Part-22

ခွန်း,,တို့တွေဓာတ်တော်ချိုင့်ရေတံခွန်းမှာလည်ပတ်ပြီးတာနဲ ပင်ပန်ပြီး ပင်ပန်းဒဏ်မခံနိုင်တဲ့အဖွဲ‌တွေက ဟိုတယ်ပြန်နားချင်ကြတာ‌ကြောင့်လူစုပြီးဆရာကပြန်ပို့‌ပေးတာနဲ ခွန်း,,ပါလိုက်ပြန်လာခဲ့တာပဲဖြစ်သည်"

တစ်ခြားအဖွဲတွေနဲ ငပိုင်တို့ကတော့ ပြင်ဦးလွင်အမျိုးသားပြတိုက်နဲ ဝိုင်ခြံကို ထက်ပြီးခရီးဆက်ကြသည်"
ခွန်း,,ကတော့ မနက်ထဲကဒီခရီးစဉ်မှာအမူးသမားလေးမပါ၍ ခွန်း,,မပျော်နိုင်နောက်ဆံတင်းနေရသည်မှာလည်းအမှန်"
တစ်နေ့လည်လုံးလည်း မနေ့ညကအဖြစ်ပျက်ကလေးကြောင့်ကြည်နူးမှုလေးကလည်မဖုံးနိုင်မဖိနိုင်ပါ  ငယ့်,,ကိုလည်းစိတ်ကမချမနေ့ညက အရှိန်နဲများဖျားလို့နေမလာလို့တွေးနေမိပြီး ဟိုတယ်ပြန်ရောက်တော့ အရင်ဆုံး‌ ခြေဦတည့်ရာ
ငယ့်,,ရဲအခန်းရှေ့သို့ ......

တီတောင်.......တီးတောင်.......တီတောင်.......

ငယ့်,,အခန်းကို ဘဲလ်တီနေတာကြာပြီး တံခါးလာဖွင့်ပေးပုံမရရင်တော့ ငယ်,,တို့အုပ်စုဘယ်သဝေထိုးသလဲမသိ အမူးသမားလေး တို့တော့ အရမ်းအတက်ကောင်းတွေတက်နေတာ"
အဲလစ်ဖုန်းကိုဆက်ကြည့်ရင်ရတာပဲ ဟုတ်တယ် အဲလစ်ကိုဖုန်းဆက်ကြည့်ရမယ်"

"ခွန်း,,...?"

ခွန်း,,နောက်ကခေါ်သံကြားလိုလှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်ပဲအပြင်ကပြန်လာတာသည့်ပုံ မရတော့ဘူး ဒင်းလေးကိုဒီအတိုင်လွတ်ထားရင်မဖြစ်တော့ဘူး ခွန်း,,မျက်နှာကိုတည်ထားလိုက်ပြီး...

"ဒါက ဘယ်ကပြန်လာတာလဲ!! မပြောမဆိုနဲ"

"ဟို....အရီဖျားနေလို့.....အဲတာ...ဆေးခန်းပြရင် နေ့လည်စာသွားစားကြတာ...."

"ဟုတ်တယ်......ဟုတ်တယ်...... မခွန်း,,ပြင်ဦးလွင်မှာရှိတဲ့အဲလစ်အဒေါ်ကိုလိုက်ပို့ခိုင်တာပါ အဲလစ်တို့ပဲသွားတာမဟုတ်ပါဘူး ဆရာ့ဆီလည်းဖုန်းဆက်‌ပြီးခွင့်တောင်းလိုက်ပါတယ် မခွန်း,,ဆီကိုဆက်ရင်အနှာက်ယှက်ဖြစ်မှာဆိုးလို့..."

ခွန်း,,ကမျက်နှာတည်ပြီးလေသံမာမာနဲမေးလိုက်တော့ နှစ်ယောက်လုံးက ငြိမ်ကုပ်ပြီးပြာပြာသလဲရှင်းပြလာသည်"အမယ် သူတို့ကခွန်း,,ကိုကြောက်ပါတယ်ပေါလေ

"အခု အရီကသက်သာလာ...ဘယ်လိုနေသေးလဲ?"

"ဟုတ်....သက်သာပါတယ်မခွန်း,, အဲလစ်အရင်ဝင်နှင့်မယ်နော်
မခွန်း,,"

ဟင်း.....အဲလစ်ကအရင်ဝင်နှင့်မယ်ဆိုတော့ ဒါဆိုငယ်,,ကိုဒီအခြေနေနဲတစ်ယောက်ထဲ ထာခဲ့မယ်ပေါ့ ငယ်,,တို့ပြန်လာတော့ ငယ်,,တို့အခန်းရှေ့မှာခါးကြီးထောက်ပြီးစောင့်နေတဲ့ ခွန်း,,ကငယ်,,တို့ကိုလည်းမြင်ရော မျက်နှာကြီးတည်ပြီးစိတ်ဆိုးနေတဲပုံမလို့ အဲလစ်နဲငယ်,,တို့က မဟုတ်တာလုပ်ထားတဲသူတွေဆိုတော့ကြောက်ရသည်မဟုတ်လား အခုလည်းအဲလစ်ကငယ့်,,ကိုထားသွားခဲ့ပြီလေ မနေ့ညကအိမ်မက်ကြီးကြောင့် ငယ်,,ခွန်း,,ကိုအခုရက်ပိုင်းမျက်နှာချင်းမဆိုင်ဖို့ ဆုံးဖြတ်ထားတာလေ အခုငယ့်,,ရဲ့အဖြစ်ကဂျောင်ပိတ်ခံထားရတဲ့ယုန်သူငယ်လိုမျို ........

"လာခဲ့.....ကိုယ်တို့တစ်နေရာမှာစကားပြောရအောင်"

ခွန်း,,ငယ့်,,လက်ကိုဆွဲပြီးလူရှင်းတဲ့နေရာလေးဆီခေါ်လာတော့လည် အလိုက်သင့်ပြူးကြောင်ကြောင်လေးလုပ်ပြီးပါလာသည်

"ခေါင်းကိုက်နေသေး လားငယ်,,..."

"ရှင်....!?"

ငယ်,,ကဆူဖို့ခေါ်လာတယ်ထင်နေတာလေ နေပါအုန်းငယ်,,ခေါင်းကိုက်နေတာဘယ်လိုသိတာလဲ,"

"ကိုယ်ဘယ်သိလဲ စဉ်းစားနေတာတော့မဟုတ်ဘူးမလားငယ်,,"

"အမ်း..!ခွန်း,,ဘယ်လိုသိ....."

ခွန်း,,အမေးကိုပြူကြောင်ကြောင်လေးလုပ်နေကထဲကခွန်း,,သိတာပေါ ဒီခလေးမတစ်ခုခုပြောလိုက်ရင် အတွေးလွန်လို့မပြီးဘူး အခုပဲကြည့်လေ

"ပြောပါအုန်း...အရက်ကဘယ်သူ့ခွင့်ပြုချက်နဲသောက်ကြတာလဲ"

ဟင်း.!! ငယ့်,,ရင်ထဲထိတ်ကနဲ ငယ်,,တို့အရက်တွေသောက်ကြတာဘယ် လိုလုပ်ပြီးခွန်း,,ကသိသွားရတာလဲ!!

"အဲတာက...ဟိုလေ....ဟို...."

ခွန်း,,ရှေ့ကဟာလေးက ခွန်း,,အမေးစကားကြောင့်ကြောက်လန့်ကာ ခွန်း,,ကိုမကြည့်ပဲမျက်လုံးလေးတွေကဂနာမငြိမ်လက်လေးနှစ်ဖက်ကိုဖိပွတ်ပြီး ခလေးများလိုအပြစ်လုပ်ထားပြီးဆင်ခြေပေးမလိုရှာနေသည့်ပုံ" ခွန်း,,လည်းဆက်ပြီးစချင်တာနဲ အနားနားကိုပိုလို့တို့သွားတော့ ခလေးမကနောက်ကိုဆုပ်ရင်းဆုပ်ရင်နဲ နံရံလေးမှာကပ်သွားသည်း ခွန်း,,နံရံမှာကပ်နေတဲ့ ခလေးမလေးကိုခွန်း,,လက်တစ်ဖက်နဲနံရံကိုထောက်ကာ ပိတ်ထားလိုက်ပြီးတော့ ....

"မေးနေတာဖြေလေ..."

"ဟို.........ငယ်,,တို့အရက်မသောက်ပါဘူး..အဲ့တာဝိုင်တဲ့အဲလစ်ကပြောတယ် အရက်မဟုတ်ဘူး...."

"ဘာရယ်..!!ဝိုင်ဟုတ်လား"

ခွန်း,,ကဝိုင်ကိုမသိလို့မေးတယ်များထင်နေသလာပဲ ခေါင်းတစ်
ဆက်ဆက်ညိမ့်ပြလာသည်

"ဘာကိုခေါင်းညိမ့်ပြတာလဲ..!! ဝိုင်လည်ရာမကာတစ်မျိုးပဲ အဲ့တာသောက်ပြီးဘာဖြစ်သွားလဲရောသိလား"

"ဟင်း...ဘာဖြစ်....."
ငယ်,,ညကဘာဖြစ်သွားလဲမှတ်မှမမှတ်မိတာ...စဉ်းစားစမ်း...စဉ်းစားစမ်း....ဘာလို့ဘာမှမမှတ်မိရတာလဲ..?

"ဟိတ်...ဟိတ်...ငယ်,,တဂယ်ဘာမှမမှတ်မိဘူးလို့တော့မပြောနဲနော်"

ငယ်,,သာတဂယ်ဘာမှမမှတ်မိရင်ခွန်းမြတ်ရာ,,တော့သွားပြီ
ခွန်း,,မှာတော့တစ်နေကုန်စိတ်နဲလူနဲမကပ် ခွန်း,,စိတ်ကဒီခလေးဆီ‌ပဲရောက်နေတာမလား

"ငယ်,,.....မမှတ်မိဘူး...ငယ်,,ဘာတွေလုပ်ခဲ့လိုလဲဟင်..‌မကောင်းတာတစ်ခုခုလုပ်မိလို့လား......"

ခွန်း,,ကိုငိုမဲ့မဲ့လေးလုပ်ကာပြန် မေးလာပုံအရတော့သေချာပြီ ဒီခလေးတဂယ်ဘာမှမမှတ်မိတာ...ဟူး......ခွန်း,,သက်ပြင်းချကာခွန်း,,ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်" ငယ်,,မမှတ်မိတာလည်းအဆိုးထဲကအကောင်းတစ်ခုပဲမဟုတ်လား ခွန်း,,ဒီကိစ္စကိုမပြောသေးဘူး ခွန်း,,နဲမ,ရဲ့ကိစ္စ‌တွေအကုန်ရှင်းပြီးမှ ပြောပြဖိုဆုံးဖြတ်လိုက်သည်"

"ငယ်,,မူးပြီးအပြင်မှာ ပတ်သွားနေတာလေကိုယ်သာရောက်မလာခဲ့ရင် ညအပြင်မှာအိပ်နေရမှာ သိရဲ့လား,...."

ခွန်း,,ငယ့်,,နဖူးလေးကိုလက်ညိုးနဲအသာလေးထိုးကာ ပြောလိုက်တော့မှ ဝန်လုံးဝိုင်ကြီးတွေနဲမော်ကြည့်လာတော့သည်

"ဒါဆို ညကခွန်း,,ကအခန်းကိုပြန်ပို့ပေးတာပေါနော် ...."

ဘုရားရေ...!!အဲတာဆိုငယ့်,,ကိုအဝတ်တွေလဲပေးထားတာကလည်း
ခွန်း,,ပေါ့!! အား...ရှက်ဖို့ကောင်းလိုက်တာ..ငယ်,,ရေနင်သေလို့ရပြီလို့....

ခလေးမကခွန်း,,ပြောစကားကြောင့် အတွေးလွန်ကာ ရှက်သွေးဖြာနေတာကြောင့်ခွန်း,,အူယားပြီးစချင်လာတာကြောင့် ဆက်စလိုက်မိသည်လေ

"ဟာ.....ဟိတ်...ခလေးမနော် ဘာတွေမဟုတ်ကဟုတ်ကရှောက်တွေးနေတာလဲ...ကြည့်ပါအုန်းပါးတွေတောင်ရဲနေလို့...အဲလိုမဟုတ်တာရှောက်မတွေးရဘူးလေ.....

အစ်..!အစ်....!

"ဟောကြည့်... ဘာတွေထက်ပြီးခိုးစားခဲ့ပြန်သလဲမသိ ကျွတ်တွေတောင်ထိုးနေပြီး...လာ..လာ..ရေတိုက်မယ်လာ..."

"ဟင့်....!!.အီး.....ဟင့်....."

"ဟာ...ဟိတ်..မငိုရဘူးလေ..စတာ..စတာကိုယ်ကချစ်လို့စတာပါကွာ...ငိုတော့မငိုလိုက်ပါနဲငယ်,,ရယ်နော် ....တိတ်တိတ် ကိုယ်မစတော့ဘူးနော်"

ငယ်,,တဂယ်ကိုမနေတက်တော့ပါ ရှက်ပါတယ်ဆိုကာမှပိုပိုပြီးခွန်း,,ကပြောလာတာကြောင့် ငိုချင်လာ၍ငိုချလိုက်တော့လည်း ခွန်း,,ကပြောနေတာသူမဟုတ်တဲအတိုင်ပဲ ငယ်,,ကိုပြန်ချော့လာပြန်သည်" ငယ်,,ကတော့ ခွန်း,,ရဲဒီလိုအပြုမှုလေး‌ငယ်,,ရူ‌ တော့မှာပဲခွန်း,,ရယ်ခွန်း,,ဆီကရုံးမထွက်နိုင်တော့အောင်ခြေချုပ်မိနေပြီလေ....ခွန်း,,ပေးတဲ့ဒုက္ခလှလှလေးကိုလည်း ပျော်ပျော်ကြီးခံယူချင်နေမိသည်....

ငယ့်,,ရဲ့ကောင်းကင်ကြီးက သိပ်ကိုပြုစားလွန်းတာပဲကွယ်~~

ည9:18အဝေးလမ်းမကြီးထက် အရှိန်ဟုန်ပြေးခရီးဆက်နေကြတဲ ခရီးသွားကားတန်းကြီးတွေဟာ အစီအရီ အပြန်ခရီမလို့လားမသိတိတ်စိတ်ငြိမ်သက်စွာဆွေး‌ဆွေးထိုင်းထိုင်းနဲ လွမ်းမောဖွယ်အငွေ့သက်များလွှမ်းမိုးလျှက် .......အလာခရီးတုန်ကလို ပျော်ရွှင်တက်ကြွမှုနဲကလုံးဝမှမသက်ဆိုင်သလိုပါလေ.....

ငယ်,,ခောင်းနောက်လာ၍ ငယ်,,ဆွဲလက်စပုံလေးကို ခနရပ်ပြီး ကားပေါ်မတက်ခင်ခွန်း,,လူးပေးလိုက်တဲ့ လက်ကောက်ဝတ်ကပရုတ်ဆီအနံလေးကိုမကြာမကြာမွှေးရှူနေရတာလည်းအမောပါလေ ပရုတ်ဆီအနံ့ကဆေးအနံ့ပြင်းပြင်းမဟုတ်ပဲနဲ ပန်းအနံ့သင်းသင်းလေးပါတာကြောင့် ငယ်,,သဘောကျမိသည်ဒီအနံ့ကအန်တီနားမှာလည်းရနေကြမလို့ သဘောကျမိတာထင်ပါရဲ့......

"ကြာညို,,ဘာတွေဆွဲနေတာလဲ အဲလစ်ကိုပြပါအုန်...."

"ဒီမှာ....မေမေ့ရဲ့ပုံလေး ငယ့်,,မေမေကလှတယ်မလားဟင်..."

"အင်...လှတယ်...ဒါကြောင့်နင်ကလှတာကိုကြာညိုရဲ နင့်ရဲ့မေမေကနင်နဲသိပ်တူတာပဲ‌ဟယ်"

အဲလစ်ကငယ်,,ဆွဲထားတဲ့ပုံလေးကိုသေချာကြည့်ကာ  ငယ့်,,က မေမေနဲတူတယ်တဲ့ ငယ်,,သဘောတစ်ကျပြုံးမိသည်။

"ဟုတ်လား...ငယ်,,ကမေမေနဲတဂယ်တူတာပေါ့နော်...... ငယ်,,ကမေမေကိုအရမ်းချစ်လို့ထင်ပါတယ်"

"အင့် တဂယ်တူတာ ဒါနဲ့ကြာညို့ရဲ့ဖေဖေကရော"

"ဖေဖေဟုတ်လား.....ငယ်,,မသိဘူးပဲ ငယ်,,ဖေဖေ့ကိုမမြင်ဖူးဘူးအဲလစ်ရဲ့ ပြီးတော့ငယ်,,သိတက်စအရွယ်ထဲက မေမေကိုပဲအရင်ဆုံးသိခွင့်ရခဲ့တာလေ ဖေဖေ့ကိုတော့ဘယ်လိုဘယ်ပုံရှိလဲငယ်,,မသိဘူးပဲ"

အဲလစ်မေးပြီးတော့မှ မမေးသင့်တဲမေးခွန်းမှန်သိလိုက်ရ၍ ကြာညို့ကိုအရမ်းအားနာသွားရသည် ။ကြာညို့အကြောင်းကိုအထွေးနဲအရီပြောပြလို့သိသင့်တာလောက်တော့သိထားသည်မလို့ ပိုပြီးအားနာမိတာအမှန်

"ငါ...မမေးသင့်တာကိုမေးလိုက်မိတယ်ကြာညိုရယ်......ငါတောင်းပန်ပါတယ်ဟာ..."

"မဟုတ်တာ အဲလစ်ရယ်....ရပါတယ်အဲလိုပြောဖို့မလိုပါဘူးအဲလစ်ရဲ့....... အပြန်ခရီးကဆွေးနော်ငယ်,,တို့တွေပျော်ရွှင်စရာတွေကအခုတော့လွမ်းစရာအဖြစ်နဲကျန်ရစ်ခဲ့ပြီ......."

"ဟုတ်တယ်နော်......နောက်တစ်ခါအခွင့်ကြုံရင်ငါတို့ရဲ့အမှတ်တရလေးတွေပြန်ရှာဖွေဖို့ ထက်လာကြမယ်လေ"

"အင့်...ထက်လာကြမယ်လေ"

"ငါတို့အိပ်ကြရအောင်လေ ကြာညိုနင်မအိပ်ပဲညရှုခင်ကြည့်အုန်းမယ်ဆိုရင်မိုးလင်းသွားမှာနော်...ပြီးတော့အသွားတုန်ကထက်ပိုပြီးကားမူးလိမ့်မယ်....

အဲလစ်ကိုမခွန်း,,ကသေချာမှာထားသည်လေကားစီးရင် ကြာညို့ကိုအိပ်ခိုင်းဖို့ကို.."

"ဒယ်ဒီ....ခွန်း,,ကမာမီလာကြိုမယ်ထင်နေတာ ဒယ်ဒီကဒီအချိန်မအားဘူးမဟုတ်လား"

ခွန်း,,ကား‌နောက်ခန်းထဲကို ခွန်း,,ရဲ့Luggage နဲ ငယ်,,တို့Luggageကိုထည့်ပေးလိုက်ပြီး ကားတွင်နေရာယူလိုက်ကာဒယ်ဒီမေးလိုက်သည်"ခွန်း,,တို့ပြင်ဦးလွင်ကနေညကားစီးလာကြ၍ ရန်ကုန်ကို 9နာရီကျော်‌လောက်တော့ရောက်သည် ကားအကုန်းလုံးကျောင်းမှားပဲဆိုဒ်တာကြောင့် ကျောင်းသားမိဘများကကျောင်ကိုသာလာကြိုကြတာဖြစ်သည်"
ခွန်း,,တို့ကိုမာမီလာကြိုမယ်လို့ပဲထင်ထားတာမလို့ ဒယ်ဒီ့ကိုမြင်လိုက်ရ၍အံ့ဩသွားတာအမှန်ပါ များသောအားဖြင့်ကမာမီ့ထက် ဒယ်ဒီကအလုပ်ပိုရှုပ်တက်တာကြောင့် ဒီလိုအကြိုအပို့အလုပ်တွေမှာ မာမီကိုပိုတွေ့ရတက်သည်လေ"

"ဒယ်ဒီ ဒီနေ့အလုပ်ကိစ္စနဲTravelသွားဖို့ရှိတယ် ခွန်း,,ဒါကြောင့် ဒယ်ဒီမသွားခင်‌ဒယ်ဒီ သမီး‌လေးမျက်နှာလေးကိုမြင်ချင်လို့ပေါကွာ"

ခွန်း,,အလိုမကျဖြစ်သွားရသည်  ဒယ်ဒီ့မျက်နှာကိုသေချာကြည့်လိုက်တော့ မျက်နှာကသိပ်မကောင်းတာကြောင့် အနဲငယ်ဆိုးရိမ်မိသည်လေ ဒယ်ဒီကစီးပွားရေးမှာအရမ်းစိတ်အားထက်သန်သူဖြစ်တာကြောင့် ကျန်းမာရေးကိုလည်သေချာဂရုမစိုက်နိုင်ပါ မာမီကအလုပ်တစ်ဖက်နဲတောင် ဒယ်ဒီ့ကိုတော်တော်ဂရုစိုက်ပေးလို့သာ ဒယ်ဒီကခုချိန်ထိကျန်းမာနေတာ ခွန်း,,မပြန်လာခင်မာမီနဲအဆက်သွယ်လုပ်တုန်းက မာမီပြောပုံအရဆို ဒယ်ဒီ့ အလုပ်မှာ ပြသနာဖြစ်နေပုံရသည်တဲ့ ခွန်း,,ပြင်ဦးလွင်မသွားခင်ကတောင် ဒယ်ဒီအိမ်မှာမရှိ အလုပ်ကိစ္စနဲ Travelသွားနေရတာ
မနေ့ရှေ့ရက်ကမှ‌ပြန်ရောက်တယ်လို့ မာမီကပြောသေးတယ် အခုထက်ပြီးတော့Travelသွားဖို့ရှိနေတာလား အလုပ်ကိစ္စပြသနာကသေးသေးလေးတော့ မဟုတ်လောက်ဘူးလို့ခွန်း,,ထင်တယ်"

"ဒယ်ဒီ ခွန်း,,တို့အတွက်ကဒယ်ဒီကသာ အရေးကြီးဆုံးဆိုတာမမေ့နဲနော် ပြီးတော့မာမီ့တွက်က ဒယ်ဒီကမရှိမဖြစ် ခွန်း,,ကအချိန်တန်ရင်မိန်းမယူမှာ ဒါကြောင့်ဒယ်ဒီက အလုပ်ပဲဖိလုပ်မနေနဲအုန်း ကျန်းမာရေးလည်ဂရုစိုက်အုန်နော် "

ခွန်း,,မိန်းမယူမှာဆိုတဲစကားကို ကားမှန်ကနေတစ်ဆင့်ငယ့်,,မျက်နှာလေးကိုကြည့်ပြီးပြောလိုက်တာဖြစ်သည်"

"ဟ...ဟာ...ဟား....အေ့ပါကွာမွေးရကျိုးနပ်တဲ့ ဒယ်ဒီ့သမီးလေးရယ်..ဟ..ဟား...."

ဦမြတ်ရာဇာ သမီး၏ဖြစ်သူစကားကြောင့်သဘောကျမိသည်‌ သမီးဖြစ်သူက သူနဲအနေစိမ်းတယ်ထင်ရပေမဲ သားဖနှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်က စကားအပိုပြောစရာမလိုအောင် ကိုတစ်ယောက်စိတ်ကိုတစ်ယောက်ကနားလည်ကြသည် အခုလည်းသူ့ဒယ်ဒီကိုစိတ်ပူလို ပြောနေတယ်ဆိုတာဦမြတ်ရာဇာထက် ဘယ်သူကများသိနိုင်ပါအုန်းမလဲ...

ငယ်,,ခွန်းရဲ့အချိန်တန်ရင်မိန်မယူမယ်ဆို စကားကြောင့်ရင်ထဲ
နင့်သွားရသည် ကြိုတင်တွေထားပြီးသားအရာတွေဆိုပေမဲ့လို့ အသင့်တော့ဖြစ်မနေသေးပါ ခွန်း,,ကိုအစ်မလရိပ်အပိုင်ဖြစ်သွားမှာကိုအသိစိတ်က လက်ခံဖို့ကြိုးစားနေပြီး မသိစိတ်ကတော့အပြင်းအထန်ကန့်ကွက်နေမိသည်  ဒါပေမဲ့ငယ်,,ရဲရွေးချယ်မှုကြီးက ခွန်း,,ဖြစ်နေတာကြောင့် ခွန်း,,တွက်ဆိုရင်ငယ်,,ဘာမဆိုလုပ်နိုင်ပါသည် ခွန်း,,နဲအပြီးတိုင်ခွဲခွားရတော့လည် ရူးယုံပေါလေ.......

~~ကောင်းကင်ကြီးရဲ့တိမ်အရိပ်ကလေးဟာ
သမုဒ္ဒရာလေးတွက်ပဲဆိုတာကို သမုဒ္ဒရာလေးကမသိရှာ~~





မိုးဒီထက်ပိုကြိုးစားပါအုန်းမည်
အားပေးသူတိုင်ကိုကျေးဇူးတင်ပါတယ်ရှင့်🙏

ချစ်သောမိုး🤍🍀

Comment