Chapter (84+85)

Unicode


အခန်း(၈၄) တစ်ခုခုတော့ မှားပြီ-


ရှုချောင်ရန်၏အကြည့်အောက်မှာ စုယာယာသည် သူ့ပို့စ်ကို ပြန်တင်ဖို့သာရှိသည်။


စုယာယာ : စီနီယာအစ်ကို မင်္ဂလာပါ! ရှုချောင်ရန် ! *ပြုံးနေသော emoji


သူမ ပို့စ်တစ်ခုတင်လိုက်တာကို မြင်တော့ ရှုချောင်ရန် သည် အလွန်တရာပျော်သွားသည်။ သူ့ဖုန်းကို လက်ညိုးညွှန် ပြရင်း ပြော၏။


"ငါတို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက် နားလည်လိုက်သလဲ ကြည့်ပါဉီး"


စုယာယာ ဆွံ့အသွားမိသည်။


ဒါကြီးက စတားလိုက်အင်တာတိန်းမန့်၏ စီနီယာ အစ်ကိုကြီး ရှုချောင်ရန် ပြုမူတဲ့ပုံပေါ့!


သူတို့ ပို့စ်တစ်ခုစီတင်ပြီးလို့ ခဏကြာတော့ အမျိုးသမီး ဇာတ်လိုက်ချန်ယန်နှင့် ဒုတိယအမျိုးသားဇာတ်လိုက် ကျောင်ယွီတို့လည်း ရောက်လာခဲ့ကြတော့သည်။ ထို့နောက် ဒါရိုက်တာကျုံတုန်ကွမ်၊ ပရိုဂျူဆာယွီဟွေ့ တို့နှင့်အတူ အခြားကင်မရာမန်းများလည်း ရောက်လာခဲ့ကြတော့သည်။


ထိုအချိန်မှာ လူတိုင်း လေယာဉ်ပေါ် တက်ဖို့အချိန်ကျ လာပြီ။


စုယာယာသည် လေယာဉ်ပေါ် ရောက်သွားပြီးနောက် သူမက ဖုန်းကိုစက်ပိတ်လိုက်သည်။ ခရီးစဉ်တစ်ခုလုံးက ၃နာရီလောက်ကြာမြင့်ခဲ့၏။ သူမသည် ၂ နာရီလောက် အိပ်စက်အချိန်ဖြုန်းနေခဲ့ရာ အင်တာနက်ပေါ်မှာဘာတွေ ဖြစ်ပျက်နေလဲ သူမ မသိ။


ရှုချောင်ရန်၏ဖန်တွေက နောက်ဆုံးတော့ လဝက် လောက်အကြာမှာ ရှုချောင်ရန်၏Weiboက အသစ်တက်လာ ပြီဆိုတာကို ဉီးစွာသတိပြုမိခဲ့ကြသည်။ ထို့နောက် ရှုချောင် ရန်က စုယာယာကို ဂျူနီယာညီမလေးလို့ ခေါ်သည့်ပို့စ်ကို သူတို့မြင်သွားခဲ့ကြသည်။ ထို့နောက် ချက်ချင်းပဲ စုယာယာ က ထိုပို့စ်ကိုပြန်တင်ပြီး တူညီသောအရာကို မန့်ထားခဲ့ သည်။ သူမက ရှုချောင်ရန်ကို စီနီယာအစ်ကိုလို့ခေါ်တယ်။


စုယာယာက ဘယ်အချိန်က ရှုချောင်ရန်ရဲ့ဂျူနီယာ ညီမလေးဖြစ်သွားတာလဲ? သူတို့ကြားကဆက်ဆံရေးက ဘယ်အချိန်တုန်းက အဲ့လောက်ကောင်းသွားရတာလဲ? ရှုချောင်ရန်၏ ၃သန်းသောဖန်တွေအားလုံး ဇဝေဇဝါဖြစ်ကုန် တော့သည်။


သို့သော်လည်း ဖန်တွေမှာက အရမ်းအင်အားကောင်း သောပါဝါတွေရှိကြ၏။ သူတို့က အချက်အလက်တွေအကုန် ကို စွမ်းစွမ်းတမံ ရှာဖွေလိုက်ကြပါရော။


အချိန်တိုအတွင်း ရှုချောင်ရန်၏ဖန်တွေသည် အချက် အလက်တွေအကုန် ခြေရာမိသွားကြတော့သည်။


ပထမဆုံး ရှုချောင်ရန်နှင့် စုယာယာတို့နှစ်ဉီးသည် စတားလိုက်အင်တာတိန်းမန့်၏ သရုပ်ဆောင်တွေဖြစ် ကြသည်။ မေးကြည့်စရာပင်မလိုချေ။ ရှုချောင်ရန်က ကုမ္ပဏီမှာ စီနီယာအစ်ကိုကြီးဖြစ်‌ပေလိမ့်မည်။ စုယာယာ သည် ရှုချောင်ရန်ထက် နောက်ကျမှကုမ္ပဏီကို ဝင်လာတာ ကြောင့် သူမက သူ့ကို စီနီယာအစ်ကိုလို့ခေါ်တာက အကျိုး အကြောင်းဆီလျော်လေသည်။


ဒုတိယအနေဖြင့် ရှုချောင်ရန်နှင့် စုယာယာတို့နှစ်ဉီး သည် <<ရှင်သန်လာသောနန်းတော်>>အတွက် သရုပ်ဆောင် ကြရမည်ဖြစ်သည်။ တစ်ဉီးက အမျိုးသားဇာတ်လိုက်ဖြစ်ပြီး နောက်တစ်ဉီးက ဒုတိယအမျိုးသမီးဇာတ်လိုက်ဖြစ်၏။ ရှု ချောင်ရန်က ဧကရာဇ်၊ စုယာယာက အင်ပါယာကိုယ်လုပ် တော်ရှု။ ဇာတ်လမ်းအစမှာ ဧကရာဇ်သည် အင်ပါယာ ကိုယ်လုပ်တော်ရှုကို အတော်လေးနှစ်သက်ခဲ့သည်။ သူတို့မှာ အတူသရုပ်ဆောင်ရသည့်အခန်းတွေ များစွာပါလေသည်။


ထပ်ပြောရပါလျှင် အခြားတစ်ဉီးက အတွင်းသတင်း တစ်ခုကို ထုတ်ဖော်ခဲ့သေးသည်။ သရုပ်ဆောင်တွေ MakeUp photoရိုက်ရသည့်နေ့မှာ ရှုချောင်ရန်က စုယာယာ ကို ဂရုစိုက်ပေးခဲ့ပြီး အတူတူနေ့လည်စာ စားနေကြစဉ် သူမ ကို အရက်သိပ်မသောက်ဖို့ သတိပေးခဲ့သေးသည်။ ချန်ယန် ပင် ရှုချောင်ရန်က သူမကိုမဟုတ်ဘဲ စုယာယာကိုပဲ ဂရုစိုက်ပေးနေသည်ဟု ဟာသလုပ်ခဲ့သေးသတဲ့။ ထိုသူက တည်ငြိမ်စွာပြောလာသည်က စုယာယာက သူ့ရဲ့ဂျူနီယာ ညီမလေးဖြစ်ပြီး သူမကိုစောင့်ရှောက်ပေးဖို့က သူ့တာဝန် ဖြစ်တယ်ဟု ပြောခဲ့သတဲ့။


အထက်ပါ အချက်အလက်တွေမှ ရှုချောင်ရန်နှင့် စုယာယာတို့၏ ဆက်ဆံရေးအစပင်ဖြစ်တော့သည်။


ရှုချောင်ရန်၏ဖန်အစစ်တွေ တစ်နည်း သူတို့၏သရုပ် ဆောင်တွေကို စိတ်ရင်းအမှန်ဖြင့် တကယ် သဘောကျပေး သည့်သူတွေက သူ့အတွက် ပျော်ပေးခဲ့ကြ၏။ ရှုချောင်ရန် သည် စုယာယာကို သူ၏ဂျူနီယာညီမလေးအဖြစ် လက်ခံ မှတော့ ဖန်တွေအားလုံးသည်လည်း ထိုအရာကို လက်ခံပေး ခဲ့သည်။ သူတို့က အမျိုးမျိုးပင် နောက်ပြောင်ကျီစယ်ခဲ့ ကြ၏။ ရုတ်တရက်ကြီး ကောမန့်တွေနှင့်ဖောင်းပွကုန်တော့ ၏။


Wind: ဂျူနီယာညီမလေးနဲ့ စီနီယာအစ်ကိုကြီးကို တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာပဲ! *အသဲ နှလုံးပုံ emoji


ဘာ့ကြောင့်များတစ်ဉီးကိုတစ်ဉီး မချစ်ကြတာလဲ : စီနီယာအစ်ကိုကြီး မင်္ဂလာပါ! @ဘာ့ကြောင့်များတစ်ဉီး ကိုတစ်ဉီး တွေးမပေးရတာလဲ.


ဘာ့ကြောင့်များတစ်ဉီးကိုတစ်ဉီး တွေးမပေးရတာလဲ:


ဂျူနီယာ ညီမလေး မင်္ဂလာပါ! @ ဘာ့ကြောင့်များ တစ်ဉီးကိုတစ်ဉီး မချစ်ကြတာလဲ...


အား... : မင်္ဂလာပါ စီနီယာအစ်ကိုကြီးရှင့် I love U! @ဟီးဟီး...


ဟီးဟီး... : မင်္ဂလာပါ ဂျူနီယာညီမလေးရေ I love U too! @ အား...


နူးနူးညံ့ညံ့ကြောင်ပေါက်လေး : လစ်! အပေါ်က လူ မြင်ကွင်းလာရိုနေတဲ့သူတွေ!


ကြည်လင်သောနွေဉီး : +10086


ထာဝရရှင်သန်သောလနတ်ဘုရား : + ID number.


*** *** ***


ရှုချောင်ရန်၏ဖန်တွေက ပျော်နေကြသည်။ စုံတွဲအုပ်စု က သူတို့ရဲ့အချစ်တွေကို ရိုပြနေကြပြီး အခြားလူတစ်စုက #စီနီယာအစ်ကိုကြီးရှုချောင်ရန်နှင့် ဂျူနီယာညီမလေး စုယာယာဟုပင် ခေါင်းစဉ်တွေ တပ်နေကြတော့သည်။ ဖန်တွေအပြင် ဒီအပျော်သဘောကျီစယ်နေကြခြင်းကိုအခြား သူစိမ်းတွေလည်း သိကုန်ကြ၏။ သူတို့လည်း စတင်ပါလာ ခဲ့ကြတော့သည်။


ခဏအတွင်းမှာ ရာနှင့်ချီ ထောင်နှင့်ချီသောကောမန့် တွေ ရှုချောင်ရန်၏Weiboပေါ် တက်လာတော့သည်။ ပြန်လည်ဝေမျှကြပြီး like ပေးသည့်အရေအတွက်သည် လည်း မျက်တောင်တစ်ခတ်အတွင်းမှာ သောင်းနှင့်ချီလာ တော့သည်။ စုယာယာသည်လည်း ဒီအတွက်ကြောင့် ပို၍ပင် နာမည်ကြီးလာတော့သည်။ ဖန်တွေ အလျင်အမြန်တိုးလာ သည်ကို အရှင်းသားမြင်နေရပြီး သူမသည်လည်း like တွေ ကောမန့်တွေ မြောက်များစွာကို လက်ခံရရှိခဲ့သည်။ သူမရဲ့ Weiboထဲမှာလည်း ကောမန့်တွေနှင့်အပြည့် ပေါက်ကွဲနေ တော့သည်။


သို့သော် သရုပ်ဆောင်တွေအနေနှင့် ဖန်အစစ်တွေနှင့် anti-fanတွေဆိုလာ ရှိကြစမြဲ။ ဖန်အစစ်တွေသည် သူတို့ သရုပ်ဆောင်တွေ၏ပျော်ရွှင်မှုကို ထပ်တူထပ်မျှ ပျော်ပေးကြ သည်။ သူတို့က သူတို့သရုပ်ဆောင်တွေကို စိတ်ပါလက်ပါ သဘောကျပေးကြခြင်းဖြစ်သည်။ Antiတွေအတွက်တော့ ဆန့်ကျင်ဘက်ပင်။ သူတို့သည် ကန့်လန့်တိုက်ရသည်ကို သဘောကျကြပြီး ကိစ္စအသေးအဖွဲလေးကိုပင် အကြီးကြီး လုပ်တတ်ကြသည်။ အဓိပ္ပာယ်မရှိတာတွေ လုပ်တတ်ကြပြီး သရုပ်ဆောင်တွေ ကံဆိုးမိုးမှောင်ကျသည်ကို မြင်ချင်ကြ သည်။


သေချာတာပေါ့။ ရှုချောင်ရန်၏ ဖန်အစစ်တွေ စနောက် ကျီစယ်နေကြစဉ်မှာ antiတွေကလည်း သူတို့ကိစ္စသူတို့ လုပ်နေကြတော့တာပေါ့။ သူတို့က # စီနီယာအစ်ကိုကြီး ရှုချောင်ရန်နှင့်ဂျူနီယာညီမလေးစုယာယာ ဆိုသည့် ပို့စ် တွေအောက်မှာ ကောမန့်တွေ မန့်ကြ၊ ပွဲထစေနိုင်တဲ့ ကောမန့်တွေဆို like ပေးကြနှင့် စကြတော့သည်။


ဥပမာ-


လမင်းလေးက ငါးစားရတာကြိုက်တယ် : အရူးတွေ.. နင်တို့တွေ ဘာဖြစ်လို့ ပျော်နေကြသလဲဆိုတာ ငါတော့ မသိတော့ဘူး.. ဒီနေ့လိုခေတ်ကြီးမှာ စီနီယာအစ်ကိုကြီးနဲ့ ဂျူနီယာညီမလေးတွေ ဘယ်အချိန်ကများ ရှိကြတော့လို့လဲ? တကယ်တော့ သူတို့က အချင်းချင်း ဝန်ခံနေကြတာဟဲ့.. စီနီယာအစ်ကိုကြီးက လင်၊ ဂျူနီယာညီမလေးက မယားဟဲ့!


Singleဖြစ်ရတာ ပြဿနာမဟုတ် : ငါလည်း အပေါ်ကတစ်ယောက်ကို ထောက်ခံတယ်.. ရှုချောင်ရန် က တကယ်တော့ သူ့ရည်းစားအနေနဲ့ အွန်လိုင်းသရုပ်ဆောင် တစ်ယောက်ကို ချိတ်လိုက်တာပဲ.. တကယ် တုံးပဲ့လိုက် တာ.. ငါ ခုတော့ သူ့ရဲ့ anti-fanပဲ anti-fan!


ပိစိလေး : ရှူးဂါးဒယ်ဒီတွေပေါ်မှီခိုပြီး လမ်းဖောက် လာတဲ့ အွန်လိုင်းသရုပ်ဆောင်စုယာယာလိုလူမျိုးမှာ ချောင် ရန်ရဲ့ကောင်မလေးဖြစ်ဖို့ ဘာအခွင့်အရေးများရှိလို့လဲ? ငါတို့ကတော့ လက်မခံဘူး!


ချောင်ရန်ကိုချစ်တယ် : ဝါး.. ချောင်ရန်ကောကောတော့ မိန်းမပျက်နဲ့ပါသွားပြီ.. ငါသူ့ကို unfollow တော့မယ် unfollow မယ်


*** *** ***


ဤကောမန့်တွေသည် အနည်းငယ်ပို၍ ကြည့်ပျော် ရှုပျော်ရှိသေး၏။ ပိုသိက္ခာကျဆင်းစေပြီး အရုပ်ဆိုးသည့် အခြားကောမန့်များပင် ရှိ၏။ သူတို့က စုယာယာ ယခင်က ရှင်းခဲ့ပြီးသော အတင်းအဖျင်းတွေကိုပါ ပြန်လည်ပြောဆို လာကြတော့သည်။ သူတို့လုပ်နိုင်သမျှကတော့ #စီနီယာ အစ်ကိုကြီးရှုချောင်ရန်နှင့်ဂျူနီယာညီမလေးစုယာယာ ဆိုသည့် ပို့စ်တွေအောက်မှာ ကောမန့်တွေ မန့်နိုင်ရုံသာ။


ဖန်တွေကြားက တိုက်ပွဲသည် အဆုံးမရှိချေ။ စစ်မြေပြင် တစ်ခုကနေ ထွက်လာသောမီးခိုးမှိုင်းတွေအလား ဇာတ်တွေ ရှုပ်ကုန်တော့သည်။ # စီနီယာအစ်ကိုကြီးရှုချောင်ရန်နှင့် ဂျူနီယာညီမလေးစုယာယာ ဆိုသည့် hashtagသည်လည်း ရှာဖွေမှုအများဆုံးစာရင်းထဲ ဝင်သွားတော့၏။


🎶🎶🎶🎶🎶🎶🎶


အခန်း(၈၅)တစ်ခုခုတော့ မှားပြီ-


ကောင်းတာတစ်ခုကတော့ ရှုချောင်ရန်၏ဖန်တွေက သတ္တိရှိကြတာပဲ။ သူတို့က anti-fanတွေရဲ့ ကောမန့်တွေ အမျိုးမျိုးအဖုံဖုံကို တိုက်ခိုက်ကြတယ်။ ပြန်လည်ချေပကြ တယ်။ ရှုချောင်ရန်ကို နာကျင်စေဖို့ အခွင့်အရေးတစ်ခုလေး တောင်မပေးဘဲ anti-fanတွေကို သူတို့ပုတ်ချနိုင်၏။


#စီနီယာအစ်ကိုကြီးရှုချောင်ရန်နှင့် ဂျူနီယာညီမလေး စုယာယာ ဆိုသည့်ခေါင်းစဉ်အောက်မှာ ရှုချောင်ရန်နှင့် စုယာယာတို့ကို အကျိုးပြုစေမည်ကောမန့်တွေသာ မြင်ရ လေသည်။


စုယာယာနှင့်အခြားသူတွေ လေယာဉ်ပေါ်က ဆင်းလာ ခဲ့သည်နှင့် စုယာယာသည် ဖုန်းကိုဖွင့်တော့ ကျုံဖိန်ယွင် သူမထံခေါ်လာသည်နှင့် ကွက်တိ။


သူမရဲ့ပထမဆုံးဝါကျက


"စုယာယာ နင်ရှာဖွေမှုစာရင်းမှာ ထပ်ရောက်သွားပြန် ပြီသိလား?"


သူမရဲ့ဒုတိယဝါကျက


"နင်နဲ့ ရှုချောင်ရန်ကြားက ဘာတွေလဲ? မင်းတို့ နှစ်ယောက် ဘယ်တုန်းက စီနီယာအစ်ကိုကြီးတွေ ဂျူနီယာ ညီမလေးတွေ ဖြစ်သွားကြတာလဲ?"


စုယာယာက ပြန်ဖြေသည်။


"ရှာဖွေမှုစာရင်းအကြောင်း ညီမ ဘာမှမသိဘူး.. ခုမှ လေယာဉ်ပေါ်က ဆင်းလာပြီး ဖုန်းကိုဖွင့်တုန်း အစ်မက ဖုန်းခေါ်လာခဲ့တာပဲ.. ညီမနဲ့့ရှုချောင်ရန်ကြား ဘာတွေဖြစ် နေသလဲဆိုတာကိုတော့ အတိအကျရှင်းမပြနိုင်ပေမယ့် Weiboပေါ်မှာ followလုပ်ကြဖို့ ပြောတာကတော့ သူပဲ.. ဂျူနီယာညီမလေးလို့ စခေါ်ခဲ့တာကလည်း သူပဲ. သူက ဘေးနားမှာရပ်ပြီး ညီမကို စောင့်ကြည့်နေခဲ့တာ Weibo ပေါ် က စာကို သူက ပြန်တင်စေချင်တယ်လေ.. ညီမမှာလည်း‌ရွေးချယ်စရာမရှိတော့ အဲ့ဒီအတိုင်း လုပ်လိုက်ရတာပေါ့"


ကျုံဖိန်ယွင်က ပြောသည်။


"ဒါလေးပဲလား?"


စုယာယာက ပြန်ပြော၏။


"ညီမ လိမ်ပြောမယ်လို့ ကျဲကျဲက ထင်တာလား?"


ကျုံဖိန်ယွင်သည် ခဏတန့်သွားပြီး ပြောလာခဲ့သည်။


"ချုံကြည့်လိုက်ရင်တော့ ဒါက ဆိုးမနေပါဘူး.. နင်နဲ့ ရှုချောင်ရန် နှစ်ယောက်လုံးက ရှာဖွေမှုအများဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ကြပြီး သူ့ဖန်တွေကလည်း သူ့ကိုအရမ်းကာကွယ် ပေးကြတယ်လေ.. ဒါပေမယ့် သူတို့က နင့်ကို မကြိုက်တာ မျိုးတော့မဖြစ်ကြဘူး.. တစ်စုံတစ်ယောက်ကများ နာမည် ကျော်ကြားဖို့အတွက် သူ့ကို အသုံးချခဲ့တယ်ဆိုရင် သူတို့က ဘယ်လောက်တောင် ဆဲဆိုသောင်းကြမ်းလိုက်ကြမလဲ ဆိုတာ ဘယ်သူပြောနိုင်မလဲ.. နင်တို့နှစ်ယောက်လုံးက စကားလိုက်အင်တာတိန်းမန့်ရဲ့သရုပ်ဆောင်တွေ.. သူက လည်း နင့်ကို စောင့်ရှောက်ပေးချင်စိတ်ရှိတယ်.. ဆိုတော့ နင်သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းထားဖို့ပဲ လို တယ်.. သူကနင့်ကို သူ့ရဲ့ဂျူနီယာညီမလေးအဖြစ် ဆက်ဆံ ချင်နေမှာတော့ နင်ကလည်း သူ့ကို စီနီယာအစ်ကိုလို့ ခေါ်ဖို့ တွန့်ဆုတ်မနေနဲ့"


စုယာယာက သဘောတူလိုက်ပြီးပြောသည်။


"ဘာမှမရှိတော့ရင် ညီမ ဖုန်းချလိုက်တော့မယ်"


"အိုကေ" ကျုံဖိန်ယွင်က ဖုန်းချသွားတော့သည်။


စုယာယာသည် ဖုန်းကို အိတ်ထဲထည့်လိုက်စဉ် နောက် တစ်ခါ ထပ်မြည်လာပြန်သည်။ သူမက ကျုံဖိန်ယွင် တစ် ယောက် ပြောစရာကျန်သေးလို့နေမှာလို့ တွေးလိုက်မိ၏။ တစ်စုံတစ်ရာကို တီးတိုးရေရွတ်လိုက်ပြီးမှ ဖုန်းကို ပြန်ထုတ် ကိုင်လိုက်သည်။


ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်နေသော ချန်ရှုံချီ၏နာမည် ကို တွေ့လိုက်ရ၏။ တကယ်ကြီး ချန်ရှုံချီက ခေါ်နေတာပဲ။ စုယာယာ၏နှလုံးသားက အရှိန်အဟုန်မြန်မြန် ခုန်ပေါက် လာတော့သည်။ သူမနဲ ရှုချောင်ရန်တို့ ရှာဖွေမှုစာရင်းမှာ ရောက်နေကြောင်း ကျုံဖိန်ယွင်က ခုပဲဖုန်းဆက်ပြောခဲ့တာ။ ပြောပြီးပြီးချင်းပဲ ချန်ရှုံချီကလည်း သူမဆီဖုန်းဆက်လာ တယ်။ သူလည်း ရှာဖွေမှုစာရင်းအကြောင်းမေးချင်လို့များ လား?


စုယာယာ ထိုအကြောင်းကို အပြန်ပြန်အလှန်လှန်တွေး နေမိသည်။ ချန်ရှုံချီသာ သူမနဲ့ရှုချောင်ရန်အကြောင်း‌မေး လာခဲ့ပါလျှင် ဘယ်လိုဖြေရမည်လဲ? အကြမ်းသဘောမျိုး ပြင်ဆင်လိုက်ပြီးနောက် ဖုန်းကို ကိုင်ခဲ့လိုက်သည်။ သူမက ချိုသာစွာ ပြောလိုက်၏။


"ရှုံချီ, ယာယာ ခုလေးတင်ပဲ လေယာဉ်ပေါ်က ဆင်းတာ ..ရှင်ဖုန်းဆက်လာတဲ့အချိန်ပဲ... ဟီး အရမ်းပျော်တာပဲ!"


ရှုံချီ?


ချန်ရှုံချီ သည် အနည်းငယ်မှင်သက်သွားမိ၏။ စုယာယာ သည် သူ့အပေါ် ချစ်ဖို့ကောင်းအောင်ပြုမူတိုင်း လောင်ကုန်း လို့ ခေါ်တတ်လေ့ရှိသည်။ တကယ်လို့ သူစိမ်းတွေရှိခဲ့လျှင် သူမက စကားအသုံးအနှုန်းကို သတိထားပြီး ဥက္ကဌချန်ဟု သာ ခေါ်တတ်၏။ ရှုံချီဆိုပြီး နာမည်တပ်ခေါ်ခြင်းကတော့ အရင်က တစ်ခါမှ မရှိခဲ့ပေ။ ဒါ ပထမဉီးဆုံးအကြိမ်ပဲ။


ပထမဉီးဆုံးအကြိမ်ဖြစ်တာကြောင့်လားတော့မသိ။ ချန် ရှုံချီသည် သူ့နှလုံးသားထဲမှာ လှိုက်တက်လာသော ထူးဆန်း သည့်ခံစားချက်တစ်ခုကို ခံစားနေရ၏။ ဒီလိုနာမည်တပ်ခေါ် ခြင်းက သူတို့ကို ရင်းနှီးသွားစေသလိုပဲ။ သူမက သူ့အပေါ် ခံစားချက်တို့ ငြိတွယ်စွဲငင်နေပြီး သူနှင့်မခွဲနိုင်မခွာနိုင်ဖြစ်နေ သလို ခံစားရစေသည်။


"လေယာဉ် ဆိုက်ပြီလား?"


ချန်ရှုံချီက မေး၏။


"အွန်း" စုယာယာက ဆိုသည်။ "ခုပဲ လေယာဉ်ကွင်း ကနေ ထွက်လာတာ.. ပြီးရင် ကားစီးရဉီးမယ်"


ချန်ရှုံချီက မေးသည်။


"ရိုက်ကူးရေးအဖွဲ့က လူတွေနဲ့လား?"


"ဟုတ်" စုယာယာသည် ခေါင်းငြိမ့်ပြပြီးမှ ချန်ရှုံချီ သူမ ကို မမြင်နိုင်ဘူးဆိုတာကို သတိရသွားမိသည်။ သူမက လိမ္မာကျိုးနွံသည့်ပုံနှင့် အသားကျနေတော့တာပဲ။


"ရှုချောင်ရန်နဲ့ ခပ်ခွာခွာနေ"


ချန်ရှုံချီက ရုတ်တရက်ကြီး ပြောလာ၏။


သူက သူမနဲ့ရှုချောင်ရန်တို့ ရှာဖွေမှုစာရင်းထိပ်ကို ရောက်သွားတာ မြင်ပြီး သူမကိုသတိပေးဖို့ ဖုန်းဆက်ခဲ့သည် ပဲ။ စုယာယာသည် တကယ်တော့ သူမနဲ့ ရှုချောင်ရန်ကြား ဘာမှမဖြစ်ခဲ့သည်မို့ ဘာကြောင့်လဲဟု မေးလိုက်ချင်ပါသည်။ သူတို့ လေယာဉ်ပေါ်မှာလည်း ဘာမှမလုပ်ခဲ့ကြဘူးလေ။ သို့သော်ငြား သူမထိုအကြောင်းကို တွေးမိစဉ် သတိရလိုက် တာကတော့ ချန်ရှုံချီသည် စာအုပ်၏ စိုးမိုးခြယ်လှယ်လိုစိတ် ကြီးမားသော အမျိုးသားဇာတ်လိုက် သူမ၏ရှူးဂါးဒယ်ဒီကြီး ဖြစ်၏။ သူသာ သူမကို အရှေ့အရပ်ကို လျှောက်ခိုင်းပါလျှင် သူမ အနောက်အရပ်ကို မသွားရဲ မသွားနိုင်ပါ။ မဟုတ်လျှင် ချန်ရှံချီကို ကလန်ကဆန်လုပ်မိပြီး သူမကိုယ်သူမ ဝမ်းနည်း ကြေကွဲစရာနောက်ဆက်တွဲတွေနှင့် ဆိုက်ဆိုက်မြိုက်မြိုက် ကြီး ကြုံရပေလိမ့်မည်။ သူမ တောင့်ခံနိုင်မည့်အရာမျိုး မဟုတ်။ အမြှောက်စာဗီလိန်ဖြစ်ရသည့်အတွက် သူမရဲ့ ဘဝကို တန်ဖိုးထားမြတ်နိုးပြီး ချန်ရှုံချီနဲ့သူမရဲ့ဆက်ဆံ ရေးကို ပိုအဆင်ပြေအောင်လုပ်တာက ပိုကောင်း၏။


"ဟုတ်ကဲ့"


စုယာယာသည် ရိုကျိုးစွာပင် သဘောတူနာခံလိုက်၏။


ချန်ရှုံချီသည် သူမက အင်တင်တင်ဖြင့်သဘောတူလိုက် သည်ဟု ခံစားလိုက်ရသည်။ သူမရဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်တွေအပြည့်နှင့် ငိုချတော့မည့်ပုံလေးဖြင့် သူမ သူ့ကိုကြည့်ခဲ့သည့်ပုံက ဘယ်လောက်တောင် သနားချင့် စဖွယ်ကောင်းသည်ကို ပြန်တွေးကြည့်နေမိသည်။ သူ၏ မာကျောလှပါသည်ဆိုသောနှလုံးသားက မနူးညံ့ဘဲ မနေနိုင် တော့ချေ။ သူက နူးညံ့စွာ ပြောလိုက်၏။


"ယာယာ, ရှုချောင်ရန်နဲ့ ခပ်ခွာခွာနေနော်.. တစ်ချို့ အရာတွေကို မင်းနားမလည်ဘူး.. မင်း ခံစားနေရမှာကို ကိုက စိုးရိမ်လို့ပါ နားလည်တယ်နော်?"


စုယာယာသည် 'အို'ဟုသာပြောပြီး ချန်ရှုံချီ၏စကား တွေကို တွေးနေမိသည်။ သူမ သူ့စကားတွေကို အပေါ်ယံ တော့ နားလည်ပါရဲ့။ ဒါပေမယ့် နောက်ကွယ်က ဆိုလိုရင်း တစ်ခုခုတော့ရှိရမည်။ သူမ အဲ့အပိုင်းကို နားမလည်ပေမယ့် ချန်ရှုံချီ၏ညွန်ကြားချက်ကို လိုက်နာဖို့ဆုံးဖြတ်လိုက်သည်။ သူမက ပြုံးရင်း ပြောသည်။


"ယာယာသိပါပြီ.. စိတ်မပူပါနဲ့.. ယာယာက ကို့စကား ကို အမြဲနားထောင်မှာပါ"


တိကျသည့်တုံ့ပြန်မှုကို ရရှိပြီးမှ ချန်ရှုံချီ အနည်းငယ် သက်တောင့်သက်သာရှိသွား၏။ သူက စုယာယာကို ပြော သည်။


"မင်းရဲ့အခန်းတွေမှာ ကောင်းကောင်းသရုပ်ဆောင် နော်.. ကို နောက်ပြီးရင် မင်းဆီ လာလည်မယ်"


"အိုကေ!" စုယာယာသည် အမြန် ပြန်ဖြေလိုက်ကာ သူမရဲ့အသံထဲမှာတော့ ချိုမြိန်မှု ပျော်ရွှင်မှုတွေအပြည့်နှင့် သာ။ သူမသည် ခုလေးတင်ရိုက်ကူးရာနေရာကို ရောက်ခဲ့ပြီး ဇာတ်လမ်းပင် စမရိုက်ရသေးပေမယ့် ချန်ရှုံချီကတော့ သူမဆီ လာလည်ဖို့အချိန်ဖယ်ထားမယ်လို့ ပြောလာခဲ့တယ်။ တွေးကြည့်မိရုံနဲ့တင် သူမကို ပျော်ရွှင်စေ၏။ သူတို့ ခုလိုပဲ ကတိတစ်ခုလုပ်ခဲ့ကြပြီ။


သို့သော်ငြား ချန်ရှုံချီ သူမဆီ လာမလည်အားသေးခင် မှာ စုယာယာက ရိုက်ကွင်းအတွင်း ဒုက္ခတွေ့မည်ဟု ဘယ်သူသိလေမလဲ။


-------------------------------------------
#11.12.2021(Saturday)
#CaCa👾
#တစ်ယောက်က မန့်ထားတာ.. အချိုတွေ စားရပါ များလွန်းလို့ အီနေပြီ... ဒါပေမယ့် စိတ်မကောင်းပါဘူးနော်.. ခင်ဗျားတို့ အချိုများပြီး ရင်ကြပ်ရုံတောင်မက ဆီးချိုပဲဖြစ်ဖြစ် ဟိုအတွဲကတော့ ခွေးစာတွေ တစ်ပုံတစ်ပင်ကြီး ကျွေးဦးမှာပါ... CaCaအတူ ခွေးစာတွေ လိုက်စား... အဲလေ...အတူဖတ်ရင်း လိုက်ခံစားပေးပါဦးလို့😁


Zawgyi


အခန္း(၈၄) တစ္ခုခုေတာ့ မွားၿပီ-၁


ရႈေခ်ာင္ရန္၏အၾကည့္ေအာက္မွာ စုယာယာသည္ သူ႕ပို႔စ္ကို ျပန္တင္ဖို႔သာရွိသည္။


စုယာယာ : စီနီယာအစ္ကို မဂၤလာပါ! ရႈေခ်ာင္ရန္ ! *ၿပဳံးေနေသာ emoji


သူမ ပို႔စ္တစ္ခုတင္လိုက္တာကို ျမင္ေတာ့ ရႈေခ်ာင္ရန္ သည္ အလြန္တရာေပ်ာ္သြားသည္။ သူ႕ဖုန္းကို လက္ညိုးၫႊန္ ျပရင္း ေျပာ၏။


"ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ နားလည္လိုက္သလဲ ၾကည့္ပါဉီး"


စုယာယာ ဆြံ႕အသြားမိသည္။


ဒါႀကီးက စတားလိုက္အင္တာတိန္းမန႔္၏ စီနီယာ အစ္ကိုႀကီး ရႈေခ်ာင္ရန္ ျပဳမူတဲ့ပုံေပါ့!


သူတို႔ ပို႔စ္တစ္ခုစီတင္ၿပီးလို႔ ခဏၾကာေတာ့ အမ်ိဳးသမီး ဇာတ္လိုက္ခ်န္ယန္ႏွင့္ ဒုတိယအမ်ိဳးသားဇာတ္လိုက္ ေက်ာင္ယြီတို႔လည္း ေရာက္လာခဲ့ၾကေတာ့သည္။ ထို႔ေနာက္ ဒါရိုက္တာက်ဳံတုန္ကြမ္၊ ပရိုဂ်ဴဆာယြီေဟြ႕ တို႔ႏွင့္အတူ အျခားကင္မရာမန္းမ်ားလည္း ေရာက္လာခဲ့ၾကေတာ့သည္။


ထိုအခ်ိန္မွာ လူတိုင္း ေလယာဥ္ေပၚ တက္ဖို႔အခ်ိန္က် လာၿပီ။


စုယာယာသည္ ေလယာဥ္ေပၚ ေရာက္သြားၿပီးေနာက္ သူမက ဖုန္းကိုစက္ပိတ္လိုက္သည္။ ခရီးစဥ္တစ္ခုလုံးက ၃နာရီေလာက္ၾကာျမင့္ခဲ့၏။ သူမသည္ ၂ နာရီေလာက္ အိပ္စက္အခ်ိန္ျဖဳန္းေနခဲ့ရာ အင္တာနက္ေပၚမွာဘာေတြ ျဖစ္ပ်က္ေနလဲ သူမ မသိ။


ရႈေခ်ာင္ရန္၏ဖန္ေတြက ေနာက္ဆုံးေတာ့ လဝက္ ေလာက္အၾကာမွာ ရႈေခ်ာင္ရန္၏Weiboက အသစ္တက္လာ ၿပီဆိုတာကို ဉီးစြာသတိျပဳမိခဲ့ၾကသည္။ ထို႔ေနာက္ ရႈေခ်ာင္ ရန္က စုယာယာကို ဂ်ဴနီယာညီမေလးလို႔ ေခၚသည့္ပို႔စ္ကို သူတို႔ျမင္သြားခဲ့ၾကသည္။ ထို႔ေနာက္ ခ်က္ခ်င္းပဲ စုယာယာ က ထိုပို႔စ္ကိုျပန္တင္ၿပီး တူညီေသာအရာကို မန႔္ထားခဲ့ သည္။ သူမက ရႈေခ်ာင္ရန္ကို စီနီယာအစ္ကိုလို႔ေခၚတယ္။


စုယာယာက ဘယ္အခ်ိန္က ရႈေခ်ာင္ရန္ရဲ႕ဂ်ဴနီယာ ညီမေလးျဖစ္သြားတာလဲ? သူတို႔ၾကားကဆက္ဆံေရးက ဘယ္အခ်ိန္တုန္းက အဲ့ေလာက္ေကာင္းသြားရတာလဲ? ရႈေခ်ာင္ရန္၏ ၃သန္းေသာဖန္ေတြအားလုံး ဇေဝဇဝါျဖစ္ကုန္ ေတာ့သည္။


သို႔ေသာ္လည္း ဖန္ေတြမွာက အရမ္းအင္အားေကာင္း ေသာပါဝါေတြရွိၾက၏။ သူတို႔က အခ်က္အလက္ေတြအကုန္ ကို စြမ္းစြမ္းတမံ ရွာေဖြလိုက္ၾကပါေရာ။


အခ်ိန္တိုအတြင္း ရႈေခ်ာင္ရန္၏ဖန္ေတြသည္ အခ်က္ အလက္ေတြအကုန္ ေျခရာမိသြားၾကေတာ့သည္။


ပထမဆုံး ရႈေခ်ာင္ရန္ႏွင့္ စုယာယာတို႔ႏွစ္ဉီးသည္ စတားလိုက္အင္တာတိန္းမန႔္၏ သ႐ုပ္ေဆာင္ေတြျဖစ္ ၾကသည္။ ေမးၾကည့္စရာပင္မလိုေခ်။ ရႈေခ်ာင္ရန္က ကုမၸဏီမွာ စီနီယာအစ္ကိုႀကီးျဖစ္ေပလိမ့္မည္။ စုယာယာ သည္ ရႈေခ်ာင္ရန္ထက္ ေနာက္က်မွကုမၸဏီကို ဝင္လာတာ ေၾကာင့္ သူမက သူ႕ကို စီနီယာအစ္ကိုလို႔ေခၚတာက အက်ိဳး အေၾကာင္းဆီေလ်ာ္ေလသည္။


ဒုတိယအေနျဖင့္ ရႈေခ်ာင္ရန္ႏွင့္ စုယာယာတို႔ႏွစ္ဉီး သည္ <<ရွင္သန္လာေသာနန္းေတာ္>>အတြက္ သ႐ုပ္ေဆာင္ ၾကရမည္ျဖစ္သည္။ တစ္ဉီးက အမ်ိဳးသားဇာတ္လိုက္ျဖစ္ၿပီး ေနာက္တစ္ဉီးက ဒုတိယအမ်ိဳးသမီးဇာတ္လိုက္ျဖစ္၏။ ရႈ ေခ်ာင္ရန္က ဧကရာဇ္၊ စုယာယာက အင္ပါယာကိုယ္လုပ္ ေတာ္ရႈ။ ဇာတ္လမ္းအစမွာ ဧကရာဇ္သည္ အင္ပါယာ ကိုယ္လုပ္ေတာ္ရႈကို အေတာ္ေလးႏွစ္သက္ခဲ့သည္။ သူတို႔မွာ အတူသ႐ုပ္ေဆာင္ရသည့္အခန္းေတြ မ်ားစြာပါေလသည္။


ထပ္ေျပာရပါလွ်င္ အျခားတစ္ဉီးက အတြင္းသတင္း တစ္ခုကို ထုတ္ေဖာ္ခဲ့ေသးသည္။ သ႐ုပ္ေဆာင္ေတြ MakeUp photoရိုက္ရသည့္ေန႕မွာ ရႈေခ်ာင္ရန္က စုယာယာ ကို ဂ႐ုစိုက္ေပးခဲ့ၿပီး အတူတူေန႕လည္စာ စားေနၾကစဥ္ သူမ ကို အရက္သိပ္မေသာက္ဖို႔ သတိေပးခဲ့ေသးသည္။ ခ်န္ယန္ ပင္ ရႈေခ်ာင္ရန္က သူမကိုမဟုတ္ဘဲ စုယာယာကိုပဲ ဂ႐ုစိုက္ေပးေနသည္ဟု ဟာသလုပ္ခဲ့ေသးသတဲ့။ ထိုသူက တည္ၿငိမ္စြာေျပာလာသည္က စုယာယာက သူ႕ရဲ႕ဂ်ဴနီယာ ညီမေလးျဖစ္ၿပီး သူမကိုေစာင့္ေရွာက္ေပးဖို႔က သူ႕တာဝန္ ျဖစ္တယ္ဟု ေျပာခဲ့သတဲ့။


အထက္ပါ အခ်က္အလက္ေတြမွ ရႈေခ်ာင္ရန္ႏွင့္ စုယာယာတို႔၏ ဆက္ဆံေရးအစပင္ျဖစ္ေတာ့သည္။


ရႈေခ်ာင္ရန္၏ဖန္အစစ္ေတြ တစ္နည္း သူတို႔၏သ႐ုပ္ ေဆာင္ေတြကို စိတ္ရင္းအမွန္ျဖင့္ တကယ္ သေဘာက်ေပး သည့္သူေတြက သူ႕အတြက္ ေပ်ာ္ေပးခဲ့ၾက၏။ ရႈေခ်ာင္ရန္ သည္ စုယာယာကို သူ၏ဂ်ဴနီယာညီမေလးအျဖစ္ လက္ခံ မွေတာ့ ဖန္ေတြအားလုံးသည္လည္း ထိုအရာကို လက္ခံေပး ခဲ့သည္။ သူတို႔က အမ်ိဳးမ်ိဳးပင္ ေနာက္ေျပာင္က်ီစယ္ခဲ့ ၾက၏။ ႐ုတ္တရက္ႀကီး ေကာမန႔္ေတြႏွင့္ေဖာင္းပြကုန္ေတာ့ ၏။


Wind: ဂ်ဴနီယာညီမေလးနဲ႕ စီနီယာအစ္ကိုႀကီးကို တစ္ေယာက္ကိုတစ္ေယာက္အရမ္းခ်စ္ၾကတာပဲ! *အသဲ ႏွလုံးပုံ emoji


ဘာ့ေၾကာင့္မ်ားတစ္ဉီးကိုတစ္ဉီး မခ်စ္ၾကတာလဲ : စီနီယာအစ္ကိုႀကီး မဂၤလာပါ! @ဘာ့ေၾကာင့္မ်ားတစ္ဉီး ကိုတစ္ဉီး ေတြးမေပးရတာလဲ.


ဘာ့ေၾကာင့္မ်ားတစ္ဉီးကိုတစ္ဉီး ေတြးမေပးရတာလဲ:


ဂ်ဴနီယာ ညီမေလး မဂၤလာပါ! @ ဘာ့ေၾကာင့္မ်ား တစ္ဉီးကိုတစ္ဉီး မခ်စ္ၾကတာလဲ...


အား... : မဂၤလာပါ စီနီယာအစ္ကိုႀကီးရွင့္ I love U! @ဟီးဟီး...


ဟီးဟီး... : မဂၤလာပါ ဂ်ဴနီယာညီမေလးေရ I love U too! @ အား...


ႏူးႏူးညံ့ညံ့ေၾကာင္ေပါက္ေလး : လစ္! အေပၚက လူ ျမင္ကြင္းလာရိုေနတဲ့သူေတြ!


ၾကည္လင္ေသာႏြေဉီး : +10086


ထာဝရရွင္သန္ေသာလနတ္ဘုရား : + ID number.


*** *** ***


ရႈေခ်ာင္ရန္၏ဖန္ေတြက ေပ်ာ္ေနၾကသည္။ စုံတြဲအုပ္စု က သူတို႔ရဲ႕အခ်စ္ေတြကို ရိုျပေနၾကၿပီး အျခားလူတစ္စုက #စီနီယာအစ္ကိုႀကီးရႈေခ်ာင္ရန္ႏွင့္ ဂ်ဴနီယာညီမေလး စုယာယာဟုပင္ ေခါင္းစဥ္ေတြ တပ္ေနၾကေတာ့သည္။ ဖန္ေတြအျပင္ ဒီအေပ်ာ္သေဘာက်ီစယ္ေနၾကျခင္းကိုအျခား သူစိမ္းေတြလည္း သိကုန္ၾက၏။ သူတို႔လည္း စတင္ပါလာ ခဲ့ၾကေတာ့သည္။


ခဏအတြင္းမွာ ရာႏွင့္ခ်ီ ေထာင္ႏွင့္ခ်ီေသာေကာမန႔္ ေတြ ရႈေခ်ာင္ရန္၏Weiboေပၚ တက္လာေတာ့သည္။ ျပန္လည္ေဝမွ်ၾကၿပီး like ေပးသည့္အေရအတြက္သည္ လည္း မ်က္ေတာင္တစ္ခတ္အတြင္းမွာ ေသာင္းႏွင့္ခ်ီလာ ေတာ့သည္။ စုယာယာသည္လည္း ဒီအတြက္ေၾကာင့္ ပို၍ပင္ နာမည္ႀကီးလာေတာ့သည္။ ဖန္ေတြ အလ်င္အျမန္တိုးလာ သည္ကို အရွင္းသားျမင္ေနရၿပီး သူမသည္လည္း like ေတြ ေကာမန႔္ေတြ ေျမာက္မ်ားစြာကို လက္ခံရရွိခဲ့သည္။ သူမရဲ႕ Weiboထဲမွာလည္း ေကာမန႔္ေတြႏွင့္အျပည့္ ေပါက္ကြဲေန ေတာ့သည္။


သို႔ေသာ္ သ႐ုပ္ေဆာင္ေတြအေနႏွင့္ ဖန္အစစ္ေတြႏွင့္ anti-fanေတြဆိုလာ ရွိၾကစၿမဲ။ ဖန္အစစ္ေတြသည္ သူတို႔ သ႐ုပ္ေဆာင္ေတြ၏ေပ်ာ္႐ႊင္မႈကို ထပ္တူထပ္မွ် ေပ်ာ္ေပးၾက သည္။ သူတို႔က သူတို႔သ႐ုပ္ေဆာင္ေတြကို စိတ္ပါလက္ပါ သေဘာက်ေပးၾကျခင္းျဖစ္သည္။ Antiေတြအတြက္ေတာ့ ဆန႔္က်င္ဘက္ပင္။ သူတို႔သည္ ကန႔္လန႔္တိုက္ရသည္ကို သေဘာက်ၾကၿပီး ကိစၥအေသးအဖြဲေလးကိုပင္ အႀကီးႀကီး လုပ္တတ္ၾကသည္။ အဓိပၸာယ္မရွိတာေတြ လုပ္တတ္ၾကၿပီး သ႐ုပ္ေဆာင္ေတြ ကံဆိုးမိုးေမွာင္က်သည္ကို ျမင္ခ်င္ၾက သည္။


ေသခ်ာတာေပါ့။ ရႈေခ်ာင္ရန္၏ ဖန္အစစ္ေတြ စေနာက္ က်ီစယ္ေနၾကစဥ္မွာ antiေတြကလည္း သူတို႔ကိစၥသူတို႔ လုပ္ေနၾကေတာ့တာေပါ့။ သူတို႔က # စီနီယာအစ္ကိုႀကီး ရႈေခ်ာင္ရန္ႏွင့္ဂ်ဴနီယာညီမေလးစုယာယာ ဆိုသည့္ ပို႔စ္ ေတြေအာက္မွာ ေကာမန႔္ေတြ မန႔္ၾက၊ ပြဲထေစနိုင္တဲ့ ေကာမန႔္ေတြဆို like ေပးၾကႏွင့္ စၾကေတာ့သည္။


ဥပမာ-


လမင္းေလးက ငါးစားရတာႀကိဳက္တယ္ : အ႐ူးေတြ.. နင္တို႔ေတြ ဘာျဖစ္လို႔ ေပ်ာ္ေနၾကသလဲဆိုတာ ငါေတာ့ မသိေတာ့ဘူး.. ဒီေန႕လိုေခတ္ႀကီးမွာ စီနီယာအစ္ကိုႀကီးနဲ႕ ဂ်ဴနီယာညီမေလးေတြ ဘယ္အခ်ိန္ကမ်ား ရွိၾကေတာ့လို႔လဲ? တကယ္ေတာ့ သူတို႔က အခ်င္းခ်င္း ဝန္ခံေနၾကတာဟဲ့.. စီနီယာအစ္ကိုႀကီးက လင္၊ ဂ်ဴနီယာညီမေလးက မယားဟဲ့!


Singleျဖစ္ရတာ ျပႆနာမဟုတ္ : ငါလည္း အေပၚကတစ္ေယာက္ကို ေထာက္ခံတယ္.. ရႈေခ်ာင္ရန္ က တကယ္ေတာ့ သူ႕ရည္းစားအေနနဲ႕ အြန္လိုင္းသ႐ုပ္ေဆာင္ တစ္ေယာက္ကို ခ်ိတ္လိုက္တာပဲ.. တကယ္ တုံးပဲ့လိုက္ တာ.. ငါ ခုေတာ့ သူ႕ရဲ႕ anti-fanပဲ anti-fan!


ပိစိေလး : ရႉးဂါးဒယ္ဒီေတြေပၚမွီခိုၿပီး လမ္းေဖာက္ လာတဲ့ အြန္လိုင္းသ႐ုပ္ေဆာင္စုယာယာလိုလူမ်ိဳးမွာ ေခ်ာင္ ရန္ရဲ႕ေကာင္မေလးျဖစ္ဖို႔ ဘာအခြင့္အေရးမ်ားရွိလို႔လဲ? ငါတို႔ကေတာ့ လက္မခံဘူး!


ေခ်ာင္ရန္ကိုခ်စ္တယ္ : ဝါး.. ေခ်ာင္ရန္ေကာေကာေတာ့ မိန္းမပ်က္နဲ႕ပါသြားၿပီ.. ငါသူ႕ကို unfollow ေတာ့မယ္ unfollow မယ္


*** *** ***


ဤေကာမန႔္ေတြသည္ အနည္းငယ္ပို၍ ၾကည့္ေပ်ာ္ ရႈေပ်ာ္ရွိေသး၏။ ပိုသိကၡာက်ဆင္းေစၿပီး အ႐ုပ္ဆိုးသည့္ အျခားေကာမန႔္မ်ားပင္ ရွိ၏။ သူတို႔က စုယာယာ ယခင္က ရွင္းခဲ့ၿပီးေသာ အတင္းအဖ်င္းေတြကိုပါ ျပန္လည္ေျပာဆို လာၾကေတာ့သည္။ သူတို႔လုပ္နိုင္သမွ်ကေတာ့ #စီနီယာ အစ္ကိုႀကီးရႈေခ်ာင္ရန္ႏွင့္ဂ်ဴနီယာညီမေလးစုယာယာ ဆိုသည့္ ပို႔စ္ေတြေအာက္မွာ ေကာမန႔္ေတြ မန႔္နိုင္႐ုံသာ။


ဖန္ေတြၾကားက တိုက္ပြဲသည္ အဆုံးမရွိေခ်။ စစ္ေျမျပင္ တစ္ခုကေန ထြက္လာေသာမီးခိုးမွိုင္းေတြအလား ဇာတ္ေတြ ရႈပ္ကုန္ေတာ့သည္။ # စီနီယာအစ္ကိုႀကီးရႈေခ်ာင္ရန္ႏွင့္ ဂ်ဴနီယာညီမေလးစုယာယာ ဆိုသည့္ hashtagသည္လည္း ရွာေဖြမႈအမ်ားဆုံးစာရင္းထဲ ဝင္သြားေတာ့၏။


🎶🎶🎶🎶🎶🎶🎶🎶🎶


အခန္း(၈၅)တစ္ခုခုေတာ့ မွားၿပီ-၂


ေကာင္းတာတစ္ခုကေတာ့ ရႈေခ်ာင္ရန္၏ဖန္ေတြက သတၱိရွိၾကတာပဲ။ သူတို႔က anti-fanေတြရဲ႕ ေကာမန႔္ေတြ အမ်ိဳးမ်ိဳးအဖုံဖုံကို တိုက္ခိုက္ၾကတယ္။ ျပန္လည္ေခ်ပၾက တယ္။ ရႈေခ်ာင္ရန္ကို နာက်င္ေစဖို႔ အခြင့္အေရးတစ္ခုေလး ေတာင္မေပးဘဲ anti-fanေတြကို သူတို႔ပုတ္ခ်နိဳင္၏။


#စီနီယာအစ္ကိုႀကီးရႈေခ်ာင္ရန္ႏွင့္ ဂ်ဴနီယာညီမေလး စုယာယာ ဆိုသည့္ေခါင္းစဥ္ေအာက္မွာ ရႈေခ်ာင္ရန္ႏွင့္ စုယာယာတို႔ကို အက်ိဳးျပဳေစမည္ေကာမန႔္ေတြသာ ျမင္ရ ေလသည္။


စုယာယာႏွင့္အျခားသူေတြ ေလယာဥ္ေပၚက ဆင္းလာ ခဲ့သည္ႏွင့္ စုယာယာသည္ ဖုန္းကိုဖြင့္ေတာ့ က်ဳံဖိန္ယြင္ သူမထံေခၚလာသည္ႏွင့္ ကြက္တိ။


သူမရဲ႕ပထမဆုံးဝါက်က


"စုယာယာ နင္ရွာေဖြမႈစာရင္းမွာ ထပ္ေရာက္သြားျပန္ ၿပီသိလား?"


သူမရဲ႕ဒုတိယဝါက်က


"နင္နဲ႕ ရႈေခ်ာင္ရန္ၾကားက ဘာေတြလဲ? မင္းတို႔ ႏွစ္ေယာက္ ဘယ္တုန္းက စီနီယာအစ္ကိုႀကီးေတြ ဂ်ဴနီယာ ညီမေလးေတြ ျဖစ္သြားၾကတာလဲ?"


စုယာယာက ျပန္ေျဖသည္။


"ရွာေဖြမႈစာရင္းအေၾကာင္း ညီမ ဘာမွမသိဘူး.. ခုမွ ေလယာဥ္ေပၚက ဆင္းလာၿပီး ဖုန္းကိုဖြင့္တုန္း အစ္မက ဖုန္းေခၚလာခဲ့တာပဲ.. ညီမနဲ႕့ရႈေခ်ာင္ရန္ၾကား ဘာေတြျဖစ္ ေနသလဲဆိုတာကိုေတာ့ အတိအက်ရွင္းမျပနိုင္ေပမယ့္ Weiboေပၚမွာ followလုပ္ၾကဖို႔ ေျပာတာကေတာ့ သူပဲ.. ဂ်ဴနီယာညီမေလးလို႔ စေခၚခဲ့တာကလည္း သူပဲ. သူက ေဘးနားမွာရပ္ၿပီး ညီမကို ေစာင့္ၾကည့္ေနခဲ့တာ Weibo ေပၚ က စာကို သူက ျပန္တင္ေစခ်င္တယ္ေလ.. ညီမမွာလည္းေ႐ြးခ်ယ္စရာမရွိေတာ့ အဲ့ဒီအတိုင္း လုပ္လိုက္ရတာေပါ့"


က်ဳံဖိန္ယြင္က ေျပာသည္။


"ဒါေလးပဲလား?"


စုယာယာက ျပန္ေျပာ၏။


"ညီမ လိမ္ေျပာမယ္လို႔ က်ဲက်ဲက ထင္တာလား?"


က်ဳံဖိန္ယြင္သည္ ခဏတန႔္သြားၿပီး ေျပာလာခဲ့သည္။


"ခ်ဳံၾကည့္လိုက္ရင္ေတာ့ ဒါက ဆိုးမေနပါဘူး.. နင္နဲ႕ ရႈေခ်ာင္ရန္ ႏွစ္ေယာက္လုံးက ရွာေဖြမႈအမ်ားဆုံးျဖစ္ေအာင္ လုပ္နိုင္ခဲ့ၾကၿပီး သူ႕ဖန္ေတြကလည္း သူ႕ကိုအရမ္းကာကြယ္ ေပးၾကတယ္ေလ.. ဒါေပမယ့္ သူတို႔က နင့္ကို မႀကိဳက္တာ မ်ိဳးေတာ့မျဖစ္ၾကဘူး.. တစ္စုံတစ္ေယာက္ကမ်ား နာမည္ ေက်ာ္ၾကားဖို႔အတြက္ သူ႕ကို အသုံးခ်ခဲ့တယ္ဆိုရင္ သူတို႔က ဘယ္ေလာက္ေတာင္ ဆဲဆိုေသာင္းၾကမ္းလိုက္ၾကမလဲ ဆိုတာ ဘယ္သူေျပာနိုင္မလဲ.. နင္တို႔ႏွစ္ေယာက္လုံးက စကားလိုက္အင္တာတိန္းမန႔္ရဲ႕သ႐ုပ္ေဆာင္ေတြ.. သူက လည္း နင့္ကို ေစာင့္ေရွာက္ေပးခ်င္စိတ္ရွိတယ္.. ဆိုေတာ့ နင္သူနဲ႕ ေကာင္းမြန္တဲ့ဆက္ဆံေရးကို ထိန္းထားဖို႔ပဲ လို တယ္.. သူကနင့္ကို သူ႕ရဲ႕ဂ်ဴနီယာညီမေလးအျဖစ္ ဆက္ဆံ ခ်င္ေနမွာေတာ့ နင္ကလည္း သူ႕ကို စီနီယာအစ္ကိုလို႔ ေခၚဖို႔ တြန႔္ဆုတ္မေနနဲ႕"


စုယာယာက သေဘာတူလိုက္ၿပီးေျပာသည္။


"ဘာမွမရွိေတာ့ရင္ ညီမ ဖုန္းခ်လိဳက္ေတာ့မယ္"


"အိုေက" က်ဳံဖိန္ယြင္က ဖုန္းခ်သြားေတာ့သည္။


စုယာယာသည္ ဖုန္းကို အိတ္ထဲထည့္လိုက္စဥ္ ေနာက္ တစ္ခါ ထပ္ျမည္လာျပန္သည္။ သူမက က်ဳံဖိန္ယြင္ တစ္ ေယာက္ ေျပာစရာက်န္ေသးလို႔ေနမွာလို႔ ေတြးလိုက္မိ၏။ တစ္စုံတစ္ရာကို တီးတိုးေရ႐ြတ္လိုက္ၿပီးမွ ဖုန္းကို ျပန္ထုတ္ ကိုင္လိုက္သည္။


ဖုန္းမ်က္ႏွာျပင္ေပၚမွာ လႈပ္ေနေသာ ခ်န္ရႈံခ်ီ၏နာမည္ ကို ေတြ႕လိုက္ရ၏။ တကယ္ႀကီး ခ်န္ရႈံခ်ီက ေခၚေနတာပဲ။ စုယာယာ၏ႏွလုံးသားက အရွိန္အဟုန္ျမန္ျမန္ ခုန္ေပါက္ လာေတာ့သည္။ သူမနဲ ရႈေခ်ာင္ရန္တို႔ ရွာေဖြမႈစာရင္းမွာ ေရာက္ေနေၾကာင္း က်ဳံဖိန္ယြင္က ခုပဲဖုန္းဆက္ေျပာခဲ့တာ။ ေျပာၿပီးၿပီးခ်င္းပဲ ခ်န္ရႈံခ်ီကလည္း သူမဆီဖုန္းဆက္လာ တယ္။ သူလည္း ရွာေဖြမႈစာရင္းအေၾကာင္းေမးခ်င္လို႔မ်ား လား?


စုယာယာ ထိုအေၾကာင္းကို အျပန္ျပန္အလွန္လွန္ေတြး ေနမိသည္။ ခ်န္ရႈံခ်ီသာ သူမနဲ႕ရႈေခ်ာင္ရန္အေၾကာင္းေမး လာခဲ့ပါလွ်င္ ဘယ္လိုေျဖရမည္လဲ? အၾကမ္းသေဘာမ်ိဳး ျပင္ဆင္လိုက္ၿပီးေနာက္ ဖုန္းကို ကိုင္ခဲ့လိုက္သည္။ သူမက ခ်ိဳသာစြာ ေျပာလိုက္၏။


"ရႈံခ်ီ, ယာယာ ခုေလးတင္ပဲ ေလယာဥ္ေပၚက ဆင္းတာ ..ရွင္ဖုန္းဆက္လာတဲ့အခ်ိန္ပဲ... ဟီး အရမ္းေပ်ာ္တာပဲ!"


ရႈံခ်ီ?


ခ်န္ရႈံခ်ီ သည္ အနည္းငယ္မွင္သက္သြားမိ၏။ စုယာယာ သည္ သူ႕အေပၚ ခ်စ္ဖို႔ေကာင္းေအာင္ျပဳမူတိုင္း ေလာင္ကုန္း လို႔ ေခၚတတ္ေလ့ရွိသည္။ တကယ္လို႔ သူစိမ္းေတြရွိခဲ့လွ်င္ သူမက စကားအသုံးအႏႈန္းကို သတိထားၿပီး ဥကၠဌခ်န္ဟု သာ ေခၚတတ္၏။ ရႈံခ်ီဆိုၿပီး နာမည္တပ္ေခၚျခင္းကေတာ့ အရင္က တစ္ခါမွ မရွိခဲ့ေပ။ ဒါ ပထမဉီးဆုံးအႀကိမ္ပဲ။


ပထမဉီးဆုံးအႀကိမ္ျဖစ္တာေၾကာင့္လားေတာ့မသိ။ ခ်န္ ရႈံခ်ီသည္ သူ႕ႏွလုံးသားထဲမွာ လွိုက္တက္လာေသာ ထူးဆန္း သည့္ခံစားခ်က္တစ္ခုကို ခံစားေနရ၏။ ဒီလိုနာမည္တပ္ေခၚ ျခင္းက သူတို႔ကို ရင္းႏွီးသြားေစသလိုပဲ။ သူမက သူ႕အေပၚ ခံစားခ်က္တို႔ ၿငိတြယ္စြဲငင္ေနၿပီး သူႏွင့္မခြဲနိုင္မခြာနိုင္ျဖစ္ေန သလို ခံစားရေစသည္။


"ေလယာဥ္ ဆိုက္ၿပီလား?"


ခ်န္ရႈံခ်ီက ေမး၏။


"အြန္း" စုယာယာက ဆိုသည္။ "ခုပဲ ေလယာဥ္ကြင္း ကေန ထြက္လာတာ.. ၿပီးရင္ ကားစီးရဉီးမယ္"


ခ်န္ရႈံခ်ီက ေမးသည္။


"ရိုက္ကူးေရးအဖြဲ႕က လူေတြနဲ႕လား?"


"ဟုတ္" စုယာယာသည္ ေခါင္းၿငိမ့္ျပၿပီးမွ ခ်န္ရႈံခ်ီ သူမ ကို မျမင္နိုင္ဘူးဆိုတာကို သတိရသြားမိသည္။ သူမက လိမၼာက်ိဳးႏြံသည့္ပုံႏွင့္ အသားက်ေနေတာ့တာပဲ။


"ရႈေခ်ာင္ရန္နဲ႕ ခပ္ခြာခြာေန"


ခ်န္ရႈံခ်ီက ႐ုတ္တရက္ႀကီး ေျပာလာ၏။


သူက သူမနဲ႕ရႈေခ်ာင္ရန္တို႔ ရွာေဖြမႈစာရင္းထိပ္ကို ေရာက္သြားတာ ျမင္ၿပီး သူမကိုသတိေပးဖို႔ ဖုန္းဆက္ခဲ့သည္ ပဲ။ စုယာယာသည္ တကယ္ေတာ့ သူမနဲ႕ ရႈေခ်ာင္ရန္ၾကား ဘာမွမျဖစ္ခဲ့သည္မို႔ ဘာေၾကာင့္လဲဟု ေမးလိုက္ခ်င္ပါသည္။ သူတို႔ ေလယာဥ္ေပၚမွာလည္း ဘာမွမလုပ္ခဲ့ၾကဘူးေလ။ သို႔ေသာ္ျငား သူမထိုအေၾကာင္းကို ေတြးမိစဥ္ သတိရလိုက္ တာကေတာ့ ခ်န္ရႈံခ်ီသည္ စာအုပ္၏ စိုးမိုးျခယ္လွယ္လိုစိတ္ ႀကီးမားေသာ အမ်ိဳးသားဇာတ္လိုက္ သူမ၏ရႉးဂါးဒယ္ဒီႀကီး ျဖစ္၏။ သူသာ သူမကို အေရွ႕အရပ္ကို ေလွ်ာက္ခိုင္းပါလွ်င္ သူမ အေနာက္အရပ္ကို မသြားရဲ မသြားနိုင္ပါ။ မဟုတ္လွ်င္ ခ်န္ရွံခ်ီကို ကလန္ကဆန္လုပ္မိၿပီး သူမကိုယ္သူမ ဝမ္းနည္း ေၾကကြဲစရာေနာက္ဆက္တြဲေတြႏွင့္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ႀကီး ႀကဳံရေပလိမ့္မည္။ သူမ ေတာင့္ခံနိုင္မည့္အရာမ်ိဳး မဟုတ္။ အျမႇောက္စာဗီလိန္ျဖစ္ရသည့္အတြက္ သူမရဲ႕ ဘဝကို တန္ဖိုးထားျမတ္နိုးၿပီး ခ်န္ရႈံခ်ီနဲ႕သူမရဲ႕ဆက္ဆံ ေရးကို ပိုအဆင္ေျပေအာင္လုပ္တာက ပိုေကာင္း၏။


"ဟုတ္ကဲ့"


စုယာယာသည္ ရိုက်ိဳးစြာပင္ သေဘာတူနာခံလိုက္၏။


ခ်န္ရႈံခ်ီသည္ သူမက အင္တင္တင္ျဖင့္သေဘာတူလိုက္ သည္ဟု ခံစားလိုက္ရသည္။ သူမရဲ႕မ်က္ဝန္းေတြထဲမွာ မ်က္ရည္ေတြအျပည့္ႏွင့္ ငိုခ်ေတာ့မည့္ပုံေလးျဖင့္ သူမ သူ႕ကိုၾကည့္ခဲ့သည့္ပုံက ဘယ္ေလာက္ေတာင္ သနားခ်င့္ စဖြယ္ေကာင္းသည္ကို ျပန္ေတြးၾကည့္ေနမိသည္။ သူ၏ မာေက်ာလွပါသည္ဆိုေသာႏွလုံးသားက မႏူးညံ့ဘဲ မေနနိုင္ ေတာ့ေခ်။ သူက ႏူးညံ့စြာ ေျပာလိုက္၏။


"ယာယာ, ရႈေခ်ာင္ရန္နဲ႕ ခပ္ခြာခြာေနေနာ္.. တစ္ခ်ိဳ႕ အရာေတြကို မင္းနားမလည္ဘူး.. မင္း ခံစားေနရမွာကို ကိုက စိုးရိမ္လို႔ပါ နားလည္တယ္ေနာ္?"


စုယာယာသည္ 'အို'ဟုသာေျပာၿပီး ခ်န္ရႈံခ်ီ၏စကား ေတြကို ေတြးေနမိသည္။ သူမ သူ႕စကားေတြကို အေပၚယံ ေတာ့ နားလည္ပါရဲ႕။ ဒါေပမယ့္ ေနာက္ကြယ္က ဆိုလိုရင္း တစ္ခုခုေတာ့ရွိရမည္။ သူမ အဲ့အပိုင္းကို နားမလည္ေပမယ့္ ခ်န္ရႈံခ်ီ၏ၫြန္ၾကားခ်က္ကို လိုက္နာဖို႔ဆုံးျဖတ္လိုက္သည္။ သူမက ၿပဳံးရင္း ေျပာသည္။


"ယာယာသိပါၿပီ.. စိတ္မပူပါနဲ႕.. ယာယာက ကို႔စကား ကို အၿမဲနားေထာင္မွာပါ"


တိက်သည့္တုံ႕ျပန္မႈကို ရရွိၿပီးမွ ခ်န္ရႈံခ်ီ အနည္းငယ္ သက္ေတာင့္သက္သာရွိသြား၏။ သူက စုယာယာကို ေျပာ သည္။


"မင္းရဲ႕အခန္းေတြမွာ ေကာင္းေကာင္းသ႐ုပ္ေဆာင္ ေနာ္.. ကို ေနာက္ၿပီးရင္ မင္းဆီ လာလည္မယ္"


"အိုေက!" စုယာယာသည္ အျမန္ ျပန္ေျဖလိုက္ကာ သူမရဲ႕အသံထဲမွာေတာ့ ခ်ိဳၿမိန္မႈ ေပ်ာ္႐ႊင္မႈေတြအျပည့္ႏွင့္ သာ။ သူမသည္ ခုေလးတင္ရိုက္ကူးရာေနရာကို ေရာက္ခဲ့ၿပီး ဇာတ္လမ္းပင္ စမရိုက္ရေသးေပမယ့္ ခ်န္ရႈံခ်ီကေတာ့ သူမဆီ လာလည္ဖို႔အခ်ိန္ဖယ္ထားမယ္လို႔ ေျပာလာခဲ့တယ္။ ေတြးၾကည့္မိ႐ုံနဲ႕တင္ သူမကို ေပ်ာ္႐ႊင္ေစ၏။ သူတို႔ ခုလိုပဲ ကတိတစ္ခုလုပ္ခဲ့ၾကၿပီ။


သို႔ေသာ္ျငား ခ်န္ရႈံခ်ီ သူမဆီ လာမလည္အားေသးခင္ မွာ စုယာယာက ရိုက္ကြင္းအတြင္း ဒုကၡေတြ႕မည္ဟု ဘယ္သူသိေလမလဲ။


-------------------------------------------
#11.12.2021(Saturday)
#CaCa👾
#တစ္ေယာက္က မန့္ထားတာ.. အခ်ိဳေတြ စားရပါ မ်ားလြန္းလို႔ အီေနၿပီ... ဒါေပမယ့္ စိတ္မေကာင္းပါဘူးေနာ္.. ခင္ဗ်ားတို႔ အခ်ိဳမ်ားၿပီး ရင္ၾကပ္႐ုံေတာင္မက ဆီးခ်ိဳပဲျဖစ္ျဖစ္ ဟိုအတြဲကေတာ့ ေခြးစာေတြ တစ္ပုံတစ္ပင္ႀကီး ေကြၽးဦးမွာပါ... CaCaအတူ ေခြးစာေတြ လိုက္စား... အဲေလ...အတူဖတ္ရင္း လိုက္ခံစားေပးပါဦးလို႔😁

Comment