Chapter - 66

ပုံမှန်အတိုင်းပဲ ရင်းချဲယ် တနင်္ဂနွေနေ့ညနေပိုင်း self-studyတန်းကို တက်တယ်။


ဘယ်လိုပဲဖြစ်ဖြစ်လေ အဲ့ကိစ္စကြောင့်ဆိုပြီး သူ ကျောင်းထွက်လိုက်လို့မှ မရပဲ။


လမ်းခွဲတုန်းကတော့ သူပဲ နှောင်ကြိုးတွေအားလုံးဖြတ်ပစ်လိုက်သလိုလို၊ သူတို့ဆက်ဆံရေးကပဲ အသက်မ၀င်တော့သလိုလို ယုံကြည်ချက်ရှိရှိပြောခဲ့တာလေ။ နောက်တစ်နေ့လည်းကျရော ကျောင်းမှာပြန်တွေ့ရဦးမယ်တဲ့။ ဒါက ကျောင်းတွင်းအချစ်ဇာတ်လမ်းတွေမှာ ကို့ရို့ကားယားအဖြစ်ဆုံးအပိုင်းပဲ။


ကံကောင်းစွာနဲ့ ကျန့်ယောင်က ရောက်မလာခဲ့တော့ အနေခက်ဖို့ရာ တစ်ရက်တော့နောက်ရွေ့သွားသေးတာပေါ့။

...


ထိုညမှာ ကျန်းခဲ့က group chatထဲမေးလာသေးတယ်။ [ယောင်ကောကောရေ အဆင်ပြေရဲ့လား? မနေ့ကအရက်မူးကခုထိမပြေ‌သေးတာလား?]


ကျန့်ယောင်က ပြန်ဖြေမလာ။ ခနကြာတော့ group chatက တခြားအကြောင်းတွေဆီရောက်သွားတယ်။


သူ့ကိုမျက်နှာချင်းမဆိုင်ရဲတာကြောင့်လား? အဲ့လိုဆို ကျောင်းကို ဘယ်တော့မှ ထပ်မလာဘဲနေတော့မယ်ပေါ့?


နောက်တစ်နေ့ မနက်ပိုင်း self-studyချိန်မှာ‌တော့ ကျန့်ယောင်ရောက်လာတယ်။


ငါ့ဘက်က ဖြစ်ချင်နေတဲ့ အတွေးသက်သက်ပဲထင်ပါရဲ့


‘‘မောနီး”


ကျန့်ယောင်က ဒီနေ့ ရှပ်လက်ရှည်အဖြူတစ်ထည်၀တ်ထားပြီး သပ်သပ်ရပ်ရပ် တည်တည်ကြည်ကြည်နဲ့။ သူက ကျန်းခဲ့ကို ပြုံးပြနှုတ်ဆက်ပြီး ခါတိုင်းလိုပဲ သူ့နေရာသူလာကာ လွယ်အိတ်ကိုချတယ်။


‘‘ယောင်ကော မနေ့ညကဘာလို့မလာတာလဲ? ငါမေးထားတာကိုလည်းပြန်မဖြေဘူး”
ကျန်းခဲ့က စိတ်ဒဏ်ရာရဟန်နဲ့။


‘‘မနေ့ညက ငါသိပ်‌နေလို့မကောင်းလို့ လောင်ရှစ်ကိုခွင့်တိုင်လိုက်တာ”
ကျန့်ယောင်က ထိုင်ချလိုက်ပြီး ဘေးကလူကိုသာမန်လိုနှုတ်ဆက်တယ်။
‘‘မောနီး”


ရင်းချဲယ်က စက္ကန့်၀က်လောက်ငြိမ်နေပြီးမှ ပြန်ဖြေတယ်။
‘‘မောနီး” 


‘‘မနက်စာစားပြီးပြီလား?”


‘‘စားပြီးပြီ”


‘‘အင်း”


အဲ့ဒီနောက် ဘာစကားမှမဆက်ဖြစ်တော့။


ကျန်းခဲ့က သူတို့ကို မယုံသင်္ကာနဲ့ကြည့်လာပြီး :
‘‘မင်းတို့နှစ်ယောက် ဒီနေ့အရမ်းကို အပိုးတွေကျိုးနေသလားလို့?”


ရင်းချဲယ်က လိမ်တဲ့နေရာမှာမတော်တာမို့ ဘာမှ ပြန်ပြောမနေဖြစ်တော့။


ဒါပေမယ့် ကျန့်ယောင်ကတော့ အရမ်းတော်ပုံပါပဲ။
‘‘ဘယ်လိုဖြစ်နေလို့လဲ? ငါတို့ကသာမန်ပါပဲ၊ ကိုယ့်အိမ်စာကိုယ်သွားကူးစမ်းပါ”


ဒီလိုနဲ့ တစ်မနက်ခင်းတာလုံး ကုန်ဆုံးသွားတယ်၊ အခြေနေကတော့ သူမျှော်မှန်းထားတာထက် ပိုပြီးတည်ငြိမ်နေလေရဲ့။


စာသင်ချိန်ဆို သူတို့နှစ်‌ယောက်လုံး သင်ခန်းစာကိုသေချာ အာရုံစိုက်နားထောင်ဖြစ်ကြတယ်၊ အပြန်အလှန်တီးတိုးတီးတိုးလုပ်မနေဖြစ်ကြတော့သလို အရင်လို ခုံအောက်ကလှုပ်ရှားမှုလေးတွေလည်း မရှိတော့ဘူး။ စာသင်ချိန်ပြီးရင်တော့ ရင်းချဲယ်က မှောက်အိပ်နေတတ်ပြီး ဘေးနားက ဘာဆိုဘာကိုမှ ဂရုစိုက်နားထောင်မနေတော့ဘူး။


ထိုင်ခုံဖော်တွေဆိုပေမယ့် အခေါ်အပြောမလုပ်ပဲ သူတို့နေနိုင်ကြတယ်။


ကျန့်ယောင်ကလည်း သူနဲ့စကားပြောဖို့စိတ်ကူးရှိဟန်မတူ။ ‌နေ့လည်စာအတွက် အတူစားကြဖို့မခေါ်သလို သူ့ဟာသူ တစ်ယောက်တည်းထွက်‌သွားလေရဲ့။ ကန်တင်းမှာ ရင်းချဲယ်ကလင်ဗန်းကိုင်ပြီး ထိုင်စရာနေရာရှာတော့ Class 5ကျောင်းသားတချို့နဲ့ ရယ်ရင်းမောရင်းအတူထိုင်နေတဲ့ ကျန့်ယောင်ကို တွေ့မိတယ်၊ သူ့ဘေးမှာတော့ ပိုင်ယွိဝေနဲ့။


ဖြတ်သွားတဲ့လူတွေကတော့ သူတို့ကိုအတွဲတွေလို့ ထင်ကြေးပေးကြမှာပေါ့။


ရင်းချဲယ် အသီးအရွက်တချို့နဲ့ ထမင်းနည်းနည်းသာစားဖြစ်ပြီး ကျန်တာတွေ အကုန် သွန်ပစ်လိုက်တယ်။


ညနေပိုင်း self-studyချိန်ကျပြန်တော့လည်း ကျန့်ယောင်က တစ်ယောက်တည်းထွက်သွားပြန်တယ်။


ရင်းချဲယ် အိမ်စာလုပ်ပြီးတော့ ခုံပေါ်မှောက်ရင်းကြယ်ခေါက်နေလိုက်တယ်။ ဟန်မုန့်က စိုးရိမ်တဲ့အမူအရာနဲ့ရောက်လာပြီး ခပ်တိူးတိုးပြောတယ်။
‘‘ချဲယ်ကော ငါ ပြောမလို့၊ ခုလေးတင် ကျန့်ယောင်ကို Class 5အခန်း၀မှာ ကောင်မလေးတစ်ယောက်နဲ့စကားပြောနေတာတွေ့ခဲ့တယ်၊ အဲ့ကောင်ကတော့ ပြဿနာရှာနေတာပဲ၊ ချဲယ်ကော သူ့ကိုဆုံးမချင်လား? ငါကူညီမယ်”


‘‘မလိုတော့ဘူး၊ သူက ငါနဲ့ဘာမှမဆိုင်တော့ဘူး”


ဟန်မုန့်က သူ့အပြောကိုအစကတော့ နားမလည်ပေ၊ တခနကြာပြီးနောက်မှ တုံ့ပြန်လာပြီး အလန့်တကြားထခုန်တယ်၊ မျက်နှာကလည်း ဖြူဖျော့လို့။
‘‘မင်းတို့နှစ်ယောက်?”


‘‘အွန်း”


‘‘စနေနေ့ညတုန်းကကိစ္စကြောင့်လား? ငါ့...ငါအမှားတစ်ခုခုများ ပြောမိသွားလို့လား?” 


‘‘အဲ့တာ မင်းကြောင့်မဟုတ်ပါဘူး”
ရင်းချဲယ်က ကြယ်လေးကိုဘောပင်အိတ်ထဲပစ်ထည့်ပြီး ထရပ်တယ်။
‘‘ငါလမ်းလျှောက်သွားလိုက်ဦးမယ်”


တံခါး၀ဆီရောက်တယ်ဆိုရင်ပဲ ၀င်လာတဲ့လူတစ်ယောက်နဲ့တိုးတယ်။


‘‘ကောအကောင်ကို ကောမနိုင်ဘူးလား?”
ရင်းဇယ်က စိတ်ဆိုးမာန်ဆိုးနဲ့။
‘‘ဘာကိစ္စ သူက ပိုင်ယွိဝေဆီသွားရပြန်တာလဲ?”


ဟန်မုန့်ကလည်း ရောက်လာတယ်။
‘‘ခုနလေးတင် Class 5အပေါက်၀မှာ တွေ့လိုက်တယ်”


‘‘ငါလည်းကြားတယ်၊ ဒါမယ့် ငါရောက်သွားတဲ့ချိန်ကျ သူတို့ကမရှိ‌တော့ဘူး၊ သူတို့နှစ်ယောက်က ဘာအကြောင်းတွေများ ပြောစရာရှိနေလို့လဲ?”
ရင်းဇယ်က သူ့အကိုသူကြည့်ပြီး ရင်းချဲယ်လည်းဒီအကြောင်းကို သိသင့်တယ်လို့ တွေးတယ်။


သို့ပေမယ့် ရင်းချဲယ်ကတော့ သူ့ကိုပြုံးသာပြပြီး :
‘‘အားဇယ် ဒီနှစ်တော့မွေးနေ့ကို ကြိုကျင်းပကြရအောင်လား နော်?”


ရင်းဇယ်အမူအရာက ပြောင်းသွားတယ်။
‘‘သုံးလကြိုပြီးတော့လား? ကော ရူးနေလား?”


ရင်းချဲယ် သူ့ကိုအပြင်ဆွဲခေါ်လာခဲ့တယ်၊ ဟန်မုန့်ကိုရှောင်ဖို့။
‘‘နောက်နှစ်ကျ ကောနိုင်ငံခြားကိုသွားရမယ်လေ၊ စက်တင်ဘာကျ မင်းမွေးနေ့ကို ပြန်မလာနိုင်လိုက်မှာစိုးလို့”


‘‘ငါသိတယ်၊ အဲ့နေ့က ညစာစားပွဲဝိုင်းမှာ အဲ့တာကို ငါလည်းကြားတာပဲ၊ ရုတ်တရက်ကြီး အထူးတဆန်းအကြောင်းရင်းတွေနဲ့ မင်း ကျောင်းပြောင်းချင်တယ်ဆိုတာ” 
ရင်းဇယ်က သူ့လက်ကိုခါထုတ်တယ်။
‘‘ငါ့ကိုဂရုစိုက်ချင်ယောင်လာဆောင်မနေနဲ့၊ ကောသာငါ့မွေးနေ့ကို တကယ်ကျင်းပပေးချင်တယ်ဆို ဘာကိစ္စပြောင်းနေမှာလဲ၊ တတိယနှစ်တောင်ရောက်တော့မယ့်ဟာ၊ ဘွဲ့ယူပြီးမှ နိုင်ငံခြားတက္ကသိုလ်ကိုတန်း‌လျှောက်လိုက်တာက ပို‌မကောင်းဘူးလား?”


‘‘ကောအဆင့်တွေက သာမန်လောက်ပဲရှိတာလေ၊ ပြည်တွင်းကစာမေးပွဲမှာဆို ကောင်းကောင်းလုပ်နိုင်မှာမဟုတ်လောက်ဘူး၊ နိုင်ငံခြားကိုအရင်သွားပြီး အသားကျအောင်လုပ်တာ ပိုကောင်းမယ်ထင်လို့”


‘‘နားထောင်လို့ကတော့ကောင်း‌နေတာပဲ၊ အမှန်က ကောထွက်ပြေးချင်နေရုံပဲမလား? ကောအမြဲတော်တဲ့အရာလေ”
ရင်းဇယ်က နှာခေါင်းရှုံ့လို့သရော်တယ်။
‘‘ငါ့မွေးနေ့ကို ကောကျင်းပပေးစရာလည်းမလိုဘူး၊ ကောရည်းစားကိုသာ ထိန်း ဟုတ်ပြီလား? ကောက အကိုတစ်ယောက်ဖြစ်ဖို့ အများကြီးလိုအပ်ထားခဲ့တာ၊ အဲ့လိုတင်မကပဲ အချစ်ရေးမှာလည်း ဒီလိုဖြစ်နေရင်၊ ကော အရမ်းသနားစရာကောင်းတယ်လို့ မထင်ဘူးလား?”


သနားစရာလား? အမှန်တော့ သိပ်လည်းမဆိုးလှပါဘူး


...


ညနေပိုင်း self-studyပြီးချိန်မှာ သူအဆောင်ပြန်ပြီး ရေမိုးချိုးသန့်စင်လိုက်တယ်။ အဲ့ဒီနောက်မှာ သူအိပ်ယာပေါ်လှဲရင်း စဉ်းစားမိတယ်။


အနည်းဆုံးတော့ ကျန့်ယောင်က သူ့ကို အစစ်အမှန်သဘောကျတာပဲလေ


မဟုတ်ဘူး၊ ‘သဘောကျခဲ့တယ်’လို့ပြောရမှာ


ထိူညမှာ group chatကတော့ အရမ်းကိုသက်၀င်လျက်ရှိတယ်။ ကျန်းခဲ့က ကျောင်းဖိုရမ်က screenshotတချို့ပို့လာပြီး ကျန့်ယောင်ကိုလည်း လှမ်းtagလို့ : [ယောင်ကောရေ၊ ကြည့်ပါဦး၊ အားလုံးက မင်း ပိုင်ယွိဝေဆီသွားတဲ့ အကြောင်းပဲပြောနေကြတယ်၊ နှစ်ယောက်သားက နောက်ဆုံးတော့ officialဖြစ်သွားကြပြီလား?]


ဒီတစ်ခေါက်တော့ ကျန့်ယောင်က ပြန်ဖြေလာခဲ့တယ်။
[ဘာမှပြောနေစရာမရှိဘူး]


ခနတွင်းချင်းပဲ group chatဟာ အုံကြွလာတော့တယ်။


[ဘာလဲ အလိုလိုလက်ခံလိုက်တာလားဟ?!]


[ငါတော့ အချစ်ကိုထပ်ပြီး ယုံကြည်သွားပြန်ပြီ!]


[ဒီလိုဆို နောက်တစ်ခါပိုင်ယွိဝေကိုတွေ့ရင် မရီးလို့ခေါ်ရတော့မှာလား?]


...


အဆောင်ခန်းထဲက မီးတွေဟာ အားလုံးပိတ်ပြီးနေပြီး ရင်းချဲယ်တစ်‌ယောက်ကသာ အမှောင်ယံထဲမှာလဲလျောင်းရင်း chatထဲက ပျော်ရွှင်မြူးကြွနေတဲ့စကားတွေကို ကြည့်လို့ပေါ့၊ screenပေါ်ကအလင်းရောင်ဟာ သူ့မျက်လုံးကို အနည်းငယ်နာကျင်လာစေတယ်။


ဒါ့ကြောင့်ပဲ သူဖုန်းကိုပိတ်ပြီး ခေါင်းအုံးပေါ်ပစ်တင်လိုက်တယ်။ မျက်လုံးတွေပွင့်လျက်နဲ့ ကုတင်အုန်းတားကို ငိုင်ငိုင်စိုင်စိုင် ကြောင်ကြည့်နေမိတယ်။


အဲ့ဒီလူတစ်ယောက်တည်းကပဲ၊ သူတွဲခဲ့တုန်းကတော့ အဲ့ဒီလူတစ်ယောက်တည်းကပဲ ပြောပါတယ် : ‘‘ငါ့အဖေက ကျောင်းမှာရည်းစားမထားဖို့တားမြစ်ထားလို့ ဘွဲ့ရပြီးကာမှ ပြောကြရအောင်”တဲ့။ ဒါပေမယ့် တစ်ခြားတစ်စုံတစ်ယောက်နဲ့ကျ တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိကို publicဖွင့်ချလိုက်ပါလေသတဲ့လေ။


ရည်းစားကိုချော့မော့ဖျောင်းဖြတဲ့နေရာမှာတော့ ကျန့်ယောင်က တကယ်တော်ပါပေတယ်။


သူ့ကိုယ်သူအတော်လေး အလိုလိုက်ခံရတယ်လို့ သူထင်နေခဲ့တာ။ အခုတော့ သူ့ထက်ပိုပြီး အလိုလိုက်အချစ်ခံရတဲ့သူက ရှိနေခဲ့တာကိုး။


ကျန့်ယောင်က သူ့ရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ သူ့ကိုပေးအပ်ခဲ့ပြီး၊ သူ့ဘက်ကတော့ အရာအာလုံးကိုစွန့်စားဖို့နဲ့ သူ့ရဲ့အရာရာကိုလက်လျော့ဖို့အထိတောင် အဆင့်သင့်ဖြစ်နေခဲ့ပြီတဲ့လေ...။


အရူးတစ်ယောက်လိုပါပဲ..။


______


[Zawgyi]


ပုံမွန္အတိုင္းပဲ ရင္းခ်ဲယ္ တနဂၤေႏြေန႔ညေနပိုင္း self-studyတန္းကို တက္တယ္။


ဘယ္လိုပဲျဖစ္ျဖစ္ေလ အဲ့ကိစၥေၾကာင့္ဆိုၿပီး သူ ေက်ာင္းထြက္လိုက္လို႔မွ မရပဲ။


လမ္းခြဲတုန္းကေတာ့ သူပဲ ေႏွာင္ႀကိဳးေတြအားလုံးျဖတ္ပစ္လိုက္သလိုလို၊ သူတို႔ဆက္ဆံေရးကပဲ အသက္မ၀င္ေတာ့သလိုလို ယုံၾကည္ခ်က္ရွိရွိေျပာခဲ့တာေလ။ ေနာက္တစ္ေန႔လည္းက်ေရာ ေက်ာင္းမွာျပန္ေတြ႕ရဦးမယ္တဲ့။ ဒါက ေက်ာင္းတြင္းအခ်စ္ဇာတ္လမ္းေတြမွာ ကို႔ရို႔ကားယားအျဖစ္ဆုံးအပိုင္းပဲ။


ကံေကာင္းစြာနဲ႔ က်န႔္ေယာင္က ေရာက္မလာခဲ့ေတာ့ အေနခက္ဖို႔ရာ တစ္ရက္ေတာ့ေနာက္ေရြ႕သြားေသးတာေပါ့။


...


ထိုညမွာ က်န္းခဲ့က group chatထဲေမးလာေသးတယ္။ [ေယာင္ေကာေကာေရ အဆင္ေျပရဲ့လား? မေန႔ကအရက္မူးကခုထိမေျပ‌ေသးတာလား?]


က်န႔္ေယာင္က ျပန္ေျဖမလာ။ ခနၾကာေတာ့ group chatက တျခားအေၾကာင္းေတြဆီေရာက္သြားတယ္။


သူ့ကိုမ်က္ႏွာခ်င္းမဆိုင္ရဲတာေၾကာင့္လား? အဲ့လိုဆို ေက်ာင္းကို ဘယ္ေတာ့မွ ထပ္မလာဘဲေနေတာ့မယ္ေပါ့?


ေနာက္တစ္ေန႔ မနက္ပိုင္း self-studyခ်ိန္မွာ‌ေတာ့ က်န႔္ေယာင္ေရာက္လာတယ္။


ငါ့ဘက္က ျဖစ္ခ်င္ေနတဲ့ အေတြးသက္သက္ပဲထင္ပါရဲ့


‘‘ေမာနီး”


က်န႔္ေယာင္က ဒီေန႔ ရွပ္လက္ရွည္အျဖဴတစ္ထည္၀တ္ထားၿပီး သပ္သပ္ရပ္ရပ္ တည္တည္ၾကည္ၾကည္နဲ႔။ သူက က်န္းခဲ့ကို ျပဳံးျပႏွုတ္ဆက္ၿပီး ခါတိုင္းလိုပဲ သူ႔ေနရာသူလာကာ လြယ္အိတ္ကိုခ်တယ္။


‘‘ေယာင္ေကာ မေန႔ညကဘာလို႔မလာတာလဲ? ငါေမးထားတာကိုလည္းျပန္မေျဖဘူး”
က်န္းခဲ့က စိတ္ဒဏ္ရာရဟန္နဲ႔။


‘‘မေန႔ညက ငါသိပ္‌ေနလို႔မေကာင္းလို႔ ေလာင္ရွစ္ကိုခြင့္တိုင္လိုက္တာ”
က်န႔္ေယာင္က ထိုင္ခ်လိုက္ၿပီး ေဘးကလူကိုသာမန္လိုႏွုတ္ဆက္တယ္။
‘‘ေမာနီး”


ရင္းခ်ဲယ္က စကၠန႔္၀က္ေလာက္ၿငိမ္ေနၿပီးမွ ျပန္ေျဖတယ္။
‘‘ေမာနီး” 


‘‘မနက္စာစားၿပီးၿပီလား?”


‘‘စားၿပီးၿပီ”


‘‘အင္း”


အဲ့ဒီေနာက္ ဘာစကားမွမဆက္ျဖစ္ေတာ့။


က်န္းခဲ့က သူတို႔ကို မယုံသကၤာနဲ႔ၾကည့္လာၿပီး :
‘‘မင္းတို႔ႏွစ္ေယာက္ ဒီေန႔အရမ္းကို အပိုးေတြက်ိဳးေနသလားလို႔?”


ရင္းခ်ဲယ္က လိမ္တဲ့ေနရာမွာမေတာ္တာမို႔ ဘာမွ ျပန္ေျပာမေနျဖစ္ေတာ့။


ဒါေပမယ့္ က်န႔္ေယာင္ကေတာ့ အရမ္းေတာ္ပုံပါပဲ။
‘‘ဘယ္လိုျဖစ္ေနလို႔လဲ? ငါတို႔ကသာမန္ပါပဲ၊ ကိုယ့္အိမ္စာကိုယ္သြားကူးစမ္းပါ”


ဒီလိုနဲ႔ တစ္မနက္ခင္းတာလုံး ကုန္ဆုံးသြားတယ္၊ အေျခေနကေတာ့ သူေမၽွာ္မွန္းထားတာထက္ ပိုၿပီးတည္ၿငိမ္ေနေလရဲ့။


စာသင္ခ်ိန္ဆို သူတို႔ႏွစ္‌ေယာက္လုံး သင္ခန္းစာကိုေသခ်ာ အာ႐ုံစိုက္နားေထာင္ျဖစ္ၾကတယ္၊ အျပန္အလွန္တီးတိုးတီးတိုးလုပ္မေနျဖစ္ၾကေတာ့သလို အရင္လို ခုံေအာက္ကလွုပ္ရွားမွုေလးေတြလည္း မရွိေတာ့ဘူး။ စာသင္ခ်ိန္ၿပီးရင္ေတာ့ ရင္းခ်ဲယ္က ေမွာက္အိပ္ေနတတ္ၿပီး ေဘးနားက ဘာဆိုဘာကိုမွ ဂ႐ုစိုက္နားေထာင္မေနေတာ့ဘူး။


ထိုင္ခုံေဖာ္ေတြဆိုေပမယ့္ အေခၚအေျပာမလုပ္ပဲ သူတို႔ေနနိုင္ၾကတယ္။


က်န႔္ေယာင္ကလည္း သူနဲ႔စကားေျပာဖို႔စိတ္ကူးရွိဟန္မတူ။ ‌ေန႔လည္စာအတြက္ အတူစားၾကဖို႔မေခၚသလို သူ႔ဟာသူ တစ္ေယာက္တည္းထြက္‌သြားေလရဲ့။ ကန္တင္းမွာ ရင္းခ်ဲယ္ကလင္ဗန္းကိုင္ၿပီး ထိုင္စရာေနရာရွာေတာ့ Class 5ေက်ာင္းသားတခ်ိဳ႕နဲ႔ ရယ္ရင္းေမာရင္းအတူထိုင္ေနတဲ့ က်န႔္ေယာင္ကို ေတြ႕မိတယ္၊ သူ႔ေဘးမွာေတာ့ ပိုင္ယြိေဝနဲ႔။


ျဖတ္သြားတဲ့လူေတြကေတာ့ သူတို႔ကိုအတြဲေတြလို႔ ထင္ေၾကးေပးၾကမွာေပါ့။


ရင္းခ်ဲယ္ အသီးအရြက္တခ်ိဳ႕နဲ႔ ထမင္းနည္းနည္းသာစားျဖစ္ၿပီး က်န္တာေတြ အကုန္ သြန္ပစ္လိုက္တယ္။


ညေနပိုင္း self-studyခ်ိန္က်ျပန္ေတာ့လည္း က်န႔္ေယာင္က တစ္ေယာက္တည္းထြက္သြားျပန္တယ္။


ရင္းခ်ဲယ္ အိမ္စာလုပ္ၿပီးေတာ့ ခုံေပၚေမွာက္ရင္းၾကယ္ေခါက္ေနလိုက္တယ္။ ဟန္မုန႔္က စိုးရိမ္တဲ့အမူအရာနဲ႔ေရာက္လာၿပီး ခပ္တိူးတိုးေျပာတယ္။
‘‘ခ်ဲယ္ေကာ ငါ ေျပာမလို႔၊ ခုေလးတင္ က်န႔္ေယာင္ကို Class 5အခန္း၀မွာ ေကာင္မေလးတစ္ေယာက္နဲ႔စကားေျပာေနတာေတြ႕ခဲ့တယ္၊ အဲ့ေကာင္ကေတာ့ ျပႆနာရွာေနတာပဲ၊ ခ်ဲယ္ေကာ သူ႔ကိုဆုံးမခ်င္လား? ငါကူညီမယ္”


‘‘မလိုေတာ့ဘူး၊ သူက ငါနဲ႔ဘာမွမဆိုင္ေတာ့ဘူး”


ဟန္မုန႔္က သူ႔အေျပာကိုအစကေတာ့ နားမလည္ေပ၊ တခနၾကာၿပီးေနာက္မွ တုံ႔ျပန္လာၿပီး အလန႔္တၾကားထခုန္တယ္၊ မ်က္ႏွာကလည္း ျဖဴေဖ်ာ့လို႔။
‘‘မင္းတို႔ႏွစ္ေယာက္?”


‘‘အြန္း”


‘‘စေနေန႔ညတုန္းကကိစၥေၾကာင့္လား? ငါ့...ငါအမွားတစ္ခုခုမ်ား ေျပာမိသြားလို႔လား?” 


‘‘အဲ့တာ မင္းေၾကာင့္မဟုတ္ပါဘူး”
ရင္းခ်ဲယ္က ၾကယ္ေလးကိုေဘာပင္အိတ္ထဲပစ္ထည့္ၿပီး ထရပ္တယ္။
‘‘ငါလမ္းေလၽွာက္သြားလိုက္ဦးမယ္”


တံခါး၀ဆီေရာက္တယ္ဆိုရင္ပဲ ၀င္လာတဲ့လူတစ္ေယာက္နဲ႔တိုးတယ္။


‘‘ေကာအေကာင္ကို ေကာမနိုင္ဘူးလား?”
ရင္းဇယ္က စိတ္ဆိုးမာန္ဆိုးနဲ႔။
‘‘ဘာကိစၥ သူက ပိုင္ယြိေဝဆီသြားရျပန္တာလဲ?”


ဟန္မုန႔္ကလည္း ေရာက္လာတယ္။
‘‘ခုနေလးတင္ Class 5အေပါက္၀မွာ ေတြ႕လိုက္တယ္”


‘‘ငါလည္းၾကားတယ္၊ ဒါမယ့္ ငါေရာက္သြားတဲ့ခ်ိန္က် သူတို႔ကမရွိ‌ေတာ့ဘူး၊ သူတို႔ႏွစ္ေယာက္က ဘာအေၾကာင္းေတြမ်ား ေျပာစရာရွိေနလို႔လဲ?”
ရင္းဇယ္က သူ႔အကိုသူၾကည့္ၿပီး ရင္းခ်ဲယ္လည္းဒီအေၾကာင္းကို သိသင့္တယ္လို႔ ေတြးတယ္။


သို႔ေပမယ့္ ရင္းခ်ဲယ္ကေတာ့ သူ႔ကိုျပဳံးသာျပၿပီး :
‘‘အားဇယ္ ဒီႏွစ္ေတာ့ေမြးေန႔ကို ႀကိဳက်င္းပၾကရေအာင္လား ေနာ္?”


ရင္းဇယ္အမူအရာက ေျပာင္းသြားတယ္။
‘‘သုံးလႀကိဳၿပီးေတာ့လား? ေကာ ႐ူးေနလား?”


ရင္းခ်ဲယ္ သူ႔ကိုအျပင္ဆြဲေခၚလာခဲ့တယ္၊ ဟန္မုန႔္ကိုေရွာင္ဖို႔။
‘‘ေနာက္ႏွစ္က် ေကာနိုင္ငံျခားကိုသြားရမယ္ေလ၊ စက္တင္ဘာက် မင္းေမြးေန႔ကို ျပန္မလာနိုင္လိုက္မွာစိုးလို႔”


‘‘ငါသိတယ္၊ အဲ့ေန႔က ညစာစားပြဲဝိုင္းမွာ အဲ့တာကို ငါလည္းၾကားတာပဲ၊ ႐ုတ္တရက္ႀကီး အထူးတဆန္းအေၾကာင္းရင္းေတြနဲ႔ မင္း ေက်ာင္းေျပာင္းခ်င္တယ္ဆိုတာ” 
ရင္းဇယ္က သူ႔လက္ကိုခါထုတ္တယ္။
‘‘ငါ့ကိုဂ႐ုစိုက္ခ်င္ေယာင္လာေဆာင္မေနနဲ႔၊ ေကာသာငါ့ေမြးေန႔ကို တကယ္က်င္းပေပးခ်င္တယ္ဆို ဘာကိစၥေျပာင္းေနမွာလဲ၊ တတိယႏွစ္ေတာင္ေရာက္ေတာ့မယ့္ဟာ၊ ဘြဲ႕ယူၿပီးမွ နိုင္ငံျခားတကၠသိုလ္ကိုတန္း‌ေလၽွာက္လိုက္တာက ပို‌မေကာင္းဘူးလား?”


‘‘ေကာအဆင့္ေတြက သာမန္ေလာက္ပဲရွိတာေလ၊ ျပည္တြင္းကစာေမးပြဲမွာဆို ေကာင္းေကာင္းလုပ္နိုင္မွာမဟုတ္ေလာက္ဘူး၊ နိုင္ငံျခားကိုအရင္သြားၿပီး အသားက်ေအာင္လုပ္တာ ပိုေကာင္းမယ္ထင္လို႔”


‘‘နားေထာင္လို႔ကေတာ့ေကာင္း‌ေနတာပဲ၊ အမွန္က ေကာထြက္ေျပးခ်င္ေန႐ုံပဲမလား? ေကာအျမဲေတာ္တဲ့အရာေလ”
ရင္းဇယ္က ႏွာေခါင္းရွုံ႔လို႔သေရာ္တယ္။
‘‘ငါ့ေမြးေန႔ကို ေကာက်င္းပေပးစရာလည္းမလိုဘူး၊ ေကာရည္းစားကိုသာ ထိန္း ဟုတ္ၿပီလား? ေကာက အကိုတစ္ေယာက္ျဖစ္ဖို႔ အမ်ားႀကီးလိုအပ္ထားခဲ့တာ၊ အဲ့လိုတင္မကပဲ အခ်စ္ေရးမွာလည္း ဒီလိုျဖစ္ေနရင္၊ ေကာ အရမ္းသနားစရာေကာင္းတယ္လို႔ မထင္ဘူးလား?”


သနားစရာလား? အမွန္ေတာ့ သိပ္လည္းမဆိုးလွပါဘူး


...


ညေနပိုင္း self-studyၿပီးခ်ိန္မွာ သူအေဆာင္ျပန္ၿပီး ေရမိုးခ်ိဳးသန႔္စင္လိုက္တယ္။ အဲ့ဒီေနာက္မွာ သူအိပ္ယာေပၚလွဲရင္း စဥ္းစားမိတယ္။


အနည္းဆုံးေတာ့ က်န႔္ေယာင္က သူ႔ကို အစစ္အမွန္သေဘာက်တာပဲေလ


မဟုတ္ဘူး၊ ‘သေဘာက်ခဲ့တယ္’လို႔ေျပာရမွာ


ထိူညမွာ group chatကေတာ့ အရမ္းကိုသက္၀င္လ်က္ရွိတယ္။ က်န္းခဲ့က ေက်ာင္းဖိုရမ္က screenshotတခ်ိဳ႕ပို႔လာၿပီး က်န႔္ေယာင္ကိုလည္း လွမ္းtagလို႔ : [ေယာင္ေကာေရ၊ ၾကည့္ပါဦး၊ အားလုံးက မင္း ပိုင္ယြိေဝဆီသြားတဲ့ အေၾကာင္းပဲေျပာေနၾကတယ္၊ ႏွစ္ေယာက္သားက ေနာက္ဆုံးေတာ့ officialျဖစ္သြားၾကၿပီလား?]


ဒီတစ္ေခါက္ေတာ့ က်န႔္ေယာင္က ျပန္ေျဖလာခဲ့တယ္။
[ဘာမွေျပာေနစရာမရွိဘူး]


ခနတြင္းခ်င္းပဲ group chatဟာ အုံႂကြလာေတာ့တယ္။


[ဘာလဲ အလိုလိုလက္ခံလိုက္တာလားဟ?!]


[ငါေတာ့ အခ်စ္ကိုထပ္ၿပီး ယုံၾကည္သြားျပန္ၿပီ!]


[ဒီလိုဆို ေနာက္တစ္ခါပိုင္ယြိေဝကိုေတြ႕ရင္ မရီးလို႔ေခၚရေတာ့မွာလား?]


...


အေဆာင္ခန္းထဲက မီးေတြဟာ အားလုံးပိတ္ၿပီးေနၿပီး ရင္းခ်ဲယ္တစ္‌ေယာက္ကသာ အေမွာင္ယံထဲမွာလဲေလ်ာင္းရင္း chatထဲက ေပ်ာ္ရႊင္ျမဴးႂကြေနတဲ့စကားေတြကို ၾကည့္လို႔ေပါ့၊ screenေပၚကအလင္းေရာင္ဟာ သူ႔မ်က္လုံးကို အနည္းငယ္နာက်င္လာေစတယ္။


ဒါ့ေၾကာင့္ပဲ သူဖုန္းကိုပိတ္ၿပီး ေခါင္းအုံးေပၚပစ္တင္လိုက္တယ္။ မ်က္လုံးေတြပြင့္လ်က္နဲ႔ ကုတင္အုန္းတားကို ငိုင္ငိုင္စိုင္စိုင္ ေၾကာင္ၾကည့္ေနမိတယ္။


အဲ့ဒီလူတစ္ေယာက္တည္းကပဲ၊ သူတြဲခဲ့တုန္းကေတာ့ အဲ့ဒီလူတစ္ေယာက္တည္းကပဲ ေျပာပါတယ္ : ‘‘ငါ့အေဖက ေက်ာင္းမွာရည္းစားမထားဖို႔တားျမစ္ထားလို႔ ဘြဲ႕ရၿပီးကာမွ ေျပာၾကရေအာင္”တဲ့။ ဒါေပမယ့္ တစ္ျခားတစ္စုံတစ္ေယာက္နဲ႔က် တည္တည္ၿငိမ္ၿငိမ္ ယုံၾကည္ခ်က္ရွိရွိကို publicဖြင့္ခ်လိုက္ပါေလသတဲ့ေလ။


ရည္းစားကိုေခ်ာ့ေမာ့ေဖ်ာင္းျဖတဲ့ေနရာမွာေတာ့ က်န႔္ေယာင္က တကယ္ေတာ္ပါေပတယ္။


သူ႔ကိုယ္သူအေတာ္ေလး အလိုလိုက္ခံရတယ္လို႔ သူထင္ေနခဲ့တာ။ အခုေတာ့ သူ႔ထက္ပိုၿပီး အလိုလိုက္အခ်စ္ခံရတဲ့သူက ရွိေနခဲ့တာကိုး။


က်န႔္ေယာင္က သူ႔ရဲ့တစ္စိတ္တစ္ပိုင္းကိုပဲ သူ႔ကိုေပးအပ္ခဲ့ၿပီး၊ သူ႔ဘက္ကေတာ့ အရာအာလုံးကိုစြန႔္စားဖို႔နဲ႔ သူ႔ရဲ့အရာရာကိုလက္ေလ်ာ့ဖို႔အထိေတာင္ အဆင့္သင့္ျဖစ္ေနခဲ့ၿပီတဲ့ေလ...။


အ႐ူးတစ္ေယာက္လိုပါပဲ..။


______

Comment