Chapter - 10

ကာယချိန်ပြီးနောက်တွင်တော့ မုန့်ကောင်တာမှာ အအေး၀ယ်သည့်ကျောင်းသားများဖြင့် ပြည့်သွားသည်။ကျန်းခဲ့မှာ လူအုပ်ကြားထဲကို ရှိသမျှအားကုန်အတင်းတိုး၀င်လို့ ဆိုဒါအအေးလေးပုလင်း လု၀ယ်လာခဲ့သည်။ တစ်ပုလင်းကို သူ့အတွက်ထားလိုက်ပြီး ကျန်လေးပုလင်းကိုတော့ ဟိုသုံးယောက်ဆီ ပစ်ပေးလိုက်သည်။


ဟန်မုန့် : ''အိုက်ယား အေးလိုက်တာ၊ မင်းကိုအခန်းအပူချိန်လောက်ပဲလို့ ငါမမှာလိုက်ဘူးလား"


ကျန်းခဲ့ သူ့ကိုဖြတ်ပြောလိုက်သည် : ''မင်းဟာက အမြဲပိုလွန်းနေတဲ့ဥစ္စာ၊ မင်း အခန်းအပူချိန်လောက်ဟာ လိုချင်ရင် ကိုယ့်ဘာကိုယ်သွား၀ယ်"


ဟန်မုန့် : ''အဲ့နားမှာ ကပ်စေးကပ်စေးနဲ့ချွေးထွက်နေတဲ့ alphaတွေပြည့်နေတာလေ၊ အဲ့ဒါတွေကို ငါစိတ်လေလွန်းလို့ အဲ့နားဘယ်တော့မှ မသွားဘူး"


ချန်ရင်းရင်း : ''နင်ကရော ကာယချိန် ချွေးမထွက်တာကျလို့ ''


ဟန်မုန့်က ဂုဏ်ယူ၀င်ကြွားစွာ‌ပြောလာသည် :
''ငါက ချွေးနံ့ပျောက်ဆေးဖြန်းတယ်လေ၊ ပြီးတော့ ရေမွှေးလည်း ထပ်ဆွတ်ထားသေးတယ်"


ကျန့်ယောင် တလေးတစားအသံပြုပေးလိုက်တယ်။
''အရမ်းမိုက်တယ်၊ bro"


ဟန်မုန့် : "မင်းက ငါ့ကို အရမ်းမြှောက်နေတော့တာပဲ၊ ဟေး၊ ကျန့်ယောင် မင်းကြည့်ရတာ ချွေးမထွက်သလိုပဲ ဘာ brandသုံးတာလဲ?''


ကျန့်ယောင်က ရယ်တယ် : ''ရိုးရိုးလေးပါ၊ ငါက‌လှုပ်လှုပ်ရှားရှားမလုပ်ရုံလေး"


''........''


ချန်ရင်းရင်း မျက်လုံးကိုသာ အစွမ်းကုန် လှန်လိုက်ပြီး
''အခုတော့ နင်တို့နှစ်ယောက်က ဘယ်သူကပိုရူးမှန်းကို ငါမပြောတတ်တော့ဘူး"


အတန်းချိန်စဖို့က ခုနစ်မိနစ်ရှစ်မိနစ်ခန့်လိုသေးသည်ကြောင့် လေးယောက်သား စာသင်ခန်းသို့ အေးဆေးလမ်းလျှောက်လို့ပြန်ခဲ့ကြသည်။ ရုတ်တရက် ကျန်းခဲ့က ကျန့်ယောင်လက်ကို တို့လာပြီး အသံတိုးတိုးနှင့်ပြောလာသည်။
''ကြည့်၊ ‌ရှေ့ကလေးယောက်က အစောင့်ရှောက်လေးဦးဆိုတာလေ"


ကျန့်ယောင်လည်း သူ့အကြည့်လားရာအတိုင်း မျှော်လင့်တကြီးလှမ်းကြည့်လိုက်တော့ သူ့‌တို့ရှေ့မှာ လမ်းလျှောက်နေကြတဲ့ လူလေးဦး။ တစ်ယောက်မှလွဲ၍ ကျန်သူများအားလုံးက အရပ်မြင့်ကြပြီး အရပ်ကွာဟချက်မှာလည်း အရမ်းကို သိသာလှလေသည်။


''omegaတစ်ယောက်ပါတာလား?ငါက alphaတွေချည်းထင်နေတာ"


အစောင့်ရှောက်လေးဦးဆိုတာဟာ ကျောင်းသားရေးရာတွေအတွက် အထူးလေ့ကျင့်တာ၀န်ပေးထားတဲ့ ကျောင်းသားရဲဘော်တွေပေါ့၊ အဲ့ဒါကြောင့်လူကြားထဲမှာတောင် ထင်းနေအောင် သူတို့မှာ
တောင့်တောင့်တင်းတင်း ကိုယ်နေဟန်ထားရှိရတယ်။ ထိုထဲမှာ omegaတစ်‌ဦးပါပါနေသည်မြင်တော့ ကျန့်ယောင် အံ့သြသွားတာအမှန်။


''အဲ့ဒီကေတိုလေးနဲ့ omegaကိုအထင်မသေးနဲ့ဗျ၊ တစ်ခါတစ်ခါကျ သူက alphaတွေထက်တောင် ပိုကြမ်းသေးတယ်၊ သူ့နာမည်က ထန်ရှရှ၊ ငါတို့ရသနဲ့အနုပညာဌာနရဲ့ခေါင်းဆောင်လေ၊ သူက ကြီးကျယ်လွန်းတဲ့မိန်းမပဲကွ၊ အရင်ကဆို ဟန်မုန့်လည်းအဲ့ရာထူးနေရာကို ၀င်ပြိုင်ပြီး သူမကိုတောင် ကန်ထုတ်နိုင်တော့မလို့ ၊ အာ့နဲ့ပဲ သူမကဟန်မုန့်ကိုဆို မျက်မုန်းကျိုးအထင်သေးနေတာ၊ သူ့ကိုဆို ကွယ်ရာမှာရော လူတွေရှေ့မှာပါ အခြောက်ဆိုပြီးခေါ်တာပါဆို"


''ငါတို့ အတန်းမော်နီတာလည်း ဟန်မုန့်ကို အမြဲအခြောက်လို့ခေါ်တယ်မဟုတ်ဘူးလား?"


'' ဘယ်လိုလုပ်တူမှာလဲကွ! ငါတို့အတန်းမော်နီတာက စနေတာဆိုတာ အသိသာကြီး! သူနဲ့ယှဥ်ရင် အဲ့ဒါကညင်ညင်သာသာလေးနဲ့ ချစ်စရာကောင်းတယ်"


''အိုး,အဲ့လိုလား?''
ကျန့်ယောင် နည်းနည်းတော့ စိတ်၀င်စားလာတယ်။


သူတို့နှစ်ဖွဲ့မှာ နီးကပ်လာသည်ကြောင့် ရှေ့က အစောင့်ရှောက်လေးဦး၏ စကားသံတွေကိုတောင် အကုန်ရှင်းရှင်းလင်းလင်းကြားနေရပြီဖြစ်တယ်။


“ကျန်းလောင်ရှီးက အခြေနေတွေကို ထိန်းချုပ်ချင်လို့ ခုလိုပြောလိုက်တာနေမယ်၊ အခုရက်ပိုင်းတွေအတွင်း အားလုံးကလည်း စိုးရိမ်နေကြတာဆိုတော့ စိတ်အေးစေချင်လို့လေ''


‘’မဟုတ်နိုင်ဘူး၊ ငါတော့ အဲ့ omegaက လိမ်နေတာလို့ပဲထင်တယ်၊ ဘယ်သူကကိုယ်တိုင် ၀န်ခံချင်ပါ့မလဲ သူတို့ကိုဟိုဟာ.....သိတယ်မလား၊ အဲ့အယုတ်တမာကောင်က ဘယ်လိုလုပ်ဓားလေးရှရုံနဲ့ထွက်ပြေးမှာလဲ? ပိုတောင် ဒေါသထွက်သွားမှာမလား?”


‘’အဲ့ဒါဟုတ်တယ်၊ အဲ့ omegaကသူ့ဂုဏ်သူထိန်းချင်လို့ဖြစ်မယ်၊ တအားတစ်ကိုယ်ကောင်းဆန်တာပဲ၊ သူအဲ့လိုလုပ်တော့ ငါတို့ကဘယ်လိုလုပ် အဲ့အယုတ်တမာကောင်ကို ဖမ်းရတော့မလဲ? တခြားလူတွေလည်း အခုလိုအန္တရာယ်မျိုးနဲ့ မကြုံနိုင်ဘူးလားပြော? သူကတကယ်ကို သူ့အတန်းဖော်တွေအတွက်လုံး၀ထည့်မတွေးတာပဲ”


‘’အမှန်ပဲ၊ ဘာပဲဖြစ်ဖြစ်လေ သူဘာပဲပြောပြော လောင်ရှီးက ဘာပဲပြောပြော  ဘာဖြစ်လဲဆိုတာ ငါတို့အကုန်သိတာပဲ၊ အဲ့တော့ ဖုံးနေစရာလိုသေးလို့လား?”


‘’ပြောနေစရာကိုမလိုဘူး၊ သူကလည်းသူပဲ ညကြီးမင်းကြီးကို တစ်ယောက်တည်းလမ်းလျှောက်ပြန်ရတယ်လို့ ငါသာဆိုမပြန်ရဲပါဘူး၊ သူ့အိမ်ကိုလာကြိုခိုင်းဖို့ပြောသင့်တာမဟုတ်ဘူးလား?’


ထိုအချိန်မှာ ထန်ရှရှက ၀င်၍ဖျန်ဖြေစကားပြောလာသည် ;
‘’ကောင်းပြီ၊ ကျန်းလောင်ရှီးက ဒါကိုကြီးကြီးကျယ်ကျယ်မဖြစ်ချင်မှတော့ ဒီအကြောင်းကို ထားလိုက်တော့၊ တိုတိုပြောရရင် အားလုံးလည်းသိကြတာပဲ ငါတို့အဲ့ omegaနဲ့ မပေါင်းသင့်ဘူးဆိုတာ၊ အဲ့တော့ သူ့အကြောင်းထပ်မပြောကြရအောင်”


‘’ပြောနေစရာကိုမလိုဘူး၊ သူများထိထားပြီးသား omegaတစ်ယောက်ကိုများ ငါ့ကိုလာတောင်းပန်ပြီးပြောတောင် ငါသာဆိုမယူချင်ဘူး........’’


ထိုလူလေးယောက်မှာတော့ ဒီပြဿနာဟာ ရန်းရီလဲ့အမှားလို့သာ တစ်ထစ်ချသတ်မှတ်နေကြတယ်။


ဒီစကားတွေကို ချန်ရင်းရင်းကြားချိန်မှာတော့ အရမ်းစိတ်ဆိုးလာတယ်။ သူမအင်္ကျီလက်ကိုလိပ်တင်လိုက်ပြီး ရှေ့ကိုပြေးသွားဖို့လုပ်တော့တယ် ;
‘’နင်တို့ခွေးကောင်တွေက F*ckလို ---mmmm!‘’’


ဟန်မုန့်ကမူ သူမပါးစပ်ကိုအချိန်မှီအုပ်လိုက်ပြီး နောက်ကနေ အခိုင်အမာပြန်ဆွဲထားသည်။
‘’သူတို့ကို ရန်သွားမစနဲ့လေ၊ မင်းမှာမှ သက်သေမရှိတာ၊ ရန်ဖြစ်တာက ဘာမှကောင်းတာရမှာမဟုတ်ဘူး”


ကျန့်ယောင်မှာလည်း သွားဖိုက်မယ်လုပ်နေတဲ့ ကျန်းခဲ့ကို ဆွဲထားရသည် ;
‘’မင်းအပြစ်ပေးခံချင်လို့လား?”


ကျန်းခဲ့မှာ မျက်တောင်တစ်ခတ်စာမျှ တွန့်ဆုတ်သွားတုန်း သူ့ရဲ့အခွင့်‌ရေးချိန်မှာ လွဲချော်သွားကာ ရှေ့ကလေးယောက် အဝေးကိုလမ်းလျှောက်ထွက်သွားသည်ကိုသာ ကြောင်ကြည့်နေရတော့သည်။


ချန်ရင်းရင်းကတော့ ဟန်မုန့် လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ဆဲတော့သည်။
‘’ဟိုခွေးလေးကောင်ဆီက ရန်းရီလဲ့ ဒီလိုအပြောခံနေရတာကို နင်တို့တွေကဒီလိုပဲ ရပ်ကြည့်နေတော့မှာလား? နင်တို့တွေက ယောက်ျားတွေမှဟုတ်ရဲ့လား? အပြစ်ပေးခံရမှာကို နင်တို့ကပဲ ကြောက်ရင်ကြောက်မယ် ငါတော့ မကြောက်ဘူးဟေ့၊ အဲ့တော့ ဒီသခင်မကို လာမတားစမ်းနဲ့!”


ကျန်းခဲ့ကလည်း မကျေမနပ်ပြောလာသည်၊
‘’ငါလည်းမကြောက်ပါဘူး၊ ခုနလေးက တအားမခံချင်စရာကောင်းတယ်၊ ရန်းရီလဲ့က မလိမ်ရဲပါဘူး၊ ငါဆိုသူ့ကို သင်္ချာဆရာမဆီ အိမ်စာနဲ့ပက်သက်လို့ အမြဲ လိမ်‌ပြောခိုင်းတာ၊ သူဘယ်တော့မှ ငါပြောသလိုလုပ်မပေးဘူး”


ဟန်မုန့် : "မင်းတို့နှစ်ယောက် စိတ်အေးအေးထားသင့်တယ်, တကယ်တော့.......ငါထင်တယ် ရန်းရီလဲ့က အကုန်လုံး ရှင်းပြရင်တောင် လူတွေက ဝေဖန်နေဦးမှာပဲ၊ ဒီလိုကိစ္စမျိုးက ဘယ်လိုရှင်းပြချက်နဲ့မှ မရှင်းနိုင်ဘူး၊ဟိုကောင်ရဲ့.........’’


ချန်ရင်းရင်း ချက်ချင်းမေးလာတယ်။
‘’ဟိုကောင်ရဲ့ ဘာလဲ?’’


‘’အဲ့ဟိုယုတ်တမာကောင်က ရှေ့ထွက်ပြီး သူရန်းရီလဲ့ကို ဘာမှမလုပ်ပါဘူးဆိုတာ ၀န်မခံသရွေ့"
ဟန်မုန့်က ဆက်ပြောသည်;
''ဒါပေမယ့်လည်း အဲ့ဒါက မဖြစ်နိုင်ဘူးလေ၊ စဥ်းစားကြည့် ; alphaတစ်ယောက်က အားနွဲ့တဲ့ omegaလေးတစ်ယောက်စီက ဓါးလေးနဲ့အခြစ်ခံရရုံနဲ့ ကြောက်ပြေးသွားတယ်ဆိုတာ၊ ဘယ်သူက ဒီလိုရှက်စရာကောင်းပြီး မျက်နှာပျက်စရာမျိုးကို ဘယ်လိုလုပ်ထုတ်ပြောမှာလဲ?"


ကျန်းခဲ့ : "ဒါဆို သူ့ကိုပြန်‌ပေးဆွဲခေါ်လာပြီး ခြိမ်းခြောက်မယ်ကွာ!"


ဟန်မုန့် : ''သူများကျောင်းကိုသွားပြီး ပြဿနာရှာမှတော့ ငါတို့ကျောင်းအုပ်ကြီးက အမှားပြုပြင်ပေးဖို့အတွက် မင်းကို မရင်းဘူးများမှတ်နေလား?''


ကျန်းခဲ့ : "F*ck, ဒါဆို ငါတို့ကျောင်းရဲ့ omegaတွေကို နှောင့်ယှက်တဲ့ အယုတ်တမာကောင်ကျ ဘာလို့အရင်းမခံရတာလဲ?"


ကျန့်ယောင် : ''ဘာလို့ဆို သူ့မှာ နောက်ခံရှိတာကိုး"


ဟန်မုန့်က သူ့ကို တစ်ချက်ကြည့်လာကာ : "မင်းက ဒီလို ကိစ္စကျ အသေးစိတ်သိလှချည်လား?"


ကျန့်ယောင်က ပခုံးတွန့်ပြတယ်။


အထက်တန်းကျောင်းပြောင်းတယ်ဆိုသည်မှာ လွယ်တဲ့အရာတော့မဟုတ်၊ သူအဲ့ဒါကို တွေ့ကြုံဖူးတော့သိ‌တာပေါ့။ ပထမဆုံးအနေနဲ့ နှစ်တစ်နှစ်မှာ ကျောင်းရဲ့စာရင်းသွင်းခွင့် အရေအတွက်ပြည့်သွားပြီဆိုလျှင် ‌ကံကောင်းမှပဲတစ်စုံတစ်ယောက်က ကျန်တဲ့နေရာလွတ်လေးတစ်နေရာရနိုင်တာပင်။ ဒုတိယအနေနဲ့ကတော့ ရုတ်တရက်ကျောင်းပြောင်းရတဲ့ ကျောင်းသားတွေရဲ့ တစ်၀က်လောက်ဟာ များသောအားဖြင့် နောက်ကွယ်မှ ပြဿနာတစ်ခုခုရှိထားတာကြောင့် ကျောင်းက အရမ်းကြီး ကရိကထမများစေချင်တာကြောင့်ပင်။


သူကျောင်းပြောင်းချိန်တုန်းကဆို ဆုံးဖြတ်ချက်မချခင်ကို အကြာကြီး စဥ်းစားခဲ့ရသေးသည်။ သံသယတွေမဖြစ်အောင်လည်း သူ့အရင်ကျောင်းက ယုံကြည်ရတဲ့ ဆရာတစ်ဦးကို ဘာသာရပ်ဆိုင်ရာရမှတ်,မှတ်တမ်းကို သာမန်လောက်ရေးခိုင်းရသေးသည်၊ အဲ့ဒါကို ဖတ်ပြီးချိန်မှာ First Highကကျောင်းအုပ်ကြီးကလက်မခံချင်တာကြောင့်ပဲ အဲ့ကိစ္စကို ပြေလည်ဖို့အတွက် သူ့အဖေကကျောင်းကို ယွမ်ဆယ်သန်းလှူလိုက်ရသေးသည်။


''ပုဂ္ဂိုလ်ရေးအရအာမခံသူသာမရှိရင် ကျန်းကျောင့်ကျူးရဲ့ကာရိုက်တာအရ အဲ့လူယုတ်မာရဲ့ပုံကို တစ်ကျောင်းလုံးမှာအသိပေးဖို့ ဖြန့်ပြီးနေလောက်ပြီ၊ ဒါပေမယ့် အခုတော့ အဲ့ကောင်ရဲ့မျိုးရိုးနာမည်တောင် ပေါက်ကြားလို့လား၊ သေချာပေါက် ကျောင်းခေါင်းဆောင်က အားလုံးကို ဘာအကြောင်းမှမပြောဖို့ သတိပေးထားလို့နေမှာ"
ဟန်မုန့်ကပြောခြင်းပင်။


''အဲ့တော့ ရန်းရီလဲ့က ဒီလိုနဲ့ပဲ မကောင်းပြောခံနေရမှာလား? ဘယ်လောက်တောင် မခံချင်စရာကောင်းလိုက်လဲ"
ချန်ရင်းရင်း သေလောက်အောင်ကို စိတ်ပျက်နေပြီ၊ ခနအကြာ အတွေးတစ်ခုဖြတ်ခနဲ၀င်လာတယ်။
''ကျန်းခဲ့! Shu Guangမှာ နင့်သူငယ်ချင်းရှိတယ်လို့ ပြောခဲ့တယ်မလား? သူ့ကိုနည်းနည်းပါးပါးမေးကြည့်လိုက်လေ၊ ငါတို့တွေ သူ့ကိုကျောင်းမှာ မဖမ်းနိုင်ဘူးဆိုရင် ဒီသခင်မက ကျောင်းကအပြန်ပိတ်ဖမ်းပြမယ်!"


ကျန်းခဲ့က ရင်ဘတ်ကိုပုတ်ပြကာ :
''အိုးခေ! ငါ့တာ၀န်သာထားလိုက်တော့ ,ငါသူ့ကိုညနေကျမေးပေးမယ်!"


ထိုညနေပိုင်း self-studyချိန်၌ ကျန်းခဲ့၏ရောင်းရင်းကောင်းကြီးမှ, ဒီပုံရဖို့ အသက်တောင် ရင်းထားရသည်ဖြစ်တာကြောင့် သူ့ကိုသစ္စာမဖောက်ဖို့ဆိုရင်း ''ဖေကော''ဆိုသူ၏ ပုံပို့ပေးလာသည်။


ကျန်းခဲ့ကမူ ဓာတ်ပုံကို သူ,ခိုးယူလာတဲ့ဖုန်းကနေ အတန်းကွန်ပျူတာကိုပို့လိုက်သည်၊ နောက် ထိုပုံကို projectorနဲ့ထိုးပြလိုက်သည်မို့ ဖေကောရဲ့မျက်နှာကြီးမှာ projector screenတစ်၀က်ကျော်လောက်မှာ နေရာယူသွားသည်။


ချန်ရင်းရင်းကတော့ ဘေးကနေ အားရပါးရရှင်းပြနေသည်။
''ကျောင်းသားတို့၊ ဒါက ငါတို့ရီလဲ့ကို အနိုင်ကျင့်သွားတဲ့ အယုတ်တမာကောင်ပဲ၊ အပြင်မှာ အဲ့ကောင်နဲ့ တွေ့ခဲ့ရင် မဆင်မခြင်မလုပ်ကြနဲ့နော်၊ ငါ့ကိုသာဖုန်းတစ်ချက်ဆက်လိုက်၊ ငါချက်ချင်း ပြေးလာပြီး အဲ့ကောင်ရဲ့အခွက်ကို သူ့မိဘတွေတောင် မမှတ်မိလောက်တော့တဲ့ထိဖြတ်ရိုက်ပြမယ်''


အခန်းထဲက အခြားသောကျောင်းသားများစွာကလည်း သဘောတူထောက်ခံလာကြသည်။


''အဲ့ကောင်ကို ငါလည်း တီးပြမယ်!"


''အတန်းမော်နီတာ၊ group chatထဲမှာသာ တစ်ချက်တီးခေါက်လိုက်၊ မင်းရဲ့ညီလေးတွေက မင်းကိုလာပံ့ပိုးပေးမယ်ကွ!"


''ချာတူးလံနေတာပဲ၊ တကယ့်ကို အယုတ်တမာကောင်နဲ့တူတယ်ရော်"


ခါတိုင်းပါခဲတဲ့ ရင်းချဲယ်ကတောင် ဒီတစ်ခါ ‌ခေါင်းမော့လာပြီး :
''သူရုပ်ရည်ကကြည့်ကောင်းပါတယ်"


ကျန့်ယောင်မှာ မယုံကြည်နိုင်ဖြစ်သွားရှာ၏။
''မင်းက ဒါကိုကြည့်‌ကောင်းတယ်ခေါ်တယ်? မင်းရဲ့ စံနှုန်းက နိမ့်လွန်းမနေဘူးလား?"


ဒီ ''ဖေကော''က ရုပ်ဆိုးတယ်လို့တော့ တကယ်ပြောမရ၊ သို့ပေမယ့်လည်း သူကအတော်လေး၀ကာ ဂင်လည်းတိုပြန်သည်။ သူ့ရုပ်က ပေါင်းလို့သင်းလို့ရမယ့်ပုံ၊ 'အယုတ်တမာ'ဆိုတဲ့ ခေါင်းစဥ်နဲ့တော့ လုံး၀တွေးမရ၊ ဒါ့ကြောင့်လည်း ခနတိုင်းလွတ်နေတာနေမယ်။ ဒါပေမယ့် ''Dong Chengကျောင်းလူဆိုး''အစစ်နဲ့ ယှဥ်ရမယ်ဆိုရင်တော့ သူ့ရုပ်ရည်က အတော်လေးချို့ယွင်းနေသေးတယ်။


အနည်းဆုံးတော့ ကျန့်ယောင်က သူ့ကိုယ်သူ အဲ့လိုထင်သည်ပေါ့နော်။


''အင်း၊ သူက တအားကြီးမဆိုးပါဘူး"
ရင်းချဲယ်အကြည့်က ဘေးခုံက အတန်းဖော်လေးမျက်နှာဆီရောက်လာတယ်၊ ပြီးတော့ သူများကို ရုပ်ဆိုးတယ်ပြောရအောင် ဘယ်ကသတ္တိတွေရလာတယ်မသိ:
''အနည်းဆုံးတော့ သူကမင်းထက်ချောသေးတယ်မလား?''


''......မင်းမျက်လုံးက အမှန်တရားကိုမမြင်နိုင်အောင် ဘာတွေများကွယ်နေတာလဲ?''


''အဲ့ဒါမင်းမျက်မှန်နဲ့ ဆံမြိတ်တွေလေ"
ရင်းချဲယ်ကသူ့ကိုတစ်စိုက်မတ်မတ်ကြည့်ကာ :
''အဲ့ဒါတွေက တအားကြီးရှည်နေတာ နေရမခက်ဘူးလား? မင်းမျက်လုံးတွေတောင် အကုန်ဖုံးတော့မယ်"


''မင်းနားမလည်ပါဘူး၊ ဒါက ခေတ်ရေစီးကြောင်းလေ"


''ငါ့အထင်တော့ ဒါက အရင်နှစ်နှစ်ဆယ်လောက်က trendပဲဖြစ်လောက်မယ်"
ရင်းချဲယ်က သူ့ကိုပိုပြီးမမှိတ်မသုန်ကြည့်လာကာ:
''မင်း အရောင်နဲ့မျက်ကပ်မှန်တပ်ထားတာလား? မင်းမျက်လုံးတွေက ဘာလို့....?''


ကျန့်ယောင်က နီးကပ်သွားအောင်အမြန်ရှေ့တိုးလာပြီး
''နည်းနည်းလောက် တိုးလာဦး၊ ကောက မင်းကို ကမ္ဘာပေါ်မှာ အချောဆုံးမျက်နှာကို ပြပေးမလို့"


''.....အရူး''
ရင်းချဲယ်က ရှောင်သွားသည်။ ကျန့်ယောင်ကို စိုက်ကြည့်နေသည်ကိုလည်း ရပ်လိုက်ပြီး စကားအကြောင်းအရာလည်း ပြောင်းလိုက်သည်။
''ဘာလို့ ကျန်းခဲ့က ဖေကောရဲ့ပုံကို အကုန်ပြတာလဲ? တစ်ခုခုဖြစ်လို့လား?"


ကျန့်ယောင် နေ့လည်ပိုင်းက အစောင့်ရှောက်လေးဦးပြောခဲ့တာတွေကိုပြန်ပြောပြပြီး နောက်ဆုံးမှာပြောလိုက်သည်။
''ဒီကိစ္စကတကယ်ကို ခုမှစဖြစ်ရုံရှိသေးတာပဲ၊ ဒီအခြေအမြစ်မရှိတဲ့ ကောလဟာလတွေဘယ်ချိန်ထိပျံ့နေမလဲဆိုတာ ဘယ်သူသိမှာလဲ.......ကောင်စုတ်လေး မင်းကတကယ်ကို အံ့သြစရာကောင်းတာပဲ၊ ဒီလို မယုံနိုင်စရာကောင်းလောက်အောင်ကို ရှေ့ဖြစ်မြင်နိုင်တယ်‌၊ ဒီကကျွန်တော်မျိုးက မင်းကို တကယ်ကြီးလေးစားနေမိပါပြီ"


မတုန်မလှုပ်နှင့် ရင်းချဲယ်ကမူ တည်တည်ငြိမ်ငြိမ် ပြန်ပြောလာသည် :
''အဲ့ဒါတော့ မင်းကတုံးတာကိုး"


''ငါတုံးတာ ငါသိပါတယ်၊ ဒါမယ့် အခု ငါအရမ်းသိချင်နေတာ ချန်ရင်းရင်းကလေ ငါ့အထင်တော့ အရမ်းသဘာ၀မကျသလိုပဲ သူ့ရဲ့သတ္တိတွေကလေ omegaတစ်ယောက်နဲ့ လုံး၀မတူဘူး၊ ဟန်မုန့်ကတော့ ပုံမှန်လို့ပဲငါထင်ထားတာ ဒါပေမယ့် သူက alphaနဲ့လုံး၀ကိုမတူပြန်ဘူး၊ သူ့အတွေးတွေကပိုပြီးသိမ်မွေ့နေ တယ်၊ မင်းနဲ့ကျန်းခဲ့ကတော့ betaတွေချည်းပဲကို မင်းကကျကွက်တိမှန်အောင် ခန့်မှန်းနိုင်ပြီး သူကကျဘာလို့မမှန်းနိုင်တာလဲ?"


''alphaတွေ omegaတွေကို မင်းဖန်ဆင်းထားတာမို့လို့လား?''


''ဟမ်?"


''တခြားသူတွေကို 'alpha'ပါ 'omega'ပါဆိုပြီး အဓိပ္ပါယ်သတ်မှတ်ရလောက်အောင်၊ omegaတစ်ယောက်က ဒီလိုဖြစ်နေရပါမယ် alphaတစ်ယောက်က ဟိုလိုဖြစ်နေရပါမယ် သတ်မှတ်ရအောင် မင်းကဘာအရည်အချင်းတွေများရှိနေလို့လဲ?"


အဖြောင့်ကောင်ကြီး ကျန်းမှာတော့ သူ့ရဲ့လောကကြီးအမြင်ကို တိုက်ခိုက်ဖျက်စီးခံလိုက်ရသလို ခံစားရကာ ကြက်သေသေသွားသည်။
''အာ...ဘာကြီး?"
(T/n : ဖြောင့်တယ်ဆိုတာ ပြောရရင် တစ်ယူသန်တာ‌ေပြာတာပါ၊ ဒီမှာတော့ omegaမှ omega၊ ဘောင်တွေတန်းတွေနဲ့ လုပ်နေလို့‌အဖြောင့်ကြီးပြောတာပါ)


''လူတိုင်းက ကိုယ့်ဟာနဲ့ကိုယ်ပဲ ဘာသတ်မှတ်ချက်ယူဆချက်တွေနဲ့မှမဆိုင်ဘူး၊ ငါက betaတစ်ယောက်ဖြစ်နေရင်တောင် မင်းတို့ alphaတွေထက် ပိုထက်မြက်နိုင်သေးတာပဲ၊ ပြီးတော့ beta တစ်ယောက်ဖြစ်နေတောင် တခြား omegaတွေထက် သိမ်မွေ့နိုင်သေးတာပဲ၊ မင်းနားလည်ပြီလား?"


ကျန့်ယောင် ဒီအသစ်အဆန်းအယူအဆအပေါ်ခနလောက် တွေးကြည့်မိသည် : ''ခုနက ငါပြောတာ မင်းကို သိမ်ငယ်စေချင်လို့မဟုတ်ပါဘူး၊ ဒါပေမယ့် မင်းပြောတာလည်း ဟုတ်သား၊ ဒါက င့ါဘ၀သက်တမ်းရှည်ကြီးတစ်လျှောက်လုံး ဒီလိုမျိုးပထမဆုံးကြားဖူးတာပဲ၊ မင်းရဲ့သင်ကြားပြသမှုကို ငါလက်သင့်ခံပါတယ်လေ"


ရင်းချဲယ် : ''ကောင်လေးက သင်ရကျိုးနပ်သားပဲ"


ကျန့်ယောင် : ''ဒါပေမယ့် လက်တွဲဖော်အတွက်ကတော့ ငါက နုညံ့၊ သိမ်မွေ့၊ နာခံ၊ ချစ်စရာကောင်းပြီး ကလေးမွေးပေးနိုင်တဲ့ omegaလှလှလေးပဲယူမှာ"


ရင်းချဲယ် ''......''


ဒီအဖြောင့်ကောင်ဟာ ကုရာနတ္ထိဆေးမရှိ


''မင်းယူချင်တဲ့သူသာယူ ငါ့သောက်လုပ်မဟုတ်ဘူး"


----------


The author has something to say ;


ရှောင်ကျန်သူ့ကိုယ်သူ မျက်လုံးထဲမြင်ချိန် : တောက်ပထက်မြက်တယ်၊ ဆွဲဆောင်မှုရှိတယ်၊ ချောတယ်၊ ယုံကြည်ချက်လည်းအပြည့်


ရှောင်ကျန်ကို ရင်းချဲယ်မျက်လုံးထဲမှာ မြင်ရချိန်
'''ကမ္ဘာပေါ်မှာ ကောရဲ့အလှဆုံးမျက်နှာ'လည်း F*ckပဲ"


------------


[Zawgyi]


ကာယခ်ိန္ၿပီးေနာက္တြင္ေတာ့ မုန႔္ေကာင္တာမွာ အေအး၀ယ္သည့္ေက်ာင္းသားမ်ားျဖင့္ ျပည့္သြားသည္။က်န္းခဲ့မွာ လူအုပ္ၾကားထဲကို ရွိသမၽွအားကုန္အတင္းတိုး၀င္လို႔ ဆိုဒါအေအးေလးပုလင္း လု၀ယ္လာခဲ့သည္။ တစ္ပုလင္းကို သူ႔အတြက္ထားလိုက္ၿပီး က်န္ေလးပုလင္းကိုေတာ့ ဟိုသုံးေယာက္ဆီ ပစ္ေပးလိုက္သည္။


ဟန္မုန႔္ : ''အိုက္ယား ေအးလိုက္တာ၊ မင္းကိုအခန္းအပူခ်ိန္ေလာက္ပဲလို႔ ငါမမွာလိုက္ဘူးလား"


က်န္းခဲ့ သူ႔ကိုျဖတ္ေျပာလိုက္သည္ : ''မင္းဟာက အျမဲပိုလြန္းေနတဲ့ဥစၥာ၊ မင္း အခန္းအပူခ်ိန္ေလာက္ဟာ လိုခ်င္ရင္ ကိုယ့္ဘာကိုယ္သြား၀ယ္"


ဟန္မုန႔္ : ''အဲ့နားမွာ ကပ္ေစးကပ္ေစးနဲ႔ေခၽြးထြက္ေနတဲ့ alphaေတြျပည့္ေနတာေလ၊ အဲ့ဒါေတြကို ငါစိတ္ေလလြန္းလို႔ အဲ့နားဘယ္ေတာ့မွ မသြားဘူး"


ခ်န္ရင္းရင္း : ''နင္ကေရာ ကာယခ်ိန္ ေခၽြးမထြက္တာက်လို႔ ''


ဟန္မုန႔္က ဂုဏ္ယူ၀င္ႂကြားစြာ‌ေျပာလာသည္ :
''ငါက ေခၽြးနံ့ေပ်ာက္ေဆးျဖန္းတယ္ေလ၊ ၿပီးေတာ့ ေရေမႊးလည္း ထပ္ဆြတ္ထားေသးတယ္"


က်န႔္ေယာင္ တေလးတစားအသံျပဳေပးလိုက္တယ္။
''အရမ္းမိုက္တယ္၊ bro"


ဟန္မုန႔္ : "မင္းက ငါ့ကို အရမ္းေျမႇာက္ေနေတာ့တာပဲ၊ ေဟး၊ က်န႔္ေယာင္ မင္းၾကည့္ရတာ ေခၽြးမထြက္သလိုပဲ ဘာ brandသုံးတာလဲ?''


က်န႔္ေယာင္က ရယ္တယ္ : ''ရိုးရိုးေလးပါ၊ ငါက‌လွုပ္လွုပ္ရွားရွားမလုပ္႐ုံေလး"


''........''


ခ်န္ရင္းရင္း မ်က္လုံးကိုသာ အစြမ္းကုန္ လွန္လိုက္ၿပီး
''အခုေတာ့ နင္တို႔ႏွစ္ေယာက္က ဘယ္သူကပို႐ူးမွန္းကို ငါမေျပာတတ္ေတာ့ဘူး"


အတန္းခ်ိန္စဖို႔က ခုနစ္မိနစ္ရွစ္မိနစ္ခန႔္လိုေသးသည္ေၾကာင့္ ေလးေယာက္သား စာသင္ခန္းသို႔ ေအးေဆးလမ္းေလၽွာက္လို႔ျပန္ခဲ့ၾကသည္။ ႐ုတ္တရက္ က်န္းခဲ့က က်န႔္ေယာင္လက္ကို တို႔လာၿပီး အသံတိုးတိုးႏွင့္ေျပာလာသည္။
''ၾကည့္၊ ‌ေရွ႕ကေလးေယာက္က အေစာင့္ေရွာက္ေလးဦးဆိုတာေလ"


က်န႔္ေယာင္လည္း သူ႔အၾကည့္လားရာအတိုင္း ေမၽွာ္လင့္တႀကီးလွမ္းၾကည့္လိုက္ေတာ့ သူ႔‌တို႔ေရွ႕မွာ လမ္းေလၽွာက္ေနၾကတဲ့ လူေလးဦး။ တစ္ေယာက္မွလြဲ၍ က်န္သူမ်ားအားလုံးက အရပ္ျမင့္ၾကၿပီး အရပ္ကြာဟခ်က္မွာလည္း အရမ္းကို သိသာလွေလသည္။


''omegaတစ္ေယာက္ပါတာလား?ငါက alphaေတြခ်ည္းထင္ေနတာ"


အေစာင့္ေရွာက္ေလးဦးဆိုတာဟာ ေက်ာင္းသားေရးရာေတြအတြက္ အထူးေလ့က်င့္တာ၀န္ေပးထားတဲ့ ေက်ာင္းသားရဲေဘာ္ေတြေပါ့၊ အဲ့ဒါေၾကာင့္လူၾကားထဲမွာေတာင္ ထင္းေနေအာင္ သူတို႔မွာ
ေတာင့္ေတာင့္တင္းတင္း ကိုယ္ေနဟန္ထားရွိရတယ္။ ထိုထဲမွာ omegaတစ္‌ဦးပါပါေနသည္ျမင္ေတာ့ က်န႔္ေယာင္ အံ့ၾသသြားတာအမွန္။


''အဲ့ဒီေကတိုေလးနဲ႔ omegaကိုအထင္မေသးနဲ႔ဗ်၊ တစ္ခါတစ္ခါက် သူက alphaေတြထက္ေတာင္ ပိုၾကမ္းေသးတယ္၊ သူ႔နာမည္က ထန္ရွရွ၊ ငါတို႔ရသနဲ႔အႏုပညာဌာနရဲ့ေခါင္းေဆာင္ေလ၊ သူက ႀကီးက်ယ္လြန္းတဲ့မိန္းမပဲကြ၊ အရင္ကဆို ဟန္မုန႔္လည္းအဲ့ရာထူးေနရာကို ၀င္ၿပိဳင္ၿပီး သူမကိုေတာင္ ကန္ထုတ္နိုင္ေတာ့မလို႔ ၊ အာ့နဲ႔ပဲ သူမကဟန္မုန႔္ကိုဆို မ်က္မုန္းက်ိဳးအထင္ေသးေနတာ၊ သူ႔ကိုဆို ကြယ္ရာမွာေရာ လူေတြေရွ႕မွာပါ အေျခာက္ဆိုၿပီးေခၚတာပါဆို"


''ငါတို႔ အတန္းေမာ္နီတာလည္း ဟန္မုန႔္ကို အျမဲအေျခာက္လို႔ေခၚတယ္မဟုတ္ဘူးလား?"


'' ဘယ္လိုလုပ္တူမွာလဲကြ! ငါတို႔အတန္းေမာ္နီတာက စေနတာဆိုတာ အသိသာႀကီး! သူနဲ႔ယွဥ္ရင္ အဲ့ဒါကညင္ညင္သာသာေလးနဲ႔ ခ်စ္စရာေကာင္းတယ္"


''အိုး,အဲ့လိုလား?''
က်န႔္ေယာင္ နည္းနည္းေတာ့ စိတ္၀င္စားလာတယ္။


သူတို႔ႏွစ္ဖြဲ႕မွာ နီးကပ္လာသည္ေၾကာင့္ ေရွ႕က အေစာင့္ေရွာက္ေလးဦး၏ စကားသံေတြကိုေတာင္ အကုန္ရွင္းရွင္းလင္းလင္းၾကားေနရၿပီျဖစ္တယ္။


“က်န္းေလာင္ရွီးက အေျခေနေတြကို ထိန္းခ်ဳပ္ခ်င္လို႔ ခုလိုေျပာလိုက္တာေနမယ္၊ အခုရက္ပိုင္းေတြအတြင္း အားလုံးကလည္း စိုးရိမ္ေနၾကတာဆိုေတာ့ စိတ္ေအးေစခ်င္လို႔ေလ''


‘’မဟုတ္နိုင္ဘူး၊ ငါေတာ့ အဲ့ omegaက လိမ္ေနတာလို႔ပဲထင္တယ္၊ ဘယ္သူကကိုယ္တိုင္ ၀န္ခံခ်င္ပါ့မလဲ သူတို႔ကိုဟိုဟာ.....သိတယ္မလား၊ အဲ့အယုတ္တမာေကာင္က ဘယ္လိုလုပ္ဓားေလးရွ႐ုံနဲ႔ထြက္ေျပးမွာလဲ? ပိုေတာင္ ေဒါသထြက္သြားမွာမလား?”


‘’အဲ့ဒါဟုတ္တယ္၊ အဲ့ omegaကသူ႔ဂုဏ္သူထိန္းခ်င္လို႔ျဖစ္မယ္၊ တအားတစ္ကိုယ္ေကာင္းဆန္တာပဲ၊ သူအဲ့လိုလုပ္ေတာ့ ငါတို႔ကဘယ္လိုလုပ္ အဲ့အယုတ္တမာေကာင္ကို ဖမ္းရေတာ့မလဲ? တျခားလူေတြလည္း အခုလိုအႏၲရာယ္မ်ိဳးနဲ႔ မၾကဳံနိုင္ဘူးလားေျပာ? သူကတကယ္ကို သူ႔အတန္းေဖာ္ေတြအတြက္လုံး၀ထည့္မေတြးတာပဲ”


‘’အမွန္ပဲ၊ ဘာပဲျဖစ္ျဖစ္ေလ သူဘာပဲေျပာေျပာ ေလာင္ရွီးက ဘာပဲေျပာေျပာ  ဘာျဖစ္လဲဆိုတာ ငါတို႔အကုန္သိတာပဲ၊ အဲ့ေတာ့ ဖုံးေနစရာလိုေသးလို႔လား?”


‘’ေျပာေနစရာကိုမလိုဘူး၊ သူကလည္းသူပဲ ညႀကီးမင္းႀကီးကို တစ္ေယာက္တည္းလမ္းေလၽွာက္ျပန္ရတယ္လို႔ ငါသာဆိုမျပန္ရဲပါဘူး၊ သူ႔အိမ္ကိုလာႀကိဳခိုင္းဖို႔ေျပာသင့္တာမဟုတ္ဘူးလား?’


ထိုအခ်ိန္မွာ ထန္ရွရွက ၀င္၍ဖ်န္ေျဖစကားေျပာလာသည္ ;
‘’ေကာင္းၿပီ၊ က်န္းေလာင္ရွီးက ဒါကိုႀကီးႀကီးက်ယ္က်ယ္မျဖစ္ခ်င္မွေတာ့ ဒီအေၾကာင္းကို ထားလိုက္ေတာ့၊ တိုတိုေျပာရရင္ အားလုံးလည္းသိၾကတာပဲ ငါတို႔အဲ့ omegaနဲ႔ မေပါင္းသင့္ဘူးဆိုတာ၊ အဲ့ေတာ့ သူ႔အေၾကာင္းထပ္မေျပာၾကရေအာင္”


‘’ေျပာေနစရာကိုမလိုဘူး၊ သူမ်ားထိထားၿပီးသား omegaတစ္ေယာက္ကိုမ်ား ငါ့ကိုလာေတာင္းပန္ၿပီးေျပာေတာင္ ငါသာဆိုမယူခ်င္ဘူး........’’


ထိုလူေလးေယာက္မွာေတာ့ ဒီျပႆနာဟာ ရန္းရီလဲ့အမွားလို႔သာ တစ္ထစ္ခ်သတ္မွတ္ေနၾကတယ္။


ဒီစကားေတြကို ခ်န္ရင္းရင္းၾကားခ်ိန္မွာေတာ့ အရမ္းစိတ္ဆိုးလာတယ္။ သူမအကၤ်ီလက္ကိုလိပ္တင္လိုက္ၿပီး ေရွ႕ကိုေျပးသြားဖို႔လုပ္ေတာ့တယ္ ;
‘’နင္တို႔ေခြးေကာင္ေတြက F*ckလို ---mmmm!‘’’


ဟန္မုန႔္ကမူ သူမပါးစပ္ကိုအခ်ိန္မွီအုပ္လိုက္ၿပီး ေနာက္ကေန အခိုင္အမာျပန္ဆြဲထားသည္။
‘’သူတို႔ကို ရန္သြားမစနဲ႔ေလ၊ မင္းမွာမွ သက္ေသမရွိတာ၊ ရန္ျဖစ္တာက ဘာမွေကာင္းတာရမွာမဟုတ္ဘူး”


က်န႔္ေယာင္မွာလည္း သြားဖိုက္မယ္လုပ္ေနတဲ့ က်န္းခဲ့ကို ဆြဲထားရသည္ ;
‘’မင္းအျပစ္ေပးခံခ်င္လို႔လား?”


က်န္းခဲ့မွာ မ်က္ေတာင္တစ္ခတ္စာမၽွ တြန႔္ဆုတ္သြားတုန္း သူ႔ရဲ့အခြင့္‌ေရးခ်ိန္မွာ လြဲေခ်ာ္သြားကာ ေရွ႕ကေလးေယာက္ အေဝးကိုလမ္းေလၽွာက္ထြက္သြားသည္ကိုသာ ေၾကာင္ၾကည့္ေနရေတာ့သည္။


ခ်န္ရင္းရင္းကေတာ့ ဟန္မုန႔္ လႊတ္ေပးလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ဆဲေတာ့သည္။
‘’ဟိုေခြးေလးေကာင္ဆီက ရန္းရီလဲ့ ဒီလိုအေျပာခံေနရတာကို နင္တို႔ေတြကဒီလိုပဲ ရပ္ၾကည့္ေနေတာ့မွာလား? နင္တို႔ေတြက ေယာက္်ားေတြမွဟုတ္ရဲ့လား? အျပစ္ေပးခံရမွာကို နင္တို႔ကပဲ ေၾကာက္ရင္ေၾကာက္မယ္ ငါေတာ့ မေၾကာက္ဘူးေဟ့၊ အဲ့ေတာ့ ဒီသခင္မကို လာမတားစမ္းနဲ႔!”


က်န္းခဲ့ကလည္း မေက်မနပ္ေျပာလာသည္၊
‘’ငါလည္းမေၾကာက္ပါဘူး၊ ခုနေလးက တအားမခံခ်င္စရာေကာင္းတယ္၊ ရန္းရီလဲ့က မလိမ္ရဲပါဘူး၊ ငါဆိုသူ႔ကို သခၤ်ာဆရာမဆီ အိမ္စာနဲ႔ပက္သက္လို႔ အျမဲ လိမ္‌ေျပာခိုင္းတာ၊ သူဘယ္ေတာ့မွ ငါေျပာသလိုလုပ္မေပးဘူး”


ဟန္မုန႔္ : "မင္းတို႔ႏွစ္ေယာက္ စိတ္ေအးေအးထားသင့္တယ္, တကယ္ေတာ့.......ငါထင္တယ္ ရန္းရီလဲ့က အကုန္လုံး ရွင္းျပရင္ေတာင္ လူေတြက ေဝဖန္ေနဦးမွာပဲ၊ ဒီလိုကိစၥမ်ိဳးက ဘယ္လိုရွင္းျပခ်က္နဲ႔မွ မရွင္းနိုင္ဘူး၊ဟိုေကာင္ရဲ့.........’’


ခ်န္ရင္းရင္း ခ်က္ခ်င္းေမးလာတယ္။
‘’ဟိုေကာင္ရဲ့ ဘာလဲ?’’


‘’အဲ့ဟိုယုတ္တမာေကာင္က ေရွ႕ထြက္ၿပီး သူရန္းရီလဲ့ကို ဘာမွမလုပ္ပါဘူးဆိုတာ ၀န္မခံသေရြ႕"
ဟန္မုန႔္က ဆက္ေျပာသည္;
''ဒါေပမယ့္လည္း အဲ့ဒါက မျဖစ္နိုင္ဘူးေလ၊ စဥ္းစားၾကည့္ ; alphaတစ္ေယာက္က အားႏြဲ႕တဲ့ omegaေလးတစ္ေယာက္စီက ဓါးေလးနဲ႔အျခစ္ခံရ႐ုံနဲ႔ ေၾကာက္ေျပးသြားတယ္ဆိုတာ၊ ဘယ္သူက ဒီလိုရွက္စရာေကာင္းၿပီး မ်က္ႏွာပ်က္စရာမ်ိဳးကို ဘယ္လိုလုပ္ထုတ္ေျပာမွာလဲ?"


က်န္းခဲ့ : "ဒါဆို သူ႔ကိုျပန္‌ေပးဆြဲေခၚလာၿပီး ၿခိမ္းေျခာက္မယ္ကြာ!"


ဟန္မုန႔္ : ''သူမ်ားေက်ာင္းကိုသြားၿပီး ျပႆနာရွာမွေတာ့ ငါတို႔ေက်ာင္းအုပ္ႀကီးက အမွားျပဳျပင္ေပးဖို႔အတြက္ မင္းကို မရင္းဘူးမ်ားမွတ္ေနလား?''


က်န္းခဲ့ : "F*ck, ဒါဆို ငါတို႔ေက်ာင္းရဲ့ omegaေတြကို ေႏွာင့္ယွက္တဲ့ အယုတ္တမာေကာင္က် ဘာလို႔အရင္းမခံရတာလဲ?"


က်န႔္ေယာင္ : ''ဘာလို႔ဆို သူ႔မွာ ေနာက္ခံရွိတာကိုး"


ဟန္မုန႔္က သူ႔ကို တစ္ခ်က္ၾကည့္လာကာ : "မင္းက ဒီလို ကိစၥက် အေသးစိတ္သိလွခ်ည္လား?"


က်န႔္ေယာင္က ပခုံးတြန႔္ျပတယ္။


အထက္တန္းေက်ာင္းေျပာင္းတယ္ဆိုသည္မွာ လြယ္တဲ့အရာေတာ့မဟုတ္၊ သူအဲ့ဒါကို ေတြ႕ၾကဳံဖူးေတာ့သိ‌တာေပါ့။ ပထမဆုံးအေနနဲ႔ ႏွစ္တစ္ႏွစ္မွာ ေက်ာင္းရဲ့စာရင္းသြင္းခြင့္ အေရအတြက္ျပည့္သြားၿပီဆိုလၽွင္ ‌ကံေကာင္းမွပဲတစ္စုံတစ္ေယာက္က က်န္တဲ့ေနရာလြတ္ေလးတစ္ေနရာရနိုင္တာပင္။ ဒုတိယအေနနဲ႔ကေတာ့ ႐ုတ္တရက္ေက်ာင္းေျပာင္းရတဲ့ ေက်ာင္းသားေတြရဲ့ တစ္၀က္ေလာက္ဟာ မ်ားေသာအားျဖင့္ ေနာက္ကြယ္မွ ျပႆနာတစ္ခုခုရွိထားတာေၾကာင့္ ေက်ာင္းက အရမ္းႀကီး ကရိကထမမ်ားေစခ်င္တာေၾကာင့္ပင္။


သူေက်ာင္းေျပာင္းခ်ိန္တုန္းကဆို ဆုံးျဖတ္ခ်က္မခ်ခင္ကို အၾကာႀကီး စဥ္းစားခဲ့ရေသးသည္။ သံသယေတြမျဖစ္ေအာင္လည္း သူ႔အရင္ေက်ာင္းက ယုံၾကည္ရတဲ့ ဆရာတစ္ဦးကို ဘာသာရပ္ဆိုင္ရာရမွတ္,မွတ္တမ္းကို သာမန္ေလာက္ေရးခိုင္းရေသးသည္၊ အဲ့ဒါကို ဖတ္ၿပီးခ်ိန္မွာ First Highကေက်ာင္းအုပ္ႀကီးကလက္မခံခ်င္တာေၾကာင့္ပဲ အဲ့ကိစၥကို ေျပလည္ဖို႔အတြက္ သူ႔အေဖကေက်ာင္းကို ယြမ္ဆယ္သန္းလွူလိုက္ရေသးသည္။


''ပုဂၢိဳလ္ေရးအရအာမခံသူသာမရွိရင္ က်န္းေက်ာင့္က်ဴးရဲ့ကာရိုက္တာအရ အဲ့လူယုတ္မာရဲ့ပုံကို တစ္ေက်ာင္းလုံးမွာအသိေပးဖို႔ ျဖန႔္ၿပီးေနေလာက္ၿပီ၊ ဒါေပမယ့္ အခုေတာ့ အဲ့ေကာင္ရဲ့မ်ိဳးရိုးနာမည္ေတာင္ ေပါက္ၾကားလို႔လား၊ ေသခ်ာေပါက္ ေက်ာင္းေခါင္းေဆာင္က အားလုံးကို ဘာအေၾကာင္းမွမေျပာဖို႔ သတိေပးထားလို႔ေနမွာ"
ဟန္မုန႔္ကေျပာျခင္းပင္။


''အဲ့ေတာ့ ရန္းရီလဲ့က ဒီလိုနဲ႔ပဲ မေကာင္းေျပာခံေနရမွာလား? ဘယ္ေလာက္ေတာင္ မခံခ်င္စရာေကာင္းလိုက္လဲ"
ခ်န္ရင္းရင္း ေသေလာက္ေအာင္ကို စိတ္ပ်က္ေနၿပီ၊ ခနအၾကာ အေတြးတစ္ခုျဖတ္ခနဲ၀င္လာတယ္။
''က်န္းခဲ့! Shu Guangမွာ နင့္သူငယ္ခ်င္းရွိတယ္လို႔ ေျပာခဲ့တယ္မလား? သူ႔ကိုနည္းနည္းပါးပါးေမးၾကည့္လိုက္ေလ၊ ငါတို႔ေတြ သူ႔ကိုေက်ာင္းမွာ မဖမ္းနိုင္ဘူးဆိုရင္ ဒီသခင္မက ေက်ာင္းကအျပန္ပိတ္ဖမ္းျပမယ္!"


က်န္းခဲ့က ရင္ဘတ္ကိုပုတ္ျပကာ :
''အိုးေခ! ငါ့တာ၀န္သာထားလိုက္ေတာ့ ,ငါသူ႔ကိုညေနက်ေမးေပးမယ္!"


ထိုညေနပိုင္း self-studyခ်ိန္၌ က်န္းခဲ့၏ေရာင္းရင္းေကာင္းႀကီးမွ, ဒီပုံရဖို႔ အသက္ေတာင္ ရင္းထားရသည္ျဖစ္တာေၾကာင့္ သူ႔ကိုသစၥာမေဖာက္ဖို႔ဆိုရင္း ''ေဖေကာ''ဆိုသူ၏ ပုံပို႔ေပးလာသည္။


က်န္းခဲ့ကမူ ဓာတ္ပုံကို သူ,ခိုးယူလာတဲ့ဖုန္းကေန အတန္းကြန္ပ်ဴတာကိုပို႔လိုက္သည္၊ ေနာက္ ထိုပုံကို projectorနဲ႔ထိုးျပလိုက္သည္မို႔ ေဖေကာရဲ့မ်က္ႏွာႀကီးမွာ projector screenတစ္၀က္ေက်ာ္ေလာက္မွာ ေနရာယူသြားသည္။


ခ်န္ရင္းရင္းကေတာ့ ေဘးကေန အားရပါးရရွင္းျပေနသည္။
''ေက်ာင္းသားတို႔၊ ဒါက ငါတို႔ရီလဲ့ကို အနိုင္က်င့္သြားတဲ့ အယုတ္တမာေကာင္ပဲ၊ အျပင္မွာ အဲ့ေကာင္နဲ႔ ေတြ႕ခဲ့ရင္ မဆင္မျခင္မလုပ္ၾကနဲ႔ေနာ္၊ ငါ့ကိုသာဖုန္းတစ္ခ်က္ဆက္လိုက္၊ ငါခ်က္ခ်င္း ေျပးလာၿပီး အဲ့ေကာင္ရဲ့အခြက္ကို သူ႔မိဘေတြေတာင္ မမွတ္မိေလာက္ေတာ့တဲ့ထိျဖတ္ရိုက္ျပမယ္''


အခန္းထဲက အျခားေသာေက်ာင္းသားမ်ားစြာကလည္း သေဘာတူေထာက္ခံလာၾကသည္။


''အဲ့ေကာင္ကို ငါလည္း တီးျပမယ္!"


''အတန္းေမာ္နီတာ၊ group chatထဲမွာသာ တစ္ခ်က္တီးေခါက္လိုက္၊ မင္းရဲ့ညီေလးေတြက မင္းကိုလာပံ့ပိုးေပးမယ္ကြ!"


''ခ်ာတူးလံေနတာပဲ၊ တကယ့္ကို အယုတ္တမာေကာင္နဲ႔တူတယ္ေရာ္"


ခါတိုင္းပါခဲတဲ့ ရင္းခ်ဲယ္ကေတာင္ ဒီတစ္ခါ ‌ေခါင္းေမာ့လာၿပီး :
''သူ႐ုပ္ရည္ကၾကည့္ေကာင္းပါတယ္"


က်န႔္ေယာင္မွာ မယုံၾကည္နိုင္ျဖစ္သြားရွာ၏။
''မင္းက ဒါကိုၾကည့္‌ေကာင္းတယ္ေခၚတယ္? မင္းရဲ့ စံႏွုန္းက နိမ့္လြန္းမေနဘူးလား?"


ဒီ ''ေဖေကာ''က ႐ုပ္ဆိုးတယ္လို႔ေတာ့ တကယ္ေျပာမရ၊ သို႔ေပမယ့္လည္း သူကအေတာ္ေလး၀ကာ ဂင္လည္းတိုျပန္သည္။ သူ႔႐ုပ္က ေပါင္းလို႔သင္းလို႔ရမယ့္ပုံ၊ 'အယုတ္တမာ'ဆိုတဲ့ ေခါင္းစဥ္နဲ႔ေတာ့ လုံး၀ေတြးမရ၊ ဒါ့ေၾကာင့္လည္း ခနတိုင္းလြတ္ေနတာေနမယ္။ ဒါေပမယ့္ ''Dong Chengေက်ာင္းလူဆိုး''အစစ္နဲ႔ ယွဥ္ရမယ္ဆိုရင္ေတာ့ သူ႔႐ုပ္ရည္က အေတာ္ေလးခ်ိဳ႕ယြင္းေနေသးတယ္။


အနည္းဆုံးေတာ့ က်န႔္ေယာင္က သူ႔ကိုယ္သူ အဲ့လိုထင္သည္ေပါ့ေနာ္။


''အင္း၊ သူက တအားႀကီးမဆိုးပါဘူး"
ရင္းခ်ဲယ္အၾကည့္က ေဘးခုံက အတန္းေဖာ္ေလးမ်က္ႏွာဆီေရာက္လာတယ္၊ ၿပီးေတာ့ သူမ်ားကို ႐ုပ္ဆိုးတယ္ေျပာရေအာင္ ဘယ္ကသတၱိေတြရလာတယ္မသိ:
''အနည္းဆုံးေတာ့ သူကမင္းထက္ေခ်ာေသးတယ္မလား?''


''......မင္းမ်က္လုံးက အမွန္တရားကိုမျမင္နိုင္ေအာင္ ဘာေတြမ်ားကြယ္ေနတာလဲ?''


''အဲ့ဒါမင္းမ်က္မွန္နဲ႔ ဆံၿမိတ္ေတြေလ"
ရင္းခ်ဲယ္ကသူ႔ကိုတစ္စိုက္မတ္မတ္ၾကည့္ကာ :
''အဲ့ဒါေတြက တအားႀကီးရွည္ေနတာ ေနရမခက္ဘူးလား? မင္းမ်က္လုံးေတြေတာင္ အကုန္ဖုံးေတာ့မယ္"


''မင္းနားမလည္ပါဘူး၊ ဒါက ေခတ္ေရစီးေၾကာင္းေလ"


''ငါ့အထင္ေတာ့ ဒါက အရင္ႏွစ္ႏွစ္ဆယ္ေလာက္က trendပဲျဖစ္ေလာက္မယ္"
ရင္းခ်ဲယ္က သူ႔ကိုပိုၿပီးမမွိတ္မသုန္ၾကည့္လာကာ:
''မင္း အေရာင္နဲ႔မ်က္ကပ္မွန္တပ္ထားတာလား? မင္းမ်က္လုံးေတြက ဘာလို႔....?''


က်န္႔ေယာင္က နီးကပ္သြားေအာင္အျမန္ေရွ႕တိုးလာၿပီး
''နည္းနည္းေလာက္ တိုးလာဦး၊ ေကာက မင္းကို ကမၻာေပၚမွာ အေခ်ာဆုံးမ်က္ႏွာကို ျပေပးမလို႔"


''.....အ႐ူး''
ရင္းခ်ဲယ္က ေရွာင္သြားသည္။ က်န္႔ေယာင္ကို စိုက္ၾကည့္ေနသည္ကိုလည္း ရပ္လိုက္ၿပီး စကားအေၾကာင္းအရာလည္း ေျပာင္းလိုက္သည္။
''ဘာလို႔ က်န္းခဲ့က ေဖေကာရဲ့ပုံကို အကုန္ျပတာလဲ? တစ္ခုခုျဖစ္လို႔လား?"


က်န္႔ေယာင္ ေန႔လည္ပိုင္းက အေစာင့္ေရွာက္ေလးဦးေျပာခဲ့တာေတြကိုျပန္ေျပာျပၿပီး ေနာက္ဆုံးမွာေျပာလိုက္သည္။
''ဒီကိစၥကတကယ္ကို ခုမွစျဖစ္႐ုံရွိေသးတာပဲ၊ ဒီအေျခအျမစ္မရွိတဲ့ ေကာလဟာလေတြဘယ္ခ်ိန္ထိပ်ံ႕ေနမလဲဆိုတာ ဘယ္သူသိမွာလဲ.......ေကာင္စုတ္ေလး မင္းကတကယ္ကို အံ့ၾသစရာေကာင္းတာပဲ၊ ဒီလို မယုံနိုင္စရာေကာင္းေလာက္ေအာင္ကို ေရွ႕ျဖစ္ျမင္နိုင္တယ္‌၊ ဒီကကၽြန္ေတာ္မ်ိဳးက မင္းကို တကယ္ႀကီးေလးစားေနမိပါၿပီ"


မတုန္မလွုပ္ႏွင့္ ရင္းခ်ဲယ္ကမူ တည္တည္ၿငိမ္ၿငိမ္ ျပန္ေျပာလာသည္ :
''အဲ့ဒါေတာ့ မင္းကတုံးတာကိုး"


''ငါတုံးတာ ငါသိပါတယ္၊ ဒါမယ့္ အခု ငါအရမ္းသိခ်င္ေနတာ ခ်န္ရင္းရင္းကေလ ငါ့အထင္ေတာ့ အရမ္းသဘာ၀မက်သလိုပဲ သူ႔ရဲ့သတၱိေတြကေလ omegaတစ္ေယာက္နဲ႔ လုံး၀မတူဘူး၊ ဟန္မုန္႔ကေတာ့ ပုံမွန္လို႔ပဲငါထင္ထားတာ ဒါေပမယ့္ သူက alphaနဲ႔လုံး၀ကိုမတူျပန္ဘူး၊ သူ႔အေတြးေတြကပိုၿပီးသိမ္ေမြ႕ေန တယ္၊ မင္းနဲ႔က်န္းခဲ့ကေတာ့ betaေတြခ်ည္းပဲကို မင္းကက်ကြက္တိမွန္ေအာင္ ခန္႔မွန္းနိုင္ၿပီး သူကက်ဘာလို႔မမွန္းနိုင္တာလဲ?"


''alphaေတြ omegaေတြကို မင္းဖန္ဆင္းထားတာမို႔လို႔လား?''


''ဟမ္?"


''တျခားသူေတြကို 'alpha'ပါ 'omega'ပါဆိုၿပီး အဓိပၸါယ္သတ္မွတ္ရေလာက္ေအာင္၊ omegaတစ္ေယာက္က ဒီလိုျဖစ္ေနရပါမယ္ alphaတစ္ေယာက္က ဟိုလိုျဖစ္ေနရပါမယ္ သတ္မွတ္ရေအာင္ မင္းကဘာအရည္အခ်င္းေတြမ်ားရွိေနလို႔လဲ?"


အေျဖာင့္ေကာင္ႀကီး က်န္းမွာေတာ့ သူ႔ရဲ့ေလာကႀကီးအျမင္ကို တိုက္ခိုက္ဖ်က္စီးခံလိုက္ရသလို ခံစားရကာ ၾကက္ေသေသသြားသည္။
''အာ...ဘာႀကီး?"
(T/n : ေျဖာင့္တယ္ဆိုတာ ေျပာရရင္ တစ္ယူသန္တာ‌ေျပာတာပါ၊ ဒီမွာေတာ့ omegaမွ omega၊ ေဘာင္ေတြတန္းေတြနဲ႔ လုပ္ေနလို႔‌အေျဖာင့္ႀကီးေျပာတာပါ)


''လူတိုင္းက ကိုယ့္ဟာနဲ႔ကိုယ္ပဲ ဘာသတ္မွတ္ခ်က္ယူဆခ်က္ေတြနဲ႔မွမဆိုင္ဘူး၊ ငါက betaတစ္ေယာက္ျဖစ္ေနရင္ေတာင္ မင္းတို႔ alphaေတြထက္ ပိုထက္ျမက္နိုင္ေသးတာပဲ၊ ၿပီးေတာ့ beta တစ္ေယာက္ျဖစ္ေနေတာင္ တျခား omegaေတြထက္ သိမ္ေမြ႕နိုင္ေသးတာပဲ၊ မင္းနားလည္ၿပီလား?"


က်န႔္ေယာင္ ဒီအသစ္အဆန္းအယူအဆအေပၚခနေလာက္ ေတြးၾကည့္မိသည္ : ''ခုနက ငါေျပာတာ မင္းကို သိမ္ငယ္ေစခ်င္လို႔မဟုတ္ပါဘူး၊ ဒါေပမယ့္ မင္းေျပာတာလည္း ဟုတ္သား၊ ဒါက င့ါဘ၀သက္တမ္းရွည္ႀကီးတစ္ေလၽွာက္လုံး ဒီလိုမ်ိဳးပထမဆုံးၾကားဖူးတာပဲ၊ မင္းရဲ့သင္ၾကားျပသမွုကို ငါလက္သင့္ခံပါတယ္ေလ"


ရင္းခ်ဲယ္ : ''ေကာင္ေလးက သင္ရက်ိဳးနပ္သားပဲ"


က်န္႔ေယာင္ : ''ဒါေပမယ့္ လက္တြဲေဖာ္အတြက္ကေတာ့ ငါက ႏုညံ့၊ သိမ္ေမြ႕၊ နာခံ၊ ခ်စ္စရာေကာင္းၿပီး ကေလးေမြးေပးနိုင္တဲ့ omegaလွလွေလးပဲယူမွာ"


ရင္းခ်ဲယ္ ''......''


ဒီအေျဖာင့္ေကာင္ဟာ ကုရာနတၳိေဆးမရွိ


''မင္းယူခ်င္တဲ့သူသာယူ ငါ့ေသာက္လုပ္မဟုတ္ဘူး"


----------


The author has something to say ;


ေရွာင္က်န္သူ႔ကိုယ္သူ မ်က္လုံးထဲျမင္ခ်ိန္ : ေတာက္ပထက္ျမက္တယ္၊ ဆြဲေဆာင္မွုရွိတယ္၊ ေခ်ာတယ္၊ ယုံၾကည္ခ်က္လည္းအျပည့္


ေရွာင္က်န္ကို ရင္းခ်ဲယ္မ်က္လုံးထဲမွာ ျမင္ရခ်ိန္
'''ကမၻာေပၚမွာ ေကာရဲ့အလွဆုံးမ်က္ႏွာ'လည္း F*ckပဲ"


------------

Comment