Chapter 94 (Uni & Zawgyi)

Unicode


အခန်း(၉၄)ချန်ရှုံချီနဲ့မင်းရဲ့ဆက်ဆံရေးက ဘယ်လိုနေလဲ-၁


"မင်း ချန်ရှုံချီနဲ့အဆင်ပြေလား?"


ရှုချောင်ရန်က မျက်ခုံးတစ်ဖက်ပင့်ရင်းမေးသည်။


စုယာယာ သူ့ထံတစ်ချက်ကြည့်လိုက်၏။သူမ ဒီမေးခွန်း ကို သိပ်သဘောမကျလှချေ။


"ကျွန်မရဲ့ပုဂ္ဂိုလ်ရေးပါ"


သူ့မှာ ဒီမေးခွန်းမေးဖို့အခွင့်အရေးမရှိဟု သွယ်ဝိုက် ပြောလိုက်ခြင်းပဲ။


ရှုချောင်ရန်က ခပ်ဟဟရယ်ပြီး ပြောသည်။


"မင်းက တကယ်ကြီး တစ်ဉီးတစ်ယောက်နဲ့ အတော် လေးတူတယ်လို့ ပြောဖူးသူများမရှိဘူးလား?"


စုယာယာ မျက်တောင်တဖျက်ဖျက်ခတ်သည်။ သူ့အသံ ကတော့ အတော်လေးသိနေသလိုပဲ။


"သိနေတယ်ဆိုရင်ရော?"


စုယာယာက သိပ်အလေးထားဟန် ပြုံးပြပြဆိုသည်။


ရှုချောင်ရန်သည် သူမရဲ့တုံ့ပြန်ချက်ကိုကြည့်ပြီး နှုတ် ခမ်းထောင့်စွန်းတို့က ကွေးညွှတ်သွား၏။


"မင်းကို စိတ်အနှောက်အယှက်မဖြစ်စေဘူးလား? မင်း က အရှင်းသားကြီး..."


သူမက အန်ယွီထုန်ရဲ့အစားထိုးဟု သူပြောမိတော့မလို့။


ထိုအချိန်မှာရယ်ဖို့က စုယာယာ အလှည့်ဖြစ်သွား သည်။ သူမသည် နည်းနည်းမှစိုးရိမ်မှုမရှိသည်အလား သူမ မျက်နှာပေါ်ရှိအပြုံးက တောက်ပနေ၏။


"စိတ်အနှောက်အယှက်ဖြစ်စရာ ဘာရှိလို့လဲ? နောက် ပြီး ရှင်ကရော ဘာ့ကြောင့်အဲလိုဖြစ်လိမ့်မည်လို့ တွေးရတာ လဲ? ခုလက်ရှိ သူ့ဘေးမှာရှိနေတဲ့သူက ကျွန်မပဲလေ!"


ရှုချောင်ရန်၏မျက်နှာချောချောထက်မှာ အံဩသွား သည့်အကြည့်တစ်ချက် ပေါ်လာ၏။ သူက အံအားသင့်စွာ သူမကို ကြည့်လာ၏။


"မင်း အဲ့အကြောင်းကိုသိတယ်? တကယ်ကြီးသိနေ တယ်?"


စုယာယာက ပခုံးတွန့်ပြကာ အရေးမပါဟန်ဖြင့် ပြော လေသည်။


"သေချာပေါက် ကျွန်မ သိနေတာပေါ့..... ဟိုးအရင်က တည်းက သိနေခဲ့တာ.. ရှင်ကလည်း ကျွန်မရှေ့မှာ လာပြော တဲ့ပထမဉီးဆုံးသူလည်း မဟုတ်ဘူးလေ.. အန်ယွီထင်က ဟိုးအရင်ကတည်းက ကျွန်မဆီလာပြောပြီးသား.. နောက် ပြီး ကျွန်မလည်း တုံးအနေတာမှမဟုတ်ဘဲ.. ဘာ့ကြောင့် မသိဘဲရှိမှာလဲ?"


နောက်ထပ်ရှိသေးတယ်လေ.. သူမက မူရင်းဝတ္ထုကို လည်းဖတ်ပြီးသားလေ။ ထိုနေ့ နားနေခန်းထဲမှာ အိပ်နေစဉ် ကလည်း သူမကိုယ်တိုင် နားနဲ့စက်စက်ကြားခဲ့တာပဲ။ အန် ယွီထင်က သူမကို အစားထိုးခံတစ်ယောက်ပဲလို့ ပြောခဲ့ပြီး သူမလည်း အလွန်ရှင်းလင်းပြတ်သားစွာ သိနေပါတယ်။


ရှုချောင်ရန် တိတ်ဆိတ်သွား၏။ ထို့နောက် နူးညံ့စွာ စကားမစနိုင်ခင် ခေါင်းတဆတ်ဆတ် ငြိမ့်သည်။


"ဆိုတော့ အဲလိုမျိုးပေါ့..."


"ရှင် သိနေပြီးသားဆိုတော့ ထွက်သွားသင့်နေပြီ မလား?"


စုယာယာသည် ခပ်တန်းတန်းမျက်နှာထားနှင့်သာ သူ့ ကို နှင်လွှတ်၏။


အရင်က ရှုချောင်ရန်သည် သူမကိုဘာဖြစ်လို့ တရင်း တနှီးဆက်ဆံခဲ့သလဲဆိုတာကို သိချင်နေမိတုန်းပဲ။ သူတို့ နှစ်ဉီးဟာ တစ်ဉီးကိုတစ်ဉီးလုံးဝသိမနေပေ။ ပတ်သတ်ဆက် နွယ်မှုဆိုသည်မှာလည်း လုံးဝမရှိ။ သူတို့ကြား ဆက်နွယ်မှု တစ်ခုတည်းသောအရာက သူတို့နှစ်ဉီးစလုံး ပါဝင်ရိုက်ကူး ရသည့် 'ရှင်သန်လာသောနန်းတော်' ဇာတ်လမ်းတွဲပရော ဂျက်သာ။ နောက်ပြီးသူက အခြားသူတွေထက် သူမအပေါ် စိတ်အားထက်သန်မှုကို ပိုပြသခဲ့ပြီး အများကြီး ပိုလို့တောင် ဂရုစိုက်ပေး၊ စိုးရိမ်ပေးခဲ့..ဒါမှမဟုတ်.. သူ့ကို မှီထားခဲ့ရသည့် သူမခန္ဓာကိုယ်၏အနွေးဓာတ်ကိုပဲ ဂရုစိုက်ခဲ့လေသလား။ ထို သူက သူမကို သူ့ရဲ့ဂျူနီယာညီမလေးဟု ရင်းနှီးမှုစယူပြီး Weiboပေါ်မှာလည်း ကြေညာခဲ့သည်။


တစ်ကုမ္ပဏီထဲမှာ အလုပ်လုပ်တယ်ဆိုတဲ့အတွက် ကြောင့်နှင့် စီနီယာ၊ဂျူနီယာတွေလို့ သုံးနှုန်းကြမယ်ဆိုလျှင် ရှုချောင်ရန်မှာ အစ်ကိုတွေအစ်မတွေ ဘယ်လောက်တောင် ရှိနေလိမ့်မလဲ? ထိုအကြောင်းပြချက်တစ်ခုတည်းနှင့်တော့ လုံးဝအဓိပ္ပာယ်ရှိမနေဘူး။ စုယာယာကိုယ်တိုင်လည်း ရှု ချောင်ရန်၏အပြုအမူတွေကို သံသယဖြစ်မိပါသည်။ ပိုဆိုး သည်က ချန်ရှုံချီကတောင် သူနဲ့ဝေးဝေးမှာနေရန် သူမကို သတိပေးဖို့သက်သက် ဖုန်းဆက်ခဲ့တယ်ဆိုတာပဲ။


သူမ သိပ်နားမလည်ခဲ့ပေမယ့် အခုလိုအတိတ်နှင့် စပ် ဆက်ကြည့်တာရယ် နောက်ပြီးရှုချောင်ရန် သူမကို ပြောခဲ့ တာရယ်ကို ဆက်တွေးကြည့်ပါက သူမ ဘာများနားမလည် နိုင်စရာ ရှိတော့မလဲ?


ရှုချောင်ရန်သည် အရင်အချိန်တွေကတည်းက ချန်ရှုံချီ, အန်ယွီထုန်နှင့် အန်ယွီထင်တို့ကို သိနေပြီးသားပဲဖြစ်ရမည်။ မဟုတ်ရင် သူတို့အကြောင်း သူ ဒီလောက်ကြီး ဘယ်လိုလုပ် သိနေနိုင်မလဲ?


ထို့နောက် ချန်ရှုံချီသည် သူမကိုဖုန်းဆက်ခဲ့ပြီး ရှုချောင် ရန်နှင့် ဝေးဝေးနေရန်ပြောဖို့ဆိုလျှင် သူ့အနေအထားကို လျော့ချထားရမည်ဖြစ်သည်အား သဘောပေါက်သွားသည်။ ဒါပေမယ့် ဘာအကြောင်းကြောင့်လဲ? သူမကို ခုလေးတင် ပြောခဲ့တဲ့အကြောင်းအရာတွေအား ရှုချောင်ရန်က သူမကို ပြောမှာကို စိုးရိမ်နေလို့လား?


မဖြစ်နိုင်သေးချေ။ အမွေဆက်ခံဖို့အလို့ငှာ ချန်ရှုံချီ သည် ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်နှင့် လက်ထပ်ဖို့သဘောတူ ခဲ့ပြီး မူလပိုင်ရှင်သည်လည်း သူတို့နှစ်ဉီးကြားက သာမန် သမီးရည်းစားဆက်ဆံရေးလို ရိုးရှင်းမည်မဟုတ်ကြောင်း အနည်းနှင့်အများတော့ သိခဲ့မှာပင်။ သူမသည် အစားထိုး တစ်ယောက်သာဆိုတာကို ကြားဖူးခဲ့ပြီးဖြစ်မှာပင်။


ဒါဆို ထိုအကြောင်းပြချက်သာမဟုတ်လျှင် ဘာများဖြစ် မလဲ?


စုယာယာ ထိုအကြောင်းကိုတွေးနေပြီး ရဲတင်းသော အတွေးတစ်ခု သူမစိတ်ထဲထကြွလာ၏။ ချန်ရှုံချီသည် သူမ အား ရှုချောင်ရန်နှင့်ဝေးဝေးနေဖို့ ပြောခဲ့တာက ရှုချောင်ရန် သူမကို အန္တာရာယ်ပေးမှာ စိုးလို့များလား?


မဖြစ်နိုင်တာ!


ထိုအတွေးပေါ်လာချင်းချင်းပဲ စုယာယာသည် သူမ ကိုယ်သူမ ပို၍တောင် လန့်သွားမိသည်!


သူမအတွေးအတိုင်း သေချာပေါက်မဖြစ်နိုင်ဟု သူမ ကိုယ်သူမ အကောင်းဆုံးဖျောင်းဖျနေရသည်။ ရှုချောင်ရန် ဟာ သူမကို အန္တာရာယ်ပေးဖို့စရာ အကြောင်းပြချက်မရှိ။ ဘာပဲပြောပြော သူတို့သည် တစ်ခါမှ ပတ်သတ်ဆက်နွယ်မှု လည်းမရှိသလို အရင်က စာရင်းရှင်းဖို့ အာဃာတမျိုးလည်း မရှိခဲ့။ထိုသူက သူမကို ဘာ့ကြောင့်များ အန္တာရာယ်ပေးရ မည်လဲ? သူသည် ရှင်းဟွေ့အင်တာတိန်းမန့်မှာ နံပါတ်၁ ပဲလေ။ နာမည်ကြီးလူငယ်သရုပ်ဆောင်တစ်ဉီး။ ဒီလောက မှာ သူမက နံရံကပ်ပန်းလေးသာဖြစ်နေစဉ် သူ့အနုပညာ လမ်းကြောင်းက တောက်ပသထက် တောက်ပလို့နေသည် ပဲ။ နာမည်ကြီးဖို့ခက်ခဲလှသည့် အင်တာနက်ဆယ်လီ တစ်ယောက်အနေနှင့် သူမကိုခုမှ သတိပြုစရှိသေးသည် မလား။ ရုတ်တရက်ကြီး သူမကိုသူက တားဂတ်ထားစရာ အကြောင်းမရှိချေ။


ဒီလိုဆိုတော့ ဆိုလိုသည်က သူမဟာ သူ့မျက်လုံးထဲ ရောက်သွားခဲ့တာပဲ။


ထိုမူမမှန်ခြင်းကို သတိပြုမိတော့ စုယာယာသည် ရှုချောင်ရန်ဆီမှ မကောင်းတဲ့ခံစားချက်ကို ရလာသလို လိုဖြစ်မိသည်။ ဒီနေ့ဖြစ်ပျက်ခဲ့သည်က အင်တာနက်ပေါ်မှာ ပွဲတစ်ခုဖြစ်သွားခဲ့ပြီး။ ခုလက်ရှိအင်တာနက်ပေါ်မှာ ဘာတွေ ဖြစ်နေပြီလဲဆိုတာကို သူမ မတွေးနိုင်သလို ချန်ရှုံချီသည် သတင်းတွေကို မြင်ပြီးပြီလား ဒါမှမဟုတ် ထိုအကြောင်းနှင့် ပတ်သတ်၍ ဘာတွေများတွေးနေပြီလဲဆိုတာကိုလည်း သူမ မသိချေ။ ချန်ရှုံချီဆီ တိုက်ရိုက် ဖုန်းမဆက်ရဲတာကြောင့် မက်ဆေ့ချ်တိုလေး ၃ ခုသာ ကြိုးစားပို့လိုက်ရပြီး သူ့ကို ရှင်းပြဖို့ ကြိုးစားမိသည်။ ကံမကောင်းစွာနှင့် ချန်ရှုံချီသည် ပြန်မဖြေလာခဲ့ပေ။ အလုပ်များလွန်းနေလို့ မမြင်လို့များလား ဒါမှမဟုတ် အခြားအကြောင်းပြချက်တွေများ ရှိနေလို့လား ဆိုတာ သူမ မသိနိုင်ပေ။ အကြောင်းကြောင်းကြောင့် စုယာ ယာ၏နှလုံးသားလေးမှာတော့ မလွယ်ကူမှုတွေနှင့် တက် လိုက်ကျလိုက်ဖြစ်နေရတော့သည်။


သူမ ရှုချောင်ရန်နှင့် ဆက်နွယ်မနေချင်တော့။ ဒီတိုင်း သူ့ကို မောင်းထုတ်ပစ်လိုက်ချင်တော့သည်။ အခုလက်ရှိ အချိန်မှာ သူမရဲ့စိတ်ထဲမှာအရှုပ်ထုတ်တစ်ယောက်လို ခံစား နေရပြီး သူမ မြင်ချင်တဲ့နောက်ဆုံးသောသူသာ။


"ရှင် သွားသင့်ပြီ"


သူမက ရှုချောင်ရန်ကို ခပ်တန်းတန်းသာပြော၏။ သူ့ကို ကြည့်နေစဉ် သူမ၏မျက်ဝန်းတွေကတောင် အေးစက်လို့နေ သည်။ သူ့ကို သိသိသာသာကြီး‌ မောင်းထုတ်နေတာပဲ။


ရှုချောင်ရန်သည်လည်း သူမဟာ အရင်ကထင် သူ့ကို အများကြီးပိုအေးစက်သွားသည်ကို အရှင်းသားပြောနိုင်ပါ သည်။ ဘာ့ကြောင်လဲဆိုတာကိုလည်း သူကိုယ်တိုင်သိ၍နေ ပါသည်။ ခဏလောက် သူမကို ငြိမ်သက်စွာ ကြည့်နေပြီး မသိမသာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။


"ကောင်းပါပြီ"


စုယာယာသည် တိတ်ဆိတ်စွာပင် ကုတင်ပေါ်မှာ လှဲနေ ပြီး သူ့ဆီကိုကြည့်မနေခဲ့ချေ။ သူမရဲ့မျက်ဝန်းတွေဟာ အပ် စိုက်ထားသည့်လက်ဖမိုးပေါ်မှာသာ ရှိနေပြီး တစ်စက် ကလေးမှ လှုပ်ရှားခြင်းမရှိ။


ရှုချောင်ရန်သည် ပြန်လှည့်ပြီး ထွက်မသွားခင် သူမကို ခဏလောက်တော့ ကြည့်နေခဲ့၏။ တံခါးဆီရောက်သွားချိန် မှာ သူက ရပ်သွားပြီး စုယာယာထံ လှည့်ကြည့်သည်။


"မင်း ယုံချင်မှယုံ မယုံချင်နေပါ.. ကိုယ် တကယ် မင်းကို ကိုယ့်ရဲ့ဂျူနီယာညီမလေးအနေနဲ့ မြင်ခဲ့တာပါ.. မင်းက ကိုယ့်ရဲ့သူငယ်ချင်းပါပဲ"


စုယာယာ၏ နှုတ်ခမ်းထောင့်စွန်းက လှုပ်ရှားသွားခဲ့ပေ မယ့် သူမရဲ့လည်ချောင်းထဲက ခြောက်ကပ်နေလွန်းလို့ တံတွေးတစ်စက်ပင် ထွက်မလာနိုင်တော့။


ရှုချောင်ရန်သည် သူမက သူ့ကို ဘာစကားတစ်ခွန်းမှ မဆိုဘဲ လျစ်လျူရှုထားသည်ကိုမြင်တော့ သူ့အကြည့်တို့က မှေးမှိန်သွား၏။ ပြန်လှည့်ကာ တံခါးဖွင့်ပြီး ထွက်သွားခဲ့ တော့သည်။


နောက်ဆုံးတော့ ဆေးရုံခန်းထဲမှာ တိတ်ဆိတ်မှုတို့ ကြီးစိုးသွား၏။ အချိန်အတော်လေးကြာမှ အခန်းထဲ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာ၏။


#CaCa🍀


Zawgyi


အခန္း(၉၄)ခ်န္ရႈံခ်ီနဲ႕မင္းရဲ႕ဆက္ဆံေရးက ဘယ္လိုေနလဲ-၁


"မင္း ခ်န္ရႈံခ်ီနဲ႕အဆင္ေျပလား?"


ရႈေခ်ာင္ရန္က မ်က္ခုံးတစ္ဖက္ပင့္ရင္းေမးသည္။


စုယာယာ သူ႕ထံတစ္ခ်က္ၾကည့္လိုက္၏။သူမ ဒီေမးခြန္း ကို သိပ္သေဘာမက်လွေခ်။


"ကြၽန္မရဲ႕ပုဂၢိုလ္ေရးပါ"


သူ႕မွာ ဒီေမးခြန္းေမးဖို႔အခြင့္အေရးမရွိဟု သြယ္ဝိုက္ ေျပာလိုက္ျခင္းပဲ။


ရႈေခ်ာင္ရန္က ခပ္ဟဟရယ္ၿပီး ေျပာသည္။


"မင္းက တကယ္ႀကီး တစ္ဉီးတစ္ေယာက္နဲ႕ အေတာ္ ေလးတူတယ္လို႔ ေျပာဖူးသူမ်ားမရွိဘူးလား?"


စုယာယာ မ်က္ေတာင္တဖ်က္ဖ်က္ခတ္သည္။ သူ႕အသံ ကေတာ့ အေတာ္ေလးသိေနသလိုပဲ။


"သိေနတယ္ဆိုရင္ေရာ?"


စုယာယာက သိပ္အေလးထားဟန္ ၿပဳံးျပျပဆိုသည္။


ရႈေခ်ာင္ရန္သည္ သူမရဲ႕တုံ႕ျပန္ခ်က္ကိုၾကည့္ၿပီး ႏႈတ္ ခမ္းေထာင့္စြန္းတို႔က ေကြးၫႊတ္သြား၏။


"မင္းကို စိတ္အႏွောက္အယွက္မျဖစ္ေစဘူးလား? မင္း က အရွင္းသားႀကီး..."


သူမက အန္ယြီထုန္ရဲ႕အစားထိုးဟု သူေျပာမိေတာ့မလို႔။


ထိုအခ်ိန္မွာရယ္ဖို႔က စုယာယာ အလွည့္ျဖစ္သြား သည္။ သူမသည္ နည္းနည္းမွစိုးရိမ္မႈမရွိသည္အလား သူမ မ်က္ႏွာေပၚရွိအၿပဳံးက ေတာက္ပေန၏။


"စိတ္အႏွောက္အယွက္ျဖစ္စရာ ဘာရွိလို႔လဲ? ေနာက္ ၿပီး ရွင္ကေရာ ဘာ့ေၾကာင့္အဲလိုျဖစ္လိမ့္မည္လို႔ ေတြးရတာ လဲ? ခုလက္ရွိ သူ႕ေဘးမွာရွိေနတဲ့သူက ကြၽန္မပဲေလ!"


ရႈေခ်ာင္ရန္၏မ်က္ႏွာေခ်ာေခ်ာထက္မွာ အံဩသြား သည့္အၾကည့္တစ္ခ်က္ ေပၚလာ၏။ သူက အံအားသင့္စြာ သူမကို ၾကည့္လာ၏။


"မင္း အဲ့အေၾကာင္းကိုသိတယ္? တကယ္ႀကီးသိေန တယ္?"


စုယာယာက ပခုံးတြန႔္ျပကာ အေရးမပါဟန္ျဖင့္ ေျပာ ေလသည္။


"ေသခ်ာေပါက္ ကြၽန္မ သိေနတာေပါ့..... ဟိုးအရင္က တည္းက သိေနခဲ့တာ.. ရွင္ကလည္း ကြၽန္မေရွ႕မွာ လာေျပာ တဲ့ပထမဉီးဆုံးသူလည္း မဟုတ္ဘူးေလ.. အန္ယြီထင္က ဟိုးအရင္ကတည္းက ကြၽန္မဆီလာေျပာၿပီးသား.. ေနာက္ ၿပီး ကြၽန္မလည္း တုံးအေနတာမွမဟုတ္ဘဲ.. ဘာ့ေၾကာင့္ မသိဘဲရွိမွာလဲ?"


ေနာက္ထပ္ရွိေသးတယ္ေလ.. သူမက မူရင္းဝတၳဳကို လည္းဖတ္ၿပီးသားေလ။ ထိုေန႕ နားေနခန္းထဲမွာ အိပ္ေနစဥ္ ကလည္း သူမကိုယ္တိုင္ နားနဲ႕စက္စက္ၾကားခဲ့တာပဲ။ အန္ ယြီထင္က သူမကို အစားထိုးခံတစ္ေယာက္ပဲလို႔ ေျပာခဲ့ၿပီး သူမလည္း အလြန္ရွင္းလင္းျပတ္သားစြာ သိေနပါတယ္။


ရႈေခ်ာင္ရန္ တိတ္ဆိတ္သြား၏။ ထို႔ေနာက္ ႏူးညံ့စြာ စကားမစနိုင္ခင္ ေခါင္းတဆတ္ဆတ္ ၿငိမ့္သည္။


"ဆိုေတာ့ အဲလိုမ်ိဳးေပါ့..."


"ရွင္ သိေနၿပီးသားဆိုေတာ့ ထြက္သြားသင့္ေနၿပီ မလား?"


စုယာယာသည္ ခပ္တန္းတန္းမ်က္ႏွာထားႏွင့္သာ သူ႕ ကို ႏွင္လႊတ္၏။


အရင္က ရႈေခ်ာင္ရန္သည္ သူမကိုဘာျဖစ္လို႔ တရင္း တႏွီးဆက္ဆံခဲ့သလဲဆိုတာကို သိခ်င္ေနမိတုန္းပဲ။ သူတို႔ ႏွစ္ဉီးဟာ တစ္ဉီးကိုတစ္ဉီးလုံးဝသိမေနေပ။ ပတ္သတ္ဆက္ ႏြယ္မႈဆိုသည္မွာလည္း လုံးဝမရွိ။ သူတို႔ၾကား ဆက္ႏြယ္မႈ တစ္ခုတည္းေသာအရာက သူတို႔ႏွစ္ဉီးစလုံး ပါဝင္ရိုက္ကူး ရသည့္ 'ရွင္သန္လာေသာနန္းေတာ္' ဇာတ္လမ္းတြဲပေရာ ဂ်က္သာ။ ေနာက္ၿပီးသူက အျခားသူေတြထက္ သူမအေပၚ စိတ္အားထက္သန္မႈကို ပိုျပသခဲ့ၿပီး အမ်ားႀကီး ပိုလို႔ေတာင္ ဂ႐ုစိုက္ေပး၊ စိုးရိမ္ေပးခဲ့..ဒါမွမဟုတ္.. သူ႕ကို မွီထားခဲ့ရသည့္ သူမခႏၶာကိုယ္၏အႏြေးဓာတ္ကိုပဲ ဂ႐ုစိုက္ခဲ့ေလသလား။ ထို သူက သူမကို သူ႕ရဲ႕ဂ်ဴနီယာညီမေလးဟု ရင္းႏွီးမႈစယူၿပီး Weiboေပၚမွာလည္း ေၾကညာခဲ့သည္။


တစ္ကုမၸဏီထဲမွာ အလုပ္လုပ္တယ္ဆိုတဲ့အတြက္ ေၾကာင့္ႏွင့္ စီနီယာ၊ဂ်ဴနီယာေတြလို႔ သုံးႏႈန္းၾကမယ္ဆိုလွ်င္ ရႈေခ်ာင္ရန္မွာ အစ္ကိုေတြအစ္မေတြ ဘယ္ေလာက္ေတာင္ ရွိေနလိမ့္မလဲ? ထိုအေၾကာင္းျပခ်က္တစ္ခုတည္းႏွင့္ေတာ့ လုံးဝအဓိပၸာယ္ရွိမေနဘူး။ စုယာယာကိုယ္တိုင္လည္း ရႈ ေခ်ာင္ရန္၏အျပဳအမူေတြကို သံသယျဖစ္မိပါသည္။ ပိုဆိုး သည္က ခ်န္ရႈံခ်ီကေတာင္ သူနဲ႕ေဝးေဝးမွာေနရန္ သူမကို သတိေပးဖို႔သက္သက္ ဖုန္းဆက္ခဲ့တယ္ဆိုတာပဲ။


သူမ သိပ္နားမလည္ခဲ့ေပမယ့္ အခုလိုအတိတ္ႏွင့္ စပ္ ဆက္ၾကည့္တာရယ္ ေနာက္ၿပီးရႈေခ်ာင္ရန္ သူမကို ေျပာခဲ့ တာရယ္ကို ဆက္ေတြးၾကည့္ပါက သူမ ဘာမ်ားနားမလည္ နိုင္စရာ ရွိေတာ့မလဲ?


ရႈေခ်ာင္ရန္သည္ အရင္အခ်ိန္ေတြကတည္းက ခ်န္ရႈံခ်ီ, အန္ယြီထုန္ႏွင့္ အန္ယြီထင္တို႔ကို သိေနၿပီးသားပဲျဖစ္ရမည္။ မဟုတ္ရင္ သူတို႔အေၾကာင္း သူ ဒီေလာက္ႀကီး ဘယ္လိုလုပ္ သိေနနိုင္မလဲ?


ထို႔ေနာက္ ခ်န္ရႈံခ်ီသည္ သူမကိုဖုန္းဆက္ခဲ့ၿပီး ရႈေခ်ာင္ ရန္ႏွင့္ ေဝးေဝးေနရန္ေျပာဖို႔ဆိုလွ်င္ သူ႕အေနအထားကို ေလ်ာ့ခ်ထားရမည္ျဖစ္သည္အား သေဘာေပါက္သြားသည္။ ဒါေပမယ့္ ဘာအေၾကာင္းေၾကာင့္လဲ? သူမကို ခုေလးတင္ ေျပာခဲ့တဲ့အေၾကာင္းအရာေတြအား ရႈေခ်ာင္ရန္က သူမကို ေျပာမွာကို စိုးရိမ္ေနလို႔လား?


မျဖစ္နိုင္ေသးေခ်။ အေမြဆက္ခံဖို႔အလို႔ငွာ ခ်န္ရႈံခ်ီ သည္ ဒီခႏၶာကိုယ္ရဲ႕မူလပိုင္ရွင္ႏွင့္ လက္ထပ္ဖို႔သေဘာတူ ခဲ့ၿပီး မူလပိုင္ရွင္သည္လည္း သူတို႔ႏွစ္ဉီးၾကားက သာမန္ သမီးရည္းစားဆက္ဆံေရးလို ရိုးရွင္းမည္မဟုတ္ေၾကာင္း အနည္းႏွင့္အမ်ားေတာ့ သိခဲ့မွာပင္။ သူမသည္ အစားထိုး တစ္ေယာက္သာဆိုတာကို ၾကားဖူးခဲ့ၿပီးျဖစ္မွာပင္။


ဒါဆို ထိုအေၾကာင္းျပခ်က္သာမဟုတ္လွ်င္ ဘာမ်ားျဖစ္ မလဲ?


စုယာယာ ထိုအေၾကာင္းကိုေတြးေနၿပီး ရဲတင္းေသာ အေတြးတစ္ခု သူမစိတ္ထဲထႂကြလာ၏။ ခ်န္ရႈံခ်ီသည္ သူမ အား ရႈေခ်ာင္ရန္ႏွင့္ေဝးေဝးေနဖို႔ ေျပာခဲ့တာက ရႈေခ်ာင္ရန္ သူမကို အႏၱာရာယ္ေပးမွာ စိုးလို႔မ်ားလား?


မျဖစ္နိုင္တာ!


ထိုအေတြးေပၚလာခ်င္းခ်င္းပဲ စုယာယာသည္ သူမ ကိုယ္သူမ ပို၍ေတာင္ လန႔္သြားမိသည္!


သူမအေတြးအတိုင္း ေသခ်ာေပါက္မျဖစ္နိုင္ဟု သူမ ကိုယ္သူမ အေကာင္းဆုံးေဖ်ာင္းဖ်ေနရသည္။ ရႈေခ်ာင္ရန္ ဟာ သူမကို အႏၱာရာယ္ေပးဖို႔စရာ အေၾကာင္းျပခ်က္မရွိ။ ဘာပဲေျပာေျပာ သူတို႔သည္ တစ္ခါမွ ပတ္သတ္ဆက္ႏြယ္မႈ လည္းမရွိသလို အရင္က စာရင္းရွင္းဖို႔ အာဃာတမ်ိဳးလည္း မရွိခဲ့။ထိုသူက သူမကို ဘာ့ေၾကာင့္မ်ား အႏၱာရာယ္ေပးရ မည္လဲ? သူသည္ ရွင္းေဟြ႕အင္တာတိန္းမန႔္မွာ နံပါတ္၁ ပဲေလ။ နာမည္ႀကီးလူငယ္သ႐ုပ္ေဆာင္တစ္ဉီး။ ဒီေလာက မွာ သူမက နံရံကပ္ပန္းေလးသာျဖစ္ေနစဥ္ သူ႕အႏုပညာ လမ္းေၾကာင္းက ေတာက္ပသထက္ ေတာက္ပလို႔ေနသည္ ပဲ။ နာမည္ႀကီးဖို႔ခက္ခဲလွသည့္ အင္တာနက္ဆယ္လီ တစ္ေယာက္အေနႏွင့္ သူမကိုခုမွ သတိျပဳစရွိေသးသည္ မလား။ ႐ုတ္တရက္ႀကီး သူမကိုသူက တားဂတ္ထားစရာ အေၾကာင္းမရွိေခ်။


ဒီလိုဆိုေတာ့ ဆိုလိုသည္က သူမဟာ သူ႕မ်က္လုံးထဲ ေရာက္သြားခဲ့တာပဲ။


ထိုမူမမွန္ျခင္းကို သတိျပဳမိေတာ့ စုယာယာသည္ ရႈေခ်ာင္ရန္ဆီမွ မေကာင္းတဲ့ခံစားခ်က္ကို ရလာသလို လိုျဖစ္မိသည္။ ဒီေန႕ျဖစ္ပ်က္ခဲ့သည္က အင္တာနက္ေပၚမွာ ပြဲတစ္ခုျဖစ္သြားခဲ့ၿပီး။ ခုလက္ရွိအင္တာနက္ေပၚမွာ ဘာေတြ ျဖစ္ေနၿပီလဲဆိုတာကို သူမ မေတြးနိုင္သလို ခ်န္ရႈံခ်ီသည္ သတင္းေတြကို ျမင္ၿပီးၿပီလား ဒါမွမဟုတ္ ထိုအေၾကာင္းႏွင့္ ပတ္သတ္၍ ဘာေတြမ်ားေတြးေနၿပီလဲဆိုတာကိုလည္း သူမ မသိေခ်။ ခ်န္ရႈံခ်ီဆီ တိုက္ရိုက္ ဖုန္းမဆက္ရဲတာေၾကာင့္ မက္ေဆ့ခ်္တိုေလး ၃ ခုသာ ႀကိဳးစားပို႔လိုက္ရၿပီး သူ႕ကို ရွင္းျပဖို႔ ႀကိဳးစားမိသည္။ ကံမေကာင္းစြာႏွင့္ ခ်န္ရႈံခ်ီသည္ ျပန္မေျဖလာခဲ့ေပ။ အလုပ္မ်ားလြန္းေနလို႔ မျမင္လို႔မ်ားလား ဒါမွမဟုတ္ အျခားအေၾကာင္းျပခ်က္ေတြမ်ား ရွိေနလို႔လား ဆိုတာ သူမ မသိနိုင္ေပ။ အေၾကာင္းေၾကာင္းေၾကာင့္ စုယာ ယာ၏ႏွလုံးသားေလးမွာေတာ့ မလြယ္ကူမႈေတြႏွင့္ တက္ လိုက္က်လိဳက္ျဖစ္ေနရေတာ့သည္။


သူမ ရႈေခ်ာင္ရန္ႏွင့္ ဆက္ႏြယ္မေနခ်င္ေတာ့။ ဒီတိုင္း သူ႕ကို ေမာင္းထုတ္ပစ္လိုက္ခ်င္ေတာ့သည္။ အခုလက္ရွိ အခ်ိန္မွာ သူမရဲ႕စိတ္ထဲမွာအရႈပ္ထုတ္တစ္ေယာက္လို ခံစား ေနရၿပီး သူမ ျမင္ခ်င္တဲ့ေနာက္ဆုံးေသာသူသာ။


"ရွင္ သြားသင့္ၿပီ"


သူမက ရႈေခ်ာင္ရန္ကို ခပ္တန္းတန္းသာေျပာ၏။ သူ႕ကို ၾကည့္ေနစဥ္ သူမ၏မ်က္ဝန္းေတြကေတာင္ ေအးစက္လို႔ေန သည္။ သူ႕ကို သိသိသာသာႀကီး ေမာင္းထုတ္ေနတာပဲ။


ရႈေခ်ာင္ရန္သည္လည္း သူမဟာ အရင္ကထင္ သူ႕ကို အမ်ားႀကီးပိုေအးစက္သြားသည္ကို အရွင္းသားေျပာနိုင္ပါ သည္။ ဘာ့ေၾကာင္လဲဆိုတာကိုလည္း သူကိုယ္တိုင္သိ၍ေန ပါသည္။ ခဏေလာက္ သူမကို ၿငိမ္သက္စြာ ၾကည့္ေနၿပီး မသိမသာ ေခါင္းညိတ္ျပရင္း ေျပာလိုက္သည္။


"ေကာင္းပါၿပီ"


စုယာယာသည္ တိတ္ဆိတ္စြာပင္ ကုတင္ေပၚမွာ လွဲေန ၿပီး သူ႕ဆီကိုၾကည့္မေနခဲ့ေခ်။ သူမရဲ႕မ်က္ဝန္းေတြဟာ အပ္ စိုက္ထားသည့္လက္ဖမိုးေပၚမွာသာ ရွိေနၿပီး တစ္စက္ ကေလးမွ လႈပ္ရွားျခင္းမရွိ။


ရႈေခ်ာင္ရန္သည္ ျပန္လွည့္ၿပီး ထြက္မသြားခင္ သူမကို ခဏေလာက္ေတာ့ ၾကည့္ေနခဲ့၏။ တံခါးဆီေရာက္သြားခ်ိန္ မွာ သူက ရပ္သြားၿပီး စုယာယာထံ လွည့္ၾကည့္သည္။


"မင္း ယုံခ်င္မွယုံ မယုံခ်င္ေနပါ.. ကိုယ္ တကယ္ မင္းကို ကိုယ့္ရဲ႕ဂ်ဴနီယာညီမေလးအေနနဲ႕ ျမင္ခဲ့တာပါ.. မင္းက ကိုယ့္ရဲ႕သူငယ္ခ်င္းပါပဲ"


စုယာယာ၏ ႏႈတ္ခမ္းေထာင့္စြန္းက လႈပ္ရွားသြားခဲ့ေပ မယ့္ သူမရဲ႕လည္ေခ်ာင္းထဲက ေျခာက္ကပ္ေနလြန္းလို႔ တံေတြးတစ္စက္ပင္ ထြက္မလာနိုင္ေတာ့။


ရႈေခ်ာင္ရန္သည္ သူမက သူ႕ကို ဘာစကားတစ္ခြန္းမွ မဆိုဘဲ လ်စ္လ်ဴရႈထားသည္ကိုျမင္ေတာ့ သူ႕အၾကည့္တို႔က ေမွးမွိန္သြား၏။ ျပန္လွည့္ကာ တံခါးဖြင့္ၿပီး ထြက္သြားခဲ့ ေတာ့သည္။


ေနာက္ဆုံးေတာ့ ေဆး႐ုံခန္းထဲမွာ တိတ္ဆိတ္မႈတို႔ ႀကီးစိုးသြား၏။ အခ်ိန္အေတာ္ေလးၾကာမွ အခန္းထဲ သက္ျပင္းခ်သံတစ္ခု ထြက္ေပၚလာ၏။


#CaCa🍀

Comment