Chapter - 45

လပြက္ခဒိန်၏ နောက်ဆုံးသောနေ့၌ဖြစ်၏။


ရင်းအိမ်တော်လေထုမှာတော့ ပွဲတော်ကျင်းပဖို့အတွက် ရွှင်မြူးနေသည်။ ခြံဝင်းထဲမှာ မီးပုံးတွေနဲ့ အလှဆင်ထားရုံတင်မက ဧည့်ခန်းတစ်ခန်းလုံးကိုလည်း မမှတ်မိလောက်အောင်ကို ပြောင်းလဲထားသေးသည်။


"နှစ်သစ်မှာ အသစ်တွေတစ်ဖန်စတင်ကြမယ်"
ချောင်ဝမ့်ယွင်ကတော့ စာတန်းကြီးတွေကို ကိုယ်တိုင်ချိတ်မယ်ချည်းလုပ်နေပြီး ထိုင်ခုံတစ်ခုံကို တံခါးဘေးရွှေ့သွားလေသည်။ သူမက ထိပ်မှာလည်း "နှစ်စဥ်နှစ်တိုင်း ကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေ"ဆိုတဲ့ စာတန်းကိုချိတ်လိုက်သည်။
(T/n : တံခါးမှာချိတ်တဲ့ အနီရောင်စာတန်းကြီးတွေလေ၊ ဘာခေါ်မှန်းမသိလို့)


ရင်းဇယ်ကတော့ သူမအတွက် ခုံကိုငြိမ်အောင်ထိန်းပေးထားရင်း :
"မားဖြင့် ဒါကြီးတွေ နှစ်တိုင်းချိတ်နေပြီးတော့ ဘာကို 'အသစ်စတာလဲ'?"


နေ့ပိုင်းမှာတော့ ဒီအပြင်ဆင်တွေက ပိုလွန်းတယ်လို့ထင်ရပေမယ့် ညဘက်ရောက်လို့ အပြင်ကမီးပုံးနီလေးတွေလည်းထွန်း၊ အိမ်ထဲက TVကလည်းCCTVကနေလွှင့်တဲ့ Spring Festival Galaဖွင့်ချိန်ဆိုရင်တော့ အနီရောင်တောက်တောက်နဲ့ ရွှေရောင်ဖျာဖျာစာတန်းတွေကနေမှ နှစ်သစ်ရဲ့အရသာက တဖြည်းဖြည်း အသက်၀င်လာတာမျိုး။


နှစ်သစ်ကူးညစာစားပြီးသွားတဲ့နောက် မိသားစုလေးယောက်သား ဧည့်ခန်းထဲမှာထိုင်လို့ ဇာတ်လမ်းတိုလေးတွေကြည့်ဖြစ်ကြတယ်၊ အရမ်းကို လိုက်ဖက်ပြည့်စုံပြီး ပျော်ရွှင်ဖွယ်မြင်ကွင်းလေး၊ ရင်းအိမ်တော်မှာ မြင်ရခဲတဲ့မြင်ကွင်းလေးတစ်ခုပေါ့။


လူကြီးတွေကတော့ Spring Festival Gala ကို အစီစဥ်ကို တကယ်ကြည့်ချင်လို့ကြည့်ကြပြီး လူ‌ငယ်တွေအတွက်ကတော့ memesတွေ ပျက်လုံးတွေနဲ့အဆက်မပြတ်စေဖို့အရေးသာ ကြည့်ကြတာမျိုးဖြစ်သည်။


Class 1 Group chatထဲမှာတော့ မက်ဆေ့တွေမနားတမ်းတက်နေပြီး သူ့ဖုန်းမှာလည်း အဆက်မပြတ်တုန်ခါနေတော့သည်။ ရင်းချဲယ်‌ဖွင့်ကြည့်လိုက်သည်ဆိုရင်ပဲ ကျန်းခဲ့ရဲ့မက်ဆေ့ကိုတွေ့လိုက်ရသည်။
[ခုနလေးက memeကလည်း အောက်လိုက်တာကွာ၊ ငါတော့ ရှက်လို့ခြေချောင်းတွေတောင်ကုပ်ကုန်ပြီ]


ဟန်မုန့် : [ခုနလေးက မင်းmemeကလည်း မဆန်းပါဘူး]


ကောကျစ်ရှုန်း : [ဟမ်? ခုနလေးတုန်းက memeပါတယ်လား ဘာပြောနေကြတာလဲ?]


ကျန်းခဲ့ : [....တာ့ရှုန်း မင်း 2Gနဲ့သုံးနေတာတော့မဟုတ်ဘူးမလား?]


ကောကျစ်ရှုန်း : [မဟုတ်ပါဘူး 4G]


ကျန်းခဲ့ : [....မပြောတော့ဘူး ငါတော့ အရမ်းစိတ်လေသွားပြီ]


ကောကျစ်ရှုန်းမှာ ဘာလို့လဲဟုမေးမည်အပြုပဲ group chatထဲတွင် ရုတ်တရက် စာအိတ်နီလေးတွေ တက်လာတယ်။


ချန်ရင်းရင်း : [Happy New Year everyone!]


Group chat မှာချက်ချင်းဆိုသလို "ကျေးဇူးပါ အတန်းမော်နီတာ!" "ချန်ကျဲက ရက်ရောလိုက်တာ!" "Happy New Year!" စသောစာများဖြင့် ပြည့်သွားတော့သည်။


ရင်းချဲယ်လည်း ဒီတိုင်းဝင်နှိပ်ကြည့်လိုက်တော့ 12.5ယွမ်တဲ့၊ ဒါက အတော်လေးများတယ်ဆိုရမယ်။


သူပြန်ကြည့်လိုက်ချိန်မှာတော့ တခြားသူတွေအားလုံးက mao (တစ်ယွမ်ရဲ့ ဆယ်ပုံတစ်ပုံ) တချို့ပဲရလို့ပြောနေကြတာတွေ့ရတယ်။


သူက ကံအကောင်းဆုံးပဲ။


ချန်ရင်းရင်း : [F*ck ငါမှ ယွမ်20ပဲ ထည့်ထားတာလေ၊ ချဲယ်ကောရဲ့ကံက ဘယ်လိုလဲဗျာ?]


ကျန်းခဲ့ : [ချဲယ်ကော စာအိတ်နီပြန်ပေးပါဗျို့!]


တခြားသူတွေကလည်း လိုက်ပြောကြသည်။
[ချဲယ်ကော ကျွန်တော်တိူ့ကို ချဲယ်ကောရဲ့ကံကောင်းကောင်းလေးတွေ ဝေမျှပါဦး!]


ရင်းချဲယ်ဖုန်းထဲမှာက ခုလေးတင်ရထားတဲ့ 12.5ယွမ်ကလွဲရင် ဘာပိုက်ဆံမှမရှိတာ‌မို့ ပြန်မပေးနိုင်ဖြစ်နေသည်၊ ဒါနဲ့သူမေးလိုက်သည်။
"မား ကျွန်တော့်ကိုပိုက်ဆံနည်းနည်းလောက်လွှဲပေးပါလား?"


"ရတာပေါ့ သားဘယ်လောက်လိုချင်တာလဲ?"


ရင်းချဲယ် ခနလောက်တွေးဆကြည့်ပြီး : "ယွမ်50"


အများကြီးဆို မကောင်းဘူးမလား၊ တော်ကြာ အတန်းဖော်တွေက သူချမ်းသာကြောင်းကြွားနေတယ်လို့ ထင်သွားမှာ စိုးရတယ်။


"ဒီလောက်နည်းနည်းလေးနဲ့ ဘာဝယ်လို့ရမှာလဲ? သားကို မား ငါးရာလွှဲပေးလိုက်မယ်"


"ရတယ်၊ ကျွန်တော်က အတန်းဖော်တွေကို ဟုမ်ပေါင်းပေးမလို့တင်ရယ်"


ချောင်ဝမ့်ယွင်မှာ အလန့်တကြားနှင့်ပြန်ပြောသည်။
"သားရဲ့အတန်းဖော်တွေကို ဟုမ်ပေါင်းပေးမလို့?"


တစ်ဖက်မှာတော့ ရင်းဇယ်က နှာခေါင်းရှုံ့သည်။
"မင်းအတန်းဖော်တွေက မင်းဆီက ဟုမ်ပေါင်းကို လက်ရောလက်ခံရဲပါ့မလား?"


"ငါ့အတန်းဖော်တွေကပဲ ပေးခိုင်းနေတာ"


"အဲ့တော့ သူတို့က ပေးခိုင်းတာနဲ့ပဲ မင်းကပေးလိုက်ရောလား?"


"...."
ရင်းချဲယ်မှာ ထပ်ပြီးစကားမများချင်တော့တာမို့ ချောင်ဝမ့်ယွင်ဆီသာ ပြောလိုက်သည်။
"ဒါဖြင့်လည်း ငါးရာလည်းရပါတယ်"


ပိုက်ဆံရောက်ရောက်ချင်းပဲ ထိုထဲက ကြီးနိုင်သမျှအကြီးဆုံး ယွမ်၂၀၀ကို အရင်ဆုံးပို့ းပေးလိုက်ပြီး မက်ဆေ့တစ်ကြောင်းနဲ့အတူ :
‌[အားဇယ် စိတ်မဆိုးပါနဲ့]
(T/n : ကောကောက သူ့ကို အရင်မပေးလို့ ကလေးကစိတ်ဆိုးသွားတာနေမှာ)


ရင်းဇယ်ကလည်း ဖုန်းသုံးနေတာမို့ မက်ဆေ့ notiကို တွေ့မှာသေချာသည်၊ ဒါမယ့် သူကမျက်ကွယ်ပြုထားသည်။


ရင်းချဲယ်လည်း မတတ်နိုင်ပဲ group chatထဲကိုသာ ယွမ်ငါးဆယ်ကို စာအိတ်‌လေးတွေခွဲပြီးပို့လိုက်တော့သည်။


အားလုံးက ဆယ်ကျော်သက်အရွယ်ကျောင်းသား‌လေးတွေဖြစ်တာကြောင့် ပိုက်ဆံကို အထူးတလည်ကြီး တပ်မက်နေတယ်လို့မရှိပေ။ maoလေးတချို့ရရင်ကို ပျော်နေကြတာဖြစ်တယ်။ ရင်းချဲယ်ပေးသည့် စာအိတ်နီတွေမှာ အတော်အသင့်များတာမို့ group chatထဲက အကုန်လုံးလိုလို တစ်ယွမ်ထက်ပိုရကြရာ ကောင်လေးကောင်မလေးတွေမှာ "Daddy"လို့ပင်ခေါ်ချင်သွားကြသည်။


စာအိတ်နီတွေ အားလုံးဖောက်ပြီးသွားချိန်မှာ ၁၆ယွမ်ရသည့် ကံအကောင်းဆုံး ဟန်မုန့်က :
[အိမ်း ငါကတယ်လည်းချောသလို တယ်လည်းကံကောင်းသကိုး၊ ငါ့ကြောင့်နဲ့ မင်းတို့အားလုံး အောမြင်စရာလမ်းကြောင်းမရှိဖြစ်ရပြီ]


ချန်ရင်းရင်း : [စောင်ငကြွားရယ် စည်းမျဥ်းကိုလိုက်နာပါ၊ ကံအကောင်းဆုံးလူက ပြန်ပေးရမှာလေ]


[ကိစ္စမရှိဘူး]


ဟန်မုန့်က ချက်ချင်းပဲ တစ်ခုပို့လာသည်၊ ဒါပေမယ့် lucky drawကနေပို့ရမယ့်အစား တစ်ယောက်တည်းကိုသာ တန်းပို့သည်။
[အတန်းမော်နီတာ လက်ခံပေးပါ]


ကျန်းခဲ့ : [အိုက်ယား...ချဲယ်ကောရဲ့ပိုက်ဆံနဲ့များ အတန်းမော်နီတာကိုဖားရတယ်လို့ မင်းအရှက်ရောရှိသေးရဲ့လား?]


ဟန်မုန့် : [လောလိုက်တာ လာမှာပေါ့]


Group chatမှာ နောက်ထပ် စာအိတ်နီတွေနှင့်တစ်ဖန်ပြည့်နေပြီး ရင်းချဲယ်မှာတော့ တစ်စုံတစ်ယောက်ရဲ့ နှောင့်ယှက်မှုကြောင့် ယူတောင်မယူလိုက်ရပေ။


[မင်းစာအိတ်တွေထဲမှာမှ ငါက ဘာကိစ္စ တစ်ယွမ်ပဲရရတာလဲ ပြော အဲ့ဒါကိုရှင်း]
ကျန့်ယောင်က တခါတရံဆို တအားက‌လေးဆန်တယ်၊ ခုလို ဘာမဟုတ်တာလေးအပေါ်မှာ ပြဿနာရှာနေတာလေ။
[မင်းကောင်လေးအနေနဲ့ သူ့အတွက် သီးသန့်ရသင့်တာမဟုတ်လား?]


ရင်းချဲယ် : [မင်းက အရွယ်ရောက်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်နေပြီလေ၊ ကိုယ့်ကိုယ်ကို အားကိုးဖို့ ကြိုးစားရမှာ‌ပေါ့]


ကျန့်ယောင်ကတော့ လက်မလျှော့ပေ : [မင်းကောင်လေးကဖြင့် နှစ်သစ်ကူးလက်ဆောင်တောင် ပို့ပေးထားတာလေ၊ သူ့အနေနဲ့ တန်ပြန်လက်ဆောင်လေးတော့ ရသင့်တယ်မလား]


လက်ဆောင်အကြောင်းပြောမှ သူဖြင့် အဲ့လိုလက်‌ဆောင်မျိုးကို ဘယ်လိုပြန်ပေးရမှန်းကို မသိပေ။


တမြန်မနေ့ကပေါ့၊ ရေချိုးပြီးတဲ့နောက် ကျန့်ယောင်က သူ့အတွက် အသေချာပြင်ဆင်ထားတဲ့လက်ဆောင်‌လေးပေးစရာရှိလို့ပါဆိုပြီး လိပ်စာကိုဇွတ်အတင်းတောင်း‌တယ်။ ခနကြာတော့ သူ့နှလုံးသားလေးလည်း ပျော့ပျောင်းလာပြီး လိုက်လျောပြီးပေးလိုက်တယ်။


တစ်မြို့တည်းက အမြန်အချောပို့နဲ့ပင် နောက်တစ်နေ့ကျ ရောက်လာတယ်။


လက်ဆောင်မရခင်တုန်းကတော့ ရင်းချဲယ်မှာ လက်ဆောင်ပြန်ပေးဖို့အတွက် စျေးအမျိုးမျိုးနဲ့ ချိန်ဆတွေးတောလိုက်ရတာ၊ ဒါပေမယ့် deliသမားဆီက ခပ်ပါးပါးအိတ်လေးတစ်အိတ်လက်ခံရချိန်မှာတော့ အဖြောင့်ကောင်ကြီးကျန့်ကို သူအထင်ကြီးသွားမိတယ်ဆိုတာ ခပ်ရေးရေးအတွေးလေးဝင်တယ်။


အိတ်လည်းဖွင့်ကြည့်လိုက်ရော သူထင်တဲ့အတိုင်းပဲ။


ကျန့်ယောင်က သူ့ကို စာရွက်တစ်ရွက်ကြီးတောင် လက်ဆောင်ပေးလေရဲ့။


အနားတစ်ဖက်က ဖြစ်သလိုဆွဲဖြဲထားပြီး စာရွက်ပေါ်မှာက တုတ်ချောင်းလူသားလေးနှစ်ယောက်၊ အထက်မှာမှ နာမည်လေးတွေနဲ့ အချင်းချင်းလက်တွဲထားပြီး ကြားထဲမှာက အသဲပုံအကြီးကြီးဆွဲထားသည်။ ရေးထားတာက -
ချဲယ် Love ယောင်တဲ့


"...."


"ငါတို့ရဲ့ ပထမဦးဆုံးအကြိမ် 'လက်ကိုင်ခြင်း'အထိမ်းအမှတ်အနေနဲ့ ငါက မင်းကိုလက်ကိုင်နည်းသင်ပြပေးမယ်၊ တတ်နိုင်သမျှ အသားချင်းထိကိုင်နိုင်ဖို့ ငါမျှော်လင့်တယ်"


ထိုစာကြောင်းကိုလည်း စာရွက်ပေါ်မှာ ရေးထားသေးတယ်။


စာရွက်ကိုနေရာမှာတင် လုံးခြေပြီး အမှိုက်ပုံးထဲ လွှင့်မပစ်လိုက်တာကိုက သူ့ဘဝရဲ့ အကြင်နာဆုံးလုပ်ရပ်ဖြစ်နေပြီ။ သူ့မှာ ကျေးဇူးတုံ့ပြန်ဖို့ရာ လုံးလုံးရည်ရွယ်ချက်မရှိဘူး။


..


ရင်းချဲယ်လည်း ယွမ်နှစ်ရာတန် စာအိတ်လေးပို့ပေးလိုက်သည်။
[ငါ့အမေဆီက၊ ပိုက်ဆံယူပြီး သူမသားနားကနေထွက်သွားတော့တဲ့]


ကျန့်ယောင်က ပျော်ပျော်ကြီးလက်ခံလိုက်တယ်။
[သူမရဲ့သားလေးက အဖိုးမဖြတ်နိုင်တဲ့ရတနာလေးပါလို့ အားရီကိုပြောလိုက်၊ ငါကလည်း သူ့နားကနေ ပိုက်ဆံဘယ်လောက်နဲ့ဖြစ်ဖြစ် ထွက်မသွားပါဘူးလို့]


[ဒါဖြင့် ချီးမို့လို့ လက်ခံရတာလား]


[ဒါက ငါ့ရဲ့ကြိုးစားမှုအတွက် အခငွေလေ၊ အားရီအတွက် ဒီကပေါင်ပေ့လေးကို ဂရုစိုက်ပေးတော့မှာ]


[.....]
သူ့ရဲ့ မျက်နှာပြောင်မှုမှာ ရင်းချဲယ်မယုံကြည်နိုင်လောက်အောင် မှင်တက်နေမိသည်။


ကျန့်ယောင်က ‌နောက်ထပ် ထပ်မေးလာသည်။
[အားရီနဲ့ ရှို့ရှို့အိပ်ယာဝင်သွားပြီလား?]


[မဝင်သေးဘူး၊ Spring Festival Galaကြည့်နေကြတယ် ဘာလို့လဲ?]


[မင်းနဲ့ video callပြောချင်လို့၊ သူတို့အိပ်ယာဝင်သွားရင် ငါ့ကိုပြောစမ်းပါ]


[အင်း]


ပိုက်ဆံကလောက်ရဲ့လား မေးရန် ချောင်းဝမ့်ယွင်က လှည့်လာချိန် :
"ရှောင်ချဲယ်ရေ၊ ဘာကများ သားကိုပြုံးပျော်နေ အောင်လုပ်လိုက်ပါလိမ့်?"


ရင်းချဲယ်ကမူ သူ့ကိုယ်သူတောင် ပြုံးနေကြောင်းသတိမထားမိတာမို့ အံ့သြတကြီးမျက်တောင်တဖျတ်ဖျတ်နှင့် :
"အာ၊ ကျွန်တော် အတန်းဖော်နဲ့ ပြောနေတာ"


ချောင်ဝမ့်ယွင်ကတော့ ကြားရတာ စိတ်ချမ်းသာနေသည်။ သူမခင်ပွန်းကို တစ်ချက်ကြည့်လိုက်တော့ ရင်းချွမ့်ထိုင်က စကားလုံးတွေမလိုပဲ နားလည်နေစွာပြောသည်။
"အမ်း မင်းအတန်းဖော်နဲ့ ထပ်ပြီး‌ပြောကြ"


လူကြီးနှစ်ယောက်က ခါတိုင်း စောစောအိပ်ကြတာမို့ ၁၀နာရီလောက်ထိကြည့်ပြီးချိန်မှာတော့ အခန်းထဲပြန်သွားကြတယ်။ တစ်ဖက်မှာတော့ နောက်ကျမှ အိပ်နေကျ ရင်းဇယ်က TV မကြည့်ပဲ ဖုန်းငုံ့ကြည့်နေတယ်။


"အားဇယ်ကြည့်ဦးမှာလား?"
ရင်းချဲယ် သူ့ကိုမေးလိုက်သည်။


မမေးလိုက်တာမှ ကောင်းဦးမည်၊ သူမေးလိုက်မှ ရင်းဇယ်က ထရပ်ကာ :
"မကြည့်ဘူး၊ ဘာမှလည်း ကြည့်ချင်စရာမရှိပဲနဲ့၊ ငါလည်းပဲ ငါ့အတန်းဖော်နဲ့ပြောနေတာလေ"


''ငါလည်းပဲ''ဆိုတဲ့စကားနေရာမှာတော့ စိတ်ကုန်သည့်အလား ဖိပြောလိုက်သည်။


ရင်းချဲယ်လည်း ဘာပြောရမှန်းမသိတာကြောင့် ဧည့်ခန်းမီးနဲ့ TVကိုပိတ်ကာ ကိုယ့်အခန်းကိုယ်ပြန်လာလိုက်သည်။ ပြီးနောက် ကျန့်ယောင်ဆီကို မက်ဆေ့ပို့လိုက်သည်။
[လူကြီးတွေ အိပ်သွားပြီ]


ဒီစကားပြောရတာ မသိရင် သူကပဲ လူကြီးတွေနောက်ကွယ်မှာ မဟုတ်တာတစ်ခုခုခိုးလုပ်နေသလို ခံစားရတယ်။


သူခနလောက်တွေးကြည့်ပြီးနောက် တစ်ခုပို့လိုက်သည်။
[မင်း meimeiနဲ့ ရန်ဖြစ်ဖူးလား? သူမကို ဘယ်လိုချော့လဲ?]


သူဟာ ညလည်ခေါင်မှာ ရည်းစားနဲ့ခိုး chatခြင်းကနေ သူငယ်ချင်းတစ်ယောက်ကို မိသားစုပဋိပက္ခအကြောင်းအကြံတောင်းခြင်းအဖြစ် အောင်အောင်မြင်မြင်ပဲ ပြောင်းလဲလိုက်သည်၊ ဘယ်လောက်လျော်ကန်လိုက်လဲ၊ ဘယ်လောက်မှန်ကန်လိုက်လဲ။


ကျန့်ယောင်ကမူ replyပြန်မလာ။ တစ်မိနစ် နှစ်မိနစ်တင် မဟုတ်ဘူး၊ တစ်နာရီလုံးလုံးပြန်မဖြေခြင်းပင်။


ရင်းချဲယ်မှာ အိပ်ချင်လွန်းလို့ မျက်လုံးမှိတ်တစ်ဝက်ဖွင့်တစ်ဝက်ဖြင့် အိပ်ယာပေါ်လှဲချလိုက်သည်။ နံရံပေါ်က နာရီကိုကြည့်မိတော့ ၁၁နာရီခွဲ။


ခုနလေးပဲ ငါ့ကိုဂရုစိုက်မယ်လည်း ပြောသေးတယ်၊ ပိုက်ဆံလည်းရပြီရော ငြိမ်ကျသွားတာများ.... alphaတစ်ယောက်ရဲ့ စကားတွေက မယုံရဘူး


ကျန့်‌ယောင်လည်း အိပ်ပျော်သွားလောက်ပြီလို့ တွေးကြည့်ပြီးနောက်တော့ သူလည်းထပ်မစောင့်ချင်တော့ပေ။ ဖုန်းကိုအိပ်ယာဘေးချလိုက်ပြီး မီးမှိတ်ကာအိပ်ဖို့ပြင်တော့သည်။


ပြတင်းအပြင်မှာက ခပ်လှမ်းလှမ်းက ဆူညံသံတွေ မတိုးတတိုးကြားနေရသည်။


ရင်းအိမ်တော်ဟာ မြို့လယ်နားက ချမ်းသာတဲ့ရက်ကွက်တစ်ခုအတွင်းမှာ တည်ရှိတယ်။ ဆူညံတဲ့ရပ်ကွက်ထဲက ဆိတ်ငြိမ်တဲ့နေရာလေးတစ်ခုဖြစ်တယ်။ နေရာနဲ့ အသံလုံစနစ်ကို ကောင်းစွာပြင်ဆင်ထားတာမို့ ပုံမှန်ချိန်တွေတွင်တော့ မြို့ရဲ့ ဆူညံသံတွေ မကြားရပေ။ သို့ပေမယ့် နှစ်သစ်ကူးပွဲတော်လို ခမ်းခမ်းနားနားပွဲတော်မျိုးတွေဆိုလျှင်တော့ မြို့လယ်က public squareမှာ count down ရေတွက်သူများနှင့်ပြည့်နေတတ်ပြီး လမ်းအနည်းငယ်ခြားလျှင်တောင် အသံတွေက တားမရဆီးမရ။


ရင်းချဲယ်တစ်ယောက် ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နှင့် အိပ်မပျော်ဖြစ်နေသည်။


အသံတွေအပြင် ကားတစ်ဆို့ရာက ဟွန်းသံတွေ၊ ရထားသံတွေနှင့် အရမ်းကိုဆူညံနေသည်။


ဘာပဲဖြစ်ဖြစ်ပါလေ နာရီဝက်လောက်ပဲ လိုတော့တာကို၊ သူလည်းအကြာကြီးသည်းခံစောင့်စရာမလိုတော့ဘူး။


သူ မီးကိုပြန်ဖွင့်ပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။


အတန်း group chatကတော့ ခုထိကိုပြောလို့မပြီးနိုင်ကြသေးပေ၊ ဒါပေမယ့် အိပ်ယာပေါ်စလှဲလိုက်ကတည်းက သူ group chatကို muteထားလိုက်တာ။ အဲ့ဒီမိနစ်အနည်းငယ်အတွင်းတင် မက်ဆေ့ပေါင်းတစ်ရာကျော်ရှိနေလေပြီ။


တစ်ဖက်က Spring Festival Galaကိုပြောင်ကြလှောင်ကြနှင့် ကျန်တစ်ဖက်မှာတော့ စာအိတ်နီအကြောင်း။ ငြင်းလိုက်ခုန်လိုက် ဟုမ်ပေါင်းယူပြီးပြန်ဝေလိုက်နှင့်၊ အားလုံးပျော်ရွှင်နေကြတယ်။


ဒီလိုငယ်ရွယ်တဲ့အချိန်မှာ ပျော်ရွှင်မှုဆိုတာက ရိုးရှင်းလွန်းပါတယ်။


ရင်းချဲယ် chat logကို အထက်အောက်ဆွဲကြည့်သည်၊ ကျန့်ယောင်နာမည်ကိုတော့ မတွေ့။ တကယ်ကြီးအိပ်ပျော်သွားပုံပဲ။


သန်းခေါင်ချိန်ရောက်ဖို့ မိနစ်နှစ်ဆယ်အလို : စကားလုံးရှစ်ရာလောက်သော သီကာပတ်ကုံး အနုအရွစကားတွေကို သူမစဥ်းစားတတ်ပေ။ ဒါနဲ့ ''Happy New Year"လို့ပဲ ရိုးရိုးလေးပြောပြီး သန်းခေါင်ရောက်အောင် စောင့်ဖို့တွေးထားလိုက်သည်။


သူစာရိုက်နေစဥ်အတွင်းမှာပဲ ဖုန်းဝင်လာသည်။


ကျန့်‌ယောင်ဆီက။


"မအိပ်သေးဘူးလား?"
သူ့အသံမှာ အပြုံးတွေပါနေတယ်။
"ငါ့အတွက်စောင့်နေပေးတာလား?"


ရင်းချဲယ် : "....ခွေးတစ်ကောင်အ‌တွက်စောင့်ပေးနေတာ"


ကျန့်ယောင် : "ဒါဖြင့် ငါ့ကိုစောင့်နေတာပဲ"


"......''


"ဘယ်လိုချော့ရမလဲ မေးတယ်မလား? ဒီလိုလေးပဲချော့၊ မျက်နှာပြောင်ပြောင်လေးနဲ့ အပြောချိုချိုလေး"


ရင်းချဲယ် : "ဘယ်သူမှ မင်းလောက် မျက်နှာမပြောင်နိုင်ဘူး"


''မျက်နှာပြောင်တော့ရော ဘာဖြစ်လဲ? ငါ့ကောင်လေးက ကြိုက်တယ်လေ၊ "


ရင်းချဲယ်က ရယ်တယ်။ "မင်းကောင်လေးက မေးခိုင်းလိုက်တယ်၊ အခုဘာလုပ်နေလဲတဲ့၊ သူ့ကိုဒီတိုင်းပဲအိပ်ခိုင်းခဲ့တာလားတဲ့?"


ပြန်ဖြေလာတဲ့ ကျန့်ယောင်အသံဟာ လေတိုးသံတွေ ဆူညံသံတွေနဲ့ရောနှောနေတယ်။
"မင်းကိုမပြောပြပါဘူး၊ သူ့ကိုသာအပြင်လွှတ်လိုက် သူ့နဲ့လူချင်းတွေ့ပြောမယ်"


ရင်းချဲယ် အံ့သြ၍ တောင့်ခဲသွားသည်။


..
အံ့သြနေရာက ရုန်းထွက်ပြီးနောက် အဝတ်ခပ်မြန်မြန်ဝတ်ကာ လှေကားက ဆင်းပြေးလို့ အပြင်ကိုပြေးထွက်ခဲ့သည်။


ရင်းအိမ်တော်က အိမ်ယာဂိတ်နဲ့သိပ်မဝေးပေ၊ သုံးမိနစ်လောက်သာပြေးရသည်။


ဂိတ်က စီးပွားရေးအချက်ချာကျတဲ့ လမ်းနဲ့မျက်နှာချင်းဆိုင်၊ လမ်းတစ်ဖက်မှာ LED screenအကြီးကြီးကိုမြင်နေရတယ်။ ထို LEDမှာလည်း Spring Festival Galaကို ထုတ်လွှင့်နေပြီး public squareက ချီးကျူးသြဘာသံတွေနဲ့ ဆူညံနေတယ်။


ရင်းချဲယ်မှာ အသက်ရှူရပ်မတတ် ပြေးလာရပြီး ရှူထုတ်လိုက်တဲ့ လေငွေ့ တွေဟာတော့ ဆောင်းလေးအေးနဲ့အတူ တစ်နေရာဆီဦးတည်လွင့်ပါသွားလေရဲ့။


သူ့ရင်ထဲက အသိနဲ့ ထိုတစ်နေရာကို လှည့်ကြည့်လိုက်ချိန် --


လမ်းရဲ့တစ်ဖက်မှာ ရပ်ထားတဲ့ ခဲရောင်နဲ့ အနက်ရောင် heavy-duty motorcycleတစ်စီး။


Helmetဆောင်းထားတဲ့ တစ်ယောက်က Doc Martens Leather bootsတစ်စုံစီးထားတဲ့ သူ့ရဲ့ခြေတံရှည်ရှည်တွေကို ချိတ်ရင်း ဆိုင်ကယ်ကိုမှီထားကာ ပြင်းထန်တက်ကြွတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတယ်။


ရင်းချဲယ်လည်း ယောင်တောင်တောင်နဲ့ လျှောက်လာမိသည်၊ ထိုလူက သူ့ရှေ့တည့်တည့်ရောက်ချိန်မှာမှ ရုတ်တရက် သတိရပြီး နောက်ကိုတစ်လှမ်းဆုတ်သည်။


မတော်လို့ လူမှားသွားရင်....


ထိုအချိန်မှာပဲ ထိုသူက helmetကိုချွတ်ကာ ဆံပင်ကိုနောက်လှန်သပ်သည်။


သူ့အရှေ့ဆံပင်တွေဟာ မျက်ခုံးအထက်ရောက်သည်အထိ ညှပ်ထားပြီး အိုးမုတ်ခွက်ကေကနေ ခွဲသပ်ထားတဲ့‌ကေကိုပြောင်းထားလို့ သူ့ရဲ့ စူးရှထက်မြက်တဲ့အမူအရာကို ပြသနေသည်။ သူက မျက်ခုံးတစ်ဖက်ကို ခပ်ဆဆပင့်ပြကာ :
"ထွက်ပြေးမလို့ပေါ့လေ? မတွေ့တာမှ ရက်ပိုင်းပဲရှိသေးတယ် ကိုယ့်‌ကောင်လေးကိုယ်တောင် မမှတ်မိတော့ဘူးပေါ့?"


______


[Zawgyi]


လျပကၡဒိန္၏ ေနာက္ဆုံးေသာေန႔၌ျဖစ္၏။


ရင္းအိမ္ေတာ္ေလထုမွာေတာ့ ပြဲေတာ္က်င္းပဖို႔အတြက္ ရႊင္ျမဴးေနသည္။ ၿခံဝင္းထဲမွာ မီးပုံးေတြနဲ႔ အလွဆင္ထား႐ုံတင္မက ဧည့္ခန္းတစ္ခန္းလုံးကိုလည္း မမွတ္မိေလာက္ေအာင္ကို ေျပာင္းလဲထားေသးသည္။


"ႏွစ္သစ္မွာ အသစ္ေတြတစ္ဖန္စတင္ၾကမယ္"
ေခ်ာင္ဝမ့္ယြင္ကေတာ့ စာတန္းႀကီးေတြကို ကိုယ္တိုင္ခ်ိတ္မယ္ခ်ည္းလုပ္ေနၿပီး ထိုင္ခုံတစ္ခုံကို တံခါးေဘးေရႊ႕သြားေလသည္။ သူမက ထိပ္မွာလည္း "ႏွစ္စဥ္ႏွစ္တိုင္း ကိုယ္စိတ္ႏွလုံးခ်မ္းေျမ့ပါေစ"ဆိုတဲ့ စာတန္းကိုခ်ိတ္လိုက္သည္။
(T/n : တံခါးမွာခ်ိတ္တဲ့ အနီေရာင္စာတန္းႀကီးေတြေလ၊ ဘာေခၚမွန္းမသိလို႔)


ရင္းဇယ္ကေတာ့ သူမအတြက္ ခုံကိုၿငိမ္ေအာင္ထိန္းေပးထားရင္း :
"မားျဖင့္ ဒါႀကီးေတြ ႏွစ္တိုင္းခ်ိတ္ေနၿပီးေတာ့ ဘာကို 'အသစ္စတာလဲ'?"


ေန႔ပိုင္းမွာေတာ့ ဒီအျပင္ဆင္ေတြက ပိုလြန္းတယ္လို႔ထင္ရေပမယ့္ ညဘက္ေရာက္လို႔ အျပင္ကမီးပုံးနီေလးေတြလည္းထြန္း၊ အိမ္ထဲက TVကလည္းCCTVကေနလႊင့္တဲ့ Spring Festival Galaဖြင့္ခ်ိန္ဆိုရင္ေတာ့ အနီေရာင္ေတာက္ေတာက္နဲ႔ ေရႊေရာင္ဖ်ာဖ်ာစာတန္းေတြကေနမွ ႏွစ္သစ္ရဲ့အရသာက တျဖည္းျဖည္း အသက္၀င္လာတာမ်ိဳး။


ႏွစ္သစ္ကူးညစာစားၿပီးသြားတဲ့ေနာက္ မိသားစုေလးေယာက္သား ဧည့္ခန္းထဲမွာထိုင္လို႔ ဇာတ္လမ္းတိုေလးေတြၾကည့္ျဖစ္ၾကတယ္၊ အရမ္းကို လိုက္ဖက္ျပည့္စုံၿပီး ေပ်ာ္ရႊင္ဖြယ္ျမင္ကြင္းေလး၊ ရင္းအိမ္ေတာ္မွာ ျမင္ရခဲတဲ့ျမင္ကြင္းေလးတစ္ခုေပါ့။


လူႀကီးေတြကေတာ့ Spring Festival Gala ကို အစီစဥ္ကို တကယ္ၾကည့္ခ်င္လို႔ၾကည့္ၾကၿပီး လူ‌ငယ္ေတြအတြက္ကေတာ့ memesေတြ ပ်က္လုံးေတြနဲ႔အဆက္မျပတ္ေစဖို႔အေရးသာ ၾကည့္ၾကတာမ်ိဳးျဖစ္သည္။


Class 1 Group chatထဲမွာေတာ့ မက္ေဆ့ေတြမနားတမ္းတက္ေနၿပီး သူ႔ဖုန္းမွာလည္း အဆက္မျပတ္တုန္ခါေနေတာ့သည္။ ရင္းခ်ဲယ္‌ဖြင့္ၾကည့္လိုက္သည္ဆိုရင္ပဲ က်န္းခဲ့ရဲ့မက္ေဆ့ကိုေတြ႕လိုက္ရသည္။
[ခုနေလးက memeကလည္း ေအာက္လိုက္တာကြာ၊ ငါေတာ့ ရွက္လို႔ေျခေခ်ာင္းေတြေတာင္ကုပ္ကုန္ၿပီ]


ဟန္မုန႔္ : [ခုနေလးက မင္းmemeကလည္း မဆန္းပါဘူး]


ေကာက်စ္ရွုန္း : [ဟမ္? ခုနေလးတုန္းက memeပါတယ္လား ဘာေျပာေနၾကတာလဲ?]


က်န္းခဲ့ : [....တာ့ရွုန္း မင္း 2Gနဲ႔သုံးေနတာေတာ့မဟုတ္ဘူးမလား?]


ေကာက်စ္ရွုန္း : [မဟုတ္ပါဘူး 4G]


က်န္းခဲ့ : [....မေျပာေတာ့ဘူး ငါေတာ့ အရမ္းစိတ္ေလသြားၿပီ]


ေကာက်စ္ရွုန္းမွာ ဘာလို႔လဲဟုေမးမည္အျပဳပဲ group chatထဲတြင္ ႐ုတ္တရက္ စာအိတ္နီေလးေတြ တက္လာတယ္။


ခ်န္ရင္းရင္း : [Happy New Year everyone!]


Group chat မွာခ်က္ခ်င္းဆိုသလို "ေက်းဇူးပါ အတန္းေမာ္နီတာ!" "ခ်န္က်ဲက ရက္ေရာလိုက္တာ!" "Happy New Year!" စေသာစာမ်ားျဖင့္ ျပည့္သြားေတာ့သည္။


ရင္းခ်ဲယ္လည္း ဒီတိုင္းဝင္ႏွိပ္ၾကည့္လိုက္ေတာ့ 12.5ယြမ္တဲ့၊ ဒါက အေတာ္ေလးမ်ားတယ္ဆိုရမယ္။


သူျပန္ၾကည့္လိုက္ခ်ိန္မွာေတာ့ တျခားသူေတြအားလုံးက mao (တစ္ယြမ္ရဲ့ ဆယ္ပုံတစ္ပုံ) တခ်ိဳ႕ပဲရလို႔ေျပာေနၾကတာေတြ႕ရတယ္။


သူက ကံအေကာင္းဆုံးပဲ။


ခ်န္ရင္းရင္း : [F*ck ငါမွ ယြမ္20ပဲ ထည့္ထားတာေလ၊ ခ်ဲယ္ေကာရဲ့ကံက ဘယ္လိုလဲဗ်ာ?]


က်န္းခဲ့ : [ခ်ဲယ္ေကာ စာအိတ္နီျပန္ေပးပါဗ်ိဳ႕!]


တျခားသူေတြကလည္း လိုက္ေျပာၾကသည္။
[ခ်ဲယ္ေကာ ကၽြန္ေတာ္တိူ႔ကို ခ်ဲယ္ေကာရဲ့ကံေကာင္းေကာင္းေလးေတြ ေဝမၽွပါဦး!]


ရင္းခ်ဲယ္ဖုန္းထဲမွာက ခုေလးတင္ရထားတဲ့ 12.5ယြမ္ကလြဲရင္ ဘာပိုက္ဆံမွမရွိတာ‌မို႔ ျပန္မေပးနိုင္ျဖစ္ေနသည္၊ ဒါနဲ႔သူေမးလိုက္သည္။
"မား ကၽြန္ေတာ့္ကိုပိုက္ဆံနည္းနည္းေလာက္လႊဲေပးပါလား?"


"ရတာေပါ့ သားဘယ္ေလာက္လိုခ်င္တာလဲ?"


ရင္းခ်ဲယ္ ခနေလာက္ေတြးဆၾကည့္ၿပီး : "ယြမ္50"


အမ်ားႀကီးဆို မေကာင္းဘူးမလား၊ ေတာ္ၾကာ အတန္းေဖာ္ေတြက သူခ်မ္းသာေၾကာင္းႂကြားေနတယ္လို႔ ထင္သြားမွာ စိုးရတယ္။


"ဒီေလာက္နည္းနည္းေလးနဲ႔ ဘာဝယ္လို႔ရမွာလဲ? သားကို မား ငါးရာလႊဲေပးလိုက္မယ္"


"ရတယ္၊ ကၽြန္ေတာ္က အတန္းေဖာ္ေတြကို ဟုမ္ေပါင္းေပးမလို႔တင္ရယ္"


ေခ်ာင္ဝမ့္ယြင္မွာ အလန႔္တၾကားႏွင့္ျပန္ေျပာသည္။
"သားရဲ့အတန္းေဖာ္ေတြကို ဟုမ္ေပါင္းေပးမလို႔?"


တစ္ဖက္မွာေတာ့ ရင္းဇယ္က ႏွာေခါင္းရွုံ႔သည္။
"မင္းအတန္းေဖာ္ေတြက မင္းဆီက ဟုမ္ေပါင္းကို လက္ေရာလက္ခံရဲပါ့မလား?"


"ငါ့အတန္းေဖာ္ေတြကပဲ ေပးခိုင္းေနတာ"


"အဲ့ေတာ့ သူတို႔က ေပးခိုင္းတာနဲ႔ပဲ မင္းကေပးလိုက္ေရာလား?"


"...."
ရင္းခ်ဲယ္မွာ ထပ္ၿပီးစကားမမ်ားခ်င္ေတာ့တာမို႔ ေခ်ာင္ဝမ့္ယြင္ဆီသာ ေျပာလိုက္သည္။
"ဒါျဖင့္လည္း ငါးရာလည္းရပါတယ္"


ပိုက္ဆံေရာက္ေရာက္ခ်င္းပဲ ထိုထဲက ႀကီးနိုင္သမၽွအႀကီးဆုံး ယြမ္၂၀၀ကို အရင္ဆုံးပို႔ းေပးလိုက္ၿပီး မက္ေဆ့တစ္ေၾကာင္းနဲ႔အတူ :
‌[အားဇယ္ စိတ္မဆိုးပါနဲ႔]
(T/n : ေကာေကာက သူ႔ကို အရင္မေပးလို႔ ကေလးကစိတ္ဆိုးသြားတာေနမွာ)


ရင္းဇယ္ကလည္း ဖုန္းသုံးေနတာမို႔ မက္ေဆ့ notiကို ေတြ႕မွာေသခ်ာသည္၊ ဒါမယ့္ သူကမ်က္ကြယ္ျပဳထားသည္။


ရင္းခ်ဲယ္လည္း မတတ္နိုင္ပဲ group chatထဲကိုသာ ယြမ္ငါးဆယ္ကို စာအိတ္‌ေလးေတြခြဲၿပီးပို႔လိုက္ေတာ့သည္။


အားလုံးက ဆယ္ေက်ာ္သက္အရြယ္ေက်ာင္းသား‌ေလးေတြျဖစ္တာေၾကာင့္ ပိုက္ဆံကို အထူးတလည္ႀကီး တပ္မက္ေနတယ္လို႔မရွိေပ။ maoေလးတခ်ိဳ႕ရရင္ကို ေပ်ာ္ေနၾကတာျဖစ္တယ္။ ရင္းခ်ဲယ္ေပးသည့္ စာအိတ္နီေတြမွာ အေတာ္အသင့္မ်ားတာမို႔ group chatထဲက အကုန္လုံးလိုလို တစ္ယြမ္ထက္ပိုရၾကရာ ေကာင္ေလးေကာင္မေလးေတြမွာ "Daddy"လို႔ပင္ေခၚခ်င္သြားၾကသည္။


စာအိတ္နီေတြ အားလုံးေဖာက္ၿပီးသြားခ်ိန္မွာ ၁၆ယြမ္ရသည့္ ကံအေကာင္းဆုံး ဟန္မုန႔္က :
[အိမ္း ငါကတယ္လည္းေခ်ာသလို တယ္လည္းကံေကာင္းသကိုး၊ ငါ့ေၾကာင့္နဲ႔ မင္းတို႔အားလုံး ေအာျမင္စရာလမ္းေၾကာင္းမရွိျဖစ္ရၿပီ]


ခ်န္ရင္းရင္း : [ေစာင္ငႂကြားရယ္ စည္းမ်ဥ္းကိုလိုက္နာပါ၊ ကံအေကာင္းဆုံးလူက ျပန္ေပးရမွာေလ]


[ကိစၥမရွိဘူး]


ဟန္မုန႔္က ခ်က္ခ်င္းပဲ တစ္ခုပို႔လာသည္၊ ဒါေပမယ့္ lucky drawကေနပို႔ရမယ့္အစား တစ္ေယာက္တည္းကိုသာ တန္းပို႔သည္။
[အတန္းေမာ္နီတာ လက္ခံေပးပါ]


က်န္းခဲ့ : [အိုက္ယား...ခ်ဲယ္ေကာရဲ့ပိုက္ဆံနဲ႔မ်ား အတန္းေမာ္နီတာကိုဖားရတယ္လို႔ မင္းအရွက္ေရာရွိေသးရဲ့လား?]


ဟန္မုန႔္ : [ေလာလိုက္တာ လာမွာေပါ့]


Group chatမွာ ေနာက္ထပ္ စာအိတ္နီေတြႏွင့္တစ္ဖန္ျပည့္ေနၿပီး ရင္းခ်ဲယ္မွာေတာ့ တစ္စုံတစ္ေယာက္ရဲ့ ေႏွာင့္ယွက္မွုေၾကာင့္ ယူေတာင္မယူလိုက္ရေပ။


[မင္းစာအိတ္ေတြထဲမွာမွ ငါက ဘာကိစၥ တစ္ယြမ္ပဲရရတာလဲ ေျပာ အဲ့ဒါကိုရွင္း]
က်န႔္ေယာင္က တခါတရံဆို တအားက‌ေလးဆန္တယ္၊ ခုလို ဘာမဟုတ္တာေလးအေပၚမွာ ျပႆနာရွာေနတာေလ။
[မင္းေကာင္ေလးအေနနဲ႔ သူ႔အတြက္ သီးသန႔္ရသင့္တာမဟုတ္လား?]


ရင္းခ်ဲယ္ : [မင္းက အရြယ္ေရာက္ေနတဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ေနၿပီေလ၊ ကိုယ့္ကိုယ္ကို အားကိုးဖို႔ ႀကိဳးစားရမွာ‌ေပါ့]


က်န႔္ေယာင္ကေတာ့ လက္မေလၽွာ့ေပ : [မင္းေကာင္ေလးကျဖင့္ ႏွစ္သစ္ကူးလက္ေဆာင္ေတာင္ ပို႔ေပးထားတာေလ၊ သူ႔အေနနဲ႔ တန္ျပန္လက္ေဆာင္ေလးေတာ့ ရသင့္တယ္မလား]


လက္ေဆာင္အေၾကာင္းေျပာမွ သူျဖင့္ အဲ့လိုလက္‌ေဆာင္မ်ိဳးကို ဘယ္လိုျပန္ေပးရမွန္းကို မသိေပ။


တျမန္မေန႔ကေပါ့၊ ေရခ်ိဳးၿပီးတဲ့ေနာက္ က်န႔္ေယာင္က သူ႔အတြက္ အေသခ်ာျပင္ဆင္ထားတဲ့လက္ေဆာင္‌ေလးေပးစရာရွိလို႔ပါဆိုၿပီး လိပ္စာကိုဇြတ္အတင္းေတာင္း‌တယ္။ ခနၾကာေတာ့ သူ႔ႏွလုံးသားေလးလည္း ေပ်ာ့ေပ်ာင္းလာၿပီး လိုက္ေလ်ာၿပီးေပးလိုက္တယ္။


တစ္ၿမိဳ႕တည္းက အျမန္အေခ်ာပို႔နဲ႔ပင္ ေနာက္တစ္ေန႔က် ေရာက္လာတယ္။


လက္ေဆာင္မရခင္တုန္းကေတာ့ ရင္းခ်ဲယ္မွာ လက္ေဆာင္ျပန္ေပးဖို႔အတြက္ ေစ်းအမ်ိဳးမ်ိဳးနဲ႔ ခ်ိန္ဆေတြးေတာလိုက္ရတာ၊ ဒါေပမယ့္ deliသမားဆီက ခပ္ပါးပါးအိတ္ေလးတစ္အိတ္လက္ခံရခ်ိန္မွာေတာ့ အေျဖာင့္ေကာင္ႀကီးက်န႔္ကို သူအထင္ႀကီးသြားမိတယ္ဆိုတာ ခပ္ေရးေရးအေတြးေလးဝင္တယ္။


အိတ္လည္းဖြင့္ၾကည့္လိုက္ေရာ သူထင္တဲ့အတိုင္းပဲ။


က်န႔္ေယာင္က သူ႔ကို စာရြက္တစ္ရြက္ႀကီးေတာင္ လက္ေဆာင္ေပးေလရဲ့။


အနားတစ္ဖက္က ျဖစ္သလိုဆြဲျဖဲထားၿပီး စာရြက္ေပၚမွာက တုတ္ေခ်ာင္းလူသားေလးႏွစ္ေယာက္၊ အထက္မွာမွ နာမည္ေလးေတြနဲ႔ အခ်င္းခ်င္းလက္တြဲထားၿပီး ၾကားထဲမွာက အသဲပုံအႀကီးႀကီးဆြဲထားသည္။ ေရးထားတာက -
ခ်ဲယ္ Love ေယာင္တဲ့


"...."


"ငါတို႔ရဲ့ ပထမဦးဆုံးအႀကိမ္ 'လက္ကိုင္ျခင္း'အထိမ္းအမွတ္အေနနဲ႔ ငါက မင္းကိုလက္ကိုင္နည္းသင္ျပေပးမယ္၊ တတ္နိုင္သမၽွ အသားခ်င္းထိကိုင္နိုင္ဖို႔ ငါေမၽွာ္လင့္တယ္"


ထိုစာေၾကာင္းကိုလည္း စာရြက္ေပၚမွာ ေရးထားေသးတယ္။


စာရြက္ကိုေနရာမွာတင္ လုံးေျခၿပီး အမွိုက္ပုံးထဲ လႊင့္မပစ္လိုက္တာကိုက သူ႔ဘဝရဲ့ အၾကင္နာဆုံးလုပ္ရပ္ျဖစ္ေနၿပီ။ သူ႔မွာ ေက်းဇူးတုံ႔ျပန္ဖို႔ရာ လုံးလုံးရည္ရြယ္ခ်က္မရွိဘူး။


..


ရင္းခ်ဲယ္လည္း ယြမ္ႏွစ္ရာတန္ စာအိတ္ေလးပို႔ေပးလိုက္သည္။
[ငါ့အေမဆီက၊ ပိုက္ဆံယူၿပီး သူမသားနားကေနထြက္သြားေတာ့တဲ့]


က်န႔္ေယာင္က ေပ်ာ္ေပ်ာ္ႀကီးလက္ခံလိုက္တယ္။
[သူမရဲ့သားေလးက အဖိုးမျဖတ္နိုင္တဲ့ရတနာေလးပါလို႔ အားရီကိုေျပာလိုက္၊ ငါကလည္း သူ႔နားကေန ပိုက္ဆံဘယ္ေလာက္နဲ႔ျဖစ္ျဖစ္ ထြက္မသြားပါဘူးလို႔]


[ဒါျဖင့္ ခ်ီးမို႔လို႔ လက္ခံရတာလား]


[ဒါက ငါ့ရဲ့ႀကိဳးစားမွုအတြက္ အခေငြေလ၊ အားရီအတြက္ ဒီကေပါင္ေပ့ေလးကို ဂ႐ုစိုက္ေပးေတာ့မွာ]


[.....]
သူ႔ရဲ့ မ်က္ႏွာေျပာင္မွုမွာ ရင္းခ်ဲယ္မယုံၾကည္နိုင္ေလာက္ေအာင္ မွင္တက္ေနမိသည္။


က်န႔္ေယာင္က ‌ေနာက္ထပ္ ထပ္ေမးလာသည္။
[အားရီနဲ႔ ရွို႔ရွို႔အိပ္ယာဝင္သြားၿပီလား?]


[မဝင္ေသးဘူး၊ Spring Festival Galaၾကည့္ေနၾကတယ္ ဘာလို႔လဲ?]


[မင္းနဲ႔ video callေျပာခ်င္လို႔၊ သူတို႔အိပ္ယာဝင္သြားရင္ ငါ့ကိုေျပာစမ္းပါ]


[အင္း]


ပိုက္ဆံကေလာက္ရဲ့လား ေမးရန္ ေခ်ာင္းဝမ့္ယြင္က လွည့္လာခ်ိန္ :
"ေရွာင္ခ်ဲယ္ေရ၊ ဘာကမ်ား သားကိုျပဳံးေပ်ာ္ေန ေအာင္လုပ္လိုက္ပါလိမ့္?"


ရင္းခ်ဲယ္ကမူ သူ႔ကိုယ္သူေတာင္ ျပဳံးေနေၾကာင္းသတိမထားမိတာမို႔ အံ့ၾသတႀကီးမ်က္ေတာင္တဖ်တ္ဖ်တ္ႏွင့္ :
"အာ၊ ကၽြန္ေတာ္ အတန္းေဖာ္နဲ႔ ေျပာေနတာ"


ေခ်ာင္ဝမ့္ယြင္ကေတာ့ ၾကားရတာ စိတ္ခ်မ္းသာေနသည္။ သူမခင္ပြန္းကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ရင္းခၽြမ့္ထိုင္က စကားလုံးေတြမလိုပဲ နားလည္ေနစြာေျပာသည္။
"အမ္း မင္းအတန္းေဖာ္နဲ႔ ထပ္ၿပီး‌ေျပာၾက"


လူႀကီးႏွစ္ေယာက္က ခါတိုင္း ေစာေစာအိပ္ၾကတာမို႔ ၁၀နာရီေလာက္ထိၾကည့္ၿပီးခ်ိန္မွာေတာ့ အခန္းထဲျပန္သြားၾကတယ္။ တစ္ဖက္မွာေတာ့ ေနာက္က်မွ အိပ္ေနက် ရင္းဇယ္က TV မၾကည့္ပဲ ဖုန္းငုံ႔ၾကည့္ေနတယ္။


"အားဇယ္ၾကည့္ဦးမွာလား?"
ရင္းခ်ဲယ္ သူ႔ကိုေမးလိုက္သည္။


မေမးလိုက္တာမွ ေကာင္းဦးမည္၊ သူေမးလိုက္မွ ရင္းဇယ္က ထရပ္ကာ :
"မၾကည့္ဘူး၊ ဘာမွလည္း ၾကည့္ခ်င္စရာမရွိပဲနဲ႔၊ ငါလည္းပဲ ငါ့အတန္းေဖာ္နဲ႔ေျပာေနတာေလ"


''ငါလည္းပဲ''ဆိုတဲ့စကားေနရာမွာေတာ့ စိတ္ကုန္သည့္အလား ဖိေျပာလိုက္သည္။


ရင္းခ်ဲယ္လည္း ဘာေျပာရမွန္းမသိတာေၾကာင့္ ဧည့္ခန္းမီးနဲ႔ TVကိုပိတ္ကာ ကိုယ့္အခန္းကိုယ္ျပန္လာလိုက္သည္။ ၿပီးေနာက္ က်န႔္ေယာင္ဆီကို မက္ေဆ့ပို႔လိုက္သည္။
[လူႀကီးေတြ အိပ္သြားၿပီ]


ဒီစကားေျပာရတာ မသိရင္ သူကပဲ လူႀကီးေတြေနာက္ကြယ္မွာ မဟုတ္တာတစ္ခုခုခိုးလုပ္ေနသလို ခံစားရတယ္။


သူခနေလာက္ေတြးၾကည့္ၿပီးေနာက္ တစ္ခုပို႔လိုက္သည္။
[မင္း meimeiနဲ႔ ရန္ျဖစ္ဖူးလား? သူမကို ဘယ္လိုေခ်ာ့လဲ?]


သူဟာ ညလည္ေခါင္မွာ ရည္းစားနဲ႔ခိုး chatျခင္းကေန သူငယ္ခ်င္းတစ္ေယာက္ကို မိသားစုပဋိပကၡအေၾကာင္းအႀကံေတာင္းျခင္းအျဖစ္ ေအာင္ေအာင္ျမင္ျမင္ပဲ ေျပာင္းလဲလိုက္သည္၊ ဘယ္ေလာက္ေလ်ာ္ကန္လိုက္လဲ၊ ဘယ္ေလာက္မွန္ကန္လိုက္လဲ။


က်န႔္ေယာင္ကမူ replyျပန္မလာ။ တစ္မိနစ္ ႏွစ္မိနစ္တင္ မဟုတ္ဘူး၊ တစ္နာရီလုံးလုံးျပန္မေျဖျခင္းပင္။


ရင္းခ်ဲယ္မွာ အိပ္ခ်င္လြန္းလို႔ မ်က္လုံးမွိတ္တစ္ဝက္ဖြင့္တစ္ဝက္ျဖင့္ အိပ္ယာေပၚလွဲခ်လိုက္သည္။ နံရံေပၚက နာရီကိုၾကည့္မိေတာ့ ၁၁နာရီခြဲ။


ခုနေလးပဲ ငါ့ကိုဂ႐ုစိုက္မယ္လည္း ေျပာေသးတယ္၊ ပိုက္ဆံလည္းရၿပီေရာ ၿငိမ္က်သြားတာမ်ား.... alphaတစ္ေယာက္ရဲ့ စကားေတြက မယုံရဘူး


က်န႔္‌ေယာင္လည္း အိပ္ေပ်ာ္သြားေလာက္ၿပီလို႔ ေတြးၾကည့္ၿပီးေနာက္ေတာ့ သူလည္းထပ္မေစာင့္ခ်င္ေတာ့ေပ။ ဖုန္းကိုအိပ္ယာေဘးခ်လိုက္ၿပီး မီးမွိတ္ကာအိပ္ဖို႔ျပင္ေတာ့သည္။


ျပတင္းအျပင္မွာက ခပ္လွမ္းလွမ္းက ဆူညံသံေတြ မတိုးတတိုးၾကားေနရသည္။


ရင္းအိမ္ေတာ္ဟာ ၿမိဳ႕လယ္နားက ခ်မ္းသာတဲ့ရက္ကြက္တစ္ခုအတြင္းမွာ တည္ရွိတယ္။ ဆူညံတဲ့ရပ္ကြက္ထဲက ဆိတ္ၿငိမ္တဲ့ေနရာေလးတစ္ခုျဖစ္တယ္။ ေနရာနဲ႔ အသံလုံစနစ္ကို ေကာင္းစြာျပင္ဆင္ထားတာမို႔ ပုံမွန္ခ်ိန္ေတြတြင္ေတာ့ ၿမိဳ႕ရဲ့ ဆူညံသံေတြ မၾကားရေပ။ သို႔ေပမယ့္ ႏွစ္သစ္ကူးပြဲေတာ္လို ခမ္းခမ္းနားနားပြဲေတာ္မ်ိဳးေတြဆိုလၽွင္ေတာ့ ၿမိဳ႕လယ္က public squareမွာ count down ေရတြက္သူမ်ားႏွင့္ျပည့္ေနတတ္ၿပီး လမ္းအနည္းငယ္ျခားလၽွင္ေတာင္ အသံေတြက တားမရဆီးမရ။


ရင္းခ်ဲယ္တစ္ေယာက္ ဟိုဘက္လွိမ့္ဒီဘက္လွိမ့္ႏွင့္ အိပ္မေပ်ာ္ျဖစ္ေနသည္။


အသံေတြအျပင္ ကားတစ္ဆို႔ရာက ဟြန္းသံေတြ၊ ရထားသံေတြႏွင့္ အရမ္းကိုဆူညံေနသည္။


ဘာပဲျဖစ္ျဖစ္ပါေလ နာရီဝက္ေလာက္ပဲ လိုေတာ့တာကို၊ သူလည္းအၾကာႀကီးသည္းခံေစာင့္စရာမလိုေတာ့ဘူး။


သူ မီးကိုျပန္ဖြင့္ၿပီး ဖုန္းကိုေကာက္ကိုင္လိုက္သည္။


အတန္း group chatကေတာ့ ခုထိကိုေျပာလို႔မၿပီးနိုင္ၾကေသးေပ၊ ဒါေပမယ့္ အိပ္ယာေပၚစလွဲလိုက္ကတည္းက သူ group chatကို muteထားလိုက္တာ။ အဲ့ဒီမိနစ္အနည္းငယ္အတြင္းတင္ မက္ေဆ့ေပါင္းတစ္ရာေက်ာ္ရွိေနေလၿပီ။


တစ္ဖက္က Spring Festival Galaကိုေျပာင္ၾကေလွာင္ၾကႏွင့္ က်န္တစ္ဖက္မွာေတာ့ စာအိတ္နီအေၾကာင္း။ ျငင္းလိုက္ခုန္လိုက္ ဟုမ္ေပါင္းယူၿပီးျပန္ေဝလိုက္ႏွင့္၊ အားလုံးေပ်ာ္ရႊင္ေနၾကတယ္။


ဒီလိုငယ္ရြယ္တဲ့အခ်ိန္မွာ ေပ်ာ္ရႊင္မွုဆိုတာက ရိုးရွင္းလြန္းပါတယ္။


ရင္းခ်ဲယ္ chat logကို အထက္ေအာက္ဆြဲၾကည့္သည္၊ က်န႔္ေယာင္နာမည္ကိုေတာ့ မေတြ႕။ တကယ္ႀကီးအိပ္ေပ်ာ္သြားပုံပဲ။


သန္းေခါင္ခ်ိန္ေရာက္ဖို႔ မိနစ္ႏွစ္ဆယ္အလို : စကားလုံးရွစ္ရာေလာက္ေသာ သီကာပတ္ကုံး အႏုအရြစကားေတြကို သူမစဥ္းစားတတ္ေပ။ ဒါနဲ႔ ''Happy New Year"လို႔ပဲ ရိုးရိုးေလးေျပာၿပီး သန္းေခါင္ေရာက္ေအာင္ ေစာင့္ဖို႔ေတြးထားလိုက္သည္။


သူစာရိုက္ေနစဥ္အတြင္းမွာပဲ ဖုန္းဝင္လာသည္။


က်န႔္‌ေယာင္ဆီက။


"မအိပ္ေသးဘူးလား?"
သူ႔အသံမွာ အျပဳံးေတြပါေနတယ္။
"ငါ့အတြက္ေစာင့္ေနေပးတာလား?"


ရင္းခ်ဲယ္ : "....ေခြးတစ္ေကာင္အ‌တြက္ေစာင့္ေပးေနတာ"


က်န႔္ေယာင္ : "ဒါျဖင့္ ငါ့ကိုေစာင့္ေနတာပဲ"


"......''


"ဘယ္လိုေခ်ာ့ရမလဲ ေမးတယ္မလား? ဒီလိုေလးပဲေခ်ာ့၊ မ်က္ႏွာေျပာင္ေျပာင္ေလးနဲ႔ အေျပာခ်ိဳခ်ိဳေလး"


ရင္းခ်ဲယ္ : "ဘယ္သူမွ မင္းေလာက္ မ်က္ႏွာမေျပာင္နိုင္ဘူး"


''မ်က္ႏွာေျပာင္ေတာ့ေရာ ဘာျဖစ္လဲ? ငါ့ေကာင္ေလးက ႀကိဳက္တယ္ေလ၊ "


ရင္းခ်ဲယ္က ရယ္တယ္။ "မင္းေကာင္ေလးက ေမးခိုင္းလိုက္တယ္၊ အခုဘာလုပ္ေနလဲတဲ့၊ သူ႔ကိုဒီတိုင္းပဲအိပ္ခိုင္းခဲ့တာလားတဲ့?"


ျပန္ေျဖလာတဲ့ က်န႔္ေယာင္အသံဟာ ေလတိုးသံေတြ ဆူညံသံေတြနဲ႔ေရာေႏွာေနတယ္။
"မင္းကိုမေျပာျပပါဘူး၊ သူ႔ကိုသာအျပင္လႊတ္လိုက္ သူ႔နဲ႔လူခ်င္းေတြ႕ေျပာမယ္"


ရင္းခ်ဲယ္ အံ့ၾသ၍ ေတာင့္ခဲသြားသည္။


..
အံ့ၾသေနရာက ႐ုန္းထြက္ၿပီးေနာက္ အဝတ္ခပ္ျမန္ျမန္ဝတ္ကာ ေလွကားက ဆင္းေျပးလို႔ အျပင္ကိုေျပးထြက္ခဲ့သည္။


ရင္းအိမ္ေတာ္က အိမ္ယာဂိတ္နဲ႔သိပ္မေဝးေပ၊ သုံးမိနစ္ေလာက္သာေျပးရသည္။


ဂိတ္က စီးပြားေရးအခ်က္ခ်ာက်တဲ့ လမ္းနဲ႔မ်က္ႏွာခ်င္းဆိုင္၊ လမ္းတစ္ဖက္မွာ LED screenအႀကီးႀကီးကိုျမင္ေနရတယ္။ ထို LEDမွာလည္း Spring Festival Galaကို ထုတ္လႊင့္ေနၿပီး public squareက ခ်ီးက်ဴးၾသဘာသံေတြနဲ႔ ဆူညံေနတယ္။


ရင္းခ်ဲယ္မွာ အသက္ရွူရပ္မတတ္ ေျပးလာရၿပီး ရွူထုတ္လိုက္တဲ့ ေလေငြ႕ ေတြဟာေတာ့ ေဆာင္းေလးေအးနဲ႔အတူ တစ္ေနရာဆီဦးတည္လြင့္ပါသြားေလရဲ့။


သူ႔ရင္ထဲက အသိနဲ႔ ထိုတစ္ေနရာကို လွည့္ၾကည့္လိုက္ခ်ိန္ --


လမ္းရဲ့တစ္ဖက္မွာ ရပ္ထားတဲ့ ခဲေရာင္နဲ႔ အနက္ေရာင္ heavy-duty motorcycleတစ္စီး။


Helmetေဆာင္းထားတဲ့ တစ္ေယာက္က Doc Martens Leather bootsတစ္စုံစီးထားတဲ့ သူ႔ရဲ့ေျခတံရွည္ရွည္ေတြကို ခ်ိတ္ရင္း ဆိုင္ကယ္ကိုမွီထားကာ ျပင္းထန္တက္ႂကြတဲ့ အေငြ႕အသက္ေတြ ထုတ္လႊတ္ေနတယ္။


ရင္းခ်ဲယ္လည္း ေယာင္ေတာင္ေတာင္နဲ႔ ေလၽွာက္လာမိသည္၊ ထိုလူက သူ႔ေရွ႕တည့္တည့္ေရာက္ခ်ိန္မွာမွ ႐ုတ္တရက္ သတိရၿပီး ေနာက္ကိုတစ္လွမ္းဆုတ္သည္။


မေတာ္လို႔ လူမွားသြားရင္....


ထိုအခ်ိန္မွာပဲ ထိုသူက helmetကိုခၽြတ္ကာ ဆံပင္ကိုေနာက္လွန္သပ္သည္။


သူ႔အေရွ႕ဆံပင္ေတြဟာ မ်က္ခုံးအထက္ေရာက္သည္အထိ ညႇပ္ထားၿပီး အိုးမုတ္ခြက္ေကကေန ခြဲသပ္ထားတဲ့‌ေကကိုေျပာင္းထားလို႔ သူ႔ရဲ့ စူးရွထက္ျမက္တဲ့အမူအရာကို ျပသေနသည္။ သူက မ်က္ခုံးတစ္ဖက္ကို ခပ္ဆဆပင့္ျပကာ :
"ထြက္ေျပးမလို႔ေပါ့ေလ? မေတြ႕တာမွ ရက္ပိုင္းပဲရွိေသးတယ္ ကိုယ့္‌ေကာင္ေလးကိုယ္ေတာင္ မမွတ္မိေတာ့ဘူးေပါ့?"


______

Comment