Chapter 97 (Uni&Zawgyi)

Unicode


အခန်း(၉၇)အမြှောက်စာဇာတ်ကောင်တစ်ယောက်မှာ အမျိုးသားဇာတ်လိုက်ကြီး၏နောက်ခံရှိနေသောအခါ-


"တစ်ခါတည်း စားချင်လို့ပါ.. တစ်ခါတည်းပဲလေ.. မစား ရတာ အကြာကြီးရှိနေပြီမို့"


သူမ ဘယ်လောက်တောင် စားချင်နေသလဲဆိုတာကို မြင်ပြီး အသနားခံမှုတွေနှင့်ပြည့်နေသော ထိုသနားစရာ မျက်လုံးလေးတွေနှင့် သူ့ကို စိုက်ကြည့်နေသောအခါ ချန်ရှုံချီ ၏နှလုံးသားလေးက ပျော်ကျလုနီးနီး။ တိုးတိုးလေး သူ သက်ပြင်းချမိသည်။ သူမလေးနဲ့ပတ်သတ်လို့ သူ ဘာလုပ်ရ မှန်းမသိတော့ပေမယ့် ထားလိုက်တော့။ သူမ လိုချင်တဲ့ဟာ ရစေရမယ်ပဲပေါ့။အသင့်စားခေါက်ဆွဲကို တစ်ခါလေး စားချင် ရုံပဲမလား။ ကိစ္စကြီးလည်း ဟုတ်မနေပါဘူးလေ။ နောက် ကျရင် သူမကို အရသာရှိပြီး အာဟာရရှိတဲ့အစားအသောက် တွေ ခေါ်သွားကျွေးလို့ရတာပဲ။


"ဒီတစ်ကြိမ်ပဲ မင်းကိုစားခွင့်ပြုမယ်"


ချန်ရှုံချီ ရှင်းရှင်းလင်းလင်း ပြော၏။


စုယာယာသည် နာခံရိုကျိုးစွာနှင့် ခေါင်းညိတ်ပြသည်။


"အွန်း.. ဒီတစ်ကြိမ်တည်း"


ချန်ရှုံချီသည် သူမကို ခေါက်ဆွဲဘူး သွားယူပေးပြီး သူမရှေ့မှာ ချပေးသည်။


"ဒီမှာ"


စုယာယာသည် အဖုံးကိုဖွင့်ပြီး အသက်ပြင်းပြင်း တစ် ချက်ရှူလိုက်၏။ မွှေးလိုက်တာ!


"နည်းနည်းလောက်စားဉီးမလား?"


တစ်လုပ်စားပြီးနောက် ချန်ရှုံချီသည် သူမစားနေတာကို ကြည့်နေမှန်းမြင်မိတာကြောင့် အပြုံးတစ်ခုနှင့် သူကို မေးမိ သည်။


အသင့်စားခေါက်ဆွဲ၏အနံ့က တကယ့်ကိုမက်မောစရာ ကောင်းပြီး လူတွေနဲ့နှာခေါင်းထဲ တန်းတန်းမတ်မတ် ဝင် သွားကာ အစာအိမ်ကို နိုးဆော်စေသည်။ စုယာယာ၏ ခေါက်ဆွဲကို အငမ်းမရစားနေပုံကို ချန်ရှုံချီ မြင်သောအခါ သူလည်းပဲ ဗိုက်နည်းနည်းဆာလာသလို ခံစားသွားရသည်။


"ကိုယ်လည်း ရုတ်တရက်ဗိုက်ဆာလာသလိုပဲ.. နောက် တစ်ပွဲ ကိုယ်စားလိုက်မယ်"


ပြောပြီးနောက် စားပွဲရှိရာဆီလျှောက်သွားပြီး နောက် တစ်ဘူးသွားယူသည်။ ထိုတစ်ဘူးသည် စောနက သွမ့်ရှောင် ယွီ သူမစားဖို့အတွက်လုပ်ထားသည့်တစ်ဘူးဖြစ်၏။


ချန်ရှုံချီသည် ခေါက်ဆွဲဘူးကို ယူလာခဲ့ပြီး စုယာယာ ၏ဘေးမှာ ထိုင်သည်။ သူက အဖုံးကိုဖွင့်ပြီး ဇွန်းနှင့်ထိုးမွှေ လိုက်၏။


လူနှစ်ဉီးသည် ခေါင်းငုံထားကြပြီး ကိုယ်စီကိုယ်စီ ခေါက်ဆွဲစားနေကြ၏။ မရည်ရွယ်ပါဘဲ နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြပြီး အခြားတစ်ဉီး၏မျက်ဝန်းထဲရှိ သူတို့၏ပုံရိပ်ကို မြင်ကာ မရယ်ဘဲ မနေနိုင်။


တိတ်ဆိတ်သောညတစ်ညဖြစ်ပြီး ဆေးရုံအခန်းထဲမှာ လည်းဖြစ်၏။ လေထုသည် ပိုးသတ်ဆေးအနံ့တွေနှင့်ပြည့် နှက်လို့နေသည်။ စုယာယာသည် ချန်ရှုံချီနှင့်တူတူ အသင့် စားခေါက်ဆွဲစားနေတာဆိုပေမယ့် သူတို့ဟာ စားပွဲတစ်ခု ကျင်းပနေသလိုမျိုး ထင်နေပုံရသည်။


ညလယ်စာစားပြီးနောက် သွမ့်ရှောင်ယွီနှင့် လက် ထောက်ချန်တို့သည် စုယာယာနှင့် ချန်ရှုံချီတို့အတွက် အစားအသောက်တစ်ချို့ ဝယ်ပြန်ခဲ့ကြ၏။ သူတို့ ဆေးရုံခန်း ထဲသို့ရောက်သောအခါ စုယာယာနှင့် ချန်ရှုံချီတို့နှစ်ဉီးသည် ဂိမ်းကစားလို့နေပြီ။ သူတို့နှစ်ဉီးက အသင်းတစ်ခုဖွဲ့ထားပြီး ကျွမ်းကျင်သူတွေနှင့်ပြည့်နေသည့်အဖွဲ့တစ်ခုကို ဖန်တီးဖို့ ယာယီနောက်ထပ်လူနှစ်ယောက်ကို ခေါ်ထားသည်။ ထို လေးဉီးဟာ မြေအောက်အကျဉ်းတိုက်တစ်ခုထဲ ဝင်သွားကြ ပြီး ရေစီးအလား မွန်းစတားတွေကို ချေမှုန်းနေကြ၏။


"အား..ချန်ရှုံချီ... အဲ့ဘော့အသေးစားလေးက ယာယာ ကို ခုတ်ဖို့လုပ်နေတယ်!"


စုယာယာက ရုတ်တရက် ထအော်သည်။


"မြန်မြန်.. လာကူပါဉီး!"


ချန်ရှုံချီသည် အေးဆေးစွာပင် သူ့ဂိမ်းဇာတ်ကောင်ကို စီစဉ်နေသည်။ သူက ပြန်လှည့်လာပြီး ဘော့စ်အသေးစားထံ ချိန်ပြီး အတိအကျအမြင့်ဆုံးစွမ်းရည်တစ်ခု ပို့လွှတ်လိုက် သည်။ မွန်းစကားကောင် မြေကြီးပေါ် ဗိုင်းခနဲ လဲကျသွား တော့သည်။


"အား.. ကိုက အရမ်းမိုက်တာပဲ! အဲတာဘယ်လိုလုပ် လိုက်တာလဲ?"


စုယာယာ နောက်တစ်ခေါက် အော်ပြန်သည်။


ချန်ရှုံချီသည် နှုတ်ခမ်းတွန့်သွားရုံမျှ ပြုံးပြီးပြော၏။


"မင်းလေးကိုက တုံးလွန်းတာပါကွာ"


စုယာယာဟာ နှုတ်ခမ်းကို ဆူထားပြီးညည်းသည်။ ထို့ နောက် တစ်ဖန် ခေါင်းပြန်ငုံသွား၏။


ချန်ရှုံချီသည် သူမကိုတစ်ချက်ကြည့်ဖို့ အချိန်ရလိုက် သည်။ ဂုဏ်ယူဝင့်ကြွားစွာနှင့် သူက ပြောသည်။


"နောက်ကျရင် ကို မင်းကို သင်ပေးမယ်"


"အိုကေ!" စုယာယာ ပြန်ပျော်ရွှင်သွား၏။


ချန်ရှုံချီသည် သူမရဲ့ခေါင်းကိုလှမ်းပုတ်ပြီး သူ့မျက်ဝန်း ထဲမှာတော့ အလိုလိုက်မှုတွေနှင့် ပြည့်နေခဲ့၏။


မိနစ်နောက်ထပ်အနည်းငယ်ကြာပြီးနောက် စုယာယာ, ချန်ရှုံချီနှင့် သူတို့အဖွဲ့သည် ဘော့စ်ကို နှိမ်နင်းနိုင်ခဲ့ကြပြီး ထိုအရာမှ ပစ္စည်းကိရိယာတစ်ချို့ရလိုက်သည်။ ချန်ရှုံချီ သည် လက်စွပ်ကိုသာလိုချင်တာကြောင့် ကျန်တဲ့ဟာတွေကို အခြားအသင်းသားနှစ်ယောက်အား ပေးလိုက်၏။


ချန်ရှုံချီက စုယာယာကို ပြောသည်။


"ကို့ဆီလာခဲ့"


စုယာယာက 'အိုကေ'ဟုပြန်ဖြေကာ သူမရဲ့ဂိမ်းဇာတ် ကောင်ကို ချန်ရှုံချီ၏ဂိမ်းဇာတ်ကောင်ဆီ သွားလိုက်သည်။


ချန်ရှုံချီက ဆိုသည်။


"ခုလေးတင် ကိုရခဲ့တဲ့လက်စွပ်ကို မင်းကို ပေးမယ်.. မင်းမှာ အခုရှိနေတဲ့တစ်ခုက ဒီဟာလောက်အားမကောင်း ဘူး"


"အင်း ကျေးဇူးပါ!"


စုယာယာသည် သူ့ထံတက်ကြွပျော်ရွင်စွာ ပြောလေ သည်။


စုယာယာထံ လက်စွပ်ကို လွှဲပြောင်းပေးပြီးနောက် ချန်ရှုံချီ က ပြောသည်။


"တကယ်တော့ ဒီလက်စွပ်ရဲ့အကျိုးသက်ရောက်မှုတွေ ကလည်း ဟိုလိုဒီလိုပါပဲ.. နောက်တစ်ကြိမ်ကျရင် ကို မင်းကို ပိုကောင်းတာတစ်ခု ယူပေးမယ်"


စုယာယာသည် ခေါင်းကိုဆတ်ခနဲမော့ကာ သူ့ထံ ကြည့် သည်။


"ယာယာက အကြီးကြီးလိုချင်တာ.. အကြီးဆုံးနဲ့ အားအကောင်းဆုံးဟာ!"


ချန်ရှုံချီသည် သူမထံ လှည့်ကြည့်သည်။ တစ်စုံတစ်ရာ အတွေးတစ်ချို့ ပေါ်လာပုံပေါ်သည်။ ထိုသူ၏နှုတ်ခမ်း ထောင့စွန်းတို့မှ ပြီတီတီအပြုံးတစ်ခုပေါ်လာ၏။


"ကောင်းပြီ.. နောက်တစ်ကြိမ်ကျရင် မင်းအတွက် အကြီးဆုံးနဲ့အားအကောင်းဆုံးလက်စွပ်ယူပေးမယ်"


ဘေးမှာရပ်နေသည့် လက်ထောက်ချန်တစ်ယောက် ထို မြင်ကွင်းကိုမြင်တော့ သူ့နှုတ်ခမ်းက မဲ့ရွဲ့သွား၏။ သူ သူ့ဘော့စ်ကို မှတ်တောင်မမှတ်မိချင်တော့ဘူး။ သူ့ဘော့စ်က ဂိမ်းဘယ်လိုကစားရမလဲဆိုတာကို သိနေတာလည်း သူမသိ ခဲ့ပေ။ နောက်ပြီး ကျွမ်းကျွမ်းကျင်ကျင် ဆော့တတ်တယ် ဆိုတာကိုလည်း သူမသိခဲ့။ သူအမြဲ နောက်ကလိုက်နေရတဲ့ ဘော့စ်နဲ့ လုံးဝကွာခြားနေတယ်လေ။


စုယာယာနှင့် ချန်ရှုံချီတို့ နောက်ထပ်နှစ်ပွဲလောက် ကစားပြီးတော့ အတော်လေးနောက်ကျနေခဲ့ပြီ။ အနားယူဖို့ အချိန်ရောက်လာတဲ့အတွက် ရပ်လိုက်ကြ၏။


"စောစောနားတော့"


ချန်ရှုံချီက စုယာယာထံပြောလိုက်၏။


"စုယာယာက သူ့ကို ကြည့်နေသည်။


"ယာယာ ဆေးရုံဆင်းချင်တယ်"


"စောင့်ကြည့်ဖို့အတွက် ဆေးရုံမှာနေရမယ်လို့ ဆရာ ဝန်က ပြောထားတယ်လေ"


ချန်ရှုံချီက ပြန်ဖြေသည်။


စုယာယာက နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။


"အင်းပါ...အဲဒါဆိုလည်း..."


လက်ထောက်ချန်သည် ဆေးရုံနှင့်သိပ်မဝေးသည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာ ဧည့်ခန်းကျယ်ပါသော အကောင်းဆုံးအခန်းတစ်ခုကို ဘိုကင်ယူထားပြီး ချန်ရှုံချီ သွားအိပ်ဖို့ပြင်ထားသည့်နေရာဖြစ်သည်။ စုယာယာသည် စောင့်ကြည့်မှုတွေအတွက် ဆေးရုံမှာနေရဉီးမှာဖြစ်ပြီး သူမ သွားလိုက်မရနိုင်သေး။ သူ ထွက်သွားတော့မည်အချိန်မှာ ချန်ရှုံချီက သူမကို ပြောခဲ့သည်။


"စောစော အိပ်နော်.. ကိုယ် မနက်ဖြန် ထပ်လာခဲ့မယ်"


"ဟုတ်, မွ.."


စုယာယာက ချန်ရှုံချီကို finger heartတစ်ခု ပေး၏။


ချန်ရှုံချီက ပြုံးသွားပြီး သူမရဲ့ပါးကို ညစ်လိုက်သည်။


"ကို သွားတော့မယ်"


"ဘိုင့် ဘိုင်.. မနက်ဖြန်ကျရင် ယာယာကို စောစောလာ တွေ့ရမယ်နော်.. သိလား?"


စုယာယာသည် ချန်ရှုံချီထံ အင်တင်တင်ဖြင့် လက်ယမ်း ပြသည်။


"ကောင်းပြီ.. ကိုစောစောလာခဲ့မယ်"


ချန်ရှုံချီက တပြုံးပြုံးနှင့်ဖြေသည်။ ထို့နောက် လက် ထောက်ချန်နှင့်တူတူ ထွက်သွားခဲ့တော့သည်။


နောက်တစ်နေ့မနက်ခင်းစောစောမှာတော့ နိုးနိုးလာ ချင်းမှာပင် လူအုပ်ကြီးတစ်စုရှိရာ ဟိုတယ်နေရာတစ်ခုဆီသို့ ချန်ရှုံချီက တန်းတန်းမတ်မတ် ရောက်သွားခဲ့သည်။ လက် ထောက်ချန်သည် ယွီဟွေ့ကို ဖုန်းဆက်ထားပြီးသားဖြစ်ရာ ထိုသူက အဝင်ဝမှာကြိုစောင့်လို့နေသည်။ ချန်ရှုံချီ ရောက် လာသည်ကိုမြင်သောအခါ ထိုသူက အမြန်လာရောက်နှုတ် ဆက်လေသည်။


"ရှုချောင်ရန်ဆီ ခေါ်သွားပေး"


ချန်ရှုံချီက ခပ်တန်းတန်းမျက်နှာထားနှင့် ပြောခဲ့သည်။


ယွီဟွေ့သည် အငြင်းစကားဆိုဖို့ရာ မစွမ်းနိုင်ချေ။ ခပ ်မြန်မြန်ပဲ ချန်ရှုံချီကို ဓာတ်လှေကားဆီ ခေါ်သွားပေးပြီး ၈လွှာက အခန်း ၈၀၂၀ သို့ ပို့ဆောင်‌ပေးသည်။


အခန်းပေါက်ဝမှာ ရပ်နေရင်း ယွီဟွေ့က တံခါးခေါက် သည်။ တံခါးဖွင့်လာသူက လက်ထောက်ရှောင်ဝိန်ဖြစ်ပြီး အပြင်ဘက်မှာရပ်နေသောသူကို မြင်သွားသည့်ခဏချင်း ကြောင်အမ်းသွားရှာသည်။


ရှုချောင်ရန်သည် ညအိပ်ဝတ်စုံကို ဝတ်ထားလျက်။ ချန်ရှုံချီကို မြင်သောအခါ သူ့နှုတ်ခမ်းတို့က တွန့်ကွေးသွား ခဲ့သည်။


"စောစော ရောက်လာခဲ့တာပဲ"


စာရေးသူမှာပြောစရာရှိပါတယ် : အရမ်းချစ်ဖို့ကောင်း တာပဲ....


🍀
🍀
🍀
🍀
🍀



{T/N: ဖုန်းအားကတော့ ကြည့်လိုက်ပါတော့..


မီးကလည်း ပျက်ချင်တိုင်းကို ပျက်နေတော့တာ.. မီးလာရင် မူမူတို့ကို တင်ပေးပါ့မယ်နော်


နောက်ပြီး လွမ်းအောင် မလုပ်တော့ပါဘူးလို့😙}


#CaCa
#25.1.2022(Tuesday)


Zawgyi


အခန္း(၉၇)အျမႇောက္စာဇာတ္ေကာင္တစ္ေယာက္မွာ အမ်ိဳးသားဇာတ္လိုက္ႀကီး၏ေနာက္ခံရွိေနေသာအခါ-၂


"တစ္ခါတည္း စားခ်င္လို႔ပါ.. တစ္ခါတည္းပဲေလ.. မစား ရတာ အၾကာႀကီးရွိေနၿပီမို႔"


သူမ ဘယ္ေလာက္ေတာင္ စားခ်င္ေနသလဲဆိုတာကို ျမင္ၿပီး အသနားခံမႈေတြႏွင့္ျပည့္ေနေသာ ထိုသနားစရာ မ်က္လုံးေလးေတြႏွင့္ သူ႕ကို စိုက္ၾကည့္ေနေသာအခါ ခ်န္ရႈံခ်ီ ၏ႏွလုံးသားေလးက ေပ်ာ္က်လဳနီးနီး။ တိုးတိုးေလး သူ သက္ျပင္းခ်မိသည္။ သူမေလးနဲ႕ပတ္သတ္လို႔ သူ ဘာလုပ္ရ မွန္းမသိေတာ့ေပမယ့္ ထားလိုက္ေတာ့။ သူမ လိုခ်င္တဲ့ဟာ ရေစရမယ္ပဲေပါ့။အသင့္စားေခါက္ဆြဲကို တစ္ခါေလး စားခ်င္ ႐ုံပဲမလား။ ကိစၥႀကီးလည္း ဟုတ္မေနပါဘူးေလ။ ေနာက္ က်ရင္ သူမကို အရသာရွိၿပီး အာဟာရရွိတဲ့အစားအေသာက္ ေတြ ေခၚသြားေကြၽးလို႔ရတာပဲ။


"ဒီတစ္ႀကိမ္ပဲ မင္းကိုစားခြင့္ျပဳမယ္"


ခ်န္ရႈံခ်ီ ရွင္းရွင္းလင္းလင္း ေျပာ၏။


စုယာယာသည္ နာခံရိုက်ိဳးစြာႏွင့္ ေခါင္းညိတ္ျပသည္။


"အြန္း.. ဒီတစ္ႀကိမ္တည္း"


ခ်န္ရႈံခ်ီသည္ သူမကို ေခါက္ဆြဲဘူး သြားယူေပးၿပီး သူမေရွ႕မွာ ခ်ေပးသည္။


"ဒီမွာ"


စုယာယာသည္ အဖုံးကိုဖြင့္ၿပီး အသက္ျပင္းျပင္း တစ္ ခ်က္ရႉလိုက္၏။ ေမႊးလိုက္တာ!


"နည္းနည္းေလာက္စားဉီးမလား?"


တစ္လုပ္စားၿပီးေနာက္ ခ်န္ရႈံခ်ီသည္ သူမစားေနတာကို ၾကည့္ေနမွန္းျမင္မိတာေၾကာင့္ အၿပဳံးတစ္ခုႏွင့္ သူကို ေမးမိ သည္။


အသင့္စားေခါက္ဆြဲ၏အနံ႕က တကယ့္ကိုမက္ေမာစရာ ေကာင္းၿပီး လူေတြနဲ႕ႏွာေခါင္းထဲ တန္းတန္းမတ္မတ္ ဝင္ သြားကာ အစာအိမ္ကို နိုးေဆာ္ေစသည္။ စုယာယာ၏ ေခါက္ဆြဲကို အငမ္းမရစားေနပုံကို ခ်န္ရႈံခ်ီ ျမင္ေသာအခါ သူလည္းပဲ ဗိုက္နည္းနည္းဆာလာသလို ခံစားသြားရသည္။


"ကိုယ္လည္း ႐ုတ္တရက္ဗိုက္ဆာလာသလိုပဲ.. ေနာက္ တစ္ပြဲ ကိုယ္စားလိုက္မယ္"


ေျပာၿပီးေနာက္ စားပြဲရွိရာဆီေလွ်ာက္သြားၿပီး ေနာက္ တစ္ဘူးသြားယူသည္။ ထိုတစ္ဘူးသည္ ေစာနက သြမ့္ေရွာင္ ယြီ သူမစားဖို႔အတြက္လုပ္ထားသည့္တစ္ဘူးျဖစ္၏။


ခ်န္ရႈံခ်ီသည္ ေခါက္ဆြဲဘူးကို ယူလာခဲ့ၿပီး စုယာယာ ၏ေဘးမွာ ထိုင္သည္။ သူက အဖုံးကိုဖြင့္ၿပီး ဇြန္းႏွင့္ထိုးေမႊ လိုက္၏။


လူႏွစ္ဉီးသည္ ေခါင္းငုံထားၾကၿပီး ကိုယ္စီကိုယ္စီ ေခါက္ဆြဲစားေနၾက၏။ မရည္႐ြယ္ပါဘဲ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားၾကၿပီး အျခားတစ္ဉီး၏မ်က္ဝန္းထဲရွိ သူတို႔၏ပုံရိပ္ကို ျမင္ကာ မရယ္ဘဲ မေနနိုင္။


တိတ္ဆိတ္ေသာညတစ္ညျဖစ္ၿပီး ေဆး႐ုံအခန္းထဲမွာ လည္းျဖစ္၏။ ေလထုသည္ ပိုးသတ္ေဆးအနံ႕ေတြႏွင့္ျပည့္ ႏွက္လို႔ေနသည္။ စုယာယာသည္ ခ်န္ရႈံခ်ီႏွင့္တူတူ အသင့္ စားေခါက္ဆြဲစားေနတာဆိုေပမယ့္ သူတို႔ဟာ စားပြဲတစ္ခု က်င္းပေနသလိုမ်ိဳး ထင္ေနပုံရသည္။


ညလယ္စာစားၿပီးေနာက္ သြမ့္ေရွာင္ယြီႏွင့္ လက္ ေထာက္ခ်န္တို႔သည္ စုယာယာႏွင့္ ခ်န္ရႈံခ်ီတို႔အတြက္ အစားအေသာက္တစ္ခ်ိဳ႕ ဝယ္ျပန္ခဲ့ၾက၏။ သူတို႔ ေဆး႐ုံခန္း ထဲသို႔ေရာက္ေသာအခါ စုယာယာႏွင့္ ခ်န္ရႈံခ်ီတို႔ႏွစ္ဉီးသည္ ဂိမ္းကစားလို႔ေနၿပီ။ သူတို႔ႏွစ္ဉီးက အသင္းတစ္ခုဖြဲ႕ထားၿပီး ကြၽမ္းက်င္သူေတြႏွင့္ျပည့္ေနသည့္အဖြဲ႕တစ္ခုကို ဖန္တီးဖို႔ ယာယီေနာက္ထပ္လူႏွစ္ေယာက္ကို ေခၚထားသည္။ ထို ေလးဉီးဟာ ေျမေအာက္အက်ဥ္းတိုက္တစ္ခုထဲ ဝင္သြားၾက ၿပီး ေရစီးအလား မြန္းစတားေတြကို ေခ်မႈန္းေနၾက၏။


"အား..ခ်န္ရႈံခ်ီ... အဲ့ေဘာ့အေသးစားေလးက ယာယာ ကို ခုတ္ဖို႔လုပ္ေနတယ္!"


စုယာယာက ႐ုတ္တရက္ ထေအာ္သည္။


"ျမန္ျမန္.. လာကူပါဉီး!"


ခ်န္ရႈံခ်ီသည္ ေအးေဆးစြာပင္ သူ႕ဂိမ္းဇာတ္ေကာင္ကို စီစဥ္ေနသည္။ သူက ျပန္လွည့္လာၿပီး ေဘာ့စ္အေသးစားထံ ခ်ိန္ၿပီး အတိအက်အျမင့္ဆုံးစြမ္းရည္တစ္ခု ပို႔လႊတ္လိုက္ သည္။ မြန္းစကားေကာင္ ေျမႀကီးေပၚ ဗိုင္းခနဲ လဲက်သြား ေတာ့သည္။


"အား.. ကိုက အရမ္းမိုက္တာပဲ! အဲတာဘယ္လိုလုပ္ လိုက္တာလဲ?"


စုယာယာ ေနာက္တစ္ေခါက္ ေအာ္ျပန္သည္။


ခ်န္ရႈံခ်ီသည္ ႏႈတ္ခမ္းတြန႔္သြား႐ုံမွ် ၿပဳံးၿပီးေျပာ၏။


"မင္းေလးကိုက တုံးလြန္းတာပါကြာ"


စုယာယာဟာ ႏႈတ္ခမ္းကို ဆူထားၿပီးညည္းသည္။ ထို႔ ေနာက္ တစ္ဖန္ ေခါင္းျပန္ငုံသြား၏။


ခ်န္ရႈံခ်ီသည္ သူမကိုတစ္ခ်က္ၾကည့္ဖို႔ အခ်ိန္ရလိုက္ သည္။ ဂုဏ္ယူဝင့္ႂကြားစြာႏွင့္ သူက ေျပာသည္။


"ေနာက္က်ရင္ ကို မင္းကို သင္ေပးမယ္"


"အိုေက!" စုယာယာ ျပန္ေပ်ာ္႐ႊင္သြား၏။


ခ်န္ရႈံခ်ီသည္ သူမရဲ႕ေခါင္းကိုလွမ္းပုတ္ၿပီး သူ႕မ်က္ဝန္း ထဲမွာေတာ့ အလိုလိုက္မႈေတြႏွင့္ ျပည့္ေနခဲ့၏။


မိနစ္ေနာက္ထပ္အနည္းငယ္ၾကာၿပီးေနာက္ စုယာယာ, ခ်န္ရႈံခ်ီႏွင့္ သူတို႔အဖြဲ႕သည္ ေဘာ့စ္ကို ႏွိမ္နင္းနိုင္ခဲ့ၾကၿပီး ထိုအရာမွ ပစၥည္းကိရိယာတစ္ခ်ိဳ႕ရလိုက္သည္။ ခ်န္ရႈံခ်ီ သည္ လက္စြပ္ကိုသာလိုခ်င္တာေၾကာင့္ က်န္တဲ့ဟာေတြကို အျခားအသင္းသားႏွစ္ေယာက္အား ေပးလိုက္၏။


ခ်န္ရႈံခ်ီက စုယာယာကို ေျပာသည္။


"ကို႔ဆီလာခဲ့"


စုယာယာက 'အိုေက'ဟုျပန္ေျဖကာ သူမရဲ႕ဂိမ္းဇာတ္ ေကာင္ကို ခ်န္ရႈံခ်ီ၏ဂိမ္းဇာတ္ေကာင္ဆီ သြားလိုက္သည္။


ခ်န္ရႈံခ်ီက ဆိုသည္။


"ခုေလးတင္ ကိုရခဲ့တဲ့လက္စြပ္ကို မင္းကို ေပးမယ္.. မင္းမွာ အခုရွိေနတဲ့တစ္ခုက ဒီဟာေလာက္အားမေကာင္း ဘူး"


"အင္း ေက်းဇူးပါ!"


စုယာယာသည္ သူ႕ထံတက္ႂကြေပ်ာ္႐ြင္စြာ ေျပာေလ သည္။


စုယာယာထံ လက္စြပ္ကို လႊဲေျပာင္းေပးၿပီးေနာက္ ခ်န္ရႈံခ်ီ က ေျပာသည္။


"တကယ္ေတာ့ ဒီလက္စြပ္ရဲ႕အက်ိဳးသက္ေရာက္မႈေတြ ကလည္း ဟိုလိုဒီလိုပါပဲ.. ေနာက္တစ္ႀကိမ္က်ရင္ ကို မင္းကို ပိုေကာင္းတာတစ္ခု ယူေပးမယ္"


စုယာယာသည္ ေခါင္းကိုဆတ္ခနဲေမာ့ကာ သူ႕ထံ ၾကည့္ သည္။


"ယာယာက အႀကီးႀကီးလိုခ်င္တာ.. အႀကီးဆုံးနဲ႕ အားအေကာင္းဆုံးဟာ!"


ခ်န္ရႈံခ်ီသည္ သူမထံ လွည့္ၾကည့္သည္။ တစ္စုံတစ္ရာ အေတြးတစ္ခ်ိဳ႕ ေပၚလာပုံေပၚသည္။ ထိုသူ၏ႏႈတ္ခမ္း ေထာင့စြန္းတို႔မွ ၿပီတီတီအၿပဳံးတစ္ခုေပၚလာ၏။


"ေကာင္းၿပီ.. ေနာက္တစ္ႀကိမ္က်ရင္ မင္းအတြက္ အႀကီးဆုံးနဲ႕အားအေကာင္းဆုံးလက္စြပ္ယူေပးမယ္"


ေဘးမွာရပ္ေနသည့္ လက္ေထာက္ခ်န္တစ္ေယာက္ ထို ျမင္ကြင္းကိုျမင္ေတာ့ သူ႕ႏႈတ္ခမ္းက မဲ့႐ြဲ႕သြား၏။ သူ သူ႕ေဘာ့စ္ကို မွတ္ေတာင္မမွတ္မိခ်င္ေတာ့ဘူး။ သူ႕ေဘာ့စ္က ဂိမ္းဘယ္လိုကစားရမလဲဆိုတာကို သိေနတာလည္း သူမသိ ခဲ့ေပ။ ေနာက္ၿပီး ကြၽမ္းကြၽမ္းက်င္က်င္ ေဆာ့တတ္တယ္ ဆိုတာကိုလည္း သူမသိခဲ့။ သူအၿမဲ ေနာက္ကလိုက္ေနရတဲ့ ေဘာ့စ္နဲ႕ လုံးဝကြာျခားေနတယ္ေလ။


စုယာယာႏွင့္ ခ်န္ရႈံခ်ီတို႔ ေနာက္ထပ္ႏွစ္ပြဲေလာက္ ကစားၿပီးေတာ့ အေတာ္ေလးေနာက္က်ေနခဲ့ၿပီ။ အနားယူဖို႔ အခ်ိန္ေရာက္လာတဲ့အတြက္ ရပ္လိုက္ၾက၏။


"ေစာေစာနားေတာ့"


ခ်န္ရႈံခ်ီက စုယာယာထံေျပာလိုက္၏။


"စုယာယာက သူ႕ကို ၾကည့္ေနသည္။


"ယာယာ ေဆး႐ုံဆင္းခ်င္တယ္"


"ေစာင့္ၾကည့္ဖို႔အတြက္ ေဆး႐ုံမွာေနရမယ္လို႔ ဆရာ ဝန္က ေျပာထားတယ္ေလ"


ခ်န္ရႈံခ်ီက ျပန္ေျဖသည္။


စုယာယာက ႏႈတ္ခမ္းကို တင္းတင္းေစ့ထား၏။


"အင္းပါ...အဲဒါဆိုလည္း..."


လက္ေထာက္ခ်န္သည္ ေဆး႐ုံႏွင့္သိပ္မေဝးသည့္ ၾကယ္ငါးပြင့္ဟိုတယ္တစ္ခုမွာ ဧည့္ခန္းက်ယ္ပါေသာ အေကာင္းဆုံးအခန္းတစ္ခုကို ဘိုကင္ယူထားၿပီး ခ်န္ရႈံခ်ီ သြားအိပ္ဖို႔ျပင္ထားသည့္ေနရာျဖစ္သည္။ စုယာယာသည္ ေစာင့္ၾကည့္မႈေတြအတြက္ ေဆး႐ုံမွာေနရဉီးမွာျဖစ္ၿပီး သူမ သြားလိုက္မရနိုင္ေသး။ သူ ထြက္သြားေတာ့မည္အခ်ိန္မွာ ခ်န္ရႈံခ်ီက သူမကို ေျပာခဲ့သည္။


"ေစာေစာ အိပ္ေနာ္.. ကိုယ္ မနက္ျဖန္ ထပ္လာခဲ့မယ္"


"ဟုတ္, မြ.."


စုယာယာက ခ်န္ရႈံခ်ီကို finger heartတစ္ခု ေပး၏။


ခ်န္ရႈံခ်ီက ၿပဳံးသြားၿပီး သူမရဲ႕ပါးကို ညစ္လိုက္သည္။


"ကို သြားေတာ့မယ္"


"ဘိုင့္ ဘိုင္.. မနက္ျဖန္က်ရင္ ယာယာကို ေစာေစာလာ ေတြ႕ရမယ္ေနာ္.. သိလား?"


စုယာယာသည္ ခ်န္ရႈံခ်ီထံ အင္တင္တင္ျဖင့္ လက္ယမ္း ျပသည္။


"ေကာင္းၿပီ.. ကိုေစာေစာလာခဲ့မယ္"


ခ်န္ရႈံခ်ီက တၿပဳံးၿပဳံးႏွင့္ေျဖသည္။ ထို႔ေနာက္ လက္ ေထာက္ခ်န္ႏွင့္တူတူ ထြက္သြားခဲ့ေတာ့သည္။


ေနာက္တစ္ေန႕မနက္ခင္းေစာေစာမွာေတာ့ နိုးနိုးလာ ခ်င္းမွာပင္ လူအုပ္ႀကီးတစ္စုရွိရာ ဟိုတယ္ေနရာတစ္ခုဆီသို႔ ခ်န္ရႈံခ်ီက တန္းတန္းမတ္မတ္ ေရာက္သြားခဲ့သည္။ လက္ ေထာက္ခ်န္သည္ ယြီေဟြ႕ကို ဖုန္းဆက္ထားၿပီးသားျဖစ္ရာ ထိုသူက အဝင္ဝမွာႀကိဳေစာင့္လို႔ေနသည္။ ခ်န္ရႈံခ်ီ ေရာက္ လာသည္ကိုျမင္ေသာအခါ ထိုသူက အျမန္လာေရာက္ႏႈတ္ ဆက္ေလသည္။


"ရႈေခ်ာင္ရန္ဆီ ေခၚသြားေပး"


ခ်န္ရႈံခ်ီက ခပ္တန္းတန္းမ်က္ႏွာထားႏွင့္ ေျပာခဲ့သည္။


ယြီေဟြ႕သည္ အျငင္းစကားဆိုဖို႔ရာ မစြမ္းနိုင္ေခ်။ ခပ ္ျမန္ျမန္ပဲ ခ်န္ရႈံခ်ီကို ဓာတ္ေလွကားဆီ ေခၚသြားေပးၿပီး ၈လႊာက အခန္း ၈၀၂၀ သို႔ ပို႔ေဆာင္ေပးသည္။


အခန္းေပါက္ဝမွာ ရပ္ေနရင္း ယြီေဟြ႕က တံခါးေခါက္ သည္။ တံခါးဖြင့္လာသူက လက္ေထာက္ေရွာင္ဝိန္ျဖစ္ၿပီး အျပင္ဘက္မွာရပ္ေနေသာသူကို ျမင္သြားသည့္ခဏခ်င္း ေၾကာင္အမ္းသြားရွာသည္။


ရႈေခ်ာင္ရန္သည္ ညအိပ္ဝတ္စုံကို ဝတ္ထားလ်က္။ ခ်န္ရႈံခ်ီကို ျမင္ေသာအခါ သူ႕ႏႈတ္ခမ္းတို႔က တြန႔္ေကြးသြား ခဲ့သည္။


"ေစာေစာ ေရာက္လာခဲ့တာပဲ"


စာေရးသူမွာေျပာစရာရွိပါတယ္ : အရမ္းခ်စ္ဖို႔ေကာင္း တာပဲ....







{T/N: ဖုန္းအားကေတာ့ ၾကည့္လိုက္ပါေတာ့..


မီးကလည္း ပ်က္ခ်င္တိုင္းကို ပ်က္ေနေတာ့တာ.. မီးလာရင္ မူမူတို႔ကို တင္ေပးပါ့မယ္ေနာ္


ေနာက္ၿပီး လြမ္းေအာင္ မလုပ္ေတာ့ပါဘူးလို႔😙}


#CaCa
#25.1.2022(Tuesday)





{

Comment