Chapter 91(Uni)


အခန်း()ချန်ရှုံချီ ဖောက်ပြန်ခံနေတာလား-3


အစက သူမ မယုံကြည်နိုင်ခဲ့။ ချန်အုပ်စုကို သွားပြီး ချန်ရှုံချီနှင့် မျက်နှာချင်းဆိုင် ပြောဆိုချင်ခဲ့သော်လည်း သူမ ရဲ့မိဘတွေက သူမကို အရင်လာတွေ့ကြ၏။ သူတို့က သူမ ကို အိမ်အတင်းအကြပ် ဆွဲခေါ်သွားကြပြီး အပြင်မထွက်စေ ရန်အလို့ငှာ အခန်းကို သော့ခတ်ထားကြ၏။ သူတို့ကလည်း သူမကို အပြင်မထွက်ဖို့ ပြဿနာထပ်မရှာဖို့ ဖျောင်းဖျကြ သည်။


အိမ်မှာ ရက်ပေါင်းများစွာ အချုပ်ခံထားရပြီးနောက် တဖြည်းဖြည်းချင်း သူမ စိတ်ငြိမ်လာသည်။ သူမသာ ချန်ရှုံချီ ကို သွားတွေ့ချင်တယ်ဆိုလျှင် ပြဿနာမလုပ်မှဖြစ်မည်ဆို တာကို နားလည်သွားသည်။ သူမသာ အိမ်မှာ ပြဿနာရှာ နေသေးလျှင် သူမရဲ့မိဘတွေက ချန်ရှုံချီ၏အမိန့်အတိုင်း လုပ်ကြလိမ့်မည်။ သူတို့က သူမကို ဘယ်တော့မှ အပြင် ထွက်ခွင့်ပေးကြတော့မည်မဟုတ်။


ထို့ကြောင့် မိဘတွေရှေ့မှာ သမီးအလိမ္မာလေးအဖြစ် စတင်သရုပ်ဆောင်ပြီး သူမမှားသွားကြောင်း သူတို့ကို စိတ်ပူ စေမိကြောင်းပြောပြီး တောင်းပန်စကားဆိုသည်။ ဒီနေ့က စလို့ ကောင်းကောင်းမွန်မွန်ပဲ နေပါတော့မည်ပေါ့။


သူမရဲ့မိဘတွေ သူမကိုယုံကြည်လာအောင် နေ့စဉ် အိမ် အလုပ်တွေကိုပင် ကူလုပ်ပြ၏။ ဘဝမှာ တစ်ခါမှ အိမ်အလုပ် မလုပ်ဖူးသည့်တစ်ယောက်အနေနှင့် အသီးအရွက်တွေ လှီး တဲ့အခါမှာ လက်ချောင်းတွေဓားရှခဲ့သည်။ ထိုခက်ခက်ခဲခဲ အလုပ်တွေ အားလုံးကိုလုပ်ပြပြီးနောက် နောက်ဆုံးတော့ သူမမိဘတွေ၏ နှလုံးသားကို အနိုင်ရသွားခဲ့သည်။


နှစ်ရက်လောက် လိမ်လိမ်မာမာ နေပြလိုက်ပြီးနောက် အန်ပါးပါးနှင့်အန်မားမားတို့နှစ်ဉီးစလုံး အန်ယွီထင်၏ ပြောင်းလဲမှုတွေကြောင့် စိတ်ပျော့သွားကာ သူမကို အပြင် ထွက်ခွင့် ပေးလိုက်သည်။


အပြင်ထွက်ခွင့်ရသည်နှင့် အန်ယွီထင်သည် အမြန် အဝတ်အစားလဲပြီး ချန်အုပ်စုထံ ဉီးတည်တော့သည်။


နောက်ဆုံးတစ်ကြိမ် ဖြစ်ပျက်သွားခဲ့ပြီးနောက် သူမက သူ့ကို ခခယယ တောင်းဆိုလျှင်တောင် ချန်ရှုံချီက သူမကို အတွေ့ခံတော့မည်မဟုတ်ကြောင်း သူမ သိသည်။ ဒါ့ကြောင့် ထို့အစား သူကိုစောင့်ဖို့ ချန်အုပ်စု၏ အဆောက်အဉီးရှေ့မှာ ထိုင်စောင့်နေခဲ့သည်။


အန်ယွီထင်သည် ချန်အုပ်စု၏အပြင်ဘက်မှာ တစ်နေ ကုန် စောင့်နေခဲ့ပြီး ချန်ရှုံချီကို မတွေ့ရလျှင် ထွက်သွားမည် မဟုတ်ကြောင်း သူမ၏သန္နိဌာန်ကို ပြသနေ၏။


ချန်ရှုံချီကို စောင့်နေစဉ် အန်ယွီထင်သည် Weiboကို သာမန်ကာလျှံကာ လျှောက်ကြည့်နေရင်း ရှုချောင်ရန်နှင့် စုယာယာတို့၏ဆက်ဆံရေးကို တင်ထားသော သတင်း ထောက်X၏ပို့စ်ကို မြင်သွားတော့သည်။ ထိုသူနှစ်ဉီးကြားက နီးကပ်လွန်းသောဓာတ်ပုံတွဲကြီးကိုရောပေါ့။


"ချန်ရှုံချီ.. အို ချန်ရှုံချီ! ဒါလေးလေ ရှင် အသည်းအသန် ကာကွယ်ဖို့ ကြိုးစားနေတဲ့ခွေးမက!"


အန်ယွီထင်သည် သူမ၏နှလုံးသားထဲမှ ဒေါသကိုရော မကျေမချမ်းဖြစ်မှုကိုရော နှစ်ခုလုံး ခံစားလိုက်ရသည်။ သူမ မော့ကြည့်လိုက်ချိန်မှာ အခြားလူတွေနှင့်အတူတူအဆောက် အဉီးထဲမှ ထွက်လာသည့် ချန်ရှုံချီကို မြင်လိုက်ရသည်။ ချန်ရှုံချီသည် နက်ပြာရောင်ဝတ်စုံကို ဝတ်ထားကာ ခါတိုင်း လိုပင် ခန့်ညားထည်ဝါလို့နေ၏။ သူမ စိတ်လှုပ်ရှားလွန်းလို့ မတွေးနိုင်မခေါ်နိုင် သူ့ရှေ့ကို ရောက်သွားမိတော့သည်။


"ရှုံချီကောကော, အစ်ကိုကို အရေးကြီးပြောစရာတစ်ခု ရှိတယ်"


ချန်ရှုံချီသည် သူမကို မြင်သွားချိန် သူ့မျက်ဝန်းတို့က အေးစက်သွားတော့၏။ သို့သော် သူ့နောက်မှာ လူတစ်ချို့ရှိ နေသေးတာကြောင့် သူမကို ချက်ချင်းကြီး မောင်းမထုတ်ခဲ့ ပေ။ တစ်ဖက်မှာ ထိုသူတွေကို သူ့အားစောင့်ပေးဖို့ ပြော လိုက်ပြီးနောက် အန်ယွီထင်ထံ မျက်နှာထားတင်းတင်းဖြင့် ပြောသည်။


"မင်း ဘာဖြစ်လို့ ဒီရောက်နေရတာလဲ?"


ထိုစဉ်ခဏ အန်ယွီထင်သည် ဘယ်ကနေ သတ္တိတွေ ရလိုက်သလဲဆိုတာ သူမကိုယ်တိုင်ပင် မသိလိုက်ပေမယ့် ချန်ရှုံချီရှေ့မှာ ဖုန်းကို ဖွင့်လို့ Weiboပေါ်ကပို့စ်ကို သူ့ကို ပြလိုက်တော့သည်။ ထို့နောက် သူမထံမှာ စကားသံတို့ ထွက်ကျလာ၏။


"စုယာယာက အစ်ကိုထင်နေသလိုမျိုး လုံးဝမဟုတ်ဘူး! ဒီမှာ ကြည့်.. သူမက ဟိုးအရင်ကတည်းက ရှုချောင်ရန် နဲ့ ဖြစ်နေခဲ့တာ"


စာရေးသူမှာ ပြောစရာရှိပါတယ်: ဖောက်ပြန်ခံရမယ့် ချန်ရှုံချီ ကြီးကို မြင်ရဖို့ ငါ ဘာဖြစ်လို့ ဒီလောက် ရင်ခုန်နေရတာလဲ?ဟဟဟ


{T/N: ရှင်တို့က ချေကြတယ်နော်.. ဒီက ခံစားချက်တွေ ပေါက်ကွဲထားတဲ့ဟာကို လာမန့်တဲ့သူ ဆိုလို့ ၃ယောက်ပဲ ရှိတယ်။ စိတ်ဆိုးလို့ ဆိုးနေကျမှန်းလည်း မသိကြဘူး ဟွန့်☹။
ကျုပ်မှ မပြောရင် ဒီတစ်သက် သိကြတော့မှာ မဟုတ်ဘူးမလား😏


ချစ်ဖို့ကောင်းပေးရင် နောက် ၂ပိုင်းလာမယ် မဟုတ်ရင်တော့ မသိဘူး😒
}


#Sulky Caca

Comment