အခန်း(၅၅) Water Army-2

Unicode


အခန်း(၅၅) Water Army-2


ချန်ရှုံချီသည် အလွန်ဒေါသထွက်နေခဲ့သလို လက်ထောက်ချန်သည်လည်း သူ အမှားတစ်ခု လုပ်မိကြောင်း သိလိုက်သည်။ ခေါင်းကို ငုံ့ထားပြီး သူ့အမှားကို ဝန်ခံနေရုံကလွဲ စကားအတုံ့အပြန် တစ်ခွန်းမှ မပြောရဲပေ။


"ငါ့ရဲ့သဘောတူညီချက်မပါဘဲ ဒီလိုဆုံးဖြတ်ချက်မျိုး ထပ်လုပ်ရဲမယ်ဆိုရင်တော့ မင်း အာဖရိကမှာ မိုင်း သွားတူးလို့ရပြီ.. အဲဒီက ရုံးခွဲ တွေမှာလည်း လူလပ်နေတာဆိုတော့လေ!"


ချန်ရှုံချီကတော့ တည်ငြိမ်စွာ ပြောနေခဲ့သည်။


"..." လက်ထောက်ချန်မှာတော့ သူ့စိတ်ထဲ သေလောက်အောင် အော်ငိုနေခဲ့ရှာပြီ။


နောက်ဆုံး လက်ထောက်ချန်က အစောက အမှားအတွက် သူ့ရဲ့တစ်လစာကို အစတေးခံလိုက်ရရှာသည်။ နောက်ဆုံးတော့ ချန်ရှုံချီ စိတ်လျှော့သွားခဲ့ပြီ။


"ထွက်သွားတော့" ချန်ရှုံချီက လက်ကို ဝေ့ပြပြီး လက်ထောက်ချန်ကို ထွက်သွားစေသည်။


ခေါင်းငိုက်စိုက်ဖြင့် လက်ထောက်ချန်လေးတစ်ယောက် ဉက္ကဌရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အန်ယွီထင်ကို ရုံးခန်းထဲ ဝင်ခွင့်ပြုလိုက်လို့ သူ့ကိုယ်သူ အလွန်အင်မတန် စိတ်တိုနေမိသည်။ သူ နောက်ကျရင် ဒီလို နားဝေတိမ်တောင်မလုပ်တော့ဘူး။


ထိုစဉ် သူ့ဆဲလ်ဖုန်းက မြည်လာခဲ့သည်။ ဖုန်းကို ထုတ်ပြီး ကြည့်သည်။ ရှောင်ရှီအင်တာတိန်းမန့်ရဲ့ ရုံးခွဲမှ ဉက္ကဌရှောင်ဆီက..။ အလုပ်ပြဿနာတစ်ခုဟုသာ ထင်တာကြောင့် ဖုန်းကိုင်လိုက်သည်။


"ဉက္ကဌရှောင်?"


"ချန်လက်ထောက်, တကယ့်အကြီးကြီးတစ်ခုတော့ ဖြစ်ပြီ"


ချက်ချင်း ဉက္ကဌချန်က ပြောလာသည်။ သူ ချန်ရှုံချီဆီ တိုက်ရိုက် မခေါ်ရဲပေ။ အဲ့အစား ကွေ့ဝိုက်ကာ လက်ထောက်ချန်ဆီ ဆက်လိုက်ခြင်းဖြစ်သည်။ သူတွေးမိတာက လက်ထောက်ချန်က ချန်ရှုံချီ၏ အားအကိုးရဆုံးသော လက်ထောက်ဖြစ်တာကြောင့် သူသာဆိုရင် ချန်ရှုံချီဆီ သတိင်းပို့ဖို့ နည်းလမ်းတစ်ခုရှာနိုင်ပြီး ဒီကိစ္စကို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်မယ်လို့လေ။


ဉက္ကဌရှောင်မှာ အခြေအနေတစ်ရပ်လုံးကို လက်ထောက်ချန်ဆီ အလျင်စလို သတင်းပို့ရင်း အသက်တောင်မရှူအားပါချေ။


လက်ထောက်ချန်မှာတော့ ဖြစ်စဉ်တစ်ခုလုံးကို နားထောင်ပြီး‌ောနက် သူ့မျက်နှာပေါ်က အမူအရာ ပြောင်းသွားခဲ့ပြီး နဖူးပေါ်မှာ ချွေးစေးပင် ထွက်လာရှာသည်။ အလျင်အမြန် Weiboကို ဖွင့်ပြီး အင်တာနက်ပေါ်က ကောမန့်တွေကို ဖတ်ရသည်။ စုယာယာကို ချိန်ရွယ်‌ေနေသော စကေးအကြီးစား မကောင်းသော အွန်လိုင်းကောမန့်တွေကို မြင်စဉ်မှာတော့ တစ်ကိုယ်လုံး ဖျားချင်သွားသည်။


အ,အ,အ,အာ။ သူ ခုလေးတင် ချန်ရှုံချီဆီက အဆူခံခဲ့ရပြီး သူ့ကို အာဖရိကမှာ မိုင်းတူးဖို့ လွှဲပြောင်းမယ့်လို့လည်း သူက ပြောလိုက်သေးတယ်။ အခုချိန်များ ဒါကို သတင်းသွားပို့လို့ကတော့ ထပ်အဆူခံရဉီးမှာပဲ။ တကယ် အထုပ်သိမ်းပြီး မနက်ဖြန်ပဲ မိုင်းတူးဖို့ အာဖရိကကို သွားရတော့မယ် ထင်ပါရဲ့။


သူ အဲလိုမဖြစ်ချင်ဘူး....


အခြေအနေသည် ပြင်းထန်နေပြီး အနည်းငယ်မျှ နှောင့်နှေးလို့မရသည်ကို သဘောပေါက်တော့ သိပ်သည်းလှသော ဖိအားထုကြီးအောက်ကနေ ချန်ရှုံချီ၏ ရုံးခန်းကို တစ်ဖန် တံခါးခေါက်ရပြန်သည်။ ဓားသွားအလား ချွန်ထက်နေသော ထိုသူ၏ အကြည့်အောက်မှာ ပြောနေရင်း အသံတွေ တုန်နေခဲ့သည်။


"ဉက္ကဌချန်, မစ်စု အပေါ် မြောင်းပုပ်ရေတွေ လောင်းချနေတဲ့ အွန်လိုင်းကောမန့် အမြောက်အများဖြစ်ပေါ်နေပါတယ်..."


ချန်ရှုံချီသည် Weiboကို ဖွင့်ပြီး အင်တာနက်ပေါ်က သည်းမခံနိုင်အောင် ဖြစ်နေသော ကောမန့်တွေနှင့် ဆဲဆိုမှုတွေကို မြင်မိတော့သည်။ ထိုသူ နောက်ကောမန့်တစ်ခုကို ရွေ့လိုက်သည့်အချိန်တိုင်း သူ့ဘေးမှာ ရပ်နေရသည့် လက်ထောက်ချန်မှာတော့ ဒီဂရီတစ်ခုချင်း လျော့ကျလာသော ပတ်ဝန်းကျင်အပူချိန်ကို ခံစားနေရသည်။ ချန်ရှုံချီ၏ မျက်နှာပေါ်က အမူအရာသည်လည်း တဖြည်းဖြည်းဆိုးရွားလာတော့သည်။


"စုံးစမ်း.. နောက်ပြီး နောက်ကွယ်က လူကို ဖော်ထုတ်ခဲ့"


ချန်ရှုံချီသည် ဖုန်းကို လွင့်ပစ်လိုက်ကာ အေးစက်စက်အသံဖြ်င့ အမိန့်ပေးသည်။ သူ၏ ချောမောသော မျက်နှာကတော့ ရက်စက်သည့်အသွင် ပေါက်နေခဲ့၏။


စုယာယာ ကျုံဖိန်ယွင်ထံမှ ဖုန်းကို ရရှိချိန် နို့လက်ဖက်ရည်တစ်ခွက်လောက် သူမကိုယ်တိုင်လုပ်ဖို့ လက်ဖက်ရည်ခန်းထဲ သွားနေခဲ့ခြင်း။


"တစ်ယောက်ယောက်ကို စိတ်အနှောက်အယှက်ပေးခဲ့သေးလား?"


"ဘာဖြစ်လို့လဲ?" စုယာယာမှာ သူမ ပြန်ပြောနေရသော်လည်း နားမလည်ပုံ ပေါ်နေသည်။


"ဘယ်သူကိုမှ စိတ်အနှောက်မယှက်မပေးခဲ့ပါဘူး"


သူမက လိမ္မာရိုကျိုးပြီး ကောင်းကောင်းနေပါတယ်။ ဘယ်လိုလုပ် သူမက တစ်ယောက်ယောက်ကို စိတ်အနှောက်အယှက်ပေးနိုင်မှာလဲ?ပိုဆိုးတာက နေ့တိုင်း လူအနည်းငယ်နဲ့သာ သူမ ပြောဆိုဆက်ဆံဖြစ်တာကို။ သူ ပြောဆိုဆက်ဆံရတဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်ကတော့ မူရင်းဝတ္ထု၏ စိုးမိုးခြယ်လှယ်သော ဉက္ကဌကြီး ချန်ရှုံချီပါပဲ။ သူမ နေ့တိုင်း သူ့ကို ကောင်းကောင်းဆက်ဆံပါတယ်။ ဒါ့ကြောင့် တစ်ခါမှ စိတ်အနှောက်အယှက်မပေးဖူးပါဘူး။ ဘယ်သူ့ကို သူမက စိတ်အနှောက်အယှက်ပေးမိမှာလဲ?


ကျုံဖိန်ယွင်က ပြောသည်။


"တစ်ယောက်ယောက်က မင်းပေါ် ရေဆိုးရေညစ်တွေ လောင်းချလိုက်ပြီ.. တစ်ဖက်က မင်းအပေါ် ရေညစ်တွေ လောင်းချဖို့ လူတွေအများကြီး ဖိတ်ခေါ်ထားတယ်.. သူတို့တွေကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာရရှိမှုတစ်ခုအတွက် ဒီအခြေအနေကနေ အကျိုးကျေးဇူးယူနေကြတဲ့လူတွေပဲ.. နောက်နှစ်ရက်လောက်ထိ ဖုန်းကို မကြည့်နဲ့ အင်တာနက်လည်း မသုံးနဲ့.. ကုမ္ပဏီက ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာပေးလိမ့်မယ်"


စုယာယာရဲ့ နှလုံးသားက တဒုန်းဒုန်းမြည်နေသည်။ တစ်စုံတစ်ယောက်က အွန်လိုင်းကနေ သူမအပေါ် ရေဆိုးရေညစ်တွေ လောင်းချနေတယ်? ဒီအမှိုက်သရိုက်က ဘယ်သတ္တဝါတုန်း? သူမရဲ့ဘဝကို ရိုးသားစွာ နေထိုင်ပြီး ပိုက်ဆံလေးနည်းနည်းလောက် ရှာချင်ရုံလေးပါ။ ဒါမှ နောင်အနာဂတ်မှာ နယ်ဘက်ကို ပြန်ပြီး လယ်စိုက်လို့ ရိုးရှင်းတဲ့ဘဝလေးနှင့် ပျော်ရွှင်နိုင်မှာမလို့ပါ။ ဒါတောင် သူမအပေါ် ရေဆိုးရေညစ်လောင်းချတဲ့သူ ဘယ်လိုလုပ် ရှိလာရတာလဲ?


စုယာယာ နားမလည်နိုင်ပါ။


သူက ကျုံဖိန်ယွင်ကို မေးသည်။


"ကုမ္ပဏီက ဘာလုပ်ဖို့ စီစဉ်နေလဲ?"


ကျုံဖိန်ယွင်က မရေမရာသာ တုံ့ပြန်သည်။ သူမက အသေးစိတ်အစီအစဉ်ကို မပြောပြသော်လည်း


"သင့်တော်သလို ကိုင်တွယ်ကြပါလိမ့်မယ်... နင် ကုမ္ပဏီကို ယုံကြည်မှဖြစ်မယ်"


ကျုံဖိန်ယွင် မရေမရာသာ တုံပြန်သည့်တစ်ခဏ စုယာယာ နားလည်လိုက်သည်။ ဒီကိစ္စက ပြဿနာကြီးဆိုတာကို။ ရှင်းဟွေ့အင်တာတိန်းမန့်သည် ကုမ္ပဏီသေးသေးလေးတစ်ခုသာ။ သူတို့ စွမ်းနိုင်တာ မရှိပေ။ ဒါကြောင့် သူတို့အတွက် ကိုင်တွယ်ဖို့မဖြစ်နိုင်ပေ။ သေရေးရှင်ရေးအန္တာရာယ်နှင့် ဆက်နွယ်လာသောအခါ အများပြည်သူနှင့် ဆက်ဆံရေးစွမ်းရည်မှာ သာမညောင်ညသာ။ တစ်စုံတစ်ယောက်ကသာ သူမအပေါ် တမင်တကာ ရေဆိုးရေညစ်တွေ လောင်းချခြင်းဆိုလျှင် ကုမ္ပဏီမှာ ပြန်တိုက်ခိုက်ဖို့ စွမ်းရည်မရှိ။ သူမဖာသာ ဒီကိစ္စကို ကိုင်တွယ်ရလောက်မယ့်ပုံပင်။


စုယာယာသည် နာမည်ရသေးသည်မဟုတ်။ ဒါကိုပင် သူမမှာ အခြားလူတွေဆီက မြောင်းပုပ်ရေတွေနှင့် တမင်ရည်ရွယ်စွာ လောင်းချခံနေရသေးသည်။ သူမတော့ မြေကြီးပေါ် နင်းခြေခံရတော့မယ် ထင်ပါ့ရဲ့။ နောက်ပြီး နောင်အနာဂတ်မှာ သူမသာ ပြန်တက်ချင်လျှင် ကောင်းကင်ပေါ် တက်တာထက်ပင် ပိုခက်နေပေလိမ့်မည်။


မဖြစ်ရဘူး။ အဲလို အဖြစ်မခံနိုင်ဘူး။ ဖျော်ဖြေရေးလောကမှာ သူမ ပိုက်ဆံရှာရဖို့ ရှေ့ဆက်ရဉီးမယ်။ နောင်တစ်ချိန် နယ်ဘက်ပြန်တဲ့အချိန်မှာ ပိုကြီးတဲ့ခြံဝန်းတစ်ခုကို ဝယ်နိုင်ဖို့..။


သူမ ကုမ္ပဏီပေါ်ကို မမှီခိုနိုင်ဘူး။ မျှော်လင့်ချက်ကြီးလေလေ, စိတ်ပျက်မှု ကြီးလေလေပင်။ ကံကောင်းစွာနဲ့ သူမ အကူအညီတောင်းနိုင်တဲ့ လူတစ်ယောက် ရှိတယ်။ အဲ့လူကတော့ ချန်ရှုံချီ, ဒီဝတ္ထုရဲ့အမျိုးသားဇာတ်လိုက်, အားကောင်းသော စိုးမိုးခြယ်လှယ်သောဉက္ကဌကြီး။ သူသည် လက်ချောင်းလေးတွေ လှုပ်ရုံနဲ့တင် သူ့ပြိုင်ဘက်တွေကို သတ်ပစ်နိုင်တယ်။


အတွေးတစ်ချို့နောက်မှာတော့ စုယာယာသည် ချန်ရှုံချီကို အကူအညီတောင်းဖို့ ဆုံးဖြတ်သည်။ သူမက ကျုံဖိန်ယွင်ထံ ပြောသည်။


"ခဏနေရင် ညီမ ဉက္ကဌချန်ကို သွားတွေ့မယ်.. အရင် ဖုန်းချပြီနော်"


ကုမ္ပဏီမှာက လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ရှိသည်။ ဒါ့ကြောင် ပြဿနာအကြီးတွေကို မဖြေရှင်းပေးနိုင်ပါ။ စုယာယာသည် ကျုံဖိန်ယွင်ကို အခက်တွေ့စေဖို့ မရည်ရွယ်ပါ။ တကယ်ဆို ဒီတစ်ချိန် ကျုံဖိန်ယွင် သူမကို ခေါ်ရတာကို သူမ နားလည်ပါသည်။ သူမ(ကျုံဖိန်ယွင်)က သူမကို ချန်ရှုံချီထံ အကူအညီတောင်းစေချင်တာ။


ကျုံဖိန်ယွင်နှင့်‌ပြောပြီးနောက် စုယာယာ ဖုန်းချပြီး သူမရဲ့Weiboကို အမြန်ဖွင့်သည်။ ချက်ချင်းပင် ထောင်နှင့်ချီသောမက်ဆေ့ချ်တွေ သူမရဲ့ဖုန်းမျက်နှာပြင်ပေါ် ပြုံတက်လာသည်။ မက်ဆေ့ချ်တွေကြောင့် သူမရဲ့အသီးတံဆိပ်ဖုန်းမှာ ခဲသွားတော့မလို့။


တစ်ခဏအကြာ အသီးတံဆိပ်ဖုန်းသည် နောက်ဆုံးတော့ အေးဆေးသွားခဲ့ပြီ။ အရင်ဆုံး စုယာယာ cbကို စစ်ဆေးသည်။ သူမရရှိထားသော မက်ဆေ့ချ်တွေအားလုံးက သူမကို ဆဲဆိုထားတာတွေ။ ထို့နောက် သူမရဲ့Weibo ဆယ်ဖီလ်တွေ အောက်က ကောမန့်တွေကို ကြည့်သည်။ ကြည့်ဖို့ ပို၍ပင် မခံမရပ်နိုင်စရာ။ ကောမန့်မှာ ရှုထောင့်မျိုးစုံကနေ သူမကို တိုက်ခိုက်ထားသည်။ သူမသည် ယောက်ျားတွေအများကြီးကို ဆော့ကစားခဲ့ကြောင်း ရေးသားထားတဲ့ လူတွေပင် ရှိသည်။ သူတို့တွေက သူမနဲ့ ချန်ရှုံချီရယ် ဝမ်ဝမ့်ဟောက်ရယ် ယန်ကျွင်ရီတို့၏ ပုံတွေကိုပင် တင်ထားသည်။


ဒီပရမ်းပတာစော်ကားပြောဆိုမှုတွေနှင့် ကောမန့်တွေကို မြင်ပြီးနောက် သူမတစ်ကိုယ်လုံး နေလို့မကောင်းတော့ပါ။


မင်းအမေကြီးတော်!သူမ အစက တွေးမိတာက တစ်စုံတစ်ယောက်က သူမအပေါ် ရေဆိုးရေညစ်တွေ လောင်းချရုံသာ.. နောက်ပြီး ဒါကို ဖြေရှင်းပေးဖို့ လွယ်လင့်တကူ ချန်ရှုံချီကို သွားတွေ့မယ်ပေါ့။ ဒါပေမယ့် ဒီလူတွေက ယောက်ျားတွေကို မြူဆွယ်တယ်, ပရမ်းပတာ ဖြစ်သလိုနေတယ်, နောက်ပြီး အဝတ်အစားလဲသလို ယောက်ျားတွေကို လဲနေတယ်ဆိုပြီး သူမကို စွပ်စွဲနေကြခြင်း။


ဒီစကားတွေက အတုအယောင်အလိမ်အညာတွေ ဖြစ်သော်လည်း သူမက ဒါတွေသည် အလိမ်တွေလို့ သိသော်ငြားလည်း ချန်ရှုံချီသည်လည်း ဒါတွေက အတုအလိမ်တွေလို့ သဘောပေါက်လောက်သော်လည်း ဒါတွေသည် အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် ချန်ရှုံချီ ဒီစကားတွေကို မြင်ပြီးနောက် သူဘယ်လို ဘယ်ပုံ တုံ့ပြန်လိမ့်မလဲ?


သေချာပေါက် သူ သူမကို စုတ်ဖြဲပစ်ချင်နေလောက်တယ်။


ဘယ်ယောက်ျားမှ ဉီးထုပ်စိမ်းမလိုချင်ကြပေ။ အဲဒါက အတုအယောင် အတင်းအဖျင်းသာ ဖြစ်ပါစေဉီးပေါ့။ ဒီအတင်းအဖျင်းတွေက တကယ်ကြီး ချန်ရှုံချီရဲ့ခေါင်းကို ......လို စိမ်းနေအောင် ပြောင်းသွားစေနိုင်တယ်။


သူ့ခေါင်းပေါ်မှာ ခုန်ပေါက်ပြေးလွှားနေသော...ရဲ့အသံကိုတောင် သူမ ကြားနေရသည်။


အခြေအနေက စိတ်မချရတော့ပေ။ သူမ ချန်ရှုံချီကို သွားရှာပြီး သူနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရမယ်။ သူမ သူ့ကို ပျော်အောင် ချော့ဖို့လည်း လိုသေးသည်။ သူမက ကောမန့်တွေထဲကလိုမျိုး ဖြစ်နေတယ်လို့ ချန်ရှုံချီ နားလည်မှုလွဲသွားမှာမျိုး အဖြစ်မခံနိုင်။ မဟုတ်ရင် သူမရဲ့ဘဝက မတွေးဝံ့စရာ။ သူ့ရဲ့အချစ်ဉီးကြီး ပြန်ရောက်သည်အထိ စောင့်နေစရာတောင် မလိုပဲ သေသွားရလောက်ပြီ။


စုယာယာသည် ချန်ရှုံချီကို အရာအားလုံးရှင်းပြဖို့ သွားရှာရန် စိတ်လှုပ်ရှားကြောက်ရွံနေသည်။ သွားမယ်အလုပ်, သူမဆီကို ခြေလှမ်းကျဲတွေဖြင့် လျှောက်လာသော ချန်ရှုံချီကို သူမ တွေ့လိုက်ရသည်။ သူရဲ့မျက်နှာချောချောပေါ်မှာ ဘာအမူအရာကိုမှ ရှိမနေပေမယ့် ထိုသူ့ပတ်ပတ်လည်ရှိ မှုန်မှိုင်းမှိုင်းရောင်ဝါတစ်ခုကိုတော့ သူမ မြင်နေရသည်။ မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုးပင်။


ပြီးသွားပြီ။ ပြီးသွားခဲ့ပြီ။ သူ့ရဲ့ပုံပန်းသွင်ပြင်ကနေ ခန့်မှန်းရရင် သူမကို အပြင်ပေးဖို့ လာနေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား?


သူမ ဘာလုပ်သင့်လဲ?သူမ ထွက်ပြေးချင်တယ်...


စာရေးသူမှာ ပြောစရာရှိပါတယ်:


စုယာယာ: ငါ ဘာလုပ်ရမလဲ? ငါ ထွက်ပြေးချင်တယ်...


ချန်ရှုံချီ: မင်းက ဘယ်ကို ပြေးချင်တာလဲ?


### အကူအညီတစ်ခုလောက် တောင်းချင်လို့
### နားထောင်လို့ ကောင်းတဲ့ Song Title လေးတွေ မန့်ပေးခဲ့ပါလား လိုချင်လို့
### English,  Korea, Chinese, Spain, India အကုန်ရ, But No Japanese... နားမထောင်တတ်လို့😁


#အပျင်းကြီးပြီး သီချင်းကြိုက်တဲ့ CaCa🍻


Zawgyi


အခန္း(၅၅) Water Army-2


ခ်န္ရႈံခ်ီသည္ အလြန္ေဒါသထြက္ေနခဲ့သလို လက္ေထာက္ခ်န္သည္လည္း သူ အမွားတစ္ခု လုပ္မိေၾကာင္း သိလိုက္သည္။ ေခါင္းကို ငုံ႕ထားၿပီး သူ႕အမွားကို ဝန္ခံေန႐ုံကလြဲ စကားအတုံ႕အျပန္ တစ္ခြန္းမွ မေျပာရဲေပ။


"ငါ့ရဲ႕သေဘာတူညီခ်က္မပါဘဲ ဒီလိုဆုံးျဖတ္ခ်က္မ်ိဳး ထပ္လုပ္ရဲမယ္ဆိုရင္ေတာ့ မင္း အာဖရိကမွာ မိုင္း သြားတူးလို႔ရၿပီ.. အဲဒီက ႐ုံးခြဲ ေတြမွာလည္း လူလပ္ေနတာဆိုေတာ့ေလ!"


ခ်န္ရႈံခ်ီကေတာ့ တည္ၿငိမ္စြာ ေျပာေနခဲ့သည္။


"..." လက္ေထာက္ခ်န္မွာေတာ့ သူ႕စိတ္ထဲ ေသေလာက္ေအာင္ ေအာ္ငိုေနခဲ့ရွာၿပီ။


ေနာက္ဆုံး လက္ေထာက္ခ်န္က အေစာက အမွားအတြက္ သူ႕ရဲ႕တစ္လစာကို အစေတးခံလိုက္ရရွာသည္။ ေနာက္ဆုံးေတာ့ ခ်န္ရႈံခ်ီ စိတ္ေလွ်ာ့သြားခဲ့ၿပီ။


"ထြက္သြားေတာ့" ခ်န္ရႈံခ်ီက လက္ကို ေဝ့ျပၿပီး လက္ေထာက္ခ်န္ကို ထြက္သြားေစသည္။


ေခါင္းငိုက္စိုက္ျဖင့္ လက္ေထာက္ခ်န္ေလးတစ္ေယာက္ ဉကၠဌ႐ုံးခန္းထဲမွ ထြက္လာခဲ့သည္။ အန္ယြီထင္ကို ႐ုံးခန္းထဲ ဝင္ခြင့္ျပဳလိုက္လို႔ သူ႕ကိုယ္သူ အလြန္အင္မတန္ စိတ္တိုေနမိသည္။ သူ ေနာက္က်ရင္ ဒီလို နားေဝတိမ္ေတာင္မလုပ္ေတာ့ဘူး။


ထိုစဥ္ သူ႕ဆဲလ္ဖုန္းက ျမည္လာခဲ့သည္။ ဖုန္းကို ထုတ္ၿပီး ၾကည့္သည္။ ေရွာင္ရွီအင္တာတိန္းမန႔္ရဲ႕ ႐ုံးခြဲမွ ဉကၠဌေရွာင္ဆီက..။ အလုပ္ျပႆနာတစ္ခုဟုသာ ထင္တာေၾကာင့္ ဖုန္းကိုင္လိုက္သည္။


"ဉကၠဌေရွာင္?"


"ခ်န္လက္ေထာက္, တကယ့္အႀကီးႀကီးတစ္ခုေတာ့ ျဖစ္ၿပီ"


ခ်က္ခ်င္း ဉကၠဌခ်န္က ေျပာလာသည္။ သူ ခ်န္ရႈံခ်ီဆီ တိုက္ရိုက္ မေခၚရဲေပ။ အဲ့အစား ေကြ႕ဝိုက္ကာ လက္ေထာက္ခ်န္ဆီ ဆက္လိုက္ျခင္းျဖစ္သည္။ သူေတြးမိတာက လက္ေထာက္ခ်န္က ခ်န္ရႈံခ်ီ၏ အားအကိုးရဆုံးေသာ လက္ေထာက္ျဖစ္တာေၾကာင့္ သူသာဆိုရင္ ခ်န္ရႈံခ်ီဆီ သတိင္းပို႔ဖို႔ နည္းလမ္းတစ္ခုရွာနိုင္ၿပီး ဒီကိစၥကို ေခ်ာေခ်ာေမြ႕ေမြ႕ ကိုင္တြယ္နိုင္မယ္လို႔ေလ။


ဉကၠဌေရွာင္မွာ အေျခအေနတစ္ရပ္လုံးကို လက္ေထာက္ခ်န္ဆီ အလ်င္စလို သတင္းပို႔ရင္း အသက္ေတာင္မရႉအားပါေခ်။


လက္ေထာက္ခ်န္မွာေတာ့ ျဖစ္စဥ္တစ္ခုလုံးကို နားေထာင္ၿပီးောနက် သူ႕မ်က္ႏွာေပၚက အမူအရာ ေျပာင္းသြားခဲ့ၿပီး နဖူးေပၚမွာ ေခြၽးေစးပင္ ထြက္လာရွာသည္။ အလ်င္အျမန္ Weiboကို ဖြင့္ၿပီး အင္တာနက္ေပၚက ေကာမန႔္ေတြကို ဖတ္ရသည္။ စုယာယာကို ခ်ိန္႐ြယ္ေနေသော စေကးအႀကီးစား မေကာင္းေသာ အြန္လိုင္းေကာမန႔္ေတြကို ျမင္စဥ္မွာေတာ့ တစ္ကိုယ္လုံး ဖ်ားခ်င္သြားသည္။


အ,အ,အ,အာ။ သူ ခုေလးတင္ ခ်န္ရႈံခ်ီဆီက အဆူခံခဲ့ရၿပီး သူ႕ကို အာဖရိကမွာ မိုင္းတူးဖို႔ လႊဲေျပာင္းမယ့္လို႔လည္း သူက ေျပာလိုက္ေသးတယ္။ အခုခ်ိန္မ်ား ဒါကို သတင္းသြားပို႔လို႔ကေတာ့ ထပ္အဆူခံရဉီးမွာပဲ။ တကယ္ အထုပ္သိမ္းၿပီး မနက္ျဖန္ပဲ မိုင္းတူးဖို႔ အာဖရိကကို သြားရေတာ့မယ္ ထင္ပါရဲ႕။


သူ အဲလိုမျဖစ္ခ်င္ဘူး....


အေျခအေနသည္ ျပင္းထန္ေနၿပီး အနည္းငယ္မွ် ႏွောင့္ႏွေးလို႔မရသည္ကို သေဘာေပါက္ေတာ့ သိပ္သည္းလွေသာ ဖိအားထုႀကီးေအာက္ကေန ခ်န္ရႈံခ်ီ၏ ႐ုံးခန္းကို တစ္ဖန္ တံခါးေခါက္ရျပန္သည္။ ဓားသြားအလား ခြၽန္ထက္ေနေသာ ထိုသူ၏ အၾကည့္ေအာက္မွာ ေျပာေနရင္း အသံေတြ တုန္ေနခဲ့သည္။


"ဉကၠဌခ်န္, မစ္စု အေပၚ ေျမာင္းပုပ္ေရေတြ ေလာင္းခ်ေနတဲ့ အြန္လိုင္းေကာမန႔္ အေျမာက္အမ်ားျဖစ္ေပၚေနပါတယ္..."


ခ်န္ရႈံခ်ီသည္ Weiboကို ဖြင့္ၿပီး အင္တာနက္ေပၚက သည္းမခံနိုင္ေအာင္ ျဖစ္ေနေသာ ေကာမန႔္ေတြႏွင့္ ဆဲဆိုမႈေတြကို ျမင္မိေတာ့သည္။ ထိုသူ ေနာက္ေကာမန႔္တစ္ခုကို ေ႐ြ႕လိုက္သည့္အခ်ိန္တိုင္း သူ႕ေဘးမွာ ရပ္ေနရသည့္ လက္ေထာက္ခ်န္မွာေတာ့ ဒီဂရီတစ္ခုခ်င္း ေလ်ာ့က်လာေသာ ပတ္ဝန္းက်င္အပူခ်ိန္ကို ခံစားေနရသည္။ ခ်န္ရႈံခ်ီ၏ မ်က္ႏွာေပၚက အမူအရာသည္လည္း တျဖည္းျဖည္းဆိုး႐ြားလာေတာ့သည္။


"စုံးစမ္း.. ေနာက္ၿပီး ေနာက္ကြယ္က လူကို ေဖာ္ထုတ္ခဲ့"


ခ်န္ရႈံခ်ီသည္ ဖုန္းကို လြင့္ပစ္လိုက္ကာ ေအးစက္စက္အသံျဖ္င့ အမိန႔္ေပးသည္။ သူ၏ ေခ်ာေမာေသာ မ်က္ႏွာကေတာ့ ရက္စက္သည့္အသြင္ ေပါက္ေနခဲ့၏။


စုယာယာ က်ဳံဖိန္ယြင္ထံမွ ဖုန္းကို ရရွိခ်ိန္ နို႔လက္ဖက္ရည္တစ္ခြက္ေလာက္ သူမကိုယ္တိုင္လုပ္ဖို႔ လက္ဖက္ရည္ခန္းထဲ သြားေနခဲ့ျခင္း။


"တစ္ေယာက္ေယာက္ကို စိတ္အႏွောက္အယွက္ေပးခဲ့ေသးလား?"


"ဘာျဖစ္လို႔လဲ?" စုယာယာမွာ သူမ ျပန္ေျပာေနရေသာ္လည္း နားမလည္ပုံ ေပၚေနသည္။


"ဘယ္သူကိုမွ စိတ္အႏွောက္မယွက္မေပးခဲ့ပါဘူး"


သူမက လိမၼာရိုက်ိဳးၿပီး ေကာင္းေကာင္းေနပါတယ္။ ဘယ္လိုလုပ္ သူမက တစ္ေယာက္ေယာက္ကို စိတ္အႏွောက္အယွက္ေပးနိုင္မွာလဲ?ပိုဆိုးတာက ေန႕တိုင္း လူအနည္းငယ္နဲ႕သာ သူမ ေျပာဆိုဆက္ဆံျဖစ္တာကို။ သူ ေျပာဆိုဆက္ဆံရတဲ့ အေရးႀကီးဆုံးပုဂၢိုလ္ကေတာ့ မူရင္းဝတၳဳ၏ စိုးမိုးျခယ္လွယ္ေသာ ဉကၠဌႀကီး ခ်န္ရႈံခ်ီပါပဲ။ သူမ ေန႕တိုင္း သူ႕ကို ေကာင္းေကာင္းဆက္ဆံပါတယ္။ ဒါ့ေၾကာင့္ တစ္ခါမွ စိတ္အႏွောက္အယွက္မေပးဖူးပါဘူး။ ဘယ္သူ႕ကို သူမက စိတ္အႏွောက္အယွက္ေပးမိမွာလဲ?


က်ဳံဖိန္ယြင္က ေျပာသည္။


"တစ္ေယာက္ေယာက္က မင္းေပၚ ေရဆိုးေရညစ္ေတြ ေလာင္းခ်လိဳက္ၿပီ.. တစ္ဖက္က မင္းအေပၚ ေရညစ္ေတြ ေလာင္းခ်ဖိဳ႕ လူေတြအမ်ားႀကီး ဖိတ္ေခၚထားတယ္.. သူတို႔ေတြကလည္း ပုဂၢိုလ္ေရးဆိုင္ရာရရွိမႈတစ္ခုအတြက္ ဒီအေျခအေနကေန အက်ိဳးေက်းဇူးယူေနၾကတဲ့လူေတြပဲ.. ေနာက္ႏွစ္ရက္ေလာက္ထိ ဖုန္းကို မၾကည့္နဲ႕ အင္တာနက္လည္း မသုံးနဲ႕.. ကုမၸဏီက ဒါကို ေျဖရွင္းဖို႔ နည္းလမ္းတစ္ခု ရွာေပးလိမ့္မယ္"


စုယာယာရဲ႕ ႏွလုံးသားက တဒုန္းဒုန္းျမည္ေနသည္။ တစ္စုံတစ္ေယာက္က အြန္လိုင္းကေန သူမအေပၚ ေရဆိုးေရညစ္ေတြ ေလာင္းခ်ေနတယ္? ဒီအမွိုက္သရိုက္က ဘယ္သတၱဝါတုန္း? သူမရဲ႕ဘဝကို ရိုးသားစြာ ေနထိုင္ၿပီး ပိုက္ဆံေလးနည္းနည္းေလာက္ ရွာခ်င္႐ုံေလးပါ။ ဒါမွ ေနာင္အနာဂတ္မွာ နယ္ဘက္ကို ျပန္ၿပီး လယ္စိုက္လို႔ ရိုးရွင္းတဲ့ဘဝေလးႏွင့္ ေပ်ာ္႐ႊင္နိုင္မွာမလို႔ပါ။ ဒါေတာင္ သူမအေပၚ ေရဆိုးေရညစ္ေလာင္းခ်တဲ့သူ ဘယ္လိုလုပ္ ရွိလာရတာလဲ?


စုယာယာ နားမလည္နိုင္ပါ။


သူက က်ဳံဖိန္ယြင္ကို ေမးသည္။


"ကုမၸဏီက ဘာလုပ္ဖို႔ စီစဥ္ေနလဲ?"


က်ဳံဖိန္ယြင္က မေရမရာသာ တုံ႕ျပန္သည္။ သူမက အေသးစိတ္အစီအစဥ္ကို မေျပာျပေသာ္လည္း


"သင့္ေတာ္သလို ကိုင္တြယ္ၾကပါလိမ့္မယ္... နင္ ကုမၸဏီကို ယုံၾကည္မွျဖစ္မယ္"


က်ဳံဖိန္ယြင္ မေရမရာသာ တုံျပန္သည့္တစ္ခဏ စုယာယာ နားလည္လိုက္သည္။ ဒီကိစၥက ျပႆနာႀကီးဆိုတာကို။ ရွင္းေဟြ႕အင္တာတိန္းမန႔္သည္ ကုမၸဏီေသးေသးေလးတစ္ခုသာ။ သူတို႔ စြမ္းနိုင္တာ မရွိေပ။ ဒါေၾကာင့္ သူတို႔အတြက္ ကိုင္တြယ္ဖို႔မျဖစ္နိုင္ေပ။ ေသေရးရွင္ေရးအႏၱာရာယ္ႏွင့္ ဆက္ႏြယ္လာေသာအခါ အမ်ားျပည္သူႏွင့္ ဆက္ဆံေရးစြမ္းရည္မွာ သာမေညာင္ညသာ။ တစ္စုံတစ္ေယာက္ကသာ သူမအေပၚ တမင္တကာ ေရဆိုးေရညစ္ေတြ ေလာင္းခ်ျခင္းဆိုလွ်င္ ကုမၸဏီမွာ ျပန္တိုက္ခိုက္ဖို႔ စြမ္းရည္မရွိ။ သူမဖာသာ ဒီကိစၥကို ကိုင္တြယ္ရေလာက္မယ့္ပုံပင္။


စုယာယာသည္ နာမည္ရေသးသည္မဟုတ္။ ဒါကိုပင္ သူမမွာ အျခားလူေတြဆီက ေျမာင္းပုပ္ေရေတြႏွင့္ တမင္ရည္႐ြယ္စြာ ေလာင္းခ်ခံေနရေသးသည္။ သူမေတာ့ ေျမႀကီးေပၚ နင္းေျခခံရေတာ့မယ္ ထင္ပါ့ရဲ႕။ ေနာက္ၿပီး ေနာင္အနာဂတ္မွာ သူမသာ ျပန္တက္ခ်င္လွ်င္ ေကာင္းကင္ေပၚ တက္တာထက္ပင္ ပိုခက္ေနေပလိမ့္မည္။


မျဖစ္ရဘူး။ အဲလို အျဖစ္မခံနိုင္ဘူး။ ေဖ်ာ္ေျဖေရးေလာကမွာ သူမ ပိုက္ဆံရွာရဖို႔ ေရွ႕ဆက္ရဉီးမယ္။ ေနာင္တစ္ခ်ိန္ နယ္ဘက္ျပန္တဲ့အခ်ိန္မွာ ပိုႀကီးတဲ့ၿခံဝန္းတစ္ခုကို ဝယ္နိုင္ဖို႔..။


သူမ ကုမၸဏီေပၚကို မမွီခိုနိုင္ဘူး။ ေမွ်ာ္လင့္ခ်က္ႀကီးေလေလ, စိတ္ပ်က္မႈ ႀကီးေလေလပင္။ ကံေကာင္းစြာနဲ႕ သူမ အကူအညီေတာင္းနိုင္တဲ့ လူတစ္ေယာက္ ရွိတယ္။ အဲ့လူကေတာ့ ခ်န္ရႈံခ်ီ, ဒီဝတၳဳရဲ႕အမ်ိဳးသားဇာတ္လိုက္, အားေကာင္းေသာ စိုးမိုးျခယ္လွယ္ေသာဉကၠဌႀကီး။ သူသည္ လက္ေခ်ာင္းေလးေတြ လႈပ္႐ုံနဲ႕တင္ သူ႕ၿပိဳင္ဘက္ေတြကို သတ္ပစ္နိုင္တယ္။


အေတြးတစ္ခ်ိဳ႕ေနာက္မွာေတာ့ စုယာယာသည္ ခ်န္ရႈံခ်ီကို အကူအညီေတာင္းဖို႔ ဆုံးျဖတ္သည္။ သူမက က်ဳံဖိန္ယြင္ထံ ေျပာသည္။


"ခဏေနရင္ ညီမ ဉကၠဌခ်န္ကို သြားေတြ႕မယ္.. အရင္ ဖုန္းခ်ၿပီေနာ္"


ကုမၸဏီမွာက လုပ္ေဆာင္နိုင္စြမ္း အကန႔္အသတ္ရွိသည္။ ဒါ့ေၾကာင္ ျပႆနာအႀကီးေတြကို မေျဖရွင္းေပးနိုင္ပါ။ စုယာယာသည္ က်ဳံဖိန္ယြင္ကို အခက္ေတြ႕ေစဖို႔ မရည္႐ြယ္ပါ။ တကယ္ဆို ဒီတစ္ခ်ိန္ က်ဳံဖိန္ယြင္ သူမကို ေခၚရတာကို သူမ နားလည္ပါသည္။ သူမ(က်ဳံဖိန္ယြင္)က သူမကို ခ်န္ရႈံခ်ီထံ အကူအညီေတာင္းေစခ်င္တာ။


က်ဳံဖိန္ယြင္ႏွင့္ေျပာၿပီးေနာက္ စုယာယာ ဖုန္းခ်ၿပီး သူမရဲ႕Weiboကို အျမန္ဖြင့္သည္။ ခ်က္ခ်င္းပင္ ေထာင္ႏွင့္ခ်ီေသာမက္ေဆ့ခ်္ေတြ သူမရဲ႕ဖုန္းမ်က္ႏွာျပင္ေပၚ ၿပဳံတက္လာသည္။ မက္ေဆ့ခ်္ေတြေၾကာင့္ သူမရဲ႕အသီးတံဆိပ္ဖုန္းမွာ ခဲသြားေတာ့မလို႔။


တစ္ခဏအၾကာ အသီးတံဆိပ္ဖုန္းသည္ ေနာက္ဆုံးေတာ့ ေအးေဆးသြားခဲ့ၿပီ။ အရင္ဆုံး စုယာယာ cbကို စစ္ေဆးသည္။ သူမရရွိထားေသာ မက္ေဆ့ခ်္ေတြအားလုံးက သူမကို ဆဲဆိုထားတာေတြ။ ထို႔ေနာက္ သူမရဲ႕Weibo ဆယ္ဖီလ္ေတြ ေအာက္က ေကာမန႔္ေတြကို ၾကည့္သည္။ ၾကည့္ဖို႔ ပို၍ပင္ မခံမရပ္နိုင္စရာ။ ေကာမန႔္မွာ ရႈေထာင့္မ်ိဳးစုံကေန သူမကို တိုက္ခိုက္ထားသည္။ သူမသည္ ေယာက္်ားေတြအမ်ားႀကီးကို ေဆာ့ကစားခဲ့ေၾကာင္း ေရးသားထားတဲ့ လူေတြပင္ ရွိသည္။ သူတို႔ေတြက သူမနဲ႕ ခ်န္ရႈံခ်ီရယ္ ဝမ္ဝမ့္ေဟာက္ရယ္ ယန္ကြၽင္ရီတို႔၏ ပုံေတြကိုပင္ တင္ထားသည္။


ဒီပရမ္းပတာေစာ္ကားေျပာဆိုမႈေတြႏွင့္ ေကာမန႔္ေတြကို ျမင္ၿပီးေနာက္ သူမတစ္ကိုယ္လုံး ေနလို႔မေကာင္းေတာ့ပါ။


မင္းအေမႀကီးေတာ္!သူမ အစက ေတြးမိတာက တစ္စုံတစ္ေယာက္က သူမအေပၚ ေရဆိုးေရညစ္ေတြ ေလာင္းခ်႐ုံသာ.. ေနာက္ၿပီး ဒါကို ေျဖရွင္းေပးဖို႔ လြယ္လင့္တကူ ခ်န္ရႈံခ်ီကို သြားေတြ႕မယ္ေပါ့။ ဒါေပမယ့္ ဒီလူေတြက ေယာက္်ားေတြကို ျမဴဆြယ္တယ္, ပရမ္းပတာ ျဖစ္သလိုေနတယ္, ေနာက္ၿပီး အဝတ္အစားလဲသလို ေယာက္်ားေတြကို လဲေနတယ္ဆိုၿပီး သူမကို စြပ္စြဲေနၾကျခင္း။


ဒီစကားေတြက အတုအေယာင္အလိမ္အညာေတြ ျဖစ္ေသာ္လည္း သူမက ဒါေတြသည္ အလိမ္ေတြလို႔ သိေသာ္ျငားလည္း ခ်န္ရႈံခ်ီသည္လည္း ဒါေတြက အတုအလိမ္ေတြလို႔ သေဘာေပါက္ေလာက္ေသာ္လည္း ဒါေတြသည္ အမွန္ဟုတ္ဟုတ္ မဟုတ္ဟုတ္ ခ်န္ရႈံခ်ီ ဒီစကားေတြကို ျမင္ၿပီးေနာက္ သူဘယ္လို ဘယ္ပုံ တုံ႕ျပန္လိမ့္မလဲ?


ေသခ်ာေပါက္ သူ သူမကို စုတ္ၿဖဲပစ္ခ်င္ေနေလာက္တယ္။


ဘယ္ေယာက္်ားမွ ဉီးထုပ္စိမ္းမလိုခ်င္ၾကေပ။ အဲဒါက အတုအေယာင္ အတင္းအဖ်င္းသာ ျဖစ္ပါေစဉီးေပါ့။ ဒီအတင္းအဖ်င္းေတြက တကယ္ႀကီး ခ်န္ရႈံခ်ီရဲ႕ေခါင္းကို ......လို စိမ္းေနေအာင္ ေျပာင္းသြားေစနိုင္တယ္။


သူ႕ေခါင္းေပၚမွာ ခုန္ေပါက္ေျပးလႊားေနေသာ...ရဲ႕အသံကိုေတာင္ သူမ ၾကားေနရသည္။


အေျခအေနက စိတ္မခ်ရေတာ့ေပ။ သူမ ခ်န္ရႈံခ်ီကို သြားရွာၿပီး သူနဲ႕ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ လုပ္ရမယ္။ သူမ သူ႕ကို ေပ်ာ္ေအာင္ ေခ်ာ့ဖို႔လည္း လိုေသးသည္။ သူမက ေကာမန႔္ေတြထဲကလိုမ်ိဳး ျဖစ္ေနတယ္လို႔ ခ်န္ရႈံခ်ီ နားလည္မႈလြဲသြားမွာမ်ိဳး အျဖစ္မခံနိုင္။ မဟုတ္ရင္ သူမရဲ႕ဘဝက မေတြးဝံ့စရာ။ သူ႕ရဲ႕အခ်စ္ဉီးႀကီး ျပန္ေရာက္သည္အထိ ေစာင့္ေနစရာေတာင္ မလိုပဲ ေသသြားရေလာက္ၿပီ။


စုယာယာသည္ ခ်န္ရႈံခ်ီကို အရာအားလုံးရွင္းျပဖို႔ သြားရွာရန္ စိတ္လႈပ္ရွားေၾကာက္႐ြံေနသည္။ သြားမယ္အလုပ္, သူမဆီကို ေျခလွမ္းက်ဲေတြျဖင့္ ေလွ်ာက္လာေသာ ခ်န္ရႈံခ်ီကို သူမ ေတြ႕လိုက္ရသည္။ သူရဲ႕မ်က္ႏွာေခ်ာေခ်ာေပၚမွာ ဘာအမူအရာကိုမွ ရွိမေနေပမယ့္ ထိုသူ႕ပတ္ပတ္လည္ရွိ မႈန္မွိုင္းမွိုင္းေရာင္ဝါတစ္ခုကိုေတာ့ သူမ ျမင္ေနရသည္။ မုန္တိုင္းမလာခင္ ၿငိမ္သက္ေနသလိုမ်ိဳးပင္။


ၿပီးသြားၿပီ။ ၿပီးသြားခဲ့ၿပီ။ သူ႕ရဲ႕ပုံပန္းသြင္ျပင္ကေန ခန႔္မွန္းရရင္ သူမကို အျပင္ေပးဖို႔ လာေနတာပဲျဖစ္ရမယ္ ဟုတ္တယ္မလား?


သူမ ဘာလုပ္သင့္လဲ?သူမ ထြက္ေျပးခ်င္တယ္...


စာေရးသူမွာ ေျပာစရာရွိပါတယ္:


စုယာယာ: ငါ ဘာလုပ္ရမလဲ? ငါ ထြက္ေျပးခ်င္တယ္...


ခ်န္ရႈံခ်ီ: မင္းက ဘယ္ကို ေျပးခ်င္တာလဲ?


### အကူအညီတစ္ခုေလာက္ ေတာင္းခ်င္လို႔
### နားေထာင္လို႔ ေကာင္းတဲ့ Song Title ေလးေတြ မန့္ေပးခဲ့ပါလား လိုခ်င္လို႔
### English,  Korea, Chinese, Spain, India အကုန္ရ, But No Japanese... နားမေထာင္တတ္လို႔😁


#အပ်င္းႀကီးၿပီး သီခ်င္းႀကိဳက္တဲ့ CaCa🍻

Comment