အခန်း(၂၀) လွတ်လမ်းခရီး/အခန္း(၂၀) လြတ္လမ္းခရီး


Unicode


အခန်း(၂၀) လွတ်လမ်းခရီး


ကျုံဖိန်ယွင်က စုယာယာရဲ့ တည်ငြိမ်သောတုံ့ပြန်မှုကို တွေးဆနေမိတယ်။ သူမ(စုယာယာ)က အရင်တုန်းကလို ဆူဆူညံညံ ဗရုတ်မကျဘဲ ဖြစ်နေတာကြောင့်ပင်။ သူမ အရမ်းကို ပျော်နေသင့်တာမဟုတ်ဘူးလား? ချန်ရှုံချီ က သူမရဲ့ရှူးဂါးဒယ်ဒီကြီးဖြစ်တာလို့ ဂေါက်များဂေါက်သွားတာ လား?


သို့ပေမယ့် သူမမှာ အရမ်းကို အလုပ်များနေခဲ့ပြီး အခြားကိစ္စတွေ အများကြီး ကိုင်တွယ်ရမှာမို့ ဒီအကြောင်းကို အများကြီး မတွေးခဲ့လိုက်နိုင်ဘူး။ သူမမှာ ဒီကိစ္စကို တွေးတောရင်း ဖြုန်းတီးဖို့ အချိန်မရှိဘူး။ နောင်အတွက် သူမ အခြားကိစ္စရပ်တွေ အခြားလုပ်ငန်းဆောင်တာတွေကို စီစဉ်ရဉီးမယ်။ သူမက ပြောတယ်။


"မနက်ဖြန်မနက်.. ကုမ္ပဏီကို လာခဲ့.. ငါ့မှာ မင်းနဲ့ အရမ်းသင့်တော်တဲ့ ကြော်ငြာတစ်ခု ရှိထားတယ်.. လာကြည့်လှည့်"


ကြော်ငြာ? သူမက ကြော်ငြာတစ်ခု ရိုက်ရတော့မှာပေါ့!


ကျုံဖိန်ယွင်က ထိုအကြောင်းကို တရစပ် ပြောနေတာ ကြောင့် စုယာယာ မှာလည်း စဉ်းစားဆုံးဖြတ်ဖို့ အချိန်ထပ် မရ ော့ပေ။ သူမ လက်ခံလိုက်တယ်။


"ကောင်းပြီ.. ငါ မင်းကို မနက်ဖြန်မနက် ဆယ်နာရီ လောက် ကုမ္ပဏီမှာ စောင့်နေမယ်.. "


ကျုံဖိန်ယွင်က သူမဘာသာ ဆုံးဖြတ်ပြီး ဖုန်းချသွား သည်။


ဖုန်းစခရင်ပေါ်က အလင်း လျော့သွားချိန်မှာတော့ စုယာယာ ဖုန်းကို ကိုင်ထားရင်း ထိုဟာနှင့် သူမနဖူးကို ပွတ်နေမိတယ်။ သူမ ကျုံဖိန်ယွင်ရဲ့စကားတွေကို ပြန်လည် တွေးတော့နေရင်း ပြုံးတုံ့ပြုံးတုံ့ဖြစ်နေတော့သည်။ ဟီးဟီး.. ကောင်းတဲ့ကိစ္စတွေက သူမဆီ ဆက်တိုက်ဆိုသလို ဖြစ်နေ ပါလား.....


အရမ်း ပျော်ဖို့ကောင်းတာပဲ။


သူမ ငယ်ငယ်တုန်းက နာမည်ကြီးသရုပ်ဆောင် တစ် ယောက်ဖြစ်လာဖို့ အိမ်မက်မက်ခဲ့တယ်။ ဆယ်ကျော်သက် အရွယ်တုန်းက TVထဲက သရုပ်ဆောင် တွေက အရမ်းကို တောက်ပ,ချောမောနေတာကို အမြဲကြည့်နေမိခဲ့တယ်။


သူမလည်း အဲ့သရုပ်ဆောင်တွေလို ချောမောလှပပြီး ကြော်ငြာတွေ TV ရှိုးတွေ ရိုက်ကူးနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ Reality Showတွေကို သွားချင်ခဲ့ပြီး နှစ်စဉ် မီလီယမ် ဆယ်ချီ ရာချီပြီး ဝင်ငွေရချင်ခဲ့တယ်။ သာမန်လူတွေအဖို့ မတတ်နိုင်တဲ့ အလွန်လှပသော ဘဝမျိုးမှာ နေချင်ခဲ့တယ်။ အထက်တန်းစားတွေအတွက် လုပ်ထားတဲ့ အစားအစာတွေ ကို စားချင်ခဲ့တယ်။ နာမည်ရ Brand အဝတ်အစားတွေ , ပိုက်ဆံအိတ်တွေ ကားတွေိကိုလည်း ဝယ်ချင်ခဲ့တယ်။ ဉယျာဉ်ကြီးတစ်ခုပါတဲ့ သုံးထပ် ဗီလာအကြီးကြီးမှာလည်း နေချင်ခဲ့တယ်။ သူတို့ရဲ့ဘဝတစ်လျှောက်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတဲ့ သူမရဲ့မိဘတွေကိုလည်း သူမနဲ့တူတူ ဒီ ပျော်ရွှင်မှုကို ခံစားရစေချင်ခဲ့တယ်။ တစ်နိုင်ငံလုံးကို ခရီး လှည့်ထွက်ချင်သလို နိုင်ငံခြားအလည်အပတ်ခရီးတွေလည်း သွားချင်ခဲ့တယ်။ သူမ သွားချင်တဲ့ နေရာကိုသွား, သုံးချင် သလောက် သုံး... အဲလိုဘဝမျိုးဖြစ်ချင်ခဲ့တယ်။


သို့သော်လည်း ဒါက အိမ်မက်လှလှလေးတစ်ခုပါပဲ။


သူမ ထိုအကြောင်းကို စိတ်ကူးယဉ်နေလို့ ရပေမယ့် အဆုံးမှာတော့ နိုးထရမှာပဲ။ မနက်တိုင်း သူမမှာ ၈နာရီ ကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ရတယ်။


သူမရဲ့လစာဆိုတာကလည်း သူမအတွက် အသက်ရှင် နေထိုင်နိုင်ရုံလောက်လေး။ ဘယ်လောက်ပင်ပန်းတယ် ဆိုတာကတော့ ပြောမနေနဲ့တော့။ နောက်ပြီး သူမသူဌေးရဲ့ အဆူအငေါက်ကိုလည်း ခံရသေးတယ်။ နှစ်သစ်ကူးချိန်မျိုး မှာတောင် သူမရဲ့မိဘတွေဆီ ပိုက်ဆံများများစားစား ပို့ မပေးနိုင်ခဲ့ဘူး။ အရမ်းကို ခါးသီးလွန်းတယ်။


အခုချိန်မှာတော့ စုယာယာ အရမ်းကို ကြည်နူးနေမိ သည်။ သူမ အိပ်နေစဉ် စာအုပ်တစ်အုပ်ထဲကို ဝိညာဉ် ကူးပြောင်းသွားပြီး သူဌေးဇနီးတစ်ယောက် ဖြစ်လာလိမ့် မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ သူမက ဖြစ်လာ တော့မယ့် ပြည့်ဝလာတော့မယ် အိမ်မက်တွေရှိနေတဲ့ ချမ်းသာကြွယ်ဝသည့်အမျိုးသမီးတစ်ဉီးလည်း ဖြစ်နေ သေးသည်။ ဒါ့အပြင် ချန်ရှုံချီကလည်း သူမကို အရမ်း အလို လိုက်ထားပြီး ချမ်းသာလာခဲ့ရင် ဆိုပြီး သူမ လက်ကိုင် ပြုထားတဲ့ သူမရဲ့ စိတ်ကူးယဉ်မှုတွေ အားလုံးကိုလည်း ဖြည့်ဆီးပေးသည်။


အနာဂတ်မှာ တစ်ခြားတစ်စုံတစ်ယောက်က သူမရဲ့ နေရာကို ယူသွားပြီး အချိန်မရွေး ကန်ထုတ်ခံရနိုင်တယ် ဆိုသော်လည်း ကျေးဇူးတင်စွာနဲ့ သူမမှာ နောက်ထပ် ရပ်တည်မှုတစ်ခု ရှိနေသေးတယ်-သရုပ်ဆောင် မင်းသမီး။


ဟုတ်ပါတယ်။ သူမက အွန်လိုင်းဒရာမာလေးတစ်ခု တည်းမှာပဲ ပါဝင်ခဲ့ဖူးတာကြောင့် သူမကိုယ်သူမ မင်းသမီး တစ်ယောက်လို့ သုံးနှုန်းတာက နည်းနည်း မသင့်တော်ပါ ဘူး။ ကံကောင်းစွာနဲ့ သူမက အခုတော့ ဖျော်ဖြေရေး စက်ဝန်းထဲရှိ တစ်စိတ်တစ်ပိုင်းတော့ ဖြစ်နေခဲ့တယ်လေ။ သူမ ကလေးဘဝကတည်းက ရှိိခဲ့တဲ့ သူမရဲ့ သရုပ်ဆောင် အိမ်မက်ကို ဖြည့်ဆီးနိုင်ရမယ်။


သူမ ကြိုးစားနေသ၍ သာမန်သရုပ်ဆောင်ဘဝကနေ လူသိများကျော်ကြားတဲ့ဘဝအဖြစ် ပြောင်းလဲနိုင်တဲ့ တစ်နေ့ ရှိလိမ့်မယ်။ ထိုအချိန်ကျရင် သူမ ဝင်ငွေအများကြီး ရှာနိုင် လိမ့်မယ်။


လောလောဆယ်တော့ သူမက သက်တောင့်သက်သာ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ ချန်ရှုံချီပေါ်မှာ အလုံးစုံ မှီခိုနေရ သည်။ သို့သော် နောင်ကျရင် သူမက ကန်ထုတ်ခံရမှာပဲ။ သူမကိုယ်တိုင် လွတ်လမ်းတစ်ခုကို ချန်ထားရမယ်မလား?


ပထမဆုံးက ချန်ရှုံချီနဲ့ အန်ယွီထုန်ကို စိတ်အနှောက် အယှက်မပေးမိဖို့။ ထို့အပြင် နောက်တစ်ခုက ရုပ်ရှင်တွေကို ကြိုးကြိုးစားစား ရိုက်ကူးပြီး နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ဖြစ်လာရမယ်။ ထိုနည်းနဲ့သာလျှင် သူမ ပိုက်ဆံပိုရှာနိုင်ပြီး သူမရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်မယ်။ သူမရဲ့ဇာတိမြေကို ပြန်သွားပြီး နွား/ဝက်စသည် ခြံမွေးတိရိစ္ဆာန် မွေးဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုရင်တောင်မှ သူမိကိုယ်သူအတွက် နေရာကောင်းကောင်းတစ်ခုကို ရှာနိုင်မယ်မလား?


ထပ်ပြီး ထိုရည်ရွယ်ချက်နှစ်မျိုးလုံးကလည်း တိုက်ဆိုင် မနေဘူး။ တစ်ချိန်တည်းမှာ နှစ်ခုစလုံးကို သူမ လုပ်နိုင် တယ်။


အွန်း.. သူမ ဒါကို လုပ်ချင်ရင် လုပ်ကို လုပ်လိမ့်မယ်။ အကောင်းမြင်စိတ်ရှိတဲ့လူတစ်ယောက်ဖြစ်သူ စုယာယာက ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန်ပဲ ချတယ်။


အပိုင်း ၂၁ (မျှော်)


Zawgyi


အခန္း(၂၀) လြတ္လမ္းခရီး


က်ဳံဖိန္ယြင္က စုယာယာရဲ႕ တည္ၿငိမ္ေသာတုံ႕ျပန္မႈကို ေတြးဆေနမိတယ္။ သူမ(စုယာယာ)က အရင္တုန္းကလို ဆူဆူညံညံ ဗ႐ုတ္မက်ဘဲ ျဖစ္ေနတာေၾကာင့္ပင္။ သူမ အရမ္းကို ေပ်ာ္ေနသင့္တာမဟုတ္ဘူးလား? ခ်န္ရႈံခ်ီ က သူမရဲ႕ရႉးဂါးဒယ္ဒီႀကီးျဖစ္တာလို႔ ေဂါက္မ်ားေဂါက္သြားတာ လား?


သို႔ေပမယ့္ သူမမွာ အရမ္းကို အလုပ္မ်ားေနခဲ့ၿပီး အျခားကိစၥေတြ အမ်ားႀကီး ကိုင္တြယ္ရမွာမို႔ ဒီအေၾကာင္းကို အမ်ားႀကီး မေတြးခဲ့လိုက္နိုင္ဘူး။ သူမမွာ ဒီကိစၥကို ေတြးေတာရင္း ျဖဳန္းတီးဖို႔ အခ်ိန္မရွိဘူး။ ေနာင္အတြက္ သူမ အျခားကိစၥရပ္ေတြ အျခားလုပ္ငန္းေဆာင္တာေတြကို စီစဥ္ရဉီးမယ္။ သူမက ေျပာတယ္။


"မနက္ျဖန္မနက္.. ကုမၸဏီကို လာခဲ့.. ငါ့မွာ မင္းနဲ႕ အရမ္းသင့္ေတာ္တဲ့ ေၾကာ္ျငာတစ္ခု ရွိထားတယ္.. လာၾကည့္လွည့္"


ေၾကာ္ျငာ? သူမက ေၾကာ္ျငာတစ္ခု ရိုက္ရေတာ့မွာေပါ့!


က်ဳံဖိန္ယြင္က ထိုအေၾကာင္းကို တရစပ္ ေျပာေနတာ ေၾကာင့္ စုယာယာ မွာလည္း စဥ္းစားဆုံးျဖတ္ဖို႔ အခ်ိန္ထပ္ မရ ော့ပေ။ သူမ လက္ခံလိုက္တယ္။


"ေကာင္းၿပီ.. ငါ မင္းကို မနက္ျဖန္မနက္ ဆယ္နာရီ ေလာက္ ကုမၸဏီမွာ ေစာင့္ေနမယ္.. "


က်ဳံဖိန္ယြင္က သူမဘာသာ ဆုံးျဖတ္ၿပီး ဖုန္းခ်သြား သည္။


ဖုန္းစခရင္ေပၚက အလင္း ေလ်ာ့သြားခ်ိန္မွာေတာ့ စုယာယာ ဖုန္းကို ကိုင္ထားရင္း ထိုဟာႏွင့္ သူမနဖူးကို ပြတ္ေနမိတယ္။ သူမ က်ဳံဖိန္ယြင္ရဲ႕စကားေတြကို ျပန္လည္ ေတြးေတာ့ေနရင္း ၿပဳံးတုံ႕ၿပဳံးတုံ႕ျဖစ္ေနေတာ့သည္။ ဟီးဟီး.. ေကာင္းတဲ့ကိစၥေတြက သူမဆီ ဆက္တိုက္ဆိုသလို ျဖစ္ေန ပါလား.....


အရမ္း ေပ်ာ္ဖို႔ေကာင္းတာပဲ။


သူမ ငယ္ငယ္တုန္းက နာမည္ႀကီးသ႐ုပ္ေဆာင္ တစ္ ေယာက္ျဖစ္လာဖို႔ အိမ္မက္မက္ခဲ့တယ္။ ဆယ္ေက်ာ္သက္ အ႐ြယ္တုန္းက TVထဲက သ႐ုပ္ေဆာင္ ေတြက အရမ္းကို ေတာက္ပ,ေခ်ာေမာေနတာကို အၿမဲၾကည့္ေနမိခဲ့တယ္။


သူမလည္း အဲ့သ႐ုပ္ေဆာင္ေတြလို ေခ်ာေမာလွပၿပီး ေၾကာ္ျငာေတြ TV ရွိုးေတြ ရိုက္ကူးနိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တယ္။ Reality Showေတြကို သြားခ်င္ခဲ့ၿပီး ႏွစ္စဥ္ မီလီယမ္ ဆယ္ခ်ီ ရာခ်ီၿပီး ဝင္ေငြရခ်င္ခဲ့တယ္။ သာမန္လူေတြအဖို႔ မတတ္နိုင္တဲ့ အလြန္လွပေသာ ဘဝမ်ိဳးမွာ ေနခ်င္ခဲ့တယ္။ အထက္တန္းစားေတြအတြက္ လုပ္ထားတဲ့ အစားအစာေတြ ကို စားခ်င္ခဲ့တယ္။ နာမည္ရ Brand အဝတ္အစားေတြ , ပိုက္ဆံအိတ္ေတြ ကားေတြိကိုလည္း ဝယ္ခ်င္ခဲ့တယ္။ ဉယ်ာဥ္ႀကီးတစ္ခုပါတဲ့ သုံးထပ္ ဗီလာအႀကီးႀကီးမွာလည္း ေနခ်င္ခဲ့တယ္။ သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္လုံး ပင္ပင္ပန္းပန္း လုပ္ကိုင္ခဲ့ရတဲ့ သူမရဲ႕မိဘေတြကိုလည္း သူမနဲ႕တူတူ ဒီ ေပ်ာ္႐ႊင္မႈကို ခံစားရေစခ်င္ခဲ့တယ္။ တစ္နိုင္ငံလုံးကို ခရီး လွည့္ထြက္ခ်င္သလို နိုင္ငံျခားအလည္အပတ္ခရီးေတြလည္း သြားခ်င္ခဲ့တယ္။ သူမ သြားခ်င္တဲ့ ေနရာကိုသြား, သုံးခ်င္ သေလာက္ သုံး... အဲလိုဘဝမ်ိဳးျဖစ္ခ်င္ခဲ့တယ္။


သို႔ေသာ္လည္း ဒါက အိမ္မက္လွလွေလးတစ္ခုပါပဲ။


သူမ ထိုအေၾကာင္းကို စိတ္ကူးယဥ္ေနလို႔ ရေပမယ့္ အဆုံးမွာေတာ့ နိုးထရမွာပဲ။ မနက္တိုင္း သူမမွာ ၈နာရီ ကေန ညေန ၆ နာရီအထိ အလုပ္လုပ္ရတယ္။


သူမရဲ႕လစာဆိုတာကလည္း သူမအတြက္ အသက္ရွင္ ေနထိုင္နိုင္႐ုံေလာက္ေလး။ ဘယ္ေလာက္ပင္ပန္းတယ္ ဆိုတာကေတာ့ ေျပာမေနနဲ႕ေတာ့။ ေနာက္ၿပီး သူမသူေဌးရဲ႕ အဆူအေငါက္ကိုလည္း ခံရေသးတယ္။ ႏွစ္သစ္ကူးခ်ိန္မ်ိဳး မွာေတာင္ သူမရဲ႕မိဘေတြဆီ ပိုက္ဆံမ်ားမ်ားစားစား ပို႔ မေပးနိုင္ခဲ့ဘူး။ အရမ္းကို ခါးသီးလြန္းတယ္။


အခုခ်ိန္မွာေတာ့ စုယာယာ အရမ္းကို ၾကည္ႏူးေနမိ သည္။ သူမ အိပ္ေနစဥ္ စာအုပ္တစ္အုပ္ထဲကို ဝိညာဥ္ ကူးေျပာင္းသြားၿပီး သူေဌးဇနီးတစ္ေယာက္ ျဖစ္လာလိမ့္ မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူး။ သူမက ျဖစ္လာ ေတာ့မယ့္ ျပည့္ဝလာေတာ့မယ္ အိမ္မက္ေတြရွိေနတဲ့ ခ်မ္းသာႂကြယ္ဝသည့္အမ်ိဳးသမီးတစ္ဉီးလည္း ျဖစ္ေန ေသးသည္။ ဒါ့အျပင္ ခ်န္ရႈံခ်ီကလည္း သူမကို အရမ္း အလို လိုက္ထားၿပီး ခ်မ္းသာလာခဲ့ရင္ ဆိုၿပီး သူမ လက္ကိုင္ ျပဳထားတဲ့ သူမရဲ႕ စိတ္ကူးယဥ္မႈေတြ အားလုံးကိုလည္း ျဖည့္ဆီးေပးသည္။


အနာဂတ္မွာ တစ္ျခားတစ္စုံတစ္ေယာက္က သူမရဲ႕ ေနရာကို ယူသြားၿပီး အခ်ိန္မေ႐ြး ကန္ထုတ္ခံရနိုင္တယ္ ဆိုေသာ္လည္း ေက်းဇူးတင္စြာနဲ႕ သူမမွာ ေနာက္ထပ္ ရပ္တည္မႈတစ္ခု ရွိေနေသးတယ္-သ႐ုပ္ေဆာင္ မင္းသမီး။


ဟုတ္ပါတယ္။ သူမက အြန္လိုင္းဒရာမာေလးတစ္ခု တည္းမွာပဲ ပါဝင္ခဲ့ဖူးတာေၾကာင့္ သူမကိုယ္သူမ မင္းသမီး တစ္ေယာက္လို႔ သုံးႏႈန္းတာက နည္းနည္း မသင့္ေတာ္ပါ ဘူး။ ကံေကာင္းစြာနဲ႕ သူမက အခုေတာ့ ေဖ်ာ္ေျဖေရး စက္ဝန္းထဲရွိ တစ္စိတ္တစ္ပိုင္းေတာ့ ျဖစ္ေနခဲ့တယ္ေလ။ သူမ ကေလးဘဝကတည္းက ရွိိခဲ့တဲ့ သူမရဲ႕ သ႐ုပ္ေဆာင္ အိမ္မက္ကို ျဖည့္ဆီးနိုင္ရမယ္။


သူမ ႀကိဳးစားေနသ၍ သာမန္သ႐ုပ္ေဆာင္ဘဝကေန လူသိမ်ားေက်ာ္ၾကားတဲ့ဘဝအျဖစ္ ေျပာင္းလဲနိုင္တဲ့ တစ္ေန႕ ရွိလိမ့္မယ္။ ထိုအခ်ိန္က်ရင္ သူမ ဝင္ေငြအမ်ားႀကီး ရွာနိုင္ လိမ့္မယ္။


ေလာေလာဆယ္ေတာ့ သူမက သက္ေတာင့္သက္သာ ဘဝတစ္ခုကို ပိုင္ဆိုင္ဖို႔ ခ်န္ရႈံခ်ီေပၚမွာ အလုံးစုံ မွီခိုေနရ သည္။ သို႔ေသာ္ ေနာင္က်ရင္ သူမက ကန္ထုတ္ခံရမွာပဲ။ သူမကိုယ္တိုင္ လြတ္လမ္းတစ္ခုကို ခ်န္ထားရမယ္မလား?


ပထမဆုံးက ခ်န္ရႈံခ်ီနဲ႕ အန္ယြီထုန္ကို စိတ္အႏွောက္ အယွက္မေပးမိဖို႔။ ထို႔အျပင္ ေနာက္တစ္ခုက ႐ုပ္ရွင္ေတြကို ႀကိဳးႀကိဳးစားစား ရိုက္ကူးၿပီး နာမည္ႀကီး သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လာရမယ္။ ထိုနည္းနဲ႕သာလွ်င္ သူမ ပိုက္ဆံပိုရွာနိုင္ၿပီး သူမရဲ႕အနာဂတ္အတြက္ ေကာင္းမြန္တဲ့ ဘဝတစ္ခုကို ဖန္တီးနိုင္မယ္။ သူမရဲ႕ဇာတိေျမကို ျပန္သြားၿပီး ႏြား/ဝက္စသည္ ၿခံေမြးတိရိစ္ဆာန္ ေမြးဖို႔ ဆုံးျဖတ္ခဲ့တယ္ ဆိုရင္ေတာင္မွ သူမိကိုယ္သူအတြက္ ေနရာေကာင္းေကာင္းတစ္ခုကို ရွာနိုင္မယ္မလား?


ထပ္ၿပီး ထိုရည္႐ြယ္ခ်က္ႏွစ္မ်ိဳးလုံးကလည္း တိုက္ဆိုင္ မေနဘူး။ တစ္ခ်ိန္တည္းမွာ ႏွစ္ခုစလုံးကို သူမ လုပ္နိုင္ တယ္။


အြန္း.. သူမ ဒါကို လုပ္ခ်င္ရင္ လုပ္ကို လုပ္လိမ့္မယ္။ အေကာင္းျမင္စိတ္ရွိတဲ့လူတစ္ေယာက္ျဖစ္သူ စုယာယာက ဆုံးျဖတ္ခ်က္တစ္ခုကို ခပ္ျမန္ျမန္ပဲ ခ်တယ္။


အပိုင္း ၂၁ (ေမွ်ာ္)

Comment