အခန်း(၁၀) ဝယ်ရမလား မဝယ်ရဘူးလား-၁/အခန္း(၁၀) ဝယ္ရမလား မဝယ္ရဘူးလား-၁

Unicode


အခန်း(၁၀) ဝယ်ရမလား မဝယ်ရဘူးလား-၁


စုယာယာက ၁၀ မိနစ်လောက်သာ သွားရသော အနီးဆုံးရှိ ရှော့ပင်းမောလ်ဆီသို့ ကားမောင်းသွားခဲ့၏။


ရောက်ရှိသွားချိန်မှာတော့ သူမက မြေအောက်ကားပါကင်နေရာသို့ မောင်းသွားခဲ့ပြီး ပါကင်ထိုးဖို့ နေရာလွတ်တစ်နေရာ ရှာတွေ့ခဲ့တယ်။ သူမက ပိုက်ဆံအိတ်ယူကာ ကားထဲက ထွက်လာပြီး အပေါ်တက်ဖို့ ဓာတ်လှေကားစီးတယ်။


ဓာတ်လှေကားက တတိယထပ်မှာ ရပ်သွားပြီး တံခါးပွင့်လာခဲ့သည်။ စုယာယာက သူမရဲ့ဒေါက်မြင့်ဖိနပ်အစုံနဲ့ လမ်းလျှောက်ထွက်လာခဲ့သည်။ သို့သော် သူမ နှစ်လှမ်းတောင် မလှမ်းရသေးခင် ခင်းကျင်းပြသထားသည့် နောက်ဆုံးပေါ်ဖက်ရှင်ဆိုသည့် အင်္ကျီလက်ကားကားလေးနဲ့ဂါဝန်လေးက သူမရဲ့အကြည့် ကို ငြိသွား၏။


ဒီဂါဝန်လေးရဲ့အရောင်နဲ့စတိုင်က သူမ ဒီဝတ္ထုကမ္ဘာထဲသို့ ဝိညာဉ်ကူးပြောင်းမလာခင်က
ရှော့ပင်းမောလ်မှာ သူမတွေ့ခဲ့တဲ့ ဂါဝန်လေးနဲ့ အတိအကျ ကို တူတယ်။ ထိုစဉ်က ပထမဆုံးအကြည့်တစ်ချက်မှာပင် သူက ထိုဂါဝန်လေးကို မျက်စိကျသွားပြီး စမ်းဝတ်ကြည့်ဖို့ရာ ခင်းကျင်းပြသထားသော ဂါဝန်လေးကို ချွတ်ပေးဖို့ ဆိုင်ရဲ့ဝန်ထမ်းကို တကူးတက တောင်းဆိုခဲ့ရသေးတယ်။ ဝတ်ကြည့်လိုက်ပြီးနောက်တော့ သူမရဲ့ လုံးဝကို ကွက်တိကျနေခဲ့ပြီး သူမပုံစံနဲ့လည်း အတော်လေး သင့်တော်လိုက်ဖက်နေတာကို တွေ့လိုက်ရ၏။ သူမ အဲ့ဂါဝန်လေးကို အရမ်းအရမ်းကြိုက်ခဲ့တာ။


သို့သော်လည်း ထိုစဉ်က သူမမှာက ရှက်စရာကောင်းလှစွာ ပိုက်ဆံမလုံမလောက် ဖြစ်ခဲ့ရပြီး ဂါဝန်ကလည်း သူမရဲ့တစ်လစာ၏တစ်ဝက်ကျော်ကျော် ပေးရတယ်။ သူမသာ ဝယ်လိုက်ခဲ့ရင် သူမအတွက် အခန်းငှားရမ်းခနဲ့ ထိုလအတွက် စားဖို့သောက်ဖို့ ခက်ခဲသွား မှာ ဖြစ်သည်။ ထိုအကြောင်းကို တွေးလိုက်မိပြီးနောက် ဂါဝန်လေးကို ဝယ်မယ်ဆိုတဲ့ အတွေးကိုသာ ဝမ်းနည်းစွာ စွန့်ပစ်လိုက်ရတော့သည်။


အခုတော့ သူမ ထိုပုံစံတူဂါဝန်လေးကို တွေ့လိုက်ရကာ စုယာယာက စိတ်လှုပ်ရှား လာရပြီ။ သူမ
တကယ့်ကို ဝယ်ချင်ခဲ့လွန်းလှ၏။ အဆုံးသတ်မှာတော့ သူမမှာ အမြဲလိုလို ထိုချိန်တုန်းက ဝယ်ဖို့မတတ်နိုင်ခဲ့လေတဲ့အတွက် ဒီမခွဲနိုင်မခွာရက်နောင်တကြီးကို သယ်ပိုးထားခဲ့ရသည်။


ထိုအဖြစ်အပျက်အပြီး မကြာမီ သူမ အလုပ်လုပ်ဖို့ ပြန်ရောက်သွား တော့ အလုပ်ထဲမှာ တက်တက်ကြွကြွ အာရုံစိုက်နိုင်ဖို့ သူမဖို့ ခက်ခဲလွန်းခဲ့ပြီး အချိန်အကြာကြီး စိတ်ဓာတ်ကျနေခဲ့၏။


သူမရဲ့အိမ်မက်က ချမ်းသာကြွယ်ဝလာဖို့နဲ့ သူမကိုယ်အတွက် သူမသိပ်ကြိုက်တဲ့ဝတ်စုံလေးကို ဝယ်နိုင်ဖို့က နှစ်ခုစလုံးပါပဲ။ အခုတော့ သူမရဲ့ကိုယ်ပိုင်ဆန္ဒကို ဖြည့်ဆည်းလိုသည်။


စုယာယာ ဆိုင်ထဲသို့ လှမ်းလာခဲ့စဉ် အရောင်းဝန်ထမ်းက သူမကို ခေါင်းစခြေဆုံး စစ်ဆေးအကဲဖြတ်လို့နေ၏။ သူမက Chanel ဝတ်စုံ, လည်ဆွဲနဲ့ Chanel အိတ်ကိုပါ ကိုင်ထားတာကို မြင်လိုက်ရတော့ သူမက ချမ်းသာကြွယ်ဝသူပဲလို့ သိလိုက်တယ်။ သူမရဲ့ မျက်လုံးတွေက တောက်ပသွားပြီး customer ထံ အစွမ်းကုန် အချိုသာဆုံးအပြုံးကို ထုတ်ဖော်ပြသရင်း အကူအညီတစ်ခုခုများ လိုသလား လို့ နူးညံ့ညင်သာစွာ မေးဖို့လည်း
မမေ့ချေ။


"ကျွန်မ အဲ့ဂါဝန်ကို ဝတ်ကြည့်ချင်တယ်" စုယာယာက အရောင်းပစ္စည်းများ ခင်းကျင်းပြသထားရာ နေရာမှာ ချိတ်ဆွဲထားသော ဂါဝန်ကို ညွှန်ပြလိုက်တယ်။


အရောင်းဝန်ထမ်းက ခေါင်းငြိမ့်ပြပြီး ဂါဝန်ကို ချွတ်ပေးဖို့ မဆိုင်းမတွ သွားတော့သည်။ သူမက
စုယာယာကို စမ်းဝတ်ကြည့်ဖို့ အဝတ်လဲခန်းဆီ ဉီးဆောင်ခေါ်သွားပေးတယ်။


စုယာယာက ဝတ်စုံကို အဝတ်လဲခန်းထဲ ယူသွားခဲ့ပြီး လဲဝတ်လိုက်သည်။ အရောင်းဝန်ထမ်းက အဝတ်လဲခန်းထဲမှ ထွက်လာသည့်သူမကို တွေ့လိုက်ရလျှင်ပဲ သူမရဲ့မျက်လုံးတွေက ပိုလို့တောင် တောက်ပသွား​၏။ သူမက အမှန်တကယ်ပင် မြှောက်ပင့်ပြီး ပြောတော့သည်။


"မစ် ရှင်က အဲ့ဂါဝန်လေးနဲ့ တအားလှတာပဲ"


သူမက ဒီဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ် သုံးနှစ်လောက်တောင် ရှိတော့မည်ဖြစ်သည်။ ဒါ့ကြောင့် သူမ အရင်က ဈေးဝယ်သူတွေ အများကြီး တွေ့ခဲ့ဖူးပြီးပြီ။ အချို့က လှတယ်။ အချို့ကတော့ သာမာန်ပုံမျိုးပင်။ အချို့ကျ ထူးကဲသော အသွင်မျိုးရှိတယ်။ နောက်ပြီး ထိုသို့အသွင်မျိုးမရှိသည့်လူမျိုးလည်း ရှိတယ်။ ဆိုသော်ငြားလည်း စုယာယာလို လှပပြီး ထူးကဲသော အသွင် နှစ်မျိုးစလုံးရှိသည့် အမျိုးသမီးမျိုးတော့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။


သူမထက် ပိုလှသည့်လူတွေ ရှိသော်ငြားလည်း ကောင်းမွန်လှပသည့်ခန္ဓာကိုယ် ပုံစံတော့ မရှိကြပေ။


သူမထက် ပိုမိုသေးသွယ်သည့်ခန္ဓာမျိုးရှိသည့်လူတွေလည်း ရှိနေပေ မယ့် သူမလို အလှတော့ မရှိကြချေ။


တိုတိုနဲ့လိုရင်းပြောရရင် ဒီcustomerက သူမ မြင်ဖူးသမျှထဲမှာ အပြီးပြည့်စုံဆုံးသော အမျိူးသမီးပင်။ သူမက အမြင်တိုင်းမှာ ကြည့်ကောင်းလွန်းတယ်။


သူမရဲ့အသားအရေက ရွှန်းလဲ့တောက်ပနေသလို ဖြူဖွေးနေသေး၏။ အသစ်စက်စက် အခွံခွာထားသည့်ဉတစ်လုံးလိုပင် စိုပြီးဖွေးဥနေတာမျိုး။ ဂါဝန်ကို ဝတ်လိုက်ပြီးနောက် သူမရဲ့ လှပပြီး ငန်းမလေးလို သွယ်လျသည့်လည်ပင်းလေးကို ပေါ်လွင်သွားစေတယ်။ သူမရဲ့ခါးက ပိန်သွယ်နေသလို သူမရဲ့ကောက်ကြောင်းကို ပြီးပြည့်စုံစွာ ဖော်ပြနေတယ်။ သူမရဲ့အသွင်အပြင်က စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်ပေ။


စုယာယာက မှန်ထဲက သူမကိုယ်သူ ကြည့်နေရင်း သူမလည်း လှတယ်လို့ တွေးနေမိတယ်။


အရင်တုန်းက သူမက မလှခဲ့ပါချေ။ အလွန်ဆုံး ချစ်စရာကောင်းရုံလောက်သာ။ သူမက တကယ့်ကို လှပသည့်သူရဲ့ဘေးမှာ ရပ်လိုက်ရင် အစေခံတစ်ယောက်လို သာမန်သာဖြစ်သွားတယ်။


ဒါ့အပြင် သူမက သာမန်မိသားစုမှ လာခဲ့ပြီး သူမရဲ့မိဘတွေကလည်း သာမန် အလုပ်သမားလေးတွေသာ။ လစဉ်ဝင်ငွေလောက်သာ ရှိခဲ့တာကြောင့် သူတို့မှာ သူတို့ရဲ့သုံးစွဲမှုကို စေ့စပ်ချွေတာကြရတယ်။ သူမမှာ အလုပ်ရပြီးတဲ့နောက်မှာတောင် သူမမှာ ပိုက်ဆံနဲ့ ပတ်သတ်ပြီး ချင့်ချိန်ဆင်ခြင်နေရတာကြောင့် သူမက သဘာဝအလျောက် ချစ်ဖို့ကောင်းရုံသာ။ သူမလက်ထဲမှာ ပိုက်ဆံ ရှိနေတယ်ဆိုရင်တောင် သူမမှာ မသုံးစွဲဝံ့ဘူး။


{T/N: ဒန် ဒန့် ဒန့်.... upပေးလိုက်ပြီနော်😘


တိုတာကတော့ etransက အဲလောက်ပဲ ဖြတ်ထားတာဆိုတော့...။


ထပ်တောင်းချင်လည်း ရပါတယ်..တောင်းပါ...
Thursday မှ တင်ပေးနိုင်မှာပဲ..🙃


ရေးထားပြီးသားက မရှိတော့ဘူး😝😅


Love U ❤
}
#CaCa☕


Zawgyi


အခန္း(၁၀) ဝယ္ရမလား မဝယ္ရဘူးလား-၁


စုယာယာက ၁၀ မိနစ္ေလာက္သာ သြားရေသာ အနီးဆုံးရွိ ေရွာ့ပင္းေမာလ္ဆီသို႔ ကားေမာင္းသြားခဲ့၏။


ေရာက္ရွိသြားခ်ိန္မွာေတာ့ သူမက ေျမေအာက္ကားပါကင္ေနရာသို႔ ေမာင္းသြားခဲ့ၿပီး ပါကင္ထိုးဖို႔ ေနရာလြတ္တစ္ေနရာ ရွာေတြ႕ခဲ့တယ္။ သူမက ပိုက္ဆံအိတ္ယူကာ ကားထဲက ထြက္လာၿပီး အေပၚတက္ဖို႔ ဓာတ္ေလွကားစီးတယ္။


ဓာတ္ေလွကားက တတိယထပ္မွာ ရပ္သြားၿပီး တံခါးပြင့္လာခဲ့သည္။ စုယာယာက သူမရဲ႕ေဒါက္ျမင့္ဖိနပ္အစုံနဲ႕ လမ္းေလွ်ာက္ထြက္လာခဲ့သည္။ သို႔ေသာ္ သူမ ႏွစ္လွမ္းေတာင္ မလွမ္းရေသးခင္ ခင္းက်င္းျပသထားသည့္ ေနာက္ဆုံးေပၚဖက္ရွင္ဆိုသည့္ အကၤ်ီလက္ကားကားေလးနဲ႕ဂါဝန္ေလးက သူမရဲ႕အၾကည့္ ကို ၿငိသြား၏။


ဒီဂါဝန္ေလးရဲ႕အေရာင္နဲ႕စတိုင္က သူမ ဒီဝတၳဳကမၻာထဲသို႔ ဝိညာဥ္ကူးေျပာင္းမလာခင္က
ေရွာ့ပင္းေမာလ္မွာ သူမေတြ႕ခဲ့တဲ့ ဂါဝန္ေလးနဲ႕ အတိအက် ကို တူတယ္။ ထိုစဥ္က ပထမဆုံးအၾကည့္တစ္ခ်က္မွာပင္ သူက ထိုဂါဝန္ေလးကို မ်က္စိက်သြားၿပီး စမ္းဝတ္ၾကည့္ဖို႔ရာ ခင္းက်င္းျပသထားေသာ ဂါဝန္ေလးကို ခြၽတ္ေပးဖို႔ ဆိုင္ရဲ႕ဝန္ထမ္းကို တကူးတက ေတာင္းဆိုခဲ့ရေသးတယ္။ ဝတ္ၾကည့္လိုက္ၿပီးေနာက္ေတာ့ သူမရဲ႕ လုံးဝကို ကြက္တိက်ေနခဲ့ၿပီး သူမပုံစံနဲ႕လည္း အေတာ္ေလး သင့္ေတာ္လိုက္ဖက္ေနတာကို ေတြ႕လိုက္ရ၏။ သူမ အဲ့ဂါဝန္ေလးကို အရမ္းအရမ္းႀကိဳက္ခဲ့တာ။


သို႔ေသာ္လည္း ထိုစဥ္က သူမမွာက ရွက္စရာေကာင္းလွစြာ ပိုက္ဆံမလုံမေလာက္ ျဖစ္ခဲ့ရၿပီး ဂါဝန္ကလည္း သူမရဲ႕တစ္လစာ၏တစ္ဝက္ေက်ာ္ေက်ာ္ ေပးရတယ္။ သူမသာ ဝယ္လိုက္ခဲ့ရင္ သူမအတြက္ အခန္းငွားရမ္းခနဲ႕ ထိုလအတြက္ စားဖို႔ေသာက္ဖို႔ ခက္ခဲသြား မွာ ျဖစ္သည္။ ထိုအေၾကာင္းကို ေတြးလိုက္မိၿပီးေနာက္ ဂါဝန္ေလးကို ဝယ္မယ္ဆိုတဲ့ အေတြးကိုသာ ဝမ္းနည္းစြာ စြန႔္ပစ္လိုက္ရေတာ့သည္။


အခုေတာ့ သူမ ထိုပုံစံတူဂါဝန္ေလးကို ေတြ႕လိုက္ရကာ စုယာယာက စိတ္လႈပ္ရွား လာရၿပီ။ သူမ
တကယ့္ကို ဝယ္ခ်င္ခဲ့လြန္းလွ၏။ အဆုံးသတ္မွာေတာ့ သူမမွာ အၿမဲလိုလို ထိုခ်ိန္တုန္းက ဝယ္ဖို႔မတတ္နိုင္ခဲ့ေလတဲ့အတြက္ ဒီမခြဲနိုင္မခြာရက္ေနာင္တႀကီးကို သယ္ပိုးထားခဲ့ရသည္။


ထိုအျဖစ္အပ်က္အၿပီး မၾကာမီ သူမ အလုပ္လုပ္ဖို႔ ျပန္ေရာက္သြား ေတာ့ အလုပ္ထဲမွာ တက္တက္ႂကြႂကြ အာ႐ုံစိုက္နိုင္ဖို႔ သူမဖို႔ ခက္ခဲလြန္းခဲ့ၿပီး အခ်ိန္အၾကာႀကီး စိတ္ဓာတ္က်ေနခဲ့၏။


သူမရဲ႕အိမ္မက္က ခ်မ္းသာႂကြယ္ဝလာဖို႔နဲ႕ သူမကိုယ္အတြက္ သူမသိပ္ႀကိဳက္တဲ့ဝတ္စုံေလးကို ဝယ္နိုင္ဖို႔က ႏွစ္ခုစလုံးပါပဲ။ အခုေတာ့ သူမရဲ႕ကိုယ္ပိုင္ဆႏၵကို ျဖည့္ဆည္းလိုသည္။


စုယာယာ ဆိုင္ထဲသို႔ လွမ္းလာခဲ့စဥ္ အေရာင္းဝန္ထမ္းက သူမကို ေခါင္းစေျခဆုံး စစ္ေဆးအကဲျဖတ္လို႔ေန၏။ သူမက Chanel ဝတ္စုံ, လည္ဆြဲနဲ႕ Chanel အိတ္ကိုပါ ကိုင္ထားတာကို ျမင္လိုက္ရေတာ့ သူမက ခ်မ္းသာႂကြယ္ဝသူပဲလို႔ သိလိုက္တယ္။ သူမရဲ႕ မ်က္လုံးေတြက ေတာက္ပသြားၿပီး customer ထံ အစြမ္းကုန္ အခ်ိဳသာဆုံးအၿပဳံးကို ထုတ္ေဖာ္ျပသရင္း အကူအညီတစ္ခုခုမ်ား လိုသလား လို႔ ႏူးညံ့ညင္သာစြာ ေမးဖို႔လည္း
မေမ့ေခ်။


"ကြၽန္မ အဲ့ဂါဝန္ကို ဝတ္ၾကည့္ခ်င္တယ္" စုယာယာက အေရာင္းပစၥည္းမ်ား ခင္းက်င္းျပသထားရာ ေနရာမွာ ခ်ိတ္ဆြဲထားေသာ ဂါဝန္ကို ၫႊန္ျပလိုက္တယ္။


အေရာင္းဝန္ထမ္းက ေခါင္းၿငိမ့္ျပၿပီး ဂါဝန္ကို ခြၽတ္ေပးဖို႔ မဆိုင္းမတြ သြားေတာ့သည္။ သူမက
စုယာယာကို စမ္းဝတ္ၾကည့္ဖို႔ အဝတ္လဲခန္းဆီ ဉီးေဆာင္ေခၚသြားေပးတယ္။


စုယာယာက ဝတ္စုံကို အဝတ္လဲခန္းထဲ ယူသြားခဲ့ၿပီး လဲဝတ္လိုက္သည္။ အေရာင္းဝန္ထမ္းက အဝတ္လဲခန္းထဲမွ ထြက္လာသည့္သူမကို ေတြ႕လိုက္ရလွ်င္ပဲ သူမရဲ႕မ်က္လုံးေတြက ပိုလို႔ေတာင္ ေတာက္ပသြား၏။ သူမက အမွန္တကယ္ပင္ ျမႇောက္ပင့္ၿပီး ေျပာေတာ့သည္။


"မစ္ ရွင္က အဲ့ဂါဝန္ေလးနဲ႕ တအားလွတာပဲ"


သူမက ဒီဆိုင္မွာ အေရာင္းဝန္ထမ္းအျဖစ္ သုံးႏွစ္ေလာက္ေတာင္ ရွိေတာ့မည္ျဖစ္သည္။ ဒါ့ေၾကာင့္ သူမ အရင္က ေဈးဝယ္သူေတြ အမ်ားႀကီး ေတြ႕ခဲ့ဖူးၿပီးၿပီ။ အခ်ိဳ႕က လွတယ္။ အခ်ိဳ႕ကေတာ့ သာမာန္ပုံမ်ိဳးပင္။ အခ်ိဳ႕က် ထူးကဲေသာ အသြင္မ်ိဳးရွိတယ္။ ေနာက္ၿပီး ထိုသို႔အသြင္မ်ိဳးမရွိသည့္လူမ်ိဳးလည္း ရွိတယ္။ ဆိုေသာ္ျငားလည္း စုယာယာလို လွပၿပီး ထူးကဲေသာ အသြင္ ႏွစ္မ်ိဳးစလုံးရွိသည့္ အမ်ိဳးသမီးမ်ိဳးေတာ့ တစ္ခါမွ မေတြ႕ခဲ့ဖူးဘူး။


သူမထက္ ပိုလွသည့္လူေတြ ရွိေသာ္ျငားလည္း ေကာင္းမြန္လွပသည့္ခႏၶာကိုယ္ ပုံစံေတာ့ မရွိၾကေပ။


သူမထက္ ပိုမိုေသးသြယ္သည့္ခႏၶာမ်ိဳးရွိသည့္လူေတြလည္း ရွိေနေပ မယ့္ သူမလို အလွေတာ့ မရွိၾကေခ်။


တိုတိုနဲ႕လိုရင္းေျပာရရင္ ဒီcustomerက သူမ ျမင္ဖူးသမွ်ထဲမွာ အၿပီးျပည့္စုံဆုံးေသာ အမ်ိဴးသမီးပင္။ သူမက အျမင္တိုင္းမွာ ၾကည့္ေကာင္းလြန္းတယ္။


သူမရဲ႕အသားအေရက ႐ႊန္းလဲ့ေတာက္ပေနသလို ျဖဴေဖြးေနေသး၏။ အသစ္စက္စက္ အခြံခြာထားသည့္ဉတစ္လုံးလိုပင္ စိုၿပီးေဖြးဥေနတာမ်ိဳး။ ဂါဝန္ကို ဝတ္လိုက္ၿပီးေနာက္ သူမရဲ႕ လွပၿပီး ငန္းမေလးလို သြယ္လ်သည့္လည္ပင္းေလးကို ေပၚလြင္သြားေစတယ္။ သူမရဲ႕ခါးက ပိန္သြယ္ေနသလို သူမရဲ႕ေကာက္ေၾကာင္းကို ၿပီးျပည့္စုံစြာ ေဖာ္ျပေနတယ္။ သူမရဲ႕အသြင္အျပင္က စကားလုံးနဲ႕ေတာင္ ေဖာ္ျပလို႔မရနိုင္ေပ။


စုယာယာက မွန္ထဲက သူမကိုယ္သူ ၾကည့္ေနရင္း သူမလည္း လွတယ္လို႔ ေတြးေနမိတယ္။


အရင္တုန္းက သူမက မလွခဲ့ပါေခ်။ အလြန္ဆုံး ခ်စ္စရာေကာင္း႐ုံေလာက္သာ။ သူမက တကယ့္ကို လွပသည့္သူရဲ႕ေဘးမွာ ရပ္လိုက္ရင္ အေစခံတစ္ေယာက္လို သာမန္သာျဖစ္သြားတယ္။


ဒါ့အျပင္ သူမက သာမန္မိသားစုမွ လာခဲ့ၿပီး သူမရဲ႕မိဘေတြကလည္း သာမန္ အလုပ္သမားေလးေတြသာ။ လစဥ္ဝင္ေငြေလာက္သာ ရွိခဲ့တာေၾကာင့္ သူတို႔မွာ သူတို႔ရဲ႕သုံးစြဲမႈကို ေစ့စပ္ေခြၽတာၾကရတယ္။ သူမမွာ အလုပ္ရၿပီးတဲ့ေနာက္မွာေတာင္ သူမမွာ ပိုက္ဆံနဲ႕ ပတ္သတ္ၿပီး ခ်င့္ခ်ိန္ဆင္ျခင္ေနရတာေၾကာင့္ သူမက သဘာဝအေလ်ာက္ ခ်စ္ဖို႔ေကာင္း႐ုံသာ။ သူမလက္ထဲမွာ ပိုက္ဆံ ရွိေနတယ္ဆိုရင္ေတာင္ သူမမွာ မသုံးစြဲဝံ့ဘူး။


{T/N: ဒန္ ဒန့္ ဒန့္.... upေပးလိုက္ၿပီေနာ္😘


တိုတာကေတာ့ etransက အဲေလာက္ပဲ ျဖတ္ထားတာဆိုေတာ့...။


ထပ္ေတာင္းခ်င္လည္း ရပါတယ္..ေတာင္းပါ...
Thursday မွ တင္ေပးနိုင္မွာပဲ..🙃


ေရးထားၿပီးသားက မရွိေတာ့ဘူး😝😅


Love U ❤
}
#CaCa☕

Comment