Chapter 96(Uni&Zawgyi)

Unicode


အခန်း(၉၆)အမြှောက်စာဇာတ်ကောင်တစ်ယောက်မှာ အမျိုးသားဇာတ်လိုက်ကြီး၏နောက်ခံရှိနေသောအခါ-


ထိုစဉ်ခဏမှာ ချန်ရှုံချီ၏အသံမှာ နူးညံ့လွန်းလို့ စုယာ ယာမှာ ထိုသူ၏နူးညံ့မှုကြောင့် မျက်ရည်ပင်ဝဲချင်သွားသည်။


သို့သော် လျင်မြန်စွာ အသိပြန်ဝင်လာခဲ့၏။ ချန်ရှုံချီ၏ နွေးထွေးကြင်နာမှုမှာ အဆိပ်သာ။ အားအကောင်းဆုံးသော သကာရည်လောင်းဗုံးတစ်လုံး၊ အချိုထည့်ထားသော အဆိပ် သင့်ဆေးတစ်လုံးသာ။ ဒီခန္ဓာကိုယ်၏မူလပိုင်ရှင်သည်လည်း ထိုသူ၏ကြင်နာသောအပြုအမူတွေကြောင့် တစ်စထက် တစ်စပါသွားခဲ့တာပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမ ကိုယ်သူမ ရုန်းမထွက်နိုင်ဖြစ်ကာ သူမရဲ့သေခြင်းတရားကို ကိုယ်တိုင်ကစားမိခဲ့တာပဲ။ မူလပိုင်ရှင်လိုမျိုး သူ့ဆီမှ အရူး လုပ်ခံစရာအကြောင်းမရှိ။


သူမ၏ကိုယ်ပိုင်ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားသူစုယာယာအတွက် သူမကိုယ်သူ ကောင်းကောင်းကြီးသဘောပေါက်ပြီး သူမသည် ချန်ရှုံချီ အတွက် မလိုက်ဖက်ဘူးဆိုတာ သိသည်။ သို့သော်လည်း သူမက သရုပ်ဆောင်ပိုင်တယ်မလား။


ချန်ရှုံချီထံ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ကြည့်နေပြီး သရုပ်ဆောင်စွမ်းရည်၏အမြင့်ဆုံးအဆင့်တွေကို ထုတ်သုံး ကာ ချန်ရှုံချီ၏လက်အကြီးကြီးကိုဆွဲယူ၍ သူမမျက်နှာနှင့် ကပ်ထားလိုက်သည်။ ချန်ရှုံချီထံ မျက်လုံးတို့ကို မော့ကြည့် ကာ သူမ၏မျက်ဝန်းတွေထဲ အရည်တစ်ချို့ဝဲနေ၏။ စေ့ထား သောနှုတ်ခမ်းတို့နှင့် သူမက သနားချင့်စဖွယ်ပြောလာသည်။


"နာနေသေးတယ်.. အရမ်းဆိုးဝါးတာပဲ.. ကိုက ဘာလို့ ဒီလောက်ကြာနေရတာလဲ? ခုနကလေနာလွန်းလို့ သေပြီလို့ တောင်ထင်တာ.. အဲဒါဆို ယာယာကို့ကို ထပ်မတွေ့နိုင်တော့ ဘူးလေ.. ယာယာအရမ်းကြောက်နေခဲ့တာ.. ဟင့်ဟင့်ဟင့်. .."


ပြောစရာပင်မလိုလောက်အောင် ထိုအချိန်မှာ စုယာ ယာဟာ တကယ်ကြီး သူမရဲ့ခံစားချက်အစစ်အမှန်တွေကို ထုတ်သရုပ်ဖော်နေသည်။ ဘယ်သူမှမရှိတဲ့အခန်းထဲမှာ နာ လွန်းလို့ သူမနိုးလာချိန် အကူအညီတောင်းစရာ ဘယ်သူကို မှရှာမတွေ့ခဲ့။ အောက်ဘက်ဆီမှအပူလှိုင်းဟာ တစ်လှိုင်းပြီး တစ်လှိုင်းဆင်းနေစဉ် ဝမ်းဗိုက်ဆီမှ တဆစ်ဆစ်နာကျင်နေမှု က တရိပ်ရိပ်တက်နေခဲ့သည်။ သူမရဲ့ခန္ဓာကိုယ်မှ သွေးတွေ အကုန်ကုန်စင်သွားပြီး တစ်ကိုယ်တည်း သေသွားတော့မလို ထင်ယောင်ထင်မှားတွေတောင် ဖြစ်ခဲ့သည်။


ကံကောင်းစွာနှင့် ရှုချောင်ရန်က သူမကို လာတွေ့ခဲ့ပြီး တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိပြုမိကာ သူမကို ဆေးရုံလိုက်ပို့ပေးခဲ့လို့...။


ထိုသူကိုတွေးမိသောအခါ စုယာယာသည် အနည်း ငယ်ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး ထပ်မံစိတ်ဖိစီးသွားပြန် သည်။


ရှုချောင်ရန်သာ ထိုသူ၏ကိုယ်ပိုင်အကြောင်းပြချက်တွေ ကြောင့် သူမနှင့် နီးကပ်ဖို့မကြိုးစားခဲ့ပါလျှင် စိတ်ရင်းနှင့် သူငယ်ချင်းဖြစ်ချင်ခဲ့ပါလျှင် ထိုသူနှင့် သူငယ်ချင်းအဖြစ်နေရ တာကို ပျော်ရွှင်မိမှာပင်။


ကံဆိုးစွာနှင့် အစကတည်းက မကောင်းတဲ့ရည်ရွယ် ချက်တွေနှင့် ထိုသူကသူမကို ချဉ်းကပ်ခဲ့၏။ သူသည် သူမနှင့်တကယ်ကြီး သူငယ်ချင်းဖြစ်ချင်ပါတယ်ဟု ပြောခဲ့သ ော်လည်း သူမကတော့သူ့ကို နောက်ထပ်မယုံပေးနိုင် တော့။


သူမအတွင်းစိတ်ထဲမှာ ခံစားချက်ပေါင်းစုံက ရော ယှက်လို့နေသည်။ စုယာယာဟာ အတော်လေး လက်တွေ့ ဆန်သည့်သရုပ်ဆောင်မှုကို ဆင်မြန်းထားပြီး သူမရဲ့အသွင် အပြင်က နူးညံပြီးညင်သာလွန်းလို့ အခြားသူတွေအား သနားစိတ်တွေနှင့် ပြည့်နှက်သွားစေနိုင်သည်။


ချန်ရှုံချီသည် ညင်သာစွာ သူမကိုမချော့မြူခင် သူ့ လက်မောင်းတွေထဲ အမြန်ပွေ့ဖက်ပြီး သူမရဲ့မျက်နှာ သေးသေးလေးကို နမ်း၏။


"အဆင်ပြေပါပြီ.. နောက်ထပ်ဝမ်းနည်းမနေနဲ့တော့ နော်.. ကိုယ် အခုရောက်လာပြီပဲ.. ဟုတ်တယ်မလား?"


"အွန်း.." စုယာယာက ချစ်စဖွယ်အသံလေးနှင့် ပြန်ဖြေသည်။ သူ့ခါးတစ်ဝိုက်ကို သူမရဲ့လက်မောင်းတွေနှင့် ဖက်တွယ်ထားပြီး သူ့ရင်အုပ်ကို မျက်နှာနှင့်ပွတ်သပ်နေ လိုက်သည်။ ကျေနပ်မှုအပြည့်နှင့်ပြောလာသည်က


"ရှုံချီ, ဒီမှာ ကိုနဲ့တူတူသာဆို မကြောက်တော့ဘူး.."


ချန်ရှုံချီကြားတော့ ပြုံးသွားခဲ့၏။ ညတွင်းဆီ သူမကို တွေ့ရဖို့လိုက်လာခဲ့တာ အလဟဿမဟုတ်တော့ဘူး။ ခေါင်းကိုငုံ၍ သူမနှဖူးလေးပေါ် နောက်ထပ်အနမ်းတစ်ပွင့် မချွေခင် သူမကိုပွေ့ဖက်ထားသည့် သူ့လက်တွေကို ပိုတင်း ကြပ်လိုက်၏။


"သတင်းထောက်Xရေးထားတဲ့ Weiboပေါ်ကဟာက အဖြစ်အမှန်အတိုင်းမဟုတ်ဘူး" စုယာယာက စိတ်ဆိုး ဆိုးနှင့် ပြောလေသည်။ "ယာယာနဲ့ ရှုချောင်ရန်က လေ မဟုတ်တာဘာမှမလုပ်ခဲ့ဘူး.. ဇာတ်လမ်းတွဲရိုက်နေတုန်း ယာယာက ရေထဲ ချော်ကျသွားပြီး ရှုချောင်ရန်က ယာယာ ကိုကယ်ပေးခဲ့တာက သူက အနီးဆုံးလူမလို့လေ.. ဆေးရုံကို ပို့ပေးခဲ့တာကလည်း ယာယာက နေမကောင်းလို့လေ.. ကို ယာယာကိုယုံနော်.. သူတို့တွေ အင်တာနက်ပေါ်မှာ ပြောနေ ကြသလိုမျိုး ယာယာတို့က လုံးဝမဟုတ်ဘူး..နော်"


ချန်ရှုံချီက သိရှိကြောင်း စကားတစ်ခွန်းသာဆိုခဲ့သည်။


"သိတယ်"


"သိတယ်?"


စုယာယာက သူ့ထံ မျက်ဝန်းဝိုင်းကြီးတွေနှင့် ကြည့် နေခဲ့၏။


ချန်ရှုံချီဟာ ပြုံးပြီး သူမရဲ့ခေါင်းကို ပုတ်သည်။


"မင်းတို့နှစ်ဉီးကြားကိစ္စက ဒီလောက် အကြီးအကျယ် ဖြစ်သွားတာကို ဘယ်လိုလုပ်ကိုယ်မသိဘဲနေမလဲ? နောက် ပြီး ကိုယ်က ရှုချောင်ရန်ကို ဟိုးအရင်ကတည်းက သိခဲ့တာ လေ"


စုယာယာ၏နှလုံးသားလေး ခုန်ပေါက်သွားသည်။ သူမ ခန့်မှန်းထားခဲ့သည့်အတိုင်းပဲ။


ရှုချောင်ရန်နှင့် ချန်ရှုံချီမှာ တစ်ဉီးပေါ်တစ်ဉီး အာဃာ တတွေ ရှိနေကြသည်ပဲ!


"ဒါပေမယ့် မင်းစိတ်ပူစရာမလိုပါဘူး.. ကိုယ် ကိုင်တွယ် လိုက်ပါ့မယ်.. မင်းကိုယ်မင်း ကောင်းကောင်းဂရုစိုက်ပြီး မြန်မြန်နေကောင်းရမယ်နော်"


ချန်ရှုံချီ က ပြော၏။


ဒါအကောင်းဆုံးပဲဖြစ်လိမ့်မယ်။ အမျိုးသားဇာတ်လိုက် ကြီးချန်ရှုံချီက လှုပ်ရှားလိုက်ရင် သူမလို အမြှောက်စာဇာတ် ကောင်လေးအနေနဲ့ စိုးရိမ်စရာ ဘာမှရှိတော့လိမ့်မည် မဟုတ်။ စိတ်အေးလက်အေးနေလို့ရပြီ။


"ရှုံချီ, ရှင်က အကောင်းဆုံးပဲ"


စုယာယာသည် ချစ်စရာကောင်းစွာ သူမကိုယ်သူမ ချန်ရှုံချီပေါ်ပွတ်သပ်နေကာ သူ့အပေါ် မဖြစ်မနေမှီခိုအား ထားရကြောင်း ပြသနေ၏။


ချန်ရှုံချီ၏နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ပွင့်ဖြစ်တည်သွား သည်။ သူက အောက်ငုံချပြီး သူမရဲ့နှုတ်ခမ်းထောင့်စွန်းကို နမ်း၏။


ဆေးရုံခန်းအပြင်ဘက်မှာတော့ သွမ့်ရှောင်ယွီနှင့် လက်ထောက်ချန်တို့သည် တစ်ဉီးကိုတစ်ဉီး ကြည့်နေကြ၏။ ထို့နောက် သူတို့နှစ်ဉီးစလုံး၏မျက်နှာပေါ်မှာ အပြုံးတွေ ပေါ်လာသည်။ စုယာယာနှင့် ချန်ရှုံချီတို့နှစ်ဉီးသား အဆင် ပြေနေသ၍ သူတို့ အသက်ဝဝရှုနိုင်တယ်လေ။


ရုတ်တရက် သွမ့်ရှောင်ယွီ၏အစာအိမ်က သံစုံမြည်တီး လာသည်။ အနည်းငယ်ရှက်ရွံစွာနှင့် လက်ထောက်ချန်ထံ ကြည့်လိုက်ပေမယ့် လက်ထောက်ချန်သည် အလွန်ဂရုစိုက် တတ်သောလူစားမျိုးပင်။ သူက ပြောသည်။


"ညလယ်စာနဲ့ အောင်ပွဲခံဖို့ အသင့်တော်ဆုံးအချိန်ပဲ ထင်တယ်နော်.. တူတူ သွားကြမလား?"


သွမ့်ရှောင်ယွီ က ခေါင်းညိတ်သည်။


"သေချာတာပေါ့"


လက်ထောက်ချန်သည် ဆေးရုံခန်းထဲမှ လူနှစ်ဉီးကို တစ်ချက်ကြည့်လိုက်သည်။ ချန်ရှုံချီနှင့် စုယာယာတို့ဟာ တစ်ဉီးကိုတစ်ဉီး တီးတိုးတွတ်တိုးနေပြီး အခုချိန်မှာတော့ သူ့ကို မလိုသေးချေ။ ထို့ကြောင့် သွမ့်ရှောင့်ယွီထံ ကြည့် လိုက်ပြီး ပြောလိုက်တော့သည်။


"သွားကြရအောင်"


ထို့နောက် နှစ်ယောက်သား စားသောက်ဖို့ ထွက်သွား ခဲ့ကြသည်။


ဆေးရုံခန်းအတွင်းမှာတော့ စုယာယာသည် ခုလေးတင် ချန်ရှုံချီနှင့်အီစီကလီစီလို့ပြီးသွားခဲ့သည်။ သူမက ဗိုက်ကို ပွတ်ပြီး သနားချင့်စဖွယ် ပြောသည်။


"ယာယာ ဗိုက်ဆာတယ်"


"ဘာစားချင်လဲ?" ချန်ရှုံချီ က မေးသည်။


စုယာယာသည် မေးကိုမော့ပြီး စားပွဲပေါ်က ခေါက်ဆွဲ ကို ပြုံးပြုံးကြီးကြည့်သည်။ ချန်ရှုံချီက လှမ်းကြည့်ပြီး နောက်ဆုံးတော့ ထိုထူးဆန်းဆန်းအနံ့က ဘယ်ကလာ သလဲဆိုတာကိုသိရှိသွားသည်။ ဖြစ်ပုံက ပိုးသတ်ဆေးအနံ့ အပြင် အခန်းထဲမှာစွဲကျန်နေတဲ့ အသင့်စားခေါက်ဆွဲ အနံရော ရှိနေတာကို။


"အသင့်စားခေါက်ဆွဲတွေမှာ အာဟာရတန်ဖိုးမရှိဘူး"


ချန်ရှုံချီက သူမကို တည်တင်းတင်းကြည့်ပြီး ပြော သည်။


"အဲတာအစား မင်းအတွက် အခြားညလယ်စာတစ်ခုခု ကို ချန်လက်ထောက်ကို ဘာဖြစ်လို့ မဝယ်ခိုင်းရမှာလဲ?"


စုယာယာက လက်ညှိုးတစ်ချောင်းထောင်ပြပြီး ပြော သည်။


"တစ်ခါတည်းစားချင်လို့ပါ.. တစ်ခါတည်းပဲလေ.. မစား ရတာ အကြာကြီးရှိနေပြီမို့"


#Forgive me for my absent💜
#2112022(Friday)
#CaCa🍀



Zawgyi


အခန္း(၉၆)အျမႇောက္စာဇာတ္ေကာင္တစ္ေယာက္မွာ အမ်ိဳးသားဇာတ္လိုက္ႀကီး၏ေနာက္ခံရွိေနေသာအခါ-၁


ထိုစဥ္ခဏမွာ ခ်န္ရႈံခ်ီ၏အသံမွာ ႏူးညံ့လြန္းလို႔ စုယာ ယာမွာ ထိုသူ၏ႏူးညံ့မႈေၾကာင့္ မ်က္ရည္ပင္ဝဲခ်င္သြားသည္။


သို႔ေသာ္ လ်င္ျမန္စြာ အသိျပန္ဝင္လာခဲ့၏။ ခ်န္ရႈံခ်ီ၏ ႏြေးေထြးၾကင္နာမႈမွာ အဆိပ္သာ။ အားအေကာင္းဆုံးေသာ သကာရည္ေလာင္းဗုံးတစ္လုံး၊ အခ်ိဳထည့္ထားေသာ အဆိပ္ သင့္ေဆးတစ္လုံးသာ။ ဒီခႏၶာကိုယ္၏မူလပိုင္ရွင္သည္လည္း ထိုသူ၏ၾကင္နာေသာအျပဳအမူေတြေၾကာင့္ တစ္စထက္ တစ္စပါသြားခဲ့တာပဲ။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူမ ကိုယ္သူမ ႐ုန္းမထြက္နိုင္ျဖစ္ကာ သူမရဲ႕ေသျခင္းတရားကို ကိုယ္တိုင္ကစားမိခဲ့တာပဲ။ မူလပိုင္ရွင္လိုမ်ိဳး သူ႕ဆီမွ အ႐ူး လုပ္ခံစရာအေၾကာင္းမရွိ။


သူမ၏ကိုယ္ပိုင္ရည္မွန္းခ်က္ကို ရွင္းရွင္းလင္းလင္း သေဘာေပါက္ထားသူစုယာယာအတြက္ သူမကိုယ္သူ ေကာင္းေကာင္းႀကီးသေဘာေပါက္ၿပီး သူမသည္ ခ်န္ရႈံခ်ီ အတြက္ မလိုက္ဖက္ဘူးဆိုတာ သိသည္။ သို႔ေသာ္လည္း သူမက သ႐ုပ္ေဆာင္ပိုင္တယ္မလား။


ခ်န္ရႈံခ်ီထံ မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ရင္း ၾကည့္ေနၿပီး သ႐ုပ္ေဆာင္စြမ္းရည္၏အျမင့္ဆုံးအဆင့္ေတြကို ထုတ္သုံး ကာ ခ်န္ရႈံခ်ီ၏လက္အႀကီးႀကီးကိုဆြဲယူ၍ သူမမ်က္ႏွာႏွင့္ ကပ္ထားလိုက္သည္။ ခ်န္ရႈံခ်ီထံ မ်က္လုံးတို႔ကို ေမာ့ၾကည့္ ကာ သူမ၏မ်က္ဝန္းေတြထဲ အရည္တစ္ခ်ိဳ႕ဝဲေန၏။ ေစ့ထား ေသာႏႈတ္ခမ္းတို႔ႏွင့္ သူမက သနားခ်င့္စဖြယ္ေျပာလာသည္။


"နာေနေသးတယ္.. အရမ္းဆိုးဝါးတာပဲ.. ကိုက ဘာလို႔ ဒီေလာက္ၾကာေနရတာလဲ? ခုနကေလနာလြန္းလို႔ ေသၿပီလို႔ ေတာင္ထင္တာ.. အဲဒါဆို ယာယာကို႔ကို ထပ္မေတြ႕နိုင္ေတာ့ ဘူးေလ.. ယာယာအရမ္းေၾကာက္ေနခဲ့တာ.. ဟင့္ဟင့္ဟင့္. .."


ေျပာစရာပင္မလိုေလာက္ေအာင္ ထိုအခ်ိန္မွာ စုယာ ယာဟာ တကယ္ႀကီး သူမရဲ႕ခံစားခ်က္အစစ္အမွန္ေတြကို ထုတ္သ႐ုပ္ေဖာ္ေနသည္။ ဘယ္သူမွမရွိတဲ့အခန္းထဲမွာ နာ လြန္းလို႔ သူမနိုးလာခ်ိန္ အကူအညီေတာင္းစရာ ဘယ္သူကို မွရွာမေတြ႕ခဲ့။ ေအာက္ဘက္ဆီမွအပူလွိုင္းဟာ တစ္လွိုင္းၿပီး တစ္လွိုင္းဆင္းေနစဥ္ ဝမ္းဗိုက္ဆီမွ တဆစ္ဆစ္နာက်င္ေနမႈ က တရိပ္ရိပ္တက္ေနခဲ့သည္။ သူမရဲ႕ခႏၶာကိုယ္မွ ေသြးေတြ အကုန္ကုန္စင္သြားၿပီး တစ္ကိုယ္တည္း ေသသြားေတာ့မလို ထင္ေယာင္ထင္မွားေတြေတာင္ ျဖစ္ခဲ့သည္။


ကံေကာင္းစြာႏွင့္ ရႈေခ်ာင္ရန္က သူမကို လာေတြ႕ခဲ့ၿပီး တစ္စုံတစ္ရာမွားယြင္းေနသည္ကို သတိျပဳမိကာ သူမကို ေဆး႐ုံလိုက္ပို႔ေပးခဲ့လို႔...။


ထိုသူကိုေတြးမိေသာအခါ စုယာယာသည္ အနည္း ငယ္ဝမ္းနည္းမႈကို ခံစားလိုက္ရၿပီး ထပ္မံစိတ္ဖိစီးသြားျပန္ သည္။


ရႈေခ်ာင္ရန္သာ ထိုသူ၏ကိုယ္ပိုင္အေၾကာင္းျပခ်က္ေတြ ေၾကာင့္ သူမႏွင့္ နီးကပ္ဖို႔မႀကိဳးစားခဲ့ပါလွ်င္ စိတ္ရင္းႏွင့္ သူငယ္ခ်င္းျဖစ္ခ်င္ခဲ့ပါလွ်င္ ထိုသူႏွင့္ သူငယ္ခ်င္းအျဖစ္ေနရ တာကို ေပ်ာ္႐ႊင္မိမွာပင္။


ကံဆိုးစြာႏွင့္ အစကတည္းက မေကာင္းတဲ့ရည္႐ြယ္ ခ်က္ေတြႏွင့္ ထိုသူကသူမကို ခ်ဥ္းကပ္ခဲ့၏။ သူသည္ သူမႏွင့္တကယ္ႀကီး သူငယ္ခ်င္းျဖစ္ခ်င္ပါတယ္ဟု ေျပာခဲ့သ ော်လည်း သူမကေတာ့သူ႕ကို ေနာက္ထပ္မယုံေပးနိုင္ ေတာ့။


သူမအတြင္းစိတ္ထဲမွာ ခံစားခ်က္ေပါင္းစုံက ေရာ ယွက္လို႔ေနသည္။ စုယာယာဟာ အေတာ္ေလး လက္ေတြ႕ ဆန္သည့္သ႐ုပ္ေဆာင္မႈကို ဆင္ျမန္းထားၿပီး သူမရဲ႕အသြင္ အျပင္က ႏူးညံၿပီးညင္သာလြန္းလို႔ အျခားသူေတြအား သနားစိတ္ေတြႏွင့္ ျပည့္ႏွက္သြားေစနိုင္သည္။


ခ်န္ရႈံခ်ီသည္ ညင္သာစြာ သူမကိုမေခ်ာ့ျမဴခင္ သူ႕ လက္ေမာင္းေတြထဲ အျမန္ေပြ႕ဖက္ၿပီး သူမရဲ႕မ်က္ႏွာ ေသးေသးေလးကို နမ္း၏။


"အဆင္ေျပပါၿပီ.. ေနာက္ထပ္ဝမ္းနည္းမေနနဲ႕ေတာ့ ေနာ္.. ကိုယ္ အခုေရာက္လာၿပီပဲ.. ဟုတ္တယ္မလား?"


"အြန္း.." စုယာယာက ခ်စ္စဖြယ္အသံေလးႏွင့္ ျပန္ေျဖသည္။ သူ႕ခါးတစ္ဝိုက္ကို သူမရဲ႕လက္ေမာင္းေတြႏွင့္ ဖက္တြယ္ထားၿပီး သူ႕ရင္အုပ္ကို မ်က္ႏွာႏွင့္ပြတ္သပ္ေန လိုက္သည္။ ေက်နပ္မႈအျပည့္ႏွင့္ေျပာလာသည္က


"ရႈံခ်ီ, ဒီမွာ ကိုနဲ႕တူတူသာဆို မေၾကာက္ေတာ့ဘူး.."


ခ်န္ရႈံခ်ီၾကားေတာ့ ၿပဳံးသြားခဲ့၏။ ညတြင္းဆီ သူမကို ေတြ႕ရဖို႔လိုက္လာခဲ့တာ အလဟႆမဟုတ္ေတာ့ဘူး။ ေခါင္းကိုငုံ၍ သူမႏွဖူးေလးေပၚ ေနာက္ထပ္အနမ္းတစ္ပြင့္ မေခြၽခင္ သူမကိုေပြ႕ဖက္ထားသည့္ သူ႕လက္ေတြကို ပိုတင္း ၾကပ္လိုက္၏။


"သတင္းေထာက္Xေရးထားတဲ့ Weiboေပၚကဟာက အျဖစ္အမွန္အတိုင္းမဟုတ္ဘူး" စုယာယာက စိတ္ဆိုး ဆိုးႏွင့္ ေျပာေလသည္။ "ယာယာနဲ႕ ရႈေခ်ာင္ရန္က ေလ မဟုတ္တာဘာမွမလုပ္ခဲ့ဘူး.. ဇာတ္လမ္းတြဲရိုက္ေနတုန္း ယာယာက ေရထဲ ေခ်ာ္က်သြားၿပီး ရႈေခ်ာင္ရန္က ယာယာ ကိုကယ္ေပးခဲ့တာက သူက အနီးဆုံးလူမလို႔ေလ.. ေဆး႐ုံကို ပို႔ေပးခဲ့တာကလည္း ယာယာက ေနမေကာင္းလို႔ေလ.. ကို ယာယာကိုယုံေနာ္.. သူတို႔ေတြ အင္တာနက္ေပၚမွာ ေျပာေန ၾကသလိုမ်ိဳး ယာယာတို႔က လုံးဝမဟုတ္ဘူး..ေနာ္"


ခ်န္ရႈံခ်ီက သိရွိေၾကာင္း စကားတစ္ခြန္းသာဆိုခဲ့သည္။


"သိတယ္"


"သိတယ္?"


စုယာယာက သူ႕ထံ မ်က္ဝန္းဝိုင္းႀကီးေတြႏွင့္ ၾကည့္ ေနခဲ့၏။


ခ်န္ရႈံခ်ီဟာ ၿပဳံးၿပီး သူမရဲ႕ေခါင္းကို ပုတ္သည္။


"မင္းတို႔ႏွစ္ဉီးၾကားကိစၥက ဒီေလာက္ အႀကီးအက်ယ္ ျဖစ္သြားတာကို ဘယ္လိုလုပ္ကိုယ္မသိဘဲေနမလဲ? ေနာက္ ၿပီး ကိုယ္က ရႈေခ်ာင္ရန္ကို ဟိုးအရင္ကတည္းက သိခဲ့တာ ေလ"


စုယာယာ၏ႏွလုံးသားေလး ခုန္ေပါက္သြားသည္။ သူမ ခန႔္မွန္းထားခဲ့သည့္အတိုင္းပဲ။


ရႈေခ်ာင္ရန္ႏွင့္ ခ်န္ရႈံခ်ီမွာ တစ္ဉီးေပၚတစ္ဉီး အာဃာ တေတြ ရွိေနၾကသည္ပဲ!


"ဒါေပမယ့္ မင္းစိတ္ပူစရာမလိုပါဘူး.. ကိုယ္ ကိုင္တြယ္ လိုက္ပါ့မယ္.. မင္းကိုယ္မင္း ေကာင္းေကာင္းဂ႐ုစိုက္ၿပီး ျမန္ျမန္ေနေကာင္းရမယ္ေနာ္"


ခ်န္ရႈံခ်ီ က ေျပာ၏။


ဒါအေကာင္းဆုံးပဲျဖစ္လိမ့္မယ္။ အမ်ိဳးသားဇာတ္လိုက္ ႀကီးခ်န္ရႈံခ်ီက လႈပ္ရွားလိုက္ရင္ သူမလို အျမႇောက္စာဇာတ္ ေကာင္ေလးအေနနဲ႕ စိုးရိမ္စရာ ဘာမွရွိေတာ့လိမ့္မည္ မဟုတ္။ စိတ္ေအးလက္ေအးေနလို႔ရၿပီ။


"ရႈံခ်ီ, ရွင္က အေကာင္းဆုံးပဲ"


စုယာယာသည္ ခ်စ္စရာေကာင္းစြာ သူမကိုယ္သူမ ခ်န္ရႈံခ်ီေပၚပြတ္သပ္ေနကာ သူ႕အေပၚ မျဖစ္မေနမွီခိုအား ထားရေၾကာင္း ျပသေန၏။


ခ်န္ရႈံခ်ီ၏ႏႈတ္ခမ္းေပၚမွာ အၿပဳံးတစ္ပြင့္ျဖစ္တည္သြား သည္။ သူက ေအာက္ငုံခ်ၿပီး သူမရဲ႕ႏႈတ္ခမ္းေထာင့္စြန္းကို နမ္း၏။


ေဆး႐ုံခန္းအျပင္ဘက္မွာေတာ့ သြမ့္ေရွာင္ယြီႏွင့္ လက္ေထာက္ခ်န္တို႔သည္ တစ္ဉီးကိုတစ္ဉီး ၾကည့္ေနၾက၏။ ထို႔ေနာက္ သူတို႔ႏွစ္ဉီးစလုံး၏မ်က္ႏွာေပၚမွာ အၿပဳံးေတြ ေပၚလာသည္။ စုယာယာႏွင့္ ခ်န္ရႈံခ်ီတို႔ႏွစ္ဉီးသား အဆင္ ေျပေနသ၍ သူတို႔ အသက္ဝဝရႈနိုင္တယ္ေလ။


႐ုတ္တရက္ သြမ့္ေရွာင္ယြီ၏အစာအိမ္က သံစုံျမည္တီး လာသည္။ အနည္းငယ္ရွက္႐ြံစြာႏွင့္ လက္ေထာက္ခ်န္ထံ ၾကည့္လိုက္ေပမယ့္ လက္ေထာက္ခ်န္သည္ အလြန္ဂ႐ုစိုက္ တတ္ေသာလူစားမ်ိဳးပင္။ သူက ေျပာသည္။


"ညလယ္စာနဲ႕ ေအာင္ပြဲခံဖို႔ အသင့္ေတာ္ဆုံးအခ်ိန္ပဲ ထင္တယ္ေနာ္.. တူတူ သြားၾကမလား?"


သြမ့္ေရွာင္ယြီ က ေခါင္းညိတ္သည္။


"ေသခ်ာတာေပါ့"


လက္ေထာက္ခ်န္သည္ ေဆး႐ုံခန္းထဲမွ လူႏွစ္ဉီးကို တစ္ခ်က္ၾကည့္လိုက္သည္။ ခ်န္ရႈံခ်ီႏွင့္ စုယာယာတို႔ဟာ တစ္ဉီးကိုတစ္ဉီး တီးတိုးတြတ္တိုးေနၿပီး အခုခ်ိန္မွာေတာ့ သူ႕ကို မလိုေသးေခ်။ ထို႔ေၾကာင့္ သြမ့္ေရွာင့္ယြီထံ ၾကည့္ လိုက္ၿပီး ေျပာလိုက္ေတာ့သည္။


"သြားၾကရေအာင္"


ထို႔ေနာက္ ႏွစ္ေယာက္သား စားေသာက္ဖို႔ ထြက္သြား ခဲ့ၾကသည္။


ေဆး႐ုံခန္းအတြင္းမွာေတာ့ စုယာယာသည္ ခုေလးတင္ ခ်န္ရႈံခ်ီႏွင့္အီစီကလီစီလို႔ၿပီးသြားခဲ့သည္။ သူမက ဗိုက္ကို ပြတ္ၿပီး သနားခ်င့္စဖြယ္ ေျပာသည္။


"ယာယာ ဗိုက္ဆာတယ္"


"ဘာစားခ်င္လဲ?" ခ်န္ရႈံခ်ီ က ေမးသည္။


စုယာယာသည္ ေမးကိုေမာ့ၿပီး စားပြဲေပၚက ေခါက္ဆြဲ ကို ၿပဳံးၿပဳံးႀကီးၾကည့္သည္။ ခ်န္ရႈံခ်ီက လွမ္းၾကည့္ၿပီး ေနာက္ဆုံးေတာ့ ထိုထူးဆန္းဆန္းအနံ႕က ဘယ္ကလာ သလဲဆိုတာကိုသိရွိသြားသည္။ ျဖစ္ပုံက ပိုးသတ္ေဆးအနံ႕ အျပင္ အခန္းထဲမွာစြဲက်န္ေနတဲ့ အသင့္စားေခါက္ဆြဲ အနံေရာ ရွိေနတာကို။


"အသင့္စားေခါက္ဆြဲေတြမွာ အာဟာရတန္ဖိုးမရွိဘူး"


ခ်န္ရႈံခ်ီက သူမကို တည္တင္းတင္းၾကည့္ၿပီး ေျပာ သည္။


"အဲတာအစား မင္းအတြက္ အျခားညလယ္စာတစ္ခုခု ကို ခ်န္လက္ေထာက္ကို ဘာျဖစ္လို႔ မဝယ္ခိုင္းရမွာလဲ?"


စုယာယာက လက္ညွိုးတစ္ေခ်ာင္းေထာင္ျပၿပီး ေျပာ သည္။


"တစ္ခါတည္းစားခ်င္လို႔ပါ.. တစ္ခါတည္းပဲေလ.. မစား ရတာ အၾကာႀကီးရွိေနၿပီမို႔"


#Forgive me for my absent💜
#2112022(Friday)
#CaCa🍀

Comment