part-4
ဟို...
ငယ်,,ဘာကူလုပ်ပေးရလဲဟင်
အထွေးနဲအရီကမီးဖိုခန်းထဲတွင် နေ့လည်စာအတွက် ချက်ဖို့ပြုတ်ဖို့
ပြင်ဆင်နေကျတာဖြစ်ပြီး  အနောက်ကအသံကြောင့် နှစ်ယောက်လုံ
လည့်ကြည့်မိတော့ ဟိုကောင်မလေးက လာမေးနေတာဖြစ်သည်။
အထွေးနဲအရီလည်း ဘာစကားမှပြန်မပြောပဲ သူတို့လုပ်စရာရှိတာတွေသာ ဆက်လုပ်နေလိုက်သည်။ သူတို့ဒီကောင်မလေးကို သပ်သဘောမကျပါ ဒါ့ကြောင့် မေးလာသည့်စကားကို လစ်လျူရှူကာ
မကြားချင်ယောင်ဆောင်နေလိုက်ကျသည်။
ထိုကောင်မလေးနှစ်ယောက်ကငယ်,,မေးတာကို ပြန်မဖြေလာ၍ ငယ်လည်ဘာလုပ်ရမှန်မသိလို့ အကြံအိုက်နေမိ၏
ထိုချိန်
အော် ငယ်,,ရောက်နေတာလား လာလေသမီး ဒေါ်မြကနောက်ဖက်ကို ဆန်ပြုတ်လေးသွားပို့တာ ဖိုးထူးဖျားနေလို့ဆိုကွယ်
ဟဲ
ဟိုနှစ်ယောက် ‌ ထွေးနဲရီ..ငါကော်ဖီပြန်နွေးခိုင်းတာ နွေးပြီပလား ခွန်း,,လေးနိုးလာရင်အဆင်သင်လေးဖြစ်လို့ လုပ်ချေအုန်း
ဒေါ်မြကပြောပြောဆိုဆိုနဲ အလုပ်များကိုခပ် သွက်သွက်လုပ်နေလေသည်။ ငယ်,လည်း ဒေါ်မြနား ကမုန့်ပန်ကန်တွေကို လက်ပြောင်းယူလိုက်ကာ။
ငယ့်,,ကိုပေငယ်,,သွားချပေးမယ်
အော်အေအေ လုပ်ပါအုန်းကွယ် ဒါတွေကို ‌ထမင်းစားခန်းထဲကိုသွား
ထားပေးအုန်း ဒေါ်မြကို။
ဟုတ်ကဲ
အထွေးရေ ကော်ဖီရရင် ထမင်းစာခန်းထဲသွားချထားချေအုန်း
ဒေါ်မြခွန်းလေးကိုသွားခေါ်လိုက်အုန်းမယ်..
ဟုတ် ဒေါ်လေး
ငယ်,‌သမီးက ဒေါ်မြကို ပါမုန့်လေးယိုသုပ်ထားပေးပါအုန်း
လုပ်တက်လားသမီး
ဟုတ် ငယ်,,လုပ်တက်ပါတယ် ငယ်,,လုပ်ထားလိုက်ပါ့မယ်
အေ‌ပါကွယ် ဒေါ်မြအပေါ်သွားလိုက်အုန်းမယ်။ ဒီကလေးနဲတော့ ခုထိမနက်စာစားဖို့ဆင်မလားဘူး အချိန်တွေလွန်ကုန်ရောပေါ
ဒေါ်မြက တတွတ်တွတ်ရွတ်ကာ အပေါ်ထက်သို့တက်သွားလေသည်
ငယ်,,လည်း လုပ်စရာရှိတာဆက်လုပ်နေလိုက်သည် လက်ကတစ်ခါလှုတိုင်းစပ်ဖျင်းဖျင်းနဲရယ် လက်အ‌ကွေးအဆန့်လုပ်ရတာသိပ်အဆင်မပြေပါ တံတောင်စစ်နားဆိုတော့...
ဒေါ်မြကခွန်းလေးမနိုးသေးဘူးထင်တာ
ဟွန့် ...ခွန်းနိုးတော့ဒေါ်မြကရှိလို့လား ခွန်း,,ကလိုက်ရှာနေသေးတယ်။
ဖိုးထူးတစ်ယောက် ငှက်ဖျားပြန်ထနေတာရယ် ဒါ့ကြောင့်ဒေါ်မြ ဆန်ပြုတ်သွားပို့နေတာခွန်း,,လေး
ခွန်း,, စားပွဲတွင်ဝင်ထိုင်လိုက်တော့ ဒေါ်မြကခွန်း,,ကို ကော်ဖီထည့်ပေးသည်။
ခွန်း,,ကော်ဖီကိုယူသောက်လိုက်ပြီး။ မနက်က‌အကြောင်းတွေးမိတော့ ခွန်း,,မကျေနပ် မာမီကသူ့ကိုဆူတာတဲ့လား အဲမိန်းမကြောင့်လေ
ဒေါ်မြ။ ပါမုန့်ကအရသာအသစ်ပါလား ခွန်းစားနေကျ‌နဲမတူဘူး
ခွန်း,,ပါမုန့်ကိုပလုတ်ပလောင်ပါးစပ်ရင် ပြောလိုက်သည်။
ခွန်း,,လေးကြိုက်ရင်ပြီးတာပဲပါရှင် ခွန်း,,လေးကအဓိက
ပြီးပြီ။ ခွန်း,,လက်ကျန်ကော်ဖီကို လက်စဖြတ်ကာဆိုလိုက်တော့။
‌အထွေးနဲအရီ ပန်ကန်တွေလာသိမ်းလှည့်ပါအုန်း ။..
ဒေါ်မြကလှမ်းအော်လိုက်သည်။
ခွန်းသူ့နားကိုရောက်လာတဲသူကြောင့် မျက်ခုံးတန်း‌တွေစုကျုံ့ပြီး
အလိုမကျသလိုမျက်နှာဖြစ်သွားရသည်။ အကြောင်းမှာ
ခေါ်တာတစ်ယောက် ရောက်လာသူကတစ် ယောက်မလို့ပင်
အော်ငယ်,,သမီးလာတာလား အထွေးတို့ရော
သူတို့ဟင်းချက်နေကျလို့ပါ ဒေါ်မြ ငယ်,,လာခဲ့လိုက်တာ
ငယ်,,ဒါတွေသိမ်းလိုက်မယ်နော်..ဟုဆိုကာခပ်မြန်မြန်သိမ်းဖို့လုပ်လိုက်သည်။ သူဒီနားမှာကြာကြာမနေရဲပါ သူ့ကိုစိုက်ကြည့်နေသူရဲခပ်စူစူအကြည့်များကို သူကြောက်သည်လေ။ ဘာမှမပြောပါစေနဲလို့သာ ဆုတောင်းနေမိသည်။ သို့သော်ဆုတောင်းကပြည့်မလာပေ
နေအုန်း!
ရှ..ရှင်း
မင်းကိုဘယ်သူက အိမ်ထဲပြန်ဝင်ခိုင်းလိုက်တာလဲ
ဟို..ဟို အန်..အန်တီက
ဟက်...ခွန်း,,ခနဲ့ပြုံး ပြုံလိုက်မိသည် မင်းကဘယ်လိုမူယာမာယာတွေနဲများ ငါ့မာမီကိုချုပ်လိုက် လဲပြောစမ်းပါအုန်း..
ငယ်,,ဘာပြောရမလဲမသိလို့ကြောင်ကြည့်နေမိသည်။
ခွန်း,,လေး အဲလိုမပြောရဘူးလေကွယ် ဒီ‌ခလေးနဲတော့ခက်တောတာပဲ
‌ဒေါ်မြကမနေသာတော့ပဲ ဝင်တားရသည်။
ဒေါ်မြ မသိပါဘူး ဒီမိန်းမမူယာမာယာဘယ်လောက်များဆိုတာ။
ဒီမှာ မင်းကိုမာမီကသနားတက်တဲစိတ်ကြောင့် ဒီအိမ်မှာလက်ခံပေမဲ ငါကတော့မင်းကိုမကြိုနိုင်ဆိုဘူး။ မင်းရဲမိဘ‌တွေကအသိတရားရှိ‌ အောင်တော့သင်ပေးခဲ့မှာပဲ အိမ်ရှင်ကမကြိုဆိုဘူးဆိုတာ ဘာကိုဆိုလိုလဲမင်းသိမှာပေါ့ မျက်နှာပြောင်တိုက်ပြီးနေချင်လည်း ရတယ်နော်..
ခွန်း,,သူ့အနားကိုဖြေးဖြေးချင် တိုးသွားကာ သူမရဲနားနားကိုကပ်၍နှစ်ကိုယ်တည်ကြားနိုင်သည့် လေသံဖြင့် အဲခါကျရင်တော့မင်းငါ့အကြောင်းဒီထက်ပိုပြီးကောင်းကောင်းသိအောင်လုပ်ပေးမှာ။ ဟုဆိုကာချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။
ငယ်,,ရင်တွေတုန်ပြီးခြေပင်မခိုင်ချင်တော့ပါ ပြီးတော့ဝမ်းနည်းစိတ်
ရှက်ရွံ့စိတ်တို့ကြီးဆိုးနေမိသည်။ဒါပေမဲ့ ငယ့်,,မငိုမိပါလေ ငယ့်,,တွက်ဒီလိုပြောဆိုခံရချင်းက ရိုးနေပါပြီ။သို့ပေမဲသူ‌ပြောလာတောငယ် တစ်ဂယ်ဝမ်းနည်မိတာအမှန်ပါလေ။ 
ငယ်,,သမီး ခွန်း,,လေးကလေ..
ငယ်,,ဘာမှမဖြစ်ပါဘူး ရပါတယ်ဒေါ်မြ ငယ်,,ဒါတွေသိမ်းသွားလိုက်မယ်နော်။
ငယ်တစ်ယောက် ဒေါ်မြပြောလာမဲ့စကားများကိုကြိုသိနေတာဖြစ်လို့ ငယ်,,ဘက်ကပဲစကားလမ်းကြောင်းလွဲလိုက်သည်။ ငယ့်ကြောင့်တစ်ခြားသူနေရခက်တာမျိုးမဖြစ်စေချင်တာ ငယ့်ရဲစိတ်ရင်းအမှန်ပါ။
ဒေါ်မြတစ်ယောက် ခလေးမလေးကိုကြည့်ကာစိတ်မကောင်း ခွန်းလေးကတော်ယုံဆို သူစိမ်းတွေကိုစေ့စေ့တောင်မကြည့်တာ ဘာလို့ဒီခလေးမလေးကျမှအနိုင်ကျင့်နေတာပါလိမ့်။ဒီးခလေးနဲ့တော့ခက်တော့တာပဲ။။
ခွန်း,,ပြောချင်ရာပြောပြီးအိမ်ပေါ်တက်လာခဲ့သည်။အဲ့ဒီ့
ကောင်းမ‌လေးကို မာမီကကြည်ဖြူချင်ကြည်ဖြူလိမ့်မယ် ခွန်းကတော့မကြည်ဖြူနိုင်ပါ
စောနကအဲကောင်မလေးကိုသူသေချာကြည့်မိခဲ့သည်။
မျက်နှာလေးကသနားကမားနဲ ဒယ်ဒီခေါ်လာတာမဟုတ်ခဲ့ရင် မာမီသာသူ့ကြောင့်စိတ်မဆင်ရဲရရင် ခွန်းသူ့ကိုမုန်းမိမယ်မထင်ပါ
ချည်ဖလန် ဝမ်းဆက်အနွမ်းလေးဝတ်ထားတာတောင် သူမရဲအသာအရေမှာဖြူဝင်နုဖက်နေတာကြောင့်သူကရွာသူဆိုတာကို ခွန်း,,မယုံနိုင်ပေ။
ဒေါ်မြပြောတာတော့သူ့ကို ကျောက်ပန်းတောင်း ရွာဘက်ကဒယ်ဒီခေါ်လာတယ်လို့ပြောတယ် ‌ဒယ်ဒီ့မိတ်ဆွေရဲ သမီးဆ်ိုပဲ။ ခွန်း,,တဂယ်မယုံချင်ပါ သူမပုံစံကရွာသူနဲလုံးဝမတူပါ။ ရုပ်ရည်ကတောအတော်ကြည့်ကောင်းပြီးလှတဲထဲပါသည်။ ခွန်း,,တွေးနေရင် ခေါင်းခါရမ်းပြစ်ပြီ ခွန်း,,ဘာလို့သူ့အကြောင်းတွေးနေမိတာလဲ အတော်ကိုအမြင်ကတ်မိလို့ထင်တယ်။။ ဟူးးး သက်ပြင်းအရှည်ကြီးချကာ
ခွန်း,,အခန်းထဲရောက်တော့ ခွန်း,,မ,အကြောင်းတွေးမိပြီးရင်ခုန်မိသွားတယ်။
ဘာလိုလိုနဲကျောင်းတွေဖွင့်တော့မှာပဲ အားး..သေချင်တာပဲကွာ ခွန်းကျောင်းဆက်မတက်ချင်တော့ပါ ဒီနှစ်ခွန်း တစ်ယောက်ထဲဒီစာသင်နှစ်တွေကိုဖြတ်သန်းရတော့မယ်။
ခွန်းကျောင်းဆက်မတက်ချင်ရခြင်းအကြောင်းမှာ
မကFirst yearရောက်သွားသည်မလို့ပင်
ဟူးးးး ..
ခွန်း,,စိတ်ပျက်ပျက်နဲ ကုတင်ကြီးပေါ်ကိုကန့်လန့်ကြီး လဲအိပ်
လိုက်သည်။
မိုး ရဲအရေအသားများ လိုအပ်ချက်လေးရှိရင်လည်း
ဖြည့်တွေးထောက်ပြ ဝေဖန်ပေးပါလို့ မေတ္တာရက်ခံပါတယ်ဗျ
ဖက်ရှုသူတစ်ဦးချင်စီတိုင်ကို ကျေးဇူးတင်လျှက်ပါဗျ🙏
ချစ်သောမိုး🤍
Zawgyi
ဟို...
ထိုချိန်
ဟဲ
ဟုတ်ကဲ
ဟုတ် ဒေါ်လေး
လုပ်တက်လားသမီး
နေအုန်း!
ရှ..ရှင်း
ဟို..ဟို အန်..အန်တီက
ငယ်,,သမီး ခွန်း,,လေးကလေ..
ဟူးးးး ..
လိုက်သည်။
ချစ်သောမိုး🤍
Comment