Part-27

~~ကြာပန်းဖြူဖြူလေးကိုကိုင်ပြီး အုပ်ဂူဖြူဖြူရှေမှာရပ်နေတဲ့ မိန်းမငယ်လေးတစ်ယောက်က တစ်စုံတစ်ယောက်ကိုနှစ်နှစ်ကာကာလွမ်းကြောင်းကို နှုတ်ဖျားကနေဖွင့်ဟမပြောပဲ မျက်ဝန်း လေးတို့ကနေတစ်ဆင့်ပြောနေလေသည်~~

"မေမေ....ငယ်,,မေမေ့ဆီကိုထက်လာတယ်နော်.....ပြီးတော့ငယ်,,လေမေမေ့အတွက်လက်ဆောင်ယူလာတယ် .....

ခွန်း,,အလိုက်သင့်လက်ထဲမှာကိုင်ထားတဲ့ ငယ့်,,ရဲပန်းချီအိတ်လေးထဲက ပန်းချီစာအုပ်ထုတ်ပေးလိုက်ပြီး"

"အန်တီ,,တွေရတာဝမ်းသာပါတယ်ဗျ ကျွန်တော်နံမည်ကခွန်းမြတ်ရာပါ ဦးမြတ်ရာဇာနဲဒေါ်ချစ်ခွန်းချိုတို့ရဲ သမီးပါ ကျွန်တော်အန်တီ့ဆီကခွင့်လေး တစ်ခုတောင်းချင်ပါတယ် အဲဒါကကျွန်းတော်ငယ်,,ကို‌တစ်ဘဝလုံးစောင့်ရှောက်ပါရစေ ကျွန်တော်ငယ့်,,ကိုချစ်ပါတယ် ကျွန်းတော်သေတဲ့အထိသစ္စာရှိရှိချစ်သွားပါ့မယ်လို့ ကျွန်တော်ဂတိပေးပါတယ်ဗျ အန်တီလည်းခွင့်ပြုပေးမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်......"

ခွန်း,,မနေ့ညကမှ ငယ်,,ရဲမေမေအကြောင်းကိုမာမီ့ဆီမေးကြည့်တော့မှအကြောင်းစုံသိရသည်"ငယ်,,ကအသက်ရွယ်လေးနဲမလိုက်အောင်ကို ပင်ပန်းခက်ခဲခဲ့တာသိရတော့ ခွန်း,,ကိုယ့်ကိုယ် အပြစ်ရှိသလိုခံစားရပြီး မုန်းမိသည်အထိပင်' ခွန်း,,ကငယ့်,,အပေါ်ကိုအနိုင်နဲပိုင်းပြီး အနိုင်ကျင့်ခဲ့တာတွေများတယ်မဟုတ်လား"
ဒါတောင်ဒီခလေးလေးက ခွန်း,,လိုလူမျိုကိုချစ်တယ်တဲ့လေ......

ခွန်း,,ရဲ့ကျန်ရှိနေတဲ့လက်ကျန်ဘဝလေးကို ဒီခလေးလေးတွက်ပဲကုန်ဆုံးပစ်မည်" အကောင်းဆုံးဆိုတဲ့အရာများကိုပဲပေးချင်သည် ဒီခလေးလေးပျော်နေရင် ပျော်နေရတဲ့အကြောင်းရင်းလေးကခွန်း,,ကြောင့်ဖြစ်စေချင်သည်" ဒီခလေးလေးငိုနေရင်လည်း ခွန်း,,ရင်ခွင်ကြီးက ခလေးလေးရဲ့အပိုင်ပါလို့ပြောပြီး ရင်ခွင်ထဲထည့်ထားကာနှစ်သိပ့်ပေးချင်သည်" အခုဒီ‌ခလေး,,ရဲ့ဒီလိုပုံစံလေးက ခွန်း,,ရဲရင်တွေနာရသည် "ဒီကိုစရောက်ထဲက ကြာပန်းလေးကို ကိုင်ပြီးရပ်နေတာ နှစ်နာရီလောက်ရှိပြီး ခွန်း,,တားချင်ပေမဲ့မတားရက်ပါ ငယ်,,ကသူ့မေမေကို ပြောချင်တဲ့စကားများကို နှုတ်ကနေဖွင့်ဟပြောနေတာမဟုတ်ပဲ ရင်ထဲကနေ မျက်ဝန်းတွေကနေ ပြောနေ‌တာကြောင့်မလို့ ခွန်း,,ဘေးကနေသာ ထီလေးဆောင်းပေးပြီး အလိုက်သင့်တိတ်တိတ်လေးပဲရှိနေပေးလိုက်သည်"

မေမေ့ဒီမှာကြည့်......ငယ်,,မေမေ့ပုံလေးကိုဆွဲထားတယ် မေမေကြိုက်လားဟင်.....ဒီတစ်ခါတော့လေ ငယ်,,လိမ်မာတယ်နော် မေမေ့ရဲ့မျက်နှာ‌လေးကို မမေ့သွားအောင် မေမေ့ရဲ ပုံလေးတွေကိုအမြဲဆွဲဖြစ်တယ်..........ပြီးတော့ငယ်,,လေ......(ဖေဖေ့ကို တွေတယ်).ငယ်,,ဒီစကားကို‌ တော့စိတ်ထဲကနေသာပြောဖြစ်သည်)"ငယ်က,,မေမေ့ကိုပဲချစ်တာ.... မေမေနဲပဲအတူတူနေချင်တာ........မေမေကရောငယ်,,နဲအတူတူမနေချင်ခဲ့ဘူးလာဟင်........
မေမေ့ကငယ့်,,ကိုဘယ်လိုပုံစံမျိုးနဲ အရွယ်ရောက်လာစေချင်လဲမသိတော့ ငယ်,,ဘယ်အရာကိုကြိုးစားရမလဲမသိဘူး......
မေမေက ငယ်,,ကိုအရွယ်ရောက်လာရင်ပညာတက်ကြီးဖြစ်စေချင်လား. ..........
ထူးချွန်ထက်မြက်တဲ့ ဆရာဝန်ကြီးဖြစ်စေချင်လားဟင် အန်တီကပြောတယ် မေမေကပန်းချီဆွဲရတာကြိုက်ပြီး ပန်းချီဆွဲတာအရမ်းတော်တာတဲ့......ငယ်,,ကိုလည်းမေမေနဲတူတယ်တဲ့ ငယ်,,လည်းပန်းချီဆွဲရတာကိုသဘောကျတယ်.....ပြီးတော့.... ပြီးတော့မေမေနဲတူတာကိုလည်းသဘောကျတယ်......မေမေ့ကိုလည်းလွမ်းတယ်.....ဟင့်....ဟင့်.....

ခွန်း,,ငယ်,,ကိုရင်ခွင်ထဲထည့်ဖက်လိုက်သည် ဒီခလေးဘယ်လောက်တောင်လွမ်းနေလဲဆိုတာကို ခွန်း,,မြင်နိုင်သည်လေ နေ့စဉ်နဲအမျှအားတဲ့အချိန်တိုင် ဆွဲနေတက်တဲ့ပုံလေးတွေက ဒီခလေးမေမေရဲပုံလေးတွေတဲ့..........

‌"ငယ်,,....ရော့ရေလေး သောက်လိုက်အုန်း အရမ်းငိုထားတော့ ရေဆာနေမှာပေါ့."

"ဟုတ်..."

"ဗိုက်ရောဆာနေပြီလား ငယ်,,ဘာစားချင်လဲ"

ငယ်,,ခွန်း,,ကိုကြည့်ပြီး သဘောကျနေမိသည် ဘာလို့လဲဆို့တော့ခွန်း,,ကဒီ‌နေ့မှပိုပြီးငယ့်,,ကိုခလေးလေးတစ်ယောက်လိုဂရုစိုက်ပေးနေတာကြောင့်ပဲဖြစ်သည် ငယ့်,,မေမေ့ဆီကိုလည်းခွန်း,,ကိုယ်တိုင်လိုက်ပို့ပေးပါ့မယ်ဆိုပြီး အန်တီနဲဦးဆီကိုခွင့်တောင်းပြီး ခွန်း,,ကိုယ်တိုင်လိုက်ပို့ပေးပြီး မေမေ့ဆီရောက်တော့လည်းငယ့်,,ရဲဘေးနားကမခွာပဲရှိနေပေးသည် မေမေနဲလည်းစကားတွေအတူတူပြောပေးကာ"ပြီးတော့ ငယ်,,ငိုဖိုအတွက်လည်းခွန်း,,ရဲရင်ခွင်ကျယ်လေးကိုလည်း ငယ့်,,အပိုင်ပါလို့ပြောပြီးငှားပေးသည် ဒါကြောင့်ဒီနေ့မေမေ့ကိုလာတွေ့ရတာကိုပျော်သလို ခွန်း,,ရဲဂရုစိုက်မှုလေးတွေအများကြီးရလို့လည်း ငယ်,,ထက်ပျော်ရသည်"

"ရွတ်......"

"ဟား....ဟိတ်!!"

"............"

ငယ့်,,ကရုတ်တရက်ခွန်း,,ရဲပါးလေးကိုနမ်းလိုက်တာ‌ကြောင့် ခွန်း,, အံ့ဩမင်သက်နေမိသည်လေ ခွန်း,,ငယ့်,,လှည့်ကြည့်လိုက်တော့ သူလာနမ်းပြီး သူပဲရှက်သွားပုံရသည်ခွန်း,,ကိုမကြည့်တော့ပဲခေါင်းလေးငုံ့ထားပြီးနေနေသည်"ခွန်း,,ဘယ်ဘက်ရင်အုံလေးကိုဖိထားရလောက်အောင်ထိကို "ရင်ခုန်နှုန်းတွေကမြန်ဆန်နေလို့ ဒီခလေးလုပ်တာနဲ ခွန်း,,လည်းအရည်ပျော်ရင်ပျော် မဟုတ်ရင်လည်း နှလုံးရောဂါရတော့မှာပဲ''' ဘယ်လိုဟာလေးလည်းကွာ......ခွန်း,,ကိုဒါသက်သက်လာဆန်းတာ ဒီလိုလုပ်လို့ဘယ်ရမလဲ

"လာခဲ့ဒီကို...ရွတ်...."

"အင့်...ခွန်း,,"

"ရွတ်....ရွတ်.."

"ဟင်း...ခွန်း,,ယားတယ်လို့...."

"ဘယ်နားလေးကယားတာလဲ...ရွတ်...ဒီနားလေးလား....ရွတ်....."

"ဟက်...ဟက်....ယားတယ်...ခွန်း,,မလုပ်ပါနဲ...ဟက်..ဟက်..."

"ရွတ်....."

ခွန်း,,ငယ့်,,ကိုယ်လေးကိုရင်ခွင်ထဲဆွဲထည့်ပြီး ပါးမို့မို့လေးနဲလည်ပင်းသားနုနုလေးတွေကို နေရာလပ်မကျန်မွှေးကြူလိုက်ပြီး ရင်ခွင်ထဲပွေ့ဖက်ထားပြီး ငယ်,,မျက်နှာလေးပေါ်ကဆံနွယ်လေးတွေကိုသပ်တင်ပေးလိုက်ပြီး နဖူးလေးကိုဖွဖွလေးနမ်းလိုက်သည်...

"ငယ်,,ကျောင်းကငါးရက်တောင်ပိတ်တယ်ဆိုတော့ ဘယ်သွားချင်လဲဘာလုပ်ချင်လဲ ကိုယ်မာမီ့ဆီခွင့်တောင်းခဲ့ပြီးပြီ ငယ်,,သွားချင်တဲ့နေရာအကုန် ကိုယ်လိုက်ပို့ပေးမယ်"

"ဟင်း...တဂယ်လား ??"

အခုငယ့်,,ကိုငယ်ခွန်း,,ရဲအနားမှာ ရောက်နေရင်းနဲခလေးလေးလိုခံစားနေရသည်"ဒီလိုလေးခွန်း,,ရဲ့ဘေးနားမှာနီးနီးကပ်ကပ်လေးရှိနေရတာဘယ်လောက်ကောင်းလိုက်သလဲ ရင်ထဲမှာမြူးမြူးလေးဖြစ်လို့နေသည်" ငယ်,,ကခွန်း,,ရင်ခွင်ထဲမှာမလို ငယ့်,,လက်နဲခွန်း,,ရင်ဘက်ကိုထိမိသွားတော့ စဉ်းစားစရာတစ်ခုပေါ်လာသည် အမြဲတန်းစဉ်းစားနေတာဆိုလည်းမမှားပါ မေးကြည့်ရမယ်အချိန်ရရင်မေးကြည့်အုန်းမယ်လို့စိတ်ကူးထားတယ်... ပြီးတော့အချိန်ယူပြီးမှမေးရမယ်.....

ငယ်,,ကသွားချင်နေတဲ့နေရာလေးရှိနေတယ်ထင်တယ် ခွန်း,,ကိုရင်ခွင်ထဲကနေမျက်ဝန်ဝိုင်း‌လေးတွေနဲမော်ကြည့်လာသည်"
ပါးမို့မို့လေးတွေနဲ လည်ပင်းသားနုနုလေးတွေကတော့ ခွန်း,,ရဲလက်ချက်ကြောင့် နီတာရဲလေးဖြစ်လို့နေသည်"ဘယ်နားထိထိ အထိမခံတဲ့လဒီနီတာရဲလေးကို ခွန်း,,နဖူးလေးကိုထက်မံနမ်းလိုက်ပြီး နှုတ်ခမ်းလေးကိုစိုက်နေရင် အာခေါင်တွေခြောက်လာသလိုခံစားလာရတော့ အစောနကငယ်,,ကိုသောက်ဖို့ပေးထားတဲ့ရေဘူးလေးကိုယူသောက်လိုက်သည်" အဟမ်း ...

"ငယ်,,ကဘယ်သွားချင်လို့လဲပြောလေ ကိုယ်လိုက်ပို့ပေးမယ်"

"အင်.......ငယ်,,ကမှတ်ညာဏ်တွေမရှိတဲ့ ပစိဖိတ်သမုဒ္ဒရာကြီးဆီကိုသွားချင်တာ....ခွန်း,,နဲအတူတူ"

"ပစိဖိတ်သမုဒ္ဒရာ.....အခုလောလောဆယ် ရန်ကုန်နဲနီးတဲ့နေရာကိုပဲသွားလို့ရမှာဆိုတော့ ချောင်းသာဖြစ်ဖြစ်ငွေဆောင်ဖြစ်ဖြစ်သွားမလား......... ငယ်,,အသက်ပြည့်သွားရင် ကိုယ်Maldives
ကိုအလယ်ခေါ်ပေးသွားမယ်နော်....အခုလောလောဆယ်ကိုယ်တို့ ငွေဆောင်သွားကြမယ်"

"ဟို......အရမ်းဝေးလားဟင် တော်ကြာအန်တီတို့စိတ်ပူနေလိမ့်မယ်"

ငယ်,,က‌မာမီတို့ဆူမှာကို ကြောက်နေတဲ့ပုံ သွားချင်နေတဲ့ မျက်နှာကပုံရိပ်ကြောင့် ခွန်း,,ရအောင်ခေါ်သွားပေးမယ်လို့စိတ်ဆုံးဖြတ်ထားသည်.....

"ဘာမှစိတ်မပူနဲ ခလေးလေး ကိုယ်ရှိနေ‌တာမလို့ ခလေးလေးဖြစ်ချင်တာအားလုံးဖြစ်စေရမယ်...ကြားလား....

"ရွတ်....ကိုယ်တို့ပင်လယ်ကြီးကိုသွားကြမယ် boby"

ခွန်း,,ကငယ့်,,ကိုရင်ခွင်ထဲကထုတ်ပေး ပြီးတော့ ငယ့်,,ကို ထိုင်ခုံခါးပတ်တပ်ပေးရင်း...ငယ့်,,ပါးလေးကိုနမ်းလိုက်သေးသည်"ငယ်,,ခွန်း,,ရဲဒီလိုအပြုမှုလေးတွေကြောင့် ဒီတစ်မနက်လုံ ရင်ခုန်နှုန်းက ပုံမှန်မဟုတ်ပါ'...

တစ်လမ်းလုံး ငယ်,,ကိုခရီးပန်းမှာဆိုတာကြောင့်အိပ်ခိုင်းလည်း ထိုခလေးမလေးကမအိပ်ပါ ခွန်း,,ကငယ်,,လမ်းမှာဆာရင်စားရအောင်လို့ ဝယ် ပေးထားတဲ့မုန့်လေးတွေကို တစ်ခုပြီးတစ်ခုဖောက်ပြီး ခွန်း,,ကို ဘေးကနေခွန့်ကျွေးနေသည် " ခွန်း,,ကတော့သိပ်သဘောကျတာပေါ့ငယ်,, ခွန့်သမျှ ချိုချိုချဉ်ချဉ်အကုန်စားစားရင်းကားကိုဇမ်ခံမောင်းလာသည်..."

ငွေဆောင်ရောက်တော့ ဟိုတယ်တစ်ခါထဲဆုံစမ်းပြီး အချိတ်ဆက်လုပ်ထားတာကြောင့် center point ဟိုတယ်ရှေ့ကားရပ်လိုက်တာနဲ အထဲကဝန်ထမ်းတစ်ချို့ကချက်ချင်းရောက်လားသည်" ကားကိုပါကင်ထိုးဖို့ ခွန်း,,ဝန်ထမ်းတစ်ယောက်ကို သော့ပေးလိုက်ပြီး ငယ့်,,ပခုံးကိုဖက်ပြီးဧည့်ကြိုကောင်းမလေးနောက်ကို‌လိုက်ရသည် ဧည့်ကြိုကောင်မလေးက ရှေ့ကနေခွန်း,,တို့နေရမဲ့bungalowဆီကိုလိုက်ပို့ပေးသည်" ခွန်း,,တို့ bungalowထဲရောက်တော့ ခွန်းအပေါ်ထက်ကိုမတက်နိုင်တော့ပဲ ဆိုဖာပေါ်ပဲ လှဲပြီးအညောင်းပြေအကျောဆန့်လိုက်ပြီး ငယ်,,ကိုလှမ်းကြည့်လိုက်တော့ အပေါ်ထက်ကပြန်ဆင်းလာပြီး လက်နှစ်ဖက်လေးကို‌ပွတ်ကာခွန်း,,ကိုတစ်ခုခုပြောဖို့အရှိန်ယူနေသလို ခွန်း,,ဆိုဖာပေါ်လှဲနေရာကနေထထိုင်လိုက်တော့.

"ဟို.......အပေါ်မှာအိပ်ရာကုတင်ကတစ်လုံပဲ ပါတယ်...အဲတာ...."

ခွန်း,,စိတ်ထဲကခိုးရယ်မိသွားသည် ခွန်း,,ဟိုတယ်ကိုbookingချိတ်ထဲက နှစ်ယောက်ခန်းကို ကုတင်တစ်လုံးနဲဆိုပြီး ခွန်း,,ပြောထားတာမလား ခွန်း,,ငါးခူပြုံးငိုပြုံးလိုက်ပြီး မျက်နှာကိုပြန်တည်ကာ......အဟွန့်'

"ဟုတ်လား ကိုယ်bookingလုပ်တော့ bungalowအခန်းကတစ်ခန်းပဲရှိတော့လို့ ရှိတဲ့အခန်းပဲယူလိုက်တာ ငယ်,,ကကိုယ်နဲအတူတူမအိပ်ချင်လို့လား.....ဒါဆိုကိုယ်ဟိုတယ်မှာအခန်းယူပြီးနေလိုက်မယ်လေ bungalowနဲတော့နဲနဲအလှမ်းဝေးမယ်ထင်တယ်...."

"ဟင်းအင်း!!...ဒီမှာပဲနေပါနော်"

ဟက်...သိနေတယ်လေ ငယ်,,ကသရဲအရမ်းကြောက်တက်မှန်

"ဒါဆို ကိုယ်ငယ်,,နေခိုင်းလိုနေပေးမယ်နော် လာပါအုန်းကိုယ့်ဆီကို"

ခွန်း,,လက်လေးဆန့်ပြီးခေါ်လိုက်တော့ ခွန်း,,ရင်ခွင်ထဲဝင်လာသူလေးကို သိမ်းကျုံးဖက်ထားလိုက်ပြီး နာထင်းလေးကိုခပ်ဖွဖွမွှေးကြူနေမိသည်,,ဘယ်လောက်ဖက်ထားဖက်ထားမဝသလို ဘယ်လောက်နမ်းနမ်းလည်မတင်းတိမ်နိုင်ပါ

"ခွန်း,,ငယ်တို့ ပင်လယ်ကြီးကိုသွားကြည့်ရအောင်လေ"

ငယ်,,ကိုဖက်ထားပြီး ဆံပင်လေးတွေးနဲနာရွက်လေးတွေကိုနေရာမကျန်လိုက်နမ်းနေတာကြောင့် ငယ်,,မနေ့တက်တော့ပါ တစ်ကိုယ်လုံးလည်းပူထူနေပြီလေ

"အဝတ်လဲ အုန်းမလား ငယ်,,"

"ခွန်း,,ရောမလဲဘူးလား "

"ဟုတ်သားပဲ ကိုယ်တို့coupleအင်းကျီလေးဝယ်လာခဲ့တာပဲ coupleဝတ်ရအောင်လေ "

"ဟုတ်"

ငယ်,,အဝတ်လဲပြီး‌ထွက်လာတော့ ခွန်း,,ကိုမတွေ့တာကြောင့် ဝရံတာဘက်ကိုထွက်လာတော့ ပြာလဲနေတဲပင်လယ်ကြီးကိုမြင်လိုက်ရတော့ အံ့ဩမင်သက်နေမိသည်လေ ပင်လယ်ကြီးကဒီလောက်တောင်ကြယ်တာလား ပင်လယ်နဲကောင်းကင်ကအလိုက်ဖက်ဆုံးပဲ ငယ်,,ကိုယ့်အတွေးနဲကိုယ်ပျော်မြူးမြူးလေးဖြစ်လို့နေသည်"

အမေ့!!!!ခွန်း,,.......

"လန့်သွားတာလားကိုယ့်ခလေးလေးက ကိုယ့်တို့ပင်လယ်ကြီးကိုမသွားတော့ပဲ ဒီကနေပဲကြည့်ရအောင်"

"ဟင်း!!!ဘာလို့လဲဟင်"

ငယ်,,ကပင်လယ်ကြီးဆီကိုသွားချင်တာလေဟင့်.......

"ဘာလို့လဲဆိုတော့ ကိုယ့်ခလေးလေးကအရမ်းလှနေလို့လေကွာ ကြည့်ပါ ကိုယ်ဘယ်လိုစိတ်ချရမလဲ.."

ခွန်း,,ဆူပုတ်ပုတ်လေးဖြစ်သွားတဲ့ငယ့်,,ပုံလေးကိုကြည့်ပြီးအူယာမိတာအရမ်းပါ ခွန်း,,တို့ဝတ်ထားတဲ့coupleအင်းကျီက ခွန်း,,တွက် T-shirtနဲအောက်ကcargoဘောင်ဘီဒူတိလေးဖြစ်ပြီး ငယ်,,ကြတော့‌ဂါဝန်အကားလေးဖြစ်ပြီး ခေါင်းစီပဝါလေးကပါသေးတာကြောင့်အခုငယ့်,,ပုံစံလေးက ဖြူဥနေတဲအသားရေလေးနဲ အစိမ်းနုရောင်လေးကဘယ်လိုတောင်လိုက်နေတာလဲ တဂယ်လည်းသဝန်တိုမိသည်လေ.....

"ငယ်,,ကပင်လယ်ကြီးဆီသွားချင်တာ......"

"ကောင်းပါပြီဗျ ခလေးရဲသဘောတိုင်ပါခဗျာ လာသွားကြမယ်"

"ဟီး....အင့်...ခွန်း,,ကအကောင်းဆုံးပဲ"

ပေါက်စလေးက သူလုပ်ချင်တာလေးလုပ်ရ‌လိုပျော်နေတာမြင်ရတော့ခွန်း,,ကအတိုင်ထက်အလွန်ပေါ့......

ခွန်း,,ကငယ့်,,ကိုဒီ‌နေ့တောကမ်းစပ်နားမှာပဲလမ်းရှောက်ရအောင်ဆိုပြီး ကမ်းစပ်နားလေးကိုခေါ်လာတာကြောင့်ငယ်,,လည်းခွန်း,,ရဲ့ခေါ်ရာကိုသာလိုက်ခဲ့လိုက်သည်" အခုကနေညိုချိန်ရောက်နေပြီမလို့ အရာရာဟာ လှပလို့နေပြီး လေတစ်ဖြူးဖြူး‌လေးနဲ ကမ်းစပ်လေးမှာ လမ်းရှောက်ရတာကို ငယ်,,အရမ်းပျော်နေပါသည် ဖီနပ်ချွတ်ထားခဲ့ရတာကြောင့် ငယ်,,ရဲ့ ခြေချောင်း လေးတွေနဲသဲမှုံနွေးနွေလေးထိတွေ့နေရတာကိုလည်း သဘောကျသည် ပြီးတော့ငယ့်,,ရဲလက်လေးကိုဆုပ်ကိုင်ထားတဲ့ ခွန်း,,ရဲလက်လေးရဲ အနွေးဓာတ်လေးကိုပိုလို့သဘောကျရပါသည် ကောင်းကင်ကြီးကလည်းအရမ်းကိုမှလှပနေတာပဲ ငယ်,,ရင်ထဲကကြည်နူးစိတ်လေးတွေနဲ လှပတဲ့မှတ်ညာဏ်တိုင်းကခွန်း,,ကြောင့်ဖြစ်တည်လာတာမလို့ တန်ဖိုးဖျက်မရအောင် အရမ်းကိုအဖိုးတန်ပါသည်"

"ခွန်း,,ကောင်းကင်ကြီးကဘာလို့ ပင်လယ်ရှိတဲ့နေရာလေးမှာပဲပိုလှ နေရတာလဲဟင်"

"ပယ်လယ်‌လေးကြောင့်ပေါ့ ငယ်,,ရဲ ပင်လယ်လေးက‌ ကောင်းကင်ကြီးတွက်အဖော်အဖြစ်ရှိနေပေးတာကြောင့် ပိုပြီး ပြီးပြည့်စုံသွားတာ
ကိုယ်တို့လိုပေါ ကောင်းကင်ကြီးကပင်လယ်လေးရှိမှပိုပြည့်စုံသလို ကိုယ်တွက်ကလည်း ငယ်,,ရှိနေမှပြည့်စုံတာ ကိုယ်ပင်လယ်ကိုရောက်ဖူးတယ် သာမာန်ပါပဲအပန်ဖြေရင်းယုံပဲပေါ ဒီကမ်းစပ်လေးကိုလည်းလမ်းရှောက်ဖူးတယ် သာမာန်ပဲစိတ်ပြေလက်ပြောက်လေးဖြစ်အောင်လို့ အခုခံစားချက်ကတော့မတူဘူးငယ်,,ပြောပြရရင်တော့ အင်.....ဖွားဖွားပြောတဲ့စကားလေးလိုပေါ......."

"ဟင်း....ဘာစကားလေးလည်းဟင်"

"တစ်ချိုအရာတွေကတစိတ်တစ်ပိုင်လေးတွေစုထားတာထက်ပိုတယ်တဲ့"

ခွန်း,,တို့နေဝင်ချိန်လေးအတူကြည့်ဖို့တွက် ကမ်းစပ်လေးနားမှာထိုင်ကာ ငယ်,,ကသူ့အပိုင်လေးဖြစ်တဲ့ ခွန်း,,ရဲ့ပခုံလေးပေါ်ခေါင်းလေးမှီတင်ပြီး လိမ္မော်ရောင်တောက်နေတဲ နေလုံးကြီးတစ်ဖြေးဖြေးပြောက်ကွယ်သွားတဲ့ မြင်ကွင်လေးကိုငယ်,,ကမျက်တောင်မခက်ပဲစိုက်ကြည့်နေပြီး"ထို့အတူ ခွန်း,,ကလည်း လိမ္မော်ရောင်တောက်လေးတဲ့ ငယ်,,ရဲမျက်ဝန်းလေးကိုငေးကြည့်ရင် မျက်တောင်မခက်မိပါလေ....







မိုးဒီထက်ပို ကြိုးစားပါအုန်းမည်
အားပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်🙏

ချစ်သောမိုး🍀🤍






Comment