Chapter 147 (Uni & Zawgyi)

Unicode

အခန်း(၁၄၇)ဉက္ကဌချန်၏ချစ်သူကောင်လေးပါဝါ ပွင့်အန်ထွက် လာခြင်း -၂

စုယာယာသည် ချန်ရှုံ့ချီ၏လက်မောင်းထဲ ညင်သာစွာ တိုးဝှေ့ပြီး ကျီစယ်သောအသံနှင့်ပြောသည်။

"အရှင်နော်, အရမ်းဆိုးတာပဲ!"

ချန်ရှုံ့ချီက တဟားဟားရယ်ကာ စုယာယာ၏နား,နား တိုးလာပြီးပြောသည်။

"ဒါပေမယ့် မင်းမကြိုက်ဘူးလား?"

ချက်ချင်းပင် စုယာယာကြောင်အမ်းသွား၏။ ဒိုင်ယာလော့ခ်မှာ ဒီစာကြောင်းတွေ မပါဘူးဆိုတာ သူမ တန်းသတိရလိုက်သည်။

သူမက ပြော၏။

"ဟန်နီ, မှားနေပြီလေ"

"မှားတယ်?"

ချန်ရှုံ့ချီက မျက်နှာပေါ်မှာ အပြုံးပန်းတစ်ပွင့်နှင့် သူမကို စိုက်ကြည့်လာသည်။

"ကိုယ့်စကားတွေက အရမ်းကို စစ်မှန်ပါတယ်နော် မဟုတ်ဘူးလား?"

"ဇာတ်ညွှန်းထဲမှာ အဲ့စာကြောင်း ပါမှမပါဘဲ"

စုယာယာသည် တည်ကြည်လေးနက်သောမျက်နှာထား နှင့် ပြောနေ၏။ သူမက စစ်ဆေးဖို့ရာ ဇာတ်ညွှန်းကို ကိုင်လိုက်ပြီး သူ တကယ်မှားနေကြောင်း ထောက်ပြသည်။

ချန်ရှုံ့ချီက သူမရဲ့ခါးသေးသေးလေးတစ်ဝိုက်ကို လက်နှင့် ပွေ့ပိုက်လိုက်ပြီး လည်ပင်းကို နမ်းဖို့ရာ ခေါင်းကို ငုံ့ချသွားသည်။ ဆွဲဆောင်မှုရှိသော အသံမျိုးနှင့်ပြောနေရင်း စွဲမက်ဖွယ်အမူအရာနှင့် သူမရဲ့အရေပြားပေါ် အသက်ရှူသွင်း ရှူထုတ် လုပ်နေ၏။

"ခုထိ မတွေးမိသေးဘူးလားဟမ်? ကို ဘာများ မှားပြောခဲ့ လို့လဲ?"

စုယာယာ၏ပါးပြင်က နီရဲတက်လာ၏။ သူ တမင်သက်သက် ပြောလိုက်မှန်း သူမ နားမလည်နိုင်စရာ အကြောင်းမရှိ။ ဒါ့ကြောင့် သူ့လက်မောင်းကို လက်ဝါးနှင့် ရိုက်ချလိုက်ပြီးပြော၏။

"အရမ်းဆိုးတာပဲ!"

ချန်ရှုံ့ချီက ရယ်နေ၏။

"တွေ့လား? ကို မှန်တယ်မလား?"

"စိတ်ရှုပ်စရာကောင်းလိုက်တာ! ယာယာက ပြောရမယ့်စာကြောင်းတွေကို မှတ်ဖို့လုပ်နေတာချည်းကို"

စုယာယာက သူမရဲ့မျက်ဝန်းလှလှလေးတွေနှင့် သူ့ကို စိုက်ကြည့်လိုက်သည်။

ချန်ရှုံ့ချီက မျက်ခုံးတစ်ဖက်ပင့်၍

"ကိုက စိတ်ရှုပ်စရာကောင်းတာလား?"

စုယာယာ: "....."

သူမ ဘယ်လိုများ ဖြေရပါတော့မလဲ?

အခြေအနေကို စောင့်ကြည့်နေကာ ချန်ရှုံ့ချီက ပိုလို့တောင် တိုးကပ်လာပြီး သူမရဲ့နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့် ခြွေချရင်း သူမလေးရဲ့အချိုဓာတ်ကို အရသာခံလိုက်သည်။ နမ်းလိုက်ပြီးနောက် သူက ကျေနပ်တကြီးပြောသည်။

"တကယ်တော့ မင်းလေးက လုံးဝ ဒါကို စိတ်ထဲ မရှိနေပါဘူးကွာ!"

စုယာယာမှာတော့ ရှက်လည်းရှက်, စိတ်လည်းတိုနေရ၏။

"ကို ဘယ်လိုဖြစ်နေတာလဲ? ပြောတော့ ကူလေ့ကျင့်ပေးမယ်ဆို, ဒီအခွင့်အရေးကို ယူပြီး ပြဿနာပဲရှာ နေတာပဲ.. အရမ်းဆိုးတယ်ကွာ"

"ဒါပေမယ့် ကိုကတော့ ပိုဆိုးနိုင်သေးတယ်!"

ပြောပြီးသည်နှင့် ချန်ရှုံ့ချီသည် ချက်ချင်းပင် စုယာယာကို ကောက်ပွေ့ကာ ခြေလှမ်းအနည်းငယ်ခန့်နှင့်ပင် ဆိုဖာဆီ အရောက်သွားပြီး သူမကို အောက်မှာ ဖိထားလိုက်သည်။

"ဟေး! ကို.. မဆော့နဲ့တော့.."

စုယာယာက သူ့ကို တွန်းထားပြီး ဗရုတ်ကျနေရာမှ ရပ်သွားဖို့မျှော်လင့်နေသည်။

ချန်ရှုံ့ချီက သူမရဲ့လက်တွေကို လွယ်လင့်တကူပင် ခေါင်းထက်မှာ ချုပ်ထားလိုက်ပြီး လက်တစ်ဖက်ကတော့ သူမရဲ့အဝတ်အစားတွေကို အမြန်ချွတ်ချနေသည်။ သူတို့နှစ်ဉီး တစ်ယောက်ခန္ဓာကိုယ်ထံ တစ်ယောက်အကြည့်ကျရောက်နေ စဉ် သူမကို မွေးကင်းစကလေးလေးလို ပြောင်စင်အောင် ချွတ်ခံလိုက်ရသည်။

ထို့နောက်တော့ သူမကို ဆိုဖာပေါ် ဖိထားလျက်နှင့်ပင် စုယာယာသည် ချန်ရှုံ့ချီကြောင့် တစ်ချီပြီးသွားခဲ့၏။ ထို့နောက် နောက်တစ်ကြိမ် သူက သူမကို အိပ်ယာပေါ် ခေါ်သွားခဲ့သည်။ သူမကတော့ လုံးဝပင်ပန်းနွမ်းနယ်နေလို့နေပေမယ့် ချန်ရှုံ့ချီ ကတော့ ဇာတ်ညွှန်းကို ယူလာပြီးတောင် တော်ဝင်ကိုယ်လုပ်တော်ရှု ပထမဆုံး နန်းတော်ထဲသို့ ဝင်လာခဲ့ပြီး ပထမဆုံးအကြိမ် ဧကရာဇ်နှင့် အိပ်ယာထဲမှာ အတူအဖော်ပြုပေးခဲ့တဲ့ အပိုင်းပါသည့်စာရွက်အား လှန်လိုက်ပြီး သူမကို အစကနေအဆုံးထိ ဖတ်ဖို့ပြောခဲ့သည်။

သူအရမ်းလွန်လွန်းသွားပြီ! စုယာယာသည် အသေအကြေ ကို အရှက်သည်းနေပြီး သူမရဲ့မျက်နှာကို လက်မောင်းတွေကြားထဲ ဖုံးကွယ်ထားကာ စာကြောင်းတွေ ဖတ်ဖို့ကို ငြင်းဆန်နေသည်။

သို့သော် သူမငြင်းလိုက်သည့်အကြိမ်တိုင်းမှာ ချန်ရှုံ့ချီက အထဲတိုးဝင်လာပြီး ဖတ်မလားမဖတ်ဘူးလား မေးသည်။

စုယာယာခမျာ ကြံရာမရဖြစ်သည်အထိ အတင်းတွန်းပို့ခံနေရပေမယ့် ခေါင်းကို ခါယမ်းပြီး မလုပ်နိုင်ကြောင်း ပြောဆဲပြောလျက်ပင်။

ချန်ရှုံ့ချီသည် သူလုပ်နေတဲ့အရာကို ရပ်လိုက်ပြီး သားကောင် အညံ့ခံဖို့ စောင့်ဆိုင်းနေသော ဝံပုလွေတစ်ကောင် အလား သူမကို စိုက်ကြည့်လို့နေသည်။

စုယာယာမှာ ဒီညှင်းဆဲမှုကို သည်းမခံနိုင်တော့သည်ဖြစ် ရာ အခြားရွေးချယ်စရာမရှိဘဲ သူ့ရဲ့ညစ်ညမ်းသော တောင်းဆိုချက်ကို နာခံလိုက်ရတော့သည်။ နောက်ဆုံးတော့ သူမ စာတစ်ကြောင်းပြီးတစ်ကြောင်း ဖတ်နေရတော့သည်။

သို့သော် ချန်ရှုံ့ချီက အရမ်းကို ဆိုးဝါးသောင်းကြမ်းလွန်း ၏။ သူမ စာတစ်ကြောင်းဖတ်လိုက်တိုင်းမှာ သူက အထဲသို့ ထိုးထည့်နေပြီး သူမအတွက် ဆက်ဖတ်ဖို့ရာ ခက်ခဲအောင် လုပ်နေပြီး စာတစ်ကြောင်းပြီးဖို့ရာ ထစ်ထစ်ငေါ့ငေါ့ဖြစ်အောင် လုပ်နေသည်။ ထိုအပိုင်းတစ်ခုလုံးပြီးဖို့ရာ သူမအတွက် အင်အားများစွာ ကုန်ဆုံးခဲ့ရလေတော့သည်။

ဟင့် ဟင့် ဟင့် ဟင့် ... အရမ်းရှက်ဖို့ကောင်းတာပဲ။ စုယာယာ ငိုချလိုက်ချင်သည်။

ဒါပေမယ့် ချန်ရှုံ့ချီကြီးကတော့ လုံးဝကို ပျော်မြူးလို့နေ၏။ သူမ စာတစ်ကြောင်း ဖတ်လိုက်သည့် အကြိမ်တိုင်း စကားလုံးတစ်လုံးချင်းစီတိုင်းမှ ကျေနပ်မှုတွေကို ခံစားခဲ့သည်လေ။

သူမ မေ့မျောသွားသည့်အချိန်မှာတော့ သူမရဲ့နှလုံးသားထဲမှာ သန္နိဌာန်တစ်ခု ချမှတ်လိုက်တော့သည်။ သူမ နောင်မှာ ဘယ်သောအခါမှ ချန်ရှုံ့ချီအား သူမနှင့်အတူ ဒိုင်ယာလော့ခ် ကူလေ့ကျင့်ပေးဖို့ရာ ခေါ်တော့မည်မဟုတ်! အကယ်၍ ဒီလိုအမှားမျိုး ထပ်မံလုပ်ခဲ့မိပါက သူမက ခွေးပဲ!

နောင်လာမည့်သုံးရက်အတွင်းမှာ စုယာယာသည် ချန်ရှုံ့ချီ အလုပ်လုပ်နေစဉ် သူမက ချန်ရှုံ့ချီ၏ကုမ္ပဏီသို့ နေ့လည်စာ သွားပို့ပေးကာ သူတို့နှစ်ဉီး ရုံးခန်းထဲမှာ နေ့လည်စာ အတူတူ စားခဲ့ကြသည်။ နေ့လည်စာစားပြီးနောက် ချန်ရှုံ့ချီက အလုပ်ပြန်မစခင် ခဏလောက် အနားယူနေစဉ်မှာ စုယာယာကတော့ တစ်ဖက်မှာ သူမရဲ့ဇာတ်ညွှန်းကို တိတ်တိတ်လေး ကျက်နေပေလိမ့်မည်။

ချန်ရှုံ့ချီထံ အစီရင်ခံစာတင်ဖို့ လာခဲ့ကြသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေသည် တစ်ချိန်လုံး ချန်ရှုံ့ချီ ဘေးမှာ နေ,နေသော စုယာယာအား တွေ့ပြီး သူမအပေါ် ထင်မြင်ချက်အသစ်တစ်ချက် ရရှိသွားခဲ့ကြတော့သည်။

{T/N:ယူတို့ရော ဒီလိုဖြစ်တတ်ကြလားမသိဘူး..
ကိုယ်ဆိုလေ တစ်ခုခုကို စတင်ပြီးလုပ်တော့မယ်ဆိုရင် အမြဲအဖျက်ပေါတာ..အမြဲပဲ..ဒီနေ့ညလည်း အဲလိုပဲ.. ငိုတောင်ငိုလိုက်ရ​​သေး😵

ခံရပါများတော့ အမှတ်သည်းခြေကြီးတယ်ပဲ ပြောရမလား..ထပ်အဖြစ်မခံချင်တော့ဘူး..အဲလိုမျိုး..ဆုံးဖြတ်ထားတဲ့ကိစ္စဆို မဖြစ်မနေကို သေချာပေါက် လုပ်ဖြစ်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်..ဒီနေ့ကတော့ ပထမဆုံး အောင်နိုင်မှုပေါ့

Anyway... ကိုယ့်ဒါဒါတွေနဲ့ ရင်ဘတ်ချင်း ပြန်ရင်းနှီးအောင် အခုလိုအကြောင်းအရာလေးတွေ ရင်ဖွင့်ကြ,ပြောကြမယ်..ယူတို့လည်း တစ်နေ့တာမှာ ဖြစ်ခဲ့တာ ပြောလို့ရတယ်။
တစ်ခုတော့ရှိတယ်..negative thinkingတွေ လျော့အောင် positive thinkingတွေ ပိုများလာအောင် ကောင်းတဲ့အကြောင်းအရာပဲပြောရမယ်။ ကိုယ်လုပ်နိုင်ခဲ့ကျော်ဖြတ်နိုင်ခဲ့တဲ့ အကြောင်းအရာမျိုး, ကျေးဇူးတင်စရာကောင်းတဲ့ အကြောင်းအရာမျိုးပေါ့.. အိုကေနော်🥰}
#CaCa☘🍀


Zawgyi







သူမက ပြော၏။

"ဟန်နီ, မှားနေပြီလေ"

"မှားတယ်?"








"အရမ်းဆိုးတာပဲ!"

ချန်ရှုံ့ချီက ရယ်နေ၏။






စုယာယာ: "....."








"ဟေး! ကို.. မဆော့နဲ့တော့.."


















#CaCa☘🍀

Comment