Chapter - 54

“လက်စသတ်တော့ မင်းကောင်လေးက သူဖြစ်နေတာကိုး ဟမ် ကျန့်ယောင်” 


လူလေးငါးယောက်ခန့် သစ်ပင်တွေနောက်ကနေ ထွက်လာတယ်။


ခုနလေးက ငြင်းခုန်နေကြတာကတစ်ကြောင်း၊ အလင်းရောင်မရှိမှောင်မဲနေတာကတစ်ကြောင်းကြောင့် အထဲမှာလူရှိတာကို သူတို့သတိမပြုမိခဲ့ကြခြင်းဖြစ်သည်။


ထိုလူတွေ မီးရောင်အောက်ရောက်မှ မျက်နှာတွေကို မြင်လိုက်ရသည်။ အံ့သြစရာပင်မရှိ၊ ထိုထဲက တစ်ယောက်ဟာ အရင်တစ်ခေါက်က ပြဿနာလာရှာသူ ဖန့်ဟွေ။


ခုနလေးက စကားစသူကလည်း သူပင်ဖြစ်သည်။
“တိုက်ဆိုင်လိုက်တာ၊ ခုပဲ မင်းအတန်းဆီကိုလိုက်သွားတော့မလို့၊ ဖြစ်ချင်တော့ မင်းကိုယ်တိုင်က ရောက်လာတာကိုး၊ ကံကြမ္မာက ငါတို့ကိုဆုံစည်းပေးလိုက်တာပဲ”


ကျန့်ယောင်ကမူ သူ့ကိုကြည့်မလာ၊ ရင်းချဲယ်နောက်က တစ်ယောက်ကိုပဲ မမှိတ်မသုန်ကြည့်နေရင်းမှ :
“မင်းပဲကိုး”


နောက်ကလူကို ရင်းချဲယ်မမြင်ရပေမယ့်၊ သူ့ထက်အရပ်ရှည်ပုံရတာတော့ သူပြောနိုင်တယ်၊ သန်လည်းသန်မာတယ်၊ လျင်လည်းလျင်တာမို့ alphaတစ်ယောက်ပင်ဖြစ်ရမည်။


“မတွေ့ရတာကြာပြီ”
ထိုသူက ခပ်တိုးတိုးရယ်ကာ ညစ်ကျယ်ကျယ်အပြုံးနှင့် :
“တော်တော်အပုန်းကောင်းသကိုး၊ ငါ့မယ်တော့ မင်းသတင်းကြားရဖို့အရေး နှစ်တစ်ဝက်လောက်တောင် အချိန်ယူလိုက်ရတယ်”


“ကျောင်းလည်း ပြောင်းပြီးသွားပြီပဲ၊ ဘာကိစ္စ လာရှာနေတာလဲ?”


“ကျောင်းတော့ ပြောင်းပြီသွားပြီဆိုပေမယ့်လည်း Dong Chengအတွက် တာဝန်ရှိတာကတော့ မင်းပဲဖြစ်နေတုန်းပဲလေ၊ မင်းတစ်ရက်ပေါ်လာတာနဲ့ ငါတို့တွေ အေးဆေးလွတ်လပ်တဲ့နေ့တွေကို ပြန်ရနိုင်တော့မှာမဟုတ်ဘူး”


“အဲ့တော့ မင်းက ငါ့ကိုဘယ်တော့မှ Dong Chengကိုပြန်မလာစေချင်တာလား?”


“ဟုတ်တယ် ဝေးဝေးသွားလေ ကောင်းလေပဲ၊ ဘယ်တော့မှ ပြန်မလာပဲနဲ့”


ရင်းဇယ်ကလည်း ထိုသူကို စေ့စေ့စပ်စပ်အကဲခတ်နေရာမှ :
“မင်းတို့ ဘယ်သူတွေလဲ? သူနဲ့ရန်စရှိတယ်ဆိုလည်း သူ့ပဲရှာလေ၊ ငါ့ကောကို ဘာကိစ္စဖမ်းတာလဲ?”


“ဒီကညီ တစ်ဆိတ်လောက်နော်၊ မင်းရဲ့ကောကိုခနလောက် ငှားပါရစေ၊ မင်းလည်း ဒီကောင်နဲ့ပြဿနာနည်းနည်းရှိတယ်လို့ ကြားတယ် အဲ့တော့ ငါတို့ကိုကူပြီး အဲ့ကောင်ကိုအရင် ရှင်းလိုက်ကြရင်ရော?”


ကျန့်ယောင် : “သူပြောတာနားမထောင်နဲ့၊ အဲ့ကောင်နာမည်က ကျောက်ကျန်ရှန်း၊ အရင်က ကောင်မလေးတွေကို လိုက်နှောင့်ယှက်တာ ငါဖမ်းမိလို့ သူ့ကိုပညာပေးလိုက်တာ၊ ထပ်မလုပ်တော့ပါဘူးကတိပေးသွားပြီး နောက်ကွယ်မှာကျ ငါ့ meimeiကိုပြန်ပေးဆွဲတယ်လေ၊ သူက လူယုတ်မာကောင်၊ သူပြောတာတွေတစ်ခုမှ မယုံနဲ့”


ရင်းဇယ် : “မင်း ပြောစရာမလိုဘူး!ငါ့ကိုသောက်ရူးများမှတ်နေလား?”


ကျန့်ယောင် : “ဒါပေါ့”


ရင်းဇယ် : “သောက်ရူးကောင်”


ရင်းချဲယ်ရဲ့လည်ချောင်းမှာ အတင်းညှစ်ခံထားရတာမို့ အသက်ရှူရတောင် ခက်ခဲလာပြီး၊ ခေါင်းတွေလည်းကိုက်ခဲလာသည်။
“မင်းတို့တွေ မချကြသေးဘူးလား”


“စကား‌ပြောဖို့တောင် အားရှိသေးတယ်ပေါ့လေ?”
ကျောက်ကျန်ရှန်းက ပိုပြီးအားထည့်ညှစ်လိုက်သည်၊ မနေနိုင်စွာနဲ့လည်း ရင်းချဲယ်ကို ခနခနကြည့်ကာ :
“မင်းကောင်လေးအသစ်လေးက အတော်ချောသား၊ တစ်နေ့ မင်းစိတ်ကုန်သွားလို့ အကြွင်းအကျန်လေးများဆိုလည်း ငါကစိတ်မဆိုးပါဘူး”


ရင်းဇယ် ချက်ချင်း ယမ်းပုံမီးကျဖြစ်သွားကာ pheromoneတွေ ထောင်းခနဲပေါက်ကွဲထွက်လာတော့သည်။
“မင်းပါးစပ်ကို သန့်သွားအောင် ငါလုပ်ပေးမယ်!”


ဖန့်ဟွေနှင့် တခြားသူတွေမှာ အသက်ရှူကျပ်ကုန်ပြီး နောက်ပြန်ဆုတ်ရသည်။ အားလုံးထဲမှာမှ pheromoneအားအပြင်းဆုံးမှာ ကျောက်ကျန်ရှန်း၊ သူတောင် ရင်းဇယ်ထက် အားနည်းသည်။ တိုက်ခိုက်ခံရမှုကြောင့် လည်ပင်းကိုအတင်းညှစ်ထားရာမှ အနည်းငယ် ပြေလျော့သွားသည်။


ပထမကတော့ လူအရေအတွက်နဲ့တင် ကျန့်ယောင်နဲ့တော့ တစ်ပွဲတစ်လမ်းနွှဲလို့ရမည်တွက်ထားတာ။ ဒီလိုမျိုး ကျန့်ယောင်ထက်တောင် မလျော့နိုင်လောက်တဲ့ pheromoneနဲ့ ဘုမသိဘမသိalphaတစ်ယောက် ရုတ်တရက်ကြီး ပေါ်လာမယ်မှန်းတော့ ဘယ်သူကသိမှာလဲ။


First Highက ဒီလောက်တောင် အင်အားကြီးတယ်လား? နေရာတိုင်းမှာ monster-level alphaတွေနဲ့လေ?


“ငါ့ကို မင်းအနိုင်ယူလို့မရတော့ပါဘူး”
ရင်းဇယ်က အထင်သေးစွာ ရှုတ်ချပြောသည်။
“မင်းလိုအမှိုက်မျိုးကို ကော ဘာများကြည့်ကြိုက်လဲမသိဘူး၊ တစ်စက်မှကို အသုံးမကျဘူး”


ကျန့်ယောင်က မျက်ခုံးတစ်ဖက်ပင့်ကာ :
“ဘယ်သူ့ကို အမှိုက်လို့ပြောလိုက်တာလဲ ဟမ် တိတိ?”


တစ်စက္ကန့်လောက်ကြာပြီးနောက် သူ့ pheromoneတွေကို ထုတ်လွှတ်လိုက်တယ်။


လှိုင်းလုံးအကြီးကြီးတွေလို တစ်ရိပ်ရိပ် ဆန်တက်လာရာ ပင်လယ်ရေနက်ထဲမှာ နစ်မွန်းနေသလိုကို ခံစား‌ရစေတယ်။ ရင်းဇယ်ရဲ့အမူအရာပင် ဖျော့တော့သွားရတာမို့ တစ်ဖက်က အေးဆေးချင်ယောင် မနည်းဆောင်နေရတဲ့ ကျောက်ကျန်ရှန်းတို့၊ ခြေထောက်တွေ တုန်ရီနေတဲ့ ဖန့်ဟွေတို့နဲ့၊ ကျန်တဲ့သူတွေဆို ပြောနေစရာပင်မလိုတော့။


ရက်ရာဇာ ပြဿဒါး မကြည့်ပဲများ ထွက်လာခဲ့မိလို့လား? ကပ်ဆိုးနှစ်ကောင်နဲ့မှ လာဆုံရတယ်လို့


ထိုနှစ်ကောင့်သားကမူ ပိုပိုပြီးတောင် ထက်သန်တက်ကြွလာဟန်။ လှိုင်းတွေက ပြင်းသထက် ပြင်းလာတယ်၊ နှစ်ယောက်သား ဘယ်သူပိုပြင်းလည်း အားပြိုင်နေကြသလို။


ဖန့်ဟွေကတော့ သည်းမခံနိုင်စွာအော်ဟစ်ပြောတော့သည်။
“မင်း-မင်းတို့ကောင်တွေ တော်ကြတော့! ချချင်ရင် ငါတို့ကိုလာချ!”


ကျောက်ကျန်ရှန်းမှာလည်း မူးဝေလာတာမို့ :
“pheromone သုံးပြီး ပြိုင်ချင်တယ်ပေါ့လေ! ချမှရမှာပေါ့!’


မြေပြင်ကိုတောင် ကွဲအက်သွားစေလောက်တဲ့ pheromoneထုထည်တွေ၊ သို့ပေမယ့် ထိုအရာတွေအားလုံးကို နည်းနည်းလေးမှ မခံစားရတာတော့ လူတစ်ယောက်သာ ရှိလေသည်။


“ချတာပေါ့!”
ကျန့်ယောင် အော်ပြောလိုက်သည်။


လက်ရည်ချင်းယှဥ်ချတော့မယ်တွေးတော့ ကျောက်ကျန်ရှန်းရဲ့ စိတ်ဓာတ်လေးလည်း ပြန်လည်မြင့်တက်သွားပြီး ချက်ချင်းဆိုသလိုပဲ ခံစစ်ကိုပြင်ဖို့ စတင်တော့သည်။ သူဘာမှတောင် စမလုပ်လိုက်ရသေးခင်မှာပဲ ရုတ်တရက်ကြီး ခြေသလုံးက စူးစူးဝါးဝါးနာကျင်မှုကို ခံစားလိုက်ရကာ တစ်ကိုယ်လုံးဟန်ချက်ပျက်သွားတော့သည်။


သူ့ကမ္ဘာကြီးမှာ ချာချာလည်လို့ မြေကြီးပေါ်ကို ဘိုင်းခနဲ။


ဖန့်ဟွေ : “ရှန်းကော!”


ကျောက်ကျန်ရှန်းက မြေကြီးပေါ်မှာ လဲရက်ကြီးနှင့် မယုံကြည်နိုင်တဲ့အမူအရာဖြစ်နေရှာသည်။
“ဖာ့ခ်၊ မင်းလိုomegaကောင်က---“


ရင်းချဲယ် သူ့ကိုလေးငါးခြောက်ချက် ထပ်ပြီးပိတ်ကန်ပေးလိုက်သည်။


“အကြွင်းအကျန်ဟုတ်လား? မင်းနဲ့တန်လို့လား?”


ဖန့်ဟွေ : “......”


ရင်းဇယ် : “....”


ကျန့်ယောင်ကတော့ ကျောက်ကျန်ရှန်းကိုထမရအောင် pheromoneတွေနဲ့ထိန်းချုပ်ထားရင်း ဘေးမှ လက်ခုပ်လက်ဝါးတီးပေးလိုက်သည်။
“ကောင်းလိုက်တဲ့ကန်ချက်! ကန်ထား! ငါနေတိုင်းရှင်သန်နေရတဲ့ဘ၀ကို သူ့ကိုပေးကြုံလိုက်စမ်းပါ!”


ရင်းချဲယ်ခြေထောက်လေးက လေထဲတွင်ရပ်တန့်သွားလို့ သူ့ဘကိကိုတစ်ချက်လှည့်ကြည့်လာသည်။
“မင်းက မကျေနပ်တာလား?”


“...မဟုတ်တာ၊ ငါက အဲ့ဒါနဲ့ပဲ ထိုက်တန်တာကို”


ကျောက်ကျန်ရှန်းက ပါးစပ်ထဲက မြက်တွေဖုန်တွေအကုန်ထွေးထုတ်ကာ အော်ပြောသည်။
“မင်းတို့ဘာကြောင်ရပ်ကြည့်နေတာတုန်း! ချလေ!”


ထိုအခါမှပဲ တချို့ကောင်တွေက အသိပြန်ဝင်တော့တယ်။ ကျန့်ယောင်က ကျောက်ကျန်ရှန်းပေါ်ကိုပဲအာရုံစိုက်နေသည်၊ ကျန်သူအားလုံးကတော့ လက်ကိုခေါက်တင် လက်နက်တွေကိုကိုင်ကာ ရင်းဇယ်ကိုအရင်ရှင်းဖို့ ဦးတည်လိုက်ကြသည်။


ရင်းချဲယ် : “ဂရုစိုက်!”


ရင်းဇယ်က တုတ်ဖြင့်လွှဲရိုက်လာတာကို ရှောင်လိုက်ပြီး ထိုသူ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်လိုက်သည်။ သူအားသုံးလိုက်တယ်ဆိုရင်ပဲ တစ်ဖက်လူက နာနာကျင်ကျင်အော်တော့တယ်။ လက်ထဲက တုတ်ကလွတ်ကျသွားတော့ တစ်ဝက်တွင်ပဲ သူလှမ်းဖမ်းလိုက်တယ်။


တုတ်ကိုဖမ်းပြီး ဝှေ့ရမ်းလိုက်ပြီးနောက် တစ်ခြားတစ်ယောက်ကိုရိုက်ကာ အရှေ့ကနေ သူ့ကိုရွယ်နေတဲ့ ဖန့်ဟွေကို ခြေထောက်နဲ့ပိတ်ကန်လိုက်တယ်။


သေသပ်ကျွမ်းကျင်စွာနဲ့ အားလုံးကို တစ်ပြိုင်တည်းတာဝန်ယူလိုက်တယ်။


“အနောက်မှာနေ!”


ရင်းချဲယ်ကတော့ သူပြောတာနားမထောင်ပဲ ရှေ့တိုးလာပြီး ခေါက်ဓားနဲ့နောက်နေ တိုက်ဖို့ချောင်းနေတဲ့ကောင်ကို ကန်တယ်။


“ကောမင်းကိုကူမယ်”


ရင်းဇယ်က ပျော်မသွားတဲ့အပြင် အမူရာက ပိုတောင်ဆိုးလာသေးသည်။
“ခုမှဘာလာပြီး ကူညီမှာလဲ? ငါ့ဟာငါကိုင်တွယ်နိုင်တယ်! မင်းကိုမလိုဘူး! လိုအပ်နေတဲ့အချိန်တုန်းက ကျ ဘာဖြစ်လို့ထားခဲ့ရတာလဲ? အကိုကောင်းတစ်ယောက်လို ဟန်ဆောင်တာတော့ တော်တော်တတ်!”


ရင်းချဲယ်က ထိုနေရာတွင်ပင် ရပ်သွားပြီး အချိန်အတော်ကြာ ဘာစကားမှထွက်မလာတော့။


ကျန့်ယောင်မှာ အစကတော့ ကျောက်ကျန်ရှန်းကို အရင်ကိုင်တွယ်မလို့တွက်ထားခဲ့ပေမယ့် အရူးတစ်ယောက်လို ငူငူကြီးရပ်နေပြီး အချိန်မရွေးတိုက်ခိုက်ခံရနိုင်တဲ့အနေအထားက ရင်းချဲယ်ကိုမြင်တော့ ချက်ချင်းပြေးတက်လာသည်။
“အသိဝင်စမ်းပါ ကောင်စုတ်လေးရဲ့!ကြောင်ပြီး ရပ်မနေနဲ့! မင်းရဲ့တိတိက အမှိုက်သာသာရယ်! သူပြောသမျှလည်း အမှိုက်တွေချည်းပဲ!”


တိုက်ခိုက်နေရင်းတန်းလန်းကနေ ရင်းဇယ်က ပြန်ခံပြောဖို့လည်းမမေ့။
“မင်းကမှ အမှိုက်ကွ!”


pheromoneတွေရဲ့ ဖိနှိပ်မှုလွတ်ကင်းသွားတာမို့ ကျောက်ကျန်ရှန်း ထရပ်နိုင်လာတယ်။ မြေပြင်ပေါ်က လက်နက်တစ်ခုကို အမြန်ကောက်ကာ သတိလက်လွတ်နေနေတဲ့ ကျန့်ယောင်ဆီကို နောက်ကနေပြေးသွားလိုက်တယ်။


ရင်းဇယ်က မြင်တော့ လှမ်းအော်သည်။
“အရူး!မင်းနောက်မှာ!’’


“တိတိရယ်၊ ငါနွှဲလာတဲ့ရန်ပွဲအရေအတွက်က မင်းတွဲခဲ့တဲ့ omegaတွေထက်တောင် ပိုပါတယ်”
ကျန့်ယောင်က ဘေးကိုယိမ်းလိုက်ပြီး ကျောက်ကျန်ရှန်းရဲ့ တိုက်ခိုက်မှုကို အလွယ်တကူရှောင်လိုက်တယ်။ သူ့ကို ပခုံးကနေတစ်ချက်ကိုင်ပေါက်မယ်အပြုတွင်ပဲ လက်ထဲက လက်နက်ကိုသတိပြုမိသွားတယ်။ နောက် သူ့အမူအရာကပြောင်းသွားပြီး ရင်းချဲယ်ဆီကို အလိုလိုလှမ်းကြည့်မိတယ်။


သူအမူအရာပြောင်းသွားတာမြင်တော့ ကျောက်ကျန်ရှန်းကလည်း တစ်စုံတစ်ခုကိုသတိပြုမိသွားဟန်။ ချက်ချင်းဆိုသလို သူ့လက်က ရှောင်ထွက်ကာ ရှေ့မှာကြောင်ရပ်နေတဲ့သူဆီကို ပြေးသွားတော့သည်။


“သတိထား!”
ကျန့်ယောင် လိုက်လာပြီး ကျောက်ကျန်ရှန်းကို ကော်လံကတစ်ဆင့်ကိုင်ကာ ပြန်ဆွဲထားလိုက်သည်။
“မင်း သေချင်နေတာပဲ---”


ထိုအချိန်မှာပဲ ကျောက်ကျန်ရှန်းက လက်ထဲကအရာအားပစ်ထုတ်လိုက်ကာ ရင်းချဲယ်နဲ့အနီးဆုံးမှာရှိနေသည့် ရှုန်တိအားလှမ်းအော်သည်။
“ဖန့်ဟွေ! လုပ်! သူ့ကိုရှော့ခ်တိုက်လိုက်!”


ဖန့်ဟွေကတော့ ရင်းဇယ်နဲ့ချနေရာက သူ့စကားကြားတော့ stun batonကိုဖမ်းကာ ပစ်မှတ်ပြောင်းလိုက်သည်။
“ကောင်းပြီ!”


လျှပ်တပြက်အတွင်းပင် ကျန့်ယောင်ရဲ့ pheromoneတွေ ပေါက်ကွဲထွက်လာတော့သည်။


ဖန့်ဟွေတစ်ယောက် ဒူးတွေ ပျော့ခွေလာကာ တိုက်ခိုက်နိုင်စွမ်းလည်း လွင့်ပြယ်ကုန်သည်။ ယိုင်တီယိုင်နဲ့နဲ့ ရှေ့ကိုတိုးသွားရာ ရင်းချဲယ်နဲ့ တစ်လှမ်းသာအလို။


“‌ပြေး!”
ကျန့်ယောင်က လှမ်းအော်သည်။


ဒါပေမယ့် ရင်းချဲယ်အသိစိတ်က လုံးလုံးပျောက်ကွယ်တာလား၊ အကြောက်တရားနဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မို့လားတော့မသိ၊ ထိုနေရာမှာတင် မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီး ရပ်နေတော့သည်။


ရင်းဇယ်ကိုယ်တိုင်လည်း ဖန့်ဟွေကတိုက်ခိုက်နိုင်စွမ်းမရှိတော့တာကို မြင်တာမို့ သွားမကူညီတော့ပဲ သူ့ရှေ့ကကောင်တွေကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့ပုံက ဇဝေဇဝါဖြစ်နေဟန်။ ကျန့်ယောင်က ဘာကိစ္စ အဲ့လောက်ကြီး စိုးရိမ်ပြနေမှန်း၊ သူ့အကိုကလည်း ဘာကိစ္စမလှုပ်မယှက်နေနေမှန်း သူနားကိုမလည်နိုင်ပေ။


ထိုနားကို ကျန့်ယောင် အချိန်မှီရောက်မသွားနိုင်ခဲ့ပေ၊ ဖန့်ဟွေက ရင်းချဲယ်အား ထိုးလိုက်တာကို ကူကယ်ရာမဲ့စွာကြည့်နေရုံပဲ သူတတ်နိုင်ခဲ့သည်။


ထိုးလိုက်သည်က stun batonတစ်ခုနဲ့။


ရင်းချဲယ်က နည်းနည်းလေးမှ ပြန်မခုခံပဲ တစ်ကိုယ်လုံးတုန်ရီပြီး နောက်တော့ မြေပြင်ပေါ်ပုံကျသွားသည်။


သူ သတိမေ့မသွားခင် မြင်လိုက်ရတာဟာ သူ့ဆီကို စိုးရိမ်တကြီးပြေးလာတဲ့ လူရိပ်နှစ်ယောက်။ တစ်ယောက်က အရင်ရောက်လာပြီး သူ့ကိုဖမ်းပွေ့သည်။ သန်မာတဲ့ လက်မောင်းတွေနဲ့ နွေးထွေးလုံခြုံတဲ့ ရင်ခွင်ကျယ်။


သူမျက်ဝန်းတွေ စိတ်ချလက်ချ မှိတ်ချလိုက်တော့သည်။


______


 
[Zawgyi]


“လက္စသတ္ေတာ့ မင္းေကာင္ေလးက သူျဖစ္ေနတာကိုး ဟမ္ က်န္႔ေယာင္”


လူေလးငါးေယာက္ခန႔္ သစ္ပင္ေတြေနာက္ကေန ထြက္လာတယ္။


ခုနေလးက ျငင္းခုန္ေနၾကတာကတစ္ေၾကာင္း၊ အလင္းေရာင္မရွိေမွာင္မဲေနတာကတစ္ေၾကာင္းေၾကာင့္ အထဲမွာလူရွိတာကို သူတို႔သတိမျပဳမိခဲ့ၾကျခင္းျဖစ္သည္။


ထိုလူေတြ မီးေရာင္ေအာက္ေရာက္မွ မ်က္ႏွာေတြကို ျမင္လိုက္ရသည္။ အံ့ၾသစရာပင္မရွိ၊ ထိုထဲက တစ္ေယာက္ဟာ အရင္တစ္ေခါက္က ျပႆနာလာရွာသူ ဖန႔္ေဟြ။


ခုနေလးက စကားစသူကလည္း သူပင္ျဖစ္သည္။
“တိုက္ဆိုင္လိုက္တာ၊ ခုပဲ မင္းအတန္းဆီကိုလိုက္သြားေတာ့မလို႔၊ ျဖစ္ခ်င္ေတာ့ မင္းကိုယ္တိုင္က ေရာက္လာတာကိုး၊ ကံၾကမၼာက ငါတို႔ကိုဆုံစည္းေပးလိုက္တာပဲ”


က်န႔္ေယာင္ကမူ သူ႔ကိုၾကည့္မလာ၊ ရင္းခ်ဲယ္ေနာက္က တစ္ေယာက္ကိုပဲ မမွိတ္မသုန္ၾကည့္ေနရင္းမွ :
“မင္းပဲကိုး”


ေနာက္ကလူကို ရင္းခ်ဲယ္မျမင္ရေပမယ့္၊ သူ႔ထက္အရပ္ရွည္ပုံရတာေတာ့ သူေျပာနိုင္တယ္၊ သန္လည္းသန္မာတယ္၊ လ်င္လည္းလ်င္တာမို႔ alphaတစ္ေယာက္ပင္ျဖစ္ရမည္။


“မေတြ႕ရတာၾကာၿပီ”
ထိုသူက ခပ္တိုးတိုးရယ္ကာ ညစ္က်ယ္က်ယ္အျပဳံးႏွင့္ :
“ေတာ္ေတာ္အပုန္းေကာင္းသကိုး၊ ငါ့မယ္ေတာ့ မင္းသတင္းၾကားရဖို႔အေရး ႏွစ္တစ္ဝက္ေလာက္ေတာင္ အခ်ိန္ယူလိုက္ရတယ္”


“ေက်ာင္းလည္း ေျပာင္းၿပီးသြားၿပီပဲ၊ ဘာကိစၥ လာရွာေနတာလဲ?”


“ေက်ာင္းေတာ့ ေျပာင္းၿပီသြားၿပီဆိုေပမယ့္လည္း Dong Chengအတြက္ တာဝန္ရွိတာကေတာ့ မင္းပဲျဖစ္ေနတုန္းပဲေလ၊ မင္းတစ္ရက္ေပၚလာတာနဲ႔ ငါတို႔ေတြ ေအးေဆးလြတ္လပ္တဲ့ေန႔ေတြကို ျပန္ရနိုင္ေတာ့မွာမဟုတ္ဘူး”


“အဲ့ေတာ့ မင္းက ငါ့ကိုဘယ္ေတာ့မွ Dong Chengကိုျပန္မလာေစခ်င္တာလား?”


“ဟုတ္တယ္ ေဝးေဝးသြားေလ ေကာင္းေလပဲ၊ ဘယ္ေတာ့မွ ျပန္မလာပဲနဲ႔”


ရင္းဇယ္ကလည္း ထိုသူကို ေစ့ေစ့စပ္စပ္အကဲခတ္ေနရာမွ :
“မင္းတို႔ ဘယ္သူေတြလဲ? သူနဲ႔ရန္စရွိတယ္ဆိုလည္း သူ႔ပဲရွာေလ၊ ငါ့ေကာကို ဘာကိစၥဖမ္းတာလဲ?”


“ဒီကညီ တစ္ဆိတ္ေလာက္ေနာ္၊ မင္းရဲ့ေကာကိုခနေလာက္ ငွားပါရေစ၊ မင္းလည္း ဒီေကာင္နဲ႔ျပႆနာနည္းနည္းရွိတယ္လို႔ ၾကားတယ္ အဲ့ေတာ့ ငါတို႔ကိုကူၿပီး အဲ့ေကာင္ကိုအရင္ ရွင္းလိုက္ၾကရင္ေရာ?”


က်န႔္ေယာင္ : “သူေျပာတာနားမေထာင္နဲ႔၊ အဲ့ေကာင္နာမည္က ေက်ာက္က်န္ရွန္း၊ အရင္က ေကာင္မေလးေတြကို လိုက္ေႏွာင့္ယွက္တာ ငါဖမ္းမိလို႔ သူ႔ကိုပညာေပးလိုက္တာ၊ ထပ္မလုပ္ေတာ့ပါဘူးကတိေပးသြားၿပီး ေနာက္ကြယ္မွာက် ငါ့ meimeiကိုျပန္ေပးဆြဲတယ္ေလ၊ သူက လူယုတ္မာေကာင္၊ သူေျပာတာေတြတစ္ခုမွ မယုံနဲ႔”


ရင္းဇယ္ : “မင္း ေျပာစရာမလိုဘူး!ငါ့ကိုေသာက္႐ူးမ်ားမွတ္ေနလား?”


က်န႔္ေယာင္ : “ဒါေပါ့”


ရင္းဇယ္ : “ေသာက္႐ူးေကာင္”


ရင္းခ်ဲယ္ရဲ့လည္ေခ်ာင္းမွာ အတင္းညႇစ္ခံထားရတာမို႔ အသက္ရွူရေတာင္ ခက္ခဲလာၿပီး၊ ေခါင္းေတြလည္းကိုက္ခဲလာသည္။
“မင္းတို႔ေတြ မခ်ၾကေသးဘူးလား”


“စကား‌ေျပာဖို႔ေတာင္ အားရွိေသးတယ္ေပါ့ေလ?”
ေက်ာက္က်န္ရွန္းက ပိုၿပီးအားထည့္ညႇစ္လိုက္သည္၊ မေနနိုင္စြာနဲ႔လည္း ရင္းခ်ဲယ္ကို ခနခနၾကည့္ကာ :
“မင္းေကာင္ေလးအသစ္ေလးက အေတာ္ေခ်ာသား၊ တစ္ေန႔ မင္းစိတ္ကုန္သြားလို႔ အႂကြင္းအက်န္ေလးမ်ားဆိုလည္း ငါကစိတ္မဆိုးပါဘူး”


ရင္းဇယ္ ခ်က္ခ်င္း ယမ္းပုံမီးက်ျဖစ္သြားကာ pheromoneေတြ ေထာင္းခနဲေပါက္ကြဲထြက္လာေတာ့သည္။
“မင္းပါးစပ္ကို သန႔္သြားေအာင္ ငါလုပ္ေပးမယ္!”


ဖန႔္ေဟြႏွင့္ တျခားသူေတြမွာ အသက္ရွူက်ပ္ကုန္ၿပီး ေနာက္ျပန္ဆုတ္ရသည္။ အားလုံးထဲမွာမွ pheromoneအားအျပင္းဆုံးမွာ ေက်ာက္က်န္ရွန္း၊ သူေတာင္ ရင္းဇယ္ထက္ အားနည္းသည္။ တိုက္ခိုက္ခံရမွုေၾကာင့္ လည္ပင္းကိုအတင္းညႇစ္ထားရာမွ အနည္းငယ္ ေျပေလ်ာ့သြားသည္။


ပထမကေတာ့ လူအေရအတြက္နဲ႔တင္ က်န႔္ေယာင္နဲ႔ေတာ့ တစ္ပြဲတစ္လမ္းႏႊဲလို႔ရမည္တြက္ထားတာ။ ဒီလိုမ်ိဳး က်န႔္ေယာင္ထက္ေတာင္ မေလ်ာ့နိုင္ေလာက္တဲ့ pheromoneနဲ႔ ဘုမသိဘမသိalphaတစ္ေယာက္ ႐ုတ္တရက္ႀကီး ေပၚလာမယ္မွန္းေတာ့ ဘယ္သူကသိမွာလဲ။


First Highက ဒီေလာက္ေတာင္ အင္အားႀကီးတယ္လား? ေနရာတိုင္းမွာ monster-level alphaေတြနဲ႔ေလ?


“ငါ့ကို မင္းအနိုင္ယူလို႔မရေတာ့ပါဘူး”
ရင္းဇယ္က အထင္ေသးစြာ ရွုတ္ခ်ေျပာသည္။
“မင္းလိုအမွိုက္မ်ိဳးကို ေကာ ဘာမ်ားၾကည့္ႀကိဳက္လဲမသိဘူး၊ တစ္စက္မွကို အသုံးမက်ဘူး”


က်န႔္ေယာင္က မ်က္ခုံးတစ္ဖက္ပင့္ကာ :
“ဘယ္သူ႔ကို အမွိုက္လို႔ေျပာလိုက္တာလဲ ဟမ္ တိတိ?”


တစ္စကၠန႔္ေလာက္ၾကာၿပီးေနာက္ သူ႔ pheromoneေတြကို ထုတ္လႊတ္လိုက္တယ္။


လွိုင္းလုံးအႀကီးႀကီးေတြလို တစ္ရိပ္ရိပ္ ဆန္တက္လာရာ ပင္လယ္ေရနက္ထဲမွာ နစ္မြန္းေနသလိုကို ခံစား‌ရေစတယ္။ ရင္းဇယ္ရဲ့အမူအရာပင္ ေဖ်ာ့ေတာ့သြားရတာမို႔ တစ္ဖက္က ေအးေဆးခ်င္ေယာင္ မနည္းေဆာင္ေနရတဲ့ ေက်ာက္က်န္ရွန္းတို႔၊ ေျခေထာက္ေတြ တုန္ရီေနတဲ့ ဖန႔္ေဟြတို႔နဲ႔၊ က်န္တဲ့သူေတြဆို ေျပာေနစရာပင္မလိုေတာ့။


ရက္ရာဇာ ျပႆဒါး မၾကည့္ပဲမ်ား ထြက္လာခဲ့မိလို႔လား? ကပ္ဆိုးႏွစ္ေကာင္နဲ႔မွ လာဆုံရတယ္လို႔


ထိုႏွစ္ေကာင့္သားကမူ ပိုပိုၿပီးေတာင္ ထက္သန္တက္ႂကြလာဟန္။ လွိုင္းေတြက ျပင္းသထက္ ျပင္းလာတယ္၊ ႏွစ္ေယာက္သား ဘယ္သူပိုျပင္းလည္း အားၿပိဳင္ေနၾကသလို။


ဖန႔္ေဟြကေတာ့ သည္းမခံနိုင္စြာေအာ္ဟစ္ေျပာေတာ့သည္။
“မင္း-မင္းတို႔ေကာင္ေတြ ေတာ္ၾကေတာ့! ခ်ခ်င္ရင္ ငါတို႔ကိုလာခ်!”


ေက်ာက္က်န္ရွန္းမွာလည္း မူးေဝလာတာမို႔ :
“pheromone သုံးၿပီး ၿပိဳင္ခ်င္တယ္ေပါ့ေလ! ခ်မွရမွာေပါ့!’


ေျမျပင္ကိုေတာင္ ကြဲအက္သြားေစေလာက္တဲ့ pheromoneထုထည္ေတြ၊ သို႔ေပမယ့္ ထိုအရာေတြအားလုံးကို နည္းနည္းေလးမွ မခံစားရတာေတာ့ လူတစ္ေယာက္သာ ရွိေလသည္။


“ခ်တာေပါ့!”
က်န႔္ေယာင္ ေအာ္ေျပာလိုက္သည္။


လက္ရည္ခ်င္းယွဥ္ခ်ေတာ့မယ္ေတြးေတာ့ ေက်ာက္က်န္ရွန္းရဲ့ စိတ္ဓာတ္ေလးလည္း ျပန္လည္ျမင့္တက္သြားၿပီး ခ်က္ခ်င္းဆိုသလိုပဲ ခံစစ္ကိုျပင္ဖို႔ စတင္ေတာ့သည္။ သူဘာမွေတာင္ စမလုပ္လိုက္ရေသးခင္မွာပဲ ႐ုတ္တရက္ႀကီး ေျခသလုံးက စူးစူးဝါးဝါးနာက်င္မွုကို ခံစားလိုက္ရကာ တစ္ကိုယ္လုံးဟန္ခ်က္ပ်က္သြားေတာ့သည္။


သူ႔ကမၻာႀကီးမွာ ခ်ာခ်ာလည္လို႔ ေျမႀကီးေပၚကို ဘိုင္းခနဲ။


ဖန႔္ေဟြ : “ရွန္းေကာ!”


ေက်ာက္က်န္ရွန္းက ေျမႀကီးေပၚမွာ လဲရက္ႀကီးႏွင့္ မယုံၾကည္နိုင္တဲ့အမူအရာျဖစ္ေနရွာသည္။
“ဖာ့ခ္၊ မင္းလိုomegaေကာင္က---“


ရင္းခ်ဲယ္ သူ႔ကိုေလးငါးေျခာက္ခ်က္ ထပ္ၿပီးပိတ္ကန္ေပးလိုက္သည္။


“အႂကြင္းအက်န္ဟုတ္လား? မင္းနဲ႔တန္လို႔လား?”


ဖန႔္ေဟြ : “......”


ရင္းဇယ္ : “....”


က်န႔္ေယာင္ကေတာ့ ေက်ာက္က်န္ရွန္းကိုထမရေအာင္ pheromoneေတြနဲ႔ထိန္းခ်ဳပ္ထားရင္း ေဘးမွ လက္ခုပ္လက္ဝါးတီးေပးလိုက္သည္။
“ေကာင္းလိုက္တဲ့ကန္ခ်က္! ကန္ထား! ငါေနတိုင္းရွင္သန္ေနရတဲ့ဘ၀ကို သူ႔ကိုေပးၾကဳံလိုက္စမ္းပါ!”


ရင္းခ်ဲယ္ေျခေထာက္ေလးက ေလထဲတြင္ရပ္တန႔္သြားလို႔ သူ႔ဘကိကိုတစ္ခ်က္လွည့္ၾကည့္လာသည္။
“မင္းက မေက်နပ္တာလား?”


“...မဟုတ္တာ၊ ငါက အဲ့ဒါနဲ႔ပဲ ထိုက္တန္တာကို”


ေက်ာက္က်န္ရွန္းက ပါးစပ္ထဲက ျမက္ေတြဖုန္ေတြအကုန္ေထြးထုတ္ကာ ေအာ္ေျပာသည္။
“မင္းတို႔ဘာေၾကာင္ရပ္ၾကည့္ေနတာတုန္း! ခ်ေလ!”


ထိုအခါမွပဲ တခ်ိဳ႕ေကာင္ေတြက အသိျပန္ဝင္ေတာ့တယ္။ က်န႔္ေယာင္က ေက်ာက္က်န္ရွန္းေပၚကိုပဲအာ႐ုံစိုက္ေနသည္၊ က်န္သူအားလုံးကေတာ့ လက္ကိုေခါက္တင္ လက္နက္ေတြကိုကိုင္ကာ ရင္းဇယ္ကိုအရင္ရွင္းဖို႔ ဦးတည္လိုက္ၾကသည္။


ရင္းခ်ဲယ္ : “ဂ႐ုစိုက္!”


ရင္းဇယ္က တုတ္ျဖင့္လႊဲရိုက္လာတာကို ေရွာင္လိုက္ၿပီး ထိုသူ႔ရဲ့လက္ေကာက္ဝတ္ကို ဆုပ္လိုက္သည္။ သူအားသုံးလိုက္တယ္ဆိုရင္ပဲ တစ္ဖက္လူက နာနာက်င္က်င္ေအာ္ေတာ့တယ္။ လက္ထဲက တုတ္ကလြတ္က်သြားေတာ့ တစ္ဝက္တြင္ပဲ သူလွမ္းဖမ္းလိုက္တယ္။


တုတ္ကိုဖမ္းၿပီး ေဝွ႕ရမ္းလိုက္ၿပီးေနာက္ တစ္ျခားတစ္ေယာက္ကိုရိုက္ကာ အေရွ႕ကေန သူ႔ကိုရြယ္ေနတဲ့ ဖန႔္ေဟြကို ေျခေထာက္နဲ႔ပိတ္ကန္လိုက္တယ္။


ေသသပ္ကၽြမ္းက်င္စြာနဲ႔ အားလုံးကို တစ္ၿပိဳင္တည္းတာဝန္ယူလိုက္တယ္။


“အေနာက္မွာေန!”


ရင္းခ်ဲယ္ကေတာ့ သူေျပာတာနားမေထာင္ပဲ ေရွ႕တိုးလာၿပီး ေခါက္ဓားနဲ႔ေနာက္ေန တိုက္ဖို႔ေခ်ာင္းေနတဲ့ေကာင္ကို ကန္တယ္။


“ေကာမင္းကိုကူမယ္”


ရင္းဇယ္က ေပ်ာ္မသြားတဲ့အျပင္ အမူရာက ပိုေတာင္ဆိုးလာေသးသည္။
“ခုမွဘာလာၿပီး ကူညီမွာလဲ? ငါ့ဟာငါကိုင္တြယ္နိုင္တယ္! မင္းကိုမလိုဘူး! လိုအပ္ေနတဲ့အခ်ိန္တုန္းက က် ဘာျဖစ္လို႔ထားခဲ့ရတာလဲ? အကိုေကာင္းတစ္ေယာက္လို ဟန္ေဆာင္တာေတာ့ ေတာ္ေတာ္တတ္!”


ရင္းခ်ဲယ္က ထိုေနရာတြင္ပင္ ရပ္သြားၿပီး အခ်ိန္အေတာ္ၾကာ ဘာစကားမွထြက္မလာေတာ့။


က်န႔္ေယာင္မွာ အစကေတာ့ ေက်ာက္က်န္ရွန္းကို အရင္ကိုင္တြယ္မလို႔တြက္ထားခဲ့ေပမယ့္ အ႐ူးတစ္ေယာက္လို ငူငူႀကီးရပ္ေနၿပီး အခ်ိန္မေရြးတိုက္ခိုက္ခံရနိုင္တဲ့အေနအထားက ရင္းခ်ဲယ္ကိုျမင္ေတာ့ ခ်က္ခ်င္းေျပးတက္လာသည္။
“အသိဝင္စမ္းပါ ေကာင္စုတ္ေလးရဲ့!ေၾကာင္ၿပီး ရပ္မေနနဲ႔! မင္းရဲ့တိတိက အမွိုက္သာသာရယ္! သူေျပာသမၽွလည္း အမွိုက္ေတြခ်ည္းပဲ!”


တိုက္ခိုက္ေနရင္းတန္းလန္းကေန ရင္းဇယ္က ျပန္ခံေျပာဖို႔လည္းမေမ့။
“မင္းကမွ အမွိုက္ကြ!”


pheromoneေတြရဲ့ ဖိႏွိပ္မွုလြတ္ကင္းသြားတာမို႔ ေက်ာက္က်န္ရွန္း ထရပ္နိုင္လာတယ္။ ေျမျပင္ေပၚက လက္နက္တစ္ခုကို အျမန္ေကာက္ကာ သတိလက္လြတ္ေနေနတဲ့ က်န႔္ေယာင္ဆီကို ေနာက္ကေနေျပးသြားလိုက္တယ္။


ရင္းဇယ္က ျမင္ေတာ့ လွမ္းေအာ္သည္။
“အ႐ူး!မင္းေနာက္မွာ!’’


“တိတိရယ္၊ ငါႏႊဲလာတဲ့ရန္ပြဲအေရအတြက္က မင္းတြဲခဲ့တဲ့ omegaေတြထက္ေတာင္ ပိုပါတယ္”
က်န႔္ေယာင္က ေဘးကိုယိမ္းလိုက္ၿပီး ေက်ာက္က်န္ရွန္းရဲ့ တိုက္ခိုက္မွုကို အလြယ္တကူေရွာင္လိုက္တယ္။ သူ႔ကို ပခုံးကေနတစ္ခ်က္ကိုင္ေပါက္မယ္အျပဳတြင္ပဲ လက္ထဲက လက္နက္ကိုသတိျပဳမိသြားတယ္။ ေနာက္ သူ႔အမူအရာကေျပာင္းသြားၿပီး ရင္းခ်ဲယ္ဆီကို အလိုလိုလွမ္းၾကည့္မိတယ္။


သူအမူအရာေျပာင္းသြားတာျမင္ေတာ့ ေက်ာက္က်န္ရွန္းကလည္း တစ္စုံတစ္ခုကိုသတိျပဳမိသြားဟန္။ ခ်က္ခ်င္းဆိုသလို သူ႔လက္က ေရွာင္ထြက္ကာ ေရွ႕မွာေၾကာင္ရပ္ေနတဲ့သူဆီကို ေျပးသြားေတာ့သည္။


“သတိထား!”
က်န႔္ေယာင္ လိုက္လာၿပီး ေက်ာက္က်န္ရွန္းကို ေကာ္လံကတစ္ဆင့္ကိုင္ကာ ျပန္ဆြဲထားလိုက္သည္။
“မင္း ေသခ်င္ေနတာပဲ---”


ထိုအခ်ိန္မွာပဲ ေက်ာက္က်န္ရွန္းက လက္ထဲကအရာအားပစ္ထုတ္လိုက္ကာ ရင္းခ်ဲယ္နဲ႔အနီးဆုံးမွာရွိေနသည့္ ရွုန္တိအားလွမ္းေအာ္သည္။
“ဖန႔္ေဟြ! လုပ္! သူ႔ကိုေရွာ့ခ္တိုက္လိုက္!”


ဖန႔္ေဟြကေတာ့ ရင္းဇယ္နဲ႔ခ်ေနရာက သူ႔စကားၾကားေတာ့ stun batonကိုဖမ္းကာ ပစ္မွတ္ေျပာင္းလိုက္သည္။
“ေကာင္းၿပီ!”


လၽွပ္တျပက္အတြင္းပင္ က်န႔္ေယာင္ရဲ့ pheromoneေတြ ေပါက္ကြဲထြက္လာေတာ့သည္။


ဖန႔္ေဟြတစ္ေယာက္ ဒူးေတြ ေပ်ာ့ေခြလာကာ တိုက္ခိုက္နိုင္စြမ္းလည္း လြင့္ျပယ္ကုန္သည္။ ယိုင္တီယိုင္နဲ႔နဲ႔ ေရွ႕ကိုတိုးသြားရာ ရင္းခ်ဲယ္နဲ႔ တစ္လွမ္းသာအလို။


“‌ေျပး!”
က်န႔္ေယာင္က လွမ္းေအာ္သည္။


ဒါေပမယ့္ ရင္းခ်ဲယ္အသိစိတ္က လုံးလုံးေပ်ာက္ကြယ္တာလား၊ အေၾကာက္တရားနဲ႔ ထိပ္တိုက္ရင္ဆိုင္ရခ်ိန္မို႔လားေတာ့မသိ၊ ထိုေနရာမွာတင္ မလွုပ္မယွက္နဲ႔ ေတာင့္ေတာင့္ႀကီး ရပ္ေနေတာ့သည္။


ရင္းဇယ္ကိုယ္တိုင္လည္း ဖန႔္ေဟြကတိုက္ခိုက္နိုင္စြမ္းမရွိေတာ့တာကို ျမင္တာမို႔ သြားမကူညီေတာ့ပဲ သူ႔ေရွ႕ကေကာင္ေတြကိုသာ အာ႐ုံစိုက္ထားလိုက္သည္။ သူ႔ပုံက ဇေဝဇဝါျဖစ္ေနဟန္။ က်န႔္ေယာင္က ဘာကိစၥ အဲ့ေလာက္ႀကီး စိုးရိမ္ျပေနမွန္း၊ သူ႔အကိုကလည္း ဘာကိစၥမလွုပ္မယွက္ေနေနမွန္း သူနားကိုမလည္နိုင္ေပ။


ထိုနားကို က်န႔္ေယာင္ အခ်ိန္မွီေရာက္မသြားနိုင္ခဲ့ေပ၊ ဖန႔္ေဟြက ရင္းခ်ဲယ္အား ထိုးလိုက္တာကို ကူကယ္ရာမဲ့စြာၾကည့္ေန႐ုံပဲ သူတတ္နိုင္ခဲ့သည္။


ထိုးလိုက္သည္က stun batonတစ္ခုနဲ႔။


ရင္းခ်ဲယ္က နည္းနည္းေလးမွ ျပန္မခုခံပဲ တစ္ကိုယ္လုံးတုန္ရီၿပီး ေနာက္ေတာ့ ေျမျပင္ေပၚပုံက်သြားသည္။


သူ သတိေမ့မသြားခင္ ျမင္လိုက္ရတာဟာ သူ႔ဆီကို စိုးရိမ္တႀကီးေျပးလာတဲ့ လူရိပ္ႏွစ္ေယာက္။ တစ္ေယာက္က အရင္ေရာက္လာၿပီး သူ႔ကိုဖမ္းေပြ႕သည္။ သန္မာတဲ့ လက္ေမာင္းေတြနဲ႔ ေႏြးေထြးလုံျခဳံတဲ့ ရင္ခြင္က်ယ္။


သူမ်က္ဝန္းေတြ စိတ္ခ်လက္ခ် မွိတ္ခ်လိုက္ေတာ့သည္။


______


 

Comment