Chapter - 43

စမ်းသပ်စစ်ဆေးမှုတွေနဲ့ ဆင်းရဲဒုက္ခတို့ အဆုံးမှာတော့ သူပိုးပန်းနေခဲ့တဲ့ကောင်လေးကို သူအမိဖမ်းနိုင်ခဲ့ပါတယ်။


ပထမတော့ ကျန့်ယောင်မှာ စိတ်ကူးလေးတွေရှိခဲ့တယ်။ တစ်ခုံတည်းထိုင်တဲ့ ထိုင်ခုံဖော်တွေလည်းဖြစ် တစ်ဆောင်တည်းမှာလည်းနေတော့ သူတို့လုပ်ချင်တာ လုပ်လို့လွယ်ကူတယ်။ စာသင်ခန်းထဲမှာ လက်လေးကိုင်တာတို့၊ ညနေပိုင်းအတန်းပြီးတဲ့အခါ သစ်ပင်တန်းလေးဆီသွားတာတို့၊ ပြီးလို့ အဆောင်ပြန်ရောက်တဲ့အခါလည်း ညနက်တဲ့ထိစကားတွေ တသီကြီးပြောကြမယ်တို့။ ပြီးရင်တော့ ကောင်စုတ်လေးက သူ့ကိုညပေးအိပ်တာပဲဖြစ်ဖြစ်ပေါ့....သူတို့ခံစားချက်တွေ အမြန်ဆုံး လေးနက်ခိုင်မြဲလာအောင်လို့။


ဒါပေမယ့်လည်း ဒီအပတ်ဟာ စာသင်နှစ်ရဲ့နောက်ဆုံးသောအပတ် စာမေးပွဲဖြေမယ့် အပတ်ဖြစ်ကြောင်းကိုတော့ သူမေ့လို့နေပါတယ်။


ထိုမနက်ပိုင်းတွေမှာတော့ သူတို့အနေနဲ့ စာသင်ခန်းထဲသွားဖို့မလိုတော့ပေ။ စာမေးပွဲခန်းသို့ တန်းဝင်ရုံသာဖြစ်သည်။


နှစ်ဝက်စာမေးပွဲတုန်းကတော့ သူတို့နှစ်ယောက်အဆင့်တူလောက်ဖြစ်ပြီး အမှတ်အနေနဲ့လည်း အရမ်းကြီးမကွာခြားပေ။ ဒီတစ်ခေါက်တွင်တော့ ကံမကောင်းအကြောင်းမလှစွာ အခန်းနှစ်ခန်းကွဲသွားရသည်။ ကျန့်ယောင်ကတော့ စာမေးပွဲတစ်ဘာသာဖြေပြီးတိုင်း အခန်းဆီပြန်ပြန်လာပေမယ့် ထိုင်ခုံဖော်လေးရဲ့အရိပ်ယောင်ကိုတော့ တစ်စွန်းတစ်စမျှ မမြင်ရသေးပေ။


ညနေပိုင်း self-studyချိန်မှာတော့ သူတို့တွေ့ရသည်၊ ဒါပေမယ့် သူ့မျက်ဝန်းထဲက မသမာတဲ့အရိပ်ယောင်တွေ မြင်ပြီးတဲ့နောက် ရင်းချဲယ်က သူနဲ့အတူသစ်ပင်တန်းဆီ သွားချင်တဲ့ဆန္ဒမရှိတော့ပေ။
“အဲ့ကိုသွားပြီး မင်းက ဘာလုပ်မှာလဲ?”


“ဘာလုပ်ရမှာလဲ လက်ကိုင်မယ် လမ်းလျှောက်မယ်ပေါ့...”


“လက်မကိုင်ပါဘူး”


ဒီလိုရင်းနှီးနေတဲ့ ငြင်းဆန်မှုမျိုး၊ ဒီလိုကျွမ်းဝင်နေရတဲ့ အေးစက်မှုမျိုး


ရင်းချဲယ်ဟာ လက်တွဲဖို့အတွက်ကို ပြတ်ပြတ်သားသားငြင်းဆန်လို့ တစ်ညလုံးလည်း သူ့တစ်ယောက်တည်းပစ်ထားလေတယ်။


သူတို့ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ချစ်သူရည်းစားဘဝလေးဟာ ဒီလိုနဲ့ပဲ လေးရက်သာကုန်ဆုံးသွားတယ် အရင်က ရှုန်တိဆက်ဆံရေးနဲ့ ဘာမှမကွာလိုက်ဘူး။ ငါးရက်မြောက်နေ့ ဘာသာရပ်အကုန်ဖြေဆိုပြီးချိန်တွင်တော့ ဆောင်းရာသီပိတ်ရက်ရောက်ပြီဖြစ်ကြောင်း ကျန့်ယောင် သတိရမိတယ်။


သုံးပတ်တည်းကြာမှာဆိုပေမယ့်လည်း သူ့အတွက်က သူ့ကောင်လေးကို သုံးပတ်ကြီးများတောင် မမြင်မတွေ့ရပဲနေရမှာလေ။ အချစ်တွေပေါ့ကုန်ရင်ဘယ်နှယ့်လုပ်မလဲ? တော်ကြာ ပြိုင်ဘက်(ရည်းစားလုဘက်)တွေပေါ်လာရင်ဘယ်နှယ့်လုပ်မလဲ?


ချစ်ရတာ ဘာလို့များ ဒီလောက်ခက်ခဲရတာလဲကွာ?


သောကြာနေ့မနက်ခင်းစာမေးပွဲတွေပြီးချိန်မှာပဲ ဝူကောကျုံက ကျောင်းသားတိုင်းကို စာသင်ခန်းဆီပြန်လာကြဖို့မှာတယ်၊ အဓိကကတော့ ကျောင်းပိတ်ရက်အိမ်စာတွေကို မမေ့လျော့ကြဖို့၊ ဆောင်းရာသီပိတ်ရက် အကြောင်းသိကောင်းစရာလေးတချို့ ဝေမျှဖို့နဲ့ ကျောင်းပြန်လာရမယ့်ရက်ကို မှာဖို့ဖြစ်မည်။ သို့ပေမယ့် ဘယ်သူကမှ နားထောင်ချင်တဲ့ဆန္ဒမရှိကြပေ။ ထိုနေ့ကျောင်းဆင်းချိန်မှာတော့ အားလုံးရဲ့ အသံက ဝူကောကျုံအသက်ထက်ကျယ်လောင်နေတော့တယ်။


“တာ့ရှုန်း! ဘတ်စကတ်ဘောကစားကြမလား?”


“စိန်လိုက်လေ! သွားမယ်!”


“ကျန်းခဲ့! ဒီညနေ အဖွဲ့လိုက်ဂိမ်းကို မမေ့နဲ့နော်!”


“ငါသိပါတယ် မှတ်မိပါတယ်ဟ! ခါတိုင်းအချိန်ပဲမလား ငါ့ကိုလာအပြစ်တင်မနေနဲ့!”


“မျိုးရိုးဟန်ရေ!’’
ချန်ရင်းရင်းက ပြေးလာတယ်။
“လောင်ဝူပြောသွားတဲ့ ဆောင်းရာသီပိတ်ရက် လုပ်အားပေးအစီစဥ်ကို နင်လိုက်မှာလား? ရန်းရီလဲ့နဲ့ ငါတော့ ဝင်မလားလို့”


ဟန်မုန့် : “မနှစ်ကပဲ ငါပါထားတယ်လေ၊ မူကြိုသွားပြီးအ‌ကောင်စုတ်လေးတွေ တစ်ပြုံနဲ့သွားဆော့ပေးရတာပါပဲ အလကား အချိန်ကုန်လိုက်တာများ...ဟဲ့ ကျန့်ယောင်က ကလေးချစ်တယ်မလား? သူ့ကိုမေးလိုက်‌လေ”


“ကျစ် အကြင်နာတရားခေါင်းပါးလိုက်တာ”
ချန်ရင်းရင်းက တစ်ဖက်လှည့်သွားပြီး လှမ်းအော်သည်။
“ကျန့်ယောင်ရေ လုပ်အားပေးအတွက် နင်စာရင်းသွင်းမလား? အကောင်စုတ်လေးတွေကို ထိန်းရမှာတဲ့”


ကျန့်ယောင် : “တော်ပြီ ငါ့မှာဂရုစိုက်စရာ ကောင်စုတ်လေးတစ်ကောင် ရှိပြီးသား”


ချန်ရင်းရင်း : “အင်းပါ...”


ထိုစကားကို ရင်းချဲယ်ကြားတော့ မတွေးပဲမေးလာသည်။
“မင်း meimeiက နိုင်ငံခြားသွားတာမဟုတ်ဘူးလား?”


ကျန့်ယောင်က သူ့ဆီကို ပြုံးစစနှင့် ခပ်တိုးတိုးပြောသည်။
“မင်းကလည်း ကောင်စုတ်လေးပဲ မဟုတ်ဘူးလား?”


“....မင်းကမှ ကောင်စုတ်လေး”
ရင်းချဲယ် လွယ်အိတ်ကိုကောက်လွယ်လိုက်သည်။
“ကလေးကလားနဲ့”


အဆောင်မှာ သိမ်းပြီးသားသူ့အဝတ်အိတ်ကတော့ မနက်ကပဲ အိမ်ကအစေခံတစ်ယောက် လာယူသွားတယ်။ အမှန်တော့ သူ့မှာသယ်စရာလည်း များများစားစားမပါပါဘူး၊ သုံးပတ်ပြီးရင်ပြန်လာရမှာမို့ အိတ်လေးတစ်လုံးတည်းသာ။ ဒါပေမယ့် ချောင်ဝမ့်ယွင်ကတော့ အစိုးရိမ်လွန်နေပြီး ကျောင်းကိုကိုယ်တိုင်လာသယ်လေတယ်။ အခုလည်း သူမက Class 1အနောက်တံခါးမှာ ရပ်နေပြီး အပြုံးလေးနဲ့ သူ့ကိုလက်ယက်လှမ်း‌ခေါ်တယ်။
“ရှောင်ချဲယ် မာမားသားကိုလာကြိုတာ”


အတန်းဖော်တွေကတော့ သဘောတကျ ချီးကျူးကြတယ်။
“ချဲယ်ကောမာမားက လှလိုက်တာဗျာ!”


ချောင်ဝမ့်ယွင်ကတော့ နားထောင်ရတာ ကျေနပ်အားရနေတာမို့ ရင်းချဲယ်လည်း ဘေးနားကအော်နေတဲ့သူတွေကို မတားတော့ပဲ သူမ နောက်ပဲလိုက်လာလိုက်တော့တယ်။


ကျန့်ယောင် ခမျာတော့ သူ့ကို နှုတ်ဆက်စကားမဆို၊ တစ်စက်ကလေးတောင် လှည့်မကြည့်ပဲ ထွက်သွားတဲ့ အသည်းနှလုံးမရှိတဲ့ သူ့ကောင်လေးကိုသာ အကြောင်သားကြည့်နေမိတော့တယ်။


ရေခဲမင်းသားလေးတစ်ယောက်ကို ကြိုက်ရတာလည်း တကယ်မလွယ်ဘူးပဲ....


အဆောင်က ဒီနေ့တော့ မိဘတွေရောဝင်ခွင့်ပေးတာကြောင့် ပစ္စည်းတွေ အထုပ်တွေသယ်ကူတဲ့မိဘတွေ ကျောင်းသားတွေနဲ့ ကျိတ်ကျိတ်တိုးနေတော့သည်။ တချို့ကတော့ အိပ်ယာခင်းတွေသယ်လို့ တချို့ကတော့ အဝတ်အိတ်တွေသယ်လို့။ သနားစရာ အထီးကျန်နေသူလေး ကျန့်ယောင်ခမျာမှာတော့ အကုန်လုံး ကိုယ့်ဟာကိုယ် လုပ်ရသည်။ တွေ့ရာအဝတ်တွေ စာအုပ်တွေကို ဖြစ်သလိုအိတ်ထဲထိုးထည့်ပြီး အိတ်ကိုသယ်လို့ အောက်ထပ်ကိုဆင်းလာခဲ့သည်။ ရင်ထဲမှာတော့ ဘယ်သူကမှသူ့ကိုမချစ်ပါဘူးဆိုပြီး ကြေကွဲငြီးငြူရင်း။ နောက် သူခေါင်းမော့လိုက်ချိန်မှာတော့ သူ့ရဲ့အသည်းနှလုံးမရှိတဲ့ချစ်သူလေးက အဆောင်တံခါးပေါက်မှာရပ်နေကြောင်းတွေ့လိုက်ရသည်။


ချက်ချင်းဆိုသလိုပဲ ကျန့်ယောင် အပြေးသွားလိုက်ပြီး အော်ပြောလိုက်သည်။
“မင်းအမေနဲ့ ပြန်သွားတာမဟုတ်ဘူးလား?”


လွယ်အိတ်ကိုလွယ်ထားရင်း ရင်းချဲယ်က သူ့အိတ်ဆီကို အေးစက်စက် တစ်ချက်လှမ်းကြည့်သည်။
“ငါနဲ့အတူလိုက်မလား?”


“လိုက်ချင်တယ်၊ ဒါမယ့် ကားထဲမှာ မင်းတိတိလည်း ပါမှာမလား? ငါကဘယ်နားသွားထိုင်ရမှာလဲ? အနောက်ခန်းထဲလား? ဒါမှမဟုတ် ငါ့ကို ကားနောက်ကနေကြိုးနဲ့ချည်ပြီးဆွဲသွားမှာလား?’’


ရင်းချဲယ် နှုတ်ခမ်းစွန်းလေးတွေ ကော့တက်သွားသည်။
“သူ့ကိုထည့်တွက်မနေနဲ့”


“ဒါပေါ့ ငါသူ့ကို ထည့်မတွက်ပါဘူး”
ကျန့်ယောင်က ရယ်သည်။
“ထားပါတော့ မင်းမာမားလည်းပါနေတော့ မကောင်းဘူး၊ နောက်နေ့မှ မင်းကိုလာတွေ့မယ်”


“သူမ မင်းကိုအရင်ကလည်း မြင်ဖူးတာပဲ”


“မတူဘူးလေ၊ ခုက ငါကမင်းကောင်လေးဖြစ်နေပြီလေ”


ရင်းချဲယ်မှာတော့ ထိုအသုံးအနှုန်းနဲ့ အသားမကျသေးတာမို့ မျက်နှာကိုတစ်ဖက်လွှဲလိုက်သည်။
“ကောင်းပြီလေ ဒါဖြင့်လည်း နောက်မှ တွေ့ကြတာပေါ့”


တစ်ဖက်လှည့်လိုက်တာကြောင့် ပေါ်လာတဲ့ နားနဲ့ ဆွယ်တာကော်လံကြားက သူ့ရဲ့လည်တိုင်ဖွေးဖွေး။


ကျန့်ယောင်မှာ အကြည့်ကို လွှဲပစ်ရသည်၊ ဒါပေမယ့်လည်း မနေနိုင်တော့ ပြန်ကြည့်မိပြန်သည်။
“ဒါဖြင့်....ပိတ်ရက်ကျ မင်းကို အပြင်ထွက်ဖို့ခေါ်လို့ရမလား?“


“အွန်း”
ရင်းချဲယ်က နှုတ်ခမ်းကိုစေ့ထားပေမယ့် အထက်ကိုတော့ အနည်းငယ်ကော့တက်နေသယောင်။
“ဒါမယ့် ညအိပ်တော့မရဘူး’’


“ဟမ်? ဘာလို့လဲ?”


‘‘စောလွန်းသေးတယ်”


“.....”


သေစေနိုင်လောက်တဲ့ ထိုးနှက်မှုပဲ...ဒီလိုမျိုး မရှင်းမရှင်းအတွေးတွေ
သူ့ကောင်စုတ်လေးက natural flirtလေးဖြစ်မယ်လို့ ကျန့်ယောင်တစ်ယောက် တွေးမိတယ်။
သူဘယ်လောက်ထိ တောင့်ခံနိုင်မလဲမသိဘူး
(T/n : Natural flirtဆိုတာ ဘာရယ်မဟုတ်ပဲ ဒီတိုင်းပြောလိုက်မိတာ၊ အဓိပ္ပါယ်ကိုသူများအကောက်လွဲသွားမှာတွေ ဘာတွေမသိပဲ‌ ပြောတာမျိုးကိုပြောတာပါ)
      


အိမ်ပြန်ရောက်တော့ ချောင်ဝမ့်ယွင်က အရင်ဆုံး သားနှစ်ယောက်နဲ့ ဓာတ်ပုံရိုက်ပြီး Friend Circleမှာတင်တယ်။
“သားလေးနှစ်ယောက် ဆောင်းရာသီကျောင်းပိတ်တုန်း၊ ဒါတောင် အလုပ်ကများနေသေးတာ”


ရင်းအိမ်တော်သခင်လေးနှစ်ယောက်ရဲ့ ချောမောမှုမှာ လူသိများလေသည်။ မိနစ်ပိုင်းအတွင်းပင် likeပေါင်းများစွာနဲ့ ကောမန့်ပေါင်းများစွာ လျှံကျလာတော့သည်။ ချောမောမှုကိုချီးကျူးကြတာတွေအပြင် ကောမန့်အများစုကတော့ လက်တွဲဖော်မရှိသေးဘူးလား ဘာညာမေးမြန်းကြတာပင်။


ရင်းဇယ်က နှစ်ရက်သုံးရက်တစ်ခါ အတွဲပြောင်းနေတယ်ဆိုပေမယ့် သူ့မှာကိုယ်ကျင့်တရားနဲ့ အသိစိတ်ရှိပြီး မဆင်မခြင် မလုပ်ဘူးဆိုတာ ချောင်ဝမ့်ယွင်ယုံကြည်တာမို့ သူ့ကိုတော့ လွှတ်ထား‌ပေးလိုက်တယ်။


ကျန်တဲ့ သားတစ်ယောက်အတွက်ကတော့ ရည်းစားရှိလား ဘာလားပင် သူမ အသေအချာမသိပေ။


ညစာစာပြီးချိန်မှာတော့ ချောင်ဝမ့်ယွင်တစ်ယောက် အသီးသွားပို့ရင်း ကြုံကြိုက်လို့မေးသယောင်နှင့်မေးသည်။
“ရှောင်ချဲယ် သားကျောင်းမှာရော အဆင်ပြေရဲ့လား? သားအတန်းဖော်တွေနဲ့ရော?”


ရင်းချဲယ်က ဖုန်းကိုရမ်းပြပြီး :
“ခုပဲ သူတို့နဲ့ပြောနေတာ”


ချောင်ဝမ့်ယွင်မှာ အံ့သြဝမ်းသာသွားသည်။
“တကယ်? မာမားကြည့်လို့ရမလား?”


ရင်းချဲယ် chat logကိုကြည့်လိုက်တော့ သူမ မမြင်သင့်တာရယ်လို့မပါတာကြောင့် ဖုန်းကိုကမ်းပေးလိုက်သည်။


ချောင်ဝမ့်ယွင်မှာ သူငယ်ချင်းတစ်ယောက်လောက်လို့ ထင်ထားပေမယ့် သူငယ်ချင်းအဖွဲ့လိုက်ဖြစ်နေလေသည်။


ဟန်မုန့် : [ဒီ facial maskက အတော်လေးကောင်းတယ် @ချန်ရင်းရင်း အတန်းမော်နီတာရေ မင်းဒါယူမလား? မင်းကိုနည်းနည်းပေးမယ်လေ ဒါမှ မင်းအမြဲတမ်းကြမ်းထော်မနေအောင်လို့]


ချန်ရင်းရင်း : [သခင်မက‌ မွေးကတည်းက natural beauty ၊ မလိုဘူး]


ကောကျစ်ရှုန်း : [တကယ်ထိရောက်လား? ငါ့ကို ဖွေးအောင်လုပ်ပေးနိုင်လား? မင်းအဆင်ပြေရင် ငါ့အတွက်နည်းနည်း‌ပို့ပေးပါကွာ]


ကျန်းခဲ့ :[ F*ck တာ့ရှုန်း ဘယ်လိုဖြစ်တာလဲ? မင်းက အလှပဂေးလေးလုပ်တော့မလို့လား?]


ကောကျစ်ရှုန်း : [ငါ့ကောင်မလေးကကွာ ငါ့ကိုအသားမည်းလို့တဲ့... အာ့ကြောင့် ဒီပိတ်ရက်လေးမှာ နည်းနည်းလောက်ပြောင်းလဲသွားအောင်လုပ်မလို့]


ဟန်မုန့် : [မင်းအသားဖွေးချင်ရင် suncreenလိမ်းပြီး နေနဲ့မထိတွေ့အောင်နေ၊ နေ့တိုင်းဘတ်စကတ်ဘောထွက်ကစားနေမှတော့ မဲတုန်းနေတာမဆန်းတော့ပါဘူး၊ င့ါ facial mask ကတော့ မင်းအသားကိုလင်းလာစေမှာပါ ဒါမယ့် နှစ်ပတ်သုံးပတ်လေးနဲ့ နှင်းလိုဖြူဖွေးနေဖို့ကတော့ မဖြစ်နိုင်ဘူး]


ကောကျစ်ရှုန်း : [ဒါဆို အဖြူမြန်တဲ့နည်းလေးများရှိလား? ဒီလိုကိစ္စတွေ မင်းပဲ အသိဆုံးမဟုတ်လား? ငါ့ကို အမြန်‌သင်ပေးစမ်းပါ]


ဟန်မုန့် : [အဖြူမြန်တဲ့ productsတွေက မင်းအသားရေကိုထိခိုက်စေတတ်တယ်၊ မင်းကိုသတိထားဖို့တော့ ငါအကြံပေးမယ်၊ တခြားနည်းကတော့....ငါလည်း အဲ့တာတွေသိပ်မသိဘူး၊ မင်းနေရာမှာသာဆို အတန်းထဲက အဖွေးဆုံးလူကို မေးရမှာ @ရင်းချဲယ် ချဲယ်ကောရေ ကျွန်တော်တို့ကို onlineကနေလမ်းညွှန်သင်ကြားပေးပါဦး!]


ကျန့်ယောင် : [သူက မွေးကတည်းကလေ ]


ဟန်မုန့်: [လာပြန်ပြီ မင်းကို မမေးဘူး!]


ချောင်ဝမ့်ယွင်က လူငယ်လေးတွေရဲ့ messageကိုအားတက်တရော ဖက်ကြည့်နေတုန်း သူ့သားကစကားလုံးသုံးလုံးပြန်ပို့လိုက်တဲ့‌ေနရာရောက်လာလေသည်။
[ဆေးသုတ်လိုက် ]


“ရှောင်ချဲယ်....”
ချောင်ဝမ့်ယွင်မှာတော့ ငိုရခက်ရယ်ရခက်။
“ဒီလိုမျိုးကြီး ပြန်ပြောလို့ အဆင်ပြေပါ့မလား?”


“အဆင်ပြေတယ် သူတို့စိတ်ထဲမထားဘူးရယ်”


ချောင်ဝမ့်ယွင်က ဆက်ဖတ်တော့ မက်ဆေ့အသစ်တစ်ချို့တွေ့ရသည်။


ကောကျစ်ရှုန်း : [ရက်စက်လိုက်တာ ချဲယ်ကောရယ်....]


ကျန့်ယောင် : [ချဲယ်ကောက မင်းကို replyပြန်တာတောင် လွန်လှပြီ၊ ငါ့ဆို private messageတောင် reply မပြန်ဘူး၊ မင်းကိုဦးညွှတ်လိုက်တော့မယ်]


ကျန်းခဲ့ : [ဟမ် ဘာရယ်? မင်းတို့နှစ်ယောက်က private messageမှာတောင် သီးသန့်ပြောစရာ လျှို့ဝှက်စကားတွေရှိတယ်ပေါ့လေ?]


ကျန့်ယောင် : [မင်းက လျှို့ဝှက်စကားလို့ခေါ်နေမှတော့ ပြောပြလို့ဘယ်ဖြစ်ပါ့မလဲ?]


ရင်းနှီးသယောင်နာမည်လေးကိုကြည့်ပြီး ချောင်ဝမ့်ယွင် ပြန်တွေးကြည့်သည်၊ နောက်တော့ မှတ်မိသွားတယ်။
“ကျန့်ယောင်ဆိုတာ မင်းထိုင်ခုံဖော်မလား? ခုလေးတင် သူမင်းကို private messageပို့လိုက်တယ်လို့ပြောတယ် မင်းက စာမပြန်ဘူးတဲ့”


ရင်းချဲယ် အံ့သြသွားပြီး လက်ဆန့်လိုက်သည်။
“ခုနလေးမှ ပို့လိုက်တာနေမယ်၊ ကျွန်တော် မမြင်လိုက်လို့”


ချောင်ဝမ့်ယွင်ကတော့ သူ့ရဲ့ private messageတွေကို လိုက်ကြည့်မနေတော့ပဲ ဖုန်းကိုပြန်ပေးလိုက်သည်။
“သားအတန်းဖော်တွေနဲ့ ခုလိုတရင်းတနှီးရှိတာမြင်ရတာ မာမားစိတ်ချမ်းသာလိုက်တာကွယ်”


“အွန်း”
ရင်းချဲယ်ကတော့ ဟိုတွေးဒီတွေးနှင့် ပြန်ဖြေတယ်။


“သားလည်း အရွယ်ရောက်တော့မယ်လေ....”
ချောင်ဝမ့်ယွင်က သူမစကားကို အသေချာတွေးဆပြီးမှ
“အဲ့တော့...မင်းစဥ်းစားကြည့်ပြီးပြီလား?”


“ဘာကိုစဥ်းစားတာလဲ?”


“လက်တွဲဖော်ရှာဖို့လေ၊ ကျောင်းမှာ သားသဘောကျတဲ့သူတစ်ယောက်ယောက်ရှိလား? မရှိရင်လည်း မာမားမှာ သားချောချောလေးတွေရှိတဲ့ အသိတချို့ရှိတယ် အကုန်လုံးက ထူးချွန်ထက်မြက်တဲ့ alphaတွေချည်းပဲ....”


“ကျွန်တော် စဥ်းစားကြည့်လိုက်ပါ့မယ်”
အမှန်တော့ ကျွန်တော်စဥ်းစားပြီးသွားပြီ
“ကျွန်တော့်ဘာသာရှာလိုက်မှာမို့ အဲ့ကိစ္စကို မားမစိုးရိမ်ပါနဲ့”


ချောင်ဝမ့်ယွင် သက်သာရာရသလို သက်ပြင်းချလိုက်တယ်၊ သူမ အရမ်းကို စိတ်ကျေနပ်နေတယ်။
“ကောင်းတယ်...သားက alphaတွေနဲ့ပက်သက်လာရင် အတိုက်အခံလုပ်တတ်တော့ မာမားက ဒီအကြောင်းမပြောရဲတာ၊ ကြည့်ရတာတော့ ဒေါက်တာဖုန်းရဲ့ ကုသမှုက ထိရောက်တယ်ထင်ပါ့ သူ့ကိုတော့ ကျေးဇူးတင်ကြောင်း ပြန်ပြောဦးမှဖြစ်မယ်”


ဒါက ဒေါက်တာဖုန်းနဲ့ ဘာမှမှ မဆိုင်ပဲကို
ရင်းချဲယ် ပြောလိုက်ချင်တယ်။ ကျန့်ယောင်နဲ့ နီးကပ်ချိန်တိုင်း သူကျင့်သားမရဖြစ်နေတုန်းပဲ။


ကျန့်ယောင်ဖြစ်နေလို့သာ ကျန့်ယောင်ဖြစ်နေလို့သာ သူခနလောက် တောင့်ခံထားနိုင်တာ၊ အဲ့လောက်ပဲ။


အခန်းထဲက ချောင်ဝမ့်ယွင်ထွက်သွားချိန်တွင်တော့ group chatထဲမှာက အကြောင်းရာသုံးလေးမျိုးလောက်ပြောပြီးသွားလို့ အခုတော့ အိမ်စာတွေအတွက် အသီးသီးတာဝန်ခွဲအပ်ဖို့အကြောင်း ဆွေးနွေးနေကြလေရဲ့။


ရင်းချဲယ် group chatထဲက ထွက်လိုက်တော့ ကျန့်ယောင်က တကယ်ကြီး မက်ဆေ့တစ်ခု‌ပို့ထားတာပဲ၊ တကယ်တော့ တစ်ခုထက်ပိုတယ်။


[ဘာလုပ်နေလဲ? ငါ့ကိုလွမ်းလား?]


[အိမ်မှာတစ်ယောက်တည်းနေရတာ ပျင်းစရာကောင်းလိုက်တာကွာ...ငါအပြင်ကပဲ မှာစားလိုက်ရတယ်]


[ဒါပေမယ့် ငါကတကယ် ဟင်းချက်တတ်တယ်နော်၊ မင်းအိမ်လာရင် ငါကိုယ်တိုင် မင်းအတွက်ချက်ပေးမယ်]


[ဘာဖြစ်လို့စာမပြန်ရတာလဲ ဟမ်? ကောင်စုတ်လေးရာ အိမ်ပြန်ရောက်သွားတယ်ဆိုတာနဲ့ပဲ ကိုယ့်ကောင်လေးကို လစ်လျှူရှုလိုက်ရလား?]


[နံပါတ်ကလေးတစ်ခုပဲ စာပြန်ရင်ကို ကျေနပ်ပြီ...]


ရင်းချဲယ်လည်း [1] ဆိုပြီး replyပြန်လိုက်သည်။   


ဆယ်စက္ကန့်လောက်ကြားပြီးတဲ့နောက် ကျန့်ယောင်ဆီက အသံမက်ဆေ့လေးရောက်လာသည်၊ အသံထဲမှာကိုက အပြုံးအရိပ်ယောင်တွေ ထင်ဟပ်နေသေးသည်။
“မင်းကို နံပါတ်တစ်ခုပဲ စာပြန်ဆိုတော့ တကယ်ကြီး တစ်ခုတည်းပြန်ပို့တယ်ပေါ့? ငါဘ၀ကလည်း သနားစရာကောင်းလိုက်တာနော်၊ အရင်ကတော့ အသုံးမကျတဲ့သားလေး၊ ခုတော့ အသုံးမကျတဲ့ရည်းစားဖြစ်နေပြီ၊ မင်းငါ့ကို နည်းနည်းလေးပိုဂရုစိုက်ပြီး နည်းနည်းလေးစိတ်ပူပေးလို့မရဘူးလား ဟင်?”
(T/n : အသုံးမကျတာထက် အရေးလုပ်မခံရတာပါ)


ရင်းချဲယ်အိပ်ယာပေါ်ထိုင်ပြီး ခေါင်းအုံးကို ပေါင်ပေါ်ထင်လို့ သက်သောင့်သက်သာဖြစ်မယ့် အနေအထားကိုပြင်ယူလိုက်သည်။ နောက် video call လေးကိုနှိပ်လိုက်သည်။


‘‘video callဖြေ၊ ငါက ‘ဂရုစိုက် ပူပန်တဲ့’ပက်ကေ့ပို့ပေးလိုက်တာ”


Screenပေါ်မှာ ကျန့်ယောင်ရဲ့ မျက်နှာပေါ်လာသည်။ ရေချိုးပြီးစဖြစ်မယ်ထင် ဆံပင်တွေက စိုနေတုန်းပဲ။ သူ့ပုံစံမှာ shoujo mangaတွေထဲက ချောမောတဲ့ဇာတ်လိုက်နဲ့ပင်တူသည်။


“F*ck ရင်တောင်ခုန်သွားတယ်၊ ရုတ်တရက်ကြီး ခေါ်တာ ဘာအကြောင်းကြောင့်ပါလိမ့်? ငါ့ကိုလွမ်းလို့လား?”


ကျန့်ယောင်ကတော့ သူ့အမေးကို လက်ခံဖြေမယ်လို့ ထင်မထားတာမို့ ကရားရေလွှတ်လျှောက်ပြောတော့သည်။


“အင်း”
ရင်းချဲယ်ရဲ့ ညဝတ်အင်္ကျီက လျော့ရဲရဲ၊ ဒါ့ကြောင့် ခါတိုင်း အပြည့်အဝကွယ်ဝှက်ထားတတ်တဲ့ လည်တိုင်လေးက ခုတော့အလုံးအလျားလှစ်ဟနေကာ ‌ဖြူ‌ဖွေးဥပြီး တောက်ပလွန်းလို့ မျက်စိ‌တောင်ကျိမ်းမတတ်။
“ငါ မင်းကို နည်းနည်း‌လေးတော့ လွမ်းတယ်”


Screenက ချက်ချင်း မှောင်ကျသွားပြန်ရော။


အရင်တစ်ခေါက်ကလိုပဲ timerကတော့ ဆက်သွားနေဆဲ။


“အချိန် ငါးစက္ကန့်လောက်ပေး၊ ငါ့စိတ်တွေ ရှင်းလင်းဖို့လိုတယ်!”


“....ငါဖုန်းချတော့မှာ”


“မချနဲ့ မချပါနဲ့!”
screenက တစ်ဖန်ပြန်လင်းလာတယ်။ ကျန့်ယောင်က သူ့မျက်နှာတစ်ခြမ်းကိုကာထားပြီး နားရွက်တွေကလည်း နည်းနည်းလေး ရဲနေတယ်။
‘’F*ck ငါ့ကိုယ်ငါ အရေပါး(အရှက်သည်း)တယ်လို့ ခံစားရတာ ဒါပထမဆုံးအကြိမ်ပဲ”


“အရေပါးတဲ့လူတွေက အဲ့လို ဘဝင်ခိုက်နေတဲ့ မေးခွန်းမျိုးတွေမမေးဘူး”
ကိုယ့်မျက်နှာကိုယ်လည်း ရင်းချဲယ်ပြန်ထိကြည့်တယ်။ တော်သေးတာပေါ့ သိပ်တော့မပူဘူး၊ သူ့အရှက်သည်းမှုက သိပ်မသိသာလို့ဖြစ်မယ်။


နှစ်ယောက်သားမှာ ရုတ်တရက်ကြီး ပြောစရာစကားမရှိဖြစ်ကုန်ကြတယ်။


ကျန့်ယောင်ဆိုတာ ပုံမှန်ဆိုရင်တော့ မကြားဝံ့မနာသာတွေရော မျိုးစုံပြောနေကျ။ ဒါပေမယ့် အခုလို အချစ်အကြောင်းအလေးအနက်ပြောချိန်တွင်တော့ သူဟာ ပထမဆုံးအကြိမ်ချစ်ကြိုက်ဖူးတဲ့ ကျောင်းသားလေးတစ်ယောက်လို ဖြူစင်ရိုးသားနေတုန်းပဲ။


အမှန်တကယ်လည်း သူ့ရဲ့ ပထမဦးဆုံးသော အချစ်အတွေ့အကြုံပါပဲ။


“ငါမင်းကိုယ်ဘယ်တော့လာတွေ့လို့ရမှာလဲ? မနက်ဖြန်ဆိုရင်ရော?”
ဖြစ်နိုင်ရင် အတောင်ပံတွေပေါက်ပြီးသာ ချက်ချင်းပျံသန်းသွားလိုက်ချင်တာ။


“မနက်ဖြန်မရဘူး”


“အင်းပါ”
ကျန့်ယောင် ခနလောက် တန့်သွားပြီးမှ မေးသည်။
“ဘာလို့မရတာလဲ?”


အစကတော့ ရင်းချဲယ်မှာ ပြောဖို့စိတ်ကူးမရှိသော်ငြား သူကမေးလာမှတော့ သူလည်းဖြေလိုက်တော့တယ်။
“ရောဂါကိုသွားကုသရမယ်လေ ငါ့ကောင်လေးအတွက်”


ကြည်နူးအံ့သြဟန် အရိပ်ယောင်တွေ ကျန့်ယောင် မျက်ဝန်းထဲဖြတ်ပြေးသွားသည်၊ နောက်မှ စိုးရိမ်တဲ့လေသံနှင့်ပြောသည်။
“ကုသမှုက တကယ်ပဲ နာမှာလား?”


သူ့အနေနဲ့က ဒီလို beta pheromoneချို့တဲ့မှုရောဂါမျိုးနဲ့ ပက်သက်လို့ ဘာဆိုဘာမှမသိပေ။ အရင်တစ်ခေါက် ရင်းချဲယ်သူ့ကိုပြောပြတုန်းကတော့ ဒီလိုပုံစံတူဖြစ်စဥ်တွေကို onlineမှာရှာကြည့်သေးသည်။ တချို့လူတွေကတော့ ကုသမရဘူးပြောကြတယ်၊ တချို့ကျပြန်တော့လည်း ကြီးလာတဲ့အခါ ကိုယ်ခန္ဓာထဲက pheromoneတွေကလည်း ရင့်သန်လာတာမို့ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်တယ်တဲ့။ သူတော့ ဘယ်ဟာကိုယုံရမှန်းမသိတော့ပါ။


ကုသဖို့နည်းလမ်းအများစုကတော့ ဆေးဝါးမှီဝဲဖို့ပဲ၊ ဒါကတော့ ဆိုးကျိုးသိပ်ရှိမယ်မထင်၊ ဒါပေမယ့် အများစုကတော့ ရောဂါကိုကုနေရတာက အလုပ်ရှုပ်တယ်လို့ပဲ တွက်ကြတယ်။ ဘယ်လိူပဲဖြစ်ဖြစ် pheromoneဆိုတာ heatမဖြစ်တဲ့ betaတွေအတွက်က အဲ့လောက်မှ အရေးမကြီးပဲကို။ betaအချင်းချင်းပဲတွဲနေသရွေ့ကတော့ ရောဂါကုဖို့ဆိုတဲ့ အကြောင်းပြချက်က ခိုင်ခိုင်မာမာမရှိပေ။


ရင်းချဲယ်ကိုယ်တိုင်လည်း မကုသပဲထားမှာ ဖြစ်နိုင်သည်။ သူ့အနေနဲ့ အခုအရွယ်ထိပဲ ကောင်းကောင်းကြီး ကြီးပျင်းလာခဲ့သေးတာပဲ မဟုတ်လား? ဒါပေမယ့်လည်း သူ့လက်တွဲ‌ဖော်က alphaတစ်ယောက်ဖြစ်တဲ့ သူဖြစ်နေတာကြောင့်ပဲ သူ့အတွက်နဲ့ ကုသမှုခံယူရတော့မယ်။


ကျန့်ယောင်ရင်ထဲမှာ နည်းနည်းတော့ အပြစ်မကင်းသလို ခံစားရတယ်။


“နာမယ်ဆို မကုနဲ့နော်ကွာ၊ ငါစိတ်ထဲမထားဘူး”


ရင်းချဲယ်က ‘’အင်း’’လို့သာ ပြန်ဖြေသည်။


သူစိတ်ထဲမထားဘူးတဲ့ သူပြောတာတော့ သူစိတ်ထဲမထားဘူးတဲ့၊ ဒါပေမယ့်လည်း ကုသလို့ရခဲ့ရင် ကျန့်ယောင်က ကျိန်းသေ အရမ်းပျော်နေမှာ၊ ခု‌နလေးက သူ့မျက်ဝန်ထဲကအကြည့်နဲ့ကို အကုန်ပြောပြပြီးသား


“မင်းမက်ဆေ့ပို့ဖို့ အချိန်ရတိုင်း ငါရှိနေမယ်”
ကျန့်ယောင်က ဆံပင်ကို တာဝါတစ်ထည်နဲ့သုတ်နေရင်း :
“အတူရှိမနေနိုင်ရင်တောင် မင်းအားတဲ့အချိန်တိုင်း စကား‌ပြောလို့ရတယ်နော်”


“တတ်နိုင်သ‌လောက်ပေါ့”
ရင်းချဲယ်က သူ့ကိုအကြာကြီးကြည့်နေရာမှ :
“မင်းလက်ပတ်ရော?”


ကျန့်ယောင် လက်ကောက်ဝတ်မှာက ဘာမှရှိမနေဘူး။


“ချွတ်ပြီးလျှော်ထားလို့ မနက်ဖြန်မှ ပြန်ပတ်လိုက်မယ်’’


“မင်းဟာကျ ဘယ်လိုလုပ် ဖြည်လို့ရတာလဲ?”
ရင်းချဲယ်က သူ့ခြေဖဝါးလေးကို လှုပ်ရမ်းကြည့်ရင်း
“ငါ့လိုမျိုး အသေချည်ထားတာမဟုတ်ဘူးလား?”


ထိုနေ့က ကျန့်ယောင်ကို သူအဖြေပေးပြီးနောက် ကျန့်ယောင်က နေ့တွင်းချင်းပဲ အနီရောင်လတ်ပတ်ကြိုးတစ်ချောင်း အမြန်ပြန်ကျစ်ပေးတယ်၊ အရင်တစ်ခုထက် ကြည့်ပျော်ရှုပျော်ရှိတဲ့ဟာလေး၊ သူ့ကို ခြေထောက်မှာပဲ ပတ်ရမယ် တကဲကဲလုပ်တယ်။


“လက်ကောက်ဝတ်မှာ မပတ်ပေးဘူးလား?”


“စင်တူလက်ကောက်တွေက ရိုးနေပြီ၊ တစ်ခုခုဆန်းသစ်တာလေးလုပ်တာပေါ့ တစ်ယောက်က လက်၊ တစ်ယောက်က ခြေထောက်၊ တအားကို creativeဖြစ်တယ်”


ရင်းချဲယ်တော့ သူ့ဦးနှောက်ကို နားမလည်နိုင်တော့ပေ။


ကြိုးက အတော်လေးကို တင်းတင်းကျပ်ကျပ်ထုံးချည်ပြီး ပတ်ထားတာ။


alphaတစ်ယောက်ရဲ့ ရယူပိုင်ဆိုင်လိုမှုတွေဟာ အရိုးထိအောင် ထွင်းထုထားတာဖြစ်မယ်။


“အဲ့လိုချည်ပုံမျိုးက လွယ်လွယ်နဲ့ ပြေမှာမဟုတ်ဘူး၊ ပေသွားတယ်ထင်ရင် ငါတို့ကတ်ကြေးနဲ့ဖြတ်လိုက်ကြမယ်လေ၊ ပြီးမှ မင်းကိုအသစ်တစ်ခုပြန်လုပ်ပေးမယ်”


“ထားလိုက်ပါတော့”
သူ့မှာ အဲ့ဒါကိုချွတ်ဖို့ရည်ရွယ်ချက်မရှိဘူး။
      
ရင်းချဲယ်က သူ့ဘောင်းဘီစအောက်နားကို ဆွဲတင်ကာ ငုံ့ကြည့်သည်။
“အရောင်က တောက်လွန်းတယ်၊ အရင်တစ်ခုက သိပ်မရဲသလားလို့”


“တကယ်လား? ပြကြည့်”


ရင်းချဲယ်လည်း ဘာမှတွေးမနေပဲ back cameraကို ပြောင်းကာ pajamasကိုခြေချင်းဝတ်နဲ့ ခြေသလုံးပေါ်သည်အထိ ဆွဲတင်လိုက်သည်။
“အဲ့မှာ”


ကြိုးက တကယ်ကိုရဲတောက်နေသည်မှာ လတ်လတ်ဆတ်ဆတ် ရင့်မှည့်ထားတဲ့ ချယ်ရီသီးလေးလိုပဲ။ သူ့ရဲ့ခြေချင်းဝတ်ဖွေးဖွေးလေးမှာမှ ရစ်ပတ်ချည်နှောင်ထားတော့ မယုံနိုင်လောက်အောင်ပင် ခမ်းနားထည်ဝါလျက်၊ သိမ်မွေ့လှပပြီး ဆွဲဆောင်ဖျားယောင်းနေသလိုခံစားချက်မျိုးပေးစွမ်းတယ်။


ကျန့်ယောင်မှာ ဘယ်နားကြည့်လို့ကြည့်ရမှန်းကို မသိတော့‌ပေ။


“ဟုတ်တယ်...နည်းနည်းတောက်တယ်ထင်တယ် နောက်တစ်ခါအတွက် ငါသိပြီ”


နောက်တစ်ခါလည်း ဒီအရောင်ပဲ ထပ်ရွေးမှာ


ရင်းချဲယ်က selfie cameraကိုပြန်ပြောင်းလိုက်သည်။
“တခြားရှိသေးလား? မရှိရင် ငါချတော့မယ်”


“မရှိတော့ဘူး စောစောအိပ်နော်”


“အင်း good night”


“Good night”


အသည်းနှလုံးမရှိတဲ့ချစ်သူလေးကတော့ ချက်ချင်းကို ချသွားတော့တာပဲ။


သူများအတွဲလေးတွေလို “နင်အရင်ချ ငါအရင်ချ နင်အရင်ချတာလေးကိုစောင့်နေမှာ’’တွေ ဘာတွေမရှိပါဘူး။


ဒါပေမယ့်လည်းကျန့်ယောင်ကတော့ အကျေနပ်ကြီး‌ ကျေနပ်လျက်ရှိတယ်၊ ဖုန်းကိုကိုင်ပြီး သူ့ကောင်လေးရဲ့ခြေချင်း၀တ်ပုံကို အကြာကြီးကြည့်နေမိတယ်။


သူ့ကိုယ်သူနှာဘူးကျသလိုဖြစ်နေမယ်ဆိုတာ သူလည်းသိပါတယ်။


ဒါပေမယ့်လည်း သူ့ကောင်လေးကို ဒီ့ထက်နှာဘူးကျတာမျိူးတစ်ခုခု သူလုပ်ချင်နေတယ်။


________


The author has something to say ;


ထုထုလေးရေ သတိသာထားတော့


_______


[Zawgyi]


  
စမ္းသပ္စစ္ေဆးမွုေတြနဲ႔ ဆင္းရဲဒုကၡတို႔ အဆုံးမွာေတာ့ သူပိုးပန္းေနခဲ့တဲ့ေကာင္ေလးကို သူအမိဖမ္းနိုင္ခဲ့ပါတယ္။


ပထမေတာ့ က်န႔္ေယာင္မွာ စိတ္ကူးေလးေတြရွိခဲ့တယ္။ တစ္ခုံတည္းထိုင္တဲ့ ထိုင္ခုံေဖာ္ေတြလည္းျဖစ္ တစ္ေဆာင္တည္းမွာလည္းေနေတာ့ သူတို႔လုပ္ခ်င္တာ လုပ္လို႔လြယ္ကူတယ္။ စာသင္ခန္းထဲမွာ လက္ေလးကိုင္တာတို႔၊ ညေနပိုင္းအတန္းၿပီးတဲ့အခါ သစ္ပင္တန္းေလးဆီသြားတာတို႔၊ ၿပီးလို႔ အေဆာင္ျပန္ေရာက္တဲ့အခါလည္း ညနက္တဲ့ထိစကားေတြ တသီႀကီးေျပာၾကမယ္တို႔။ ၿပီးရင္ေတာ့ ေကာင္စုတ္ေလးက သူ႔ကိုညေပးအိပ္တာပဲျဖစ္ျဖစ္ေပါ့....သူတို႔ခံစားခ်က္ေတြ အျမန္ဆုံး ေလးနက္ခိုင္ျမဲလာေအာင္လို႔။


ဒါေပမယ့္လည္း ဒီအပတ္ဟာ စာသင္ႏွစ္ရဲ့ေနာက္ဆုံးေသာအပတ္ စာေမးပြဲေျဖမယ့္ အပတ္ျဖစ္ေၾကာင္းကိုေတာ့ သူေမ့လို႔ေနပါတယ္။


ထိုမနက္ပိုင္းေတြမွာေတာ့ သူတို႔အေနနဲ႔ စာသင္ခန္းထဲသြားဖို႔မလိုေတာ့ေပ။ စာေမးပြဲခန္းသို႔ တန္းဝင္႐ုံသာျဖစ္သည္။


ႏွစ္ဝက္စာေမးပြဲတုန္းကေတာ့ သူတို႔ႏွစ္ေယာက္အဆင့္တူေလာက္ျဖစ္ၿပီး အမွတ္အေနနဲ႔လည္း အရမ္းႀကီးမကြာျခားေပ။ ဒီတစ္ေခါက္တြင္ေတာ့ ကံမေကာင္းအေၾကာင္းမလွစြာ အခန္းႏွစ္ခန္းကြဲသြားရသည္။ က်န႔္ေယာင္ကေတာ့ စာေမးပြဲတစ္ဘာသာေျဖၿပီးတိုင္း အခန္းဆီျပန္ျပန္လာေပမယ့္ ထိုင္ခုံေဖာ္ေလးရဲ့အရိပ္ေယာင္ကိုေတာ့ တစ္စြန္းတစ္စမၽွ မျမင္ရေသးေပ။


ညေနပိုင္း self-studyခ်ိန္မွာေတာ့ သူတို႔ေတြ႕ရသည္၊ ဒါေပမယ့္ သူ႔မ်က္ဝန္းထဲက မသမာတဲ့အရိပ္ေယာင္ေတြ ျမင္ၿပီးတဲ့ေနာက္ ရင္းခ်ဲယ္က သူနဲ႔အတူသစ္ပင္တန္းဆီ သြားခ်င္တဲ့ဆႏၵမရွိေတာ့ေပ။
“အဲ့ကိုသြားၿပီး မင္းက ဘာလုပ္မွာလဲ?”


“ဘာလုပ္ရမွာလဲ လက္ကိုင္မယ္ လမ္းေလၽွာက္မယ္ေပါ့...”


“လက္မကိုင္ပါဘူး”


ဒီလိုရင္းႏွီးေနတဲ့ ျငင္းဆန္မွုမ်ိဳး၊ ဒီလိုကၽြမ္းဝင္ေနရတဲ့ ေအးစက္မွုမ်ိဳး


ရင္းခ်ဲယ္ဟာ လက္တြဲဖို႔အတြက္ကို ျပတ္ျပတ္သားသားျငင္းဆန္လို႔ တစ္ညလုံးလည္း သူ႔တစ္ေယာက္တည္းပစ္ထားေလတယ္။


သူတို႔ရဲ့ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ခ်စ္သူရည္းစားဘဝေလးဟာ ဒီလိုနဲ႔ပဲ ေလးရက္သာကုန္ဆုံးသြားတယ္ အရင္က ရွုန္တိဆက္ဆံေရးနဲ႔ ဘာမွမကြာလိုက္ဘူး။ ငါးရက္ေျမာက္ေန႔ ဘာသာရပ္အကုန္ေျဖဆိုၿပီးခ်ိန္တြင္ေတာ့ ေဆာင္းရာသီပိတ္ရက္ေရာက္ၿပီျဖစ္ေၾကာင္း က်န႔္ေယာင္ သတိရမိတယ္။


သုံးပတ္တည္းၾကာမွာဆိုေပမယ့္လည္း သူ႔အတြက္က သူ႔ေကာင္ေလးကို သုံးပတ္ႀကီးမ်ားေတာင္ မျမင္မေတြ႕ရပဲေနရမွာေလ။ အခ်စ္ေတြေပါ့ကုန္ရင္ဘယ္ႏွယ့္လုပ္မလဲ? ေတာ္ၾကာ ၿပိဳင္ဘက္(ရည္းစားလုဘက္)ေတြေပၚလာရင္ဘယ္ႏွယ့္လုပ္မလဲ?


ခ်စ္ရတာ ဘာလို႔မ်ား ဒီေလာက္ခက္ခဲရတာလဲကြာ?


ေသာၾကာေန႔မနက္ခင္းစာေမးပြဲေတြၿပီးခ်ိန္မွာပဲ ဝူေကာက်ဳံက ေက်ာင္းသားတိုင္းကို စာသင္ခန္းဆီျပန္လာၾကဖို႔မွာတယ္၊ အဓိကကေတာ့ ေက်ာင္းပိတ္ရက္အိမ္စာေတြကို မေမ့ေလ်ာ့ၾကဖို႔၊ ေဆာင္းရာသီပိတ္ရက္ အေၾကာင္းသိေကာင္းစရာေလးတခ်ိဳ႕ ေဝမၽွဖို႔နဲ႔ ေက်ာင္းျပန္လာရမယ့္ရက္ကို မွာဖို႔ျဖစ္မည္။ သို႔ေပမယ့္ ဘယ္သူကမွ နားေထာင္ခ်င္တဲ့ဆႏၵမရွိၾကေပ။ ထိုေန႔ေက်ာင္းဆင္းခ်ိန္မွာေတာ့ အားလုံးရဲ့ အသံက ဝူေကာက်ဳံအသက္ထက္က်ယ္ေလာင္ေနေတာ့တယ္။


“တာ့ရွုန္း! ဘတ္စကတ္ေဘာကစားၾကမလား?”


“စိန္လိုက္ေလ! သြားမယ္!”


“က်န္းခဲ့! ဒီညေန အဖြဲ႕လိုက္ဂိမ္းကို မေမ့နဲ႔ေနာ္!”


“ငါသိပါတယ္ မွတ္မိပါတယ္ဟ! ခါတိုင္းအခ်ိန္ပဲမလား ငါ့ကိုလာအျပစ္တင္မေနနဲ႔!”


“မ်ိဳးရိုးဟန္ေရ!’’
ခ်န္ရင္းရင္းက ေျပးလာတယ္။
“ေလာင္ဝူေျပာသြားတဲ့ ေဆာင္းရာသီပိတ္ရက္ လုပ္အားေပးအစီစဥ္ကို နင္လိုက္မွာလား? ရန္းရီလဲ့နဲ႔ ငါေတာ့ ဝင္မလားလို႔”


ဟန္မုန႔္ : “မႏွစ္ကပဲ ငါပါထားတယ္ေလ၊ မူႀကိဳသြားၿပီးအ‌ေကာင္စုတ္ေလးေတြ တစ္ျပဳံနဲ႔သြားေဆာ့ေပးရတာပါပဲ အလကား အခ်ိန္ကုန္လိုက္တာမ်ား...ဟဲ့ က်န႔္ေယာင္က ကေလးခ်စ္တယ္မလား? သူ႔ကိုေမးလိုက္‌ေလ”


“က်စ္ အၾကင္နာတရားေခါင္းပါးလိုက္တာ”
ခ်န္ရင္းရင္းက တစ္ဖက္လွည့္သြားၿပီး လွမ္းေအာ္သည္။
“က်န႔္ေယာင္ေရ လုပ္အားေပးအတြက္ နင္စာရင္းသြင္းမလား? အေကာင္စုတ္ေလးေတြကို ထိန္းရမွာတဲ့”


က်န႔္ေယာင္ : “ေတာ္ၿပီ ငါ့မွာဂ႐ုစိုက္စရာ ေကာင္စုတ္ေလးတစ္ေကာင္ ရွိၿပီးသား”


ခ်န္ရင္းရင္း : “အင္းပါ...”


ထိုစကားကို ရင္းခ်ဲယ္ၾကားေတာ့ မေတြးပဲေမးလာသည္။
“မင္း meimeiက နိုင္ငံျခားသြားတာမဟုတ္ဘူးလား?”


က်န႔္ေယာင္က သူ႔ဆီကို ျပဳံးစစႏွင့္ ခပ္တိုးတိုးေျပာသည္။
“မင္းကလည္း ေကာင္စုတ္ေလးပဲ မဟုတ္ဘူးလား?”


“....မင္းကမွ ေကာင္စုတ္ေလး”
ရင္းခ်ဲယ္ လြယ္အိတ္ကိုေကာက္လြယ္လိုက္သည္။
“ကေလးကလားနဲ႔”


အေဆာင္မွာ သိမ္းၿပီးသားသူ႔အဝတ္အိတ္ကေတာ့ မနက္ကပဲ အိမ္ကအေစခံတစ္ေယာက္ လာယူသြားတယ္။ အမွန္ေတာ့ သူ႔မွာသယ္စရာလည္း မ်ားမ်ားစားစားမပါပါဘူး၊ သုံးပတ္ၿပီးရင္ျပန္လာရမွာမို႔ အိတ္ေလးတစ္လုံးတည္းသာ။ ဒါေပမယ့္ ေခ်ာင္ဝမ့္ယြင္ကေတာ့ အစိုးရိမ္လြန္ေနၿပီး ေက်ာင္းကိုကိုယ္တိုင္လာသယ္ေလတယ္။ အခုလည္း သူမက Class 1အေနာက္တံခါးမွာ ရပ္ေနၿပီး အျပဳံးေလးနဲ႔ သူ႔ကိုလက္ယက္လွမ္း‌ေခၚတယ္။
“ေရွာင္ခ်ဲယ္ မာမားသားကိုလာႀကိဳတာ”


အတန္းေဖာ္ေတြကေတာ့ သေဘာတက် ခ်ီးက်ဴးၾကတယ္။
“ခ်ဲယ္ေကာမာမားက လွလိုက္တာဗ်ာ!”


ေခ်ာင္ဝမ့္ယြင္ကေတာ့ နားေထာင္ရတာ ေက်နပ္အားရေနတာမို႔ ရင္းခ်ဲယ္လည္း ေဘးနားကေအာ္ေနတဲ့သူေတြကို မတားေတာ့ပဲ သူမ ေနာက္ပဲလိုက္လာလိုက္ေတာ့တယ္။


က်န႔္ေယာင္ ခမ်ာေတာ့ သူ႔ကို ႏွုတ္ဆက္စကားမဆို၊ တစ္စက္ကေလးေတာင္ လွည့္မၾကည့္ပဲ ထြက္သြားတဲ့ အသည္းႏွလုံးမရွိတဲ့ သူ႔ေကာင္ေလးကိုသာ အေၾကာင္သားၾကည့္ေနမိေတာ့တယ္။


ေရခဲမင္းသားေလးတစ္ေယာက္ကို ႀကိဳက္ရတာလည္း တကယ္မလြယ္ဘူးပဲ....


အေဆာင္က ဒီေန႔ေတာ့ မိဘေတြေရာဝင္ခြင့္ေပးတာေၾကာင့္ ပစၥည္းေတြ အထုပ္ေတြသယ္ကူတဲ့မိဘေတြ ေက်ာင္းသားေတြနဲ႔ က်ိတ္က်ိတ္တိုးေနေတာ့သည္။ တခ်ိဳ႕ကေတာ့ အိပ္ယာခင္းေတြသယ္လို႔ တခ်ိဳ႕ကေတာ့ အဝတ္အိတ္ေတြသယ္လို႔။ သနားစရာ အထီးက်န္ေနသူေလး က်န႔္ေယာင္ခမ်ာမွာေတာ့ အကုန္လုံး ကိုယ့္ဟာကိုယ္ လုပ္ရသည္။ ေတြ႕ရာအဝတ္ေတြ စာအုပ္ေတြကို ျဖစ္သလိုအိတ္ထဲထိုးထည့္ၿပီး အိတ္ကိုသယ္လို႔ ေအာက္ထပ္ကိုဆင္းလာခဲ့သည္။ ရင္ထဲမွာေတာ့ ဘယ္သူကမွသူ႔ကိုမခ်စ္ပါဘူးဆိုၿပီး ေၾကကြဲၿငီးျငဴရင္း။ ေနာက္ သူေခါင္းေမာ့လိုက္ခ်ိန္မွာေတာ့ သူ႔ရဲ့အသည္းႏွလုံးမရွိတဲ့ခ်စ္သူေလးက အေဆာင္တံခါးေပါက္မွာရပ္ေနေၾကာင္းေတြ႕လိုက္ရသည္။


ခ်က္ခ်င္းဆိုသလိုပဲ က်န႔္ေယာင္ အေျပးသြားလိုက္ၿပီး ေအာ္ေျပာလိုက္သည္။
“မင္းအေမနဲ႔ ျပန္သြားတာမဟုတ္ဘူးလား?”


လြယ္အိတ္ကိုလြယ္ထားရင္း ရင္းခ်ဲယ္က သူ႔အိတ္ဆီကို ေအးစက္စက္ တစ္ခ်က္လွမ္းၾကည့္သည္။
“ငါနဲ႔အတူလိုက္မလား?”


“လိုက္ခ်င္တယ္၊ ဒါမယ့္ ကားထဲမွာ မင္းတိတိလည္း ပါမွာမလား? ငါကဘယ္နားသြားထိုင္ရမွာလဲ? အေနာက္ခန္းထဲလား? ဒါမွမဟုတ္ ငါ့ကို ကားေနာက္ကေနႀကိဳးနဲ႔ခ်ည္ၿပီးဆြဲသြားမွာလား?’’


ရင္းခ်ဲယ္ ႏွုတ္ခမ္းစြန္းေလးေတြ ေကာ့တက္သြားသည္။
“သူ႔ကိုထည့္တြက္မေနနဲ႔”


“ဒါေပါ့ ငါသူ႔ကို ထည့္မတြက္ပါဘူး”
က်န႔္ေယာင္က ရယ္သည္။
“ထားပါေတာ့ မင္းမာမားလည္းပါေနေတာ့ မေကာင္းဘူး၊ ေနာက္ေန႔မွ မင္းကိုလာေတြ႕မယ္”


“သူမ မင္းကိုအရင္ကလည္း ျမင္ဖူးတာပဲ”


“မတူဘူးေလ၊ ခုက ငါကမင္းေကာင္ေလးျဖစ္ေနၿပီေလ”


ရင္းခ်ဲယ္မွာေတာ့ ထိုအသုံးအႏွုန္းနဲ႔ အသားမက်ေသးတာမို႔ မ်က္ႏွာကိုတစ္ဖက္လႊဲလိုက္သည္။
“ေကာင္းၿပီေလ ဒါျဖင့္လည္း ေနာက္မွ ေတြ႕ၾကတာေပါ့”


တစ္ဖက္လွည့္လိုက္တာေၾကာင့္ ေပၚလာတဲ့ နားနဲ႔ ဆြယ္တာေကာ္လံၾကားက သူ႔ရဲ့လည္တိုင္ေဖြးေဖြး။


က်န႔္ေယာင္မွာ အၾကည့္ကို လႊဲပစ္ရသည္၊ ဒါေပမယ့္လည္း မေနနိုင္ေတာ့ ျပန္ၾကည့္မိျပန္သည္။
“ဒါျဖင့္....ပိတ္ရက္က် မင္းကို အျပင္ထြက္ဖို႔ေခၚလို႔ရမလား?“


“အြန္း”
ရင္းခ်ဲယ္က ႏွုတ္ခမ္းကိုေစ့ထားေပမယ့္ အထက္ကိုေတာ့ အနည္းငယ္ေကာ့တက္ေနသေယာင္။
“ဒါမယ့္ ညအိပ္ေတာ့မရဘူး’’


“ဟမ္? ဘာလို႔လဲ?”


‘‘ေစာလြန္းေသးတယ္”


“.....”


ေသေစနိုင္ေလာက္တဲ့ ထိုးႏွက္မွုပဲ...ဒီလိုမ်ိဳး မရွင္းမရွင္းအေတြးေတြ
သူ႔ေကာင္စုတ္ေလးက natural flirtေလးျဖစ္မယ္လို႔ က်န႔္ေယာင္တစ္ေယာက္ ေတြးမိတယ္။
သူဘယ္ေလာက္ထိ ေတာင့္ခံနိုင္မလဲမသိဘူး
(T/n : Natural flirtဆိုတာ ဘာရယ္မဟုတ္ပဲ ဒီတိုင္းေျပာလိုက္မိတာ၊ အဓိပၸါယ္ကိုသူမ်ားအေကာက္လြဲသြားမွာေတြ ဘာေတြမသိပဲ‌ ေျပာတာမ်ိဳးကိုေျပာတာပါ)
      


အိမ္ျပန္ေရာက္ေတာ့ ေခ်ာင္ဝမ့္ယြင္က အရင္ဆုံး သားႏွစ္ေယာက္နဲ႔ ဓာတ္ပုံရိုက္ၿပီး Friend Circleမွာတင္တယ္။
“သားေလးႏွစ္ေယာက္ ေဆာင္းရာသီေက်ာင္းပိတ္တုန္း၊ ဒါေတာင္ အလုပ္ကမ်ားေနေသးတာ”


ရင္းအိမ္ေတာ္သခင္ေလးႏွစ္ေယာက္ရဲ့ ေခ်ာေမာမွုမွာ လူသိမ်ားေလသည္။ မိနစ္ပိုင္းအတြင္းပင္ likeေပါင္းမ်ားစြာနဲ႔ ေကာမန႔္ေပါင္းမ်ားစြာ လၽွံက်လာေတာ့သည္။ ေခ်ာေမာမွုကိုခ်ီးက်ဴးၾကတာေတြအျပင္ ေကာမန႔္အမ်ားစုကေတာ့ လက္တြဲေဖာ္မရွိေသးဘူးလား ဘာညာေမးျမန္းၾကတာပင္။


ရင္းဇယ္က ႏွစ္ရက္သုံးရက္တစ္ခါ အတြဲေျပာင္းေနတယ္ဆိုေပမယ့္ သူ႔မွာကိုယ္က်င့္တရားနဲ႔ အသိစိတ္ရွိၿပီး မဆင္မျခင္ မလုပ္ဘူးဆိုတာ ေခ်ာင္ဝမ့္ယြင္ယုံၾကည္တာမို႔ သူ႔ကိုေတာ့ လႊတ္ထား‌ေပးလိုက္တယ္။


က်န္တဲ့ သားတစ္ေယာက္အတြက္ကေတာ့ ရည္းစားရွိလား ဘာလားပင္ သူမ အေသအခ်ာမသိေပ။


ညစာစာၿပီးခ်ိန္မွာေတာ့ ေခ်ာင္ဝမ့္ယြင္တစ္ေယာက္ အသီးသြားပို႔ရင္း ၾကဳံႀကိဳက္လို႔ေမးသေယာင္ႏွင့္ေမးသည္။
“ေရွာင္ခ်ဲယ္ သားေက်ာင္းမွာေရာ အဆင္ေျပရဲ့လား? သားအတန္းေဖာ္ေတြနဲ႔ေရာ?”


ရင္းခ်ဲယ္က ဖုန္းကိုရမ္းျပၿပီး :
“ခုပဲ သူတို႔နဲ႔ေျပာေနတာ”


ေခ်ာင္ဝမ့္ယြင္မွာ အံ့ၾသဝမ္းသာသြားသည္။
“တကယ္? မာမားၾကည့္လို႔ရမလား?”


ရင္းခ်ဲယ္ chat logကိုၾကည့္လိုက္ေတာ့ သူမ မျမင္သင့္တာရယ္လို႔မပါတာေၾကာင့္ ဖုန္းကိုကမ္းေပးလိုက္သည္။


ေခ်ာင္ဝမ့္ယြင္မွာ သူငယ္ခ်င္းတစ္ေယာက္ေလာက္လို႔ ထင္ထားေပမယ့္ သူငယ္ခ်င္းအဖြဲ႕လိုက္ျဖစ္ေနေလသည္။


ဟန္မုန႔္ : [ဒီ facial maskက အေတာ္ေလးေကာင္းတယ္ @ခ်န္ရင္းရင္း အတန္းေမာ္နီတာေရ မင္းဒါယူမလား? မင္းကိုနည္းနည္းေပးမယ္ေလ ဒါမွ မင္းအျမဲတမ္းၾကမ္းေထာ္မေနေအာင္လို႔]


ခ်န္ရင္းရင္း : [သခင္မက‌ ေမြးကတည္းက natural beauty ၊ မလိုဘူး]


ေကာက်စ္ရွုန္း : [တကယ္ထိေရာက္လား? ငါ့ကို ေဖြးေအာင္လုပ္ေပးနိုင္လား? မင္းအဆင္ေျပရင္ ငါ့အတြက္နည္းနည္း‌ပို႔ေပးပါကြာ]


က်န္းခဲ့ :[ F*ck တာ့ရွုန္း ဘယ္လိုျဖစ္တာလဲ? မင္းက အလွပေဂးေလးလုပ္ေတာ့မလို႔လား?]


ေကာက်စ္ရွုန္း : [ငါ့ေကာင္မေလးကကြာ ငါ့ကိုအသားမည္းလို႔တဲ့... အာ့ေၾကာင့္ ဒီပိတ္ရက္ေလးမွာ နည္းနည္းေလာက္ေျပာင္းလဲသြားေအာင္လုပ္မလို႔]


ဟန္မုန႔္ : [မင္းအသားေဖြးခ်င္ရင္ suncreenလိမ္းၿပီး ေနနဲ႔မထိေတြ႕ေအာင္ေန၊ ေန႔တိုင္းဘတ္စကတ္ေဘာထြက္ကစားေနမွေတာ့ မဲတုန္းေနတာမဆန္းေတာ့ပါဘူး၊ င့ါ facial mask ကေတာ့ မင္းအသားကိုလင္းလာေစမွာပါ ဒါမယ့္ ႏွစ္ပတ္သုံးပတ္ေလးနဲ႔ ႏွင္းလိုျဖဴေဖြးေနဖို႔ကေတာ့ မျဖစ္နိုင္ဘူး]


ေကာက်စ္ရွုန္း : [ဒါဆို အျဖဴျမန္တဲ့နည္းေလးမ်ားရွိလား? ဒီလိုကိစၥေတြ မင္းပဲ အသိဆုံးမဟုတ္လား? ငါ့ကို အျမန္‌သင္ေပးစမ္းပါ]


ဟန္မုန႔္ : [အျဖဴျမန္တဲ့ productsေတြက မင္းအသားေရကိုထိခိုက္ေစတတ္တယ္၊ မင္းကိုသတိထားဖို႔ေတာ့ ငါအႀကံေပးမယ္၊ တျခားနည္းကေတာ့....ငါလည္း အဲ့တာေတြသိပ္မသိဘူး၊ မင္းေနရာမွာသာဆို အတန္းထဲက အေဖြးဆုံးလူကို ေမးရမွာ @ရင္းခ်ဲယ္ ခ်ဲယ္ေကာေရ ကၽြန္ေတာ္တို႔ကို onlineကေနလမ္းညႊန္သင္ၾကားေပးပါဦး!]


က်န႔္ေယာင္ : [သူက ေမြးကတည္းကေလ ]


ဟန္မုန႔္: [လာျပန္ၿပီ မင္းကို မေမးဘူး!]


ေခ်ာင္ဝမ့္ယြင္က လူငယ္ေလးေတြရဲ့ messageကိုအားတက္တေရာ ဖက္ၾကည့္ေနတုန္း သူ႔သားကစကားလုံးသုံးလုံးျပန္ပို႔လိုက္တဲ့‌ေနရာေရာက္လာေလသည္။
[ေဆးသုတ္လိုက္ ]


“ေရွာင္ခ်ဲယ္....”
ေခ်ာင္ဝမ့္ယြင္မွာေတာ့ ငိုရခက္ရယ္ရခက္။
“ဒီလိုမ်ိဳးႀကီး ျပန္ေျပာလို႔ အဆင္ေျပပါ့မလား?”


“အဆင္ေျပတယ္ သူတို႔စိတ္ထဲမထားဘူးရယ္”


ေခ်ာင္ဝမ့္ယြင္က ဆက္ဖတ္ေတာ့ မက္ေဆ့အသစ္တစ္ခ်ိဳ႕ေတြ႕ရသည္။


ေကာက်စ္ရွုန္း : [ရက္စက္လိုက္တာ ခ်ဲယ္ေကာရယ္....]


က်န႔္ေယာင္ : [ခ်ဲယ္ေကာက မင္းကို replyျပန္တာေတာင္ လြန္လွၿပီ၊ ငါ့ဆို private messageေတာင္ reply မျပန္ဘူး၊ မင္းကိုဦးညႊတ္လိုက္ေတာ့မယ္]


က်န္းခဲ့ : [ဟမ္ ဘာရယ္? မင္းတို႔ႏွစ္ေယာက္က private messageမွာေတာင္ သီးသန႔္ေျပာစရာ လၽွို႔ဝွက္စကားေတြရွိတယ္ေပါ့ေလ?]


က်န႔္ေယာင္ : [မင္းက လၽွို႔ဝွက္စကားလို႔ေခၚေနမွေတာ့ ေျပာျပလို႔ဘယ္ျဖစ္ပါ့မလဲ?]


ရင္းႏွီးသေယာင္နာမည္ေလးကိုၾကည့္ၿပီး ေခ်ာင္ဝမ့္ယြင္ ျပန္ေတြးၾကည့္သည္၊ ေနာက္ေတာ့ မွတ္မိသြားတယ္။
“က်န႔္ေယာင္ဆိုတာ မင္းထိုင္ခုံေဖာ္မလား? ခုေလးတင္ သူမင္းကို private messageပို႔လိုက္တယ္လို႔ေျပာတယ္ မင္းက စာမျပန္ဘူးတဲ့”


ရင္းခ်ဲယ္ အံ့ၾသသြားၿပီး လက္ဆန႔္လိုက္သည္။
“ခုနေလးမွ ပို႔လိုက္တာေနမယ္၊ ကၽြန္ေတာ္ မျမင္လိုက္လို႔”


ေခ်ာင္ဝမ့္ယြင္ကေတာ့ သူ႔ရဲ့ private messageေတြကို လိုက္ၾကည့္မေနေတာ့ပဲ ဖုန္းကိုျပန္ေပးလိုက္သည္။
“သားအတန္းေဖာ္ေတြနဲ႔ ခုလိုတရင္းတႏွီးရွိတာျမင္ရတာ မာမားစိတ္ခ်မ္းသာလိုက္တာကြယ္”


“အြန္း”
ရင္းခ်ဲယ္ကေတာ့ ဟိုေတြးဒီေတြးႏွင့္ ျပန္ေျဖတယ္။


“သားလည္း အရြယ္ေရာက္ေတာ့မယ္ေလ....”
ေခ်ာင္ဝမ့္ယြင္က သူမစကားကို အေသခ်ာေတြးဆၿပီးမွ
“အဲ့ေတာ့...မင္းစဥ္းစားၾကည့္ၿပီးၿပီလား?”


“ဘာကိုစဥ္းစားတာလဲ?”


“လက္တြဲေဖာ္ရွာဖို႔ေလ၊ ေက်ာင္းမွာ သားသေဘာက်တဲ့သူတစ္ေယာက္ေယာက္ရွိလား? မရွိရင္လည္း မာမားမွာ သားေခ်ာေခ်ာေလးေတြရွိတဲ့ အသိတခ်ိဳ႕ရွိတယ္ အကုန္လုံးက ထူးခၽြန္ထက္ျမက္တဲ့ alphaေတြခ်ည္းပဲ....”


“ကၽြန္ေတာ္ စဥ္းစားၾကည့္လိုက္ပါ့မယ္”
အမွန္ေတာ့ ကၽြန္ေတာ္စဥ္းစားၿပီးသြားၿပီ
“ကၽြန္ေတာ့္ဘာသာရွာလိုက္မွာမို႔ အဲ့ကိစၥကို မားမစိုးရိမ္ပါနဲ႔”


ေခ်ာင္ဝမ့္ယြင္ သက္သာရာရသလို သက္ျပင္းခ်လိုက္တယ္၊ သူမ အရမ္းကို စိတ္ေက်နပ္ေနတယ္။
“ေကာင္းတယ္...သားက alphaေတြနဲ႔ပက္သက္လာရင္ အတိုက္အခံလုပ္တတ္ေတာ့ မာမားက ဒီအေၾကာင္းမေျပာရဲတာ၊ ၾကည့္ရတာေတာ့ ေဒါက္တာဖုန္းရဲ့ ကုသမွုက ထိေရာက္တယ္ထင္ပါ့ သူ႔ကိုေတာ့ ေက်းဇူးတင္ေၾကာင္း ျပန္ေျပာဦးမွျဖစ္မယ္”


ဒါက ေဒါက္တာဖုန္းနဲ႔ ဘာမွမွ မဆိုင္ပဲကို
ရင္းခ်ဲယ္ ေျပာလိုက္ခ်င္တယ္။ က်န႔္ေယာင္နဲ႔ နီးကပ္ခ်ိန္တိုင္း သူက်င့္သားမရျဖစ္ေနတုန္းပဲ။


က်န႔္ေယာင္ျဖစ္ေနလို႔သာ က်န႔္ေယာင္ျဖစ္ေနလို႔သာ သူခနေလာက္ ေတာင့္ခံထားနိုင္တာ၊ အဲ့ေလာက္ပဲ။


အခန္းထဲက ေခ်ာင္ဝမ့္ယြင္ထြက္သြားခ်ိန္တြင္ေတာ့ group chatထဲမွာက အေၾကာင္းရာသုံးေလးမ်ိဳးေလာက္ေျပာၿပီးသြားလို႔ အခုေတာ့ အိမ္စာေတြအတြက္ အသီးသီးတာဝန္ခြဲအပ္ဖို႔အေၾကာင္း ေဆြးေႏြးေနၾကေလရဲ့။


ရင္းခ်ဲယ္ group chatထဲက ထြက္လိုက္ေတာ့ က်န႔္ေယာင္က တကယ္ႀကီး မက္ေဆ့တစ္ခု‌ပို႔ထားတာပဲ၊ တကယ္ေတာ့ တစ္ခုထက္ပိုတယ္။


[ဘာလုပ္ေနလဲ? ငါ့ကိုလြမ္းလား?]


[အိမ္မွာတစ္ေယာက္တည္းေနရတာ ပ်င္းစရာေကာင္းလိုက္တာကြာ...ငါအျပင္ကပဲ မွာစားလိုက္ရတယ္]


[ဒါေပမယ့္ ငါကတကယ္ ဟင္းခ်က္တတ္တယ္ေနာ္၊ မင္းအိမ္လာရင္ ငါကိုယ္တိုင္ မင္းအတြက္ခ်က္ေပးမယ္]


[ဘာျဖစ္လို႔စာမျပန္ရတာလဲ ဟမ္? ေကာင္စုတ္ေလးရာ အိမ္ျပန္ေရာက္သြားတယ္ဆိုတာနဲ႔ပဲ ကိုယ့္ေကာင္ေလးကို လစ္လၽွဴရွုလိုက္ရလား?]


[နံပါတ္ကေလးတစ္ခုပဲ စာျပန္ရင္ကို ေက်နပ္ၿပီ...]


ရင္းခ်ဲယ္လည္း [1] ဆိုၿပီး replyျပန္လိုက္သည္။   


ဆယ္စကၠန႔္ေလာက္ၾကားၿပီးတဲ့ေနာက္ က်န႔္ေယာင္ဆီက အသံမက္ေဆ့ေလးေရာက္လာသည္၊ အသံထဲမွာကိုက အျပဳံးအရိပ္ေယာင္ေတြ ထင္ဟပ္ေနေသးသည္။
“မင္းကို နံပါတ္တစ္ခုပဲ စာျပန္ဆိုေတာ့ တကယ္ႀကီး တစ္ခုတည္းျပန္ပို႔တယ္ေပါ့? ငါဘ၀ကလည္း သနားစရာေကာင္းလိုက္တာေနာ္၊ အရင္ကေတာ့ အသုံးမက်တဲ့သားေလး၊ ခုေတာ့ အသုံးမက်တဲ့ရည္းစားျဖစ္ေနၿပီ၊ မင္းငါ့ကို နည္းနည္းေလးပိုဂ႐ုစိုက္ၿပီး နည္းနည္းေလးစိတ္ပူေပးလို႔မရဘူးလား ဟင္?”
(T/n : အသုံးမက်တာထက္ အေရးလုပ္မခံရတာပါ)


ရင္းခ်ဲယ္အိပ္ယာေပၚထိုင္ၿပီး ေခါင္းအုံးကို ေပါင္ေပၚထင္လို႔ သက္ေသာင့္သက္သာျဖစ္မယ့္ အေနအထားကိုျပင္ယူလိုက္သည္။ ေနာက္ video call ေလးကိုႏွိပ္လိုက္သည္။


‘‘video callေျဖ၊ ငါက ‘ဂ႐ုစိုက္ ပူပန္တဲ့’ပက္ေက့ပို႔ေပးလိုက္တာ”


Screenေပၚမွာ က်န႔္ေယာင္ရဲ့ မ်က္ႏွာေပၚလာသည္။ ေရခ်ိဳးၿပီးစျဖစ္မယ္ထင္ ဆံပင္ေတြက စိုေနတုန္းပဲ။ သူ႔ပုံစံမွာ shoujo mangaေတြထဲက ေခ်ာေမာတဲ့ဇာတ္လိုက္နဲ႔ပင္တူသည္။


“F*ck ရင္ေတာင္ခုန္သြားတယ္၊ ႐ုတ္တရက္ႀကီး ေခၚတာ ဘာအေၾကာင္းေၾကာင့္ပါလိမ့္? ငါ့ကိုလြမ္းလို႔လား?”


က်န႔္ေယာင္ကေတာ့ သူ႔အေမးကို လက္ခံေျဖမယ္လို႔ ထင္မထားတာမို႔ ကရားေရလႊတ္ေလၽွာက္ေျပာေတာ့သည္။


“အင္း”
ရင္းခ်ဲယ္ရဲ့ ညဝတ္အကၤ်ီက ေလ်ာ့ရဲရဲ၊ ဒါ့ေၾကာင့္ ခါတိုင္း အျပည့္အဝကြယ္ဝွက္ထားတတ္တဲ့ လည္တိုင္ေလးက ခုေတာ့အလုံးအလ်ားလွစ္ဟေနကာ ‌ျဖဴ‌ေဖြးဥၿပီး ေတာက္ပလြန္းလို႔ မ်က္စိ‌ေတာင္က်ိမ္းမတတ္။
“ငါ မင္းကို နည္းနည္း‌ေလးေတာ့ လြမ္းတယ္”


Screenက ခ်က္ခ်င္း ေမွာင္က်သြားျပန္ေရာ။


အရင္တစ္ေခါက္ကလိုပဲ timerကေတာ့ ဆက္သြားေနဆဲ။


“အခ်ိန္ ငါးစကၠန႔္ေလာက္ေပး၊ ငါ့စိတ္ေတြ ရွင္းလင္းဖို႔လိုတယ္!”


“....ငါဖုန္းခ်ေတာ့မွာ”


“မခ်နဲ႔ မခ်ပါနဲ႔!”
screenက တစ္ဖန္ျပန္လင္းလာတယ္။ က်န႔္ေယာင္က သူ႔မ်က္ႏွာတစ္ျခမ္းကိုကာထားၿပီး နားရြက္ေတြကလည္း နည္းနည္းေလး ရဲေနတယ္။
‘’F*ck ငါ့ကိုယ္ငါ အေရပါး(အရွက္သည္း)တယ္လို႔ ခံစားရတာ ဒါပထမဆုံးအႀကိမ္ပဲ”


“အေရပါးတဲ့လူေတြက အဲ့လို ဘဝင္ခိုက္ေနတဲ့ ေမးခြန္းမ်ိဳးေတြမေမးဘူး”
ကိုယ့္မ်က္ႏွာကိုယ္လည္း ရင္းခ်ဲယ္ျပန္ထိၾကည့္တယ္။ ေတာ္ေသးတာေပါ့ သိပ္ေတာ့မပူဘူး၊ သူ႔အရွက္သည္းမွုက သိပ္မသိသာလို႔ျဖစ္မယ္။


ႏွစ္ေယာက္သားမွာ ႐ုတ္တရက္ႀကီး ေျပာစရာစကားမရွိျဖစ္ကုန္ၾကတယ္။


က်န႔္ေယာင္ဆိုတာ ပုံမွန္ဆိုရင္ေတာ့ မၾကားဝံ့မနာသာေတြေရာ မ်ိဳးစုံေျပာေနက်။ ဒါေပမယ့္ အခုလို အခ်စ္အေၾကာင္းအေလးအနက္ေျပာခ်ိန္တြင္ေတာ့ သူဟာ ပထမဆုံးအႀကိမ္ခ်စ္ႀကိဳက္ဖူးတဲ့ ေက်ာင္းသားေလးတစ္ေယာက္လို ျဖဴစင္ရိုးသားေနတုန္းပဲ။


အမွန္တကယ္လည္း သူ႔ရဲ့ ပထမဦးဆုံးေသာ အခ်စ္အေတြ႕အၾကဳံပါပဲ။


“ငါမင္းကိုယ္ဘယ္ေတာ့လာေတြ႕လို႔ရမွာလဲ? မနက္ျဖန္ဆိုရင္ေရာ?”
ျဖစ္နိုင္ရင္ အေတာင္ပံေတြေပါက္ၿပီးသာ ခ်က္ခ်င္းပ်ံသန္းသြားလိုက္ခ်င္တာ။


“မနက္ျဖန္မရဘူး”


“အင္းပါ”
က်န႔္ေယာင္ ခနေလာက္ တန႔္သြားၿပီးမွ ေမးသည္။
“ဘာလို႔မရတာလဲ?”


အစကေတာ့ ရင္းခ်ဲယ္မွာ ေျပာဖို႔စိတ္ကူးမရွိေသာ္ျငား သူကေမးလာမွေတာ့ သူလည္းေျဖလိုက္ေတာ့တယ္။
“ေရာဂါကိုသြားကုသရမယ္ေလ ငါ့ေကာင္ေလးအတြက္”


ၾကည္ႏူးအံ့ၾသဟန္ အရိပ္ေယာင္ေတြ က်န႔္ေယာင္ မ်က္ဝန္းထဲျဖတ္ေျပးသြားသည္၊ ေနာက္မွ စိုးရိမ္တဲ့ေလသံႏွင့္ေျပာသည္။
“ကုသမွုက တကယ္ပဲ နာမွာလား?”


သူ႔အေနနဲ႔က ဒီလို beta pheromoneခ်ိဳ႕တဲ့မွုေရာဂါမ်ိဳးနဲ႔ ပက္သက္လို႔ ဘာဆိုဘာမွမသိေပ။ အရင္တစ္ေခါက္ ရင္းခ်ဲယ္သူ႔ကိုေျပာျပတုန္းကေတာ့ ဒီလိုပုံစံတူျဖစ္စဥ္ေတြကို onlineမွာရွာၾကည့္ေသးသည္။ တခ်ိဳ႕လူေတြကေတာ့ ကုသမရဘူးေျပာၾကတယ္၊ တခ်ိဳ႕က်ျပန္ေတာ့လည္း ႀကီးလာတဲ့အခါ ကိုယ္ခႏၶာထဲက pheromoneေတြကလည္း ရင့္သန္လာတာမို႔ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာနိုင္တယ္တဲ့။ သူေတာ့ ဘယ္ဟာကိုယုံရမွန္းမသိေတာ့ပါ။


ကုသဖို႔နည္းလမ္းအမ်ားစုကေတာ့ ေဆးဝါးမွီဝဲဖို႔ပဲ၊ ဒါကေတာ့ ဆိုးက်ိဳးသိပ္ရွိမယ္မထင္၊ ဒါေပမယ့္ အမ်ားစုကေတာ့ ေရာဂါကိုကုေနရတာက အလုပ္ရွုပ္တယ္လို႔ပဲ တြက္ၾကတယ္။ ဘယ္လိူပဲျဖစ္ျဖစ္ pheromoneဆိုတာ heatမျဖစ္တဲ့ betaေတြအတြက္က အဲ့ေလာက္မွ အေရးမႀကီးပဲကို။ betaအခ်င္းခ်င္းပဲတြဲေနသေရြ႕ကေတာ့ ေရာဂါကုဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္က ခိုင္ခိုင္မာမာမရွိေပ။


ရင္းခ်ဲယ္ကိုယ္တိုင္လည္း မကုသပဲထားမွာ ျဖစ္နိုင္သည္။ သူ႔အေနနဲ႔ အခုအရြယ္ထိပဲ ေကာင္းေကာင္းႀကီး ႀကီးပ်င္းလာခဲ့ေသးတာပဲ မဟုတ္လား? ဒါေပမယ့္လည္း သူ႔လက္တြဲ‌ေဖာ္က alphaတစ္ေယာက္ျဖစ္တဲ့ သူျဖစ္ေနတာေၾကာင့္ပဲ သူ႔အတြက္နဲ႔ ကုသမွုခံယူရေတာ့မယ္။


က်န႔္ေယာင္ရင္ထဲမွာ နည္းနည္းေတာ့ အျပစ္မကင္းသလို ခံစားရတယ္။


“နာမယ္ဆို မကုနဲ႔ေနာ္ကြာ၊ ငါစိတ္ထဲမထားဘူး”


ရင္းခ်ဲယ္က ‘’အင္း’’လို႔သာ ျပန္ေျဖသည္။


သူစိတ္ထဲမထားဘူးတဲ့ သူေျပာတာေတာ့ သူစိတ္ထဲမထားဘူးတဲ့၊ ဒါေပမယ့္လည္း ကုသလို႔ရခဲ့ရင္ က်န႔္ေယာင္က က်ိန္းေသ အရမ္းေပ်ာ္ေနမွာ၊ ခု‌နေလးက သူ႔မ်က္ဝန္ထဲကအၾကည့္နဲ႔ကို အကုန္ေျပာျပၿပီးသား


“မင္းမက္ေဆ့ပို႔ဖို႔ အခ်ိန္ရတိုင္း ငါရွိေနမယ္”
က်န႔္ေယာင္က ဆံပင္ကို တာဝါတစ္ထည္နဲ႔သုတ္ေနရင္း :
“အတူရွိမေနနိုင္ရင္ေတာင္ မင္းအားတဲ့အခ်ိန္တိုင္း စကား‌ေျပာလို႔ရတယ္ေနာ္”


“တတ္နိုင္သ‌ေလာက္ေပါ့”
ရင္းခ်ဲယ္က သူ႔ကိုအၾကာႀကီးၾကည့္ေနရာမွ :
“မင္းလက္ပတ္ေရာ?”


က်န႔္ေယာင္ လက္ေကာက္ဝတ္မွာက ဘာမွရွိမေနဘူး။


“ခၽြတ္ၿပီးေလၽွာ္ထားလို႔ မနက္ျဖန္မွ ျပန္ပတ္လိုက္မယ္’’


“မင္းဟာက် ဘယ္လိုလုပ္ ျဖည္လို႔ရတာလဲ?”
ရင္းခ်ဲယ္က သူ႔ေျခဖဝါးေလးကို လွုပ္ရမ္းၾကည့္ရင္း
“ငါ့လိုမ်ိဳး အေသခ်ည္ထားတာမဟုတ္ဘူးလား?”


ထိုေန႔က က်န႔္ေယာင္ကို သူအေျဖေပးၿပီးေနာက္ က်န႔္ေယာင္က ေန႔တြင္းခ်င္းပဲ အနီေရာင္လတ္ပတ္ႀကိဳးတစ္ေခ်ာင္း အျမန္ျပန္က်စ္ေပးတယ္၊ အရင္တစ္ခုထက္ ၾကည့္ေပ်ာ္ရွုေပ်ာ္ရွိတဲ့ဟာေလး၊ သူ႔ကို ေျခေထာက္မွာပဲ ပတ္ရမယ္ တကဲကဲလုပ္တယ္။


“လက္ေကာက္ဝတ္မွာ မပတ္ေပးဘူးလား?”


“စင္တူလက္ေကာက္ေတြက ရိုးေနၿပီ၊ တစ္ခုခုဆန္းသစ္တာေလးလုပ္တာေပါ့ တစ္ေယာက္က လက္၊ တစ္ေယာက္က ေျခေထာက္၊ တအားကို creativeျဖစ္တယ္”


ရင္းခ်ဲယ္ေတာ့ သူ႔ဦးေႏွာက္ကို နားမလည္နိုင္ေတာ့ေပ။


ႀကိဳးက အေတာ္ေလးကို တင္းတင္းက်ပ္က်ပ္ထုံးခ်ည္ၿပီး ပတ္ထားတာ။


alphaတစ္ေယာက္ရဲ့ ရယူပိုင္ဆိုင္လိုမွုေတြဟာ အရိုးထိေအာင္ ထြင္းထုထားတာျဖစ္မယ္။


“အဲ့လိုခ်ည္ပုံမ်ိဳးက လြယ္လြယ္နဲ႔ ေျပမွာမဟုတ္ဘူး၊ ေပသြားတယ္ထင္ရင္ ငါတို႔ကတ္ေၾကးနဲ႔ျဖတ္လိုက္ၾကမယ္ေလ၊ ၿပီးမွ မင္းကိုအသစ္တစ္ခုျပန္လုပ္ေပးမယ္”


“ထားလိုက္ပါေတာ့”
သူ႔မွာ အဲ့ဒါကိုခၽြတ္ဖို႔ရည္ရြယ္ခ်က္မရွိဘူး။
      
ရင္းခ်ဲယ္က သူ႔ေဘာင္းဘီစေအာက္နားကို ဆြဲတင္ကာ ငုံ႔ၾကည့္သည္။
“အေရာင္က ေတာက္လြန္းတယ္၊ အရင္တစ္ခုက သိပ္မရဲသလားလို႔”


“တကယ္လား? ျပၾကည့္”


ရင္းခ်ဲယ္လည္း ဘာမွေတြးမေနပဲ back cameraကို ေျပာင္းကာ pajamasကိုေျခခ်င္းဝတ္နဲ႔ ေျခသလုံးေပၚသည္အထိ ဆြဲတင္လိုက္သည္။
“အဲ့မွာ”


ႀကိဳးက တကယ္ကိုရဲေတာက္ေနသည္မွာ လတ္လတ္ဆတ္ဆတ္ ရင့္မွည့္ထားတဲ့ ခ်ယ္ရီသီးေလးလိုပဲ။ သူ႔ရဲ့ေျခခ်င္းဝတ္ေဖြးေဖြးေလးမွာမွ ရစ္ပတ္ခ်ည္ေႏွာင္ထားေတာ့ မယုံနိုင္ေလာက္ေအာင္ပင္ ခမ္းနားထည္ဝါလ်က္၊ သိမ္ေမြ႕လွပၿပီး ဆြဲေဆာင္ဖ်ားေယာင္းေနသလိုခံစားခ်က္မ်ိဳးေပးစြမ္းတယ္။


က်န႔္ေယာင္မွာ ဘယ္နားၾကည့္လို႔ၾကည့္ရမွန္းကို မသိေတာ့‌ေပ။


“ဟုတ္တယ္...နည္းနည္းေတာက္တယ္ထင္တယ္ ေနာက္တစ္ခါအတြက္ ငါသိၿပီ”


ေနာက္တစ္ခါလည္း ဒီအေရာင္ပဲ ထပ္ေရြးမွာ


ရင္းခ်ဲယ္က selfie cameraကိုျပန္ေျပာင္းလိုက္သည္။
“တျခားရွိေသးလား? မရွိရင္ ငါခ်ေတာ့မယ္”


“မရွိေတာ့ဘူး ေစာေစာအိပ္ေနာ္”


“အင္း good night”


“Good night”


အသည္းႏွလုံးမရွိတဲ့ခ်စ္သူေလးကေတာ့ ခ်က္ခ်င္းကို ခ်သြားေတာ့တာပဲ။


သူမ်ားအတြဲေလးေတြလို “နင္အရင္ခ် ငါအရင္ခ် နင္အရင္ခ်တာေလးကိုေစာင့္ေနမွာ’’ေတြ ဘာေတြမရွိပါဘူး။


ဒါေပမယ့္လည္းက်န႔္ေယာင္ကေတာ့ အေက်နပ္ႀကီး‌ ေက်နပ္လ်က္ရွိတယ္၊ ဖုန္းကိုကိုင္ၿပီး သူ႔ေကာင္ေလးရဲ့ေျခခ်င္း၀တ္ပုံကို အၾကာႀကီးၾကည့္ေနမိတယ္။


သူ႔ကိုယ္သူႏွာဘူးက်သလိုျဖစ္ေနမယ္ဆိုတာ သူလည္းသိပါတယ္။


ဒါေပမယ့္လည္း သူ႔ေကာင္ေလးကို ဒီ့ထက္ႏွာဘူးက်တာမ်ိဴးတစ္ခုခု သူလုပ္ခ်င္ေနတယ္။


________


The author has something to say ;


ထုထုေလးေရ သတိသာထားေတာ့
  

Comment