အခန်း(၄၀) အန်ယွီထင်

Unicode


အခန်း(၄၀) အန်ယွီထင်


ဒီနေ့ စုယာယာ အချိန်တွေ ပိုနေလေရဲ့။ သူမရဲ့သရုပ် ဆောင် သင်တန်းက နေ့ခင်း ၂:၃၀ မှဖြစ်တဲ့ အတွက်ကြောင့် တစ်မနက်ခင်းလုံး လုပ်စရာမရှိပေ။ သူမ အိမ်မှာ သူမရဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးနောက် သူမ နားလည်သည့် အတိုင်း ပြင်ဆင်နေခဲ့သည်။


၁၁နာရီလောက်မှာတော့ သူမသည် ဟင်း သုံးပွဲနှင့် စွပ်ပြုတ်တစ်ပွဲ ပြင်ဆင်ချက်ပြုတ်ဖို့ မီးဖိုချောင်ဝင်သည်။ ထို့နောက် ချန်ရှုံချီ၏ကုမ္ပဏီသို့ မသွားခင် နေ့လည်စာဘူး ထဲမှာ သေသေချာချာလေး စီထည့်သည်။


စုယာယာ ရောက်သွားချိန်မှာတော့ သူမသည် ချန်ရှုံချီ ကို အသိပေးဖို့ သူ့ထံ အရင် ဖုန်းဆက်လိုက်သည်။ သူက ဧည့်ကြိုစားပွဲမှာ ပြောထားပြီးပြီဖြစ်တာကြောင့် သူမက ဧည့်ကြိုဝန်ထမ်းကို ပြောပြပြီး ဓာတ်လှေကားနဲ့ တန်းတက် လာရုံပဲလို့ ပြောတယ်။


"အင်း.. ယာယာ သိပြီ"


သူမ ဖုန်းချပြီး ချန်ရှုံချီ၏ကုမ္ပဏီဆီသို့ လျှောက်မသွား ခင် ကားထဲမှ နေ့လည်စာဘူးကို ယူသည်။


ကောင်တာရဲ့ရှေ့မှာတော့ မိက်ကပ်အထူကြီးလိမ်းထား ပြီး ဖက်ရှင်ကျကျ အဝတ်အစားတွေနှင့် ပိန်သွယ်သွယ် အမျိုးသမီးတစ်ဉီးက ဧည့်ကြိုဝန်ထမ်းမလေးကို စကားပြော နေခဲ့သည်။


"ငါက ရှုံချီကောကောဆီ လာခဲ့တာ ငါ့ကို ဓာတ်လှေ ကား တံခါး ဖွင့်ပေး"


ဟော်ရွိမ့်က အန်ယွီထင်ကို ကြည့်ပြီး အလုပ်သဘော အရ ယဉ်ကျေးမှုဖြင့် ပြောသည်။


"အားနာပါတယ် မစ်အန်.. ကြိုတင်ချိန်းဆိုထားခြင်း မရှိရင် ခွင့်ပြုပေးလို့မရပါဘူးရှင့်"


"အဲဒါဆိုလည်း ချုံရှီကောကောကို‌ ခေါ်ပေး.. ငါရောက် နေတယ်ဆိုတာကို သူသိရင် သေချာပေါက် ငါ့ကို ဝင်ခွင့်ပေး မှာ"


အန်ယွီထင်က ဝင့်ကြွားစွာ ပြော၏။


ဟော်ရွိမ့်က သူမကို ကြည့်ပြီး သူမရဲ့စူးရဲသော အကြည့် ကို ရင်ဆိုင်လိုက်ရ၏။ သူမ ဒီကုမ္ပဏီမှာ တီးတိုးကြားထား သော ကောလဟာလတွေကို ပြန်သတိရမိပြီး ဉက္ကဌရုံးခန်း ကို ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။


အန်ယွီထင်က သူမကို မှတ်မိသွားခဲ့စဉ် စုယာယာသည် နေ့လည်စာဘူးကို ကိုင်ထားရင်း ချန်ရှုံချီအတွက် သူမ‌ နေ့လည်စာ လာပို့ကြောင်း ပြောတော့မလို့ပင်။ ချက်ချင်းဆို သလို သူမ(အန်ယွီထင်)က သူမကို စူးရဲစွာ ကြည့်ပြီး အော် တော့သည်။


"စုယာယာ, နင်က ဒီကို ဘာလို့ရောက်နေတာလဲ?"


အန်ယွီထင်?


စုယာယာသည် ချက်ချင်း သူမစိတ်ထဲမှာ အန်ယွီထင် အကြောင်း သတင်းအချက်အလက်တွေကို ရှာဖွေမိသည်။ သူမက အန်ယွီထုန်ရဲ့ညီမဖြစ်ပြီး အန်ယွီထုန်ထက် နှစ်နှစ် ငယ်သည်။ သို့သော်လည်း သူမက ထိုသူမ(အန်ယွီထုန်)နဲ့ လုံးဝ တူမနေပါချေ။ တကယ်ဆို စုယာယာကမှ အမျိုးသမီး ဇာတ်လိုက် အန်ယွီထုန်နဲ့ ပိုတောင် တူနေသေးတယ်။


အန်ယွီထင်သည် ချန်ရှုံချီကို ကြိုက်ခဲ့၏။ သို့သော် သူက တော့ သူမကို ပြန်မကြိုက်ခဲ့ပေ။ ဒါ့ထက် သူက သူမရဲ့ အစ်မဖြစ်သူ အန်ယွီထုန်ကို ကြိုက်သွားခဲ့သည်။ အစက သူမ တွေးမိတာက သူမရဲ့အစ်မဖြစ်သူက နိုင်ငံခြားရောက်နေတာ မို့ သူမမှာ အခွင့်အရေးတစ်ခု ရနိုင်လိမ့်မယ်ဟုပင်။ သို့သော် သူမမှာ ရစရာအခွင့်အရေးတစ်ခုတစ်လေတောင် ရှိမနေခဲ့ ဘူးဆိုတာကို ဘယ်သူသိခဲ့လိမ့်မလဲ။


အန်ယွီထုန်သည် စုယာယာဆိုတဲ့ သာမန်သရုပ်ဆောင် လေး တစ်ယောက်က ချန်ရှုံချီရဲ့အိမ်ရှင်မ ဖြစ်လာတယ် ဆိုတာကို တွေ့ရှိသွားချိန်မှာတော့ သူမက စုယာယာကို လုံးလုံးလျားလျား မနှစ်မြို့တော့ပေ။ ဒါ့ကြောင့် ရသည့်အခွင့် အရေးတိုင်း, သူတို့ လမ်းကြောင်းသွားဆုံတိုင်း သူမလေးကို လှောင်ပြောင်တိုက်ခိုက်ခဲ့သည်။ မူလပိုင်ရှင်က ဝမ်းနည်း စရာ အကျိုးဆက်ကို ရင်ဆိုင်နေရချိန်မှာတော့ အန်ယွီထင် သည် အကျမှာ သူမကို ရိုက်ချပစ်ဖို့ မမေ့ခဲ့ချေ။


အန်ယွီထင်က စုယာယာကို မကြိုက်သလို အပြန်အ လှန် စုယာယာလည်း အန်ယွီထင်ကို မနှစ်သက်ပါချေ။ သူမရဲ့အရင်ကမ္ဘာမှာတုန်းက စုယာယာသည် သူမ ဝတ္ထုကို ဖတ်ခဲ့စဉ်ကတည်းက အန်ယွီထင်အပေါ် မကောင်းသည့် အမြင်ရှိနေပြီးဖြစ်သည်။ ဒီဇာတ်ကောင်သည် နောက်ခံ အကြီးကြီးမှ လာခဲ့တာမျိုး မဟုတ်သလို စရိုက်လက္ခဏာ ကောင်းကောင်းလည်း ရှိမနေပါချေ။ သူမက အရာရာတိုင်း အတွက် သူမရဲ့အစ်မ,အန်ယွီထုန်ပေါ်မှာ မှီခိုရသည်။ ဒါ တောင်မှ သူမ မောက်မာဟန် လုပ်သေး၏။ မနှစ်မြို့ဖွယ် ကောင်းလှသော စိတ်သဘောထားပဲ!


စုယာယာသည်လည်း အန်ယွီထင်သည် ချန်ရှုံချီကို သူမရဲ့အစ်မဖြစ်သူရဲ့ နောက်ကွယ်မှာ စနိုက်ဖို့ လုပ်တာ ကြောင့် မကြိုက်ပေ။ ချန်ရှုံချီနှင့် အန်ယွီထုန်တို့ လက်ထပ် ပြီးချိန် စာအုပ်ရဲ့ ဒုတိယတစ်ဝက်လောက်မှာတောင် သူမ သည် သူတို့ရဲ့အိမ်မှာ ရေဝင်ချိုးပြီး ဖောက်ထွင်းမြင်နေရတဲ့ ဇာညအိပ်ဝတ်စုံကို ဝတ်ပြီး အန်ယွီထုန် အပြင်မှာ ရှိနေစဉ် ချန်ရှုံချီကို မြှူဆွယ်ဖို့ ကြိုးစားခဲ့သေး၏။ ချန်ရှုံချီက သူ့ကို မြှူဆွယ်ဖို့ ကြိုးစားတာကို မလှုပ်ခဲ့လို့သာ။ နောက်ဆုံးမှာ တော့ သူသည် သူမကို ရက်ရက်စက်စက် သင်ခန်းစာတစ်ခု သင်ပေးလိုက်၏။


စုယာယာသည် မယားငယ်ဖြစ်ဖို့ လိုအင်လောဘ မီးတောက်နေကြတဲ့ လူတွေကို မုန်းသည်။ သူတို့ လိမ့်ဖို့ လုပ်နေတဲ့သူက သူတို့တွေရဲ့သွေးသားအစ်မရင်းဆိုရင်တော့ ပိုဆိုးပေါ့။ သူမ ထိုသူတွေကို စက်ဆုပ်ရွံရှာသည်။


အန်ယွီထင်ကလည်း သူမကို အထင်အမြင်သေးစွာ ကြည့်ပြီး တစ်ချိန်တည်းမှာပင် သူမကို နှောက်ယှက်ဖို့ ပျင်း လို့ နေသည်။ သူမသည် ဒီအရေးမပါသည့်မိန်းမကို စကား ပင် ပြောမနေချင်။ ဒါ့ကြောင့် အန်ယွီထင်သည် စုယာယာ မတည်ရှိနေသလိုမျိုး သဏ္ဌာန်လုပ်သည်။


ထိုစဉ် ရှေ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ လီလန်က စုယာယာကို သတိပြုမိသွားသည်။ အရင်တစ်ခါက သူမ၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို အတွေ့အကြုံကြောင့် သူမလေးကို လျစ်လျူမဝံ့ရဲချေ။ လီလန်သည် သူမလေးကို ပြုံးပြပြီး ပြောသည်။


"မစ်စုလား? ဉက္ကဌချန်က ကျွန်မကို ပြောပြထားပါ တယ်.. ကျွန်မ အစ်မအတွက် တံခါးဖွင့်ပေးပါမယ်ရှင့်"


"ကျေးဇူးပါ"


စုယာယာသည် ပြုံးပြပြီး ကျေးဇူးတင်စကားဆိုသည်။ သူမက နေ့လည်စာဘူးကို သယ်ရင်း လိုက်သွားခဲ့သည်။


"မင်းတို့တွေ သွားခွင့်မရှိဘူး!"


စုယာယာ သွားတော့မယ်ဆိုတာကို မြင်တော့ အန်ယွီထင်သည် သူမလေးကို ဆွဲထားပြီး သွားလို့မရအောင် လုပ်သည်။


သူမက လီလန်ကို မာမာထန်ထန် စစ်မေး၏။


"ငါကိုကျ သွားခွင့်မပေးဘဲ သူမကိုကျ ဘာလို့ သွားခွင့် ပြုတာလဲ?"


"ဉက္ကဌချန်က ကျွန်မတို့ကို ပြောထား...."


"သောက်ရေးမပါတာ"


အန်ယွီထင်က စုယာယာကို မတူမတန်စွာ ကြည့်သည်။ သူမသည် ဒီတိုင်း ချန်ရှုံချီရဲ့အပျော်မယားတစ်ယောက် သာ သာ , သာမာန် သရုပ်ဆောင်လေးပဲလို့ သူမ ယုံကြည်ထား ၏။ ထိုမိန်းမ ချန်ရှုံချီထံမှ ဘယ်ချိန်မှာ စွန့်ပစ်ခံရမလဲဆိုတာ ဘယ်သူ သိမတဲ့လဲ။ ပြီးတော့ ထိုကောင်မက သူမနဲ့ ဘယ် လို ယှဉ်နိုင်မှာလဲ? သူမထက် အရင် အပေါ်တက်သွားရဲ တယ်။ ဘာကြီးပဲဖြစ်နေနေ သူမတော့ ဒါကို လက်မခံချင် ဘူး။


လီလန်က ရှင်းပြ၏။


"ဒါက အမှန်ပါ.. ဉက္ကဌချန်သာ သဘောမတူခဲ့ရင် ကျွန်မ သူမကို ဘယ်လိုလုပ် တက်ခွင့်ပေးရဲပါ့မလဲ?"


အန်ယွီထင်သည် ဒီကိစ္စက အမှန်ဆိုတာကို အသေ အချာ သိပါတယ်။ မဟုတ်ရင် ဒီဧည်ကြိုဝန်ထမ်းမတွေက ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ မိန်းမကို ဒီလောက်ထိ ယဉ်ကျေး ပြနေပါ့မလား။ သူမက ဒီတိုင်း ဒါကို လက်မခံချင်တာပင်။ စောစောလေးကတင် သူမသည် ဧည်ကြိုဝန်ထမ်းကို CEO ရုံးခန်းကို ဆက်သွယ်ပြီး သူမ အပေါ်မတက်ခင် သူ့ရဲ့ ခွင့်ပြုချက်ရရှိဖို့ တောင်းဆိုပြီး ချန်ရှုံချီထံ အလည်သွားချင်ခဲ့ သည်။ သို့သော် သူမ ထိုကိစ္စရေးရာတွေကို လုပ်နေရစဉ် ဒီမတိုင်ခင်ကတည်းက စုယာယာကို သူ့ရုံးခန်းဆီတန်း လွှတ်ပေးဖို့ ချန်ရှုံချီက သူ့ရဲ့ဝန်ထမ်းတွေကို အကြောင်း ကြားထားပြီးသားတဲ့။ ဒီစိတ်ရှုပ်စရာမိန်းမနဲ့ သူမကို သူရဲ့ ဆက်ဆံပုံက မိုးနဲ့ မြေကြီးလောက်ထိကို ကွာခြားချက် ကြီးပဲ။ သူက ဒါကို ခွင့်မပြုနိုင်တာကြောင့် စုယာယာပေါ် သူမရဲ့ ဆွဲထားမှုကို လျှော့ပေးဖို့ ငြင်းဆန်နေတာပင်။


ကံကောင်းစွာဖြင့် ဟော်ရွိမ့်သည် ဖုန်းခေါ်ဆိုမှုကို ပြော ပြီးခဲ့ကာ လက်ထောက်ချန်းရဲ့ခွင့်ပြုချက်ကို ရရှိလိုက်သည်။


သူမက အန်ယွီထင်ကို ပြောသည်။


"လက်ထောက်ချန်းက အစ်မ တက်လာနိုင်ပါတယ်လို့ ပြောပါတယ်"


သူမ ထိုစကားကို ကြားလိုက်စဉ် သူမရဲ့မေးကို ဂုဏ်ယူ ဝင့်ကြွားစွာ မြှင့်လိုက်သည်။ အန်ယွီထုန်ရဲ့ညီမဆိုတဲ့ သူမရဲ့ ရပ်တည်မှုကြောင့် ချန်ရှုံချီက သူမကို ခွင့်မပေးစရာ အကြောင်းကို မရှိဘူးဆိုတာ သူမ သိ၏။


ထိုအကျိုးဆက်အနေနဲ့ အန်ယွီထင်နှင့် စုယာယာတို့ ဓာတ်လှေကားတူတူစီးလိုက်ရသည်။


အန်ယွီထင်က သူမရဲ့နေ့လည်စာဘူးကို ကြည့်ပြီး သူမ လှောင်သည်။


"စားလို့ကော ရရဲ့လားဟယ်? ရှုံချီကောကော ဘယ် လောက် ဇီဇာကြောင်လဲဆိုတာ နင်သိလား? သူ ဘာတွေ စားရတာကြိုက်လဲ ဆိုတာရော နင်သိလား? ခွေးတွေတောင် နင်ပြင်ပေးတဲ့ အစားအစာတွေကို စားမှာ မဟုတ်ဘူး"


"စိတ်မကောင်းပါဘူး.. ဒါပေမယ့် သူက ငါ သူ့အတွက် ပြင်ပေးတဲ့ အစားအစာတေွကို ကောင်းကောင်းစားတယ်"


စုယာယာက မျက်နှာသေဖြင့် တုံ့ပြန်၏။ သူမ ရင်ထဲက နေ ရယ်နေလိုက်၏။ သူမ ဆိုလို့သည်ခွေးက ချန်ရှုံချီ ဆိုတာ ကို သူမ(အန်ယွီထင်) မသိစရာအကြောင်းမရှိပေ။ သူက တကယ်လည်း လူသားအရွယ်ရှိနေတဲ့ ဝံပုလွေတစ်ကောင်ပဲ လေ။ လူတွေကို နှိပ်စက်တဲ့အချိန်မှာ ခက်ထန်ကြမ်းကြုတ် တယ်။ ရက်စက်ကြမ်းတမ်းတယ်။


အန်ယွီထင်သည် သူမရဲ့ ပြန်ပြောစကားကို တော်တော် လေး မကျေမနပ်ဖြစ်သွား၏။ သူမက ပေါက်ထွက်တော့မည့် ကြက်တစ်ကောင်လို ဖြစ်သွားကာ


"နင် ငါ့ရှေ့မှာ ဘာတွေ ဟန်ဆောင်ပြနေတာလဲ? ရှုံချီ ကောကောရဲ့ဘေးမှာ နေတယ်ဆိုရုံနဲ့ ဖီးနစ်ငှက်ဖြစ်လာနိုင် တယ်လို့ တွေးမနေနဲ့.. နင်က သူ့ရဲ့ ကစားစရာသာသာပဲ.. တစ်နေ့ကြရင် သူက နင့်ကို ပစ်ချသွားမှာပဲ.. နင် နောက်ပိုင်း အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်"


စုယာယာသည် တည်ငြိမ်အေးဆေးနေဆဲဖြစ်ရာ သူမရဲ့ စကားလုံးတွေကြောင့် လုံးဝ စိတ်တိုခြင်းမရှိပေ။ သူမကို ပြန်ဖြေသည့်အနေဖြင့် အသံပြုလိုက်၏။


သူမက ကစားစရာသာသာလေးဆိုတာကို သူမလည်း သိတာပေါ့။ ဒါက သူမရဲ့ဇာတ်ကောင်ကို စာအုပ်ထဲမှာ ရေး ထားတဲ့အတိုင်းပဲလေ။ စုယာယာ သူမရဲ့နေရာကို သိပါ တယ်။ သူမရဲ့စည်းအပြင်ကိုလည်း မကျော်ဝံ့ပါဘူး။ သူမက လက်တွေ့မဆန်သည့်အရာတွေကိုလည်း အိမ်မက်,မက် မနေတတ်ဘူး။ သူမ လိုချင်သမျှက အခုချိန်မှာ ရနိုင်သ လောက် ရင်းနှီးမြှုပ်နှံမှုတွေကို ရယူဖို့ သူမ ကွာရှင်းတဲ့အခါ ကျရင် ပိုက်ဆံပိုရနိုင်ဖို့အတွက် ဒီအခွင့်အရေးကိုယူပြီး သူနဲ့ သူမရဲ့ဆက်ဆံရေးကို ပိုကောင်းကောင်းဖြစ်စေချင်တာပင်။ ထို့နောက် အကျိုးကောင်းဖို့ သူမ သူ့ကို လက်လွှတ်ပေး လိုက်မယ်။ ဒါက သူမရဲ့ ဉီးတည်ရာပင် ။ အရမ်းရှင်းလင်း တယ်။


အန်ယွီထင်သည် သူမလေးရဲ့ဂရုမစိုက်တဲ့အကြည့် ကြောင့် ပိုတောင် စိတ်တိုလာ၏။ ထိုမိန်းမက ဟန်ဆောင် နေတာပဲ ဖြစ်ရမယ်လို့ သူမက တွေးနေတယ်။ သူမ ဟန် ဆောင် နေတာပဲ!


"မထင်နဲ့...."


အန်ယွီထင်သည် အနည်းငယ် ထပ်ပြောလိုသော်လည်း ဓာတ်လှေကားတံခါးက ပွင့်သွားခဲ့ပြီ။ ခေါင်းကို မော့လိုက် စဉ် အပြင်ဘက်ရှိ လက်ထောက်ချန်ကို မြင်လိုက်ရ၏။ ထိုအ မျိုးသားက ချန်ရှုံချီရဲ့ဘေးက အယုံကြည်ရဆုံးသော လူတွေ ထဲက တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ရွေးချယ်စရာမရှိလဲ သူမရဲ့စကားလုံးတွေကို ပြန်မြိုချလိုက်ရပြီး သူမရဲ့ ခက်ထန် နေသောအမူအရာကို ယဉ်ကျေးသော အပြုံးတစ်ခုအသွင် ပြောင်းလိုက်ရ၏။ သူမက သူ့ကို ပြောသည်။


"လက်ထောက်ချန်, ရှင်က ကျွန်မကို အထူးတလည် လာကြိုပေးတာလား?"


အပိုင်း ၄၁ (မျှော်)


{T/N:ရှင်တို့က ချေတယ်နော်..
ကျမကလည်း ချေတယ်...
ရော့ ၃  ပိုင်း😏
}


Zawgyi


အခန္း(၄၀) အန္ယြီထင္


ဒီေန႕ စုယာယာ အခ်ိန္ေတြ ပိုေနေလရဲ႕။ သူမရဲ႕သ႐ုပ္ ေဆာင္ သင္တန္းက ေန႕ခင္း ၂:၃၀ မွျဖစ္တဲ့ အတြက္ေၾကာင့္ တစ္မနက္ခင္းလုံး လုပ္စရာမရွိေပ။ သူမ အိမ္မွာ သူမရဲ႕ ဇာတ္ၫႊန္းကို ဖတ္ၾကည့္ၿပီးေနာက္ သူမ နားလည္သည့္ အတိုင္း ျပင္ဆင္ေနခဲ့သည္။


၁၁နာရီေလာက္မွာေတာ့ သူမသည္ ဟင္း သုံးပြဲႏွင့္ စြပ္ျပဳတ္တစ္ပြဲ ျပင္ဆင္ခ်က္ျပဳတ္ဖို႔ မီးဖိုေခ်ာင္ဝင္သည္။ ထို႔ေနာက္ ခ်န္ရႈံခ်ီ၏ကုမၸဏီသို႔ မသြားခင္ ေန႕လည္စာဘူး ထဲမွာ ေသေသခ်ာခ်ာေလး စီထည့္သည္။


စုယာယာ ေရာက္သြားခ်ိန္မွာေတာ့ သူမသည္ ခ်န္ရႈံခ်ီ ကို အသိေပးဖို႔ သူ႕ထံ အရင္ ဖုန္းဆက္လိုက္သည္။ သူက ဧည့္ႀကိဳစားပြဲမွာ ေျပာထားၿပီးၿပီျဖစ္တာေၾကာင့္ သူမက ဧည့္ႀကိဳဝန္ထမ္းကို ေျပာျပၿပီး ဓာတ္ေလွကားနဲ႕ တန္းတက္ လာ႐ုံပဲလို႔ ေျပာတယ္။


"အင္း.. ယာယာ သိၿပီ"


သူမ ဖုန္းခ်ၿပီး ခ်န္ရႈံခ်ီ၏ကုမၸဏီဆီသို႔ ေလွ်ာက္မသြား ခင္ ကားထဲမွ ေန႕လည္စာဘူးကို ယူသည္။


ေကာင္တာရဲ႕ေရွ႕မွာေတာ့ မိက္ကပ္အထူႀကီးလိမ္းထား ၿပီး ဖက္ရွင္က်က် အဝတ္အစားေတြႏွင့္ ပိန္သြယ္သြယ္ အမ်ိဳးသမီးတစ္ဉီးက ဧည့္ႀကိဳဝန္ထမ္းမေလးကို စကားေျပာ ေနခဲ့သည္။


"ငါက ရႈံခ်ီေကာေကာဆီ လာခဲ့တာ ငါ့ကို ဓာတ္ေလွ ကား တံခါး ဖြင့္ေပး"


ေဟာ္႐ြိမ့္က အန္ယြီထင္ကို ၾကည့္ၿပီး အလုပ္သေဘာ အရ ယဥ္ေက်းမႈျဖင့္ ေျပာသည္။


"အားနာပါတယ္ မစ္အန္.. ႀကိဳတင္ခ်ိန္းဆိုထားျခင္း မရွိရင္ ခြင့္ျပဳေပးလို႔မရပါဘူးရွင့္"


"အဲဒါဆိုလည္း ခ်ဳံရွီေကာေကာကို ေခၚေပး.. ငါေရာက္ ေနတယ္ဆိုတာကို သူသိရင္ ေသခ်ာေပါက္ ငါ့ကို ဝင္ခြင့္ေပး မွာ"


အန္ယြီထင္က ဝင့္ႂကြားစြာ ေျပာ၏။


ေဟာ္႐ြိမ့္က သူမကို ၾကည့္ၿပီး သူမရဲ႕စူးရဲေသာ အၾကည့္ ကို ရင္ဆိုင္လိုက္ရ၏။ သူမ ဒီကုမၸဏီမွာ တီးတိုးၾကားထား ေသာ ေကာလဟာလေတြကို ျပန္သတိရမိၿပီး ဉကၠဌ႐ုံးခန္း ကို ဖုန္းဆက္ဖို႔ ဆုံးျဖတ္လိုက္သည္။


အန္ယြီထင္က သူမကို မွတ္မိသြားခဲ့စဥ္ စုယာယာသည္ ေန႕လည္စာဘူးကို ကိုင္ထားရင္း ခ်န္ရႈံခ်ီအတြက္ သူမ ေန႕လည္စာ လာပို႔ေၾကာင္း ေျပာေတာ့မလို႔ပင္။ ခ်က္ခ်င္းဆို သလို သူမ(အန္ယြီထင္)က သူမကို စူးရဲစြာ ၾကည့္ၿပီး ေအာ္ ေတာ့သည္။


"စုယာယာ, နင္က ဒီကို ဘာလို႔ေရာက္ေနတာလဲ?"


အန္ယြီထင္?


စုယာယာသည္ ခ်က္ခ်င္း သူမစိတ္ထဲမွာ အန္ယြီထင္ အေၾကာင္း သတင္းအခ်က္အလက္ေတြကို ရွာေဖြမိသည္။ သူမက အန္ယြီထုန္ရဲ႕ညီမျဖစ္ၿပီး အန္ယြီထုန္ထက္ ႏွစ္ႏွစ္ ငယ္သည္။ သို႔ေသာ္လည္း သူမက ထိုသူမ(အန္ယြီထုန္)နဲ႕ လုံးဝ တူမေနပါေခ်။ တကယ္ဆို စုယာယာကမွ အမ်ိဳးသမီး ဇာတ္လိုက္ အန္ယြီထုန္နဲ႕ ပိုေတာင္ တူေနေသးတယ္။


အန္ယြီထင္သည္ ခ်န္ရႈံခ်ီကို ႀကိဳက္ခဲ့၏။ သို႔ေသာ္ သူက ေတာ့ သူမကို ျပန္မႀကိဳက္ခဲ့ေပ။ ဒါ့ထက္ သူက သူမရဲ႕ အစ္မျဖစ္သူ အန္ယြီထုန္ကို ႀကိဳက္သြားခဲ့သည္။ အစက သူမ ေတြးမိတာက သူမရဲ႕အစ္မျဖစ္သူက နိုင္ငံျခားေရာက္ေနတာ မို႔ သူမမွာ အခြင့္အေရးတစ္ခု ရနိုင္လိမ့္မယ္ဟုပင္။ သို႔ေသာ္ သူမမွာ ရစရာအခြင့္အေရးတစ္ခုတစ္ေလေတာင္ ရွိမေနခဲ့ ဘူးဆိုတာကို ဘယ္သူသိခဲ့လိမ့္မလဲ။


အန္ယြီထုန္သည္ စုယာယာဆိုတဲ့ သာမန္သ႐ုပ္ေဆာင္ ေလး တစ္ေယာက္က ခ်န္ရႈံခ်ီရဲ႕အိမ္ရွင္မ ျဖစ္လာတယ္ ဆိုတာကို ေတြ႕ရွိသြားခ်ိန္မွာေတာ့ သူမက စုယာယာကို လုံးလုံးလ်ားလ်ား မႏွစ္ၿမိဳ႕ေတာ့ေပ။ ဒါ့ေၾကာင့္ ရသည့္အခြင့္ အေရးတိုင္း, သူတို႔ လမ္းေၾကာင္းသြားဆုံတိုင္း သူမေလးကို ေလွာင္ေျပာင္တိုက္ခိုက္ခဲ့သည္။ မူလပိုင္ရွင္က ဝမ္းနည္း စရာ အက်ိဳးဆက္ကို ရင္ဆိုင္ေနရခ်ိန္မွာေတာ့ အန္ယြီထင္ သည္ အက်မွာ သူမကို ရိုက္ခ်ပစ္ဖို႔ မေမ့ခဲ့ေခ်။


အန္ယြီထင္က စုယာယာကို မႀကိဳက္သလို အျပန္အ လွန္ စုယာယာလည္း အန္ယြီထင္ကို မႏွစ္သက္ပါေခ်။ သူမရဲ႕အရင္ကမၻာမွာတုန္းက စုယာယာသည္ သူမ ဝတၳဳကို ဖတ္ခဲ့စဥ္ကတည္းက အန္ယြီထင္အေပၚ မေကာင္းသည့္ အျမင္ရွိေနၿပီးျဖစ္သည္။ ဒီဇာတ္ေကာင္သည္ ေနာက္ခံ အႀကီးႀကီးမွ လာခဲ့တာမ်ိဳး မဟုတ္သလို စရိုက္လကၡဏာ ေကာင္းေကာင္းလည္း ရွိမေနပါေခ်။ သူမက အရာရာတိုင္း အတြက္ သူမရဲ႕အစ္မ,အန္ယြီထုန္ေပၚမွာ မွီခိုရသည္။ ဒါ ေတာင္မွ သူမ ေမာက္မာဟန္ လုပ္ေသး၏။ မႏွစ္ၿမိဳ႕ဖြယ္ ေကာင္းလွေသာ စိတ္သေဘာထားပဲ!


စုယာယာသည္လည္း အန္ယြီထင္သည္ ခ်န္ရႈံခ်ီကို သူမရဲ႕အစ္မျဖစ္သူရဲ႕ ေနာက္ကြယ္မွာ စနိုက္ဖို႔ လုပ္တာ ေၾကာင့္ မႀကိဳက္ေပ။ ခ်န္ရႈံခ်ီႏွင့္ အန္ယြီထုန္တို႔ လက္ထပ္ ၿပီးခ်ိန္ စာအုပ္ရဲ႕ ဒုတိယတစ္ဝက္ေလာက္မွာေတာင္ သူမ သည္ သူတို႔ရဲ႕အိမ္မွာ ေရဝင္ခ်ိဳးၿပီး ေဖာက္ထြင္းျမင္ေနရတဲ့ ဇာညအိပ္ဝတ္စုံကို ဝတ္ၿပီး အန္ယြီထုန္ အျပင္မွာ ရွိေနစဥ္ ခ်န္ရႈံခ်ီကို ျမႇူဆြယ္ဖို႔ ႀကိဳးစားခဲ့ေသး၏။ ခ်န္ရႈံခ်ီက သူ႕ကို ျမႇူဆြယ္ဖို႔ ႀကိဳးစားတာကို မလႈပ္ခဲ့လို႔သာ။ ေနာက္ဆုံးမွာ ေတာ့ သူသည္ သူမကို ရက္ရက္စက္စက္ သင္ခန္းစာတစ္ခု သင္ေပးလိုက္၏။


စုယာယာသည္ မယားငယ္ျဖစ္ဖို႔ လိုအင္ေလာဘ မီးေတာက္ေနၾကတဲ့ လူေတြကို မုန္းသည္။ သူတို႔ လိမ့္ဖို႔ လုပ္ေနတဲ့သူက သူတို႔ေတြရဲ႕ေသြးသားအစ္မရင္းဆိုရင္ေတာ့ ပိုဆိုးေပါ့။ သူမ ထိုသူေတြကို စက္ဆုပ္႐ြံရွာသည္။


အန္ယြီထင္ကလည္း သူမကို အထင္အျမင္ေသးစြာ ၾကည့္ၿပီး တစ္ခ်ိန္တည္းမွာပင္ သူမကို ႏွောက္ယွက္ဖို႔ ပ်င္း လို႔ ေနသည္။ သူမသည္ ဒီအေရးမပါသည့္မိန္းမကို စကား ပင္ ေျပာမေနခ်င္။ ဒါ့ေၾကာင့္ အန္ယြီထင္သည္ စုယာယာ မတည္ရွိေနသလိုမ်ိဳး သဏၭာန္လုပ္သည္။


ထိုစဥ္ ေရွ႕ေကာင္တာမွာ အလုပ္လုပ္ေနတဲ့ လီလန္က စုယာယာကို သတိျပဳမိသြားသည္။ အရင္တစ္ခါက သူမ၏ မ်က္ႏွာကို ျဖတ္ရိုက္ခံလိုက္ရသလို အေတြ႕အႀကဳံေၾကာင့္ သူမေလးကို လ်စ္လ်ဴမဝံ့ရဲေခ်။ လီလန္သည္ သူမေလးကို ၿပဳံးျပၿပီး ေျပာသည္။


"မစ္စုလား? ဉကၠဌခ်န္က ကြၽန္မကို ေျပာျပထားပါ တယ္.. ကြၽန္မ အစ္မအတြက္ တံခါးဖြင့္ေပးပါမယ္ရွင့္"


"ေက်းဇူးပါ"


စုယာယာသည္ ၿပဳံးျပၿပီး ေက်းဇူးတင္စကားဆိုသည္။ သူမက ေန႕လည္စာဘူးကို သယ္ရင္း လိုက္သြားခဲ့သည္။


"မင္းတို႔ေတြ သြားခြင့္မရွိဘူး!"


စုယာယာ သြားေတာ့မယ္ဆိုတာကို ျမင္ေတာ့ အန္ယြီထင္သည္ သူမေလးကို ဆြဲထားၿပီး သြားလို႔မရေအာင္ လုပ္သည္။


သူမက လီလန္ကို မာမာထန္ထန္ စစ္ေမး၏။


"ငါကိုက် သြားခြင့္မေပးဘဲ သူမကိုက် ဘာလို႔ သြားခြင့္ ျပဳတာလဲ?"


"ဉကၠဌခ်န္က ကြၽန္မတို႔ကို ေျပာထား...."


"ေသာက္ေရးမပါတာ"


အန္ယြီထင္က စုယာယာကို မတူမတန္စြာ ၾကည့္သည္။ သူမသည္ ဒီတိုင္း ခ်န္ရႈံခ်ီရဲ႕အေပ်ာ္မယားတစ္ေယာက္ သာ သာ , သာမာန္ သ႐ုပ္ေဆာင္ေလးပဲလို႔ သူမ ယုံၾကည္ထား ၏။ ထိုမိန္းမ ခ်န္ရႈံခ်ီထံမွ ဘယ္ခ်ိန္မွာ စြန႔္ပစ္ခံရမလဲဆိုတာ ဘယ္သူ သိမတဲ့လဲ။ ၿပီးေတာ့ ထိုေကာင္မက သူမနဲ႕ ဘယ္ လို ယွဥ္နိုင္မွာလဲ? သူမထက္ အရင္ အေပၚတက္သြားရဲ တယ္။ ဘာႀကီးပဲျဖစ္ေနေန သူမေတာ့ ဒါကို လက္မခံခ်င္ ဘူး။


လီလန္က ရွင္းျပ၏။


"ဒါက အမွန္ပါ.. ဉကၠဌခ်န္သာ သေဘာမတူခဲ့ရင္ ကြၽန္မ သူမကို ဘယ္လိုလုပ္ တက္ခြင့္ေပးရဲပါ့မလဲ?"


အန္ယြီထင္သည္ ဒီကိစၥက အမွန္ဆိုတာကို အေသ အခ်ာ သိပါတယ္။ မဟုတ္ရင္ ဒီဧည္ႀကိဳဝန္ထမ္းမေတြက ဒီစက္ဆုပ္ဖြယ္ေကာင္းတဲ့ မိန္းမကို ဒီေလာက္ထိ ယဥ္ေက်း ျပေနပါ့မလား။ သူမက ဒီတိုင္း ဒါကို လက္မခံခ်င္တာပင္။ ေစာေစာေလးကတင္ သူမသည္ ဧည္ႀကိဳဝန္ထမ္းကို CEO ႐ုံးခန္းကို ဆက္သြယ္ၿပီး သူမ အေပၚမတက္ခင္ သူ႕ရဲ႕ ခြင့္ျပဳခ်က္ရရွိဖို႔ ေတာင္းဆိုၿပီး ခ်န္ရႈံခ်ီထံ အလည္သြားခ်င္ခဲ့ သည္။ သို႔ေသာ္ သူမ ထိုကိစၥေရးရာေတြကို လုပ္ေနရစဥ္ ဒီမတိုင္ခင္ကတည္းက စုယာယာကို သူ႕႐ုံးခန္းဆီတန္း လႊတ္ေပးဖို႔ ခ်န္ရႈံခ်ီက သူ႕ရဲ႕ဝန္ထမ္းေတြကို အေၾကာင္း ၾကားထားၿပီးသားတဲ့။ ဒီစိတ္ရႈပ္စရာမိန္းမနဲ႕ သူမကို သူရဲ႕ ဆက္ဆံပုံက မိုးနဲ႕ ေျမႀကီးေလာက္ထိကို ကြာျခားခ်က္ ႀကီးပဲ။ သူက ဒါကို ခြင့္မျပဳနိုင္တာေၾကာင့္ စုယာယာေပၚ သူမရဲ႕ ဆြဲထားမႈကို ေလွ်ာ့ေပးဖို႔ ျငင္းဆန္ေနတာပင္။


ကံေကာင္းစြာျဖင့္ ေဟာ္႐ြိမ့္သည္ ဖုန္းေခၚဆိုမႈကို ေျပာ ၿပီးခဲ့ကာ လက္ေထာက္ခ်န္းရဲ႕ခြင့္ျပဳခ်က္ကို ရရွိလိုက္သည္။


သူမက အန္ယြီထင္ကို ေျပာသည္။


"လက္ေထာက္ခ်န္းက အစ္မ တက္လာနိုင္ပါတယ္လို႔ ေျပာပါတယ္"


သူမ ထိုစကားကို ၾကားလိုက္စဥ္ သူမရဲ႕ေမးကို ဂုဏ္ယူ ဝင့္ႂကြားစြာ ျမႇင့္လိုက္သည္။ အန္ယြီထုန္ရဲ႕ညီမဆိုတဲ့ သူမရဲ႕ ရပ္တည္မႈေၾကာင့္ ခ်န္ရႈံခ်ီက သူမကို ခြင့္မေပးစရာ အေၾကာင္းကို မရွိဘူးဆိုတာ သူမ သိ၏။


ထိုအက်ိဳးဆက္အေနနဲ႕ အန္ယြီထင္ႏွင့္ စုယာယာတို႔ ဓာတ္ေလွကားတူတူစီးလိုက္ရသည္။


အန္ယြီထင္က သူမရဲ႕ေန႕လည္စာဘူးကို ၾကည့္ၿပီး သူမ ေလွာင္သည္။


"စားလို႔ေကာ ရရဲ႕လားဟယ္? ရႈံခ်ီေကာေကာ ဘယ္ ေလာက္ ဇီဇာေၾကာင္လဲဆိုတာ နင္သိလား? သူ ဘာေတြ စားရတာႀကိဳက္လဲ ဆိုတာေရာ နင္သိလား? ေခြးေတြေတာင္ နင္ျပင္ေပးတဲ့ အစားအစာေတြကို စားမွာ မဟုတ္ဘူး"


"စိတ္မေကာင္းပါဘူး.. ဒါေပမယ့္ သူက ငါ သူ႕အတြက္ ျပင္ေပးတဲ့ အစားအစာတေွကို ေကာင္းေကာင္းစားတယ္"


စုယာယာက မ်က္ႏွာေသျဖင့္ တုံ႕ျပန္၏။ သူမ ရင္ထဲက ေန ရယ္ေနလိုက္၏။ သူမ ဆိုလို႔သည္ေခြးက ခ်န္ရႈံခ်ီ ဆိုတာ ကို သူမ(အန္ယြီထင္) မသိစရာအေၾကာင္းမရွိေပ။ သူက တကယ္လည္း လူသားအ႐ြယ္ရွိေနတဲ့ ဝံပုေလြတစ္ေကာင္ပဲ ေလ။ လူေတြကို ႏွိပ္စက္တဲ့အခ်ိန္မွာ ခက္ထန္ၾကမ္းၾကဳတ္ တယ္။ ရက္စက္ၾကမ္းတမ္းတယ္။


အန္ယြီထင္သည္ သူမရဲ႕ ျပန္ေျပာစကားကို ေတာ္ေတာ္ ေလး မေက်မနပ္ျဖစ္သြား၏။ သူမက ေပါက္ထြက္ေတာ့မည့္ ၾကက္တစ္ေကာင္လို ျဖစ္သြားကာ


"နင္ ငါ့ေရွ႕မွာ ဘာေတြ ဟန္ေဆာင္ျပေနတာလဲ? ရႈံခ်ီ ေကာေကာရဲ႕ေဘးမွာ ေနတယ္ဆို႐ုံနဲ႕ ဖီးနစ္ငွက္ျဖစ္လာနိုင္ တယ္လို႔ ေတြးမေနနဲ႕.. နင္က သူ႕ရဲ႕ ကစားစရာသာသာပဲ.. တစ္ေန႕ၾကရင္ သူက နင့္ကို ပစ္ခ်သြားမွာပဲ.. နင္ ေနာက္ပိုင္း အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္"


စုယာယာသည္ တည္ၿငိမ္ေအးေဆးေနဆဲျဖစ္ရာ သူမရဲ႕ စကားလုံးေတြေၾကာင့္ လုံးဝ စိတ္တိုျခင္းမရွိေပ။ သူမကို ျပန္ေျဖသည့္အေနျဖင့္ အသံျပဳလိုက္၏။


သူမက ကစားစရာသာသာေလးဆိုတာကို သူမလည္း သိတာေပါ့။ ဒါက သူမရဲ႕ဇာတ္ေကာင္ကို စာအုပ္ထဲမွာ ေရး ထားတဲ့အတိုင္းပဲေလ။ စုယာယာ သူမရဲ႕ေနရာကို သိပါ တယ္။ သူမရဲ႕စည္းအျပင္ကိုလည္း မေက်ာ္ဝံ့ပါဘူး။ သူမက လက္ေတြ႕မဆန္သည့္အရာေတြကိုလည္း အိမ္မက္,မက္ မေနတတ္ဘူး။ သူမ လိုခ်င္သမွ်က အခုခ်ိန္မွာ ရနိုင္သ ေလာက္ ရင္းႏွီးျမႇုပ္ႏွံမႈေတြကို ရယူဖို႔ သူမ ကြာရွင္းတဲ့အခါ က်ရင္ ပိုက္ဆံပိုရနိုင္ဖို႔အတြက္ ဒီအခြင့္အေရးကိုယူၿပီး သူနဲ႕ သူမရဲ႕ဆက္ဆံေရးကို ပိုေကာင္းေကာင္းျဖစ္ေစခ်င္တာပင္။ ထို႔ေနာက္ အက်ိဳးေကာင္းဖို႔ သူမ သူ႕ကို လက္လႊတ္ေပး လိုက္မယ္။ ဒါက သူမရဲ႕ ဉီးတည္ရာပင္ ။ အရမ္းရွင္းလင္း တယ္။


အန္ယြီထင္သည္ သူမေလးရဲ႕ဂ႐ုမစိုက္တဲ့အၾကည့္ ေၾကာင့္ ပိုေတာင္ စိတ္တိုလာ၏။ ထိုမိန္းမက ဟန္ေဆာင္ ေနတာပဲ ျဖစ္ရမယ္လို႔ သူမက ေတြးေနတယ္။ သူမ ဟန္ ေဆာင္ ေနတာပဲ!


"မထင္နဲ႕...."


အန္ယြီထင္သည္ အနည္းငယ္ ထပ္ေျပာလိုေသာ္လည္း ဓာတ္ေလွကားတံခါးက ပြင့္သြားခဲ့ၿပီ။ ေခါင္းကို ေမာ့လိုက္ စဥ္ အျပင္ဘက္ရွိ လက္ေထာက္ခ်န္ကို ျမင္လိုက္ရ၏။ ထိုအ မ်ိဳးသားက ခ်န္ရႈံခ်ီရဲ႕ေဘးက အယုံၾကည္ရဆုံးေသာ လူေတြ ထဲက တစ္ေယာက္ျဖစ္၏။ ထို႔ေၾကာင့္ ေ႐ြးခ်ယ္စရာမရွိလဲ သူမရဲ႕စကားလုံးေတြကို ျပန္ၿမိဳခ်လိဳက္ရၿပီး သူမရဲ႕ ခက္ထန္ ေနေသာအမူအရာကို ယဥ္ေက်းေသာ အၿပဳံးတစ္ခုအသြင္ ေျပာင္းလိုက္ရ၏။ သူမက သူ႕ကို ေျပာသည္။


"လက္ေထာက္ခ်န္, ရွင္က ကြၽန္မကို အထူးတလည္ လာႀကိဳေပးတာလား?"


အပိုင္း ၄၁ (ေမွ်ာ္)


{T/N:ရွင္တို႔က ေခ်တယ္ေနာ္..
က်မကလည္း ေခ်တယ္...
ေရာ့ ၃  ပိုင္း😏
}

Comment