Chapter 141 (Uni&Zawgyi)

Unicode

အခန်း(၁၄၁)နက်ရှိုင်းသောအချစ်-၂

"ဒါပေမယ့် ပစ္စည်းကို အရင်စမ်းသုံးကြည့်ဉီးမယ်"

"ရတာပေါ့.. ငါသူတို့ကို ပြောလိုက်မယ်"

ကျုံဖိန်ယွင်က ပြန်ပြောလာခဲ့သည်။

ထိုကဲ့သို့ဖြင့် ကုမ္ပဏီကို ဆက်သွယ်ပြီးနောက် မြန်မြန် ဆန်ဆန်ပင် ကျုံဖိန်ယွင်သည် ပြန်စာကို ရရှိခဲ့၏။ စုယာယာ ထုတ်ကုန်ပစ္စည်းကို စမ်းသုံးကြည့်ဖို့ရာ လုံးဝကို ရရှိနိုင်တာကြောင့် သူတို့က သူမကို နမူနာset တစ်ခု ပို့ပေး လိုက်သည်။

စုယာယာ အရင်က ဒီ Skincare Brandကို တစ်ခါမှအသုံး မပြုဖူးတာကြောင့် အိမ်ကို ယူလာခဲ့ပြီး ရက်အနည်းငယ်ခန့် စမ်းသုံးကြည့်ခဲ့သည်။ အဆင်ပြေတယ်လို့ ခံစားရပြီး အစိုဓာတ် အာနိသင်တွေကလည်း အတော်အသင့်လုံလောက်သည်။ ထို့ကြောင့် သူမ ကျုံဖိန်ယွင်ထံ တုံ့ပြန်ချက် ပြန်ပို့ပေးခဲ့သည်။

နောက်တစ်နေ့မှာတော့ စုယာယာနှင့်ကျုံဖိန်ယွင်တို့ ကြော်ငြာစာချုပ်မှာ လက်မှတ်ထိုးဖို့ရာ သွားခဲ့ကြသည်။ ထို့နောက် သူတို့ ရိုက်ကွင်းအကြောင်း စီစဉ်ခဲ့ကြ၏။

*** *** ***

ခပ်မြန်မြန်ပင် 'အလှလေးနှင့်လျှာကဝေ'ရဲ့အပိုင်းအသစ် ရိုက်ကူးချိန် ရောက်ရှိလာခဲ့တော့သည်။ စုယာယာသည် သူမရဲ့ လက်ထောက်သွမ့်ရှောင်ယွီနဲ့အတူ ရောက်ရှိသွားသောအခါမှာ တော့ Host ပြောင်းလဲသွားပြီဆိုတာကို သိလိုက်ရသည်။ အစ်မဟွေ့သည် ဒီမှာ မပါရတော့ချေ။ ထို့အစား ဖုန်မင်ကျန့် ဆိုသည့်မိန်းမငယ်လေးတစ်ဉီး ဖြစ်နေခဲ့သည်။

ဖုန်မင်ကျန့်၏ Hostစကေးလ်သည်လည်း အရမ်း ကောင်းမွန်သလို သူမက ပန်းသီးချန်နယ်မှာ အမြဲလိုလို အစ်မဟွေ့နှင့် ပြိုင်ဖိုက်နေကြဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ အစ်မဟွေ့ကိုယ်စား' အလှလေးနှင့် လျှာကဝေ' မှာ Host လုပ်ရမယ်ဆိုတာကို သိတော့ သေချာပေါက် အပျော်တွေနဲ့ ပြည့်နေတော့တာပေါ့။

ဖြစ်ပုံအကြောင်းကို တိတ်တိတ်ကလေး ခိုးစုံစမ်းထားပြီး ဘာကြောင့် 'အလှလေးနှင့်လျှာကဝေ'အစီအစဉ်မှာ Hostလုပ်ဖို့ သူမကို ကမ်းလှမ်းလာရသလဲဆိုတာကို သိထား သည်။ အစ်မဟွေ့ကို ဒီလိုကန်းရအောင် ဘယ်သူကများ ပြောခဲ့လို့လဲ? သူမက မထိသင့်တဲ့တစ်စုံတစ်ယောက်ကို သွားထိမိတာကိုး!

ထို့ကြောင့် ဖုန်မင်ကျန့်သည် စုယာယာကို မြင်သောအခါ စုယာယာအား ဘယ်သောအခါမှ ကြည့်ရဆိုးအောင်မလုပ် တော့ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ဘာပဲပြောပြော သူမမေးမြန်းရမည့်မေးခွန်းတွေ အားလုံးကိုလည်း ကြိုတင် ပြင်ဆင်ထားတာဆိုတော့ ရိုက်ကူးနေစဉ်အတောအတွင်းမှာ သူတို့နှစ်ယောက် ပြောစရာမလိုအောင် အလိုလိုနားလည်မှုရှိ နေအောင်လို့ ရိုက်ကူးရေးမစခင် စုယာယာနှင့်သူမ တက်ကြွစွာ ပြောဆိုဆက်ဆံလို့နေလိုက်သည်။ သူမသည် ဘယ်တော့မှ အစ်မဟွေ့လို တုံးအအ,လုပ်လိမ့်မည်မဟုတ်။ Ratings တက်ဖို့လေးအတွက်နှင့် စုယာယာကို တမင်တကာ ဆိုးရွားတဲ့အရာတွေ မေးခွန်းထုတ်ခြင်းမျိုး။

ပရိုဂရမ်အတွက် ရိုက်ကူးရေးတစ်ခုလုံး ကြားထဲမှာ နှောင့်နှေးကြန့်ကြာမှုလေးတစ်ခုပင် မရှိအောင် ချောချော မွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။ စုယာယာသည်လည်း ထို့အတွက် ကြောင့် အလွန်ပျော်နေမိသည်။ သူမ မေးခွန်းအားလုံးကို ဖြေဆိုခဲ့သလို ဟင်းလျာသုံးပွဲဏလုံးကိုလည်း ချက်ပြုတ်ပြီးစီး ခဲ့ပြီးနောက် အဖွဲ့သားတွေက ဒိုင်လူကြီးများ အကဲဖြတ်ဖို့ရာ ဟင်းပွဲတွေကို ယူသွားပေးခဲ့သည်။ သူမ ချက်ပြုတ်ထားသော ဟင်းပွဲသုံးပွဲစလုံးက အလွန်အရသာရှိကြောင်းကို အားလုံး သဘောတူထောက်ခံခဲ့ကြသည်။ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ အပိုင်းတုန်းကအတိုင်း သူမ လေးမှတ်ရရှိခဲ့သည်။ အကဲဖြတ်လုပ်ငန်းစဉ်မှာ ပါဝင်ရသောပရိသတ်တွေကလည်း သူမကို အမှတ်အမြင့်ဆုံးပေးခဲ့ကြကာ ပြိုင်ပွဲမှာ နောက်တစ်ဖန် အနိုင်ရရှိခဲ့ပြန်သည်။

တကယ်တော့ အရာအားလုံး ပြီးဆုံးပြီးသွားသည့်နောက် မှသာ စုယာယာသည် သူမဒီပြိုင်ပွဲကို ဒီလောက် ချောချောမွေ့မွေ့နှင့် အနိုင်ရရှိခဲ့ခြင်းမှာ ခုလတ်တလော သူမ၏လူသိများကြော်ကြားနေမှုကြောင့် ပရိသတ်တွေက သူမအကြောင်းကို ဂရုစိုက်နေခဲ့ကြပြီး အမှတ်အများကြီး ပေးခဲ့ကြောင်း သဘောပေါက်မိလေသည်!

နောက်အပိုင်းမှာလည်း ပါဝင်တင်ဆက်ခွင့်ရဉီးမည်ဖြစ် တာကြောင့် ပြိုင်ပွဲကို အနိုင်ရရှိခဲ့တာက ကောင်းပါတယ်လေ။ ထိုအကြောင်းကို တွေးမိလိုက်တော့ သူမ စိတ်ပျော်လို့သွား သည်။ အရသာရှိတဲ့အစားအသောက်တွေကို ချက်ပြုတ်ရတာ သူမ နှစ်သက်ပြီး 'အလှလေးနှင့် လျှာကဝေ' မှာ ပါဝင်ရတာကိုလည်း နှစ်သက်လှသည်။

*** *** ***

ချန်ရှုံ့ချီသည် သူ ၅.၂ မီလီယမ်နှင့် လေလံအောင်ခဲ့သော ကတ်ရှ်မီးယားနီလာကျောက်ကို လက်ခံရရှိပြီးဖြစ်သည်။ အရာအားလုံး သူ့အစီအစဉ်အတိုင်း သွားနေခဲ့၏။

ထိုနေ့တွင် သူသည် အတော်ဆုံးလက်ဝတ်ရတနာဒီဇိုင်းနာ ဖြစ်သလို သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းမီရာနှင့် ချိန်းဆိုမှု တစ်ခု ပြုလုပ်ခဲ့သည်။ သူ့အတွက် အကောင်းမွန်ဆုံးစေ့စပ် လက်စွပ်ကို ဒီဇိုင်းဆွဲပေးဖို့ သူမကို တောင်းဆိုခဲ့သည်။

မီရာသည် အခုနဲ့ဆို နှစ် ၂၀ တိုင်အောင် လက်ဝတ်ရတနာ တွေကို ဒီဇိုင်းရေးဆွဲဖန်တီးခဲ့တာဖြစ်ပြီး အတွေ့အကြုံများစွာ ရှိလေသည်။ ပင်လယ်ပြင်ကြီးအလား ပြာတောက်နေသည့် အပြာရောင်ကျောက်မြတ်ကို တွေ့လိုက်ရသောအခါ သူမ၏မျက်ဝန်းအကြည့်တို့က အရောင်လက်သွားခဲ့တော့ သည်။ သူမက ရတနာကျောက်တုံးကို မည်မျှလှကြောင်း ချီးကျူးပြောဆိုနေပြီး ဒါသည် ဒီနှစ်တွေထဲ သူမမြင်ဖူးသမျှ တွေထဲမှာ အလှဆုံးတစ်ခုဖြစ်ကြောင်း ပြောသည်။ သူမသည် သူ့မျှော်မှန်းချက်အတိုင်း သေချာပေါက် ဖြစ်မြောက်အောင် လုပ်ပေးပြီး သူ့အတွက် အလှဆုံးစေ့စပ်လက်စွပ်ကို ဒီဇိုင်းဆွဲပေးဖို့ ပြောသည်။

"အဲဒါဆို ငါ မင်းလက်ထဲကိုပဲ အပ်ထားလိုက်ပြီးနောက်"

ချန်ရှုံ့ချီက သူမကို အလေးအနက်ပြောကြားသည်။

မီရာက သူ့ကို ပြုံးပြပြီး အိုကေသင်္ကေတလုပ်ပြသည်။

'စိတ်မပူပါနဲ့.. ငါ့ကိုပဲ အပ်ထားလိုက်တော့ စိတ်ချ"

"ဟုတ်ပြီ"

ချန်ရှုံ့ချီ၏မျက်နှာချောချောထက်မှာ အပြုံးတစ်ပွင့် ဖြစ်တည်လာတော့သည်။

"ငါမင်းရဲ့ အပြောင်မြောက်ဆုံးလက်ရာကို စောင့်မျှော်နေ မယ်"

မီရာသည် စိတ်ဝိညာဉ်ပျော်မြူးနေဟန် ပေါ်သည့် ချန်ရှုံ့ချီကို သေချာကြည့်နေကာ သူ့မျက်ဝန်းထဲရှိ အချစ် အရောင်လက်လက်တို့ကို သူမ မြင်နေရသည်။ သူမက ပြုံးကာ

"နင်တော့ တကယ်ကြီး သူမကို ချစ်မိသွားတာပဲ!"

ချန်ရှုံ့ချီသည် သူမကို ကြည့်‌နေပြီး ပြန်တော့အဖြေမပြု ပေမယ့် သူ့နှုတ်ခမ်းပေါ်ကအပြုံးကတော့ သူ၏ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်လို့နေသည်။

မီရာသည် သူ့ကိုကြည့်ပြီးပြုံးသည်။

"ငါက ဘယ်တော့မှမမှားဘူး.. မင်းတို့ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"

"အင်း"

ချန်ရှုံ့ချီက အပြုံးနှင့်သာ ပြန်ပြောလာသည်။

ချန်ရှုံ့ချီ မတ်တပ်ထရပ်ပြီး မီရာရဲ့ဒီဇိုင်းစတူဒီယိုမှ သွားတော့မည့်အကြောင်းမပြောခင်အထိ သူတို့နှစ်ဉီး ခဏလောက် စကားစမြည်ပြောနေခဲ့ကြသည်။

ချန်ရှုံ့ချီသည် ဗီလာသို့ အပြန်တစ်လမ်းလုံး ကားမောင်းလာခဲ့ပြီး သူပြန်ရောက်ချိန်မှာတော့ စုယာယာ Mask ကပ်နေဆဲဖြစ်သည်။ သူမရဲ့မျက်နှာတစ်ပြင်လုံးကို အနက်ရောင်ရွံ့စေးmaskတွေ လိမ်းထားပြီး မျက်လုံးနှစ်လုံး ရယ် နှာခေါင်းရယ် ပါးစပ်ရယ်ကိုပဲ ဖော်ထားသည်။ ချဲ့ချဲ့ကားကားအမူအရာတွေ နည်းနိုင်သမျှနည်းအောင် သူမစကားပြောတဲ့အခါ ပါးစပ်ကို အများကြီးလှုပ်လို့ မရလေဘူး။

"အခုချိန်က ညမရောက်သေးလို့ တော်ပါသေးရဲ့"

ချန်ရှုံ့ချီသည် သူမရဲ့အနက်ရောင်မျက်နှာကို မြင်လိုက် ရသောအခါ သူမက ခုလေးတင် မီးသွေးမိုင်းတွင်းထဲမှ တွားသွားထွက်လာသလိုမျိုး ထင်လိုက်မိသည်။ ညကြီးမင်းကြီးမှာသာ ဒီလိုပုံစံနှင့် သူမကို မြင်လိုက်ရပါက သူ သေချာပေါက် ရှော့ရသွားပေလိမ့်မည်။

စုယာယာသည် မျက်နှာကို အများကြီးလှုပ်လို့မရတာ ကြောင့် မျက်ခုံးတွေကိုသာ ပင့်ပြနိုင်သည်။ စိတ်ကတော့ မှုန်ကုတ်ကုတ်။

ချန်ရှုံ့ချီကတော့ သူမကြည့်ရတာ ရီစရာကောင်းတယ် ဟုတွေးကာ မေးသည်။

"မင်းမျက်နှာပေါ်က ဘာကြီးလဲ?"

စုယာယာသည် ပါးစပ်ကို နည်းနည်းလေးဖွင့်ပြီး ဗလုံးဗထွေးနှင့် ပြောလာသည်။

"Deep-sea mud(ပင်လယ်ရွံ့စေး)"

"Deeply love?"

မျက်နှာပေါ်မှာ အပြုံးကြီးကြီးတစ်ခုနှင့် ချန်ရှုံ့ချီက သူမကို ကြည့်နေသည်။ သူက ခေါင်းညိတ်ပြ၏။

"ကိုယ်သိတယ်လေ.. မင်းကိုယ့်ကို ထပ်ပြောစရာမလိုပါဘူး"

စုယာယာက သူ့ကို မျက်လုံးသာ လှိမ့်ပြလိုက်တော့၏။ သူ့လက်မောင်းကို လှမ်းရိုက်ကာ ခပ်အုတ်အုတ်ပြောသည်။

"ဘယ်သူမှ ရှင့်ကို ချစ်မနေဘူး.. ကိုအတ္တရဲ့!"

သူမမျက်လုံးလှိမ့်ပြပုံက အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ ချန်ရှုံ့ချီက ခံစားလိုက်ရပြီး တခစ်ခစ်ရယ်သည်။ သူက သူမကို ကလိထိုးကာ

"ဟမ်, မချစ်ဘူးပေါ့? မချစ်ဘူးပေါ့?"

စုယာယာသည် မျက်နှာပေါ်မှာ ရွံ့စေးmaskကို ကပ်ထားတာကြောင့် အခုချိန်မှာ သူနှင့် မကျီစယ်အားသေး သလို မျက်နှာကိုလည်း သိပ်မလှုပ်ရဲချေ။ လက်တွေ့ကျကျ တုံ့ပြန်လိုက်လို့ ပြုံးလိုက်မိလျှင် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်သွားမှာစိုးမိသည်။

"ချစ်တယ်! ချစ်တယ်! ချစ်တယ်! ရပြီလား?"

သူမအတွက် ဒီလိုတုံ့ပြန်ဖို့က ချန်ရှုံ့ချီကို အမြန်အဆန် အများကြီးစိတ်ကျေနပ်သွားစေလေတယ်။ သူ့လက်တွေကို ပြန်ရုတ်ပြီး သူမကို လွှတ်ပေးလိုက်တော့သည်။

စုယာယာသည် သူ့ကို တစ်ချက်ကြည့်ပြီး မျက်နှာကို ဆေးချဖို့ ရေချိုးခန်းဆီ သွားတော့သည်။ မျက်နှာသစ်ပြီးမှ သူနဲ့စာရင်းရှင်းမယ်!

၁၀ မိနစ်ခန့်ကြာပြီး မျက်နှာသစ်ပြီးနောက် စုယာယာ တစ်ယောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ နောက်ကျောပေးထားလျက် ခြံဝန်းထဲမှာ ပွင့်လန်းနေသောပန်းပင်တွေကို ကြည့်နေကာ ပြတင်းပေါက်မှာ မှီရပ်နေသော ချန်ရှုံ့ချီကို မြင်လိုက်ရသည်။ စုယာယာ ခုန်ဆွခုန်ဆွနှင့် အမြန်ပြေးသွားကာ သူမရဲ့လက်မောင်းနှစ်ဖက်နှင့် သူ့လည်ပင်းကို ညှပ်ထားပြီး နားနားကပ်ကာ အော်တော့သည်။

"ကို ယာယာ့ကို ထပ်ပြီးအနိုင်ကျင့်ရဲသေးလား ဟမ်!"

ချန်ရှုံ့ချီ၏နားထဲမှာ ရုတ်တရက် ထွက်ပေါ်လာသော သူမရဲ့အသံစူးစူးက ဝင်လာပေမယ့် သူ့မျက်နှာပေါ်မှာတော့ မပျော်မရွှင်ဖြစ်နေသည့် အမူအရာတစ်ခုတစ်လေမှ မမြင်ရလေဘူး။ မျက်ခုံးတွေကဆို မြူးထူးနေဟန်တောင် ဖြစ်လို့နေ၏။ သူက ကျောဘက်ကို လက်လှမ်း၍တောင် သူမရဲ့တင်ပါးကို လှမ်းကိုင်လိုက်ပြီး ချိုသာသောအသံ ဩဩရှရှဖြင့် ပြောလေသည်။

"ဂရုစိုက်နော် မလဲစေနဲ့... ချော်လဲလို့ တင်ပါးနာသွားရင် ကိုယ့်တာဝန်မဟုတ်ဘူးနော်!"

"ရှင်ကသာ တင်ပါးကြီး!"

စုယာယာက အပေါ်သွားနဲ့အောက်သွားကို ကြိတ်ပြီး သူ့လည်ပင်းကို ဝါးစားသလို လုပ်ပြသည်။

ချန်ရှုံ့ချီမှာတော့ လန့်သွားတာကြောင့် စုယာယာရဲ့ တင်ပါးပေါ်မှ လက်တွေကို လွှတ်လိုက်တော့မိမတတ်ပင်။ ကံကောင်းစွာနှင့် စုယာယာ၏လက်တွေက သူ့လည်ပင်းကို ညှပ်ထားဆဲဖြစ်တာကြောင့် သူမ လဲကျမသွားခဲ့ပေ။

"မင်းကတော့လေ.. တကယ့် သွားပေါက်စကြောင်ပေါက် လေးလိုပဲ!"

ချန်ရှုံ့ချီက တဟားဟားအော်ရယ်တော့သည်။

စုယာယာက သူ့ကို အတင်းကြီးမကိုက်ခဲ့ချေ။ သူမက သူ့လည်ပင်းကို ကိုက်သယောင်ပြုကာ ပြော၏။

"ယာယာက ကျားမလေးပါနော် အသိသာကြီး!"

ချန်ရှုံ့ချီက အရယ်မသတ်တော့ချေ။

"ဒီနေ့ဒီခေတ်ကြီးမှာ ဘယ်သူတွေကများ သူတို့ကိုယ် သူတို့ ကျားမလို့ ခေါ်တော့လို့တုန်း?"

"ချန်ရှုံ့ချီ!"

စုယာယာက စိတ်ဆိုးမာန်ဆိုးဖြင့် အော်တော့သည်။

"ဟားဟားဟားဟား!"

ချန်ရှုံ့ချီကတော့ ရယ်ကြောမိနေတော့၏။

"ချပေး! အောက်ချပေး!"

စုယာယာ ထိုသူနှင့် မဆော့လိုတော့ပေ။

သို့သော် ချန်ရှုံ့ချီကတော့ နားမထောင်ပါ။ သူက သူမကို အန္တာရာယ်ရှိစွာ မျက်ဝန်းတို့ကို ကျဉ်းမြောင်းကြည့်ကာ ပြောလာတော့သည်။

"မင်းလေးဖာသာမင်း ကိုယ့်အပေါ်ကို ခုန်တက်လာခဲ့တာနော်!"

"......."

"ကိုယ့်ရဲ့ကိုယ်ပိုင်အပြုအမူရဲ့အကျိုးဆက်ကို ကိုယ်တိုင် ရင်ဆိုင်ပါ!"

"Sob Sob..."

စာရေးသူမှာ ပြောစရာရှိပါတယ်:

အရမ်းချိုတယ်မလား? အကျိုးဆက်ကို မင်းတို့ ရင်ဆိုင်ရလိမ့်မယ်!

စာရေးသူ: ဉက္ကဌချန်ကြီး ပစ်ချခံခဲ့ရပြီး ယာယာကို ထွက်ပြေးသွားစေချင်တဲ့ အားလုံးရဲ့ဖိနှိပ်ထားရသော မျှော်လင့်ချက်တွေအရ အားလုံးကျေနပ်စေဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဇာတ်ကြောင်းကို သွားပေးပါ့မယ်..ဒါပါပဲ..။

{T/N: ဒီလရဲ့ပထမဆုံးနေ့ရက်လေးမှာ ဆုမွန်ကောင်းလေး တောင်းပေးချင်ပါတယ်ရှင့်။

အားလုံးပဲ.. ညံ့နေတဲ့အရာတွေ ထွက်သွားပြီး ကောင်းမွန်သောအရာလေးများပဲ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်}

#Aug 1 2022

#CaCa











Zawgyi

အခန္း(၁၄၁)နက္ရွိုင္းေသာအခ်စ္-၂

"ဒါေပမယ့္ ပစၥည္းကို အရင္စမ္းသုံးၾကည့္ဉီးမယ္"

"ရတာေပါ့.. ငါသူတို႔ကို ေျပာလိုက္မယ္"

က်ဳံဖိန္ယြင္က ျပန္ေျပာလာခဲ့သည္။

ထိုကဲ့သို႔ျဖင့္ ကုမၸဏီကို ဆက္သြယ္ၿပီးေနာက္ ျမန္ျမန္ ဆန္ဆန္ပင္ က်ဳံဖိန္ယြင္သည္ ျပန္စာကို ရရွိခဲ့၏။ စုယာယာ ထုတ္ကုန္ပစၥည္းကို စမ္းသုံးၾကည့္ဖို႔ရာ လုံးဝကို ရရွိနိုင္တာေၾကာင့္ သူတို႔က သူမကို နမူနာset တစ္ခု ပို႔ေပး လိုက္သည္။

စုယာယာ အရင္က ဒီ Skincare Brandကို တစ္ခါမွအသုံး မျပဳဖူးတာေၾကာင့္ အိမ္ကို ယူလာခဲ့ၿပီး ရက္အနည္းငယ္ခန႔္ စမ္းသုံးၾကည့္ခဲ့သည္။ အဆင္ေျပတယ္လို႔ ခံစားရၿပီး အစိုဓာတ္ အာနိသင္ေတြကလည္း အေတာ္အသင့္လုံေလာက္သည္။ ထို႔ေၾကာင့္ သူမ က်ဳံဖိန္ယြင္ထံ တုံ႕ျပန္ခ်က္ ျပန္ပို႔ေပးခဲ့သည္။

ေနာက္တစ္ေန႕မွာေတာ့ စုယာယာႏွင့္က်ဳံဖိန္ယြင္တို႔ ေၾကာ္ျငာစာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔ရာ သြားခဲ့ၾကသည္။ ထို႔ေနာက္ သူတို႔ ရိုက္ကြင္းအေၾကာင္း စီစဥ္ခဲ့ၾက၏။

*** *** ***

ခပ္ျမန္ျမန္ပင္ 'အလွေလးႏွင့္လွ်ာကေဝ'ရဲ႕အပိုင္းအသစ္ ရိုက္ကူးခ်ိန္ ေရာက္ရွိလာခဲ့ေတာ့သည္။ စုယာယာသည္ သူမရဲ႕ လက္ေထာက္သြမ့္ေရွာင္ယြီနဲ႕အတူ ေရာက္ရွိသြားေသာအခါမွာ ေတာ့ Host ေျပာင္းလဲသြားၿပီဆိုတာကို သိလိုက္ရသည္။ အစ္မေဟြ႕သည္ ဒီမွာ မပါရေတာ့ေခ်။ ထို႔အစား ဖုန္မင္က်န႔္ ဆိုသည့္မိန္းမငယ္ေလးတစ္ဉီး ျဖစ္ေနခဲ့သည္။

ဖုန္မင္က်န႔္၏ Hostစေကးလ္သည္လည္း အရမ္း ေကာင္းမြန္သလို သူမက ပန္းသီးခ်န္နယ္မွာ အၿမဲလိုလို အစ္မေဟြ႕ႏွင့္ ၿပိဳင္ဖိုက္ေနၾကျဖစ္သည္။ ဒီတစ္ႀကိမ္မွာေတာ့ အစ္မေဟြ႕ကိုယ္စား' အလွေလးႏွင့္ လွ်ာကေဝ' မွာ Host လုပ္ရမယ္ဆိုတာကို သိေတာ့ ေသခ်ာေပါက္ အေပ်ာ္ေတြနဲ႕ ျပည့္ေနေတာ့တာေပါ့။

ျဖစ္ပုံအေၾကာင္းကို တိတ္တိတ္ကေလး ခိုးစုံစမ္းထားၿပီး ဘာေၾကာင့္ 'အလွေလးႏွင့္လွ်ာကေဝ'အစီအစဥ္မွာ Hostလုပ္ဖို႔ သူမကို ကမ္းလွမ္းလာရသလဲဆိုတာကို သိထား သည္။ အစ္မေဟြ႕ကို ဒီလိုကန္းရေအာင္ ဘယ္သူကမ်ား ေျပာခဲ့လို႔လဲ? သူမက မထိသင့္တဲ့တစ္စုံတစ္ေယာက္ကို သြားထိမိတာကိုး!

ထို႔ေၾကာင့္ ဖုန္မင္က်န႔္သည္ စုယာယာကို ျမင္ေသာအခါ စုယာယာအား ဘယ္ေသာအခါမွ ၾကည့္ရဆိုးေအာင္မလုပ္ ေတာ့ဟု ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။ ဘာပဲေျပာေျပာ သူမေမးျမန္းရမည့္ေမးခြန္းေတြ အားလုံးကိုလည္း ႀကိဳတင္ ျပင္ဆင္ထားတာဆိုေတာ့ ရိုက္ကူးေနစဥ္အေတာအတြင္းမွာ သူတို႔ႏွစ္ေယာက္ ေျပာစရာမလိုေအာင္ အလိုလိုနားလည္မႈရွိ ေနေအာင္လို႔ ရိုက္ကူးေရးမစခင္ စုယာယာႏွင့္သူမ တက္ႂကြစြာ ေျပာဆိုဆက္ဆံလို႔ေနလိုက္သည္။ သူမသည္ ဘယ္ေတာ့မွ အစ္မေဟြ႕လို တုံးအအ,လုပ္လိမ့္မည္မဟုတ္။ Ratings တက္ဖို႔ေလးအတြက္ႏွင့္ စုယာယာကို တမင္တကာ ဆိုး႐ြားတဲ့အရာေတြ ေမးခြန္းထုတ္ျခင္းမ်ိဳး။

ပရိုဂရမ္အတြက္ ရိုက္ကူးေရးတစ္ခုလုံး ၾကားထဲမွာ ႏွောင့္ႏွေးၾကန႔္ၾကာမႈေလးတစ္ခုပင္ မရွိေအာင္ ေခ်ာေခ်ာ ေမြ႕ေမြ႕ ၿပီးဆုံးသြားခဲ့သည္။ စုယာယာသည္လည္း ထို႔အတြက္ ေၾကာင့္ အလြန္ေပ်ာ္ေနမိသည္။ သူမ ေမးခြန္းအားလုံးကို ေျဖဆိုခဲ့သလို ဟင္းလ်ာသုံးပြဲဏလုံးကိုလည္း ခ်က္ျပဳတ္ၿပီးစီး ခဲ့ၿပီးေနာက္ အဖြဲ႕သားေတြက ဒိုင္လူႀကီးမ်ား အကဲျဖတ္ဖို႔ရာ ဟင္းပြဲေတြကို ယူသြားေပးခဲ့သည္။ သူမ ခ်က္ျပဳတ္ထားေသာ ဟင္းပြဲသုံးပြဲစလုံးက အလြန္အရသာရွိေၾကာင္းကို အားလုံး သေဘာတူေထာက္ခံခဲ့ၾကသည္။ ေနာက္ဆုံးမွာေတာ့ ၿပီးခဲ့တဲ့ အပိုင္းတုန္းကအတိုင္း သူမ ေလးမွတ္ရရွိခဲ့သည္။ အကဲျဖတ္လုပ္ငန္းစဥ္မွာ ပါဝင္ရေသာပရိသတ္ေတြကလည္း သူမကို အမွတ္အျမင့္ဆုံးေပးခဲ့ၾကကာ ၿပိဳင္ပြဲမွာ ေနာက္တစ္ဖန္ အနိုင္ရရွိခဲ့ျပန္သည္။

တကယ္ေတာ့ အရာအားလုံး ၿပီးဆုံးၿပီးသြားသည့္ေနာက္ မွသာ စုယာယာသည္ သူမဒီၿပိဳင္ပြဲကို ဒီေလာက္ ေခ်ာေခ်ာေမြ႕ေမြ႕ႏွင့္ အနိုင္ရရွိခဲ့ျခင္းမွာ ခုလတ္တေလာ သူမ၏လူသိမ်ားေၾကာ္ၾကားေနမႈေၾကာင့္ ပရိသတ္ေတြက သူမအေၾကာင္းကို ဂ႐ုစိုက္ေနခဲ့ၾကၿပီး အမွတ္အမ်ားႀကီး ေပးခဲ့ေၾကာင္း သေဘာေပါက္မိေလသည္!

ေနာက္အပိုင္းမွာလည္း ပါဝင္တင္ဆက္ခြင့္ရဉီးမည္ျဖစ္ တာေၾကာင့္ ၿပိဳင္ပြဲကို အနိုင္ရရွိခဲ့တာက ေကာင္းပါတယ္ေလ။ ထိုအေၾကာင္းကို ေတြးမိလိုက္ေတာ့ သူမ စိတ္ေပ်ာ္လို႔သြား သည္။ အရသာရွိတဲ့အစားအေသာက္ေတြကို ခ်က္ျပဳတ္ရတာ သူမ ႏွစ္သက္ၿပီး 'အလွေလးႏွင့္ လွ်ာကေဝ' မွာ ပါဝင္ရတာကိုလည္း ႏွစ္သက္လွသည္။

*** *** ***

ခ်န္ရႈံ႕ခ်ီသည္ သူ ၅.၂ မီလီယမ္ႏွင့္ ေလလံေအာင္ခဲ့ေသာ ကတ္ရွ္မီးယားနီလာေက်ာက္ကို လက္ခံရရွိၿပီးျဖစ္သည္။ အရာအားလုံး သူ႕အစီအစဥ္အတိုင္း သြားေနခဲ့၏။

ထိုေန႕တြင္ သူသည္ အေတာ္ဆုံးလက္ဝတ္ရတနာဒီဇိုင္းနာ ျဖစ္သလို သူ႕ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းမီရာႏွင့္ ခ်ိန္းဆိုမႈ တစ္ခု ျပဳလုပ္ခဲ့သည္။ သူ႕အတြက္ အေကာင္းမြန္ဆုံးေစ့စပ္ လက္စြပ္ကို ဒီဇိုင္းဆြဲေပးဖို႔ သူမကို ေတာင္းဆိုခဲ့သည္။

မီရာသည္ အခုနဲ႕ဆို ႏွစ္ ၂၀ တိုင္ေအာင္ လက္ဝတ္ရတနာ ေတြကို ဒီဇိုင္းေရးဆြဲဖန္တီးခဲ့တာျဖစ္ၿပီး အေတြ႕အႀကဳံမ်ားစြာ ရွိေလသည္။ ပင္လယ္ျပင္ႀကီးအလား ျပာေတာက္ေနသည့္ အျပာေရာင္ေက်ာက္ျမတ္ကို ေတြ႕လိုက္ရေသာအခါ သူမ၏မ်က္ဝန္းအၾကည့္တို႔က အေရာင္လက္သြားခဲ့ေတာ့ သည္။ သူမက ရတနာေက်ာက္တုံးကို မည္မွ်လွေၾကာင္း ခ်ီးက်ဴးေျပာဆိုေနၿပီး ဒါသည္ ဒီႏွစ္ေတြထဲ သူမျမင္ဖူးသမွ် ေတြထဲမွာ အလွဆုံးတစ္ခုျဖစ္ေၾကာင္း ေျပာသည္။ သူမသည္ သူ႕ေမွ်ာ္မွန္းခ်က္အတိုင္း ေသခ်ာေပါက္ ျဖစ္ေျမာက္ေအာင္ လုပ္ေပးၿပီး သူ႕အတြက္ အလွဆုံးေစ့စပ္လက္စြပ္ကို ဒီဇိုင္းဆြဲေပးဖို႔ ေျပာသည္။

"အဲဒါဆို ငါ မင္းလက္ထဲကိုပဲ အပ္ထားလိုက္ၿပီးေနာက္"

ခ်န္ရႈံ႕ခ်ီက သူမကို အေလးအနက္ေျပာၾကားသည္။

မီရာက သူ႕ကို ၿပဳံးျပၿပီး အိုေကသေကၤတလုပ္ျပသည္။

'စိတ္မပူပါနဲ႕.. ငါ့ကိုပဲ အပ္ထားလိုက္ေတာ့ စိတ္ခ်"

"ဟုတ္ၿပီ"

ခ်န္ရႈံ႕ခ်ီ၏မ်က္ႏွာေခ်ာေခ်ာထက္မွာ အၿပဳံးတစ္ပြင့္ ျဖစ္တည္လာေတာ့သည္။

"ငါမင္းရဲ႕ အေျပာင္ေျမာက္ဆုံးလက္ရာကို ေစာင့္ေမွ်ာ္ေန မယ္"

မီရာသည္ စိတ္ဝိညာဥ္ေပ်ာ္ျမဴးေနဟန္ ေပၚသည့္ ခ်န္ရႈံ႕ခ်ီကို ေသခ်ာၾကည့္ေနကာ သူ႕မ်က္ဝန္းထဲရွိ အခ်စ္ အေရာင္လက္လက္တို႔ကို သူမ ျမင္ေနရသည္။ သူမက ၿပဳံးကာ

"နင္ေတာ့ တကယ္ႀကီး သူမကို ခ်စ္မိသြားတာပဲ!"

ခ်န္ရႈံ႕ခ်ီသည္ သူမကို ၾကည့္ေနၿပီး ျပန္ေတာ့အေျဖမျပဳ ေပမယ့္ သူ႕ႏႈတ္ခမ္းေပၚကအၿပဳံးကေတာ့ သူ၏ရင္ထဲက ခံစားခ်က္ေတြကို ထုတ္ေဖာ္လို႔ေနသည္။

မီရာသည္ သူ႕ကိုၾကည့္ၿပီးၿပဳံးသည္။

"ငါက ဘယ္ေတာ့မွမမွားဘူး.. မင္းတို႔ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးပါတယ္"

"အင္း"

ခ်န္ရႈံ႕ခ်ီက အၿပဳံးႏွင့္သာ ျပန္ေျပာလာသည္။

ခ်န္ရႈံ႕ခ်ီ မတ္တပ္ထရပ္ၿပီး မီရာရဲ႕ဒီဇိုင္းစတူဒီယိုမွ သြားေတာ့မည့္အေၾကာင္းမေျပာခင္အထိ သူတို႔ႏွစ္ဉီး ခဏေလာက္ စကားစျမည္ေျပာေနခဲ့ၾကသည္။

ခ်န္ရႈံ႕ခ်ီသည္ ဗီလာသို႔ အျပန္တစ္လမ္းလုံး ကားေမာင္းလာခဲ့ၿပီး သူျပန္ေရာက္ခ်ိန္မွာေတာ့ စုယာယာ Mask ကပ္ေနဆဲျဖစ္သည္။ သူမရဲ႕မ်က္ႏွာတစ္ျပင္လုံးကို အနက္ေရာင္႐ြံ႕ေစးmaskေတြ လိမ္းထားၿပီး မ်က္လုံးႏွစ္လုံး ရယ္ ႏွာေခါင္းရယ္ ပါးစပ္ရယ္ကိုပဲ ေဖာ္ထားသည္။ ခ်ဲ့ခ်ဲ့ကားကားအမူအရာေတြ နည္းနိုင္သမွ်နည္းေအာင္ သူမစကားေျပာတဲ့အခါ ပါးစပ္ကို အမ်ားႀကီးလႈပ္လို႔ မရေလဘူး။

"အခုခ်ိန္က ညမေရာက္ေသးလို႔ ေတာ္ပါေသးရဲ႕"

ခ်န္ရႈံ႕ခ်ီသည္ သူမရဲ႕အနက္ေရာင္မ်က္ႏွာကို ျမင္လိုက္ ရေသာအခါ သူမက ခုေလးတင္ မီးေသြးမိုင္းတြင္းထဲမွ တြားသြားထြက္လာသလိုမ်ိဳး ထင္လိုက္မိသည္။ ညႀကီးမင္းႀကီးမွာသာ ဒီလိုပုံစံႏွင့္ သူမကို ျမင္လိုက္ရပါက သူ ေသခ်ာေပါက္ ေရွာ့ရသြားေပလိမ့္မည္။

စုယာယာသည္ မ်က္ႏွာကို အမ်ားႀကီးလႈပ္လို႔မရတာ ေၾကာင့္ မ်က္ခုံးေတြကိုသာ ပင့္ျပနိုင္သည္။ စိတ္ကေတာ့ မႈန္ကုတ္ကုတ္။

ခ်န္ရႈံ႕ခ်ီကေတာ့ သူမၾကည့္ရတာ ရီစရာေကာင္းတယ္ ဟုေတြးကာ ေမးသည္။

"မင္းမ်က္ႏွာေပၚက ဘာႀကီးလဲ?"

စုယာယာသည္ ပါးစပ္ကို နည္းနည္းေလးဖြင့္ၿပီး ဗလုံးဗေထြးႏွင့္ ေျပာလာသည္။

"Deep-sea mud(ပင္လယ္႐ြံ႕ေစး)"

"Deeply love?"

မ်က္ႏွာေပၚမွာ အၿပဳံးႀကီးႀကီးတစ္ခုႏွင့္ ခ်န္ရႈံ႕ခ်ီက သူမကို ၾကည့္ေနသည္။ သူက ေခါင္းညိတ္ျပ၏။

"ကိုယ္သိတယ္ေလ.. မင္းကိုယ့္ကို ထပ္ေျပာစရာမလိုပါဘူး"

စုယာယာက သူ႕ကို မ်က္လုံးသာ လွိမ့္ျပလိုက္ေတာ့၏။ သူ႕လက္ေမာင္းကို လွမ္းရိုက္ကာ ခပ္အုတ္အုတ္ေျပာသည္။

"ဘယ္သူမွ ရွင့္ကို ခ်စ္မေနဘူး.. ကိုအတၱရဲ႕!"

သူမမ်က္လုံးလွိမ့္ျပပုံက အရမ္းကို ခ်စ္ဖို႔ေကာင္းတယ္လို႔ ခ်န္ရႈံ႕ခ်ီက ခံစားလိုက္ရၿပီး တခစ္ခစ္ရယ္သည္။ သူက သူမကို ကလိထိုးကာ

"ဟမ္, မခ်စ္ဘူးေပါ့? မခ်စ္ဘူးေပါ့?"

စုယာယာသည္ မ်က္ႏွာေပၚမွာ ႐ြံ႕ေစးmaskကို ကပ္ထားတာေၾကာင့္ အခုခ်ိန္မွာ သူႏွင့္ မက်ီစယ္အားေသး သလို မ်က္ႏွာကိုလည္း သိပ္မလႈပ္ရဲေခ်။ လက္ေတြ႕က်က် တုံ႕ျပန္လိုက္လို႔ ၿပဳံးလိုက္မိလွ်င္ မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြ ျဖစ္သြားမွာစိုးမိသည္။

"ခ်စ္တယ္! ခ်စ္တယ္! ခ်စ္တယ္! ရၿပီလား?"

သူမအတြက္ ဒီလိုတုံ႕ျပန္ဖို႔က ခ်န္ရႈံ႕ခ်ီကို အျမန္အဆန္ အမ်ားႀကီးစိတ္ေက်နပ္သြားေစေလတယ္။ သူ႕လက္ေတြကို ျပန္႐ုတ္ၿပီး သူမကို လႊတ္ေပးလိုက္ေတာ့သည္။

စုယာယာသည္ သူ႕ကို တစ္ခ်က္ၾကည့္ၿပီး မ်က္ႏွာကို ေဆးခ်ဖိဳ႕ ေရခ်ိဳးခန္းဆီ သြားေတာ့သည္။ မ်က္ႏွာသစ္ၿပီးမွ သူနဲ႕စာရင္းရွင္းမယ္!

၁၀ မိနစ္ခန႔္ၾကာၿပီး မ်က္ႏွာသစ္ၿပီးေနာက္ စုယာယာ တစ္ေယာက္ ေရခ်ိဳးခန္းထဲမွ ထြက္လာခဲ့သည္။ ေနာက္ေက်ာေပးထားလ်က္ ၿခံဝန္းထဲမွာ ပြင့္လန္းေနေသာပန္းပင္ေတြကို ၾကည့္ေနကာ ျပတင္းေပါက္မွာ မွီရပ္ေနေသာ ခ်န္ရႈံ႕ခ်ီကို ျမင္လိုက္ရသည္။ စုယာယာ ခုန္ဆြခုန္ဆြႏွင့္ အျမန္ေျပးသြားကာ သူမရဲ႕လက္ေမာင္းႏွစ္ဖက္ႏွင့္ သူ႕လည္ပင္းကို ညွပ္ထားၿပီး နားနားကပ္ကာ ေအာ္ေတာ့သည္။

"ကို ယာယာ့ကို ထပ္ၿပီးအနိုင္က်င့္ရဲေသးလား ဟမ္!"

ခ်န္ရႈံ႕ခ်ီ၏နားထဲမွာ ႐ုတ္တရက္ ထြက္ေပၚလာေသာ သူမရဲ႕အသံစူးစူးက ဝင္လာေပမယ့္ သူ႕မ်က္ႏွာေပၚမွာေတာ့ မေပ်ာ္မ႐ႊင္ျဖစ္ေနသည့္ အမူအရာတစ္ခုတစ္ေလမွ မျမင္ရေလဘူး။ မ်က္ခုံးေတြကဆို ျမဴးထူးေနဟန္ေတာင္ ျဖစ္လို႔ေန၏။ သူက ေက်ာဘက္ကို လက္လွမ္း၍ေတာင္ သူမရဲ႕တင္ပါးကို လွမ္းကိုင္လိုက္ၿပီး ခ်ိဳသာေသာအသံ ဩဩရွရွျဖင့္ ေျပာေလသည္။

"ဂ႐ုစိုက္ေနာ္ မလဲေစနဲ႕... ေခ်ာ္လဲလို႔ တင္ပါးနာသြားရင္ ကိုယ့္တာဝန္မဟုတ္ဘူးေနာ္!"

"ရွင္ကသာ တင္ပါးႀကီး!"

စုယာယာက အေပၚသြားနဲ႕ေအာက္သြားကို ႀကိတ္ၿပီး သူ႕လည္ပင္းကို ဝါးစားသလို လုပ္ျပသည္။

ခ်န္ရႈံ႕ခ်ီမွာေတာ့ လန႔္သြားတာေၾကာင့္ စုယာယာရဲ႕ တင္ပါးေပၚမွ လက္ေတြကို လႊတ္လိုက္ေတာ့မိမတတ္ပင္။ ကံေကာင္းစြာႏွင့္ စုယာယာ၏လက္ေတြက သူ႕လည္ပင္းကို ညွပ္ထားဆဲျဖစ္တာေၾကာင့္ သူမ လဲက်မသြားခဲ့ေပ။

"မင္းကေတာ့ေလ.. တကယ့္ သြားေပါက္စေၾကာင္ေပါက္ ေလးလိုပဲ!"

ခ်န္ရႈံ႕ခ်ီက တဟားဟားေအာ္ရယ္ေတာ့သည္။

စုယာယာက သူ႕ကို အတင္းႀကီးမကိုက္ခဲ့ေခ်။ သူမက သူ႕လည္ပင္းကို ကိုက္သေယာင္ျပဳကာ ေျပာ၏။

"ယာယာက က်ားမေလးပါေနာ္ အသိသာႀကီး!"

ခ်န္ရႈံ႕ခ်ီက အရယ္မသတ္ေတာ့ေခ်။

"ဒီေန႕ဒီေခတ္ႀကီးမွာ ဘယ္သူေတြကမ်ား သူတို႔ကိုယ္ သူတို႔ က်ားမလို႔ ေခၚေတာ့လို႔တုန္း?"

"ခ်န္ရႈံ႕ခ်ီ!"

စုယာယာက စိတ္ဆိုးမာန္ဆိုးျဖင့္ ေအာ္ေတာ့သည္။

"ဟားဟားဟားဟား!"

ခ်န္ရႈံ႕ခ်ီကေတာ့ ရယ္ေၾကာမိေနေတာ့၏။

"ခ်ေပး! ေအာက္ခ်ေပး!"

စုယာယာ ထိုသူႏွင့္ မေဆာ့လိုေတာ့ေပ။

သို႔ေသာ္ ခ်န္ရႈံ႕ခ်ီကေတာ့ နားမေထာင္ပါ။ သူက သူမကို အႏၱာရာယ္ရွိစြာ မ်က္ဝန္းတို႔ကို က်ဥ္းေျမာင္းၾကည့္ကာ ေျပာလာေတာ့သည္။

"မင္းေလးဖာသာမင္း ကိုယ့္အေပၚကို ခုန္တက္လာခဲ့တာေနာ္!"

"......."

"ကိုယ့္ရဲ႕ကိုယ္ပိုင္အျပဳအမူရဲ႕အက်ိဳးဆက္ကို ကိုယ္တိုင္ ရင္ဆိုင္ပါ!"

"Sob Sob..."

စာေရးသူမွာ ေျပာစရာရွိပါတယ္:

အရမ္းခ်ိဳတယ္မလား? အက်ိဳးဆက္ကို မင္းတို႔ ရင္ဆိုင္ရလိမ့္မယ္!

စာေရးသူ: ဉကၠဌခ်န္ႀကီး ပစ္ခ်ခံခဲ့ရၿပီး ယာယာကို ထြက္ေျပးသြားေစခ်င္တဲ့ အားလုံးရဲ႕ဖိႏွိပ္ထားရေသာ ေမွ်ာ္လင့္ခ်က္ေတြအရ အားလုံးေက်နပ္ေစဖို႔ ျဖစ္နိုင္သမွ် အျမန္ဆုံး ဇာတ္ေၾကာင္းကို သြားေပးပါ့မယ္..ဒါပါပဲ..။

{T/N: ဒီလရဲ႕ပထမဆုံးေန႕ရက္ေလးမွာ ဆုမြန္ေကာင္းေလး ေတာင္းေပးခ်င္ပါတယ္ရွင့္။

အားလုံးပဲ.. ညံ့ေနတဲ့အရာေတြ ထြက္သြားၿပီး ေကာင္းမြန္ေသာအရာေလးမ်ားပဲ ျဖစ္လာပါေစလို႔ ဆုေတာင္းေပးပါတယ္ရွင့္}

#Aug 1 2022

#CaCa

Comment