အခန်း(၅၄)Water Army-1

Unicode


မျှော်တဲ့သူလေးများ ရှိသေးရဲ့လား🥺


အခန်း(၅၄)Water Army-1


စုယာယာနှင့် ချန်ရှုံချီတို့ တစ်ယောက်ကို
တစ်ယောက် ချစ်ခင်ကြင်နာနေကြစဉ်
'ရှင်သန်လာသော နန်းတော်'ရဲ့ Weibo အောက်မှာတော့ များစွာသော အင်တာနက်Water Armyတွေ ရောက်နေကြပြီ။ သူတို့အားလုံးသည် ရည်ရွယ်ချက်တစ်ခုနှင့်သာ ဒီကို ရောက်နေကြခြင်း-စုယာယာကို ဖျက်ဆီးပစ်ဖို့။
သူတို့က စုယာယာအကြောင်း သိက္ခာကျစရာကောမန့်တွေ အမြောက်အမြား ရေးကြသည်။
ဉပမာ- သူမက လူတွေနဲ့ အိပ်ခြင်းအားဖြင့် သူမရဲ့ဇာတ်ကောင်နေရာတွေကို ရခဲ့တဲ့ သာမန်
အွန်လိုင်းသရုပ်ဆောင်လေးတစ်ယောက်လို့ ပြောကာ သူမကို ဝေဖန်ပုတ်ခတ်ကြသည်။
သူမကို ရုပ်ရှင်လောကမှာ မမြင်ဖူးပေ။ ဒါတောင် သူမက ဒီဇာတ်လမ်းတွဲမှာ ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို ယူနိုင်ခဲ့တယ်။ အတွင်းဇာတ်လမ်းတစ်ခုတော့ ရှိကိုရှိရမယ်။
မရှိဘူးဆိုတာကို သူတို့ မယုံဘူး!


ကျီးနက်ကြီး: ငါ့အကြိုက်ဆုံးဇာတ်ကောင်,.  အင်ပါယာကိုယ်လုပ်တော်ရှု, လေးတော့ ဘာမှ
မကောင်းတဲ့ သာမန်အွန်လိုင်းသရုပ်ဆောင်
တစ်ဉီးကြောင့် ပျက်ဆီးတော့မယ်... သူမ ဒီနေရာကို ဘယ်လိုရခဲ့သလဲဆိုတာ ငါ တကယ်ကြီး သိချင်တယ်!


ဝက်ပေါက်လေးက ပက်ပါကို ကြိုက်တယ်: သေချာတယ်.. သူ(မ) တစ်ယောက်ယောက်နဲ့အိပ်ပြီး ဒီဇာတ်ကောင်နေရာကို ရခဲ့တာပဲ ဖြစ်ရမယ်.. အရင်တုန်းက ဒါရိုက်တာကျိုက သူရဲ့ နှလုံးသားထဲကဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်မယ်လို့ ပြောခဲ့ဖူးတယ်.. သူ့ရဲ့အလုပ်တွေ တစ်ခုချင်းစီမှာလည်း အကောင်းဆုံး ရိုက်ကူးခဲ့တယ်.. အခုတော့ သူလည်း သရုပ်ဆောင်လောကရဲ့ လျို့ဝှက်ဖုံးကွယ်နည်းလမ်းတွေကို လက်ခံလိုက်ပြီထင်ပါ့ရဲ့။


ဝမ်းနည်းတယ် စိတ်ရှုပ်တယ်: 'Pamper After Marriage'က သူမရဲ့ သရုပ်ဆောင်ပုံတွေကို ကြည့်ကြစမ်းပါ.. ငါ့မျက်လုံးတွေကို ပြာကျသွားစေတယ်.. ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို မပြောနဲ့ဉီး.. ဒါရိုက်တာကျုံက သူမလိုလူမျိုးကို သူ့အလုပ်ထဲမှာ အသုံးပြုရဲတယ်..'ရှင်သန်လာသော နန်းတော်'ကတော့ သေချာပေါက် ပုပ်သိုးသွားတော့မှာပဲကွာ.. ငါတော့ ဒီဒရာမာကို မကြည့်တော့ဘူး


အိုးမိုင်ဂေါ့:ငါလည်း မကြည့်တော့ဘူး+1


မိုးရွာနေတယ်:ငါရောပဲ+10086


ရှက်တတ်တယ်:+ID


တရားနတ်သမီး: သရုပ်ဆောင်ရွေးသူတွေနဲ့ ဒါရိုက်တာကျုံကို သရုပ်ဆောင်တွေ ရွေးစဉ် သတိရှိဖို့ အကြံပြုချင်ပါတယ်.. အငယ်အနှောင်းတစ်ဉီးဖြစ်နေခဲ့တဲ့ စုယာယာလူမျိုးအတွက် သူမကို သရုပ်ဆောင်ခွင့်ပြုလိုက်ခြင်းက ဇာတ်လမ်းဇာတ်ညွှန်းကို အမည်းစက်ထင်စေလိမ့်မယ်.. စုယာယာကို ဒုတိယအမျိုးသမီးဇာတ်လိုက်အဖြစ် သရုပ်ဆောင်ဖို့ ကျွန်မကတော့ ငြင်းပယ်ပါတယ်..


ခရာ: သူမက မယားငယ်မပဲ!! သူမကိုယ်တိုင် သူမနဲ့ ချန်ကုမ္ပဏီရဲ့ ဉက္ကဌတို့ရဲ့ သတင်းတွေကို လွှင့်ခဲ့ပြီး သူတို့ကြား ကောလဟာလတစ်ခု လုပ်သေးတယ်*Picture* နောက်ပြီး အခြားယောက်ျားတစ်ယောက်နဲ့ ဒိတ်လုပ်ခဲ့သေးတယ် *Picture* မိန်းမပျက်လိုပဲ... သူမကို ဒီဖျော်ဖြေရေးလောကကနေ ကန်ထုတ်ပစ်သင့်တယ်


မမြင်နိုင်သော ပျော်ရွင်မှု:#စုယာယာကို ဖျော်ဖြေရေးလောကမှ ကန်ထုတ်


အချစ်: စုယာယာကို ဖျော်ဖြေရေးလောကမှ ကန်ထုတ်.. ငါတော့ ဒီဒရာမာကို မကြည့်ချင်တော့ဘူး!


*** *** ***


တီဗီဇာတ်လမ်းတွဲ၏တရားဝင် Weibo အောက်မှာ အင်တာနက်Water Armyအရူးတွေကတော့ စုယာယာကို သိက္ခာချနေတော့သည်။ ဖန်တွေဆီမှ အမျိုးသမီးဇာတ်လိုက် ချန်ယန်နှင့် အမျိုးသားဇာတ်လိုက် ရှုချောင်ရန်တို့ရဲ့ ကောမန့်တွေကိုတော့ ဖုံးလွှမ်းသွားစေတော့သည်။ ရှေ့စာမျက်နှာတစ်ခုလုံး စုယာယာက ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို မထိုက်တန်ကြောင်းနဲ့ သူမကို ဖျော်ဖြေရေးလောကမှ ထုတ်ပယ်စေဖို့ လိုလားကြောင်းတွေချည်းပင်။ ဂုဏ်သိက္ခာကျဆင်းစေသေုာ ပုံတွေ များစွာရောပေါ့။


တရားဝင်Weiboအောက်မှာ စုယာယာကို ဝေဖန်ဆဲဆိုကြသည့်အပြင် ဒီ ပရိုကျလှသော Water Armyသမားတွေနဲ့ များစွာသော အခြားသူတွေက စုယာယာရဲ့ Weiboကို ရှာတွေ့ခဲ့သည်။ စော်ကားမော်ကား အောက်တန်းကျရိုင်းစိုင်းသော အရာတွေကို ဖော်ပြထားသော ကောမန့်တွေကို ကြည့်ရတာ မျက်စိစပါးမွှေးဆူးစရာပင်။


ထို့အပြင် ထိုအင်တာနက်Water Armyမတော်ကြီးက # စုယာယာကို ဖျော်ဖြေရေးလောကမှ ကန်ထုတ် ဆိုသည့်စကားကို ရှာဖွေမှုအမြင့်ဆုံးတစ်ခုအဖြစ် လုပ်ကြသည်။


စုယာယာက ကျော်ကြားသွားခဲ့ပါသည်။ သို့သော် မကောင်းသော ဆန့်ကျင်အကြောင်းပြချက်တို့အတွက်ပေါ့။ အမှန်တရားကို မသိတဲ့ များစွာသော အသုံးပြုသူတို့က ကောမန့်တွေနဲ့ စုယာယာ၏ သိက္ခာကျစေသောပုံတွေကို မြင်ပြီး အမှန်လို့ ယူဆလိုက်ကြတော့သည်။ သူမအကြောင်း ချီးမွမ်းဖွယ် ဒါမှမဟုတ် အကောင်းမြင်သောအချက်တစ်ခုတစ်လေတောင် မရှိခဲ့ပါ။ ထို့ကြောင့် သူတို့သည် အင်တာနက်Water Armyမတော်ကြီးနောက်လိုက်ပြီး # စုယာယာကို ဖျော်ဖြေရေးလောကမှ ကန်ထုတ် ဆိုတာကို လိုက်လုပ်ကြတော့သည်။


စုယာယာ ဘယ်လောက်လှကြောင်းနဲ့ သူတို့ သူမရဲ့အသွင်အပြင်ကို တိုက်ခိုက်လို့မရမှန်း သိကြတော့ သူတို့က သူမကို ဝေဖန်ဖို့ အခြားနည်းလမ်းတွေကို ရှာခဲ့ကြသည်။ ဉပမာ- သူမက မြေခွေးမတစ်ယောက်လို့ ပြောကြတယ်.. မိန်းမပျက်ဖြစ်ဖို့ မွေးလာတယ် မယားငယ်ဖြစ်ဖို့ မွေးလာတယ်ဆိုပြီး ပြောကြတယ်။


ဖျော်ဖြေရေးလောကသည် ထိုကဲ့သို့ပါပဲ။ ရေသည် အလွန်နက်ရှိုင်းပြီး နာမည်တစ်ခုပင် မပါဘဲ လူတစ်ယောက်ကို ဆွဲချပစ်နိုင်တာထက်ပင် ရိုးရှင်းပါသေး၏။


စုယာယာကို ပုတ်ခတ်နေကြသော အင်တာနက်Water Armyမတော်ကြီးကို မြင်တော့ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သော အန်ယွီထင်တစ်ယောက် ရုတ်တရက် သရော်ပြုံးပြုံးသည်။ ထူးထူးခြားခြား ပျော်ရွင်မှု အငွေ့အသက်တစ်ခု သူမ ခံစားမိသည်။


စုယာယာက ယောက်ျားတွေကို မြူဆွယ်နေတယ်ဆိုတဲ့ ကောမန်ကို ကြည့်နေရင်း သူမရဲ့မျက်လုံးတို့ကို မှေးကျဉ်းကာ သူမ ပုံနှစ်ပုံ တင်ခဲ့သည်။


ပထမတစ်ပုံက စုယာယာနဲ့ ချန်ရှုံချီတို့ ကောလဟာလတစ်ခုထွက်တုန်းက ဖြစ်သည်။ ပုံက အနည်းငယ်ဝါးနေသော်လည်း စုယာယာဆိုတာကိုတော့ ရှင်းရှင်းကြီး မြင်နိုင်သည်။ အမျိုးသားဖြစ်သူရဲ့ ဘေးဘက်မြင်ကွင်းတစ်ခုသာ ပါပြီး ရှေ့ဘက်မြင်ကွင်းမဟုတ်။ ဆိုသော်ငြားလည်း သူ့ရဲ့ပုံရိပ်သည် ချန်ရှုံချီနှင့် အနည်းငယ်တူသည်။


ဒုတိယပုံကတော့ အမျိုးသမီးရော အမျိုးသားရော ရှင်းရှင်းလင်းလင်းမြင်ရသည်။ စုယာယာလို့ ပြောနိုင်သော်လည်း အမျိုးသားဖြစ်သူက သူစိမ်းတစ်ယောက်ပင်။ သူတို့မှာ သူနဲ့ပတ်သတ်တဲ့ သတင်းနည်းနည်းရှိတယ်။ တစ်ယောက်ယောက်က သူ့ကို ယုံရုန်စားသောက်ကုန် ကုမ္ပဏီရဲ့CEO ဝမ်ဝမ့်ဟောက်ဖြစ်ကြောင်း မြန်ဆန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။


ဝမ်ဝမ့်ဟောက်၏ တည်ရှိမှု ပေါ်ပေါက်သွားတဲ့အချိန်ကစလို့ အောက်က ကောမန့်တွေမှာ ပို၍ပင် ရှုပ်ထွေးလာရတော့သည်။ စုယာယာကို ပုတ်ခတ်ကြသော ကောမန့်အမျိုးအစားတွေချည်းပင်။ သူမ ဘယ်လိုကောက်ကျစ်ကြောင်း လူထုအတွက် မခံမရပ်နိုင်စရာဖြစ်ကြောင်း ပြောဆိုနေကြတော့သည်။


နောက်ထပ်ကတော့ ကုမ္ပဏီရဲ့ ဝန်းထမ်းတစ်ဉီးလို့ ပြောလို့ရသည့် လူတစ်ယောက်က မီဒီယာဆီ သတင်းအချက်အလက် ထုတ်ဖော်ခဲ့သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စုယာယာ ယုံရုန်စားသောက်ကုန်ကုမ္ပဏီရဲ့ ယုန်ဖြူချိုချဉ်ကြော်ငြာကို ရိုက်ကူးခဲ့ကြောင်း။ သို့သော် အစက ဒီကြော်ငြာသည် သူမဟာမဟုတ်ကြောင်း။ သူမရဲ့ တည်ရှိမှု, ကျော်ကြားမှုနဲ့ဆိုရင် ဘယ်လိုမှ ဒီကြော်ငြာကို မရနိုင်ကြောင်း။ ဒီကြော်ငြာကို ရဖို့ တစ်စုံတစ်ယောက်နဲ့ အိပ်ခဲ့တာပဲ ဖြစ်နိုင်ကြောင်း။


တစ်ဝက်က အမှန်ဆိုသော်လည်း တစ်ဝက်ကတော့ မဟုတ်။ တစ်စုံတစ်ယောက်က ပုံတစ်ပုံနဲ့ သက်သေပြထားသော စုယာယာက ယုန်ဖြူချိုချဉ် ကြော်ငြာကို ရိုက်ကူးခဲ့တယ်ဆိုတာက မှန်ပါတယ်။ သို့သော်လည်း ဒါကိုရဖို့ ဝမ်ဝမ့်ဟောက်နဲ့ အိပ်ခဲ့တယ်ဆိုတာကတော့ အမှားပင်။ အခုတော့ တကယ် ဟုတ်လားမဟုတ်လားဆိုတာကို ဘယ်သူကမှ ဂရုမစိုက်တော့သော်လည်း...။ သူမသည် ဒီကြော်ငြာကို ရဖို့ သူနဲ့ အိပ်ခဲ့တယ်လို့ လူတိုင်းက ယုံလိုက်ကြတော့သည်။


အလွန်ရိုးရှင်းပါတယ်။ မင်း တစ်ယောက်ယောက်နဲ့ အိပ်ရင် မင်း ကြော်ငြာရမယ်။ မအိပ်ရင် မရဘူးပေါ့။


တုံးပဲ့လိုက်တဲ့လော့ဂျစ်!


ဝန်ထမ်းအဖွဲ့တင်ဆီက သတင်းတွေ ပေါက်ကြားလာပြီးနောက် ဆီပူဒယ်အိုးတစ်လုံးထဲသို့ ကျသွားသော ရေတစ်စက်အလား ပို၍ ပြင်းထန်စွာ ဒယ်အိုးက ဆူပွက်ခဲ့တော့သည်။


သိပ်မကြာလိုက်.. တစ်စုံတစ်ယောက်က သူမသည် စုယာယာနဲ့ ရင်းနှီးသူတစ်ယောက်လို့ မီဒီယာဆီ ဖွင့်ဟလာခဲ့သည်။ သူမက စုယာယာက လူတွေအများကြီးကို ဆော့ကစားခဲ့တယ်လို့ သတင်းမီဒီယာဆီ ပြောတယ်။ သူမရဲ့ကိုယ်ပိုင်ဘဝသည် ပရမ်းပတာရှုပ်ထွေးပွေလီလွန်းတယ်ပေါ့။ သူမ(စုယာယာ)လို နေထိုင်မှုပုံစံမျိုး သူမ လက်မခံနိုင်ကြောင်း-စုယာယာသည် ဒီနေ့မှာ ဒီယောက်ျားနဲ့ရှိနိုင်ပြီး နောက်နေ့မှာ နောက်ယောက်ျားတစ်ဉီးနဲ့ ဖြစ်သွားနိုင်ကြောင်း။ လွန်ခဲ့တဲ့နှစ်ရက်က သူမသည် ခုဖျော်ဖြေရေးလောကမှာ ခုလက်ရှိ နာမည်အကျော်ကြားဆုံး အမျိုးသားထဲက တစ်ယောက်ဖြစ်တဲ့ ယန်ကျွင်ရီနဲ့ ပတ်သတ်ခဲ့ကြောင်း*Picture**Picture*


ပုံတွေထဲက တစ်ပုံသည် Kအုပ်စုရဲ့ စုံတွဲနာရီအတွက် လူရွေးပွဲ သွားရောက်ခဲ့တဲ့ စုယာယာရဲ့ပုံဖြစ်သည်။ ယန်ကျွင်ရီက စုယာယာကို မှတ်မိလိုက်သည့်အချိန် သူတို့နှစ်ဉီး စကားပြောနေရင်း အတူတူရပ်နေကြသည့်အချိန်ပေါ့။


နောက်တစ်ပုံကတော့ သူမ အောင်မြင်စွာ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် လမ်းဘေးမှာ ကားစောင့်နေတဲ့ စုယာယာရဲ့ပုံပင်။ ယန်ကျွင်ရီ၏ အိမ်တော်ထိန်းက မောင်းလာခဲ့ပြီး စုယာယာကို လမ်းကြုံစီးချင်လားလို့ မေးနေခြင်း။ ပုံက စုယာယာသည် ကားထဲမှာ ရှိနေတဲ့ ယန်ကျွင်ရီဆီ ကိုင်းညွှတ်ပြီး စကားပြောရင်း ပြုံးနေတဲ့ စုယာယာကို ပြနေသည်။


ပထမပုံကတော့ စုယာယာသည် ယန်ကျွင်ရီကို သိနေပြီး နှစ်ယောက်သား အတူတူရပ်နေစဉ် စကားစမြည်ပြောနေခြင်းဟု ပြောခြင်းဖြင့် ဖြေရှင်းနိုင်တယ်။ ဝန်ထမ်းတွေလည်း ပါနေသည်ကိုး။ သို့သော် ဒုတိယပုံကတော့ လူတိုင်းရဲ့ အတွေးစိတ်ကူးတွေကို အထိန်းအကွပ်မဲ့ သွေဖယ်သွားစေနိုင်တယ်။ စုယာယာက ရည်ရွယ်ချက်ရှိရှိဖြင့် ယန်ကျွင်ရီရဲ့ကားကို ရပ်စေပြီး သူမကားထဲဝင်နိုင်ဖို့ သူ့ကို ဖားယားဖို့ ကြိုးစားနေတယ်လို့ ထင်ရစေတယ်။


ယန်ကျွင်ရီသည် လက်ရှိ နာမည်အကျော်ကြားဆုံးတောက်ပနေသော ကြယ်လေးတွေထဲက တစ်ပွင့်။ သူသည် ဖျော်ဖြေရေးလောကမှာ အမြဲ သူ့ရဲ့ကောင်းမွန်သောပုံရိပ်ကို ထိန်းသိမ်းထားတယ်။ သူ့နဲ့ ပတ်သတ်၍ မည်သည့် အတင်း မည်သည့်ကောလဟာလမှ မရှိခဲ့ဖူးပေ။ ထို့ကြောင့်ပင် သူမှာ အမျိုးသမီးဖန်တွေ မြောက်မြားစွာရှိလေသည်။


သတင်းတွေမှ ယန်ကျွင်ရီပါလာသည်နှင့် ထောင်နှင့်ချီသော ဖန်တွေက စုယာယာကို ဆဲကြဖို့ "မိုးမခတံတိုင်းနန်းတော်၏ ပြိုလဲကျဆုံးခြင်း" ဇာတ်လမ်းတွဲရဲ့ တရားဝင်အကောင့်ဆီ သွားသည်။ သူတို့က သူမကို ထုတ်ပယ်ပေးဖို့ အပြင်းအထန် တောင်းဆိုကြသည်။ မဟုတ်ရင် သူတို့ ဆက်မကြည့်ကြတော့ဘူးဆိုပြီးတော့ပေါ့။


သူမကို ဆဲဖို့ စုယာယာရဲ့ Weiboဆီ ရောက်လာကြတဲ့ နောက်ထပ်ဖန်လှိုင်းတစ်ခုလည်း ရှိသေးသည်။ သူတို့က သူမကို ရှုထောင့်အမျိုးမျိုးမှ တိုက်ခိုက်ကြတော့သည်။ ကောမန့်တွေကို ကြည့်တောင် မကြည့်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ ဖန်တွေက စုယာယာရဲ့ Weibo အောက်မှာ မက်ဆေ့ချ်ပေါင်း ထောင်ချီ ရေးထားခဲ့ကြပြီးပြီ။


ပထမဆုံးအကြိမ် စုယာယာရဲ့ ခြောက်ကပ်ပြီး အေးစက်သောWeiboမှာ ဆူညံသံတွေ စိတ်လှုပ်ရှားတွေနှင့် ပြည့်လျှံလို့နေတော့သည်။


ထိုသတင်းတွေအား ပြန်လည်တုံ့ပြန်သည့် ပထမဆုံးသူကတော့ "မိုးမခတံတိုင်းနန်းတော်၏ ပြိုလဲကျဆုံးခြင်း" ဇာတ်လမ်းတွဲ၏ စီစဉ်ကြီးကြပ်သူဖြစ်၏။ ကောမန့်တွေ၏ ဉီးတည်ရာသည် လမ်းမှားဘက်ကို ဉီးတည်နေသည်ကို သတိပြုမိသည်နှင့် ချက်ချင်း အကြီးအကဲဆီ သတင်းပို့သည်။


ဒါရိုက်တာ ကျုံတုန်ကွမ်သည် သတင်းတွေကို ကြားသောအခါ အလွန်းအမင်း စိတ်ဆိုးဒေါသထွက်နေခဲ့၏။ သူသည် အစကတည်းက စုယာယာကို မကြိုက်ခဲ့။ အကြောင်းရင်းကတော့ ရင်းနှီးမြှုပ်နှံသူတစ်ဉီးကြောင့် သူမ ဒီနေရာကို ရခဲ့တယ်လို့ သူခံစားရတဲ့အတွက်ကြောင့်ပင်။ သူ အရင်က သူမကို မမြင်ဖူးပေ။ ဒါတောင် သူမက သူ့ရဲ့ရုပ်ရှင်မှာ ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို ရခဲ့တယ်။ သူ့ရဲ့အလုပ်ကို စော်ကားလိုက်ခြင်းပါပေ။ ရန်ပုံငွေမလုံလောက်တာကြောင့်သာ မဟုတ်ရင် သူ သူမလိုလူများကို လုံးဝ လက်ခံလိမ့်မည်မဟုတ်။


"ငါက ဒီလိုလူစားမျိုးကို ဘာလို့ သုံးနေရမှာလဲ?ငါ့အလုပ်ကို ပျက်စီးစေဖို့လား? အား...ငါ တကယ် သူမကို ကန်ထုတ်ပစ်ချင်တယ်! အဲဒီအမှိုက်သရိုက်က ဘယ်ကနေ ရောက်လာခဲ့တာတုန်း?!


ဒါရိုက်တာကျုံတုန်ကွမ်၏ မျက်နှာသည် သူမကို ဆဲရေးနေတာကြောင့် မဲမှောင်နေသည်။ သူသည် စုယာယာကို သေလောက်အောင် မကျေမချမ်းဖြစ်နေတော့သည်။


ထုတ်လုပ်သူ ယွီဟွိန်ခမျာ ရင်ထဲ မီးတောက်နေရှာသည်။ သို့သော် သူ မဖွင့်ဟနိုင်ရှာ။ သူသည် ကျုံတုန်ကွမ်ထက် ပိုထိန်းထားနိုင်ခဲ့သည်။ သူ၏ ဒေါသကို ထိန်းချုပ်ထားရင်း ဒါရိုက်တာ ကျုံတုန်ကွမ်ကို ဖြေသိမ့်ရသည်။


"ကျွန်တော် ရှောင်ရှီအင်တာတိန်းမန့်ရဲ့ ဉက္ကဌရှောင်ကို ဖုန်းဆက်ပြီး ဒီကိစ္စကို စကားပြောလိုက်ပါ့မယ်"


ယွီဟွိန့်က အပြင်ထွက်ပြီး ဉက္ကဌရှောင်ကို ဖုန်းဆက်ပြီး သူ စုယာယာရဲ့ ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို ဖယ်ရှားပြီး အစားထိုးချင်ကြောင်း ပြောသည်။ ဉက္ကဌရှောင် ကြားစဉ်မှာတော့ ရယ်ရင်း ပြောသည်။


"ယွီဟွိန်, မင်း စုယာယာကို ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကိုနေ ထုတ်ချင်ရင်တောင်မှ ငါတို့ ဘယ်သူမှ ဆုံးဖြတ်ချက် မချနိုင်ဘူး"


"သူမကို မထုတ်ပယ်ရင် ဒီဇာတ်လမ်းတွဲက ပျက်ဆီးသွားလိမ့်မယ်"


ယွီဟွိန် အလောတကြီး စိတ်မရှည်စွာ ပြောသည်။


ဉက္ကဌရှောင်သည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောသည်။


"ငါ သူတို့ကို အကြောင်းကြားလိုက်ပါဉီးမယ်"


ပြောပြီးသည့်နောက် ဖုန်းဆက်သွားသည်။


ချန်အုပ်စုဌာနချုပ်မှာတော့ လက်ထောက်ချန်သည် ရုံးခန်းထဲသို့ အခေါ်ခံရပြီး ချန်ရှုံချီဆီမှ အဆူခံနေရရှာသည်။


"အန်ယွီထင် ဒီကို တက်ခွင့်ပြုဖို့ မင်းကို ဘယ်သူပြောလဲ?"


#စိတ်တွေလေနေတယ်ကွယ်..
#ကောမန့်လေးတွေPlease! မင်းတို့ရဲ့ ကာကာ motiလိုအပ်နေပြီ
#CaCa😓


Zawgyi


ေမွ်ာ္တဲ့သူေလးမ်ား ရွိေသးရဲ႕လား🥺


အခန္း(၅၄)Water Army-1


စုယာယာႏွင့္ ခ်န္ရႈံခ်ီတို႔ တစ္ေယာက္ကို
တစ္ေယာက္ ခ်စ္ခင္ၾကင္နာေနၾကစဥ္
'ရွင္သန္လာေသာ နန္းေတာ္'ရဲ႕ Weibo ေအာက္မွာေတာ့ မ်ားစြာေသာ အင္တာနက္Water Armyေတြ ေရာက္ေနၾကၿပီ။ သူတို႔အားလုံးသည္ ရည္႐ြယ္ခ်က္တစ္ခုႏွင့္သာ ဒီကို ေရာက္ေနၾကျခင္း-စုယာယာကို ဖ်က္ဆီးပစ္ဖို႔။
သူတို႔က စုယာယာအေၾကာင္း သိကၡာက်စရာေကာမန႔္ေတြ အေျမာက္အျမား ေရးၾကသည္။
ဉပမာ- သူမက လူေတြနဲ႕ အိပ္ျခင္းအားျဖင့္ သူမရဲ႕ဇာတ္ေကာင္ေနရာေတြကို ရခဲ့တဲ့ သာမန္
အြန္လိုင္းသ႐ုပ္ေဆာင္ေလးတစ္ေယာက္လို႔ ေျပာကာ သူမကို ေဝဖန္ပုတ္ခတ္ၾကသည္။
သူမကို ႐ုပ္ရွင္ေလာကမွာ မျမင္ဖူးေပ။ ဒါေတာင္ သူမက ဒီဇာတ္လမ္းတြဲမွာ ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ေနရာကို ယူနိုင္ခဲ့တယ္။ အတြင္းဇာတ္လမ္းတစ္ခုေတာ့ ရွိကိုရွိရမယ္။
မရွိဘူးဆိုတာကို သူတို႔ မယုံဘူး!


က်ီးနက္ႀကီး: ငါ့အႀကိဳက္ဆုံးဇာတ္ေကာင္,.  အင္ပါယာကိုယ္လုပ္ေတာ္ရႈ, ေလးေတာ့ ဘာမွ
မေကာင္းတဲ့ သာမန္အြန္လိုင္းသ႐ုပ္ေဆာင္
တစ္ဉီးေၾကာင့္ ပ်က္ဆီးေတာ့မယ္... သူမ ဒီေနရာကို ဘယ္လိုရခဲ့သလဲဆိုတာ ငါ တကယ္ႀကီး သိခ်င္တယ္!


ဝက္ေပါက္ေလးက ပက္ပါကို ႀကိဳက္တယ္: ေသခ်ာတယ္.. သူ(မ) တစ္ေယာက္ေယာက္နဲ႕အိပ္ၿပီး ဒီဇာတ္ေကာင္ေနရာကို ရခဲ့တာပဲ ျဖစ္ရမယ္.. အရင္တုန္းက ဒါရိုက္တာက်ိဳက သူရဲ႕ ႏွလုံးသားထဲကျဖင့္ အစြမ္းကုန္ ႀကိဳးစားအားထုတ္မယ္လို႔ ေျပာခဲ့ဖူးတယ္.. သူ႕ရဲ႕အလုပ္ေတြ တစ္ခုခ်င္းစီမွာလည္း အေကာင္းဆုံး ရိုက္ကူးခဲ့တယ္.. အခုေတာ့ သူလည္း သ႐ုပ္ေဆာင္ေလာကရဲ႕ လ်ိဳ႕ဝွက္ဖုံးကြယ္နည္းလမ္းေတြကို လက္ခံလိုက္ၿပီထင္ပါ့ရဲ႕။


ဝမ္းနည္းတယ္ စိတ္ရႈပ္တယ္: 'Pamper After Marriage'က သူမရဲ႕ သ႐ုပ္ေဆာင္ပုံေတြကို ၾကည့္ၾကစမ္းပါ.. ငါ့မ်က္လုံးေတြကို ျပာက်သြားေစတယ္.. ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ေနရာကို မေျပာနဲ႕ဉီး.. ဒါရိုက္တာက်ဳံက သူမလိုလူမ်ိဳးကို သူ႕အလုပ္ထဲမွာ အသုံးျပဳရဲတယ္..'ရွင္သန္လာေသာ နန္းေတာ္'ကေတာ့ ေသခ်ာေပါက္ ပုပ္သိုးသြားေတာ့မွာပဲကြာ.. ငါေတာ့ ဒီဒရာမာကို မၾကည့္ေတာ့ဘူး


အိုးမိုင္ေဂါ့:ငါလည္း မၾကည့္ေတာ့ဘူး+1


မိုး႐ြာေနတယ္:ငါေရာပဲ+10086


ရွက္တတ္တယ္:+ID


တရားနတ္သမီး: သ႐ုပ္ေဆာင္ေ႐ြးသူေတြနဲ႕ ဒါရိုက္တာက်ဳံကို သ႐ုပ္ေဆာင္ေတြ ေ႐ြးစဥ္ သတိရွိဖို႔ အႀကံျပဳခ်င္ပါတယ္.. အငယ္အႏွောင္းတစ္ဉီးျဖစ္ေနခဲ့တဲ့ စုယာယာလူမ်ိဳးအတြက္ သူမကို သ႐ုပ္ေဆာင္ခြင့္ျပဳလိုက္ျခင္းက ဇာတ္လမ္းဇာတ္ၫႊန္းကို အမည္းစက္ထင္ေစလိမ့္မယ္.. စုယာယာကို ဒုတိယအမ်ိဳးသမီးဇာတ္လိုက္အျဖစ္ သ႐ုပ္ေဆာင္ဖို႔ ကြၽန္မကေတာ့ ျငင္းပယ္ပါတယ္..


ခရာ: သူမက မယားငယ္မပဲ!! သူမကိုယ္တိုင္ သူမနဲ႕ ခ်န္ကုမၸဏီရဲ႕ ဉကၠဌတို႔ရဲ႕ သတင္းေတြကို လႊင့္ခဲ့ၿပီး သူတို႔ၾကား ေကာလဟာလတစ္ခု လုပ္ေသးတယ္*Picture* ေနာက္ၿပီး အျခားေယာက္်ားတစ္ေယာက္နဲ႕ ဒိတ္လုပ္ခဲ့ေသးတယ္ *Picture* မိန္းမပ်က္လိုပဲ... သူမကို ဒီေဖ်ာ္ေျဖေရးေလာကကေန ကန္ထုတ္ပစ္သင့္တယ္


မျမင္နိုင္ေသာ ေပ်ာ္႐ြင္မႈ:#စုယာယာကို ေဖ်ာ္ေျဖေရးေလာကမွ ကန္ထုတ္


အခ်စ္: စုယာယာကို ေဖ်ာ္ေျဖေရးေလာကမွ ကန္ထုတ္.. ငါေတာ့ ဒီဒရာမာကို မၾကည့္ခ်င္ေတာ့ဘူး!


*** *** ***


တီဗီဇာတ္လမ္းတြဲ၏တရားဝင္ Weibo ေအာက္မွာ အင္တာနက္Water Armyအ႐ူးေတြကေတာ့ စုယာယာကို သိကၡာခ်ေနေတာ့သည္။ ဖန္ေတြဆီမွ အမ်ိဳးသမီးဇာတ္လိုက္ ခ်န္ယန္ႏွင့္ အမ်ိဳးသားဇာတ္လိုက္ ရႈေခ်ာင္ရန္တို႔ရဲ႕ ေကာမန႔္ေတြကိုေတာ့ ဖုံးလႊမ္းသြားေစေတာ့သည္။ ေရွ႕စာမ်က္ႏွာတစ္ခုလုံး စုယာယာက ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ေနရာကို မထိုက္တန္ေၾကာင္းနဲ႕ သူမကို ေဖ်ာ္ေျဖေရးေလာကမွ ထုတ္ပယ္ေစဖို႔ လိုလားေၾကာင္းေတြခ်ည္းပင္။ ဂုဏ္သိကၡာက်ဆင္းေစေသုာ ပုံေတြ မ်ားစြာေရာေပါ့။


တရားဝင္Weiboေအာက္မွာ စုယာယာကို ေဝဖန္ဆဲဆိုၾကသည့္အျပင္ ဒီ ပရိုက်လွေသာ Water Armyသမားေတြနဲ႕ မ်ားစြာေသာ အျခားသူေတြက စုယာယာရဲ႕ Weiboကို ရွာေတြ႕ခဲ့သည္။ ေစာ္ကားေမာ္ကား ေအာက္တန္းက်ရိဳင္းစိုင္းေသာ အရာေတြကို ေဖာ္ျပထားေသာ ေကာမန႔္ေတြကို ၾကည့္ရတာ မ်က္စိစပါးေမႊးဆူးစရာပင္။


ထို႔အျပင္ ထိုအင္တာနက္Water Armyမေတာ္ႀကီးက # စုယာယာကို ေဖ်ာ္ေျဖေရးေလာကမွ ကန္ထုတ္ ဆိုသည့္စကားကို ရွာေဖြမႈအျမင့္ဆုံးတစ္ခုအျဖစ္ လုပ္ၾကသည္။


စုယာယာက ေက်ာ္ၾကားသြားခဲ့ပါသည္။ သို႔ေသာ္ မေကာင္းေသာ ဆန႔္က်င္အေၾကာင္းျပခ်က္တို႔အတြက္ေပါ့။ အမွန္တရားကို မသိတဲ့ မ်ားစြာေသာ အသုံးျပဳသူတို႔က ေကာမန႔္ေတြနဲ႕ စုယာယာ၏ သိကၡာက်ေစေသာပုံေတြကို ျမင္ၿပီး အမွန္လို႔ ယူဆလိုက္ၾကေတာ့သည္။ သူမအေၾကာင္း ခ်ီးမြမ္းဖြယ္ ဒါမွမဟုတ္ အေကာင္းျမင္ေသာအခ်က္တစ္ခုတစ္ေလေတာင္ မရွိခဲ့ပါ။ ထို႔ေၾကာင့္ သူတို႔သည္ အင္တာနက္Water Armyမေတာ္ႀကီးေနာက္လိုက္ၿပီး # စုယာယာကို ေဖ်ာ္ေျဖေရးေလာကမွ ကန္ထုတ္ ဆိုတာကို လိုက္လုပ္ၾကေတာ့သည္။


စုယာယာ ဘယ္ေလာက္လွေၾကာင္းနဲ႕ သူတို႔ သူမရဲ႕အသြင္အျပင္ကို တိုက္ခိုက္လို႔မရမွန္း သိၾကေတာ့ သူတို႔က သူမကို ေဝဖန္ဖို႔ အျခားနည္းလမ္းေတြကို ရွာခဲ့ၾကသည္။ ဉပမာ- သူမက ေျမေခြးမတစ္ေယာက္လို႔ ေျပာၾကတယ္.. မိန္းမပ်က္ျဖစ္ဖို႔ ေမြးလာတယ္ မယားငယ္ျဖစ္ဖို႔ ေမြးလာတယ္ဆိုၿပီး ေျပာၾကတယ္။


ေဖ်ာ္ေျဖေရးေလာကသည္ ထိုကဲ့သို႔ပါပဲ။ ေရသည္ အလြန္နက္ရွိုင္းၿပီး နာမည္တစ္ခုပင္ မပါဘဲ လူတစ္ေယာက္ကို ဆြဲခ်ပစ္နိုင္တာထက္ပင္ ရိုးရွင္းပါေသး၏။


စုယာယာကို ပုတ္ခတ္ေနၾကေသာ အင္တာနက္Water Armyမေတာ္ႀကီးကို ျမင္ေတာ့ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့ေသာ အန္ယြီထင္တစ္ေယာက္ ႐ုတ္တရက္ သေရာ္ၿပဳံးၿပဳံးသည္။ ထူးထူးျခားျခား ေပ်ာ္႐ြင္မႈ အေငြ႕အသက္တစ္ခု သူမ ခံစားမိသည္။


စုယာယာက ေယာက္်ားေတြကို ျမဴဆြယ္ေနတယ္ဆိုတဲ့ ေကာမန္ကို ၾကည့္ေနရင္း သူမရဲ႕မ်က္လုံးတို႔ကို ေမွးက်ဥ္းကာ သူမ ပုံႏွစ္ပုံ တင္ခဲ့သည္။


ပထမတစ္ပုံက စုယာယာနဲ႕ ခ်န္ရႈံခ်ီတို႔ ေကာလဟာလတစ္ခုထြက္တုန္းက ျဖစ္သည္။ ပုံက အနည္းငယ္ဝါးေနေသာ္လည္း စုယာယာဆိုတာကိုေတာ့ ရွင္းရွင္းႀကီး ျမင္နိုင္သည္။ အမ်ိဳးသားျဖစ္သူရဲ႕ ေဘးဘက္ျမင္ကြင္းတစ္ခုသာ ပါၿပီး ေရွ႕ဘက္ျမင္ကြင္းမဟုတ္။ ဆိုေသာ္ျငားလည္း သူ႕ရဲ႕ပုံရိပ္သည္ ခ်န္ရႈံခ်ီႏွင့္ အနည္းငယ္တူသည္။


ဒုတိယပုံကေတာ့ အမ်ိဳးသမီးေရာ အမ်ိဳးသားေရာ ရွင္းရွင္းလင္းလင္းျမင္ရသည္။ စုယာယာလို႔ ေျပာနိုင္ေသာ္လည္း အမ်ိဳးသားျဖစ္သူက သူစိမ္းတစ္ေယာက္ပင္။ သူတို႔မွာ သူနဲ႕ပတ္သတ္တဲ့ သတင္းနည္းနည္းရွိတယ္။ တစ္ေယာက္ေယာက္က သူ႕ကို ယုံ႐ုန္စားေသာက္ကုန္ ကုမၸဏီရဲ႕CEO ဝမ္ဝမ့္ေဟာက္ျဖစ္ေၾကာင္း ျမန္ဆန္စြာ ေဖာ္ထုတ္နိုင္ခဲ့သည္။


ဝမ္ဝမ့္ေဟာက္၏ တည္ရွိမႈ ေပၚေပါက္သြားတဲ့အခ်ိန္ကစလို႔ ေအာက္က ေကာမန႔္ေတြမွာ ပို၍ပင္ ရႈပ္ေထြးလာရေတာ့သည္။ စုယာယာကို ပုတ္ခတ္ၾကေသာ ေကာမန႔္အမ်ိဳးအစားေတြခ်ည္းပင္။ သူမ ဘယ္လိုေကာက္က်စ္ေၾကာင္း လူထုအတြက္ မခံမရပ္နိုင္စရာျဖစ္ေၾကာင္း ေျပာဆိုေနၾကေတာ့သည္။


ေနာက္ထပ္ကေတာ့ ကုမၸဏီရဲ႕ ဝန္းထမ္းတစ္ဉီးလို႔ ေျပာလို႔ရသည့္ လူတစ္ေယာက္က မီဒီယာဆီ သတင္းအခ်က္အလက္ ထုတ္ေဖာ္ခဲ့သည္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္က စုယာယာ ယုံ႐ုန္စားေသာက္ကုန္ကုမၸဏီရဲ႕ ယုန္ျဖဴခ်ိဳခ်ဥ္ေၾကာ္ျငာကို ရိုက္ကူးခဲ့ေၾကာင္း။ သို႔ေသာ္ အစက ဒီေၾကာ္ျငာသည္ သူမဟာမဟုတ္ေၾကာင္း။ သူမရဲ႕ တည္ရွိမႈ, ေက်ာ္ၾကားမႈနဲ႕ဆိုရင္ ဘယ္လိုမွ ဒီေၾကာ္ျငာကို မရနိုင္ေၾကာင္း။ ဒီေၾကာ္ျငာကို ရဖို႔ တစ္စုံတစ္ေယာက္နဲ႕ အိပ္ခဲ့တာပဲ ျဖစ္နိုင္ေၾကာင္း။


တစ္ဝက္က အမွန္ဆိုေသာ္လည္း တစ္ဝက္ကေတာ့ မဟုတ္။ တစ္စုံတစ္ေယာက္က ပုံတစ္ပုံနဲ႕ သက္ေသျပထားေသာ စုယာယာက ယုန္ျဖဴခ်ိဳခ်ဥ္ ေၾကာ္ျငာကို ရိုက္ကူးခဲ့တယ္ဆိုတာက မွန္ပါတယ္။ သို႔ေသာ္လည္း ဒါကိုရဖို႔ ဝမ္ဝမ့္ေဟာက္နဲ႕ အိပ္ခဲ့တယ္ဆိုတာကေတာ့ အမွားပင္။ အခုေတာ့ တကယ္ ဟုတ္လားမဟုတ္လားဆိုတာကို ဘယ္သူကမွ ဂ႐ုမစိုက္ေတာ့ေသာ္လည္း...။ သူမသည္ ဒီေၾကာ္ျငာကို ရဖို႔ သူနဲ႕ အိပ္ခဲ့တယ္လို႔ လူတိုင္းက ယုံလိုက္ၾကေတာ့သည္။


အလြန္ရိုးရွင္းပါတယ္။ မင္း တစ္ေယာက္ေယာက္နဲ႕ အိပ္ရင္ မင္း ေၾကာ္ျငာရမယ္။ မအိပ္ရင္ မရဘူးေပါ့။


တုံးပဲ့လိုက္တဲ့ေလာ့ဂ်စ္!


ဝန္ထမ္းအဖြဲ႕တင္ဆီက သတင္းေတြ ေပါက္ၾကားလာၿပီးေနာက္ ဆီပူဒယ္အိုးတစ္လုံးထဲသို႔ က်သြားေသာ ေရတစ္စက္အလား ပို၍ ျပင္းထန္စြာ ဒယ္အိုးက ဆူပြက္ခဲ့ေတာ့သည္။


သိပ္မၾကာလိုက္.. တစ္စုံတစ္ေယာက္က သူမသည္ စုယာယာနဲ႕ ရင္းႏွီးသူတစ္ေယာက္လို႔ မီဒီယာဆီ ဖြင့္ဟလာခဲ့သည္။ သူမက စုယာယာက လူေတြအမ်ားႀကီးကို ေဆာ့ကစားခဲ့တယ္လို႔ သတင္းမီဒီယာဆီ ေျပာတယ္။ သူမရဲ႕ကိုယ္ပိုင္ဘဝသည္ ပရမ္းပတာရႈပ္ေထြးေပြလီလြန္းတယ္ေပါ့။ သူမ(စုယာယာ)လို ေနထိုင္မႈပုံစံမ်ိဳး သူမ လက္မခံနိုင္ေၾကာင္း-စုယာယာသည္ ဒီေန႕မွာ ဒီေယာက္်ားနဲ႕ရွိနိုင္ၿပီး ေနာက္ေန႕မွာ ေနာက္ေယာက္်ားတစ္ဉီးနဲ႕ ျဖစ္သြားနိုင္ေၾကာင္း။ လြန္ခဲ့တဲ့ႏွစ္ရက္က သူမသည္ ခုေဖ်ာ္ေျဖေရးေလာကမွာ ခုလက္ရွိ နာမည္အေက်ာ္ၾကားဆုံး အမ်ိဳးသားထဲက တစ္ေယာက္ျဖစ္တဲ့ ယန္ကြၽင္ရီနဲ႕ ပတ္သတ္ခဲ့ေၾကာင္း*Picture**Picture*


ပုံေတြထဲက တစ္ပုံသည္ Kအုပ္စုရဲ႕ စုံတြဲနာရီအတြက္ လူေ႐ြးပြဲ သြားေရာက္ခဲ့တဲ့ စုယာယာရဲ႕ပုံျဖစ္သည္။ ယန္ကြၽင္ရီက စုယာယာကို မွတ္မိလိုက္သည့္အခ်ိန္ သူတို႔ႏွစ္ဉီး စကားေျပာေနရင္း အတူတူရပ္ေနၾကသည့္အခ်ိန္ေပါ့။


ေနာက္တစ္ပုံကေတာ့ သူမ ေအာင္ျမင္စြာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ လမ္းေဘးမွာ ကားေစာင့္ေနတဲ့ စုယာယာရဲ႕ပုံပင္။ ယန္ကြၽင္ရီ၏ အိမ္ေတာ္ထိန္းက ေမာင္းလာခဲ့ၿပီး စုယာယာကို လမ္းႀကဳံစီးခ်င္လားလို႔ ေမးေနျခင္း။ ပုံက စုယာယာသည္ ကားထဲမွာ ရွိေနတဲ့ ယန္ကြၽင္ရီဆီ ကိုင္းၫႊတ္ၿပီး စကားေျပာရင္း ၿပဳံးေနတဲ့ စုယာယာကို ျပေနသည္။


ပထမပုံကေတာ့ စုယာယာသည္ ယန္ကြၽင္ရီကို သိေနၿပီး ႏွစ္ေယာက္သား အတူတူရပ္ေနစဥ္ စကားစျမည္ေျပာေနျခင္းဟု ေျပာျခင္းျဖင့္ ေျဖရွင္းနိုင္တယ္။ ဝန္ထမ္းေတြလည္း ပါေနသည္ကိုး။ သို႔ေသာ္ ဒုတိယပုံကေတာ့ လူတိုင္းရဲ႕ အေတြးစိတ္ကူးေတြကို အထိန္းအကြပ္မဲ့ ေသြဖယ္သြားေစနိုင္တယ္။ စုယာယာက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ယန္ကြၽင္ရီရဲ႕ကားကို ရပ္ေစၿပီး သူမကားထဲဝင္နိုင္ဖို႔ သူ႕ကို ဖားယားဖို႔ ႀကိဳးစားေနတယ္လို႔ ထင္ရေစတယ္။


ယန္ကြၽင္ရီသည္ လက္ရွိ နာမည္အေက်ာ္ၾကားဆုံးေတာက္ပေနေသာ ၾကယ္ေလးေတြထဲက တစ္ပြင့္။ သူသည္ ေဖ်ာ္ေျဖေရးေလာကမွာ အၿမဲ သူ႕ရဲ႕ေကာင္းမြန္ေသာပုံရိပ္ကို ထိန္းသိမ္းထားတယ္။ သူ႕နဲ႕ ပတ္သတ္၍ မည္သည့္ အတင္း မည္သည့္ေကာလဟာလမွ မရွိခဲ့ဖူးေပ။ ထို႔ေၾကာင့္ပင္ သူမွာ အမ်ိဳးသမီးဖန္ေတြ ေျမာက္ျမားစြာရွိေလသည္။


သတင္းေတြမွ ယန္ကြၽင္ရီပါလာသည္ႏွင့္ ေထာင္ႏွင့္ခ်ီေသာ ဖန္ေတြက စုယာယာကို ဆဲၾကဖို႔ "မိုးမခတံတိုင္းနန္းေတာ္၏ ၿပိဳလဲက်ဆဳံးျခင္း" ဇာတ္လမ္းတြဲရဲ႕ တရားဝင္အေကာင့္ဆီ သြားသည္။ သူတို႔က သူမကို ထုတ္ပယ္ေပးဖို႔ အျပင္းအထန္ ေတာင္းဆိုၾကသည္။ မဟုတ္ရင္ သူတို႔ ဆက္မၾကည့္ၾကေတာ့ဘူးဆိုၿပီးေတာ့ေပါ့။


သူမကို ဆဲဖို႔ စုယာယာရဲ႕ Weiboဆီ ေရာက္လာၾကတဲ့ ေနာက္ထပ္ဖန္လွိုင္းတစ္ခုလည္း ရွိေသးသည္။ သူတို႔က သူမကို ရႈေထာင့္အမ်ိဳးမ်ိဳးမွ တိုက္ခိုက္ၾကေတာ့သည္။ ေကာမန႔္ေတြကို ၾကည့္ေတာင္ မၾကည့္နိုင္ေပ။ မ်က္စိတစ္မွိတ္အတြင္းမွာ ဖန္ေတြက စုယာယာရဲ႕ Weibo ေအာက္မွာ မက္ေဆ့ခ်္ေပါင္း ေထာင္ခ်ီ ေရးထားခဲ့ၾကၿပီးၿပီ။


ပထမဆုံးအႀကိမ္ စုယာယာရဲ႕ ေျခာက္ကပ္ၿပီး ေအးစက္ေသာWeiboမွာ ဆူညံသံေတြ စိတ္လႈပ္ရွားေတြႏွင့္ ျပည့္လွ်ံလို႔ေနေတာ့သည္။


ထိုသတင္းေတြအား ျပန္လည္တုံ႕ျပန္သည့္ ပထမဆုံးသူကေတာ့ "မိုးမခတံတိုင္းနန္းေတာ္၏ ၿပိဳလဲက်ဆဳံးျခင္း" ဇာတ္လမ္းတြဲ၏ စီစဥ္ႀကီးၾကပ္သူျဖစ္၏။ ေကာမန႔္ေတြ၏ ဉီးတည္ရာသည္ လမ္းမွားဘက္ကို ဉီးတည္ေနသည္ကို သတိျပဳမိသည္ႏွင့္ ခ်က္ခ်င္း အႀကီးအကဲဆီ သတင္းပို႔သည္။


ဒါရိုက္တာ က်ဳံတုန္ကြမ္သည္ သတင္းေတြကို ၾကားေသာအခါ အလြန္းအမင္း စိတ္ဆိုးေဒါသထြက္ေနခဲ့၏။ သူသည္ အစကတည္းက စုယာယာကို မႀကိဳက္ခဲ့။ အေၾကာင္းရင္းကေတာ့ ရင္းႏွီးျမႇုပ္ႏွံသူတစ္ဉီးေၾကာင့္ သူမ ဒီေနရာကို ရခဲ့တယ္လို႔ သူခံစားရတဲ့အတြက္ေၾကာင့္ပင္။ သူ အရင္က သူမကို မျမင္ဖူးေပ။ ဒါေတာင္ သူမက သူ႕ရဲ႕႐ုပ္ရွင္မွာ ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ေနရာကို ရခဲ့တယ္။ သူ႕ရဲ႕အလုပ္ကို ေစာ္ကားလိုက္ျခင္းပါေပ။ ရန္ပုံေငြမလုံေလာက္တာေၾကာင့္သာ မဟုတ္ရင္ သူ သူမလိုလူမ်ားကို လုံးဝ လက္ခံလိမ့္မည္မဟုတ္။


"ငါက ဒီလိုလူစားမ်ိဳးကို ဘာလို႔ သုံးေနရမွာလဲ?ငါ့အလုပ္ကို ပ်က္စီးေစဖို႔လား? အား...ငါ တကယ္ သူမကို ကန္ထုတ္ပစ္ခ်င္တယ္! အဲဒီအမွိုက္သရိုက္က ဘယ္ကေန ေရာက္လာခဲ့တာတုန္း?!


ဒါရိုက္တာက်ဳံတုန္ကြမ္၏ မ်က္ႏွာသည္ သူမကို ဆဲေရးေနတာေၾကာင့္ မဲေမွာင္ေနသည္။ သူသည္ စုယာယာကို ေသေလာက္ေအာင္ မေက်မခ်မ္းျဖစ္ေနေတာ့သည္။


ထုတ္လုပ္သူ ယြီဟြိန္ခမ်ာ ရင္ထဲ မီးေတာက္ေနရွာသည္။ သို႔ေသာ္ သူ မဖြင့္ဟနိုင္ရွာ။ သူသည္ က်ဳံတုန္ကြမ္ထက္ ပိုထိန္းထားနိုင္ခဲ့သည္။ သူ၏ ေဒါသကို ထိန္းခ်ဳပ္ထားရင္း ဒါရိုက္တာ က်ဳံတုန္ကြမ္ကို ေျဖသိမ့္ရသည္။


"ကြၽန္ေတာ္ ေရွာင္ရွီအင္တာတိန္းမန႔္ရဲ႕ ဉကၠဌေရွာင္ကို ဖုန္းဆက္ၿပီး ဒီကိစၥကို စကားေျပာလိုက္ပါ့မယ္"


ယြီဟြိန႔္က အျပင္ထြက္ၿပီး ဉကၠဌေရွာင္ကို ဖုန္းဆက္ၿပီး သူ စုယာယာရဲ႕ ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ေနရာကို ဖယ္ရွားၿပီး အစားထိုးခ်င္ေၾကာင္း ေျပာသည္။ ဉကၠဌေရွာင္ ၾကားစဥ္မွာေတာ့ ရယ္ရင္း ေျပာသည္။


"ယြီဟြိန္, မင္း စုယာယာကို ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ေနရာကိုေန ထုတ္ခ်င္ရင္ေတာင္မွ ငါတို႔ ဘယ္သူမွ ဆုံးျဖတ္ခ်က္ မခ်နိဳင္ဘူး"


"သူမကို မထုတ္ပယ္ရင္ ဒီဇာတ္လမ္းတြဲက ပ်က္ဆီးသြားလိမ့္မယ္"


ယြီဟြိန္ အေလာတႀကီး စိတ္မရွည္စြာ ေျပာသည္။


ဉကၠဌေရွာင္သည္ ခဏေလာက္ တိတ္ဆိတ္သြားၿပီးမွ ေျပာသည္။


"ငါ သူတို႔ကို အေၾကာင္းၾကားလိုက္ပါဉီးမယ္"


ေျပာၿပီးသည့္ေနာက္ ဖုန္းဆက္သြားသည္။


ခ်န္အုပ္စုဌာနခ်ဳပ္မွာေတာ့ လက္ေထာက္ခ်န္သည္ ႐ုံးခန္းထဲသို႔ အေခၚခံရၿပီး ခ်န္ရႈံခ်ီဆီမွ အဆူခံေနရရွာသည္။


"အန္ယြီထင္ ဒီကို တက္ခြင့္ျပဳဖို႔ မင္းကို ဘယ္သူေျပာလဲ?"


#စိတ္ေတြေလေနတယ္ကြယ္..
#ေကာမန့္ေလးေတြPlease! မင္းတို႔ရဲ႕ ကာကာ motiလိုအပ္ေနၿပီ
#CaCa😓

Comment