Paet-19

ဒေါက်....ဒေါက်......ဒေါက်.....

ခွန်း,,နိုးလာတာနဲ ငယ်,,သက်သာရဲ့လားလို့အရင်
‌‌ တွေးလိုက်မိပြီး  မျက်နှာအမြန်သစ်ကာ ထွက်လာခဲ့လိုက်သည်လေ ငယ်,,တို့အခန်းအရှေရောက်တော့တံခါး‌ခေါက်ဖို့ နဲနဲတွေဝေ နေမိသည် အရဲစွန့်ကာခေါက်လိုက်တော့ .....,ငယ်,,ကအိပ်မှုံစုတ်ဖွားလေးနဲ တံခါးလာဖွင့်ပေးသည်"

ကျွီး....

"အော်...ခွန်း,,....?"

"ငယ်,,ကနိုးနေပြီးလား ခေါင်းရောမူးနေသေးလား "

"ငယ်,,သက်သာသွားပါပြီ "

"အင့်ပါ အဲ့ဒါဆို 8ခွဲလောက် ဟိုတယ်အပေါ်တက်လာခဲ့ ဒီနေ့မနက်စာကို ဟိုတယ်မှာပဲစားကြမယ်တဲ့"

"ဟုတ်.."

ခွန်း,,ငယ့်ကိုပြောချင်ရာပြောပြီးပြန်သွား သည်လေ" ငယ်,,မနေ့ညက ကားပေါ်ကဆင်းပြီးမှ အရမ်းအေးလာကာ ခေါင်းတွေထိုးကိုပြီးအန်ချင်လာတော့တာပဲ ခွန်း,,ကအနားကိုရောက်လာပြီး
ငယ့်,,ကိုဂရုစိုက်ပေးပြီးစကား‌တွေပြောနေတာတောင် ငယ်,,ဘာစကားမှပြန်မပြောနိုင်ပါ ခွန်း,,ငယ့်,,ကိုအခန်းထဲထိပို့ပေးပြီး ခွန်း,,ပေးခဲ့တဲဆေးသောက်ကာအိပ်လိုက်တာ မနက်ရောက်တော့ အခန်းတံခါသံကြားမှနိုးသည် "

အခုလူကနေလို့ လန်းဆန်းနေသည်လေ ငယ်,,အပေါ်ထက်ကဝံရန်ဒါကိုသွားပြီး အကျောဆန့်ပြီး မနက်ခင်းရဲ့ရှုခင်းအလှကို ခံစားနေမိသည်" တောင်တန်ကြီးတွေမှာ မြူနှင်းများဖုံးလွမ်းကာ စိမ်းစိုပြီးမျက်စိကိုအေးမြစေတာအမှန် ငယ်,,တို့ရဲဟို့အနောက်ဘက်ချမ်းမှာဟိုတယ်တွေလည်းရှိသည်။

ငယ်,,တို့အခုတည်းကြတာကBangaloreလေးတွေဖြစ်သည် ငယ်,,တို့အနီးနာမှာ Bangloreလေးတွေပဲအစီလိုက်အတန်းလိုက်လေးတွေ ပြီးတော့Bangloreတစ်ခုတိုင်းမှာကိုယ်ပိုင်ဥယျာဉ်ပါသည် ခြံစည်းရိုးဖြူဖြူလေးနဲ တံခါသေးသေးလေးလည်ပါတာမလို့ ပုံပြင်ကမ္ဘာလေးထဲပဲရောက်နေသလိုမျိုးပါ ဥယျာဉ်လေးထဲကပန်းပင်လေးတွေမှာနှင်းမှုံလေးတွေဥနေကြသည်....ငယ်,,ပြင်ဦးလွင်မြို့လေးကို တဂယ်သဘောကြမိနေသည်လေ အေးမြတဲရာသီဥတုလေးကိုလည်နှစ်သက်မိသည်"

ခွန်း,,တို့တွေမနက်စာစားပြီးကြတာနဲ ပိတ်‌ချင်းမြောင်ကိုသွားကြမှာဖြစ်သည် " ကားမထွက်ခင် ငယ့်,,နားသွားပြီး နားထင်နဲ လက်ကောက်ဝတ်လေးတွေပေါ်ကို ပရုတ်ဆီလေးတွေလူးပေးနေမိသည် ငယ့်,,ကိုကြည့်လိုက်တော့ခွန်း,,ကိုထူးဆန်းသလိုကြည့်နေသည်မလို ခွန်း,,မနာအောင်နဖူးကိုဖွဖွလေးတောက်တော့ အူကြောင်ကြောင်လေးပြန်ကြည့်လာသည်"  ခွန်း,,အပိုပြောတာတော့မဟုတ်ဘူး ငယ်,,ရဲ့မျက်ဝန်းလေးတွေကအသက်ဗျ တစ်ခါတစ်ခါခွန်း,,ကိုစူးစိုက်ကြည့်နေပုံကို ခွန်း,,မခံနိုင်ပါ

"ဘာတွေဒီလောက်ကြည့်နေတာလဲ ငယ်,,"

"မ..မဟုတ်ပါဘူး"

ခွန်း,,မေးလိုက်တော့ မျက်နှာလေးရဲလို့ထစ်ထစ်ငေါငေါနဲပြန်ဖြေလာသည်" ဘယ်လို‌ရုပ်ခလေးလဲ ဒီနေ့မှာ ပိတ်ချင်မြောင်ဘုရားကိုသွားဖူးမှာမလို့ ဂါဝန်ခြေမျက်စိထိအရှည်လေးကိုမှ ဒီနေ့ရာသီဥတုကမိုးအုံ့တာမလို့အေးတဲဖက်ရောက်နေလို့ သိုးမွေးချည်ထို့အ‌နွေးTopအစိမ်းနုလေးနဲတွဲဖက်ဝတ်ထားတာလေးက မျက်နှာနုဖက်ဖက်လေးကသိပ်ကိုလိုက်ဖက်လွန်းတယ်
ခွန်း,,ကတော့ပေါပေါပါးပါးလေးပဲ ဝတ်ဖြစ်သည် လည်ပိတ်ဆွယ်တာအနက်လေးကိုမှအောက်ကဂျင်း‌ဒဲပွနဲ အပေါ်ကဂျက်ကတ် တစ်ထည်ထက်ပြီး ခါတိုင်လိုပဲ ဂုတ်ထောက်ဆံပင်ကိုတစ်ဝက်စီးထားသည် camera‌ကတော့မပါမဖြစ်

ငယ်,,ခွန်း,,ကိုကြည့်မိလိုက်ရင် အကြည့်ပြန်မလွဲနိုင်တာ ငယ်,,ရဲ့အားနည်းချက်တစ်ခုလိုဖြစ်နေတာကြောင့် ခွန်း,,ဆီမှာမိတာခနခနရှိပြီ" ရှက်လိုက်တာ•_•

ငယ်,,တို့ပိတ်ချင်းမြောင်ကိုရောက်‌တော့ဘုရားကန်တော့ပြီး ဘုရားမှာတစ်ယောက်သောသူလေးအေးချမ်းရအောင်‌ရေချမ်းကပ်လှူဖို့ တနင်္လာထောင့် ရေချမ်းသက်စေ့ကပ်လှူပေးခဲ့သည်

"အထွေးရေ ငါတို့ဓာတ်ပုံရိုက်ရအောင်လေ"

"အထွေးတို့မှာ ဖုန်းမရှိဘူးအဲလစ်ရဲ့"

"ဒုတ္ခပဲ အဲလစ်ဖုန်းလည်း အားကုန်လို့ကားပေါ်မှာထားခဲတယ်"

အထွေးနဲအဲလစ်က ဓာတ်ပုံရိုက်ချင်တာ ဖုန်းမပါကြတော့ တစ်ယောက်တစ်ပေါက်ပြောပြီး စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်" အ‌ရီနဲငယ်,,က မဟာအနန္ဒမှုလိုဏ်ဂူတော်ကို ဝင်ဖို့ တစ်ခြားအဖွဲတွေကိုစောင့်နေကြရင်း လိုဏ်ဂူအရှေ့က ရေတံခွန်သေးသေးလေးမှာခြေထောက်လေးတွေရေစိမ်နေကြသည်"

"ကြာညို နင် မခွန်း,,ကိုပြောပေးကြည့်ပါလား မခွန်းမှာcamera‌ပါတယ်လေ"

" ဟုတ်တယ်...ဟုတ်တယ်..! ငယ်,,နင်ပြောကြည့်ပါလား"

"ငင့် ဘာလို့ငယ်,,လဲ...."

"မခွန်း,,ကငါတို့အားလုံးထက် နင့်ကိုပိုဂရုစိုက်တာလေငယ်,,ရဲ့
နင်ပြောရင်ရမှာ ....ဟိုမှာလားနေပြီး..လုပ်ပါ... ပြောပေးပါနော်..နော်လို့...."

အထွေးက ခလေးကိုလေချွဲပြီးပြောလာတော့ ငယ်,,မငြင်းနိုင် အင်ပေါလေ အမှတ်တရဓာတ်ပုံလေးတစ်ပုံလောက်တော့ ရိုက်ချင်ကြမှာပေါ့ ဒီလောက်လှပတဲ့နေရာလေးမှာ ငယ်,,လည်းခွန်းကိုဘယ်လိုစကားစရမလဲစဉ်းစားရင်း ခွန်း,,ကိုလှမ်းကြည့်တော့ ခွန်း,,ကသူငယ်ချင် တွေနဲပျော်နေကြသည်"

ခွန်း,,ကပုံမှန်အချိန်ဆိုမျက်နှာလေးတည်နေပေမဲ့ သူငယ်ချင်တွေနဲဆုံတဲ့အချိန်ဆို ပေါပေါပါးပါးနဲပြုံးပျော်နေပုံလေးက အပူအပင်ကင်းတယ် လွတ်လပ်တယ် ငယ်ရွယ်မှုကိုခံစားမိတယ်.... ငယ်,,ခွန်း,,ကိုအေးချမ်းပြီး ပြီးပြည့်စုံတဲဘဝလေးကိုပဲပိုင်ဆိုင်စေချင်တယ်
အစ်မလရိပ်ပြောသလိုပဲ အစ်မလရိပ်နဲဆိုခွန်း,,ဘဝလေးကတဂယ်တောက်ပနေမှာ.. ပြီးတော့ အစ်မလရိပ်နဲခွန်း,,ကသိပ်ကိုလည်းလိုက်ဖက်တာ.....

"ကဲကဲ သားတို့သမီးတို့ ဆရာတို့တွေ လိုဏ်ဂူထဲဝင်ကြရင် ကိုယ်အဖော်တွေနဲလူစုမကွဲစေနဲနော် ပြီးရင်လိုဏ်ဂူထဲမှာ တစ်ယောက်ကိုတစ်ယောက် စရင်းနောက်ရင်း ပြေးလွှားတာမျိုးမလုပ်ဖို့ဆရာမှာချင်တယ် ဂူထဲမှာ ကျောက်ခတ်တွေကျောက်ဖြာတွေရှိတယ် ထိခိုက်မိမှာဆိုးလို့ ဆရာတို့ပြောတဲအတိုင်လေး လိုက်နာပေးပါ ကဲအားလုံးပျော်ပျော်ပါးပါးပဲနေကြမယ်နော်ခလေးတို့ ဆရာတို့စိတ်အပန်းလာဖြေရင် ဗဟုတုသရစရာလေးတွေ ရှာဖွေကြရအောင်ကွာ "

"ကဲကဲ သားတို့သမီးတို့ ဆရာ့နောက်ကလိုက်ခဲ့ကြ "

"ဟုတ်......"

ခွန်း,,တို့ကိုဆရာကြီးက အမှာစကားပြောပြီးအရှေ့ကနေ လိုဏ်ဂူထဲအရင်ဝင်သွားသည် "ခွန်း,,တို့လည်းနောက်ကနေ‌တန်းစီပြီး လိုက်ဝင်ကြရသည် ခွန်း,, အရှေ့ကိုအာရုံရောင်နေရင်း ‌ခွန်း,,နောက်က‌ နေတစ်ယောက်ယောက်က အင်ကျီစကိုလေးကို ဆွဲလိုက်တာကြောင့် ခွန်း,,လှည့်ကြည့်လိုက်တော့ ‌ထောပတ်သီးလေး.....

"ငယ်,,ဘာဖြစ်လို့လဲ"

"ဟို....ငယ်,,တို့ကိုလေ ဓာတ်ပုံလေးတစ်ပုံလောက်ပေးရိုက်ပါလားဟင်"

ခွန်းမျက်ခုံးပင့်လိုက်မိသည် ပြန်စဉ်းစားကြည့်တော့လည်းဟုတ်ပါတယ်" တစ်ခြားသူတွေအကုန်းလုံးက ဖုန်းကိုယ်စီပါကြတယ်‌ ငယ်,,တို့အထွေးတို့မှာ ဖုန်းမှမရှိကြပဲ ခွန်း,,ငယ့်ကိုကြည့်လိုက်တော့
ငယ်,,ကပြောတုန်းကလည်ခွန်း,,ကိုကြည့်မပြော အခုလည်အောက်ကကြမ်းပြင်ကြီးကိုကြည့်နေပြီးခြေ‌ ချောင်းလေးတွေကို ကုတ်ထားပြီး လက်လေးက‌လည်အညိမ်မနေ လက်သည်းထိပ်လေးတွေလည်ဆိတ်နေလေသည်""  ဘာလဲ...ခွန်း,,ကပေးမရိုက်မှာဆိုးလို့ ဖြစ်နေတဲပုံလေးလားဒါက ခွန်း,,လည်းစချင်တာနဲ

"အလကား လား....."

"ဟင်း.....!"

ခွန်း,,ကအလကားလားလို့မေး လိုက်မှ မျက်လုံးလေးပြူးပြီးမော့ကြည့်လာလေသည်"

"ဟ..ဟ..ဟား..."

"အဟမ်း...ပြော ဘယ်နားလေးမှာရိုက်ပေးရမလဲ "

ခွန်း,,ဓာတ်ပံရိုက်ပေးမယ်ပြောလိုက်တော့ ငယ့်,,ရဲမျက်လုံးလေးတွေအရောင်လက်သွားတာကို ခွန်း,,မြင်လိုက်ရ၍ ခွန်း,,ကိုယ်တိုင်တောင်မသိပါပဲသဘောတကျပြုံးလိုက်မိသည်"

" အင်....ငယ်,,လှတဲနေရာလေးရောက်ရင်ပြောမယ်လေ"

ခွန်း,,ခေါင်းညိမ့်ပြလိုက်ပြီး သူ့ဘေးကနေမသိမသာကပ်လိုက်နေမိသည်

ငယ်,,ခွန်း,,ကိုသာပြောရတာ ဓာတ်ပုံမရိုက်ပေးမှာဆိုးတာထက်
ငယ့်,,ကိုထက်ပြီးအမြင်မကြည်တော့မှာဆိုးတာပါ..မထင်မှတ်ပဲနဲခွန်း,,ကလက်ခံလိုက်တော့ပျော်တာပေါလေ ခုချိန်လေးပဲခွန်း,,နားရှိခွင့်ရတော့မှာ ရန်ကုန်ကိုပြန်ရောက်ရင် ငယ်,,အနေထိုင်ဆင်ခြင်မှမယ်ရမယ်လေ ငယ့်,,ကြောင့်နဲခွန်း,,ကိုမကောင်းတဲလူအဖြစ်မခံနိုင်ပါ ငယ့်,,ဘဝမှာ မေမေပြီးရင် အချစ်ရဆုံးလူသားလေးက ခွန်း,,ပဲရှိတာ  ပြီးတော့.....

"ငယ်,,လာ ဟိုမီးချောင်နာလေးမှာဓာတ်ပုံရိုက်ပေးမယ်"

"ဟုတ် ငယ်,အဲလစ်တို့ကိုခေါ်လိုက်အုန်းမယ်နော်...  "

"အင် မပြေးနဲချော်လဲမယ်ဖြေးဖြေးသွားနော်"
ငယ်,,ကိုခွန်း,,ပြောတော့ ခလေးငယ်လေးလိုခေါင်းတဆက်ဆက်ညိမ်ပြရှာသည်"

‌"ဟေဟျောင်ငပိုင်ရေ... တို့ကောင်ကြီးခလေးထိန်းနေရပြီဟေ"

" ဒီကောင်ပုံစံကိုကြည့် ရတာခလေးကိုထိန်ရလို့ကျေနပ်နေတဲပုံပဲနော်ဟေဟျောင်"

"ဟျောင်တွေ ငါဘုရားရှေ့မှာမဆဲချင်ဘူးနော်"

"ဘုရားရှေ့မှာမဆဲချင်တာလား ခလေးရှေ့မှာမဆဲချင်တာလားကွာ"

ခွန်း,,အနာကိုပြန်ရောက်လာတဲပုံရိပ်လေးတစ်ခုကြောင့် ခွန်း,,အလိုလိုနေရင်မပြုံး‌ပဲမနေနိုင်...

"ဟာ တဂယ်ကြီးလားဟေဟျောင်ရေ"

"အေသားကြီးရေ မင်းဇာတ်ကိုတောနိုင်ပါစေကွာ ငါတို့ကတော့ခလေးထိန်းနေရတဲ့မင်းပုံစံကမှအစစ်မှန်လို့မြင်မိတာကွ"

စက်ပိုင်တို့သိသည်လေ ခွန်း,,ကအစ်မလရိပ်ကို စက်ပိုင်တို့ကြောင့်လိုက်ဖြစ်ခဲ့တာဖြစ်ပြီး ခွန်း,,ကအချစ်ကိုအစ်မလရိပ်ဆီမှာမတွေ့ခဲ့ဘူးဆိုတာ ခလေးထဲကပေါင်းခဲ့တဲ့သူငယ်ချင်တွေဖြစ်တဲ စက်ပိုင်တို့
ထက်ဘယ်သူသိနိုင်မှာလဲ..

ခွန်း,,ငယ်,,တို့တွေကိုဓာတ်ပုံရိုက်ပေးပြီးတာနဲ ခွန်း,,တို့တွေလိုဏ်ဂူတော်လည်းအဆုံးထိသွားပြီးပြန်ထွက်လာကြပြီး ရေတံခွန်ဆီ သွားပြီးဓာတ်ပုံရိုက်ချင်တယ်လို့ဆိုတော့ ရေတံခွန်နားရောက်တော့ခွန်း
ငယ့်,,ကိုကြည့်ပြီးရယ်ရခက်ငိုရခက် သူများတွေကအဝတ်စားအပိုပါလာ၍ရေဆင်းဆော့ကြပါသော်လည်း ခလေးမကအဝတ်စားအပိုမထည့်လာလို့ဘေးကကျောက်ပြားလေးပေါ်ကနေသာ ခြေထောက်လေးရေစိမ်နေရင် သူ့သူငယ်ချင်တွေရေဆော့သာမချိုမချဥ်မျက်နှာ‌လေးနဲကိုထိုင်ကြည့်နေသည်လေ ခွန်း,,လည်ဒီပုံလေးကိုပိုင်ရှင်‌လေး,,ဆီခွင့်မ‌တောင်းပဲမှတ်တန်းတင်ထားလိုက်ပြီး ငယ့်,,ကိုအဖော်ပြုပေးဖို့ငယ့်,,ဆီသိုဦးတည်သွားလိုက်သည်,"

"ဟိတ်..ရေမဆော့ဘူးလား "

"ဟင်း...ငယ်,,ကအဝတ်တွေအပိုထည့်မလားမိဘူး"

ငယ်,,လည်းဘုရားပဲဖူးကြမယ်ထင်လို့ အဝတ်တွေထည့်မလားမိဘူး
ဒီရောက်တော့မှ ပိတ်ချင်းမြောင်ကရေတံခွန်းလေးမြင်မှ အကြီးကြီးနောင်တတွေရနေမိ၏။

"ငယ်,,....ရေဆော့ချင်လား"

"အင့်....."

ငယ်,,မဆိုင်းမတွေ့ခေါင်ညိမ်ကာ ပြန်ဖြေမိသည်"

"ခနလေး ကိုယ်ပြန်လာခဲ့မယ်"

ခွန်း,,အစကတော့ရေမဆော့ တော့ဘူးလို့တွေးထားတာ အခုငယ့်,,ပုံလေးကြည့်ပြီးခွန်း,,မနေနိုင်ပါ ရေဆော့ချင်လားလို့မေးတော့လည်း ခေါင်းလေးကို တဆက်ဆက်ညိမ့်ပြီးပြန်ဖြေရှာသည်လေ
ခွန်း,,ရေမဆော့ပဲထိုင်နေတဲ့ ဘီလျံကာနားလေးသွားပြီး camera‌နဲအပေါ်ဂျတ်ကတ်ကိုချွတ်ပြီး ဘီလျံကာကိုပေးထားခဲ့လိုက်ပြီး ခွန်း,,ငယ့်,,နားလေးပြန်သွားခဲ့ပြီး ခွန်း,,ခပ်တည်တည်ပဲ
ရေနဲ ငယ့်,,ရဲဂုတ်ဆက်နားလေးကိုတောက်လိုက် လန့်သွားပြီးခွန်း,,ကိုမျက်လုံးဝိုင်းကြီးတွေနဲပြူပြီးကြောင်ကြည့်လာသည်,,

"ဟ...ဟ...ဟား.... လန့်သွားတယ်ပေါ့ ရေဆော့ချင်တယ်ချင်တယ်ဆို.....ရော့!"

"အ့.....ခွန်း,,.. ငယ်အင်းကျီအပိုမပါဘူးလို့..."

"ရေ ဆော့ချင်တာဆို.လာလေဆော့မယ်ရော..."

"ခွန်း,,....! ဟင်း....ဟ..... ဟာ.."

ငယ်,,လည်းခွန်းကိုရေနဲပြန်ပတ်ပြီးပြေးတော့.ခွန်းကပြန်လိုက်ဖမ်းပြီး ငယ့်,,ကိုရေနဲပတ်သည်" ငယ်လည်စိုရွဲနေပြီး ခွန်းလည်စိုရွဲနေသည်"
ပတ်ဝန်ကျင်တစ်ခုလုံး ငယ်,,နဲခွန်း,,ရယ်သံလေးတွေသာ ဖုံးလွှမ်းနေပြီး......

အခုငယ့်,,ရဲတွေးနဲအာရုံထဲမှာပတ်ဝန်းကျင်တစ်ခုလုံး ကိုမရှိတော့ပဲ "ခွန်း နဲ ငယ်"နှစ်ယောက်ထဲပဲရှိလေတော့သည်.....



မိုးဒီထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူတစ်ဦးတစ်ယောက်ချင်စီတိုင်ကိုကျေးဇူးတင်လျှက်ပါရှင့်🙏





ချစ်သောမိုး🍀🤍












Comment