အခန်း(၁၆) အရသာရှိသော-2/အခန္း(၁၆) အရသာရွိေသာ-2

အခန်း(၁၆) အရသာရှိသော-၂


ချန်ရှုံချီရဲ့မျက်ဝန်းတွေက မှောင်မိုက်နေဆဲ။


သူ့အတွက် တစ်ခုခုဝယ်ခဲ့ပေးဖို့ သူမကို ပြောလို့ သူ့အတွက် ကိတ်ဝယ်လာခဲ့ပေးဖို့ ဆုံးဖြတ်လိုက်တယ်? သူ ကိတ်စားချင်တယ်လို့ ပြောခဲ့လိုက်သလား? အို, သူ သူမကို တစ်ခုခု ဝယ်ခဲ့ပေးဖို့ ပြောချိန်တုန်းက သူမက ဒီအချိုပွဲကို စားနေတုန်းဖြစ်လို့ သူလည်း ကိတ်စားချင်သွားတယ်လို့ ဖြစ်သွားတယ်ပေါ? ဒါ ဘယ်လို သောက်ကျိုးနည်း တွေးခေါ် မှုကြီးတုန်း? သူ ကိတ်စားချင်တယ်လို့ ပြောမိသလား?


စုယာယာ နောက်ဆုံးတော့ ချန်ရှုံချီနဲ့ပတ်သတ်လို့ တစ်ခုခုမှားနေကြောင်း သတိပြုမိလိုက်သည်။ သူရဲ့မျက်ဝန်း တွေက အေးစက်နေပုံပေါ်ကာ စိတ်မကြည့်ဖြစ်နေသလိုပင်။ သူမက မဝံ့မရဲနဲ့ မေးလိုက်၏။


"ဘာဖြစ်လို့လဲဟင်"


ချန်ရှုံချီဟာ သူ သူမကို စိတ်တိုလွန်းလှတဲ့အတွက် တကယ့်ကို ဗြုန်းခနဲ့ ရယ်ချပစ်မိတော့မလို့။ သူက အေးစက် စွာ အသံတစ်ချက်ပြုရုံသာ ပြုလိုက်၏။


"မင်း ဘယ်လိုထင်လဲ?"


သူမရဲ့မျက်ဝန်းတွေက သူ့ရဲ့အေးစက်စက်အကြည့်နှင့် ဆုံသောအခါ စုယာယာ ချက်ချင်းပင် တစ်စုံတစ်ရာကို နားလည်လိုက်၏။ သူမက ဖျော့တော့အားနည်းစွာ မေးသည်။


"ကိုက ကိတ်မကြိုက်ဘူးလား?"


ချန်ရှုံချီ သူမကိုသာ တိတ်ဆိတ်စွာ ကြည့်နေ၏။


ချန်ရှုံချီက နည်းနည်းလေးတော့ ထူးဆန်းတယ်လို့ စုယာယာ တွေးလိုက်မိတယ်။ စာအုပ်မှာက သူ ကိတ် မကြိုက်တာမျိုး ဒါမှမဟုတ် အဲဒါနဲ့ပတ်သတ်လို့ တစ်ခုခု ပြဿနာရှိတာမျိုး ဘာမှဖော်ပြမထားခဲ့ဘူး။


သို့သော် အခုက ဒီအကြောင်းကို စိတ်ပူနေရမယ် အချိန် မဟုတ်ပေ။ သူမက မျက်တောင်လေး တဖျက်ဖျက်လုပ်ပြီး ပြော၏။


"ရပါတယ်.. ယာယာ က ယာယာ အတွက် ဒီကိတ်တွေကို ဝယ်လာခဲ့တာပါ... ကို ဘာစားချင်လဲ? ယာယာ ကို့အတွက် အခြားတစ်ခုခု သွားဝယ်ပေးမယ်လေ"


"မလိုတော့ဘူး.. မင်းဘာသာပဲ စားတော့"


ချန်ရှုံချီက သူ့ရဲ့စိတ်ပါမှုကို ပျောက်ဆုံးသွားခဲ့ပြီ။ သူ့ရဲ့ ကွန်ပျူတာဆီကိုသာ လှည့်သွားပြီး တစ်ဖန် အလုပ်ပြန်စဖို့ လုပ်တော့သည်။


စုယာယာက နှုတ်ခမ်းစူထားကာ


'ရတယ်လေ.. ရှင် မစားချင်လည်း နေပေါ့.. ဒီကိတ်တွေက ဈေးပေါမနေဘူး... တစ်စိတ်ချင်းလေးကပင် ၁၀ ယွမ်ကျော် ပေးရတယ်.. '


သူမက ကိတ်တွေကို ကောက်ယူပြီး အနီးမှာရှိတဲ့ ဆိုဖာ ပေါ် သွားစားဖို့ ပြင်တော့သည်။


အရသာရှိလိုက်တာ!


စုယာယာမှာ ကျေနပ်မှုကြောင့် မျက်ဝန်းတွေ မှေးကျဉ်း သွားသည်။ သူမရဲ့နှုတ်ခမ်းထောင့်က အပြုံးတစ်ခုအသွင် ကော့တက်သွားပြီး ပါးနှစ်ဖက်လုံးပေါ်မှာ ပါးချိုင့်သေးသေး လေး နှစ်ခုကို ဖော်ထုတ်ပြနေတော့သည်။ သူမပုံက ချိုမြန်ပြီး ချစ်ချင်စဖွယ်ဖြစ်နေခဲ့၏။


နူးညံ့ပြီး အရသာရှိလွန်းလှသည်။ ချိုနေပေမယ့် ဆီများ ပြီး အီနေတာမျိုးလည်း မဟုတ်ချေ။ သူမကို ပိုပိုပြီး စားချင် နေစေတော့သည်။


"နောက်တစ်ကိုက်"


စုယာယာက ပါးစပ်ထဲ ကိတ်တစ်ကိုက်စာ ကော်ထည့် လိုက်သည်။ ထပ်ပြီး နောက်တစ်ခါ..။ အွန်း.. သူမက အစားအသောက်ထဲမှာ လုံးဝပင် ပျော်ဝင်နေသည်။


ချန်ရှုံချီက မတော်တဆ ခေါင်းလှည့်လိုက်မိကာ ဆိုဖာပေါ်မှာ ကိတ်စားရင်း ကြည်နူးစွာ ထိုင်နေသည့် စုယာယာကို မြင်လိုက်ရသည်။ သူမက ပျော်ရွင်ကြည်နူးစွာ ရယ်မောနေခဲ့ပြီး ပါးပြင်ပေါ်က ပါးချိုင့်လေးနှစ်ခုတောင် ပေါ်နေခဲ့သေး။ သူမရဲ့ ချိုမြိန်ပြီး ချစ်ချင်စဖွယ်ကောင်းမှု ကြောင့် စိတ်လှုပ်ရှားမိသွားသည်။


ချန်ရှုံချီရဲ့အမြင်မှာတော့ သူမက ကောင်းကင်ပုံတမျှ ပျော်ရွင်ကြည်နူးစွာ ကိတ်ကို စားနေခြင်း။ သူ သူမကို ထုတ်မေးလိုက်ချင်မိသည်: 'အဲ့လောက်တောင် အရသာရှိ လွန်းတာလား'ဟု။


ချန်ရှုံချီက သူမကို ကြည့်နေမှန်း မသိဘဲ စုယာယာ ရဲ့နှလုံးသားထဲ ကိတ်စားခြင်းနှင့်ပင် ပြည့်နေသည်။ သူမရဲ့ နှုတ်ခမ်းထောင့်မှာ ခရင်ပေနေမှန်းတောင် အသိမပြုမိ တော့ချေ။ ကိတ်တစ်စိတ်စားပြီးနောက် ရှုမောဖွယ်ရာ အပြုံးတစ်ခုအသွင် နှုတ်ခမ်းတွေက ကော့တက်သွားသည်။


ချန်ရှုံချီမှာတော့ နှုတ်ခမ်းထောင့်မှာ ကပ်နေတဲ့ခရင် တွေနဲ့ သူမရဲ့တောက်ပလွန်းသည့်အပြုံးကို မြင်လိုက် ရပြီးနောက် စကားလုံးပင် ပျောက်ရှသွားလေ၏။


စုယာယာက သူမရဲ့ချောကလက်ကိတ်ကို စားပြီးသွား သည်နှင့် ဗနီလာကိတ်ကိုရော ထပ်စားချင်လာသည်။


လက်လှမ်းယူလိုက်ချိန် တစ်ခြားလက်တစ်ဖက်က သူမဆီမှ ကိတ်ကို ယူသွားခဲ့၏။


လက်ရဲ့လားရာကို လိုက်ကြည့်မိတော့ ချန်ရှုံချီ၏ နားလည်ရန် ခက်ခဲလှသောမျက်နှာနှင့် ဆုံမိတော့သည်။ သူမရဲ့စိုစွတ်နီရဲနေသည့်နှုတ်ခမ်းကို ဆူရင်း ပြောမိသည်က


"ယာယာ ရဲ့ကိတ်"


သူ မစားဘူးလို့ ပြောခဲ့ပြီးပြီလေ။ အဲဒါကို အခုကျ သူမရဲ့ကိတ်ကို ဘာလို့လာယူရတာလဲ?


နှုတ်ခမ်းဆူထားရင်းတောင် သူမက အလွန်ချစ်စရာ ကောင်းလှသည်။ သူမရဲ့နှုတ်ခမ်းထောင့်က ခရင်ကို သူ မြင်လိုက်သည့်အခါမှာတော့ ပါးစပ်ကို လက်ညှိုးနဲ့ ထိုးပြပြီး ကောင်းသောရည်ရွယ်ချက်နှင့် ပြောပေးသည်။


"ဒီနားမှာ ခရင်နည်းနည်းပေနေတယ်"


"ဟမ်?"


စုယာယာ ကြောင်သွားကာ သူမရဲ့မျက်နှာကလည်း ချက်ချင်းဆိုသလိုပင် နီရဲတက်လာ တော့၏။ စောစောက နှုတ်ခမ်းဆူနေတုန်းက ပါးစပ်ထောင့်မှာ ခရင်တွေ ပေနေ ခဲ့တာပေါ့။ ဘယ်လောက်တောင် မြင်မကောင်းရှုမကောင်း ဖြစ်နေခဲ့မလဲ? မြန်မြန် သုတ်ပစ်ရမယ်။


"ဒီမှာ"


ချန်ရှုံချီက သူမထံ လက်ကိုင်ပဝါတစ်ခု ကမ်းပေးသည်။


"ကျေးဇူးပါ"


စုယာယာက အလျင်စလို လှမ်းယူလိုက်ပေမယ့် ချန်ရှုံချီ က ပြန်သိမ်းသွားသည်။


"ရှင်.."


စုယာယာက သူထံ ထူးဆန်းစွာ ကြည့်လိုက်မိသည်။ သူမရှေ့က မြင်ကွင်းကို သူမအပေါ်မှာ ငုံ့မိုးကျလာသည့် ချောမောလှသည့်မျက်နှာတစ်ခုက ပိတ်ဆို့လိုက်သည်အထိ သူမ မတုံ့ပြန်နိုင်သေးပေ။


နူးညံ့ပြီးပူနွေးသည့် နှုတ်ခမ်းတစ်စုံက သူမရဲ့နှုတ်ခမ်း သားနွေးနွေးအပေါ် ဖိကပ်လာသည်။ သူ့ရဲ့စိုထိုင်းထိုင်း လျှာက သူမရဲ့နှုတ်ခမ်းထောင့်ကို လျက်ကာ ခရင်တွေကို သူ့ပါးစပ်ထဲ သိမ်းယူ၏။ နည်းနည်း ော့ ချိုနေပေမယ့် လုံးဝ ဆီများမနေခဲ့။ ထိုအရသာက သူ့ရဲ့စားချင်စိတ်ကို လောင်မြိုက်နေ၏။ သူ့ရဲ့လျှာက ချိုမြိမ်မှုကို ပိုအရသာ ခံချင်လာသလို သူမရဲ့နှုတ်ခမ်းပုံကို ခြေရာခံနေတော့သည်။ သူမရဲ့ပါးစပ်ကို ထိုးခွင်းဖွင့်စေပြီး သူ့လျှာကို သူမပါးစပ်ထဲ သွင်းလိုက်ကာ သူမရဲ့လျှာနဲ့ သူ့ရဲ့လျှာကို ချိတ်တွယ်လိုက် ပြီး သူမကို အရသာစခံတော့သည်။


ရှည်ကြာလွန်းလှသည့် ပြင်သစ်အနမ်းတစ်ခုပင်။


နောက်ဆုံး သူ စုယာယာကို နက်နက်နဲနဲ, မြဲမြဲမြံမြံ နမ်းလိုက်ပြီးနောက်မှ သူမကို လွှတ်ပေးတော့သည်။ သူမကို အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မူးဝေသွားစေခဲ့သည် အထိပင်။


စုယာယာမှာ ဟောဟဲလိုက်နေခဲ့သလို ဆိုဖာကိုသာ မှီထားရတော့သည်။ ချန်ရှုံချီက သူမရဲ့အနည်းငယ်ရောင် နေသည့်နှုတ်ခမ်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပြီး လက်ချောင်းလေးတစ်ချောင်းနဲ့ မေးကို အပေါ်ကို မော့စေ သည်။ သူ့မရဲ့နှုတ်ခမ်းကို ပွတ်ခနဲ့မြည်အောင် နမ်းပြီး


"တကယ်ကို အရမ်းအရသာရှိတာပဲ"


သူပြောလိုက်တဲ့စကားကို ကြားလိုက်ချိန်မှာတော့ စုယာယာ တုန်သွား၏။ သူ ပြောချင်တာက သူမနှုတ်ခမ်း ပေါ်က ခရင်ကိုလား?သူမကိုလား?


အပိုင်း ၁၆(မျှော်)


Love U💟


#CaCa🍀


အခန္း(၁၆) အရသာရွိေသာ-၂


ခ်န္ရႈံခ်ီရဲ႕မ်က္ဝန္းေတြက ေမွာင္မိုက္ေနဆဲ။


သူ႕အတြက္ တစ္ခုခုဝယ္ခဲ့ေပးဖို႔ သူမကို ေျပာလို႔ သူ႕အတြက္ ကိတ္ဝယ္လာခဲ့ေပးဖို႔ ဆုံးျဖတ္လိုက္တယ္? သူ ကိတ္စားခ်င္တယ္လို႔ ေျပာခဲ့လိုက္သလား? အို, သူ သူမကို တစ္ခုခု ဝယ္ခဲ့ေပးဖို႔ ေျပာခ်ိန္တုန္းက သူမက ဒီအခ်ိဳပြဲကို စားေနတုန္းျဖစ္လို႔ သူလည္း ကိတ္စားခ်င္သြားတယ္လို႔ ျဖစ္သြားတယ္ေပါ? ဒါ ဘယ္လို ေသာက္က်ိဳးနည္း ေတြးေခၚ မႈႀကီးတုန္း? သူ ကိတ္စားခ်င္တယ္လို႔ ေျပာမိသလား?


စုယာယာ ေနာက္ဆုံးေတာ့ ခ်န္ရႈံခ်ီနဲ႕ပတ္သတ္လို႔ တစ္ခုခုမွားေနေၾကာင္း သတိျပဳမိလိုက္သည္။ သူရဲ႕မ်က္ဝန္း ေတြက ေအးစက္ေနပုံေပၚကာ စိတ္မၾကည့္ျဖစ္ေနသလိုပင္။ သူမက မဝံ့မရဲနဲ႕ ေမးလိုက္၏။


"ဘာျဖစ္လို႔လဲဟင္"


ခ်န္ရႈံခ်ီဟာ သူ သူမကို စိတ္တိုလြန္းလွတဲ့အတြက္ တကယ့္ကို ျဗဳန္းခနဲ႕ ရယ္ခ်ပစ္မိေတာ့မလို႔။ သူက ေအးစက္ စြာ အသံတစ္ခ်က္ျပဳ႐ုံသာ ျပဳလိုက္၏။


"မင္း ဘယ္လိုထင္လဲ?"


သူမရဲ႕မ်က္ဝန္းေတြက သူ႕ရဲ႕ေအးစက္စက္အၾကည့္ႏွင့္ ဆုံေသာအခါ စုယာယာ ခ်က္ခ်င္းပင္ တစ္စုံတစ္ရာကို နားလည္လိုက္၏။ သူမက ေဖ်ာ့ေတာ့အားနည္းစြာ ေမးသည္။


"ကိုက ကိတ္မႀကိဳက္ဘူးလား?"


ခ်န္ရႈံခ်ီ သူမကိုသာ တိတ္ဆိတ္စြာ ၾကည့္ေန၏။


ခ်န္ရႈံခ်ီက နည္းနည္းေလးေတာ့ ထူးဆန္းတယ္လို႔ စုယာယာ ေတြးလိုက္မိတယ္။ စာအုပ္မွာက သူ ကိတ္ မႀကိဳက္တာမ်ိဳး ဒါမွမဟုတ္ အဲဒါနဲ႕ပတ္သတ္လို႔ တစ္ခုခု ျပႆနာရွိတာမ်ိဳး ဘာမွေဖာ္ျပမထားခဲ့ဘူး။


သို႔ေသာ္ အခုက ဒီအေၾကာင္းကို စိတ္ပူေနရမယ္ အခ်ိန္ မဟုတ္ေပ။ သူမက မ်က္ေတာင္ေလး တဖ်က္ဖ်က္လုပ္ၿပီး ေျပာ၏။


"ရပါတယ္.. ယာယာ က ယာယာ အတြက္ ဒီကိတ္ေတြကို ဝယ္လာခဲ့တာပါ... ကို ဘာစားခ်င္လဲ? ယာယာ ကို႔အတြက္ အျခားတစ္ခုခု သြားဝယ္ေပးမယ္ေလ"


"မလိုေတာ့ဘူး.. မင္းဘာသာပဲ စားေတာ့"


ခ်န္ရႈံခ်ီက သူ႕ရဲ႕စိတ္ပါမႈကို ေပ်ာက္ဆုံးသြားခဲ့ၿပီ။ သူ႕ရဲ႕ ကြန္ပ်ဴတာဆီကိုသာ လွည့္သြားၿပီး တစ္ဖန္ အလုပ္ျပန္စဖို႔ လုပ္ေတာ့သည္။


စုယာယာက ႏႈတ္ခမ္းစူထားကာ


'ရတယ္ေလ.. ရွင္ မစားခ်င္လည္း ေနေပါ့.. ဒီကိတ္ေတြက ေဈးေပါမေနဘူး... တစ္စိတ္ခ်င္းေလးကပင္ ၁၀ ယြမ္ေက်ာ္ ေပးရတယ္.. '


သူမက ကိတ္ေတြကို ေကာက္ယူၿပီး အနီးမွာရွိတဲ့ ဆိုဖာ ေပၚ သြားစားဖို႔ ျပင္ေတာ့သည္။


အရသာရွိလိုက္တာ!


စုယာယာမွာ ေက်နပ္မႈေၾကာင့္ မ်က္ဝန္းေတြ ေမွးက်ဥ္း သြားသည္။ သူမရဲ႕ႏႈတ္ခမ္းေထာင့္က အၿပဳံးတစ္ခုအသြင္ ေကာ့တက္သြားၿပီး ပါးႏွစ္ဖက္လုံးေပၚမွာ ပါးခ်ိဳင့္ေသးေသး ေလး ႏွစ္ခုကို ေဖာ္ထုတ္ျပေနေတာ့သည္။ သူမပုံက ခ်ိဳျမန္ၿပီး ခ်စ္ခ်င္စဖြယ္ျဖစ္ေနခဲ့၏။


ႏူးညံ့ၿပီး အရသာရွိလြန္းလွသည္။ ခ်ိဳေနေပမယ့္ ဆီမ်ား ၿပီး အီေနတာမ်ိဳးလည္း မဟုတ္ေခ်။ သူမကို ပိုပိုၿပီး စားခ်င္ ေနေစေတာ့သည္။


"ေနာက္တစ္ကိုက္"


စုယာယာက ပါးစပ္ထဲ ကိတ္တစ္ကိုက္စာ ေကာ္ထည့္ လိုက္သည္။ ထပ္ၿပီး ေနာက္တစ္ခါ..။ အြန္း.. သူမက အစားအေသာက္ထဲမွာ လုံးဝပင္ ေပ်ာ္ဝင္ေနသည္။


ခ်န္ရႈံခ်ီက မေတာ္တဆ ေခါင္းလွည့္လိုက္မိကာ ဆိုဖာေပၚမွာ ကိတ္စားရင္း ၾကည္ႏူးစြာ ထိုင္ေနသည့္ စုယာယာကို ျမင္လိုက္ရသည္။ သူမက ေပ်ာ္႐ြင္ၾကည္ႏူးစြာ ရယ္ေမာေနခဲ့ၿပီး ပါးျပင္ေပၚက ပါးခ်ိဳင့္ေလးႏွစ္ခုေတာင္ ေပၚေနခဲ့ေသး။ သူမရဲ႕ ခ်ိဳၿမိန္ၿပီး ခ်စ္ခ်င္စဖြယ္ေကာင္းမႈ ေၾကာင့္ စိတ္လႈပ္ရွားမိသြားသည္။


ခ်န္ရႈံခ်ီရဲ႕အျမင္မွာေတာ့ သူမက ေကာင္းကင္ပုံတမွ် ေပ်ာ္႐ြင္ၾကည္ႏူးစြာ ကိတ္ကို စားေနျခင္း။ သူ သူမကို ထုတ္ေမးလိုက္ခ်င္မိသည္: 'အဲ့ေလာက္ေတာင္ အရသာရွိ လြန္းတာလား'ဟု။


ခ်န္ရႈံခ်ီက သူမကို ၾကည့္ေနမွန္း မသိဘဲ စုယာယာ ရဲ႕ႏွလုံးသားထဲ ကိတ္စားျခင္းႏွင့္ပင္ ျပည့္ေနသည္။ သူမရဲ႕ ႏႈတ္ခမ္းေထာင့္မွာ ခရင္ေပေနမွန္းေတာင္ အသိမျပဳမိ ေတာ့ေခ်။ ကိတ္တစ္စိတ္စားၿပီးေနာက္ ရႈေမာဖြယ္ရာ အၿပဳံးတစ္ခုအသြင္ ႏႈတ္ခမ္းေတြက ေကာ့တက္သြားသည္။


ခ်န္ရႈံခ်ီမွာေတာ့ ႏႈတ္ခမ္းေထာင့္မွာ ကပ္ေနတဲ့ခရင္ ေတြနဲ႕ သူမရဲ႕ေတာက္ပလြန္းသည့္အၿပဳံးကို ျမင္လိုက္ ရၿပီးေနာက္ စကားလုံးပင္ ေပ်ာက္ရွသြားေလ၏။


စုယာယာက သူမရဲ႕ေခ်ာကလက္ကိတ္ကို စားၿပီးသြား သည္ႏွင့္ ဗနီလာကိတ္ကိုေရာ ထပ္စားခ်င္လာသည္။


လက္လွမ္းယူလိုက္ခ်ိန္ တစ္ျခားလက္တစ္ဖက္က သူမဆီမွ ကိတ္ကို ယူသြားခဲ့၏။


လက္ရဲ႕လားရာကို လိုက္ၾကည့္မိေတာ့ ခ်န္ရႈံခ်ီ၏ နားလည္ရန္ ခက္ခဲလွေသာမ်က္ႏွာႏွင့္ ဆုံမိေတာ့သည္။ သူမရဲ႕စိုစြတ္နီရဲေနသည့္ႏႈတ္ခမ္းကို ဆူရင္း ေျပာမိသည္က


"ယာယာ ရဲ႕ကိတ္"


သူ မစားဘူးလို႔ ေျပာခဲ့ၿပီးၿပီေလ။ အဲဒါကို အခုက် သူမရဲ႕ကိတ္ကို ဘာလို႔လာယူရတာလဲ?


ႏႈတ္ခမ္းဆူထားရင္းေတာင္ သူမက အလြန္ခ်စ္စရာ ေကာင္းလွသည္။ သူမရဲ႕ႏႈတ္ခမ္းေထာင့္က ခရင္ကို သူ ျမင္လိုက္သည့္အခါမွာေတာ့ ပါးစပ္ကို လက္ညွိုးနဲ႕ ထိုးျပၿပီး ေကာင္းေသာရည္႐ြယ္ခ်က္ႏွင့္ ေျပာေပးသည္။


"ဒီနားမွာ ခရင္နည္းနည္းေပေနတယ္"


"ဟမ္?"


စုယာယာ ေၾကာင္သြားကာ သူမရဲ႕မ်က္ႏွာကလည္း ခ်က္ခ်င္းဆိုသလိုပင္ နီရဲတက္လာ ေတာ့၏။ ေစာေစာက ႏႈတ္ခမ္းဆူေနတုန္းက ပါးစပ္ေထာင့္မွာ ခရင္ေတြ ေပေန ခဲ့တာေပါ့။ ဘယ္ေလာက္ေတာင္ ျမင္မေကာင္းရႈမေကာင္း ျဖစ္ေနခဲ့မလဲ? ျမန္ျမန္ သုတ္ပစ္ရမယ္။


"ဒီမွာ"


ခ်န္ရႈံခ်ီက သူမထံ လက္ကိုင္ပဝါတစ္ခု ကမ္းေပးသည္။


"ေက်းဇူးပါ"


စုယာယာက အလ်င္စလို လွမ္းယူလိုက္ေပမယ့္ ခ်န္ရႈံခ်ီ က ျပန္သိမ္းသြားသည္။


"ရွင္.."


စုယာယာက သူထံ ထူးဆန္းစြာ ၾကည့္လိုက္မိသည္။ သူမေရွ႕က ျမင္ကြင္းကို သူမအေပၚမွာ ငုံ႕မိုးက်လာသည့္ ေခ်ာေမာလွသည့္မ်က္ႏွာတစ္ခုက ပိတ္ဆို႔လိုက္သည္အထိ သူမ မတုံ႕ျပန္နိုင္ေသးေပ။


ႏူးညံ့ၿပီးပူႏြေးသည့္ ႏႈတ္ခမ္းတစ္စုံက သူမရဲ႕ႏႈတ္ခမ္း သားႏြေးႏြေးအေပၚ ဖိကပ္လာသည္။ သူ႕ရဲ႕စိုထိုင္းထိုင္း လွ်ာက သူမရဲ႕ႏႈတ္ခမ္းေထာင့္ကို လ်က္ကာ ခရင္ေတြကို သူ႕ပါးစပ္ထဲ သိမ္းယူ၏။ နည္းနည္း ော့ ခ်ိဳေနေပမယ့္ လုံးဝ ဆီမ်ားမေနခဲ့။ ထိုအရသာက သူ႕ရဲ႕စားခ်င္စိတ္ကို ေလာင္ၿမိဳက္ေန၏။ သူ႕ရဲ႕လွ်ာက ခ်ိဳၿမိမ္မႈကို ပိုအရသာ ခံခ်င္လာသလို သူမရဲ႕ႏႈတ္ခမ္းပုံကို ေျခရာခံေနေတာ့သည္။ သူမရဲ႕ပါးစပ္ကို ထိုးခြင္းဖြင့္ေစၿပီး သူ႕လွ်ာကို သူမပါးစပ္ထဲ သြင္းလိုက္ကာ သူမရဲ႕လွ်ာနဲ႕ သူ႕ရဲ႕လွ်ာကို ခ်ိတ္တြယ္လိုက္ ၿပီး သူမကို အရသာစခံေတာ့သည္။


ရွည္ၾကာလြန္းလွသည့္ ျပင္သစ္အနမ္းတစ္ခုပင္။


ေနာက္ဆုံး သူ စုယာယာကို နက္နက္နဲနဲ, ၿမဲၿမဲၿမံၿမံ နမ္းလိုက္ၿပီးေနာက္မွ သူမကို လႊတ္ေပးေတာ့သည္။ သူမကို ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ မူးေဝသြားေစခဲ့သည္ အထိပင္။


စုယာယာမွာ ေဟာဟဲလိုက္ေနခဲ့သလို ဆိုဖာကိုသာ မွီထားရေတာ့သည္။ ခ်န္ရႈံခ်ီက သူမရဲ႕အနည္းငယ္ေရာင္ ေနသည့္ႏႈတ္ခမ္းကို စူးစူးစိုက္စိုက္ ၾကည့္ေနခဲ့ၿပီး လက္ေခ်ာင္းေလးတစ္ေခ်ာင္းနဲ႕ ေမးကို အေပၚကို ေမာ့ေစ သည္။ သူ႕မရဲ႕ႏႈတ္ခမ္းကို ပြတ္ခနဲ႕ျမည္ေအာင္ နမ္းၿပီး


"တကယ္ကို အရမ္းအရသာရွိတာပဲ"


သူေျပာလိုက္တဲ့စကားကို ၾကားလိုက္ခ်ိန္မွာေတာ့ စုယာယာ တုန္သြား၏။ သူ ေျပာခ်င္တာက သူမႏႈတ္ခမ္း ေပၚက ခရင္ကိုလား?သူမကိုလား?


အပိုင္း ၁၆(ေမွ်ာ္)


Love U💟


#CaCa🍀

Comment