတော့ အထွေးနဲအရီးကအားကျမခံ နေ့လည်းကဝယ်လာတဲ့ ဆိတ်သားခြောက်ဖုတ်နဲပုရစ်ကြော်ဘူးတွေထုတ်လာကြသည် ငယ်,,ကတောဘာမှနားမလည်သလို ဘားမှလည်းမပါ .......

"ကဲ့ငယ့်,, အလှည့်"

ငယ်,,အ‌ရီပြောတာသဘောပေါက်ပါသည် ငယ့်,,ပါတာဆိုလို့တစ်ခုထဲ
အဲတစ်ခုထဲကို ထုတ်ပြလိုက်တော့အားလုံးကထရယ်ကြသည်လေ

ဟာ..ဟ....ဟ... ..

"ကြာညို....နင်အဲလိုလည်း လူလည်ကြတက်သေးတယ်ပေါလေ"

"ဟုတ်ပါ့ လူလည်းမကြီး"

"ဟီး....."

ငယ်,,ကဘာကိုထုတ်ပြလိုက်တာလဲဆိုတော့.....ပါးစပ်လေ ငယ်,,မှာသူတို့ထုတ်ပြတဲ့အစားအစာတွေကိုစားဖို့ပါးစပ်ပဲပါတယ်လို့ ပြလိုက်တော့ အားလုံးကငယ်,,ကိုကြည့်ပြီး အူလိုက်သဲလိုက်ရယ်ကြသည်
ငယ်,,လည်းတစ်ခါးမှမသောက်ဖူးတဲ့ဝိုင်တွေကို သူတို့တွေတိုက်တာနဲသောက်လိုက် စားလိုက်နဲ့ငယ်,,တို့တွေ အတော်ခရီးရောက်သွားကြသည်....ပြီးတော့လေးယောက်လုံးကလေးလုံးမကွဲတော့...

" အစ်.....ငယ်,,ငါသတိထားမိလို့ပြောတာနော်..... နင်မခွန်း,,ကိုသဘောကျနေတာမလား"

"အေ့.....ဟုတ်တယ် ငါလည်း သတိထားမိတယ် ပြီးတော့မခွန်းကလည်း....."

"ငယ့်,,ကြောင့်! ငယ်,,ပါ ငယ်,,ကခွန်း,,နားကိုကပ်နေတာကြောင့်အင့်.... ခွန်း,,ကအလိုင်သင့်နေပေးနေတာ...."

"ဟား....ကြာညိုရယ် အေ့..... ကြိုက်ရင်ဖွင့်ပြောလိုက်ပေါဟာ...
တူများတွေလိုမျိုး...မိန်လေးယောကျားလေးမလို့ အေ့....မိန်လေးကဖွင့်မပြောရဘူးထာ ‌အစ်....နင်တို့ကမိန်းလေးပိုတောင်အဆင်ပြေသေးတယ် အဲလစ်တောင်ဖွင့်ပြောလိုက်တာ အခုဆို ရဲဇားတွေတောင်ဖြစ်နေဘီး ဟီး..ဟီး..

ငယ်,,အဲလစ်ပြောတာကို မနဲနားထောင်နေရသည် သနဲ့န မကွဲလို့
ငယ်,,ကိုယ်တိုင်ကလည်း အဲလစ်ကိုနှစ်ယောက်လို့မြင်နေတော့ ဘယ်တစ်ယောက်ကပြောနေမှန်မသိတော့ဘူး အရီကတော့အိပ်တော့မယ်ဆိုပြီး သန့်စင်ခန်းထဲဝင်သွားတာအစောထဲက ပြန်ထွက်မလာ

"ဟဲ.....! ငယ်ဘာကြောင်ကြည့်နေတာလဲ အေ့.....သွားပြောလေအခု"

ငယ်,,အဲလစ်နှစ်ယောက်ကို‌စိုက်ကြည့်နေတုန်း အထွေးကထအော်ပြီးပြောတော့....ဟော.....အထွေးလည်းနှစ်ယောက်...

"ငယ်,,အခုသွားပြောလိုက်ရမလား အစ်.....ဟုတ်လား"

"အေ့.....အခု‌သွားပြောသွား.....မပြောပြီးမချင်ပြန်မလာခဲနဲ အေ့...."

"အဲဆိုသွားပြောလိုက်အုန်းမယ် အစ်....တာ့တာ"

ငယ်,,လည်းပြောပြီး အခန်းပြင်တာထွက်လာခဲ့တာ ဘယ်ကိုဦးတည်နေမှန်းမသိ သွားနေရင်အရှေ့မှာနံရံကြီးခံနေ၍

အ့...!ဟင့်ငယ်,,ရှေ့ကလနံရံကြီးကလှုတ်နေတယ်.....


မိုးဒီထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်🙏



ချစ်သောမိုး🤍🍀














Comment