Chapter - 44

ဆောင်းရာသီအားလပ်ရက်၏ ပထမဆုံးနေ့ :

ရင်းချဲယ်တစ်ယောက် မြို့တော်ဆေးရုံကိုသွားကာ ညနေပိုင်းတွင် ပြန်လာခဲ့သည်။ ဧည့်ခန်းထဲရောက်ရောက်ချင်းပဲ သူပြန်အလာကိုမျှော်နေတဲ့ ချောင်ဝမ်ယွင်က လှမ်းခေါ်ပြီးမေးသည်။ “ဘယ်လိုလဲ? ဒေါက်တာဖုန်းက‌ရော ဘာပြောလိုက်လဲ?”


ရင်းချဲယ်လည်း မာဖလာကိုချွတ်လိုက်ပြီး မျက်နှာတွင်တော့ အပြောင်းအလဲမရှိတဲ့ အမူအရာနဲ့
“အဆင်ပြေပါတယ်၊ မျှော်လင့်ချက်ရှိတယ်ပြောတယ်”


ထိုစကားကြားတော့ ချောင်ဝမ့်ယွင်က ဝမ်းသာပီတိဖြာသွားသည်။
“တကယ်လား? တော်သေးတာပေါ့ မျှော်လင့်ချက်ရှိတာကောင်းတာပဲ၊ အဖိုးအခကိစ္စ ထည့်ပြောစရာကိုမလိုဘူး ဒေါက်တာဖုန်းကို ဆက်ပြီးကုသပေးဖို့သာပြောလိုက်”


ရင်းဇယ်ကတော့ ဆိုဖာပေါ်ထိုင်ပြီး remote controlနဲ့ channelတစ်လိုင်းပြီးတစ်လိုင်းပြောင်းနေပြီး တစ်လိုင်းမှ သဘောမကျဖြစ်နေရာမှ :
“ကုသမှုကဖြင့်လုပ်လာတာ ကြာလှပြီကို ခုမှ မျှော်လင့်ချက်ရှိတယ်ပဲရှိသေးတယ်၊ ထိပ်တန်းအထူးကုတစ်ယောက်အဖြစ် သတ်မှတ်ခံရသေးတယ်ဆိုတာနဲ့ကို ဒေါက်တာဖုန်းကံကောင်းလှပြီ”


“ရှောင်ဇယ် ဘာတွေလျှောက်ပြောနေတာလဲ”
ချောင်ဝမ့်ယွင်က လှမ်းထိန်းသည်။


“မြင်နေရတဲ့အတိုင်းပြောပြတာပါ”


ရင်းချွမ့်ထိုင်က မျက်မှောင်ကုတ်ရင်း မေးသည်။
“သူဘာပြောလိုက်တာလဲ? ငါတို့ကိုမလိမ်နဲ့”


ချောင်ဝမ့်ယွင်က သူ့ကိုလှမ်းပုတ်ကာ အသာယာပြောသည်။
“ရှင်ကလည်း ဘာလို့တအားကြီးမဲနေတာလဲ?”


ရင်းချွမ်ထိုင် “ငါမဲနေတာမဟုတ်ဘူး၊ သူက ငါတို့ကိုလည်း လိုက်မလာခိုင်းဘူး၊ ဒေါက်တာဖုန်းကလည်း သူ့လူနာရဲ့ကိုယ်ရေးကိုယ်တာတွေကို ကာကွယ်ရမယ်ချည်းပြောတယ်၊ ဒါမယ့် သူပြောတာတွေကျတော့ရော ငါတို့မှာ သိခွင့်မရှိတော့ဘူးတဲ့လား? သူက တမင်သက်သက် ငါတို့ကိုစိတ်မပူအောင် လိမ်ပြောနေတာဆိုရင်ရော ဘယ့်နှယ်လုပ်မလဲ?”


ရင်းချွမ့်ထိုင်ဆိုသည်မှာ အရင်က အရမ်းကျော်ကြားတဲ့ရှေ့နေတစ်ယောက်။ အခုအချိန်မှာ သူကတာ၀န်ရပ်ဆိုင်းပြီး ရှေ့နေ firmရဲ့ဘော့စ်လုပ်နေပေမယ့်လည်း အရင်ကလို ထိုးထွင်းသိစိတ်ကကောင်းတုန်းမို့ ဒီတစ်ခေါက်ကိစ္စအားလုံးက အဆင်ချောလွန်းတယ်လို့တွေးမိနေတယ်။


ဆေးကုထုံးတွေရော စိတ်ပညာကုထုံးတွေနဲ့ပါ ဆယ်နှစ်နီးပါးလောက်စမ်းကြည့်လာခဲ့ပေမယ့် တိုးတက်မှုမရှိခဲ့ဘူးလေ။ သူတို့မှာ လက်လျှော့ပြီး သားဖြစ်သူကို ထပ်ပြီးပင်ပန်းနှိပ်စက်မှုတွေ မပေးတော့ပဲ တည်ငြိမ်အေးဆေးတဲ့ဘဝလေးမှာနေခိုင်းဖို့တောင်တွေးထားပြီးပြီ။ အဲ့အချိန်မှာမှ ဗြုန်းစားကြီး ဒေါက်တာဖုန်းက နိုင်ငံခြားက အလားတူဖြစ်ရပ်မှာ ကုသမှုအောင်မြင်သွားပြီး ထိုကုသမှုကို ကိုးကားသုံးမယ်လို့သတင်းရမယ်မှန်း ဘယ်သူကထင်ထားမှာတဲ့လဲ။ အဖေဖြစ်သူနဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်လေးမှာ ချက်ချင်း ထွန်းလင်းလာခဲ့တယ်။


ဒါပေမယ့် အခုသူစိတ်အေးသွားမှ သေချာပြန်စဥ်းစားကြည့်တော့ ကုသမှုဖြစ်စဥ်က ထင်မထားလောက်အောင် နာကျင်မယ်ဆိုရင်ရော? အန္တရာယ်များမယ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ?


ကလေးသူငယ်တွေမှာက ငယ်စဥ်ကတည်းက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဆိုတာရှိတယ်။ ရင်းချဲယ်ကိုယ်တိုင်က မပြောပြချင်ဘူးဆိုရင် ဒေါက်တာဖုန်းအနေနဲ့လည်း အကြောင်းစုံကိုပြောပြမှာမဟုတ်ဘူး။ သူတို့နှစ်ယောက်က မိဘတွေဆိုတာရော သူတို့နားလည်ကြရဲ့လားမသိဘူး။ သူတို့အနေနဲ့လည်း စိုးရိမ်တာပေါ့။


“ပါး မစိုးရိမ်ပါနဲ့၊ ကျွန်တော်ပါးတို့ကိုမလိမ်ပါဘူး တကယ်မျှော်လင့်ချက်ရှိတာပါ”
ရင်းချဲယ်လည်း ဆိုဖာပေါ်မှာ သူ့အဖေဘေးဝင်ထိုင်လိုက်သည်။
“ဒီနေ့က စိတ်ပညာကုထုံးပထမအဆင့်၊ လွယ်လွယ်လေးပြီးသွားတာ၊ ပါးတို့အကုန် အပြင်မှာထိုင်စောင့်နေရုံပဲမို့လို့ လိုက်လာစရာမလိုတာပါ”


ရင်းဇယ်ကမှတ်ချက်ပြုသည်။
“pheromone ချို့တဲ့မှုတင်မလား? ကုသမှုက အဆင့်တွေအများကြီးလိုတယ်ပေါ့? ငါလိုင်းပေါ်မှာ ကုသမှုခံယူတဲ့လူတွေအများကြီးတွေ့သားပဲ၊ အဲ့ဒီဒေါက်တာဖုန်းက တကယ်ရော တတ်ရဲ့လား? 


ချောင်ဝမ့်ယွင် : “ရှောင်ဇယ် မင်းကောကောရဲ့ ရောဂါက နည်းနည်းရှုပ်တယ်ကွဲ့၊ မင်းထင်သလောက်မရိုးရှင်းဘူး ဒေါက်တာဖုန်းလည်း အကောင်းဆုံးကြိုးစားနေတာပဲ”


ရင်းဇယ်က remote control ကိုပစ်ချလိုက်သည်။
“ဘာကိစ္စရှုပ်ထွေးရမှာလဲ? သူက betaလေ pheromoneက ဘာကိစ္စလိုရမှာတုန်း? ဒါကြီးကို ဘယ်လိုဖြစ်လို့ မဖြစ်မနေကုနေရတာတုန်း? ဘာလဲ ကျွန်တော်တို့ ရင်းအိမ်တော်မှာ နောက်ထပ်မျိုးဆက်မရှိတော့မှာ ပူလို့လား?”


ရင်းချွမ့်ထိုင်က စားပွဲကို ရိုက်ချလိုက်သည်၊ သူ့အမူအရာမှာလည်း ကြည့်ရဆိုးလျက်
“မင်းရဲ့ကောကို လေးလေးစားစားဆက်ဆံစမ်း”


ခုနကတော့ ရင်းဇယ်မှာ သဘောမကျရုံ ခံစားမိပေမယ့် ဒီစကားကြားချိန်မှာတော့ ထပေါက်ကွဲတော့သည်။
“ဘာကိစ္စ ကျွန်တော်က သူ့ကိုလေးစားရမှာလဲ? အဲ့အချိန်တုန်းကသာ ကျွန်တော့်ကိုသူတစ်ယောက်တည်းချန်မထားခဲ့ဘူးဆိုရင် ခုလိုဖြစ်နေပါ့မလား?”


“ပါးစပ်ပိတ်ထားစမ်း၊ မင်း--“


“ပါး”
သူ့အဖေရဲ့ အင်္ကျီစလေးကို ရင်းချဲယ်ဆွဲထားလိုက်သည်။
“ဘာမှမပြောပါနဲ့တော့၊ အားဇယ်က ကျွန်တော့်ကိုစိတ်ပူလို့ပြောတာပါ သူက ကျွန်တော်ခံစားနေရတာကိုမမြင်ချင်လို့’’


“ဘယ်သူက မင်းကိုစိုးရိမ်နေလို့လဲ? ကိုယ့်ကိုယ်ကိုအထင်ကြီးမနေနဲ့”
ရင်းဇယ်က ထရပ်ကာ ဆူပုတ်ကာနှင့် အပေါ်တက်သွားတော့သည်။


ထုံးစံအတိုင်း အဆုံးသတ်ပဲ


ချောင်ဝမ့်ယွင်က သက်ပြင်းလေးချကာ :
”ဒီကလေးကတော့ကွယ်၊ ဘယ်တော့များမှ ရင့်ကျက်မှာပါလိမ့်....”


မိ‌ဘတွေကတော့ သားသမီးတွေကို သိတတ်စေချင်ကြတယ်၊ သူတို့ပြောတဲ့အတိုင်းနေစေချင်ပြီး စိတ်မပူချင်ကြဘူး၊ ဒါပေမယ့် ကလန်ကဆန်နိုင်တဲ့ကလေးတွေကတော့ အဲ့ဒီဆန္ဒတွေကို အမြဲဆန့်ကျင်လျက်ပဲ။


“တော်သေးတာ‌ပေါ့ ရှောင်ချဲယ်က သိတတ်လို့၊ မားတို့ကိုအမြဲ စိတ်မပူစေရဘူး”


ရင်းချဲယ်ကတော့ မျက်လွှာလေးချကာ :
“အင်း”


နောက်တော့ ရင်းချွမ့်ထိုင်က အကြောင်းရာတစ်ချို့မေးပြီး သူကလည်းတစ်ခုပြီးတစ်ခုပြောပြခဲ့တယ်။ ကုသဖို့အတွက် တကယ်မျှော်လင့်ချက်ရှိကြောင်း ရင်းချွမ့်ထိုင်လက်ခံသွားမှ သူလည်းအနည်းငယ်သက်သာရာရသွားတော့သည်။


သူ့အဖေကိုရှင်းပြီးရင် ပြီးပြီလို့ တွေးထားပေမယ့် ထိုညနေမှာပဲ သူ့ကောင်လေးဆီက နောက်ထပ်စုံစမ်းစစ်ဆေးခြင်း ခံရပြန်တယ်။
“ဒီရောဂါက တကယ်ကုလို့ရလို့လား? တကယ်ကြီး မနာဘူးနော်? မင်းငါ့ကို လိမ်တော့ မပြောဘူးမလား?”


“မယုံရင်လည်း မပြောတော့ဘူး”
အိပ်ခန်းရဲ့ဝရန်တာဘက်ထွက်ရပ်ရင်း ခြံထဲမှာဥယျာဥ်မှူးက ဆီးပန်းပင်အကိုင်းလေးတွေလိုက်တိရင်း အနီရောင်မီးပုံးငယ်လေးတွေ လိုက်ချိတ်နေတာကို ရင်းချဲယ်ကြည့်နေမိသည်။


တရုတ်နှစ်သစ်ကူးက နှစ်ရက်အတွင်းမှာ။


...


“အကောင်းဘက်က တွေးမယ်ရင်တော့ ဒီနည်းအတိုင်းကုသလို့ရတယ်”


ဒေါက်တာဖုန်းက ဒီလိုပြောတော့ သူ့မျက်ခုံးကြုံ့မိတယ်။


‘’ဒါဖြင့် တခြားဘက်ကဆိုရင်ရော?”


“ပြောဖို့က ခက်တယ်၊ မင်းအခြေနေက ဒီကုသမှုဖြစ်စဥ်ထဲက တစ်ယောက်ထက် ပိုရှုပ်ထွေးတယ်”
‌ဒေါက်တာဖုန်းက ကုသမှုဖိုင်ကို ထုတ်လိုက်တယ်၊ မာဂျင်မျဥ်းထဲမှာက သူ့ noteတွေအပြည့်။ သူအသေချာစိစစ်‌လေ့လာထားကြောင်း သိသာတယ်။
“မင်းတို့နှစ်ယောက်လုံးမှာက pheromoneလမ်းကြောင်းက ပြင်ပလှုံ့ဆောင်မှုကြောင့် ပိတ်ဆို့သွားတာ သူကတော့ ကလေးတုန်းက ရေနစ်လို့ဖြစ်သွားတာနော်၊ ဒီတစ်ခေါက် ရေထပ်နစ်တော့ သူ့ရဲ့အသက်ရှင်လိုတဲ့ စိတ်ဆန္ဒက ကိုယ်ထဲက function တွေအားလုံးကို လှုံ့ဆော်ပေးလိုက်တာ၊ မတော်တဆနဲ့ လမ်းကြောင်းတွေ အကုန်ပြန်ပွင့်ကုန်တာ၊ အဲ့တော့ ရှင်းရှင်းပြောရရင် သူ့ဆန္ဒကပဲ သူ့ကိုကုသပေးလိုက်တာလို့ ပြောလို့ရတယ်၊ စိတ်ပိုင်းဆိုင်ရာအဲ့ဒီအချက်က အဓိကအချက်တစ်ခုပဲ၊ အဲ့တော့ ပြင်ပလှုံ့ဆော်မှုကို ထပ်လုပ်(ကြုံ)မှရမယ်၊ ဒါမယ့် မင်းတွေ့ကြုံခဲ့ရတဲ့ လှုံ့ဆော်မှုက...”


“ဒါဖြင့် စမ်းကြည့်ကြတာပေါ့”


“....မင်းသေချာရဲ့လား?”


“အွန်း”


“ကုသမှုလုပ်ငန်းစဥ်အတွင်း ဘာတွေကိုရင်ဆိုင်ရမလဲ‌ဆိုတာတော့ မင်းကောင်းကောင်းသိတယ်မလား?”


“ရတယ် ကျွန်တော်ခံနိုင်တယ်”


အဲ့ဒီလေလုံးက နည်းနည်းတော့ ပိုတယ်
ရင်းချဲယ် တွေးမိသည်။ အဆုံးမှာ သူ့ကိုယ်သူတောင် တကယ်ပြင်ဆင်ထားခဲ့ရဲ့လား သူမသိပေ၊ ဒါပေမယ့် တဇွတ်ထိုးလုပ်တတ်တဲ့သူ့ရဲ့ဗီဇကို အခွင့်ကောင်းယူပြီး အခုချိန်မှာသာ ရဲဆေးတင်စမ်းမကြည့်လိုက်ရင် နောက်နောင် ထပ်လုပ်ဖို့သတ္တိရှိတော့မှာမဟုတ်ဘူး။


ငါသာ ကုသမှုအောင်မြင်ခဲ့ရင် နောက်နှစ်ဒီအချိန်လောက်ဆို ကျန့်ယောင်နဲ့အတူ တရုတ်နှစ်သစ်ကူးဖို့ စောင့်နေလောက်ပြီ၊ မဟုတ်လို့ မအောင်မြင်ခဲ့ရင်လည်း....ဘာမှမှမတတ်နိုင်တော့ပဲ


ဘယ်လိုပဲဖြစ်ဖြစ်ပါ တစ်ရက်အချိန်ရရင် တစ်ရက်ပဲ ချစ်မယ်လို့ ပြောခဲ့တာပဲ


screenပေါ်မှာ ကျန့်ယောင်မျက်နှာက ယိမ်းထိုးနေပြီး သူတောင်ကြည့်ရင်းမူးချင်နေပြီ။


“အဲ့ဒါ ဘာလုပ်နေတာလဲ?”


“စာလုပ်မလို့လေ ခနစောင့်”
ဖုန်းထဲမှာ လှေကားပေါ်ပြေးတက်တဲ့ခြေသံတွေ ကြားရတယ်။ ခနကြာပြီးနောက်တော့ ဖုန်းကိုစားပွဲပေါ်မှာတစ်ခုခုနှင့် ထောက်တင်ထားလို့ဖြစ်မည်ထင် screenကငြိမ်သွားတယ်။


ကျန့်ယောင်က မှတ်စုစာအုပ်လေးတစ်အုပ်ယူပြီး စာရွက်ပေါ်မှာ ဘောပ‌င်လေးရွယ်ထားရင်း မေးသည်။
“မှတ်ထားစရာ ဆောင်ရန်ရှောင်ရန်တွေရောရှိလား?”


ရင်းချဲယ်ကတော့ သူ့နောက်က အင်္ဂလိပ်စာအုပ်တွေနဲ့ပြည့်နေတဲ့ စာအုပ်စင်ကိုကြည့်ရင်း တစ်ညနေတုန်းက သူနဲ့အတူအင်္ဂလိပ်စာလုံးတွေ စာပြန်ခဲ့တာကိုသွားသတိရမိသည်။ အတွေးထဲ နစ်မျောနေရင်း ပြောလိုက်သည်။
“ဘာကြီး?”


“ကုသမှုအတွက် ဆောင်ရန်ရှောင်ရန်”
ကျန့်ယောင်က ဘောပင်နဲ့စားပွဲကိုခေါက်ကာ သူ့ကိုအာရုံစိုက်ခိုင်းနေသည်။
“ဥပမာကွာ အိပ်ရေးများများအိပ်ရတာတို့ အစပ်ရှောင်တာတို့ ဆေးသောက်ရမှာတို့ တစ်နေ့ကိုဘယ်နှစ်ကြိမ်တို့?”


ရင်းချဲယ်လည်း သူ့မျက်နှာဆီ ပြန်အာရုံစိုက်ကြည့်လိုက်ပြီး
“ဘာဖြစ်လို့ အဲ့အကြောင်းတွေလာမေးနေရတာလဲ?”


“မင်းကိုစောင့်ကြည့်ပြီး ကူမှတ်ပေးမလို့လေ၊ ဒါကချစ်သူကောင်လေးတစ်ယောက်အနေနဲ့ လုပ်ပေးရမယ့်အရာပဲလေ အပန်းမကြီးဘူး” 


ညနေ‌ခင်းရဲ့ ‌လေပြည်ညှင်းဟာ သူ့မျက်နှာဆီတိုးဝှေ့ဖြတ်သန်းသွားလေရဲ့ ။ အေးသင့်တာမှန်ပေမယ့်လည်း အေးသလိုခံစားရမယ့်အစား နွေးသယောင်တောင် ခံစားလိုက်ရတယ်။


“ဘာမှမရှိဘူး ပုံမှန်အတိုင်းနေရုံလောက်ပဲ”
ရင်းချဲယ်တစ်ဖက်ကိုလှည့်လိုက်ကာ ဝရန်တာလက်ရန်းကို ကျောမှီလိုက်သည်။ အနောက်ကခြံထဲမှာချိတ်ထားတဲ့မီးပုံးလေးတစ်ခုကိုပေါ်အောင် ဖုန်းကို နည်းနည်းလေးမြှောက်ကိုင်လိုက်သည်။
”ကြည့်ကောင်းလား?”


“ကြည့်ကောင်း‌တယ်၊ ငါ့ကောင်လေးက ကြည့်ကောင်းတာပေါ့လို့ ကမ္ဘာပေါ်မှာ သူက ကြည့်အကောင်းဆုံးပဲ”


“....ငါက ခြံထဲကရှုခင်းကိုပြောနေတာ”


“ဘာခြံလဲ? ငါ့မျက်လုံးထဲမှာတော့ ငါ့ကောင်လေးပုံရိပ်တွေနဲ့ပဲ ပြည့်နေတာ”


“အပြောကတော့ ချောလိုက်တာ”
(T/n : အပြောချောတယ်ဆိုတာ ပါးစပ်ချောတယ် လျှာချောတယ်လို့လည်းအဓိပ္ပါယ်ရှိပါတယ်တဲ့)


“ငါ့ပါးစပ်နဲ့လျှာက ချောကြောင်းမင်းကဘယ်လိုလုပ်သိမှာလဲ? စမ်းတောင်မစမ်းဖူးပဲနဲ့”
ကျန့်ယောင်က လက်ချောင်းထိပ်ကိုလျှာနဲ့တို့ကာ သူ့ကိုတမင်သက်သက် စနေသည်။
‘‘တစ်ခါလောက် စမ်းကြည့်ချင်လား?”


ရင်းချဲယ်က ‘’ထွက်သွားစမ်း”လို့မပြောပဲ သူ့ကိုစိုက်ကြည့်နေရင်းမှ နှုတ်ခမ်းလေးတောင် မသိမသာဆူလာသေးတယ်။


သူဟာ စမ်းကြည့်ဖို့ဆန္ဒရှိနေဟန်


“......”


ကျန့်ယောင်မှာ ကိုယ့်ဒုက္ခကိုယ်ရှာမိသလိုခံစားမိတယ်။


ဒီကောင်စုတ်လေးက မြူဆွယ်လွန်းတယ်၊ သူ့အတွေးတွေဘယ်လောက်ရှင်းရှင်း ရမှာမဟုတ်တော့ဘူး


ဒါပေမယ့် သူ့မှာဆင်ခြင်တုံ့တရားလက်တစ်ဆုပ်စာလေးတော့ ရှိသေးတယ်။
“ငါ့ကိုလာစဖို့မကြိုးစားနဲ့နော် လက်ကိုင်တာလေးတောင် မင်းကအ‌ဆင်ပြေချင်တာမဟုတ်ဘူး၊ အဲ့လိုကိစ္စမျိုးတွေ မတွေးနဲ့ဦး၊ အချိန်ယူကြရ‌မယ်...”


“မင်းပဲအရင်စတာမဟုတ်ဘူးလား?”
ရင်းချဲယ်က မျက်ခုံးတစ်ဖက်ပင့်ကာ :
“ဘာလဲ မင်းက အဲ့လောက်ကို မလုပ်နိုင်ဘူးလား?”


ကျန့်ယောင် ဘောပင်ကိုချက်ချင်းပစ်ချလိုက်ပြီး မျက်နှာမှာခက်ထန်တဲ့အမူအရာနဲ့ :
“ငါက ဘယ်တုန်းကမလုပ်နိုင်လို့လဲ? ငါ့ကိုများရန်စရဲရတယ်လို့? မင်းလိပ်စာသာပေး မယုံရင် ခုချက်ချင်းအပြေးလာပြီး နမ်းပြမယ်”


ရင်းချဲယ်တော့ မျက်နှာတောင် နည်းနည်းပူလာသလိုပဲ၊ နောက်တော့ တစ်ဖက်လှည့်လိုက်ပြီး အခန်းကလာတဲ့အလင်းရောင်ကို ကျောပေးလိုက်ကာ :
“မင်းကတကယ်ကျွမ်းတယ်ပေါ့?”


ဒါသက်သက်စကားခေါ်တာပဲ။


ကျန့်ယောင် ခနငြိမ်သွားတယ်။ သူ့အတွက်က မျက်နှာပျက်(အရှက်ကွဲ)ခံမလား ဘဝပျက်ခံမလား နှစ်ခုထဲကတစ်ခုပဲ။


“မကျွမ်းဘူး”
သူ ဝန်ခံလိုက်သည်။
‘’အရင်က ငါဘယ်သူနဲ့မှ ကြာကြာမတွဲခဲ့ဖူးဘူး၊ အလွန်ဆုံးမှ လက်ကိုင်ဖူးရုံလောက်ပဲ”


ပြန်ပြောချိန်မှာ ရင်းချဲယ် အသံက တိမ်ဝင်သွားတယ်။
“အော် ငါက လက်တောင်မကိုင်ဖူးဘူး”


“.....”


ဒီစကားအသွားအလာက ဘယ်လိုဖြစ်လို့ တောင်းဆိုအကြုံပြုသလိုဖြစ်နေတာပါလိမ့်?


“ဒါဆို...ငါမင်းကို သင်ပေးလို့ရတယ်လေ”
ကျန့်ယောင်မှာ ရဲဆေးတင်ပြီး ပြောလိုက်သည်။
“လက်ကိုင်တာလောက်ကတော့ ငါတတ်နိုင်ပါတယ်...”


ရင်းချဲယ်နှုတ်ခမ်းဟာ အပြုံးရေးလေးတစ်ခုအသွင်ပြောင်းသွားတယ်။
“အင်း သင်ပေး”


ခြံထဲက အနီရောင်တောက်တောက် မီးပုံးလေးတွေအကုန်ချိတ်ဆွဲပြီးတာမို့ သူ့မျက်လုံးတွေဟာလည်း အနီရောင် ထင်ဟပ်နေတယ်၊ ယုန်ပေါက်လေးတစ်ကောင်ရဲ့ မျက်ဝန်းတွေလိုပဲ။


“ငါ့အတွက်ပထမဆုံးအကြိမ်ဖြစ်မှာမို့ မင်းက စိတ်ရှည်ပေးပါ”


“.....”


screenက မှောင်ကျသွားတယ်၊ ဒီတစ်ခေါက်တော့ တကယ်ကြီးချသွားတာ။


ရင်းချဲယ်ကတော့ လိုင်းမကောင်းလို့လို့ ထင်လိုက်တယ်။ ဒါနဲ့ သူမေးမယ်အလုပ်မှာပဲ မက်ဆေ့တချို့တက်လာတယ်။


[ဒါ မင်းတမင်သက်သက်လုပ်တာ]


[ငါအရှုံးပေးပါတယ် ဟုတ်ပြီလား ငါ့ကိုတော့ သက်ညှာပေးပါ]


[ရေအေးအေးလေးချိုးလိုက်ဦးမယ် နောက်မှ ထပ်ပြောမယ် ]


ထူးဆန်းလိုက်တာ သူဘာတွေပြောနေမှန်း ဘယ်သူသိမလဲ


ရင်းချဲယ်ပြန်ပို့လိုက်သည် : [မင်းမှာရောဂါရှိနေရင်လည်း ငါတို့တူတူကုကြတာပေါ့ ကိုယ့်ကိုယ်ကိုဖုံးကွယ်မထားပါနဲ့ ]
နောက် သူပို့လိုက်တဲ့မက်ဆေ့သူ ပြန်ဖတ်ကြည့်ပြီးနောက်တော့ အရမ်းကိုအံ့သြသွားမိတယ်။


ခါတိုင်းသူဖုံးကွယ်နေကျ ကိစ္စကို အခုတော့ဖြင့် နောက်ပြောင်တဲ့အနေနဲ့တောင် သုံးနေတယ်တဲ့လေ။


အတိတ်ကိုအတိတ်မှာချန်ထားခဲ့ပြီး ရှေ့ကိုတစ်လှမ်းတိုးဖို့ဆိုတာ သူထင်ထားသလောက်လည်း မခက်ခဲပါလား။


လူတစ်ယောက်က သူ့ကို လက်ကမ်းပြီးဆွဲထားပေးဖို့လောက်ပါပဲ၊ အဲ့လောက်ပါပဲ။


________


[Zawgyi]


ေဆာင္းရာသီအားလပ္ရက္၏ ပထမဆုံးေန႔ :


ရင္းခ်ဲယ္တစ္ေယာက္ ၿမိဳ႕ေတာ္ေဆး႐ုံကိုသြားကာ ညေနပိုင္းတြင္ ျပန္လာခဲ့သည္။ ဧည့္ခန္းထဲေရာက္ေရာက္ခ်င္းပဲ သူျပန္အလာကိုေမၽွာ္ေနတဲ့ ေခ်ာင္ဝမ္ယြင္က လွမ္းေခၚၿပီးေမးသည္။ “ဘယ္လိုလဲ? ေဒါက္တာဖုန္းက‌ေရာ ဘာေျပာလိုက္လဲ?”


ရင္းခ်ဲယ္လည္း မာဖလာကိုခၽြတ္လိုက္ၿပီး မ်က္ႏွာတြင္ေတာ့ အေျပာင္းအလဲမရွိတဲ့ အမူအရာနဲ႔
“အဆင္ေျပပါတယ္၊ ေမၽွာ္လင့္ခ်က္ရွိတယ္ေျပာတယ္”


ထိုစကားၾကားေတာ့ ေခ်ာင္ဝမ့္ယြင္က ဝမ္းသာပီတိျဖာသြားသည္။
“တကယ္လား? ေတာ္ေသးတာေပါ့ ေမၽွာ္လင့္ခ်က္ရွိတာေကာင္းတာပဲ၊ အဖိုးအခကိစၥ ထည့္ေျပာစရာကိုမလိုဘူး ေဒါက္တာဖုန္းကို ဆက္ၿပီးကုသေပးဖို႔သာေျပာလိုက္”


ရင္းဇယ္ကေတာ့ ဆိုဖာေပၚထိုင္ၿပီး remote controlနဲ႔ channelတစ္လိုင္းၿပီးတစ္လိုင္းေျပာင္းေနၿပီး တစ္လိုင္းမွ သေဘာမက်ျဖစ္ေနရာမွ :
“ကုသမွုကျဖင့္လုပ္လာတာ ၾကာလွၿပီကို ခုမွ ေမၽွာ္လင့္ခ်က္ရွိတယ္ပဲရွိေသးတယ္၊ ထိပ္တန္းအထူးကုတစ္ေယာက္အျဖစ္ သတ္မွတ္ခံရေသးတယ္ဆိုတာနဲ႔ကို ေဒါက္တာဖုန္းကံေကာင္းလွၿပီ”


“ေရွာင္ဇယ္ ဘာေတြေလၽွာက္ေျပာေနတာလဲ”
ေခ်ာင္ဝမ့္ယြင္က လွမ္းထိန္းသည္။


“ျမင္ေနရတဲ့အတိုင္းေျပာျပတာပါ”


ရင္းခၽြမ့္ထိုင္က မ်က္ေမွာင္ကုတ္ရင္း ေမးသည္။
“သူဘာေျပာလိုက္တာလဲ? ငါတို႔ကိုမလိမ္နဲ႔”


ေခ်ာင္ဝမ့္ယြင္က သူ႔ကိုလွမ္းပုတ္ကာ အသာယာေျပာသည္။
“ရွင္ကလည္း ဘာလို႔တအားႀကီးမဲေနတာလဲ?”


ရင္းခၽြမ္ထိုင္ “ငါမဲေနတာမဟုတ္ဘူး၊ သူက ငါတို႔ကိုလည္း လိုက္မလာခိုင္းဘူး၊ ေဒါက္တာဖုန္းကလည္း သူ႔လူနာရဲ့ကိုယ္ေရးကိုယ္တာေတြကို ကာကြယ္ရမယ္ခ်ည္းေျပာတယ္၊ ဒါမယ့္ သူေျပာတာေတြက်ေတာ့ေရာ ငါတို႔မွာ သိခြင့္မရွိေတာ့ဘူးတဲ့လား? သူက တမင္သက္သက္ ငါတို႔ကိုစိတ္မပူေအာင္ လိမ္ေျပာေနတာဆိုရင္ေရာ ဘယ့္ႏွယ္လုပ္မလဲ?”


ရင္းခၽြမ့္ထိုင္ဆိုသည္မွာ အရင္က အရမ္းေက်ာ္ၾကားတဲ့ေရွ႕ေနတစ္ေယာက္။ အခုအခ်ိန္မွာ သူကတာ၀န္ရပ္ဆိုင္းၿပီး ေရွ႕ေန firmရဲ့ေဘာ့စ္လုပ္ေနေပမယ့္လည္း အရင္ကလို ထိုးထြင္းသိစိတ္ကေကာင္းတုန္းမို႔ ဒီတစ္ေခါက္ကိစၥအားလုံးက အဆင္ေခ်ာလြန္းတယ္လို႔ေတြးမိေနတယ္။


ေဆးကုထုံးေတြေရာ စိတ္ပညာကုထုံးေတြနဲ႔ပါ ဆယ္ႏွစ္နီးပါးေလာက္စမ္းၾကည့္လာခဲ့ေပမယ့္ တိုးတက္မွုမရွိခဲ့ဘူးေလ။ သူတို႔မွာ လက္ေလၽွာ့ၿပီး သားျဖစ္သူကို ထပ္ၿပီးပင္ပန္းႏွိပ္စက္မွုေတြ မေပးေတာ့ပဲ တည္ၿငိမ္ေအးေဆးတဲ့ဘဝေလးမွာေနခိုင္းဖို႔ေတာင္ေတြးထားၿပီးၿပီ။ အဲ့အခ်ိန္မွာမွ ျဗဳန္းစားႀကီး ေဒါက္တာဖုန္းက နိုင္ငံျခားက အလားတူျဖစ္ရပ္မွာ ကုသမွုေအာင္ျမင္သြားၿပီး ထိုကုသမွုကို ကိုးကားသုံးမယ္လို႔သတင္းရမယ္မွန္း ဘယ္သူကထင္ထားမွာတဲ့လဲ။ အေဖျဖစ္သူနဲ႔ အေမျဖစ္သူရဲ့ ေမၽွာ္လင့္ခ်က္ေလးမွာ ခ်က္ခ်င္း ထြန္းလင္းလာခဲ့တယ္။


ဒါေပမယ့္ အခုသူစိတ္ေအးသြားမွ ေသခ်ာျပန္စဥ္းစားၾကည့္ေတာ့ ကုသမွုျဖစ္စဥ္က ထင္မထားေလာက္ေအာင္ နာက်င္မယ္ဆိုရင္ေရာ? အႏၲရာယ္မ်ားမယ္ဆိုရင္ေရာ ဘယ္လိုလုပ္မလဲ?


ကေလးသူငယ္ေတြမွာက ငယ္စဥ္ကတည္းက လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္မွုဆိုတာရွိတယ္။ ရင္းခ်ဲယ္ကိုယ္တိုင္က မေျပာျပခ်င္ဘူးဆိုရင္ ေဒါက္တာဖုန္းအေနနဲ႔လည္း အေၾကာင္းစုံကိုေျပာျပမွာမဟုတ္ဘူး။ သူတို႔ႏွစ္ေယာက္က မိဘေတြဆိုတာေရာ သူတို႔နားလည္ၾကရဲ့လားမသိဘူး။ သူတို႔အေနနဲ႔လည္း စိုးရိမ္တာေပါ့။


“ပါး မစိုးရိမ္ပါနဲ႔၊ ကၽြန္ေတာ္ပါးတို႔ကိုမလိမ္ပါဘူး တကယ္ေမၽွာ္လင့္ခ်က္ရွိတာပါ”
ရင္းခ်ဲယ္လည္း ဆိုဖာေပၚမွာ သူ႔အေဖေဘးဝင္ထိုင္လိုက္သည္။
“ဒီေန႔က စိတ္ပညာကုထုံးပထမအဆင့္၊ လြယ္လြယ္ေလးၿပီးသြားတာ၊ ပါးတို႔အကုန္ အျပင္မွာထိုင္ေစာင့္ေန႐ုံပဲမို႔လို႔ လိုက္လာစရာမလိုတာပါ”


ရင္းဇယ္ကမွတ္ခ်က္ျပဳသည္။
“pheromone ခ်ိဳ႕တဲ့မွုတင္မလား? ကုသမွုက အဆင့္ေတြအမ်ားႀကီးလိုတယ္ေပါ့? ငါလိုင္းေပၚမွာ ကုသမွုခံယူတဲ့လူေတြအမ်ားႀကီးေတြ႕သားပဲ၊ အဲ့ဒီေဒါက္တာဖုန္းက တကယ္ေရာ တတ္ရဲ့လား? 


ေခ်ာင္ဝမ့္ယြင္ : “ေရွာင္ဇယ္ မင္းေကာေကာရဲ့ ေရာဂါက နည္းနည္းရွုပ္တယ္ကြဲ႕၊ မင္းထင္သေလာက္မရိုးရွင္းဘူး ေဒါက္တာဖုန္းလည္း အေကာင္းဆုံးႀကိဳးစားေနတာပဲ”


ရင္းဇယ္က remote control ကိုပစ္ခ်လိုက္သည္။
“ဘာကိစၥရွုပ္ေထြးရမွာလဲ? သူက betaေလ pheromoneက ဘာကိစၥလိုရမွာတုန္း? ဒါႀကီးကို ဘယ္လိုျဖစ္လို႔ မျဖစ္မေနကုေနရတာတုန္း? ဘာလဲ ကၽြန္ေတာ္တို႔ ရင္းအိမ္ေတာ္မွာ ေနာက္ထပ္မ်ိဳးဆက္မရွိေတာ့မွာ ပူလို႔လား?”


ရင္းခၽြမ့္ထိုင္က စားပြဲကို ရိုက္ခ်လိုက္သည္၊ သူ႔အမူအရာမွာလည္း ၾကည့္ရဆိုးလ်က္
“မင္းရဲ့ေကာကို ေလးေလးစားစားဆက္ဆံစမ္း”


ခုနကေတာ့ ရင္းဇယ္မွာ သေဘာမက်႐ုံ ခံစားမိေပမယ့္ ဒီစကားၾကားခ်ိန္မွာေတာ့ ထေပါက္ကြဲေတာ့သည္။
“ဘာကိစၥ ကၽြန္ေတာ္က သူ႔ကိုေလးစားရမွာလဲ? အဲ့အခ်ိန္တုန္းကသာ ကၽြန္ေတာ့္ကိုသူတစ္ေယာက္တည္းခ်န္မထားခဲ့ဘူးဆိုရင္ ခုလိုျဖစ္ေနပါ့မလား?”


“ပါးစပ္ပိတ္ထားစမ္း၊ မင္း--“


“ပါး”
သူ႔အေဖရဲ့ အကၤ်ီစေလးကို ရင္းခ်ဲယ္ဆြဲထားလိုက္သည္။
“ဘာမွမေျပာပါနဲ႔ေတာ့၊ အားဇယ္က ကၽြန္ေတာ့္ကိုစိတ္ပူလို႔ေျပာတာပါ သူက ကၽြန္ေတာ္ခံစားေနရတာကိုမျမင္ခ်င္လို႔’’


“ဘယ္သူက မင္းကိုစိုးရိမ္ေနလို႔လဲ? ကိုယ့္ကိုယ္ကိုအထင္ႀကီးမေနနဲ႔”
ရင္းဇယ္က ထရပ္ကာ ဆူပုတ္ကာႏွင့္ အေပၚတက္သြားေတာ့သည္။


ထုံးစံအတိုင္း အဆုံးသတ္ပဲ


ေခ်ာင္ဝမ့္ယြင္က သက္ျပင္းေလးခ်ကာ :
”ဒီကေလးကေတာ့ကြယ္၊ ဘယ္ေတာ့မ်ားမွ ရင့္က်က္မွာပါလိမ့္....”


မိ‌ဘေတြကေတာ့ သားသမီးေတြကို သိတတ္ေစခ်င္ၾကတယ္၊ သူတို႔ေျပာတဲ့အတိုင္းေနေစခ်င္ၿပီး စိတ္မပူခ်င္ၾကဘူး၊ ဒါေပမယ့္ ကလန္ကဆန္နိုင္တဲ့ကေလးေတြကေတာ့ အဲ့ဒီဆႏၵေတြကို အျမဲဆန႔္က်င္လ်က္ပဲ။


“ေတာ္ေသးတာ‌ေပါ့ ေရွာင္ခ်ဲယ္က သိတတ္လို႔၊ မားတို႔ကိုအျမဲ စိတ္မပူေစရဘူး”


ရင္းခ်ဲယ္ကေတာ့ မ်က္လႊာေလးခ်ကာ :
“အင္း”


ေနာက္ေတာ့ ရင္းခၽြမ့္ထိုင္က အေၾကာင္းရာတစ္ခ်ိဳ႕ေမးၿပီး သူကလည္းတစ္ခုၿပီးတစ္ခုေျပာျပခဲ့တယ္။ ကုသဖို႔အတြက္ တကယ္ေမၽွာ္လင့္ခ်က္ရွိေၾကာင္း ရင္းခၽြမ့္ထိုင္လက္ခံသြားမွ သူလည္းအနည္းငယ္သက္သာရာရသြားေတာ့သည္။


သူ႔အေဖကိုရွင္းၿပီးရင္ ၿပီးၿပီလို႔ ေတြးထားေပမယ့္ ထိုညေနမွာပဲ သူ႔ေကာင္ေလးဆီက ေနာက္ထပ္စုံစမ္းစစ္ေဆးျခင္း ခံရျပန္တယ္။
“ဒီေရာဂါက တကယ္ကုလို႔ရလို႔လား? တကယ္ႀကီး မနာဘူးေနာ္? မင္းငါ့ကို လိမ္ေတာ့ မေျပာဘူးမလား?”


“မယုံရင္လည္း မေျပာေတာ့ဘူး”
အိပ္ခန္းရဲ့ဝရန္တာဘက္ထြက္ရပ္ရင္း ၿခံထဲမွာဥယ်ာဥ္မွူးက ဆီးပန္းပင္အကိုင္းေလးေတြလိုက္တိရင္း အနီေရာင္မီးပုံးငယ္ေလးေတြ လိုက္ခ်ိတ္ေနတာကို ရင္းခ်ဲယ္ၾကည့္ေနမိသည္။


တ႐ုတ္ႏွစ္သစ္ကူးက ႏွစ္ရက္အတြင္းမွာ။


...


“အေကာင္းဘက္က ေတြးမယ္ရင္ေတာ့ ဒီနည္းအတိုင္းကုသလို႔ရတယ္”


ေဒါက္တာဖုန္းက ဒီလိုေျပာေတာ့ သူ႔မ်က္ခုံးၾကဳံ႕မိတယ္။


‘’ဒါျဖင့္ တျခားဘက္ကဆိုရင္ေရာ?”


“ေျပာဖို႔က ခက္တယ္၊ မင္းအေျခေနက ဒီကုသမွုျဖစ္စဥ္ထဲက တစ္ေယာက္ထက္ ပိုရွုပ္ေထြးတယ္”
‌ေဒါက္တာဖုန္းက ကုသမွုဖိုင္ကို ထုတ္လိုက္တယ္၊ မာဂ်င္မ်ဥ္းထဲမွာက သူ႔ noteေတြအျပည့္။ သူအေသခ်ာစိစစ္‌ေလ့လာထားေၾကာင္း သိသာတယ္။
“မင္းတို႔ႏွစ္ေယာက္လုံးမွာက pheromoneလမ္းေၾကာင္းက ျပင္ပလွုံ႔ေဆာင္မွုေၾကာင့္ ပိတ္ဆို႔သြားတာ သူကေတာ့ ကေလးတုန္းက ေရနစ္လို႔ျဖစ္သြားတာေနာ္၊ ဒီတစ္ေခါက္ ေရထပ္နစ္ေတာ့ သူ႔ရဲ့အသက္ရွင္လိုတဲ့ စိတ္ဆႏၵက ကိုယ္ထဲက function ေတြအားလုံးကို လွုံ႔ေဆာ္ေပးလိုက္တာ၊ မေတာ္တဆနဲ႔ လမ္းေၾကာင္းေတြ အကုန္ျပန္ပြင့္ကုန္တာ၊ အဲ့ေတာ့ ရွင္းရွင္းေျပာရရင္ သူ႔ဆႏၵကပဲ သူ႔ကိုကုသေပးလိုက္တာလို႔ ေျပာလို႔ရတယ္၊ စိတ္ပိုင္းဆိုင္ရာအဲ့ဒီအခ်က္က အဓိကအခ်က္တစ္ခုပဲ၊ အဲ့ေတာ့ ျပင္ပလွုံ႔ေဆာ္မွုကို ထပ္လုပ္(ၾကဳံ)မွရမယ္၊ ဒါမယ့္ မင္းေတြ႕ၾကဳံခဲ့ရတဲ့ လွုံ႔ေဆာ္မွုက...”


“ဒါျဖင့္ စမ္းၾကည့္ၾကတာေပါ့”


“....မင္းေသခ်ာရဲ့လား?”


“အြန္း”


“ကုသမွုလုပ္ငန္းစဥ္အတြင္း ဘာေတြကိုရင္ဆိုင္ရမလဲ‌ဆိုတာေတာ့ မင္းေကာင္းေကာင္းသိတယ္မလား?”


“ရတယ္ ကၽြန္ေတာ္ခံနိုင္တယ္”


အဲ့ဒီေလလုံးက နည္းနည္းေတာ့ ပိုတယ္
ရင္းခ်ဲယ္ ေတြးမိသည္။ အဆုံးမွာ သူ႔ကိုယ္သူေတာင္ တကယ္ျပင္ဆင္ထားခဲ့ရဲ့လား သူမသိေပ၊ ဒါေပမယ့္ တဇြတ္ထိုးလုပ္တတ္တဲ့သူ႔ရဲ့ဗီဇကို အခြင့္ေကာင္းယူၿပီး အခုခ်ိန္မွာသာ ရဲေဆးတင္စမ္းမၾကည့္လိုက္ရင္ ေနာက္ေနာင္ ထပ္လုပ္ဖို႔သတၱိရွိေတာ့မွာမဟုတ္ဘူး။


ငါသာ ကုသမွုေအာင္ျမင္ခဲ့ရင္ ေနာက္ႏွစ္ဒီအခ်ိန္ေလာက္ဆို က်န႔္ေယာင္နဲ႔အတူ တ႐ုတ္ႏွစ္သစ္ကူးဖို႔ ေစာင့္ေနေလာက္ၿပီ၊ မဟုတ္လို႔ မေအာင္ျမင္ခဲ့ရင္လည္း....ဘာမွမွမတတ္နိုင္ေတာ့ပဲ


ဘယ္လိုပဲျဖစ္ျဖစ္ပါ တစ္ရက္အခ်ိန္ရရင္ တစ္ရက္ပဲ ခ်စ္မယ္လို႔ ေျပာခဲ့တာပဲ


screenေပၚမွာ က်န႔္ေယာင္မ်က္ႏွာက ယိမ္းထိုးေနၿပီး သူေတာင္ၾကည့္ရင္းမူးခ်င္ေနၿပီ။


“အဲ့ဒါ ဘာလုပ္ေနတာလဲ?”


“စာလုပ္မလို႔ေလ ခနေစာင့္”
ဖုန္းထဲမွာ ေလွကားေပၚေျပးတက္တဲ့ေျခသံေတြ ၾကားရတယ္။ ခနၾကာၿပီးေနာက္ေတာ့ ဖုန္းကိုစားပြဲေပၚမွာတစ္ခုခုႏွင့္ ေထာက္တင္ထားလို႔ျဖစ္မည္ထင္ screenကၿငိမ္သြားတယ္။


က်န႔္ေယာင္က မွတ္စုစာအုပ္ေလးတစ္အုပ္ယူၿပီး စာရြက္ေပၚမွာ ေဘာပ‌င္ေလးရြယ္ထားရင္း ေမးသည္။
“မွတ္ထားစရာ ေဆာင္ရန္ေရွာင္ရန္ေတြေရာရွိလား?”


ရင္းခ်ဲယ္ကေတာ့ သူ႔ေနာက္က အဂၤလိပ္စာအုပ္ေတြနဲ႔ျပည့္ေနတဲ့ စာအုပ္စင္ကိုၾကည့္ရင္း တစ္ညေနတုန္းက သူနဲ႔အတူအဂၤလိပ္စာလုံးေတြ စာျပန္ခဲ့တာကိုသြားသတိရမိသည္။ အေတြးထဲ နစ္ေမ်ာေနရင္း ေျပာလိုက္သည္။
“ဘာႀကီး?”


“ကုသမွုအတြက္ ေဆာင္ရန္ေရွာင္ရန္”
က်န႔္ေယာင္က ေဘာပင္နဲ႔စားပြဲကိုေခါက္ကာ သူ႔ကိုအာ႐ုံစိုက္ခိုင္းေနသည္။
“ဥပမာကြာ အိပ္ေရးမ်ားမ်ားအိပ္ရတာတို႔ အစပ္ေရွာင္တာတို႔ ေဆးေသာက္ရမွာတို႔ တစ္ေန႔ကိုဘယ္ႏွစ္ႀကိမ္တို႔?”


ရင္းခ်ဲယ္လည္း သူ႔မ်က္ႏွာဆီ ျပန္အာ႐ုံစိုက္ၾကည့္လိုက္ၿပီး
“ဘာျဖစ္လို႔ အဲ့အေၾကာင္းေတြလာေမးေနရတာလဲ?”


“မင္းကိုေစာင့္ၾကည့္ၿပီး ကူမွတ္ေပးမလို႔ေလ၊ ဒါကခ်စ္သူေကာင္ေလးတစ္ေယာက္အေနနဲ႔ လုပ္ေပးရမယ့္အရာပဲေလ အပန္းမႀကီးဘူး” 


ညေန‌ခင္းရဲ့ ‌ေလျပည္ညႇင္းဟာ သူ႔မ်က္ႏွာဆီတိုးေဝွ႕ျဖတ္သန္းသြားေလရဲ့ ။ ေအးသင့္တာမွန္ေပမယ့္လည္း ေအးသလိုခံစားရမယ့္အစား ေႏြးသေယာင္ေတာင္ ခံစားလိုက္ရတယ္။


“ဘာမွမရွိဘူး ပုံမွန္အတိုင္းေန႐ုံေလာက္ပဲ”
ရင္းခ်ဲယ္တစ္ဖက္ကိုလွည့္လိုက္ကာ ဝရန္တာလက္ရန္းကို ေက်ာမွီလိုက္သည္။ အေနာက္ကၿခံထဲမွာခ်ိတ္ထားတဲ့မီးပုံးေလးတစ္ခုကိုေပၚေအာင္ ဖုန္းကို နည္းနည္းေလးေျမႇာက္ကိုင္လိုက္သည္။
”ၾကည့္ေကာင္းလား?”


“ၾကည့္ေကာင္း‌တယ္၊ ငါ့ေကာင္ေလးက ၾကည့္ေကာင္းတာေပါ့လို႔ ကမၻာေပၚမွာ သူက ၾကည့္အေကာင္းဆုံးပဲ”


“....ငါက ၿခံထဲကရွုခင္းကိုေျပာေနတာ”


“ဘာၿခံလဲ? ငါ့မ်က္လုံးထဲမွာေတာ့ ငါ့ေကာင္ေလးပုံရိပ္ေတြနဲ႔ပဲ ျပည့္ေနတာ”


“အေျပာကေတာ့ ေခ်ာလိုက္တာ”
(T/n : အေျပာေခ်ာတယ္ဆိုတာ ပါးစပ္ေခ်ာတယ္ လၽွာေခ်ာတယ္လို႔လည္းအဓိပၸါယ္ရွိပါတယ္တဲ့)


“ငါ့ပါးစပ္နဲ႔လၽွာက ေခ်ာေၾကာင္းမင္းကဘယ္လိုလုပ္သိမွာလဲ? စမ္းေတာင္မစမ္းဖူးပဲနဲ႔”
က်န႔္ေယာင္က လက္ေခ်ာင္းထိပ္ကိုလၽွာနဲ႔တို႔ကာ သူ႔ကိုတမင္သက္သက္ စေနသည္။
‘‘တစ္ခါေလာက္ စမ္းၾကည့္ခ်င္လား?”


ရင္းခ်ဲယ္က ‘’ထြက္သြားစမ္း”လို႔မေျပာပဲ သူ႔ကိုစိုက္ၾကည့္ေနရင္းမွ ႏွုတ္ခမ္းေလးေတာင္ မသိမသာဆူလာေသးတယ္။


သူဟာ စမ္းၾကည့္ဖို႔ဆႏၵရွိေနဟန္


“......”


က်န႔္ေယာင္မွာ ကိုယ့္ဒုကၡကိုယ္ရွာမိသလိုခံစားမိတယ္။


ဒီေကာင္စုတ္ေလးက ျမဴဆြယ္လြန္းတယ္၊ သူ႔အေတြးေတြဘယ္ေလာက္ရွင္းရွင္း ရမွာမဟုတ္ေတာ့ဘူး


ဒါေပမယ့္ သူ႔မွာဆင္ျခင္တုံ႔တရားလက္တစ္ဆုပ္စာေလးေတာ့ ရွိေသးတယ္။
“ငါ့ကိုလာစဖို႔မႀကိဳးစားနဲ႔ေနာ္ လက္ကိုင္တာေလးေတာင္ မင္းကအ‌ဆင္ေျပခ်င္တာမဟုတ္ဘူး၊ အဲ့လိုကိစၥမ်ိဳးေတြ မေတြးနဲ႔ဦး၊ အခ်ိန္ယူၾကရ‌မယ္...”


“မင္းပဲအရင္စတာမဟုတ္ဘူးလား?”
ရင္းခ်ဲယ္က မ်က္ခုံးတစ္ဖက္ပင့္ကာ :
“ဘာလဲ မင္းက အဲ့ေလာက္ကို မလုပ္နိုင္ဘူးလား?”


က်န႔္ေယာင္ ေဘာပင္ကိုခ်က္ခ်င္းပစ္ခ်လိုက္ၿပီး မ်က္ႏွာမွာခက္ထန္တဲ့အမူအရာနဲ႔ :
“ငါက ဘယ္တုန္းကမလုပ္နိုင္လို႔လဲ? ငါ့ကိုမ်ားရန္စရဲရတယ္လို႔? မင္းလိပ္စာသာေပး မယုံရင္ ခုခ်က္ခ်င္းအေျပးလာၿပီး နမ္းျပမယ္”


ရင္းခ်ဲယ္ေတာ့ မ်က္ႏွာေတာင္ နည္းနည္းပူလာသလိုပဲ၊ ေနာက္ေတာ့ တစ္ဖက္လွည့္လိုက္ၿပီး အခန္းကလာတဲ့အလင္းေရာင္ကို ေက်ာေပးလိုက္ကာ :
“မင္းကတကယ္ကၽြမ္းတယ္ေပါ့?”


ဒါသက္သက္စကားေခၚတာပဲ။


က်န႔္ေယာင္ ခနၿငိမ္သြားတယ္။ သူ႔အတြက္က မ်က္ႏွာပ်က္(အရွက္ကြဲ)ခံမလား ဘဝပ်က္ခံမလား ႏွစ္ခုထဲကတစ္ခုပဲ။


“မကၽြမ္းဘူး”
သူ ဝန္ခံလိုက္သည္။
‘’အရင္က ငါဘယ္သူနဲ႔မွ ၾကာၾကာမတြဲခဲ့ဖူးဘူး၊ အလြန္ဆုံးမွ လက္ကိုင္ဖူး႐ုံေလာက္ပဲ”


ျပန္ေျပာခ်ိန္မွာ ရင္းခ်ဲယ္ အသံက တိမ္ဝင္သြားတယ္။
“ေအာ္ ငါက လက္ေတာင္မကိုင္ဖူးဘူး”


“.....”


ဒီစကားအသြားအလာက ဘယ္လိုျဖစ္လို႔ ေတာင္းဆိုအၾကဳံျပဳသလိုျဖစ္ေနတာပါလိမ့္?


“ဒါဆို...ငါမင္းကို သင္ေပးလို႔ရတယ္ေလ”
က်န႔္ေယာင္မွာ ရဲေဆးတင္ၿပီး ေျပာလိုက္သည္။
“လက္ကိုင္တာေလာက္ကေတာ့ ငါတတ္နိုင္ပါတယ္...”


ရင္းခ်ဲယ္ႏွုတ္ခမ္းဟာ အျပဳံးေရးေလးတစ္ခုအသြင္ေျပာင္းသြားတယ္။
“အင္း သင္ေပး”


ၿခံထဲက အနီေရာင္ေတာက္ေတာက္ မီးပုံးေလးေတြအကုန္ခ်ိတ္ဆြဲၿပီးတာမို႔ သူ႔မ်က္လုံးေတြဟာလည္း အနီေရာင္ ထင္ဟပ္ေနတယ္၊ ယုန္ေပါက္ေလးတစ္ေကာင္ရဲ့ မ်က္ဝန္းေတြလိုပဲ။


“ငါ့အတြက္ပထမဆုံးအႀကိမ္ျဖစ္မွာမို႔ မင္းက စိတ္ရွည္ေပးပါ”


“.....”


screenက ေမွာင္က်သြားတယ္၊ ဒီတစ္ေခါက္ေတာ့ တကယ္ႀကီးခ်သြားတာ။


ရင္းခ်ဲယ္ကေတာ့ လိုင္းမေကာင္းလို႔လို႔ ထင္လိုက္တယ္။ ဒါနဲ႔ သူေမးမယ္အလုပ္မွာပဲ မက္ေဆ့တခ်ိဳ႕တက္လာတယ္။


[ဒါ မင္းတမင္သက္သက္လုပ္တာ]


[ငါအရွုံးေပးပါတယ္ ဟုတ္ၿပီလား ငါ့ကိုေတာ့ သက္ညႇာေပးပါ]


[ေရေအးေအးေလးခ်ိဳးလိုက္ဦးမယ္ ေနာက္မွ ထပ္ေျပာမယ္ ]


ထူးဆန္းလိုက္တာ သူဘာေတြေျပာေနမွန္း ဘယ္သူသိမလဲ


ရင္းခ်ဲယ္ျပန္ပို႔လိုက္သည္ : [မင္းမွာေရာဂါရွိေနရင္လည္း ငါတို႔တူတူကုၾကတာေပါ့ ကိုယ့္ကိုယ္ကိုဖုံးကြယ္မထားပါနဲ႔ ]
ေနာက္ သူပို႔လိုက္တဲ့မက္ေဆ့သူ ျပန္ဖတ္ၾကည့္ၿပီးေနာက္ေတာ့ အရမ္းကိုအံ့ၾသသြားမိတယ္။


ခါတိုင္းသူဖုံးကြယ္ေနက် ကိစၥကို အခုေတာ့ျဖင့္ ေနာက္ေျပာင္တဲ့အေနနဲ႔ေတာင္ သုံးေနတယ္တဲ့ေလ။


အတိတ္ကိုအတိတ္မွာခ်န္ထားခဲ့ၿပီး ေရွ႕ကိုတစ္လွမ္းတိုးဖို႔ဆိုတာ သူထင္ထားသေလာက္လည္း မခက္ခဲပါလား။


လူတစ္ေယာက္က သူ႔ကို လက္ကမ္းၿပီးဆြဲထားေပးဖို႔ေလာက္ပါပဲ၊ အဲ့ေလာက္ပါပဲ။

Comment