Paet-12

ဒေါ်ချစ်ခွန်းချို,,
ဒီနေ့လကုန်ရက်ဖြစ်တာကြောင့် ဆိုင်ကဝန်ထမ်းခလေးတွေကို အလုပ်အစောဆင်းပေးလိုက်ပြီး။

သူမလည်း သူမရဲခလေးတွေကိုအချိန်မပေးဖြစ်တာကြာပြီ ဖြစ်တာကြောင့် ခလေးတွေကိုကျောင်းလာကြိုပြီး မုန့်လိုက်ကျွေးဖို့ လိုအပ်တာလေးတွေ ဝယ်ပေးဖို့တွက် ကျောင်းကိုကြိုပြီရောက်နေတာဖြစ်သည်။

ကျောင်းဆင်တော့ ထွေးနဲအရီကိုအရင်တွေ့ရပြီး ခလေးနှစ်ယောက်က သူမကိုမြင်တာနဲအပြေးလေးအနားရောက်လာကြပြီး ငယ်,,နဲခွန်း,,လေးကထွက်မလာသေးသည်မလို့စောင့်နေရင် ငယ်လေးထွက်လာတော့ ခလေးမလေးပုံကိုကြည့်ပြီး သူမအားမရ အနားရောက်လာမှ မျက်နှာလေးနီရဲလို့ သူမလည်း ဆိုးရိမ်ပြီး နဖူးလေးစမ်းပြီးတော့

"နေမကောင်းဘူးလား သမီး"

"ကောင်းပါတယ် အန်တီ"

"သမီး..!အသံတွေလည်း ဝင်လို့ပါလား တစ်ခုခုဖြစ်လို့လား"

သူမခလေးမလေးကိုသေချာထက်ကြည့်မိတော့ ပါးနှစ်ဖက်မှာလည် လက်နဲညစ်ထားသလို အရာကြီးကိုမြင်ရတာကြောင့်။ သူမသိလိုက်ပြီ သူမရဲခလေးကျောင်းတွင်း အနိုင်ကျင့်ခံရတာဖြစ်မည်။
သူမ ကျောင်းအုပ်နဲ တစ်ရက်ရက်တော့ တွေ့မှရတော့မည်။

သူမ ခလေးမလေးရဲ လက်လေးနှစ်ဖက်ကို အသာလေးဆုပ်ကိုင်လိုက်ပြီး... 

"သမီး ကျောင်းမှာ တစ်ခုခုအဆင်မပြေဖြစ်တာပဲ ဖြစ်ဖြစ် သမီးကို တစ်ယောက်ယောက်က အနိုင်ကျင့်တာပဲ ဖြစ်ဖြစ် အန်တီကိုအကုန်ပြန်ပြောလို့ ရတယ်နော် ခုအန်တီတို့က သမီးရဲအုပ်ထိန်းသူပဲ အဲတာကို သမီကမှတ်ထားရမယ်နော်သမီး "ခွန်း,,ကပဲအန်တီ့ရဲ့သမီးမဟုတ်ဘူး အထွေနဲအရီရော သမီးရောကအန်တီ့ရဲ သာသမီးတွေပဲ တစ်ခုခုဖြစ်တာနဲ အန်တီ့ကိုပြောနော် အန်တီ့ရဲသားသမီးတွေကို ဘယ်သူကမှ ထိခိုက်နာကျင်အောင်လုပ်ပိုင်ခွင့်မရှိဘူး။

"ငယ်,,အန်တီ့ရဲ စကားကြောင့် မျက်ရည်ကျမိသည်။ ငယ်,,ပထမဦးဆုံး စိတ်ကိုလုံခြုံမှုရတယ်ဆိုတဲ့ခံစားချက်ကို ခံစားလိုက်သည်။ ပြီးတော့အန်တီကငယ်,,ကိုဖက်ထားပေးတယ် နွေးထွေးလိုက်တာ အန်တီ့နားက ကိုယ်သင်းနံ့လေးကမွှေးတယ်  မေမေကို လည်းဒီလိုငယ်,,ဖက်ခွင့်ရခဲ့ရင်သိပ့်ကောင်းမှာ မေမေ့နားမှာလည်းအန်တီ့လိုကိုယ်သင်းနံ့မွှေးမွှေးလေးရှိနေလောက်မှာ။ မေမေ့ကိုအရမ်းလွမ်းတယ်....အန်တီ့ကိုပိုတင်းဖက်လိုက်ပြီး...

"အန်တီ...."

"ပြောလေသမီး အန်တီ့ကိုဘာပြောချင်လို့လဲ"

"ငယ်,,မေမေ့ကိုလွမ်းတယ်.....ဟင့်"

"သမီးရယ်...."

ဒေါ်ချစ်ခွန်းချို‌ ရင်ကိုနင့်လို့ ပြောစရာစကားများပင်မရှိပါ ။

ထိုမြင်ကွင်းကြည့်ပြီး အထွေးနဲအရီမှာလည်း စိတ်မကောင်းပေ
သူတို့သိပါသည်။ မိဘတွေမရှိတော့တဲခံစားချက်ကို။

"ကဲ့မငိုနဲတော့ ခေါင်းတွေကိုက်နေလိမ်မယ်သမီးရဲ"

မျက်ရည်လေးတွေသုပ်ပေးပြီးပြော လိုက်တော့လည်း ‌နားထောင်ရှာသည်။

"ဟုတ်...."

"သမီးလေးကလိမ်မာလိုက်တာ" ဒေါ်ချစ်ခွန်းချို ခလေးမလေးအား ပါးလေးဖစ်ညစ်ကာဆိုတော့...ပြန်ပြုံပြရှာသည်။တဂယ့်ကိုအေးချမ်းတဲအလှတရားလေးကိုပိုင်ဆိုင်ထားသူလေးပဲ

‌"ဟော ဟိုမှာ သမီးတို့ရဲအမကြီလာနေပြီ"

"ဟီး..."

"ဟီး..."
'အထွေနဲအရီက ရယ်သည်။'

'ငယ်,,ကတော့အပြုံနုနုလေးနှင့်သာ'

"မာမီက ခွန်း,,လေးသင်တန်းရှိ‌ သေးလို့ ထွက်မလာတော့ ဘူးထင်နေတာ"

"မာမီက ဒီလိုနေ့တိုင်း လာကြိုမယ်သိလို့ ခွန်း,,အတန်းဖျက်လိုက် ..."
ခွန်း,,မာမီ့အမေးကိုပြန် ဖြေနေပေမဲ့ အကြည့်တို့ကတချားမှာ ။

"သူနေမကောင်းသေးတာလား..?

"ခွန်းလေး"

"ဗျ..ဗျာ.."

"ကဲ့... ကားပေါ်တက်တော့လေ "

ခွန်း,,ကရှေခန်းမှာထိုင်ပြီး အထွေးနဲ့အရီနဲ့အတူဟိုတစ်ယောက် ရောနောက်ခုံမှာ ထိုင်ကြပြီး အထွေးနဲအရီကတော့ ပေါက်ပေါက်‌ ဖောက်သလောက် သူတစ်ယောက်ကတော့ ငြိမ်လို့ ဒီနေ့သူပုံလေးကြည့်ရတာ အမျိုးပဲ မျက်နှာတစ်ခုလုံးလည်း နီတာရဲလေးဖြစ်နေတော့ ထက်ပြီးဖျားနေတယ်ထင်တယ်။

မာမီကဘာစားမလဲမေးတော့လည်း ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်တဲ့ ပြောပေါကိုယ်စားချင်တာကို။ နေအုန်း! သူကနေမကောင်းဘူးဆိုတော့ ဟိုနှစ်စားတဲဟာတွေလိုက်စားရင် ရင်ပြည့်ပြီးပိုဆိုးနေမှာပေါ..။

"မာမီ ခွန်း,,တို့ KFCပဲစား ရအောင်လေ မစားဖြစ်တာ ကြာတော့ ခွန်း,,စားချင်လို့ "

"အထွေးနဲအရီရော KFCပဲစား "

"ဟုတ်"
"ဟုတ်"

"ဟောတော်.. သူတို့စားချင်တာစားပါစေ ခွန်း,,လေးရဲ့ ခွန်း,,လေးစားချင်တာလည်း စားပေါ့"

"ဟာ မာမီကလည်း တစ်နေရာဆီသွားနေရမှာပေါ ပြီးတော့ KFCစားတာက အာဟာရလည်းပြည့် ဗိုက်လည်းပြည့်တယ် မာမီရဲ
သူတို့လည်ကြိုက်နေတာပဲ ဟာ"

"ဟုတ်တယ် တီချိုရဲ အထွေးတို့က ကြက်ကြော်လည်းကြိုက်တယ် နော် အရီ..."

"ဟုတ်တယ်တီချိုရဲ့..."

"ကောင်းပါပြီရှင် ရှင်လေးတို့သဘောပါနော်"

ခွန်း,,တို့ ဆိုင်ရောက်တော့ စားချင်တာမှာထားပြီး စောင့်နေရင် မကြာပါဘူး မှာစားတာတွေ ရောက်လာကြသည်။

"ငယ်,, သမီး စားလေ အစားကနည်းလိုက် ရော့အန်တီထည့်ပေးတာ အကုန်းစားရမယ်နော်သမီး"

"ငယ်,,စားပါတယ်"

ငယ်,,သူ့ကိုလှမ်းကြည့်တော့ သူကငယ့်,,ကိုပြန်အကြည့် ခနအကြည့်စုံသွားသည်။ ပြီးတော့သူပဲအကြည့်ပြန်အကြည့်လွဲသွားပြန်သည်လေ။

"ဟင်း....!" သူကငယ့်ခြင်းထဲကို သူ့ရဲကြက်ပေါင်၂ခုလုံးကိုလာထည့်ပေးပြီး....

"ငါမကုန်လို့ မင်းကိုကျွေးတာ ကုန်းအောင်စား"

"._. "

ကျွတ်း...ဘယ်လိုဟာလေးလည်မသိဘူး အမြဲတန်းအူတူတူနဲ ခွန်းစိတ်ထဲကသာတွေး‌မိတော့သည်။

"ချစ်ခွန်းချို' ဟုတ်နေတာပဲ ကျွန်တော်အဝေးကနေလှမ်းမြင်လိုက်တာတောင်တန်းမှတ်မိတာပဲ ရေစက်မကုန်သေးဘူးထင်တယ်

"ရှင်လို လူမျိုးနဲဆိုရင်တော့ ရေစက်ဆိုပဲဖြစ်မှာပေါ့ "

"ဟ...ဟ...ဟား... ကျွန်တော်ကိုမြင်တာနဲဘာလို နှစ်ယောက်လုံးကဒီလောက်ခါးခါးသီးသီးဖြစ်နေရတာလဲ တဂယ်ဆိုရင် ကျွန်နော်ကိုတောင်ကျေးဇူးပြန်တင်ရမဲ့ အကြောင်းအရာတွေတောင်ရှိသေးတာ မဟုတ်လား"

"ဘာ..ရှင့်.." အေပေါလေ ယိုသူမရှက် မြင်သူရှက်၏တဲ့ စကားပုံတောင်ရှိသေးတာ ရှင်နေရာမှာရှက်တက်တဲ့ သူဆိုသေလို့ရတယ် "

ဦးသီဟနိုင် ဒေါ်ချစ်ခွန်းချိုရဲအပြော ကြောင့်ဒေါသထွက်သွားရသည်။

ခွန်း,,တို့တွေ မာမီတိုလူကြီးတွေပြောနေကြတဲ့ စကားတွေကိုဘာမှနားမလည်ပါ  မာမီဒီလိုဒေါသထွက်နေတဲ့ပုံကို ခွန်း,,သသက်ဒီတခါသာမြင်ဖူရချင်းပါ။ သေချာတာကတော ဒီဦးလေးကြီးကကောင်းတဲလူတစ်မဟုတ်ဘူးဆိုတာပဲ။ ခွန်း,,ကပဲ စကားလမ်းဖြက်ပေးလိုက်သည် ။ဒီလိုလူမျိုးတွေက မာမီနဲစကားပြောနေတာတောင် တန်တယ်လို့မထင်ပါ

"မာမီခွန်း,,တို့သွားကြရအောင် ဝယ်စရာတွေရှိသေးတယ်"

ဒေါ်ချစ်ခွန်းချို သူမရဲသမီးအသံကြားမှ သတိပြန်ထိန်လိုက်ပြီး တစ်ခုခုကိုဆိုးရိမ်ပူပန်မှုဝင်လာသည်။

"ပြန်ကြမယ်လေ လာသွားမယ်"

မာမီကခွန်း,,ပြောလိုက်တော့ချက်ချင်း ခွန်းတို့ကိုအလောတကြီးခေါ်ထုပ်လာသည်။

"အန်တီတို့ မနက်ဖြန်ကြမှ Shoppingထွက်ကြမယ်လေ ဒီနေ့ ပင်ပန်းကြရောပေါ့ မနက်ဖန်ကျောင်းလည်ပိတ်တယ် အန်တီလည်းဆိုင်မသွားဘူးဆိုတော့ မနက်ဖြန်ကြမှပို့ပေးမယ်နော် "'

"ဟုတ်ကဲ"
"ဟုတ်"
"ဟုတ်"

ဒီသုံးယောက်အတိုင်ဖောက်ညီသားပဲ'

" မာမီကခွန်း,,ကြတော့မပါဘူးလား?"

"အ‌လိုတော် ရှင်လေးကကျောင်ပိတ်ရက်တိုင် အိမ်ကပ်လို့လား မိုလင်းတာနဲဖမ်းလို့မမိနဲဟာလေးကများ""

"မာမီကလည် ခွန်း,,အိမ်မှာနေတဲ့အချိန်လည်ရှိပါတယ်နော်"

"ဟင်း..ဟင်း...မာမီ့ကလေးက အတက်လေး"

‌ဒေါ်ချစ်ခွန်းချို ခုနကစိတ်ရှုပ်ထွေးနေသမျှ သူမခလေးတွေနဲ စနောက်ရင်က စိတ်အတော်သက်သာသွားရသည်။

သူမကားမှန်ကနေတဆင့် ခလေးမလေးကိုကြည့်ပြီး အ‌တွေပေါင်းများစွားနဲ သက်ပြင်းခိုချနေရသည်။ အင်...ဒီကိစ္စကိုအကိုနဲတိုင်ပင်မှရမယ် မဖြစ်သင့်တာမျိုး မဟုတ်ပေမဲ့ မဖြစ်စေချင်တာကြောင့်....ဟင်းး.....သက်ပြင်းသာထက်ချနေမိပြန်သည်။

"ဟိတ်"

"ရှ..ရှင်"

"ရော့ ငါမသောက်ချင်တော့လ်ို့ မဟုတ်ရင်လည်းလွတ်ပစ်ရမဲ့အတူတူ မင်းသောက်လိုက်"

"ရှင်..!"

ငယ်,, လသာဆောင်ရှေ့က ယုဇနပင်အောက်မှာ ကြွေချနေတဲ့ ယုဇနပန်းလေးတွေ ကောက်နေရင် သူနောက်ကရောက်လာပြီးငယ့်,,ကို သူလက်ထဲကနေဘူးအစိမ်းလေး လာပေးနေသည်မလို ငယ်,,နားမလည်သလိုပြန်ကြောင်ကြည့်နေတော့.....

"ကျွတ်..!   ဂျွတ်...ရော့သောက်လိုက်လိုက်"

ခွန်း,,လည်စိတ်မရှည်တာနဲ Brandsကြက်ပေါင်ရည်ဘူးကို ဖွင့်ပြီး သောက်ခိုင်လိုက်သည်။ ခွန်း,,မသိချင်ပါ‌ သောက်ချင်တာတွေမသောက်ချင်တာတွေနားမလည် ခွန်း,ကသောက်ဆိုသောက်လိုက်တာပဲခွန်း,,လိုချင်တာဖြစ်သည်။

"သောက်လိုက်...! လေ"

"ဟု..ဟုတ်.."

"အွန့်...." ညှီပြီးဆိုးလွန်းတဲအရသာကြောင့် ပျို့တက်လာတော လက်ဖြင့်ပါစပ်ကိုအုပ်ပြီ သူ့ကိုပြန်ကြည့်တော့ သူလည်းအီလည်လည်နဲငယ့်,,ကိုကြည့်ပြီး

"အရမ်းအဝင်ဆိုးတာလား  မအန်ထုတ်နဲမျိုချလိုက် ရော့..ပြီးတော့ဒါလေးသောက်လိုက် ကောင်းသွားလိမ့်မယ်"

ငယ်,,ခေါင်းသာညိမ်ပြလိုက်သည် ပြီးတော့ သူထက်ပေးတဲနို့ဒိန်ချဉ်ဘူးလေးကိုလှမ်းယူလိုက်တော့

"ခနလေး..! ရပြီရော့"

သူကငယ့်,,ကို တခါတည်းနို့ဘူးကိုဖောက်ပေးနေတာကို ကြောင်ငေးနေမိသည်။ သူကကြည့်ကောင်းလိုက်တာ
"ရော့လေ"

"အမ်း...ဟု...ဟုတ်ကဲ့"

ကြောင်တောင်တောင်နဲ့ ဘယ်လိုဟာလေးမှန်းမသိဘူး ခွန်း,,လည်းပြောပြီးထွက်လာခဲ့လိုက်တော့တယ်.....

ထိုမြင်ကွင်းကို အိမ်ကြီးရဲ့အပေါ်ထက်ဝရံတာကနေ တစ်စုံတစ်ယောက်က အဓိပ္ပါယ်ပါတဲ့မျက်ဝန်းတွေနဲ ကြည့်နေခဲ့တာကို သူတို့နှစ်ယောက်လုံးမသိခဲ့ကြပါ။

မိုး ဒီ့ထက်ပိုကြိုးစားပါအုန်းမည်။
အာပေးဖက်ရှူ့သူတစ်ဦးတစ်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါဗျ🙏

ချစ်သောမိုး🍀🤍


Comment