Chapter 145(Uni & Zawgyi)

Unicode

အခန်း(၁၄၅)အထဲမှာ စပရိုက်ပါတယ် မလွဲသွားစေနဲ့နော်-၂

ချန်ရှုံ့ချီ၏လည်ပင်းနှင့် ညှပ်ရိုးတစ်လျှောက်မှာ အနက်ရောင် hickeyတွေ။

အဲ့တာတွေကို မနေ့ညက ချန်ခဲ့တဲ့သူက သူမပဲဖြစ်ဟန် တူပါသည်။ ဟုတ်တယ်မဟုတ်လား? သေလိုက်ပါတော့။ စုယာယာသည် ထပ်မကြည့်နိုင်တော့ကာ အမြန်ပဲ သူမရဲ့မျက်လုံးတွေကို လက်နှင့်ကာထားလိုက်တော့သည်။

စုယာယာ သူမရဲ့စိတ်ထဲမှာ ညည်းနေမိ၏။ ဒါ သေချာပေါက် သူကို သွေးဆောင်ဖြားယောင်းခဲ့တဲ့ ချန်ရှုံ့ချီ ကြောင့်ပဲ.. ဘယ်သူက သူ့ကို ဒီလောက်ထိကြည့်ကောင်းနေပြီး ဆွဲဆောင်အားကောင်းနေခိုင်းလို့လဲ? သူ့ကို ကြည့်လိုက်ရုံနဲ့ တင် တွန်းချပစ်ချင်အောင် သူမကို ဖြစ်စေတာကို။ ဒါ့ကြောင့် ပဲ မနေ့ညက အရက်တွေ မူးပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်က အဲ့နှီ အမှတ်အသားတွေ အကုန်လုံးကို ချန်ထားခဲ့မိတာ! ထိုသူ၏ လည်ပင်းနှင့်ရင်အုပ်ပေါ်က အရာတွေကို ကြည့်မိသောအခါ သူမ သိချင်သွားပါသည်။ မနေ့ညက သူမ ဘယ်လောက်တောင်များ တက်ကြွထက်သန်နေခဲ့သလဲဆိုတာ ပေါ့? မနေ့ညက ဖြစ်သွားသည့်ရူးသွပ်မှုကို တွေးကြည့်ဖို့ တောင် ခက်ခဲလှ၏။ သူမရဲ့မျက်လုံးတွေကို ဖုံးကာထားရင်း စုယာယာ ချန်ရှုံ့ချီအား နောက်ထပ် ကြည့်ဖို့ရာသတ္တိတို့ စုစည်း လို့ပင် မရတော့။

စောင်အောက်ကနေ ခိုးကြည့်နေသော စုယာယာအား ချန်ရှုံ့ချီ မြင်လိုက်စဉ် သူအင်္ကျိချွတ်လျက်သား တစ်ဝက်တစ်ပျက်ဖြစ်လို့နေခဲ့သည်။

အလုပ်ဖြစ်မည်မှန်း သူသိသားပဲ!

ဒီအမျိုးသမီးငယ်လေးက ချော့မြူဖို့ အရမ်းလွယ်ကူသည်။ အရသာရှိသောအစားအသောက်ရဲ့ ဆွဲဆောင်မှုကို သူမ သေချာပေါက် ခံနိုင်ရည်မရှိနိုင်ပေ။ သူ မမျှော်လင့်မိသည်က အဝတ်ချွတ်နေရင်း တစ်ဝက်တစ်ပျက်ကြီးမှာ မြင်သွားဖို့ အမြန်ထွက်လာခဲ့ခြင်းကိုသာ။ သူမက သူ့ရင်အုပ်ကို ကြည့်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ သူမ ချန်ထားခဲ့သောဒီစွဲမက်ဖွယ်ကောင်း တဲ့အမှတ်အသားတွေ အကုန်လုံးကို ကောင်းကောင်းကြီးကြည့် ပြီးမှ သူမရဲ့မျက်လုံးတွေကို လက်နှင့် ကာသွား၏။ သူမ ဒါတွေအားလုံးကို လုပ်နေစဉ် မနေ့ညက အရမ်းကိုတက်ကြွနေ ပြီး အသည်းအသန်ဖြစ်ခဲ့သော သူမရဲ့ပုံကို ပြန်စဉ်းစားမိသွား သည်! သို့သော် အဲဒီအချိန်တုန်းက သူမရဲ့အနှီပုံရိပ်က တကယ့် ကို ဆွဲဆောင်မှုရှိလှသည်လေ!

ထိုအတွေးကို တွေးမိသောအခါ ချန်ရှုံ့ချီ ရယ်မိ၏။ သူမဆီ သွားလိုက်ပြီး စုယာယာ၏လက်ကို ဖမ်းဆွဲကာ သူမကို စ,နေလိုက်သည်။

"ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို မင်းမမြင်ဖူးတာ ရှိလို့လဲ? မျက်လုံးကို ဘာအတွက် ကာနေတာလဲ?"

စုယာယာသည် သူ့ကိုကြည့်ရင်း မျက်နှာပူစွာ အောက်ကျို့စွာ ဖြေမိသည်။

"မ..မ..မဟုတ်..."

ချန်ရှုံ့ချီက တဟားဟားရယ်၏။

"မင်း မဟုတ်ဘူးလား? ကိုယ့်ကို ပြောစမ်းပါဉီး.. ဒီအမှတ် အသားတွေအကုန်လုံးကို ချန်ခဲ့တဲ့သူက မင်းမဟုတ်ဘူးလား ဟမ်?"

"အဲ့အကြောင်း မပြောနဲ့..."

စုယာယာမှာ အဲ့အကြောင်းကို နားထောင်နိုင်စွမ်းမရှိချေ။ ဝုန်းခနဲ သူမကိုယ်သူမ ချန်ရှုံ့ချီရဲ့လက်မောင်းထဲ ပစ်ဝင်ကာ သူမရဲ့လက်တစ်ဖက်က သူ့ပါးစပ်ကို ကာထားပြီး စကား ဆက်ပြောနေရာမှ ရပ်စေလိုက်သည်။

ဒီအမျိုးသမီးငယ်လေးက သူ့လက်မောင်းထဲ ဒီတိုင်း ခုန်ဝင်လာတာကို ကြည့်ပြီး ချန်ရှုံ့ချီသည် သူမကို အလွယ်တကူ ဖက်ထားလိုက်ပြီး အကျယ်ကြီး အော်ရယ် သည်။

"ဒီတော့ နောက်ဆုံး မင်းကိုယ့်ကို စကားပြောချင်စိတ် ရှိလာပြီပေါ့... ကိုယ်က မင်းအဲ့ထဲမှာပဲ ပုန်းနေပြီး ကိုယ့်ကို တစ်သက်လုံး လျစ်လျူရှုထားတော့မယ်လို့ ထင်လိုက်တာ.. ကိုယ် ဘယ်လောက်တောင် သနားစရာကောင်းနေမလဲဆိုတာ မင်းတွေးမိရဲ့လား?"

သနားစရာကောင်းတယ်? ဘယ်လိုတောင်? နောက်ပြီး သူက အဲ့ကိစ္စကို ကွန်ပလိန်းတက်နေတယ်ပေါ့လေ? ဒီသတ္တဝါက လူလိမ္မာလေးလို သရုပ်ဆောင်တဲ့နေရာမှာတော့ တကယ့်ကို အရမ်းတော်တာပဲ! စုယာယာ တွေးလိုက်မိသည်။ တွက်ချက်ကြည့်ရမည်ဆိုပါက မနေ့ညမှာ ဆုံးရှုံးမှုကို ခံစားခဲ့ရ တဲ့သူက သူမဆိုတာ အရှင်းသားကြီးပါ။

ချန်ရှုံ့ချီသည် သူမပါးပြင်ပေါ်ရှိ နီမြန်းနေမှုကို ကြည့်ဖို့ရာ ခေါင်းကို အောက်ငုံ့လိုက်သည်။ ပျားရည်အလွှာတစ်လွှာ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည့် ကြင်နာချိုသာသော အသံနှင့် သူမကို မချော့မြူခင် နဖူးလေးပေါ် အနမ်းတစ်ပွင့် မစွန့်ကြဲဘဲ မနေနိုင်တော့။

"အိုကေ, ရှူး.. ကိုယ်တို့ မနေ့ညကအကြောင်း နောက်ထပ်မပြောတော့ဘူး"

"အင်း!!"

သင့်တင့်လျောက်ပတ်သော အဆိုပြုချက်ပဲ။ ဒါသည် စုယာယာ မျှော်လင့်နိုင်သမျှ အရာအားလုံးဖြစ်၏။ သူမက အမြန်ပဲ ထပ်ပေါင်းပြောလိုက်သည်။

"အဲ့အကြောင်းကို အားလုံးမေ့ပစ်ကြမယ်"

ချန်ရှုံ့ချီက သဘောတူ၏။

"မေ့ပစ်ကြမယ်..."

စုယာယာသည် ချန်ရှုံ့ချီအား တိတ်တခိုးအကဲခတ်နေ ပြီးပြောသည်။

"ကို ဘာတွေတွေးနေတာလဲ?"

ချန်ရှုံ့ချီက ခေါင်းခါပြလိုက်ပေမယ့် စကားပြန်ပြောရာမှာ တော့ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု တင်လို့နေသည်။

"ဘာမှမဟုတ်ပါဘူး!"

စုယာယာ သူ့ကိုမယုံပေ။ သူ့ကို လက်ညှိုးထိုး၍

"မနေ့ညက ဘာဖြစ်ခဲ့သလဲဆိုတာ မှတ်ထားတုန်းပဲမလား ဟုတ်တယ်မလား?"

"မဟုတ်ပါဘူး.. ကိုယ် မေ့ပစ်လိုက်ပါပြီ"

ချန်ရှုံ့ချီက မျက်နှာထားတည်တည်ဖြင့် ပြောလာသည်။

"တကယ်?"

စုယာယာ စိုးရိမ်နေမိဆဲဖြစ်သည်။

"တကယ်"

ချန်ရှုံ့ချီက တည်တံ့စွာ ခေါင်းကို ညိတ်ပြ၏။

"ပြီးရော"

နောက်ဆုံးတော့ စုယာယာ သူ့ကို ယုံပေးခဲ့လိုက်သည်။ သူ့ကို လှမ်းဖက်ပြီး

"အဲဒါဆို အခု ယာယာတို့ အပြင်သွားစားကြမယ်"

ထိုအသံကြားတော့ ချန်ရှုံ့ချီက ရယ်၏။ တကယ့်ကိုပဲ သူမလေးက အရမ်းချစ်ဖို့ကောင်းပြီး ချော့ရလွယ်ကူယ်။ အစားတစ်နပ်တည်းနဲ့ ပြဿနာကို ဖြေရှင်းလို့ရသွားပြီ။

စုယာယာက သူ့ကို ဆွဲဆိတ်ပြီး စူးစူးစိုက်စိုက်ကြည့်ကာ ပြောသည်။

"မရယ်ရတော့ဘူးနော်"

သူမ နှုတ်ခမ်းထော်လာတာကိုမြင်တော့ ချန်ရှုံ့ချီက ပါးကို ဆွဲညစ်ပြီး ချော့သည်။

"ကောင်းပါပြီ ကောင်းပါပြီဗျာ.. ထပ်မရယ်တော့ပါဘူးဗျ.. အမြန် သွားဆေးကြောတော့.. ပြီးရင် အပြင်သွားကြမယ်"

ရေး! စားရတော့မယ်! နောက်ဆုံးတော့ ဟင်းချက်ဖို့ရာ မလိုတော့ဘူး။ စုယာယာပျော်နေသည်။ သူမက အမြန်ပဲ အိပ်ယာထဲမှ ထပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းဆီ ဉီးတည်တော့သည်။

အချိန်အားဖြင့် တစ်နာရီကျော်လွန်သွားပြီးနောက် သူတို့နှစ်ဉီး ပြင်လို့ဆင်လို့ပြီးခဲ့ပြီ။ ချန်ရှုံ့ချီက ကားမောင်းဖို့ရာ တာဝန်ယူရပြီး သူတို့နှစ်ဉီး လတ်တလောမှ အသစ်ဖွင့်ထားသော ပြင်သစ်စားသောက်ဆိုင်သို့ ဉီးတည်ခဲ့ကြသည်။

စားသောက်ဆိုင်မှာ အလွန်ကျေနပ်အားရစရာ ထမင်းတစ်နပ်ကို စားသုံးခဲ့ရ၏။

စားသောက်ပြီးနောက် ချန်ရှုံ့ချီက စုယာယာကို ဈေးဝယ် ထွက်ဖို့ခေါ်သွားမည်ဖြစ်ကြောင်း ပြောသည်။ စုယာယာက သဘောတူလိုက်ပြီး။ သူတို့နှစ်ဉီး အနီးဆုံးရှိမောလ်သို့ မောင်းလာခဲ့ကြသည်။

ကားထဲမှ ထွက်လာခဲ့ပြီးနောက် စုယာယာသည် မျက်မှန်ရယ်၊ mask ရယ် တပ်ထားပြီးလှည့်ကြည့်လိုက်တော့ အဲဒါတွေ ဘာမှမဝတ်ထားတဲ့ချန်ရှုံ့ချီကို မြင်လိုက်ရတာ ကြောင့် သူ့အတွက် နေကာမျက်မှန်တစ်လက် ထုတ်ပေးလိုက် သည်။

"တစ်ယောက်ယောက်က မှတ်မိသွားလို့ မှတ်မိသွားငြား ဒါလေးတပ်ထားလိုက်"

စုယာယာက တည်တံ့စွာပြောလေသည်။

ထို့ကြောင့် ချန်ရှုံ့ချီလည်း သူမ လုပ်ချင်သလို ခွင့်ပြုပေး ထားလိုက်သည်။ သူ့မှာ ဘာထင်မြင်ချက်မှရှိမနေပါ။

စုယာယာသည် ချန်ရှုံ့ချီကို နေကာမျက်မှန် ကူတပ်ပေးပြီး နောက်ကိုမှီ၍ ကြည့်ကြည့်လိုက်သည်။ အရမ်းမိုက်တယ်လို့ သူမ ထင်မိ၏။ စိုးမိုးခြယ်လှယ်လိုသော အမျိုးသားဇာတ်လိုက် ဉက္ကဌကြီးပုံစံမျိုးပင်။ ဒါ့ကြောင့် သူမရဲ့ဖုန်းကို ထုတ်ကာ ပုံနည်းနည်းလောက် လျှပ်တစ်ပြက်ရိုက်ချက် ယူလိုက်သည်။

"ပြီးပြီလား?"

ချန်ရှုံ့ချီသည် စုယာယာ၏တောင်းဆိုချက်အရ ပို့စ်ပေးနေ ရခြင်းဖြစ်သည်။ ပုံအနည်းငယ်ခန့် သူမ ရိုက်ပြီးမှသာ ပြီးပြီလားဆိုတာ မေးလိုက်ခြင်းဖြစ်သည်။

စုယာယာက သူမရဲ့ဖုန်းထဲရှိ ဓာတ်ပုံတွေကို ကြည့်ပြီး သူမ ပြောကိုပြောရမှဖြစ်တော့မည်။ ချန်ရှုံ့ချီက တကယ့်တကယ့်ကို အရမ်းကြည့်ကောင်းလွန်း၏။ သရုပ်ဆောင်ကြယ်ပွင့် တစ်ယောက်ထက် လုံးဝမလျော့ချေ။ သူမရဲ့ဖုန်းနှင့် သာမန်ရိုးကျ ပုံလေးအနည်းငယ်လောက် ရိုက်ယူလိုက်ရုံလေးတင် ဖြစ်ပြီး ပြင်ထားခြင်းတစ်စက်မှပင် မရှိပါဘဲနှင့် အရမ်းကိုကြည့်လို့ကောင်းနေပြီဖြစ်သည်။

"ပြီးပြီ... ကြည့်ကောင်းပါတယ်"

စုယာယာ သူမရဲ့လက်ရာကို အရမ်းနှစ်ခြိုက်လို့နေ၏။

ချန်ရှုံ့ချီသည် ဓာတ်ပုံတွေကို လာကြည့်သည်။ သူက အဲ့ထဲက တစ်ပုံကို လက်ထောက်ပြပြီး ပြော၏။

"အဲ့တစ်ပုံကို ကိုယ့်ဆီပို့ပေး"

စုယာယာ ထိုပုံအား ကြည့်လိုက်သည်။ ဟွန့်, အဲ့ပုံက အကောင်းဆုံးပုံပဲလေနော်။ ချန်ရှုံ့ချီက တကယ့်ကို တစ်ကိုယ်ကောင်းသမားပဲ!

ဒါသည် သူမရဲ့အတွေးဖြစ်ပေမယ့် သူကတော့ တကယ့်ကို အရမ်းပဲချောလွန်းတယ်။ ဒါ့ကြောင့် စုယာယာ သူ့ကို အဲ့ပုံပို့ပေးလိုက်၏။

ပုံကို ရသွားပြီးနောက် ချန်ရှုံ့ချီသည် ပုံကို တစ်ချက်ကြည့် လိုက်သည်။ ကျေနပ်သွားကာ သူ့ဖုန်းထဲ သိမ်းထားလိုက်တော့ ၏။

ထို့နောက် သူတို့နှစ်ဉီး လက်ချင်းတွဲကာ ဈေးဝယ်ထွက်ခဲ့ ကာ အဝတ်အစားပိုင်းမှ ဖိနပ်နှင့်ဉီးထုပ်တွေထိ လျှောက် ကြည့်နေသည်။ စုယာယာက အဝတ်အစားတွေ စမ်းဝတ် ကြည့်နေစဉ် ချန်ရှုံ့ချီက ဘေးမှ စောင့်နေပေးသည်။

သူတို့နှစ်ယောက်ကို မှတ်မိတဲ့သူ မရှိတာမျိုးမဟုတ်ဘဲ ဓာတ်ပုံရိုက်တာမျိုးတွေ ဒါမှမဟုတ် သူတို့ရဲ့နာမည်ကို အော်ခေါ်တာမျိုးတွေ မလုပ်ဖို့ မျက်နှာထားခပ်တင်းတင်းနှင့် ချန်ရှုံ့ချီကြီးက သွားပြောထားလို့သာဖြစ်သည်။ ကံကောင်းစွာ ဖြင့် သူ၏ခက်ထန်သောအမူအရာနှင့် သူတို့ရဲ့မည်သူမည်ဝါ ဖြစ်ကြောင်းကို သိသွားကြသောအခါ အဲ့နှီလူတွေသည် ကံစမ်း ဖို့ရာမရဲတော့သလို သူပြောသည့်အတိုင်း လက်ခံပြီး အဝေးမှသာ ကြည့်နေရရှာတော့သည်။ သို့သော်ငြား ထိုလူတွေ သည် သူတို့ကို စိတ်အားထက်သန်သောအကြည့်တို့နှင့် စောင့်ကြည့်နေခဲ့ကြ၏။

ထိုနေ့တွင် သူမနှင့်အတူ ချန်ရှုံ့ချီပါ ပါလာသဖြင့် ချန်ရှုံ့ချီ က အထုတ်ဆွဲနေရစဉ် စုယာယာကတော့ ဝယ်ပြီးရင်းဝယ်ရင်း ပင်။ နောက်တော့ သူတို့လက်ထဲမှာ ပစ္စည်းအပြည့်နှင့် အိမ်သို့ ပြန်ခဲ့ကြတော့သည်။

အခန်း ၁၄၆(မျှော်)


#Zawgyi

အခန္း(၁၄၅)အထဲမွာ စပရိုက္ပါတယ္ မလြဲသြားေစနဲ႕ေနာ္-၂

ခ်န္ရႈံ႕ခ်ီ၏လည္ပင္းႏွင့္ ညွပ္ရိုးတစ္ေလွ်ာက္မွာ အနက္ေရာင္ hickeyေတြ။

အဲ့တာေတြကို မေန႕ညက ခ်န္ခဲ့တဲ့သူက သူမပဲျဖစ္ဟန္ တူပါသည္။ ဟုတ္တယ္မဟုတ္လား? ေသလိုက္ပါေတာ့။ စုယာယာသည္ ထပ္မၾကည့္နိုင္ေတာ့ကာ အျမန္ပဲ သူမရဲ႕မ်က္လုံးေတြကို လက္ႏွင့္ကာထားလိုက္ေတာ့သည္။

စုယာယာ သူမရဲ႕စိတ္ထဲမွာ ညည္းေနမိ၏။ ဒါ ေသခ်ာေပါက္ သူကို ေသြးေဆာင္ျဖားေယာင္းခဲ့တဲ့ ခ်န္ရႈံ႕ခ်ီ ေၾကာင့္ပဲ.. ဘယ္သူက သူ႕ကို ဒီေလာက္ထိၾကည့္ေကာင္းေနၿပီး ဆြဲေဆာင္အားေကာင္းေနခိုင္းလို႔လဲ? သူ႕ကို ၾကည့္လိုက္႐ုံနဲ႕ တင္ တြန္းခ်ပစ္ခ်င္ေအာင္ သူမကို ျဖစ္ေစတာကို။ ဒါ့ေၾကာင့္ ပဲ မေန႕ညက အရက္ေတြ မူးၿပီးေနာက္ သူ႕ခႏၶာကိုယ္ေပၚက အဲ့ႏွီ အမွတ္အသားေတြ အကုန္လုံးကို ခ်န္ထားခဲ့မိတာ! ထိုသူ၏ လည္ပင္းႏွင့္ရင္အုပ္ေပၚက အရာေတြကို ၾကည့္မိေသာအခါ သူမ သိခ်င္သြားပါသည္။ မေန႕ညက သူမ ဘယ္ေလာက္ေတာင္မ်ား တက္ႂကြထက္သန္ေနခဲ့သလဲဆိုတာ ေပါ့? မေန႕ညက ျဖစ္သြားသည့္႐ူးသြပ္မႈကို ေတြးၾကည့္ဖို႔ ေတာင္ ခက္ခဲလွ၏။ သူမရဲ႕မ်က္လုံးေတြကို ဖုံးကာထားရင္း စုယာယာ ခ်န္ရႈံ႕ခ်ီအား ေနာက္ထပ္ ၾကည့္ဖို႔ရာသတၱိတို႔ စုစည္း လို႔ပင္ မရေတာ့။

ေစာင္ေအာက္ကေန ခိုးၾကည့္ေနေသာ စုယာယာအား ခ်န္ရႈံ႕ခ်ီ ျမင္လိုက္စဥ္ သူအကၤ်ိခြၽတ္လ်က္သား တစ္ဝက္တစ္ပ်က္ျဖစ္လို႔ေနခဲ့သည္။

အလုပ္ျဖစ္မည္မွန္း သူသိသားပဲ!

ဒီအမ်ိဳးသမီးငယ္ေလးက ေခ်ာ့ျမဴဖို႔ အရမ္းလြယ္ကူသည္။ အရသာရွိေသာအစားအေသာက္ရဲ႕ ဆြဲေဆာင္မႈကို သူမ ေသခ်ာေပါက္ ခံနိုင္ရည္မရွိနိုင္ေပ။ သူ မေမွ်ာ္လင့္မိသည္က အဝတ္ခြၽတ္ေနရင္း တစ္ဝက္တစ္ပ်က္ႀကီးမွာ ျမင္သြားဖို႔ အျမန္ထြက္လာခဲ့ျခင္းကိုသာ။ သူမက သူ႕ရင္အုပ္ကို ၾကည့္ၿပီး သူ႕ခႏၶာကိုယ္ေပၚမွာ သူမ ခ်န္ထားခဲ့ေသာဒီစြဲမက္ဖြယ္ေကာင္း တဲ့အမွတ္အသားေတြ အကုန္လုံးကို ေကာင္းေကာင္းႀကီးၾကည့္ ၿပီးမွ သူမရဲ႕မ်က္လုံးေတြကို လက္ႏွင့္ ကာသြား၏။ သူမ ဒါေတြအားလုံးကို လုပ္ေနစဥ္ မေန႕ညက အရမ္းကိုတက္ႂကြေန ၿပီး အသည္းအသန္ျဖစ္ခဲ့ေသာ သူမရဲ႕ပုံကို ျပန္စဥ္းစားမိသြား သည္! သို႔ေသာ္ အဲဒီအခ်ိန္တုန္းက သူမရဲ႕အႏွီပုံရိပ္က တကယ့္ ကို ဆြဲေဆာင္မႈရွိလွသည္ေလ!

ထိုအေတြးကို ေတြးမိေသာအခါ ခ်န္ရႈံ႕ခ်ီ ရယ္မိ၏။ သူမဆီ သြားလိုက္ၿပီး စုယာယာ၏လက္ကို ဖမ္းဆြဲကာ သူမကို စ,ေနလိုက္သည္။

"ကိုယ့္ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းကို မင္းမျမင္ဖူးတာ ရွိလို႔လဲ? မ်က္လုံးကို ဘာအတြက္ ကာေနတာလဲ?"

စုယာယာသည္ သူ႕ကိုၾကည့္ရင္း မ်က္ႏွာပူစြာ ေအာက္က်ိဳ႕စြာ ေျဖမိသည္။

"မ..မ..မဟုတ္..."

ခ်န္ရႈံ႕ခ်ီက တဟားဟားရယ္၏။

"မင္း မဟုတ္ဘူးလား? ကိုယ့္ကို ေျပာစမ္းပါဉီး.. ဒီအမွတ္ အသားေတြအကုန္လုံးကို ခ်န္ခဲ့တဲ့သူက မင္းမဟုတ္ဘူးလား ဟမ္?"

"အဲ့အေၾကာင္း မေျပာနဲ႕..."

စုယာယာမွာ အဲ့အေၾကာင္းကို နားေထာင္နိုင္စြမ္းမရွိေခ်။ ဝုန္းခနဲ သူမကိုယ္သူမ ခ်န္ရႈံ႕ခ်ီရဲ႕လက္ေမာင္းထဲ ပစ္ဝင္ကာ သူမရဲ႕လက္တစ္ဖက္က သူ႕ပါးစပ္ကို ကာထားၿပီး စကား ဆက္ေျပာေနရာမွ ရပ္ေစလိုက္သည္။

ဒီအမ်ိဳးသမီးငယ္ေလးက သူ႕လက္ေမာင္းထဲ ဒီတိုင္း ခုန္ဝင္လာတာကို ၾကည့္ၿပီး ခ်န္ရႈံ႕ခ်ီသည္ သူမကို အလြယ္တကူ ဖက္ထားလိုက္ၿပီး အက်ယ္ႀကီး ေအာ္ရယ္ သည္။

"ဒီေတာ့ ေနာက္ဆုံး မင္းကိုယ့္ကို စကားေျပာခ်င္စိတ္ ရွိလာၿပီေပါ့... ကိုယ္က မင္းအဲ့ထဲမွာပဲ ပုန္းေနၿပီး ကိုယ့္ကို တစ္သက္လုံး လ်စ္လ်ဴရႈထားေတာ့မယ္လို႔ ထင္လိုက္တာ.. ကိုယ္ ဘယ္ေလာက္ေတာင္ သနားစရာေကာင္းေနမလဲဆိုတာ မင္းေတြးမိရဲ႕လား?"

သနားစရာေကာင္းတယ္? ဘယ္လိုေတာင္? ေနာက္ၿပီး သူက အဲ့ကိစၥကို ကြန္ပလိန္းတက္ေနတယ္ေပါ့ေလ? ဒီသတၱဝါက လူလိမၼာေလးလို သ႐ုပ္ေဆာင္တဲ့ေနရာမွာေတာ့ တကယ့္ကို အရမ္းေတာ္တာပဲ! စုယာယာ ေတြးလိုက္မိသည္။ တြက္ခ်က္ၾကည့္ရမည္ဆိုပါက မေန႕ညမွာ ဆုံးရႈံးမႈကို ခံစားခဲ့ရ တဲ့သူက သူမဆိုတာ အရွင္းသားႀကီးပါ။

ခ်န္ရႈံ႕ခ်ီသည္ သူမပါးျပင္ေပၚရွိ နီျမန္းေနမႈကို ၾကည့္ဖို႔ရာ ေခါင္းကို ေအာက္ငုံ႕လိုက္သည္။ ပ်ားရည္အလႊာတစ္လႊာ ဖုံးအုပ္ထားသကဲ့သို႔ ျဖစ္ေနသည့္ ၾကင္နာခ်ိဳသာေသာ အသံႏွင့္ သူမကို မေခ်ာ့ျမဴခင္ နဖူးေလးေပၚ အနမ္းတစ္ပြင့္ မစြန႔္ႀကဲဘဲ မေနနိုင္ေတာ့။

"အိုေက, ရႉး.. ကိုယ္တို႔ မေန႕ညကအေၾကာင္း ေနာက္ထပ္မေျပာေတာ့ဘူး"

"အင္း!!"

သင့္တင့္ေလ်ာက္ပတ္ေသာ အဆိုျပဳခ်က္ပဲ။ ဒါသည္ စုယာယာ ေမွ်ာ္လင့္နိုင္သမွ် အရာအားလုံးျဖစ္၏။ သူမက အျမန္ပဲ ထပ္ေပါင္းေျပာလိုက္သည္။

"အဲ့အေၾကာင္းကို အားလုံးေမ့ပစ္ၾကမယ္"

ခ်န္ရႈံ႕ခ်ီက သေဘာတူ၏။

"ေမ့ပစ္ၾကမယ္..."

စုယာယာသည္ ခ်န္ရႈံ႕ခ်ီအား တိတ္တခိုးအကဲခတ္ေန ၿပီးေျပာသည္။

"ကို ဘာေတြေတြးေနတာလဲ?"

ခ်န္ရႈံ႕ခ်ီက ေခါင္းခါျပလိုက္ေပမယ့္ စကားျပန္ေျပာရာမွာ ေတာ့ သူ႕ႏႈတ္ခမ္းေပၚမွာ အၿပဳံးတစ္ခု တင္လို႔ေနသည္။

"ဘာမွမဟုတ္ပါဘူး!"

စုယာယာ သူ႕ကိုမယုံေပ။ သူ႕ကို လက္ညွိုးထိုး၍

"မေန႕ညက ဘာျဖစ္ခဲ့သလဲဆိုတာ မွတ္ထားတုန္းပဲမလား ဟုတ္တယ္မလား?"

"မဟုတ္ပါဘူး.. ကိုယ္ ေမ့ပစ္လိုက္ပါၿပီ"

ခ်န္ရႈံ႕ခ်ီက မ်က္ႏွာထားတည္တည္ျဖင့္ ေျပာလာသည္။

"တကယ္?"

စုယာယာ စိုးရိမ္ေနမိဆဲျဖစ္သည္။

"တကယ္"

ခ်န္ရႈံ႕ခ်ီက တည္တံ့စြာ ေခါင္းကို ညိတ္ျပ၏။

"ၿပီးေရာ"

ေနာက္ဆုံးေတာ့ စုယာယာ သူ႕ကို ယုံေပးခဲ့လိုက္သည္။ သူ႕ကို လွမ္းဖက္ၿပီး

"အဲဒါဆို အခု ယာယာတို႔ အျပင္သြားစားၾကမယ္"

ထိုအသံၾကားေတာ့ ခ်န္ရႈံ႕ခ်ီက ရယ္၏။ တကယ့္ကိုပဲ သူမေလးက အရမ္းခ်စ္ဖို႔ေကာင္းၿပီး ေခ်ာ့ရလြယ္ကူယ္။ အစားတစ္နပ္တည္းနဲ႕ ျပႆနာကို ေျဖရွင္းလို႔ရသြားၿပီ။

စုယာယာက သူ႕ကို ဆြဲဆိတ္ၿပီး စူးစူးစိုက္စိုက္ၾကည့္ကာ ေျပာသည္။

"မရယ္ရေတာ့ဘူးေနာ္"

သူမ ႏႈတ္ခမ္းေထာ္လာတာကိုျမင္ေတာ့ ခ်န္ရႈံ႕ခ်ီက ပါးကို ဆြဲညစ္ၿပီး ေခ်ာ့သည္။

"ေကာင္းပါၿပီ ေကာင္းပါၿပီဗ်ာ.. ထပ္မရယ္ေတာ့ပါဘူးဗ်.. အျမန္ သြားေဆးေၾကာေတာ့.. ၿပီးရင္ အျပင္သြားၾကမယ္"

ေရး! စားရေတာ့မယ္! ေနာက္ဆုံးေတာ့ ဟင္းခ်က္ဖို႔ရာ မလိုေတာ့ဘူး။ စုယာယာေပ်ာ္ေနသည္။ သူမက အျမန္ပဲ အိပ္ယာထဲမွ ထၿပီး မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းဆီ ဉီးတည္ေတာ့သည္။

အခ်ိန္အားျဖင့္ တစ္နာရီေက်ာ္လြန္သြားၿပီးေနာက္ သူတို႔ႏွစ္ဉီး ျပင္လို႔ဆင္လို႔ၿပီးခဲ့ၿပီ။ ခ်န္ရႈံ႕ခ်ီက ကားေမာင္းဖို႔ရာ တာဝန္ယူရၿပီး သူတို႔ႏွစ္ဉီး လတ္တေလာမွ အသစ္ဖြင့္ထားေသာ ျပင္သစ္စားေသာက္ဆိုင္သို႔ ဉီးတည္ခဲ့ၾကသည္။

စားေသာက္ဆိုင္မွာ အလြန္ေက်နပ္အားရစရာ ထမင္းတစ္နပ္ကို စားသုံးခဲ့ရ၏။

စားေသာက္ၿပီးေနာက္ ခ်န္ရႈံ႕ခ်ီက စုယာယာကို ေဈးဝယ္ ထြက္ဖို႔ေခၚသြားမည္ျဖစ္ေၾကာင္း ေျပာသည္။ စုယာယာက သေဘာတူလိုက္ၿပီး။ သူတို႔ႏွစ္ဉီး အနီးဆုံးရွိေမာလ္သို႔ ေမာင္းလာခဲ့ၾကသည္။

ကားထဲမွ ထြက္လာခဲ့ၿပီးေနာက္ စုယာယာသည္ မ်က္မွန္ရယ္၊ mask ရယ္ တပ္ထားၿပီးလွည့္ၾကည့္လိုက္ေတာ့ အဲဒါေတြ ဘာမွမဝတ္ထားတဲ့ခ်န္ရႈံ႕ခ်ီကို ျမင္လိုက္ရတာ ေၾကာင့္ သူ႕အတြက္ ေနကာမ်က္မွန္တစ္လက္ ထုတ္ေပးလိုက္ သည္။

"တစ္ေယာက္ေယာက္က မွတ္မိသြားလို႔ မွတ္မိသြားျငား ဒါေလးတပ္ထားလိုက္"

စုယာယာက တည္တံ့စြာေျပာေလသည္။

ထို႔ေၾကာင့္ ခ်န္ရႈံ႕ခ်ီလည္း သူမ လုပ္ခ်င္သလို ခြင့္ျပဳေပး ထားလိုက္သည္။ သူ႕မွာ ဘာထင္ျမင္ခ်က္မွရွိမေနပါ။

စုယာယာသည္ ခ်န္ရႈံ႕ခ်ီကို ေနကာမ်က္မွန္ ကူတပ္ေပးၿပီး ေနာက္ကိုမွီ၍ ၾကည့္ၾကည့္လိုက္သည္။ အရမ္းမိုက္တယ္လို႔ သူမ ထင္မိ၏။ စိုးမိုးျခယ္လွယ္လိုေသာ အမ်ိဳးသားဇာတ္လိုက္ ဉကၠဌႀကီးပုံစံမ်ိဳးပင္။ ဒါ့ေၾကာင့္ သူမရဲ႕ဖုန္းကို ထုတ္ကာ ပုံနည္းနည္းေလာက္ လွ်ပ္တစ္ျပက္ရိုက္ခ်က္ ယူလိုက္သည္။

"ၿပီးၿပီလား?"

ခ်န္ရႈံ႕ခ်ီသည္ စုယာယာ၏ေတာင္းဆိုခ်က္အရ ပို႔စ္ေပးေန ရျခင္းျဖစ္သည္။ ပုံအနည္းငယ္ခန့္ သူမ ရိုက္ၿပီးမွသာ ၿပီးၿပီလားဆိုတာ ေမးလိုက္ျခင္းျဖစ္သည္။

စုယာယာက သူမရဲ႕ဖုန္းထဲရွိ ဓာတ္ပုံေတြကို ၾကည့္ၿပီး သူမ ေျပာကိုေျပာရမွျဖစ္ေတာ့မည္။ ခ်န္ရႈံ႕ခ်ီက တကယ့္တကယ့္ကို အရမ္းၾကည့္ေကာင္းလြန္း၏။ သ႐ုပ္ေဆာင္ၾကယ္ပြင့္ တစ္ေယာက္ထက္ လုံးဝမေလ်ာ့ေခ်။ သူမရဲ႕ဖုန္းႏွင့္ သာမန္ရိုးက် ပုံေလးအနည္းငယ္ေလာက္ ရိုက္ယူလိုက္႐ုံေလးတင္ ျဖစ္ၿပီး ျပင္ထားျခင္းတစ္စက္မွပင္ မရွိပါဘဲႏွင့္ အရမ္းကိုၾကည့္လို႔ေကာင္းေနၿပီျဖစ္သည္။

"ၿပီးၿပီ... ၾကည့္ေကာင္းပါတယ္"

စုယာယာ သူမရဲ႕လက္ရာကို အရမ္းႏွစ္ၿခိဳက္လို႔ေန၏။

ခ်န္ရႈံ႕ခ်ီသည္ ဓာတ္ပုံေတြကို လာၾကည့္သည္။ သူက အဲ့ထဲက တစ္ပုံကို လက္ေထာက္ျပၿပီး ေျပာ၏။

"အဲ့တစ္ပုံကို ကိုယ့္ဆီပို႔ေပး"

စုယာယာ ထိုပုံအား ၾကည့္လိုက္သည္။ ဟြန႔္, အဲ့ပုံက အေကာင္းဆုံးပုံပဲေလေနာ္။ ခ်န္ရႈံ႕ခ်ီက တကယ့္ကို တစ္ကိုယ္ေကာင္းသမားပဲ!

ဒါသည္ သူမရဲ႕အေတြးျဖစ္ေပမယ့္ သူကေတာ့ တကယ့္ကို အရမ္းပဲေခ်ာလြန္းတယ္။ ဒါ့ေၾကာင့္ စုယာယာ သူ႕ကို အဲ့ပုံပို႔ေပးလိုက္၏။

ပုံကို ရသြားၿပီးေနာက္ ခ်န္ရႈံ႕ခ်ီသည္ ပုံကို တစ္ခ်က္ၾကည့္ လိုက္သည္။ ေက်နပ္သြားကာ သူ႕ဖုန္းထဲ သိမ္းထားလိုက္ေတာ့ ၏။

ထို႔ေနာက္ သူတို႔ႏွစ္ဉီး လက္ခ်င္းတြဲကာ ေဈးဝယ္ထြက္ခဲ့ ကာ အဝတ္အစားပိုင္းမွ ဖိနပ္ႏွင့္ဉီးထုပ္ေတြထိ ေလွ်ာက္ ၾကည့္ေနသည္။ စုယာယာက အဝတ္အစားေတြ စမ္းဝတ္ ၾကည့္ေနစဥ္ ခ်န္ရႈံ႕ခ်ီက ေဘးမွ ေစာင့္ေနေပးသည္။

သူတို႔ႏွစ္ေယာက္ကို မွတ္မိတဲ့သူ မရွိတာမ်ိဳးမဟုတ္ဘဲ ဓာတ္ပုံရိုက္တာမ်ိဳးေတြ ဒါမွမဟုတ္ သူတို႔ရဲ႕နာမည္ကို ေအာ္ေခၚတာမ်ိဳးေတြ မလုပ္ဖို႔ မ်က္ႏွာထားခပ္တင္းတင္းႏွင့္ ခ်န္ရႈံ႕ခ်ီႀကီးက သြားေျပာထားလို႔သာျဖစ္သည္။ ကံေကာင္းစြာ ျဖင့္ သူ၏ခက္ထန္ေသာအမူအရာႏွင့္ သူတို႔ရဲ႕မည္သူမည္ဝါ ျဖစ္ေၾကာင္းကို သိသြားၾကေသာအခါ အဲ့ႏွီလူေတြသည္ ကံစမ္း ဖို႔ရာမရဲေတာ့သလို သူေျပာသည့္အတိုင္း လက္ခံၿပီး အေဝးမွသာ ၾကည့္ေနရရွာေတာ့သည္။ သို႔ေသာ္ျငား ထိုလူေတြ သည္ သူတို႔ကို စိတ္အားထက္သန္ေသာအၾကည့္တို႔ႏွင့္ ေစာင့္ၾကည့္ေနခဲ့ၾက၏။

ထိုေန႕တြင္ သူမႏွင့္အတူ ခ်န္ရႈံ႕ခ်ီပါ ပါလာသျဖင့္ ခ်န္ရႈံ႕ခ်ီ က အထုတ္ဆြဲေနရစဥ္ စုယာယာကေတာ့ ဝယ္ၿပီးရင္းဝယ္ရင္း ပင္။ ေနာက္ေတာ့ သူတို႔လက္ထဲမွာ ပစၥည္းအျပည့္ႏွင့္ အိမ္သို႔ ျပန္ခဲ့ၾကေတာ့သည္။

အခန္း ၁၄၆(ေမွ်ာ္)

Comment