Paert-21

မနက်ခင်း နေရောင်ခြည်အလင်စူးစူးရဲ့ ဝင်ရောက်ထိုးဖောက်မှု့ကြောင့် ငယ်,,တစ်ယောက် အိမ်မက်ကမ္ဘာထဲကနေတစ်ဆင့် လက်တွေ့ကမ္ဘာထဲသို့ ပြန်ရောက်လာခဲ့သည်.....

ကျစ်......

ငယ့်,,အိပ်ရာနိုးနိုးချင်း ခေါင်းတစ်ခုလုံးထိုးကိုက်နေတာကြောင့်အိပ်ရာထဲကမထပဲလူးလွန်းနေမိရင်း ညကအိမ်မက်အကြောင်းတွေးမိသွားလို နားရွက်နဲပါးလေးတွေပူလားသလိုခံစားလာရပြီး ငယ်,,စောင်ပုံထဲခေါင်းကို ထိုဝှက်ထားလိုက်မိသည်.....ဘယ်လိုအိမ်မက်ကြီးလဲ....အား.........ရူးတော့မှာပဲ

ဟမ်း.....ငယ်,,ဘယ်လိုလုပ်ပြီးအခန်းပြန်ရောက်နေတာလဲ ညကအထွေးတို့ဆီသွားပြီး စားကြသောက်ကြတာကလွဲရင်ကျန်တာဘာမှမမှတ်မိ ငယ့်,,ကိုအဲလစ်ပြန်ခေါ်လာတာဖြစ်မယ် "

ငယ်,,အိပ်ရာကထ မျက်နှာသစ်ပြီး နာရီကိုကြည့်လိုက်တော့.... ဘုရားရေ 10 နာရီကျော်ပြီး ငယ်,,အောက်ထပ်ကိုအမြန်ပြေးဆင်းပြီးအဲလစ်အခန်းဆီသွားတော့ အဲလစ်ကရှိမနေ ဟမ်း...သွားလိုက်ကြပြီလား ငယ်,,မနိုးလို့ထားခဲ့ပြီးလားမသိဘူး ... ငယ်အပေါ်ထက်ကိုအမြန်ပြန်တက်ကာ ညဝတ်အင်ကျီလဲမလိုလုပ်အင်းကျီကိုကြည့်ပြီးထူးဆန်းသွားသည်"အင်းကျီက..? ငယ်,,ညကအထွေးတို့ဆီသွားတုန်းကCottonညဝတ်အင်းကျီဝတ်ထားတာပါ......ငယ်,,စဉ်းစားရင်းဦးနှောက်ကြီးပေါက်ထွက်တော့မယ်...

ဟူး......နောက်တစ်ခါဘယ်တော့မှ အရက်သေစာမသောက်တော့ဘူးလို့ဆုံးဖြတ်လိုက်သည်" အခုတော့တစ်ကိုယ်လုံးလည်းအနံ့မကောင်းတာနဲ ရေချိုးခေါင်လျှော်လိုက်သည် အဝတ်လဲနေတုန်းတံခါးခေါက်သံကြားတာကြောင့် အမြန်လဲပြီး အောက်ကိုဆင်းကာတံခါးဖွင့်လိုက်တော့....

"ငယ်,,နင်ကဒီကိုရောက်နေတာလားငါတို့မှာနင်ပြောက်လို့ ရှာလိုက်ရတာဟယ်"

"ဟုတ်ပါ့ကြာညိုရယ် နင်ညကတစ်ယောက်ထဲပြန်လာတာလား"

"ဟင်....ငယ့်,,ကိုညကအဲလစ်ခေါ်လာတာမဟုတ်ဘူးလား"

ငယ်,,အထွေးနဲအဲလစ်အပြောကြောင့် ပိုပြီးခေါင်းကိုက်လာရသည်မှာအမှန် "

"ဟယ် ....ညကငါ့ကိုယ်ငါတောင်မထနိုင်တာ ကြာညိုရယ်"

"အေ့လေ....ငါတို့လည်းအခုမှနိုးတာဟ ခေါင်းတွေကိုကိုက်ခဲနေတာပဲအား........သေတော့မှာပဲ"

အထွေးနဲ့အဲလစ်ကလည်းခေါင်းကိုက်လို့ ဆိုဖာပေါ်ထိုင်ပြီးညီးနေကြသည်' ငယ်,,ကတော့စဉ်းစားခန်းဝင်လို့မပြီး

"ငယ်,,နင်လည်းခေါင်းကိုက်နေတာလား မျက်မှောင်ကြီးကျုံ့လို့"

"ဟဲ ကြာညို...!"

"အမ်း.....ဟမ်း...ဘာပြောလိုက်တာလဲ"

ငယ်,,အတွေးလွန်းသွားတာ အထွေးနဲအဲလစ်ပြောတာကိုပင်မကြားလိုက်

"ဘာတွေတွေးနေတာလဲ ငယ်ရယ်"

"ညကဘာမှမမှတ်မိတော့လို့...ဒါနဲ့အရီရောဟင်အိပ်တုန်းလား တစ်ချားသူတွေကသွားလည်ကြပြီထင်တယ်"

"အေ အရီကတော့ မနက်ကမှငါသန့်စင်ခန်းထဲကနေ‌တွေ့တာ သန့်စင်ခန်းထဲသွားအိပ်‌နေတာ အခုတော့ဖျားနေလေရဲအအေးပတ်သွားတယ်ထင်တယ်"

"ဟုတ်ပါ့  တစ်ချားအဖွဲ့တွေကတော့ ဓာတ်တော်ချိုင့်ရေတံခွန်ကိုသွားကြတယ်တဲ့ မနက်ကG-12ကEcအဲလစ်ဆီကိုဖုန်းဆက်‌တယ်လေငါ‌တို့လေးယောက်လုံး ဘယ်သူမှမထနိုင်တာသိနေတာ မလို့မလိုက်နိုင်တော့ဘူးလို့ပြောပေးထားတယ် "

"ငါတို့ Hotpotသွားစားကြရအောင်လေ အရီကအစားစားလိုက်ရင်ပျောက်သွားမှာ"

"သွားကြမယ်လေ အထွေးနင်အရင်ပြန်ပြီးအရီ့ကိုနိုးလိုက်ပြီးမျက်နှာသစ်ပြီးစောင့် ငါတော့ရေအမြန်ချိုးလိုက်မယ်အုန်းမယ် နုံးနေလို့ ကြာညို နင်လည်းခေါင်းလျှော်ထားရင်ဆံပင်လေမှုတ် လေဟာ နင်ပါထက်ဖျားနေမယ်........"

အဲလစ်က ငယ်,,နဲအထွေးကိုမနားတန်းပြောပြီး ရေချိုးခန်းထဲပြေးဝင်သွားသည်....

"ဟာဟေဟျောင်ရေ...ငါတို့ကောင်ကြီးကတော့သွားပြီထင်တယ်"

" ငပိုင်ပြောလည်းပြေားချင်စရာပဲမင်းက ဟေဟျောင်ခွန်း,,မင်းကြည့်ရတာ ဒီနေ့ တမနက်လုံးမှိုရတဲမျက်နှာနဲ ကဲပြော နှတ်ခမ်းကဒဏ်ရာက ရေချိုးခန်းထဲကချော်လဲတာရောဟုတ်ရဲ့လား..?"

ငပိုင့်အပြောကိုဘီလျံကာကပါ ထောက်ခံပြီး‌ထက်မေးလာတော့
ခွန်း,,ညကအဖြစ်ပျက်ကိုပြန်မြင်ရောင်လာမိသည်......

"ဟင်း....ဘာလို့...လှုတ်နေတာလဲနံရံကြီးက

"ချာတိတ်ကမူးနေတာလား ကိုယ့်ကိုကြည့်ပါအုန်း..

ခွန်း,,အိပ်မပျော်တာနဲအပြင်ထွက်လမ်းရှောက်ရင်းက ရှေ့ဖက်ကြားရတဲ့အသံကြောင့်

ဟွန်း....သမီးရည်းစားလာချိန်းတွေ့နေကြတာလား..?
နှောက်ယှက်သလိုဖြစ်မှာဆိုးလို့ ရှေ့ဆက်မရှောက်တော့ပဲ နောက်ပြန်လှည့်ဖို့အလုပ်

"အစ်.....ဟင်း...လူရီးလား...အတော်...ပဲ အစ်....ငယ့်,,ကိုခွန်း,,ဆီလိုက်ပို့ပေးပါလားဟင်....ငယ်,,မသွားတက်တော့လို့....

"ချာတိတ်....!မင်းအခုဘယ်သူ့အရှေ့မှာ ဘယ်သူ့အကြောင်းကိုပြောနေတာလဲမင်းသိရဲ့လား.. ဟမ်း

ခွန်း,,မျက်လုံ‌တွေပြူကျယ်‌သွားသည်ကအမှန် ခွန်း,,ရဲ့အတွေးတို့ကခွန်း,,ရဲ့ခြေထောက်ထက်ပိုမမြန်နိုင်ပါ..

"လွတ်ပါ...နာတယ် ‌အစ်.....ငယ့်,,ကိုခွန်းဆီကိုလိုက်ပို့လို့......."

ခွန်း,,မြင်ရတဲ့မြင်ကွင်းလေးကြောင့်ရင်တွေပူလောင်နေရပါပြီလေ...

"ငယ်,,...!လာခဲ့ဒီကို"

ခွန်း,,ငယ့်ကိုလက်မောင်းကနေစောင့်ဆွဲလိုက်တော့ ဒီခလေးမအရမ်းမူးနေပုံသည်အရှိန်နဲမလို့ ခွန်း,,ရင်ခွင်ထဲကိုအင့်ခနဲအသံလေးထွက်ပြီးရောက်လာသည် ခွန်း,,လက်တစ်ဖက်နဲ ဖမ်းထိန်ထားလိုက်ပြီး...

"မင်းဘာလုပ်လဲ..!! ခွန်းမြတ်ရာ ငါပြသနာမဖြစ်ချင်ဘူး မင်းလမ်းမင်းသွားရင်ကောင်းမယ်နော်"

"အဲဒီ့စကားက ငါပြောရမှာ..!! မင်းဘာရည်ရွယ်ချက်နဲ
ငယ့်,,နားကပ်နေတာလဲ!! "

"မင်းသိစရာမလိုပါဘူး!! ဒီနေ့တော့မင်းနဲငါပြသနာမဖြစ်ချင်ဘူး  ချာတိတ်လာခဲ့..!ကိုယ်အခန်းပြန်ပို့ပေးမယ်"

ခွန်း,,ရှေ့တိုးလာတဲမာန်ထက်ရဲ ရင်ဘက်ကိုခြေထောက်နဲလှမ်းကန်ပြီးကားတော့ ခွန်း,,ကိုစူးစိုက်ပြီးပြန်ကြည့်နေသည် ခွန်း,,မဲ့ပြုံးပြုံးပြလိုက်ပြီး..

"ဘာလဲ.....!!မင်းကငါ့ကိုကျော်ပြီး သူကိုထိလိုရမယ်ထင်နေတာလား မင်းပြောပြောနေတဲဟိုမရောက်ဒီမရောက်ဆ်ိုတဲ့ငါ့ကို မင်းနိုင်ဖူးလို့လား မာန်ထက်ရာ...."

ခွန်း,,ရဲ့စကားကြောင့် ရှုးရှုးရဲရဲဖြစ်သွားတဲ့မာန်ထက်ရဲပုံကို ခွန်း,,ကငယ့်,,ရဲ့ခါးလေးကိုတမင်ဒီ‌ကောင်မြင်အောင် ဖက်ပြပြီးအောင်နိုင်သူတစ်ယောက်အပြုံးပြုံးပြလိုက်သည်"

"တောက်!!!...ခွန်းမြတ်ရာ....."

ခွန်း,,ရဲအင်းကျီကော်လန်စောင့်ဆွဲလာတော့လည်း ခွန်း,,ရဲအောင်နိုင်သူအပြုံးကမပျက်"

"မင်းစကားကိုမင်းသေချာ မှတ်ထားမင်းကအရင်စိန်ခေါ်တာနော်..အေ!! မာန်ထက်ဆိုတဲ့ကောင်ကလည်း အဲလိုမျိုးကိုမှကြိုက်တာ"

ခွန်း,,လည်းဒီကောင်ပြောချင်ရာပြောပြီးပြီဆိုတော့ ဒီကောင့်ရဲ့လက်ကိုခွန်း,,လက်တစ်ဖက်နဲဖယ်ချလိုက်ပြီး..

"အေ့ကွား...ငါနောက်မှပဲမင်းနဲ မင်းအတွက်မကျေပွဲနွှဲပေးတော့မယ်
အခုတော့ငါ့ရဲ့babyလေးကိုချော့သိပ်ရအုန်းမယ် bye...."

ခွန်း,,ငယ့်,,ကိုယ်လေးကိုကောက်ပွေ့လိုက်ပြီး ဒေါသပင်လယ်ဝေနေတဲ့မာန်ထက်ကို စွခဲ့လိုက်သေးသည် သူဒီနေ့မာန်ထက်ကိုအနိုင်ယူလိုက်ရတဲ့ အတွက်ကျေနပ်နေမိသည်"

"ငယ်,,မင်းအတက်ကောင်းတွေ တက်နေတယ်ပေါ့လေ ဟုတ်လား
ပြော..မင်းကိုဘယ်သူကအရက်တွေတိုက်လိုက်တာလဲ...ဟမ်း.....ပြောလေ"

"အင်း.....ငယ့်,,ကိုခွန်းဆီးလိုက်....ပို့ပေးပါ....အစ်...."

ခွန်း,,ဒီအမူးသမားလေးကိုတဂယ်မနိုင် ငယ်,,ရဲ့အခုပုံစံလေးအရမ်းကိုချစ်ဖို့‌ကောင်းနေတာ ရာမကာအရှိန်ကြောင့်ပါးမို့မို့လေးကရဲရဲလေးဖြစ်လို့နေသည် ဒါပေမဲခွန်း,,ဒီခလေးမကိုနောက်တစ်ခါအရက်မသောက်ရဲအောင် အပြစ်ကောင်းကောင်းပေးထားမှရမယ် အခုပဲကြည့်ပါလား ရာမကာ‌မူးပြီး အပြင်ကိုတစ်ယောက်ထဲထွက်လာတာ တဂယ့်အာကသတ္တိဂဲ ခွန်း,,သာမရောက်ရောက်လာခဲ့ဘူးဆိုရင်....
ကျစ်.....ခွန်း,,စိတ်ကူးနဲတောင်မတွေးရဲပါ"

~ မင်းကတော်တော်ဆိုးတာပဲကွာ ကိုယ်မင်းကိုစချစ်မိသွားတဲ့အချိန်ထဲက ကိုယ့်ရင်မှာအမြဲပူလောင်နေရတယ်လောဘမီးတွေလေ ဖြစ်နိုင်ရင် ~တာနောယက္ခဘီလူကြီးလိုအာခံတွင်ထဲမှာပဲငုံထားချင်မိတော့တယ် ခလေးရယ်~~....

"ငယ်,, အခန်းသော့ ငယ်,,.....ငယ်,,"

"အင်း.....ခွန်း,,ဆီ....."

"ကဲပြော....ကိုယ့်ဆီဘာကိစ္စနဲလာချင်ရတာလဲ "

"အမ်း.....အစ်....အခုကခွန်း,,လာဟင် ...ခွန်း,,ကဘယ်တစ်ယောက်ကအစစ်လဲ ......ဟီး...နှစ်ယောက်တောင်မှ"

ဟာ့.....သွားပြီ...သွားပြီ ဒီပုံစံတိုင်းမရတော့ဘူး
ခွန်း,,ဟိုတယ်ကိုဖုန်းဆက်ပြီးအခန်းသော့ လှမ်းတောင်းလိုက်ပြီး
အမူးသမားလေးကို ခနအောက်ချပေးပြီးအခန်းရှေ့က ခုံတန်းလေးပေါ်ထိုင်ခိုင်ကာ ခွန်း,,ကဘေးနားကနေကပ်ထိုင်လိုက်ပြီး အမူးသမားလေးရဲအောက်ငိုက်ကျနေတဲ့ခေါင်းလေးကို ခွန်း,,ရဲပခုံးလေးပေါ်မှီစေပြီး ခွန်း,,အကြံလှလှလေးတစ်ခုရသွားသည် မူးနေတဲ့သူကအမှန်တွေပဲပြောတက်ကြတယ်တဲ့...

"ငယ်,, ကိုယ်ကချောလား..?"
ခွန်း,,မေးလိုက်တော့ ခွန်း,,ကိုရီဝေဝေမော်ကြည့်လာပြီး...ငယ့်ရဲ့လက်ခလေးကခွန်း,,ရဲ့ပါးလေးပေါ်ကိုထိရုံလေးထိလာပြီးတော့...

"ခွန်း,,......ဟင်း......တဂယ်ခွန်း,,အစစ်နဲတူတယ်...ခွန်း,,ကို အစ်...ပြောစရာရှိလို့ငယ်,,က.....လိုက်ရှာနေတာ...."

ခွန်း,,အခုငယ်ပြောနေတဲ့ပုံလေးကို ကြည့်ပြီးရင်ထဲတစ်မျိုးပဲ ငယ်,,ရဲမျက်ဝန်းတွေက တစ်ခုခုကိုဝမ်းနည်းနေသလို...ခွန်း,,ရဲပါးလေးကိုထိကိုင်ထားတဲ့ငယ့်,,ရဲလက်လေးကိုအုပ်ကိုင်လိုက်ပြီး...

"‌ဘာပြောစရာရှိလို့လဲ...ငယ်,,ကိုယ်နားထောင်နေတယ်"

"....အစ်.....ခွန်း,,ကို.......ချစ်လို့........ခွန်း,,ကိုအရမ်းချစ်လို့......ငယ့်,,ရင်ဘက်ထဲကနာနေတယ်.....ရှိုး......"

"ငယ်,,....!!ဘာလို့ငိုနေတာလဲ ...!ဘာဖြစ်လို့လဲ ....!?ကိုယ်ကိုကြည့်ဘာဖြစ်လို့လဲ ....ငယ်,,'"

ခွန်း,,ကိုပြောနေရင်ကငယ်,,ကသူရင်ဘက်‌လေးကို လက်ခလေးနဲ
ဖိကာ ခေါင်းလေးပြန်ငုံသွားပြီးအသံတိတ်ငိုနေသည် "ခွန်း,,ဘာလုပ်လို့ဘာကိုင်ရမလဲမသိ ဒီခလေးဒီလိုနာနာကျင်ကျင်ငိုနေတာကိုကြည့်ပြီး ခွန်း,,အသက်ရှူမရအောင်မွန်းကျပ်ကာ ခွန်း,,မျက်နှာပေါ်သိုပူနွေးနွေးခံစားချက်က "မျက်ရည်တွေ!! ခွန်း,,လက်ဖြန်နဲဖိသုတ်လိုက်ပြီး ခုံပေါ်ကနေအောက်ကိုဒူးတစ်ဖက်ထောက်ထိုင်ချကာ ခလေးမ‌ရဲ့မျက်နှာလေးကိုလက်နှစ်ဖက်နဲအုပ်ကိုင်လိုက်ပြီး ......

"ငယ်,,....မငိုတော့နဲနော် ခေါင်တွေကိုက်နေလိမ့်မယ်လေကွား
တိတ်တော့နော်....."

"အင့်......ခွန်း,,ကို.......ခွန်း,,ကိုငယ်,,....ခန လေးချစ်ခွင့်ပေးလို့ရလားဟင်.....ခနလေးပဲလေ..."

ခွန်း,,ကိုဒီခလေးမလေးကချစ်တယ်တဲ့....ခွန်း,,ကိုယ့်နားကိုယ်ပင်မယုံနိုင်...မူးနေတဲ့သူကဘယ်တော့မှလိမ်မပြောတက်ဘူးတဲ့ ဒါဆိုငယ်,,ကလည်းခွန်းကိုချစ်နေတယ်ပေါ" ခွန်း,,ငယ့်,,ဆီကဒီစကားကြားရလို့အတိုင်မသိ‌အောင်ပျော်‌နေရပေမဲ ဒီခလေးဒီလိုပြောလာတော့ခွန်း,,ရင်ထဲမှာမွန်းကျမိသည်"

ဘယ်အချိန်ထဲကလဲ ပြီးတော့ခွန်း,,နဲ့မ,ရဲအခြေနေနဲဆို...ခွန်း,,တောင်ငယ့်,,ကိုချစ်မိနေတယ်ဆိုတာစသိကထဲက ဒီလိုအခြေနေ ဒီရွေးချယ်မှုတွေက ခွန်း,,ကိုမွန်းကျပ်စေခဲ့တယ် ဒီခလေးဆိုဘယ်လောက်များမွန်းကျပ်နေလောက်မလဲ.....ခွန်း,,
ငယ့်,,မျက်ရည်လေးတွေကို အသားသုတ်ပေးလိုက်ရင်းက....

"ခနနဲတော့မရဘူး....တစ်ဘ၀လုံစာချစ်နိုင်မှရမယ်.. ဘယ်လိုလဲ
တစ်ဘဝလုံးစာ......ကိုယ့်ကိုချစ်နိုင်ရဲလားငယ်,,"

"အင့်.......ခွန်း,,ကိုချစ်တယ်.....အရမ်းချစ်တယ်.....ရှိုး.....ခွန်း,,ကိုဟိုအစ်မလှလှနမ်းတာကိုငယ်,,မကြိုက်ဘူး...ပြီးတော့ခွန်း,,ကိုသူပိုင်တယ်ပြောတာလည်ငယ်,,မကြိုက်ဘူး....အီး..ဟင့်....ဟင့်......နောက်ဆိုရင်.....နောက်ဆိုရင်...ခွန်း,,ကိုသူတဂယ်ပိုင်သွားတော့မှာ......ဟင့်....အွန်!!"

ခွန်း,,ကိုသူ့ရင်ထဲကခံစားချက်တွေ ထုတ်ပြောလာပြီးရှိုက်ကြီးတစ်ငင်ငိုပြီးပြောလာတာကို...ခွန်း,,ဆက်ပြီးနားမထောင်နိုင်တော့‌လို့
ခလေးမရဲ့ နှုတ်ခမ်းလေးကိုဖိကပ်နမ်းပစ်တော့လည်း အလိုက်သင့်လေး.....

ခွန်း,,ဒီလောက်နဲမတင်းတိမ်နိုင်တော့ပါ ပိုလို့လိုချင်လာမိသည်"

အွန်...ပြွတ်.......ပြွတ်

အသံတွေထွက်သည်အထိ မွတ်မွတ်သိပ်သိပ်နမ်းနေရင်ခွန်း,,ရဲ အနမ်းတွေကို ငယ်,,ကမနမ်းတက်နမ်းတက်နဲ ပြန်လည်တုန့်ပြန်လာတော့ စိတ်တို့ကအရိုင်းဆန်လာ၍ အသိစိတ်ပြန်ကပ်ပြီးအနမ်းတွေကို ခွန်း,,ဘက်ကရပ်တန့်ပြစ်လိုက်ပေမဲ့.....

အ့.........ခလေးမကခွန်း,,ရဲနှုတ်ခမ်းကိုမုန့်အမှတ်နဲလား ဆွဲကိုက်လိုက်တာကြောင့် ခွန်း,,ရဲနှုတ်ခမ်းပေါက်သွားသည်" ခွန်း,,နှုတ်ခမ်းကသွေးတွေကို သုတ်လိုက်ပြီးခေါင်းငိုက်စိုက်ကျနေတဲ့ အမူးသမားလေးကိုထိန်းကိုင်ပြီး ခွန်း,,ရဲ့အနောက်ကနေတိုးတိုးတီတီအသံကြားလို့ လှည့်ကြည့်လိုက်တော့........

"အဟမ်း....ဟို.......ဧည့်သည်တို့ကိုအနှောက်ယှက်ပေးမိရင်စိတ်မရှိပါနဲရှင့်အခန်းနံဘက်101ကအခန်းသောလေးပြောက်သွားတယ်လို့ ကျွန်မတို့ ကောင်တာကိုဆက်သွယ်ထားလို့ပါရှင့်"

ခွန်း,,,ကြောင်အအဖြစ်သွားရသည် ဝန်ထန်းအစ်မနှစ်ယောက်ပုံကြည့်ရတာ ရောက်နေတာကြာပြီထင်တယ် ပြုံးစိစိတွေနဲ့မလို့ ခွန်း,,ဘာစကားမှပြန်မပြောဖြစ်ပဲ ခေါင်းသာညိမ့်ပြလိုက်ပြီး တံခါးဖွင့်ပြီးတာနဲ အခန်းထဲဝင်ပြီးအပေါ်ထက်ကိုဦးတည်လိုက်သည် "
အပေါ်ထက်ရောက်တော့မှ ဆရာသမားလေးကခွန်း,,ကိုဆုချတဲ့အနေနဲအန်ချပါလေရော......

ခွန်း,,လည်းသမာဓိအားကောင်းသော သူတော်စင်လုပ်ကာ
အင်ကျီများလဲပေးပြီး အိပ်ပျော်သွားပြီဖြစ်တဲ့ ခလေးရဲပါးမို့မို့လေးကို အနမ်းပေးလိုက်တော့ ပြုံးသွားသည်......အိမ်မက်လေးကလှနေလို့လားခလေးရယ်......

ခွန်း,,ငယ်,,နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့မှ အခန်ဆီပြန်လာခဲ့လိုက်သည်......





မိုးတစ်ရက်ချာတစ်ပိုင်းလေးကိုမဖြစ်မနေလေးတင်ပေးပါ့မယ်နော်
မိုးတို့မြို့မှာ နိုင်ငံရေးအခြေနေမကောင်းတော့ ခုရက်ပိုင်တွေသိမ်းစရာတွေလုပ်စရာလေးတွေများနေတာမလို့ပါ ဒီတောတွင်းအားရင်အားသလို နေ့တိုင်ပုံမှန်တင်နိုင်အောင်လည်း မိုးကြိုးစားပါ့မယ်ရှင့်




ချစ်သောမိုး🍀🤍







Comment