Chapter 122 (Uni & Zawgyi)

Unicode

အခန်း(၁၂၂)အံ့ဩသွားလား? ပျော်လွန်းလို့ ဆွံ့အသွား တာလား-

လက်ထောက်ချန်မှာတော့ တကယ့်ကို အိုးနင်းခွက်နင်း ဖြစ်နေရှာသည်။ ဘော့စ်, ကျွန်တော်နဲ့ အရင်တိုင်ပင်လို့မရ ဘူးလားဗျာ? မပြောမဆိုနဲ့ ဒီလိုမျိုးပို့စ်ကို တင်လိုက်လို့ ဘယ်လိုလုပ်ရမှာလဲဗျ? ကျွန်တော်ကို သတ်နေတာလား ဗျာ?။

ကံဆိုးစွာဖြင့် လက်ထောက်တစ်ယောက် အနေနှင့် အာရုံပြန်စုစည်း၍ အလုပ်ကို ပြန်လုပ်ရုံမှတစ်ပါး သူ့မှာ ရွေးချယ်စရာမရှိချေ။ မီဒီယာတွေကို ကိုင်တွယ်ဖို့ သူ့မှာ ကျွဲကိုးကောင်နှင့် ကျားနှစ်ကောင်၏အင်အားမျိုး ရှိနေရ မယ်လေ။

သို့သော်ထိုအချိန်မှာပင်ချန်အုပ်စု၏PRဌာနမှ သူ့ကိုဖုန်း ဆက်လာပြီး အကူအညီတောင်းခံလာလိမ့်မည်ဟု မည်သူ ထင်ခဲ့မိမှာလဲ။ သူတို့ရဲ့Webpageမှာ ပေါက်ကွဲထွက်တော့ မည်အလား ဖုန်းဆက်ခေါ်ဆိုမှုတွေသည်မှာလည်း တရစပ်။ သူတို့ရဲ့ဘော့စ်ဟာ အလုပ်မှာဆိုရင် အရမ်းအမြော်အမြင်ရှိ သလောက် အချစ်ရေးမှာကျ ဘယ်လိုလုပ် ဒီလောက် ထိန်းချုပ်နိုင်စွမ်းမရှိတာလဲ? သူတို့ကို ကြိုတင်ပြီးပြင်ဆင် ထားဖို့ ပြောလိုက်ရင် ဘာဖြစ်သွားမှာမလို့လဲ?

လက်ထောက်ချန်ခမျာမှာတော့ သူ ကွန်ပလိန်းတက်လို့ ရသည့်သူမရှိရှာ။ အရင်ဆုံး PRဌာနကလူတွေကို ချွေးသိပ် စကားဆိုပေးရုံသာ တတ်နိုင်၏။

"မစိုးရိမ်ကြပါနဲ့..ကျွန်တော်ဥက္ကဌကိုဖုန်းဆက်ပြီး အရင် မေးကြည့်ပါဉီးမယ်.. ဖုန်းဆက်လာတဲ့သူတွေကိုသာ ဥက္ကဌ ရဲ့အချစ်ရေးအကြောင်း ထုတ်ဖော်ပြောခွင့်မရှိကြောင်း ပြော ထားလိုက်ပါ"

"ဟုတ်ကဲ့"

ဒီလိုအချိန်အခါမျိုးမှာ သူတို့လုပ်နိုင်သည့်တစ်ခုတည်း သောအရာဖြစ်၏။

ဖုန်းချလိုက်ပြီးနောက် လက်ထောက်ချန်သည် ချန်ရှုံ့ချီ ထံ ဖုန်းဆက်ရသည်။

လက်ရှိမှာတော့ ထိုအမျိုးသားသည် လေ့ကျင့်ခန်းလုပ် နေသည့် စုယာယာကို ရှုစားနေသည်ဖြစ်ရာ သူ့ပို့စ်ကို တင် လိုက်ပြီးနောက်ပိုင်း အင်တာနက်ကို တစ်စက်ကလေးမှ အာရုံမရှိတော့ချေ။ ထို့ကြောင့်ထိုသူသည် သူဖြစ်စေခဲ့သော မုန်တိုင်းအကြောင်း လုံးလုံးသတိမပြုမိချေ။

စုယာယာ၏ခန္ဓာကိုယ်က သူ့နေရာနှင့်သူ အချိုးကျနေ ကာ လှပလှ၏။ ခြေတံလက်တံတို့က သွယ်လျနေကာ ဗိုက် က ချပ်ရပ်နေပြီး အကွေးအကောက်တို့ကလည်း ချောမွေ့လှ ၏။ သူမခန္ဓာကိုယ်၏အရာအားလုံးက ပြီးပြည့်စုံနေကာ ခပ်ဖျော့ဖျော့နေရောင်ခြည်က သူမ၏အလှတရားကို ပို၍တိုး သွားစေသည်။

ရုတ်တရက် သူတို့၏ဖုန်းနှစ်လုံးစလုံးမှာ တစ်ပြိုင် တည်း အသံမြည်လာခဲ့၏။

စုယာယာသည် ဖုန်းသံကိုကြားသောအခါ လုပ်နေသည့် အလုပ်ကိုရပ်ပြီး ဖုန်းကိုင်လိုက်သည်။ ခေါ်ဆိုသူက ကျုံဖိန် ယွင်ဆိုတာကိုမြင်တော့ တွေးပင်တွေးမနေတော့ဘဲ တန်း ကိုင်လိုက်သည်။

"ကျုံ့ကျဲ"

"စုယာယာ,နင်နဲ့ဥက္ကဌချန်တို့publicကို ချပြဖို့ ဆုံးဖြတ် လိုက်ပြီလား?"

စုယာယာ ပါးစပ်ဖွင့်လိုက်ရုံရှိသေး ကျုံဖိန်ယွင်က သူမ ကို ဖြတ်ပြောလာ၏။

"ဟမ်?"

စုယာယာ ခေါင်းရှုပ်သွားပြီး ကျုံဖိန်ယွင် ဘာတွေပြော နေမှန်း နားမလည်နိုင်ချေ။

ကျုံဖိန်ယွင်သည် စိတ်လှုပ်ရှားစွာနှင့် တရစပ်ပြောနေ သည်။

"ငါမနေ့က ရှောင်ဝူနဲ့တောင်ပေါ်ရောက်နေလို့..အဲ့ချီးလို နေရာက လိုင်းလည်းမမိ,ဝိုင်ဖိုင်လည်း မရဘူးလေ.. ငါ ကား ပေါ်က ဆင်းဆင်းချင်းပဲ လိုင်းပေါ်တက်ကြည့်လိုက်တာ.. Weiboပေါ်မှာ ဥက္ကဌချန်ရဲ့အချစ်ရေးဝန်ခံချက်အကြောင်း သတင်းတွေ တစ်ပုံတစ်ခေါင်း တွေ့ရတော့တာပဲ.. မင်းတို့ နှစ်ယောက် ပေါ်တင်တွဲဖို့ သဘောတူလိုက်ကြပြီလား?"

"ဥက္ကဌချန်က ညီမကိုဖွင့်ပြောတယ် Weibo ပေါ်မှာ? ဘယ်တုန်းကလဲ?"

သူမက ဘာဖြစ်လို့မသိရတာလဲ? သူမ၏မျက်နှာပေါ်မှာ ရှုပ်ထွေးသောအမူအရာတစ်ခုရှိနေခဲ့၏။ သူမက လေ့ကျင့် ခန်းလုပ်နေခဲ့ပြီး ချန်ရှုံ့ချီက ဘေးနားက ကြည့်နေခဲ့တာ လေ.. သူဖုန်းကိုင်နေတာကိုလည်း မတွေ့မိပါဘူး။

ကျုံဖိန်ယွင်:???

ဖုန်းလိုင်းရဲ့တစ်ဖက်မှာတော့ ကျုံဖိန်ယွင်သည်လည်း ကြောင်သွားသည်!

စုယာယာ မသိလိုက်ဘဲ စုယာယာကိုဥက္ကဌချန်က ဖွင့် ပြောလိုက်သည့် အခြားစကြဝဠာတစ်ခုကိုများ သူမ ကူး ပြောင်းလာခဲ့သလား? ဟာသလုပ်နေတာပဲဖြစ်ရမယ်!

"တကယ်ဟ.. Weiboပေါ်တက်ကြည့်လိုက်ဉီး ! ဥက္ကဌ ချန်က သူ့ပို့စ်မှာ နင့်ကို tagတွဲထားတာ.. အမြန် မတုံ့ပြန်ရင် ကြည့်ရစိုးနေလိမ့်မယ်!"

".....အိုကေ!"

စုယာယာ ပြောသာပြောလိုက်ရတာ ဘာမှမသိချေ။ ချန်ရှုံ့ချီဘက်သို့ လှည့်ပြီး သူမ မသိတာတစ်ခုခုများ လုပ်ခဲ့သလားလို့ မေးလိုက်ချင်သည်။ သို့သော် ထိုသူမှာ တစ်စုံတစ်ယောက်နှင့်ဖုန်းပြောရင်း အလုပ်ရှုပ်လို့နေ၏။

တစ်ဖက်လူက ဘာပြောသလဲဆိုတာ သူမ မသိပေမယ့် ချန်ရှုံ့ချီ၏ပြန်ပြောစကားတွေကိုတော့ သူမ ကြားနေရ သည်။

"ဒါက ငါ့ရဲ့ကိုယ်ရေးကိုယ်တာပဲလေ.. ငါ Weiboပေါ်မှာ ပို့စ်တင်ချင်ရင် တင်မယ်.. မီဒီယာတွေမှာငါ့ကို တားပိုင်ခွင့်ရှိ သလား? သူတို့ကို အရင်ဆုံး အကြောင်းကြားနေရဉီးမှာ လား? သူတို့ကို 'အို, ငါပို့စ်တစ်ခု တင်တော့မလို့ တင်လို့ရပြီ လားလို့ပြောနေရမှာလား? ဟ! မင်းကြိုက်တဲ့နည်းနဲ့ဖြေရှင်း လိုက်! နောက်ပြီး ဒါကငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စ, နောက် ပြီး ဘာအရေးမပါတဲ့အင်တာဗျူးမှလက်မခံဘူးလို့ ပြော လိုက်! ကောင်းပြီ ဒါပဲ! ငါ ဖုန်းချလိုက်တော့မယ်!"

နောက်တော့ မှောင်မဲနေသောမျက်နှာထားနှင့် ဖုန်းချ ပြီး ဖုန်းကို စက်ပင်ပိတ်ပစ်သည်။ ဘာတွေဖြစ်နေသလဲဆို တာကို စုယာယာ အကြမ်းဖျင်းတော့ ခန့်မှန်းမိသည်။ ကျုံဖိန်ယွင်၏စကားကို အမှတ်ရပြီး အမြန် Weiboကို ဖွင့်ကြည့်လိုက်သည်။ မက်ဆေ့ချ်တွေ များလွန်းလို့ သူမ၏ အသီးတံဆိပ်ဖုန်းမှာ ခဏလောက် အေးခဲသွားပြီးနောက်မှ ပုံမှန်ပြန်ဖြစ်သွားသည်။

သူမ ချန်ရှုံ့ချီ၏ပို့စ်ကိုတွေ့ပြီး အတိအကျ သေချာစေ ရန် ထပ်ခါတလဲလဲ ပြန်ဖတ်နေမိသည်။ သူက တကယ်ကြီး သူမကိုဖွင့်ပြောဝန်ခံခဲ့ပြီး သူ့မိန်းကလေးလို့ သူမကို သုံးနှုန်း ခဲ့၏!

ဘုရားရေ! မူရင်းဝတ္ထုထဲမှာ ဒါမျိုးမပါဘူးလေ။

စုယာယာ သူ့ကို ကြည့်နေရင်း ကြက်သေ,သေသွား သည်။

ထိုသူက သူမဆီ လျှောက်လှမ်းလာပြီး ခပ်ဖွဖွရယ်ကာ သူမရဲ့ဆံပင်တို့ကို ပွတ်သပ်သည်။

"အံ့ဩသွားလား? ပျော်လွန်းလို့ဆွံ့အသွားတာလား?"

စုယာယာ:"....."

နိုး, ကျွန်မက ဆွံ့အနေရုံလေးတင် အိုကေ?

ချန်ရှုံ့ချီက ပြုံးပြီး အမူအရာလုပ်ပြသည်။

"စာပြန်လိုက်"

"....."

ချန်ရှုံ့ချီ၏အကြည့်စူးစူးအောက်တွင် စုယာယာမှာ နာခံ ရိုးကျိုးစွာဖြင့် သူ့ပို့စ်ကို forward လုပ်လိုက်ရသည်။

စု ယာယာယာယာ:Good morning ပါ , ကျွန်မရဲ့ ချစ်လှစွာသော ကောင်လေးရေ!@ချန်ရှုံ့ချီ V *# အသဲပုံ

စာရေးသူမှာ ပြောစရာရှိပါတယ်: တရားဝင် ဖြစ်သွား ပြီဗျို့ ! တရားဝင်ဖြစ်သွားပြီ! ပန်းတွေ ကြဲလိုက်ကြရ အောင်---

#May 25 2022


Zawgyi

အခန္း(၁၂၂)အံ့ဩသြားလား? ေပ်ာ္လြန္းလို႔ ဆြံ႕အသြား တာလား-၂

လက္ေထာက္ခ်န္မွာေတာ့ တကယ့္ကို အိုးနင္းခြက္နင္း ျဖစ္ေနရွာသည္။ ေဘာ့စ္, ကြၽန္ေတာ္နဲ႕ အရင္တိုင္ပင္လို႔မရ ဘူးလားဗ်ာ? မေျပာမဆိုနဲ႕ ဒီလိုမ်ိဳးပို႔စ္ကို တင္လိုက္လို႔ ဘယ္လိုလုပ္ရမွာလဲဗ်? ကြၽန္ေတာ္ကို သတ္ေနတာလား ဗ်ာ?။

ကံဆိုးစြာျဖင့္ လက္ေထာက္တစ္ေယာက္ အေနႏွင့္ အာ႐ုံျပန္စုစည္း၍ အလုပ္ကို ျပန္လုပ္႐ုံမွတစ္ပါး သူ႕မွာ ေ႐ြးခ်ယ္စရာမရွိေခ်။ မီဒီယာေတြကို ကိုင္တြယ္ဖို႔ သူ႕မွာ ကြၽဲကိုးေကာင္ႏွင့္ က်ားႏွစ္ေကာင္၏အင္အားမ်ိဳး ရွိေနရ မယ္ေလ။

သို႔ေသာ္ထိုအခ်ိန္မွာပင္ခ်န္အုပ္စု၏PRဌာနမွ သူ႕ကိုဖုန္း ဆက္လာၿပီး အကူအညီေတာင္းခံလာလိမ့္မည္ဟု မည္သူ ထင္ခဲ့မိမွာလဲ။ သူတို႔ရဲ႕Webpageမွာ ေပါက္ကြဲထြက္ေတာ့ မည္အလား ဖုန္းဆက္ေခၚဆိုမႈေတြသည္မွာလည္း တရစပ္။ သူတို႔ရဲ႕ေဘာ့စ္ဟာ အလုပ္မွာဆိုရင္ အရမ္းအေျမာ္အျမင္ရွိ သေလာက္ အခ်စ္ေရးမွာက် ဘယ္လိုလုပ္ ဒီေလာက္ ထိန္းခ်ဳပ္နိုင္စြမ္းမရွိတာလဲ? သူတို႔ကို ႀကိဳတင္ၿပီးျပင္ဆင္ ထားဖို႔ ေျပာလိုက္ရင္ ဘာျဖစ္သြားမွာမလို႔လဲ?

လက္ေထာက္ခ်န္ခမ်ာမွာေတာ့ သူ ကြန္ပလိန္းတက္လို႔ ရသည့္သူမရွိရွာ။ အရင္ဆုံး PRဌာနကလူေတြကို ေခြၽးသိပ္ စကားဆိုေပး႐ုံသာ တတ္နိုင္၏။

"မစိုးရိမ္ၾကပါနဲ႕..ကြၽန္ေတာ္ဥကၠဌကိုဖုန္းဆက္ၿပီး အရင္ ေမးၾကည့္ပါဉီးမယ္.. ဖုန္းဆက္လာတဲ့သူေတြကိုသာ ဥကၠဌ ရဲ႕အခ်စ္ေရးအေၾကာင္း ထုတ္ေဖာ္ေျပာခြင့္မရွိေၾကာင္း ေျပာ ထားလိုက္ပါ"

"ဟုတ္ကဲ့"

ဒီလိုအခ်ိန္အခါမ်ိဳးမွာ သူတို႔လုပ္နိုင္သည့္တစ္ခုတည္း ေသာအရာျဖစ္၏။

ဖုန္းခ်လိဳက္ၿပီးေနာက္ လက္ေထာက္ခ်န္သည္ ခ်န္ရႈံ႕ခ်ီ ထံ ဖုန္းဆက္ရသည္။

လက္ရွိမွာေတာ့ ထိုအမ်ိဳးသားသည္ ေလ့က်င့္ခန္းလုပ္ ေနသည့္ စုယာယာကို ရႈစားေနသည္ျဖစ္ရာ သူ႕ပို႔စ္ကို တင္ လိုက္ၿပီးေနာက္ပိုင္း အင္တာနက္ကို တစ္စက္ကေလးမွ အာ႐ုံမရွိေတာ့ေခ်။ ထို႔ေၾကာင့္ထိုသူသည္ သူျဖစ္ေစခဲ့ေသာ မုန္တိုင္းအေၾကာင္း လုံးလုံးသတိမျပဳမိေခ်။

စုယာယာ၏ခႏၶာကိုယ္က သူ႕ေနရာႏွင့္သူ အခ်ိဳးက်ေန ကာ လွပလွ၏။ ေျခတံလက္တံတို႔က သြယ္လ်ေနကာ ဗိုက္ က ခ်ပ္ရပ္ေနၿပီး အေကြးအေကာက္တို႔ကလည္း ေခ်ာေမြ႕လွ ၏။ သူမခႏၶာကိုယ္၏အရာအားလုံးက ၿပီးျပည့္စုံေနကာ ခပ္ေဖ်ာ့ေဖ်ာ့ေနေရာင္ျခည္က သူမ၏အလွတရားကို ပို၍တိုး သြားေစသည္။

႐ုတ္တရက္ သူတို႔၏ဖုန္းႏွစ္လုံးစလုံးမွာ တစ္ၿပိဳင္ တည္း အသံျမည္လာခဲ့၏။

စုယာယာသည္ ဖုန္းသံကိုၾကားေသာအခါ လုပ္ေနသည့္ အလုပ္ကိုရပ္ၿပီး ဖုန္းကိုင္လိုက္သည္။ ေခၚဆိုသူက က်ဳံဖိန္ ယြင္ဆိုတာကိုျမင္ေတာ့ ေတြးပင္ေတြးမေနေတာ့ဘဲ တန္း ကိုင္လိုက္သည္။

"က်ဳံ႕က်ဲ"

"စုယာယာ,နင္နဲ႕ဥကၠဌခ်န္တို႔publicကို ခ်ျပဖို႔ ဆုံးျဖတ္ လိုက္ၿပီလား?"

စုယာယာ ပါးစပ္ဖြင့္လိုက္႐ုံရွိေသး က်ဳံဖိန္ယြင္က သူမ ကို ျဖတ္ေျပာလာ၏။

"ဟမ္?"

စုယာယာ ေခါင္းရႈပ္သြားၿပီး က်ဳံဖိန္ယြင္ ဘာေတြေျပာ ေနမွန္း နားမလည္နိုင္ေခ်။

က်ဳံဖိန္ယြင္သည္ စိတ္လႈပ္ရွားစြာႏွင့္ တရစပ္ေျပာေန သည္။

"ငါမေန႕က ေရွာင္ဝူနဲ႕ေတာင္ေပၚေရာက္ေနလို႔..အဲ့ခ်ီးလို ေနရာက လိုင္းလည္းမမိ,ဝိုင္ဖိုင္လည္း မရဘူးေလ.. ငါ ကား ေပၚက ဆင္းဆင္းခ်င္းပဲ လိုင္းေပၚတက္ၾကည့္လိုက္တာ.. Weiboေပၚမွာ ဥကၠဌခ်န္ရဲ႕အခ်စ္ေရးဝန္ခံခ်က္အေၾကာင္း သတင္းေတြ တစ္ပုံတစ္ေခါင္း ေတြ႕ရေတာ့တာပဲ.. မင္းတို႔ ႏွစ္ေယာက္ ေပၚတင္တြဲဖို႔ သေဘာတူလိုက္ၾကၿပီလား?"

"ဥကၠဌခ်န္က ညီမကိုဖြင့္ေျပာတယ္ Weibo ေပၚမွာ? ဘယ္တုန္းကလဲ?"

သူမက ဘာျဖစ္လို႔မသိရတာလဲ? သူမ၏မ်က္ႏွာေပၚမွာ ရႈပ္ေထြးေသာအမူအရာတစ္ခုရွိေနခဲ့၏။ သူမက ေလ့က်င့္ ခန္းလုပ္ေနခဲ့ၿပီး ခ်န္ရႈံ႕ခ်ီက ေဘးနားက ၾကည့္ေနခဲ့တာ ေလ.. သူဖုန္းကိုင္ေနတာကိုလည္း မေတြ႕မိပါဘူး။

က်ဳံဖိန္ယြင္:???

ဖုန္းလိုင္းရဲ႕တစ္ဖက္မွာေတာ့ က်ဳံဖိန္ယြင္သည္လည္း ေၾကာင္သြားသည္!

စုယာယာ မသိလိုက္ဘဲ စုယာယာကိုဥကၠဌခ်န္က ဖြင့္ ေျပာလိုက္သည့္ အျခားစၾကဝဠာတစ္ခုကိုမ်ား သူမ ကူး ေျပာင္းလာခဲ့သလား? ဟာသလုပ္ေနတာပဲျဖစ္ရမယ္!

"တကယ္ဟ.. Weiboေပၚတက္ၾကည့္လိုက္ဉီး ! ဥကၠဌ ခ်န္က သူ႕ပို႔စ္မွာ နင့္ကို tagတြဲထားတာ.. အျမန္ မတုံ႕ျပန္ရင္ ၾကည့္ရစိုးေနလိမ့္မယ္!"

".....အိုေက!"

စုယာယာ ေျပာသာေျပာလိုက္ရတာ ဘာမွမသိေခ်။ ခ်န္ရႈံ႕ခ်ီဘက္သို႔ လွည့္ၿပီး သူမ မသိတာတစ္ခုခုမ်ား လုပ္ခဲ့သလားလို႔ ေမးလိုက္ခ်င္သည္။ သို႔ေသာ္ ထိုသူမွာ တစ္စုံတစ္ေယာက္ႏွင့္ဖုန္းေျပာရင္း အလုပ္ရႈပ္လို႔ေန၏။

တစ္ဖက္လူက ဘာေျပာသလဲဆိုတာ သူမ မသိေပမယ့္ ခ်န္ရႈံ႕ခ်ီ၏ျပန္ေျပာစကားေတြကိုေတာ့ သူမ ၾကားေနရ သည္။

"ဒါက ငါ့ရဲ႕ကိုယ္ေရးကိုယ္တာပဲေလ.. ငါ Weiboေပၚမွာ ပို႔စ္တင္ခ်င္ရင္ တင္မယ္.. မီဒီယာေတြမွာငါ့ကို တားပိုင္ခြင့္ရွိ သလား? သူတို႔ကို အရင္ဆုံး အေၾကာင္းၾကားေနရဉီးမွာ လား? သူတို႔ကို 'အို, ငါပို႔စ္တစ္ခု တင္ေတာ့မလို႔ တင္လို႔ရၿပီ လားလို႔ေျပာေနရမွာလား? ဟ! မင္းႀကိဳက္တဲ့နည္းနဲ႕ေျဖရွင္း လိုက္! ေနာက္ၿပီး ဒါကငါ့ရဲ႕ကိုယ္ေရးကိုယ္တာကိစၥ, ေနာက္ ၿပီး ဘာအေရးမပါတဲ့အင္တာဗ်ဴးမွလက္မခံဘူးလို႔ ေျပာ လိုက္! ေကာင္းၿပီ ဒါပဲ! ငါ ဖုန္းခ်လိဳက္ေတာ့မယ္!"

ေနာက္ေတာ့ ေမွာင္မဲေနေသာမ်က္ႏွာထားႏွင့္ ဖုန္းခ် ၿပီး ဖုန္းကို စက္ပင္ပိတ္ပစ္သည္။ ဘာေတြျဖစ္ေနသလဲဆို တာကို စုယာယာ အၾကမ္းဖ်င္းေတာ့ ခန႔္မွန္းမိသည္။ က်ဳံဖိန္ယြင္၏စကားကို အမွတ္ရၿပီး အျမန္ Weiboကို ဖြင့္ၾကည့္လိုက္သည္။ မက္ေဆ့ခ်္ေတြ မ်ားလြန္းလို႔ သူမ၏ အသီးတံဆိပ္ဖုန္းမွာ ခဏေလာက္ ေအးခဲသြားၿပီးေနာက္မွ ပုံမွန္ျပန္ျဖစ္သြားသည္။

သူမ ခ်န္ရႈံ႕ခ်ီ၏ပို႔စ္ကိုေတြ႕ၿပီး အတိအက် ေသခ်ာေစ ရန္ ထပ္ခါတလဲလဲ ျပန္ဖတ္ေနမိသည္။ သူက တကယ္ႀကီး သူမကိုဖြင့္ေျပာဝန္ခံခဲ့ၿပီး သူ႕မိန္းကေလးလို႔ သူမကို သုံးႏႈန္း ခဲ့၏!

ဘုရားေရ! မူရင္းဝတၳဳထဲမွာ ဒါမ်ိဳးမပါဘူးေလ။

စုယာယာ သူ႕ကို ၾကည့္ေနရင္း ၾကက္ေသ,ေသသြား သည္။

ထိုသူက သူမဆီ ေလွ်ာက္လွမ္းလာၿပီး ခပ္ဖြဖြရယ္ကာ သူမရဲ႕ဆံပင္တို႔ကို ပြတ္သပ္သည္။

"အံ့ဩသြားလား? ေပ်ာ္လြန္းလို႔ဆြံ႕အသြားတာလား?"

စုယာယာ:"....."

နိုး, ကြၽန္မက ဆြံ႕အေန႐ုံေလးတင္ အိုေက?

ခ်န္ရႈံ႕ခ်ီက ၿပဳံးၿပီး အမူအရာလုပ္ျပသည္။

"စာျပန္လိုက္"

"....."

ခ်န္ရႈံ႕ခ်ီ၏အၾကည့္စူးစူးေအာက္တြင္ စုယာယာမွာ နာခံ ရိုးက်ိဳးစြာျဖင့္ သူ႕ပို႔စ္ကို forward လုပ္လိုက္ရသည္။

စု ယာယာယာယာ:Good morning ပါ , ကြၽန္မရဲ႕ ခ်စ္လွစြာေသာ ေကာင္ေလးေရ!@ခ်န္ရႈံ႕ခ်ီ V *# အသဲပုံ

စာေရးသူမွာ ေျပာစရာရွိပါတယ္: တရားဝင္ ျဖစ္သြား ၿပီဗ်ိဳ႕ ! တရားဝင္ျဖစ္သြားၿပီ! ပန္းေတြ ႀကဲလိုက္ၾကရ ေအာင္---

#May 25 2022

Comment