Part-5 zawgyi

morning ပါဖွားရေ..

ခွန်း,,ထမင်းစားခန်းထက်က ကျွန်းစာပွဲကြီးထိပ်တွင် ကျော့ရှင်းစွာထိုင်ပြီ သတင်းစာဖက်နေသောသူမ၏အဖွားနာအား အပြေးလေးသွားကာချွဲတော့သည်။

morningပါကွယ် ဖွားရဲကလေးလေး ဒီနေ့နိုးတာစောသားပဲ

ခွန်း,,တမင်းအစောထလာတာဖြစ်သည်။ မ,ကမနက်စာကို ၁၉လမ်းထိပ်က ဦးမှတ်ကြီးဆိုင်က ရွှေတောင်ခေါက်ဆွဲစားချင်တယ် ပြောလို့
ခွန်း,, မ,တွက်သွားဝယ်ပို့မလို့ဖြစ်သည်။

ဟုတ်တယ်ဖွားရဲ ကျောင်းကဖွင့် တော့မှာဆိုတော့ ခွန်း,, သူငယ်ချင်းတွေနဲတိုင်ပင်စရာလေးရှိလို့။ခွန်း,, အလိမ်ညာလှလှလေးသာသုံးလိုက်သည်။ ဘာ့ကြောင့်ဆို ဖွားကမ,ကိုသိပ်သဘောမကျလို့ပါပဲ

ဖွားကတောသူ့အပြောကို ပြုံ၍သာနားလည်ဟန်ပြသည်မို့
ခွန်း,,လည်းစားပွဲတွင်ဝင်ထိုင်ပြီး ဒေါမြထည့်ပေးသောကော်ဖီကိုယူသောက်လိုက်သည်။

အဟမ်းး ခွန်းသမီးကိုဒယ်ဒီပြောစရာရှိတယ် မနေ့ကဒယ်ဒီအချိန်မရလိုက်လို့

ဘာလဲ.. ဒီဒယ်က အိမ်ခေါ်လာတဲ့ဟိုတစ်‌ ယောက်အကြောင်းပြောမလို့လား အဲတာဆိုခွန်း,,သိပြီးပြီနောက်တစ်ခုပြောင်းပြော

ဦမြတ်ရာဇာတစ်ယောက် ခွန်း,,ရဲစကားကြောင့် အီလည်လည်မျက်နှာဘေးဖြစ်သွားရကာ ထက်ပြောမဲ့စကား‌ တောင်နင်သွားရသည်။

ဒေါ်မြင့်မြတ်ချယ်ကတော့ သားဖြစ်သူနဲ့မြေးဖြစ်သူကိုကြည့်ကာ သဘောကျနေမိ

ဒါဆိုနောက်တစ်ခုပြောင်းပြောမယ်ကွာ။ ဒယ်ဒီ သမီးကို ဒီနှစ်လေးကို တော့ စာကိုလေးလေးနက်နက်လေးကြိုးစားစေချင်တယ်ကွားသမီးကျောင်းတက်ရတာ ဒီနှစ်ကနောက်ဆုံးပဲ ဒီတော့ ငါ့သမီးကဒယ်ဒီကိုဂုဏ်ထူးပါအောင် ကြိုးစာပေးကွာ အဲ့အတွက် ပြီးရင်ငါ့သမီးဖြစ်ချင်တာဖြစ်စေရမယ်လို့ ဒယ်ဒီဂတိပေးတယ်။

ခွန်း,,မျက်ခုံးပင့် လိုက်မိသည်။

ဒယ်ဒီတကယ်ပြောတာနော် ခွန်း,,ဂုဏ်ထူးပါရင် ခွန်းဖြစ်ချင်တာဘာပဲဖြစ်ဖြစ်ဒယ်ဒီဖြည့်စည်းပေးမှာသေချာတယ်နော်။

သေချာတယ်ကွာ ဒယ်ဒီဂတိပေးတယ်။

ဒယ်ဒီသာ ယောကျားဂတိတည်ပါစေ ခွန်း,,ကကြိုးစားယုံပေါလေ

ခွန်း,,ပြန်ပြောတော့ ဒယ်ဒီကသဘောတစ်ကျပြုံလေသည်။

ဒါနဲ့မာမီရော ခွန်း,,အပေါ်မှာရှာတာမတွေ့လို့။
ခွန်း,, မုန့်ယူစားရင်း မာမီ့ကိုမတွေ့လိုမေးလိုက်သည်။

သမီးအမေ တန်းလျှားဘက်သွားတယ်

ခွန်း,,မျက်မှောင်ကျုံ့မိသွားတယ်မာမီဘာ့ကြောင့်သွားလဲသိနေလို့ပဲဖြစ်သည် ခွန်း,,အလိုမကြပါလေ အရင်ကလည်းအထွေးနဲအရီကိုလည်းထိုသို့လုပ်ပေးနေကြပင် ခွန်း,,ဘာမှမဖြစ်
ခုမှခွန်း,,အလိုမကျ သူ့ကိုကြမှမလုပ်ပေးစေချင်ပါ။ ကျောင်တွေဖွင့်တော့မှာဖြစ်၍ ထိုခလေးမတွေကို ကျောင်းအပ်ဖို့ကိစ္စသွားစည်စဉ်ပေးတာဖြစ်သည်။

တော်ပြီလားခွန်း,,လေးရဲ..

ဒေါ်မြက ခွန်း,,မုန့်ကိုတစ်ကိုက်လောက်သာစားပြီးဆက်မစားတော့လို့မေးတာဖြစ်သည်။
တော်ပြီဒေါ်မြ မုန့်ကမနေ့ကဟာပိုစားကောင်တယ်နော် နောက်နေ့ကျရင်အဲလိုလေးပဲခွန်း,,ကိုလုပ်ပေးနော်

ခွန်း,,လေးကြိုက်ရင် ထက်လုပ်ပေးပါ့မယ်ရှင့်။

ဖွားခွန်း,,သွားတော့မယ်နော်သူငယ်ချင်နဲချိန်းထားလို့ ဒယ်ဒီခွန်း,,သွားပြီ.. ခွန်း,,ပြောသော်လည်း နှစ်လုံးကပဖက်မလုပ်ပေ ခွန်း,,ပြောတာလည်းကြားမည်မထင်။။

သတင်းစာကို နှစ်ယောက်သားအပြိုင်ဖက်နေတာကိုကြည့်ပြီး ခွန်း,,သက်ပြင်းသာချမိတော့သည်။ Onlineမှာသတင်စုံဖက်လို့ရအောင်ခွန်း I patထဲမှာအကုန်လုပ်ပေးပြီးသား အဲဒါကိုဉီးမြတ်ရာဇာကပြောသေးတာ ဘာတဲ့ သတင်းစာဖက်ရတဲ အရသာကိုကြိုက်တာပါတဲဗျာ... ခွန်းလည်းမနိုင်ဘူးဆိုတဲ အကြည့်ခေါင်းအသာရမ်း​ပြီးထွက်လာခဲ့လိုက်သည်။

သမီးတို့ လိုအပ်တာတွေစုံပြီလား ဘာတွေလိုသေးလဲ
စစ်ကြည့်ပါအုန်း။

ဒေါ်ချစ်ခွန်းချို,,တစ်ယောက်ဒီနေ့ကဆိုင်နားရက်မလို့ အိမ်ကခလေးမလေးတွေတွက်လိုအပ်တဲ ကျောင်ပစ္စည်းလေးတွေနဲသူတို့လေးတွေဖို့ သင့်တော်မဲ့အဝတ်စားများလိုက်ဝယ်ပေးနေခြင်းပါ။

သူမ,ကထိုသို့သဘောထားပြည့်ဝသူတစ်ဖြစ်သည်။ခလေးမလေးများကိုလည်းသူမရဲ့သားသမီးနှင့်မခြားဂရုစိုက်ပေးတက်သေးသည်

အကုန်စုံပြီရှင့်။

ငယ်,,သမီးတွက်အန်တီဝယ်ပေးတဲ့အင်ကျီလေးတွေက ဝတ်ဖို့နော် သိမ်းမထားနဲ နောက်မှအန်တီထက်ဝယ်ပေးမယ်။

ဟုတ်ကဲ့။အန်တီ့ကို ငယ်,,ကျေးဇူးတင်ပါတယ်နော် ငယ့်,,ကိုဒီလိုဂရုစိုက်ပေးလို့၊၊

မလိုပါဘူးကွယ် အန်တီ့,နားမှာရှိရင်အကုန်လုံးအန်တီ့,သားသမီးတွေပဲ သမီးအပေါ်မှမဟုတ်ပါဘူး ဒါကြောင့် သမီးကအနေမခက်ပဲပုံမှန်‌ လေးသမီးနေတက်သလိုနေပါ

ထိုခလေးမလေးက ချို့,,ကိုအားနာနေဟန်မလို့

ဟုတ်ကဲ။

ကဲဒါဆို အပြန်ဘာစားချင်ကျသေးလဲ နေ့လည်စာကိုအန်တီတို့ အပြင်မှာပဲစာကြရအောင်။။

ဟုတ်.. ဟုတ်။

အထွေးနဲအရီက အချိန်မဆိုင်းပဲ အမြန်‌‌ဖြေတာကြောင် ချို,, သဘောတစ်ကျရီမိသည်။ တဂယ့်ကိုခလေးစိတ်တွေ ပဲ အစားမက်ဖို့လောက်သိကြတယ်ဒင်းလေးတို့

5:38...။။

ဝူးးးးး ဝူးးးး

ခြံထဲကို ခွန်း,,ရဲဆိုင်ကယ် အမြန်နှုန်းနဲဝင်ရောက်လာခြင်းပါ
ဒီနေ့ခွန်း,,စိတ်မကြည်ပါ ဒါ့ကြောင့်ငပိုင်တို့နဲတစ်နေကုန် ဆိုင်ကယ်ပတ်မောင်းနေခြင်းပါ မနက်ကမ,တွက်မနက်စာသွားပို့တော့ မ,ကအိမ်မှာမရှိဘူးတဲ့လေ ခွန်းဖုန်းဆက်တော့ မနက်စာနောက်ကျသွားတာကိုစိတ်ဆိုးသွားတာဖြစ်သည်။ခွန်းချော့ကြည့်ပါသေးတယ်မရပါ ခွန်း,,ကမချော့တက် ခွန်း,,မနဲတွဲလာတာ ၂နှစ်ကျော်လာပြီဖြစ်သည်။မ,ကျောင်းကQueenဖြည်သည်မလို့ မာနလဲအ တော်ကြီးသည်။ ခွန်းကိုတောင်အတော်နဲအဖြေပြန်မပေးပါ။

ခွန်း,,အိမ်ထဲရောက်တော့ ဒေါ်မြကခွန်း,,နားအပြေးလေးရောက်လာသည်။

ခွန်း,,လေး ပြန်လာပြီ ဗိုက်ဆာပြီလား ဒီနေ့‌ ဒေါ်မြကခွန်းလေးကြိုက်တဲ့ဟင်တွေချက်ထားတယ် မမကြီးနဲသူဌေးတို့ကစားပြီကုန်ကြပြီး ခွန်းလေးတစ်ယောက်ထဲ ကျန်နေတာ ရေအရင်ချိုးမှာမလား

ဒေါ်မြပြောစကားများနားထောင်ပြီးခွန်း ခေါင်းညိမ့်လိုက်ပြီး အိမ်ပေါ်သို့အမြန်တက်သွားလိုက်သည်။ ခွန်းပင်ပန်နေပြီလေ ရေချိုပြစ်မှ နေလို့ထိုင်လို့ကောင်းမှာ
ခွန်း,, Half Binderကိုတစ်နေကုန်ဝတ်ထားရတော့ ရင်ဘက်တွေအတော်နာနေပြီလေ။

ခွန်း,,ရေချိုးပြီးပြန်ဆင်းလာတော့ ထမင်းစားခန်းထဲက အသံများကြားနေရလို့ ဒေါ်မြသူတွက်ညစာပြင်နေတယ်ထင်တယ် ။

ခွန်းဝင်သွားလိုက်တော့ ဟိုတစ်ယောက်ကပါရှိနေလေသည်။ ဒေါ်မြကအဲတစ်‌ ယောက်ကို အတော်သဘောကြသည်လား မသိ ဒေါ်မြနားမှာ ဟိုအမွှာနှစ်ယောက်‌တောင် မမြင်ရတော့ပေ ခွန်းလည်မျက်နှာတည်ဖြင့်စားပွဲနှိုက်ဝင်ထိုင်လိုက်တော့ ဟိုတစ်ယောက်ခွေးကလေးနေရာပြောက်သလို ဟိုပန်းကန်ကိုင် ဒီပန်းကန်ချလုပ်နေလေသည်။ ခွန်း,, ရယ်ချင်မိသွားသည် အူတူတူအတတနဲ့

အထွေးနဲအရီက အင်ကျီတွေမီးဖိုတိုက်နေလို့ သူတို့အစားငယ်,,ဒေါ်မြကိုကူဖို့ အိမ်ကြီးဘက်ကိုရောက်နေရခြင်းပါ

ငယ်,,ဒေါမြကို ညစာကူပြင်ပေး‌ နေရင်က သူဝင်လာတာမြင်တော ငယ်ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်ကာ။ အခက်တွေနေရသည်။ ပြီးတော့ငယ့်,,ကို စိုက်‌ကြည့်နေတော ပိုအခက်တွေ့ရသေးသည်။

ငယ်,,သူကို ကြည့်မိလိုက်တော ရေချိုးလာပုံရတယ် သူ့မျက်နှာလေးကဖြူကြည်နေသည်။ဂုတ်ထောက်ဆံပင်လေးကလည်ရေလေးတွေစိုနေတုန်းပင် ညအိပ်ပိုးဖဲဝမ်းဆက်လေးနဲသူအတော်လေးလိုက်ပါသည်။ ငယ်လည်ကြည့်ကောင်းလို့ကြောင်ပြီကြည့်နေမိသည်။

ဘာကြည့်နေတာလဲ!

ရှ..ရှင် ဟို ...

ကျွတ်...ခွန်း,,စိတ်မရှည်တော့ တစ်ခုခုပြောလိုက်ရင် တစ်ဟိုဟို တစ်ရှင်ရှင်နဲ

ငယ်,,သွားတော့မယ်နော်ဒေါ်မြ တစ်ခုခုလိုရင်ခေါ်လိုက်နော် ငယ်,,မီးဖိုခန်းထဲမှာရှိနေမှာ

အေ့ကွယ် ဒေါ်မြခေါ်လိုက်မယ်

ငယ်,,သွားဖို့အလုပ်

နေအုန်း!

ရှင်

မင်းကိုဘယ်သူက သွားခိုင်းလို့လဲ ငါပြီးတဲ့ထိအဲမှာရပ်နေ...

ဟု ..ဟုတ်ကဲ့

ခွန်း,,လည်းတမင်ညစ်ချင်လို့ ပိတ်ဟောက်လိုက်တာဖြစ်သည် သူမျက်နှာမြင်ခြင်လွန်းလို့မဟုတ်ပါ

ဒီနေ့တော အရင်နေ့ကနဲမတူ အရိပ်ပန်းချဉ်ဂါဝန်ဒူးဖုံးလေးဝတ်ထားသည်။ ဘာမှမလိမ်းချယ်ထားပုံမရပေမဲ့ အမြင်ကတ်ချင်စရာကောင်းလောက်အောင်ကြည့်ကောင်းနေသည်လေ။

ကျောလည်လောက်ရှိတဲဆံပင်လေးများကို စုချည်ထားတာလေးကကပိုကရိုလေးပေမဲ့ သူနဲကကြည့်ကောင်းသည်ပြောရမယ်။

ခွန်းအတွေးတွေကိုရပ်ကာ ။
ခွန်း,, ‌ပြီးပြီဒေါ်မြ ခွန်းပြောပြီးစားပွဲကထလိုက်ပြီး ထမင်းစားခန်းထဲကပြန်ထွက်ဖို့အလုပ် သူ့နားရောက်တော ရပ်လိုက်ကာ နှစ်ကိုယ်ထဲကြားနိုင်သည့်လေသံဖြင့်။

ဒီနေ့တော့လူရုပ်ထွက်နေလို့ပါလား....

ရှင်?...

ခွန်း,,ပြောပြီးတာနဲ့အောင်နိုင်သူအပြုံဖြင်တန်းလှည့်ထွက်လာလိုက်သည်။။

မိုး ဆက်၍ကြိုးစားသွားပါမယ်ဗျ
အားပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လျှက်ပါဗျာ🙏

ချစ်သောမိုး

morning ပါဖွmorning ပါဖွားရေ..

Comment