Chapter - 50

ကျန့်ယောင်တို့ ဝမ်းသာပီတိဂွမ်းဆီထိနေခိုက်မှာပဲ နားဘေးကနေ ထင်မထားရတဲ့ အေးစက်စက်အသံတစ်ချက်ထွက်လာသည်။
"ထွက်--သွား--လိုက်"


"......"


ချက်ချင်းပဲ သူ့လက်ကိုပြန်ရုတ်ကာ တည့်တည့်မတ်မတ်ထိုင်ရင်း ရုပ်သေတစ်ခုလိုလုပ်နေလိုက်သည်။


.....တော်သေးတာပေါ့၊ လိုက်ကာပိတ်လိုက်လို့၊ မဟုတ်ရင် အရှက်တွေကွဲတော့မှာ


..


ဒီနေ့ tripအတွက် ဦးတည်ရာနေရာကတော့ မြို့အစွန်အဖျားက ကစားကွင်းတစ်ခုကိုဖြစ်ကာ နှစ်နာရီလောက်တော့ မောင်းရမှာဖြစ်သည်။


ရင်းချဲယ်‌တော့ ကားပေါ်တစ်နာရီလောက် အိပ်ခဲ့တယ်။ ကားက အရမ်းကြီးမခုန်ပဲ ကားသမားက ခရီးသွားအေဂျင်စီတစ်ခုကဖြစ်တာကြောင့် ကားမောင်းအရမ်းတော်တယ်။


ဒါတောင် သူကောင်းကောင်းကြီး အိပ်ပျော်တာမဟုတ်။


သူ့စိတ်ထဲမှာ အရင်အပတ်က ဒေါက်တာဖုန်းပြောလိုက်တာတွေကိုသာ ပြန်လည်တွေးဆမိနေတယ်။
"ကုသမှုအတွက် စိတ်ပညာကုထုံးအပိုင်းကတော့ ပြီးသလောက်နီးပါးရှိပြီ၊ နောက်အပတ်ကျရင် လှုံ့ဆော်မှုကုထုံးကိုစကြမယ် မင်းအသေချာပြင်ဆင်ထားပြီးပလား?"တဲ့။


ငါအသေချာပြင်ဆင်ထားပြီးပလား? သူကိုယ်တိုင်လည်း မသေချာပေ။


ပြင်ဆင်ထားပြီးပုံမရဘူး


..


အရှေ့ကနေ တော်ဖီထုတ်လေးတစ်ထုပ်ကို အနောက်တန်းဆီ လက်ဆင့်ကမ်းလာပြီး သူတို့နားရောက်ချိန်တွင်တော့ အနည်းငယ်သာ ကျန်တော့တယ်။ ကျိုးဟောက်လျန်က အနောက်တန်းဆီလှမ်းပေးရင်း :
"ချဲယ်ကော စားဦးမလား?"


ရင်းချဲယ် မစားတော့ဘူးပြောမယ်ပြင်နေတုန်းပဲ ကျန့်ယောင်က ယူပြီးသွားနေပြီ။
"ဟေ့ ဒါငါဝယ်ခဲ့တဲ့ဟာ မဟုတ်ဘူးလား?"


ကျိုးဟောက်လျန် : "မသိဘူးလေ အတန်းမော်နီတာက ဝေပေးတာပဲ''


"အော် သိပြီ ထားလိုက်တော့"


ကျန့်ယောင်က အခွံကိုဖြဲဖွင့်လိုက်ပြီး ပါးစပ်ထဲကိုပစ်ထည့်လိုက်သည်။ နို့အရသာ အရမ်းများတယ်။ နောက် သူနောက်တစ်ခုကိုဖွင့်လိုက်ပြီး ရင်းချဲယ်ပါးစပ်နား တေ့ပေးလိုက်သည်။


ရင်းချဲယ်ကတော့ ခေါင်းကိုတစ်ဖက်လှည့်ကာ : "ငါမစားချင်ဘူး..."


ကျန့်ယောင်က လက်ချောင်းတွေကို ရှေ့တိုးပြီး ချိုချဥ်လေးကို သူ့ပါးစပ်ထဲတွန်းထည့်သည်။


သူ့နှုတ်ခမ်းကိုထိသွားတဲ့ ထိုလက်ချောင်းတွေ၊ မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ ရောက်လာပြီးပျံ့နှံ့သွားတဲ့ အနွေးဓာတ်။


ရင်းချဲယ်မှာ ထိတ်လန့်တကြားနဲ့ အေးခဲနေမိသည်။


တော်ဖီလေးက သူ့ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး နို့အရသာလေးက ပျံ့နှံ့နေရာယူသွားသည်။


ကျန့်ယောင် သူ့ကို နွားနို့တိုက်တုန်းက တစ်ရှူးနဲ့သုတ်ပေးတာကို ပြန်တွေးမိတယ်...ခုတော့ တိုက်ရိုက်ကြီးထိလိုက်တာပဲ။


ကျန့်ယောင်က လက်ကိုပြန်ရုတ်ပြီး သူ့နှုတ်ခမ်းကိုထိထားတဲ့လက်ချောင်းနဲ့တင် သူ့နှုတ်ခမ်းသူပြန်ထိတယ်။ မျက်နှာမှာလည်း မရိုးမသားအပြုံးခပ်ရေးရေးနဲ့ သူ့ကိုကြည့်နေသေးတယ်။


....ဒီ alphaရဲ့ ဝံပုလွေလိုအတွေးရိုင်းတွေက ဘူးပေါ်သလိုပေါ်လာတော့တာပဲ


ရင်းချဲယ် ပြတင်းပေါက်ဘက်ကို ကျောမှီပြီး သူ့ကိုသတိကြီးကြီး ကြည့်လိုက်တယ်၊ ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ဆီက အခြိမ်းခြောက်ခံထားရတဲ့ တိရိစ္ဆာန်လေးတစ်ကောင်က သူ့ကိုယ်သူ အတတ်နိုင်ဆုံးကြိုးစားပြီး တည်ငြိမ်ဟန်ဆောင်နေတာနဲ့တူတယ်။


ကျန့်ယောင်ကိုယ်တိုင်လည်း သူ့အတွေးတွေဟာ အရမ်းပေါ်လွင်လွန်းသွားတယ်ထင်တာမို့ :
"တောင်းပန်ပါတယ် မင်းခွင့်ပြုချက်မရပဲ....''


"ဒါနဲ့ဆို ဘယ်နှစ်ခါရှိနေပြီလဲ?"


အိပ်ယာထဲခိုးဝင်တယ်၊ နားကိုဆိတ်တယ်၊ သူ့နှုတ်ခမ်းတွေကိုထိတယ်.... ကျန့်ယောင်က နောက်ပိုင်း ပိုပိုပြီး ရဲတင်းထိပါးလာတာပဲ။


"မင်းစောင့်ဖို့ စိတ်မရှည်ဘူးဆိုရင်"
ရင်းချဲယ်မှာ အသက်ရှူသံတောင် ငြိမ်အောင်မထိန်းနိုင်တော့ပေ။
"တခြားတစ်ယောက်ကိုသာသွားရှာလိုက် ဟုတ်ပြီလား?"


ကျန့်ယောင် အံ့သြသွားသည်။
"'တခြားတစ်ယောက်ကိုသွားရှာလိုက်' မင်းဘာကိုဆိုလိုချင်တာလဲ?"


"မင်းစိတ်တိုင်းကျ ထိလို့ရမယ့် တခြားတစ်ယောက်ယောက်ကိုသွားရှာလိုက်"


Pheromone တွေရှိတဲ့ သူ၊ ကလေးတွေကို သဘောကျတဲ့သူ၊ မင်းရဲ့အလိုဆန္ဒတွေကို ဖြေသိမ့်ပေးနိုင်တဲ့သူကိုသွားရှာလိုက်


ငါကိုတော့ မဟုတ်ဘူး


သူ့ကိုယ်သူ တကယ်ပဲ မပြင်ဆင်ထားရသေးမှန်း ရုတ်တရက် ရင်းချဲယ် သတိထားမိသွားသည်၊ စိတ်ပညာကုထုံးကလည်း နည်းနည်းမှ အကျိုးသက်ရောက်ပုံမပေါ်၊ သူ့စိတ်တွေမှာ သတ္တိကြောင်ဖို့နဲ့ ထွက်ပြေးဖို့အတွေး‌တွေနဲ့သာပြည့်နေသည်။


ဘာပဲဖြစ်ဖြစ် ကုသမှုကလည်းအလုပ်ဖြစ်မှာမှ မဟုတ်တာ၊ ကျန့်ယောင်ကလည်း စောင့်ဖို့စိတ်ရှည်ချင်မှရှည်တော့မှာ၊ အဲ့တော့ ဘာလို့ ကုဖို့ကြိုးစားနေဦးမှာလဲ?


"ဘာပြောတယ်?"
ကျန့်ယောင်က မျက်မှောင်ကြုတ်ကာ :
"ခုလိုမျိုးကို သဘောမကျဘူးဆို ငါတောင်းပန်တယ်၊ ငါတောင်းပန်ပါတယ်၊ မင်းကြိုက်သလောက် ငါ့ကို ဆူလို့ငေါက်လို့ရတယ်၊ ဒါပေမယ့် ခုလိုမျိုး ပြောလိုက်တာကြီးက၊ မင်းကို အပျော်ကစားနေတယ်လို့ထင်နေတာလား?"


ရင်းချဲယ် အတွေးစဥ်တွေမှာ ခါထုတ်မရတဲ့ မှတ်ဉာဏ်တွေနဲ့ ရှုပ်ထွေးနေပြီး ရင်ထဲမှာလည်း ရှုပ်ထွေးညစ်ညူးနေတာနဲ့ :
"ငါ့ကိုစကားလာမပြောနဲ့"


ကျန့်ယောင် ပါးစပ်ဟလိုက်တယ်၊ အဆုံးမယ်တော့ ပြောမလို့လုပ်မယ့်ဟာတွေ အကုန်ပြန်မျိုချလိုက်ပြီး :
"....ကောင်းပြီ"


သူ မတ်တပ်ထရပ်ပြီး တစ်ခြားတစ်ဖက်က နေရာလွတ်မှာ သွားထိုင်နေလိုက်တော့သည်။


ဟန်မုန့်ကတော့ နောက်ဆုံးကျန်တဲ့တော်ဖီကိုစားနေရာမှ :
"လောင်ကျန့် ဘာလုပ်တာလဲ? ထိုင်ခုံဖော်လေးနား ထပ်မကပ်တော့ဘူးပေါ့လေ?"


ကျန့်ယောင်က‌တော့ ပြတင်းပေါက်အပြင်ဘက်ကိုသာလှမ်းကြည့်နေရင်း ပြန်မဖြေပေ။


..


တော်ဖီတွေကုန်ချိန်မှာပဲ ကားကလည်း သတ်မှတ်နေရာကိုရောက်တယ်။


"အားလုံး၊ မှာထားတဲ့အတိုင်းပဲ ကားပေါ်ကဆင်းကြမယ်၊ အောက်ရောက်တာနဲ့တန်းစီထား လျှောက်မသွားကြနဲ့နော်''
ဝူကောကျုံက ကားတံခါးကနေ လှမ်းအော်သည်။


ကျောင်းသားတွေလည်း ကိုယ့်ပစ္စည်းကိုယ်ယူကာ တစ်ယောက်ပြီး တစ်ယောက်ဆင်းလာခဲ့ကြသည်။ နောက် ကားရဲ့ဘေးမှာ အတန်းနှစ်တန်းစီထားလိုက်သည်။


ခရီးသွားအေဂျင်စီက အတန်းတစ်တန်းချင်းစီအတွက် tour guideတစ်ယောက်စီလည်း စီစဥ်ပေးထားသည်။ Class 1 အတွက် guideဖြစ်သူမှာ ဝမ်အမည်နှင့်လူဖြစ်၏။ အသားမည်းမည်းနှင့် ထိုလူက အလံနီလေးကို ရမ်း‌ပြနေရင်း လော်စပီကာနှင့်အော်ပြောသည်။
"ဟဲလို ကျောင်းသားတို့ရေ မင်းတို့ကို လက်မှတ်တွေအရင်စဝေမယ်နော်၊ အထဲက activityတွေအတွက် လက်မှတ်တွေ သုံးရမှာ၊ အထဲမှာကျရင် လူစုခွဲရလိမ့်မယ်၊ ခြောက်ယောက်တစ်ဖွဲ့ ခုနစ်ယောက်တစ်ဖွဲ့ အဖွဲ့လိုက်တွေအတွက် ဂိမ်းတွေလည်းရှိတယ်၊ တစ်ခုခုမေးစရာရှိရင် ငါ့ကိုခေါ်လိုက်၊ ဖုန်းနံပါတ်က...."


ချန်ရင်းရင်းက ရန်းရီလဲ့ကိုဆွဲကာ :
"အဖွဲ့ဖွဲ့ရအောင်"


ရန်းရီလဲ့ : "အင်း ကောင်းတယ်..."


ဟန်မုန့်နဲ့ ကျန်းခဲ့ကလည်း သူတို့အဖွဲ့ဆီဝင်လာတယ်၊ ဒါပေမယ့် လူနှစ်ယောက်လိုနေသေးတာမို့ ချန်ရင်းရင်းလှည့်ပတ်ကြည့်လိုက်ပြီး :
"ကျန့်ယောင် ချဲယ်ကော! ငါတို့အဖွဲ့ထဲဝင်မလား?"


ဟန်မုန့်မှာ အပြေးအလွှား သူမကိုတားရသည်။
"မလုပ်နဲ့ မလုပ်နဲ့ သူတို့ကရန်ဖြစ်ထားတာ၊ မိုင်းနယ်မြေကို မနင်းကြရအောင်လားဟာ....."


သို့ပေမယ့်လည်း သူပြောတာ အရမ်းကို နောက်ကျသွားပြီ၊ ကျန့်ယောင်က ကြားသွားလို့ သူတို့နားရောက်လာသည်။
"ဒါပေါ့"


ရင်းချဲယ်ကတော့ ထိုနေရာမှာပဲ ရပ်မြဲရပ်နေသည်။


တခြားအဖွဲ့တွေကလည်း သူ့ကိုလှမ်းခေါ်တယ် ဒါပေမယ့် သူကတော့ ခေါင်းချည်းရမ်းလို့ ငြင်းနေတယ်။ ချန်ရင်းရင်းကတော့ သူမ အဖွဲ့ကိုဝင်ချင်လိမ့်မယ်လို့ ထင်မိလိုက်ပေမယ့် အဲ့လိုလည်း မဟုတ်ပြန်။ မိုင်းနယ်မြေကို နင်းရနင်းရ သူမ အရဲစွန့်လို့ နောက်တစ်ကြိမ်ခေါ်လိုက်သည်။
"ချဲယ်ကော လာပါ"


ရင်းချဲယ်က ကျန့်ယောင်ရဲ့ ကျောကိုတစ်ချက်ကြည့်သည်၊ နောက်မှ သူတို့ကြားထဲကို ဖြည်းဖြည်းချင်းလျှောက်လာသည်။


နှစ်‌ယောက်သားက ဘေးချင်းကပ်ရပ်ရပ်နေကြပြီး မျက်နှာတွေကလည်း သုန်မှုန်နေတဲ့ အမူအရာတွေနဲ့၊ တစ်ယောက်ကိုတစ်ယောက်လည်း အရေးမလုပ်ကြ။


"......"


"......"


လေထုက လုံးဝကို အနေရခက်သွားတယ်။


..


ကစားကွင်းထဲသို့ဝင်ရောက်ပြီးချိန်မှာတော့ ဆရာတွေနဲ့ tour guideတွေရဲ့ အခန်းဂဏ္ဌမှာသိပ်ပြီး အရေးမပါတော့။ သတိပေးစရာတချို့ပြောပြီးနောက် ကလေးတွေကိုသွားချင်တဲ့နေရာ ပေးသွားလိုက်တော့တယ်။
"သုံးနာရီပြန်စုမယ်နော်! တစ်ခုခုလိုတာရှိရင် ကိုယ့်အတန်းရဲ့ guideကိုရှာကြ!"


ကစားကွင်းထဲတွင်တော့ First Highကျောင်းသားတွေသာမက touristတွေနှင့် အခြားကျောင်းမှ ကျောင်းသားများလည်း တွေ့ရသည်။ အားလပ်ရက်တွေဆိုလျှင် လူကလည်း မနည်းတာမို့ နာမည်ကြီးစီးစရာများအတွက်ဆို တန်းစီဖို့လိုအပ်လေသည်။


တာဝန်သိ ဇွဲရှိ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ချန်ရင်းရင်းက မလာခင်ကပဲ online guideတစ်ခုဖတ်ပြီး အစီစဥ်ဆွဲထားပြီးမို့ အရင်ဆုံးအနေနဲ့ ပင်လယ်ဓားပြစီးဖို့ ဆုံးဖြတ်လိုက်ကြသည်။


"မစီးချင်တဲ့လူရှိလား? ဟိုနားက တိုက်ကားကလည်းတန်းစီးစရာမလိုတော့ သွားဆော့လို့ရတယ်နော်"


ဟန်မုန့် : "အေ့ ဟာသပဲ အထက်တန်း‌မှာဘယ်သူကများ တိုက်ကားစီးဦးမှာလဲ? ဒါက ပင်လယ်ဓားပြပဲမလား ကြည့်လိုက် အဲ့လောက်မမြင့်ဘူး အားလုံးက အဲ့ဒါပဲ စီးမှာပေါ့ ဟုတ်တယ်မလား?"


ရင်းချဲယ် : "ငါမစီးဘူး"


ကျန်းခဲ့က တအံ့တသြနှင့် :
"ချဲယ်ကော မစီးဘူးလား? အိုး...ငါသိပြီ ပင်လယ်ဓားပြက သိပ်ပြီးရင်ခုန်စရာမကောင်းလို့မလား? ခနနေကြ bungee jump သွားစီးကြမလား?"


ရင်းချဲယ်က ဘာမှပြန်ရှင်းပြမနေပဲ :
"ငါ အိတ်တွေစောင့်ကြည့်‌ထားပေးမယ်"


အနီးနားကို လှည့်ပတ်ကြည့်လိုက်တော့ ခုံတန်းလေးတစ်ခုကိုတွေ့လိုက်ရသည်။ သူတို့အားလုံး ကျောပိုးအိတ်တွေကို ချွတ်လိုက်ပြီး ရင်းချဲယ်ဘေးမှာ တင်ခဲ့လိုက်ကြသည်။


ချန်ရင်းရင်း : "ကျန့်ယောင် နင်မထားဘူးလား?"


"ငါ့ဟာငါလွယ်ထားလိုက်တော့မယ်"
ကျန့်ယောင်က ဝင်ပေါက်နားလျှောက်သွားပြီး :
"ငါအရင်တန်းစီထားလိုက်မယ် မြန်မြန်လုပ်ကြ"


အားလုံး အပြန်အလှန်မျက်စပစ်လိုက်ကြတယ်။


ဒီနှစ်ယောက်က စကားများထားရင် တကယ်ကိုမတည့်လွယ်ဘူးပဲ....


...


ပင်လယ်ဓားပြဟာ လူသိများတဲ့ဆွဲဆောင်မှုတစ်ရပ်ဖြစ်တာကြောင့် တန်းစီနေတဲ့သူတွေမှာ အများကြီး၊ ၁၅မိနစ်စာလောက်တော့ စောင့်ရကောင်းရဲ့။ လက်ရှိလှုပ်ရမ်းနေတဲ့လှေပေါ်က လူတွေကတော့ မရပ်မနားဆူညံအော်သံတွေထုတ်လွှတ်နေကြတယ်။


ရင်းချဲယ် ထိုင်ချလိုက်ပြီး အေးအေးဆေးဆေးလေး ရေသောက်နေလိုက်တယ်။


သူ့ဘေးက ကျောပိုးအိတ်တွေမှာတော့ မုန့်တွေထိုးသိပ်ထည့်ထားကြတာမို့ ဖောင်း‌ကားနေရော။ သူ့အိတ်လေးတစ်ခုပဲ မပါသလောက်ကိုဖြစ်နေတယ်။ မလာခင်တုန်းက ကျန့်ယောင်က အားလုံးကို သူ့လွယ်အိတ်ထဲချည်း သိမ်းကျုံးထည့်သွားပြီး သူ့အတွက်တော့ ရေတစ်ဘူးပဲချန်ထားပေးခဲ့တယ်။


"မင်းကောင်လေးအနားမှာရှိနေသရွေ့ မင်းဘာမှသယ်နေစရာမလိုဘူး"တဲ့။


ကျန့်ယောင်က တစ်ခါတစ်ရံကျ အရမ်းလည်း ရိုတတ်ပါ‌တယ်။


ရင်းချဲယ်ကို သူ့အပေါ် မှီခိုလာအောင်၊ ရင်းချဲယ်ကို သူ့ဆီက မခွဲနိုင်မခွာရက်ဖြစ်အောင် တမင်တကာဖန်တီးယူနေပါတယ်။


ရေဘူးရဲ့ သုံးပုံတစ်ပုံလောက် သောက်ပြီးသွားချိန်တွင်တော့ ချန်ရင်းရင်းနဲ့တခြားသူတွေက သ‌င်္ဘောပေါ်ရောက်သွားလောက်ပြီ။ ရင်းချဲယ် ရေဘူးကို အိတ်ထဲပြန်ထည့်ပြီး ကြမ်းပြင်ကိုသာ ငိုက်ငိုက်စိုက်စိုက်ကြည့်နေမိသည်။


ငါတို့က တကယ်ကို ခွဲမရတော့ဘူး


ငါပြင်ဆင်ထားထား မပြင်ဆင်ထားထား အရေးမပါတော့ဘူး


သူ ကျန့်ယောင်နဲ့ နည်းနည်းလေးမှကို ထပ်မခွဲချင်တော့ဘူး။


ရုတ်တရက် လူတစ်ယောက်က ခုန်ရဲ့တစ်ဖက်မှာ ဝင်ထိုင်လာသည်။


ရင်းချဲယ် သူ့ကို မျက်ဝန်းထောင့်ကနေ တစ်ချက်မြင်လိုက်ရပေမယ့် ဂရုတော့မပြုမိခဲ့။


---ထိုသူက ချောကလပ်လေးတစ်ထုပ် ပစ်ပေးလာတဲ့ချိန်ထိပေါ့။


အံ့သြစွာနဲ့ မျက်တောင်ခတ်လိုက်ပြီး လှည့်ကြည့်လိုက်တော့ ကျောပိုးအိတ်လေးခုခြားလောက်မှာ ထိုင်နေတဲ့ ကျန့်ယောင်။ သူက အိတ်ကိုဖွင့်ပြကာ :
"တခြားတစ်ခုခုစားချင်သေးလား?"


"...တော်ပြီ"


"အင်း"


အဲ့နောက်တော့ ထပ်ပြီး ပြောစရာမရှိဖြစ်သွားပြန်တယ်။


လမ်းရဲ့ဘေးကခုံတန်းမှာထိုင်နေတာမို့ ဖြတ်သွားကြတဲ့ ကျောင်းသူတွေအကုန်လုံးလိုလိုက လှမ်းလှမ်းကြည့်သွားကြတယ်။


ကျန့်ယောင်က ခြေထောက်ကို ဆန့်ထုတ်လိုက်ကာ သူ့ဆီက စကားစလာမှာကို စောင့်နေတဲ့အတိုင်း ကောင်းကင်ဆီကို မော့ကြည့်နေတယ်။


"ဘာလို့ပြန်ထွက်လာတာလဲ? မစီးတော့ဘူးလား?''လို့ ရင်းချဲယ်မေးလိုက်ချင်ပေမယ့် မေးစရာမလိုဘူးလို့လည်း ခံစားမိပြန်တယ်။ သူ့အတွက်နဲ့ပြန်ထွက်လာတာဆိုတာ သူသေချာသိနေတာမို့။


တခြားအကြောင်းအရာတစ်ခု စဥ်းစားမရခင်ပင် ချန်ရင်းရင်းနဲ့ ကျန်သူတွေက ပြန်ထွက်လာကြတယ်။


"ရီလဲ့ နင်အဆင်ပြေရဲ့လား?"
ချန်ရင်းရင်းက ရန်းရီလဲ့အား တွဲထားလေသည်။


"ရပါတယ် နည်းနည်းမူးသွားရုံလေး...."


ကျန်းခဲ့ကတော့ ဟန်မုန့်ကို ကူတွဲလာရင်း :
"လောင်ဟန်ရေ အန်မချနော်! ထိန်းထားဦး! မင်းက အပြင်းစား alphaလေ! ဂျူနီယာအထက်တန်းကျောင်းသားတွေ အများကြီးက ဝိုင်းကြည့်နေကြတာနော်၊ ငါတို့ကျောင်းကို မျက်နှာပျက်အောင်မလုပ်ပါနဲ့!"


ဟန်မုန့်မျက်နှာကတော့ ဖြူဖျော့နေပြီး အန်မချမိအောင်ထိန်းထားရင်း ယိုင်ထိုးယိမ်းခါနေလေတယ်။
"*အော့*....စကားလာမပြောနဲ့...*‌အွတ်*..."


...


ခနတာအနားယူပြီးနောက် ချန်ရင်းရင်းက မြေပုံကိုတစ်ချက်ကြည့်ကာ :
"နောက်ထပ်က သရဲအိမ်သွားကြရအောင်၊ ဒီနားလေးမှာပဲ၊ မလိုက်ချင်တဲ့သူရှိလား?"


ဟန်မုန့်က လက်ထောင်ကာ :
"ငါတော့ တိုက်ကားပဲစီး‌တော့မယ်"


"ကောင်းပြီ"


ကျန်းခဲ့နဲ့ရန်းရီလဲ့ကတော့ နည်းနည်း ကြောက်တယ်ဆိုပေမယ့် ဆန္ဒကရှိနေသေးသည်၊ ခုလို tripက ရှားရှားပါးပါးရယ်မို့ အပြည့်အဝခံစားချင်ကြသည်။


ထို့ကြောင့် အဆုံးတွင်တော့ ငါးယောက်သား လက်မှတ်သွင်းကာ ပင်လယ်ဓားပြပြီး သရဲအိမ်ဝင်ခဲ့ကြသည်။


ချန်ရင်းရင်းက ရှေ့ဆုံးကဦးဆောင်ကာ ကျန်းခဲ့နဲ့ရန်းရီလဲ့ကတော့ လက်မောင်းချင်းဖက်တွယ်လျက် နောက်ကလိုက်ပြီး အနောက်ဆုံးကတော့ ကျန့်ယောင်နဲ့ ရင်းချဲယ်။


ကြောက်စရာကောင်းလွန်းလို့လားတော့ မသိ၊ တန်းစီတဲ့လူက သိပ်မရှိပဲ သူတို့အလှည့်က ချက်ချင်းဆိုသလိုရောက်လာသည်။ အထဲရောက်ချိန်မှာ အားလုံးက ပိန်းပိတ်လုနီးပါးမှောင်မည်းနေပြီး နံရံမှာ ဖယောင်းတိုင်သဏ္ဍာန်မီးလေးတချို့သာချိတ်ဆွဲထားတာမို့ သူတို့ရှေ့က လမ်းကိုပင် ကောင်းကောင်းမမြင်ရချေ။ တစ်ချက်တစ်ချက် ရှေ့ကအော်သံတွေလည်း ထွက်လာသေးတာမို့ သူတို့မယ် တုန်တက်သွားရသည်။


"ဒီမိုကရေစီ ဟာမိုနီ ကြီးပွားချမ်းသာမှုနဲ့ ခွန်အား...."
ကျန်းခဲ့ကတော့ မရပ်မနားတတွတ်တွတ်နဲ့ ရွတ်နေပြီး :
"ဘာဖြစ်လို့ သောက်ရမ်းအေးနေရတာလဲဟ...."


ကြောက်မက်ဖွယ်ပတ်ဝန်းကျင်ကိုပိုပြီး သရုပ်ပေါ်အောင်ဖြစ်မည်ထင်၊ သရဲအိမ်ထဲတွင် လေအေးတွေဖြတ်တိုက်သွားသလိုဖြစ်စေဖို့ အဲကွန်းကလည်း ဖွင့်ထားသေးသည်။


ကျန်းခဲ့ : "သာ့ရှုန်းသာပါရင် သူ့ခြေသလုံးမွှေးတွေ ဖြူကောင်ရဲ့ဆူးတွေလို ထောင်နေလောက်ပြီ"


ရန်းရီလဲ့ကလည်း ရယ်စရာကောင်းတာမို့ ပြန်ဖြေဖို့ခေါင်းအလှည့် ကျန်းခဲ့ဘေးက ဖယောင်းမီးကြောင့်လင်းလာတဲ့ တစ်ခုခုကို မြင်မိသွားသည်၊ စာရွက်လိုဖြူဆွတ်နေတဲ့ မျက်နှာကြီး။


ထိုသူရဲ့မျက်နှာမှာ ဆိုးဆိုးရွားရွားအပြုံးကြီးနှင့်၊ သူ့ရဲ့ရှည်လျားလွန်းတဲ့လက်ကြီးက ကျန်းခဲ့ဆီကိုလှမ်းရွယ်
နေတော့တယ်။


"အားးးးးးးးးးးးးးးးးး!"


ရန်းရီလဲ့လည်း ကျန်းခဲ့ကိုဆွဲကာ ချက်ချင်းပြေးထွက်ခဲ့တော့သည်။


ကျန်းခဲ့မှာလည်း သူ့ရှေ့ဆန့်လာတဲ့ထူးဆန်းတဲ့လက်ကြီးကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ ဘယ်သူ့လက်မှန်းတောင် ပြန်မကြည့်ရဲတော့ပဲ အော်ဟစ်ကာပြေးခဲ့တော့တယ်။ အရှေ့ကလျှောက်နေတဲ့ ချန်ရင်းရင်းမှာလည်း ထိုနှစ်ယောက်နဲ့တွန်းတိုက်မှုကြောင့် စပြေးရတော့တယ်။


ဒီလိုနဲ့ သုံးယောက်သား ချက်ချင်းပဲ အစအနရှာမရအောင် ပျောက်သွားကြတော့တယ်။


...


ကျန့်ယောင် လက်အတုကြီးကို‌ ရှောင်လိုက်ပြီး ရှေ့ကိုအနည်းငယ် ဆက်လျှောက်လိုက်သည်။ ရုတ်တရက် နံရံပတ်ပတ်လည်က ဖယောင်းတိုင်မီးတွေက ငြိမ်းသွားပြီး မှောင်မဲသွားကာ သူ့လက်ချောင်းသူတောင်မမြင်ရလောက်တော့တဲ့ အထိဖြစ်သွားသည်။


ထပ်ပြီးတော့လား?


သူထိုနေရာမှာပဲ ရပ်နေပြီး ဘာလှည့်ကွက်အသစ်တွေလာဦးမလဲ ကြည့်ချင်မိသည်။ ဘာမှမတွေးပဲ တစ်ချက် လှမ်းပြောလိုက်သည်။
"စမ်းတဝါးဝါးလျှောက်သွားမနေနဲ့၊ ထောင်ချောက်မမိအောင်ဂရုစိုက်"


ပတ်ပတ်လည်က အလွန့်လွန်ကိုငြိမ်သက်တိတ်ဆိတ်လျက်ရှိပြီး ပြန်ဖြေသူမဲ့နေလေရဲ့။


ရင်းချဲယ်က သူ့နောက် မလှမ်းမကမ်းလေးမှာပဲ ရပ်နေခဲ့တာပါ၊ ခုကျ မရှိသလိုမျိုး တိတ်ဆိတ်နေလွန်းတယ်။


"....ဟေး?"
ကျန့်ယောင် လှမ်းခေါ်ကြည့်လိုက်တယ်။
"မင်းရှိလား? တစ်ခုခုပြန်ပြောဦး---"


ရုတ်တရက် သူ့လက်မောင်းကို ဆုပ်ကိုင်လာတဲ့ လက်တစ်ဖက်။


အဲ့ဒါက သစ်သားထည်နဲ့လုပ်ထားတဲ့ အကြမ်းလက်မျိုးမဟုတ်၊ နွေးထွေးမှု သန်မာမှုနဲ့ လက်အစစ်မျိုး။


ကျန့်ယောင် လန့်သွားတယ်။


လက်ကလေးက သိပ်မကြီးဘူး၊ ဒါပေမယ့် ဆုပ်ကိုင်ထားတာကတော့ မြဲမြံလွန်းတယ်။ တင်းမာခိုင်ခံ့တဲ့ဆုပ်ကိုင်မှုလေးက တဖြည်းဖြည်းချင်းနဲ့ သူ့လက်ဖဝါးကိုရောက်သည်အထိ ဆင်းသက်လာတယ်။ စက္ကန့်ဝက်မျှ တွန့်ဆုတ်နေပြီးနောက်တော့ သူ့လက်ချောင်းထဲကို ဖြည်းဖြည်းချင်း သွယ်ယှက်ဝင်လာခဲ့တဲ့ လက်ငါးချောင်း။


အဲ့နောက် သူတို့ရဲ့လက်ချောင်းတွေ အတူတူ တင်းတင်းကျပ်ကျပ်မြဲမြဲမြံမြံ ဆုပ်ကိုင်ထားမိကြတယ်။


အရေပြားချင်းချင်း ထိတွေ့မှုမျိုး၊ ဒီအခိုက်အတန့်မှာ သူ့နှလုံးသားဟာ တဒုတ်ဒုတ်နဲ့။


သူ့လက်ထဲက လက်ကလေးမှာ နွေးထွေးနူးညံ့နေပြီး မသိမသာလေးလည်း တုန်ရီနေသေးသည်။ အမှောင်ယံထဲတွင် အသံတစ်သံထွက်လာသည်၊ တည်ငြိမ်နေတာမျိုးမဟုတ်၊ သူ့ကိုယ်သူ ထိုစကားပြောဖို့ တွန်းအားပေးထွက်လာရတာမျိုး။


"....ငါတောင်းပန်ပါတယ်


"စိတ်မဆိုးပါနဲ့နော် ကော"


______


The author has something to say :


အားလုံးကို ရှင်းပြချင်တာလေးရှိလို့ပါ၊ ဒီထဲမှာရယ် အရင်အပိုင်းတွေမှာရယ် ချဲယ်ချဲယ်တစ်ယောက် သူ့ရဲ့ pheromoneချို့တဲ့မှုအပေါ် ကုသမှုအကြောင်းပြောခဲ့ပါတယ်၊ သူ့ကုသမှုမှာ နှစ်ပိုင်းရှိတယ်ဆိုပြီး ကိုယ်တွေသိထားတယ်၊ စိတ်ပိုင်းဆိုင်ရာကုသမှု (သူ့အတွက်''စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားဖို့ပြောတာပါ") နောက်တစ်ခုကတော့ လှုံ့ဆော်မှုကုထုံးအပိုင်း (သူ့ရဲ့ အရင်က traumaကိုပြန်‌ဖော်ရမှာပါ)၊ အခု သူက စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကိုပဲပြီးထားသေးတာမို့ အရင်က traumaအကြောင်းကိုယ်တွေ အသေးစိတ်မသိရသေးပါဘူး၊ သူ့ရဲ့ alphaတွေကိုမနှစ်သက်ရခြင်း၊ လျှပ်စစ်ကြောက်တတ်တာတွေ glandရှိလောက်မယ့် လည်ပင်းနေရာက အမာရွတ် အဲ့တာလေးတွေကလွဲရင်ပေါ့၊ အဲ့တော့ ဘယ်လိုလှုံ့ဆော်မှုတွေပါမယ်ဆိုတာတော့ မသိရသေးဘူးပေါ့နော်၊
မင်းတို့အတွက် ရှင်းလင်းသွားဖို့ မျှော်လင့်ပါတယ်။


_______


[Zawgyi]


က်န႔္ေယာင္တို႔ ဝမ္းသာပီတိဂြမ္းဆီထိေနခိုက္မွာပဲ နားေဘးကေန ထင္မထားရတဲ့ ေအးစက္စက္အသံတစ္ခ်က္ထြက္လာသည္။
"ထြက္--သြား--လိုက္"


"......"


ခ်က္ခ်င္းပဲ သူ႔လက္ကိုျပန္႐ုတ္ကာ တည့္တည့္မတ္မတ္ထိုင္ရင္း ႐ုပ္ေသတစ္ခုလိုလုပ္ေနလိုက္သည္။


.....ေတာ္ေသးတာေပါ့၊ လိုက္ကာပိတ္လိုက္လို႔၊ မဟုတ္ရင္ အရွက္ေတြကြဲေတာ့မွာ


..


ဒီေန႔ tripအတြက္ ဦးတည္ရာေနရာကေတာ့ ၿမိဳ႕အစြန္အဖ်ားက ကစားကြင္းတစ္ခုကိုျဖစ္ကာ ႏွစ္နာရီေလာက္ေတာ့ ေမာင္းရမွာျဖစ္သည္။


ရင္းခ်ဲယ္‌ေတာ့ ကားေပၚတစ္နာရီေလာက္ အိပ္ခဲ့တယ္။ ကားက အရမ္းႀကီးမခုန္ပဲ ကားသမားက ခရီးသြားေအဂ်င္စီတစ္ခုကျဖစ္တာေၾကာင့္ ကားေမာင္းအရမ္းေတာ္တယ္။


ဒါေတာင္ သူေကာင္းေကာင္းႀကီး အိပ္ေပ်ာ္တာမဟုတ္။


သူ႔စိတ္ထဲမွာ အရင္အပတ္က ေဒါက္တာဖုန္းေျပာလိုက္တာေတြကိုသာ ျပန္လည္ေတြးဆမိေနတယ္။
"ကုသမွုအတြက္ စိတ္ပညာကုထုံးအပိုင္းကေတာ့ ၿပီးသေလာက္နီးပါးရွိၿပီ၊ ေနာက္အပတ္က်ရင္ လွုံ႔ေဆာ္မွုကုထုံးကိုစၾကမယ္ မင္းအေသခ်ာျပင္ဆင္ထားၿပီးပလား?"တဲ့။


ငါအေသခ်ာျပင္ဆင္ထားၿပီးပလား? သူကိုယ္တိုင္လည္း မေသခ်ာေပ။


ျပင္ဆင္ထားၿပီးပုံမရဘူး


..


အေရွ႕ကေန ေတာ္ဖီထုတ္ေလးတစ္ထုပ္ကို အေနာက္တန္းဆီ လက္ဆင့္ကမ္းလာၿပီး သူတို႔နားေရာက္ခ်ိန္တြင္ေတာ့ အနည္းငယ္သာ က်န္ေတာ့တယ္။ က်ိဳးေဟာက္လ်န္က အေနာက္တန္းဆီလွမ္းေပးရင္း :
"ခ်ဲယ္ေကာ စားဦးမလား?"


ရင္းခ်ဲယ္ မစားေတာ့ဘူးေျပာမယ္ျပင္ေနတုန္းပဲ က်န႔္ေယာင္က ယူၿပီးသြားေနၿပီ။
"ေဟ့ ဒါငါဝယ္ခဲ့တဲ့ဟာ မဟုတ္ဘူးလား?"


က်ိဳးေဟာက္လ်န္ : "မသိဘူးေလ အတန္းေမာ္နီတာက ေဝေပးတာပဲ''


"ေအာ္ သိၿပီ ထားလိုက္ေတာ့"


က်န႔္ေယာင္က အခြံကိုျဖဲဖြင့္လိုက္ၿပီး ပါးစပ္ထဲကိုပစ္ထည့္လိုက္သည္။ နို႔အရသာ အရမ္းမ်ားတယ္။ ေနာက္ သူေနာက္တစ္ခုကိုဖြင့္လိုက္ၿပီး ရင္းခ်ဲယ္ပါးစပ္နား ေတ့ေပးလိုက္သည္။


ရင္းခ်ဲယ္ကေတာ့ ေခါင္းကိုတစ္ဖက္လွည့္ကာ : "ငါမစားခ်င္ဘူး..."


က်န႔္ေယာင္က လက္ေခ်ာင္းေတြကို ေရွ႕တိုးၿပီး ခ်ိဳခ်ဥ္ေလးကို သူ႔ပါးစပ္ထဲတြန္းထည့္သည္။


သူ႔ႏွုတ္ခမ္းကိုထိသြားတဲ့ ထိုလက္ေခ်ာင္းေတြ၊ မ်က္ေတာင္တစ္ခတ္စာအတြင္းမွာပဲ ေရာက္လာၿပီးပ်ံ႕ႏွံ့သြားတဲ့ အေႏြးဓာတ္။


ရင္းခ်ဲယ္မွာ ထိတ္လန႔္တၾကားနဲ႔ ေအးခဲေနမိသည္။


ေတာ္ဖီေလးက သူ႔ပါးစပ္ထဲမွာ အရည္ေပ်ာ္သြားၿပီး နို႔အရသာေလးက ပ်ံ႕ႏွံ့ေနရာယူသြားသည္။


က်န႔္ေယာင္ သူ႔ကို ႏြားနို႔တိုက္တုန္းက တစ္ရွူးနဲ႔သုတ္ေပးတာကို ျပန္ေတြးမိတယ္...ခုေတာ့ တိုက္ရိုက္ႀကီးထိလိုက္တာပဲ။


က်န႔္ေယာင္က လက္ကိုျပန္႐ုတ္ၿပီး သူ႔ႏွုတ္ခမ္းကိုထိထားတဲ့လက္ေခ်ာင္းနဲ႔တင္ သူ႔ႏွုတ္ခမ္းသူျပန္ထိတယ္။ မ်က္ႏွာမွာလည္း မရိုးမသားအျပဳံးခပ္ေရးေရးနဲ႔ သူ႔ကိုၾကည့္ေနေသးတယ္။


....ဒီ alphaရဲ့ ဝံပုေလြလိုအေတြးရိုင္းေတြက ဘူးေပၚသလိုေပၚလာေတာ့တာပဲ


ရင္းခ်ဲယ္ ျပတင္းေပါက္ဘက္ကို ေက်ာမွီၿပီး သူ႔ကိုသတိႀကီးႀကီး ၾကည့္လိုက္တယ္၊ ၾကမ္းၾကဳတ္တဲ့သားရဲတစ္ေကာင္ဆီက အၿခိမ္းေျခာက္ခံထားရတဲ့ တိရိစၧာန္ေလးတစ္ေကာင္က သူ႔ကိုယ္သူ အတတ္နိုင္ဆုံးႀကိဳးစားၿပီး တည္ၿငိမ္ဟန္ေဆာင္ေနတာနဲ႔တူတယ္။


က်န႔္ေယာင္ကိုယ္တိုင္လည္း သူ႔အေတြးေတြဟာ အရမ္းေပၚလြင္လြန္းသြားတယ္ထင္တာမို႔ :
"ေတာင္းပန္ပါတယ္ မင္းခြင့္ျပဳခ်က္မရပဲ....''


"ဒါနဲ႔ဆို ဘယ္ႏွစ္ခါရွိေနၿပီလဲ?"


အိပ္ယာထဲခိုးဝင္တယ္၊ နားကိုဆိတ္တယ္၊ သူ႔ႏွုတ္ခမ္းေတြကိုထိတယ္.... က်န႔္ေယာင္က ေနာက္ပိုင္း ပိုပိုၿပီး ရဲတင္းထိပါးလာတာပဲ။


"မင္းေစာင့္ဖို႔ စိတ္မရွည္ဘူးဆိုရင္"
ရင္းခ်ဲယ္မွာ အသက္ရွူသံေတာင္ ၿငိမ္ေအာင္မထိန္းနိုင္ေတာ့ေပ။
"တျခားတစ္ေယာက္ကိုသာသြားရွာလိုက္ ဟုတ္ၿပီလား?"


က်န႔္ေယာင္ အံ့ၾသသြားသည္။
"'တျခားတစ္ေယာက္ကိုသြားရွာလိုက္' မင္းဘာကိုဆိုလိုခ်င္တာလဲ?"


"မင္းစိတ္တိုင္းက် ထိလို႔ရမယ့္ တျခားတစ္ေယာက္ေယာက္ကိုသြားရွာလိုက္"


Pheromone ေတြရွိတဲ့ သူ၊ ကေလးေတြကို သေဘာက်တဲ့သူ၊ မင္းရဲ့အလိုဆႏၵေတြကို ေျဖသိမ့္ေပးနိုင္တဲ့သူကိုသြားရွာလိုက္


ငါကိုေတာ့ မဟုတ္ဘူး


သူ႔ကိုယ္သူ တကယ္ပဲ မျပင္ဆင္ထားရေသးမွန္း ႐ုတ္တရက္ ရင္းခ်ဲယ္ သတိထားမိသြားသည္၊ စိတ္ပညာကုထုံးကလည္း နည္းနည္းမွ အက်ိဳးသက္ေရာက္ပုံမေပၚ၊ သူ႔စိတ္ေတြမွာ သတၱိေၾကာင္ဖို႔နဲ႔ ထြက္ေျပးဖို႔အေတြး‌ေတြနဲ႔သာျပည့္ေနသည္။


ဘာပဲျဖစ္ျဖစ္ ကုသမွုကလည္းအလုပ္ျဖစ္မွာမွ မဟုတ္တာ၊ က်န႔္ေယာင္ကလည္း ေစာင့္ဖို႔စိတ္ရွည္ခ်င္မွရွည္ေတာ့မွာ၊ အဲ့ေတာ့ ဘာလို႔ ကုဖို႔ႀကိဳးစားေနဦးမွာလဲ?


"ဘာေျပာတယ္?"
က်န႔္ေယာင္က မ်က္ေမွာင္ၾကဳတ္ကာ :
"ခုလိုမ်ိဳးကို သေဘာမက်ဘူးဆို ငါေတာင္းပန္တယ္၊ ငါေတာင္းပန္ပါတယ္၊ မင္းႀကိဳက္သေလာက္ ငါ့ကို ဆူလို႔ေငါက္လို႔ရတယ္၊ ဒါေပမယ့္ ခုလိုမ်ိဳး ေျပာလိုက္တာႀကီးက၊ မင္းကို အေပ်ာ္ကစားေနတယ္လို႔ထင္ေနတာလား?"


ရင္းခ်ဲယ္ အေတြးစဥ္ေတြမွာ ခါထုတ္မရတဲ့ မွတ္ဉာဏ္ေတြနဲ႔ ရွုပ္ေထြးေနၿပီး ရင္ထဲမွာလည္း ရွုပ္ေထြးညစ္ညဴးေနတာနဲ႔ :
"ငါ့ကိုစကားလာမေျပာနဲ႔"


က်န႔္ေယာင္ ပါးစပ္ဟလိုက္တယ္၊ အဆုံးမယ္ေတာ့ ေျပာမလို႔လုပ္မယ့္ဟာေတြ အကုန္ျပန္မ်ိဳခ်လိုက္ၿပီး :
"....ေကာင္းၿပီ"


သူ မတ္တပ္ထရပ္ၿပီး တစ္ျခားတစ္ဖက္က ေနရာလြတ္မွာ သြားထိုင္ေနလိုက္ေတာ့သည္။


ဟန္မုန႔္ကေတာ့ ေနာက္ဆုံးက်န္တဲ့ေတာ္ဖီကိုစားေနရာမွ :
"ေလာင္က်န႔္ ဘာလုပ္တာလဲ? ထိုင္ခုံေဖာ္ေလးနား ထပ္မကပ္ေတာ့ဘူးေပါ့ေလ?"


က်န႔္ေယာင္က‌ေတာ့ ျပတင္းေပါက္အျပင္ဘက္ကိုသာလွမ္းၾကည့္ေနရင္း ျပန္မေျဖေပ။


..


ေတာ္ဖီေတြကုန္ခ်ိန္မွာပဲ ကားကလည္း သတ္မွတ္ေနရာကိုေရာက္တယ္။


"အားလုံး၊ မွာထားတဲ့အတိုင္းပဲ ကားေပၚကဆင္းၾကမယ္၊ ေအာက္ေရာက္တာနဲ႔တန္းစီထား ေလၽွာက္မသြားၾကနဲ႔ေနာ္''
ဝူေကာက်ဳံက ကားတံခါးကေန လွမ္းေအာ္သည္။


ေက်ာင္းသားေတြလည္း ကိုယ့္ပစၥည္းကိုယ္ယူကာ တစ္ေယာက္ၿပီး တစ္ေယာက္ဆင္းလာခဲ့ၾကသည္။ ေနာက္ ကားရဲ့ေဘးမွာ အတန္းႏွစ္တန္းစီထားလိုက္သည္။


ခရီးသြားေအဂ်င္စီက အတန္းတစ္တန္းခ်င္းစီအတြက္ tour guideတစ္ေယာက္စီလည္း စီစဥ္ေပးထားသည္။ Class 1 အတြက္ guideျဖစ္သူမွာ ဝမ္အမည္ႏွင့္လူျဖစ္၏။ အသားမည္းမည္းႏွင့္ ထိုလူက အလံနီေလးကို ရမ္း‌ျပေနရင္း ေလာ္စပီကာႏွင့္ေအာ္ေျပာသည္။
"ဟဲလို ေက်ာင္းသားတို႔ေရ မင္းတို႔ကို လက္မွတ္ေတြအရင္စေဝမယ္ေနာ္၊ အထဲက activityေတြအတြက္ လက္မွတ္ေတြ သုံးရမွာ၊ အထဲမွာက်ရင္ လူစုခြဲရလိမ့္မယ္၊ ေျခာက္ေယာက္တစ္ဖြဲ႕ ခုနစ္ေယာက္တစ္ဖြဲ႕ အဖြဲ႕လိုက္ေတြအတြက္ ဂိမ္းေတြလည္းရွိတယ္၊ တစ္ခုခုေမးစရာရွိရင္ ငါ့ကိုေခၚလိုက္၊ ဖုန္းနံပါတ္က...."


ခ်န္ရင္းရင္းက ရန္းရီလဲ့ကိုဆြဲကာ :
"အဖြဲ႕ဖြဲ႕ရေအာင္"


ရန္းရီလဲ့ : "အင္း ေကာင္းတယ္..."


ဟန္မုန႔္နဲ႔ က်န္းခဲ့ကလည္း သူတို႔အဖြဲ႕ဆီဝင္လာတယ္၊ ဒါေပမယ့္ လူႏွစ္ေယာက္လိုေနေသးတာမို႔ ခ်န္ရင္းရင္းလွည့္ပတ္ၾကည့္လိုက္ၿပီး :
"က်န႔္ေယာင္ ခ်ဲယ္ေကာ! ငါတို႔အဖြဲ႕ထဲဝင္မလား?"


ဟန္မုန႔္မွာ အေျပးအလႊား သူမကိုတားရသည္။
"မလုပ္နဲ႔ မလုပ္နဲ႔ သူတို႔ကရန္ျဖစ္ထားတာ၊ မိုင္းနယ္ေျမကို မနင္းၾကရေအာင္လားဟာ....."


သို႔ေပမယ့္လည္း သူေျပာတာ အရမ္းကို ေနာက္က်သြားၿပီ၊ က်န႔္ေယာင္က ၾကားသြားလို႔ သူတို႔နားေရာက္လာသည္။
"ဒါေပါ့"


ရင္းခ်ဲယ္ကေတာ့ ထိုေနရာမွာပဲ ရပ္ျမဲရပ္ေနသည္။


တျခားအဖြဲ႕ေတြကလည္း သူ႔ကိုလွမ္းေခၚတယ္ ဒါေပမယ့္ သူကေတာ့ ေခါင္းခ်ည္းရမ္းလို႔ ျငင္းေနတယ္။ ခ်န္ရင္းရင္းကေတာ့ သူမ အဖြဲ႕ကိုဝင္ခ်င္လိမ့္မယ္လို႔ ထင္မိလိုက္ေပမယ့္ အဲ့လိုလည္း မဟုတ္ျပန္။ မိုင္းနယ္ေျမကို နင္းရနင္းရ သူမ အရဲစြန႔္လို႔ ေနာက္တစ္ႀကိမ္ေခၚလိုက္သည္။
"ခ်ဲယ္ေကာ လာပါ"


ရင္းခ်ဲယ္က က်န႔္ေယာင္ရဲ့ ေက်ာကိုတစ္ခ်က္ၾကည့္သည္၊ ေနာက္မွ သူတို႔ၾကားထဲကို ျဖည္းျဖည္းခ်င္းေလၽွာက္လာသည္။


ႏွစ္‌ေယာက္သားက ေဘးခ်င္းကပ္ရပ္ရပ္ေနၾကၿပီး မ်က္ႏွာေတြကလည္း သုန္မွုန္ေနတဲ့ အမူအရာေတြနဲ႔၊ တစ္ေယာက္ကိုတစ္ေယာက္လည္း အေရးမလုပ္ၾက။


"......"


"......"


ေလထုက လုံးဝကို အေနရခက္သြားတယ္။


..


ကစားကြင္းထဲသို႔ဝင္ေရာက္ၿပီးခ်ိန္မွာေတာ့ ဆရာေတြနဲ႔ tour guideေတြရဲ့ အခန္းဂဏၭမွာသိပ္ၿပီး အေရးမပါေတာ့။ သတိေပးစရာတခ်ိဳ႕ေျပာၿပီးေနာက္ ကေလးေတြကိုသြားခ်င္တဲ့ေနရာ ေပးသြားလိုက္ေတာ့တယ္။
"သုံးနာရီျပန္စုမယ္ေနာ္! တစ္ခုခုလိုတာရွိရင္ ကိုယ့္အတန္းရဲ့ guideကိုရွာၾက!"


ကစားကြင္းထဲတြင္ေတာ့ First Highေက်ာင္းသားေတြသာမက touristေတြႏွင့္ အျခားေက်ာင္းမွ ေက်ာင္းသားမ်ားလည္း ေတြ႕ရသည္။ အားလပ္ရက္ေတြဆိုလၽွင္ လူကလည္း မနည္းတာမို႔ နာမည္ႀကီးစီးစရာမ်ားအတြက္ဆို တန္းစီဖို႔လိုအပ္ေလသည္။


တာဝန္သိ ဇြဲရွိ အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္သည့္အေလ်ာက္ ခ်န္ရင္းရင္းက မလာခင္ကပဲ online guideတစ္ခုဖတ္ၿပီး အစီစဥ္ဆြဲထားၿပီးမို႔ အရင္ဆုံးအေနနဲ႔ ပင္လယ္ဓားျပစီးဖို႔ ဆုံးျဖတ္လိုက္ၾကသည္။


"မစီးခ်င္တဲ့လူရွိလား? ဟိုနားက တိုက္ကားကလည္းတန္းစီးစရာမလိုေတာ့ သြားေဆာ့လို႔ရတယ္ေနာ္"


ဟန္မုန႔္ : "ေအ့ ဟာသပဲ အထက္တန္း‌မွာဘယ္သူကမ်ား တိုက္ကားစီးဦးမွာလဲ? ဒါက ပင္လယ္ဓားျပပဲမလား ၾကည့္လိုက္ အဲ့ေလာက္မျမင့္ဘူး အားလုံးက အဲ့ဒါပဲ စီးမွာေပါ့ ဟုတ္တယ္မလား?"


ရင္းခ်ဲယ္ : "ငါမစီးဘူး"


က်န္းခဲ့က တအံ့တၾသႏွင့္ :
"ခ်ဲယ္ေကာ မစီးဘူးလား? အိုး...ငါသိၿပီ ပင္လယ္ဓားျပက သိပ္ၿပီးရင္ခုန္စရာမေကာင္းလို႔မလား? ခနေနၾက bungee jump သြားစီးၾကမလား?"


ရင္းခ်ဲယ္က ဘာမွျပန္ရွင္းျပမေနပဲ :
"ငါ အိတ္ေတြေစာင့္ၾကည့္‌ထားေပးမယ္"


အနီးနားကို လွည့္ပတ္ၾကည့္လိုက္ေတာ့ ခုံတန္းေလးတစ္ခုကိုေတြ႕လိုက္ရသည္။ သူတို႔အားလုံး ေက်ာပိုးအိတ္ေတြကို ခၽြတ္လိုက္ၿပီး ရင္းခ်ဲယ္ေဘးမွာ တင္ခဲ့လိုက္ၾကသည္။


ခ်န္ရင္းရင္း : "က်န႔္ေယာင္ နင္မထားဘူးလား?"


"ငါ့ဟာငါလြယ္ထားလိုက္ေတာ့မယ္"
က်န႔္ေယာင္က ဝင္ေပါက္နားေလၽွာက္သြားၿပီး :
"ငါအရင္တန္းစီထားလိုက္မယ္ ျမန္ျမန္လုပ္ၾက"


အားလုံး အျပန္အလွန္မ်က္စပစ္လိုက္ၾကတယ္။


ဒီႏွစ္ေယာက္က စကားမ်ားထားရင္ တကယ္ကိုမတည့္လြယ္ဘူးပဲ....


...


ပင္လယ္ဓားျပဟာ လူသိမ်ားတဲ့ဆြဲေဆာင္မွုတစ္ရပ္ျဖစ္တာေၾကာင့္ တန္းစီေနတဲ့သူေတြမွာ အမ်ားႀကီး၊ ၁၅မိနစ္စာေလာက္ေတာ့ ေစာင့္ရေကာင္းရဲ့။ လက္ရွိလွုပ္ရမ္းေနတဲ့ေလွေပၚက လူေတြကေတာ့ မရပ္မနားဆူညံေအာ္သံေတြထုတ္လႊတ္ေနၾကတယ္။


ရင္းခ်ဲယ္ ထိုင္ခ်လိုက္ၿပီး ေအးေအးေဆးေဆးေလး ေရေသာက္ေနလိုက္တယ္။


သူ႔ေဘးက ေက်ာပိုးအိတ္ေတြမွာေတာ့ မုန႔္ေတြထိုးသိပ္ထည့္ထားၾကတာမို႔ ေဖာင္း‌ကားေနေရာ။ သူ႔အိတ္ေလးတစ္ခုပဲ မပါသေလာက္ကိုျဖစ္ေနတယ္။ မလာခင္တုန္းက က်န႔္ေယာင္က အားလုံးကို သူ႔လြယ္အိတ္ထဲခ်ည္း သိမ္းက်ဳံးထည့္သြားၿပီး သူ႔အတြက္ေတာ့ ေရတစ္ဘူးပဲခ်န္ထားေပးခဲ့တယ္။


"မင္းေကာင္ေလးအနားမွာရွိေနသေရြ႕ မင္းဘာမွသယ္ေနစရာမလိုဘူး"တဲ့။


က်န႔္ေယာင္က တစ္ခါတစ္ရံက် အရမ္းလည္း ရိုတတ္ပါ‌တယ္။


ရင္းခ်ဲယ္ကို သူ႔အေပၚ မွီခိုလာေအာင္၊ ရင္းခ်ဲယ္ကို သူ႔ဆီက မခြဲနိုင္မခြာရက္ျဖစ္ေအာင္ တမင္တကာဖန္တီးယူေနပါတယ္။


ေရဘူးရဲ့ သုံးပုံတစ္ပုံေလာက္ ေသာက္ၿပီးသြားခ်ိန္တြင္ေတာ့ ခ်န္ရင္းရင္းနဲ႔တျခားသူေတြက သ‌ေဘၤာေပၚေရာက္သြားေလာက္ၿပီ။ ရင္းခ်ဲယ္ ေရဘူးကို အိတ္ထဲျပန္ထည့္ၿပီး ၾကမ္းျပင္ကိုသာ ငိုက္ငိုက္စိုက္စိုက္ၾကည့္ေနမိသည္။


ငါတို႔က တကယ္ကို ခြဲမရေတာ့ဘူး


ငါျပင္ဆင္ထားထား မျပင္ဆင္ထားထား အေရးမပါေတာ့ဘူး


သူ က်န႔္ေယာင္နဲ႔ နည္းနည္းေလးမွကို ထပ္မခြဲခ်င္ေတာ့ဘူး။


႐ုတ္တရက္ လူတစ္ေယာက္က ခုန္ရဲ့တစ္ဖက္မွာ ဝင္ထိုင္လာသည္။


ရင္းခ်ဲယ္ သူ႔ကို မ်က္ဝန္းေထာင့္ကေန တစ္ခ်က္ျမင္လိုက္ရေပမယ့္ ဂ႐ုေတာ့မျပဳမိခဲ့။


---ထိုသူက ေခ်ာကလပ္ေလးတစ္ထုပ္ ပစ္ေပးလာတဲ့ခ်ိန္ထိေပါ့။


အံ့ၾသစြာနဲ႔ မ်က္ေတာင္ခတ္လိုက္ၿပီး လွည့္ၾကည့္လိုက္ေတာ့ ေက်ာပိုးအိတ္ေလးခုျခားေလာက္မွာ ထိုင္ေနတဲ့ က်န႔္ေယာင္။ သူက အိတ္ကိုဖြင့္ျပကာ :
"တျခားတစ္ခုခုစားခ်င္ေသးလား?"


"...ေတာ္ၿပီ"


"အင္း"


အဲ့ေနာက္ေတာ့ ထပ္ၿပီး ေျပာစရာမရွိျဖစ္သြားျပန္တယ္။


လမ္းရဲ့ေဘးကခုံတန္းမွာထိုင္ေနတာမို႔ ျဖတ္သြားၾကတဲ့ ေက်ာင္းသူေတြအကုန္လုံးလိုလိုက လွမ္းလွမ္းၾကည့္သြားၾကတယ္။


က်န႔္ေယာင္က ေျခေထာက္ကို ဆန႔္ထုတ္လိုက္ကာ သူ႔ဆီက စကားစလာမွာကို ေစာင့္ေနတဲ့အတိုင္း ေကာင္းကင္ဆီကို ေမာ့ၾကည့္ေနတယ္။


"ဘာလို႔ျပန္ထြက္လာတာလဲ? မစီးေတာ့ဘူးလား?''လို႔ ရင္းခ်ဲယ္ေမးလိုက္ခ်င္ေပမယ့္ ေမးစရာမလိုဘူးလို႔လည္း ခံစားမိျပန္တယ္။ သူ႔အတြက္နဲ႔ျပန္ထြက္လာတာဆိုတာ သူေသခ်ာသိေနတာမို႔။


တျခားအေၾကာင္းအရာတစ္ခု စဥ္းစားမရခင္ပင္ ခ်န္ရင္းရင္းနဲ႔ က်န္သူေတြက ျပန္ထြက္လာၾကတယ္။


"ရီလဲ့ နင္အဆင္ေျပရဲ့လား?"
ခ်န္ရင္းရင္းက ရန္းရီလဲ့အား တြဲထားေလသည္။


"ရပါတယ္ နည္းနည္းမူးသြား႐ုံေလး...."


က်န္းခဲ့ကေတာ့ ဟန္မုန႔္ကို ကူတြဲလာရင္း :
"ေလာင္ဟန္ေရ အန္မခ်ေနာ္! ထိန္းထားဦး! မင္းက အျပင္းစား alphaေလ! ဂ်ဴနီယာအထက္တန္းေက်ာင္းသားေတြ အမ်ားႀကီးက ဝိုင္းၾကည့္ေနၾကတာေနာ္၊ ငါတို႔ေက်ာင္းကို မ်က္ႏွာပ်က္ေအာင္မလုပ္ပါနဲ႔!"


ဟန္မုန႔္မ်က္ႏွာကေတာ့ ျဖဴေဖ်ာ့ေနၿပီး အန္မခ်မိေအာင္ထိန္းထားရင္း ယိုင္ထိုးယိမ္းခါေနေလတယ္။
"*ေအာ့*....စကားလာမေျပာနဲ႔...*‌အြတ္*..."


...


ခနတာအနားယူၿပီးေနာက္ ခ်န္ရင္းရင္းက ေျမပုံကိုတစ္ခ်က္ၾကည့္ကာ :
"ေနာက္ထပ္က သရဲအိမ္သြားၾကရေအာင္၊ ဒီနားေလးမွာပဲ၊ မလိုက္ခ်င္တဲ့သူရွိလား?"


ဟန္မုန႔္က လက္ေထာင္ကာ :
"ငါေတာ့ တိုက္ကားပဲစီး‌ေတာ့မယ္"


"ေကာင္းၿပီ"


က်န္းခဲ့နဲ႔ရန္းရီလဲ့ကေတာ့ နည္းနည္း ေၾကာက္တယ္ဆိုေပမယ့္ ဆႏၵကရွိေနေသးသည္၊ ခုလို tripက ရွားရွားပါးပါးရယ္မို႔ အျပည့္အဝခံစားခ်င္ၾကသည္။


ထို႔ေၾကာင့္ အဆုံးတြင္ေတာ့ ငါးေယာက္သား လက္မွတ္သြင္းကာ ပင္လယ္ဓားျပၿပီး သရဲအိမ္ဝင္ခဲ့ၾကသည္။


ခ်န္ရင္းရင္းက ေရွ႕ဆုံးကဦးေဆာင္ကာ က်န္းခဲ့နဲ႔ရန္းရီလဲ့ကေတာ့ လက္ေမာင္းခ်င္းဖက္တြယ္လ်က္ ေနာက္ကလိုက္ၿပီး အေနာက္ဆုံးကေတာ့ က်န႔္ေယာင္နဲ႔ ရင္းခ်ဲယ္။


ေၾကာက္စရာေကာင္းလြန္းလို႔လားေတာ့ မသိ၊ တန္းစီတဲ့လူက သိပ္မရွိပဲ သူတို႔အလွည့္က ခ်က္ခ်င္းဆိုသလိုေရာက္လာသည္။ အထဲေရာက္ခ်ိန္မွာ အားလုံးက ပိန္းပိတ္လုနီးပါးေမွာင္မည္းေနၿပီး နံရံမွာ ဖေယာင္းတိုင္သ႑ာန္မီးေလးတခ်ိဳ႕သာခ်ိတ္ဆြဲထားတာမို႔ သူတို႔ေရွ႕က လမ္းကိုပင္ ေကာင္းေကာင္းမျမင္ရေခ်။ တစ္ခ်က္တစ္ခ်က္ ေရွ႕ကေအာ္သံေတြလည္း ထြက္လာေသးတာမို႔ သူတို႔မယ္ တုန္တက္သြားရသည္။


"ဒီမိုကေရစီ ဟာမိုနီ ႀကီးပြားခ်မ္းသာမွုနဲ႔ ခြန္အား...."
က်န္းခဲ့ကေတာ့ မရပ္မနားတတြတ္တြတ္နဲ႔ ရြတ္ေနၿပီး :
"ဘာျဖစ္လို႔ ေသာက္ရမ္းေအးေနရတာလဲဟ...."


ေၾကာက္မက္ဖြယ္ပတ္ဝန္းက်င္ကိုပိုၿပီး သ႐ုပ္ေပၚေအာင္ျဖစ္မည္ထင္၊ သရဲအိမ္ထဲတြင္ ေလေအးေတြျဖတ္တိုက္သြားသလိုျဖစ္ေစဖို႔ အဲကြန္းကလည္း ဖြင့္ထားေသးသည္။


က်န္းခဲ့ : "သာ့ရွုန္းသာပါရင္ သူ႔ေျခသလုံးေမႊးေတြ ျဖဴေကာင္ရဲ့ဆူးေတြလို ေထာင္ေနေလာက္ၿပီ"


ရန္းရီလဲ့ကလည္း ရယ္စရာေကာင္းတာမို႔ ျပန္ေျဖဖို႔ေခါင္းအလွည့္ က်န္းခဲ့ေဘးက ဖေယာင္းမီးေၾကာင့္လင္းလာတဲ့ တစ္ခုခုကို ျမင္မိသြားသည္၊ စာရြက္လိုျဖဴဆြတ္ေနတဲ့ မ်က္ႏွာႀကီး။


ထိုသူရဲ့မ်က္ႏွာမွာ ဆိုးဆိုးရြားရြားအျပဳံးႀကီးႏွင့္၊ သူ႔ရဲ့ရွည္လ်ားလြန္းတဲ့လက္ႀကီးက က်န္းခဲ့ဆီကိုလွမ္းရြယ္
ေနေတာ့တယ္။


"အားးးးးးးးးးးးးးးးးး!"


ရန္းရီလဲ့လည္း က်န္းခဲ့ကိုဆြဲကာ ခ်က္ခ်င္းေျပးထြက္ခဲ့ေတာ့သည္။


က်န္းခဲ့မွာလည္း သူ႔ေရွ႕ဆန႔္လာတဲ့ထူးဆန္းတဲ့လက္ႀကီးေၾကာင့္ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားသည္။ ဘယ္သူ႔လက္မွန္းေတာင္ ျပန္မၾကည့္ရဲေတာ့ပဲ ေအာ္ဟစ္ကာေျပးခဲ့ေတာ့တယ္။ အေရွ႕ကေလၽွာက္ေနတဲ့ ခ်န္ရင္းရင္းမွာလည္း ထိုႏွစ္ေယာက္နဲ႔တြန္းတိုက္မွုေၾကာင့္ စေျပးရေတာ့တယ္။


ဒီလိုနဲ႔ သုံးေယာက္သား ခ်က္ခ်င္းပဲ အစအနရွာမရေအာင္ ေပ်ာက္သြားၾကေတာ့တယ္။


...


က်န႔္ေယာင္ လက္အတုႀကီးကို‌ ေရွာင္လိုက္ၿပီး ေရွ႕ကိုအနည္းငယ္ ဆက္ေလၽွာက္လိုက္သည္။ ႐ုတ္တရက္ နံရံပတ္ပတ္လည္က ဖေယာင္းတိုင္မီးေတြက ၿငိမ္းသြားၿပီး ေမွာင္မဲသြားကာ သူ႔လက္ေခ်ာင္းသူေတာင္မျမင္ရေလာက္ေတာ့တဲ့ အထိျဖစ္သြားသည္။


ထပ္ၿပီးေတာ့လား?


သူထိုေနရာမွာပဲ ရပ္ေနၿပီး ဘာလွည့္ကြက္အသစ္ေတြလာဦးမလဲ ၾကည့္ခ်င္မိသည္။ ဘာမွမေတြးပဲ တစ္ခ်က္ လွမ္းေျပာလိုက္သည္။
"စမ္းတဝါးဝါးေလၽွာက္သြားမေနနဲ႔၊ ေထာင္ေခ်ာက္မမိေအာင္ဂ႐ုစိုက္"


ပတ္ပတ္လည္က အလြန႔္လြန္ကိုၿငိမ္သက္တိတ္ဆိတ္လ်က္ရွိၿပီး ျပန္ေျဖသူမဲ့ေနေလရဲ့။


ရင္းခ်ဲယ္က သူ႔ေနာက္ မလွမ္းမကမ္းေလးမွာပဲ ရပ္ေနခဲ့တာပါ၊ ခုက် မရွိသလိုမ်ိဳး တိတ္ဆိတ္ေနလြန္းတယ္။


"....ေဟး?"
က်န႔္ေယာင္ လွမ္းေခၚၾကည့္လိုက္တယ္။
"မင္းရွိလား? တစ္ခုခုျပန္ေျပာဦး---"


႐ုတ္တရက္ သူ႔လက္ေမာင္းကို ဆုပ္ကိုင္လာတဲ့ လက္တစ္ဖက္။


အဲ့ဒါက သစ္သားထည္နဲ႔လုပ္ထားတဲ့ အၾကမ္းလက္မ်ိဳးမဟုတ္၊ ေႏြးေထြးမွု သန္မာမွုနဲ႔ လက္အစစ္မ်ိဳး။


က်န႔္ေယာင္ လန႔္သြားတယ္။


လက္ကေလးက သိပ္မႀကီးဘူး၊ ဒါေပမယ့္ ဆုပ္ကိုင္ထားတာကေတာ့ ျမဲၿမံလြန္းတယ္။ တင္းမာခိုင္ခံ့တဲ့ဆုပ္ကိုင္မွုေလးက တျဖည္းျဖည္းခ်င္းနဲ႔ သူ႔လက္ဖဝါးကိုေရာက္သည္အထိ ဆင္းသက္လာတယ္။ စကၠန႔္ဝက္မၽွ တြန႔္ဆုတ္ေနၿပီးေနာက္ေတာ့ သူ႔လက္ေခ်ာင္းထဲကို ျဖည္းျဖည္းခ်င္း သြယ္ယွက္ဝင္လာခဲ့တဲ့ လက္ငါးေခ်ာင္း။


အဲ့ေနာက္ သူတို႔ရဲ့လက္ေခ်ာင္းေတြ အတူတူ တင္းတင္းက်ပ္က်ပ္ျမဲျမဲၿမံၿမံ ဆုပ္ကိုင္ထားမိၾကတယ္။


အေရျပားခ်င္းခ်င္း ထိေတြ႕မွုမ်ိဳး၊ ဒီအခိုက္အတန႔္မွာ သူ႔ႏွလုံးသားဟာ တဒုတ္ဒုတ္နဲ႔။


သူ႔လက္ထဲက လက္ကေလးမွာ ေႏြးေထြးႏူးညံ့ေနၿပီး မသိမသာေလးလည္း တုန္ရီေနေသးသည္။ အေမွာင္ယံထဲတြင္ အသံတစ္သံထြက္လာသည္၊ တည္ၿငိမ္ေနတာမ်ိဳးမဟုတ္၊ သူ႔ကိုယ္သူ ထိုစကားေျပာဖို႔ တြန္းအားေပးထြက္လာရတာမ်ိဳး။


"....ငါေတာင္းပန္ပါတယ္


"စိတ္မဆိုးပါနဲ႔ေနာ္ ေကာ"


______


The author has something to say :


အားလုံးကို ရွင္းျပခ်င္တာေလးရွိလို႔ပါ၊ ဒီထဲမွာရယ္ အရင္အပိုင္းေတြမွာရယ္ ခ်ဲယ္ခ်ဲယ္တစ္ေယာက္ သူ႔ရဲ့ pheromoneခ်ိဳ႕တဲ့မွုအေပၚ ကုသမွုအေၾကာင္းေျပာခဲ့ပါတယ္၊ သူ႔ကုသမွုမွာ ႏွစ္ပိုင္းရွိတယ္ဆိုၿပီး ကိုယ္ေတြသိထားတယ္၊ စိတ္ပိုင္းဆိုင္ရာကုသမွု (သူ႔အတြက္''စိတ္ပိုင္းဆိုင္ရာျပင္ဆင္ထားဖို႔ေျပာတာပါ") ေနာက္တစ္ခုကေတာ့ လွုံ႔ေဆာ္မွုကုထုံးအပိုင္း (သူ႔ရဲ့ အရင္က traumaကိုျပန္‌ေဖာ္ရမွာပါ)၊ အခု သူက စိတ္ပိုင္းဆိုင္ရာျပင္ဆင္မွုကိုပဲၿပီးထားေသးတာမို႔ အရင္က traumaအေၾကာင္းကိုယ္ေတြ အေသးစိတ္မသိရေသးပါဘူး၊ သူ႔ရဲ့ alphaေတြကိုမႏွစ္သက္ရျခင္း၊ လၽွပ္စစ္ေၾကာက္တတ္တာေတြ glandရွိေလာက္မယ့္ လည္ပင္းေနရာက အမာရြတ္ အဲ့တာေလးေတြကလြဲရင္ေပါ့၊ အဲ့ေတာ့ ဘယ္လိုလွုံ႔ေဆာ္မွုေတြပါမယ္ဆိုတာေတာ့ မသိရေသးဘူးေပါ့ေနာ္၊
မင္းတို႔အတြက္ ရွင္းလင္းသြားဖို႔ ေမၽွာ္လင့္ပါတယ္။


_______

Comment