Chapter - 72

ဆေးရုံမှာ သူ့ရဲ့နေ့ရက်တွေက တကယ်ကို ခြောက်ကပ်တိတ်ဆိတ်ပြီး ပျင်းစရာ။ ဒေါက်တာဖုန်းဆီက pheromoneတွေ တည်ငြိမ်တဲ့အနေအထားကို ရောက်သွားပြီလို့ အဆုံးအဖြတ်ရတယ်ဆိုရင်ပဲ ရင်းချဲယ်လည်း မဆိုင်းမတွ ဆင်းဖို့ပြင်တော့တယ်။


သူ အခန်းထဲက ထွက်သွားချိန် ကုတင်ဘေးမှာ လုံးခြေထားတဲ့ စက္ကူဆုပ်လေးတွေအပုံလိုက် ကျန်နေခဲ့လေရဲ့။

....


အိမ်မှာပဲ နောက်ထပ် တစ်ပတ်ကြာလောက် အနားယူပြီးနောက် တနင်္လာနေ့မှာတော့ ကျောင်းပြန်တက်ခဲ့တယ်၊ လ၀က်လောက်နီးပါးခွင့်တိူင် ပျက်ကွက်ခဲ့ပြီးနောက်ပေါ့။


ထိုအပတ်က နှစ်ဆုံးစာမေးပွဲဖြေဆိူမယ့် အပတ်လည်းဖြစ်ခဲ့ပါတယ်။


ကျောင်းပြန်တက်မယ့်အကြောင်းကို ကျောင်းအုပ်ကြီးဆီပဲ အကြောင်းကြားထားတာမို့ ထိုနေ့မနက်စောစော ကျန်ကျောင်းသားတွေလည်း စာသင်ခန်းထဲကို ၀င်လာရော လွတ်နေခဲ့တဲ့နေရာက လူတစ်ယောက်‌ ရောက်နေတာမြင်တော့ လန့်ပြီး တခနလောက် သတိအနေအထားဖြစ်သွားကြတယ်။


ကျန်းခဲ့ကတော့ မနေ့ညက မပြီးသေးတဲ့ အိမ်စာအတွက် ပူပန်နေတုန်း သူ့ကိုတွေ့လိုက်ရချိန် အသက်ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုပါပဲ။
‘‘ချဲယ်ကော! နောက်ဆုံးတော့ ချဲယ်ကောပြန်လာပြီ! အသေလွမ်းနေခဲ့တာ!”


‘‘ငါအိမ်စာမလုပ်ရသေးဘူး”
ရင်းချဲယ်ကတော့ စကားတစ်ခွန်းလေးနဲ့တင် သူ့ကို ငြိမ်အောင်လုပ်လိုက်တယ်။


‘‘အာ.....ပြဿနာမရှိပါဘူး.....လွမ်းတာက လွမ်းတာပါပဲ....”
ကျန်းခဲ့က အဲ့လိုပြောပေမယ့် တစ်ဖက်လှည့်ပြီး တခြားသူဆီ အိမ်စာငှားဖို့ သွားရှာတော့တယ်။


သူနဲ့ခြားနားစွာပဲ ကောကျစ်ရှုန်းကတော့ နောက်ကျမှ ရောက်လာတယ်။ သူက လွယ်အိတ်ကိုချပြီးမှ ရယ်လို့ ပြောတယ်။
‘‘ချဲယ်ကော မောနီး၊ ခုလေးတင် ငါ့ကောင်မလေးဆီ မနက်စာသွားပို့လာတာ၊ ချဲယ်ကော နေလို့သိပ်မကောင်းဘူးဆို ငါယူပေးမယ်လေ၊ ကိစ္စမရှိဘူးနော်”


‘‘ရတယ်၊ ငါ......” 
ရင်းချဲယ် ပြောနေရင်းတန်းလန်းမှာပဲ အနောက်တံခါးကနေ၀င်လာတဲ့ လူတစ်‌ယောက်၊ သူကလည်း လှမ်းကြည့်မိသွားတယ်။


အချိန်အတော်ကြာပြီးနောက်မှ မျက်နှာချင်းဆိုင်တွေ့ရတာပဲဖြစ်တယ်။


ကျန့်ယောင်က အံ့ဩသွားသလို မျက်တောင်တစ်ချက်ခတ်ပြီး ခပ်မြန်မြန်ပဲ တစ်ဖက်လှည့်သွားကာ သူ့‌နေရာသူ သွားထိုင်တယ်။


Class 1ကျောင်းသားတွေကလည်း အကန်း‌တွေတော့ မဟုတ်ပေ။ သိပ်မကြာသေးခင်ကတော့ နှစ်ယောက်က ခွဲမရအောင်ကို တပူးပူးတတွဲတွဲ၊ ဟော နောက် ရုတ်တရက်ကြီး နေရာတွေလဲပြီး တစ်ယောက်နဲ့တစ်ယောက် မသိချင်ယောင်ဆောင်နေကြတယ် : ဆိုတော့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတယ်ဆိုတာ အသိသာကြီးပဲ။ ခက်တာက ဘယ်သူမှ ထုတ်မမေးရဲတာပဲရှိတာ၊ အားလုံးက ဖော်မပြတတ်ပေမယ့် တူညီတဲ့ အတွေးတစ်ခု ခံစားမိနေပေမယ့်လို့ပေါ့ : နှစ်‌ယောက်က ဘယ်တော့မဆို ပြန်သင့်မြတ်သွားတာပဲကို ဆိုပြီး။


တကယ့် ကာယကံရှင် နှစ်ယောက်ကတော့ အဲ့လိုမထင်ပါ။


တစ်ရက်သာ ကုန်ဆုံးသွားတယ်၊ ကျန့်ယောင်နဲ့ ရင်းချဲယ်ကတော့ ဒုတိယအကြိမ်တောင် မဆုံဖြစ်ကြပေ။


သူ့ခုံက တောင်ဘက်ပြတင်းပေါက်နားမှာ ဖြစ်ပြီး ကျန့်ယောင်ကတော့ မြောက်ဘက်ပြတင်းပေါက်မှာ။ ကြားထဲမှာ လူလေးယောက်ပဲ ခြားထားပေမယ့်လည်း လူပင်လယ်ကြီးခြားထားသလိုလို။


ဘယ်တော့မှ ထပ်ဆုံဖို့မဖြစ်နိုင်တော့သလိုမျိုး။


....


ညနေပိုင်း self-studyချိန် :


နောက်တစ်နေ့ဆို final ဖြေရပြီမို့ ဘာသာရပ်ပေါင်းစုံ ဆရာတွေက အိမ်စာတွေထပ်မပေးကြတော့ပေ။ ကျောင်းသားအချို့က ပြန်လှန်လေ့ကျင့်ခန်း လုပ်နေကြပြီး ၀တ္တုဖတ်နေသူတစ်ချိူ့လည်းရှိသလို တချို့ကျလည်း မှောက်အိပ်နေပြန်တယ်။ စာသင်ခန်းဟာ တိတ်ဆိတ်ငြိမ်သက်လို့။


နားချိန်ရောက်မှပဲ ဆူညံသံတွေနဲ့ အရာအားလုံး ပြန်လည်လှုပ်လှုပ်ရှားရှား ဖြစ်လာတော့တယ်။


ကောကျစ်ရှုန်းကမူ ဖုန်းခိုးယူလာပြီး ကောင်မလေးနဲ့နောက်ရက်အနည်းငယ်အထိ စာပဲအမှန်အကန်လုပ်ပြီး dateမလုပ်ကြရအောင်လို့ သဘောတူထားပြီး chatနေလေရဲ့။ ရိုးရိုးသားသားစကားပြောပြီး အချင်းချင်းအားပေးရုံလို့တော့ ပြော‌ပါရဲ့၊ သို့ပေသည့် မည်သို့ပင်ဆိုဆို စကားဝိုင်းက ဦးတည်ရာနည်းနည်းတော့ ပြောင်းပါတယ်။


‘‘ဒါနဲ့ ချဲယ်ကော ငါ့ကောင်မလေးက သိချင်နေတာ ချဲယ်ကောမှာ ရည်းစားရှိမရှိ”


ကောကျစ်ရှုန်း အသံကကျယ်လွန်းတော့ အတန်းထဲမှာ ကျန်နေတဲ့ ကျောင်းသားတွေအကုန်တောင် ကြားနိုင်လောက်တယ်။ ရင်းချဲယ်တောင် မဖြေနိုင်သေးခင် ဟန်မုန့်က ခပ်လန့်လန့်အသံနဲ့ ၀င်ပြောတယ်။
‘‘ဘာကိစ္စ မင်း‌ကောင်မလေးက သိချင်ရတာလဲ? ငါတို့ချဲယ်ကော အပေါ်ကိုများ သူက ရည်ရွယ်ချက်တွေရှိနေတာလား?”


‘‘ငလူး ငါ့ကောင်မလေးမှာ ငါတစ်ယောက်လုံးရှိတယ်လေ၊ သူက အခုတလော ချဲယ်ကော cp(couple) ကို ship‌နေလို့၊ အထူးတလည်ကို စပ်စုစကားများနေတာ”


‘‘Cp? ဘယ်သူနဲ့လဲ? ကျန့်ယောင်လား ဟုတ်တယ်မို့လား?”


ကောကျစ်ရှုန်း ကျန့်ယောင်ကို လှမ်းကြည့်လိုက်တော့ သူ့ခုံမှာသူ လက်မောင်းနဲ့ ခေါင်းကိုအုပ်လို့ အိပ်နေလေတယ်။ သူက headphoneတောင် ပေါ်တင်တပ်ထားသေးတယ်။ မကြားနိုင်လောက်ဘူးဆိုမှ သူလည်း စိတ်အေးလက်အေး ထုတ်ပြောရဲတော့တယ်။
‘‘မဟုတ်ဘူး၊ သူပြောတာတော့ ကျန့်ယောင်က စိတ်မတည်တတ်လို့တဲ့ သူ့အိမ်(cp)က ပြိုနိုင်ချေများတယ်တဲ့”


ကောကျစ်ရှုန်းခမျာလည်း ကောင်မလေးဖြစ်သူကြောင့် ဗန်းစကားတွေတောင် အတော်တတ်နေပြီ၊ သို့ပေမယ့် သူနားမလည်တာတွေလည်း ရှိသေးသည်။
‘‘ချဲယ်ကောကို ဘယ်သူနဲ့ shipတာလဲတော့ ငါလည်းမသိဘူး၊ နက်နဲတဲ့လျှို့ဝှက်ချက်မျိူးပဲဖြစ်မယ်၊ ဒါမယ့် ‘orthopedic cp’တို့ ‘taboo love’တို့ ‘လူသိလို့မဖြစ်’တိူ့ဆိုတာတွေကျ ဘာအဓိပ္ပါယ်မှန်းမသိဘူး”
(T/n : orthopedic cpဆိုတာ incestရဲ့ slangပါ၊ German orthopedicsရဲ့ အတိုကောက်လို့ဆိုပါတယ်၊ China's fansubber fandomက လူတစ်ယောက်က သူ့ညီမနဲ့ချစ်ကြိုက်ရာကနေ သူ့အဖေက မိသွားလို့အရိုက်ခံရရာက ခြေထောက်ကျိုးပြီး Germanyမှာ သွားကုရတဲ့အဖြစ်ကို ရာဇ၀င်တွင်သွားတာပါတဲ့၊ ဆိုတော့ cpသုံးခုလုံးက ဘယ်သူနဲ့ ship နေလဲသိနေသလိုပဲ😂)


‘‘......မင်းပါးစပ်ကိုပိတ်ထားလိုက်တော့”
ကပ်ဆိုးကျမှာကို ကြောက်လန့်စွာနဲ့ပဲ ဟန်မုန့်က ရင်းချဲယ်ကို လှမ်းကြည့်တယ်။
‘‘ချဲယ်ကော စိတ်မဆိုးပါနဲ့ သူတို့က အလကား စနောက်နေကြတာပါ.....”


ရင်းချဲယ်က မျက်မှောင်တွန့်နဲ့
‘‘Gu Keက ဘယ်သူလဲ? ငါတော့ သူ့ကိုမသိပါဘူး”
(T/n : ပထမဆုံးတစ်ခုက Gu Keလို့ အသံထွက်လို့ပါတဲ့)


‘‘......” 
အခုမှပဲ ဟန်မုန့်မှာ စိတ်သက်သာသလို သက်ပြင်းချမိတယ်။


တော်သေး‌တာပေါ့၊ နှစ်ယောက်လုံးက ဗန်းစကားတွေနဲ့ လိုက်မှီတဲ့သူမဟုတ်လို့သာ၊ ကောကျစ်ရှုန်း အသက်ကလေးခမျာ ကံကောင်းသွားရှာတာ။


‘‘ဘာပဲဖြစ်ဖြစ်ပါ၊ ချဲယ်ကောမှာ ရည်းစားရှိလား? ရှိလားမရှိလား ငါမမှတ်မိလို့”


‘‘မရှိဘူး”
ရင်းချဲယ် တစ်စက္ကန့်လေးမျှ မဆိုင်းမတွပဲ ပြန်ဖြေလိုက်တယ်။


ဟန်မုန့်ကတော့ တရား၀င်ပြတ်ဆဲကြောင်း ထုတ်ကြေညာခံလိုက်ရသူဆီကို လှည့်ကြည့်မိတယ်။ ကျန့်ယောင် အနေအထားက မပြောင်းပုံထောက်တော့ မကြားလောက်ပါဘူး။


ညနေပိုင်း self-studyအပြီးမှာ အဆောင်နေကျောင်းသားတွေ နှစ်ယောက်ဖွဲ့ သုံးယောက်ဖွဲ့နဲ့ အဆောင်ပြန်ကြတယ်။


ရင်းချဲယ်က စိတ်ပျက်လက်ပျက်ဖြစ်နေသလို လမ်းလျှောက်လာတယ်။ လူတွေအများကြီး သူ့ကိုကျော်တက်သွားကြပြီး တဖြည်းဖြည်းနဲ့ သူတစ်ယောက်တည်း ‌အနောက်မှာကျန်နေခဲ့တယ်။ တစ်‌စုံတစ်ယောက်က‌မူ စထွက်လာကတည်းက အဆုံးထိအောင် အကွာအဝေးတစ်ခုကနေ သူ့နောက်မှာပဲ ကပ်ပါလာတယ်။


နည်းနည်းမှ လှည့်မကြည့်ပဲ သူ လှေကားပေါ်တန်းတက်သွားလိုက်တယ်၊ အခန်းထဲ၀င်ပြီး တံခါးကိုတန်းပိတ်ပစ်လိုက်တယ်။


သူ ရေချိုးပြီးချိန်ကျတော့ တံခါးဘေးကြမ်းပြင်ပေါ်မှာ ရောက်နေတဲ့ စာရွက်လေးတစ်ရွက်၊ တံခါးအောက်က အဟကြားလေးကနေ ထိုးထည့်ပြီး ရောက်လာတာဖြစ်တယ်။


ဆံပင်သုတ်ရင်းတန်းလန်း ရင်းချဲယ် ထိုစာရွက်ကို တအောင့်လောက်ကြာ ကြည့်နေတယ်။ ပြီးမှ ကုန်းကောက်ပြီး ဖြန့်ကြည့်လိုက်တယ်။


လက်ရေးက ဆိုးဝါးနေတုန်းဆိုပေမယ့် ဖတ်လို့ရလောက်အောင်တော့ တော်တော်လေး ကြိုးစားရေးထားမှန်း သိသာတယ်၊ သူဖတ်လိုက်တယ်။


‘မင်းချစ်သူအလိုရှိတဲ့အခါ တံခါးလေးသာဖွင့်လာခဲ့ပြီး အစမ်းကောက်တွဲကြည့်လို့ရပါတယ်’တဲ့။


ဖတ်ကြည့်ပြီးနောက် ရင်းချဲယ် တံခါးကိုလော့ချလိုက်တယ်။


အဲ့နောက် သူစာရွက်ကို မူလပုံစံအတိုင်း ပြန်ခေါက်ပြီး ဖြစ်သလို ခုံပေါ်လှမ်းပစ်ထားလိုက်တယ်။ ထိုင်ခုံကိုထုတ်ထိုင်လိုက်ပြီး နောက်နေ့ဖြေရမယ့် ဘာသာရပ်ကို ပြန်ကြည့်နေလိုက်တယ်။


မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ တစ်နာရီကျော်ကုန်သွားတယ်။


သန်းဝေလာတာမို့ စာအုပ်ကို ချလိုက်သည်။ သူ အိပ်ယာဆီလျှောက်လာတုန်း အပြင်က နှာရှုပ်သံနဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။


တံခါးအောက်အဟလေးမှ ခက်ခက်ခဲခဲနဲ့ နောက်ထပ်စာရွက်လေးတစ်ရွက် ထပ်၀င်လာတယ်၊ အစွန်းအစလေးပဲ။


ရင်းချဲယ်လည်း သွားပြီး စာရွက်ကိုဆွဲနှုတ်လိုက်သည်၊ ပြီးရင် လုံးခြေပစ်လိုက်သည်။


နောက် တံခါးဘုကို လှည့်ဖွင့်ပြီး ထိုစက္ကူလုံးနဲ့ အပြင်ကလူကို ပစ်ပေါက်ခဲ့သည်။ နောက် ချက်ချင်း တံခါးကိုပြန်ပိတ်လိုက်သည်။


ကျန့်ယောင်ရဲ့ အံ့ဩသွားတဲ့ မျက်နှာနဲ့ ချက်ချင်းဆိုသလို လန့်ဖျပ်သွားတဲ့ မျက်နှာကိုသာ သူမြင်လိုက်ရပါသည်။


....


‌နောက်စာမေးပွဲကာလသုံးရက်အထိ တံခါးကြားက စာရွက်လေးတွေ ထိုးပို့လာခြင်းမရှိတော့ပေ။


စာမေးပွဲလည်းပြီးရော ကျောင်းသားတွေဟာ ကပ်ဘေးဒုက္ခအပြီး ပြန်လည်ရှင်သန်လာရသလိုပါပဲ၊ စာမေးပွဲမှာ ဘယ်လိုပဲဖြေခဲ့ဖြေခဲ့ နွေရာသီပိတ်ရက်က နီးလာပြီကိုး။


ကျောင်းကနေ တစ်ပတ်အရင်ပိတ်ပေးပြီး နောက်တစ်ပတ်မှာတော့ အတန်းပြန်တက်ဖို့က ရှိသေးသည်၊  အဓိကကတော့ စာမေးပွဲအဖြေလွှာတွေကို ပြန်ကြည့်ဖို့ဆိုပါတော့။


pheromoneတွေ ပြန်ကောင်းနေပြီဆိုပေသည့် အရင်ကလိုပဲ တစ်ပတ်တစ်ခါတော့ check-upလုပ်ဖို့တော့ ရင်းချဲယ် သွားရသေးသည်။ ထိုအပတ်က ဒေါက်တာဖုန်း‌စစ်ဆေးအပြီး ရလဒ်ကကောင်းနေလေတယ်။
‘‘pheromone levelက တက်လာတာ အတော်မြန်တာပဲ၊ နောက်နှစ်လသုံးလလောက်ဆို မူလ levelရောက်လောက်ပြီ၊ ငါမှန်းထားတာထက်ကို အများကြီးမြန်နေတယ် ငါက နောက်တစ်နှစ်လောက်စောင့်ရမယ်ထင်ခဲ့တာ ဒါပေမယ့်.......”


‘‘ဒါပေမယ့် ဘာဖြစ်လို့လဲ?”
ရင်းချဲယ်မေးလိုက်သည်။


‘‘ဒါပေမယ့် alpha stress reaction disorderကတော့ နည်းနည်းမှ တိုးတက်မလာသေးဘူး၊ ခုလေးတင် alpha pheromoneသိပ်သည်းဆ 1%ပဲ စမ်းထားရသေးတယ်၊ မင်းကိုယ်ထဲက pheromoneတွေက ခုခံကာကွယ်ချင်တဲ့ သဘောမျိုး ချက်ချင်းပြန်ကျုံ့ပြီး လျော့သွားဖို့ အနေအထားရှိနေတယ်”
ဒေါက်တာဖုန်းက မျက်ခုံးကို တွန့်တယ်။
‘‘နောက်လာမယ့် heatမှ မင်းရဲ့ alpha pheromoneက alpha pheromone နဲ့ 100%မကိုက်ညီသေးဘူးဆိုရင်…...”


ရင်းချဲယ် ခနလောက် တွေးပြီး :
‘‘ထိန်းချုပ်ဆေးသုံးလို့ရလား?”


‘‘အင်း သုံးလို့ရတယ်၊ လက်ရှိဈေးကွက်ထဲက ထိန်းချုပ်ဆေးတွေက သုံးနှစ်အထိ ရက်ဆိုင်းပေးနိုင်တယ် ဒါမယ့် အဓိကပြဿနာကိုတော့ ဖြေရှင်းမပေးနိုင်ဘူး၊ အနှေးနဲ့အမြန် ရင်ဆိုင်ရမယ့်အတူတူတော့ အတတ်နိုင်ဆုံး လက်တွဲဖော်အမြန်ရှာနိုင်ရင် အကောင်းဆုံးပဲ”
ပြောနေရင်း ဒေါက်တာဖုန်းက သက်ပြင်းတစ်ချက်ချပြီး
‘‘ငါ မဆိုင်တာကို ၀င်ပြီးရှုပ်တာတော့ မဟုတ်ပေမယ့်.. ရှောင်ချဲယ်, မင်းသူငယ်ချင်းက မင်းကို တကယ်ဂရုစိုက်ရှာတာပါကွယ်၊ မင်းဆေးရုံတက်နေတုန်းကလည်း မင်းကိုအဖော်ပြုဖို့ ညနေတိုင်းလာပြီး အပြင်ကခုံတန်းမှာ တစ်ညလုံးထိုင်နေတယ်ဆိုတာ သူနာပြုတစ်ယောက်ဆီက ငါကြားတယ်၊ မင်းက မတွေ့ချင်ဘူးဆိုလို့သာ သူ၀င်မလာတာ၊ ဒီလိုနာခံတဲ့ alphaမျိုး ဘယ်မှာသွားရှာမလဲ? မင်းသူ့ကို တကယ်ပဲ ထပ်မစဉ်စားပေးတော့ဘူးလား?”


‘‘ကျွန်တော့်မှာ အစီစဉ်ရှိတယ်”


ရုတ်တရက် ဒေါက်တာဖုန်းက တစ်ခုခုခံစားမိပြီး ကြောက်စရာကောင်းတဲ့မှန်းချက်ကို ထုတ်တော့တယ်။
‘‘မင်း......သေချင်နေသေးတာတော့ မဟုတ်ဘူးမလား ဟမ်? အဲ့ဒီသရုပ်ဆောင်ချက်ကို အရမ်းကြီးအတည်ယူမနေနဲ့လေ ကြားလား? အဲ့ဒီအတွေးတွေကို မြန်မြန်ဖယ်ထုတ်ပစ်လိုက်၊ မင်းမှာ အခက်ခဲတစ်ခုခုရှိတယ်ဆို ငါကူညီမယ်”


‘‘အဲ့ဒါကိုသာ အတည်မှတ်ယူမထားခဲ့ဘူးဆိုရင် အဲ့တုန်းကတည်းက တကယ့်အစစ်အမှန်နဲ့ သရုပ်ဆောင်ချက်ကြား ရက်အတော်ကြာတဲ့အထိ ရှုပ်ထွေးနေခဲ့မှာမဟုတ်ဘူး”


‘‘ဒါဆို သူ့ကိုဘာလို့မတွေ့ချင်ရတာလဲ?”


ရင်းချဲယ်က အတန်ကြာ‌တွေးနေပြီးမှ
‘‘ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ကွဲပြားသိတယ်ဆိုပေမယ့် သူ့ကိုမြင်တိုင်း ပြန်ပြန်သတိရလာတယ်”


ချိုမြိန်ကြည်နူးခဲ့ရတာနဲ့ နောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာ နှစ်ခုကြားက ခြားနားချက်က သိသာလွန်းတယ်၊ သစ္စာဖောက်တာကစလို့ အဲ့ဒီည သူ့မွေးနေ့တုန်းက ရက်ရက်စက်စက် လမ်းခွဲတာအထိ။


ကျန့်ယောင်ရဲ့ အစီစဉ်က တကယ့် အစစ်အမှန်နဲ့ တူလွန်းတယ်၊ တူလွန်းလို့ ဟန်ဆောင်နေမှန်းတောင် မသိသာပဲ တခြားသမီးရည်းစားစုံတွဲတွေရဲ့ သာမန်အဆုံးသတ်လိုမျိုးပဲ။


တစ်ကြိမ် ကွဲကြေပြီးသား ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ရာက တကယ် ခက်တယ်မလား။


အစကတော့ သူဟာ ဖြည်းဖြည်းချင်း အခွံမာကို ဖွင့်ဟလို့ အထဲက တန်ဖိုးထားရတဲ့ ပုလဲရိုင်းလေးကို ထုတ်ပေးမလို့ ရည်ရွယ်ထားခဲ့တာပါပဲ။ သို့ပေမယ့် ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က သူ့အကာအရံလေးကို အကြမ်းပတမ်းဆွဲဖွင့်ပြီး ပုလဲကို ရက်ရက်စက်စက် လုယူသွားတယ်။ ပြီးတော့မှ နောက်ထပ် အဲ့ဒီလူကပဲ ပုလဲကို ပြန်ထားခဲ့ပြန်တယ်၊ သူ့အတွက် လှလှပပ ပုတီးလုံးလေးအဖြစ်တောင် ပွတ်တိုက်ထားပေးသေးတယ်။


ကြည့်ရင်တော့ ကျန့်ယောင်အပေါ် သူက အခွင့်သာအမြတ်ရလိုက်သလိုပဲ၊ ဒါပေမယ့် သူ့အတွက်ကရော သူ့ရဲ့အခွံမာလေးကို ဘယ်လိုအင်အားနဲ့ လွယ်လွယ် ပြန်ဖွင့်ပေးရဲတော့မှာလဲ?


သူခံစားခဲ့ရတဲ့ နာကျင်မှုက တကယ့်ကို အစစ်အမှန်ပဲခံစားခဲ့ရတာမဟုတ်လား။


‘‘အရင်ကတော့ အနာဂတ်အကြောင်းတွေ ဘာတွေ ကျွန်တော် ရှည်ရှည်ဝေးဝေး တွေးနေစရာမလိုဘူး၊ ကျွန်တော့်အတွက်ကတော့ ‘တစ်ရက်တာချစ်မယ်’ဆို တစ်ရက်တာပဲမို့လို့၊ ဒါမယ့် အခုတော့ ပြောင်းလဲသွားပြီ”


‘‘အခုတော့ ပိုပြီးတွေးဖြစ်တယ်ပေါ့?”


‘‘ပိုပြီး ကြောက်လာတယ်လို့ပဲ ကျွန်တော်ပြောရမယ်” ရင်းချဲယ်က ပြတင်းကတစ်ဆင့် ဟိုအဝေးက အစိမ်း‌ရောင်လွင်ပြင်ကျယ်ကြီးကို လှမ်းကြည့်ရင်း အတွေးထဲနစ်မျောရင်းမှ ပြောတယ်။
‘‘ကျွန်တော် သူနဲ့ အဲ့လိုအချစ်မျိုးကြီး ထပ်မချစ်ချင်တော့ဘူး”


_______


The author has something to say :


ရင်းဇယ် : I Loooove You! Author ကို အသည်းအသန်ထောက်ခံနေ!(๑•̀ㅂ•́)و


_______


[Zawgyi]


ေဆး႐ုံမွာ သူ႔ရဲ့ေန႔ရက္ေတြက တကယ္ကို ေျခာက္ကပ္တိတ္ဆိတ္ၿပီး ပ်င္းစရာ။ ေဒါက္တာဖုန္းဆီက pheromoneေတြ တည္ၿငိမ္တဲ့အေနအထားကို ေရာက္သြားၿပီလို႔ အဆုံးအျဖတ္ရတယ္ဆိုရင္ပဲ ရင္းခ်ဲယ္လည္း မဆိုင္းမတြ ဆင္းဖို႔ျပင္ေတာ့တယ္။


သူ အခန္းထဲက ထြက္သြားခ်ိန္ ကုတင္ေဘးမွာ လုံးေျခထားတဲ့ စကၠဴဆုပ္ေလးေတြအပုံလိုက္ က်န္ေနခဲ့ေလရဲ့။


....


အိမ္မွာပဲ ေနာက္ထပ္ တစ္ပတ္ၾကာေလာက္ အနားယူၿပီးေနာက္ တနလၤာေန႔မွာေတာ့ ေက်ာင္းျပန္တက္ခဲ့တယ္၊ လ၀က္ေလာက္နီးပါးခြင့္တိူင္ ပ်က္ကြက္ခဲ့ၿပီးေနာက္ေပါ့။


ထိုအပတ္က ႏွစ္ဆုံးစာေမးပြဲေျဖဆိူမယ့္ အပတ္လည္းျဖစ္ခဲ့ပါတယ္။


ေက်ာင္းျပန္တက္မယ့္အေၾကာင္းကို ေက်ာင္းအုပ္ႀကီးဆီပဲ အေၾကာင္းၾကားထားတာမို႔ ထိုေန႔မနက္ေစာေစာ က်န္ေက်ာင္းသားေတြလည္း စာသင္ခန္းထဲကို ၀င္လာေရာ လြတ္ေနခဲ့တဲ့ေနရာက လူတစ္ေယာက္‌ ေရာက္ေနတာျမင္ေတာ့ လန႔္ၿပီး တခနေလာက္ သတိအေနအထားျဖစ္သြားၾကတယ္။


က်န္းခဲ့ကေတာ့ မေန႔ညက မၿပီးေသးတဲ့ အိမ္စာအတြက္ ပူပန္ေနတုန္း သူ႔ကိုေတြ႕လိုက္ရခ်ိန္ အသက္ကယ္တင္ရွင္ကို ေတြ႕လိုက္ရသလိုပါပဲ။
‘‘ခ်ဲယ္ေကာ! ေနာက္ဆုံးေတာ့ ခ်ဲယ္ေကာျပန္လာၿပီ! အေသလြမ္းေနခဲ့တာ!”


‘‘ငါအိမ္စာမလုပ္ရေသးဘူး”
ရင္းခ်ဲယ္ကေတာ့ စကားတစ္ခြန္းေလးနဲ႔တင္ သူ႔ကို ၿငိမ္ေအာင္လုပ္လိုက္တယ္။


‘‘အာ.....ျပႆနာမရွိပါဘူး.....လြမ္းတာက လြမ္းတာပါပဲ....”
က်န္းခဲ့က အဲ့လိုေျပာေပမယ့္ တစ္ဖက္လွည့္ၿပီး တျခားသူဆီ အိမ္စာငွားဖို႔ သြားရွာေတာ့တယ္။


သူနဲ႔ျခားနားစြာပဲ ေကာက်စ္ရွုန္းကေတာ့ ေနာက္က်မွ ေရာက္လာတယ္။ သူက လြယ္အိတ္ကိုခ်ၿပီးမွ ရယ္လို႔ ေျပာတယ္။
‘‘ခ်ဲယ္ေကာ ေမာနီး၊ ခုေလးတင္ ငါ့ေကာင္မေလးဆီ မနက္စာသြားပို႔လာတာ၊ ခ်ဲယ္ေကာ ေနလို႔သိပ္မေကာင္းဘူးဆို ငါယူေပးမယ္ေလ၊ ကိစၥမရွိဘူးေနာ္”


‘‘ရတယ္၊ ငါ......” 
ရင္းခ်ဲယ္ ေျပာေနရင္းတန္းလန္းမွာပဲ အေနာက္တံခါးကေန၀င္လာတဲ့ လူတစ္‌ေယာက္၊ သူကလည္း လွမ္းၾကည့္မိသြားတယ္။


အခ်ိန္အေတာ္ၾကာၿပီးေနာက္မွ မ်က္ႏွာခ်င္းဆိုင္ေတြ႕ရတာပဲျဖစ္တယ္။


က်န႔္ေယာင္က အံ့ဩသြားသလို မ်က္ေတာင္တစ္ခ်က္ခတ္ၿပီး ခပ္ျမန္ျမန္ပဲ တစ္ဖက္လွည့္သြားကာ သူ႔‌ေနရာသူ သြားထိုင္တယ္။


Class 1ေက်ာင္းသားေတြကလည္း အကန္း‌ေတြေတာ့ မဟုတ္ေပ။ သိပ္မၾကာေသးခင္ကေတာ့ ႏွစ္ေယာက္က ခြဲမရေအာင္ကို တပူးပူးတတြဲတြဲ၊ ေဟာ ေနာက္ ႐ုတ္တရက္ႀကီး ေနရာေတြလဲၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မသိခ်င္ေယာင္ေဆာင္ေနၾကတယ္ : ဆိုေတာ့ ဖုံးကြယ္ထားတဲ့ လၽွို႔ဝွက္ခ်က္ တစ္ခုခု ရွိေနတယ္ဆိုတာ အသိသာႀကီးပဲ။ ခက္တာက ဘယ္သူမွ ထုတ္မေမးရဲတာပဲရွိတာ၊ အားလုံးက ေဖာ္မျပတတ္ေပမယ့္ တူညီတဲ့ အေတြးတစ္ခု ခံစားမိေနေပမယ့္လို႔ေပါ့ : ႏွစ္‌ေယာက္က ဘယ္ေတာ့မဆို ျပန္သင့္ျမတ္သြားတာပဲကို ဆိုၿပီး။


တကယ့္ ကာယကံရွင္ ႏွစ္ေယာက္ကေတာ့ အဲ့လိုမထင္ပါ။


တစ္ရက္သာ ကုန္ဆုံးသြားတယ္၊ က်န႔္ေယာင္နဲ႔ ရင္းခ်ဲယ္ကေတာ့ ဒုတိယအႀကိမ္ေတာင္ မဆုံျဖစ္ၾကေပ။


သူ႔ခုံက ေတာင္ဘက္ျပတင္းေပါက္နားမွာ ျဖစ္ၿပီး က်န႔္ေယာင္ကေတာ့ ေျမာက္ဘက္ျပတင္းေပါက္မွာ။ ၾကားထဲမွာ လူေလးေယာက္ပဲ ျခားထားေပမယ့္လည္း လူပင္လယ္ႀကီးျခားထားသလိုလို။


ဘယ္ေတာ့မွ ထပ္ဆုံဖို႔မျဖစ္နိုင္ေတာ့သလိုမ်ိဳး။


....


ညေနပိုင္း self-studyခ်ိန္ :


ေနာက္တစ္ေန႔ဆို final ေျဖရၿပီမို႔ ဘာသာရပ္ေပါင္းစုံ ဆရာေတြက အိမ္စာေတြထပ္မေပးၾကေတာ့ေပ။ ေက်ာင္းသားအခ်ိဳ႕က ျပန္လွန္ေလ့က်င့္ခန္း လုပ္ေနၾကၿပီး ၀တၱဳဖတ္ေနသူတစ္ခ်ိဴ႕လည္းရွိသလို တခ်ိဳ႕က်လည္း ေမွာက္အိပ္ေနျပန္တယ္။ စာသင္ခန္းဟာ တိတ္ဆိတ္ၿငိမ္သက္လို႔။


နားခ်ိန္ေရာက္မွပဲ ဆူညံသံေတြနဲ႔ အရာအားလုံး ျပန္လည္လွုပ္လွုပ္ရွားရွား ျဖစ္လာေတာ့တယ္။


ေကာက်စ္ရွုန္းကမူ ဖုန္းခိုးယူလာၿပီး ေကာင္မေလးနဲ႔ေနာက္ရက္အနည္းငယ္အထိ စာပဲအမွန္အကန္လုပ္ၿပီး dateမလုပ္ၾကရေအာင္လို႔ သေဘာတူထားၿပီး chatေနေလရဲ့။ ရိုးရိုးသားသားစကားေျပာၿပီး အခ်င္းခ်င္းအားေပး႐ုံလို႔ေတာ့ ေျပာ‌ပါရဲ့၊ သို႔ေပသည့္ မည္သို႔ပင္ဆိုဆို စကားဝိုင္းက ဦးတည္ရာနည္းနည္းေတာ့ ေျပာင္းပါတယ္။


‘‘ဒါနဲ႔ ခ်ဲယ္ေကာ ငါ့ေကာင္မေလးက သိခ်င္ေနတာ ခ်ဲယ္ေကာမွာ ရည္းစားရွိမရွိ”


ေကာက်စ္ရွုန္း အသံကက်ယ္လြန္းေတာ့ အတန္းထဲမွာ က်န္ေနတဲ့ ေက်ာင္းသားေတြအကုန္ေတာင္ ၾကားနိုင္ေလာက္တယ္။ ရင္းခ်ဲယ္ေတာင္ မေျဖနိုင္ေသးခင္ ဟန္မုန႔္က ခပ္လန႔္လန႔္အသံနဲ႔ ၀င္ေျပာတယ္။
‘‘ဘာကိစၥ မင္း‌ေကာင္မေလးက သိခ်င္ရတာလဲ? ငါတို႔ခ်ဲယ္ေကာ အေပၚကိုမ်ား သူက ရည္ရြယ္ခ်က္ေတြရွိေနတာလား?”


‘‘ငလူး ငါ့ေကာင္မေလးမွာ ငါတစ္ေယာက္လုံးရွိတယ္ေလ၊ သူက အခုတေလာ ခ်ဲယ္ေကာ cp(couple) ကို ship‌ေနလို႔၊ အထူးတလည္ကို စပ္စုစကားမ်ားေနတာ”


‘‘Cp? ဘယ္သူနဲ႔လဲ? က်န႔္ေယာင္လား ဟုတ္တယ္မို႔လား?”


ေကာက်စ္ရွုန္း က်န႔္ေယာင္ကို လွမ္းၾကည့္လိုက္ေတာ့ သူ႔ခုံမွာသူ လက္ေမာင္းနဲ႔ ေခါင္းကိုအုပ္လို႔ အိပ္ေနေလတယ္။ သူက headphoneေတာင္ ေပၚတင္တပ္ထားေသးတယ္။ မၾကားနိုင္ေလာက္ဘူးဆိုမွ သူလည္း စိတ္ေအးလက္ေအး ထုတ္ေျပာရဲေတာ့တယ္။
‘‘မဟုတ္ဘူး၊ သူေျပာတာေတာ့ က်န႔္ေယာင္က စိတ္မတည္တတ္လို႔တဲ့ သူ႔အိမ္(cp)က ၿပိဳနိုင္ေခ်မ်ားတယ္တဲ့”


ေကာက်စ္ရွုန္းခမ်ာလည္း ေကာင္မေလးျဖစ္သူေၾကာင့္ ဗန္းစကားေတြေတာင္ အေတာ္တတ္ေနၿပီ၊ သို႔ေပမယ့္ သူနားမလည္တာေတြလည္း ရွိေသးသည္။
‘‘ခ်ဲယ္ေကာကို ဘယ္သူနဲ႔ shipတာလဲေတာ့ ငါလည္းမသိဘူး၊ နက္နဲတဲ့လၽွို႔ဝွက္ခ်က္မ်ိဴးပဲျဖစ္မယ္၊ ဒါမယ့္ ‘orthopedic cp’တို႔ ‘taboo love’တို႔ ‘လူသိလို႔မျဖစ္’တိူ႔ဆိုတာေတြက် ဘာအဓိပၸါယ္မွန္းမသိဘူး”
(T/n : orthopedic cpဆိုတာ incestရဲ့ slangပါ၊ German orthopedicsရဲ့ အတိုေကာက္လို႔ဆိုပါတယ္၊ China's fansubber fandomက လူတစ္ေယာက္က သူ႔ညီမနဲ႔ခ်စ္ႀကိဳက္ရာကေန သူ႔အေဖက မိသြားလို႔အရိုက္ခံရရာက ေျခေထာက္က်ိဳးၿပီး Germanyမွာ သြားကုရတဲ့အျဖစ္ကို ရာဇ၀င္တြင္သြားတာပါတဲ့၊ ဆိုေတာ့ cpသုံးခုလုံးက ဘယ္သူနဲ႔ ship ေနလဲသိေနသလိုပဲ😂)


‘‘......မင္းပါးစပ္ကိုပိတ္ထားလိုက္ေတာ့”
ကပ္ဆိုးက်မွာကို ေၾကာက္လန႔္စြာနဲ႔ပဲ ဟန္မုန႔္က ရင္းခ်ဲယ္ကို လွမ္းၾကည့္တယ္။
‘‘ခ်ဲယ္ေကာ စိတ္မဆိုးပါနဲ႔ သူတို႔က အလကား စေနာက္ေနၾကတာပါ.....”


ရင္းခ်ဲယ္က မ်က္ေမွာင္တြန္႔နဲ႔
‘‘Gu Keက ဘယ္သူလဲ? ငါေတာ့ သူ႔ကိုမသိပါဘူး”
(T/n : ပထမဆုံးတစ္ခုက Gu Keလို႔ အသံထြက္လို႔ပါတဲ့)


‘‘......” 
အခုမွပဲ ဟန္မုန႔္မွာ စိတ္သက္သာသလို သက္ျပင္းခ်မိတယ္။


ေတာ္ေသး‌တာေပါ့၊ ႏွစ္ေယာက္လုံးက ဗန္းစကားေတြနဲ႔ လိုက္မွီတဲ့သူမဟုတ္လို႔သာ၊ ေကာက်စ္ရွုန္း အသက္ကေလးခမ်ာ ကံေကာင္းသြားရွာတာ။


‘‘ဘာပဲျဖစ္ျဖစ္ပါ၊ ခ်ဲယ္ေကာမွာ ရည္းစားရွိလား? ရွိလားမရွိလား ငါမမွတ္မိလို႔”


‘‘မရွိဘူး”
ရင္းခ်ဲယ္ တစ္စကၠန႔္ေလးမၽွ မဆိုင္းမတြပဲ ျပန္ေျဖလိုက္တယ္။


ဟန္မုန႔္ကေတာ့ တရား၀င္ျပတ္ဆဲေၾကာင္း ထုတ္ေၾကညာခံလိုက္ရသူဆီကို လွည့္ၾကည့္မိတယ္။ က်န႔္ေယာင္ အေနအထားက မေျပာင္းပုံေထာက္ေတာ့ မၾကားေလာက္ပါဘူး။


ညေနပိုင္း self-studyအၿပီးမွာ အေဆာင္ေနေက်ာင္းသားေတြ ႏွစ္ေယာက္ဖြဲ႕ သုံးေယာက္ဖြဲ႕နဲ႔ အေဆာင္ျပန္ၾကတယ္။


ရင္းခ်ဲယ္က စိတ္ပ်က္လက္ပ်က္ျဖစ္ေနသလို လမ္းေလၽွာက္လာတယ္။ လူေတြအမ်ားႀကီး သူ႔ကိုေက်ာ္တက္သြားၾကၿပီး တျဖည္းျဖည္းနဲ႔ သူတစ္ေယာက္တည္း ‌အေနာက္မွာက်န္ေနခဲ့တယ္။ တစ္‌စုံတစ္ေယာက္က‌မူ စထြက္လာကတည္းက အဆုံးထိေအာင္ အကြာအေဝးတစ္ခုကေန သူ႔ေနာက္မွာပဲ ကပ္ပါလာတယ္။


နည္းနည္းမွ လွည့္မၾကည့္ပဲ သူ ေလွကားေပၚတန္းတက္သြားလိုက္တယ္၊ အခန္းထဲ၀င္ၿပီး တံခါးကိုတန္းပိတ္ပစ္လိုက္တယ္။


သူ ေရခ်ိဳးၿပီးခ်ိန္က်ေတာ့ တံခါးေဘးၾကမ္းျပင္ေပၚမွာ ေရာက္ေနတဲ့ စာရြက္ေလးတစ္ရြက္၊ တံခါးေအာက္က အဟၾကားေလးကေန ထိုးထည့္ၿပီး ေရာက္လာတာျဖစ္တယ္။


ဆံပင္သုတ္ရင္းတန္းလန္း ရင္းခ်ဲယ္ ထိုစာရြက္ကို တေအာင့္ေလာက္ၾကာ ၾကည့္ေနတယ္။ ၿပီးမွ ကုန္းေကာက္ၿပီး ျဖန႔္ၾကည့္လိုက္တယ္။


လက္ေရးက ဆိုးဝါးေနတုန္းဆိုေပမယ့္ ဖတ္လို႔ရေလာက္ေအာင္ေတာ့ ေတာ္ေတာ္ေလး ႀကိဳးစားေရးထားမွန္း သိသာတယ္၊ သူဖတ္လိုက္တယ္။


‘မင္းခ်စ္သူအလိုရွိတဲ့အခါ တံခါးေလးသာဖြင့္လာခဲ့ၿပီး အစမ္းေကာက္တြဲၾကည့္လို႔ရပါတယ္’တဲ့။


ဖတ္ၾကည့္ၿပီးေနာက္ ရင္းခ်ဲယ္ တံခါးကိုေလာ့ခ်လိုက္တယ္။


အဲ့ေနာက္ သူစာရြက္ကို မူလပုံစံအတိုင္း ျပန္ေခါက္ၿပီး ျဖစ္သလို ခုံေပၚလွမ္းပစ္ထားလိုက္တယ္။ ထိုင္ခုံကိုထုတ္ထိုင္လိုက္ၿပီး ေနာက္ေန႔ေျဖရမယ့္ ဘာသာရပ္ကို ျပန္ၾကည့္ေနလိုက္တယ္။


မ်က္ေတာင္တစ္ခတ္စာအတြင္းမွာပဲ တစ္နာရီေက်ာ္ကုန္သြားတယ္။


သန္းေဝလာတာမို႔ စာအုပ္ကို ခ်လိုက္သည္။ သူ အိပ္ယာဆီေလၽွာက္လာတုန္း အျပင္က ႏွာရွုပ္သံနဲ႔ သက္ျပင္းခ်သံကို ၾကားလိုက္ရသည္။


တံခါးေအာက္အဟေလးမွ ခက္ခက္ခဲခဲနဲ႔ ေနာက္ထပ္စာရြက္ေလးတစ္ရြက္ ထပ္၀င္လာတယ္၊ အစြန္းအစေလးပဲ။


ရင္းခ်ဲယ္လည္း သြားၿပီး စာရြက္ကိုဆြဲႏွုတ္လိုက္သည္၊ ၿပီးရင္ လုံးေျခပစ္လိုက္သည္။


ေနာက္ တံခါးဘုကို လွည့္ဖြင့္ၿပီး ထိုစကၠဴလုံးနဲ႔ အျပင္ကလူကို ပစ္ေပါက္ခဲ့သည္။ ေနာက္ ခ်က္ခ်င္း တံခါးကိုျပန္ပိတ္လိုက္သည္။


က်န႔္ေယာင္ရဲ့ အံ့ဩသြားတဲ့ မ်က္ႏွာနဲ႔ ခ်က္ခ်င္းဆိုသလို လန႔္ဖ်ပ္သြားတဲ့ မ်က္ႏွာကိုသာ သူျမင္လိုက္ရပါသည္။


....


‌ေနာက္စာေမးပြဲကာလသုံးရက္အထိ တံခါးၾကားက စာရြက္ေလးေတြ ထိုးပို႔လာျခင္းမရွိေတာ့ေပ။


စာေမးပြဲလည္းၿပီးေရာ ေက်ာင္းသားေတြဟာ ကပ္ေဘးဒုကၡအၿပီး ျပန္လည္ရွင္သန္လာရသလိုပါပဲ၊ စာေမးပြဲမွာ ဘယ္လိုပဲေျဖခဲ့ေျဖခဲ့ ေႏြရာသီပိတ္ရက္က နီးလာၿပီကိုး။


ေက်ာင္းကေန တစ္ပတ္အရင္ပိတ္ေပးၿပီး ေနာက္တစ္ပတ္မွာေတာ့ အတန္းျပန္တက္ဖို႔က ရွိေသးသည္၊  အဓိကကေတာ့ စာေမးပြဲအေျဖလႊာေတြကို ျပန္ၾကည့္ဖို႔ဆိုပါေတာ့။


pheromoneေတြ ျပန္ေကာင္းေနၿပီဆိုေပသည့္ အရင္ကလိုပဲ တစ္ပတ္တစ္ခါေတာ့ check-upလုပ္ဖို႔ေတာ့ ရင္းခ်ဲယ္ သြားရေသးသည္။ ထိုအပတ္က ေဒါက္တာဖုန္း‌စစ္ေဆးအၿပီး ရလဒ္ကေကာင္းေနေလတယ္။
‘‘pheromone levelက တက္လာတာ အေတာ္ျမန္တာပဲ၊ ေနာက္ႏွစ္လသုံးလေလာက္ဆို မူလ levelေရာက္ေလာက္ၿပီ၊ ငါမွန္းထားတာထက္ကို အမ်ားႀကီးျမန္ေနတယ္ ငါက ေနာက္တစ္ႏွစ္ေလာက္ေစာင့္ရမယ္ထင္ခဲ့တာ ဒါေပမယ့္.......”


‘‘ဒါေပမယ့္ ဘာျဖစ္လို႔လဲ?”
ရင္းခ်ဲယ္ေမးလိုက္သည္။


‘‘ဒါေပမယ့္ alpha stress reaction disorderကေတာ့ နည္းနည္းမွ တိုးတက္မလာေသးဘူး၊ ခုေလးတင္ alpha pheromoneသိပ္သည္းဆ 1%ပဲ စမ္းထားရေသးတယ္၊ မင္းကိုယ္ထဲက pheromoneေတြက ခုခံကာကြယ္ခ်င္တဲ့ သေဘာမ်ိဳး ခ်က္ခ်င္းျပန္က်ဳံ႕ၿပီး ေလ်ာ့သြားဖို႔ အေနအထားရွိေနတယ္”
ေဒါက္တာဖုန္းက မ်က္ခုံးကို တြန႔္တယ္။
‘‘ေနာက္လာမယ့္ heatမွ မင္းရဲ့ alpha pheromoneက alpha pheromone နဲ႔ 100%မကိုက္ညီေသးဘူးဆိုရင္…...”


ရင္းခ်ဲယ္ ခနေလာက္ ေတြးၿပီး :
‘‘ထိန္းခ်ဳပ္ေဆးသုံးလို႔ရလား?”


‘‘အင္း သုံးလို႔ရတယ္၊ လက္ရွိေဈးကြက္ထဲက ထိန္းခ်ဳပ္ေဆးေတြက သုံးႏွစ္အထိ ရက္ဆိုင္းေပးနိုင္တယ္ ဒါမယ့္ အဓိကျပႆနာကိုေတာ့ ေျဖရွင္းမေပးနိုင္ဘူး၊ အေႏွးနဲ႔အျမန္ ရင္ဆိုင္ရမယ့္အတူတူေတာ့ အတတ္နိုင္ဆုံး လက္တြဲေဖာ္အျမန္ရွာနိုင္ရင္ အေကာင္းဆုံးပဲ”
ေျပာေနရင္း ေဒါက္တာဖုန္းက သက္ျပင္းတစ္ခ်က္ခ်ၿပီး
‘‘ငါ မဆိုင္တာကို ၀င္ၿပီးရွုပ္တာေတာ့ မဟုတ္ေပမယ့္.. ေရွာင္ခ်ဲယ္, မင္းသူငယ္ခ်င္းက မင္းကို တကယ္ဂ႐ုစိုက္ရွာတာပါကြယ္၊ မင္းေဆး႐ုံတက္ေနတုန္းကလည္း မင္းကိုအေဖာ္ျပဳဖို႔ ညေနတိုင္းလာၿပီး အျပင္ကခုံတန္းမွာ တစ္ညလုံးထိုင္ေနတယ္ဆိုတာ သူနာျပဳတစ္ေယာက္ဆီက ငါၾကားတယ္၊ မင္းက မေတြ႕ခ်င္ဘူးဆိုလို႔သာ သူ၀င္မလာတာ၊ ဒီလိုနာခံတဲ့ alphaမ်ိဳး ဘယ္မွာသြားရွာမလဲ? မင္းသူ႔ကို တကယ္ပဲ ထပ္မစဥ္စားေပးေတာ့ဘူးလား?”


‘‘ကၽြန္ေတာ့္မွာ အစီစဥ္ရွိတယ္”


႐ုတ္တရက္ ေဒါက္တာဖုန္းက တစ္ခုခုခံစားမိၿပီး ေၾကာက္စရာေကာင္းတဲ့မွန္းခ်က္ကို ထုတ္ေတာ့တယ္။
‘‘မင္း......ေသခ်င္ေနေသးတာေတာ့ မဟုတ္ဘူးမလား ဟမ္? အဲ့ဒီသ႐ုပ္ေဆာင္ခ်က္ကို အရမ္းႀကီးအတည္ယူမေနနဲ႔ေလ ၾကားလား? အဲ့ဒီအေတြးေတြကို ျမန္ျမန္ဖယ္ထုတ္ပစ္လိုက္၊ မင္းမွာ အခက္ခဲတစ္ခုခုရွိတယ္ဆို ငါကူညီမယ္”


‘‘အဲ့ဒါကိုသာ အတည္မွတ္ယူမထားခဲ့ဘူးဆိုရင္ အဲ့တုန္းကတည္းက တကယ့္အစစ္အမွန္နဲ႔ သ႐ုပ္ေဆာင္ခ်က္ၾကား ရက္အေတာ္ၾကာတဲ့အထိ ရွုပ္ေထြးေနခဲ့မွာမဟုတ္ဘူး”


‘‘ဒါဆို သူ႔ကိုဘာလို႔မေတြ႕ခ်င္ရတာလဲ?”


ရင္းခ်ဲယ္က အတန္ၾကာ‌ေတြးေနၿပီးမွ
‘‘ကိစၥေတြကို ရွင္းရွင္းလင္းလင္း ကြဲျပားသိတယ္ဆိုေပမယ့္ သူ႔ကိုျမင္တိုင္း ျပန္ျပန္သတိရလာတယ္”


ခ်ိဳၿမိန္ၾကည္ႏူးခဲ့ရတာနဲ႔ ေနာက္ဆက္တြဲျဖစ္ခဲ့တဲ့အရာ ႏွစ္ခုၾကားက ျခားနားခ်က္က သိသာလြန္းတယ္၊ သစၥာေဖာက္တာကစလို႔ အဲ့ဒီည သူ႔ေမြးေန႔တုန္းက ရက္ရက္စက္စက္ လမ္းခြဲတာအထိ။


က်န႔္ေယာင္ရဲ့ အစီစဥ္က တကယ့္ အစစ္အမွန္နဲ႔ တူလြန္းတယ္၊ တူလြန္းလို႔ ဟန္ေဆာင္ေနမွန္းေတာင္ မသိသာပဲ တျခားသမီးရည္းစားစုံတြဲေတြရဲ့ သာမန္အဆုံးသတ္လိုမ်ိဳးပဲ။


တစ္ႀကိမ္ ကြဲေၾကၿပီးသား ယုံၾကည္မွုကို ျပန္လည္တည္ေဆာက္ဖို႔ရာက တကယ္ ခက္တယ္မလား။


အစကေတာ့ သူဟာ ျဖည္းျဖည္းခ်င္း အခြံမာကို ဖြင့္ဟလို႔ အထဲက တန္ဖိုးထားရတဲ့ ပုလဲရိုင္းေလးကို ထုတ္ေပးမလို႔ ရည္ရြယ္ထားခဲ့တာပါပဲ။ သို႔ေပမယ့္ ႐ုတ္တရက္ႀကီး တစ္စုံတစ္ေယာက္က သူ႔အကာအရံေလးကို အၾကမ္းပတမ္းဆြဲဖြင့္ၿပီး ပုလဲကို ရက္ရက္စက္စက္ လုယူသြားတယ္။ ၿပီးေတာ့မွ ေနာက္ထပ္ အဲ့ဒီလူကပဲ ပုလဲကို ျပန္ထားခဲ့ျပန္တယ္၊ သူ႔အတြက္ လွလွပပ ပုတီးလုံးေလးအျဖစ္ေတာင္ ပြတ္တိုက္ထားေပးေသးတယ္။


ၾကည့္ရင္ေတာ့ က်န႔္ေယာင္အေပၚ သူက အခြင့္သာအျမတ္ရလိုက္သလိုပဲ၊ ဒါေပမယ့္ သူ႔အတြက္ကေရာ သူ႔ရဲ့အခြံမာေလးကို ဘယ္လိုအင္အားနဲ႔ လြယ္လြယ္ ျပန္ဖြင့္ေပးရဲေတာ့မွာလဲ?


သူခံစားခဲ့ရတဲ့ နာက်င္မွုက တကယ့္ကို အစစ္အမွန္ပဲခံစားခဲ့ရတာမဟုတ္လား။


‘‘အရင္ကေတာ့ အနာဂတ္အေၾကာင္းေတြ ဘာေတြ ကၽြန္ေတာ္ ရွည္ရွည္ေဝးေဝး ေတြးေနစရာမလိုဘူး၊ ကၽြန္ေတာ့္အတြက္ကေတာ့ ‘တစ္ရက္တာခ်စ္မယ္’ဆို တစ္ရက္တာပဲမို႔လို႔၊ ဒါမယ့္ အခုေတာ့ ေျပာင္းလဲသြားၿပီ”


‘‘အခုေတာ့ ပိုၿပီးေတြးျဖစ္တယ္ေပါ့?”


‘‘ပိုၿပီး ေၾကာက္လာတယ္လို႔ပဲ ကၽြန္ေတာ္ေျပာရမယ္” ရင္းခ်ဲယ္က ျပတင္းကတစ္ဆင့္ ဟိုအေဝးက အစိမ္း‌ေရာင္လြင္ျပင္က်ယ္ႀကီးကို လွမ္းၾကည့္ရင္း အေတြးထဲနစ္ေမ်ာရင္းမွ ေျပာတယ္။
‘‘ကၽြန္ေတာ္ သူနဲ႔ အဲ့လိုအခ်စ္မ်ိဳးႀကီး ထပ္မခ်စ္ခ်င္ေတာ့ဘူး”


_______


The author has something to say :


ရင္းဇယ္ : I Loooove You! Author ကို အသည္းအသန္ေထာက္ခံေန!(๑•̀ㅂ•́)و


_______

Comment