Chapter 128(Uni & Zawgyi)

Unicode

အခန်း(၁၂၈) ဆန်ပြုတ်တစ်ခွက်ကို မျှသောက်ကြမယ်, ဒါလေး ကိုပဲ အရမ်းချစ်တာ!-၁

ချန်ရှုံ့ချီသည် နွေးထွေးမှုကို ခံစားလိုက်ရပြီး စိတ်ထဲမှာတော့ ကယောက်ကယက်ဖြစ်နေသည်မှာ သူ့နှလုံးသားလေး အရည်ပျော်ကျတော့မည်အလား။

"သက်သာပါတယ်"

သူက ခေါင်းညိတ်ပြသည်။

"ခဏလောက် ထပ်ပြီးရေနဲ့ဆေးဉီးနော်.. ဒါမှ သိပ်မနာတော့မှာ"

စုယာယာသည် သူ့လက်ကို ဘုံပိုင်ခေါင်းအောက်သို့ နောက်တစ်ဖန် ဆွဲယူသွားကာ ကိုင်ထားပေးပြန်သည်။

သူမ လက်ကိုလွှတ်ပေးပြီး သူ့ဖာသာ လုပ်စေလို့ရတယ် ဆိုတဲ့အတွေးက သူမရဲ့စိတ်ထဲ လုံးဝဝင်မလာခဲ့ချေ။ သူ့ဟာသူ မတော်တဆ ဒဏ်ရာရသွားသည့်ကလေးကို ဂရုစိုက်ပေးနေရ သော တာဝန်ရှိမိဘတစ်ဉီးလိုပင်။ မျက်နှာထက်မှာ စိုးရိမ်နေသောအမူအရာနှင့် သူ့ဒဏ်ရာကို ဂရုတစိုက် ကိုင်တွယ်နေသည်။

ခေါင်းကို ငုံ့ထားပြီး သူမ၏နူးညံ့သောအကြည့်တို့က သူ့ လက်ချောင်းတွေပေါ်မှာသာ အာရုံစိုက်ထားသောကြောင့် သူမမျက်နှာလှလှလေး၏ ဘေးဘက်မြင်ကွင်းကို တမင်လှစ်ဟပြထားသလို ဖြစ်နေစေတော့သည်။ သူမရဲ့မျက်ဝန်းကို ရှည်လျားပြီး ထူထဲလှသော မျက်တောင်ကော့ကော့တွေက ဝန်းရံထားကာ နမ်းချင်စရာ နှုတ်ခမ်းရဲရဲတစ်စုံကလည်း သူမ၏ချစ်စရာနှာခေါင်းလုံးလုံးလေးအောက်မှာ နေရာယူထား၏။

ချန်ရှုံ့ချီသည် သူမရဲ့မျက်နှာကို မျက်တောင်မခတ် ကြည့်နေရင်း ဒါ သည် သူ သူမကို ဒီလောက် အသေးစိတ် ကြည့်ဖူးသည့်ပထမဉီးဆုံးအကြိမ်ဆိုတာကို သတိရလိုက်မိသွားသည်။ ရုတ်တရက် သူမ၏မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက သူ့စိတ်ကူးထဲက ပုံစံနှင့် အတိအကျ တူညီနေသလို ခံစားလိုက်ရသည်။

အသက်ရှူသံက ပို၍လေးလံလာသလို သူ၏လည်စေ့ကလည်း မသိမသာ အပေါ်အောက် စုံဆန်သွားခဲ့သည်။ ခေါင်းကိုငုံ့ကာ သူမရဲ့ပါးပြင်ထက် ခိုးနမ်းလိုက်သည်။

စုယာယာက မော့ကြည့်ပြီး သူ့မျက်နှာပေါ်က အပြုံးရေးရေးလေးကို တွေ့လိုက်ရသည်။

"လာရှုပ်မနေနဲ့နော်"

သူမက ဟွန်းခနဲ လုပ်သည်။

မနက်ကတည်းက ထိုသူသည် သူမကို ပြဿနာတွေချည်း ပေးနေခဲ့တာ! ပထမဆုံး သူတို့ရဲ့ပတ်သတ်မှုကို လူသိရှင်ကြားဖွင့်ချခဲ့တယ်.. အဲ့နောက် ဆန်ပြုတ်လုပ်တယ်ဆိုပြီး တူးအောင်လုပ်ပစ်တယ်.. ပြီးလည်းပြီးရော သူ့လက်ချောင်းသူ အပူလောင်အောင် လုပ်ပြန်လေရော! နေ့က တစ်ဝက်တောင် မကျိုးသေးဘူး.. အဲ့တော့ နောက် ဘာတွေဖြစ်ဉီးမလဲဆိုတာ ဘယ်သူသိမလဲ?

ချန်ရှုံ့ချီက ထပ်မံပြုံးမိကာ လိမ်လိမ်မာမာနှင့်ပြောသည်။

"အိုကေပါ.. ကို မင်းစကားကို နားထောင်ပါ့မယ်"

သူမ သူ့ကို မယုံနိုင်စွာ လှမ်းကြည့်မိသည်။ ရုတ်တရက်ကြီး သူကဘာဖြစ်လို့ လိမ္မာချင်ယောင်ဆောင်နေရပြန်တာလဲ? သူနဲ့ လုံးဝမှတူမနေဘူး!

"ကိုယ့်ဇနီးလေးရဲ့စကားကို နားထောင်ခွင့်ရတာက ကောင်းချီး တစ်ခုပဲမလား"

ကောင်းပြီ... သူ နိုင်ပါတယ်!

မိနစ်အနည်းငယ်ကြာတော့ သူ့လက်ချောင်းတွေ သိပ်မနာ တော့ပေ။ ဒါကြောင့် ဘုံပိုင်ခေါင်းကို ပိတ်လိုက်၏။

စုယာယာသည် မီးဖိုဆီသွားပြီး အိုးထဲရှိ ဆန်ပြုတ်တွေကို ကြည့်သည်။ နည်းနည်းလေး တူးသွားသော်လည်း သိပ်တော့ အခြေအနေမဆိုးသေး။ ဗီရိုကိုဖွင့်၍ ပန်းကန်လုံး သေးသေးလေး တစ်လုံးကို ယူကာ တူးသွားသည့်အပိုင်းတွေကို ဖယ်ဖို့ ယောက်မတစ်ချောင်းကိုပါ ယူလိုက်သည်။

ချန်ရှုံ့ချီရောက်လာပြီး အိုးထဲက တူးသွားသောဆန်ပြုတ်ကို မြင်တော့ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဆိုသည်။

"မစားနဲ့တော့.. အရမ်းတူးသွားပြီ"

စုယာယာ လှည့်ကြည့်ပြီး ပြုံးပြသည်။

"အဆင်ပြေပါသေးတယ်.. မတူးတဲ့နေရာတွေက စားလို့ရပါသေးတယ်"

"အဲလိုဆိုပေမယ့် ဆန်ပြုတ်က အရသာကောင်းမှာ မဟုတ်တော့ဘူးလေ.. ဘယ်လိုလုပ် စားလို့ရမှာလဲ? သွန်ပစ်လိုက်တော့မယ်!"

ချန်ရှုံ့ချီက ပြောနေရင်း အိုးဆီ လက်လှမ်းသည်။

စုယာယာက သူ့ကိုချက်ချင်းတား၏။ သူမ ပြုံးလိုက်သောအခါ ပါးပြင်ပေါ်က ချစ်စရာပါးချိုင့်လေးနှစ်ခုက ပေါ်လာပြီး နူးညံ့ချိုသာစွာ ချော့မြူသည်။

"လောင်ကုန်း, ဒါက ယာယာအတွက် ပထမဆုံးအကြိမ် ကိုချက်ပေးထားတာလေ! ယာယာ ဘယ်လိုလုပ် သွန်ပစ်ရက်မှာလဲ? ဆန်ပြုတ်က နည်းနည်းလေး ပျော့ပြဲနေပေမယ့် အတော်လေး အဆင်ပြေပါတယ်"

သူမ၏အသံချိုချိုလေးက သူ့နားတွေထဲ ဝင်လာခဲ့စဉ် မျက်စိရှေ့မှာတော့ သူမ၏အပြုံးချိုချိုလေးက ဖူးပွင့်နေခဲ့၏။ သူ့ရဲ့ယာယာလေးက ဘာဖြစ်လို့ ဒီလောက် သိတတ်လိမ္မာရတာလဲ? သူ့နှလုံးသားလေးတော့ အရည်ပျော်ကျတော့မှာပဲ။

ချန်ရှုံ့ချီ၏လည်စေ့က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကာ

"နောက်တစ်ခုကျရင် ကိုယ်မင်းအတွက် ပိုကောင်းအောင် လုပ်ပေးမယ်"

စုယာယာက ခေါင်းခါပြီးပြုံးပြသည်။

"ဒါက ကို ယာယာအတွက် လုပ်ပေးထားတဲ့ ပထမဆုံး ဆန်ပြုတ်လေ.. အများကြီးပိုလေးနက်တယ်.. ယာယာက ဒါကိုပဲသောက်မှာ"

ချန်ရှုံ့ချီသည် သူမကိုကြည့်ရင်း အင်တင်တင်ဖြင့်အရှုံး ပေးလိုက်ရသည်။ သူ ဘယ်လိုလုပ်မပေးဘဲ နေနိုင်မည်လဲ?

"အတူတူစားမယ်.. ဒါဆို"

ထိုသူက တုန်နေအောင်ချစ်သည့်ဟန်ဖြင့် ပြောလာသည်။

ဆန်ပြုတ်ကို သူချက်ထားတာဖြစ်ပြီး အမှားကိုလည်း သူပဲ လုပ်ခဲ့တာ။ ဒါတွေအကုန်လုံး သူမတစ်ယောက်တည်း သောက်နေမှာကို သူကြည့်မနေနိုင်ဘူး။

"အိုကေ!"

စုယာယာက ချိုချိုသာသာပင် သဘောတူခဲ့သည်။ သူမ တစ်ယောက်တည်း ကုန်အောင်သောက်ရတာ ထက်စာရင် သူနဲ့တစ်ဝက်မျှသောက်ရတာက မဆိုးလေဘူးလေ။

လက်တစ်ဖက်က သူမကို ဖက်ထားပြီး ကျန်တစ်ဖက်က ဆန်ပြုတ်ပန်းကန်ကို ကိုင်ထားရင်းဖြင့် ထမင်းစားခန်းထဲသို့ ခေါ်သွားသည်။

"လာ... စားကြစို့"

#Jun 6 2022

#CaCa








Zawgyi




အခန္း(၁၂၈) ဆန္ျပဳတ္တစ္ခြက္ကို မွ်ေသာက္ၾကမယ္, ဒါေလး ကိုပဲ အရမ္းခ်စ္တာ!-၁

ခ်န္ရႈံ႕ခ်ီသည္ ႏြေးေထြးမႈကို ခံစားလိုက္ရၿပီး စိတ္ထဲမွာေတာ့ ကေယာက္ကယက္ျဖစ္ေနသည္မွာ သူ႕ႏွလုံးသားေလး အရည္ေပ်ာ္က်ေတာ့မည္အလား။

"သက္သာပါတယ္"

သူက ေခါင္းညိတ္ျပသည္။

"ခဏေလာက္ ထပ္ၿပီးေရနဲ႕ေဆးဉီးေနာ္.. ဒါမွ သိပ္မနာေတာ့မွာ"

စုယာယာသည္ သူ႕လက္ကို ဘုံပိုင္ေခါင္းေအာက္သို႔ ေနာက္တစ္ဖန္ ဆြဲယူသြားကာ ကိုင္ထားေပးျပန္သည္။

သူမ လက္ကိုလႊတ္ေပးၿပီး သူ႕ဖာသာ လုပ္ေစလို႔ရတယ္ ဆိုတဲ့အေတြးက သူမရဲ႕စိတ္ထဲ လုံးဝဝင္မလာခဲ့ေခ်။ သူ႕ဟာသူ မေတာ္တဆ ဒဏ္ရာရသြားသည့္ကေလးကို ဂ႐ုစိုက္ေပးေနရ ေသာ တာဝန္ရွိမိဘတစ္ဉီးလိုပင္။ မ်က္ႏွာထက္မွာ စိုးရိမ္ေနေသာအမူအရာႏွင့္ သူ႕ဒဏ္ရာကို ဂ႐ုတစိုက္ ကိုင္တြယ္ေနသည္။

ေခါင္းကို ငုံ႕ထားၿပီး သူမ၏ႏူးညံ့ေသာအၾကည့္တို႔က သူ႕ လက္ေခ်ာင္းေတြေပၚမွာသာ အာ႐ုံစိုက္ထားေသာေၾကာင့္ သူမမ်က္ႏွာလွလွေလး၏ ေဘးဘက္ျမင္ကြင္းကို တမင္လွစ္ဟျပထားသလို ျဖစ္ေနေစေတာ့သည္။ သူမရဲ႕မ်က္ဝန္းကို ရွည္လ်ားၿပီး ထူထဲလွေသာ မ်က္ေတာင္ေကာ့ေကာ့ေတြက ဝန္းရံထားကာ နမ္းခ်င္စရာ ႏႈတ္ခမ္းရဲရဲတစ္စုံကလည္း သူမ၏ခ်စ္စရာႏွာေခါင္းလုံးလုံးေလးေအာက္မွာ ေနရာယူထား၏။

ခ်န္ရႈံ႕ခ်ီသည္ သူမရဲ႕မ်က္ႏွာကို မ်က္ေတာင္မခတ္ ၾကည့္ေနရင္း ဒါ သည္ သူ သူမကို ဒီေလာက္ အေသးစိတ္ ၾကည့္ဖူးသည့္ပထမဉီးဆုံးအႀကိမ္ဆိုတာကို သတိရလိုက္မိသြားသည္။ ႐ုတ္တရက္ သူမ၏မ်က္ႏွာအစိတ္အပိုင္း တစ္ခုခ်င္းစီတိုင္းက သူ႕စိတ္ကူးထဲက ပုံစံႏွင့္ အတိအက် တူညီေနသလို ခံစားလိုက္ရသည္။

အသက္ရႉသံက ပို၍ေလးလံလာသလို သူ၏လည္ေစ့ကလည္း မသိမသာ အေပၚေအာက္ စုံဆန္သြားခဲ့သည္။ ေခါင္းကိုငုံ႕ကာ သူမရဲ႕ပါးျပင္ထက္ ခိုးနမ္းလိုက္သည္။

စုယာယာက ေမာ့ၾကည့္ၿပီး သူ႕မ်က္ႏွာေပၚက အၿပဳံးေရးေရးေလးကို ေတြ႕လိုက္ရသည္။

"လာရႈပ္မေနနဲ႕ေနာ္"

သူမက ဟြန္းခနဲ လုပ္သည္။

မနက္ကတည္းက ထိုသူသည္ သူမကို ျပႆနာေတြခ်ည္း ေပးေနခဲ့တာ! ပထမဆုံး သူတို႔ရဲ႕ပတ္သတ္မႈကို လူသိရွင္ၾကားဖြင့္ခ်ခဲ့တယ္.. အဲ့ေနာက္ ဆန္ျပဳတ္လုပ္တယ္ဆိုၿပီး တူးေအာင္လုပ္ပစ္တယ္.. ၿပီးလည္းၿပီးေရာ သူ႕လက္ေခ်ာင္းသူ အပူေလာင္ေအာင္ လုပ္ျပန္ေလေရာ! ေန႕က တစ္ဝက္ေတာင္ မက်ိဳးေသးဘူး.. အဲ့ေတာ့ ေနာက္ ဘာေတြျဖစ္ဉီးမလဲဆိုတာ ဘယ္သူသိမလဲ?

ခ်န္ရႈံ႕ခ်ီက ထပ္မံၿပဳံးမိကာ လိမ္လိမ္မာမာႏွင့္ေျပာသည္။

"အိုေကပါ.. ကို မင္းစကားကို နားေထာင္ပါ့မယ္"

သူမ သူ႕ကို မယုံနိုင္စြာ လွမ္းၾကည့္မိသည္။ ႐ုတ္တရက္ႀကီး သူကဘာျဖစ္လို႔ လိမၼာခ်င္ေယာင္ေဆာင္ေနရျပန္တာလဲ? သူနဲ႕ လုံးဝမွတူမေနဘူး!

"ကိုယ့္ဇနီးေလးရဲ႕စကားကို နားေထာင္ခြင့္ရတာက ေကာင္းခ်ီး တစ္ခုပဲမလား"

ေကာင္းၿပီ... သူ နိုင္ပါတယ္!

မိနစ္အနည္းငယ္ၾကာေတာ့ သူ႕လက္ေခ်ာင္းေတြ သိပ္မနာ ေတာ့ေပ။ ဒါေၾကာင့္ ဘုံပိုင္ေခါင္းကို ပိတ္လိုက္၏။

စုယာယာသည္ မီးဖိုဆီသြားၿပီး အိုးထဲရွိ ဆန္ျပဳတ္ေတြကို ၾကည့္သည္။ နည္းနည္းေလး တူးသြားေသာ္လည္း သိပ္ေတာ့ အေျခအေနမဆိုးေသး။ ဗီရိုကိုဖြင့္၍ ပန္းကန္လုံး ေသးေသးေလး တစ္လုံးကို ယူကာ တူးသြားသည့္အပိုင္းေတြကို ဖယ္ဖို႔ ေယာက္မတစ္ေခ်ာင္းကိုပါ ယူလိုက္သည္။

ခ်န္ရႈံ႕ခ်ီေရာက္လာၿပီး အိုးထဲက တူးသြားေသာဆန္ျပဳတ္ကို ျမင္ေတာ့ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားကာ ဆိုသည္။

"မစားနဲ႕ေတာ့.. အရမ္းတူးသြားၿပီ"

စုယာယာ လွည့္ၾကည့္ၿပီး ၿပဳံးျပသည္။

"အဆင္ေျပပါေသးတယ္.. မတူးတဲ့ေနရာေတြက စားလို႔ရပါေသးတယ္"

"အဲလိုဆိုေပမယ့္ ဆန္ျပဳတ္က အရသာေကာင္းမွာ မဟုတ္ေတာ့ဘူးေလ.. ဘယ္လိုလုပ္ စားလို႔ရမွာလဲ? သြန္ပစ္လိုက္ေတာ့မယ္!"

ခ်န္ရႈံ႕ခ်ီက ေျပာေနရင္း အိုးဆီ လက္လွမ္းသည္။

စုယာယာက သူ႕ကိုခ်က္ခ်င္းတား၏။ သူမ ၿပဳံးလိုက္ေသာအခါ ပါးျပင္ေပၚက ခ်စ္စရာပါးခ်ိဳင့္ေလးႏွစ္ခုက ေပၚလာၿပီး ႏူးညံ့ခ်ိဳသာစြာ ေခ်ာ့ျမဴသည္။

"ေလာင္ကုန္း, ဒါက ယာယာအတြက္ ပထမဆုံးအႀကိမ္ ကိုခ်က္ေပးထားတာေလ! ယာယာ ဘယ္လိုလုပ္ သြန္ပစ္ရက္မွာလဲ? ဆန္ျပဳတ္က နည္းနည္းေလး ေပ်ာ့ၿပဲေနေပမယ့္ အေတာ္ေလး အဆင္ေျပပါတယ္"

သူမ၏အသံခ်ိဳခ်ိဳေလးက သူ႕နားေတြထဲ ဝင္လာခဲ့စဥ္ မ်က္စိေရွ႕မွာေတာ့ သူမ၏အၿပဳံးခ်ိဳခ်ိဳေလးက ဖူးပြင့္ေနခဲ့၏။ သူ႕ရဲ႕ယာယာေလးက ဘာျဖစ္လို႔ ဒီေလာက္ သိတတ္လိမၼာရတာလဲ? သူ႕ႏွလုံးသားေလးေတာ့ အရည္ေပ်ာ္က်ေတာ့မွာပဲ။

ခ်န္ရႈံ႕ခ်ီ၏လည္ေစ့က နိမ့္ခ်ည္ျမင့္ခ်ည္ လႈပ္ရွားသြားကာ

"ေနာက္တစ္ခုက်ရင္ ကိုယ္မင္းအတြက္ ပိုေကာင္းေအာင္ လုပ္ေပးမယ္"

စုယာယာက ေခါင္းခါၿပီးၿပဳံးျပသည္။

"ဒါက ကို ယာယာအတြက္ လုပ္ေပးထားတဲ့ ပထမဆုံး ဆန္ျပဳတ္ေလ.. အမ်ားႀကီးပိုေလးနက္တယ္.. ယာယာက ဒါကိုပဲေသာက္မွာ"

ခ်န္ရႈံ႕ခ်ီသည္ သူမကိုၾကည့္ရင္း အင္တင္တင္ျဖင့္အရႈံး ေပးလိုက္ရသည္။ သူ ဘယ္လိုလုပ္မေပးဘဲ ေနနိုင္မည္လဲ?

"အတူတူစားမယ္.. ဒါဆို"

ထိုသူက တုန္ေနေအာင္ခ်စ္သည့္ဟန္ျဖင့္ ေျပာလာသည္။

ဆန္ျပဳတ္ကို သူခ်က္ထားတာျဖစ္ၿပီး အမွားကိုလည္း သူပဲ လုပ္ခဲ့တာ။ ဒါေတြအကုန္လုံး သူမတစ္ေယာက္တည္း ေသာက္ေနမွာကို သူၾကည့္မေနနိုင္ဘူး။

"အိုေက!"

စုယာယာက ခ်ိဳခ်ိဳသာသာပင္ သေဘာတူခဲ့သည္။ သူမ တစ္ေယာက္တည္း ကုန္ေအာင္ေသာက္ရတာ ထက္စာရင္ သူနဲ႕တစ္ဝက္မွ်ေသာက္ရတာက မဆိုးေလဘူးေလ။

လက္တစ္ဖက္က သူမကို ဖက္ထားၿပီး က်န္တစ္ဖက္က ဆန္ျပဳတ္ပန္းကန္ကို ကိုင္ထားရင္းျဖင့္ ထမင္းစားခန္းထဲသို႔ ေခၚသြားသည္။

"လာ... စားၾကစို႔"

#Jun 6 2022

#CaCa

Comment