part-23

"ဒေါ်မြ ငယ်,,သုပ်ထားတာဘာလိုနေလဲလို့ မြည်းကြည့်ပေးပါအုန်း"

"ကောင်းလိုက်တာအေ ဘာမှမလိုဘူးသမီးကွက်တိပဲ အစပ်အဟက်တည့်တယ် ငယ်,,သမီးကတဂယ်ကိုလက်ဆိပ်ရှိတာပဲ ‌ ဒီအိမ်မယ်ခွန်း,,လေးကအစားအရွေးဆုံးပဲသမီးရဲ့  ခွန်း,,လေးကအသီးအရွက်သိပ်မစာဘူးလေ...ဒေါ်မြသေသေချာချာသုပ်ပေးတဲ့မြင်ခွာရွက်သုပ်တောင် ခါးလို့မစားပါဘူးသမီးရယ်...အခုမှဘာစိတ်ကူးပေါက်လဲမသိပါဘူးကွယ် မနေ့ကညစာစားရင်းနဲ ငယ်,,သုပ်ကျွေးတဲ့ စကားပွင့်သုပ်လေးစားချင်ပါသတဲ့လေ....

"ဟင်း.."

ဒေါ်မြစကားကြောင့် ငယ်,,သဘောတစ်ကျပြုံးမိသည် မနက်ကငယ်,,နဲအထွေး ခြံထဲမှာဘုရားလှူဖို့ ယုဇနပန်းလေးတွေကောက်နေရင်းနဲ့ ဒေါ်မြကရောက်လာပြီး ခွန်း,,ကစကားပန်းသုပ်လေးစားချင်လို့တဲ့ စကားပန်းလေးသုပ်ပေးဖို့ပြောတာနဲ ငယ်,,သုပ်ပေးနေတာဖြစ်သည်" ခွန်း,,ရဲ့ဝေရာဝတ်စလေးတွေ လုပ်နေရရင်အရမ်းကိုပျော်မိတာပဲ ...ဒါကြောင့်မလို့လည်း ခွန်း,,ရဲ့အဝတ်အစာတွေဆိုရင် အထွေးသွားယူပြီးလျှော်ပစ်မှာဆိုးတာကြောင့် အဝတ်လျှော်ရမဲ့နေ့ဆိုလည်း ငယ်,,အစောကြီးထပြီးအထွေးမသိ‌အောင်သွားယူရတာအမော....ဒါနဲ...ဒီနေ့ကျောင်းပိတ်ရက်မလို့ ခွန်း,,မထသေးတာလားမသိဘူး ငယ်,,မနက်ထဲကမတွေ့ရသေးဘူလေ မျက်နှာလေးမြင်ချင်လှပေါ.....

"ဟို.....ဒေါ်မြ ခွန်း,,ကမနိုးသေးတာလားဟင် နေ့လည်ဆာစားချိန်တောင်ရောက်တော့မယ်နော်"

"ခွန်း,,လေးလား အစောကြီးထဲကသူငယ်ချင်းဆီဆိုပြီးထွက်သွားတာ မနက်စာတောင်စားမသွားရှာဘူးသမီးရယ်,"

"အော် ဒါကြောင့်မတွေ့တာကို..."

"ငယ်,,သမီး ဒေါ်မြကိုလေ ဟိုဘက်လမ်းထိပ်ကကုန်စုံဆိုင်မှာ
အမေထွာပဲဆီနဲပုစွန်ခြောက်လေးသွား‌ဝယ်ပေးပါလားသမီးရယ် မမကြီးကလက်ဖက်ထောင်းလေးစားချင်တယ်လို့ပြောထားတာကိုမေ့နေလိုက်တာ အထွေးနဲအရီကို မမှာလိုက်ရဘူး ဒင်းတို့နှစ်ယောက်ကလည်းလေ ဈေးကိုလွတ်လိုက်တာပေါ်ကို မလာတောဘူးတဂယ်ထဲ"

"ငယ်,,သွားဝယ်ပေးမယ်လေ ဒေါ်မြ"

"အေ့ကွယ် ဒေါ်မြလည်းသမီးကိုပဲအားကိုးရတော့မယ် ရော့.....သမီးဈေးဖိုးမုန့်လေးဘာလေးဝယ်စားခဲ့ချေအုန်း ထီးလည်းယူသွားအုန်းနော် နေပူတယ်လေ"

"ဟုတ်ကဲ့"

ငယ်,,တို့နေတဲ့ရက်ကွက်က လူဂုဏ်ထံတွေနေတဲ့ရက်ကွက်ဖြစ်တာကြောင့် ကုန်စုံဆိုင်မရှိတာကြောင့် အခုလိုအရေးတကြီးလိုအပ်တာလေးတွေဝယ်ဖို့ဆိုရင် ငယ်,,တို့နေတဲ့ရက်ကွက်ကိုထွက်ပြီး နှစ်လမ်းကျော်လောက်သွားရတာဖြစ်သည်" ငယ်,,လည်းဒေါ်မြမှာသလိုထီးလေးယူကာ ကုန်စုံဆိုင်လေးဆီသို့ထွက်လာခဲ့လိုက်သည်"

ဟင်...!!

ငယ်,,ဒေါ်မြဝယ်ခိုင်းလိုက်တာတွေ ဝယ်ပြီးပြန်လာရင် ငယ်,,အရှ့နားမှာကားကြီးထိုးရပ်လိုက်တာကြောင့် လန့်သွားရသည်။
ဒီကားက အိမ်ကကားတွေလဲမဟုတ်ပါဘူး ငယ်,,တစ်ယောက်ထဲမလို့လူစိမ်းတွေနဲတွေ့ရမှာကြောက်သည်" အန်တီအမြဲတန်းပြောနေတဲ့ မိန်းခလေးတွေ တစ်ယောက်ထဲအပြင်သွားရင်းကပျောက်သွားကြတဲ့အကြောင်းကိုသတိရမိတော့ လက်ထဲကအထုပ်လေးကိုကျစ်နေအောင်ဆုပ်ကိုင်ပြီး တစ်ခုခုဆိုပြေးလို့ရအောင်အသင့်အနေထားနဲခပ်တည်တည်နဲမသိချင်ရောင်ဆောင်ကာ ရှေ့ဆက်ရှောက်လိုက်သည်"

"သမီး..!! သမီးလေး..."

ကားပေါ်က သက်လက်ပိုင်းလူကြီးတစ်ယောက်ဆင်း လာပြီးငယ်,,ကိုတွေ့ရလို့ ဝမ်းသာနေတဲ့မျက်နှာနဲ့ ငယ်,,ကိုခေါ်လာတာကြောင့် လူကောင်းလားလူဆိုးလားဆိုတာကို ငယ်,,အကဲခက်ကြည့်ရင်အရဲစွန့်ကာ ဘယ်သူဘယ်ဝါလဲမေးလိုက်သည်။

"ဟို...ဘယ်သူလဲမသိဘူးရှင့် ငယ့်,,ကိုသိလို့လား"

"သမီး....အဖေ့ကိုမမှတိမိဘူးလား အဖေနဲ့တစ်ခါစုံဖူးသေးတယ်လေ
ကားမှတ်တိုင်မှာ ကျောင်းကားစောင့်ရင်းနဲလေမမှတ်မိဘူးလား အဖေကလေ ငါ့သမီးကိုလိုက်ရှာနေတာသမီးရဲ့ လာပါအုန်းအဖေ့ဆီ"

ငယ်,,အရှေ့ကလူကြီးရဲ့စကားတွေကို လုံးဝနားမလည်းပါ လိုက်လို့လည်းမမှီ သူ့ကိုယ်သူအဖေတဲ့လေ ဘာအမေးစကားမှလည်မထွက်သလို ခြေထောက်တွေလည်းကျောက်ချထားသလိုခြေတစ်လှမ်းဖို့လည်းအားမရှိပါလေ စုံဖူးတယ်တဲ့ကာမှတ်တိုင်မှာတစ်ခါစုံးဖူးတဲ့သူဆိုတော့ ဒါဆိုဟိုတစ်ခါအထွေးတို့နဲကျောင်းကားစောင့်နေရင်းစုံဖူးတဲဦးလေးကြီးပေါ သူကဘာလို့သူ့ကိုယ်သူအဖေလို့ပြောနေရတာလဲ...

ငယ်,,အတွေးပေါင်းများစွားနဲ မေးခွန်းပေါင်းများစွာက နှုတ်ကနေပြောလို့မထွက်လာ ရင်ထဲစို့တက်လာမှုကတော့အတိုင်ထက်အလွန်

"သမီး..!!sorryကွာ အဖေစိတ်လောသွားတယ် ငါ့သမီးကိုအဖေသေချာရှင်းပြပေးပါ့မယ် အဖေ့ကိုအချိန်လေးနဲနဲပဲပေးနော်သမီး
သမီးကို မြတ်ရာဇာနဲချစ်ခွန်းချိုက အဖေနဲမတွေ့နိုင်အောင်ဖွက်ထားကြတာကြာင့် ငါ့သမီးနဲအဖေက အခုလိုတစ်ကွဲတစ်ပြာဆီဖြစ်နေရတာ အဖေကလေသမီးလေးကို လိုက်ရှာနေခဲ့တာကြာပြီးသမီးရဲ

"ငယ်,,.....ကဘယ်လိုယုံရမှာလဲ ပြီးတော့ငယ့်,,မှာမေမေပဲရှိတယ်ဖေဖေဆိုတာ......ဖေဖေဆိုတာမရှိဘူး...သိလည်းမသိဘူး... ငယ်,,ကိုခွင့်ပြုပါအုန်း ...."

ငယ်,,ပြောပြီးနေရာကနေအမြန် ထွက်လာခဲ့လိုက်သည် အဲ့ဒီ့ဦးလေးကြီးက ရှောက်ပြောနေတာ လိမ်နေတာလည်းဖြစ်နိုင်တာပဲ ငယ်,,ကဖေဖေနံကိုမည်တောင်မသိတာ ‌ဖေဖေရဲ့ရုပ်ကိုဆိုပိုလို့တောင်မသိသေးတာ ဒေါ်လေးနှင်းဆီငယ့်,,ကိုဆူတိုင်း ရိုက်တိုင်ပြောနေကြစကားကိုပြန်ကြားယောင်မိသည်"

~~ဟဲမိကြာညို ညည်းကိုငါကကျွေးထားတာကိုပဲ ညည်ကကျေးဇူးတင် ကောင်မရဲ့ကျေးဇူးတင် ညည်းမိဘတွေလိုအချိုးမျို့ ငါ့လာမချိုနဲ အသေရိုက်သက်ပစ်မယ် ညည်းဖအေကညည်းမအေကို စားပြီးနားမလည်လုပ်ပြီးတာဝန်မယူပဲ ညည်းမအေကိုဗိုက်တစ်လုံးနဲပစ်ထားခဲ့လို့ ညည်းမအေကညည်းကိုဒီရွာမှာလင်‌ကောင်မဖော်ပဲမွေးပြီး ပစ်ပခဲ့တာ ငါကျွေးထားမွေးထာလို့ညည်းလူဖြစ်လာတာပါအေ ငါ့ကိုပုံကန်လို့ကတော့ အသေကိုရိုက်သက်ပလိုက်မယ် ဟင်းဟင်းနှင်းဆီအကြောင်းညည်းသိတယ်နော်"

ဒီစကားကအမြဲလိုငယ်,,ကြားရနေကြ ဒေါ်လေးသိမ်းယှဉ် ပြောပြတာတော့မေမေကငယ်,,အတွက်ဒေါ်လေးနှစ်းဆီကိုပိုက်ဆံတွေးအမြဲပို့ပေးတက်တယ်တဲ့ ဖေဖေကတော့......

ငယ်,,အတွေးတွေနဲအိမ်ဘယ်လို ပြန်ရောက်မှန်းတောင်မသိ...
မိီးဖိုခန်းထဲမှာဒေါ်မြကိုမတွေတာနဲ ငယ်,,ဝယ်လာတဲပစ္စည်း တွေနဲ ပြန်အန်း‌ငွေလေးတွေကိုမိီးဖိုခန်းထဲကစာပွဲ‌ပေါ်တင်ခဲ့လိုက်ပြီး အခုလောလောဆယ်ငယ်,,ဘယ်သူနဲမှစကားမပြောချင်သေးတာကြောင့် ငယ့်,,ရဲ့အခန်းလေးကိုသာပြန်လာခဲ့လိုက်သည်"

"ခွန်း,,တို့မင်းကိုယုံကြည်ခဲ့တာက အခုလိုဖြစ်သွားဖို့လား တို့ကိုမင်းဘယ်လိုသဘောထားလိုက်တာလဲခွန်းမြတ်ရာ,,"

"ခွန်း,,မ,ကိုတဂယ်အနူးညွှန့်တောင်ပန်ပါတယ် ပြီးတော့ခွန်း,,ကို မ,ကြိုက်တဲ့အပြစ်ပေးပါ ခွန်း,,မ,ပေးတဲ့အပြစ်ကိုကိုခံယူဖို့အသင်ပါပဲ"

"ဟင်းအင်း မတောင်းပန်နဲ ခွင့်လည်းမလွတ်သလိုခွင့်လည်းမပြုနိုင်ဘူး အဲ့ဒီ့ ဘာအဆင့်အတန်းမှမရှိတဲ့မိန်းမတစ်ယောက်နဲယှည်ရွေးခံရတာလောက် တို့ခံရခက်တာမရှိဘူး  ခွန်း,,မင်းကိုအဲ့ဒီ့မိန်းမကမြူဆွယ်လိုခနတာမင်းစိတ်ယိုင်ခဲ့တာ မင်းအဲလိုမိန်းမတစ်ယောက်ကိုမင်းရွေးချယ်မှာမဟုတ်ဘူး မင်းသေချာပြန်တွေးကြည့်တို့ကမှမင်းဘဝတွက်အသင့်တော်ဆုံးသူဆို မင်းသိရဲခွန်း,,မင်းသိရဲ့လားလို့..ဟင့်....တို့မင်းကိုချစ်ခဲ့တာအခုလို သစ္စာဖောက်ခံရဖို့လား ဖြေလေ ဟင့်....ဟင့်..."

မ,က ခွန်း,,ရဲရင်ဘက်ကိုထုရိုက်ကာငိုပြီးပြောလာတာကိုကြည့်ပြီး ခွန်း,,တဂယ်စိတ်မကောင်ပါ ငယ့်,,ကိုအခုလိုချိုးနိမ်ပြောဆိုနေတာကိုလည်း ခွန်း,,မခံမရက်နိုင်ဖြစ်ရသည်"

ဒါတွေအားလုံးဟာခွန်း,,ရဲအပြစ်တွေပဲမလား ခွန်း,,ပြင်ဦးလွင်ကပြန်လာထဲကမ,ဆီကိုသွားပြီးတောင်းပန်မယ်လုပ်ထားပေမဲ့  အခုတလောဒယ်ဒီကိုလည်းခွန်း,,လုပ်နိုင်တဲအလုပ်လေးတွေကူပေးနေရတော့ ခွန်း,,သွားချိန်မရတာကြောင့်အဆက်သွယ်ပါပြက်နေသည်လေ.."
မနေ့ညကမှ မဆီကပို့လိုက်တဲ့ပုံတစ်ချို့နဲ့မင်းနဲတို့ တွေ့ချင်တယ်လို့‌ပို့ထားတဲ့စာကိုမနက်မှတွေ့ပြီး အနဲငယ်တုန်လှုတ်မိသည် အကြောင်းမှာတော့ ပို့ထားတဲ့ပုံက ငယ်,,မူးနေတဲ့ညကခွန်း,,နဲနမ်းနေတဲပုံဖြစ်တာကြောင့်ပင် ဒါဘယ်သူ့လက်ချက်လဲဆိုတာခွန်း,,သိပါသည် ခွန်း,,တွက်ကပြသနာမရှိပေမဲ့ ငယ်,,တွက်ကြတော့ပြသနာဖြစ်နိုင်သည်
ငယ့်,,ကို traumaမရစေချင်ပါ ခွန်း,,ဒီပြသနာတွေရှင်းပြီးမှ ငယ်,,ကိုခွန်း,,ချစ်မိနေတဲ့အကြောင်ကိုဝန်ခံဖို့လုပ်ထာတာဖြစ်သည် အခုတော့ တော့အကုန်ကအမာက်ကမတွေဖြစ်ကုန်ပြီ"

"ခွန်း,,စိတ်ယိုင်ခဲ့တာမဟုတ်ဘူးမ, ခွန်း,,ချစ်မိသွားတာ ခွန်း,,ကိုယ်တိုင်ကတောင်မသိလိုက်ခင်လေးမှာငယ်,,ကိုချစ်မိသွားတာ အဲဒီ့တွက်မ,,ပေးမဲ့အပြစ်ကိုခွန်း,,ခံယူပါ့မယ် ခွန်း,,မ,ကိုတောင်ပန်ပါတယ်နော်"

လရိပ်ခွန်း,,ရဲ့စကားများကြောင့်ရင်ထဲမှာ မီးတောက်တွေလိုလောင်ကျွမ်းနေပြီလေ သူမဆီဒီပုံရောက်လာတဲ့အချိန်ထဲကရင်ထဲမှာတောက်လောင်နေတာ မဖြစ်ရဘူး....လရိပ်ဆိုတဲမိန်းမကဒီလိုအရှုံးသမားတစ်ယောက်လို့ငိုကြွေးနေရမှာမဟုတ်ဘူး ခွန်းမြတ်ရာမင်းကတို့အပိုင်ပဲ တို့မပိုင်ဆိုင်ရရင်ဘယ်သူမှလည်မပိုင်ဆိုင်စေရဘူး လရပ်နွယ်ဆိုတဲမိန်းမက လိုချင်တာကိုမရရအောင်ကိုယူတက်တယ်ဆိုတာ မင်းမှမသိပဲ "

"ဟင့်......ဒါဆိုတို့ကခွန်း,,အတွက်ခနတာအပျော်သက်သက်ပေါလေ...ဟင့်....ဘယ်တက်နိုင်ပါ့မလဲလေ တို့ကိုမချစ်တဲ့သူတစ်ယောက်ကိုတို့ဆွဲမထားပါဘူး ခွန်း,,တို့မင်းကိုလွတ်ပေးလိုက်ပါပြီ မင်းပျော်ရာမှာမင်း‌နေပါ တို့ရှုံး‌ပါတယ် ...ဟင့်..."

"မ,..ကျေးဇူးတင်ပါတယ် ခွန်း,,ဘဝမှာမ,နဲဆုံခွင့်ရတာခွန်း,,တွက်အရမ်းကံကောင်းပါတယ် ဘာပဲဖြစ်ဖြစ်မ,ကခွန်း,,အစ်မအရင်တစ်ယောက်လိုပါပဲမ,ရယ် မလည်းတစ်နေ့နေ့တစ်ချိန်ချိန်ကြရင်အချစ်စစ်နဲတွေ့ရမှာပါ"

"မင်းရဲပျော်ရွှင်ချင်က တို့ရဲ့ပျော်ရွှင်ချင်းပါပဲခွန်း,,ရယ် တို့ကိုမေ့မသွားရဘူးနော် တို့ကမင်းရဲ့အစ်မအရင်းလိုပဲ လိုအပ်တာရှိရင်လည်းတိုင်ပင်လို့ရတယ်နော်....ဟင့်...."

"မ,ရယ်မငိုပါနဲတော့နော် ခွန်း,,ကမ,ကိုမေ့မသွားပါဘူးမ,ရဲ အခုမ,ကခွန်း,,ရဲအစ်မဖြစ်သွားယုံပဲလေ အရင်လိုပါပဲဘာမှမပြောင်းလဲသွားဘူးလေ မ,ရဲ"

"ဟုတ်ပါပြီ....မ,ကိုဖက်ပြီးနှစ်သိမ့်ပေးပါအုန်း မ,ဝမ်းနည်းနေသေးတယ်"

"ခွန်း,,ကိုနားလည်ပေးလို့ ကျေးဇူးပါ"

ခွန်း,,မ,ကို အစ်မအရင်းတစ်ယောက်လိုစိတ်နဲဖက်ပြီးနှစ်သိမ့်ပေးလိုက်သည် ခွန်း,,မကိုတဂယ်ကျေးဇူးတင်သင့်တာမဟုတ်လား

လရိပ်ခွန်း,,ရဲ့ရင်ခွင်ထဲတိုးပြီးဖက်တွယ်ထားရင် မဲ့ပြုံးလှလှလေးတစ်ပွင့်ဆင်မြန်ကာ ဒီရင်ခွင်ဟာ တို့အတွက်ပဲဖြစ်စေရမယ် ခွန်း,,မင်းတို့အချစ်ကိုသစ္စာဖောက်လို့ မင်းကိုလည်းတို့မုန်းတယ်...

ငယ်,,ပန်းချီထိုင်ဆွဲရင် နေလည်ကငယ့်,,ကိုဖေဖေပါလိုပြောခဲ့တဲ့ဦးလေးကြီးရဲ့အကြောင်းကို တွေးနေမိသည် အဲဦလေးကြီးသာငယ်ဖေဖေတဂယ်ဖြစ်ခဲ့ရင်ရော ငယ်,,ဘာဆက်လုပ်ရပါ့မလဲ....

ဒေါက်... ဒေါက်.....ဒေါက်......

ကျွီး.....

"ဟင်း!!ခွန်း,,"

ခွန်း,,ဒီနေ့စိတ်တွေလွတ်လပ်ပြီးပျော်နေမိသည် မ,,နဲကိစ္စတွေရှင်းပြီးသွားတာကြောင့်ထင်သည် အိမ်ပြန်ရောက်တော့ဖွားကခွန်း,,ရဲမြူးထူးနေတဲ့ပုံကိုကြည့်ပြီး ဘာတွေပျော်စရာရှိလို့လဲမေးတော့ ခွန်း,,လည်းမ,နဲကိစ္စကိုပြောပြလိုက်တော့ ဖွားကခွန်း,,ကိုကျေးဇူးတင်ပါတယ်တဲ့လေ ခွန်း,,နဲပတ်သက်ပြီးဖွားတို့မာမီတို့က မ,ကိုသဘောမကျကြတာအခုထိပဲအကြောင်းရင်းကတော့...

ခွန်း,,‌ကိုမ,ကသူ့နားကအဖြေကိုလိုချင်ရင် ကျောင်းရဲ့အားစကားကွင်းအလယ်မှာ 3နာရီတိတိဒူထောက်ခိုင်းတာကို ခွန်း,,ကငပိုင်တို့နဲအလောင်းအစားကိုသာအားသန်ပြီး မိသားစုကိုထည့်မတွက်ခဲ့မိတာကြောင် ခွန်း,,မ,ရဲပြောစကားကိုလက်ခံပြီး ဒူထောက်ခဲ့တာကို အကုန်လုံးကဓာတ်ပုံဝိုင်းရိုက်ကြပြီး ဆိုရှယ်မီဒီယာမှာဖြန့်ခဲ့တာကြောင့် မာမီနဲဖွားကမြင်သွားပြီးထဲက မ,ကိုဖွားကလုံးဝသဘောမကျကြောင်းကိုခါးခါးသီးသီးပြောခဲ့ပါသည် မာမီကတော့အိပ်ရာထဲနှစ်ပတ်လောက်လဲသွားတဲ့အထိကို Traumaရခဲ့တာဖြစ်သည်"

ဒါနဲ့ခွန်း,,အိမ်ပြန်ရောက်ထဲက ခွန်း,,ရဲကြာငယ်,,လေးကိုမတွေ့ရသေပါခါတိုင်ဆိုဒေါ်မြနဲ့ မီးဖိုခန်းထဲမှာပဲ ရှိနေတက်တာမဟုတ်လား
ခွန်း,,ဒေါ်မြကိုမေးလိုက်တော့ ခွန်း,,တွက် စကားပန်းသုပ်ပေးပြီး ဒေါ်မြဈေးဝယ်ခိုင်းလိုက်ထဲက ပြန်ရောက်လာတဲ့အထိငယ့်,,ကိုမတွေ့ရသေးဘူးတဲ့ ကြာငယ်,,လေးအခန်းအောင်းနေတာပဲဖြစ်ရမယ် ခွန်း,,ရေချိုးပြီးတာနဲ တန်းလျှားဖက်သို့ဦးတည်လိုက်သည်။

ငယ်,,တို့နေတဲ့လိုင်းခန်းလေးကိုရောက်တော့ ခွန်း,,စိတ်တို့ကမြူးထူနေပြန်ရော အခန်းတံခါးခေါက်ပြီးမကြာဘူး တံခါးပွင့်လာတော့ မြင်ရပါပြီးခွန်း,,ရဲ့အမောပြေအားဆေးလေး,,"

"ငယ်,,နေမကောင်းဘူးလား အပြင်ထွက်မလာလို့ ဒေါ်မြကတောင်ပြောနေတာ"

"ဟို....ငယ်,,အိမ်စာတွေများနေလို့ အဲတာ...."

ခွန်း,,မျက်နှာ‌လေးကိုမြင်တော့ငယ်,,တစ်နေကုန်စိတ်ပင်ပန်းမှုတွေမရှိသလောက်ကို‌လန်းဆန်းသွားရသည်"ငယ်,,ရှေ့ဆက်ဘယ်လိုလုပ်ရပါ့မလဲခွန်း,,ကိုတစ်မနက်လောက်မတွေ့ရတာတောင် ဒီလောက်နွမ်းနေတာ......

"ဟိတ်....ဘာတွေအတွေးလွန်နေတာလဲ ငယ်,,စာတွေပြီးရင်ကိုယ်နဲ အရှေ့ဘက်လမ်းရှောက်ထွက်ရအောင်လေ ကိုယ်ငယ့်,,ကိုပြောစရာရှိတယ်"

"အင့်....သွားမယ်လေ ခနလေးနော်ငယ်,,အပေါ်ထည်လေးထက်ဝတ်လိုက်အုန်းမယ်"

ငယ့်,,ရဲ့မျက်ဝန်းတွေကခါတိုင်းလိုဝိုင်းစက်ပြီးတောက်ပနေတာမျိုး မဟုတ်ပဲနဲ တစ်ခုခုကိုဝမ်းနည်းနေတဲ့ပုံစံလေးဖြစ်နေတာကြောင့် ခွန်း,,ငယ့်,,နဲဘေးခြင်းကပ်သွား‌ နေရင်းက ငယ့်,,ရှေ့မှာပိတ်ရပ်လိုက်ပြီး ငယ့်,,ကိုရင်ခွင်ထဲထွေးပွေ့ကာနှစ်သိမ့်ပေးလိုက်သည်

"ခွ...ခွန်း,,.....ဘာလုပ်တာ......"

"ညိမ်ညိမ်လေးနေပါခလေးရယ် ဒီနေ့ခလေးကိုကြည့်ရတာဝမ်းနည်းစရာတစ်ခုခုရှိနေသလိုပဲလို့ ငိုယ်ခံစားမိနေတယ် ကိုယ်ဖက်ပေးပါရစေ"

ခွန်း,,ကငယ့်,,ကိုခလေးတဲ့ ဒီနေ့ခွန်း,,ရဲအပြုမူလေးတွေကနူးညံ့လွန်းလို့ ငယ်,,ရုံးမထွက်နိုင်ခဲ့ပြန်ဘူး ငယ်,,လည်းခွန်း,,ကိုပြန်ဖက်တွယ်ထားမိတယ်ထင်တယ် အားကိုးရှိသွားတဲ့ခလေးငယ်ကပိုပြီးတော့ပျော့ညံ့သွားတက်ကြတယ်တဲ့ တစ်နေကုန်မငိုပဲထိန်းထားပြီးနေနိုင်ခဲ့သမျှအခုခွန်း,,ရဲရင်ခွင်ထဲမှာတော့ ငိုချလိုက်မိသည်.......

မိုးဒီထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူတစ်ဦးချင်းစီတိုင်ကိုကျေးဇူးတင်ပါတယ်ရှင့်🙏

ချစ်သောမိုး🍀🤍

Comment