အခန်း(၃) ဝိညာဥ်ကူးပြောင်းခြင်း-၃/အခန္း(၃) ဝိညာဥ္ကူးေျပာင္းျခင္း-၃


Unicode


Chp:3 ဝိညာဥ်ကူးပြောင်းခြင်း-3


စုယာယာကတော့ သူ့ကို လက်ထပ်ရမည်ဆိုတဲ့
မျှော်လင့်ချက် အလားအလာ​လေးနဲ့ပင် အရမ်း
ပျော်ရွှင်နေခဲ့ပါတယ်။ ဒါကြောင့် သူမက သူ
တောင်းဆိုတဲ့ အခြေအနေအားလုံးကို ခေါင်းငြိမ့်သဘောတူခဲ့တယ်။ သူ့ရဲ့တောင်းဆိုချက်နဲ့အညီ သူမက လက်ထပ်စာချုပ်၊ ပိုင်ဆိုင်မှုခွဲဝေခြင်းစာချုပ်နဲ့ အခြားသောစာချုပ်စာတမ်းတွေကို လက်မှတ်ထိုးပေးခဲ့တယ်။


ဘိုးဘိုးချန်က မကျန်းမာဖြစ်နေဆဲ ဖြစ်နေတဲ့ အတွက်ကြောင့် သူတို့နှစ်ယောက်မှာ လက်ထပ်မင်္ဂလာဧည့်ခံပွဲ မလုပ်ခဲ့ရဘူး။ သူတို့ရဲ့ လက်ထပ်ပြီးစီးကြောင်း သက်သေခံလက်မှတ်ကိုသာ အရင်ထုတ်ယူခဲ့တယ်။ အဲ့အတွက်ကြောင့်
ချန်ရှုံချီက သူ့ရဲ့ သောင်းချီတဲ့ ဘီလီယမ်တန်
အမွေတွေကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့တယ်။


ဒီလောက် အမြောက်အမြား ဓနဥစ္စာတွေကို အမွေရလိုက်သူ ချန်ရှုံချီက ကြမ်းတမ်းဆိုးဝါးတဲ့လူမျိုးတော့ မဟုတ်ခဲ့ပါဘူး။ အစပိုင်းမှာ​တော့ သူက သူ့ဇနီးသည်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ သူမက သူ့ကို အများကြီး ကူညီပေးခဲ့တာကိုး။
သူမရဲ့တောင်းဆိုချက်တွေက အရမ်း လွန်
မလာသ၍တော့ သူက သူမကို ကျေနပ်စေဖို့ အစွမ်းကုန် ကြိုးစားပေးနေမှာပါ။ အကယ်၍ သူမက ပိုက်ဆံတောင်းရင် သူ သူမကို ပိုက်ဆံပေးလိုက်မှာပင်။ သူမက ကားတစ်စီးတောင်းဆိုခဲ့ရင် သူက ကားတစ်စီးပေးလိုက်မှာပဲ။ သူမက အိမ်တစ်လုံးတောင်းရင် အိမ်တစ်လုံးပေးလိုက်မှာပါပဲ။ အကယ်၍ သူမက လက်ဝတ်လက်စား ရတနာတွေကို တောင်းဆိုခဲ့ရင်လည်း သူက လိုလိုလားလား လက်ဆောင်ပေးလိုက်ဦးမှာပင်။ သူ စီးပွားရေးလုပ်ငန်းအတွက် ပြည်ပခရီးသွားတဲ့အခါမှာဆိုရင်လည်း တစ်ခါတစ်ရံ သူမကို သူနဲ့တူတူ ခေါ်သွား
ပေလိမ့်မယ်။


အစတုန်းက ဒီ ပျော်ရွှင်, ချိုမြိန်,ပြီး ချမ်းသာတဲ့ဘဝက ထာဝရ ဖြစ်တည်နေလိမ့်မယ်လို့ပဲ စုယာယာ တွေးထားခဲ့တယ်။ ဒါပေမယ့် ဇာတ်ကြောင်းအလှည့်
အပြောင်းက ဖြစ်လာခဲ့ပြီ။


နှစ်နှစ်ကြာပြီးတဲ့နောက် ချန်ရှုံချီရဲ့အချစ်ရဆုံးသော အချစ်ဦး အန်ယွီထုန် ပြန်ရောက်လာခဲ့တယ်။
အန်ယွီထုန်က နိုင်ငံခြားမှာ ဆင်းရဲဒုက္ခအခက်အခဲတွေကို ခံစားခဲ့ရတဲ့အတွက် သူမ ချန်ရှုံချီကို မြင်လိုက်တဲ့အခိုက်အတန့် သူမ သူ့ကို ဖက်ပြီး အသည်းအသန် ငိုကြွေးတော့တယ်။ သူမက သူ့ကို ဟိုမှာနေထိုင်နိုင်ဖို့ သူမအတွက် ဘယ်လောက်တောင် ခက်ခဲခဲ့သလဲဆိုတာကို ပြောပြခဲ့ပြီး ချန်ရှုံချီက အလိုလိုပင် သူမအတွက် အရမ်းကို ပူပန်သောကဖြစ်ခဲ့တော့တာပေါ့။ အဲ့နောက် သူက သူမအတွက် မြောက်များစွာသော အရာတွေကို မအားမလပ် စီမံဆောင်ရွက်ပေးတော့တာပါပဲ။ ပြန်ရောက်လာပြီးတဲ့နောက် သူမကို ပိုကောင်းတဲ့ ဘဝနေထိုင်မှုတစ်ခုမှာ နေနိုင်ဖို့ရာ မျှော်လင့်ရင်းပေါ့...။


ထိုအချိန်က အန်ယွီထုန်အပေါ် ချန်ရှုံချီရဲ့ဂရုစိုက်မှုက သူငယ်ချင်းတွေအနေနဲ့သာ..။ ဒါကြောင့် သူက သင့်တော် ဖြစ်သင့်တဲ့စည်း,ဘောင်ကို မကျော်ခဲ့ဘူး။


စုယာယာကတော့ အဲလိုမဟုတ်ခဲ့ဘူး။ သူမမှာ
ထိုင်လို့သာ မနေနိုင်ခဲ့ဘူး။ ဘာလို့ဆို အန်ယွီထုန် ပြန်လာတဲ့ခုလိုမျိုးမှာ သူမရဲ့နေရာက အန္တာရာယ် ကျရောက်လုဆဲဆဲလို့ ခံစားနေရလို့ပင်။ သူမရဲ့ မစ်(စ်)ချန်ဆိုတာ နေရာ ပြီးတော့ သူမရဲ့ လူချမ်းသာဘဝကို မဆုံးရှုံးချင်ခဲ့ဘူး။ ဒါကြောင့်ပဲ သူမ
မကောင်းစိတ်ဝင် ယုတ်မာသွားတော့တယ်။
စုယာယာက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့အပေါ် တစ်ယောက်နဲ့တစ်ယောက်ကြား သဘောထားကွဲလွဲမှုတွေ ရှိစေရင်း အဆက်မပြတ် ပြဿနာတွေ ဖန်တီးခဲ့တယ်။


ဇာတ်လိုက်နဲ့ ဇာတ်လိုက်မဆိုတာမျိုးက တကယ့်ကို တစ်ယောက်နဲ့တစ်ယောက် ဆွဲငင်နေကြတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာ့ကြောင့်ဆို ပြဿနာတွေ နားလည်မှုအလွဲအမှားတွေ ဘယ်လောက်ကြီးပဲ ပြင်းထန် ဘယ်လောက်ကြီးပဲ နက်ရှိုင်းနေပါစေ
ထိုလူနှစ်ယောက်က အဲ့ပြဿနာတွေကို နောက်ဆုံးမှာ​တော့ ပြန်လည် ဖြေရှင်းနိုင်ခဲ့ပြီး သူတို့ကြားက ခံစားချက်တွေကလည်း ပိုနက်ရှိုင်းသွားတာပါပဲ။


စုယာယာက ပြဿနာတွေ နားလည်မှုအလွဲအမှားတွေ ဖန်တီးခြင်းအားဖြင့် ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ကို သူမ မခွဲပစ်နိုင်ဘူးဆိုတာကို သိလိုက်ရတော့ ပိုစိုးရိမ်တုန်လှုပ်လာတယ်။ ရလဒ်အနေနဲ့ကတော့ သူမက တစ်ယောက်ယောက်အား အန်ယွီထုန်ကို ပြန်ပေးဆွဲဖို့ ခိုင်းခဲ့တယ်။


ဒီတစ်ချိန်တော့ သူမ ပျားအုံကို ထိုးလိုက်မိတာပဲ။


ချန်ရှုံချီက အန်ယွီထုန်ကို ပြန်ပေးဆွဲသမားတွေဆီကနေ အန္တရာယ်ကင်းစွာ ကယ်နိုင်ခဲ့ပြီး အန်ယွီထုန်ကို ပြန်ပေးဆွဲရန် ထိုပြန်ပေးဆွဲသမားတွေကို ငှားရမ်းခဲ့တာက ဘယ်သူလဲဆိုတာကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်ခဲ့တယ်။ ပြန်ပေးဆွဲသမားတွေကို ပိုက်ဆံပေးခဲ့တာက စုယာယာဆိုတာကို စုံစမ်းတွေ့ရှိပြီးတဲ့​နောက်မှာတော့ သူ သူမကို ထပ်သည်းမခံနိုင်တော့ပေ။ ချန်ရှုံချီက အရမ်းကို ဒေါ်သထွက်သွားခဲ့ပြီး စုယာယာနဲ့ကွာရှင်းဖို့ ချက်ချင်းစီစဥ်ခဲ့တော့တယ်။


ချန်ရှုံချီက စုယာယာဆီ လက်မှတ်ထိုးဖို့ ကွာရှင်းစာရွက်စာတမ်းတွေကို ယူသွားခဲ့တယ်။ သို့ပေမယ့် စုယာယာကတော့ အဲလိုဆန္ဒမရှိခဲ့ဘူးလေ။ သူမက ဆိုးဝါးလွန်းတဲ့မြင်ကွင်းတစ်ခုကို ပြုလုပ်ခဲ့တယ်။ ငိုယိုပြီး ကိုယ့်ကိုယ်ကို သတ်သေပစ်မယ်လို့ သူ့ကို ခြိမ်းခြောက်ခဲ့တယ်။


ချန်ရှုံချီက သူမရဲ့ခြိမ်းခြောက်မှုမျိုးကို ခံမယ့်သူမျိုး ဘယ်လိုလုပ် ဖြစ်မလဲ။ သူက သူမကို ကွာရှင်းစာရွက်စာတမ်းမှာ လက်မှတ်ထိုးဖို့ ဖိအားပေးခဲ့ရုံသာမက သေခြင်းတရားနဲ့မဝေးတဲ့အခြေအနေမျိုးမှာ သူမကို ထားပစ်ပြီး သူမရဲ့လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လိုအပ်တဲ့နည်းလမ်းတွေအကုန်လုံးကိုလည်း သုံးခဲ့သေးတယ်။


အမှန်ဆို ဇာတ်လိုက်မပြန်ရောက်လာချိန် စုယာယာသာ မယုတ်မာခဲ့ဘူးဆိုရင် သူမအနေနဲ့ ချန်ရှုံချီနဲ့ ကွာရှင်းဖို့ကို ညှိနှိုင်းမှုတွေဘာတွေ လုပ်လို့ရနိုင်ခဲ့တယ်။ မူလ လက်ထပ်စာချုပ်အရ သူမမှာ ဇနီးမယားဇရိတ် ဒေါ်လာဆယ်သန်း ရပိုင်ခွင့်ရှိတယ်။


ဒါကို တွေးမိချိန်မှာ​တော့ လက်ရှိစုယာယာက ရူးနှမ်းလွန်းတဲ့ ဒီခန္တာကိုယ်ရဲ့အရင်ပိုင်ရှင်ကို ဆူချင်သွားတယ်။'ဘာလို့များ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကြား နားလည်မှုလွဲမှားအောင် လုပ်ချင်နေရတာတုန်း..ဒေါ်လာဆယ်သန်းရပြီး ဒီက ထွက်သွားတာက ပိုမကောင်းဘူးလား'


သူမသာဆိုရင် ချက်ချင်းကွာရှင်းစာချုပ်မှာ လက်မှတ်ထိုး သူမရဲ့ ဒေါ်လာဆယ်သန်းနဲ့ လစ်မှာ။ ခြံဝန်းသေးသေးလေးဝယ်ပြီး စိုက်ပျိုးမွေးမြူဖို့ ကျေးလက်ဒေသကို ပြန်သွားမယ်...သူမရဲ့ မွေးမြူရေးခြံပေါ် မူတည်ပြီး တစ်ဖက်မှာ ပန်းပင်တွေနဲ့ အခြားပင်တွေကို စိုက်ပျိုးရင်း ကြက်တွေ ဘဲတွေ ငါးတွေကိုလည်း အစာကျွေးမွေးမယ်။
စုယာယာကတော့ အဲလိုရိုးရှင်းတဲ့နေထိုင်မှုပုံစံနဲ့ ဝမ်းသာအားရ သူမရဲ့ နေ့ရက်တွေကို ဖြတ်သန်းမှာ ။


'ဟီ..ဟီး..ဟီး..' စောင်ကို ကိုင်ထားရင်း အဲ့အတွေးမှာ​တော့ စုယာယာ ထမထိုင်ဘဲ မနေနိုင်တော့ချေ။
ချန်ရှုံချီ အခန်းတံခါးကို ဖွင့်လိုက်စဥ် မျက်နှာ​မှာ အရူးလေးလိုပျော်ရွှင်နေတဲ့ အမူအရာနဲ့ အိပ်ယာပေါ် ထိုင်နေတဲ့ စုယာယာကို တွေ့လိုက်ရ၏။


{C/N: noteလည်း ရေးစရာမရှိဘူး😂


အော်..တစ်ခုတစ်ခု...CaCaက တအားမျက်စိ
ရှန်းတတ်ပါတယ်..ပြီးတော့ စာစစ်ဖို့လည်း တအားပျင်းပါတယ်..သေချာတော့ရေးပေမယ့် စာလုံးပေါင်းလေးများမှားနေခဲ့ရင် အပြစ်မမြင်ဘဲ လာပြောပေးကြပါရှင့်...ပြင်ပေးပါ့မယ်😁


Caca❤
}



Zawgyi


Chp:3 ဝိညာဥ္ကူးေျပာင္းျခင္း-3


စုယာယာကေတာ့ သူ႕ကို လက္ထပ္ရမည္ဆိုတဲ့
ေမွ်ာ္လင့္ခ်က္ အလားအလာေလးနဲ႕ပင္ အရမ္း
ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။ ဒါေၾကာင့္ သူမက သူ
ေတာင္းဆိုတဲ့ အေျခအေနအားလုံးကို ေခါင္းၿငိမ့္သေဘာတူခဲ့တယ္။ သူ႕ရဲ႕ေတာင္းဆိုခ်က္နဲ႕အညီ သူမက လက္ထပ္စာခ်ဳပ္၊ ပိုင္ဆိုင္မႈခြဲေဝျခင္းစာခ်ဳပ္နဲ႕ အျခားေသာစာခ်ဳပ္စာတမ္းေတြကို လက္မွတ္ထိုးေပးခဲ့တယ္။


ဘိုးဘိုးခ်န္က မက်န္းမာျဖစ္ေနဆဲ ျဖစ္ေနတဲ့ အတြက္ေၾကာင့္ သူတို႔ႏွစ္ေယာက္မွာ လက္ထပ္မဂၤလာဧည့္ခံပြဲ မလုပ္ခဲ့ရဘူး။ သူတို႔ရဲ႕ လက္ထပ္ၿပီးစီးေၾကာင္း သက္ေသခံလက္မွတ္ကိုသာ အရင္ထုတ္ယူခဲ့တယ္။ အဲ့အတြက္ေၾကာင့္
ခ်န္ရႈံခ်ီက သူ႕ရဲ႕ ေသာင္းခ်ီတဲ့ ဘီလီယမ္တန္
အေမြေတြကို ေအာင္ျမင္စြာ ဆက္ခံနိုင္ခဲ့တယ္။


ဒီေလာက္ အေျမာက္အျမား ဓနဥစၥာေတြကို အေမြရလိုက္သူ ခ်န္ရႈံခ်ီက ၾကမ္းတမ္းဆိုးဝါးတဲ့လူမ်ိဳးေတာ့ မဟုတ္ခဲ့ပါဘူး။ အစပိုင္းမွာေတာ့ သူက သူ႕ဇနီးသည္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့ပါတယ္။ သူမက သူ႕ကို အမ်ားႀကီး ကူညီေပးခဲ့တာကိုး။
သူမရဲ႕ေတာင္းဆိုခ်က္ေတြက အရမ္း လြန္
မလာသ၍ေတာ့ သူက သူမကို ေက်နပ္ေစဖို႔ အစြမ္းကုန္ ႀကိဳးစားေပးေနမွာပါ။ အကယ္၍ သူမက ပိုက္ဆံေတာင္းရင္ သူ သူမကို ပိုက္ဆံေပးလိုက္မွာပင္။ သူမက ကားတစ္စီးေတာင္းဆိုခဲ့ရင္ သူက ကားတစ္စီးေပးလိုက္မွာပဲ။ သူမက အိမ္တစ္လုံးေတာင္းရင္ အိမ္တစ္လုံးေပးလိုက္မွာပါပဲ။ အကယ္၍ သူမက လက္ဝတ္လက္စား ရတနာေတြကို ေတာင္းဆိုခဲ့ရင္လည္း သူက လိုလိုလားလား လက္ေဆာင္ေပးလိုက္ဦးမွာပင္။ သူ စီးပြားေရးလုပ္ငန္းအတြက္ ျပည္ပခရီးသြားတဲ့အခါမွာဆိုရင္လည္း တစ္ခါတစ္ရံ သူမကို သူနဲ႕တူတူ ေခၚသြား
ေပလိမ့္မယ္။


အစတုန္းက ဒီ ေပ်ာ္႐ႊင္, ခ်ိဳၿမိန္,ၿပီး ခ်မ္းသာတဲ့ဘဝက ထာဝရ ျဖစ္တည္ေနလိမ့္မယ္လို႔ပဲ စုယာယာ ေတြးထားခဲ့တယ္။ ဒါေပမယ့္ ဇာတ္ေၾကာင္းအလွည့္
အေျပာင္းက ျဖစ္လာခဲ့ၿပီ။


ႏွစ္ႏွစ္ၾကာၿပီးတဲ့ေနာက္ ခ်န္ရႈံခ်ီရဲ႕အခ်စ္ရဆုံးေသာ အခ်စ္ဦး အန္ယြီထုန္ ျပန္ေရာက္လာခဲ့တယ္။
အန္ယြီထုန္က နိုင္ငံျခားမွာ ဆင္းရဲဒုကၡအခက္အခဲေတြကို ခံစားခဲ့ရတဲ့အတြက္ သူမ ခ်န္ရႈံခ်ီကို ျမင္လိုက္တဲ့အခိုက္အတန့္ သူမ သူ႕ကို ဖက္ၿပီး အသည္းအသန္ ငိုေႂကြးေတာ့တယ္။ သူမက သူ႕ကို ဟိုမွာေနထိုင္နိုင္ဖို႔ သူမအတြက္ ဘယ္ေလာက္ေတာင္ ခက္ခဲခဲ့သလဲဆိုတာကို ေျပာျပခဲ့ၿပီး ခ်န္ရႈံခ်ီက အလိုလိုပင္ သူမအတြက္ အရမ္းကို ပူပန္ေသာကျဖစ္ခဲ့ေတာ့တာေပါ့။ အဲ့ေနာက္ သူက သူမအတြက္ ေျမာက္မ်ားစြာေသာ အရာေတြကို မအားမလပ္ စီမံေဆာင္႐ြက္ေပးေတာ့တာပါပဲ။ ျပန္ေရာက္လာၿပီးတဲ့ေနာက္ သူမကို ပိုေကာင္းတဲ့ ဘဝေနထိုင္မႈတစ္ခုမွာ ေနနိုင္ဖို႔ရာ ေမွ်ာ္လင့္ရင္းေပါ့...။


ထိုအခ်ိန္က အန္ယြီထုန္အေပၚ ခ်န္ရႈံခ်ီရဲ႕ဂ႐ုစိုက္မႈက သူငယ္ခ်င္းေတြအေနနဲ႕သာ..။ ဒါေၾကာင့္ သူက သင့္ေတာ္ ျဖစ္သင့္တဲ့စည္း,ေဘာင္ကို မေက်ာ္ခဲ့ဘူး။


စုယာယာကေတာ့ အဲလိုမဟုတ္ခဲ့ဘူး။ သူမမွာ
ထိုင္လို႔သာ မေနနိုင္ခဲ့ဘူး။ ဘာလို႔ဆို အန္ယြီထုန္ ျပန္လာတဲ့ခုလိုမ်ိဳးမွာ သူမရဲ႕ေနရာက အႏၱာရာယ္ က်ေရာက္လုဆဲဆဲလို႔ ခံစားေနရလို႔ပင္။ သူမရဲ႕ မစ္(စ္)ခ်န္ဆိုတာ ေနရာ ၿပီးေတာ့ သူမရဲ႕ လူခ်မ္းသာဘဝကို မဆုံးရႈံးခ်င္ခဲ့ဘူး။ ဒါေၾကာင့္ပဲ သူမ
မေကာင္းစိတ္ဝင္ ယုတ္မာသြားေတာ့တယ္။
စုယာယာက ဇာတ္လိုက္နဲ႕ ဇာတ္လိုက္မတို႔အေပၚ တစ္ေယာက္နဲ႕တစ္ေယာက္ၾကား သေဘာထားကြဲလြဲမႈေတြ ရွိေစရင္း အဆက္မျပတ္ ျပႆနာေတြ ဖန္တီးခဲ့တယ္။


ဇာတ္လိုက္နဲ႕ ဇာတ္လိုက္မဆိုတာမ်ိဳးက တကယ့္ကို တစ္ေယာက္နဲ႕တစ္ေယာက္ ဆြဲငင္ေနၾကတာမ်ိဳး ျဖစ္ေကာင္းျဖစ္နိုင္တယ္။ ဘာ့ေၾကာင့္ဆို ျပႆနာေတြ နားလည္မႈအလြဲအမွားေတြ ဘယ္ေလာက္ႀကီးပဲ ျပင္းထန္ ဘယ္ေလာက္ႀကီးပဲ နက္ရွိုင္းေနပါေစ
ထိုလူႏွစ္ေယာက္က အဲ့ျပႆနာေတြကို ေနာက္ဆုံးမွာေတာ့ ျပန္လည္ ေျဖရွင္းနိုင္ခဲ့ၿပီး သူတို႔ၾကားက ခံစားခ်က္ေတြကလည္း ပိုနက္ရွိုင္းသြားတာပါပဲ။


စုယာယာက ျပႆနာေတြ နားလည္မႈအလြဲအမွားေတြ ဖန္တီးျခင္းအားျဖင့္ ဇာတ္လိုက္နဲ႕ဇာတ္လိုက္မတို႔ကို သူမ မခြဲပစ္နိုင္ဘူးဆိုတာကို သိလိုက္ရေတာ့ ပိုစိုးရိမ္တုန္လႈပ္လာတယ္။ ရလဒ္အေနနဲ႕ကေတာ့ သူမက တစ္ေယာက္ေယာက္အား အန္ယြီထုန္ကို ျပန္ေပးဆြဲဖို႔ ခိုင္းခဲ့တယ္။


ဒီတစ္ခ်ိန္ေတာ့ သူမ ပ်ားအုံကို ထိုးလိုက္မိတာပဲ။


ခ်န္ရႈံခ်ီက အန္ယြီထုန္ကို ျပန္ေပးဆြဲသမားေတြဆီကေန အႏၱရာယ္ကင္းစြာ ကယ္နိုင္ခဲ့ၿပီး အန္ယြီထုန္ကို ျပန္ေပးဆြဲရန္ ထိုျပန္ေပးဆြဲသမားေတြကို ငွားရမ္းခဲ့တာက ဘယ္သူလဲဆိုတာကို စုံစမ္းဖို႔ တစ္ေယာက္ေယာက္ကို လႊတ္ခဲ့တယ္။ ျပန္ေပးဆြဲသမားေတြကို ပိုက္ဆံေပးခဲ့တာက စုယာယာဆိုတာကို စုံစမ္းေတြ႕ရွိၿပီးတဲ့ေနာက္မွာေတာ့ သူ သူမကို ထပ္သည္းမခံနိုင္ေတာ့ေပ။ ခ်န္ရႈံခ်ီက အရမ္းကို ေဒၚသထြက္သြားခဲ့ၿပီး စုယာယာနဲ႕ကြာရွင္းဖို႔ ခ်က္ခ်င္းစီစဥ္ခဲ့ေတာ့တယ္။


ခ်န္ရႈံခ်ီက စုယာယာဆီ လက္မွတ္ထိုးဖို႔ ကြာရွင္းစာ႐ြက္စာတမ္းေတြကို ယူသြားခဲ့တယ္။ သို႔ေပမယ့္ စုယာယာကေတာ့ အဲလိုဆႏၵမရွိခဲ့ဘူးေလ။ သူမက ဆိုးဝါးလြန္းတဲ့ျမင္ကြင္းတစ္ခုကို ျပဳလုပ္ခဲ့တယ္။ ငိုယိုၿပီး ကိုယ့္ကိုယ္ကို သတ္ေသပစ္မယ္လို႔ သူ႕ကို ၿခိမ္းေျခာက္ခဲ့တယ္။


ခ်န္ရႈံခ်ီက သူမရဲ႕ၿခိမ္းေျခာက္မႈမ်ိဳးကို ခံမယ့္သူမ်ိဳး ဘယ္လိုလုပ္ ျဖစ္မလဲ။ သူက သူမကို ကြာရွင္းစာ႐ြက္စာတမ္းမွာ လက္မွတ္ထိုးဖို႔ ဖိအားေပးခဲ့႐ုံသာမက ေသျခင္းတရားနဲ႕မေဝးတဲ့အေျခအေနမ်ိဳးမွာ သူမကို ထားပစ္ၿပီး သူမရဲ႕လမ္းေၾကာင္းေတြကို ျဖတ္ေတာက္ဖို႔ လိုအပ္တဲ့နည္းလမ္းေတြအကုန္လုံးကိုလည္း သုံးခဲ့ေသးတယ္။


အမွန္ဆို ဇာတ္လိုက္မျပန္ေရာက္လာခ်ိန္ စုယာယာသာ မယုတ္မာခဲ့ဘူးဆိုရင္ သူမအေနနဲ႕ ခ်န္ရႈံခ်ီနဲ႕ ကြာရွင္းဖို႔ကို ညွိႏွိုင္းမႈေတြဘာေတြ လုပ္လို႔ရနိုင္ခဲ့တယ္။ မူလ လက္ထပ္စာခ်ဳပ္အရ သူမမွာ ဇနီးမယားဇရိတ္ ေဒၚလာဆယ္သန္း ရပိုင္ခြင့္ရွိတယ္။


ဒါကို ေတြးမိခ်ိန္မွာေတာ့ လက္ရွိစုယာယာက ႐ူးႏွမ္းလြန္းတဲ့ ဒီခႏၱာကိုယ္ရဲ႕အရင္ပိုင္ရွင္ကို ဆူခ်င္သြားတယ္။'ဘာလို႔မ်ား ဇာတ္လိုက္နဲ႕ဇာတ္လိုက္မၾကား နားလည္မႈလြဲမွားေအာင္ လုပ္ခ်င္ေနရတာတုန္း..ေဒၚလာဆယ္သန္းရၿပီး ဒီက ထြက္သြားတာက ပိုမေကာင္းဘူးလား'


သူမသာဆိုရင္ ခ်က္ခ်င္းကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုး သူမရဲ႕ ေဒၚလာဆယ္သန္းနဲ႕ လစ္မွာ။ ၿခံဝန္းေသးေသးေလးဝယ္ၿပီး စိုက္ပ်ိဳးေမြးျမဴဖို႔ ေက်းလက္ေဒသကို ျပန္သြားမယ္...သူမရဲ႕ ေမြးျမဴေရးၿခံေပၚ မူတည္ၿပီး တစ္ဖက္မွာ ပန္းပင္ေတြနဲ႕ အျခားပင္ေတြကို စိုက္ပ်ိဳးရင္း ၾကက္ေတြ ဘဲေတြ ငါးေတြကိုလည္း အစာေကြၽးေမြးမယ္။
စုယာယာကေတာ့ အဲလိုရိုးရွင္းတဲ့ေနထိုင္မႈပုံစံနဲ႕ ဝမ္းသာအားရ သူမရဲ႕ ေန႕ရက္ေတြကို ျဖတ္သန္းမွာ ။


'ဟီ..ဟီး..ဟီး..' ေစာင္ကို ကိုင္ထားရင္း အဲ့အေတြးမွာေတာ့ စုယာယာ ထမထိုင္ဘဲ မေနနိုင္ေတာ့ေခ်။
ခ်န္ရႈံခ်ီ အခန္းတံခါးကို ဖြင့္လိုက္စဥ္ မ်က္ႏွာမွာ အ႐ူးေလးလိုေပ်ာ္႐ႊင္ေနတဲ့ အမူအရာနဲ႕ အိပ္ယာေပၚ ထိုင္ေနတဲ့ စုယာယာကို ေတြ႕လိုက္ရ၏။


{C/N: noteလည္း ေရးစရာမရွိဘူး😂


ေအာ္..တစ္ခုတစ္ခု...CaCaက တအားမ်က္စိ
ရွန္းတတ္ပါတယ္..ၿပီးေတာ့ စာစစ္ဖို႔လည္း တအားပ်င္းပါတယ္..ေသခ်ာေတာ့ေရးေပမယ့္ စာလုံးေပါင္းေလးမ်ားမွားေနခဲ့ရင္ အျပစ္မျမင္ဘဲ လာေျပာေပးၾကပါရွင့္...ျပင္ေပးပါ့မယ္😁


Caca❤
}












Comment