Part-17

ဒေါက်......!

ဟင်း.....!

ငယ်,,တို့အခုကအားကစားအချိန်မလို့ အားလုံးကကိုယ်ယူထားကြတဲ့ အားကစားမေဂျာတွေဆီအရှိုရှိုသွားကြသည် တချို့ကတောအနုပညာမေဂျာယူထားကြသူများကလည်း အနုပညာရုံသို့သွားကြသည်။
အဲထဲမှာမှ ငယ်,,ကတော့ပန်းချီမေဂျာယူထား၍ ပန်းချီပြခန်းကိုရောက်နေတာဖြစ်သည်" အခုငယ့်,,ဘေးကပြတင်ပေါက်ကနေ
အောက်က ဂဲနဲပေါက်လိုက်တာကြောင့် ဆရာမနဲတစ်ခြားသင်တန်းသူ‌သင်တန်းသာများက ငယ့်,,ဘက်ကိုဝိုင်းကြည့်လာကြသည်။

ငယ်,,လည်းပြတင်းပေါက်ကနေအောက်ငုံကြည့်လိုက်တော့"ငယ်,,မျက်မှောင်ကုတ်လိုက်မိသည်။
ဟိုလူပဲ" ငယ်လည်းမသိချင်ယောင်ဆောင်ကာ ဆွဲလက်စပုံလေးသာ ဆက်ဆွဲနေတော့...

ဒေါက်......

"  သင်တန်းချိန်မှာ အပြင်ကကိစ္စတွေသယ်မလားပါနဲ အရေးကြီးနေရင် ထွက်သွားပေးပါတစ်ခြားသူတွေကို အနှောက်ယှက်ဖြစ်စေတယ်"

ဟိုလူထက်ပြီး ပစ်လိုက်တဲ့ဂဲကြောင့် ဆရာမကပြောလာတော့ ..။
ငယ့်,,စိတ်ကမလုံ ခုတစ်ခါပစ်လိုက်တဲ့ဂဲလုံးကိုကြည့်လိုက်‌ တော့ဂဲမှာ‌စာရွက်လေးနဲလုံးထားတာကြောင့် ငယ့်,,ဂဲကစာရွက်လေးကိုယူပြီး
ဖက်ကြည့်လိုက်တော့...

"ချာတိတ်မင်း အောက်ကိုဆင်းလားမလား
"ကိုယ် အပေါ်ကိုတက်ခဲ့ရမလား"

ငယ်,,စာရွက်လေးကိုပြန်လုံးချေလိုက်ပြီး စဉ်းစားနေမိသည်ငယ်,,မဆင်းပဲ‌နေလို့မဖြစ်ပါ ဟိုလူအပေါ်ထိတက်လာပြီးပြသနာရှာမှာအမှန် ဘာပဲဖြစ်ဖြစ်ငယ်,,သွားမတွေ့မချင် ဟိုလူကပြသနာလိုက်ရှာနေမှာငယ်,,သူ့ကိုမကျေနပ်ပါခွန်း,,ရဲ့အသားကိုနားအောင်လုပ်ထားတာမလား ငယ်,,ဆရာမကိုခွင့်တောင်ပြီးအောက်ကိုအမြန်ဆင်းလာခဲ့လိုက်သည်တော်ကြာ အပေါ်တက်လာပြီး...
ပြသနာရှာမှာဆိုးသဖြင့် အေပရွန်တောင်မချွတ်ခဲ့ရ

" ဟွန်း....ဆင်းလာ သားပဲ"

"....."

"နေ‌မကောင်း သေးဘူးလား?"

ငယ်,,ဘာမှပြန်မပြောတော့ ငယ့်,,နဖူးကို သူ့လက်နဲလာထိပြီး မေးလာတာကြောင့် ငယ်,,သူ့လက်ကိုဖက်ချလိုက်ကာနောက်ကိုဆုပ်လိုက်ပြီးတော့...

"ဒီက အစ်ကိုဘာကိစ္စမှမရှိရင် ငယ်,,သွားတော့မယ်"

"ခပ်စွာစွားလေးပါလား သတ္တိတွေသိပ်ရှိနေတယ်ပေါ"

"....."

ငယ်,,လည်းဘုကြည့်ပဲပြန်ကြည့်ပေးလိုက်တော့..

"ကန်တင်းမှာဖြစ်သွားတဲကိစ္စ ကိုယ်မရည်ရွယ်ဘူး"

"ဟမ်း..!ဘာကိုလဲ"

ငယ်နားမလည်လို့ သူ့ကိုပြန်မေးတော့သူက..

"...အဲတုန်းကို မင်းကိုတမင်ရည်ရွယ်ပြီးတွန်းလိုက်တာမဟုတ်ဘူး
မင်းလာဆွဲတာကိုယ် မသိခဲ့ဘူး "

မာန်ထက်ပြော ပြီးပြီးချင်း အမြန်လှည့်ထွက်လာခဲ့လိုက်သည်
ချာတိတ်လာဆွဲခဲ့တာမှန်း မာန်ထက်တဂယ်မသိခဲ့ဘူး
သူငယ်ချင်းတွေလာဆွဲတယ်ထင်ပြီး  အားနဲစောင့်တွန်းမိသွားတာဖြစ်သည်"

ချာတိတ်ကို သူသဘောကျ‌သည်  အရင်ကတွဲခဲ့ဖူးတဲ့မိန်းခလေးတွေလို သဘောကျခြင်းမျိုး မဟုတ်ပါ ကန်တင်က ကိစ္စကလည်း ချာတိတ်ကသူကိုအရေမစိုက်ပဲ တစ်ခြားဆီအာရုံရောက်နေတာကြောင့်ရယ် သူဝယ်ပေးတဲ့မုန့်တွေကိုဆိုလည်း လက်ဖျားနဲတောင်တစ်ခါမှမထိလို့ မာန်ထက်စိတ်ဆက်နေတာဖြစ်သည်။

ခွန်းမြတ်ရာကသူ့ကို ရုတ်တရက်ကြီးလာထိုးလိုက်တာကြောင့် စိတ်မထိန်းနိုင်ပဲ ရန်စကားဆိုပြီး ပြန်ထိုးမိခဲ့တာ သူမိန်းခလေးတစ်ယောက်ကို ဒီလိုတွေအနိုင်လိုချင်စိတ်က ချာတိတ်ကြောင့်ဖြစ်လာတာဖြစ်ရမည် ချာတိတ်နဲပတ်သက်လာရင် မာန်ထက်မိန်းမတစ်ယောက်ကိုလည်း အနိုင်လိုချင်သည်။

ဟိုလူ ပြောသွားတဲ စကားကတောင်းပန်တာမျိုးလား...?."

"ဟဲငါရဲ့ အချစ်ကလေး အားကစားကွင်ထဲမှာဘောလုံး  လောင်းကြေးထက်ပြီးကန်နေကြတယ်တဲ့ ဒါကြောင့်ငါဆရာမကိုလိမ်ပြီး အချစ်ကလေးဆီသွားပြီးအားပေးမလို့....ဟီး"

"အမယ်မိန်မ ခွန်းမြတ်ရာမှာ ရည်းစားရှိတယယ်နော်သတိလေးလည်းထားအုန်း"

".....ငါကတော့ရည်းစားရှိလည်း အား..... ကြိုက်တယ်ကြိုတယ်..""

"လာပါဟ မြန်မြန်သွားရအောင် ဆရာမမိသွားအုန်းမယ်"

ခွန်း,,ကဘောလုံကို လောင်းကြေးထက်ကန်နေတာလား...... အာ့ဆိုသူမောနေမှာပေါ
ငယ်,,ရဲခြေလှမ်းတို့က ကျောင်အပြင်က minimartသို့
ငယ်,,ပန်းချီသင်တန်းပြီးရင် အဲလစ်နဲအထွေးတို့ကို ကန်တင်းမှာတွေ့မယ်လို့ပြောထားသည်မလို့ သူတို့တွက်ပါ ဖျော်ရည်လေးဝယ်သွားပေးရမယ်  ကန်တင်းမှာပြသနာဖြစ်ပြီးထဲက ငယ်,,ဒဏ်ရာရထားလို့ဆိုပြီး ခုနောက်ပိုင်းပိုဂရုစိုက်ပေးကြသည်။

"အစ်မ ပျားသံပုရာအေးတစ်ခွက် , Strawberry milkသုံးခွက် ပေးပါရှင့်"

"ကောင်းပါပြီး ခနလေးစောင့်ပေးပါနော်ညီမလေး"

ငယ်,,ခေါင်းသာညိမ့်ပြပြီး သူများအပိုင်လေးအကြောင်းတွေးနေမိသည်လေ "

"ဟင်း...!ခွန်း!"

ခွန်း,,တို့ လောင်း‌ကြေးနဲ ဘောလုံးကစားတာ ခွန်း‌နိုင်လို့ ဟိုကောင်တွေဖျော်ရည်ဝယ်တိုက်ခိုင်းတာနဲ ကျောင်းပြင်ကminimartရောက်လာခြင်းပါ ဒီရောက်တော့ခွန်း,,ငယ့်,,က်ိုတွေ့တာနဲ နောက်ကခေါ်တာမကြားလို့ ငယ့်,,ရဲ့ပခုံးပုတ်လိုက်မှကြားတော့သည် ဘာတွေအတွေးလွန်နေသလဲမသိ..

"ဘာတွေဒီလောက်တွေးနေတာလဲ ငယ်,,"

"အော်...ဟို...မနက်ဖြန်စာဖြေရမှာလေ အဲ့တာတွေးမိသွားလို့"

ငယ်,,အတွေးလွန်း နေချိန်ခွန်း,,နောက်က ရောက်နေတာမသိလိုက်၍
ကိုယ့်အတွေး လူမိသွားသလိုစိတ်ကမလုံ ခွန်း,,ပုံစံကြည့်ရတာအခုပဲအားကစားကွင်းထဲကထွက်လာပုံရသည် ခရမ်းရောင်အားကစားဝတ်စုံလေးနဲ ဝါးဝင်းတဲ့ခွန်း,,ရဲအသာအရေလေးနဲသိပ်ကို လိုက်ဖက်လွန်းလှသည် နဖူးမှာလည်းခွန်း,,တို့အသင်းတံဆိပ်ပါနဖူးစည်း‌   လေးနဲအပေါ်ဆံပင်တစ်ဝက်ကိုစီထားပြီး နဖူးပေါ်ကျနေသည့်ဆံစတို့မှာလည်း ချွေးတို့ကစိုနေ‌တာတောင် အကြည့်မလွဲချင်လောက်အောင်ကိုခွန်း,,ကကြည့် ကောင်းပြီးဆွဲဆောင်လွန်းပါသည်။

"ဟိတ်...!ဘာတွေ‌ဒီလောက်ငေးနေတာလဲ ခွန်း,,အရမ်းချောနေလို့လား"?

"အမ်း.....ဟို...ဟို..."

"ဟ...ဟာ...ဟား.. "

ခွန်း,,ကိုရှေ့ထားပြီး ‌အငေးလွန်နေတဲငယ်ကိုစလိုက်ရလို့သဘောကျနေမိ၏

ငယ်,,ဒီနေ့ဘာဖြစ်နေတာလဲ ‌ခွန်း,,ရှေ့မှာမှအယောင်ယောင်အမှားမှားနဲ  ငယ်,,ကိုယ့်ခေါင်ကိုကုတ်ကာ စိတ်ထဲကရေရွတ်နေမိသည်"

"ငယ်,,ကပန်းချီမေဂျာယူထားတာလား?"

"ရှင်...ဟုတ်...ဟုတ်တယ်''

ခွန်း,,ငယ့်,,‌ဝတ်ထားတဲ့ အေပရွန်လေးမှာဆေးရောင်စုံတွေပေနေ‌တာကြောင့် ငယ်,,ပန်းချီမေဂျာယူထားတာမှန်းသိလိုက်ဖြစ်သည်"ခွန်း
ငယ့်,,ကိုသေချာကြည့်မိလိုက်တော့ ပါးလေးတွေသိသိသာသာလေးရဲနေသည်ကိုတွေ့တော့

"ငယ်,,နေမကောင်းဘူးလား..?"

‌ခွန်း,,ကအပြောထက်လက်ကမြန်သည် အခုလည်းငယ့်,,ရဲပါးပေါ်ကိုခွန်း,,ရဲလက်လေးကအုပ်ကိုင်ထားပြီး နေမကောင်းဘူးလားတဲ့လေ ငယ်,,ရင်တွေခုန်လွန်းလို့ပေါက်ထွက်သွားတော့မှာပဲ ငယ့်,,ရဲကောင်းကင်ကြီးရယ်...~~

"အဟမ်း...မှာထားတာတွေ ရပါပြီးရှင့်"

"ဟု...ဟုတ်ကဲ..."

"အဟွတ်..အဟွတ်.."

"ခွန်း,,တို့ကိုကောင်တာက အစ်မကပြုံးပြုံးကြီးကြည့်နေတော့ ခွန်း,,
အယောင်ယောင်အမှားမှားနဲ ချောင်းတွေထဆိုး‌နေမိသည်"

‌"ရော့ခွန်း,,တွက် ပျားသံပုရာအေး ငယ့်,,လာပို့ပေးမလို့ပဲ ခွန်း,,ကရောက်လာလို့ "

ခွန်းသူပေးတဲ ဖျော်ရည်ဘူးလေးကိုကြည့်ကာ သာကိုသဘောကျမှန်မအောင်ကို ပြုံးနေမိသည်။

ပေါက်...ပေါက်...ပေါက်....ဝေါ.......

"ဟင်း...ခွန်း,, မိုးရွာလာပြီး "

"အင်...... မိုးတွေရွာလာပြီ ကိုယ်တို့
ပျော်စရာလေးတစ်ခုလုပ်ကြမလား"

ခွန်း,,ကပြောပြီးတာနဲ ငယ့်,,လက်ထဲကဖျော်ရည်ဆွဲလေးတွေကိုပြောင်းယူသွားပြီးခွန်းရဲလက်တစ်ဖက်မှာစုကိုင်ကာ ကျန်လက်လေးတစ်ဖက်ကငယ့်,,ရဲ့လက်လေးကိုဆွဲပြီး မိုးရေထဲဆွဲခေါ်သွားသည် ငယ်,,က‌တော့ခွန်း,,ရဲအလိုတော်ကျလေးပေါ....

ငယ်,,ရဲလက်လေးကိုဆုပ်ကိုင်ထားတဲ့ခွန်း,,ရဲလက်ခလေးကိုကြည့်ရင် ငယ်,,ရဲနှလုံးခုန်သံကသဲထန်စွားရွာနေတဲမိုးလိုပဲ မဟုတ်ဘူး"အဲ့ထက်ပိုနိုင်သည်"ငယ်,, ခွန်း,,ပေးလာသမျှအရာလုံးကို ငယ်,,ဘဝနဲရင်းပြီးလက်ခံနိုင်သည် ငယ်,,ခွန်းကိုချစ်သည်,ရယူပိုင်ဆိုင်လိုစိတ်ငယ်,,မှာရှိပါသည် သို့သော်,ပို၍အရေးကြီးတာက
ငယ့်,,ရဲကောင်းကင်ကြီးပျော်ရွှင်နေစေဖို့က ပိုလို့အရေကြီးပါသည်....

ခွန်း,,တို့ပြေးလာခဲ့တာ အခုကျောင်းဝန်းထဲက ဝက်သစ်ချပင်ကြီးအောက်မှာခနအမောဝင်ဖြေသည်... မိုးတော့ဆဲသွားပြီး
ခွန်း,,သူ့ဆီကိုအကြည့်ပိုလိုက်မိတော့.. မိုရေတွေစိုထားတာကြောင့်သူရဲဆံနွယ်လေးတွေကမျက်နှာထက်မှာကပိုကယိုလေ သူရဲမျက်တောင်ရှည်ရှည်လေးတွေကလည်း စိုစွပ်ပြီး‌ ကော့်ညွှန့်လို့ မျက်လုံဝိုင်ဝိုင်လေးကအရည်ကြည်လေးတွေလဲ့နေလိုက်ပုံများ နှခမ်းလေးကပန်းစွေစွေလေ ခွန်း,,သူ့ရဲနှခမ်းလေးကိုမြင်းပြီး ရေငတ်လာသလိုခံစားလိုက်ရသည်မလို့ ခွန်း,,တွက်ဆိုပြီးငယ်,,ဝယ်တိုက်တဲ့ပျားသံပုရာအေးကို အသက်မရှုပဲအမြန်မော့ချရသည် ။
ဟူး......ခွန်းမြတ်ရာ,,စိတ်ကိုထိန်းစမ်း

"ရှင်..ငယ့်,,ကိုဘာပြောလိုက်တာလဲ"

"ဘာမှမပြောပါဘူး...အဟမ်း..သွားရအောင်ငယ်,, ဟိုကောင်တွေပွားနေလောက်ပြီ"

"အင့်...သွားမယ်လေ"

"အမလေပေါ်တော်မူ ပေါ်လာကြသေးတယ်နော်''

"ဟုတ်တယ် ဟျောင်ရေ ငါတို့ခုပဲပြောနေတာ ကြာတာကွား"

ခွန်း,,တို့ကိုကြာနေလို့  ငပိုင်နဲဘီလျံကာ ပွားနေတာကြောင့်
ခွန်း,,ဘုကြည့်ကြည့်ပေးလိုက်တော့မှ ညိမ်သွားကြသည်။

"အယ် ငယ်,,တို့မိုးမိလာတာလား"

"ဟုတ်ပါ့....ကြာညိုရယ်မိုးတိတ်မှ လာတာမဟုတ်ဘူးဟယ်"

"ဟုတ်တယ်...ကြာမှာဆိုးတာနဲ..."

ငယ်,,အဲလစ်နဲအထွေးရဲ့အ‌မေးကို ပြန်ဖြေရင်းခွန်း,,ကိုလှည့်ကြည့်လိုက်တော့ ခွန်း,,ကလည်း ငယ့်,,ကိုကြည့်လာပြီး နှစ်ယောက်သား ဝှက်ပြီးမုန့်ခိုးစားခဲ့သလိုအကြည့်မျိုးနဲ"

အဲလစ်,,ကြာညို,,နဲခွန်းမြတ်ရာကို,,ကြည့်ပြီး ပြုံးမိသည်

~~မျိုးစေ့လေးကမိုးရေသောက်လိုက်ရတော့
ပျိုးပင်လေးအဖြစ်ပြောင်းလဲသွားပါသည်""

ခွန်း,,ဒီ‌‌နေ့အိပ်လို့မပျော်နိုင် ခွန်း,,ခေါင်စဉ်မတက်ရဲ့တဲ့အတွေးပေါင်များစွား‌က ခွန်း,,ရဲအိပ်စက်ချိန်ကို ခြောက်လန့်နေသည်"
ခွန်း,,အဖြေကိုအမြန်ရှာနိုင်မှ ဒီအတွေးတွေရဲ့ခြောက်လန့်မှုကနေ လွတ်မြောက်နိုင်မည်...

ခွန်း,,မသိတာက ခွန်း,,လိုပဲ...
အခန်းငယ်လေးရဲပြတင်‌ပေါက်ကလေးကနေ သူ့လိုအတွေးပေါင်းများစွားကို ခေါင်စဥ်ရှာနေတဲ ကောင်မလေးတစ်ယောက်ရှိနေတာတော့ ခွန်းမြတ်ရာ ,,မသိခဲ့ပါချေ""

~~သမုဒ္ဒရာလေးက အမြဲကောင်းကင်ကြီးကို
~~ငေးကြည့်ပြီး သူ့ရဲအထီးကျန်မှုလေးကိုကုစားသတဲ့....

~~ကောင်းကင်ကြီးကလည် သမုဒ္ဒရာလေးကို
~~ခိုးခိုးကြည့်ပြီး ပြုံးနေတာ လေးကို...
~~သမုဒ္ဒရာလေးသာ သိပါခဲ့ရင်.......


နောက်ပိုင်းUpdatedလေးတွေမှာလေ ခွန်းနဲငယ်တို့ရဲ ဆယ်ကျော်သက်အရွယ် romance ‌လေးပါပါမယ်နော်
မိုးကိုဝေဖန်ပေးပါအုန်းရှင်

ခုလိုဖင်ရှုပေးကြတဲ သူတစ်ဦးတစ်ယောက်ချင်းစီကို မိုးကျေးဇူးတင်ပါတယ်ရှင့်🙏

ချစ်သောမိုး🍀🤍



Comment