Chapter - 97

နှစ်သစ်ကူးနေ့မှာ ကျောင်းသုံးရက်ပိတ်တယ်။ အထက်တန်းကျောင်းသားတွေအတွက်လည်း နောက်ဆုံးတော့ အသက်ရှူချောင်သွားတာပေါ့။

သို့ပေမယ့်လည်း ဆရာတွေက အိမ်စာတွေနင်းကန်ပေးတော့ မပိတ်တာကမှ ကောင်းသေးတယ်လို့ တွေးမိကြတယ်။

ညနေပိုင်းအတန်းပြီးတော့ ရင်းအိမ်တော်က ဒရိုက်ဘာက ရောက်နှင့်နေပြီ။ ရင်းချယ်လည်း ကားထဲဝင်ထိုင်လိုက်တော့ ရင်းဇယ်က သူ့ကိုတစ်ချက်လှမ်းကြည့်တယ်။
"ကောကို အိမ်မပြန်တော့ဘူး မှတ်နေတာ"

"နှစ်သစ်ကူးတော့ ပြန်ရမှာပေါ့"

"ကောင်လေးနဲ့များ မခွဲနိုင်ဘူးလားလို့လေ"

"အားဇယ်ကရော ကောင်မလေးနဲ့ မခွဲနိုင်လို့လား?"

"ငါက ၁ရက်နေ့ ချိန်းထားတယ်"

"အာ အဲ့လိုကိုး"
ကျန့်ယောင်ကို သူ မပြောခဲ့ရဘူး၊ ဒါပေမယ့် သူ့ဘက်ကလည်း စပြီးမကမ်းလှမ်းချင်ပြန်ပေ။

သူက ကျန့်ယောင်လိုမျိုး အကုန်ပြောထွက်တဲ့ လူမျိုးမဟုတ်ပေ။ ပိတ်တာမှ သုံးရက်လေးကို ဒိတ်ကြရအောင်ဆိုရင် အရမ်းတွယ်ကပ်သလို ဖြစ်နေလိမ့်မယ်။

ရင်းဇယ်က သူ့ကိုတစ်ချက်လှမ်းကြည့်ကာ သဘောပေါက်သွားတော့
"ကောက တခါတခါကျ တကယ် တအားကိုလေးတာပဲ"

"Mhm"

"ကျောင်းမှာ ကောအပေါ် သူများတွေ အမြင်က ပိုပိုဆိုးလာပြီ အဲ့ဒါသိရဲ့လား?"
ရင်းဇယ်က ပြောတယ်။
"မနေ့က သူများတွေပြောနေတာ ငါကြားခဲ့သေးတယ် ကောက အတန်းဖော်တစ်ယောက်ကို ခေါင်မိုးထပ်ခေါ်သွားပြီး ငိုအောင်အနိုင်ကျင့်ခဲ့တယ်တဲ့ ကျန့်ယောက်က လာပြီးဖြန်ဖြေပေးလို့သာတဲ့"

ရင်းချယ်က ရယ်တယ်။
"အဲ့ဒါတွေက သူတို့ပါးစပ်ထဲက ကောလဟာလတွေပါ"

"ကောလဟာလဆိုတာ ငါကသိတယ်လေ၊ ဒါပေမယ့် တခြားလူတွေက သိပါ့မလား? သူတို့က ကောကို ကောလဟာလတွေကနေပဲ သိကြရတာ၊ ကောရှင်းပြတောင် သူတို့ကယုံမှာမဟုတ်ဘူး၊ လူတွေက ကောကို မနာလိုနေကြတာ"

"မနာလိုတယ်? ကျန့်ယောင်ကြောင့်လား"

"သူ့ကြောင့်တင်မဟုတ်ဘူး ရုတ်တရက်ကြီး အဆင့်တက်လာတာတွေရော မိသားစုနောက်ခံကြောင့်ရော သူတို့ဘယ်လောက်ကြိုးစားကြိုးစား မရနိုင်တာတွေကို ကောက လွယ်လွယ်လေးရထားတာလေ၊ ဘယ်မနာလိုပဲ နေပါ့မလဲ?"

"ထားလိုက်ပါ သူတို့လည်း အပြောပဲတတ်နိုင်တာပဲ ဘာမှလာလုပ်လို့ ရတာမှမဟုတ်တာ"

ရင်းဇယ် : "ဘာပဲဖြစ်ဖြစ်ပါ အဲ့ဒါကောကိစ္စ"

...

ညနေစာစားပြီးတော့ ရင်းချွမ်ထိုက်က ပြောစရာရှိလို့ဆိုကာ ရင်းချယ်ကို စာကြည့်ခန်းထဲ ခေါ်သွားတယ်။

"စစ်ဆေးချက်အဖြေက ထွက်လာပြီ၊ မင်း ကိုယ်တိုင်ဖတ်ကြည့်လိုက်"

ရင်းချယ် စာရွက်ကိုယူပြီး ဖတ်ကြည့်တော့ ပါဝင်ပစ္စည်းတွေက သကြားရယ် နွားနို့ရယ် လက်ဖက်ခြောက်.... ဘာမှတော့ ထူးခြားတာမတွေ့ရပေ၊ နောက်တော့ သူမသိတဲ့ အရာတစ်ခုပါလာတယ်။

"ဒါက ဘာလဲ?"

"Catalyst တစ်မျိုး"

"အဲ့ဒါဘာလဲဟင်?"

"Omegaကို heatဖြစ်စေတဲ့အရာ"

ရင်းချယ်ရင်ထဲ တုန်လှုပ်သွားတယ်။

တစ်ဖက်က ကြံစည်တဲ့သူက သူ့ကို heat စောပြီးဖြစ်စေချင်နေတာဖြစ်မယ်၊ ကျန့်ယောင်ရဲ့ pheromoneနဲ့ကလည်း သူနဲ့ 100%ကိုက်ညီမှုမဖြစ်သေးဘူး၊ ဆိုလိုတာက အဲ့လိုသာဆို သူဟာ heatကာလကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။

Heatကာလကို မဖြတ်ကျော်နိုင်တဲ့ omegaတစ်ယောက်က ဘာဖြစ်သွားမလဲဆိုတာ သူ့ထက် ဘယ်သူကများ ပိုသိဦးမလဲ။

"အဲ့ဘူးကို ဘယ်သူကပေးတာလဲ?"
ရင်းချွမ်ထိုက်က လေးနက်စွာ မေးလာတယ်။
"ဒါက လူသတ်မှုကျူးလွန်တာနဲ့ အတူတူပဲ၊ ကျောင်းမှာ သားကို ဒီလောက်ထိတောင် မုန်းတဲ့လူရှိနေတာလား?"

ရင်းချယ်က လက်တစ်ဖက်မြှောက်ပြကာ
"ပါး ဒီကိစ္စကို ခနထားလိုက်ဦး"

"ဘယ်လိုလုပ် ခနထားလို့ရမှာလဲ? ဒါဘယ်လောက် အန္တရာယ်များလဲ သိရဲ့လား?"

"သိတယ် ဒါပေမယ့် ကျွန်တော့်အထင် ကျွန်တော့်ကို အဲ့လောက်ထိမုန်းတဲ့သူက ဒါကိုပေးတဲ့လူဖြစ်နိုင်ဘူးလို့ ထင်တယ်"

"ဘာအထောက်အထားရှိလို့လဲ?"

"မရှိဘူး အဲ့တာကြောင့် အထောက်အထားကို အရင်ရှာကြည့်ချင်တာ၊ ပြီးတော့ သူဆေးခတ်တယ်ဆိုတာ ပြောဖို့ကျွန်တော့်မှာ သက်သေလည်း မရှိဘူး၊ နာမည်ပြောပြလို့လည်း အကျိုးထူးမှာမဟုတ်ဘူး၊ ရက်နည်းနည်းလောက် စောင့်ပြီး စုံစမ်းကြည့်လိုက်ရင်  အဖြေထွက်လာမှာပါ"

ရင်းချွမ်ထိုက်ကလည်း ရှေ့နေ့တစ်ဦးဖြစ်ခဲ့သူမို့ အခုအခြေအနေမှာ ဘယ်ဟာအကောင်းဆုံးဖြစ်မယ်ဆိုတာ သူသိသည်။ အဲ့ဒါကြောင့် သူလက်ခံလိုက်ရသည်။
"မင်း ကျောင်းမှာ သတိဝီရိယနဲ့နေ အထူးသဖြင့် အစားအစာတွေ၊ မင်းတို့ကျောင်းအုပ်ကြီးကိုလည်း ပါးပြောထားမှာမို့ ဖုန်းကိုအမြဲတမ်း ကိုယ်နဲ့မကွာဆောင်ထား၊ တစ်ခုခုရှိရင် ပါးတို့ကို ချက်ချင်းဖုန်းဆက်လိုက် ကြားလား"

"ဟုတ်ကဲ့"

ရင်းချွမ်ထိုက်က ခေါင်းငြိမ့်တယ်။ နောက် တခြားအကြောင်းအရာကို သတိရသွားကာ
"ဒါနဲ့ မင်းမာမားဆီက ပြောသံကြားတယ်၊ ဒီတစ်ခေါက် အဆင့်တက်လာတယ်ဆို?"

"အကောင်းကြီးမဟုတ်ပါဘူး"

"မင်းအမေကတော့ group တွေထဲရော friend circle ထဲမှာရော အကုန်လိုက်ကြွားနေတော့တာပဲ ကြိုးစားမှုက နောက်ဆုံး အရာထင်လာပြီဆိုပြီးတော့၊ ဒါပေမယ့်.....တကယ်က အဲ့လိုမဟုတ်ဘူးမလား?"

ရင်းချယ်တစ်ယောက် သူ့အဖေရဲ့ အမြင်စူးရှမှုကိုတော့ တကယ်လေးစားမိသွားတယ်။ ဖုံးကွယ်လို့လည်း မရတော့တာမို့ သူဝန်ခံလိုက်တယ်။
"အရင်က နည်းနည်း ကန့်လန့်တိုက်ချင်လို့ တမင်မဖြေခဲ့တာ"

ရင်းချွမ်ထိုက်က ခေါင်းခါတယ်။
"သားက ကန့်လန့်တိုက်တာ မဟုတ်ဘူး သိတတ်လွန်းတာ၊ ပါးတို့ကို ဘာမှမစိုးရိမ်စေချင်တာ၊ ဝန်ထုပ်ဝန်ပိုးတွေ အားလုံးကို သားတစ်ယောက်တည်း ထမ်းထားချင်တာ၊ အင်း....ပြောရရင် အဲ့တုန်းကတည်းက အားလုံးက ပါးကြောင့်ပါ...."

"ပါး"
ရင်းချယ် ဖြတ်ပြောလိုက်မိတယ်။
"ဟိုးအရင်ကတည်းက ကျွန်တော့်ရင်ထဲမှာ ပါးက ဟီးရိုးပါ အခုထိလည်း အဲ့အတိုင်းပဲ"

ရင်းချွမ်ထိုက်က အံ့ဩသွားတယ်၊ တခနကြာတော့ တစ်ဖက်လှည့်သွားပြီး ပြောလာတဲ့အသံက ရှတတနဲ့
"အာ အဲ့လိုမပြောနဲ့..."

အဲ့တုန်းက သားအဖနှစ်ယောက်ကြားမှာ ဖွင့်ဟဖို့ခဲယဉ်းခဲ့တဲ့ အမာရွတ်တွေ ရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒဏ်ရာတွေလည်း ကျက်သွားပြီမို့ သူတို့ကြားထဲ ခွဲခြားထားတဲ့ အမာရွတ်တွေလည်း မရှိတော့ပေ။

ရင်းချယ်က ခနလောက် စဉ်းစားကြည့်ပြီးနောက် ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။
"ပါး ကျွန်တော့်မှာ ပြောစရာတစ်ခုရှိတယ်...."

တစ်နာရီကျော်ကြာလောက် ပြောပြီးကြတဲ့နောက်တော့ အဆုံးမှာ သားအဖနှစ်ယောက်လုံး မျက်လုံးတွေ နီရဲနေလေတယ်။

သူ့အဖေက တစ်ယောက်တည်း နေချင်တယ်ဆိုတာကြောင့် သူပဲ စာကြည့်ခန်းထဲက အရင်ထွက်လာခဲ့လိုက်တယ်။

အချိန်က ကိုးနာရီကျော်ရုံပဲ ရှိသေးတာမို့ အခန်းပြန်ပြီး အိမ်စာလုပ်ဖို့ အချိန်ရသေးသည်။

ဒီညက New year ညဖြစ်ကာ group chatကလည်း သက်ဝင်လှုပ်ရှားလျက်ရှိရာ ဖုန်းလေးမှာ အဆင်မပြတ် တုန်ခါနေတယ်။ ရင်းချယ်က ဒီတိုင်းပဲ ဖုန်းကိုဖွင့်ပြီး ဘေးမှာချထားတယ်၊ စာလုပ်ရင်းနဲ့ တစ်ချက်တစ်ချက်တော့ လှမ်းကြည့်ဖြစ်တယ်။

တလောလေးကမှ ငိုနေတဲ့ ကျန်းခဲ့ဟာ အခုလည်းတဖန် စကားပေါလျက်ရှိတယ်။ သို့ပေမယ့် အကြောင်းအရာကတော့ အတင်းဖျင်းမဟုတ်တော့ပဲ သင်္ချာပုစ္ဆာတွေ မေးခြင်းအဖြစ်ပြောင်းသွားတယ်။ သင်းက ရန်းရီလဲ့ကိုလည်း မြင်ရော တရစက်မေးတော့တာပဲ ၊ ရန်းရီလဲ့ကလည်း စိတ်ရှည်လက်ရှည်နဲ့ တစ်ဆင့်ချင်း ရှင်းပြတယ်။

ကျိုးဟောက်လျန် : "မင်းတို့နှစ်ယောက်တည်း သီးသန့်သွားပြောလို့ မရဘူးလားဟ! ဒီထဲလာပြီး စာတွေလုပ်နေတာ မြင်ရတာ စိတ်ပိန်လွန်းလို့!"

ကျန်းခဲ့ : "ဒီနေ့ ငါက တစ်တန်းလုံးကို စာလုပ်ရအောင် လုပ်မှာ!"

ကောကျစ်ရှုံး : "ဆက်သည်းမခံနိုင်တော့ဘူးဆိုရင်လည်းကွာ၊၊ ဒီည ဘယ်သူစာလုပ်ဦးမှာလဲဟေ့? အပြင်ထွက် dateကြရအောင်"

စာရွက်လှန်မယ် လုပ်နေတဲ့ ရင်းချယ်က ရပ်သွားတယ်။

ကျန်းခဲ့ : "ပေါက်တက်ကရနဲ့၊ ငါတို့အတန်းထဲကဖြင့် ဘယ်နှစ်ယောက်များ အပြင်ထွက် dateနိုင်မှာကျလို့၊ ဟုတ်တယ်မလား ရီလဲ့?"

ရန်းရီလဲ့ : "အဲ့ဒါကလေ....တကယ်တော့ ငါက အခုအပြင်မှာ...."

ကျန်းခဲ့ : "??? အဲ့ဒါကို ငါ့ကိုစာပြောပြနေသေးတာလား?"

ရန်းရီလဲ့ : "အတန်းဖော်ဆိုတာ အချင်းချင်း ကူညီရမှာပဲလေ....."

ကျန်းခဲ့ : "မဟုတ်ဘူးလေ မဟုတ်သေးဘူး ငါမင်းကို မနှောင့်ယှက်တော့ဘူး လုပ်စရာရှိတာ ဆက်လုပ်၊ ငါက @Han Meng၊ လောင်ဟန်ရေ စာပြပေးပါဦး!"

ဟန်မုန့် : "ဆောရီး ကျန်းခဲ့၊ ငါ တစ်ယောက်ယောက်နဲ့ shopping ထွက်နေလို့"

ကျန်းခဲ့ : ??? ဟမ်? မင်း ဘယ်တုန်းက ကောင်မလေးရသွားတာလဲ? @Chen YingYing အတန်းမော်နီတာရေ! သတင်းထူး သတင်းထူး! လောင်ဟန်မှာ ကောင်မလေးရှိနေပြီ!"

ချန်ရင်းရင်း : "သူက ငါနဲ့စျေးဝယ်နေတာလေ၊ ငါတစ်ယောက်တည်းမနိုင်လို့ သူ့ခေါ်လိုက်တာ ဘာဖြစ်ချင်တာလဲ"

ကျန်းခဲ့ : "......"

ကျန်းခဲ့ စိတ်ဓာတ်ကျသွားတယ်။
"စာပြပေးမယ့်လူလည်း မရှိတော့ဘူး၊ ယောင်ကောကလည်း ဒိတ်နေလောက်တယ်"

ကျန့်ယောင် : "ငါက အားတယ်၊ ဘယ်ပုစ္ဆာလဲ ပို့လိုက်"

ရင်းချယ် စာအုပ်ကို ပိတ်လိုက်တယ်။

ကျန်းခဲ့က ပျော်သွားတယ်။
"ဘယ်လိုတောင်?? ယောင်ကောက အိမ်မှာပေါ့? ချယ်ကောနဲ့ အပြင်မသွားဘူးလား?"

ကျန့်ယောင် : "ရာသီဥတုက ဒီလောက်အေးနေတာကို ဘာလို့အပြင်ထွက်မှာလဲ အိမ်မှာပဲ အပူပေးစက်နားနေတာ ဇိမ်မကျဘူးလား"

ထိုစကားကို မြင်တော့ ရင်းချယ် ရုတ်တရက် ကျောင်းတုန်းက မပြန်ခင်လေး ကျန့်ယောင်မေးတာကို သွားသတိရတယ်။

....
"ဒီနေ့ညက ဘာနေ့လဲ သိလား?"

"ဘာနေ့ဖြစ်ရမှာလဲ နှစ်သစ်ကူးနေ့လေ"

အဲ့တုန်းကတော့ သူဘာမှမတွေးမိဘူး၊ ခုမှ ရုတ်တရက် သဘောပေါက်တယ်။

မနှစ်က နှစ်သစ်ကူးညတုန်းက ကျန့်ယောင် သူ့ကို ချစ်ရေးဆိုခဲ့တာပဲ။

"ဒီနှစ်ကအေးလွန်းတယ်၊ မင်းဆီကိုသာ ညကြီးဆိုင်ကယ်စီးလာရင် ငါတော့ ခဲသေမလားပဲ"
ကျန့်ယောင်က ရယ်ကာ
"နွေးနွေးထွေးထွေးလေးဝတ် ရောက်ရင် ငါ့ကိုတင်းတင်းလေး ဖက်ထားပေး"

"ဒါဖြင့် မလာရင်မလာနဲ့တော့ အိမ်မှာပဲ video callပြောလို့ ရတာပဲ"
အဲ့တုန်းက သူငြင်းလိုက်တာ။

.....သူတကယ်ကို တုံးတာပဲ

Group chatထဲက ကျန်းခဲ့ကတော့ ကျန့်ယောင်ကိုလှောင်နေဆဲ။
"Groupထဲက တစ်ဦးတည်းသော rs ရှိတဲ့သူက အိမ်မှာတဲ့၊ ဟဟ ယောင်ကောလေး သနားလိုက်တာ"

ကျန့်ယောင် : "မင်းတို့ချယ်ကောရှိရုံနဲ့တင် group ထဲမှာ ငါက အပျော်ရဆုံးလူသားဖြစ်နေပြီ၊ မင်းပြောတာကို ငါလက်မခံဘူး"

ရင်းချယ် အနွေးထည်ကိုထပ်ဝတ်ကာ စားပွဲပေါ်ကသော့ကိုကောက်ပြီး အောက်ထပ်ဆီ ပြေးဆင်းလာခဲ့တယ်။

အိမ်တံခါးကထွက်ပြီးတာနဲ့ အပြင်ဂိတ်ပေါက်ဆီ တည့်တည့်လျှောက်လာခဲ့တယ်။

ညလယ်ခေါင်ကြီး ကျန့်ယောင်နဲ့သွားတွေ့တာကို သူ့အိမ်ကသိမှာစိုး၍ အိမ်က driver ကိုမခေါ်တော့ပဲ ပြေးရင်းနဲ့သာ ဖုန်းထဲက taxi software ကနေ ရှာလိုက်တယ်။

စထွက်မယ့်နေရာနဲ့ သွားလိုတဲ့နေရာကို ရိုက်ထည့်ပြီး taxiဆိုတဲ့ buttonကိုနှိပ်တော့အလုပ် တစ်ချက် မော့ကြည့်မိတော့ လမ်းဘေးမှာ ဆိုင်ကယ်တစ်စီး ရပ်ထားတာတွေ့မိတယ်။

နောက်ပြီး ဆိုင်ကယ်ကို မှီရပ်နေတဲ့ လူကိုရော

အဲ့လူက မီးရောင်ရဲ့အောက်မှာ တစ်ကိုယ်လုံးရွှေရောင်တွေအနားကွပ်ထားသလိုပဲ တောက်ပနေတယ်။ ဆံပင်တွေက လေကြောင့် လွင့်လူးနေတာတောင် အဲ့လူက အာရုံမလွှဲချင်လောက်အောင် ဆွဲတောင်မှုရှိတုန်းပဲ။

နှစ်ယောက်သား အကြည့်ချင်းဆုံတော့ ကြောင်အနေမိတယ်။

"ဘာလို့ထွက်လာတာလဲ?"
ကျန့်ယောင်က အရင်စပြောတယ်။
"ဆယ့်နှစ်ထိုးရင် မင်းကို surpriseလုပ်မလို့တွေးထားတာကို...."

သူစကားပြောလို့ မဆုံးသေးခင်မှာတင် ယုန်ပေါက်လေးတစ်ကောင်က သူ့ရင်ခွင်ထဲ ပြေးဝင်လာလေရဲ့။

"အဲ့ဒါမျိုးက ရိုးနေပြီ"

ကျန့်ယောင်က သူ့ကိုပြန်ပွေ့ဖက်တယ်။
"အဲ့လိုဆို နောက်တစ်ခါကျ ဆန်းဆန်းပြားပြားလေး surprise တိုက်ရမှာပေါ့"

ရင်းချယ်က ရင်ခွင်ထဲကနေ မော့ကြည့်ကာ
"မင်း မလာဘူးလို့ ပြောခဲ့တာမလား?"

"မင်းများတွေ့ချင်နေမလားဆိုပြီး တွေးမိလို့"
ကျန့်ယောင်က ပြုံးတယ်။
"ကိုယ်တွေးတာ မှားရင်တော့ အဆိုးဆုံးမှ ဆိုင်ကယ်မောင်းပြန်လာရုံပဲရှိတာကွာ၊ ဒါပေမယ့် မှန်နေရင်တော့ မင်းကိုယ့်ကို ချက်ချင်း တွေ့လို့ရမယ်လေ"

ရင်းချယ် ဖြည်းဖြည်းချင်း လက်တွေနဲ့ ခပ်တင်းတင်းဖက်လိုက်တယ်။

ကျန့်ယောင်က စတယ်။
"ဒီလောက်တောင် ဖက်ထားပုံထောက်တော့ ငါ့ကို တအားတွေလွမ်းနေ—"

"ဟို"

"ဟမ်?"

"ဟို....မှတ်ပုံတင် ပါခဲ့လား?"

"ပါတယ်လေ ဆိုင်ကယ်မောင်းတိုင်းယူလာတာ မဟုတ်ရင် ယာဉ်ထိန်းရဲက စစ်နေမှ...."

"....." ရင်းချယ်က တစ်ခုခုကို အမြန်ပြောသွားတယ်။

".....ဘာပြောလိုက်တာ?"
ကျန့်ယောက်တစ်ယောက် ကိုယ့်ကိုယ်ကိုများ နားကြားမှားသလား အောက်မေ့မိတယ်၊ သူ့ကောင်လေးပါးစပ်က ဒီလိုစကားမျိုး ထွက်လာဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။

ရင်းချယ်က ခြေဖျားထောက်ပြီး သူ့ရဲ့နားနားကပ်ကာ နောက်တစ်ကြိမ် ထပ်ပြောလာတယ်။

ဒီတစ်ကြိမ်တော့ သူရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရတယ် :

"ကော ဟိုတယ်သွားကြမလား?" တဲ့။

_______

The author has something to say ;

ကျန်းခဲ့ : ယောင်ကော မေးစရာရှိလို့! (နာရီဝက်ကြာပြီးနောက်) ယောင်ကောရေ! ဘယ်ရောက်သွားတာလဲ?!!

________

[Zawgyi]

ႏွစ္သစ္ကူးေန႔မွာ ေက်ာင္းသုံးရက္ပိတ္တယ္။ အထက္တန္းေက်ာင္းသားေတြအတြက္လည္း ေနာက္ဆုံးေတာ့ အသက္ရွူေခ်ာင္သြားတာေပါ့။

သို႔ေပမယ့္လည္း ဆရာေတြက အိမ္စာေတြနင္းကန္ေပးေတာ့ မပိတ္တာကမွ ေကာင္းေသးတယ္လို႔ ေတြးမိၾကတယ္။

ညေနပိုင္းအတန္းၿပီးေတာ့ ရင္းအိမ္ေတာ္က ဒရိုက္ဘာက ေရာက္ႏွင့္ေနၿပီ။ ရင္းခ်ယ္လည္း ကားထဲဝင္ထိုင္လိုက္ေတာ့ ရင္းဇယ္က သူ႔ကိုတစ္ခ်က္လွမ္းၾကည့္တယ္။
"ေကာကို အိမ္မျပန္ေတာ့ဘူး မွတ္ေနတာ"

"ႏွစ္သစ္ကူးေတာ့ ျပန္ရမွာေပါ့"

"ေကာင္ေလးနဲ႔မ်ား မခြဲနိုင္ဘူးလားလို႔ေလ"

"အားဇယ္ကေရာ ေကာင္မေလးနဲ႔ မခြဲနိုင္လို႔လား?"

"ငါက ၁ရက္ေန႔ ခ်ိန္းထားတယ္"

"အာ အဲ့လိုကိုး"
က်န့္ေယာင္ကို သူ မေျပာခဲ့ရဘူး၊ ဒါေပမယ့္ သူ႔ဘက္ကလည္း စၿပီးမကမ္းလွမ္းခ်င္ျပန္ေပ။

သူက က်န့္ေယာင္လိုမ်ိဳး အကုန္ေျပာထြက္တဲ့ လူမ်ိဳးမဟုတ္ေပ။ ပိတ္တာမွ သုံးရက္ေလးကို ဒိတ္ၾကရေအာင္ဆိုရင္ အရမ္းတြယ္ကပ္သလို ျဖစ္ေနလိမ့္မယ္။

ရင္းဇယ္က သူ႔ကိုတစ္ခ်က္လွမ္းၾကည့္ကာ သေဘာေပါက္သြားေတာ့
"ေကာက တခါတခါက် တကယ္ တအားကိုေလးတာပဲ"

"Mhm"

"ေက်ာင္းမွာ ေကာအေပၚ သူမ်ားေတြ အျမင္က ပိုပိုဆိုးလာၿပီ အဲ့ဒါသိရဲ့လား?"
ရင္းဇယ္က ေျပာတယ္။
"မေန႔က သူမ်ားေတြေျပာေနတာ ငါၾကားခဲ့ေသးတယ္ ေကာက အတန္းေဖာ္တစ္ေယာက္ကို ေခါင္မိုးထပ္ေခၚသြားၿပီး ငိုေအာင္အနိုင္က်င့္ခဲ့တယ္တဲ့ က်န့္ေယာက္က လာၿပီးျဖန္ေျဖေပးလို႔သာတဲ့"

ရင္းခ်ယ္က ရယ္တယ္။
"အဲ့ဒါေတြက သူတို႔ပါးစပ္ထဲက ေကာလဟာလေတြပါ"

"ေကာလဟာလဆိုတာ ငါကသိတယ္ေလ၊ ဒါေပမယ့္ တျခားလူေတြက သိပါ့မလား? သူတို႔က ေကာကို ေကာလဟာလေတြကေနပဲ သိၾကရတာ၊ ေကာရွင္းျပေတာင္ သူတို႔ကယုံမွာမဟုတ္ဘူး၊ လူေတြက ေကာကို မနာလိုေနၾကတာ"

"မနာလိုတယ္? က်န့္ေယာင္ေၾကာင့္လား"

"သူ႔ေၾကာင့္တင္မဟုတ္ဘူး ႐ုတ္တရက္ႀကီး အဆင့္တက္လာတာေတြေရာ မိသားစုေနာက္ခံေၾကာင့္ေရာ သူတို႔ဘယ္ေလာက္ႀကိဳးစားႀကိဳးစား မရနိုင္တာေတြကို ေကာက လြယ္လြယ္ေလးရထားတာေလ၊ ဘယ္မနာလိုပဲ ေနပါ့မလဲ?"

"ထားလိုက္ပါ သူတို႔လည္း အေျပာပဲတတ္နိုင္တာပဲ ဘာမွလာလုပ္လို႔ ရတာမွမဟုတ္တာ"

ရင္းဇယ္ : "ဘာပဲျဖစ္ျဖစ္ပါ အဲ့ဒါေကာကိစၥ"

...

ညေနစာစားၿပီးေတာ့ ရင္းခၽြမ္ထိုက္က ေျပာစရာရွိလို႔ဆိုကာ ရင္းခ်ယ္ကို စာၾကည့္ခန္းထဲ ေခၚသြားတယ္။

"စစ္ေဆးခ်က္အေျဖက ထြက္လာၿပီ၊ မင္း ကိုယ္တိုင္ဖတ္ၾကည့္လိုက္"

ရင္းခ်ယ္ စာရြက္ကိုယူၿပီး ဖတ္ၾကည့္ေတာ့ ပါဝင္ပစၥည္းေတြက သၾကားရယ္ ႏြားနို႔ရယ္ လက္ဖက္ေျခာက္.... ဘာမွေတာ့ ထူးျခားတာမေတြ႕ရေပ၊ ေနာက္ေတာ့ သူမသိတဲ့ အရာတစ္ခုပါလာတယ္။

"ဒါက ဘာလဲ?"

"Catalyst တစ္မ်ိဳး"

"အဲ့ဒါဘာလဲဟင္?"

"Omegaကို heatျဖစ္ေစတဲ့အရာ"

ရင္းခ်ယ္ရင္ထဲ တုန္လွုပ္သြားတယ္။

တစ္ဖက္က ႀကံစည္တဲ့သူက သူ႔ကို heat ေစာၿပီးျဖစ္ေစခ်င္ေနတာျဖစ္မယ္၊ က်န့္ေယာင္ရဲ့ pheromoneနဲ႔ကလည္း သူနဲ႔ 100%ကိုက္ညီမွုမျဖစ္ေသးဘူး၊ ဆိုလိုတာက အဲ့လိုသာဆို သူဟာ heatကာလကို ေခ်ာေခ်ာေမြ႕ေမြ႕ ျဖတ္ေက်ာ္နိုင္မွာ မဟုတ္ဘူး။

Heatကာလကို မျဖတ္ေက်ာ္နိုင္တဲ့ omegaတစ္ေယာက္က ဘာျဖစ္သြားမလဲဆိုတာ သူ႔ထက္ ဘယ္သူကမ်ား ပိုသိဦးမလဲ။

"အဲ့ဘူးကို ဘယ္သူကေပးတာလဲ?"
ရင္းခၽြမ္ထိုက္က ေလးနက္စြာ ေမးလာတယ္။
"ဒါက လူသတ္မွုက်ဴးလြန္တာနဲ႔ အတူတူပဲ၊ ေက်ာင္းမွာ သားကို ဒီေလာက္ထိေတာင္ မုန္းတဲ့လူရွိေနတာလား?"

ရင္းခ်ယ္က လက္တစ္ဖက္ေျမႇာက္ျပကာ
"ပါး ဒီကိစၥကို ခနထားလိုက္ဦး"

"ဘယ္လိုလုပ္ ခနထားလို႔ရမွာလဲ? ဒါဘယ္ေလာက္ အႏၲရာယ္မ်ားလဲ သိရဲ့လား?"

"သိတယ္ ဒါေပမယ့္ ကၽြန္ေတာ့္အထင္ ကၽြန္ေတာ့္ကို အဲ့ေလာက္ထိမုန္းတဲ့သူက ဒါကိုေပးတဲ့လူျဖစ္နိုင္ဘူးလို႔ ထင္တယ္"

"ဘာအေထာက္အထားရွိလို႔လဲ?"

"မရွိဘူး အဲ့တာေၾကာင့္ အေထာက္အထားကို အရင္ရွာၾကည့္ခ်င္တာ၊ ၿပီးေတာ့ သူေဆးခတ္တယ္ဆိုတာ ေျပာဖို႔ကၽြန္ေတာ့္မွာ သက္ေသလည္း မရွိဘူး၊ နာမည္ေျပာျပလို႔လည္း အက်ိဳးထူးမွာမဟုတ္ဘူး၊ ရက္နည္းနည္းေလာက္ ေစာင့္ၿပီး စုံစမ္းၾကည့္လိုက္ရင္  အေျဖထြက္လာမွာပါ"

ရင္းခၽြမ္ထိုက္ကလည္း ေရွ႕ေန႔တစ္ဦးျဖစ္ခဲ့သူမို႔ အခုအေျခအေနမွာ ဘယ္ဟာအေကာင္းဆုံးျဖစ္မယ္ဆိုတာ သူသိသည္။ အဲ့ဒါေၾကာင့္ သူလက္ခံလိုက္ရသည္။
"မင္း ေက်ာင္းမွာ သတိဝီရိယနဲ႔ေန အထူးသျဖင့္ အစားအစာေတြ၊ မင္းတို႔ေက်ာင္းအုပ္ႀကီးကိုလည္း ပါးေျပာထားမွာမို႔ ဖုန္းကိုအျမဲတမ္း ကိုယ္နဲ႔မကြာေဆာင္ထား၊ တစ္ခုခုရွိရင္ ပါးတို႔ကို ခ်က္ခ်င္းဖုန္းဆက္လိုက္ ၾကားလား"

"ဟုတ္ကဲ့"

ရင္းခၽြမ္ထိုက္က ေခါင္းၿငိမ့္တယ္။ ေနာက္ တျခားအေၾကာင္းအရာကို သတိရသြားကာ
"ဒါနဲ႔ မင္းမာမားဆီက ေျပာသံၾကားတယ္၊ ဒီတစ္ေခါက္ အဆင့္တက္လာတယ္ဆို?"

"အေကာင္းႀကီးမဟုတ္ပါဘူး"

"မင္းအေမကေတာ့ group ေတြထဲေရာ friend circle ထဲမွာေရာ အကုန္လိုက္ႂကြားေနေတာ့တာပဲ ႀကိဳးစားမွုက ေနာက္ဆုံး အရာထင္လာၿပီဆိုၿပီးေတာ့၊ ဒါေပမယ့္.....တကယ္က အဲ့လိုမဟုတ္ဘူးမလား?"

ရင္းခ်ယ္တစ္ေယာက္ သူ႔အေဖရဲ့ အျမင္စူးရွမွုကိုေတာ့ တကယ္ေလးစားမိသြားတယ္။ ဖုံးကြယ္လို႔လည္း မရေတာ့တာမို႔ သူဝန္ခံလိုက္တယ္။
"အရင္က နည္းနည္း ကန့္လန့္တိုက္ခ်င္လို႔ တမင္မေျဖခဲ့တာ"

ရင္းခၽြမ္ထိုက္က ေခါင္းခါတယ္။
"သားက ကန့္လန့္တိုက္တာ မဟုတ္ဘူး သိတတ္လြန္းတာ၊ ပါးတို႔ကို ဘာမွမစိုးရိမ္ေစခ်င္တာ၊ ဝန္ထုပ္ဝန္ပိုးေတြ အားလုံးကို သားတစ္ေယာက္တည္း ထမ္းထားခ်င္တာ၊ အင္း....ေျပာရရင္ အဲ့တုန္းကတည္းက အားလုံးက ပါးေၾကာင့္ပါ...."

"ပါး"
ရင္းခ်ယ္ ျဖတ္ေျပာလိုက္မိတယ္။
"ဟိုးအရင္ကတည္းက ကၽြန္ေတာ့္ရင္ထဲမွာ ပါးက ဟီးရိုးပါ အခုထိလည္း အဲ့အတိုင္းပဲ"

ရင္းခၽြမ္ထိုက္က အံ့ဩသြားတယ္၊ တခနၾကာေတာ့ တစ္ဖက္လွည့္သြားၿပီး ေျပာလာတဲ့အသံက ရွတတနဲ႔
"အာ အဲ့လိုမေျပာနဲ႔..."

အဲ့တုန္းက သားအဖႏွစ္ေယာက္ၾကားမွာ ဖြင့္ဟဖို႔ခဲယဥ္းခဲ့တဲ့ အမာရြတ္ေတြ ရွိခဲ့တယ္။ ဒါေပမယ့္ အခုေတာ့ ဒဏ္ရာေတြလည္း က်က္သြားၿပီမို႔ သူတို႔ၾကားထဲ ခြဲျခားထားတဲ့ အမာရြတ္ေတြလည္း မရွိေတာ့ေပ။

ရင္းခ်ယ္က ခနေလာက္ စဥ္းစားၾကည့္ၿပီးေနာက္ ေျပာျပဖို႔ ဆုံးျဖတ္လိုက္တယ္။
"ပါး ကၽြန္ေတာ့္မွာ ေျပာစရာတစ္ခုရွိတယ္...."

တစ္နာရီေက်ာ္ၾကာေလာက္ ေျပာၿပီးၾကတဲ့ေနာက္ေတာ့ အဆုံးမွာ သားအဖႏွစ္ေယာက္လုံး မ်က္လုံးေတြ နီရဲေနေလတယ္။

သူ႔အေဖက တစ္ေယာက္တည္း ေနခ်င္တယ္ဆိုတာေၾကာင့္ သူပဲ စာၾကည့္ခန္းထဲက အရင္ထြက္လာခဲ့လိုက္တယ္။

အခ်ိန္က ကိုးနာရီေက်ာ္႐ုံပဲ ရွိေသးတာမို႔ အခန္းျပန္ၿပီး အိမ္စာလုပ္ဖို႔ အခ်ိန္ရေသးသည္။

ဒီညက New year ညျဖစ္ကာ group chatကလည္း သက္ဝင္လွုပ္ရွားလ်က္ရွိရာ ဖုန္းေလးမွာ အဆင္မျပတ္ တုန္ခါေနတယ္။ ရင္းခ်ယ္က ဒီတိုင္းပဲ ဖုန္းကိုဖြင့္ၿပီး ေဘးမွာခ်ထားတယ္၊ စာလုပ္ရင္းနဲ႔ တစ္ခ်က္တစ္ခ်က္ေတာ့ လွမ္းၾကည့္ျဖစ္တယ္။

တေလာေလးကမွ ငိုေနတဲ့ က်န္းခဲ့ဟာ အခုလည္းတဖန္ စကားေပါလ်က္ရွိတယ္။ သို႔ေပမယ့္ အေၾကာင္းအရာကေတာ့ အတင္းဖ်င္းမဟုတ္ေတာ့ပဲ သခၤ်ာပုစၧာေတြ ေမးျခင္းအျဖစ္ေျပာင္းသြားတယ္။ သင္းက ရန္းရီလဲ့ကိုလည္း ျမင္ေရာ တရစက္ေမးေတာ့တာပဲ ၊ ရန္းရီလဲ့ကလည္း စိတ္ရွည္လက္ရွည္နဲ႔ တစ္ဆင့္ခ်င္း ရွင္းျပတယ္။

က်ိဳးေဟာက္လ်န္ : "မင္းတို႔ႏွစ္ေယာက္တည္း သီးသန့္သြားေျပာလို႔ မရဘူးလားဟ! ဒီထဲလာၿပီး စာေတြလုပ္ေနတာ ျမင္ရတာ စိတ္ပိန္လြန္းလို႔!"

က်န္းခဲ့ : "ဒီေန႔ ငါက တစ္တန္းလုံးကို စာလုပ္ရေအာင္ လုပ္မွာ!"

ေကာက်စ္ရွုံး : "ဆက္သည္းမခံနိုင္ေတာ့ဘူးဆိုရင္လည္းကြာ၊၊ ဒီည ဘယ္သူစာလုပ္ဦးမွာလဲေဟ့? အျပင္ထြက္ dateၾကရေအာင္"

စာရြက္လွန္မယ္ လုပ္ေနတဲ့ ရင္းခ်ယ္က ရပ္သြားတယ္။

က်န္းခဲ့ : "ေပါက္တက္ကရနဲ႔၊ ငါတို႔အတန္းထဲကျဖင့္ ဘယ္ႏွစ္ေယာက္မ်ား အျပင္ထြက္ dateနိုင္မွာက်လို႔၊ ဟုတ္တယ္မလား ရီလဲ့?"

ရန္းရီလဲ့ : "အဲ့ဒါကေလ....တကယ္ေတာ့ ငါက အခုအျပင္မွာ...."

က်န္းခဲ့ : "??? အဲ့ဒါကို ငါ့ကိုစာေျပာျပေနေသးတာလား?"

ရန္းရီလဲ့ : "အတန္းေဖာ္ဆိုတာ အခ်င္းခ်င္း ကူညီရမွာပဲေလ....."

က်န္းခဲ့ : "မဟုတ္ဘူးေလ မဟုတ္ေသးဘူး ငါမင္းကို မေႏွာင့္ယွက္ေတာ့ဘူး လုပ္စရာရွိတာ ဆက္လုပ္၊ ငါက @Han Meng၊ ေလာင္ဟန္ေရ စာျပေပးပါဦး!"

ဟန္မုန့္ : "ေဆာရီး က်န္းခဲ့၊ ငါ တစ္ေယာက္ေယာက္နဲ႔ shopping ထြက္ေနလို႔"

က်န္းခဲ့ : ??? ဟမ္? မင္း ဘယ္တုန္းက ေကာင္မေလးရသြားတာလဲ? @Chen YingYing အတန္းေမာ္နီတာေရ! သတင္းထူး သတင္းထူး! ေလာင္ဟန္မွာ ေကာင္မေလးရွိေနၿပီ!"

ခ်န္ရင္းရင္း : "သူက ငါနဲ႔ေစ်းဝယ္ေနတာေလ၊ ငါတစ္ေယာက္တည္းမနိုင္လို႔ သူ႔ေခၚလိုက္တာ ဘာျဖစ္ခ်င္တာလဲ"

က်န္းခဲ့ : "......"

က်န္းခဲ့ စိတ္ဓာတ္က်သြားတယ္။
"စာျပေပးမယ့္လူလည္း မရွိေတာ့ဘူး၊ ေယာင္ေကာကလည္း ဒိတ္ေနေလာက္တယ္"

က်န့္ေယာင္ : "ငါက အားတယ္၊ ဘယ္ပုစၧာလဲ ပို႔လိုက္"

ရင္းခ်ယ္ စာအုပ္ကို ပိတ္လိုက္တယ္။

က်န္းခဲ့က ေပ်ာ္သြားတယ္။
"ဘယ္လိုေတာင္?? ေယာင္ေကာက အိမ္မွာေပါ့? ခ်ယ္ေကာနဲ႔ အျပင္မသြားဘူးလား?"

က်န့္ေယာင္ : "ရာသီဥတုက ဒီေလာက္ေအးေနတာကို ဘာလို႔အျပင္ထြက္မွာလဲ အိမ္မွာပဲ အပူေပးစက္နားေနတာ ဇိမ္မက်ဘူးလား"

ထိုစကားကို ျမင္ေတာ့ ရင္းခ်ယ္ ႐ုတ္တရက္ ေက်ာင္းတုန္းက မျပန္ခင္ေလး က်န့္ေယာင္ေမးတာကို သြားသတိရတယ္။

....
"ဒီေန႔ညက ဘာေန႔လဲ သိလား?"

"ဘာေန႔ျဖစ္ရမွာလဲ ႏွစ္သစ္ကူးေန႔ေလ"

အဲ့တုန္းကေတာ့ သူဘာမွမေတြးမိဘူး၊ ခုမွ ႐ုတ္တရက္ သေဘာေပါက္တယ္။

မႏွစ္က ႏွစ္သစ္ကူးညတုန္းက က်န့္ေယာင္ သူ႔ကို ခ်စ္ေရးဆိုခဲ့တာပဲ။

"ဒီႏွစ္ကေအးလြန္းတယ္၊ မင္းဆီကိုသာ ညႀကီးဆိုင္ကယ္စီးလာရင္ ငါေတာ့ ခဲေသမလားပဲ"
က်န့္ေယာင္က ရယ္ကာ
"ေႏြးေႏြးေထြးေထြးေလးဝတ္ ေရာက္ရင္ ငါ့ကိုတင္းတင္းေလး ဖက္ထားေပး"

"ဒါျဖင့္ မလာရင္မလာနဲ႔ေတာ့ အိမ္မွာပဲ video callေျပာလို႔ ရတာပဲ"
အဲ့တုန္းက သူျငင္းလိုက္တာ။

.....သူတကယ္ကို တုံးတာပဲ

Group chatထဲက က်န္းခဲ့ကေတာ့ က်န့္ေယာင္ကိုေလွာင္ေနဆဲ။
"Groupထဲက တစ္ဦးတည္းေသာ rs ရွိတဲ့သူက အိမ္မွာတဲ့၊ ဟဟ ေယာင္ေကာေလး သနားလိုက္တာ"

က်န့္ေယာင္ : "မင္းတို႔ခ်ယ္ေကာရွိ႐ုံနဲ႔တင္ group ထဲမွာ ငါက အေပ်ာ္ရဆုံးလူသားျဖစ္ေနၿပီ၊ မင္းေျပာတာကို ငါလက္မခံဘူး"

ရင္းခ်ယ္ အေႏြးထည္ကိုထပ္ဝတ္ကာ စားပြဲေပၚကေသာ့ကိုေကာက္ၿပီး ေအာက္ထပ္ဆီ ေျပးဆင္းလာခဲ့တယ္။

အိမ္တံခါးကထြက္ၿပီးတာနဲ႔ အျပင္ဂိတ္ေပါက္ဆီ တည့္တည့္ေလၽွာက္လာခဲ့တယ္။

ညလယ္ေခါင္ႀကီး က်န့္ေယာင္နဲ႔သြားေတြ႕တာကို သူ႔အိမ္ကသိမွာစိုး၍ အိမ္က driver ကိုမေခၚေတာ့ပဲ ေျပးရင္းနဲ႔သာ ဖုန္းထဲက taxi software ကေန ရွာလိုက္တယ္။

စထြက္မယ့္ေနရာနဲ႔ သြားလိုတဲ့ေနရာကို ရိုက္ထည့္ၿပီး taxiဆိုတဲ့ buttonကိုႏွိပ္ေတာ့အလုပ္ တစ္ခ်က္ ေမာ့ၾကည့္မိေတာ့ လမ္းေဘးမွာ ဆိုင္ကယ္တစ္စီး ရပ္ထားတာေတြ႕မိတယ္။

ေနာက္ၿပီး ဆိုင္ကယ္ကို မွီရပ္ေနတဲ့ လူကိုေရာ

အဲ့လူက မီးေရာင္ရဲ့ေအာက္မွာ တစ္ကိုယ္လုံးေရႊေရာင္ေတြအနားကြပ္ထားသလိုပဲ ေတာက္ပေနတယ္။ ဆံပင္ေတြက ေလေၾကာင့္ လြင့္လူးေနတာေတာင္ အဲ့လူက အာ႐ုံမလႊဲခ်င္ေလာက္ေအာင္ ဆြဲေတာင္မွုရွိတုန္းပဲ။

ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံေတာ့ ေၾကာင္အေနမိတယ္။

"ဘာလို႔ထြက္လာတာလဲ?"
က်န့္ေယာင္က အရင္စေျပာတယ္။
"ဆယ့္ႏွစ္ထိုးရင္ မင္းကို surpriseလုပ္မလို႔ေတြးထားတာကို...."

သူစကားေျပာလို႔ မဆုံးေသးခင္မွာတင္ ယုန္ေပါက္ေလးတစ္ေကာင္က သူ႔ရင္ခြင္ထဲ ေျပးဝင္လာေလရဲ့။

"အဲ့ဒါမ်ိဳးက ရိုးေနၿပီ"

က်န့္ေယာင္က သူ႔ကိုျပန္ေပြ႕ဖက္တယ္။
"အဲ့လိုဆို ေနာက္တစ္ခါက် ဆန္းဆန္းျပားျပားေလး surprise တိုက္ရမွာေပါ့"

ရင္းခ်ယ္က ရင္ခြင္ထဲကေန ေမာ့ၾကည့္ကာ
"မင္း မလာဘူးလို႔ ေျပာခဲ့တာမလား?"

"မင္းမ်ားေတြ႕ခ်င္ေနမလားဆိုၿပီး ေတြးမိလို႔"
က်န့္ေယာင္က ျပဳံးတယ္။
"ကိုယ္ေတြးတာ မွားရင္ေတာ့ အဆိုးဆုံးမွ ဆိုင္ကယ္ေမာင္းျပန္လာ႐ုံပဲရွိတာကြာ၊ ဒါေပမယ့္ မွန္ေနရင္ေတာ့ မင္းကိုယ့္ကို ခ်က္ခ်င္း ေတြ႕လို႔ရမယ္ေလ"

ရင္းခ်ယ္ ျဖည္းျဖည္းခ်င္း လက္ေတြနဲ႔ ခပ္တင္းတင္းဖက္လိုက္တယ္။

က်န့္ေယာင္က စတယ္။
"ဒီေလာက္ေတာင္ ဖက္ထားပုံေထာက္ေတာ့ ငါ့ကို တအားေတြလြမ္းေန—"

"ဟို"

"ဟမ္?"

"ဟို....မွတ္ပုံတင္ ပါခဲ့လား?"

"ပါတယ္ေလ ဆိုင္ကယ္ေမာင္းတိုင္းယူလာတာ မဟုတ္ရင္ ယာဥ္ထိန္းရဲက စစ္ေနမွ...."

"....." ရင္းခ်ယ္က တစ္ခုခုကို အျမန္ေျပာသြားတယ္။

".....ဘာေျပာလိုက္တာ?"
က်န့္ေယာက္တစ္ေယာက္ ကိုယ့္ကိုယ္ကိုမ်ား နားၾကားမွားသလား ေအာက္ေမ့မိတယ္၊ သူ႔ေကာင္ေလးပါးစပ္က ဒီလိုစကားမ်ိဳး ထြက္လာဖို႔ဆိုတာ ျဖစ္မွမျဖစ္နိုင္တာ။

ရင္းခ်ယ္က ေျခဖ်ားေထာက္ၿပီး သူ႔ရဲ့နားနားကပ္ကာ ေနာက္တစ္ႀကိမ္ ထပ္ေျပာလာတယ္။

ဒီတစ္ႀကိမ္ေတာ့ သူရွင္းရွင္းလင္းလင္းႀကီးကို ၾကားလိုက္ရတယ္ :

"ေကာ ဟိုတယ္သြားၾကမလား?" တဲ့။

_______

The author has something to say ;

က်န္းခဲ့ : ေယာင္ေကာ ေမးစရာရွိလို႔! (နာရီဝက္ၾကာၿပီးေနာက္) ေယာင္ေကာေရ! ဘယ္ေရာက္သြားတာလဲ?!!

________

Comment