မဖဲဝါရဲ့ မဖဲဝါ (၁) (စ-ဆုံး)
~~~~~~~~~
မူရင်းရေးသားသူ_ဆရာတာတေ
နောက်ထပ်အစဉ်လိုက်-၂.၃.၄ ဆက်တင်ပေးဖို့ရှိပါတယ်
ဒီခေါင်းစဉ်အောက်မှာ ကျုပ်ပြောပြမယ့်
အကွောငျးအရာတှေ အားလုံးဟာ င်္သချိုင်းရှင်မ
မဖဲဝါက ကျုပ်ကို ပြောပြခဲ့တဲ့ အကြောင်းတွေချည်းပဲ
တချို့ဟာတွေက ကျုပ်ကိုပေးထားတဲ့ မဖဲဝါရဲ့ကိုယ်တူ
ကိုယ်ခွဲအရုပ်ကလေးတဆင့် ပြောခဲ့တာဗျ။တချို့ကျတော့
အိပ်မက်ထဲမှာ မဖဲဝါက ကျုပ်ကိုပြောပြတာ။
ခင်ဗျား မှတ်မိမှာပါ အိပ်မက်ထဲမှာ ကျုပ်တွေ့နေကျ
ဆယ့်နှစ်ရာသီပင်ကြီးအောက်မှ ပြောပြတာဗျ
တစ်ခါတလေကျတော့လည်း သင်္ချ ိုင်းထဲမှာ
အကြောင်းကိစ္စရှိလို့ထမင်း ဟင်းတွေ ကျွေးတဲ့အခါ
နတ်ဝင်သည်ကို ဝင်ပူးပြီး စားရင်းစားရင်း
ပြောပြတာလေဗျာ....
မဖဲဝါက ကျုပ်ကို အလျဉ်းသင့်တိုင်း ပြောပြခဲ့တဲ့အကြောင်း
လေးတွေ ကျုပ်ကခင်ဗျားတို့ကိုပြန်ပြောပြမှာလေဗျာ
မဖဲဝါကိုယ်တိုင် ပြောပြတဲ့ မဖဲဝါရဲ့အကြောင်းတွေမို့လို့
မဖဲဝါရဲ့မဖဲဝါလို့ ခေါင်းစဉ်တပ်လိုက်တာဗျို့
ဒီလိုဗျို့။မြို့မှာနေတဲ့ ကျုပ်ဘကြီးအကြောင်းကို
ကျုပ်မကြာခဏ ရေးပြဖူးပါတယ်။ဘကြီးက ကျုပ်က
လူလွှတ်ပြီးခေါ်ခိုင်းဗျ။...
အဘနဲ့အမေဆီကိုစာတစောင်လည်းပေးလိုက်တယ်
စာထဲမှာ ရေးထားတာကတော့ သိပ်ပြီးထွေထွေထူးထူး
မဟုတ်ပါဘူးဗျာ။....
"ကိုဥာဏ်နဲ့ငွေစိန်အရေးကြီးတဲ့ကိစ္စရှိလို့ တာတေကို
ခဏလွှတ်လိုက်ပါ".....
လို့ရေးထားတာပါ ကျုပ်လည်း နောက်တနေ့
မနက်စောစောထပြီး လာခေါ်တဲ့လူနဲ့လိုက်ခဲ့ရတာပေါ့ဗျ
ဘန့်ဘွေးကုန်းကကားထွက်မှာနဲ့လည်း ကြုံနေတော့
အဆင်ပြေသွားတာပေါ့ဗျာ။ကျုပ်တို့ရွာမှာက
ကားထောင်တဲ့သူမရှိဘူးဗျ။ဘန့်ဘွေးကုန်းမှာကရှိတယ်
ကားကတော့ ဂျစ်ကာူအဟောင်းကြီးပေါ့ဗျာ
ရွာကားကြီးပေါ့။ရွာလမ်းဆိုတာကလည်း
ဒီလိုကားမျိုးနဲ့မှ ကိုက်တာဗျ။ကားကြီးက
ဘယ်ဘက်ယိမ်းလိုက် ညာဘက်ယိမ်းနဲ့
မောင်းရတာလေဗျာ။စီးစမရှိတဲ့ လူဆိုရင်တော့
ကိုင်ရိုက်ထားသလိုကို ကိုယ်တွေလက်တွေနာတတ်
တယ်လေဗျ။ကျုပ်တို့ကတော့ မွေးကတည်းကကို
စီးနေရတာကိုတော့ ကျင့်သားရနေပြီပေါ့ဗျာ
လာခေါ်တဲ့သူကို ဘာဖြစ်လို့တုံးလို့ ကျုပ်ကမေးပေမယ့်
ဒီလူက မပြောဘူးဗျ။
"ဟိုရောက်တော့ သိလိမ့်မပေါ့
လူကြီးတွေ ပြောပြပါလိမ့်မယ်"လို့ပဲပြောတာ။
ကျုပ်မြို့ရောက်လို့ ဘကြီးအိမ်ရောက်တော့
လူကြီးလေးငါးယောက်ကျုပ်ကိုစောင့်နေတာဗျ။
ဘန့်ဘွေးကုန်းကား ဝင်မယ့်အချိန်ကိုမှန်းပြီး
လာစောင့်နေကြတာပေါ့ဗျာ။ ဒီအထဲမှာ မီးလောင်းကုန်း
ကနေ မြို့ကို ပြောင်းသွားတဲ့ ဘိုးစံရွှေကြီးလည်း
ပါသဗျ။ဘိုးစံရွှေတို့ကလည်း ဘကြီးတို့လမ်းထဲမှာပဲ
နေကြတာလေဗျာ ဘကြီးအိမ်ရဲ့ တောင်ဘက်သုံးလုံး
ပဲကျော်တာ။
"တာတေရေ ဘိုးကတော့ မင်းနဲ့ရေစက်မကုန်ဘူးကွဲ့
မီးလောင်းကုန်းမှာ နေတုံးကလည်း မကြာမကြာဆုံရ
အခုမြို့ရောက်လာတော့လည်း ဆုံရပြန်ရောကွဲ့"
ဘိုးစံရွှေက အိမ်ပေါ်တက်လိုက်တာနဲ့ကို တန်းပြောတော့တာဗျ
"ဘိုး နေကောင်းရဲ့နော်"
ကျုပ်ကလည်း ဘိုးစံရွှေကြီးကို ပြန်ပြီး နှုတ်ဆက်ရတာပေါ့ဗျာ။
"ကောင်းပါ့ တာတေရယ် မင်းအရီးကတော့
ဟိုတလောက ခါးနာလို့တဲ့ဟေ့ဆေးခန်းသွားရသေးသဟ"
"သြော် စံရွှေရယ် အသက်တွေလည်း ရလာမှာကိုးကွ
ဒီလိုပဲနေမှာပေါ့ကွာ"
ကျုပ်ဘကြီးက ဘိုးစံရွှေနဲ့ငယ်သူငယ်ချင်းတွေလေဗျာ
ဘကြီးက ဘိုးစံရွှေကို ပြောတာဗျ။
"ဟုတ်ပါ့ ကိုစံရွှေရယ် လူတွေမှာ
သုံးဆယ်နှစ်ကောဌာသရှိပေလို့ပဲဗျာ သုံးဆယ်
သုံးကောဌာသသာသာရင် နားနေရမှာတောင်
မဟုတ်ဘူးဗျို့။.......
"ဟား ဟား ဟား ဟား ဟား"
ဘကြီးတို့လမ်းထဲက ဘိုးတော်ကြီးတစ်ယောက်က
ဝင်ပြောတာဗျ။အဲဒီဘိုးတော်ကြီး ပြောတာကို သဘော
ကျပြီး ကျန်တဲ့ဘိုးတော်တွေက ဝိုင်းရယ်ကြတာဗျို့
"ကဲ ကဲ တော်ကြဦးဗျ ဒီကလေး မောင်တာတေကို
ခေါ်ရတဲ့အကြောင်းကို ပြောဦးမှာပေါ့"
ဘကြီးဘေးက ကုလားထိုင်မှာ ထိုင်နေတဲ့ ဘိုးတော်ကြီး
ကဝင်ပြီး သတိပေးတော့မှ ပြောလက်စ စကားကိုရပ်ပြီး
ကျုပ်ကိုဝိုင်းကြည့်ကြတာဗျ။
"ဒီလို တာတေရေ"
ကျုပ်ဘကြီးဘေးက ကုလားထိုင်မှာ ထိုင်နေတဲ့
ဘိုးတော်ကြီးက ဝင်ပြီးသတိပေးတော့မှ ပြောလက်စ
စကားကိုရပ်ပြီး ကျုပ်ကိုဝိုင်းကြည့်တာဗျ
"ဒီလို တာတေရေ"
ကျုပ်ဘကြီးက ကျုပ်ကိုပြောပြတာဗျို့။
ကျန်တဲ့ဘိုးတော်တွေက ငြိမ်သွားပြီးနားထောင်နေကြတယ်
"ဘကြီးတို့ ဒီလမ်းထဲမှာ လွန်ခဲ့တဲ့အပတ်က
အသုဘတစ်ခုဖြစ်တယ် ဆုံးတဲ့လူက လူရွယ်ပါပဲ
အသက်က လေးဆယ်ပဲ ရှိတယ် လူကတော့
အရက်သမားပဲကွဲ့ ဒါပေမယ့် ဘယ်သူကိုမှ အနှောင့်
အယှက်ပေးတဲ့လူ မဟုတ်ပါဘူးကွယ် ရပ်ရေးရွာရေး
ဆိုရင် သူပဲ ရှေ့ကထွက်လာတာ ဘယ်အိမ်မှာ
ဘာကိစ္စရှိရှိ သူပဲဦးဆောင်လုပ်တာ နာမည်က ကိုကျော်တဲ့
လမ်းထဲက လူတွေကတော့ သူကိုခင်လည်းခင်တော့
သူအရက်သောက်တာကိုလည်း စချင်တော့
"ကိုကြီးကျော်လို သူကိုခေါ်ကြတာလားကွဲ့
လူက ကြက်ကလေးဘာလေးလည်းနည်းနည်းပါးပါး
တိုက်တာကိုး ဒီတော့လည်း ခေါ်တော့တာပေါ့ကွယ်
တဖြည်းဖြည်းနဲ့အရက်သောက်တာက များလာတော့
အသည်းထိပြီး သေတော့တာပေါ့ကွယ် အဲဒီမှာတင်
ဒီပြသာနာပေါ်တော့တာဟေ့"
"ဟင်...ဘာပြသာနာတုံး ဘကြီးရဲ့"
"ဒီလိုဟေ့ ကိုကြီးကျော်အသုဘ သင်္ဂြုဟ်တော့
အသုဘထမ်းတဲ့ လူငယ်တွေ အကုန်လုံး ဒုက္ခဖြစ်ကုန်
တာကွဲ့ တစ်ချို့က ခေါင်းတွေမူးပြီး အန်ကြ အော့ကြ
တချို့က ဗိုက်အောင့်ပြီး အော်နေကြရတယ်
တာတေရဲ့ တချို့က ဖျားနေကြတယ် ဆေးခန်းမှာ
ဆေးထိုးတာလည်း တစ်ယောက်မှ မပျောက်ဘူး
နောက်ဆုံးတော့ ဆေးခန်းက ဆရာဝန်ကိုယ်တိုင်က
ပြောတာကွ"
"ဟင် ဆရာဝန်ကပြောတာ ဟုတ်လား ဘကြီး
ဘယ်လိုပြောလို့တုံးဗျ"
"ဒါဟာ သွေးရိုးသားရိုးရောဂါ မဖြစ်နိူင်ဘူးတဲ့
ကိုကြီးကျော်ရဲ့အသုဘထမ်းတဲ့လူတိုင်းတစ်ယောက်
တမျိုးဖြစ်နေကြတာဆိုတော့ စဉ်းစားကြည့်ကြပါတဲ့
ပြီတော့ သူဆေးထိုးပေးတာလည်း တစ်ယောက်မှ
သက်သာသွားတာ မရှိတော့ ဒီကိစ္စကို နားလည်းတဲ့
ဆရာသမားရှာပြီး ပြကကြည့်ကြပါလို့ ပြောတယ်ကွ
တာတေရ"....
ကျုပ်ကခေါင်းလေးညိတ်ပြီးစဉ်းစားနေတာပေါ့ဗျာ
ဘကြီးပြောတဲ့ကိစ္စက ထူးတော့ထူးဆန်းနေတာပဲဗျ
ဆေးခန်းက ဆရာဝန်ပြောတာလည်းမှန်တာပဲလေ
ဆေးကောင်းဝါးကောင်းတွေနဲ့ သူ့ကုသပေးနေတာ
တောင် တစ်ယောက်မှ စဉ်းစားဖြစ်နေတော့တာပေါ့ဗျာ
"အဲဒါကို ငါက အကြံပြုတာဟေ့ တာတေရေ
ဒီကိစ္စကို ဟိုဆရာ ဒီဆရာ ရှာနေမယ့်အစား
ထနောင်းကုန်းက တာတေကိုပဲခေါ်ပြီး တိုင်ပင်ရင်
ကောင်းမယ်လို့ ဆရာတွေပင့်လို့ ဟုတ်ဟုတ်
ငြားငြားတွေ့ရင် တော်ရဲ့ မတွေ့ရင် ဇာတ်လမ်းတွေ။
သိပ်ရှည်ကုန်မှာစိုးရတယ်လို့ တာတေက ဆရာ
မဟုတ်တဲ့ တော်တော်လေး ဗဟုသုတစုံတဲ့
သူငယ်လေးပါဆိုတော့ အားလုံးကလည်း
သဘောတူတာနဲ့ ငါတူးလေးကို ခုလိုလုလွှတ်ပြီး
ခေါ်ခိုင်းရတာပါကွယ်"
ဘိုးစံရွှေက ကျုပ်ကို ထပ်ပြီးရှင်းပြလိုက်တယ်ဗျို့
အဲဒီည ဘကြီးအိမ်မှာ ကျောင်းတက်တုန်းက
အိပ်ခဲ့တဲ့ကျုပ်ရဲ့အိပ်ရာမှာပဲအိပ်လိုက်တယ်။ကျုပ်ဆေးလွယ်
ကြီးထဲမှာ ပါလာတဲ့ မဖဲဝါရဲ့ကိုယ်တူကိုယ်ခွဲ
အရုပ်ကလေးကိုကိုင်ပြီး မဖဲဝါကို ကျုပ် ဆက်သွယ်လိုက်တယ်။
"သင်္ခ ျိုင်းရှင်မ မဖဲဝါဗျာ ကျုပ်တာတေက မဖဲဝါကို
အကြောင်းပြုလိုက်လိုက်ပါတယ် ကျုပ်ဘကြီးအိမ်မှာ
ရောက်နေပါတယ် ဒီလမ်းထဲက အရက်သမား
ကိုကျော်ဆုံးတဲ့ အသုဘကို သင်္ဂြုဟ်တုန်းက
အသုဘစင်ထမ်းတဲ့လူအားလုံး ရောဂါသယတွေ
ဖြစ်နေကြတာ ဆေးကုလို့တောင် မရဘူးကြဘူး
ဖြစ်နေပါတယ် အဲဒါ ဘာဖြစ်တာတုံးဆိုတာ
သိချင်လို့ပါဗျာ".....
ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့
မဖဲဝါရဲ့ကိုယ်တူကိုယ်ခွဲအရုပ်ကလေး ဆက်ကနဲ
လှုပ်သွားတယ်ဗျ။ကျုပ်မဖဲဝါနဲ့ ဆက်သွယ်မိသွားတဲ့
သဘောပေါ့ဗျာ။အရုပ်ကလေးကို ခေါင်းအုံးအောက်မှာ
ထားပြီး ကျုပ်အိပ်လိုက်တယ်
အဲဒီည ကျုပ်အိပ်မက် မက်တယ်ဗျ။
လေအေးတွေတိုက်လိုက်တာမှ စိမ့်ပြီးအေးနေတာဗျို့
ဒါပေမဲ့ ကျုပ်ရှေ့က တစ်ပင်လုံး ဝါထိန်နေအောင်
ပွင့်နေတဲ့ ဆယ့်နှစ်ရာသီပင်ကြီးကတော့ လေတွေ
ဘယ်လောက်တိုက်တိုက် အရွက်ကလေးတစ်ရွက်
တောင်မှမလှုပ်ဘူးဗျ။ဆယ်နှစ်ရာသီပင်လိုသာ
ပြောတာဗျ။လုံးပတ်က လူတစ်ဖက်လောက်ရှိတာ
ကျုပ်က ဆယ်နှစ်ရာသီပင်ကြီးကိုငေးကြည့်နေတုန်းပဲ
သစ်ပင်နောက်က ကျုပ်အရွက်လောက်ကောင်မလေး
ထွက်လာတယ်။ခေါင်းကဆံပင်က ဖားလျားလေးချလို့
ဗျ။ဆံပင်မှာ နားအပေါ်လောက်ကလေးကပ်ပြီး
ဆယ်နှစ်ရာသီအဝါ ပွင့်လေးတစ်ပွင့်ပန်ထားတယ်။
ရင်ဖုံးအင်္ကျီအနက်နဲ့သရက်ထည်ထဘီအနက်ကလေး
ဗျ။ကြယ်ရောင် လရောင် ခပ်မှိန်မှိန်အောက်မှာ
ဆိုပေမဲ့ သူကို ကျုပ်ထင်ထင်ရှားရှား မြင်နေရတာပါဗျ...
မဖဲဝါလေး ဒီကောင်မလေးက မဖဲဝါလေဗျာ
ကျုပ်လန့်သွားမှာစိုးလို့ ဒီကောင်မလေးပုံစံကို
သူအမြဲ ဖန်ဆင်းပြနေကြပါ ဒါပေမဲ့ ခါတိုင်းနဲ့မတူတာက
ဒီတစ်ခါ အင်္ကျီအနက် ထဘီအနက်ဝတ်ထားတာပဲဗျ
"တာတေ နင်သိချင်တဲ့ကိစ္စ ငါပြောမယ်"
ကျုပ်တော်တော်အံ့သြသွားတယ်ဗျ။
မဖဲဝါအသံကတော်တော်မာနေတယ်ဗျို့။
"ဒီကောင်တွေ အသုဘချတာ သင်္ချ ိုင်းစည်းကမ်းကို
နားမလည်း တာတေ လူကြီးသူမတွေကလည်း
ဒင်းတို့ကို သင်ကြားပြသမပေးထားကြဘူးထင်တယ်"
"ဘယ်လိုများဖြစ်လို့ပါလဲ မဖဲဝါ"
ကျုပ်က မရဲတရဲနဲ့ မဖဲဝါကို မေးလိုက်တယ်ဗျ
"ဘာဖြစ်ရမှာတုံး တာတေ ဒီကောင်တွေ လမ်းဆုံ
လမ်းခွ ရောက်တိုင်း လိုက်ကစားကြတယ်
(မဖဲဝါ ပြောတဲ့ လိုက်ဆိုတာ ခေါင်းတင်ထားတဲ့
အလောင်းစင်ကို ပြောတာဗျ)ကစားတာမှတော်တော်ကို
ကြမ်းကြမ်းတမ်းတမ်း ကစားကြတာ ရှေ့ကလူတွေက
လိုက်ကိုနောက်ပြန်တွန်းတယ် နောက်ကလူက
အလောင်းထမ်းရင်း နောက်ဆုတ်နောက်ဆုတ်ပြေးတဲ့
အသုဘပို့တဲ့ လူတွေတောင်ရုပ်ပျက်ဆင်းပျက်နဲ့
ထွက်ပြေးကြရတယ် နောက်တစ်ခါ နောက်ကလူတွေက
လိုက်ကိုရှေ့ဘက်ကိုတွန်းပြန်တယ် ရှေ့ကလူက
အလောင်းထမ်းပြီး အရှေ့ကိုပြေးကြတယ်
တစ်လမ်းလုံး ရုန်ူရင်းဆန်ခတ်နဲ့အသုဘချလာကြတာ
လမ်းဆုံလမ်းခွရောက်တိုင်းလိုက်ကိုကြမ်းကြမ်းတမ်း
တမ်း ကစားလာကြတာ သင်္ခ ျိုင်းဝမရောက်ခင်
လိုက်ပေါ်မှာတင်ထားတဲ့ခေါင်းကို ချည်ထားတဲ့
ကြိုးတွေ ပြတ်ထွက်ပြီး အလောင်းထည့်ထားတဲ့
ခေါင်းကို မြေကြီးပေါ်ကိုပြုတ်ကျတယ် အသုဘအခေါင်း
ကြီးကို ဝိုင်းမပြီး အလောင်းစင်ပေါ်ကိုပြန်တင်တယ်
ဒီကောင်တွေဟာ အသုဘစည်းမျဉ်း သင်္ချ ိုင်းစည်းမျဉ်း
ကိုနားမလည်ဘူး အသုဘဆိုတာ သင်္ချ ိုင်းကိုခြေထောက်
နဲ့ပဲဝင်ရတယ် ဘယ်တော့မှ ခေါင်းနဲ့မဝင်ရဘူး တာတေ
ဒီကောင်တွေက အသုဘခေါင်းကို အလောင်းစင်ပေါ်ကို
ပြန်တင်တော့ ကြုံသလို တင်ကြတာ ခြေမှန်း ခေါင်းမှန်း
မသိဘူး အသုဘက သင်္ချိုင်းကို ခေါင်းနဲ့ဝင်လာတာကို
သူတို့မသိဘူး ပြီးတော့ သင်္ချိုင်းစည်းကမ်းက အသုဘ
သင်္ဂြုဟ်တဲ့အချိန်မှာ အသုဘကိုနောက်လား
ပြောင်လား မလုပ်ရဘူး သင်္ချိုင်းထဲရောက်လာတဲ့
အသုဘကို သင်္ချိုင်းစောင့်က ပိုင်သွားပြီ လူတွေ
မပိုင်တော့ဘူး ဒီကောင်တွေက အသုဘသင်္ဂြုဟ်
ရင်းလည်း ကိုကြီးကျော် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့
အသုဘကို တောက်လျှောက်နောက်ပြောင်နေတယ်
အဲဒီလို သင်္ချိုင်းစည်းကမ်းဖောက်ဖျက်ရင် သင်္ချိုင်း
ပိုင်ဆိုင်တဲ့ လူတွေကိုမဖြစ်မနေ အပြစ်ပေးရတယ်
ဒါကြောင့် ဒီကောင်တွေအကုန်လုံးကို ငါကိုယ်တိုင်
လုပ်ထားတာဟဲ့ တာတေ ငါလုပ်ထားတဲ့ဟာကို
ဘယ်ဆေးဆရာကုလို့မှ မပျောက်ဘူးနင်သိလား"
"ဟာ...မဖဲဝါရယ် ကျုပ်က မသိလို့ပါဗျာ ဒါ ဒါဆိုရင်
ဘယ်လိုလုပ်မှ မဖဲဝါ ကျေနပ်မှာတုံးဗျာ"
"နင် အဲဒီကောင်တွေကို ပြောလိုက် ငါ့ကိုသောက်ရေ
တစ်ခွက်နဲ့ပန်းအဝါတစ်ပွင့်တင်ပြီး ဒီကောင်တွေကိုယ်
တိုင် တောင်းပန်မှ ငါလွှတ်ပေးမယ် တာတေ"
"သိ သိပါပြီ မဖဲဝါ ကျုပ်လိုတာတွေ အားလုံး လုပ်ပါမယ့်"
မနက်မိုးလင်းတာနဲ့ ကျုပ်က ဘကြီးကိုအကျိုးအကြောင်း
ပြောပြတော့ ဘကြီးက
"မဖဲဝါပြောတာ အဟုတ်ပဲတာတေရေ ဒီကောင်တွေ
အလောင်းကစားတာ ကြမ်းလိုက်ကြတာကွာ
လူကြီးတွေ မနည်းဟန့်နေတာတောင် မရဘူးကွ
ဟုတ်ပါ့ဗျာ သင်္ချိုင်းနားရောက်တော့ တစ်ခါထပ်ပြီး
ကစားကြတာ ခေါင်းကြီး ပြုတ်ကျပါရောလားကွာ
အဲဒါကြီးကို ကပျာကယာကောက်ပြီး အလောင်းစင်ပေါ်
ပြန်တင်ကြတယ် ခြေလား ခေါင်းလား မသိကြပါဘူးကွ
ဒရွတ်သီထိုးနဲ့ထမ်းပြီ သင်္ချိုင်းထဲဝင်သွားကြတာပါပဲကွာ
အရက်သမာူအသုဘဆိုတော့ သူနဲ့သောက်ဖော်စား
ဖက် အရက်သမားတွေပဲ ထမ်းကြတာပေါ့ကွာ
အကုန်လုံး မူးနေကြတာ ရှိမှာပေါ့ကွာ အလောင်းကစား
တော်ရုံ မဟုတ်ဘူး အထိန်းအသိမ်းမရှိ ကစားကြတာကွ
ဘကြီးလည်း အသုဘ လိုက်ပို့တာဆိုတော့ အားလုံး
မြင်ပါတယ် မဖဲဝါ ဒီကောင်တွေကို ကိုင်တယ်ဆိုတာ
မဖဲဝါ မမှားဘူးကွ တာတေရ အမှန်အတိုင်းပြောရရင်
ဒီလောက်ကိုင်တာပဲ ကျေးဇူးတင်ရမှာဟေ့ တကယ်က
ဒီကောင်တွေကို သေအောင်ကို ကိုင်ပစ်ရမှာကွ
တော်တော်ဆိုးတဲ့ကောင်တွေပါကွာ အသုဘပိုတဲ့
လူတွေဆိုတာ လမ်းဘေးဆင်းပြေးကြရတာ အဲဒီလောက်
ကိုရုပ်ပျက်ဆင်းပျက် ဖြစ်ကြတာပါကွာ။
ကဲ ဒီလိုလုပ် ဘကြီး အခုချက်ချင်း လူလွှတ်ပြီး
စီစဉ်လိုက်မယ် မင်း ဒီည လုပ်မယ်မို့လား
လိုတာသာ ဘကြီးကိုပြော"
"အမဲသား သုံးပိဿချက်နဲ့ ထမင်းက ဆန်တစ်ခွက်ချက်
ဒီလူတွေ ဘယ်နှစ်ယောက်လဲ အားလုံး ရေတစ်ခွက်စီနဲ့
ပန်းဝါတစ်ပွင့်ယူပြီး သင်္ချိုင်းထဲကို ကိုယ်တိုင်လိုက်
တောင်းပန်ရမယ်"
"စိတ်ချ ငါတူ ဘကြီး အားလုံးစီစဉ်မယ်"
ဟုတ်တယ်ဗျ ဘကြီးအပြင်ထွက်သွားတယ်
သိပ်မကြာဘူးဗျ ဘကြီးပြန်ရောက်လာတယ်
"တာတေရေ ခဏစောင့်ဟေ့ လာကြလိမ့်မယ်"
ဟုတ်တယ်ဗျို့။သိပ်မကြာဘူးဗျ မနေ့ကလာတဲ့
ဘိုးတော်ကြီးတွေနဲ့ လူခပ်ရွယ်ရွယ်တွေ ပါလာကြတယ်
အားလုံးကြမ်းပြင်မှာပဲ ဝိုင်းထိုင်လိုက်ကြတယ်
တစ်ချို့က ကိုယ့်ခေါင်းကို ကိုယ့်နှိပ်ထားကြတယ်
တချို့က ကိုယ်ဗိုက်ကို ကိုယ်နှိပ်ထားကြတယ်ဗျ
ပါးစပ်ကလည်း တကျွတ်ကျွတ်နဲ့စုတ်သတ်နေကြ
ရတာဗျို့။
ကဲ...တာတေရေ သူတို့ကို ပြောပြလိုက်ပါကွာ"
ဘကြီးက ကျုပ်ကိုပြောလို့ ကျုပ်က ကျုပ်ကို မဖဲဝါ
ပြောတာကို အကျဉ်းချုံးပြီး ပြောပြလိုက်တယ်
"ဟုတ်မယ်ဗျ အဲဒီနေ့က သင်္ချိုင်းမှာ ကိုကြီးကျော်
အလောင်းကိုမြေမြှုပ်နေတဲ့အချိန် ကျုပ်နားထဲမှာ
တောက်ခေါက်သံကြီးတစ်ချက် ကြားလိုက်ရတယ်ဗျ
ကျုပ်က ကျုပ်စိတ်ထဲ ထင်တာလို့ထင်ပြီး ဘယ်သူကိုမှ
မပြောခဲ့တာဗျ"
ကိုဖိုးထင်ဆိုတဲ့လူကပြောတာဗျ။ဒီလူက သင်္ချိုင်းဝင်ကာ
နီး ကိုကြီးကျော်ရဲ့အလောင်းထည့်ထားတဲ့ ခေါင်းကြီး
ပြုတ်ကျသွားတုန်းက ပြန်ကောက်တင်တဲ့အထဲမှာ
ဦးဆောင်တဲ့လူတဲ့ဗျို့။
ခြေထောက်မှန်းခေါင်းမှန်း မသိဘဲ အလောင်းစင်ပေါ်ကို
ထိုးတင်ပြီ သင်္ချိုင်းထဲကို အသုဘသွင်းတဲ့အချိန်မှာ
ခြေထောက်ဘက်က
မသွင်းဘဲ ခေါင်းနဲ့သွင်းလိုက်တဲ့လူတဲ့ဗျာ
"ဟုတ်တယ် ကိုထင် ကျုပ်လည်း တောက်ခေါက်သံ
ကြီးလိုက်တယ်
ကိုလူလှဆိုတဲ့လူကလည်း ဝင်ပြောတယ်ဗျ
"ဟာ ကျုပ်လည်း ကြားတယ်"
"ကျုပ်လည်းကြားတယ်"
"ကျုပ်လည်း ကြားတယ်"
ဟာ လက်သသတ်တော့ သင်္ချိုင်းထဲက တောက်ခေါက်သံ
ကြီးကို အသုဘထမ်းတဲ့လူတွေ အကုန်လုံးကြားလိုက်
ကြတာပဲ။
"သြော် လက်စသတ်တော့ မင်းတို့ကအားလုံး
ကြားခဲ့ကြတာကိုး။အဲဒါကို မင်းတို့က လူကြီးတွေကို
ပြန်မှမပြောကြဘဲ။တကယ်လိုသာ ပြန်ပြောရင် လူကြီး
တွေက ဝေဖန်ကြ စဉ်းစားကြမှာပေါ့ကွာ အဲဒါ
မဖဲဝါ မကျေနပ်တာပေါ့ကွ ဖိုးထင်ရဲ့"
ဘိုးတော်ကြီးတစ်ယောက်က အသံမာမာနဲ့ပြောတာဗျ
နောက်မှ ကျုပ်သိတာက အဲဒီဘိုးတော်ကြီးက ဖိုးထင်ရဲ့
အဖေဆိုပဲ။
ကျုပ်က နတ်ဝင်သည် တစ်ယောက်ပါ ခေါ်ခိုင်းလိုက်တယ်
မြို့ဆိုတော့လည်း နတ်ဝင်သည် ပေါတာပေါ့ဗျာ
ညရောက်တော့ ကျုပ် ထမင်းတောင်းထမ်းပြီး
သင်္ခ ျိုင်းထဲကိုဦးဆောင်ဝင်ခဲ့တယ်
ကိုဖိုးထင်လူစုက ကျုပ်နောက်က လိုက်ခဲ့တယ်
သူတို့နဲ့အတူတူ နတ်ကတော် ဒေါ်မြရှင် ဆိုတဲ့
မိန်းမပါ ပါလာတယ်
မြို့သင်္ချိုင်းဆိုတော့ အုတ်ဂူတွေလည်း ပေါတာပေါ့ဗျာ
အုတ်ဂူကြီးကြီးတစ်လုံးပေါ်မှာ ကျုပ်က ထမင်းပွဲပြင်ပြီး
နတ်ကတော် ဒေါ်မြရှင်ကို မဖဲဝါပင့်ဖို့ ပြောလိုက်တယ်
ပြီးတော့ ကျုပ်ကိုယ်တိုင်လည်းပင့်လိုက်တယ်။
ကိုဖိုးထင်တို့အုပ်စုက စုစုပေါင်းကိုးယောက်ဗျ
အုတ်ဂူနဲ့မလှမ်းမကမ်းမှာ ပန်းအဝါလေးတစ်ပွင့်နဲ့
သောက်ရေတစ်ခွက်ကိုင်ပြီး ယို့ယို့လေးတွေ ရပ်နေကြ
တာဗျ။ဟော...မဖဲဝါ ဝင်လာပြီ ဒေါ်မြရှင် အုတ်ဂူကြီး
ပေါ် ခုန်တက်ပြီး ထမင်းနဲ့အမဲသားကို အားရပါးရ
စားပြီဗျို့။မကြာပါဘူးဗျာ ထမင်းရော ဟင်းရော
တက်တက်ကိုပြောင်သွားတာဗျို့။
မဖဲဝါက ရေသောက်တယ် ပြီးတော့ လက်ဆေးတယ်။
"သင်္ချိုင်းရှင်မ မဖဲဝါဗျာ ကိုကြီးကျော် အသုဘချတုန်းက
အလောင်းပြုတ်ကျအောင် လိုက်ကစားမိတာ
သင်္ချိုင်းထဲ အလောင်းကိုခေါင်းနဲ့သွင်းမိတာ အသုဘကို
နောက်ပြောင်ပြောဆိုမိတာတွေအတွက် သင်္ချိုင်းရှင်မကြီး
ကို ပန်းအဝါတစ်ပွင့်စီနဲ့ သောက်ရေခွက်စီကိုင်ပြီး
တောင်းပန်ကြပါတယ်ဗျ ခွင့်လွှတ်ပေးပါ မဖဲဝါ နောက်
နောင်ကိုလည်း ဒီလိုမဖြစ်အောင် ဆင်ခြင်ကြပါမယ်ဗျာ"
မဖဲဝါက ကိုဖိုးထင်တို့ ကိုးယောက်ကို တစ်ချက်လှမ်းကြည့်ပြီး
လက်နဲ့သပ်ချသလို လုပ်လိုက်တယ်
ပြီးတာနဲ့ မဖဲဝါ ဒေါ်မြရှင်ရဲ့ ကိုယ်ထဲက ပြန်ထွက်သွားတယ်ဗျို့။
ကျုပ်လည်း ကိစြ္စပီးတာနဲ့ အားလုံးကိုခေါ်ပြီး
သင်္ချိုင်းထဲကနေ ခပ်သုတ်သုတ် ထွက်လာခဲ့တယ်ဗျို့..
နောက်နေ့မနက်မှာ ကိုဖိုးထင်တိုလူစုအားလုံးကောင်း
သွားကြပြီး ကျုပ်ကိုကျေးဇူးတင်ကြောင်းလာပြော
ကြတယ်ဗျ ကျုပ်လည်း ထနောင်းကုန်းပြန်ခဲ့တာပေ့ါဗျာ......၊၊
ပြီးပါပြီခဗျာ
စာ