Chapter - 81

ဒီတစ်နှစ်ကျောင်းစဖွင့်ချိန်က မနှစ်ကနဲ့စာရင် စောတယ်။ အကျိုးဆက်ကား ရင်းဇယ်ရဲ့ဆယ့်နှစ်ရှစ်ပြည့် မွေးနေ့ဟာ ဗုဒ္ဓဟူးနေ့မှာ ကျရောက်လာတယ်။


နေ့လဲစားစားပြီးချိန်မှာ ကျန့်ယောင်တစ်ယောက် ထိုင်ခုံဖော်လေးကို ဘယ်နေရာမှာမှ ရှာမတွေ့တဲ့အဆုံး သစ်ပင်တန်းဆီ အလောသုံးဆယ်နဲ့ ပြေးကြည့်တော့ ထင်တဲ့အတိုင်းပါပဲ၊ ကောင်စုတ်‌လေးက ဟိုနှလုံးသားမရှိတဲ့ ဝံပုလွေကောင်ကို လက်ဆောင်ပေးနေတယ်။


ထိုထဲက ပြန်ထွက်လာတဲ့ ရင်းဇယ်က သူ့ကိုလည်းမြင်ရော မျက်မှောင်ကြုတ်သွားတယ်။
‘‘ဘာကိစ္စ မင်းက ဒီရောက်နေပြန်တာလဲ?”


‘‘အခြေအနေဘယ်လိုရှိလဲ လာကြည့်တာ”
ကျန့်ယောင်က ရင်းဇယ်ပခုံးကို ပုတ်ကာ
‘‘မင်းတကယ်ကြီး ယူမယ်လို့ ငါထင်မထားဘူး၊ တိတိက အရွယ်ရောက်တော့ သိတတ်လာပြီပဲ”


‘‘ငါ့ကောဘာသာ ငါ့ကိုမွေးနေ့လက်ဆောင်ပေးတာလေ မင်းသောက်လုပ်ပါလား?”


‘‘ငါ့သောက်လုပ်မပါလို့ ဘယ်ဖြစ်ပါ့မလဲ? လက်ဆောင်ရဲ့တစ်၀က်လောက်က ငါလုပ်‌ပေးထားတဲ့ဥစ္စာ” 


‘‘......”
စက္ကန့်ပိုင်းအတွင်းပဲ ရင်းဇယ် အမူအရာက ခံစားချက်ပြရုပ်စုံလို အထင်သေးဟန်ကနေ အံ့ဩထိတ်လန့်သွားဟန်၊ ထိုမှတစ်ဆင့် ဒေါသအဖြစ်ပြောင်းသွားတယ်။ နောက်တော့ ဖျတ်ခနဲ လှည့်ထွက်သွားတော့တာပဲ။
‘‘ပြန်ရောက်မှ အမှိုက်ပုံးထဲ လွှင့်ပစ်ဦးမယ်!”


.
‘‘မင်း သူ့ကို ရန်မစပဲနေလို့မရဘူးလား?”


‘‘မရဘူး၊ သူ့မျက်မြင်တာနဲ့ကို စိတ်ကပေါက်လာတာ၊ အသဲနှလုံးမရှိတဲ့ ဝံပုလွေကောင်”


‘‘တိတိက စိတ်ထားမဆိုးပါဘူး၊ အဲ့ဒါက......အတိတ်ကကိစ္စကို အခဲမကြေဖြစ်နေရုံလေးတင်ပါ၊ အဲ့တာကြောင့်” 


‘‘အဲ့တော့? မင်းကရော အဲ့တုန်းကအမှန်တရားကို ဘယ်တော့မှ သူ့ကိုပြောပြမှာလဲ? မင်းသာရှင်းမပြရင် သူ့ဘ၀တစ်လျှောက်လုံး အထင်လွဲနေတော့မှာ”


‘‘အစကတည်းက အမှားလုပ်ခဲ့မိတဲ့ သူက ငါပါ”


ကျန့်ယောင်ကတော့ ဒါကို လက်မခံနိုင်ပေ။
‘‘မင်းလုပ်တာ ဘာမှားလို့လဲ? မင်းညီကို မင်းတမင်သက်သက် ထားခဲ့တာမဟုတ်ဘူးဆိုတာ ငါယုံတယ်၊ သူလည်း တစ်ခါလောက်လေးတော့ ဦးနှောက်သုံးပြီး စဉ်းစားသင့်တာပေါ့၊ တမင်သက်သက် သူ့ကို အရှေ့ကပြေးခိုင်းပြီး ပြန်ပေးသမားတွေ လိုက်တော့မှ မင်းကထွက်ပြေးပြပြီး လမ်းလွှဲပေးတာ‌လေ၊ မဟုတ်ရင် ဘယ်လိုလုပ် သူ့လို ပျော့တိပျော့ဖက်ကလေးစုတ်က လူကြီးတွေလက်က လွတ်အောင်ပြေးနိုင်မှာလဲ? ဒါတွေအကုန်လုံးက မင်းညီ သူ့ကိုယ်သူ အရူးဖြစ်မှာကြောက်‌နေလို့ ဖြစ်နေတဲ့ကိစ္စချည်းပဲ”


‘‘အဲ့တုန်းက သူက ငယ်သေးတယ်လေ အဲ့အဖြစ်ကြီးက သူ့အပေါ် တော်တော်လေးစွန်းထင်းသွားခဲ့တာ၊ နောက်ပြီး ငါကိုယ်တိုင်ကလည်း ဒီတိုင်းလွှတ်ထားပြီး တစ်ခါမှ ရှင်းပြဖို့ မကြိုးစားခဲ့တာလည်း ပါပါတယ်”
ရင်းချဲယ်က လှည့်ပြီး စာသင်ဆောင်ဘက်ကို လျှောက်သွားတယ်။
‘‘သူ့ကိုယ်သူ အပြစ်တင်နေတာမျိုး ငါမဖြစ်စေချင်ဘူး၊ အဲ့ဒါ့ထက် နှစ်ယောက်လုံး အဖမ်းခံခဲ့ရတယ်ဆိုတာလည်း ငါသတိကောင်းကောင်းမရှိခဲ့လို့၊ အဲ့တာကြောင့် ငါ့အပေါ် သူမကျေနပ်တာ ဖြစ်သင့်ပါတယ်”


‘‘မင်းက သူ့ဆို အမြဲ အနွံနာခံပြီး ချစ်နေတာချည်းပဲ”
ကျန့်ယောင်က မနာလိုစွာ ငြီးငြူပြောတယ်။
‘‘ငါ့ကျ ဘယ်တော့မှ အဲ့လိုမျိုးမရှိဘူး”


ရင်းချဲယ် ခြေလှမ်းနေရာက တန့်သွားတယ်။
‘‘ဒါပေမယ့် မင်းအဆင့်ကလည်း တစ်ဦးတည်းမူပိုင်မလား”


ထိုစကားလေးတစ်ခွန်းကြောင့်ပဲ ကျန့်ယောင်မှာ တစ်နေကုန် အူမြူးသွားကာ အပေါက်ဆိုးတိတိရဲ့ နားထဲကို နောက်ထပ်နှစ်ဆယ့်လေးနာရီလောက် ပဲ့တင်ထပ်နေအောင် ‘‘ကြားတယ်မလား! ငါက မင်းကောကောရဲ့ တစ်ဦးတည်းမူပိုင်ကွ!”ဆိုပြီး လော်‌ကြီးကြီးနဲ့ကို အားရပါးရအော်ပြောချင်စိတ်ပေါက်နေတယ်။


ရင်းချဲယ်ဆီက အကြည့်စူးစူးတစ်ချက်ရချိန်မှာတော့ ထိုအကြံကို သူလက်လွှတ်လိုက်ပါတယ်။


...


ရင်းဇယ်ရဲ့မွေးနေ့ဆို‌တော့ လက်ဆောင်တွေတစ်ပုံတစ်ပင် လက်ခံရရှိတယ်။ လက်ဆောင်ပုံကြောင့် Class 1
3အနောက်တံခါးက ထွက်ဖိုတောင် ခက်ခက်ခဲခဲထွက်ယူရတယ်၊ အထူးသဖြင့် အဲ့ဒီဘာထည့်ထားမှန်းမသိတဲ့ ဘူးကြီးကြီးကြီး။ စပ်စပ်စုစုကျောင်းသားတစ်ယောက်က သိချင်စောနဲ့ ဖွင့်ကြည့်မယ်လုပ်တော့ ချက်ချင်းအကြိမ်းခံလိုက်ရတယ်။
‘‘ဘာကိစ္စ ကြည့်ချင်နေတာလဲ! ကျိုးသွားရင် လျှော်ပေးနိုင်မှာကျလို့” 


First High ဖိုရမ်ကတော့ အရင်ကလိုပဲ သူ့အတွက်မွေးနေ့ဆုမွန်ကောင်း တောင်းပေးတယ်၊ သူ့ရဲ့ကျောင်းနတ်ဘုရားဂုဏ်ပုဒ်က ပါသွားပြီဆိုပေမယ့်လည်း နာမည်ကတော့ ကြီးတုံးပဲကိုး။


မွေးနေ့ဆုမွန်ကောင်း threadနဲ့ တစ်ချိန်တည်းဆိုသလို ထွက်လာတဲ့ အတင်းဖျင်း threadတစ်ခု ခေါင်းစဉ်က : ငါတို့ရဲ့ ကျောင်းလူဆိုးနဲ့ ကျောင်းနတ်ဘုရား တွဲနေကြတယ်လို့ ထင်လား? တဲ့။


ခေါင်းစီးက အလွန့်လွန်ကို အာရုံဖမ်းစားနိုင်ပြီး စိတ်၀င်စားစရာကောင်းတာကြောင့် ဖြတ်သွားဖြတ်လာတွေကလည်း ဒီလို cpမျိုး ဘယ်လိုဖြစ်ကုန်လဲဆိုတာ သိချင်ကြတာကြောင့် ၀င်ကြည့်ကြတယ်။


ပို့ရေးသူအမည်က နွေနှင်းပွင့်လေး(ရှထျန်သဲ့ရွှယ်)တဲ့။ ပထမဆုံးအနေထားမှာတော့ coupleအပေါ် သူ့ရဲ့အမြင်တွေကို ထုတ်ပြထားတယ် :


‘‘အားလုံးပဲ စဉ်းစားကြည့်၊ သူတို့နှစ်ယောက် ထိုင်ခုံဖော်တွေဖြစ်လာကြတာ ကြာလှပြီ၊ သူတို့ဆက်ဆံရေးဘယ်လောက်ကောင်းလဲ အာလုံးလည်း မြင်တဲ့အတိုင်းပဲလေ ဟုတ်တယ်မလား? ကျန့်ယောင် ရောက်မလာခင်ကဆို ရင်းချဲယ်က ဘယ်တော့မှ မပြုံးသလို သူငယ်ချင်းတွေနဲ့လည်း ဘယ်တော့မှ အပြင်မထွက်တတ်ဘူး၊ ဒါပေမယ့် ကျန့်ယောင် ရောက်လာကတည်းက တော်တော်လေးတက်တက်ကြွကြွဖြစ်လာပြီး အဆင့်တွေတောင် တက်လာတာပဲကြည့်၊ အဲ့ဒါ အချစ်ရဲ့စွမ်းအားမှမဟူတ်ရင် ဘာများဖြစ်ဦးမလဲ?”


ကျိန်းသေပေါက် ဒီမှတ်ချက်ဟာ ပရိတ်သတ်ကို မစည်းရုံးနိုင်ပေဘူး၊ First Highကျောင်းသားတွေက အားရပါးရကို ပြန်ပြောကြတော့တာပဲ :


‘‘တက်ကြွတယ်တဲ့လား? ရင်းချဲယ်ကို ဖော်ပြဖို့က‌ ဒီစကားလုံးသုံးလို့မရဘူးလေ နော်? ပို့စ်တင်တဲ့သူက ရင်းချဲယ်ဖန်ထင်တယ်၊ ဒီ filterကြီးက‌တော့ များလွန်းတယ်”


‘‘ဒါ‌တွေအကုန်လုံးက ကျန့်ယောင် ဘယ်လောက် personalityကောင်းလဲ ဖော်ပြနေတာပဲ၊ ရင်းချဲယ်နဲ့တောင် တည့်တယ်ဆိုတော့လေ၊ အဲ့တာနဲ့တင် နှစ်ယောင်သားက တွဲနေတယ်လို့ မဆိုလိုနိုင်ဘူးလေ ဟုတ်တယ်မလား?”


‘‘ငါခွဲခြားပြောတာတော့ မဟုတ်ပါဘူး၊ alphaနဲ့ betaတွဲဖို့ဆိုတာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကျန့်ယောင်နဲ့ ရင်းချဲယ်ကတော့? လုံးဝမဖြစ်နိုင်ဘူး၊ မင်းဟာက AA relationship ကို ပြောနေသလိုပဲ ငါ့ကောင်ရေ၊ မင်းအတွေးတွေက အန္တရာယ်များလိုက်တာနော်”


‘‘ပို့စ်တင်သူက နာမည်ကြီးချင်လိူ့ လုပ်နေတာ အသိသာကြီးပဲ၊ သွားကြမယ်၊ ဘယ်လိုလုပ်ပြီးများ ဒီအတွဲကို shipနိုင်ရတာလဲ၊ သူ့ဟာ Voldemort/ Lin DaiYu shipလိုပဲ”
(T/n : Voldemortနဲ့ Dream Of red mansions dramaထဲက Lin Dai Yuကို shipတာပါတဲ့၊ မဖြစ်နိုင်/စိတ်ကူးယဉ်ဆန်လွန်းတာမျိုးပေါ့၊ ပိုသိချင်တယ်ဆိုရင်တော့ Googleကိုမေးပါ)


အကျောမခံနိုင်ပဲ 'နွေနှင်းပွင့်လေး'ဟာလည်း ဆန့်ကျင်သူအုပ်လိုက်ကြီးကို အားကုန်ပြန်တိုက်ခိုက်တော့တာပဲ။
‘‘ငါကတော့ သူတို့နှစ်ယောက်လုံး ကြိုက်နေတယ်လို့ထင်တယ်ဟာ ဘာဖြစ်လဲ! နင်တို့ မကြည့်တတ်ကြဘူးလား! ရင်းချဲယ် ခြေချင်း၀တ်မှာ ကြိုးတစ်ချောင်းရှိပြီး ကျန့်ယောင်မှာလည်း လက်ကောက်၀တ်မှာရှိတယ်၊ သက်သေမှ ထင်းနေတာပဲ!”


လူစုက နှာခေါင်းရှုံ့တယ်။
‘‘မနေ့က ငါ Class 1 ရှေ့ကဖြတ်သွားတော့ ရင်းချဲယ်က ကျန့်ယောင်ကိုလိုက်က‌န်နေတာ တွေ့ခဲ့တယ်၊ အဲ့တာရိုတာလား?”


‘‘သာမန်လူဆယ်ယောက်မှာ တစ်၀က်လောက်က အလှပတ်တဲ့ လက်ပတ်ကြိုး ရှိကြတာချည်းပဲ၊ ငါ့မှာတောင်တစ်ခု ရှိသေးတယ်၊ အဲ့လိုဆို ငါကရင်းချဲယ်နဲ့ တွဲနေတယ်ပေါ့? အဲလိုကြီး မခြောက်ပါနဲ့ဟ”


‘‘ဒီမှာ သူငယ်ချင်း ငါဒါပဲပြောလိုက်မယ် : ဗိုက်ဆာနေချိန် အစာမရွေးရဘူး၊ ကမ္ဘာပေါ်မှာ cp တွေအများကြီးရှိတယ်၊ အေး ဒီcpကတော့ တွေးကိုတွေးနေစရာမလိုဘူး”


ဒီ'နွေနှင်းပွင့်လေး'ကဝောာ့ ဆုံးဖြတ်ချက် ပြတ်သားတယ်၊ ပို့စ်ကိုလာမေးတဲ့သူတိုင်းကို အလျှော့မပေးပဲ အစွမ်းကုန်ပြန်ခံပြောရင်း နောက်ဆုံးမှာ ပြင်းပြင်းထန်ထန် ထုတ်ပြန်လိုက်တယ်။
‘‘သူတို့နှစ်ယောက်လုံး လူသိရှင်ကြားချပြလာတဲ့တစ်နေ့မှ နင်တို့အားလုံး ငါ့ကို ပြန်လာတောင်းပန်ရမယ်!” 


..


စာသင်နှစ်ရဲ့ ဒုတိယအပတ်တွင်တော့ clubတွေမှာ အသင်းသားအသစ်တွေ ပြန်ခေါ်တယ်။


တမြန်မနှစ်ကလိုပဲ အဖွဲ့အသီးသီး သစ်ပင်တွေစီတန်းနေတဲ့လမ်းမှာ စားပွဲတွေချ ခင်းကျင်းပြသကြပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်ကြေညာကြတယ်။ မတူတာတစ်ခုက မနှစ်က စီနီယာတွေနေရာမှာ ကျောင်းသားသစ်တွေ အစားထိုးသွားတာလေး တစ်ခုပဲ။


လက်မှုပညာလို တတိယနှစ်တွေချည်း ပြည့်နေတဲ့ clubမျိုးအတွက်တော့ ဘာမှမတတ်နိုင်ပဲ စီနီယာတွေကိုယ်တိုင်ထွက် အလုပ်လုပ်ရတော့တာပေါ့။


‘‘ဒါလေးအလယ်မှာချပေးပါဦး”
ရွှီရှို့က ညွှန်ကြားတယ်။


သူလည်း နွေအားလပ်ရက်ကတည်းက အပြည့်အ၀ပြန်ကောင်းလာပြီဖြစ်ရာ ယခုဆို pheromoneနံ့နည်းနည်း ပိုပြီး အားပျော့တာကလွဲရင် သာမန် omegaတွေနဲ့ ဘာမှမကွာခြားပေ။ နောက်ပြီး ဒီနှစ်တော့ စာဆက်သင်ဖို့အတွက် ကျောင်းကို ပြန်လာခဲ့တယ်။


ဥက္ကဌရဲ့ အကူအညီနဲ့ လက်မှုပညာအသင်းရဲ့ boothက မနှစ်ကထက် ကြီးမားလာခဲ့တယ်။ ရွှီရှို့ဟာ ကျောင်းမှတစ်နှစ်ခွင့်ယူပြီး ဆေးရုံတက်နေရင်းလည်း လက်မှုပစ္စည်းလေးတွေ လုပ်နေခဲ့တယ်။ သူက အတော်လေး ပါရမီပါပြီး အတော်များများပြုလုပ်နိုင်ခဲ့တာကြောင့် ခင်းကျင်းပြသထားတဲ့ပစ္စည်း အများအပြားဟာ သူ့အားထုတ်မှုတွေသာ။


ကျန့်ယောင် မနှစ်ကအခင်းအကျင်းကို ပြန်တွေးကြည့်မိပြီး မထိန်းနိုင်ပဲ ရယ်မိတယ်။


‘‘ဘာရယ်တာလဲ? ငါကောင်း‌ကောင်းမလုပ်နိုင်ခဲ့တာ ငါ့ကိုယ်ငါသိတယ်”
ရင်းချဲယ်က သူ့ကိုပိတ်ကန်တယ်။
‘‘သွား ထွက်ပြီး လာတဲ့လူရှိအောင် သွားဆွဲ‌ဆောင်ချည်”


‘‘ငါ့လိုလူက တကူးတက ထွက်ပြီး ဆွဲဆောင်စရာလိုတယ်လို့ထင်နေလား? ဒီမှာ ထိုင်နေရုံနဲ့တင် ရပြီ၊ clubကို လူသစ်တွေနဲ့ ပြည့်သွားစေရမယ်လို့ ငါအာမခံတယ်”
ကျန့်ယောင်ကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နှင့်ပင်။


သို့ပေမယ့်လည်း သူ့ကိုကြည့်(ငမ်း)ဖို့ လူတွေအများကြီး ရောက်လာတာ မှန်ပေသည့်တိုင် စာရင်းသွင်းဖို့အတွက်တော့ ဘယ်သူကမှ စိတ်မဝင်စားကြပေ။ တတိယနှစ်ကျောင်းသားတွေသည် ပညာရေးကိုသာ အာရုံစိုက်ရမည်လို့ ကျောင်းက ပြဌာန်းထားသည့်အတွက် အထူးအခမ်းအနားတွေကလွဲရင် သူတို့မှာ ပါ၀င်လို့မရ‌ပေ။


တစ်နည်းဆိုရရင် clubကို သူတို့ joinဦးတောင်မှ ကျောင်းနတ်ဘုရားကို တွေ့ရမှာမဟုတ်တာကြောင့် ဂျူနီယာကျောင်းသားတွေမှာ နောင်တတွေနဲ့သာ လာလမ်းအတိုင်းပြန်လှည့်ရတယ်။


သို့ပေသည့် လက်မှုပစ္စည်းလေးတွေကို စိတ်၀င်စားတဲ့ ကျောင်းသားတချို့ကိုတော့ ရွှီရှို့က သူ့အရည်အချင်းနဲ့ ဆွဲဆောင်နိုင်လိုက်တယ်။ သို့နှင့် သူမဆိုင်းမတွ သိမ်းသွင်းတော့တယ်။
‘‘ကျွန်တော်တို့ရဲ့ clubကို၀င်မယ်ဆိုရင်တော့ ဒီလိုအရာတွေကို ကိုယ်တိုင်လုပ်တတ်လာသည်အထိ အကောင်းဆုံး သင်ကြားနိုင်မယ့် အခွင့်အရေးကို ချက်ချင်းရရှိနိုင်မှာဖြစ်ပါတယ်၊ လူကြီးမင်းတို့ မိသားစုတွေကို ပေးလို့ရမယ် သူငယ်ချင်းတွေကို ပေးလို့ရမယ်၊ ခေတ်မှီပြီး ဆန်းသစ်တဲ့ခံစားချက်လေးကို ပေးစွမ်းနိုင်မှာပါ”


ဒီလိုကြေညာမှုမျိုးနဲ့ အသင်း၀င်တချို့ကို ဆွဲဆောင်နိုင်လိုက်တာကြောင့် clubဖျက်သိမ်းခံရမယ့် ကိစ္စအတွက်တော့ ပူစရာမလိုတော့ပေ။


‘‘ငါတို့ အခန်းတစ်ခန်းပြန်လျှောက်ဖို့ လိုပြီ”
ရွှီရှို့က ပြောတယ်။


‘‘ကျွန်တော် လျှောက်လိုက်ပါ့မယ်”
ရင်းချဲယ်က ပြန်ဖြေတယ်။


ကျန့်ယောင်က ဘေးကနေ :
‘‘......ငါတစ်ယောက်တည်း အသုံးမ၀င်ဖြစ်နေသလိုပဲ”


တစ်ဖက်ကနှစ်ယောက်မှ သူ့အား အထင်သေးတဲ့အကြည့်တွေ ပစ်လွှတ်လာပြီး
‘‘အစတည်းက မင်းက clubအနေချောင်တာကို အမြတ်ထုတ်ဖို့ ရောက်လာတာပဲ မဟုတ်လို့လား?”


အသင်း၀င်သစ်ပြန်စုဆောင်းတဲ့ အစီစဉ်ပြီးခါနီးလောက်ကျ ရွှီရှို့ရဲ့ရည်းစား တုရှန်းရောက်လာတယ်။ သူက ဘွဲ့ရပြီးဖြစ်ကာ တက္ကသိုလ်မှာ အတန်းချိန်လည်းနည်းတာနဲ့အတူတူ ကူဖော်လောင်ဖက်ရအောင် ဒီကိုလာခဲ့ခြင်းဖြစ်တယ်။ အလုပ်တွေပြီးတော့ ရွှီရှို့က သူ့ကိုလက်မောင်းကဆွဲကာ ပါးကိုလှမ်းနမ်းတယ်။ အဲ့နောက် သူ့ပခုံးပေါ်ခေါင်းလေးမှီရင်း စကားတပြောပြော ရယ်ရယ်မောမောနဲ့ ထွက်သွားတော့တာပဲ။


ကျန့်ယောင်က မနာလိုအားကျစွာ
‘‘ကြည့်စမ်းပါဦး.....” 


ရင်းချဲယ်က လှမ်းကြည့်ကာ
‘‘ဟမ်?”


‘‘......နေ့ခင်းကြောင်တောင်ကြီးလာပြီး ချစ်ပြနေလိုက်တာများ!”
ကျန့်ယောင်က တည်တင်းနေတဲ့ရုပ်နဲ့ ပြောတယ်။
‘‘faတွေအတွက် ဒါမျိုး ဘယ်သင့်တော်ပါ့မလဲ? တခြားသူတွေရဲ့ခံစားချက်ကို သူတို့ထည့်မတွက်ကြဘူးလားမသိဘူး”


ရင်းချဲယ်မှာ မထိန်းနိုင်ပဲ ပြုံးမိပြီး
‘‘ရူးနေပြီပဲ”


...


နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ်။ အထက်တန်းတတိယနှစ်မှာ ပျော်စရာပွဲလမ်းတွေ နည်းသထက်နည်းလာတဲ့အပြင် club sessionလည်း မရှိတော့ပေ။ ဒီကာလအတွင်းတော့ ကျန်သမျှအတန်းချိန်တွေ အားလုံးက စာသင်ချိန်တွေသာဖြစ်တယ်။


‘‘ငါတော့ စာရူးပေရူးဖြစ်တော့မယ်!”
ကျန်းခဲ့မှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ ထခုန်မိတယ်။
‘‘မဖြစ်ဘူး၊ ဒီပိတ်ရက်တော့ အပြင်ထွက်ပြီး တစ်ခုခုလုပ်ကြစို့ကွာ၊ ဒီလိုသာဆက်ဖြစ်နေရင် ငါစိတ်လွတ်သွားတော့မှာ! မင်းတို့တွေလည်း ခံစားချက်မရှိဖြစ်ကုန်လိမ့်မယ်ကွ!”


နောက်ဆုံးစကားကို သူတို့ နားမလည်သော်ငြား ဒီအရွယ်မိန်းကလေးတွေမှာ အပြင်ထွက်ဖို့အရေးဆို တက်ကြွ‌နေတာပဲ။ ဒါ့အပြင် အရင်တစ်ခေါက် ကမ်းခြေသွားတုန်းက မလိုက်လိုက်ရသည့်အတွက် ကျန်းခဲ့က အခဲမကြေဖြစ်နေပြီး ရေသွားကူးဖြိုအကြောင်း နှစ်စကတည်းက တတွတ်တွတ်ပြောနေခဲ့တာဖြစ်တယ်။


ထို့ကြောင့် သူ့ဆန္ဒလေးပြည့်သွားဖို့အရေးနဲ့ သူတို့အတွက်လည်း မနားမနေ စာလုပ်နေရတာကနေ အနားယူဖို့သင့်တော်တဲ့ ကျောင်းနားက ရေကူးကန်ဆီ ဒီသနားစရာကလေးကို လိုက်ပို့ဖို့ဆုံးဖြတ်လိုက်ကြတယ်။


နွေပိတ်ရက်နဲ့ယှဉ်ရင် စက်တင်ဘာက တကယ့်ရာသီလို့မဆိုနိုင်သေးပေမယ့် အပူဒဏ်က ပြင်းလွန်းတာမို့ ပိတ်ရက်မှာ ရေကူးကန်လာကြတဲ့လူ အမြောက်အများရှိနေတယ်။


အဖွဲ့ထဲက အတော်များများ ရေကူးတတ်တဲ့လူတွေကတော့ ရေကူး၀တ်စုံလဲလဲပြီးချင်း ရေထဲခုန်ဆင်းတော့တာပဲ။ ရင်းချဲယ်ကတော့ ရေကူးဘောင်းဘီနဲ့ ရှပ်အင်္ကျီကိုမချွတ်ပဲ ကန်ဘေးတစ်နေရာမှာထိုင်ကာ ‌ခြေသလုံးကိုရေထဲနှစ်ရင်း လှုပ်ရမ်းနေတယ်။


အကြိမ်အနည်းငယ် ကူးခတ်ပြီးနောက် ကျန့်ယောင် ခေါင်းထောင်ကြည့်တော့ ကလေးလေးတစ်ယောက်ပုံစံနဲ့ သူ့ကိုမြင်သွားချိန် ချစ်စရာကောင်းမှုက သူ့ရင်ဘတ်ကြီးကို တည့်တည့်ပစ်ခွင်းတော့တာပဲ။


‘‘ဆင်းမလား? ငါသင်ပေးမယ်”


‘‘မလိုဘူး”


ကျန်းခဲ့က အံ့ဩနေတဲ့ရုပ်နဲ့ တစ်ဖက်ကနေ ကူးခတ်ရောက်လာတယ်။
‘‘ချဲယ်‌ကောက တကယ် ရေမကူးတတ်တာလား?”


‘‘.....ငါမေ့နေလို့” 
သူငယ်ငယ်တုန်းကတော့ ကူးတတ်တယ်၊ မလေ့ကျင့်တာကြာတော့ မေ့သွားတာတော့ မဆန်းပေ။


‘‘ငါတို့ သင်ပေးမယ်လေ၊ ဒီတိုင်းချည်း တစ်ယောက်တည်း ဘေးမှာထိုင်နေရင် ပျင်းနေလိမ့်မယ်”


‘‘မပျင်းပါဘူး”


ကျန့်ယောင်က ရယ်ရင်း : ‘‘မင်းမသင်ချင်ဘူးဆိုလည်း ငါဘောကွင်းသွားငှားပေးရမလား”


ရေကူးကန်ထဲမှာ ဘောကွင်းငှားပြီးကစားကြသူဆိုတာ အတော်များများက ကလေးတွေချည်းပဲ။


ရင်းချဲယ်က မျက်လုံးမှေးကာ
‘‘လုပ်ကြည့်လိုက်ပါလား?”


လုပ်ကြည့်လိုက်ရင် ကျန့်ယောင်သေတော့မယ်ဆိုတာ ကျန်းခဲ့က သဘောပေါက်သူပီပီ စစ်မြေပြင်ဖြစ်ဖို့အလားလာရှိတဲ့နေရာကနေ ချက်ချင်းထွက်ခဲ့လိုက်တယ်။
‘‘အယ် ငါ အတန်းမော်နီတာ ဘာလုပ်နေလဲ သွားကြည့်လိုက်ဦးမယ်!”


သူ့အန္တရာယ်သူမသိတဲ့ ကျန့်ယောင်ကတော့ လက်တစ်ဖက်နဲ့ ရေထဲနှစ်ထားတဲ့ ရင်းချဲယ်ခြေထောက်ကို လှမ်းကိုင်တယ်။


လက်ပတ်ကြိုးအနီလေးက အရမ်းကြီးလည်း မတင်း အရမ်းကြီးလည်း မလျော့။ အရင်က ကျသွားတဲ့အသားနေရာတွေက ပြန်ပြီးပြည့်လာတာကြောင့် အန်ကျလေးဖြစ်နေတယ်။


‘‘ဘာလုပ်တာလဲ?”
ရင်းချဲယ်က ယားတော့ ပြန်ရုန်းတယ်။


ကျန့်ယောင်က လွှတ်မပေးတဲ့အပြင် ခပ်တင်းတင်းထပ်ကိုင်တယ်။
‘‘ဆင်းပြီး ငါနဲ့အတူလာကူး”


‘‘မရဘူးလို့”


‘‘မရဘူးမပြောနဲ့”
ကျန့်ယောင်က လေသံကိုလျှော့လိုက်ပြီး
‘‘ရေထဲမဆင်းရင် မင်းခြေသလုံးတွေက ခုလိုမျိုး အကုန်‌ပေါ်နေတာ၊ အဲ့တာမျိုးကို ဘယ်သူက တောင့်ခံနိုင်မှာလဲ”


ရင်းချဲယ်က ယောင်တောင်တောင်နဲ့ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်တယ်။ သူ့ရဲ့ရေကူးဘောင်းဘီက ပေါင်လယ်ထိအောင်တိုတက်နေပြီး ကျန်တစ်၀က်ကမူ လုံးလုံးလျားလျားပေါ်နေတယ်။


ဒါက လူတစ်ယောက်ရဲ့အတွေးတွေကို ဟိုရောက်သည်ရောက်ဖြစ်သွားစေဖို့ လုံလောက်နေပြီ။


‘‘နှာဘူး”


ကျန့်ယောင်က မျက်ခုံးပင့်ပြတယ်။ နောက် လက်ကိုအားထည့်ပြီး ခြေထောက်ကတစ်ဆင့် သူ့ကိုရေထဲဆွဲချတယ်။


ရေတွေအကုန် ဘေးဘက်ပေါင်းစုံကို ဗွမ်းခနဲ စင်ထွက်သွားတယ်။ သတိလက်လွတ်နဲ့မို့ ရေမွန်းတော့မယ်လို့ ရင်းချဲယ်ထင်လိုက်မိပေမယ့် ကျန့်ယောင်က သူ့ခါးကနေသိုင်းဖက်ပြီး ပြန်ထိန်းပေးထားတယ်။


ရေက ဘောင်ဘင်ခတ်သွားတယ်၊ ကန်ကလည်း နည်းနည်းနက်တယ်။ အောက်ခြေက သူ့ခြေထောက်နဲ့မမှီတဲ့အနေအထားမို့ ကျန့်ယောင်ပခုံးပေါ်ထောက်ပြီး ခိုထားဖို့သာတတ်နိုင်တယ်။
 


ကျန့်ယောင်က နဖူးပေါ်က ဆံပင်ရေစိုတွေကို အနောက်သပ်တင်လိုက်ပြီး မျက်နှာပေါ်က ရေစက်တွေကို သုတ်တယ်။ ရင်းချဲယ်ကို ဟားတိုက်မယ်ဆိုပြီး မော့အကြည့် ဖောက်ထွင်းမြင်လုနီးပါးဖြစ်နေတဲ့ ‌အင်္ကျီအစိုပေါ် အကြည့်ရောက်မိသွားစဉ် သူမရယ်နိုင်တော့ပေ။


.........သူ့သည်းခံနိုင်မှု တကယ်ကြီး ဂိတ်ဆုံးပြီ ထင်ပါရဲ့


ရင်းချဲယ်လည်း သံသယ၀င်စရာကောင်းလောက်အောင် ရဲတက်လာတဲ့ အရှေ့ကလူရဲ့ နားရွက်တွေရယ် ဝံ‌ပုလွေလိုပြောင်းလဲလာတဲ့ မျက်၀န်းအမူအရာတွေကို ကြည့်လိုက်တယ်။ နောက်တော့ ကျန့်ယောင်ပခုံးကို တွန်းထုတ်ပြီး တွန့်လိမ်ရုန်းကန်ထွက်တော့တယ်။
‘‘ကလေးကလားနဲ့.... လွှတ် ငါ့ကို”


‘‘မလှုပ်နဲ့”
ကျန့်ယောင်အသံက တစ်ခုခုကို မျိုသိပ်ဖိနှိပ်ထားရဟန်။ ဖက်ထားတာကို လျှော့‌ပေးပြီး သူ့ကိုကန်ဘောင်ပေါ်ပြန်တင်ပေးတယ်။
‘‘သွား အ၀တ်သွားလဲချည်”


သူ့အမူအရာက ထူးဆန်းနေတာကြောင့် ရင်းချဲယ်လည်း ချက်ချင်းထွက်မသွားသေးပဲ မေးလိုက်တယ်။
‘‘မင်းလည်း တက်ပြီးနားလိုက်ပါတော့လား? ရေထဲအကြာကြီးနေလို့ မကောင်းဘူး”


ကျန့်ယောင်က ကန်ဘောင်ကိုမှီထားရင်း မျက်လုံးတွေက ဟိုရှောင်သည်ရှောင်နဲ့
‘‘နောက်မှပဲ နားတော့မယ်”


ရင်းချဲယ် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်တယ်။


ကျန့်ယောင်ကမူ တုပ်တုပ်မှမလှုပ်ပဲ အဲ့နားမှာရပ်နေတုန်းပဲ။
‘‘ဘာလို့ မသွားသေးတာလဲ?”


‘‘မင်းကရော ဘာလို့ ရေဆက်မကူးတော့တာလဲ?”


‘‘ငါ.....အနားယူနေတာ”


‘‘ခုနပဲ နောက်မှနားမယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား?”


‘‘.....ငါ့ဟာငါ ရုတ်တရက်ကြီး နားချင်လာလို့ရော မရဘူးလား”


ထပ်ပြီး ရင်းချဲယ်က သူ့ကို စက္ကန့်အနည်းငယ် ငြိမ်ကြည့်နေပြီးမှ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး အသံတိုးတိုးနဲ့ မေးတယ်။
‘‘ကော, မင်း.. hard နေတာလား?”


_______


[Zawgyi]


ဒီတစ္ႏွစ္ေက်ာင္းစဖြင့္ခ်ိန္က မႏွစ္ကနဲ႔စာရင္ ေစာတယ္။ အက်ိဳးဆက္ကား ရင္းဇယ္ရဲ့ဆယ့္ႏွစ္ရွစ္ျပည့္ ေမြးေန႔ဟာ ဗုဒၶဟူးေန႔မွာ က်ေရာက္လာတယ္။


ေန႔လဲစားစားၿပီးခ်ိန္မွာ က်န႔္ေယာင္တစ္ေယာက္ ထိုင္ခုံေဖာ္ေလးကို ဘယ္ေနရာမွာမွ ရွာမေတြ႕တဲ့အဆုံး သစ္ပင္တန္းဆီ အေလာသုံးဆယ္နဲ႔ ေျပးၾကည့္ေတာ့ ထင္တဲ့အတိုင္းပါပဲ၊ ေကာင္စုတ္‌ေလးက ဟိုႏွလုံးသားမရွိတဲ့ ဝံပုေလြေကာင္ကို လက္ေဆာင္ေပးေနတယ္။


ထိုထဲက ျပန္ထြက္လာတဲ့ ရင္းဇယ္က သူ႔ကိုလည္းျမင္ေရာ မ်က္ေမွာင္ၾကဳတ္သြားတယ္။
‘‘ဘာကိစၥ မင္းက ဒီေရာက္ေနျပန္တာလဲ?”


‘‘အေျခအေနဘယ္လိုရွိလဲ လာၾကည့္တာ”
က်န႔္ေယာင္က ရင္းဇယ္ပခုံးကို ပုတ္ကာ
‘‘မင္းတကယ္ႀကီး ယူမယ္လို႔ ငါထင္မထားဘူး၊ တိတိက အရြယ္ေရာက္ေတာ့ သိတတ္လာၿပီပဲ”


‘‘ငါ့ေကာဘာသာ ငါ့ကိုေမြးေန႔လက္ေဆာင္ေပးတာေလ မင္းေသာက္လုပ္ပါလား?”


‘‘ငါ့ေသာက္လုပ္မပါလို႔ ဘယ္ျဖစ္ပါ့မလဲ? လက္ေဆာင္ရဲ့တစ္၀က္ေလာက္က ငါလုပ္‌ေပးထားတဲ့ဥစၥာ” 


‘‘......”
စကၠန႔္ပိုင္းအတြင္းပဲ ရင္းဇယ္ အမူအရာက ခံစားခ်က္ျပ႐ုပ္စုံလို အထင္ေသးဟန္ကေန အံ့ဩထိတ္လန႔္သြားဟန္၊ ထိုမွတစ္ဆင့္ ေဒါသအျဖစ္ေျပာင္းသြားတယ္။ ေနာက္ေတာ့ ဖ်တ္ခနဲ လွည့္ထြက္သြားေတာ့တာပဲ။
‘‘ျပန္ေရာက္မွ အမွိုက္ပုံးထဲ လႊင့္ပစ္ဦးမယ္!”


.
‘‘မင္း သူ႔ကို ရန္မစပဲေနလို႔မရဘူးလား?”


‘‘မရဘူး၊ သူ႔မ်က္ျမင္တာနဲ႔ကို စိတ္ကေပါက္လာတာ၊ အသဲႏွလုံးမရွိတဲ့ ဝံပုေလြေကာင္”


‘‘တိတိက စိတ္ထားမဆိုးပါဘူး၊ အဲ့ဒါက......အတိတ္ကကိစၥကို အခဲမေၾကျဖစ္ေန႐ုံေလးတင္ပါ၊ အဲ့တာေၾကာင့္” 


‘‘အဲ့ေတာ့? မင္းကေရာ အဲ့တုန္းကအမွန္တရားကို ဘယ္ေတာ့မွ သူ႔ကိုေျပာျပမွာလဲ? မင္းသာရွင္းမျပရင္ သူ႔ဘ၀တစ္ေလၽွာက္လုံး အထင္လြဲေနေတာ့မွာ”


‘‘အစကတည္းက အမွားလုပ္ခဲ့မိတဲ့ သူက ငါပါ”


က်န႔္ေယာင္ကေတာ့ ဒါကို လက္မခံနိုင္ေပ။
‘‘မင္းလုပ္တာ ဘာမွားလို႔လဲ? မင္းညီကို မင္းတမင္သက္သက္ ထားခဲ့တာမဟုတ္ဘူးဆိုတာ ငါယုံတယ္၊ သူလည္း တစ္ခါေလာက္ေလးေတာ့ ဦးေႏွာက္သုံးၿပီး စဥ္းစားသင့္တာေပါ့၊ တမင္သက္သက္ သူ႔ကို အေရွ႕ကေျပးခိုင္းၿပီး ျပန္ေပးသမားေတြ လိုက္ေတာ့မွ မင္းကထြက္ေျပးျပၿပီး လမ္းလႊဲေပးတာ‌ေလ၊ မဟုတ္ရင္ ဘယ္လိုလုပ္ သူ႔လို ေပ်ာ့တိေပ်ာ့ဖက္ကေလးစုတ္က လူႀကီးေတြလက္က လြတ္ေအာင္ေျပးနိုင္မွာလဲ? ဒါေတြအကုန္လုံးက မင္းညီ သူ႔ကိုယ္သူ အ႐ူးျဖစ္မွာေၾကာက္‌ေနလို႔ ျဖစ္ေနတဲ့ကိစၥခ်ည္းပဲ”


‘‘အဲ့တုန္းက သူက ငယ္ေသးတယ္ေလ အဲ့အျဖစ္ႀကီးက သူ႔အေပၚ ေတာ္ေတာ္ေလးစြန္းထင္းသြားခဲ့တာ၊ ေနာက္ၿပီး ငါကိုယ္တိုင္ကလည္း ဒီတိုင္းလႊတ္ထားၿပီး တစ္ခါမွ ရွင္းျပဖို႔ မႀကိဳးစားခဲ့တာလည္း ပါပါတယ္”
ရင္းခ်ဲယ္က လွည့္ၿပီး စာသင္ေဆာင္ဘက္ကို ေလၽွာက္သြားတယ္။
‘‘သူ႔ကိုယ္သူ အျပစ္တင္ေနတာမ်ိဳး ငါမျဖစ္ေစခ်င္ဘူး၊ အဲ့ဒါ့ထက္ ႏွစ္ေယာက္လုံး အဖမ္းခံခဲ့ရတယ္ဆိုတာလည္း ငါသတိေကာင္းေကာင္းမရွိခဲ့လို႔၊ အဲ့တာေၾကာင့္ ငါ့အေပၚ သူမေက်နပ္တာ ျဖစ္သင့္ပါတယ္”


‘‘မင္းက သူ႔ဆို အျမဲ အႏြံနာခံၿပီး ခ်စ္ေနတာခ်ည္းပဲ”
က်န႔္ေယာင္က မနာလိုစြာ ၿငီးျငဴေျပာတယ္။
‘‘ငါ့က် ဘယ္ေတာ့မွ အဲ့လိုမ်ိဳးမရွိဘူး”


ရင္းခ်ဲယ္ ေျခလွမ္းေနရာက တန႔္သြားတယ္။
‘‘ဒါေပမယ့္ မင္းအဆင့္ကလည္း တစ္ဦးတည္းမူပိုင္မလား”


ထိုစကားေလးတစ္ခြန္းေၾကာင့္ပဲ က်န႔္ေယာင္မွာ တစ္ေနကုန္ အူျမဴးသြားကာ အေပါက္ဆိုးတိတိရဲ့ နားထဲကို ေနာက္ထပ္ႏွစ္ဆယ့္ေလးနာရီေလာက္ ပဲ့တင္ထပ္ေနေအာင္ ‘‘ၾကားတယ္မလား! ငါက မင္းေကာေကာရဲ့ တစ္ဦးတည္းမူပိုင္ကြ!”ဆိုၿပီး ေလာ္‌ႀကီးႀကီးနဲ႔ကို အားရပါးရေအာ္ေျပာခ်င္စိတ္ေပါက္ေနတယ္။


ရင္းခ်ဲယ္ဆီက အၾကည့္စူးစူးတစ္ခ်က္ရခ်ိန္မွာေတာ့ ထိုအႀကံကို သူလက္လႊတ္လိုက္ပါတယ္။


...


ရင္းဇယ္ရဲ့ေမြးေန႔ဆို‌ေတာ့ လက္ေဆာင္ေတြတစ္ပုံတစ္ပင္ လက္ခံရရွိတယ္။ လက္ေဆာင္ပုံေၾကာင့္ Class 1
3အေနာက္တံခါးက ထြက္ဖိုေတာင္ ခက္ခက္ခဲခဲထြက္ယူရတယ္၊ အထူးသျဖင့္ အဲ့ဒီဘာထည့္ထားမွန္းမသိတဲ့ ဘူးႀကီးႀကီးႀကီး။ စပ္စပ္စုစုေက်ာင္းသားတစ္ေယာက္က သိခ်င္ေစာနဲ႔ ဖြင့္ၾကည့္မယ္လုပ္ေတာ့ ခ်က္ခ်င္းအႀကိမ္းခံလိုက္ရတယ္။
‘‘ဘာကိစၥ ၾကည့္ခ်င္ေနတာလဲ! က်ိဳးသြားရင္ ေလၽွာ္ေပးနိုင္မွာက်လို႔” 


First High ဖိုရမ္ကေတာ့ အရင္ကလိုပဲ သူ႔အတြက္ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးတယ္၊ သူ႔ရဲ့ေက်ာင္းနတ္ဘုရားဂုဏ္ပုဒ္က ပါသြားၿပီဆိုေပမယ့္လည္း နာမည္ကေတာ့ ႀကီးတုံးပဲကိုး။


ေမြးေန႔ဆုမြန္ေကာင္း threadနဲ႔ တစ္ခ်ိန္တည္းဆိုသလို ထြက္လာတဲ့ အတင္းဖ်င္း threadတစ္ခု ေခါင္းစဥ္က : ငါတို႔ရဲ့ ေက်ာင္းလူဆိုးနဲ႔ ေက်ာင္းနတ္ဘုရား တြဲေနၾကတယ္လို႔ ထင္လား? တဲ့။


ေခါင္းစီးက အလြန႔္လြန္ကို အာ႐ုံဖမ္းစားနိုင္ၿပီး စိတ္၀င္စားစရာေကာင္းတာေၾကာင့္ ျဖတ္သြားျဖတ္လာေတြကလည္း ဒီလို cpမ်ိဳး ဘယ္လိုျဖစ္ကုန္လဲဆိုတာ သိခ်င္ၾကတာေၾကာင့္ ၀င္ၾကည့္ၾကတယ္။


ပို႔ေရးသူအမည္က ေႏြႏွင္းပြင့္ေလး(ရွထ်န္သဲ့ရႊယ္)တဲ့။ ပထမဆုံးအေနထားမွာေတာ့ coupleအေပၚ သူ႔ရဲ့အျမင္ေတြကို ထုတ္ျပထားတယ္ :


‘‘အားလုံးပဲ စဥ္းစားၾကည့္၊ သူတို႔ႏွစ္ေယာက္ ထိုင္ခုံေဖာ္ေတြျဖစ္လာၾကတာ ၾကာလွၿပီ၊ သူတို႔ဆက္ဆံေရးဘယ္ေလာက္ေကာင္းလဲ အာလုံးလည္း ျမင္တဲ့အတိုင္းပဲေလ ဟုတ္တယ္မလား? က်န႔္ေယာင္ ေရာက္မလာခင္ကဆို ရင္းခ်ဲယ္က ဘယ္ေတာ့မွ မျပဳံးသလို သူငယ္ခ်င္းေတြနဲ႔လည္း ဘယ္ေတာ့မွ အျပင္မထြက္တတ္ဘူး၊ ဒါေပမယ့္ က်န႔္ေယာင္ ေရာက္လာကတည္းက ေတာ္ေတာ္ေလးတက္တက္ႂကြႂကြျဖစ္လာၿပီး အဆင့္ေတြေတာင္ တက္လာတာပဲၾကည့္၊ အဲ့ဒါ အခ်စ္ရဲ့စြမ္းအားမွမဟူတ္ရင္ ဘာမ်ားျဖစ္ဦးမလဲ?”


က်ိန္းေသေပါက္ ဒီမွတ္ခ်က္ဟာ ပရိတ္သတ္ကို မစည္း႐ုံးနိုင္ေပဘူး၊ First Highေက်ာင္းသားေတြက အားရပါးရကို ျပန္ေျပာၾကေတာ့တာပဲ :


‘‘တက္ႂကြတယ္တဲ့လား? ရင္းခ်ဲယ္ကို ေဖာ္ျပဖို႔က‌ ဒီစကားလုံးသုံးလို႔မရဘူးေလ ေနာ္? ပို႔စ္တင္တဲ့သူက ရင္းခ်ဲယ္ဖန္ထင္တယ္၊ ဒီ filterႀကီးက‌ေတာ့ မ်ားလြန္းတယ္”


‘‘ဒါ‌ေတြအကုန္လုံးက က်န႔္ေယာင္ ဘယ္ေလာက္ personalityေကာင္းလဲ ေဖာ္ျပေနတာပဲ၊ ရင္းခ်ဲယ္နဲ႔ေတာင္ တည့္တယ္ဆိုေတာ့ေလ၊ အဲ့တာနဲ႔တင္ ႏွစ္ေယာင္သားက တြဲေနတယ္လို႔ မဆိုလိုနိုင္ဘူးေလ ဟုတ္တယ္မလား?”


‘‘ငါခြဲျခားေျပာတာေတာ့ မဟုတ္ပါဘူး၊ alphaနဲ႔ betaတြဲဖို႔ဆိုတာ ျဖစ္နိုင္တယ္ဆိုေပမယ့္ က်န႔္ေယာင္နဲ႔ ရင္းခ်ဲယ္ကေတာ့? လုံးဝမျဖစ္နိုင္ဘူး၊ မင္းဟာက AA relationship ကို ေျပာေနသလိုပဲ ငါ့ေကာင္ေရ၊ မင္းအေတြးေတြက အႏၲရာယ္မ်ားလိုက္တာေနာ္”


‘‘ပို႔စ္တင္သူက နာမည္ႀကီးခ်င္လိူ႔ လုပ္ေနတာ အသိသာႀကီးပဲ၊ သြားၾကမယ္၊ ဘယ္လိုလုပ္ၿပီးမ်ား ဒီအတြဲကို shipနိုင္ရတာလဲ၊ သူ႔ဟာ Voldemort/ Lin DaiYu shipလိုပဲ”
(T/n : Voldemortနဲ႔ Dream Of red mansions dramaထဲက Lin Dai Yuကို shipတာပါတဲ့၊ မျဖစ္နိုင္/စိတ္ကူးယဥ္ဆန္လြန္းတာမ်ိဳးေပါ့၊ ပိုသိခ်င္တယ္ဆိုရင္ေတာ့ Googleကိုေမးပါ)


အေက်ာမခံနိုင္ပဲ 'ေႏြႏွင္းပြင့္ေလး'ဟာလည္း ဆန႔္က်င္သူအုပ္လိုက္ႀကီးကို အားကုန္ျပန္တိုက္ခိုက္ေတာ့တာပဲ။
‘‘ငါကေတာ့ သူတို႔ႏွစ္ေယာက္လုံး ႀကိဳက္ေနတယ္လို႔ထင္တယ္ဟာ ဘာျဖစ္လဲ! နင္တို႔ မၾကည့္တတ္ၾကဘူးလား! ရင္းခ်ဲယ္ ေျခခ်င္း၀တ္မွာ ႀကိဳးတစ္ေခ်ာင္းရွိၿပီး က်န႔္ေယာင္မွာလည္း လက္ေကာက္၀တ္မွာရွိတယ္၊ သက္ေသမွ ထင္းေနတာပဲ!”


လူစုက ႏွာေခါင္းရွုံ႔တယ္။
‘‘မေန႔က ငါ Class 1 ေရွ႕ကျဖတ္သြားေတာ့ ရင္းခ်ဲယ္က က်န႔္ေယာင္ကိုလိုက္က‌န္ေနတာ ေတြ႕ခဲ့တယ္၊ အဲ့တာရိုတာလား?”


‘‘သာမန္လူဆယ္ေယာက္မွာ တစ္၀က္ေလာက္က အလွပတ္တဲ့ လက္ပတ္ႀကိဳး ရွိၾကတာခ်ည္းပဲ၊ ငါ့မွာေတာင္တစ္ခု ရွိေသးတယ္၊ အဲ့လိုဆို ငါကရင္းခ်ဲယ္နဲ႔ တြဲေနတယ္ေပါ့? အဲလိုႀကီး မေျခာက္ပါနဲ႔ဟ”


‘‘ဒီမွာ သူငယ္ခ်င္း ငါဒါပဲေျပာလိုက္မယ္ : ဗိုက္ဆာေနခ်ိန္ အစာမေရြးရဘူး၊ ကမၻာေပၚမွာ cp ေတြအမ်ားႀကီးရွိတယ္၊ ေအး ဒီcpကေတာ့ ေတြးကိုေတြးေနစရာမလိုဘူး”


ဒီ'ေႏြႏွင္းပြင့္ေလး'ကေဝာာ့ ဆုံးျဖတ္ခ်က္ ျပတ္သားတယ္၊ ပို႔စ္ကိုလာေမးတဲ့သူတိုင္းကို အေလၽွာ့မေပးပဲ အစြမ္းကုန္ျပန္ခံေျပာရင္း ေနာက္ဆုံးမွာ ျပင္းျပင္းထန္ထန္ ထုတ္ျပန္လိုက္တယ္။
‘‘သူတို႔ႏွစ္ေယာက္လုံး လူသိရွင္ၾကားခ်ျပလာတဲ့တစ္ေန႔မွ နင္တို႔အားလုံး ငါ့ကို ျပန္လာေတာင္းပန္ရမယ္!” 


..


စာသင္ႏွစ္ရဲ့ ဒုတိယအပတ္တြင္ေတာ့ clubေတြမွာ အသင္းသားအသစ္ေတြ ျပန္ေခၚတယ္။


တျမန္မႏွစ္ကလိုပဲ အဖြဲ႕အသီးသီး သစ္ပင္ေတြစီတန္းေနတဲ့လမ္းမွာ စားပြဲေတြခ် ခင္းက်င္းျပသၾကၿပီး က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္ေၾကညာၾကတယ္။ မတူတာတစ္ခုက မႏွစ္က စီနီယာေတြေနရာမွာ ေက်ာင္းသားသစ္ေတြ အစားထိုးသြားတာေလး တစ္ခုပဲ။


လက္မွုပညာလို တတိယႏွစ္ေတြခ်ည္း ျပည့္ေနတဲ့ clubမ်ိဳးအတြက္ေတာ့ ဘာမွမတတ္နိုင္ပဲ စီနီယာေတြကိုယ္တိုင္ထြက္ အလုပ္လုပ္ရေတာ့တာေပါ့။


‘‘ဒါေလးအလယ္မွာခ်ေပးပါဦး”
ရႊီရွို႔က ညႊန္ၾကားတယ္။


သူလည္း ေႏြအားလပ္ရက္ကတည္းက အျပည့္အ၀ျပန္ေကာင္းလာၿပီျဖစ္ရာ ယခုဆို pheromoneနံ့နည္းနည္း ပိုၿပီး အားေပ်ာ့တာကလြဲရင္ သာမန္ omegaေတြနဲ႔ ဘာမွမကြာျခားေပ။ ေနာက္ၿပီး ဒီႏွစ္ေတာ့ စာဆက္သင္ဖို႔အတြက္ ေက်ာင္းကို ျပန္လာခဲ့တယ္။


ဥကၠဌရဲ့ အကူအညီနဲ႔ လက္မွုပညာအသင္းရဲ့ boothက မႏွစ္ကထက္ ႀကီးမားလာခဲ့တယ္။ ရႊီရွို႔ဟာ ေက်ာင္းမွတစ္ႏွစ္ခြင့္ယူၿပီး ေဆး႐ုံတက္ေနရင္းလည္း လက္မွုပစၥည္းေလးေတြ လုပ္ေနခဲ့တယ္။ သူက အေတာ္ေလး ပါရမီပါၿပီး အေတာ္မ်ားမ်ားျပဳလုပ္နိုင္ခဲ့တာေၾကာင့္ ခင္းက်င္းျပသထားတဲ့ပစၥည္း အမ်ားအျပားဟာ သူ႔အားထုတ္မွုေတြသာ။


က်န႔္ေယာင္ မႏွစ္ကအခင္းအက်င္းကို ျပန္ေတြးၾကည့္မိၿပီး မထိန္းနိုင္ပဲ ရယ္မိတယ္။


‘‘ဘာရယ္တာလဲ? ငါေကာင္း‌ေကာင္းမလုပ္နိုင္ခဲ့တာ ငါ့ကိုယ္ငါသိတယ္”
ရင္းခ်ဲယ္က သူ႔ကိုပိတ္ကန္တယ္။
‘‘သြား ထြက္ၿပီး လာတဲ့လူရွိေအာင္ သြားဆြဲ‌ေဆာင္ခ်ည္”


‘‘ငါ့လိုလူက တကူးတက ထြက္ၿပီး ဆြဲေဆာင္စရာလိုတယ္လို႔ထင္ေနလား? ဒီမွာ ထိုင္ေန႐ုံနဲ႔တင္ ရၿပီ၊ clubကို လူသစ္ေတြနဲ႔ ျပည့္သြားေစရမယ္လို႔ ငါအာမခံတယ္”
က်န႔္ေယာင္ကေတာ့ သူ႔ကိုယ္သူ ယုံၾကည္မွုအျပည့္ႏွင့္ပင္။


သို႔ေပမယ့္လည္း သူ႔ကိုၾကည့္(ငမ္း)ဖို႔ လူေတြအမ်ားႀကီး ေရာက္လာတာ မွန္ေပသည့္တိုင္ စာရင္းသြင္းဖို႔အတြက္ေတာ့ ဘယ္သူကမွ စိတ္မဝင္စားၾကေပ။ တတိယႏွစ္ေက်ာင္းသားေတြသည္ ပညာေရးကိုသာ အာ႐ုံစိုက္ရမည္လို႔ ေက်ာင္းက ျပဌာန္းထားသည့္အတြက္ အထူးအခမ္းအနားေတြကလြဲရင္ သူတို႔မွာ ပါ၀င္လို႔မရ‌ေပ။


တစ္နည္းဆိုရရင္ clubကို သူတို႔ joinဦးေတာင္မွ ေက်ာင္းနတ္ဘုရားကို ေတြ႕ရမွာမဟုတ္တာေၾကာင့္ ဂ်ဴနီယာေက်ာင္းသားေတြမွာ ေနာင္တေတြနဲ႔သာ လာလမ္းအတိုင္းျပန္လွည့္ရတယ္။


သို႔ေပသည့္ လက္မွုပစၥည္းေလးေတြကို စိတ္၀င္စားတဲ့ ေက်ာင္းသားတခ်ိဳ႕ကိုေတာ့ ရႊီရွို႔က သူ႔အရည္အခ်င္းနဲ႔ ဆြဲေဆာင္နိုင္လိုက္တယ္။ သို႔ႏွင့္ သူမဆိုင္းမတြ သိမ္းသြင္းေတာ့တယ္။
‘‘ကၽြန္ေတာ္တို႔ရဲ့ clubကို၀င္မယ္ဆိုရင္ေတာ့ ဒီလိုအရာေတြကို ကိုယ္တိုင္လုပ္တတ္လာသည္အထိ အေကာင္းဆုံး သင္ၾကားနိုင္မယ့္ အခြင့္အေရးကို ခ်က္ခ်င္းရရွိနိုင္မွာျဖစ္ပါတယ္၊ လူႀကီးမင္းတို႔ မိသားစုေတြကို ေပးလို႔ရမယ္ သူငယ္ခ်င္းေတြကို ေပးလို႔ရမယ္၊ ေခတ္မွီၿပီး ဆန္းသစ္တဲ့ခံစားခ်က္ေလးကို ေပးစြမ္းနိုင္မွာပါ”


ဒီလိုေၾကညာမွုမ်ိဳးနဲ႔ အသင္း၀င္တခ်ိဳ႕ကို ဆြဲေဆာင္နိုင္လိုက္တာေၾကာင့္ clubဖ်က္သိမ္းခံရမယ့္ ကိစၥအတြက္ေတာ့ ပူစရာမလိုေတာ့ေပ။


‘‘ငါတို႔ အခန္းတစ္ခန္းျပန္ေလၽွာက္ဖို႔ လိုၿပီ”
ရႊီရွို႔က ေျပာတယ္။


‘‘ကၽြန္ေတာ္ ေလၽွာက္လိုက္ပါ့မယ္”
ရင္းခ်ဲယ္က ျပန္ေျဖတယ္။


က်န႔္ေယာင္က ေဘးကေန :
‘‘......ငါတစ္ေယာက္တည္း အသုံးမ၀င္ျဖစ္ေနသလိုပဲ”


တစ္ဖက္ကႏွစ္ေယာက္မွ သူ႔အား အထင္ေသးတဲ့အၾကည့္ေတြ ပစ္လႊတ္လာၿပီး
‘‘အစတည္းက မင္းက clubအေနေခ်ာင္တာကို အျမတ္ထုတ္ဖို႔ ေရာက္လာတာပဲ မဟုတ္လို႔လား?”


အသင္း၀င္သစ္ျပန္စုေဆာင္းတဲ့ အစီစဥ္ၿပီးခါနီးေလာက္က် ရႊီရွို႔ရဲ့ရည္းစား တုရွန္းေရာက္လာတယ္။ သူက ဘြဲ႕ရၿပီးျဖစ္ကာ တကၠသိုလ္မွာ အတန္းခ်ိန္လည္းနည္းတာနဲ႔အတူတူ ကူေဖာ္ေလာင္ဖက္ရေအာင္ ဒီကိုလာခဲ့ျခင္းျဖစ္တယ္။ အလုပ္ေတြၿပီးေတာ့ ရႊီရွို႔က သူ႔ကိုလက္ေမာင္းကဆြဲကာ ပါးကိုလွမ္းနမ္းတယ္။ အဲ့ေနာက္ သူ႔ပခုံးေပၚေခါင္းေလးမွီရင္း စကားတေျပာေျပာ ရယ္ရယ္ေမာေမာနဲ႔ ထြက္သြားေတာ့တာပဲ။


က်န႔္ေယာင္က မနာလိုအားက်စြာ
‘‘ၾကည့္စမ္းပါဦး.....” 


ရင္းခ်ဲယ္က လွမ္းၾကည့္ကာ
‘‘ဟမ္?”


‘‘......ေန႔ခင္းေၾကာင္ေတာင္ႀကီးလာၿပီး ခ်စ္ျပေနလိုက္တာမ်ား!”
က်န႔္ေယာင္က တည္တင္းေနတဲ့႐ုပ္နဲ႔ ေျပာတယ္။
‘‘faေတြအတြက္ ဒါမ်ိဳး ဘယ္သင့္ေတာ္ပါ့မလဲ? တျခားသူေတြရဲ့ခံစားခ်က္ကို သူတို႔ထည့္မတြက္ၾကဘူးလားမသိဘူး”


ရင္းခ်ဲယ္မွာ မထိန္းနိုင္ပဲ ျပဳံးမိၿပီး
‘‘႐ူးေနၿပီပဲ”


...


ေန႔ရက္ေတြ တစ္ရက္ၿပီးတစ္ရက္ကုန္ဆုံးလာခဲ့တယ္။ အထက္တန္းတတိယႏွစ္မွာ ေပ်ာ္စရာပြဲလမ္းေတြ နည္းသထက္နည္းလာတဲ့အျပင္ club sessionလည္း မရွိေတာ့ေပ။ ဒီကာလအတြင္းေတာ့ က်န္သမၽွအတန္းခ်ိန္ေတြ အားလုံးက စာသင္ခ်ိန္ေတြသာျဖစ္တယ္။


‘‘ငါေတာ့ စာ႐ူးေပ႐ူးျဖစ္ေတာ့မယ္!”
က်န္းခဲ့မွာ စိတ္ပ်က္လက္ပ်က္ျဖစ္ကာ ထခုန္မိတယ္။
‘‘မျဖစ္ဘူး၊ ဒီပိတ္ရက္ေတာ့ အျပင္ထြက္ၿပီး တစ္ခုခုလုပ္ၾကစို႔ကြာ၊ ဒီလိုသာဆက္ျဖစ္ေနရင္ ငါစိတ္လြတ္သြားေတာ့မွာ! မင္းတို႔ေတြလည္း ခံစားခ်က္မရွိျဖစ္ကုန္လိမ့္မယ္ကြ!”


ေနာက္ဆုံးစကားကို သူတို႔ နားမလည္ေသာ္ျငား ဒီအရြယ္မိန္းကေလးေတြမွာ အျပင္ထြက္ဖို႔အေရးဆို တက္ႂကြ‌ေနတာပဲ။ ဒါ့အျပင္ အရင္တစ္ေခါက္ ကမ္းေျခသြားတုန္းက မလိုက္လိုက္ရသည့္အတြက္ က်န္းခဲ့က အခဲမေၾကျဖစ္ေနၿပီး ေရသြားကူးၿဖိဳအေၾကာင္း ႏွစ္စကတည္းက တတြတ္တြတ္ေျပာေနခဲ့တာျဖစ္တယ္။


ထို႔ေၾကာင့္ သူ႔ဆႏၵေလးျပည့္သြားဖို႔အေရးနဲ႔ သူတို႔အတြက္လည္း မနားမေန စာလုပ္ေနရတာကေန အနားယူဖို႔သင့္ေတာ္တဲ့ ေက်ာင္းနားက ေရကူးကန္ဆီ ဒီသနားစရာကေလးကို လိုက္ပို႔ဖို႔ဆုံးျဖတ္လိုက္ၾကတယ္။


ေႏြပိတ္ရက္နဲ႔ယွဥ္ရင္ စက္တင္ဘာက တကယ့္ရာသီလို႔မဆိုနိုင္ေသးေပမယ့္ အပူဒဏ္က ျပင္းလြန္းတာမို႔ ပိတ္ရက္မွာ ေရကူးကန္လာၾကတဲ့လူ အေျမာက္အမ်ားရွိေနတယ္။


အဖြဲ႕ထဲက အေတာ္မ်ားမ်ား ေရကူးတတ္တဲ့လူေတြကေတာ့ ေရကူး၀တ္စုံလဲလဲၿပီးခ်င္း ေရထဲခုန္ဆင္းေတာ့တာပဲ။ ရင္းခ်ဲယ္ကေတာ့ ေရကူးေဘာင္းဘီနဲ႔ ရွပ္အကၤ်ီကိုမခၽြတ္ပဲ ကန္ေဘးတစ္ေနရာမွာထိုင္ကာ ‌ေျခသလုံးကိုေရထဲႏွစ္ရင္း လွုပ္ရမ္းေနတယ္။


အႀကိမ္အနည္းငယ္ ကူးခတ္ၿပီးေနာက္ က်န႔္ေယာင္ ေခါင္းေထာင္ၾကည့္ေတာ့ ကေလးေလးတစ္ေယာက္ပုံစံနဲ႔ သူ႔ကိုျမင္သြားခ်ိန္ ခ်စ္စရာေကာင္းမွုက သူ႔ရင္ဘတ္ႀကီးကို တည့္တည့္ပစ္ခြင္းေတာ့တာပဲ။


‘‘ဆင္းမလား? ငါသင္ေပးမယ္”


‘‘မလိုဘူး”


က်န္းခဲ့က အံ့ဩေနတဲ့႐ုပ္နဲ႔ တစ္ဖက္ကေန ကူးခတ္ေရာက္လာတယ္။
‘‘ခ်ဲယ္‌ေကာက တကယ္ ေရမကူးတတ္တာလား?”


‘‘.....ငါေမ့ေနလို႔” 
သူငယ္ငယ္တုန္းကေတာ့ ကူးတတ္တယ္၊ မေလ့က်င့္တာၾကာေတာ့ ေမ့သြားတာေတာ့ မဆန္းေပ။


‘‘ငါတို႔ သင္ေပးမယ္ေလ၊ ဒီတိုင္းခ်ည္း တစ္ေယာက္တည္း ေဘးမွာထိုင္ေနရင္ ပ်င္းေနလိမ့္မယ္”


‘‘မပ်င္းပါဘူး”


က်န႔္ေယာင္က ရယ္ရင္း : ‘‘မင္းမသင္ခ်င္ဘူးဆိုလည္း ငါေဘာကြင္းသြားငွားေပးရမလား”


ေရကူးကန္ထဲမွာ ေဘာကြင္းငွားၿပီးကစားၾကသူဆိုတာ အေတာ္မ်ားမ်ားက ကေလးေတြခ်ည္းပဲ။


ရင္းခ်ဲယ္က မ်က္လုံးေမွးကာ
‘‘လုပ္ၾကည့္လိုက္ပါလား?”


လုပ္ၾကည့္လိုက္ရင္ က်န႔္ေယာင္ေသေတာ့မယ္ဆိုတာ က်န္းခဲ့က သေဘာေပါက္သူပီပီ စစ္ေျမျပင္ျဖစ္ဖို႔အလားလာရွိတဲ့ေနရာကေန ခ်က္ခ်င္းထြက္ခဲ့လိုက္တယ္။
‘‘အယ္ ငါ အတန္းေမာ္နီတာ ဘာလုပ္ေနလဲ သြားၾကည့္လိုက္ဦးမယ္!”


သူ႔အႏၲရာယ္သူမသိတဲ့ က်န႔္ေယာင္ကေတာ့ လက္တစ္ဖက္နဲ႔ ေရထဲႏွစ္ထားတဲ့ ရင္းခ်ဲယ္ေျခေထာက္ကို လွမ္းကိုင္တယ္။


လက္ပတ္ႀကိဳးအနီေလးက အရမ္းႀကီးလည္း မတင္း အရမ္းႀကီးလည္း မေလ်ာ့။ အရင္က က်သြားတဲ့အသားေနရာေတြက ျပန္ၿပီးျပည့္လာတာေၾကာင့္ အန္က်ေလးျဖစ္ေနတယ္။


‘‘ဘာလုပ္တာလဲ?”
ရင္းခ်ဲယ္က ယားေတာ့ ျပန္႐ုန္းတယ္။


က်န႔္ေယာင္က လႊတ္မေပးတဲ့အျပင္ ခပ္တင္းတင္းထပ္ကိုင္တယ္။
‘‘ဆင္းၿပီး ငါနဲ႔အတူလာကူး”


‘‘မရဘူးလို႔”


‘‘မရဘူးမေျပာနဲ႔”
က်န႔္ေယာင္က ေလသံကိုေလၽွာ့လိုက္ၿပီး
‘‘ေရထဲမဆင္းရင္ မင္းေျခသလုံးေတြက ခုလိုမ်ိဳး အကုန္‌ေပၚေနတာ၊ အဲ့တာမ်ိဳးကို ဘယ္သူက ေတာင့္ခံနိုင္မွာလဲ”


ရင္းခ်ဲယ္က ေယာင္ေတာင္ေတာင္နဲ႔ သူ႔ကိုယ္သူ ျပန္ငုံ႔ၾကည့္တယ္။ သူ႔ရဲ့ေရကူးေဘာင္းဘီက ေပါင္လယ္ထိေအာင္တိုတက္ေနၿပီး က်န္တစ္၀က္ကမူ လုံးလုံးလ်ားလ်ားေပၚေနတယ္။


ဒါက လူတစ္ေယာက္ရဲ့အေတြးေတြကို ဟိုေရာက္သည္ေရာက္ျဖစ္သြားေစဖို႔ လုံေလာက္ေနၿပီ။


‘‘ႏွာဘူး”


က်န႔္ေယာင္က မ်က္ခုံးပင့္ျပတယ္။ ေနာက္ လက္ကိုအားထည့္ၿပီး ေျခေထာက္ကတစ္ဆင့္ သူ႔ကိုေရထဲဆြဲခ်တယ္။


ေရေတြအကုန္ ေဘးဘက္ေပါင္းစုံကို ဗြမ္းခနဲ စင္ထြက္သြားတယ္။ သတိလက္လြတ္နဲ႔မို႔ ေရမြန္းေတာ့မယ္လို႔ ရင္းခ်ဲယ္ထင္လိုက္မိေပမယ့္ က်န႔္ေယာင္က သူ႔ခါးကေနသိုင္းဖက္ၿပီး ျပန္ထိန္းေပးထားတယ္။


ေရက ေဘာင္ဘင္ခတ္သြားတယ္၊ ကန္ကလည္း နည္းနည္းနက္တယ္။ ေအာက္ေျခက သူ႔ေျခေထာက္နဲ႔မမွီတဲ့အေနအထားမို႔ က်န႔္ေယာင္ပခုံးေပၚေထာက္ၿပီး ခိုထားဖို႔သာတတ္နိုင္တယ္။
 


က်န႔္ေယာင္က နဖူးေပၚက ဆံပင္ေရစိုေတြကို အေနာက္သပ္တင္လိုက္ၿပီး မ်က္ႏွာေပၚက ေရစက္ေတြကို သုတ္တယ္။ ရင္းခ်ဲယ္ကို ဟားတိုက္မယ္ဆိုၿပီး ေမာ့အၾကည့္ ေဖာက္ထြင္းျမင္လုနီးပါးျဖစ္ေနတဲ့ ‌အကၤ်ီအစိုေပၚ အၾကည့္ေရာက္မိသြားစဥ္ သူမရယ္နိုင္ေတာ့ေပ။


.........သူ႔သည္းခံနိုင္မွု တကယ္ႀကီး ဂိတ္ဆုံးၿပီ ထင္ပါရဲ့


ရင္းခ်ဲယ္လည္း သံသယ၀င္စရာေကာင္းေလာက္ေအာင္ ရဲတက္လာတဲ့ အေရွ႕ကလူရဲ့ နားရြက္ေတြရယ္ ဝံ‌ပုေလြလိုေျပာင္းလဲလာတဲ့ မ်က္၀န္းအမူအရာေတြကို ၾကည့္လိုက္တယ္။ ေနာက္ေတာ့ က်န႔္ေယာင္ပခုံးကို တြန္းထုတ္ၿပီး တြန႔္လိမ္႐ုန္းကန္ထြက္ေတာ့တယ္။
‘‘ကေလးကလားနဲ႔.... လႊတ္ ငါ့ကို”


‘‘မလွုပ္နဲ႔”
က်န႔္ေယာင္အသံက တစ္ခုခုကို မ်ိဳသိပ္ဖိႏွိပ္ထားရဟန္။ ဖက္ထားတာကို ေလၽွာ့‌ေပးၿပီး သူ႔ကိုကန္ေဘာင္ေပၚျပန္တင္ေပးတယ္။
‘‘သြား အ၀တ္သြားလဲခ်ည္”


သူ႔အမူအရာက ထူးဆန္းေနတာေၾကာင့္ ရင္းခ်ဲယ္လည္း ခ်က္ခ်င္းထြက္မသြားေသးပဲ ေမးလိုက္တယ္။
‘‘မင္းလည္း တက္ၿပီးနားလိုက္ပါေတာ့လား? ေရထဲအၾကာႀကီးေနလို႔ မေကာင္းဘူး”


က်န႔္ေယာင္က ကန္ေဘာင္ကိုမွီထားရင္း မ်က္လုံးေတြက ဟိုေရွာင္သည္ေရွာင္နဲ႔
‘‘ေနာက္မွပဲ နားေတာ့မယ္”


ရင္းခ်ဲယ္ သူ႔ကို ေစ့ေစ့စပ္စပ္ အကဲခတ္ၾကည့္လိုက္တယ္။


က်န႔္ေယာင္ကမူ တုပ္တုပ္မွမလွုပ္ပဲ အဲ့နားမွာရပ္ေနတုန္းပဲ။
‘‘ဘာလို႔ မသြားေသးတာလဲ?”


‘‘မင္းကေရာ ဘာလို႔ ေရဆက္မကူးေတာ့တာလဲ?”


‘‘ငါ.....အနားယူေနတာ”


‘‘ခုနပဲ ေနာက္မွနားမယ္လို႔ ေျပာလိုက္တာမဟုတ္ဘူးလား?”


‘‘.....ငါ့ဟာငါ ႐ုတ္တရက္ႀကီး နားခ်င္လာလို႔ေရာ မရဘူးလား”


ထပ္ၿပီး ရင္းခ်ဲယ္က သူ႔ကို စကၠန္႔အနည္းငယ္ ၿငိမ္ၾကည့္ေနၿပီးမွ ဒူးတစ္ဖက္ေထာက္ထိုင္ခ်လိုက္ၿပီး အသံတိုးတိုးနဲ႔ ေမးတယ္။
‘‘ေကာ, မင္း.. hard ေနတာလား?”


_______

Comment