Part_16

"ဟေဟျောင် မင်းဖြေးဖြေးသာသာလုပ်ပါဟ ငါ့ကိုစိုကုန်ပြီ"

"ဟ မြန်မြန်ပြီးတော့မြန်မြန်ပြန် ရတာပေါကွ မင်းကလည်း"

"မင်းတို့ကို sorryပဲကွာ ငါ့ကြောင့်ခုလိုလုပ် နေရတာ"

" အေအေ မအေဘေးရေ မင်းကြောင့်ဟ မင်းကြောင့်"

ငပိုင့် ပြောတဲစကားကြောင့် ဟိုတစ်ယောက်ကချိန်လုံးညိမ်နေရာကနေ ထပြောသည်။

"ဟို...ခွန်းကြောင့်မဟုတ်ပါဘူး...ငယ့်,,ကြောင့်ပါ."

ခွန်း,,တို့ နေခင်းကရန်ဖြစ်လို့အုပ်ကြီးရုံးခန်း အလည်တစ်ခေါက်ရောက်ခဲ့တယ်ဆိုပါတော့..ခွန်း,,ကအရင်စတာဆိုတော့ ခွန်း,,ကိုမိဘခေါ်ခိုင်းလို့ ခွန်း,,သူငယ်ချင်းတွေရောသူ့ရဲသူငယ်ချင်းတွေပါ ဝိုင်းပြောပေးကြတော့ အဲဒီ့အစားခွန်း,,ကိုအပြစ်ဒဏ်
အနေနဲ တစ်ကျောင်းလုံးက အမျိုးသမီးသန့်စင်ခန်းတွေလိုက်ဆေးရသည်။

‌ဟိုကောင်မာန်ထက်က‌ တော့အမျိုးသားသန့်စင်ခန်းတွေဆေးရတာဖြစ်သည်။ ဒီကောင်ခုမှဘာထဖြစ်တာလဲမသိဘူး သူစရိုက်အတိုင်းဆို ဒီလိုပြစ်ဒဏ်မျိုးကို ဒီကောင်စောက်ဂရုစိုက်စရာမလိုပေ သူအဖေအားကိုးနဲ ကျောင်းကြီးမှာသူလုပ်ချင်တိုင်လုပ်နေကြ ။

အခုခွန်း,,ကသန့်စင်ခန်းဆေး ရမှာဆိုပေမဲ လက်ထိထားတာကြောင့်
ငပိုင်နဲဘီလျံကာအပါဝင်သူ့ရဲ သူငယ်ချင်းကောအထွေးနဲအရီကပါ ဝိုင်းဆေးကူပေးနေကြသည် ဟိုတစ်ယောက်ကသူပါဝင်လုပ်ကူမယ်လုပ်နေလို့ ခွန်း,,ပိတ်ဟောက်လိုက်မှညိမ်သွားသည်။ အခုခွန်း,,နဲသူက
ငပိုင်တို့ သန့်ရှင်းရေးလုပ်နေတာကို လာစောင့်ပေနေတာပဲဖြစ်သည်။

"ငယ်,,..... မင်းနဲဟိုကောင်မာန်ထက်နဲ ဘယ်လိုသိတာလဲ"

ခွန်း,,မနေနိုင်တော့မေးချင်နေတာ ဆေးပေးခန်းမှာထဲကပင်
မနဲမျိုသိပ့်ထားရသည်။ မေးချင်စောလောသွား၍ သူ့ကိုငယ်"လို့ ခွန်း,,ခေါ်မိသွားသည်။ အဲကြောင့်နဲနဲတော့အမ်းတန်းတန်းဖြစ်သွားရသည်။

"ငယ်.."

"ရှ...ရှင်...."

သူက....ငယ်"တဲ့လား သူကငယ်,,လို့ခေါ်လိုက်တော့ ငယ်,,သူ့ကိုကြောင်းပြီးငေးနေမိတာ သူငယ့်,,ရဲလက်ကိုထိပြီးထက်ခေါ်လိုက်မှအသိပြန်ဝင်လာသည်။

"ဘာတွေဒီလောက်ငေးနေရတာလဲ"

"မ.....မဟုတ်ပါဘူး"

"မေးတာဖြေအုန်းလေ  ဟိုကောင်နဲဘယ်လိုသိတာလဲ"

"သိနေတာကရင်းနီးလို့‌ တော့မဟုတ်ပါဘူး  တခါကဖျော်ရည်ဝယ်ရင်းကမထင်မှတ်ပဲစုံမိတာ အဲဒီ့တုန်းကငယ်သူကို မမှတ်မိလို့ဆိုပြီ
ငယ့်,,ကိုတောင် ပြသနာရှာသေးတယ်။

"ဘာ...!သူကဘာတွေပြသနာရှာတာလဲ သူကငယ့်,,ကိုအနိုင်ကျင့်တာလား..?"

"ဟို...မ..မဟုတ်ပါဘူး ဒီတိုင်းသူ့ကိုမှတ်မိလား ဘာညာဆိုပြီးပြောတာပါ တခြားတော့ပြသနာမရှာပါဘူး"

ငယ်,,အမြန်လိမ်လိုက်ရသည်  မဟုတ်ရင် ဟိုလူငယ့်,,ကိုအနိုင်ကျင့်တာသိလို့ခွန်း,,နဲဟိုလူထက်ပြီးပြသနာမဖြစ်စေချင်ပါ ။

ခွန်း,,ငယ့်စကားကိုကြားရတော့ ဘဝင်မကျပါဟိုကောင့်လိုလူမျိုးက တွဲခဲ့တဲ့မိန်းခလေးတွေသူ့အသက်ထက်ကျော်လောက်မယ် လှတဲမိန်းခလေးတိုင်းအလွတ်မပေး အခုငယ့်နားလာကပ်နေတာကရော သာမန်မှဟုတ်ရဲ့လား?။

"သူ့ကမကောင်းတဲလူပဲ မိန်းခလေး‌တွေကိုလည်း မသက်ညှာဘူးအနိုင်ကျင့်တက်တယ် အဲဒါကြောင့် ခွန်း,,ကသူနဲထက်ပြီးပြသနာမဖြစ်ပါနဲလား ဟင်...."

ခွန်း,,ကိုစိုက်ကြည့်လာပြီး သူပြောလားတဲ့ စကားများကြောင့် ခွန်း,,ရင်ထဲတမျိုးဖြစ်သွားရသည် ခွန်း,,ဒီခံစားချက်ကိုခေါင်းစဉ်မတက်ရဲပါ......

ရှပ်....ရှပ်....ရှပ်....

ငယ်,,တရုတ်စကားပန်းလေးတွေကောက်နေရင်  နောက်ကခြေသံကြားရတာကြောင့်လှည့်ကြည့်လိုက်တော့...

"ခွန်း,,"

"ဘာလုပ် နေတာလဲ"

"အထွေးနဲအရီက တရုတ်စကားပန်သုပ်လေးစားချင်တယ်ဆိုလို့ အဲတာပန်းလာကောက်တာ "

"အဲပန်းကစားလို့ရတာလား "

"အင့် စားလို့ရတယ် သုပ်စားလို့လည်းရတယ်ဟင်းချိုဟင်းချက်စားလို့လည်းရတယ်"

ခွန်း,,မျက်ခုံးပင့်လိုက်မိသည် ဒါကြောင့်သူခနခနဒီပန်းကိုလာကောက်နေတာလား

"အဲဒါဆိုငါလည်း စားကြည့်ချင်တယ်"

"ငယ်,,သုပ်ပြီးရင် ခွန်းကိုကျွေးမယ်လေ"

ငယ့်,,ကိုခွန်း,,ကပါ ပန်းလေးတွေကောက်ကူနေသည် ငယ်,,တို့ခုဆိုအတော်အသင့်လေးရင်နီးနေကျပြီဖြစ်သည် ဒီအနေထားက
ငယ့်,,တွက်တော့ခက်ခဲ့ပါသည် နီးကပ်လာလေး ငယ့်,,တွက်ပိုခက်ခဲလာလေ
ခွန်း,,နဲအတူရှိနေတဲ့အချိန်မျိုးဆိုရင် အစ်မလရိပ်ရဲစကားများကိုပြန်ကြားမိပြီး တခါတလေဆောက်တည်ရာလေးမဲ့လို့နေသည်‌လေ။

တီး.....တီ....တီ....

"မ,,?

ဟုတ်ပါသည်။ဒါမ,,ရဲ ကားပဲ

"မ,,လာမယ်လို့လည်းခွန်း,,ကိုကြိုမပြောဘူး"

"တို့က ခွန်း,,ကို surpriseဖြစ်သွားအောင်လို့လေ"

လရ်ိပ်ထိုသို့ ပြောပြီး ခွန်း,,ရင်ခွင်ထဲတိုဝင်ကာ ဖက်ထားလိုက်ပြီး
ဟိုမိန်းမကို တမင်အောင်နိုင်သူအပြုံးပြုံးပြလိုက်သည်။

" အမလေ လရိပ်ရယ် ရှင်တို့ကကဲသဲလွန်းတာပဲ "

ခွန်း,,ဒီလိုမျိုးရုတ်တစ်ရက်ကြီးမို့ သတိမမူမိပါပဲ မရဲ့အလိုတစ်ကျလေးဖြစ်သွားရသည် ခွန်းလည်းမဖက်ထားရာက နေဖွယ်ခွာလိုက်ပြီး..

"လာလေ မ,,လသာဆောင်ကိုသွားရအောင် "

"ခွန်းမြတ်ရာ တို့ရောပါ ပါတယ်နော် "

"အား..ခွန်း,,က အစ်မ Roseကိုလည်ခေါ်ပါတယ်ဗျ"

"အော်..ခန အန်တီ့တွက်မုန့်တွေပါတယ်"

"မ ရယ်တမင်အလုပ်ရှုပ်ခံပြီးဝယ်လာနေသေးတယ်"

"တို့က အခုထဲတို့ရဲ့ယောက္ခမလောင်းလေးကို ဖားထားရမယ်လေခွန်း,,ရဲ့""

"ဟာ...မကဗျား"

"ဟင်း..ဟင်း...

ခွန်း,,ရှက်သွားတာကို မကရယ်သည်" ခွန်းအခုစိတ်တွေအရမ်းနေရကျပ်နေတာဖြစ်သည် တစ်ခုခုကိုစိတ်မလုံသလိုမျိုးနဲ ခွန်းငယ်ဘက်ကိုမသိမသာလေလှမ်းကြည့်လိုက်တော့...ငယ်ကရောဘာတွေတွေးနေတာပါလဲ...

ငယ်,, အခုငယ့်,,ရဲ့အရှေ့နားလေးမှာဖြစ်ပျက်နေသမျှကို လစ်လျူရှူ့ထားပေမဲ အစ်မလရိပ်ရဲစကားကြောင့် ပန်းကောက်နေတဲ့လက်လေးတွေခတ်တခန ရပ်တန့်သွားသည်။ သို့သော် မော်မကြည့်ရဲခဲ့ပါ...

"ဟိတ်...ဟိုတစ်ယောက် ဒီကိုခနလာအုန်း"

"ရှင်....."

"‌ကားနောက်ခန်းထဲက အထုပ်တွေယူလာခဲ့"

"ဟုတ်"

"အော် သေချာသယ်အုန်းနော် တော်ကြာအထဲကမုန့်တွေပျက်ဆီးကုန်မယ်"

"ဟုတ်ကဲ"

"ပေးတစ်ဝက် "

"ရ..ရပါတယ် ငယ်,,သယ်နိုင်ပါတယ်"

ခွန်း,, မနဲအစ်မRoseရဲအထုပ်များကို ကြည့်လိုက်တော့မနဲမနောမလို ခွန်း,,မနေနိုင်တာနဲ ငယ့်,,နားလေးသွားလိုက်ပြီး ငယ့်,,ရဲလက်ထဲကအထုပ်တွေပြောင်ယူကာဆိုတော့ ငယ်,,ကငြင်းနေသေးလို့ ခွန်း,,ကဘုကြည့်ကြည့်ပေးလိုက်တော့မှညိမ်သွားသည်။

"မ,,တို့သွားနှင့်ခွန်း,,လိုက်လာခဲ့မယ်"

လရိပ်စိတ်ကိုမနဲထိန်းပြီး ဟန်ဆောင်ပြုံးထားရသည်လေ""

"အားနာစရာ သမီးရယ် တစ်ကူးတစ်ကဝယ်လာနေသေးတယ်"

"မဟုတ်တာ အန်တီ့ရဲ လရိပ်လာတိုင်းအန်တီ့ကိုသတိရပါတယ် အန်တီမကြိုက်မှာဆိုးတာနဲ မဝယ်လာဖြစ်တာ"

"ဟင်း..ဟင်း..ကျေးဇူးပါကွယ်"

ငယ်,,ဒေါ်မြ ဧည့်သည်တွက်ပြင်ဆင်ပေးတဲမုန့်တွေ သွားချပေးပြီး
ငယ်,,ရဲအခန်းလေးဆီကို ပြန်လာခဲ့လိုက်သည်။

ဟင်း......
ငယ်,,သက်ပြင်းချပြီး ..... ဗီဒိုလေးထဲကဆွဲစလက်ပုံလေးကိုထုတ်ကာ ဆက်ဆွဲနေရင်.....

~~ရူး.....ရူးမိုက်မိုက်.... တစ်ကြိမ်တစ်ခါဝယ်...
မလိမ်မာလို့ ...အဖြင့်ကွယ်.....
အဆူးစူးလိုက်တာကို တစ်ကယ်
အမူနာလေး..... တစ်ခုတစ်ဖွယ်....
အချစ်ရဲ့အစ.....နှစ်လုံးသားဒဏ်ရာလေးတစ်ခုလို့သာပဲ
အခုများတော့ဖြင့်.... နားရည်လည်...

~~~အချစ်မူး....မူး တက်တဲ့အရွယ်....
အချစ်ဆူး စူးတက်သတဲ့ကွယ်...
မချစ်ဖူးသေးတော့.....အတွေးကလေးကမ‌ရေလည်......
ဒီစကားလေးရဲ အဓိပ္ပါယ်သူနဲတွေ့တော့မှကွယ်.....
ရင်ထဲ အသဲထဲစွဲ ငြိရပါတယ်.....
အဖြူရောင်မှာ.....အပူလောင်ရောင်ခြယ်သည့်နှယ်....
နေဆယ်နေကဲ.....မူးမေ့မတက်ပါပဲ...
တစ်ကယ်မလွယ်... အပူကဲ....
ငယ်ရွယ်သူ.... အသည်း......အဆူးကလေးစူး.....ပြီကွယ်.....

"ဟဲငယ်,, ငါတို့နောက်ကို အဲလူနှစ်ယောက်လိုက်နေတာ ကြာပြီနော်"

"ဟုတ်တယ်နော် ငယ်,,နင်တော့မသိဘူး ငါတော့ကြောက်လာပြီ တော်ကြာငါတို့ကိုဖမ်းခေါ်ရောင်းစားလိုက်မှဖြင့်...အမလေးမတွေးစရာကြီး"

ဟုတ်တယ် ငယ်,,လည်းသတိထားမိတာကြာပြီး အနက်‌ရောင်ဝတ်စုံနဲလူနှစ်‌ ယောက်ငယ်,,တို့နဲ မနီးမဝေးမှာအမြဲတွေ့တွေ့နေရသည် ငယ်,,အဲလောက်ထိအလေးမထားမိ ခုအထွေးနဲအရီပြောမှ ငယ်,,တောင်ကြောက်လာသည် ။

ငယ်,,တို့ကပုံမှန်တိုင်းဆို School busနဲပဲသွားနေကြတာဖြစ်သည် တခါတလေ အန်တီလိုက်ပို့တယ် ခွန်း,,အတန်းချိန်အပိုရှိရင်လည်း အိမ်ကကားနဲလိုက်ပို့တဲအခါကြ ငယ်,,တို့ပါတခါထဲလိုက်သွားကြသည်။ ကျန်တဲ့ရက်တွေဆိုလမ်းမှတ်တိုင်နာထိလမ်းလျှောက်သွားရပြီးSchool busစီးရသည်။

"ဟေ့...ခလေးမ"

ငယ်,,တို့မှတ်တိုင်မှာ school busစောင့်နေတုန်း ဦးလေးကြီးတစ်ယောက်က ငယ်,,တို့ကိုခေါ်တော့ အစောနက အထွေးနဲအရီးပြောထားတဲ့စကားကြောင့် သုံးယောက်လုံးကြောက်နေကြသည်။ သုံးယောက်လုံးပူကပ်နေလိုက်ပြီး တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားကြသည်။ ပြီးငယ်,,ကသုံးယောက်လုံးထဲမှာအကြီးဆုံးဆိုတော့ ငယ်,,ကပဲ အဲဦးလေးကြီးကို ပြန်ဖြေလိုက်သည်။

"ဘာ...ဘာကိစ္စစရှိလိုလဲ"

"သမီးတို့ ဦးကိုမမှတ်မိကြဘူးထင်တယ်"

ထိုသိုပြောလာတော့ ငယ်,,အခက်တွေ့ရပြီလေ ငယ့်,,ရဲအကြီးဆုံးအားနည်းချက်က လူတစ်ယောက်ကိုအလေးထားပြီးမှမမှတ်ထားရင်အဲဒီ့လူကိုဘယ်နှစ်ကျိန်တွေ့တွေ့ မမှတ်မိပါချေ

"ဟဲဟဲ အဲဒါဟိုတခါ ငါတို့ကိုတီချို kfcလိုက်ကျွေးတဲနေ့ကလေ တီချိုနဲစကားများတဲ့ ဦးလေးကြီးမလား...."

အရီက ငယ်,,တို့ပဲကြားနိုင်သည့်လေးသံလေးနဲပြောလာသည် အဲတော့မှငယ်,,တို့သုံးယောက်လုံး အော်...သိပြီးဆိုတဲ့မျက်နှာဘေးလေးတွေဖြစ်ကုန်ကြသည်။

"ဦီးလေးကဘာကိစ္စလိုလဲမသိဘူး"

"ဦးကလမ်းကြုံလို့ သမီးတို့ကိုကျောင်းလိုက်ပို့ပေးမလို့ အဲဒဦးနဲတခါထဲလိုက်ခဲ့ပါလား"

"အော် နေပါစေ...ရပါတယ် ခနနေကားလာတော့မှာရှင့်"

ငယ်,,တို့ငြင်းလိုက်တော ဦီးလေးကြီးကကောင်းပါပြီလို့ပြောပြီး ကားမောင်းကာပြန်သွားတော့မှ ငယ်,,တို့သုံးယောက်သုံး ရင်ဘက်ထဲကအလုံးကြီးကြသွားတော့သည်။

မိုးဒီ့ထက်ပိုကြိုးစားပါအုန်းမည်
‌အားပေးသူတစ်ဦးတစ်ယောက်ချင်းစီးတိုင်း ကိုကျေးဇူးတင်ပါတယ်ဗျ🙏



ချစ်သောမိုး🍀🤍

Comment