Chapter - 91

ဆုချီက ပါးစပ်ဟလာရာမှ ဘာမှတောင်မပြောရသေးပဲ တရှုံ့ရှုံ့နဲ့ မျက်ရည်တွေစကျလာတော့တယ်။

ရင်းချဲယ် လုံး၀ကို အံ့ဩမိသွားတယ်။
 
သူ့လေသံပဲ တအားမာသွားလို့လား?

အိတ်ကပ်ထဲနှိုက်ကြည့်တော့လည်း တစ်ရှူကပါမလာ၊ ဒါနဲ့ လက်တစ်ဖက်မြှောက်ပြရင်း သူမကိုနှစ်သိမ့်ဖို့ ကြိုးစားလိုက်တယ်။
‘‘ငါ.....”

ဆုချီကမူ ကြောက်ကြောက်လန့်လန့်နဲ့ နောက်ဆုတ်သွားတယ်။
‘‘မလုပ်ပါနဲ့ တောင်းပန်ပါတယ် ကျန့်ယောင်ကို ငါမကြိုက်မိခဲ့သင့်တာပါ ဟင့် အဟင့်.....”

ရင်းချဲယ်က မျက်မှောင်ကြုတ်ကာ
‘‘သူ့ကိုမကြိုက်ရဘူးလို့ ငါမပြောပါဘူး.....”

‘‘ဘာဖြစ်ကြတာလဲ?”

...

အမှတ်နှစ်မှတ်အလျှော့ခံရတဲ့ အကြောင်းရင်းကို‌ မေးဖို့အတွက် ကျန့်ယောင် စောနလေးတင် ရုံးခန်းကိုရောက်ခဲ့တယ်။ တကယ်လည်း အဲ့ဒါက သင်္ချာဆရာရဲ့နောက်ဆုံးသည်းခံနိုင်စွမ်းဖြစ်နေတယ်။ သူစာသင်ခန်းပြန်ပြီး ကောင်စုတ်လေးရဲ့ အကြားအမြင်စွမ်းရည်ကိုချီးကျူးမလို့ရှိသေး အပြန်လှေကားထိပ်မှာ ဒီမြင်ကွင်းကို တွေ့ရတော့တာပဲ။

ဆုချီက အသည်းအသန်ကိုငိုယိုနေပြီး
‘‘ကျန့်‌ယောင်....အဟင့်....သူငါ့ကိုထိုးတယ်....” 

မိန်းကလေးတစ်ယောက် ငိုယိုနေတဲ့မြင်ကွင်းကိုတော့ ကျန့်ယောင် မကြည့်ရက်ပေ။ ရင်ထဲအနည်းငယ်လှုပ်ရှား(သနား)သွားရင်း သူမေးလိုက်တယ်။
‘‘ဘာဖြစ်ကြတာလဲ? ဘာဖြစ်လို့ သူ့ကိုထိုးတာလဲ?”

အဖြောင့်ကောင်ကြီး ကျန့်ကတော့ အဖြောင့်ကောင်ကြီးကျန့်လို့ ခေါ်ထိုက်ပါပေတယ်

ရင်းချဲယ်လည်း မြှောက်ထားတဲ့လက်ကို ပြန်ချလိုက်ပြီး
‘‘ငါမထိုးပါဘူး၊ သူက ငါ့ကို စာခိုးချတယ်ဆိုပြီး တိုင်တဲ့လူထင်လို့ လာပြောတာ”

ဆုချီက ပိုပြီးတောင် ရှိုက်ရှိုက်ငိုလာသေးတယ်။
‘‘ငါမတိုင်ပါဘူး၊ လုပ်တယ်‌ထင်တယ်ဆိုလည်း သက်သေပြလေ....”

တကယ် သက်သေမရှိဘူး
ကိုက်ခဲနေတဲ့နားထင်တွေကိုဖိနှိပ်ရင်း ရင်းချဲယ် သက်ပြင်းချလိုက်တယ်။
‘‘ထားလိုက်တော့ ငါဘာမှမမေးခဲ့ဘူးလို့ပဲ သဘောထားလိုက် ဆောရီးပါ”

ထပ်ပြီးလည်း စုံစမ်းချင်စိတ်မရှိတော့တာမို့ အနောက်ကလူတွေကို လှည့်မကြည့်ပဲ ကိုယ့်အခန်းကိုပြန်လာခဲ့လိုက်တယ်။ တခနကြာတော့ သူ့ကိုအမှီလိုက်လာတဲ့ ကျန့်ယောင်က
‘‘ဟိုက အငိုတိတ်လို့ သူ့အခန်းသူပြန်သွားပြီ၊ ဘာတွေဖြစ်ကြတာလဲ?”

ရင်းချဲယ်လည်း အဓိကအချက်လေးတွေကိုသာ သေချာပြောပြပြီး ကျန်တာကို အကြမ်းဖျင်းပဲ ပြောပြလိုက်တယ်။ နောက် သူက ကျန့်ယောင်ဆီ ခပ်စူးစူးတစ်ချက်ကြည့်ပြီး
‘‘ကျောင်းနတ်ဘုရားကြီးရေ ခင်ဗျားကိုကြိုက်တဲ့လူတစ်ယောက်ကတော့ တကယ်ကြီး ကျွန်တော့်ကို လာလုပ်ကြံနေပြီ”

ကျန့်ယောင်ကတော့ ဘာမှမဖြစ်သလို အပြုံးလေးနဲ့ သူ့ဆံပင်ကိုလာဖွတယ်။
‘‘ဘာကြောက်စရာရှိလဲ? မိန်းမငယ်လေးတစ်ယောက်ပဲဟာ၊ တကယ်ကြီး တခုခုဖြစ်လာခဲ့ရင် ကောက မင်းကို ကာကွယ်ပေးမှာ”

ထိုစကားတွေ သူ့ပါးစပ်က ထွက်သွားတယ်ဆိုရင်ပဲ စာသင်ခန်းအနောက်တံခါးဆီက ဒေါသတကြီးအော်သံ ကြားလိုက်ရတယ်။
‘‘ရင်းချဲယ်! ထွက်ခဲ့စမ်း!”

Class 1က ကျောင်းသားတွေ အားလုံးပြန်လှည့်ကြည့်လာကြတယ်။ အနောက်တံခါးနဲ့အနီးဆုံးဖြစ်တဲ့ ဟန်မုန့်မယ်တော့ အိပ်နေရင်း လန့်တောင်နိုးလို့ ရင်ဘတ်ကလေးပုတ်လို့။
‘‘ဘယ်ကောင်က..... ဟင် ထန်ရှရှ? မင်းက ဘာလာလုပ်တာလဲ?”

‘‘သူဘာလုပ်ထားလဲ အရင်မေး” 
ထန်ရှရှက ဒေါသငွေ့တွေတထောင်းထောင်းနှင့်
‘‘ရင်းချဲယ် ဘာကိစ္စ ငါတို့အတန်းထဲလူကို ပြဿနာလာရှာရတာလဲ? ဒီကျောင်းမှာ နင်လုပ်ချင်တိုင်း လုပ်လို့ရတယ်ထင်နေလား?”

ချန်ရင်းရင်းက ရှေ့ထွက်လာတယ်။
‘‘ရူးနေလား? ဘာမဟုတ်တာတွေ လာပြောနေတာလဲ?”

‘‘မယုံရင် သူ့ကိုမေးကြည့်လေ၊ သက်သေမရှိပဲနဲ့ ငါတို့အတန်းဖော်ကို စွပ်စွဲခဲ့သလားဆိုတာ၊ ခုနလေးတင် နင်သူ့ကို စကားလုံးတွေနဲ့ ငိုအောင် လုပ်ခဲ့တယ်မလား”

ချန်ရင်းရင်းကမူ မယုံပေ။
‘‘ချဲယ်ကော သူပြောတာ တကယ်လား?”

တစ်ခန်းလုံးကလည်း တစ်ပြိုင်နက် သူ့ဆီလှည့်ကြည့်လာကြတယ်။

လူတွေအများကြီးရှေ့မှာတော့ သူ့ကိုမနာလိုလို့ပြန်တိုက်ခိုက်ပါတယ်လို့ ပြောမရပေ၊ ဟိုကောင်မလေးကမှ အရှက်ကသည်းသည်းရယ် တော်ကြာ ချောင်းစီးအောင်ငိုနေမှ။

ရင်းချဲယ်လည်း ဒီအကြောင်းကို ပြန်ဆွဲထုတ်ချင်စိတ်မရှိတော့တာနဲ့
‘‘အင်း ဆောရီး ငါ့ဘက်ကအမှားပါ ဒီကိစ္စကို ဒီမှာတင်ထားခဲ့လိုက်ကြရအောင်”

ထန်ရှရှကတော့ သူ့တောင်းပန်စကားကို လက်မခံချင့်ခံချင်နဲ့ လက်ခံလိုက်ရပြီး ပွတ်တွတ်ပွတ်တွတ်နဲ့ ဆဲဆိုရင်း ထွက်သွားလေတယ်။
‘‘တောင်းပန်တယ် တောင်းပန်တယ်နဲ့ သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး.....”

...

Class 1ကျောင်းသားတွေကတော့ 'ဘယ်သူမှငါ့ကိုရန်လာမစရင် ငါကလည်းစမှာမဟုတ်ဘူး'ဆိုတဲ့ သူ့ရဲ့စိတ်နေစိတ်ထားကို သိသည့်အလျောက် ဒီကိစ္စမှာ နောက်ကွယ်က အကြောင်းတစ်ခုခုရှိနေတယ်ဆိုတာ သူတို့သိတယ်။ ဒါပေမယ့် ရင်းချဲယ်က ပြောမပြချင်ဘူးဆိုမှတော့ သူတို့ကလည်း မေးမှာမဟုတ်ဘူး။

သို့ပေသည့် ထိုညနေခင်းတွင် ဖိုရမ်မှာ ထိုအကြောင်းပို့စ်တစ်ခုတက်လာတယ်၊ ကောမန့်တိုင်းလိုလိုကလည်း ဆုချီဘက်တော်သားချည်းပင်။

Group chatထဲ၌ ချန်ရင်းရင်းက စောဒကတက်တယ်။
[အမှားအမှန်တောင် မခွဲခြားတတ်ပဲနဲ့၊ အားနည်းရင် သနားဖို့ပဲစဉ်းစားနေတဲ့ ချီးဘရိမ်းအုပ်စုနဲ့တော့]

ကျန့်ယောင်ကိုယ်တိုင်လည်း ဖိုရမ်မှာ ဖြေရှင်းချက်ပို့စ်တင်မလို့လုပ်ခဲ့ပေမယ့် ရင်းချဲယ်က တားလာတယ်။
‘‘ထားလိုက်၊ နဂိုကတည်းက လူတွေရဲ့အမြင်မှာ ငါကကောင်းတဲ့လူမှ မဟုတ်တာ၊ ပြီးတော့ ဘာသက်သေမှလည်း ရှိတာမဟုတ်ဘူး၊ သူတကယ်မတိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ် ငါကိုက အရမ်း စိတ်လောမိသွားလို့”

‘‘အဲ့လိုဆိုရင်တောင်မှ ကျောင်းသားအချင်းချင်းအနိုင်ကျင့်တယ်ဆိုပြီး မင်းကို ပုတ်ချနေတာကိုတော့ ခွင့်မပြုသင့်ဘူးလေ၊ မင်းက သူ့ကိုမေးရုံလေးမေးလိုက်တာကို အကုန်လူံးက လက်သီးနဲ့ထိုးခဲ့တဲ့အတိုင်းပဲ ဝိုင်းပြော‌နေကြတယ်”

‘‘ကိစ္စမရှိပါဘူး သန့်စင်ပြီးသားလက်ဆိုတာ ဆေးကြောဖို့မှမလိုပဲ၊ မင်းတို့အားလုံး ငါ့ကိုယုံတယ်ဆိုရင်ပဲ လုံလောက်ပြီ”

‘‘ဒါက ဖြစ်ရမှာပဲလေ၊ တခြားသူတွေတော့ ငါမပြောတတ်ပေမယ့် ဒီက မင်းရဲ့ကောင်လေးကတော့ အမြဲတမ်းမင်းဘက်မှာပဲရှိနေမှာ” 

တော်သေးတာပေါ့ အဖြောင့်ကောင်ကြီးကျန့်က ဘာမှသုံးစားမရတာတော့ မဟုတ်ဘူးပဲ။

‘‘ကဲ စိတ်ပျက်စရာ အကြောင်းတွေ ထပ်မပြောနဲ့တော့”
အပြုံးလေးနဲ့ ကျန့်ယောင်က လက်တွေဖြန့်ကားပြီး ရှေ့တိူးကာ ကိုယ်လေးကိုဖက်လိုက်တယ်။
‘‘ငါတို့အတွက် အခုအာရုံစိုက်ဖို့လိုတဲ့ အရေးကြီး‌ဆုံးအရာက heatပဲ၊ လာ ဒီညသိပ်သည်းဆနည်းနည်းလောက်ထက်မြှင့်ပြီး အဆင့်တက်ကြမယ် ဟုတ်ပြီလား?”

သို့သော်ငြား ယုန်ပေါက်စလေးတစ်ကောင်ကတော့ သွက်သွက်လက်လက်ပဲ ရှောင်ထွက်သွားလေရဲ့။

‘‘နောက်နေ့မှ”တဲ့

ဒီ'နောက်နေ့မှ'က ဒီတစ်ခေါက်နဲ့ဆို သုံးကြိမ်ရှိနေပြီ။

ကျန့်ယောင်မှာ ဘာမှမတတ်နိူင် အတင်းအကျပ် တွန်းအားပေးလို့လည်း မဖြစ်တာကြောင့် အခုလိုသာဆိုနိုင်တော့တယ်။
‘‘အင်းပါ မင်းအဆင်သင့်ဖြစ်တဲ့အချိန်မှပေါ့ ငါစောင့်ပါ့မယ်”

...

ကျောင်းလူဆိုးအပေါ်မှာ ကာလရှည်ကြာရှိခဲ့တဲ့ First Highကျောင်းသားတွေရဲ့ အမြင်ဆိုးကြောင့် ပြဿနာရဲ့ကျော်ကြားမှုအတိုင်းအတာက တစ်ရက်အတွင်းတင် အတော်လေးပေါက်သွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ်လေ ကျောင်းလူဆိုးအတွက် ကျောင်းသားတွေကို အနိုင်ကျင့်တယ်ဆိုတာ သဘာ၀ပါပဲ။

အဲ့ထဲမှာ သနားစရာကတော့ ကျောင်းနတ်ဘုရားပဲ၊ ကြည့်ရပုံထောက်တော့ သူဟာ အတင်းအကျပ် တွဲဖို့ အခြိမ်းခြောက်ခံရပုံပေါက်ပြီး နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက ဖြောင့်ဖြူးမယ့်ပုံမပေါ်။

တကယ်လည်း ဖြောင့်ဖြူးမနေပါဘူး

ဝေဖန်ပြောဆိုနေကြတဲ့စကား‌တွေကိုကြည့်ရင်း ကျန့်‌ယောင် ‌ကျဉ်းထဲကြပ်ထဲရောက်သလိုဖြစ်နေတဲ့ သူတို့အဖြစ်ကို ပြန်တွေးကြည့်မိတယ်။ ရင်းချဲယ်ဘက်က အဆင့်ထပ်တက်ဖို့ သတ္တိမရဲသလို သူ့ဘက်ကလည်း အလျင်စလိုလုပ်လိုက်ဖို့ မရဲဘူး။

ဒါပေမယ့် အချိန်နဲ့ဒီရေသည် လူကိုမှမစောင့်ပဲ။

ဒီအဖြစ်ကြီးကို ရင်ဆိုင်ရင်း ဘာမှမလုပ်တတ်တော့တာနဲ့ ကျန့်ယောင်လည်း အရေးပေါ်တပ်ကူရှာရတော့တယ်။

‘‘သူ့ရင်ထဲက အစိုင်အခဲက အပြည့်အ၀ပြေသေးတာမဟုတ်ဘူး”
ဖုန်းတစ်ဖက်က ဒေါက်တာဖုန်းက ပြောလာတယ်။
‘‘မင်း အဲ့ဒါကို တတ်နိုင်သမျှ အမြန်ဆုံးကြိုးစားဖြေသင့်တယ် heatက သိပ်ဝေးတော့တာမဟုတ်ဘူး”

‘‘ဘယ်လိုရှင်းရမှာလဲ? ဒေါက်တာ့မှာ အကြံကောင်းလေးဘာလေး မရှိဘူးလား?”

‘‘စိတ်ပိုင်းဆိုင်ရာအတွက် ကိုယ်ကနေပြီး သင်ပြပေး၊ လိုအပ်ရင် ဖိအားပါပေး”

‘‘ဖိအားပေးရမယ်? မျှော်မှန်းထားသလို ဖြစ်မလာပဲ သူကျွန်တော့်ကို ထပ်မုန်းသွားရင်‌ရော?”

‘‘သူ့အပေါ်ကြမ်းကြမ်းတမ်းတမ်း ပြုမူရမယ်လို့ ပြောနေတာမဟုတ်ဘူးလေ၊ ဒီလိုကွာ သနားစဖွယ်လေး လုပ်ပြရင်ရော? မင်းအတွက်ဆိုပြီး သူ့ကိုယ်သူ ဖိအားပေးအောင်လို့”

‘‘ကျွန်တော့်အတွက်နဲ့ သူ့ကိုယ်သူ ဖိအားပေးမယ်လို့ ကျွန်တော်တော့မထင်ဘူးနော်......”

‘‘ကိုယ့်ကိုယ်ကို နည်းနည်းလောက် ပိုပြီး ယုံကြည်ချက်ရှိစမ်းပါကွ ကောင်လေးရ!”

အဲ့လိုကြားပြီးလည်း ကျန့်ယောင်ကတော့ မတိုင်ခင်ကနဲ့ မထူးမခြားနား ယုံကြည်ချက်မဲ့ဆဲပါပဲ။ ကောင်စုတ်လေးဆီက အမုန်းမခံရတော့ဘူးဆိုတာတော့ ကောင်းပါရဲ့ ဒါပေမယ့် တကယ်ကြီး ဟိုကကြင်နာသနားမှုရအောင် သူက လုပ်ပြနိုင်ပါ့မလား? လုပ်ပြပြီးမှ ခပ်နာနာအကန်မခံရရင်တောင် ကံကောင်း။

...

ဒါပေမယ့် အချိန်က ဖိစီးနေတာကြောင့် ကျန့်ယောင်မှာ တစ်ခုခုကြံရပြန်တယ်။ အတွေးတွေနဲ့ ရှုပ်ထွေးပြီး ဦးနှောက်တွေခြောက်လွန်းလို့ စာထဲတောင်စိတ်မရောက်နိုင်တော့။ ဒါနဲ့ပိတ်ရက်ရောက်တော့ ဘတ်စကတ်ဘောထွက်ကစားရင်း ဦးနှောက်ဆေးဖို့ ကျောက်ချန်ကို လှမ်းခေါ်လိုက်တယ်။

ရလဒ်ကဘာလဲဆို ကျောက်ချန်က သူ့ကိုငြင်းလိုက်တယ်တဲ့လေ။

‘‘ယောင်ကောရေ ဒီတစ်ပတ်နှစ်၀က်မှာ ငါကောင်းကောင်း မဖြေနိုင်လိုက်တာနဲ့ ငါ့မားက ကျူရှင်တွေတက်ခိုင်းနေပြီ အဲ့ဒါ ငါမလာနိုင်တော့ဘူး .....”
ဖုန်းတစ်ဖက်က ကျောက်ချန်ဟာ သိမ်ငယ်စွာ။
‘‘ငါ့မိဘတွေကို အရှက်ရစေပြီ၊ ယောင်ကောကိုလည်း အရှက်ရစေမိပြီ ရှုန်တိတွေလည်း မျက်နှာပျက်ရပြီ..... ”

ဒါနဲ့ တံခါးအပြင်ဆီ ခြေလှမ်းနေတဲ့ ကျန့်ယောင်လည်း ပြန်လှည့်၀င်ခဲ့လိုက်တယ်။
‘‘အဲ့တော့ မင်းကိုယ်မင်းဘာလုပ်ရမယ်ဆိုတာ သိလား?”

‘‘စာကိုပဲ သေချာအာရုံစိုက်ပြီး မလိုအပ်တာတွေ ပြဿနာမရှာဖို့ပါ တတိယနှစ်ရောက်နေပြီဆိုတော့.....”

ကျန့်ယောင်က သူ့စကားကိုဖြတ်ပြောလာတယ်။
‘‘ဆိုတော့ မတိုင်ခင်က ပြဿနာတွေရှာတယ်ပေါ့?”

လက်ရှိဆို Dong Chengက အေးချမ်းနေရမှာ။ မနှစ်က ကျောက်ကျန်ရှန်းနဲ့အဖွဲ့ကို ရှင်းလိုက်ပြီးကတည်းက တခြားသူ့အာဏာကို လာစိန်ခေါ်တဲ့လူ မရှိတော့ဘူး။ အရင်က ရန်ငြှိုးဟောင်းတွေကလည်း ဘွဲ့ရတဲ့သူရသွားကြသလို ကျောင်းကတတိယနှစ်တွေကလည်း ရင့်ကျက်မှုလမ်းကြောင်းပေါ်ရောက်ပြီး ငယ်ရွယ်မိုက်ရူးရဲဆန်တဲ့သွေးတွေလည်း ပြယ်ပျောက်ကာ နောက် legendအသစ်တွေအတွက်သာ ဘေးကပ်ပေးထားကြတယ်။

သူဘွဲ့ရတဲ့အခါ သူလည်း အဲ့ထဲက legendတစ်ယောက်ဖြစ်ချင် ဖြစ်နေမှာပေါ့။

ကျောက်ချန်ကပြောတယ်။
‘‘ငါက ရှာတာမဟုတ်ပါဘူး ရန်လာစတဲ့လူရှိလို့”

‘‘အွန်ဟွန်း?”

‘‘တလောလေးက ကျောက်ကျန်ရှန်းပြောတာ ယောင်ကောကို လက်စားချေချင်တဲ့လူရှိတယ်တဲ့ အဲ့ဒါ သူ့ (ကျောက်ကျန်ရှန်း)ကို ယောင်ကောနောက်လိုက်‌ချောင်းပေးဖို့ ပူးပေါင်းခိုင်းတာ၊ ဒါပေမယ့် ကျောက်ကျန်ရှန်းက ဘယ်လုပ်ရဲပါ့မလဲ အဲ့မှာတင်ငြင်းခဲ့ပြီး ငါ့ကိုအကုန်ပြန်ပြောပြတယ် ငါလည်း စောင့်ကြည့်ရင်း ရှုန်တိတစ်ယောက်ကို ထွက်စုံစမ်းခိုင်းတော့ အဲ့ကောင်ကပဲ ယောင်ကောနဲ့ရန်စရှိတဲ့ အဖွဲ့တွေကို လိုက်စည်းရုံးနေတာတွေ့တယ် ငါလည်း သွားပြီး သူတို့ရန်မီးတွေကို လိုက်နှိမ်နင်းနေရတာနဲ့ လ၀က်လောက်တောင်ရှိသွားတယ် အဲ့တာကြောင့် စာက သိပ်ပြီး ပြန်မကြည့်ရတာနဲ့ အဆင့်ကကျသွားတာ.....” 

ကျန့်ယောင် : ‘‘ငါ့နောက်လိုက်ချောင်းတယ် ဟုတ်လား? ဒီလိုကလိမ်ကကျစ်အကွက်တွေ လုပ်နေမယ့်အစား ကျောင်းကိုသာလာပြီး လူချင်းတွေ့လိုက်ရမှာ”

‘‘အဲ့တာတော့ ငါလည်း မသိဘူး၊ ဘာပဲဖြစ်ဖြစ်ပါ သတိတော့ထားနေနော် ကိုယ့်ကိုယ်ကိုရော ငါတို့ meimeiလေးကိုရော သေချာ‌ စောင့်ရှောက်ပေး”

‘‘ဘယ်သူက မင်း meimeiလဲ?”
ကျန့်ယောင်က ရယ်သံဟဟနဲ့ ကြိမ်းမောင်းတယ်။
‘‘မင်းလည်း သတိထားနေ နောက်တစ်ခါအဆင့်ကျလို့ကတော့ ငါကိုယ်တိုင် Eighth Highကိုလာပြီး မင်းကို ဆုံးမပေးမှာ”

‘‘မလုပ်ပါနဲ့ ယောင်ကောရယ် ရှုန်တိအချင်းချင်း မျက်နှာသာလေးတော့ ပေးပါ....”

ဖုန်းပြောပြီးတဲ့နောက်တော့ ကျန့်ယောင် ဘောလုံးကို အခန်းထဲပြန်ပစ်ထည့်လိုက်တယ်။

သူ ကစားချင်နေရင်တောင် ကစားလို့မှ မရတော့ပဲ။ ရင်းချဲယ်ကို လှမ်းခေါ်လိုက်လို့ရတယ်ဆိုပေသည့် သူတို့နှစ်ယောက်တည်းသာဆို.....ကစားစရာက တခြားတစ်ခုခုရှိမသွားဘူးလား?

...

ချိန်းထားတဲ့အချိန်ရဲ့ နာရီ၀က်လောက်အလိုရောက်တော့ ကုတ်တစ်ထည်၀တ်ပြီး ကျန့်ယောင်ထွက်ခဲ့လိုက်တယ်။

လမ်းတစ်ဖက် စာရေးကိရိယာဆိုင်မှာ စာအုပ်သွား၀ယ်မယ်ဆိုပြီး ၀မ်ရှောင်ရို့က ထွက်သွားတာ။ အတော်ကြာတာတောင် ပြန်မလာသေးဘူး။ ခုနက ကျောက်ချန်ပြောတဲ့စကားတွေကြောင့် သူစိတ်မပူပဲ မနေနိုင်တော့ပေ။

စာရေးကိရိယာဆိုင်က သိပ်တော့မဝေး သူတို့အိမ်ယာစီမံကိန်းမြေနဲ့ လမ်းတစ်ဖက်မှာပဲရှိတယ်။ ကျန့်ယောင် တစ်လမ်းလုံးပြေးလာခဲ့တော့ လေးငါးမိနစ်အတွင်းမှာပဲ ရောက်လာတယ်။

သူလှမ်းကြည့်လိုက်တော့ လက်ထဲမှာအထုပ်ကလေးတစ်ထုပ်နဲ့ ၀မ်ရှောင်ရို့က ဆိုင်ရှေ့မှာရပ်နေတယ်။ ခုလေးတင် ဝယ်လို့ပြီးပုံရပြီး အခုတော့ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်နဲ့ စကားပြောနေတယ်။

ကောင်လေးက သူမကို ခေါင်းငုံ့ကြည့်နေပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အေးစက်တည်ငြိမ်နေတယ်။

နှစ်ယောက်လုံးက သူ့ကို သတိမပြုမိကြပေ။

စက္ကန့်ပိုင်းလောက် တွန့်ဆူတ်နေတဲ့နောက်တော့ ကျန့်ယောင် ဖြည်းဖြည်းချင်းချဉ်းကပ်သွားလိုက်ပြီး အအေးကောင်တာနောက်မှာ ပုန်းနေလိုက်တယ်။

.
၀မ်ရှောက်ရို့က ပျော်ရွှင်တက်ကြွနေတဲ့ လေသံ‌လေးနဲ့
‘‘ရင်းကောကော, ရင်းကောကောက ဒီကိုဘယ်လိုရောက်နေတာလဲဟင်?”

‘‘မင်းရဲ့ကောကောက ဘတ်စကတ်‌ဘော ကစားဖို့ဆိုပြီးလှမ်း‌ခေါ်လို့”

‘‘wow Xi Chengကနေကို တကူးတကလာခဲ့တာလား?”

‘‘အင်း”

ဒီခပ်ချေ‌ချေကောကောကို ၀မ်ရှောင်ရို့ တကယ်သဘောကျပါတယ်၊ ဒါပေမယ့် သူ့ကောကောအကြောင်းကသာ ပဓာနမို့
‘‘အိုး ဟုတ်သားပဲ ကောကောက သူ့မှာချစ်သူရှိတယ်လို့ ပြောတယ်၊ ရင်းကောကော သူ့ကိုတွေ့ဖူးလားဟင်? သူကချစ်ဖို့ကောင်းလား?” 

‘‘.....မ‌ကောင်းဘူး”

‘‘အာ....”
၀မ်ရှောင်ရို့က နည်းနည်းစိတ်ပျက်သွားတယ်။
‘‘အာ့ဆို နူးညံ့သိမ်မွေ့ပြီး သဘောကောင်းတာလားဟင်”

‘‘အဲ့လိုလည်း မဟုတ်ဘူး”

‘‘အာ့ဆို အဆင့်တွေရော ကောင်းလားဟင်?”

‘‘လောလောဆယ်တော့ မကောင်းဘူး” 

၀မ်ရှောင်ရို့လေး ရှုပ်ထွေးသွားတယ်။
‘‘ဒါဖြင့် သမီးကောကောက ဘာလို့‌ကြိုက်‌တာလဲ?”

ကျန့်ယောင်မှာ‌ အသံထွက်ရယ်မိတော့မတတ်ပဲ။

ရင်းချဲယ်က စက္ကန့်ပိုင်းလောက်ငြိမ်နေပြီး ပြောလာတယ်။
‘‘မသိဘူး ဒါပေမယ့် မင်းရဲ့ကောကောက ကြိုက်တာပဲ”

‘‘ဒါဆို သမီးရဲ့ကောကောက နာတာပေါ့....”
၀မ်ရှောင်ရို့က သူ့ဘာသူလေး ရေရွတ်တယ်။

သူ့အကိုက တအားထူးချွန်တာ၊ လက်တွဲဖော်ကိုလည်း အရည်ချင်းလည်းရှိ ရုပ်လည်းချောတာလေး ရှာသင့်တာပေါ့။ ကြည့်လည်းမကောင်း နူးလည်းမနူးညံ့တဲ့လူကို ဘယ်လိုလုပ်ပြီးတော့များ ရည်းစားတော်နိူင်ရတာလဲ? သူမခေါင်းသေးသေးလေးနဲ့တော့ ဘယ်လိုမှမစဥ်းစားတတ်ပေါင်။

‘‘သူ့ဘက်က မနာပါဘူး” 

ဖြည်းဖြည်းချင်း ပြောလာတဲ့ ရင်းချဲယ်ရဲ့အသံကို ကျန့်ယောင် ကြားနေရတယ်။
‘‘သူ့ကောင်လေးက သူ့ကိုပိုပြီးတော့တောင် ချစ်သေးတယ်”

‘‘ဘယ်လောက်ထိချစ်လို့လဲ?”
၀မ်ရှောင်ရို့က ထပ်မေးတယ်။

ရင်းချဲယ်က ခနပြန်စဉ်းစားကြည့်ပြီး
‘‘အရမ်းချစ်တာ..... ထုတ်မပြောရဲလောက်တဲ့အထိ”

‘‘ဘာလို့လဲ?”

‘‘သူဘယ်လောက်ချစ်တယ်ဆိုတာ မင်းရဲ့ကောကောသိသွားရင် တန်ဖိုးမထားတော့မှာစိုးလို့”

‘‘ဘာဆိုင်လို့လဲ? ပိုပြီးတောင်ချစ်ဦးမှာ မဟုတ်ဘူးလား?”

ရင်းချဲယ်က ခေါင်းလေးရမ်းပြတယ်၊ မျက်တောင်စဉ်းစဥ်းလေးတွေဟာ အောက်ငိုက်လို့။
‘‘ဆက်ဆံရေးတစ်ခုမှာ အချိန်ကြာတည်မြဲဖို့ဆို နှစ်ဖက်သားခံစားချက်တွေ ညီတူညီမျှဖြစ်နေမှရမှာ၊ ဒါပေမယ့် မင်းရဲ့ကောအတွက် သူ့ချစ်ခြင်းတွေကတော့ ဆိုးဆိုးရွားရွားကို တိုးလာနေတာ အဖတ်ဆယ်လို့ကိုမရတော့တဲ့အထိပဲ”

————

The author has something to say:

ကျန့်ယောက်တစ်ယောက်တော့ ယုံကြည်မှုတွေ ပြည့်လွန်းလို့ လျှံထွက်နေလောက်ပြီ

_________

T/n : MTL translationက ဒီအထိပဲတင်ထားတာပါ၊ နောက်ဟာတွေက Chineseကနေ Google translateနဲ့ ပြန်မှရတော့မှာ၊ အဲ့တော့ အဆင်ကသိပ်မပြေတော့ဘူး၊ ယူတို့ကို ‌မေးစရာရှိတာ အဲ့အတိုင်း Google translateနဲ့အကြမ်းဖျဉ်းပြန်ရမလား အဲ့လိုဆိုရင်တော့ updateက နည်းနည်းကြာမယ်၊ ဒါမှမဟုတ် ကိုယ်တရုတ်စာသင်ပြီးအောင် စောင့်ကြမလား🤪 အနည်းဆုံး ငါးလလောက်ပါပဲ🤭

————

[Zawgyi]

ဆုခ်ီက ပါးစပ္ဟလာရာမွ ဘာမွေတာင္မေျပာရေသးပဲ တရွုံ႔ရွုံ႔နဲ႔ မ်က္ရည္ေတြစက်လာေတာ့တယ္။

ရင္းခ်ဲယ္ လုံး၀ကို အံ့ဩမိသြားတယ္။

သူ႔ေလသံပဲ တအားမာသြားလို႔လား?

အိတ္ကပ္ထဲႏွိုက္ၾကည့္ေတာ့လည္း တစ္ရွူကပါမလာ၊ ဒါနဲ႔ လက္တစ္ဖက္ေျမႇာက္ျပရင္း သူမကိုႏွစ္သိမ့္ဖို႔ ႀကိဳးစားလိုက္တယ္။
‘‘ငါ.....”

ဆုခ်ီကမူ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေနာက္ဆုတ္သြားတယ္။
‘‘မလုပ္ပါနဲ႔ ေတာင္းပန္ပါတယ္ က်န႔္ေယာင္ကို ငါမႀကိဳက္မိခဲ့သင့္တာပါ ဟင့္ အဟင့္.....”

ရင္းခ်ဲယ္က မ်က္ေမွာင္ၾကဳတ္ကာ
‘‘သူ႔ကိုမႀကိဳက္ရဘူးလို႔ ငါမေျပာပါဘူး.....”

‘‘ဘာျဖစ္ၾကတာလဲ?”

...

အမွတ္ႏွစ္မွတ္အေလၽွာ့ခံရတဲ့ အေၾကာင္းရင္းကို‌ ေမးဖို႔အတြက္ က်န႔္ေယာင္ ေစာနေလးတင္ ႐ုံးခန္းကိုေရာက္ခဲ့တယ္။ တကယ္လည္း အဲ့ဒါက သခၤ်ာဆရာရဲ့ေနာက္ဆုံးသည္းခံနိုင္စြမ္းျဖစ္ေနတယ္။ သူစာသင္ခန္းျပန္ၿပီး ေကာင္စုတ္ေလးရဲ့ အၾကားအျမင္စြမ္းရည္ကိုခ်ီးက်ဴးမလို႔ရွိေသး အျပန္ေလွကားထိပ္မွာ ဒီျမင္ကြင္းကို ေတြ႕ရေတာ့တာပဲ။

ဆုခ်ီက အသည္းအသန္ကိုငိုယိုေနၿပီး
‘‘က်န္႔‌ေယာင္....အဟင့္....သူငါ့ကိုထိုးတယ္....” 

မိန္းကေလးတစ္ေယာက္ ငိုယိုေနတဲ့ျမင္ကြင္းကိုေတာ့ က်န္႔ေယာင္ မၾကည့္ရက္ေပ။ ရင္ထဲအနည္းငယ္လွုပ္ရွား(သနား)သြားရင္း သူေမးလိုက္တယ္။
‘‘ဘာျဖစ္ၾကတာလဲ? ဘာျဖစ္လို႔ သူ႔ကိုထိုးတာလဲ?”

အေျဖာင့္ေကာင္ႀကီး က်န႔္ကေတာ့ အေျဖာင့္ေကာင္ႀကီးက်န႔္လို႔ ေခၚထိုက္ပါေပတယ္

ရင္းခ်ဲယ္လည္း ေျမႇာက္ထားတဲ့လက္ကို ျပန္ခ်လိုက္ၿပီး
‘‘ငါမထိုးပါဘူး၊ သူက ငါ့ကို စာခိုးခ်တယ္ဆိုၿပီး တိုင္တဲ့လူထင္လို႔ လာေျပာတာ”

ဆုခ်ီက ပိုၿပီးေတာင္ ရွိုက္ရွိုက္ငိုလာေသးတယ္။
‘‘ငါမတိုင္ပါဘူး၊ လုပ္တယ္‌ထင္တယ္ဆိုလည္း သက္ေသျပေလ....”

တကယ္ သက္ေသမရွိဘူး
ကိုက္ခဲေနတဲ့နားထင္ေတြကိုဖိႏွိပ္ရင္း ရင္းခ်ဲယ္ သက္ျပင္းခ်လိုက္တယ္။
‘‘ထားလိုက္ေတာ့ ငါဘာမွမေမးခဲ့ဘူးလို႔ပဲ သေဘာထားလိုက္ ေဆာရီးပါ”

ထပ္ၿပီးလည္း စုံစမ္းခ်င္စိတ္မရွိေတာ့တာမို႔ အေနာက္ကလူေတြကို လွည့္မၾကည့္ပဲ ကိုယ့္အခန္းကိုျပန္လာခဲ့လိုက္တယ္။ တခနၾကာေတာ့ သူ႔ကိုအမွီလိုက္လာတဲ့ က်န႔္ေယာင္က
‘‘ဟိုက အငိုတိတ္လို႔ သူ႔အခန္းသူျပန္သြားၿပီ၊ ဘာေတြျဖစ္ၾကတာလဲ?”

ရင္းခ်ဲယ္လည္း အဓိကအခ်က္ေလးေတြကိုသာ ေသခ်ာေျပာျပၿပီး က်န္တာကို အၾကမ္းဖ်င္းပဲ ေျပာျပလိုက္တယ္။ ေနာက္ သူက က်န႔္ေယာင္ဆီ ခပ္စူးစူးတစ္ခ်က္ၾကည့္ၿပီး
‘‘ေက်ာင္းနတ္ဘုရားႀကီးေရ ခင္ဗ်ားကိုႀကိဳက္တဲ့လူတစ္ေယာက္ကေတာ့ တကယ္ႀကီး ကၽြန္ေတာ့္ကို လာလုပ္ႀကံေနၿပီ”

က်န႔္ေယာင္ကေတာ့ ဘာမွမျဖစ္သလို အျပဳံးေလးနဲ႔ သူ႔ဆံပင္ကိုလာဖြတယ္။
‘‘ဘာေၾကာက္စရာရွိလဲ? မိန္းမငယ္ေလးတစ္ေယာက္ပဲဟာ၊ တကယ္ႀကီး တခုခုျဖစ္လာခဲ့ရင္ ေကာက မင္းကို ကာကြယ္ေပးမွာ”

ထိုစကားေတြ သူ႔ပါးစပ္က ထြက္သြားတယ္ဆိုရင္ပဲ စာသင္ခန္းအေနာက္တံခါးဆီက ေဒါသတႀကီးေအာ္သံ ၾကားလိုက္ရတယ္။
‘‘ရင္းခ်ဲယ္! ထြက္ခဲ့စမ္း!”

Class 1က ေက်ာင္းသားေတြ အားလုံးျပန္လွည့္ၾကည့္လာၾကတယ္။ အေနာက္တံခါးနဲ႔အနီးဆုံးျဖစ္တဲ့ ဟန္မုန႔္မယ္ေတာ့ အိပ္ေနရင္း လန႔္ေတာင္နိုးလို႔ ရင္ဘတ္ကေလးပုတ္လို႔။
‘‘ဘယ္ေကာင္က..... ဟင္ ထန္ရွရွ? မင္းက ဘာလာလုပ္တာလဲ?”

‘‘သူဘာလုပ္ထားလဲ အရင္ေမး” 
ထန္ရွရွက ေဒါသေငြ႕ေတြတေထာင္းေထာင္းႏွင့္
‘‘ရင္းခ်ဲယ္ ဘာကိစၥ ငါတို႔အတန္းထဲလူကို ျပႆနာလာရွာရတာလဲ? ဒီေက်ာင္းမွာ နင္လုပ္ခ်င္တိုင္း လုပ္လို႔ရတယ္ထင္ေနလား?”

ခ်န္ရင္းရင္းက ေရွ႕ထြက္လာတယ္။
‘‘႐ူးေနလား? ဘာမဟုတ္တာေတြ လာေျပာေနတာလဲ?”

‘‘မယုံရင္ သူ႔ကိုေမးၾကည့္ေလ၊ သက္ေသမရွိပဲနဲ႔ ငါတို႔အတန္းေဖာ္ကို စြပ္စြဲခဲ့သလားဆိုတာ၊ ခုနေလးတင္ နင္သူ႔ကို စကားလုံးေတြနဲ႔ ငိုေအာင္ လုပ္ခဲ့တယ္မလား”

ခ်န္ရင္းရင္းကမူ မယုံေပ။
‘‘ခ်ဲယ္ေကာ သူေျပာတာ တကယ္လား?”

တစ္ခန္းလုံးကလည္း တစ္ၿပိဳင္နက္ သူ႔ဆီလွည့္ၾကည့္လာၾကတယ္။

လူေတြအမ်ားႀကီးေရွ႕မွာေတာ့ သူ႔ကိုမနာလိုလို႔ျပန္တိုက္ခိုက္ပါတယ္လို႔ ေျပာမရေပ၊ ဟိုေကာင္မေလးကမွ အရွက္ကသည္းသည္းရယ္ ေတာ္ၾကာ ေခ်ာင္းစီးေအာင္ငိုေနမွ။

ရင္းခ်ဲယ္လည္း ဒီအေၾကာင္းကို ျပန္ဆြဲထုတ္ခ်င္စိတ္မရွိေတာ့တာနဲ႔
‘‘အင္း ေဆာရီး ငါ့ဘက္ကအမွားပါ ဒီကိစၥကို ဒီမွာတင္ထားခဲ့လိုက္ၾကရေအာင္”

ထန္ရွရွကေတာ့ သူ႔ေတာင္းပန္စကားကို လက္မခံခ်င့္ခံခ်င္နဲ႔ လက္ခံလိုက္ရၿပီး ပြတ္တြတ္ပြတ္တြတ္နဲ႔ ဆဲဆိုရင္း ထြက္သြားေလတယ္။
‘‘ေတာင္းပန္တယ္ ေတာင္းပန္တယ္နဲ႔ သူ႔ကိုယ္သူ ဘာထင္ေနလဲမသိဘူး.....”

...

Class 1ေက်ာင္းသားေတြကေတာ့ 'ဘယ္သူမွငါ့ကိုရန္လာမစရင္ ငါကလည္းစမွာမဟုတ္ဘူး'ဆိုတဲ့ သူ႔ရဲ့စိတ္ေနစိတ္ထားကို သိသည့္အေလ်ာက္ ဒီကိစၥမွာ ေနာက္ကြယ္က အေၾကာင္းတစ္ခုခုရွိေနတယ္ဆိုတာ သူတို႔သိတယ္။ ဒါေပမယ့္ ရင္းခ်ဲယ္က ေျပာမျပခ်င္ဘူးဆိုမွေတာ့ သူတို႔ကလည္း ေမးမွာမဟုတ္ဘူး။

သို႔ေပသည့္ ထိုညေနခင္းတြင္ ဖိုရမ္မွာ ထိုအေၾကာင္းပို႔စ္တစ္ခုတက္လာတယ္၊ ေကာမန႔္တိုင္းလိုလိုကလည္း ဆုခ်ီဘက္ေတာ္သားခ်ည္းပင္။

Group chatထဲ၌ ခ်န္ရင္းရင္းက ေစာဒကတက္တယ္။
[အမွားအမွန္ေတာင္ မခြဲျခားတတ္ပဲနဲ႔၊ အားနည္းရင္ သနားဖို႔ပဲစဥ္းစားေနတဲ့ ခ်ီးဘရိမ္းအုပ္စုနဲ႔ေတာ့]

က်န႔္ေယာင္ကိုယ္တိုင္လည္း ဖိုရမ္မွာ ေျဖရွင္းခ်က္ပို႔စ္တင္မလို႔လုပ္ခဲ့ေပမယ့္ ရင္းခ်ဲယ္က တားလာတယ္။
‘‘ထားလိုက္၊ နဂိုကတည္းက လူေတြရဲ့အျမင္မွာ ငါကေကာင္းတဲ့လူမွ မဟုတ္တာ၊ ၿပီးေတာ့ ဘာသက္ေသမွလည္း ရွိတာမဟုတ္ဘူး၊ သူတကယ္မတိုင္ခဲ့တာလည္း ျဖစ္နိုင္ပါတယ္ ငါကိုက အရမ္း စိတ္ေလာမိသြားလို႔”

‘‘အဲ့လိုဆိုရင္ေတာင္မွ ေက်ာင္းသားအခ်င္းခ်င္းအနိုင္က်င့္တယ္ဆိုၿပီး မင္းကို ပုတ္ခ်ေနတာကိုေတာ့ ခြင့္မျပဳသင့္ဘူးေလ၊ မင္းက သူ႔ကိုေမး႐ုံေလးေမးလိုက္တာကို အကုန္လူံးက လက္သီးနဲ႔ထိုးခဲ့တဲ့အတိုင္းပဲ ဝိုင္းေျပာ‌ေနၾကတယ္”

‘‘ကိစၥမရွိပါဘူး သန႔္စင္ၿပီးသားလက္ဆိုတာ ေဆးေၾကာဖို႔မွမလိုပဲ၊ မင္းတို႔အားလုံး ငါ့ကိုယုံတယ္ဆိုရင္ပဲ လုံေလာက္ၿပီ”

‘‘ဒါက ျဖစ္ရမွာပဲေလ၊ တျခားသူေတြေတာ့ ငါမေျပာတတ္ေပမယ့္ ဒီက မင္းရဲ့ေကာင္ေလးကေတာ့ အျမဲတမ္းမင္းဘက္မွာပဲရွိေနမွာ” 

ေတာ္ေသးတာေပါ့ အေျဖာင့္ေကာင္ႀကီးက်န႔္က ဘာမွသုံးစားမရတာေတာ့ မဟုတ္ဘူးပဲ။

‘‘ကဲ စိတ္ပ်က္စရာ အေၾကာင္းေတြ ထပ္မေျပာနဲ႔ေတာ့”
အျပဳံးေလးနဲ႔ က်န႔္ေယာင္က လက္ေတြျဖန႔္ကားၿပီး ေရွ႕တိူးကာ ကိုယ္ေလးကိုဖက္လိုက္တယ္။
‘‘ငါတို႔အတြက္ အခုအာ႐ုံစိုက္ဖို႔လိုတဲ့ အေရးႀကီး‌ဆုံးအရာက heatပဲ၊ လာ ဒီညသိပ္သည္းဆနည္းနည္းေလာက္ထက္ျမႇင့္ၿပီး အဆင့္တက္ၾကမယ္ ဟုတ္ၿပီလား?”

သို႔ေသာ္ျငား ယုန္ေပါက္စေလးတစ္ေကာင္ကေတာ့ သြက္သြက္လက္လက္ပဲ ေရွာင္ထြက္သြားေလရဲ့။

‘‘ေနာက္ေန႔မွ”တဲ့

ဒီ'ေနာက္ေန႔မွ'က ဒီတစ္ေခါက္နဲ႔ဆို သုံးႀကိမ္ရွိေနၿပီ။

က်န႔္ေယာင္မွာ ဘာမွမတတ္နိူင္ အတင္းအက်ပ္ တြန္းအားေပးလို႔လည္း မျဖစ္တာေၾကာင့္ အခုလိုသာဆိုနိုင္ေတာ့တယ္။
‘‘အင္းပါ မင္းအဆင္သင့္ျဖစ္တဲ့အခ်ိန္မွေပါ့ ငါေစာင့္ပါ့မယ္”

...

ေက်ာင္းလူဆိုးအေပၚမွာ ကာလရွည္ၾကာရွိခဲ့တဲ့ First Highေက်ာင္းသားေတြရဲ့ အျမင္ဆိုးေၾကာင့္ ျပႆနာရဲ့ေက်ာ္ၾကားမွုအတိုင္းအတာက တစ္ရက္အတြင္းတင္ အေတာ္ေလးေပါက္သြားတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ေလ ေက်ာင္းလူဆိုးအတြက္ ေက်ာင္းသားေတြကို အနိုင္က်င့္တယ္ဆိုတာ သဘာ၀ပါပဲ။

အဲ့ထဲမွာ သနားစရာကေတာ့ ေက်ာင္းနတ္ဘုရားပဲ၊ ၾကည့္ရပုံေထာက္ေတာ့ သူဟာ အတင္းအက်ပ္ တြဲဖို႔ အၿခိမ္းေျခာက္ခံရပုံေပါက္ၿပီး ႏွစ္ေယာက္ရဲ့အခ်စ္ခရီးလမ္းက ေျဖာင့္ျဖဴးမယ့္ပုံမေပၚ။

တကယ္လည္း ေျဖာင့္ျဖဴးမေနပါဘူး

ေဝဖန္ေျပာဆိုေနၾကတဲ့စကား‌ေတြကိုၾကည့္ရင္း က်န႔္‌ေယာင္ ‌က်ဥ္းထဲၾကပ္ထဲေရာက္သလိုျဖစ္ေနတဲ့ သူတို႔အျဖစ္ကို ျပန္ေတြးၾကည့္မိတယ္။ ရင္းခ်ဲယ္ဘက္က အဆင့္ထပ္တက္ဖို႔ သတၱိမရဲသလို သူ႔ဘက္ကလည္း အလ်င္စလိုလုပ္လိုက္ဖို႔ မရဲဘူး။

ဒါေပမယ့္ အခ်ိန္နဲ႔ဒီေရသည္ လူကိုမွမေစာင့္ပဲ။

ဒီအျဖစ္ႀကီးကို ရင္ဆိုင္ရင္း ဘာမွမလုပ္တတ္ေတာ့တာနဲ႔ က်န႔္ေယာင္လည္း အေရးေပၚတပ္ကူရွာရေတာ့တယ္။

‘‘သူ႔ရင္ထဲက အစိုင္အခဲက အျပည့္အ၀ေျပေသးတာမဟုတ္ဘူး”
ဖုန္းတစ္ဖက္က ေဒါက္တာဖုန္းက ေျပာလာတယ္။
‘‘မင္း အဲ့ဒါကို တတ္နိုင္သမၽွ အျမန္ဆုံးႀကိဳးစားေျဖသင့္တယ္ heatက သိပ္ေဝးေတာ့တာမဟုတ္ဘူး”

‘‘ဘယ္လိုရွင္းရမွာလဲ? ေဒါက္တာ့မွာ အႀကံေကာင္းေလးဘာေလး မရွိဘူးလား?”

‘‘စိတ္ပိုင္းဆိုင္ရာအတြက္ ကိုယ္ကေနၿပီး သင္ျပေပး၊ လိုအပ္ရင္ ဖိအားပါေပး”

‘‘ဖိအားေပးရမယ္? ေမၽွာ္မွန္းထားသလို ျဖစ္မလာပဲ သူကၽြန္ေတာ့္ကို ထပ္မုန္းသြားရင္‌ေရာ?”

‘‘သူ႔အေပၚၾကမ္းၾကမ္းတမ္းတမ္း ျပဳမူရမယ္လို႔ ေျပာေနတာမဟုတ္ဘူးေလ၊ ဒီလိုကြာ သနားစဖြယ္ေလး လုပ္ျပရင္ေရာ? မင္းအတြက္ဆိုၿပီး သူ႔ကိုယ္သူ ဖိအားေပးေအာင္လို႔”

‘‘ကၽြန္ေတာ့္အတြက္နဲ႔ သူ႔ကိုယ္သူ ဖိအားေပးမယ္လို႔ ကၽြန္ေတာ္ေတာ့မထင္ဘူးေနာ္......”

‘‘ကိုယ့္ကိုယ္ကို နည္းနည္းေလာက္ ပိုၿပီး ယုံၾကည္ခ်က္ရွိစမ္းပါကြ ေကာင္ေလးရ!”

အဲ့လိုၾကားၿပီးလည္း က်န႔္ေယာင္ကေတာ့ မတိုင္ခင္ကနဲ႔ မထူးမျခားနား ယုံၾကည္ခ်က္မဲ့ဆဲပါပဲ။ ေကာင္စုတ္ေလးဆီက အမုန္းမခံရေတာ့ဘူးဆိုတာေတာ့ ေကာင္းပါရဲ့ ဒါေပမယ့္ တကယ္ႀကီး ဟိုကၾကင္နာသနားမွုရေအာင္ သူက လုပ္ျပနိုင္ပါ့မလား? လုပ္ျပၿပီးမွ ခပ္နာနာအကန္မခံရရင္ေတာင္ ကံေကာင္း။

...

ဒါေပမယ့္ အခ်ိန္က ဖိစီးေနတာေၾကာင့္ က်န႔္ေယာင္မွာ တစ္ခုခုႀကံရျပန္တယ္။ အေတြးေတြနဲ႔ ရွုပ္ေထြးၿပီး ဦးေႏွာက္ေတြေျခာက္လြန္းလို႔ စာထဲေတာင္စိတ္မေရာက္နိုင္ေတာ့။ ဒါနဲ႔ပိတ္ရက္ေရာက္ေတာ့ ဘတ္စကတ္ေဘာထြက္ကစားရင္း ဦးေႏွာက္ေဆးဖို႔ ေက်ာက္ခ်န္ကို လွမ္းေခၚလိုက္တယ္။

ရလဒ္ကဘာလဲဆို ေက်ာက္ခ်န္က သူ႔ကိုျငင္းလိုက္တယ္တဲ့ေလ။

‘‘ေယာင္ေကာေရ ဒီတစ္ပတ္ႏွစ္၀က္မွာ ငါေကာင္းေကာင္း မေျဖနိုင္လိုက္တာနဲ႔ ငါ့မားက က်ဴရွင္ေတြတက္ခိုင္းေနၿပီ အဲ့ဒါ ငါမလာနိုင္ေတာ့ဘူး .....”
ဖုန္းတစ္ဖက္က ေက်ာက္ခ်န္ဟာ သိမ္ငယ္စြာ။
‘‘ငါ့မိဘေတြကို အရွက္ရေစၿပီ၊ ေယာင္ေကာကိုလည္း အရွက္ရေစမိၿပီ ရွုန္တိေတြလည္း မ်က္ႏွာပ်က္ရၿပီ..... ”

ဒါနဲ႔ တံခါးအျပင္ဆီ ေျခလွမ္းေနတဲ့ က်န႔္ေယာင္လည္း ျပန္လွည့္၀င္ခဲ့လိုက္တယ္။
‘‘အဲ့ေတာ့ မင္းကိုယ္မင္းဘာလုပ္ရမယ္ဆိုတာ သိလား?”

‘‘စာကိုပဲ ေသခ်ာအာ႐ုံစိုက္ၿပီး မလိုအပ္တာေတြ ျပႆနာမရွာဖို႔ပါ တတိယႏွစ္ေရာက္ေနၿပီဆိုေတာ့.....”

က်န႔္ေယာင္က သူ႔စကားကိုျဖတ္ေျပာလာတယ္။
‘‘ဆိုေတာ့ မတိုင္ခင္က ျပႆနာေတြရွာတယ္ေပါ့?”

လက္ရွိဆို Dong Chengက ေအးခ်မ္းေနရမွာ။ မႏွစ္က ေက်ာက္က်န္ရွန္းနဲ႔အဖြဲ႕ကို ရွင္းလိုက္ၿပီးကတည္းက တျခားသူ႔အာဏာကို လာစိန္ေခၚတဲ့လူ မရွိေတာ့ဘူး။ အရင္က ရန္ျငႇိုးေဟာင္းေတြကလည္း ဘြဲ႕ရတဲ့သူရသြားၾကသလို ေက်ာင္းကတတိယႏွစ္ေတြကလည္း ရင့္က်က္မွုလမ္းေၾကာင္းေပၚေရာက္ၿပီး ငယ္ရြယ္မိုက္႐ူးရဲဆန္တဲ့ေသြးေတြလည္း ျပယ္ေပ်ာက္ကာ ေနာက္ legendအသစ္ေတြအတြက္သာ ေဘးကပ္ေပးထားၾကတယ္။

သူဘြဲ႕ရတဲ့အခါ သူလည္း အဲ့ထဲက legendတစ္ေယာက္ျဖစ္ခ်င္ ျဖစ္ေနမွာေပါ့။

ေက်ာက္ခ်န္ကေျပာတယ္။
‘‘ငါက ရွာတာမဟုတ္ပါဘူး ရန္လာစတဲ့လူရွိလို႔”

‘‘အြန္ဟြန္း?”

‘‘တေလာေလးက ေက်ာက္က်န္ရွန္းေျပာတာ ေယာင္ေကာကို လက္စားေခ်ခ်င္တဲ့လူရွိတယ္တဲ့ အဲ့ဒါ သူ႔ (ေက်ာက္က်န္ရွန္း)ကို ေယာင္ေကာေနာက္လိုက္‌ေခ်ာင္းေပးဖို႔ ပူးေပါင္းခိုင္းတာ၊ ဒါေပမယ့္ ေက်ာက္က်န္ရွန္းက ဘယ္လုပ္ရဲပါ့မလဲ အဲ့မွာတင္ျငင္းခဲ့ၿပီး ငါ့ကိုအကုန္ျပန္ေျပာျပတယ္ ငါလည္း ေစာင့္ၾကည့္ရင္း ရွုန္တိတစ္ေယာက္ကို ထြက္စုံစမ္းခိုင္းေတာ့ အဲ့ေကာင္ကပဲ ေယာင္ေကာနဲ႔ရန္စရွိတဲ့ အဖြဲ႕ေတြကို လိုက္စည္း႐ုံးေနတာေတြ႕တယ္ ငါလည္း သြားၿပီး သူတို႔ရန္မီးေတြကို လိုက္ႏွိမ္နင္းေနရတာနဲ႔ လ၀က္ေလာက္ေတာင္ရွိသြားတယ္ အဲ့တာေၾကာင့္ စာက သိပ္ၿပီး ျပန္မၾကည့္ရတာနဲ႔ အဆင့္ကက်သြားတာ.....” 

က်န႔္ေယာင္ : ‘‘ငါ့ေနာက္လိုက္ေခ်ာင္းတယ္ ဟုတ္လား? ဒီလိုကလိမ္ကက်စ္အကြက္ေတြ လုပ္ေနမယ့္အစား ေက်ာင္းကိုသာလာၿပီး လူခ်င္းေတြ႕လိုက္ရမွာ”

‘‘အဲ့တာေတာ့ ငါလည္း မသိဘူး၊ ဘာပဲျဖစ္ျဖစ္ပါ သတိေတာ့ထားေနေနာ္ ကိုယ့္ကိုယ္ကိုေရာ ငါတို႔ meimeiေလးကိုေရာ ေသခ်ာ‌ ေစာင့္ေရွာက္ေပး”

‘‘ဘယ္သူက မင္း meimeiလဲ?”
က်န႔္ေယာင္က ရယ္သံဟဟနဲ႔ ႀကိမ္းေမာင္းတယ္။
‘‘မင္းလည္း သတိထားေန ေနာက္တစ္ခါအဆင့္က်လို႔ကေတာ့ ငါကိုယ္တိုင္ Eighth Highကိုလာၿပီး မင္းကို ဆုံးမေပးမွာ”

‘‘မလုပ္ပါနဲ႔ ေယာင္ေကာရယ္ ရွုန္တိအခ်င္းခ်င္း မ်က္ႏွာသာေလးေတာ့ ေပးပါ....”

ဖုန္းေျပာၿပီးတဲ့ေနာက္ေတာ့ က်န႔္ေယာင္ ေဘာလုံးကို အခန္းထဲျပန္ပစ္ထည့္လိုက္တယ္။

သူ ကစားခ်င္ေနရင္ေတာင္ ကစားလို႔မွ မရေတာ့ပဲ။ ရင္းခ်ဲယ္ကို လွမ္းေခၚလိုက္လို႔ရတယ္ဆိုေပသည့္ သူတို႔ႏွစ္ေယာက္တည္းသာဆို.....ကစားစရာက တျခားတစ္ခုခုရွိမသြားဘူးလား?

...

ခ်ိန္းထားတဲ့အခ်ိန္ရဲ့ နာရီ၀က္ေလာက္အလိုေရာက္ေတာ့ ကုတ္တစ္ထည္၀တ္ၿပီး က်န႔္ေယာင္ထြက္ခဲ့လိုက္တယ္။

လမ္းတစ္ဖက္ စာေရးကိရိယာဆိုင္မွာ စာအုပ္သြား၀ယ္မယ္ဆိုၿပီး ၀မ္ေရွာင္ရို႔က ထြက္သြားတာ။ အေတာ္ၾကာတာေတာင္ ျပန္မလာေသးဘူး။ ခုနက ေက်ာက္ခ်န္ေျပာတဲ့စကားေတြေၾကာင့္ သူစိတ္မပူပဲ မေနနိုင္ေတာ့ေပ။

စာေရးကိရိယာဆိုင္က သိပ္ေတာ့မေဝး သူတို႔အိမ္ယာစီမံကိန္းေျမနဲ႔ လမ္းတစ္ဖက္မွာပဲရွိတယ္။ က်န႔္ေယာင္ တစ္လမ္းလုံးေျပးလာခဲ့ေတာ့ ေလးငါးမိနစ္အတြင္းမွာပဲ ေရာက္လာတယ္။

သူလွမ္းၾကည့္လိုက္ေတာ့ လက္ထဲမွာအထုပ္ကေလးတစ္ထုပ္နဲ႔ ၀မ္ေရွာင္ရို႔က ဆိုင္ေရွ႕မွာရပ္ေနတယ္။ ခုေလးတင္ ဝယ္လို႔ၿပီးပုံရၿပီး အခုေတာ့ အရပ္ရွည္ရွည္ ေကာင္ေလးတစ္ေယာက္နဲ႔ စကားေျပာေနတယ္။

ေကာင္ေလးက သူမကို ေခါင္းငုံ႔ၾကည့္ေနၿပီး လက္ႏွစ္ဖက္ကို အိတ္ကပ္ထဲထည့္ကာ ေအးစက္တည္ၿငိမ္ေနတယ္။

ႏွစ္ေယာက္လုံးက သူ႔ကို သတိမျပဳမိၾကေပ။

စကၠန႔္ပိုင္းေလာက္ တြန႔္ဆူတ္ေနတဲ့ေနာက္ေတာ့ က်န႔္ေယာင္ ျဖည္းျဖည္းခ်င္းခ်ဥ္းကပ္သြားလိုက္ၿပီး အေအးေကာင္တာေနာက္မွာ ပုန္းေနလိုက္တယ္။

.
၀မ္ေရွာက္ရို႔က ေပ်ာ္ရႊင္တက္ႂကြေနတဲ့ ေလသံ‌ေလးနဲ႔
‘‘ရင္းေကာေကာ, ရင္းေကာေကာက ဒီကိုဘယ္လိုေရာက္ေနတာလဲဟင္?”

‘‘မင္းရဲ့ေကာေကာက ဘတ္စကတ္‌ေဘာ ကစားဖို႔ဆိုၿပီးလွမ္း‌ေခၚလို႔”

‘‘wow Xi Chengကေနကို တကူးတကလာခဲ့တာလား?”

‘‘အင္း”

ဒီခပ္ေခ်‌ေခ်ေကာေကာကို ၀မ္ေရွာင္ရို႔ တကယ္သေဘာက်ပါတယ္၊ ဒါေပမယ့္ သူ႔ေကာေကာအေၾကာင္းကသာ ပဓာနမို႔
‘‘အိုး ဟုတ္သားပဲ ေကာေကာက သူ႔မွာခ်စ္သူရွိတယ္လို႔ ေျပာတယ္၊ ရင္းေကာေကာ သူ႔ကိုေတြ႕ဖူးလားဟင္? သူကခ်စ္ဖို႔ေကာင္းလား?” 

‘‘.....မ‌ေကာင္းဘူး”

‘‘အာ....”
၀မ္ေရွာင္ရို႔က နည္းနည္းစိတ္ပ်က္သြားတယ္။
‘‘အာ့ဆို ႏူးညံ့သိမ္ေမြ႕ၿပီး သေဘာေကာင္းတာလားဟင္”

‘‘အဲ့လိုလည္း မဟုတ္ဘူး”

‘‘အာ့ဆို အဆင့္ေတြေရာ ေကာင္းလားဟင္?”

‘‘ေလာေလာဆယ္ေတာ့ မေကာင္းဘူး” 

၀မ္ေရွာင္ရို႔ေလး ရွုပ္ေထြးသြားတယ္။
‘‘ဒါျဖင့္ သမီးေကာေကာက ဘာလို႔‌ႀကိဳက္‌တာလဲ?”

က်န႔္ေယာင္မွာ‌ အသံထြက္ရယ္မိေတာ့မတတ္ပဲ။

ရင္းခ်ဲယ္က စကၠန႔္ပိုင္းေလာက္ၿငိမ္ေနၿပီး ေျပာလာတယ္။
‘‘မသိဘူး ဒါေပမယ့္ မင္းရဲ့ေကာေကာက ႀကိဳက္တာပဲ”

‘‘ဒါဆို သမီးရဲ့ေကာေကာက နာတာေပါ့....”
၀မ္ေရွာင္ရို႔က သူ႔ဘာသူေလး ေရရြတ္တယ္။

သူ႔အကိုက တအားထူးခၽြန္တာ၊ လက္တြဲေဖာ္ကိုလည္း အရည္ခ်င္းလည္းရွိ ႐ုပ္လည္းေခ်ာတာေလး ရွာသင့္တာေပါ့။ ၾကည့္လည္းမေကာင္း ႏူးလည္းမႏူးညံ့တဲ့လူကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား ရည္းစားေတာ္နိူင္ရတာလဲ? သူမေခါင္းေသးေသးေလးနဲ႔ေတာ့ ဘယ္လိုမွမစဥ္းစားတတ္ေပါင္။

‘‘သူ႔ဘက္က မနာပါဘူး” 

ျဖည္းျဖည္းခ်င္း ေျပာလာတဲ့ ရင္းခ်ဲယ္ရဲ့အသံကို က်န႔္ေယာင္ ၾကားေနရတယ္။
‘‘သူ႔ေကာင္ေလးက သူ႔ကိုပိုၿပီးေတာ့ေတာင္ ခ်စ္ေသးတယ္”

‘‘ဘယ္ေလာက္ထိခ်စ္လို႔လဲ?”
၀မ္ေရွာင္ရို႔က ထပ္ေမးတယ္။

ရင္းခ်ဲယ္က ခနျပန္စဥ္းစားၾကည့္ၿပီး
‘‘အရမ္းခ်စ္တာ..... ထုတ္မေျပာရဲေလာက္တဲ့အထိ”

‘‘ဘာလို႔လဲ?”

‘‘သူဘယ္ေလာက္ခ်စ္တယ္ဆိုတာ မင္းရဲ့ေကာေကာသိသြားရင္ တန္ဖိုးမထားေတာ့မွာစိုးလို႔”

‘‘ဘာဆိုင္လို႔လဲ? ပိုၿပီးေတာင္ခ်စ္ဦးမွာ မဟုတ္ဘူးလား?”

ရင္းခ်ဲယ္က ေခါင္းေလးရမ္းျပတယ္၊ မ်က္ေတာင္စဥ္းစဥ္းေလးေတြဟာ ေအာက္ငိုက္လို႔။
‘‘ဆက္ဆံေရးတစ္ခုမွာ အခ်ိန္ၾကာတည္ျမဲဖို႔ဆို ႏွစ္ဖက္သားခံစားခ်က္ေတြ ညီတူညီမၽွျဖစ္ေနမွရမွာ၊ ဒါေပမယ့္ မင္းရဲ့ေကာအတြက္ သူ႔ခ်စ္ျခင္းေတြကေတာ့ ဆိုးဆိုးရြားရြားကို တိုးလာေနတာ အဖတ္ဆယ္လို႔ကိုမရေတာ့တဲ့အထိပဲ”

————

The author has something to say:

က်န႔္ေယာက္တစ္ေယာက္ေတာ့ ယုံၾကည္မွုေတြ ျပည့္လြန္းလို႔ လၽွံထြက္ေနေလာက္ၿပီ

_________

T/n : MTL translationက ဒီအထိပဲတင္ထားတာပါ၊ ေနာက္ဟာေတြက Chineseကေန Google translateနဲ႔ ျပန္မွရေတာ့မွာ၊ အဲ့ေတာ့ အဆင္ကသိပ္မေျပေတာ့ဘူး၊ ယူတို႔ကို ‌ေမးစရာရွိတာ အဲ့အတိုင္း Google translateနဲ႔အၾကမ္းဖ်ဥ္းျပန္ရမလား အဲ့လိုဆိုရင္ေတာ့ updateက နည္းနည္းၾကာမယ္၊ ဒါမွမဟုတ္ ကိုယ္တ႐ုတ္စာသင္ၿပီးေအာင္ ေစာင့္ၾကမလား🤪 အနည္းဆုံး ငါးလေလာက္ပါပဲ🤭

————

Comment