Chapter - 70

သူနိုးလာတော့ မျက်စိရှေ့က နေရောင်နဲ့ တဖျတ်ဖျတ်လက်နေတဲ့ ပင်လယ်ပြင်တစ်ခု။


ကားက ပင်လယ်နဘေးက လမ်းကလေးအတိုင်းမောင်းနေတာဖြစ်ပြီး မှန်တွေက တစ်ဝက်လောက်ချထားတယ်။ ပင်လယ်ပြင်ကလေက ခပ်နွေးနွေး ခပ်ငန်ငန်။


တစ်ရေးနိုးလာသလိုမျိုး ရင်းချဲယ် မျက်လုံးတွေကိုပွတ်ကြည့်မိတယ်။


‘‘မာမား ရောက်ပြီလားဟင်?”


အရှေ့ဘေးခုံက ချောင်၀မ့်ယွင်က လှည့်ကြည့်လာပြီး ပြုံးပြတယ်။
‘‘ရောက်တော့မယ်နော်၊ ပါပါးက ကားထိုးစရာနေရာရှာနေလို့”


နေမင်းကို ဖုံးအုပ်နေတဲ့တိမ်မဲတွေကြောင့်ဖြစ်မယ်၊ ယနေ့ ကမ်းခြေမှာ လူသိပ်မရှိဘူး။ လေကပူလောင်အိုက်စက်နေတာမို့ ငြိမ်ငြိမ်လေးထိုင်နေရင်တောင် လူတွေကချွေးတစိုစိုရယ်။


သူတို့အနေနဲ့ ခရီးစဉ်ကို ရက်ရွှေ့လိုက်သင့်တာဆိုပေမယ့် ချောင်၀မ့်ယွင်က ဒီတစ်ရက်ပဲထွက်လို့ရတာမို့ ရွေးချယ်စရာမရှိပဲ အစကစီစဉ်ထားတဲ့ အတိုင်းသာ ကမ်းခြေရောက်လာခဲ့ခြင်း ဖြစ်တယ်။


ကားပါကင်မှာ နေရာအလွတ်တွေ အများကြီးရှိနေတာကြောင့် သူ လွယ်ရာမှာပဲထိုးခဲ့လိုက်တယ်၊ ကားထိုးပြီးပြီးချင်းပဲ အနောက်ခန်းက ကလေးနှစ်ယောက်က ကားထဲကခုန်ထွက်တယ်။


ရင်းချဲယ်က ‌ကားနောက်ခန်းဆီသွားပြီး လိမ်လိမ်မာမာ ချောင်၀မ့်ယွင်ကို ပစ္စည်းတွေသယ်ကူတယ်။ ရင်းဇယ်ကတော့ ဘေးနားမှာ ပျော်လို့ခုန်ပေါက်ပတ်ပြေးနေပြီး
‘‘ကောကောရေ! ခနနေကြ ရေကူးပြိုင်ကြရအောင်!”


ချောင်၀မ့်ယွင်က လက်တစ်ဖက်နဲ့ သူ့ကိုလှမ်းထိန်းပြီး :
‘‘မား ဘာပြောထားလဲ? ပင်လယ်ထဲရေကူးလို့မရဘူးလို့၊ အဲ့ဒါ အရမ်းအန္တရာယ်များတယ်”


ရင်းဇယ် မျက်နှာက ချက်ချင်းမှောင်ကျသွားတယ်။ သိပ်မကြာလိုက် နောက်ထပ်အကြံတစ်ခု ထွက်လာပြန်တယ်။
‘‘ကောကော! အိမ်ဆောက်လို့ရတယ်လေ!” 


ချောင်၀မ့်ယွင်က ရယ်တယ်။
‘‘အိမ်မှာရှိတဲ့ဟာတွေနဲ့တင် ကစားလို့မ၀‌သေးဘူးလား ဟွန်? ပြီးတော့ သားက‌ဆောက်တတ်လို့လား?”


‘‘ကောကောက သင်ပေးမှာပေါ့ဗျ!”


‘‘ကောကောကလည်း မဆောက်တတ်ဘူးရယ်.....”
ရင်းချဲယ်လေး စိတ်အားငယ်သွားတယ်။ နောက် ခနလောက်တွေးကြည့်ပြီး
‘‘ကောကောသင်ပြီးမှ ပြန်သင်ပေးမယ်လေ”


‘‘အင်း အင်း!”


ချောင်၀မ့်ယွင်ကတော့ ကလေးနှစ်‌ယောက် တစ်နေကုန်ပူးကပ်နေတာကိုမြင်နေကျမို့ မအံ့ဩတော့ပဲ သတိပဲပေးလိုက်တော့တယ်။
‘‘သဲတွေဆော့ပြီးရင် လက်သေချာဆေးနော်”


....


Dong Chengရဲ့ ကမ်းခြေဧရိယာက သိပ်မကျယ်၀န်းလှပေမယ့် ပင်လယ်ပြာနဲ့ ဆန့်ကျင်နေတဲ့ ရွှေဝါရောင်သဲသောင်ပြင်ကတော့ ရင်မောလောက်ဖွယ်အလှတရား။


ခြေညှပ်ဖိနပ်လေးတွေစီးပြီး သားအမိသားအဖလေးယောက်သား ကမ်းခြေမှာ လမ်းလျှောက်ရင်း နေရာလွတ်တစ်ခု ရှာလိုက်ကြတယ်။ အခင်းတစ်ခုဖြန့်ခင်းပြီး လေးဘက်လေးလံကို ဖိလိုက်တယ်၊ ပြီးရင် ပါလာတဲ့မုန့်တွေ သောက်စရာတွေ အကုန်ချခင်းလိုက်တယ်။


ကလေးနှစ်‌ယောက်ကတော့ သဲပေါ်မှာပဲထိုင်ပြီး စားလိုက် ကစားလိုက်ပေါ့၊ ရင်းချွမ်ထိုင်နဲ့ ချောင်၀မ့်ယွင်ကတော့ ထီးအနီလေးတစ်ချောင်းစိုက်ပြီး ပက်လက်ကုလားထိုင်တွေပေါ်မှာ လဲလျောင်းရင်း နွေရာသီပင်လယ်ရှုခင်းကို ခံစားနေကြတယ်။


တအောင့်လောက်ကြာတော့ ရင်းဇယ်က အိမ်ဆောက်ပေးဖို့ ပူဆာလာတာကြောင့် ရင်းချဲယ်လည်း မိဘတွေဆီ အကူညီတောင်းရတော့တယ်။ ပုံကြည့်ပြီးဆောက်လို့ရအောင် သူတို့က သဲအိမ် ရဲတိုက်ပုံလေးတွေရှာပေးတယ်။


သူ့မှာ လက်မှုပညာအရည်အ‌သွေးက သာမန်လောက်ပဲဖြစ်ပြီး ပါရမီက သိပ်မပါတာမို့ ထွက်လာတဲ့အိမ်က ရှုံ့တွလို့၊ ပြတင်းပေါက်တွေ တံခါးတွေမပါပဲ ခေါင်မိုးကလည်း ပြိုကျလုအနေအထား။


ဒါပေမယ့် ရင်းဇယ်လေးကတော့ တအားကိုပျော်နေပြီး ရတနာလေးတစ်ပါးလိုကို လိုက်ကြွားနေတော့တယ်။
‘‘ပါပါး ကြည့်! ကောကောက သားအတွက်အိမ်အကြီးကြီးလုပ်ပေးထားတာ!”


ရင်းချွမ်ထိုင်ကမူ မသက်သာသလိုရယ်ကာ
‘‘သားကြိုက်တယ်မလား ဟမ်?”


‘‘ကြိုက်တယ် ကြိုက်တယ်! သားက ကောကောနဲ့တူတူ ဒီထဲမှာ နေချင်တာ!”


ရင်းချဲယ်လေးရဲ့ လက်တွေကတော့ သဲတွေထဲမှာ မြှုပ်နေတုန်း၊ ဒါ့ကြောင့်ပဲ သူက လက်မောင်းလေးကို မြှောက်ပြီး နဖူးကချွေးကို သုတ်တယ်။
‘‘အင်းပါ၊ နောက်ကျမှ ကောကောက ဒီ့ထက် အများကြီး အများကြီးပိုလှတဲ့ အိမ်ဆောက်ပေးမယ်နော်” 


ကလေးတွေရဲ့စိတ်ဆိုတာ အမြဲတမ်း ခပ်ဆန်းဆန်းမြင်တိုင်းပြောင်းလဲနေကျဆိုတော့ ကောင်မလေးတစ်ယောက်က ရေခဲမုန့်ကန်တော့ခွက်လေးကိုင်ပြီး ဖြတ်လျှောက်သွားရော ရင်းဇယ်လေးက အိမ်တွေဘာတွေမေ့သွားပြီး တံတွေးတွေမြိုချတယ်။
‘‘ကောကော သားလည်းရေခဲမုန့်စားချင်တယ်!”


ရင်းချဲယ်လေးလည်း ရွေးစရာမရှိပဲ ကောင်မလေးနောက်ကိုလိုက်ပြီး ဘယ်က၀ယ်လဲ မေးရတော့တယ်။ မလှမ်းမကမ်းက မျက်စိတစ်ဆုံးစာလောက်မှာပဲ အအေးဆိုင်တစ်ဆိုင်ရှိတယ်၊ အဲ့အအေးဆိုင်အပြင်ဘက် ပြတင်းပေါက်ကပ်ရပ်မှာမှ ရေခဲမုန့်စက်ရှိတယ်ဆိုပဲ။


ရင်းဇယ်လေးက သွား၀ယ်ဖို့အော်ဟစ်ပူဆာနေတာမို့ ချောင်၀မ့်ယွင်မှာလည်း လက်အရင်ဆေးဖို့ပြောရတော့တယ်။ သူမက ရေဘူးကိုအဖုံးဖွင့်ပြီး
‘‘လက်ဖြန့်ကြ”


ကလေးလေးနှစ်ယောက်လုံးက ပြိုင်တူ လက်ကလေးတွေ ကိုယ်စီထုတ်တယ်။ သူတို့လက်တွေကို အရှေ့ရောနောက်ရော ဆေးပေးလိုက်တယ်။ ရေလေးက အေးမြကြည်လင်လို့။


‘‘ရပြီ သန့်သွားပြီ”
ချောင်၀မ့်ယွင်က ရေဘူးကိုဘေးမှာချလိုက်ပြီး အိတ်ထဲက ယွမ်တစ်ရာထုတ်ပေးတယ်။
‘‘တခြားစားချင်တာရှိရင်လည်း ၀ယ်ခဲ့လိုက်နော်၊ သွား သွားပြီးရင် ချက်ချင်းပြန်လာခဲ့၊ လျှောက်မသွားရဘူး”


‘‘ဟုတ်! ကောကော သွားကြစို့!”


အအေးဆိုင်က ခြေလှမ်းနှစ်ဆယ်သုံးဆယ်လောက်ပဲ လှမ်းတာမို့ ချောင်၀မ့်ယွင်နဲ့ ရင်းချွမ်ထိုင်လည်း တစ်ဖက်ပြန်လှည့်ပြီး ပြောလက်စစကားကိုဆက်ပြောနေလိုက်ကြတယ်။ ကမ်းခြေက လူလည်း ရှုပ်မနေတာမို့ တခြားပြေးလွှားကစားနေကြတဲ့ ကလေးတွေလည်းအများကြီးရှိတယ်။ ဒါ့အပြင် သူတို့ရဲ့သားအကြီးလေးက အမြဲလိုလို သိတတ်နားလည်တတ်တာမို့ အများကြီးစိတ်ချရပါတယ်။


အအေးဆိုင်ရောက်တော့ ရင်းဇယ်လေးရဲ့ မျက်လုံးတွေက ရေခဲမုန့်ဆီမှာပဲ ကပ်လျက်ရှိတယ်။ labelတပ်ထားတဲ့ အရသာကနှစ်မျိုး ဗနီလာရယ် စတော်ဘယ်ရီရယ်။


‘‘ကောကော သားကဗနီလာ၊ ကောကောကရော?”


ရင်းချဲယ်လေး ပြန်ဖြေမယ်အလုပ်မှာ အအေးဆိုင်ရဲ့တစ်ဖက်နားမှာ ဆေးလိပ်သောက်နေတဲ့လူကြီးတွေကို တွေ့တာမို့


‘‘ခနလေးစောင့်ကြရအောင်”
သူ ရင်းဇယ်ကို ပြန်ဆွဲထားလိုက်ပြီး မျက်မှောင်ကြုတ်လေးနဲ့ တိုးတိုးပြောလိုက်တယ်။
‘‘ဟိုဦးလေးကြီးနှစ်ယောက်က ဆေးလိပ်သောက်နေလို့”


ရင်းချွမ်ထိုင် အရင်က ဆေးလိပ်သောက်လေ့ရှိတယ်၊ ဒါပေမယ့် တစ်ဆင့်ခံဆေးလိပ်ငွေ့က ကလေးတွေအတွက် ဘယ်လောက်အန္တရာယ်များကြောင်း ချောင်၀မ့်ယွင်က ပြောပြီးတဲ့နောက်တော့ သူဖြတ်လိုက်တယ်။ သူတို့လေးနှစ်ယောက်ကလည်း အဲ့ဒါကိုစိတ်ထဲစွဲနေပြီး ဆေးလိပ်သောက်ခြင်းကအန္တရာယ်များကြောင်းနဲ့ တတ်နိုင်သလောက်ရှောင်သင့်ကြောင်း သိကြတယ်။


ဒါပေမယ့် ဒီနေ့တော့ ရင်းဇယ်လေးက မလိမ္မာဘူးဖြစ်နေတယ်။ အပူရှိန်ကြောင့် ရေအရမ်းဆာပြီး မတွေးနိုင်တော့တာကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်၊ သူကပြောလာတယ်။
‘‘ဝယ်ပြီးပြီးချင်း ပြန်ကြမယ်‌လေ! အဲ့လိုရမှာပါ!”


ရင်းချဲယ်လည်း သူ့ကိုမနိုင်ဘူးဆိုတာ သိတာမို့
‘‘ဒါဆိုလည်း ခနလောက် အသက်အောင့်ထားကြမယ်နော်”


‘‘ဟုတ်!”


နှစ်ယောက်သား သဘောတူညီချက်ရပြီးတာမို့ ဆိုင်ဆီကို ရှေ့ဆက်လျှောက်သွားလိုက်တယ်။ အနေတော်လောက်အဝေးရောက်ပြီထင်မှ အသက်အောင့်ထားတာကို ဖြေလျော့လိုက်ပြီး
‘‘လောင်ပန် ရေခဲမုန့်နှစ်ခုပေးပါ”


ဆိုင်ရှင်က ပြုံးပြရင်းနဲ့ ပြောတယ်။
‘‘ကောင်းပါပြီ စုစုပေါင်းဆယ်ယွမ်၊ ကလေးတွေ ကိုယ်တိုင်လုပ်ကြည့်ချင်လား?”


ရင်းဇယ် မျက်လုံးလေးတွေက လက်လာတယ်။
‘‘ကိုယ်တိုင်လုပ်လို့ရတာလား?”


‘‘ဒါပေါ့ ဒီကိုလာ ဦးဦးပြမယ်” 


ခနချင်းအတွင်းမှာပဲ ရင်းဇယ်လေးဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ဖို့အရေးတွေ ဘာ‌တွေမသိတော့ပဲ ရေခဲမုန့်စက်ဆီသွားပြီး စမ်းကြည့်ဖို့အရေးသာ ထက်သန်တက်ကြွ‌လို့ နေတော့တယ်။ ရင်းချဲယ်မှာလည်း ဘာမှမတတ်နိုင်တာမို့ သူ့နောက်ကလိုက်ကြည့်ရုံပဲပေါ့။


သာမန်စက်တစ်ခုပဲဖြစ်တာမို့ ခက်ခက်ခဲခဲတော့မရှိလှဘူး။ လက်ကိုင်လေးကိုဖိချလိုက်ရင် အပေါက်က‌နေ ရေခဲမုန့်တွေ ဖြည်းဖြည်းချင်းကျလာပြီး ကန်တော့ခွက်ထဲကို လိမ်၀င်သွားလိမ့်မယ်။


ရင်းဇယ် အရပ်က စက်ကိုမမှီတာကြောင့် ဆိုင်ရှင်ကထွက်လာပြီး ချီပေးတယ်။
‘‘ကဲ ဒီမှာ”


ရင်းဇယ်လေး လေထဲမြောက်သွားပြီး သူ့လက်ကလေးကိုဆန့်လို့ စက်ရဲ့လက်ကိုင်ကိုပျော်ပျော်ကြီးဆွဲချနေတာကို ရင်းချဲယ် ကြည့်နေလိုက်တယ်။


ဒါက သူသတိမလစ်ခင် နောက်ဆုံးမြင်ခဲ့ရတဲ့ မြင်ကွင်းပဲ။


လူတစ်ယောက်က အနောက်ကနေ သူ့ပါးစပ်ကိုအုပ်ပြီးတဲ့နောက် ခပ်စူးစူးအနံ့တစ်ခုက နှာခေါင်းထဲ တိုး၀င်လာတယ်။ သူအော်တောင်မအော်နိုင်သေးခင်မှာပဲ မြင်ကွင်းကမှောင်ကျသွားပြီး အသိစိတ်တွေ ဆိတ်သုဉ်းသွားတော့တယ်။


ဒီလိုနဲ့ အေးချမ်းလှပတဲ့ အမှတ်တရတွေအားလုံးဟာ လျှပ်တပြက်ဆိုသလို အဆုံးသတ်ချိန်ရောက်ခဲ့ရတယ်။


...


အဲ့ဒီနောက်တော့ အချိန်တွေဟာ လျင်မြန်စွာပဲ တဟုန်ထိုးသွားတယ်၊ ဖြစ်ရပ်တွေမြင်ကွင်းတွေအားလုံးဟာ ချားရဟတ်လည်သလိုမျိုး သူ့မျက်စိရှေ့မှာ တရိပ်ရိပ်နဲ့ :


စက်ရုံဟောင်းတစ်ရုံ၊ သွေးတွေပေပွလာတဲ့အထိ တံခါးပေါက်ကို ထုရိုက်နေခဲ့တဲ့ သူ့ရဲ့လက်ကလေးတွေ။


ညအမှောင်ထဲမှာ သူတို့ အသည်းအသန် ပြေးနေခဲ့တယ်၊ နောက်မှာတော့ သွေးတစက်စက်နဲ့ ခြေရာတွေ ကျန်နေခဲ့တယ်။


သူတို့နောက်ပါးဆီက မြန်ဆန်တဲ့ ခြေသံတွေနဲ့၊ သူ့သွေးတွေကို အေးခဲသွားစေလောက်တဲ့ အော်သံတစ်ခု။


အသည်းအသန်ငိုနေတဲ့ ရင်းဇယ်ရဲ့မျက်နှာနဲ့၊ တစ်ကိုယ်တည်း ယိုင်တိယိုင်နဲ့ ပြေးထွက်သွားခဲ့တဲ့ ကိုယ်‌ငယ်လေးတစ်ခု။


အဲ့ဒီနောက် လက်ကြီးကြီးတစ်ဖက်က အရှေ့ရောက်လာပြီး သူ့လည်ပင်းကိုညှစ်တယ်၊ ခက်ထန်ကြမ်းကြုတ်နဲ့ မျက်၀န်းတွေ၊ ရှည်ရှည်တုတ်တုတ် stun batonတစ်ချောင်းနဲ့၊ တောက်လောင်နေတဲ့ စီးကရက်ထိပ်ဖူး၊ ရေခဲတမျှအေးစက်နေတဲ့ သံပင်တွေ......နောက် စက်ရုံတစ်လျှောက်လုံး ဟိန်းထွက်လာတဲ့ အော်ဟစ်ငိုယိုသံတွေ။


သူသတိလစ်သွားသေးတယ်၊ ပြီးတော့ ပြင်းထန်တဲ့နာကျင်မှုဝေဒနာကြောင့် သတိပြန်လည်လာတယ်၊ မျက်၀န်းတွေထဲက ထပ်ခါထပ်ခါ စီးကျနေတဲ့ မျက်ရည်တွေက သူ့ကိုယ်ပေါ်ကနေ သွေးစွန်းနေတဲ့သံချောင်း ဖယ်ခွာသွားတဲ့အထိပဲ။


အဲ့အချိန်မှာပဲ စက်ရုံရဲ့တံခါးက ကန့်အဖွင့်ခံလိုက်ရပြီး ရဲသားတွေ၀င်လာတယ်။


စိတ်ထဲမှာ အတင်းအကျပ် ရစ်ပတ်ချည်ထားခဲ့ရတဲ့ကြိုးက ဖျတ်ခနဲပြတ်သွားသလိုမျိုး သူလည်းအမှောင်ထုထဲကို ဆုံးဆုံးကျရောက်သွားတော့တယ်။


.....


သူ မျက်လုံးတွေပြန်ဖွင့်လိုက်တော့ မျက်စိရှေ့က အဖြူရောင်အတိ။


သူရင်းနှီးတဲ့ မီးအရောင်၊ ရင်းနှီးတဲ့ ပိုးသတ်ဆေးအနံ့နဲ့ ကြားနေကျ အသံတစ်ခု
‘‘အင်း မစိုးရိမ်ပါနဲ့ စိတ်ချရတဲ့အခြေနေကိုရောက်နေပါပြီ၊ သူ့ pheromone levelကိုလည်း ငါတိုင်းကြည့်ပြီးပြီ....”


ရင်းချဲယ် မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ပြီး ဘယ်ညာရွှေ့ကြည့်တော့ အခန်းရဲ့ပြတင်းပေါက်နားမှာ ရပ်ပြီး ဖုန်းပြောနေတဲ့ လူတစ်ယောက်ကို တွေ့တယ်။ မမှတ်မိနိုင်ခင်ကို သူ့ရဲ့လေးပင်နေတဲ့ဦးနှောက်ကို အလုပ်ပေးရသေးတယ်။
‘‘ဒေါက်တာ....*အဟွတ် ဟွတ်* !”


အတန်ကြာ ရေမသောက်ရသေးတာကြောင့် လည်ချောင်းက ခြောက်ကပ်နေပုံရတယ်။


သူ့လှုပ်ရှားသံကြားတော့ ဒေါက်တာဖုန်းက ချက်ချင်းလှည့်ကြည့်လာတယ်။
‘‘သူနိုးလာပြီ၊ ငါ သူ့အခြေနေကို အရင်စစ်ဆေးပြီးမှ မင်းကို ဖုန်းပြန်ခေါ်လိုက်မယ်”


ဒေါက်တာဖုန်းက ဖုန်းချပြီး ကုတင်ဘေးကို ရောက်လာတယ်။ သူ့ကိုထထိုင်ဖို့ ကူညီပေးပြီး ရေတိုက်တယ်။
‘‘ဘယ်လိုနေသေးလဲ? နေလို့အဆင်မပြေတာ‌တွေဘာတွေရှိလား?” 


ရင်းချဲယ် လည်ချောင်းဆွတ်ဖို့ ရေ နှစ်ကျိုက်သုံးကျိုက်လောက် သောက်လိုက်တယ်။
‘‘ဟင့်အင်း”


‘‘ဒါဖြင့် တကိုယ်လုံး နွေးနေသလိုရော ခံစားမိလား?”


‘‘အင်း”
သူ့လက်ဖဝါးတွေက လောလောလတ်လတ် ရေနွေးပူခွက်ကိုင်ထားသလိုမျိုး ခပ်နွေးနွေးဖြစ်နေတယ်။ ပူကျပ်တောက်နေတာမျိုး မဟု‌တ်ပေမယ့် သူ့ကိုယ်ထဲက သာမန်မဟုတ်တဲ့ အပူကို သူကောင်းကောင်းကြီး ခံစားမိတယ်။ ရေနွေးစီးကြောင်းတစ်ခုက သူ့သွေးတွေထဲမှာစီးဆင်းနေသလိုမျိူး။


‘‘ကောင်းတယ် ဒါဆို အောင်မြင်တာပဲ!”
ဒေါက်တာဖုန်းက စိတ်လှုပ်တရှားပြောတယ်။
‘‘စစ်ဆေးချက်ရလဒ်ထဲက အတိုင်းပဲ၊ မင်းရဲ့ pheromoneတွေ ပြန်ကောင်းလာပြီ၊ ခုကစလို့ မင်းသာမန် omegaတစ်ယောက် ဖြစ်တော့မှာ!”


ရင်းချဲယ်က အံ့ဩတကြီးနဲ့ မျက်တောက်ခတ်ကာ
‘‘.....ဘယ်လို?”


ဒေါက်တာဖုန်းက ဆေးစစ်ချက်စာရွက်လေးကိုလှန်ပြီး pheromone levelကိုဖော်ပြတဲ့ columnလေးကို ထိုးပြတယ်။
‘‘ကြည့် အရင်တုန်းက testတွေမှာဆို မင်းရဲ့ resultက အမြဲ zeroလေ၊ ဒီတစ်ခေါက်မှာကျ ကိန်းဂဏန်းပါလာတယ်၊ လက်ရှိ levelက နည်းတဲ့ဘက်မှာ ရှိနေသေးတယ်ဆိုပေမယ့် နေ့တိုင်းတိုးသွားရင် ပုံမှန် levelကို ‌သိပ်မကြာခင် ရောက်လာနိုင်တယ်”


‘‘ဒါမယ့် ဒေါက်တာပဲပြောခဲ့တာမလား ကုသမှုက အလုပ်မဖြစ်ဘူးလို့”


‘‘အာ အဲ့တာက ပြောရရင် အရှည်ကြီးပဲ.....”


ရင်းချဲယ်က ဖျတ်ခနဲ တစ်စုံတစ်ခုကို သတိရသွားသလိုနဲ့
‘‘နေပါဦး ကျွန်တော်က ဒီကိုဘယ်လိုရောက်နေတာလဲ?”


သူသတိမေ့သွားတဲ့အချိန်တုန်းက အနားတစ်ဝိုက်မှာ ဒေါက်တာဖုန်းကို သိတဲ့လူရယ်လို့ မရှိပါဘူး။


‘‘မင်းရဲ့ကောင်လေး လာပို့သွားတာ၊ အရပ်ရှည်ရှည် ခပ်ချောချော သူငယ်လေးလေ”


‘‘သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို သိတာလဲ?”


‘‘အမ်း အဲ့ဒါက....”
ဒေါက်တာဖုန်းက တွန့်ဆူတ်နေတယ်။
‘‘ရှောင်ချဲယ် ဦးလေးတောင်းပန်ပါတယ် သူသိထားတယ်.....”


‘‘ဘာသိထားတာလဲ?” 


‘‘မင်းက omegaဆိုတာရယ်၊ အတိတ်တုန်းက မင်းဘာဖြစ်ခဲ့တယ်ဆိုတာရော.....”


‘‘......”
ရင်းချဲယ် မျက်လုံးကိုဖိပိတ်ပြီး အသက်ကို မျှဉ်းမျှဉ်းချင်း ရှူလိုက်တယ်။ တွေးကြည့်ရုံနဲ့တင် သူ့ခေါင်းတွေကိုက်ခဲလာပြီ။
‘‌‘ဒေါက်တာဖုန်း၊ တစ်ယောက်ကိုမှပြန်မပြောပါဘူးလို့ ဒေါက်တာ ကျွန်တော့်ကို ကတိပေးခဲ့တယ်လေ”


‘‘ငါလည်း အဲ့လိုမလုပ်သင့်မှန်းသိပါတယ် ဒါပေမယ့်....”


‘‘သူက ဘယ်လိုနေလဲ?”


‘‘အမ်?”


ရင်းချဲယ်ကိုယ်ကိုယ်တိုင်လည်း မမေးသင့်ဘူးဆိုတာ သိပေမယ့် မနေနိုင်ပဲမေးမိတယ်။
‘‘ကျွန်တော့်အတိတ်ကအကြောင်းကြားပြီးချိန် သူ့ပုံစံက ဘယ်လိုနေလဲ?”


‘‘သူ့ပုံစံက.....”
ဒေါက်တာဖုန်းက ခနလောက် ပြန်တွေးကြည့်တယ်။
‘‘အရမ်းကို ၀မ်းနည်းကြေကွဲနေပုံပဲ၊ မျက်လုံးတွေက အကုန်ရဲတောက်နေခဲ့တာ”


သူပြောပြတာကိုကြားရတာ ရင်းချဲယ်လည်ချောင်းတွေလည်း ဆို့နင့်တော့မလို ဖြစ်လာတယ်။


‘‘သူဆေးရုံကိုလာပြီး ကျွန်တော့်ကို လာတွေ့တဲ့ခါကျရင် ဒေါက်တာ သူ့ကိုမ၀င်‌အောင်တားပေးလို့ရမလား”


‘‘ဘာလို့လဲ?”


‘‘ကျွန်တော်တို့က ပြတ်သွားပြီ၊ ကျွန်တော်က omegaဆိုတာနဲ့ ရောဂါပျောက်သွားပြီဆိုတာသိပြီးမှ ကျွန်တော်နဲ့ပြန်လာပက်သက်နေမှာစိုးလို့၊ ကျွန်တော် သူ့ကိုမတွေ့ချင်တော့ဘူး”


ကျွန်တော် စိတ်မထိန်းနိုင်ပဲ ကျန့်ယောင်ကို ထရိုက်မိမှာစိုးတယ်၊ အဲ့ဒါထက် စိတ်မထိန်းနိုင်ပဲ ထဖက်မိမှာကို ပိုစိုးတယ်


အခုဆို သူ့ pheromoneလည်း ပြန်ရလို့ သူ့ဘ၀သူပြန်ရပြီ၊ ဒါပေမယ့် သူပျော်မယ်ထင်ထားသလောက်လည်း မပျော်ဘူး။ သူ့အနေနဲ့ မပြီးဆုံးနိုင်တဲ့ နာကျင်စရာ အိပ်မက်အရှည်ကြီး တစ်ခုကို မက်လိုက်ရသလိုပဲ။ နိုးလာချိန်ကျ ရင်ထဲမှာ အကြောက်တရားက တဝဲလည်လည် ကျန်ရစ်နေပြီး တစ်ဆက်တည်းမှာလည်း ရေလိုတည်ငြိမ်အေးချမ်းနေပြန်တယ်။


အဆုံးမှာ အိပ်မက်က အိပ်မက်တစ်ခုထက် မပိုပါဘူး။ အိပ်မက်လှလှလေးပဲဖြစ်နေပါစေ အိပ်မက်ဆိုးတစ်ခုပဲဖြစ်နေပါစေ လွင့်ပြယ်ကျန်ခဲ့တာပါပဲ။


ရှင်သန်ရခြင်းဟာ ဒါပေါ့ ပျော်စရာကောင်းတာပေါ့၊ ဒါပေမယ့် ရှင်သန်ဖို့ သူဖြတ်သန်းရမယ့်အရာအားလုံးကို ဖြတ်သန်းအပြီးမှာတော့ ဘာမှလည်းအထူးတလည် ပျော်စရာအရာမျိုးဆိုတာ မရှိ‌တော့သလိုပဲ။


ကျန့်ယောင်အတွက်ကတော့....အင်း သူ့အပေါ် သူ(ရင်းချဲယ်) တကယ် ဘာအငြှိုးအတေးမှ မထားပါဘူး၊ ဒါပေမယ့် သူ ခွင့်လည်းခွင့်မလွှတ်နိုင်ပြန်ဘူး၊ အဲ့ဒီလူအတွက်နဲ့ သူ့ခံစားချက်တွေ ထပ်ပြီး တက်လိုက်ကျလိုက် ငိုလိုက်ရယ်လိုက် မဖြစ်ချင်တော့တာမို့။


လူတစ်‌ယောက်ဟာ ဘ၀မှာ ဆန်းကြယ်တဲ့မျက်လှည့်လိုဖြစ်ရပ်မျိုးကို တစ်ကြိမ်ပဲ ကြုံတွေ့ခွင့်ရှိသတဲ့။ ကောင်းကင်က သူ့ကို အသက်တစ်ဖန်ရှင်သန်ခွင့်ပေးခဲ့တယ်၊ အဲ့‌ဒီအတွက် ကျန့်ယောင်ကိုတော့ သူ့ဆီကနေ ပြန်ယူသွားခဲ့တယ်၊ ဒါက အပေးအယူမျှရုံပါပဲ။


‘‘တကယ်တော့....ငါအကြမ်းဖျဉ်းရိပ်မိပါတယ် မင်တို့နှစ်ယောက်ပြတ်ရတဲ့အကြောင်းနဲ့ မင်းသူ့ကို‌မတွေ့ချင်ရတဲ့အကြောင်းကို”
ဒေါက်တာဖုန်းက ပြောတယ်။
‘‘အလောတကြီးမဆုံးဖြတ်ပါနဲ့ဦး၊ ငါအရင်ပြီးအောင် ပြောပါရစေ”


ရင်းချဲယ်ကတော့ ခေါင်းခါတယ်။
‘‘ဘာမှပြောစရာမကျန်တော့ဘူး”


ဒေါက်တာဖုန်းက ချောင်းအနည်းငယ်ဟန့်တယ်။
‘‘မင်းရဲ့ကောင်လေး၊ သူက မင်း omegaဆိုတာ မနေ့ကမှ သိတာမဟုတ်ဘူး၊ အရင်တစ်လကျော်လောက်ကတည်းက သိခဲ့တာ’’


_______


T/n : ကဲ surprise!!!
ယူတို့ဘာသာပြန်သူ သဘောကောင်းတယ်ဟုတ်?
treatmentက ဘယ်လိုဖြစ်သွားတာလဲဆိုတာတော့ ‌နောက်အပိုင်းမှာပါပါလိမ့်မယ်၊
နောက်တစ်ပိုင်း update ကြာပါမယ်😉
_______


[Zawgyi]


သူနိုးလာေတာ့ မ်က္စိေရွ႕က တဖ်တ္ဖ်တ္လက္ေနတဲ့ ပင္လယ္ျပင္တစ္ခု။


ကားက ပင္လယ္နေဘးက လမ္းကေလးအတိုင္းေမာင္းေနတာျဖစ္ၿပီး မွန္ေတြက တစ္ဝက္ေလာက္ခ်ထားတယ္။ ပင္လယ္ျပင္ကေလက ခပ္ေႏြးေႏြး ခပ္ငန္ငန္။


တစ္ေရးနိုးလာသလိုမ်ိဳး ရင္းခ်ဲယ္ မ်က္လုံးေတြကိုပြတ္ၾကည့္မိတယ္။


‘‘မာမား ေရာက္ၿပီလားဟင္?”


အေရွ႕ေဘးခုံက ေခ်ာင္၀မ့္ယြင္က လွည့္ၾကည့္လာၿပီး ျပဳံးျပတယ္။
‘‘ေရာက္ေတာ့မယ္ေနာ္၊ ပါပါးက ကားထိုးစရာေနရာရွာေနလို႔”


ေနမင္းကို ဖုံးအုပ္ေနတဲ့တိမ္မဲေတြေၾကာင့္ျဖစ္မယ္၊ ယေန႔ ကမ္းေျခမွာ လူသိပ္မရွိဘူး။ ေလကပူေလာင္အိုက္စက္ေနတာမို႔ ၿငိမ္ၿငိမ္ေလးထိုင္ေနရင္ေတာင္ လူေတြကေခၽြးတစိုစိုရယ္။


သူတို႔အေနနဲ႔ ခရီးစဥ္ကို ရက္ေရႊ႕လိုက္သင့္တာဆိုေပမယ့္ ေခ်ာင္၀မ့္ယြင္က ဒီတစ္ရက္ပဲထြက္လို႔ရတာမို႔ ေရြးခ်ယ္စရာမရွိပဲ အစကစီစဥ္ထားတဲ့ အတိုင္းသာ ကမ္းေျခေရာက္လာခဲ့ျခင္း ျဖစ္တယ္။


ကားပါကင္မွာ ေနရာအလြတ္ေတြ အမ်ားႀကီးရွိေနတာေၾကာင့္ သူ လြယ္ရာမွာပဲထိုးခဲ့လိုက္တယ္၊ ကားထိုးၿပီးၿပီးခ်င္းပဲ အေနာက္ခန္းက ကေလးႏွစ္ေယာက္က ကားထဲကခုန္ထြက္တယ္။


ရင္းခ်ဲယ္က ‌ကားေနာက္ခန္းဆီသြားၿပီး လိမ္လိမ္မာမာ ေခ်ာင္၀မ့္ယြင္ကို ပစၥည္းေတြသယ္ကူတယ္။ ရင္းဇယ္ကေတာ့ ေဘးနားမွာ ေပ်ာ္လို႔ခုန္ေပါက္ပတ္ေျပးေနၿပီး
‘‘ေကာေကာေရ! ခနေနၾက ေရကူးၿပိဳင္ၾကရေအာင္!”


ေခ်ာင္၀မ့္ယြင္က လက္တစ္ဖက္နဲ႔ သူ႔ကိုလွမ္းထိန္းၿပီး :
‘‘မား ဘာေျပာထားလဲ? ပင္လယ္ထဲေရကူးလို႔မရဘူးလို႔၊ အဲ့ဒါ အရမ္းအႏၲရာယ္မ်ားတယ္”


ရင္းဇယ္ မ်က္ႏွာက ခ်က္ခ်င္းေမွာင္က်သြားတယ္။ သိပ္မၾကာလိုက္ ေနာက္ထပ္အႀကံတစ္ခု ထြက္လာျပန္တယ္။
‘‘ေကာေကာ! အိမ္ေဆာက္လို႔ရတယ္ေလ!” 


ေခ်ာင္၀မ့္ယြင္က ရယ္တယ္။
‘‘အိမ္မွာရွိတဲ့ဟာေတြနဲ႔တင္ ကစားလို႔မ၀‌ေသးဘူးလား ဟြန္? ၿပီးေတာ့ သားက‌ေဆာက္တတ္လို႔လား?”


‘‘ေကာေကာက သင္ေပးမွာေပါ့ဗ်!”


‘‘ေကာေကာကလည္း မေဆာက္တတ္ဘူးရယ္.....”
ရင္းခ်ဲယ္ေလး စိတ္အားငယ္သြားတယ္။ ေနာက္ ခနေလာက္ေတြးၾကည့္ၿပီး
‘‘ေကာေကာသင္ၿပီးမွ ျပန္သင္ေပးမယ္ေလ”


‘‘အင္း အင္း!”


ေခ်ာင္၀မ့္ယြင္ကေတာ့ ကေလးႏွစ္‌ေယာက္ တစ္ေနကုန္ပူးကပ္ေနတာကိုျမင္ေနက်မို႔ မအံ့ဩေတာ့ပဲ သတိပဲေပးလိုက္ေတာ့တယ္။
‘‘သဲေတြေဆာ့ၿပီးရင္ လက္ေသခ်ာေဆးေနာ္”


....


Dong Chengရဲ့ ကမ္းေျခဧရိယာက သိပ္မက်ယ္၀န္းလွေပမယ့္ ပင္လယ္ျပာနဲ႔ ဆန္႔က်င္ေနတဲ့ ေရႊဝါေရာင္သဲေသာင္ျပင္ကေတာ့ ရင္ေမာေလာက္ဖြယ္အလွတရား။


ေျခညႇပ္ဖိနပ္ေလးေတြစီးၿပီး သားအမိသားအဖေလးေယာက္သား ကမ္းေျခမွာ လမ္းေလၽွာက္ရင္း ေနရာလြတ္တစ္ခု ရွာလိုက္ၾကတယ္။ အခင္းတစ္ခုျဖန္႔ခင္းၿပီး ေလးဘက္ေလးလံကို ဖိလိုက္တယ္၊ ၿပီးရင္ ပါလာတဲ့မုန႔္ေတြ ေသာက္စရာေတြ အကုန္ခ်ခင္းလိုက္တယ္။


ကေလးႏွစ္‌ေယာက္ကေတာ့ သဲေပၚမွာပဲထိုင္ၿပီး စားလိုက္ ကစားလိုက္ေပါ့၊ ရင္းခၽြမ္ထိုင္နဲ႔ ေခ်ာင္၀မ့္ယြင္ကေတာ့ ထီးအနီေလးတစ္ေခ်ာင္းစိုက္ၿပီး ပက္လက္ကုလားထိုင္ေတြေပၚမွာ လဲေလ်ာင္းရင္း ေႏြရာသီပင္လယ္ရွုခင္းကို ခံစားေနၾကတယ္။


တေအာင့္ေလာက္ၾကာေတာ့ ရင္းဇယ္က အိမ္ေဆာက္ေပးဖို႔ ပူဆာလာတာေၾကာင့္ ရင္းခ်ဲယ္လည္း မိဘေတြဆီ အကူညီေတာင္းရေတာ့တယ္။ ပုံၾကည့္ၿပီးေဆာက္လို႔ရေအာင္ သူတို႔က သဲအိမ္ ရဲတိုက္ပုံေလးေတြရွာေပးတယ္။


သူ႔မွာ လက္မွုပညာအရည္အ‌ေသြးက သာမန္ေလာက္ပဲျဖစ္ၿပီး ပါရမီက သိပ္မပါတာမို႔ ထြက္လာတဲ့အိမ္က ရွုံ႔တြလို႔၊ ျပတင္းေပါက္ေတြ တံခါးေတြမပါပဲ ေခါင္မိုးကလည္း ၿပိဳက်လုအေနအထား။


ဒါေပမယ့္ ရင္းဇယ္ေလးကေတာ့ တအားကိုေပ်ာ္ေနၿပီး ရတနာေလးတစ္ပါးလိုကို လိုက္ႂကြားေနေတာ့တယ္။
‘‘ပါပါး ၾကည့္! ေကာေကာက သားအတြက္အိမ္အႀကီးႀကီးလုပ္ေပးထားတာ!”


ရင္းခၽြမ္ထိုင္ကမူ မသက္သာသလိုရယ္ကာ
‘‘သားႀကိဳက္တယ္မလား ဟမ္?”


‘‘ႀကိဳက္တယ္ ႀကိဳက္တယ္! သားက ေကာေကာနဲ႔တူတူ ဒီထဲမွာ ေနခ်င္တာ!”


ရင္းခ်ဲယ္ေလးရဲ့ လက္ေတြကေတာ့ သဲေတြထဲမွာ ျမႇုပ္ေနတုန္း၊ ဒါ့ေၾကာင့္ပဲ သူက လက္ေမာင္းေလးကို ေျမႇာက္ၿပီး နဖူးကေခၽြးကို သုတ္တယ္။
‘‘အင္းပါ၊ ေနာက္က်မွ ေကာေကာက ဒီ့ထက္ အမ်ားႀကီး အမ်ားႀကီးပိုလွတဲ့ အိမ္ေဆာက္ေပးမယ္ေနာ္” 


ကေလးေတြရဲ့စိတ္ဆိုတာ အျမဲတမ္း ခပ္ဆန္းဆန္းျမင္တိုင္းေျပာင္းလဲေနက်ဆိုေတာ့ ေကာင္မေလးတစ္ေယာက္က ေရခဲမုန႔္ကန္ေတာ့ခြက္ေလးကိုင္ၿပီး ျဖတ္ေလၽွာက္သြားေရာ ရင္းဇယ္ေလးက အိမ္ေတြဘာေတြေမ့သြားၿပီး တံေတြးေတြၿမိဳခ်တယ္။
‘‘ေကာေကာ သားလည္းေရခဲမုန႔္စားခ်င္တယ္!”


ရင္းခ်ဲယ္ေလးလည္း ေရြးစရာမရွိပဲ ေကာင္မေလးေနာက္ကိုလိုက္ၿပီး ဘယ္က၀ယ္လဲ ေမးရေတာ့တယ္။ မလွမ္းမကမ္းက မ်က္စိတစ္ဆုံးစာေလာက္မွာပဲ အေအးဆိုင္တစ္ဆိုင္ရွိတယ္၊ အဲ့အေအးဆိုင္အျပင္ဘက္ ျပတင္းေပါက္ကပ္ရပ္မွာမွ ေရခဲမုန႔္စက္ရွိတယ္ဆိုပဲ။


ရင္းဇယ္ေလးက သြား၀ယ္ဖို႔ေအာ္ဟစ္ပူဆာေနတာမို႔ ေခ်ာင္၀မ့္ယြင္မွာလည္း လက္အရင္ေဆးဖို႔ေျပာရေတာ့တယ္။ သူမက ေရဘူးကိုအဖုံးဖြင့္ၿပီး
‘‘လက္ျဖန္႔ၾက”


ကေလးေလးႏွစ္ေယာက္လုံးက ၿပိဳင္တူ လက္ကေလးေတြ ကိုယ္စီထုတ္တယ္။ သူတို႔လက္ေတြကို အေရွ႕ေရာေနာက္ေရာ ေဆးေပးလိုက္တယ္။ ေရေလးက ေအးျမၾကည္လင္လို႔။


‘‘ရၿပီ သန္႔သြားၿပီ”
ေခ်ာင္၀မ့္ယြင္က ေရဘူးကိုေဘးမွာခ်လိုက္ၿပီး အိတ္ထဲက ယြမ္တစ္ရာထုတ္ေပးတယ္။
‘‘တျခားစားခ်င္တာရွိရင္လည္း ၀ယ္ခဲ့လိုက္ေနာ္၊ သြား သြားၿပီးရင္ ခ်က္ခ်င္းျပန္လာခဲ့၊ ေလၽွာက္မသြားရဘူး”


‘‘ဟုတ္! ေကာေကာ သြားၾကစို႔!”


အေအးဆိုင္က ေျခလွမ္းႏွစ္ဆယ္သုံးဆယ္ေလာက္ပဲ လွမ္းတာမို႔ ေခ်ာင္၀မ့္ယြင္နဲ႔ ရင္းခၽြမ္ထိုင္လည္း တစ္ဖက္ျပန္လွည့္ၿပီး ေျပာလက္စစကားကိုဆက္ေျပာေနလိုက္ၾကတယ္။ ကမ္းေျခက လူလည္း ရွုပ္မေနတာမို႔ တျခားေျပးလႊားကစားေနၾကတဲ့ ကေလးေတြလည္းအမ်ားႀကီးရွိတယ္။ ဒါ့အျပင္ သူတို႔ရဲ့သားအႀကီးေလးက အျမဲလိုလို သိတတ္နားလည္တတ္တာမို႔ အမ်ားႀကီးစိတ္ခ်ရပါတယ္။


အေအးဆိုင္ေရာက္ေတာ့ ရင္းဇယ္ေလးရဲ့ မ်က္လုံးေတြက ေရခဲမုန႔္ဆီမွာပဲ ကပ္လ်က္ရွိတယ္။ labelတပ္ထားတဲ့ အရသာကႏွစ္မ်ိဳး ဗနီလာရယ္ စေတာ္ဘယ္ရီရယ္။


‘‘ေကာေကာ သားကဗနီလာ၊ ေကာေကာကေရာ?”


ရင္းခ်ဲယ္ေလး ျပန္ေျဖမယ္အလုပ္မွာ အေအးဆိုင္ရဲ့တစ္ဖက္နားမွာ ေဆးလိပ္ေသာက္ေနတဲ့လူႀကီးေတြကို ေတြ႕တာမို႔


‘‘ခနေလးေစာင့္ၾကရေအာင္”
သူ ရင္းဇယ္ကို ျပန္ဆြဲထားလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ေလးနဲ႔ တိုးတိုးေျပာလိုက္တယ္။
‘‘ဟိုဦးေလးႀကီးႏွစ္ေယာက္က ေဆးလိပ္ေသာက္ေနလို႔”


ရင္းခၽြမ္ထိုင္ အရင္က ေဆးလိပ္ေသာက္ေလ့ရွိတယ္၊ ဒါေပမယ့္ တစ္ဆင့္ခံေဆးလိပ္ေငြ႕က ကေလးေတြအတြက္ ဘယ္ေလာက္အႏၲရာယ္မ်ားေၾကာင္း ေခ်ာင္၀မ့္ယြင္က ေျပာၿပီးတဲ့ေနာက္ေတာ့ သူျဖတ္လိုက္တယ္။ သူတို႔ေလးႏွစ္ေယာက္ကလည္း အဲ့ဒါကိုစိတ္ထဲစြဲေနၿပီး ေဆးလိပ္ေသာက္ျခင္းကအႏၲရာယ္မ်ားေၾကာင္းနဲ႔ တတ္နိုင္သေလာက္ေရွာင္သင့္ေၾကာင္း သိၾကတယ္။


ဒါေပမယ့္ ဒီေန႔ေတာ့ ရင္းဇယ္ေလးက မလိမၼာဘူးျဖစ္ေနတယ္။ အပူရွိန္ေၾကာင့္ ေရအရမ္းဆာၿပီး မေတြးနိုင္ေတာ့တာေၾကာင့္လည္း ျဖစ္ခ်င္ျဖစ္မယ္၊ သူကေျပာလာတယ္။
‘‘ဝယ္ၿပီးၿပီးခ်င္း ျပန္ၾကမယ္‌ေလ! အဲ့လိုရမွာပါ!”


ရင္းခ်ဲယ္လည္း သူ႔ကိုမနိုင္ဘူးဆိုတာ သိတာမို႔
‘‘ဒါဆိုလည္း ခနေလာက္ အသက္ေအာင့္ထားၾကမယ္ေနာ္”


‘‘ဟုတ္!”


ႏွစ္ေယာက္သား သေဘာတူညီခ်က္ရၿပီးတာမို႔ ဆိုင္ဆီကို ေရွ႕ဆက္ေလၽွာက္သြားလိုက္တယ္။ အေနေတာ္ေလာက္အေဝးေရာက္ၿပီထင္မွ အသက္ေအာင့္ထားတာကို ေျဖေလ်ာ့လိုက္ၿပီး
‘‘ေလာင္ပန္ ေရခဲမုန႔္ႏွစ္ခုေပးပါ”


ဆိုင္ရွင္က ျပဳံးျပရင္းနဲ႔ ေျပာတယ္။
‘‘ေကာင္းပါၿပီ စုစုေပါင္းဆယ္ယြမ္၊ ကေလးေတြ ကိုယ္တိုင္လုပ္ၾကည့္ခ်င္လား?”


ရင္းဇယ္ မ်က္လုံးေလးေတြက လက္လာတယ္။
‘‘ကိုယ္တိုင္လုပ္လို႔ရတာလား?”


‘‘ဒါေပါ့ ဒီကိုလာ ဦးဦးျပမယ္” 


ခနခ်င္းအတြင္းမွာပဲ ရင္းဇယ္ေလးဟာ တစ္ဆင့္ခံေဆးလိပ္ေငြ႕ကို ေရွာင္ဖို႔အေရးေတြ ဘာ‌ေတြမသိေတာ့ပဲ ေရခဲမုန႔္စက္ဆီသြားၿပီး စမ္းၾကည့္ဖို႔အေရးသာ ထက္သန္တက္ႂကြ‌လို႔ ေနေတာ့တယ္။ ရင္းခ်ဲယ္မွာလည္း ဘာမွမတတ္နိုင္တာမို႔ သူ႔ေနာက္ကလိုက္ၾကည့္႐ုံပဲေပါ့။


သာမန္စက္တစ္ခုပဲျဖစ္တာမို႔ ခက္ခက္ခဲခဲေတာ့မရွိလွဘူး။ လက္ကိုင္ေလးကိုဖိခ်လိုက္ရင္ အေပါက္က‌ေန ေရခဲမုန႔္ေတြ ျဖည္းျဖည္းခ်င္းက်လာၿပီး ကန္ေတာ့ခြက္ထဲကို လိမ္၀င္သြားလိမ့္မယ္။


ရင္းဇယ္ အရပ္က စက္ကိုမမွီတာေၾကာင့္ ဆိုင္ရွင္ကထြက္လာၿပီး ခ်ီေပးတယ္။
‘‘ကဲ ဒီမွာ”


ရင္းဇယ္ေလး ေလထဲေျမာက္သြားၿပီး သူ႔လက္ကေလးကိုဆန႔္လို႔ စက္ရဲ့လက္ကိုင္ကိုေပ်ာ္ေပ်ာ္ႀကီးဆြဲခ်ေနတာကို ရင္းခ်ဲယ္ ၾကည့္ေနလိုက္တယ္။


ဒါက သူသတိမလစ္ခင္ ေနာက္ဆုံးျမင္ခဲ့ရတဲ့ ျမင္ကြင္းပဲ။


လူတစ္ေယာက္က အေနာက္ကေန သူ႔ပါးစပ္ကိုအုပ္ၿပီးတဲ့ေနာက္ ခပ္စူးစူးအနံ့တစ္ခုက ႏွာေခါင္းထဲ တိုး၀င္လာတယ္။ သူေအာ္ေတာင္မေအာ္နိုင္ေသးခင္မွာပဲ ျမင္ကြင္းကေမွာင္က်သြားၿပီး အသိစိတ္ေတြ ဆိတ္သုဥ္းသြားေတာ့တယ္။


ဒီလိုနဲ႔ ေအးခ်မ္းလွပတဲ့ အမွတ္တရေတြအားလုံးဟာ လၽွပ္တျပက္ဆိုသလို အဆုံးသတ္ခ်ိန္ေရာက္ခဲ့ရတယ္။


...


အဲ့ဒီေနာက္ေတာ့ အခ်ိန္ေတြဟာ လ်င္ျမန္စြာပဲ တဟုန္ထိုးသြားတယ္၊ ျဖစ္ရပ္ေတြျမင္ကြင္းေတြအားလုံးဟာ ခ်ားရဟတ္လည္သလိုမ်ိဳး သူ႔မ်က္စိေရွ႕မွာ တရိပ္ရိပ္နဲ႔ :


စက္႐ုံေဟာင္းတစ္႐ုံ၊ ေသြးေတြေပပြလာတဲ့အထိ တံခါးေပါက္ကို ထုရိုက္ေနခဲ့တဲ့ သူ႔ရဲ့လက္ကေလးေတြ။


ညအေမွာင္ထဲမွာ သူတို႔ အသည္းအသန္ ေျပးေနခဲ့တယ္၊ ေနာက္မွာေတာ့ ေသြးတစက္စက္နဲ႔ ေျခရာေတြ က်န္ေနခဲ့တယ္။


သူတို႔ေနာက္ပါးဆီက ျမန္ဆန္တဲ့ ေျခသံေတြနဲ႔၊ သူ႔ေသြးေတြကို ေအးခဲသြားေစေလာက္တဲ့ ေအာ္သံတစ္ခု။


အသည္းအသန္ငိုေနတဲ့ ရင္းဇယ္ရဲ့မ်က္ႏွာနဲ႔၊ ယိုင္တိယိုင္နဲ႔ေျပးလႊားသြားတဲ့ ကိုယ္‌ငယ္ေလးတစ္ခု။


အဲ့ဒီေနာက္ လက္ႀကီးႀကီးတစ္ဖက္က အေရွ႕ေရာက္လာၿပီး သူ႔လည္ပင္းကိုညႇစ္တယ္၊ ခက္ထန္ၾကမ္းၾကဳတ္နဲ႔ မ်က္၀န္းေတြ၊ ရွည္ရွည္တုတ္တုတ္ stun batonတစ္ေခ်ာင္းနဲ႔၊ ေတာက္ေလာင္ေနတဲ့ စီးကရက္ထိပ္ဖူး၊ ေရခဲတမၽွေအးစက္ေနတဲ့ သံပင္ေတြ......ေနာက္ စက္႐ုံတစ္ေလၽွာက္လုံး ဟိန္းထြက္လာတဲ့ ေအာ္ဟစ္ငိုယိုသံေတြ။


သူသတိလစ္သြားေသးတယ္၊ ၿပီးေတာ့ ျပင္းထန္တဲ့နာက်င္မွုေဝဒနာေၾကာင့္ သတိျပန္လည္လာတယ္၊ မ်က္၀န္းေတြထဲက ထပ္ခါထပ္ခါ စီးက်ေနတဲ့ မ်က္ရည္ေတြက သူ႔ကိုယ္ေပၚကေန ေသြးစြန္းေနတဲ့သံေခ်ာင္း ဖယ္ခြာသြားတဲ့အထိပဲ။


အဲ့အခ်ိန္မွာပဲ စက္႐ုံရဲ့တံခါးက ကန႔္အဖြင့္ခံလိုက္ရၿပီး ရဲသားေတြ၀င္လာတယ္။


စိတ္ထဲမွာ အတင္းအက်ပ္ ရစ္ပတ္ခ်ည္ထားခဲ့ရတဲ့ႀကိဳးက ဖ်တ္ခနဲျပတ္သြားသလိုမ်ိဳး သူလည္းအေမွာင္ထုထဲကို ဆုံးဆုံးက်ေရာက္သြားေတာ့တယ္။


.....


သူ မ်က္လုံးေတြျပန္ဖြင့္လိုက္ေတာ့ မ်က္စိေရွ႕က အျဖဴေရာင္အတိ။


သူရင္းႏွီးတဲ့ မီးအေရာင္၊ ရင္းႏွီးတဲ့ ပိုးသတ္ေဆးအနံ့နဲ႔ ၾကားေနက် အသံတစ္ခု
‘‘အင္း မစိုးရိမ္ပါနဲ႔ စိတ္ခ်ရတဲ့အေျခေနကိုေရာက္ေနပါၿပီ၊ သူ႔ pheromone levelကိုလည္း ငါတိုင္းၾကည့္ၿပီးၿပီ....”


ရင္းခ်ဲယ္ မ်က္လုံးကို ေျဖးေျဖးခ်င္းဖြင့္ၿပီး ဘယ္ညာေရႊ႕ၾကည့္ေတာ့ အခန္းရဲ့ျပတင္းေပါက္နားမွာ ရပ္ၿပီး ဖုန္းေျပာေနတဲ့ လူတစ္ေယာက္ကို ေတြ႕တယ္။ မမွတ္မိနိုင္ခင္ကို သူ႔ရဲ့ေလးပင္ေနတဲ့ဦးေႏွာက္ကို အလုပ္ေပးရေသးတယ္။
‘‘ေဒါက္တာ....*အဟြတ္ ဟြတ္* !”


အတန္ၾကာ ေရမေသာက္ရေသးတာေၾကာင့္ လည္ေခ်ာင္းက ေျခာက္ကပ္ေနပုံရတယ္။


သူ႔လွုပ္ရွားသံၾကားေတာ့ ေဒါက္တာဖုန္းက ခ်က္ခ်င္းလွည့္ၾကည့္လာတယ္။
‘‘သူနိုးလာၿပီ၊ ငါ သူ႔အေျခေနကို အရင္စစ္ေဆးၿပီးမွ မင္းကို ဖုန္းျပန္ေခၚလိုက္မယ္”


ေဒါက္တာဖုန္းက ဖုန္းခ်ၿပီး ကုတင္ေဘးကို ေရာက္လာတယ္။ သူ႔ကိုထထိုင္ဖို႔ ကူညီေပးၿပီး ေရတိုက္တယ္။
‘‘ဘယ္လိုေနေသးလဲ? ေနလို႔အဆင္မေျပတာ‌ေတြဘာေတြရွိလား?” 


ရင္းခ်ဲယ္ လည္ေခ်ာင္းဆြတ္ဖို႔ ေရ ႏွစ္က်ိဳက္သုံးက်ိဳက္ေလာက္ ေသာက္လိုက္တယ္။
‘‘ဟင့္အင္း”


‘‘ဒါျဖင့္ တကိုယ္လုံး ေႏြးေနသလိုေရာ ခံစားမိလား?”


‘‘အင္း”
သူ႔လက္ဖဝါးေတြက ေလာေလာလတ္လတ္ ေရေႏြးပူခြက္ကိုင္ထားသလိုမ်ိဳး ခပ္ေႏြးေႏြးျဖစ္ေနတယ္။ ပူက်ပ္ေတာက္ေနတာမ်ိဳး မဟု‌တ္ေပမယ့္ သူ႔ကိုယ္ထဲက သာမန္မဟုတ္တဲ့ အပူကို သူေကာင္းေကာင္းႀကီး ခံစားမိတယ္။ ေရေႏြးစီးေၾကာင္းတစ္ခုက သူ႔ေသြးေတြထဲမွာစီးဆင္းေနသလိုမ်ိဴး။


‘‘ေကာင္းတယ္ ဒါဆို ေအာင္ျမင္တာပဲ!”
ေဒါက္တာဖုန္းက စိတ္လွုပ္တရွားေျပာတယ္။
‘‘စစ္ေဆးခ်က္ရလဒ္ထဲက အတိုင္းပဲ၊ မင္းရဲ့ pheromoneေတြ ျပန္ေကာင္းလာၿပီ၊ ခုကစလို႔ မင္းသာမန္ omegaတစ္ေယာက္ ျဖစ္ေတာ့မွာ!”


ရင္းခ်ဲယ္က အံ့ဩတႀကီးနဲ႔ မ်က္ေတာက္ခတ္ကာ
‘‘.....ဘယ္လို?”


ေဒါက္တာဖုန္းက ေဆးစစ္ခ်က္စာရြက္ေလးကိုလွန္ၿပီး pheromone levelကိုေဖာ္ျပတဲ့ columnေလးကို ထိုးျပတယ္။
‘‘ၾကည့္ အရင္တုန္းက testေတြမွာဆို မင္းရဲ့ resultက အျမဲ zeroေလ၊ ဒီတစ္ေခါက္မွာက် ကိန္းဂဏန္းပါလာတယ္၊ လက္ရွိ levelက နည္းတဲ့ဘက္မွာ ရွိေနေသးတယ္ဆိုေပမယ့္ ေန႔တိုင္းတိုးသြားရင္ ပုံမွန္ levelကို ‌သိပ္မၾကာခင္ ေရာက္လာနိုင္တယ္”


‘‘ဒါမယ့္ ေဒါက္တာပဲေျပာခဲ့တာမလား ကုသမွုက အလုပ္မျဖစ္ဘူးလို႔”


‘‘အာ အဲ့တာက ေျပာရရင္ အရွည္ႀကီးပဲ.....”


ရင္းခ်ဲယ္က ဖ်တ္ခနဲ တစ္စုံတစ္ခုကို သတိရသြားသလိုနဲ႔
‘‘ေနပါဦး ကၽြန္ေတာ္က ဒီကိုဘယ္လိုေရာက္ေနတာလဲ?”


သူသတိေမ့သြားတဲ့အခ်ိန္တုန္းက အနားတစ္ဝိုက္မွာ ေဒါက္တာဖုန္းကို သိတဲ့လူရယ္လို႔ မရွိပါဘူး။


‘‘မင္းရဲ့ေကာင္ေလး လာပို႔သြားတာ၊ အရပ္ရွည္ရွည္ ခပ္ေခ်ာေခ်ာ သူငယ္ေလးေလ”


‘‘သူက ဘယ္လိုလုပ္ၿပီး ဒီေနရာကို သိတာလဲ?”


‘‘အမ္း အဲ့ဒါက....”
ေဒါက္တာဖုန္းက တြန႔္ဆူတ္ေနတယ္။
‘‘ေရွာင္ခ်ဲယ္ ဦးေလးေတာင္းပန္ပါတယ္ သူသိထားတယ္.....”


‘‘ဘာသိထားတာလဲ?” 


‘‘မင္းက omegaဆိုတာရယ္၊ အတိတ္တုန္းက မင္းဘာျဖစ္ခဲ့တယ္ဆိုတာေရာ.....”


‘‘......”
ရင္းခ်ဲယ္ မ်က္လုံးကိုဖိပိတ္ၿပီး အသက္ကို မၽွဥ္းမၽွဥ္းခ်င္း ရွူလိုက္တယ္။ ေတြးၾကည့္႐ုံနဲ႔တင္ သူ႔ေခါင္းေတြကိုက္ခဲလာၿပီ။
‘‌‘ေဒါက္တာဖုန္း၊ တစ္ေယာက္ကိုမွျပန္မေျပာပါဘူးလို႔ ေဒါက္တာ ကၽြန္ေတာ့္ကို ကတိေပးခဲ့တယ္ေလ”


‘‘ငါလည္း အဲ့လိုမလုပ္သင့္မွန္းသိပါတယ္ ဒါေပမယ့္....”


‘‘သူက ဘယ္လိုေနလဲ?”


‘‘အမ္?”


ရင္းခ်ဲယ္ကိုယ္ကိုယ္တိုင္လည္း မေမးသင့္ဘူးဆိုတာ သိေပမယ့္ မေနနိုင္ပဲေမးမိတယ္။
‘‘ကၽြန္ေတာ့္အတိတ္ကအေၾကာင္းၾကားၿပီးခ်ိန္ သူ႔ပုံစံက ဘယ္လိုေနလဲ?”


‘‘သူ႔ပုံစံက.....”
ေဒါက္တာဖုန္းက ခနေလာက္ ျပန္ေတြးၾကည့္တယ္။
‘‘အရမ္းကို ၀မ္းနည္းေၾကကြဲေနပုံပဲ၊ မ်က္လုံးေတြက အကုန္ရဲေတာက္ေနခဲ့တာ”


သူေျပာျပတာကိုၾကားရတာ ရင္းခ်ဲယ္လည္ေခ်ာင္းေတြလည္း ဆို႔နင့္ေတာ့မလို ျဖစ္လာတယ္။


‘‘သူေဆး႐ုံကိုလာၿပီး ကၽြန္ေတာ့္ကို လာေတြ႕တဲ့ခါက်ရင္ ေဒါက္တာ သူ႔ကိုမ၀င္‌ေအာင္တားေပးလို႔ရမလား”


‘‘ဘာလို႔လဲ?”


‘‘ကၽြန္ေတာ္တို႔က ျပတ္သြားၿပီ၊ ကၽြန္ေတာ္က omegaဆိုတာနဲ႔ ေရာဂါေပ်ာက္သြားၿပီဆိုတာသိၿပီးမွ ကၽြန္ေတာ္နဲ႔ျပန္လာပက္သက္ေနမွာစိုးလို႔၊ ကၽြန္ေတာ္ သူ႔ကိုမေတြ႕ခ်င္ေတာ့ဘူး”


ကၽြန္ေတာ္ စိတ္မထိန္းနိုင္ပဲ က်န႔္ေယာင္ကို ထရိုက္မိမွာစိုးတယ္၊ အဲ့ဒါထက္ စိတ္မထိန္းနိုင္ပဲ ထဖက္မိမွာကို ပိုစိုးတယ္


အခုဆို သူ႔ pheromoneလည္း ျပန္ရလို႔ သူ႔ဘ၀သူျပန္ရၿပီ၊ ဒါေပမယ့္ သူေပ်ာ္မယ္ထင္ထားသေလာက္လည္း မေပ်ာ္ဘူး။ သူ႔အေနနဲ႔ မၿပီးဆုံးနိုင္တဲ့ နာက်င္စရာ အိပ္မက္အရွည္ႀကီး တစ္ခုကို မက္လိုက္ရသလိုပဲ။ နိုးလာခ်ိန္က် ရင္ထဲမွာ အေၾကာက္တရားက တဝဲလည္လည္ က်န္ရစ္ေနၿပီး တစ္ဆက္တည္းမွာလည္း ေရလိုတည္ၿငိမ္ေအးခ်မ္းေနျပန္တယ္။


အဆုံးမွာ အိပ္မက္က အိပ္မက္တစ္ခုထက္ မပိုပါဘူး။ အိပ္မက္လွလွေလးပဲျဖစ္ေနပါေစ အိပ္မက္ဆိုးတစ္ခုပဲျဖစ္ေနပါေစ လြင့္ျပယ္က်န္ခဲ့တာပါပဲ။


ရွင္သန္ရျခင္းဟာ ဒါေပါ့ ေပ်ာ္စရာေကာင္းတာေပါ့၊ ဒါေပမယ့္ ရွင္သန္ဖို႔ သူျဖတ္သန္းရမယ့္အရာအားလုံးကို ျဖတ္သန္းအၿပီးမွာေတာ့ ဘာမွလည္းအထူးတလည္ ေပ်ာ္စရာအရာမ်ိဳးဆိုတာ မရွိ‌ေတာ့သလိုပဲ။


က်န႔္ေယာင္အတြက္ကေတာ့....အင္း သူ႔အေပၚ သူ(ရင္းခ်ဲယ္) တကယ္ ဘာအျငႇိုးအေတးမွ မထားပါဘူး၊ ဒါေပမယ့္ သူ ခြင့္လည္းခြင့္မလႊတ္နိုင္ျပန္ဘူး၊ အဲ့ဒီလူအတြက္နဲ႔ သူ႔ခံစားခ်က္ေတြ ထပ္ၿပီး တက္လိုက္က်လိုက္ ငိုလိုက္ရယ္လိုက္ မျဖစ္ခ်င္ေတာ့တာမို႔။


လူတစ္‌ေယာက္ဟာ ဘ၀မွာ ဆန္းၾကယ္တဲ့မ်က္လွည့္လိုျဖစ္ရပ္မ်ိဳးကို တစ္ႀကိမ္ပဲ ၾကဳံေတြ႕ခြင့္ရွိသတဲ့။ ေကာင္းကင္က သူ႔ကို အသက္တစ္ဖန္ရွင္သန္ခြင့္ေပးခဲ့တယ္၊ အဲ့‌ဒီအတြက္ က်န႔္ေယာင္ကိုေတာ့ သူ႔ဆီကေန ျပန္ယူသြားခဲ့တယ္၊ ဒါက အေပးအယူမၽွ႐ုံပါပဲ။


‘‘တကယ္ေတာ့....ငါအၾကမ္းဖ်ဥ္းရိပ္မိပါတယ္ မင္တို႔ႏွစ္ေယာက္ျပတ္ရတဲ့အေၾကာင္းနဲ႔ မင္းသူ႔ကို‌မေတြ႕ခ်င္ရတဲ့အေၾကာင္းကို”
ေဒါက္တာဖုန္းက ေျပာတယ္။
‘‘အေလာတႀကီးမဆုံးျဖတ္ပါနဲ႔ဦး၊ ငါအရင္ၿပီးေအာင္ ေျပာပါရေစ”


ရင္းခ်ဲယ္ကေတာ့ ေခါင္းခါတယ္။
‘‘ဘာမွေျပာစရာမက်န္ေတာ့ဘူး”


ေဒါက္တာဖုန္းက ေခ်ာင္းအနည္းငယ္ဟန႔္တယ္။
‘‘မင္းရဲ့ေကာင္ေလး၊ သူက မင္း omegaဆိုတာ မေန႔ကမွ သိတာမဟုတ္ဘူး၊ အရင္တစ္လေက်ာ္ေလာက္ကတည္းက သိခဲ့တာ’’


_______


T/n : ကဲ surprise!!!
ယူတို႔ဘာသာျပန္သူ သေဘာေကာင္းတယ္ဟုတ္?
treatmentက ဘယ္လိုျဖစ္သြားတာလဲဆိုတာေတာ့ ‌ေနာက္အပိုင္းမွာပါပါလိမ့္မယ္၊
ေနာက္တစ္ပိုင္း update ၾကာပါမယ္😉
_______

Comment