Paet_14 Zawgyi

ငယ့်,,အခန်း‌ပြတင်း‌ပေါက်ဖွင့်ကာ ကြယ်လေးတွေကိုရေတွက်ရင်း ညလယ်ရောက်နေပြီအိပ်လို့မပျော်ခဲ့ပါ ။

သူကကြယ်လေးနဲတူတယ်။
ဟို့အမြင့်ဆုံး တစ်နေရာမှာ
လင်းလက် တောက်ပနေတာ
ငယ်,,ကတော့ အဲတောက်ပနေတဲ့အလင်းရောင်ကြောင့် အရေပျော်သွားတဲ ဖယောင်းခဲလေးပေါ.....

ဟင်း...ဟင်း...
ငယ်,,ကိုယ့်အတွေးနဲကို ရယ်စရာမပါ ပါပဲရယ်လို့နေသည်။

သူကကောင်းကင်ကြီးဆိုရင်
ဟိုအစ်မလှလှလေးက လမင်းကြီးပေါ
အဲတာဆို ငယ်,,ကရော....အင်း....ငယ်,,ကမှတ်ညာဏ်တွေမရှိတဲ့
ပစိဖိတ်သမုဒ္ဒရာကြီးဖြစ်ချင်တယ် အနဲဆုံးတော့ ကောင်းကင်ကြီးမြင်နေရတယ်လေ.....

"ဟယ်...ငယ်,,အစောကြီးပါလားသမီး"

ဒေါ်မြက ငယ့်,,ကိုအစောနိုးနေတာမြင်တော့ မေးနေတာဖြစ်သည် အမှန်ကငယ်,,ခုထိမအိပ်ရသေးပါ ခုမိုးလင်းပြီးဆိုတော့ မနေ့ကအိမ်ကြီးပေါ်က လျှော်ရမဲ့အဝတ်ယူလာတာတွေ လျှော်နေတာမြင်လို့မေးနေချင်းပါ

"ဟုတ်တယ် ဒေါ်မြ ငယ်,,အိပ်မပျော်လို့"

"သမီးရယ် အဲဒါဆိုလည်းခြံရှေမှာပန်းလေးဘာလေး‌သွားကောက်ချေပါလား အစောကြီးအဝတ်တွေလျှော်တော့ အအေးပတ်ပြီး တော်ကြာပြန်ဖျားနေမြှဖင့် ဒီခလေးနဲတော့ခက်တော့တာပါပဲ""

"ငယ်,,သွားသေးတယ် အဲမှာဟိုအစ်ကိုကြီးတွေကားရေဆေးနေလို့ ငယ်,,ကြောက်လို့ပြန်လာတာ.."

ဟုတ်ပါသည်။ ငယ်,,မနက်အစောကြီးက ယုဇနပန်းလေးဘုရားကပ်လှူရအောင်လို့ သွားကောက်တော့ ကားရေဆေးနေတဲ အစ်ကိုကြီးနှစ်ယောက်ကိုတွေ့လို့ ဘာမှမဖြစ်ပါဘူးဆိုသွားတာ အဲဒီ့ထဲကတစ်ယောက်က ငယ်,,ကိုစူးစူးစိုက်စိုက်ကြီးကြည့်နေတာမြင်တော့ ငယ်,,လည်ကြောက်ပြီး ပြန်ပြေးလာခဲ့ချင်းပါ

‌"အော် ဖိုးထူးနဲဇော်မင်းဦးဖြစ်ပါလိမ့်မယ် သူတို့က မမကြီးကိုတခါတလေ ကားမောင်းပေးရတဲသူတွေလေ သမီးရဲ ကျန်တဲ့ချိန်ဆို ခြံထဲကအလုပ်လည်းလုပ်တယ်"

"....."

ငယ်,,ခနနေရင် အန်တီ့,ဆီသွားမလို့တွေးနေတာကြောင့် ဒေါ်မြပြောနေတာကိုပြန်မဖြေဖြစ်ပါ။

"အဟွန်း...."

° -- °

ငယ်,,အဝတ်လှမ်းနေတုန်း နောက်မှာသူရောက်လာတာပဲဖြစ်သည်။
ငယ်လည်းအဝတ်လှမ်းနေတာ ခနရပ်လိုက်ပြီးတော့

"ဟို...ငယ့်,,ကိုခိုင်းစရာရှိလို့လာဟင်"

"မနေ့က.. တွက်sorryပါ "

"ရှ..ရှင်...ဘာလို့..?"

"မနေ့က မ,မင်း ပေါ်အပြောနဲနဲလွန်သွားတယ် အဲတွက်"

ခွန်း,,မနေ့က ကိစ္စကြောင့် ညကကောင်းကောင်းအိပ်မပျော်ခဲ့ပါလေ
ကိုယ်ကိုအပြစ်ရှိသလိုခံစားနေရတာကြောင့်လည်ပါမည်။

"အာ...ရပါတယ် ငယ့်,,တွက်ကထူးဆန်းတဲအရာမျိုးမှမဟုတ်တာ"

ခွန်း,,သူပြောတဲစကားကြောင့် ဒေါသထွက်သွားရ၏ မနေ့ကပုံရိပ်ကိုပြန်မြင်ယောင်မိတော့ ရင်ထဲထိန်းမထားနိုင်တော့....

ခွန်း,,သူ့လက်‌မောင်းနှစ်ဖက်ကိုစောင့်ဆွဲလိုက်ပြီး

"မင်းကိုဘယ်သူကနိမ့်ချပြီး!! ဆက်စံခိုင်းနေလို့လဲ ပြော!! ပြောလေ!.. မင်းကသိပ်ကိုDramrခင်းချင်နေတာလား...ဟမ်းပြောလေ!! .......

မင်းအနေတာလား!! မင်ပါးစပ်ပြန်မပြောနိုင်လောက်အောင် မင်းအနေတာလားဟမ်....! မကြိုက်ရင်မကြိုက်ဘူးလိုမင်းပြန်မပြောတက်ဘူးလား! .......
ငါမင်း‌ကိုမေးတာဖြေလေ မင်းအနေတာလားလို့!!..

"မတူဘူး..."

"ဘာ!.."

"ဘဝတွေက..မတူဘူး..ခွန်း,,တို့လိုပြီးပြည့်စုံတဲ့ဘဝမျိုးနဲမွေးဖွားလာတဲသူမျိုးမဟုတ်ဘူး....ခွန်း,,တ...လုပ်ချင်တာ‌ တွေကိုလုပ်ခွင်ရှိတယ် ရွေးချယ်ခွင့်.....ရွေးချယ်ပိုင်ခွင့်ရှိတယ် ..ဒါပေမဲ့ငယ့်,,မှာ ငယ့်,,မှာ‌ တော့မရှိဘူး....
ငယ့်,,ကသူများအိမ်မှာ.......ကပ်နေရတယ် ..... သူများပေးတာကိုယူကျွေးတာကိုစား...ငယ့်,,ဘဝက ခွန်းပြောသလို...... တစ်ဂယ်ပဲလုပ်ပိုင်ခွင့် ရှိပါ့လား.....ရွေးချယ်ခွင့်ရောရှိရဲ့ငယ်,,မသိဘူး ...
ငယ်,,သိတာတစ်ခုတော့ရှိတယ် အဲတာငယ်ဘယ်တော့မှကိုယ့်ဘဝကိုမမေ့ဘူး.....ငယ်,,ကိုယ့်နေရာကိုယ်....ကိုယ့်နေရာကိုလည်းသိတယ်...."

ငယ်,,စကားများကို မနဲထိန်းကာပြောနေရ၍ စကားများကပြတ်တောက်ပြတ်တောက်နဲရယ်ပါ။ငယ်,,လည်းမတက်နိုင်ပါလေ ဒါတောင်မျက်ရည်မကျမိအောင်ငယ်,, အားတင်းထိန်းထားရသည်။ သူအရှေ့မှာ ငယ်,,မျက်ရည်မကျချင်ပါ ငယ့်နားထဲမှာ အစ်မလရိပ်ပြောတဲစကားများက ပဲတင်သံကထက်နေသည်မလို ရင်ထဲလှိုက်ဖိုနေသည်လေ ။

ခွန်း,,သူပြောလာတဲစကားများကြောင့် ခွန်း,,ရဲ့စကားကလွန်သွားမှန်သိလိုက်သည်။ ခွန်း,,တဂယ်စိတ်မကောင်းဖြစ်သွားရသည်။
ပြီးတော့ သူ့အကြည့်တွေ..... သူငိုချင်တာကိုထိန်းထားတာဖြစ်မည် မျက်ခမ်းနဲ နှာသီးထိပ်လေးတွေရဲလို့နေသည် ။ ခွန်း,,ရင်ထဲလည်းဘာလို့မှန်းမသိတင်းကျပ်လာတာကြောင့် သူလက်တွေကိုလွတ်ပေးပြီး ခွန်း,,အဲ့ဒီ့နေရာကနေအမြန် ထွက်လာခဲ့လိုက်သည်။

သူငယ့်,,လက်တွေကိုလွတ်ပေးပြီး ထွက်သွားမှ ငယ့်လည်းအခန်းလေးဆီအမြန်ပြန်လာခဲ့လိုက်ပြီး အခန်းတံခါးပိတ် တံခါး လေးကိုအားပြုကာမှီထိုင်ချလိုက်ပြီး စိတ်တို့ကိုလွတ်ချလိုက်တော့သည်။

တစ်ဖက်ကစံအိမ်ကြီးရဲ အခန်းလေးတစ်ခုမှာလည်း ထိုအတူပဲ အတွေပေါင်များစွားနဲ သူတစ်ယောက်ရှိနေသည်လေ။

ခွန်း,,အခန်းထဲ ရောက်တာနဲ ကုတင်ကိုမှီပြီးထိုင်ချလိုက်သည်။လက်နှစ်ဖက်နဲမျက်နှာကိုအုပ်ကိုင်ပြီး သူပြောခဲ့တဲစကားတွေကို ပြန်လည်တွေးနေမိပြန်သည်။ ခွန်းအရမ်းလွန်သွားပြီလား?.....

"အန်တီ...."

ဧည့်ခန်းထဲမှာ အကို,နဲ ချို,ထိုင်ကာ ထွေလီပါလီလေးတွေထိုင်ပြောနေကြရင်း သူမ မျှော်နေတဲအသံလေးကြားလိုက်ရတော့ အပြုံလေးတဲစီးကြိုကာ~~

"ငယ်,,သမီး လာလေ.. အန်တီကမျှော်နေတာ သမီးကို"

"ဟုတ် ငယ်ခုမှ အလုပ်လေးပြီးလို့ပါအန်တီ..''

"ဟုတ်ပါပြီကွယ်.. ကဲသမီးက သမီးဦးလေးကိုပြောစရာရှိလို့ဆို အန်တီတော့ ပြောထားပေးတယ် သမီးဦးလေးကို"

ဦးမြတ်ရာဇာ သူ့ကိုမျက်နှာငယ်နဲ လှည့်ကြည့်ခလေးမလေးကို
ပြုံးပြကာခေါင်းအသာညိမ့်ပြလိုက်သည်

"ဟုတ်... ငယ်,,‌ဦးကိုမေးစရာရှိလို့ပါ အဲ့တာ....."

"ပြော‌လေး သမီးရဲ.. အကို ခလေးကိုမစပါနဲ ဟိုမယ်ကြောက်နေတာအကိုရဲ"

"ဟ..ဟာ..ဟ...ဟုတ်ပါပြီကွား ကဲပြောသမီးဦးကိုဘာပြောချင်လို့လဲ ပြောဘာမှမကြောက်နဲ ပွင့်ပွင့်လင်းလင်းပြော ""

"ဦးငယ့်,,ကို ခေါ်လာတုန်းကလေ ဦး‌ကမေမေ့ဆီလိုက်ပို့ပေးမယ်လို့
ပြော....ထားတာလေ အဲတာ့.....ဦးအားတဲ့ချိန်ကြရင်လေ ငယ့်,,ကိုလိုက်ပို့ပေးပါလားဟင်...ငယ်,,မေမေ့ကိုလွမ်းလို့"

ဦးမြတ်ရာဇာမေ့နေတာတော့ မဟုတ်ဒီခလေးကိုတမင်မခေါ်သွားတာပဲဖြစ်သည်။ သူ ခလေးမ လေးကိုငယ်ရွယ်တုန်းပျော်ပျော်ပါးပါးပဲရှိစေချင်လို့ပဲဖြစ်သည်။ စိတ်ဒဏ်ရာမဖြစ်စေချင်ပါ ခလေးကိုထိန်ကျောင်းပေးတဲ့ ဒေါ်သိမ်းယဉ်ပြောပုံအရဆို ခလေးက သူရဲအမေလာအခေါ်ကိုမျှော်နေရှာတာတဲ သူရောက်သွားတော့ သမီးမေမေမရှိတော့ဘူး ဆုံးပြီလို့ပြောတော့ ဘာမြှပန်မပြောသူခေါ်တော့လည်မလိုက်ပေ သူလည်း ခလေးရဲ့မေမေဆီလိုက်ပို့ပေးမယ်လေလို့ ပြောတော့ တန်းလိုက်လာတာပဲဖြစ်သည်။

"ဟင်းး......ကောင်ပြီလေ သမီးကတွေ့ချင်တယ်ဆိုရင် ဦးကလိုက်ပို့ပေးမှာပေါ့ ဒါမဲ့တစ်ခုတော့ရှိတယ်သမီး ဖြစ်ပြီးပျက်ပြီးတာတွေကို သမီးက လက်ခံရလိမ့်မယ်သမီ သမီးစိတ်ကိုနိုင်မှ ဦးကသမီးကိုလိုက်ပို့ပေးမှာ ဘယ်လိုလဲ သမီးသဘောတူလား""

"ဟုတ်..ကဲ့ ငယ်သဘောတူပါတယ် ငယ့်ကိုလိုက်ပို့ပေးပါနော်...."

"ကောင်းပြီလေ ဦးလိုက်ပို့ပေးမယ် သမီးဘယ်တော့သွာ....

"အခု!....အခုသွားချင်ပါတယ် ငယ်အခုသွားချင်တယ်ဦး"

ဦးမြတ်ရာဇာသူပြောစကားမဆုံးလိုက်ပါ.....ခလေးကစိတ်အားထက်သန်နေမှတော့ သူကဘာကိုတုန့်ဆိုင်းနေတော့မှာလဲ

"အကို ချိုလည်းလိုက်မယ်"

"ချိုလိုက်လို့အဆင်ပြေပါ့မလား ကိုယ်ချို့ကို စိတ်မထိခိုက်စေချင်ဘူး"

"ချိုလိုက်ချင်လို့ပါ ချို့ကိုခေါ်ပါနော်အကို"

"ချိုကလိုက်ချင်‌မှတော့ ကိုယ်မတားတော့ပါဘူးကွာ"

~~အုပ်ဂူဖြူဖြူလေး တစ်ခုရှေ့မှာ လူသုံးယောက်ဟာ အတွေးကိုယ်စီနဲ ညိမ်သက်စွားရပ်နေကြသည်။

ငယ်,,မေမေ့အုပ်ဂူလေးရှေ့ရောက်တော့ ဒါကငယ့်,,မေမေပေါ့လေ မေမေကလှလိုက်တာ... ငယ်,,မေမေ့ကိုတစ်ခါတည်းမြင်ဖူးပါသည် ။
ဒါတောင်မှမေမေကငယ့်,,ဆီလာလို့မဟုတ်ပါဘူး ဒေါ်လေးနှင်းဆီကိုပိုက်ဆံလာပေးတာ အဲတုန်းကအဲပိုက်ဆံလာပေးတဲအန်တီကို
ငယ့်,,စိတ်ထဲသိနေသလိုမျိုးမလို့ ငယ်,,လိုက်ကြည့်နေတော့ မေမေပြန်သွားမှဒေါ်လေးနှင်းဆီက အဲတာညည်းအမေလေတဲ့ အဲတုန်းကငယ်,,မေမေ့ကားနောက်ကို အသဲအသန်ပြေးလိုက်ခဲ့ဖူးပါတယ် ငယ်,,ချော်လဲသွားလို့ မမှီလိုက်ပါ မေမေကအဲတုန်းကတောင်ငယ့်,,ကိုတချက်လေးမှ လှည့်မကြည့်သွားခဲ့ပါ ငယ့်,,ကိုမမှတ်မိလို့ထင်ပါတယ် အဲနောက်ပိုင်း ငယ်,,မေမေ့ကိုနေ့တိုင်မျှော်နေခဲ့ပါ
သေးသည် ။ငယ်,,မသိခဲ့တာကအဲချိန်တုန်းက မေမေ့ကိုငယ်,,တွေ့ခဲ့တာ ပထမဦးဆုံးနဲနောက်ဆုံဆိုတာကိုပေါ......

ငယ်,,မေမေ့အုပ်ဂူရှေ့လေးတိုးသွားပြီးမေမေ့ ပုံလေးမှာကပ်နေတဲဖုံနဲအမှိုက်လေးတွေဖယ်ရင်း...

‌"မေမေငယ်,,မေမေ့ဆီကိုလာတယ်နော်......ပြီးတောလေ.. မေမေကြိုက်တဲကြာပန်းဖြူဖြူလေးတွေလည်း... ငယ်,,ယူလာတယ်...
ငယ်,,လေ....ငယ်,,..မေမေ့မျက်နှာလေး....ကိုမမှတ်မိတော့ဘူးသိလား
ငယ်,,...အရမ်းဆိုးတာပဲနော်.....ဟင့်......ငယ်,,....ဒီတခါသေချာ မှတ်ထားမယ်နော်......ဟင့်....ဟီး..... ငယ်,,ကမေမေကိုအရမ်းလွမ်းနေတာ...မေမေ့ကိုလည်..မေမေ့ကိုလည်း..နေတိုင်းမျှော်နေခဲ့တာ... ငယ်,,မေမေ့ကိုအရမ်းချစ်တာ....

ရှိုး....ဟီး....ဟင့်.... ငယ်မေမေ့အုပ်ဂူလေးကိုဖက်ကာငိုချလိုက်မိတော့သည်။ ငယ်,,မေမေ့မရှိတော့ဘူးဆိုတာကို တဂယ်လက်ခံလိုက်ရပြီ""မဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးလို့ ကိုယ့်ကိုကိုယ်‌လိမ်နေခဲ့တာလေ ခုတော့....

ဒေါ်ချစ်ခွန်းချိုနဲ ဦးမြတ်ရာဇာမှာတော့ ထိုခလေးလေးကိုသနားလွန်းလိုရင်ကိုနင့်နေ‌တာပါပဲ ဘယ်လိုနှစ်သိမ့်မှုမျိုးက ဒီခလေးရဲ
ဝေသနာဖြေသိမ့်နိုင်မှာပါလိမ့်

မိုးကို အားရှိကအောင်လို့ ‌commentလေးများပေး ပေးပါအုန်းဗျ

မိုးဒီ့ထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်ကို ကျေးဇူးတင်ပါတယ်ဗျ🙏

ချစ်သောမိုး🤍🍀

Comment