Part-25

~ကောင်းကင်ကြီးက မှတ်ညာဏ်တွေမရှိတဲ့သမုဒ္ဒရာ‌လေးကို
~ကမ္ဘာပေါ်မှာအဖိုးအတန်ဆုံးနဲ အလှပဆုံးသောမှတ်ညာဏ်
~လေးတစ်ခုဖန်တီပေးခဲ့သည်........

ခွန်း,,ဘဝရဲ့ရှင်သန်ချင်းလေးကခွန်း,,မရှာဖွေပါပဲနဲ့ ခွန်း,,ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက် ရှိလို့လာခဲ့‌လေသည်"

"ကိုယ်ကိုမယုံကြည်နိုင်သေးလည်း ရတယ်...ကိုယ်ငယ့်,,အချစ်ကိုရဖို့စောင့်နိုင်တယ်..တစ်လ..နှစ်လ...တစ်နှစ်..နှစ်နှစ်..ဘယ်လောက်ဖြစ်ဖြစ်ကိုယ်စောင့်နိုင်တယ်ငယ်,,......တစ်ခုပဲ...ကိုယ်ချစ်တာကို‌ တော့ယုံကြည်ပေးပါနော်...,"

ခွန်း,,ကငယ့်,,ကိုချစ်....ချစ်တယ်တဲ့.....အခုငယ်,,ကို့နားကိုပင်မယုံနိုင်ပါ...ခွန်း,,ကငယ့်,,ကိုချစ်တယ်တဲ့လား....ဒါပေမဲ့မဖြစ်ရဘူးလေ
အစ်မလရိပ်ရှိနေတယ်လေ....ငယ့်,,လက်လေးကိုဆုတ်ကိုင်ထားတဲ့ ခွန်းရဲ့လက်လေးကို လွတ်ချလိုက်ပြီးတော့......အားတင်းကာ"

"မ...မရဘူး...ချစ်လို့...မရဘူးခွန်း,, ငယ်,,မှ.....ငယ်,,မှခွန်း,,ကိုမချစ်တာ...ပြီးတော့ခွန်း,,မှာ အစ်မလရိပ်ရှိတယ်လေ"

ဟုတ်သာပဲ ခွန်း,,ကိုမ,နဲ့တွဲနေတယ်လို့ပဲငယ်,,ကထင်နေအုန်းမှာ ခွန်း,,စကားကရုတ်တရက်ဆန်သွားတာကြောင့် ငယ်,,လက်မခံနိုင်လောက်ဘူးဆိုတာကြိုတွေးထားပြီးသာပါ " ပြီးတော့ငယ်,,ကသိပ်ကိုအတွေးလွန်တက်တာမလား ခွန်း,,နားလည်ပေးနိုင်တယ်
ဒါပေမဲ့ငယ်,,ကခွန်း,,ကိုမချစ်ဘူးဆိုတဲစကားမျိုးတော့ လိမ်နေတာသိနေရင်တောင်ခွန်း,,မကြားချင်ပါ ခွန်းငယ့်,,ရဲ့လက်မောင်းလေးနှစ်ဖက်ကိုထက်ပြီးအသာဆုတ်ကိုင်လိုက်ပြီးတော့..."

"ငယ်,,........ငယ်,,ဘာတွေတွေးနေလဲ ကိုယ်သိတယ် ကိုယ့်ကိုပဲကြည့်ပေးပါနော်...ကိုယ် မ,နဲ့လည်းလမ်းခွဲလိုက်ပြီ အဲ့တာဘာ‌ ကြောင့်လဲသိလာ....ကိုငယ့်,,ကိုချစ်မိသွားလို့...ကိုယ်ငယ့်,,ကိုချစ်တာ ချစ်တယ်လိုပြောယုံတစ်ခုထဲမဟုတ်ဘူး ချစ်ယုံပဲချစ်တာမဟုတ်ဘူး မြတ်နိုးတယ် ကာကွယ်ပေးချင်တယ် နွေးထွေးမှုတွေပေးချင်တယ် ဥယျာဉ်မှုတစ်ယောက်လိုမျိုး ကိုယ့်ရဲကြာငယ်လေးကို တယုတယနဲအလှပဆုံးလေရှင်သန်နိုင်အောင်ပျိုးထောင်ပေးချင်တယ်..."

"ဟင်းအင်....!!ငယ်,,ခွန်း,,ကိုမချစ်ဘူး....ဖယ်ပါသွားတော့မယ်..."

ငယ်,,စကားကြောင့်ခွန်း,,ကငယ်,,မျက်ဝန်းတွေကိုစူးစိုက်ကြည့်ပြီး
အဖြေရှာနေတာကြောင့် .....ငယ်,,ခွန်း,,ရဲ့လက်တွေကကိုရုံးပြီး အမြန်ပြေးထွက်လာခဲ့လိုက်သည်......
တောင်းပန်ပါတယ်ခွန်း,,ရယ် ငယ်,,ကမှခွန်း,,လိုလူမျိုးနဲမှမတန်တာ
ပြီးတော့..ငယ်,,ငဲ့ကွက်ရမဲ့အရာတွေရှိသေးတယ်လေ.... ငယ်,,ခွန်း,,အနားမှာနေချင်တာမှန်ပေမဲ့ ခွန်း,,ကိုတော့ငယ့်,,အနားမှာမနေခိုင်းစေချင်ဘူး......ငယ့်,,လိုမရူးမိုက်ချင်ပါနဲခွန်း,,ရယ်......

ငယ်,,ရဲ့အခန်းငယ်လေးထဲရောက်မှတံခါးနံရံလေးကိုမှီချထိုင်ကာ .......ငိုမိသည်ဒီတစ်ခါတော့ စိတ်ထိခိုက်လို့ငိုခြင်းမျိုးမဟုတ် ပိုင်ဆိုင်ချင်လွန်းတဲ့အရာလေးကို ပိုင်ဆိုင်ခွင့်မရှိသောကြောင့်နာနာကျင်ကျင် ငိုကြွေးမိပါသည်"

ခွန်း,,နေရာကမြတ်ခင်းကြီးမှာပဲလှဲချလိုက်ပြီး နဖူးပေါ်လက်တင်ကာ ကောင်းကင်ပေါ်ကကြယ်ကြည့်ပြီး ငယ်,,တွေးနေမဲ့အတွေးများကို ခပ်မှန်းနေမိသည်.....
ဘယ်အရာတွေက ငယ်,,ကိုဒီလောက်သိမ်ငယ်နေစေရတာလဲကွာ...

"ငယ်,,သမီးနေမကောင်းဘူးလား မျက်နှာလေးချောင်နေတာပဲ "

ငယ်,,တို့ဒေါ်မြကိုမနက်ဆာကူပြင်ပေးနေရင်းက အပြင်ကပြန်လာတဲ့အန်တီက ထမင်းစားခန်းထဲဝင်လာရင်းကငယ်,,ကိုမြင်တော့ နေမကောင်းဘူးထင်ပြီးဆိုးရိမ်တကြီးမေးလာသည်မလို့ ...ငယ်,,လိမ်လိုက်မိပါသည်"

"ကောင်းပါတယ်..အန်တီ ငယ်,,ညကစာကျက်တာနောက်ကြသွားလို့အိပ်ရေမဝတာဖြစ်မယ် အန်တီမနက်ဆာစားတော့မလားဟင်ငယ်ပြင်ပေးမယ်လေ...."

"နေပါစေ...သမီးရယ်အန်တီမစားသေးပါဘူး သမီးရဲ့ဦးနဲခွန်းလေးကိုစောင့်လိုက်အုန်းမယ် သမီးဖွားဖွားကြီးကတရားစခန်းဝင်လို့ အန်တီကလိုက်ပို့ပြီးပြန်လာတာကွဲ သမီးလည်းစာကြိုးစားတာတော့ကောင်းပါတယ် ကျန်းမာရေးကိုတောမထိခိုက်စေနဲ့သမီး ကျန်းမာရေးလောက်ဘယ်အရာမှပိုအရေးမကြီးဘူး ကဲကဲ  အန်တီအ‌ပေါ်တက်ပြီးဆိုင်သွားဖို့ပြင်ဆင်လိုက်အုန်းမယ်နော် သမီး"

"ဟုတ်ကဲ့ပါ အန်တီ"

"ငယ်,,ရေဒီနေ့ကျောင်းကိုအစောသွားရမဲ့နေ့နော်  နောက်မကျစေနဲအုန်း‌နော် အရီ အထွေးကိုလည်းသွားပြောလိုက်အုန်း"

"အင်ပါ ငယ်,,ဒေါ်မြကိုကူပြီးတာနဲ လိုက်လာခဲ့မယ်နော်"

ငယ်,,ညကအိပ်မပျော်တာကြောင့် လူကနုံးနေပေမဲ့လည်း မျက်နှာ လေးမှမတွေ့ရရင်မနေနိုင်တဲ့စိတ်ကြောင့် စံအိမ်ကြီးဖက်ကမပြန်သေးပဲ ပေကပ်နေမိသည်"

"ဒေါ်မြရေ.....ဒေါ်မြ....."

"အန်တီဘာလို လို့လဲဟင် ငယ်,,ကိုပြောပါ ဒေါ်မြက ဦးတောက်ကိုထမင်းသွားပို့တယ်ရှင်"

"ခွန်း,,လေးဖျားနေလို့လေ ဆရာဝန်ကိုတော့အန်တီဖုန်းဆက်ပြီးခေါ်ထားတယ် ဒေါ်မြကိုဆန်ပြုတ်လေးပြုတ်ခိုင်းမလို့"

"ရှင်...!!!ဟို...အရမ်းဖျားနေတာလားအန်တီ"

ခွန်း,,ကဖျားနေတယ်တဲ့.....ငယ့်,,ကြောင့်......ငယ့်,,ကြောင့်များလား.....

"ကိုယ်တွေအရမ်းပူနေတယ် သမီးရယ် ညကဒီခလေးဘယ်အချိန်ထိအပြင်မှာနေနေတာလဲမသ်ိပါဘူး အအေးပတ်သွားတာထင်ပါတယ် သမီးဒေါ်မြလာရင် ဆန်ပြုတ်လေးလုပ်ပြီး ခွန်း,,အခန်းထဲကိုလာပို့ပေးပါအုန်းလို့နော်"

"ဟုတ်ကဲ့....."

ခွန်း,,ညကအပြင်မှာထက်ပြီးနေနေသေးတာလား ဒါကြောင့်ဖျားသွားတာထင်တယ်....ဒေါ်မြကလည်းဒီအချိန်နဲမလာသေးလောက်ဘူးဆိုတော့ ငယ်,,ကိုယ်တိုင်ပဲဆန်ပြုတ်ပြုတ်ပေးနေမိသည်"

အစောနလေးကမှဆရာဝန်ဆိုသူ အပေါ်ကိုတက်သွားတာမြင်လိုက်သည် ငယ်,,မြန်မြန်လုပ်ပြီး အပေါ်သို့တက်လာခဲ့လိုက်သည် တော်ကြာဆေးသောက်ချိန်ဆန်ပြုတ်မမှီမှာဆိုးတာကြောင့်.....
အခုမှအခက်တွေ့တာ ခွန်း,,ရဲအခန်းကဘယ်ကဘယ်တစ်ခုပါလိမ့်
အပေါ်ကိုရောက်မှ ညာဘက်ဘေးကအခန်းကတံခါးလေးဟနေတာကြောင့် အဲ့ဒီ့အခန်းပဲဖြစ်လိမ့်မယ်ထင်သည်။

"ကျွီ...."

"အော်...ငယ်,,သမီးကိုယ်တိုင်လာတာလား...လာလာသမီး"

အန်တီက ငယ်,,ကိုမြင်တာနဲလေသံတိုးတိုးလေးနဲ‌မေးလာသည်"
ငယ်,,ခေါင်းသာညိမ့်ပြမိသည်‌လေးငယ်,,အရဲ့အကြည့်တို့ကကုတင်ပေါ်မှာ လှဲနေတဲ့ခွန်း,,ဆီကမခွာနိုင် မှေးနေတာထင်သည်"

"ခွန်း,,လေးကဆေးအရှိန်ကြောင့်‌မှေးနေတာ....သမီးခွန်းလေးနားမှာ ခနနေးပေးပါအုန်း အန်တီဆရာ့ကိုလိုက်ပို့ပေးလိုက်အုန်းမယ်နော် နိုးလာရင်လည်း ဆန်ပြုတ်လေးသောက်ခိုင်းလိုက်နော်သမီး..."

"ဟုတ်ကဲ့...အန်တီ"

ငယ်,,အန်တီနဲ့ဆရာဝန်အခန်းပြင်ထွက်‌သွားတော့မှ ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ပြီး မျင်နှာပေါ်ကျ‌နေတဲ့ဆံပင်လေးတွေသပ်တင်ပေးရင်း ဖြူဖျောဖျောနှုတ်ခမ်းလေးတွေကို ကြည့်ပြီးငယ့်,,ရဲမျက်ရည်တို့ကခွင့်မတောင်းပါပဲနဲ ပါးပြင်ပေါ်သိုစီးကျလာသည်....

ခွန်,,မှေးနေရင်း မာမီကငယ်,,လို့ခေါ်လိုက်ထဲကခွန်း,,ငယ်,,ရောက်နေမှန်း သိလိုက်သည် ခွန်း,,စိတ်ထဲကျိတ်ပြီးဝမ်းသာသွားရတာအမှန်
ပြောတော့ဖြင့် မချစ်ပါဘူးတဲ့ အခုတော့ခွန်း,,ဖျားတာသိလို့အပေါ်တက်လာပဲကြည့်ပါလား မလိမ်တက်ပဲလိမ်နေလိုက်ပုံလေးကတဂယ်ကို ဖျစ်ညစ်ပစ်ချင်စရာလေးပါ ခွန်း,,လည်းဆက်အိပ်ချင်ဟန်ဆောင်နေလိုက်ပြီးမာမီတို့အပြင်ထွက်သွားမှ ခွန်း,,နားလာထိုင်နေတဲကောင်မလေးကို စချင်တာနဲဘာလုပ်မလဲစောင့်နေလိုက်ရင်က ခွန်း,,ရဲ့မျက်နှာ‌ပေါ်ကျနေတဲ့ ဆံပင်လေးတွေကို ငယ့်,,ရဲလက်ချောင်သွယ်လေးများနဲ သပ်တင်ပေးလာတော့ ခွန်း,,ရင်တွေခုန်လွန်းလို့အံကိုကြိတ်ကာ လက်သီးဆုတ်လိုက်မိသည်အထိပင်....နောက်ဆုံးမှာတော့ငယ့်,,ဆီကရှိုက်သံလေးကြားရတော့မနေနိုင်တော့ပဲ မျက်လုံးဖွင့်ကြည့်မိတော့ ထင်တဲအတိုင်းပဲ ငယ်,,ငိုနေပြန်ပြီလေ.......

"မချစ်ဘူးလို့ပြောတဲ့ သူကဘာလို့အခုမှလာငိုနေရတာလဲကွာ...."

"ဟင်း..!!!ခွန်း,,....."

ငယ်,,ငိုတာကိုခွန်း,,မြင်သွားတော့ နဲနဲအန်းတန်းတန်းလေးဖြစ်သွားရသည် မနေ့ညအကြောင်းကြောင့်ပိုပြီးအနေခက်နေတာဖြစ်ရမည်။

ခွန်း,,ထပြီးကုတင်ကိုကျောမှီလိုက်ကာ ငယ့်,,ရဲမျက်ရည်တို့ကိုသုပ်ပေးလိုက်သည်....တော်တော်အငိုသန်တဲကောင်မလေးပါလေ

"တိတ်တော့နော် မငိုနဲတော့ ခနနေကျောင်းသွားရတော့မှာမလား မျက်ရိုးတွေကိုက်နေလိမ့်မယ်"

"ဆန်ပြုတ်သောက်ရမယ်တဲ့ အန်တီကပြောသွားတယ် "

ခွန်း,,ရှေ့ကိုဆန်ပြုတ်ပန်ကန်လေးတိုးပေးလာသည်" စောနကခွန်း,,ပြောတဲ့စကားများကိုပြန်မတုန့်ပြန်လာပဲ မျက်လွှာလေးချပြီခွန်း,,စားပြီးတဲ့အထိစောင့်မယ်ဆိုတဲပုံစံလေးနဲ ခွန်းမြတ်ရာကိုဒီလိုလုပ်လို့ဘယ်ရလဲ ....

"မစားဘူး.!! စားစေချင်ရင်ခွန့်ကျွေးလေ ခွန့်ကျွေးရင်စား...မယ်"

ငယ်,,ခွန်း,,ရဲ့ဂျစ်တိုက်မှုလေးကြောင့် အခက်တွေ့ရပြီ....ဘာပဲဖြစ်ဖြစ်လေ ခွန်း,,အစာစားဖို့ကအရေးပိုကြီသည်မဟုတ်လား...

"အကုန်စားနော်...အဲဒါဆို"

ခွန်း,,မျက်ခုံးတစ်ဖက်ပင့်သွားရသည် ဘာလဲခွန်း,,ခွန့်ကျွေးခိုင်းတာကို လက်ခံတယ်ပေါ့ yes"!ဒါပဲလေ .....

"အင် ငယ်,,ခွန့်ကျွေးရင်အကုန်စားမယ်လေ.."

"အင့်.....

ခွန်း,,ဖျားရတာကောင်းလိုက်တာလို့တွေးမိသည်အထိပါ ဆန်ပြုတ်လေးကိုခွန်း,,သောက်ရင်ပူမှာဆိုးလို့ နှုတ်ခမ်းလေးထော်ပြီးမှုတ်ပေနေပုံလေးကချစ်စရာကောင်းလိုက်တာ....

"ကုန်းသွားပြီးခွန်း,,"

"အမ်...!!ကုန်ပြီလားမြန်လိုက်တာ"

"ငယ်,,သွားတော့မယ်နော် ဒီနေ့အသင်းနေ့မလို့နောက်ကျနေပြီ"

ခွန်း,,ထွက်သွားဖို့လုပ်နေတဲ့ငယ့်,,ကို လက်လေးလှမ်းဆွဲကိုင်လိုက်ပြီးခွန်းရဲဘယ်ဖက်ရင်အုံလေးကိုတင်ပေးလိုက်ကာ...

"ငယ်,,ကိုယ်နေမကောင်းဘူးသိတယ်မလား တဂယ်နေမကောင်းဖြစ်တာကိုယ့်ရဲ့နှလုံးသားပါ ငယ်,,ကမချစ်ဘူးလို့ငြင်းတာကြောင့် နှလုံးသားလေးဖျားသွားတာ ကျောင်းကပြန်လာရင်ကိုယ့်အနားမှာနေပေးပါလားငယ်,, ကိုယ်တစ်ညလုံးအိပ်မပျော်သေးလို့....."

ငယ်,,ခွန်း,,ရဲစကားများကြောင့်ရင်ထဲကိုနင့်သွားရသည်လေ ငယ်,,ရဲရွေးချယ်မှုက ခွန်း,,ကိုမနာကျင်စေဖို့ပဲ ဒါဆိုအခုငယ့်,,ရဲရွေးချယ်မှုကမှန်ရဲ့လား....?

"အင့်....ငယ်ကျောင်းကပြန်လာရင်ခွန်း,,ဆီလာခဲ့မယ်"

"ကိုယ်စောင့်နေမယ်နော်...ငယ်,,"

ငယ်,,ခေါင်ညိမ့်ပြလိုက်မှ ခွန်း,,မျက်နှာလေးပြုံးရောင်သန်းသွားပြီးငယ်,,ရဲ့လက်လေးကိုလွတ်ပေးလာသည် အရာရာခွန်း,,ရဲအမိန့်တိုင်ပါ....

"ငယ်,,နင်ဖင်တစ်ကြွကြွနာရီတစ်ကြည့်ကြည့်ဘယ်လိုဖြစ်နေတာတုန်း"

"ဟုတ်ပါ့ကြာညိုရယ် ဒီနေ့ဘယ်လိုဖြစ်နေတုန်း နင်"

ငယ်,,တစ်နေကုန်စိတ်တို့က ခွန်း,,ဆီမှာ သက်သာရဲ့လားလို့တွေးပြီးစိတ်ပူပန်နေရသည်လေ အိမ်ပြန်ဖို့စိတ်ကလော‌နေသောကြောင့်"ငယ်,,အဖြစ်ကို အထွေးနဲအဲလစ်ကမျက်စိနောက်ပြီးပြောလာတဲအထိပင် အရီကတော့နေ့ခင်းကငယ့်,,ကိုခလေးတစ်ယောက်လာပေးတဲ့မုန့်ထုတ်ကိုသာ စိတ်ရောက်ပြီးဘာစကားမှမဆိုလားပါ"

"ဘာမှမဖြစ်ပါဘူး.....ဒီတိုင်ပျင်လို့ပါ....ဟင်း အသီစုံးပေါင်းလေးပါတာလား ငယ်,,ဒါလေးစားမယ် "

ငယ်,,မုန့်ထုတ်ထဲက မုန့်တွေအများကြီးထဲမှာမှ သစ်သီးပေါင်းဘူးလေးမြင်တော့လှမ်းယူလိုက်သည် အဲဒါကိုငယ်,,ကြိုက်သည်လေချဉ်ချဉ်လေးနဲမလို့

ငယ်,,မုန့်စားနေတဲပုံလေးကို မာန်ထက်လှမ်းကြည့်ပြီးသဘောတကျပြုံးမိသည် မာန်ထက်ချာတတ်ကိုပိုသမျှမုန့်တွေထဲမှာ ဒီတစ်ခါပထမဦးဆုံးချာတိတ်လက်နဲထိကြည့်ပြီး စားတာဖြစ်လို့ သဘောကျကျေနပ်သွားရတာအမှန် ...မာန်ထက်အိပ်ကပ်ထဲကပိုက်ဆံအိတ်ကိုထုပ်ကာ တစ်သောင်းတန်ထက်ကိုယူပြီး G-8ကကောင်လေးကိုလှမ်းပေးလိုက်ပြီး...

"မင်းတော်တယ် ကောင်လေးရော့ မုန့်ဖိုး"

"ကျေးဇူးပဲ အစ်ကိုမာန်ထက်နောက်လည်းလိုအပိတာရှိရင်ကျွန်းတော့်ကိုခေါ်လိုက်နော် "

ငယ်,,အိမ်ပြန်ရောက်လာတာနဲ အဝတ်အမြန်လဲပြီး စံအိမ်ကြီဘက်ကိုသို့ရောက်နေတာဖြစ်သည် ခွန်း,,ရှိရာအပေါ်ထက်သို့လည်းတက်မသွားရဲတာကြောင်ဒေါ်မြနားလေးပဲကပ်ပြီး ခွန်း,,သက်သာရဲလားလိုမေးကြည့် တော့ ခွန်း,,တစ်နေကုန်အောက်ဆင်းမလားဘူးတဲ့ မနက်ကငယ်,,ပြုတ်ပေးတဲ့ခဲ့တဲ့ဆန်ပြုတ်ကိုတော့ နေ့လည်ကထက်စားတယ်ဆိုတော့ စိတ်နဲနဲအေးသွားရသည်လေ...ညဆာကိုလည်းငယ်,,ပဲလုပ်ပေးလိုက်မယ်ဆိုပြီးဒေါ်မြကိုပြောကာ ငယ်,,ပဲလုပ်ပေးဖြစ်သည် "

‌"အထွေးရေ ထအုန်းခွန်း,,လေးကိုဒါလေးသွားပို့ချေအုန်း ဒေါ်မြဒူနာလို့အေလှေကားတွေအတက်အဆင်းမလုပ်ချင်ဘူး"

ဒေါ်မြစကားကြောင့် ငယ်,,အခက်တွေ့ရပြန်သည် အထွေးကိုကြည့်ပြီး အထွေးငြင်းပါစေဆုတောင်နေမိတာအမှန်ပါ"

"ဟား....ဒေါ်မြကလည်း မခွန်း,,ကသူ့အခန်းထဲသူစိမ်းဝင်တာမကြိုက်ဘူးဆိုဒေါ်မြလည်းသိရဲ့သားနဲ မသွားရဲပါဘူး..."

"ငယ်,,သွားပေးမယ်လေ..!! ပေးငယ်,,သွားပို့ပေးမယ်နော် အထွေကခနနေအရီနဲဦးတောက်ကိုထမင်းပို့ပေးရအုန်းမှာမလား "

"ဟုတ်သားပဲ ကဲကဲဒါဆို ငယ်,,သမီးကိုပဲအားကိုးပါတယ်ကွယ်"

ငယ်,,ဒေါ်မြစကားကို ခေါင်ပဲညိမ့်ပြလိုက်ပြီးအထွေးကိုကြည့်လိုက်တော့ ငယ့်,,ကိုတရာခံကြည့်တဲ့အကြည့်တွေနဲ စူစမ်းပြီးကြည့်နေသည် ငယ်,,အမြန်အကြည့်လွဲလိုက်ပြီး အပေါ်ကိုသာတက်လာခဲ့လိုက်သည်...အပေါ်ရောက်တော့ အခန်းရှေ့မှာတံခါး‌ခေါက်ဖို့အချိန်ခနယူပြီးမှ.....

ဒေါက်......ဒေါက်......ဒေါက်......

ကျွီ.......

ဟင်း...!လူကကုတင်ပေါ်မှာ..ဒါဆိုတံခါးကသူအလိုလိုပွင့်သွားတာပေါ့

"ငယ်,,..ဝင်ခဲ့လေအထဲကို "

ခွန်း,,ငယ်,,ကျောင်းပြန်ရောက်ထဲက တံခါးခေါက်သံလေးမျှော်နေရတာအခုမှပဲကြားရတော့တယ် ငယ်,,အခန်းထဲဝင်မလာ‌ပဲ တံခါကိုကြည့်လိုက်ခွန်း,,ကိုကြည့်လုပ်နေသည်မလို့ အထဲလာဖို့ခေါ်လိုက်မှအထဲဝင်လာသည်.....

"ဟို...ဗိုက်ဆာနေပြီလားဟင် ခွန်း,,အတွက်ငယ်,,ညစာလုပ်ပေးနေတာနဲကြာသွားတာ"

"ဗိုက်ကမဆာပါဘူး လွမ်းတော့အရမ်းလွမ်းနေတယ်"

ခွန်း,,စကားကြောင့် ခွန်း,,ကိုဝိုင်စက်စက်မျက်ဝန်းလေးတွေနဲပြန်ကြည့်နေလာသည်"

ခွန်း,,ဒီလိုနူးနူးညံ့ညံ့စကားမဆိုရင်တောင်ငယ်ခွန်း,,ရဲ့အနာမှာနေဖို့ခက်ခဲတာ ရင်ခုန်လွန်းလို့လေ အခုများတော့အရှူတောင်မမှန်တော့သလိုပါပဲ ခွန်း,,ကြောင့်ငယ်,,ရူးရပါတော့မယ်ခွန်း,,ရယ်

"ညဆာစားလိုက်တော့လေ  ခွန်းဆေးသောက်ရအုန်းမယ်မဟုတ်လားဟင်"

"ခွန့်ကျွေးလေကိုယ့်ကို မနက်တုန်းကလိုမျို....."

"ဟို......မနက်ကလိုဆန်ပြုတ်မဟုတ်ဘူးလေ နွားနို့နဲခွန်း,,ကြိုက်တဲ‌ ပေါင်မုန့်ယိုသုပ်လေး လုပ်လာပေးတာ"

"ဟွန်း...ခွန့်လို့ရတယ်လေ နွားနို့ကိုကိုယ်ဘာ့သာသောက်မယ် ပေါင်မုန့်ကိုငယ်,,ကခွန့်ပေးနော်..."

ငယ်,,ကိုခလေးလေးတစ်ယောက်လိုချွဲနေတဲ ခွန်း,,ရဲပုံစံလေးကြောင့်ငယ်,,အရည်ပျော်ရပြီလေ...

"အွန့်......

"ကောင်းလာဟင်...."

"အင့်အကောင်းဆုံးပဲ....."

ငယ်,,ခွန်း,,စားပြီးသာပန်ကန်တွေကို ကုတင်ဘေးကစာပွဲပေါ်တင်ပြီး ခွန်း,,သောက်ရမဲ့ဆေးနဲရေလေးကမ်းပေးလိုက်တော့အလိုက်သင့်လေးသောက်ရှာသည်" ငယ်,,ခွန်း,,ရဲနဖူးလေးကို လှမ်းစမ်းကြည့်လိုက်တော့ ခွန်း,,ကသွားတက်လေးများကိုပေါ်အောင်ရယ်ပြလေသည်....

"ကိုယ်သက်သာနေပါပြီ ငယ်,,‌ဘေးနာမှာရှိနေလို့အဲတာ့"

"အင်...ဒါဆိုငယ်,,သွားတော့မယ်နော် မနက်ကြရင်လည်း ပြန်လာခဲ့မယ်လေ"

ခွန်း,,ငယ့်,,ကိုခွန်း,,အနားမှာပဲရှိစေချင်သေးတာကြောင့် ငယ့်,,ရဲလက်လေးနှက်ဖက်ကိုဆုတ်ကိုင်လိုက်ပြီးတော့ ခွန်း,,ရဲစူပါပါဝါတွေကိုထုတ်သုံးတော့သည်....

"မသွားပါနဲအုန်....ကိုယ့်အိပ်လို့မပျော်လို့ခေါင်တွေမူးနေတယ် ကိုယ့်ဘေးနာမှာရှိနေပေးပါအုန်နော် အိပ်ပျော်အောင်လို့...."

ခွန်း,,ကတဂယ်အိပ်ဆက်ဖို့ အခက်တွေ့နေတယ်ထင်သည် ငယ်,,ကိုယ်တိုင်ကလည်ခွန်း,,အနီးနားမှာနေချင်တာကြောင့်ဆက်နေပေးဖို့ဆုံးဖြတ်လိုက်သည်".

"အာ့ဆို...ငယ်,,ခွန်း,,အိပ်ပျော်တဲ့ထိအထိအနားမှာ နေပေးမယ်နော် "

ခွန်း,,အပျော်ကြီးပျော်သွားပြီး ခွန်း,,ဘေးကခေါင်းအုံးလေးကိုယူလိုက်ပြီး ငယ့်,,ထိုင်ဖို့လုပ်ပေးလိုက်တော့ငယ်,,ကခေါင်းအုံးပေါ်မထိုင်ချင်လိုငြင်းနေသေးသည်....

"ဒီခုံမှာထိုင်ရင် ငယ်,,ခါးနာမှာပေါ ကုတင်ပေါ်လည်းငယ်,,ကလာထိုင်မှာမှမဟုတ်တာ ဒီတော့ဒီခေါင်းအုံးနှစ်လုံးကို အောက်မှာခုပြီးထိုင်အဲဒါမှ သက်တောင်သက်သာဖြစ်မှာပေါ့ငယ်,,ရဲ

နောက်နာရီဝက်ခန့်ကြာသော်.......

ချစ်ခွန်းချို,,ခွန်း,,လေးကိုလာကြည့်ရင်း မြင်လိုက်ရတဲ့မြင်ကွင်လေးတစ်ခုကြောင် ပြုံးမိသည်လေ တစ်ယောက်ကကုတင်ပေါ်မှာအိပ်ပျော်နေပြီးနောက်တစ်ယောက်ကလည်း ခုတင်အောက် လေးမှာထိုင်ပြီး ကုတင်လေးပေါ်ခေါင်လေးအုံးကာအိပ်နေလို့နေသည် တစ်ယောက်လက်လေးကိုတစ်ယောက်ဆုတ်ကိုင်ထားပုံလေးက လုံးဝကိုလွတ်မသွားနိုင်အောင်ကိုမြဲမြဲခိုင်နေသညိလေ......

ကြာဖြူ ငါနင့်သမီးလေးကိုအတက်နိုင်ဆုံးကာကွယ်ပေးပါ့မယ်.....

မိုးဒီထက်ပိုကြိုးစားပါမယ်
ရှင့်အားပေးသူတိုင်ကိုကျေးဇူးပါရှင့်🙏

ချစ်သောမိုး🍀🤍

Comment