တောင်တော်ဘုရင်မ(အပိုင်း၆)(end)

ဦးကြီးတော် ပြောတော့ ကျုပ် တော်တော်ပျော်သွားတာ ဗျ။ ကျုပ်တို့ လာတဲ့ခရီးက ဆုံးတော့မှာလေဗျာ။ ပြီးတော့ လူ မက နတ်တမျှ လှတယ်ဆိုတဲ့ ပန်ထွာဘုရင်မကို ကျုပ်တွေ့ရတော့ မှာပေါ့ဗျာ။ ပြောသလောက်ကော လှရဲ့လားဆိုတာ ကျုပ်က သိပ်သိချင်နေတာဗျ။ ကျုပ်မှာလည်းဗျာ မွေးကတည်းက ပါလာ တဲ့ စပ်စုတဲ့အကျင့်က ဖျောက်လို့ကို မရဘူးဗျ။

ကျုပ်တို့တွေ အင်ကြင်းပန်းရနံ့ကို ရှူရင်း အင်ကြင်းတော ကြီးထဲမှာ ခရီးသွားနေကြတာဗျ။

“ဟေ့ . . . ရပ်လိုက်ကြ””

အသံကြီးတစ်သံ ရုတ်တရက်ကြီး ထွက်လာတာဗျ။ အသံက ကျုပ်တို့ရှေ့ မလှမ်းမကမ်းက အင်ကြင်းပင်ကြီးပေါ်က ဘာဗျ။ မော့ကြည့်တော့လည်း ဘာမှ မတွေ့ဘူးဗျ။ လာတာ

““ရှေ့တိုးရင်တော့ အသက်ပေးရလိမ့်မယ်””

“မင်းက ဘယ်သူတုံး၊ ဘာဖြစ်လို့ မင်းကို မမြင်ရတာ

တုံး””

ဦးကြီးတော်က မေးလိုက်တော့ အင်ကြင်းပင်ပေါ်က ရယ်သံကြီး ထွက်လာတယ်ဗျ။

““ဟား၊ ဟား၊ ဟား၊ ဟား၊ ငါက ကိုယ်ပျောက်ကဝေလေကွာ၊ မင်းတို့ပညာလောက်နဲ့တော့ ငါ့ကို ဘယ်မြင်နိုင်မှာတုံး၊ မယ်ဝင်္ကလုပ်မယ့် အစီအစဉ်တွေကို မင်းတို့ ဖျက်ဆီးဖို့ လိုက်လာ ကြတာမို့လား၊ မင်းတို့ ဒီကနေ လှည့်ပြန်ရင် အသက်ရှင်မယ်၊ မပြန်ရင်တော့ ငါ မင်းတို့ကို သတ်ရလိမ့်မယ်၊ ဘယ်လိုလဲ၊ အေးအေးဆေးဆေး စဉ်းစား၊ တိုင်ပင်ကြ၊ ငါ့ကို တိုက်နိုင်ဖို့တော့ ဝေးရော၊ ငါ့ကို မြင်ဖို့တောင် မလွယ်ဘူး””

““မောင်တာတေ၊ ဒီကိုလာခဲ့””

လို့ ဦးကြီးတော်က ခေါ်တာဗျ။ ကျုပ်မြင်းကို ဦးကြီး တော်ရဲ့ မြင်းနားမှာ ကပ်ရပ်လိုက်တယ်။

“ခေါင်းမော့ လူလေး””

ကျုပ်က ဦးကြီးတော် ခိုင်းတဲ့အတိုင်း ခေါင်းမော့ပေး လိုက်တယ်။ ဦးကြီးတော်က သူ့ရဲ့ လက်ခလယ်နဲ့ ကျုပ်မျက်လုံး ကို ဆေးကွင်းသလို ကွင်းလိုက်တယ်။ နှစ်ဖက်စလုံးကို ကွင်းတာ ဗျ။ မျက်လုံးနှစ်ဖက်စလုံးကို ဆေးကွင်းသလို ကွင်းလိုက်တာ။

““မောင်တာတေ၊ အင်ကြင်းကိုင်းကြီးမှာ ထိုင်နေတဲ့ ကောင်ကို မြင်လား”

““ဟာ၊ မြင်ပြီ ဦးကြီးတော်၊ တူတော် မြင်ပါပြီ”

““ရော့... ဒီလှံကိုယူပြီး ထိုးချလိုက်ပေတော့””

ကျုပ်က မြင်းကို နောက်ဘက်လှည့်ပြီး နည်းနည်းဆုတ် လိုက်တယ်။ အင်ကြင်းပင်ပေါ်မှာ သစ်ကိုင်းမှာ ခြေထောက်ကြီး နှစ်ချောင်း တွဲလောင်းချပြီး ထိုင်နေတဲ့ ကိုယ်ပျောက်ကဝေဆိုတဲ့ လူက သူ့ကို ကျုပ်တွေ့နေတာကို သိပုံမပေါ်ဘူးဗျ။

“အေး၊ တိုင်ပင်ကြ၊ စဉ်းစားကြ၊ ပြီးရင် လှည်ပြန်သွား ကြတော့””

ခေါင်းကြီးကို အပေါ်မော့ပြီး ပြောတယ်ဗျ။ ကျုပ်လေ

ရုတ်တရက် မြင်းကို ဖနောင့်နဲ့ဆောင့်ပြီး ပြေးခိုင်းလိုက်တယ်။

မြင်းဖြူကြီးကလည်း ကျုပ် ဘာလုပ်မယ်ဆိုတာ သိနေပုံပဲဗျ။

အသကုန် ပြေးထွက်လိုက်တယ်။ ကျုပ်က အင်ကြင်းကိုင်းနဲ့

တစ်လံလောက်အလိုမှာ လှံနဲ့ ပစ်ထိုးလိုက်တယ်။

''အား''

ဦးကြီးတော်ရဲ့ လက်သုံးတော် လှံပျံက ကိုယ်ပျောက် ကဝေရဲ့ ရင်ဝကို တည့်တည့်စိုက်ဝင်သွားပြီး ကိုယ်ပျောက်ကဝေ အသံကုန် အော်တော့တာပေါ့ဗျာ။

““ဘုန်း””

ကျုပ်မြင်းက ခပ်လှမ်းလှမ်းအထိ ပြေးသွားပြီး ရပ်သွား တယ်။ ကျုပ် လှည့်ကြည့်လိုက်တော့ ကိုယ်ပျောက်ကဝေကြီးမြေပေါ်မှာ စန့်စန့်ကြီး ဖြစ်နေပြီဗျို့။ ရင်ဝမှာတော့ ကျုပ်ပစ်လိုက် တဲ့ လှံက တဆုံးကို စူးဝင်နေတာပေါ့ဗျာ။

ကျုပ်က မြင်းကို ပြန်လှည့်ပြီး ကိုယ်ပျောက်ကဝေရဲ့ ရင်ဝမှာ စိုက်နေတဲ့ လှံတံကို နှုတ်ယူလိုက်တယ်။ ကဝေသေ သွေးမထွက်တဲ့ဗျ။ ဒီလောက်အဆင့်မြင့်တဲ့ ကဝေတွေသေရင် သွေးမထွက်ဘူးဆိုတာ အမှန်ပဲဗျာ။ လှံသွားမှာ ဘာသွေးမှ စွန်း မနေဘူးဗျ။

ကျုပ်က ဦးကြီးတော်ရဲ့ လှံတံကို ပြန်ပေးလိုက်တယ်။ ဦးကြီးတော်က ကျုပ်မျက်လုံးတွေကို လက်နဲ့ပွတ်ပြီး ဖျက်ပေး လိုက်တယ်။

66 ‎‫وو‬‎ ဟာ

ကိုယ်ပျောက်ကဝေကြီး ကိုယ်မှ မပျောက်တော့ပဲဗျ။ ဒီအတိုင်းကို မြင်နေရတာပဲ။

ဘိုးလူပေက ကဝေကြီးကို သေသေချာချာကြည့်ပြီးမှ ပြောတာဗျ။

““ကဝေလောကမှာ ကိုယ်ပျောက်တဲ့ ဗိုလ်တောက်ဆိုတာ နာမည်တော်တော်ကြီးတာ နောင်တော်ဘုရား၊ ဒါ ဗိုလ်တောက်ပဲ၊ တပည့်တော်တော့ ဒီခရီးမှာ တာဝန်တွေ တော်တော်ပြီးသွားပြီနောင်တော်””

““ဟုတ်ပေတာပေါ့၊ ဒါတွေဟာ မောင်လူပေ နှိမ်နင်းရ မယ့် ကဝေတွေပဲလေ””

ကျုပ်တို့တွေ ကိုယ်မပျောက်တော့တဲ့ ဗိုလ်တောက် အလောင်းပေါ်ကကျော်ပြီး ခရီးဆက်ခဲ့ကြတယ်။ သိပ်မကြာဘူး ဗျ။ တောင်ထိပ်ကို ရောက်လာတာ။ တောင်ထိပ်ရောက်တော့ ဦးကြီးတော်က အရှေ့ဘက်ကို လှမ်းကြည့်တယ်။

“ဟော...တွေ့ပြီ၊ ဟိုတောင်ဟာ ဘုရင်မတောင်ပဲ မောင်လူပေရဲ့၊ ဒီတောင်ကဆင်းပြီး ပြန်တက်ရင် ဘုရင်မတောင် ပဲပေါ့၊ ဘုရင်မတောင်က အလယ်ကကွဲ့၊ ဘေးမှာက တောင်လေး လုံးရံထားတာ၊ အင်ကြင်းတောင်၊ ကံ့ကော်တောင်၊ သရဖီတောင်နဲ့ ဂမုန်းတောင်တွေက ဝိုင်းရံထားကြတာပေါ့ကွယ်၊ အင်ကြင်း တောင်ဆိုတာက ဒီတောင်ပဲလေ၊ တစ်တောင်လုံး အင်ကြင်းပင် တွေချည်း ပေါက်တာကွဲ့၊ ဒီလိုပဲ ကံ့ကော်တောင် ဆိုတာက ကံ့ကော်ပင်တွေ တစ်တောင်လုံး ပေါက်တာ။ သရဖီတောင် ဆို တာက တစ်တောင်လုံး သရဖီပင်တွေ ဖုံးနေတာ။ ဂမုန်းတောင် ဆိုတာကလည်း တစ်တောင်လုံး ဂမုန်းပင်တွေ ပေါက်တာကွဲ့။ ဒီတောင်လေးလုံးရဲ့ အလယ်ကတောင်က ဘုရင်မတောင်ပေါ့၊
ပန်ထွာဘုရင်မ စံမြန်းတဲ့ တောင်ပေါ့ကွယ်၊ ပိဿနိုးမှာ စံမြန်း သလိုပါပဲ၊ ကိုယ်ရံတော်တပ်နဲ့ ရံရွေတော်တွေနဲ့ပေါ့၊ ဘုရင်မ ထုံတစ်ခါ ကူးရင် ရံရွေတော်တွေလည်း အသက်တစ်ခါ ထပ်ရှည် သွားကြတာပဲကွဲ့””

“တယ်လည်း ထူးဆန်းပါလား ဦးကြီးတော်ဘုရားရယ်”” ကျုပ်က မနေနိုင်တော့ဘဲ ပြောလိုက်မိတာဗျ။

“တကယ်တော့ မထူးဆန်းပါဘူး လူလေးရယ်၊ လောက ကြီးမှာ ကိုယ်မသိတာတွေက များလွန်းနေလို့သာ ထူးဆန်းတယ် ထင်ကြတာပါ၊ သိသွားရင်တော့ ဘာမှမထူးဆန်းပါဘူး လူလေး မောင်တာတေ””

ကျုပ်ကတော့ အင်ကြင်းတောင်ထိပ်ကနေ လှမ်းမြင်နေရ တဲ့ ဘုရင်မတောင်ကို လှမ်းကြည့်ရင်း ပန်ထွာဘုရင်မကို မြင်ချင် စိတ်တွေ ဖြစ်နေတော့တာပေါ့ဗျာ။

ဒါပေမဲ့ ဘုရင်မတောင်ပေါ်ကနေ ကဝေမကြီး မယ်ဝင်္က က စောင့်နေမှာကို တွေးမိတော့လည်း ကြက်သီးတွေ တဖျန်းဖျန်း ထသွားရောဗျို့။ ကျုပ်တို့ ခရီးဆက်ခဲ့ကြတယ်။ အင်ကြင်းတောင် အဆင်းလမ်းကိုရောက်တော့ ခပ်ပြေပြေပဲ ဆင်းခဲ့ရတာဗျ။ ဘုရင်မ တောင်ကို စတက်တော့ ဘုန်းကြီးတွေ ဆွမ်းစားချိန်လောက် ရှိပြီဗျ။ ဘုရင်မတောင် မတက်ခင်မှာ ကျုပ်နဲ့ ဘိုးလူပေက ရိက္ခာ ထုပ်ဖြည်ပြီး နည်းနည်းစီ စားလိုက်ကြတယ်။ ဘုရင်မတောင်ခြေ က စမ်းချောင်းလေးမှာ မြင်းတွေကိုလည်း ရေတိုက်ပြီး အစာကျွေး လိုက်သေးတယ်။ ဦးကြီးတော်ကတော့ စမ်းချောင်းဘေးက ကျောက်တုံးကြီးတစ်တုံးပေါ်မှာ အေးအေးဆေးဆေးပဲ ထိုင်နေတာဗျ။

စမ်းချောင်းလေးဘေးမှာ ခဏနားပြီး ကျုပ်တို့တောင်ပေါ် ကို စတက်ခဲ့ကြတယ်။ ဘုရင်မတောင်တစ်တောင်လုံး ပန်းမျိုးစုံ ပွင့်နေလိုက်ကြတာဗျာ။ တစ်တောလုံးကို မွှေးနေတာဗျို့။ ကံ့ကော်၊ သရဖီ၊ ရင်ခတ်ပန်း၊ အင်ကြင်းပန်း၊ ဂမုန်းပန်း၊ အို...စုံနေတာပါ ပဲဗျာ။ အရောင်တွေကလည်း အစုံဗျ။ အနံ့တွေကလည်း အစုံပေါ့ ဗျာ။ ကျုပ်ဆိုတာ ပန်းပေါင်းစုံအနံ့ကို ရှူရှိုက်လိုက်ရတော့ ရင်ထဲ မှာ ရွှင်လန်းသွားတာပါပဲဗျာ။

“ဘုရင်မရဲ့ ဘုန်းကံကြောင့် ဒီတောင်မှာ ပန်းမျိုးစုံ

ပေါက်ကြတာကွဲ့၊ ပြီးတော့ ရာသီလိုက်ပန်းတွေ အမြဲပွင့်နေတော့

ဒီတောင်ဟာ အမြဲမွှေးနေတာ မောင်လူပေရဲ့””

ဦးကြီးတော်က ဘိုးလူပေကို ပြောပြတယ်။ ကျုပ်ကတော့ ပန်ထွာဘုရင်မကို မြင်ချင်၊ တွေ့ချင်၊ဖူးချင်လှပြီပေါ့ဗျာ။ ဘုရင်မတောင်ကို တဖြည်းဖြည်း တက်လာခဲ့ ကြတာ တောင်ခါးပန်းကိုတောင် ရောက်ပြီဗျ။

"ဝီ၊ဝီ၊ဝီ၊ဝီ၊ဝီ"

ကျုပ်တို့ခေါင်းပေါ်က “ဝီ၊ ဝီ၊ ဝီ၊ ဝီ” အသံတွေကြားလို့ မေ့ာကြည့်လိုက်မိတယ်။ ဟာ...လင်းတကြီးတွေဗျို့၊ ဆယ်ကောင် လောက် ရှိမယ်၊ ကျုပ်တို့အပေါ်မှာ ဝဲနေကြတာဗျ။

““အင်း . . . ဇာတ်လမ်းတော့ စလာပြီ၊ မောင်တာတေရေ”” ဘိုးလူပေက ပြုံးပြီး ကျုပ်ကို ပြောလိုက်တာဗျ။

““ဟုတ်တယ် ဆရာကြီးရေ၊ လင်းတကြီးတွေမှ နည်းတဲ့ အကောင်ကြီးတွေ မဟုတ်ဘူးဗျို့””

““မယ်ဝင်္ကကြီးရဲ့ လက်ပါးစေတွေပေါ့ကွယ်၊ သေတွင်း တူးဖို့ရောက်လာကြတာတွေလေ၊ ပန်ထွာဘုရင်မအတွက် ဒီလောက် အရေးကြီးနေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ညှာနေလို့ မရဘူး မောင်တာတေရေ၊ အချိန်လည်း ကြာကြာမပေးနိုင်ဘူးကွယ်၊ မြန် မြန်တိုက် မြန်မြန်ရှင်းပစ်ရတော့မှာကွဲ့၊ ဟော ပြောရင်းဆိုရင်းနဲ့ ဆင်းလာကြပြီဟေ့””

ဟုတ်ပါ့ဗျာ။ လင်းတကြီးတွေက ကျုပ်တို့သွားမယ့်လမ်း မှာ ဆင်းလာကြတာဗျ။ အားလုံး ဆယ်ကောင်။ မြေကြီးနဲ့ ထိလိုက်
တာနဲ့ လူပုံစံပြောင်းသွားပြီး ကျုပ်တို့ကို တိုက်ဖို့ လုပ်ကြတော့တာ খ"

““ကဲ လာခဲ့ကြ၊ မသာလောင်းတွေ၊ ဒါ ဘုရင်မတောင် မဟုတ်ဘူး၊ အခုကစပြီး သေမင်းတောင် ဖြစ်သွားပြီဟေ့””

ဘိုးလူပေက ရှေ့ကို ထွက်သွားတယ်။ ပြီးတော့ မြင်း ပေါ်က ဆင်းလိုက်တယ်။ ကျုပ်လည်း မြင်းပေါ်ကဆင်းပြီး ဘိုးလူ ပေနောက်မှာ အသာလေး ရပ်နေလိုက်တယ်။

““ဟိုနောက်က ကလေးကို ဝေးဝေးသွားနေခိုင်းလိုက်၊ ဒီကလေးပါရောပြီး မသာပေါ်သွားမယ်””

ကျုပ်ကိုပြောတာဗျို့။ ကျုပ်ကို ကလေးဆိုပြီး တိုက်ပွဲမှာ မပါဖို့ ဖယ်ခိုင်းနေတာ။

“ဟဲ့ ကောင်မတွေ စကားမရှည်နဲ့၊ ထုတ်လိုက်စမ်း နင်တို့စက်တွေ””

ဘိုးလူပေ ပြောလိုက်တော့ စုန်းမတွေ ဒေါသဖြစ်သွားပြီး အံတွေကြိတ်လိုက်ကြတယ်ဗျို့။ ဒီတော့မှ ပါးစပ်ထဲက စက်တွေ ထွက်လာတာကိုး။ စက်တွေက အရောင်တော်တော်ကို တောက် တာပဲဗျာ။ ဒီစုန်းမတွေရဲ့ ပညာအဆင့်က မနိမ့်ဘူးဆိုတာ စက် ရောင်ကြည့်တာနဲ့ သိတယ်ဗျ။ စက်တွေက ဆယ်ယောက်ဆီကဆယ်ခု ထွက်လာတာဗျို့။ ဟော...ဘိုးလူပေဆီကို စက်ဆယ်စုံ ဖြန့်ပြီး ဝင်လာပြီဗျို့။ ဘိုးလူပေက ရှေ့ကို ခြေနှစ်လှမ်းလောက် တိုးပြီး သူ့လက်ဝါးနဲ့ စက်တွေကို ဆောင့်တွန်းသလို လုပ်လိုက် တာ။ ဘိုးလူပေရဲ့ လက်ဖဝါးထဲက လင်းကနဲ အရောင်တွေ ထွက်သွားပြီး စုန်းမတွေရဲ့စက်ကို သွားတွန်းတော့တာဗျို့။ “

“ဝုန်း”” ““ဝုန်း”” ““ဝုန်း””

အသံတွေမှ တဝုန်းဝုန်း မြည်သွားတာဗျို့။ စုန်းမတွေ လည်း နောက်ဘက်ကို ခြေလှမ်းသုံးလှမ်းလောက် လွင့်ထွက်သွား ကြတာဗျို့။

““ဟဲ့ မယ်စာတို့၊ မယ်ခါတို့၊ မယ်ဝါတို့ ဒီမသာစက်က ပြင်းတယ်ဟဲ့၊ ဆယ်ယောက်ပေါင်းလိုက်ကြစမ်း””

စုန်းမတွေ တစ်ယောက်ပခုံး တစ်ယောက်ကိုင်ပြီး စက် ဆက်လိုက်ကြတယ်ဗျို့။ ပြီးတာနဲ့ စက်တွေ လွှတ်ကြတယ်။ စက်တွေက ဆယ်ခုပေါင်းပြီး တော်တော်ကို အရောင်တောက် သွားတယ်ဗျို့။ စောစောက တစ်ယောက်ချင်း လွှတ်တာထက် ဆယ်ဆပိုပြီး အရောင်တောက်သွားတာဗျ။ အားကလည်း စောစော ကထက် ဆယ်ဆပိုမှာပဲလို့ ကျုပ်ထင်တယ်။ ကျုပ်ထင်သလိုပဲ ဦးကြီးတော်လည်း သိတယ်ဗျ။ သူ့ရဲ့ လှံတံက အနီရောင်စက်တန်းကလေးသုံးခု ထွက်သွားပြီး စုန်းမဆယ်ယောက်ပေါင်းစက်ကို အပိုင်းပိုင်း ဖြတ်လိုက်တယ်။ ဒီအချိန်မှာ စုန်းမတွေ ဒယီးဒယိုင် ဖြစ်ကုန်ရောဗျို့။ အချိန်ကောင်းကို စောင့်နေတဲ့ ဘိုးလူပေက လက်ထဲမှာ ကိုင်ထားတဲ့ အင်းနဲ့ ပြေးပြီးပေါက်ချလိုက်တယ်။

““အုန်း””

ဟာ.. .မီးခိုးလုံးကြီး ထသွားတာဗျို့။ ကျုပ် သိတာပေါ့ ဗျာ။ ဘိုးလူပေ ပစ်တာ ကဝေစက်ဖြတ်အင်းဗျ။ ဒါပေမဲ့ ဦးကြီး တော် လွှတ်ထားတဲ့ စက်အနီရောင်လေးတွေနဲ့ တွေ့တော့ အား တွေ အဆမတန်ကောင်းသွားပြီး စုန်းမတွေရဲ့ စက်တွေကို ဖျက်ဆီး ပစ်လိုက်တာပေါ့ဗျာ။ မီးခိုးငွေ့လို အခိုးအငွေ့တွေ ပျယ်သွားတော့ စုန်းမကြီးတွေ စန့်စန့်ကြီးတွေ လဲနေကြပြီဗျို့။ လှုပ်လည်း မလှုပ် တော့ဘူး။ စောစောက ရပ်နေတဲ့နေရာကနေ နောက်ကို သုံးလံ လောက်ကို လွင့်သွားကြတာဗျ။ အသက်ရှိသေးလား၊ ပွဲချင်းပြီးပြီ လားတော့ ကျုပ်လည်း မသိဘူးဗျ။ ဒါကြောင့် မြင်းပေါ် ပြန်တက် ပြီး ရှေ့ဆက်ထွက်လာတော့ ကျုပ်က မြင်းပေါ်ကနေပြီး စုန်းမကြီး တွေ အသက်မှ ရှိသေးရဲ့လားလို့ သေသေချာချာ ငုံ့ကြည့်တာဗျ။

““ကြည့်မနေပါနဲ့ မောင်တာတေရယ်၊ အားလုံး ကိစ္စတုံး သွားပါပြီ၊ ပထမံစက်ဖြတ်အင်းနဲ့ ပထမံစက်အနီရောင်နဲ့ ပေါင်းသွားမှတော့ စုန်းအဆင့်က ဘယ်ခံနိုင်မှာတုံးကွယ်””

ဘိုးလူပေက ကျုပ်ကို ပြောတာဗျ။ ဦးကြီးတော်ကတော့ ဘာမှမပြောဘဲ တောင်ပေါ်ကို ဆက်တက်သွားတယ်။ တောင်ပေါ် ကို တော်တော်လေးတက်မိတဲ့အထိတော့ ဘာမှထပ်ပြီး မတွေ့ရ ဘူး။

''ဟားဟားဟားဟား''

ဟာ...ရုတ်တရက်ကြီး ပေါ်လာတဲ့ ရယ်သံကြီးဗျ။ ကျုပ်ဆိုတာ လန့်ပြီး ကြက်သီးတွေတောင် ထလို့ဗျာ။ ဟာ... သစ်ကိုင်းမှာ ခြေထောက်နှစ်ဖက် ချိတ်ပြီး ဇောက်ထိုးကြီး လုပ်နေ တာဗျ။

““ငါ့မယားတွေကို ကိစ္စတုံးပစ်ခဲ့တဲ့ကောင်၊ မင်းကို ငါ သတ်မယ်ဟေ့၊ ငါ့နာမည် ကဝေဇောက်ထိုးတဲ့ကွ၊ မသိရင် မှတ်ထား၊ ကဲ ရော့၊ ခွေးမသား ဆရာစုတ် သေစမ်းကွာ””

ဟာ...ပစ်ပြီဗျို့။ ကဝေဇောက်ထိုးက လက်ထဲကနေ ပစ်တာဗျ။ သူ့စက်က လှံသွားလို ပျံဝင်လာတာ။ တခြားစုန်းတွေ ကဝေတွေ စက်လွှတ်တာနဲ့ မတူဘူးဗျ။ လှံနဲ့ပစ်သလို ပစ်တာ။ ဘိုးလူပေက လက်ဝါးနဲ့ ဆီးတွန်းလိုက်တယ်။

““ဝုန်း””

ကဝေစက်က လမ်းမှာတင် ပေါက်ကွဲသွားတယ်။ “ဝှစ်" ဝှစ်" 66

ဟာ. . . ကဝေဇောက်ထိုးက စက်တွေကို လှံပစ်သလို ဆက်တိုက်ပစ်တာဗျ။ ဘိုးလူပေကလည်း သတိတစ်ချက် မလစ် ဘဲ တွန်းထုတ်နေရတာဗျို့။

““မောင်တာတေ၊ ရော့ လူလေး၊ အချိန်ကောင်းစောင့်ပြီး လုပ်””

မှ ဦးကြီးတော်က ကျုပ်ကို သူ့ရဲ့ လှံတံအပ်တယ်။ ကျုပ်က မြင်းပေါ်က အသာလေး ဆင်းလိုက်ရတာပေါ့ဗျာ။ ကဝေက ကျုပ်ကို မမြင်ဘူးဗျ။ ဘိုးလူပေကိုပဲ မဲပြီးတိုက်နေတာဗျ။ ကျုပ် က သစ်ပင်မှာ ဇောက်ထိုးဆွဲပြီး ဘိုးလူပေနဲ့ တိုက်နေတဲ့ ကဝေ မမြင်အောင် သစ်ပင်နောက်မှာ ကွယ်နေလိုက်တယ်။ ပြီးတော့ နောက်ထပ် သစ်ပင်တစ်ပင်ရဲ့နောက်ကို အသာလေး ပြေးကပ် လိုက်တယ်။ ဒီအပင်က ကဝေဇောက်ထိုးနဲ့ အနီးဆုံးပဲဗျ။ ကျုပ်ကို ကဝေက လုံးဝမမြင်ဘူး။ ဘိုးလူပေကိုပဲ မဲနေတာဗျ။ ကျုပ်က အချိန်ကောင်းကို စောင့်နေတယ်။ ဟော ကဝေက စောစောက လှံလိုပစ်တဲ့ စက်တွေ မထုတ်တော့ဘူးဗျ။ ပါးစပ်ထဲက စိမ်းဝါဝါ စက်တွေ ထုတ်လိုက်တယ်။ ဘိုးလူပေကို ပွဲသိမ်းတိုက်ဖို့ ပြင်တာ​ေပေါ့ဗျာ။ ဘိုးလူပေကလည်း အင်တစ်ချပ်ကို လွယ်အိတ်ထဲက ထုတ်ပြီး ကိုင်လိုက်တာ ကျုပ် တွေ့လိုက်တယ်ဗျ။

ဟော...ကဝေစက်တွေ ထွက်လာပြီဗျို့။ ဘိုးလူပေဆီကို အလုံးလိုက် ထိုးဝင်ပြီဗျာ။ အရောင်တွေမှ ဝင်းကနဲ ဝင်းကနဲ နေတာဗျို့။

ဟာ...ပစ်ပြီဗျို့၊ ပစ်ပြီ။ ဘိုးလူပေ ပစ်လိုက်ပြီ။

““ဝုန်း””

ဘိုးလူပေ ပစ်တဲ့ အင်းဒဏ်ကို ကဝေရဲ့စက်က မခံနိုင် ဘူးဗျ။ လမ်းလယ်မှာတင် ပေါက်ကွဲသွားတယ်။ ဟာ...ကဝေ ဇောက်ထိုးကြီးလည်း ရမ်းခါထွက်သွားပြီဗျို့။ ဒါအချိန်ကောင်းပဲ လေဗျာ။ ကျုပ် ပြေးထွက်ပြီး ကဝေရဲ့ ရင်ညွန့်တည့်တည့်ကို လှံသွား ထိုးသွင်းလိုက်တယ်။

''အား''

ပထမံစက်တွေ လှံသွားထဲကနေ ကဝေရဲ့ကိုယ်ထဲကို ဝင်သွားတယ် ထင်တယ်ဗျ။ ကဝေဇောက်ထိုးကြီး အသံနက်ကြီးနဲ့ ကြုံးအော်လိုက်ရောဗျို့။

““ဘုန်း””

ဟာ. . . မြေကြီးပေါ်ကို ပြုတ်ကျသွားပြီဗျို့။ ကဝေဇောက်ထိုးဆိုတဲ့ အကောင်ကြီး ဆန့်ငင် ဆန့်ငင် ဖြစ်ပြီးတော့ ငြိမ်သွားပြီ খা"

ကျုပ်က လှံတံကို ဆွဲနှုတ်ပြီး ကြည့်လိုက်တယ်။ သွေး တစ်စက်မှ ပေနေတာ မရှိဘူးဗျို့။

“မောင်တာတေ မြန်မြန်လာ၊ ငရဲမီးတောက် တောက် တော့မယ်””

ဘိုးလူပေက ကျုပ်ကို လှမ်းအော်တာဗျ။ ကျုပ်ကြည့် လိုက်တော့ ဟုတ်တယ်ဗျို့။ ကဝေကြီးရဲ့ တစ်ကိုယ်လုံး မီးခိုးတွေ ထွက်နေပြီ။

“ဝုန်း”” 66

ဟော...မီးတွေထတောက်ပြီဗျို့။ ဒါ ငရဲမီးတောက်ကြီး ဗျ။ အဝီစိက တက်ပြီးလောင်တာ။ အကုသိုလ် အင်မတန်များတဲ့ ကဝေတွေ သေရင် ဒီအတိုင်းချည်းပါပဲဗျာ။

ကျုပ်တို့ တောင်ထိပ်ကိုရောက်တော့ နေဝင်တော့မယ်ဗျ။ တောင်ထိပ်ကြီးက အကျယ်ကြီးပဲဗျ။ မြေကွက်လပ်ကြီးပဲ။ ထူး ဆန်းတာက မြေကွက်လပ်တစ်ခုလုံး ပြောင်ရှင်းနေတာဗျို့။ အမှိုက် တစ်စ မြက်တစ်ပင်တောင် မရှိဘူးဗျ။ ကျုပ်စိတ်ထင်တော့ တောင်ထိပ်ဟာ ဆယ်ဧကလောက်တောင် ကျယ်မယ်လို့ ထင်တယ်ဗျ။ တကယ်တော့ ဘုရင်မတောင်ကြီးက အကြီးကြီးပဲကိုး။ ကျုပ်က တက်လာတဲ့လမ်းလေးကိုပဲ မြင်တာလေ။ တောင်ထိပ် ရောက်တော့မှ နည်းတဲ့အကျယ်အဝန်းကြီးမှ မဟုတ်တာဗျာ။ အဲဒီ အကျယ်အဝန်းကြီးတစ်ခုလုံး သန့်ပြန့်ပြီး ပြောင်ရှင်းနေတာကို ကျုပ် အံ့သြနေတာဗျ။

““ကဲ နားကြပေတော့ကွယ်၊ မယ်ဝင်္ကလည်း ဒီတောင် ပေါ်မှာ ရောက်နေမှာပါ၊ ဒါပေမဲ့ အချိန်လိုသေးလို့ တက်မလာ သေးတာပဲဖြစ်မယ်””

ကျုပ်တို့ရော မြင်းတွေရော သစ်ပင်ရိပ်မှာ နားနေကြ

တယ်။ မြင်းတွေကတော့ လမ်းမှာ ရေတိုက်လာလို့ ဆာတဲ့ပုံ

မပေါ်ဘူးဗျ။ ကျုပ်လည်း လမ်းမှာတင် စားလာလို့ ဗိုက်မဆာပါ

ဘူး””

ညရောက်တော့ လက ထိန်နေအောင် သာတာဗျ။ လပြည့် ညရဲ့ အလှက ဘုရင်မတောင်ပေါ်မှာ မေ့ရက်စရာမရှိအောင်ကို လှနေတာပါဗျာ။

““ညသန်းခေါင်မှာ အလုပ်လုပ်ရလိမ့်မယ်၊ အချိန်ကပ်နေ ပြီ၊ မောင်လူပေ သတိထားပေတော့””

ဦးကြီးတော် ပြောတော့ ဘိုးလူပေရော ကျုပ်ရောင်ကောင်းကင်ကို မော့ကြည့်တယ်။ လမွန်းတည့်တော့မယ်။ ကျုပ်က လပြည့်ဝန်းကြီးကို မော့ကြည့်ရင်း အေးမြတဲ့ အရသာကို ခံစားနေမိတာပေါ့ဗျာ။ ““အုန်း””

ဟာ...တောထဲက မြည်တဲ့အသံဗျ။

“ဝေါ”” ““ဝေါ”” ““ဖျောင်း”” ““ဖျောင်း””

“အုန်း

66

“ဖျောင်း”” ““ဖျောင်း”” ““ခွပ်” “ခွပ်” 66

“ဟာ...ဘာသံကြီးတွေတုံး ဆရာကြီးရဲ့””

ကျုပ်က ဘိုးလူပေကို မေးတာဗျ။ ဒါပေမဲ့ ဘိုးလူပေ လည်း သိပုံမရဘူး””

““လူလေး အဲဒါ ကုမုဒြာကြာပန်းတွေ ပွင့်တာကွဲ့၊ အခုလို

လမွန်းတည့်ချိန်မှာ မြေကြီးထဲကနေ ကွဲထွက်ပြီး ပွင့်တာ။ အသံ

တွေက တိရစ္ဆာန်တွေ အလုအယက် ပြေးပြီးသွားကြတာကွဲ့၊

အဲဒီကြာပန်းကို အလုအယက် သွားပြီးရှာကြတာ၊ တွေ့ရင် ဝိုင်းလု

ပြီး စားကြတယ်၊ သူတို့အတွက်ကတော့ မသေဆေးပေါ့ကွယ်၊

အင်မတန်ထူးတဲ့ ဆေးမြတ်ပေါ့””

“အုန်း''

““ဟော... ပွင့်ပြန်ပြီ၊ သုံးပွင့် ရှိသွားပြီပေါ့ကွယ်””

ဒီတုန်းမှာပဲ ကျုပ်မျက်စိထဲမှာ နန်းဆောင်ကြီးတစ်ခု လေထဲကနေ ပေါ်လာတာကို မြင်နေရတာဗျ။ ကျုပ်က ကျုပ်စိတ် ထင်နေတာမှတ်လို့ ကြည့်နေတာ။

“လူလေး မောင်တာတေ၊ တော်တော်ကို အံ့သြနေပါ  လား၊ ဒါ ဘုရင်မ စံမြန်းတဲ့ နန်းဆောင်ကြီးလေကွယ်၊ ဘုရင်မ ထုံကူးတာ နှစ်စေ့သွားလို့ ပြန်ပေါ်လာတာကွဲ့၊ ဘုရင်မ ထုံကူးနေ တဲ့အချိန်မှာ အလိုလို ပျောက်နေတာလေ””

“ဪ...ဒီမြေကွက်လပ်ကြီးက နန်းတော်ကုန်းကြီး ကိုး”

““ဟုတ်ပေတယ် လူလေး၊ ဒီမြေကွက်လပ်ကြီးက နန်း တော်ရာကြီးပေါ့၊ ပျောက်နေလို့ မြေကွက်လပ်ကြီးပဲ မြင်နေရတာ

ဟုတ်တာပေါ့ဗျာ။ နန်းဆောင်ကြီး ပေါ်လာတော့မှပဲ မြေကွက်လပ်ကြီး ပျောက်သွားတော့တာဗျ။ ကျုပ်တို့ရောက်နေတဲ့ နေရာက နန်းဆောင်ကြီးရဲ့ ရှေ့မျက်နှာစာက ဝင်ပေါက်မှာဗျ။

““ငါလာပြီဟေ့၊ မယ်ဝင်္ကတဲ့၊ မဆိုင်တဲ့သူတွေ ရှောင်ကြဟဲ့၊ ရှားကြဟဲ့၊ ဝင်္က လာပြီ၊ မကြာခင် ဝင်္ကက ပန်ထွာဖြစ်တော့ မှာဟေ့၊ ဟား၊ ဟား၊ ဟား””

ဟာ...မယ်ဝင်္ကကြီး တောင်ထိပ်ကို တက်လာပြီဗျို့။ ဟာ... ဆံပင်ဖားလျားကြီးနဲ့ဗျာ၊ ရုပ်ဆိုးဆိုး မိန်းမကြီးဗျ။ ထဘီ အနက်၊ အင်္ကျီအနက်ကြီး ဝတ်ထားတာ ကြောက်စရာကြီးပါဗျာ။

“ဟဲ့ ... ဒါ ဘယ်ကအကောင်တွေလဲ၊ ဘာလာရှုပ်တာ တုံး၊ သေသွားချင်လို့လား””

ဘိုးလူပေက ရှေ့ကို ထွက်သွားတယ်။

“အောင်မာ မလောက်လေး မလောက်စားကောင်ကများ ငါ့ကို စမ်းချင်သေးတယ်၊ လမ်းမှာ ငါချထားခဲ့တဲ့ အကောင်တွေ၊ ကောင်မတွေကို ကိစ္စတုံးပစ်ခဲ့ပြီး ငါ့ဆီ ရောက်လာနိုင်တယ်ဆို တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်အထင်ကြီးနေကြတယ်ထင် တယ်၊ ကဲ လာ စမ်းကြည့်လေ၊ မဝင်္ကရဲ့ စက်မျိုး မြင်ဖူးသလား ဆိုတာ စမ်းကြည့်လိုက်ဟေ့””

ပြောပြောဆိုဆိုနဲ့ ကဝေမကြီးက မျက်စိတွေရော၊ နားရွက် တွေထဲကရော၊ ပါးစပ်ထဲကရော စက်တွေ ထွက်လာတာဗျို့။ အဲဒီစက်တွေပေါင်းပြီး တစ်ခုတည်း ဖြစ်သွားတာဗျ။ လှံတံကြီး တစ်ခု ထိုးသလို ဘိုးလူပေဆီကို တန်းပြီးဝင်လာတာဗျို့။ ဘိုးလူပေက လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်တာ လက်ကနဲ လက်ကနဲနဲ့

စက်တွေ ထွက်လာတာဗျို့။ မယ်ဝင်္ကရဲ့ စက်တွေကို ဘိုးလူပေက

သူ့စက်နဲ့ ဆီးပြီးတွန်းခံတယ်။ ဘိုးလူပေလက်ကထွက်တဲ့ စက်က

ရှေ့နှစ်လံကွာလောက်အထိ ထွက်သွားပြီ မဝင်္ကရဲ့ စက်တန်းကြီး

ကို တွန်းထားတယ်။ ဘိုးလူပေ တော်တော်ကို တောင့်ခံနေရတာ

ဗျ။ မယ်ဝင်္ကလည်း ဘိုးလူပေစက်ကို တောင့်ခံနေရတာပဲဗျ။

ဘိုးလူပေက နောက်ကို ခြေတစ်လှမ်း ဆုတ်သွားလိုက်၊ မယ်ဝင်္က

က နောက်ကို ခြေတစ်လှမ်း နှစ်လှမ်း ရွေ့သွားလိုက်နဲ့ စက်တွေ

တွန်းနေကြတာ။

““မောင်တာတေ၊ ဒီလှံကိုကိုင်၊ စက်ပေါ်က တက်ပြေး ပြီး ကဝေမကို ရှင်းပစ်လိုက်””

ဦးကြီးတော်က သူ့လှံတံကို ကျုပ်ကို လှမ်းပေးတယ်။ ဒီတစ်ခါတော့ ဦးကြီးတော်ရဲ့ လှံသွားလေး သုံးချောင်းမှာ လိမ္မော် ရောင် စက်တန်းလေး သုံးခု ထွက်နေတယ်ဗျ။ ဒါပေမဲ့ ကျုပ်က စက်ပေါ်ကို ဘယ်လိုတက်ရမှန်းမသိ ဖြစ်နေတာပေါ့ဗျာ။

“မောင်တာတေ သတိထား””

လို့ ဦးကြီးတော်က ပြောပြီး ကျုပ်ကို ချိုင်းနှစ်ဖက်က မပြီး စက်ပေါ်တင်ပေးလိုက်တယ်။ ဟုတ်တာပေါ့ဗျာ။ ကျုပ်တို့လမ်းမှာ တွေ့ခဲ့တဲ့ ဘွားအုံကြီး ပြောတဲ့အတိုင်းပဲဗျ။ မဝင်္ကရဲ့ စက်က စက်အမာပဲဗျာ။ သစ်သားပြားကြီး ခင်းထားသလိုကို မာနေတာဗျ။ ကျုပ်က စက်ပေါ်ကနေ ပြေးသွားပြီး စက်အဆုံးက မယ်ဝင်္ကရဲ့ ရင်ညွန့်ကို လှံသွားဆောင့်ထိုးလိုက်တယ်။ လှံသွားက တစ်ဆုံးကို ဝင်သွားတာဗျို့။

“အား”

မယ်ဝင်္ကရဲ့ အသံနက်ကြီးနဲ့ အော်တဲ့အသံကြီးက ဘုရင်မ တောင်ပေါ်မှာ လွှမ်းသွားတာပေါ့ဗျာ။ မယ်ဝင်္ကရဲ့ တစ်ကိုယ်လုံး မှာ ပထမံစက်တွေက ထိုးဖောက်တော့တာပဲဗျာ။ လှံသွားက ထွက်နေတဲ့စက်တွေက မယ်ဝင်္ကရဲ့ တစ်ကိုယ်လုံးကို ဖောက်ထွက် လာတော့တာပဲဗျာ။ ကျုပ်က လှံတံကို ဆွဲနှုတ်ပြီး ပြေးထွက်လိုက် တယ်။ မဝင်္ကရဲ့ စက်တွေက လုံးဝကို ပျောက်သွားပြီလေဗျာ။ ဘိုးလူပေလည်း သူ့စက်တွေကို သိမ်းလိုက်ပြီဗျ။

““မောင်တာတေ၊ မြန်မြန်လာ၊ မီးတောက်ထတော့မယ်”” ဘိုးလူပေ စကားဆုံးရုံပဲ ရှိသေးတာဗျ။

““ဝုန်း””

ဟာ. . .မယ်ဝင်္ကကြီး ငရဲမီးတောက်ကြီး လောင်နေပြီဗျို့။ အသက်မရှိတော့တဲ့ မဝင်္ကရဲ့ ခန္ဓာကိုယ်ကြီးကို မဟာအဝီစိငရဲကတက်လာတဲ့ ငရဲမီးတောက်ကြီးက ထတောက်တော့တာလေဗျာ။ သိပ်မြန်တာဗျ။ ငရဲမီးတောက်က မဝင်္ကရဲ့ ကိုယ်ကြီးတစ်ခုလုံးကို လောင်သွားတာ၊ ပြာလေး တစ်မှုန်တောင် မတွေ့ရတော့ပါဘူးဗျာ။

“မောင်လူပေ ဝင်ကြစို့””

ဦးကြီးတော်က ဘုရင်မရဲ့ နန်းဆောင်ထဲကို ပြေးဝင်သွား တယ်။ ဘိုးလူပေနဲ့ ကျုပ်လည်း နောက်က လိုက်ကြရတာပေါ့ဗျာ။ ဟာ... ဒါ ဘာတွေတုံး။ ဘုရင်မရဲ့ ကိုယ်ရံတော်တပ် ဆိုတာ အရုပ်ကြီးတွေပဲဗျ။ လှံတွေကိုင်၊ ဓားတွေ ကိုင်ထားတဲ့ လူရုပ်ကြီးတွေပဲ။

““ဆရာကြီး၊ ဒါ အရုပ်ကြီးတွေလားဗျ””

“ဟာ...မဟုတ်ဘူးလေ မောင်တာတေရဲ့၊ ဒါ တကယ်

လူတွေကွဲ့၊ ဘုရင်မရဲ့ ကိုယ်ရံတော်တပ်သားတွေကွဲ့။ ဒီနန်းဆောင်

တွေထဲမှာရှိတဲ့ ဘုရင်မရဲ့ ကိုယ်ရံတော်တပ်သားတွေရော၊ ရံရွေ

တော်တွေရော ဘုရင်မ ထုံကူးတဲ့အချိန်မှာ အားလုံးဟာ အိပ်ပျော်

သွားပြီး အမှုထမ်းနေတဲ့ ပုံစံအတိုင်း ရှိနေကြတာကွဲ့၊ ဒီနန်းဆောင်

ကြီးလည်း ကွယ်ပျောက်သွားတာ၊ အခုလို ဘုရင်မ ထုံကနေ

ပြန်ပြီးနိုးထတဲ့အချိန်ကျမှ သူတို့လည်း နိုးလာကြပြီး အမှုတော်ကို

ဆက်ပြီးထမ်းရွက်ကြတာပေါ့ကွယ်””

“ဆရာကြီး၊ ဒီတောင်ပေါ်ကို ရောက်တဲ့သူတိုင်း ဒီနန်း ဆောင်ကြီးကို တွေ့ရတာပဲလားဗျ””

“ဟာ...မတွေ့ရဘူး မောင်တာတေရဲ့၊ ဒီလို ဘုရင်မ ထုံကပြန်ထမြောက်တဲ့တစ်ညပဲ မြင်ကြရတာ၊ ပြီးရင် သာမန်လူ မမြင်ရတော့ဘူး၊ နောင်တော်တို့လို ပထမံပုဂ္ဂိုလ်တွေ၊ နတ်ဒေဝတာ တွေကတော့ မြင်ရမှာပေါ့ကွယ်””

“ဪ...ဒီလိုလား၊ အောင်မယ်လေး””

ကျုပ်ဖြင့် ဘိုးလူပေနဲ့ စကားပြောရင်း မြင်လိုက်ရတော့ လန့်တောင်အော်မိတာဗျို့။ ဘုရင်မရဲ့ ရံရွေတော်တစ်ယောက် ထင်ပါရဲ့ဗျာ။ လက်ထဲမှာ ရွှေလင်ဗန်းလေး ကိုင်လို့ဗျ။ လင်ဗန်း ထဲမှာ ရွှေဘူးလေးတစ်ခု ထည့်ထားတယ်။ ဘုရင်မရဲ့ အမှုတော် ကို ထမ်းနေတဲ့ပုံဗျ။ ရှေ့ကို အပြေးအလွှား သွားနေတဲ့ပုံပဲ။ ဒီ အချိန်မှာ သူတို့ရဲ့ ဘုရင်မ ထုံကူးတော့ သူတို့ပါ အရုပ်ကြီးတွေ လို ဖြစ်ကုန်တောပေါ့ဗျာ။

ကျုပ်က ဘေးဘီကို အကုန်လိုက်ကြည့်တာဗျ။ တချို့က အောက်က တစ်ခုခုကို ကုန်းကောက်တုန်း ဖြစ်သွားတာထင်တယ် ဗျို့။ ကုန်းကုန်းကြီးတွေဗျ။ တချို့ကျတော့လည်း အော်ပြီးပြောနေ တဲ့ပုံအတိုင်း ပါးစပ်ကြီး ဟလို့ဗျ။ တချို့ကလည်း တစ်ခုခုကိုလက်ညှိုးကြီး ရှေ့ကိုထိုးလို့။ အမှတ်တမဲ့ကြည့်ရင်တော့ ကြောက် စရာကြီးတွေဗျ။ ကျုပ်က သိသွားလို့သာ မကြောက်တာ။

ဦးကြီးတော်က ဘုရင်မရဲ့ အိပ်ဆောင်ကို ခပ်မြန်မြန် လိုက်ရှာတယ်။ ရွှေကနုတ်တွေဖော်ထားတဲ့ တံခါးကို ဦးကြီးတော်

က ဖွင့်လိုက်တယ်။

ဟာ...အထဲမှာ မီးတွေလင်းလို့ဗျာ။ အခန်းနံရံမှာ စိုက်

ထားတဲ့ ကျောက်ဖယောင်းတိုင်တွေက မီးလင်းနေတုန်းဗျ။ တစ်ဝက်

စီလောက်တော့ လောင်ထားပုံရတယ်။ တစ်ခန်းလုံး လင်းထိန်နေ

တာပါပဲဗျာ။ အခန်းကြီး တစ်ခန်းလုံးလည်း မွှေးကြိုင်နေတာဗျ။

အခန်းကြီးက အကျယ်ကြီးဗျ။ ကြက်သွေးရောင် ကတ္တီပါစတွေ၊

ရွှေရောင်ကတ္တီပါ စတွေနဲ့ အခန်းကို အလှဆင်ထားတာဗျ။ ဘုရင်မ

ရဲ့ ရံရွေတော်တွေက ကြမ်းပြင်မှာ ခင်းထားတဲ့ ကောက်ဇောကြီး

တွေပေါ်မှာ ထိုင်ပြီး ဘုရင်မကို ခစားနေကြတဲ့ပုံဗျ။ ဘုရင်မကို

ခစားနေရင်း ဘုရင်မ ထုံကူးသွားတော့ သူတို့ပါ အိပ်ပျော်သလို

ဖြစ်ပြီး အရုပ်ကြီးတွေလို ဖြစ်ကုန်ကြတာဗျ။ ဦးကြီးတော်က

ရံရွေတော်တွေကြားက တိုးဝင်ပြီး ရွှေသလွန်ပေါ်က ဘုရင်မကို

ကြည့်လိုက်တယ်။ ကျုပ်ရော၊ ဘိုးလူပေရော ဦးကြီးတော်ရဲ့နောက်

က လိုက်သွားကြတာပေါ့ဗျာ။
အခုတော့ ကျုပ်မြင်ရတော့မှာပေါ့ဗျာ။ ဘုရင်မရဲ့ ရွှေ သလွန်ပေါ်မှာ ပန်းတွေအပြည့်အုပ်ထားတယ်။ နှင်းဆီပန်း အဖြူ ပွင့်တွေချည်းပဲဗျ။ ဘုရင်မရဲ့ တစ်ကိုယ်လုံးကို အုပ်ထားတာ။ မျက်နှာကိုကျတော့ ဇာပုဝါလေး လွှမ်းထားတာဗျ။ ဦးကြီးတော် က အချိန်မဆိုင်းတော့ဘဲ ဇာပုဝါ ဖြူဖြူလေးကို ဖွင့်လိုက်တယ်။ အို...လှလိုက်တဲ့ ဘုရင်မဗျာ။ ကျုပ် ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို ကြားဖူးနေတဲ့ ပန်ထွာဘုရင်မဗျာ။ ခုလို မျက်စိနဲ့ မြင်ရတော့ ကျုပ်ဖြင့် အံ့သြလို့ကို မဆုံးပါဘူးဗျာ။ ဒီလောက်လှတဲ့ ဘုရင်မကို ကျုပ်မျက်တောင်မခတ်ဘဲကို စိုက်ကြည့်နေမိတော့တာ ဗျ။

ဦးကြီးတော်က ဘုရင်မရဲ့ ရွှေသလွန်ခေါင်းရင်းက ရွှေ သားသေတ္တာလေးကို ဖွင့်လိုက်တယ်။

"ဟာ"

အထဲမှာ ရွှေကြုတ်ကလေးဗျ။ ရတနာမျိုးစုံ ခြယ်ပြီး အင်မတန်လှတဲ့ ကနုတ်ပန်းတွေ ဖော်ထားတဲ့ ရွှေကြုတ်ကလေး ဗျ။

ဦးကြီးတော်က ရွှေသေတ္တာထဲမှာ ထည့်ထားတဲ့ ရတနာ ရွှေကြုတ်ကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ရတနာရွှေကြုတ်အဖုံးကို ဖွင့်တယ်။ အထဲက အရောင်လက်ကနဲ လက်ကနဲ ဖြစ်နေတာ ကို မြင်ရတယ်ဗျ။

ဦးကြီးတော်က မန္တန် စရွတ်တယ်။ ပြီးတော့ ရွှေကြုတ် ကလေးကို ဘုရင်မရဲ့ ခေါင်းနားမှာ ထားလိုက်တယ်။

ဦးကြီးတော်ရဲ့ ပါစပ်က မန္တန်ကို မပြတ်ရွတ်နေတယ်ဗျ။ ဘိုးလူပေရော ကျုပ်ရောက ဘုရင်မကို လက်အုပ်ချီထားကြတယ်။ ဟော...ထွက်လာပြီဗျို့။ ရွှေကြုတ်ထဲက ဘုရင်မရဲ့ ဝိညာဉ်ထွက်လာပြီဗျို့။ ဖြူဖြူအငွေ့လေးတွေက ဘုရင်မရဲ့ မျက်နှာ တော်ပေါ်မှာ ဝေ့ဝဲနေရာကနေ ဘုရင်မရဲ့ ကိုယ်ထဲကို ဝင်သွား တယ်။ ဦးကြီးတော်က မန္တန်ကို ဆက်ရွတ်နေတုန်းပဲဗျ။ ဟော... ဘုရင်မ မျက်လုံးတွေ ပွင့်လာပြီ။

ဦးကြီးတော်ကတော့ မန္တန်တွေ ရွတ်နေတုန်းပဲဗျ။ ဘုရင်မ က ပန်းတွေကြားက လက်နှစ်ဖက် ထွက်လာတယ်။ ပြီးတော့ ဦးကြီးတော်ကို လက်အုပ်ချီထားတယ်။ ဘုရင်မက အသက်ပြန် ဝင်လာတော့မှ ပိုပြီးလှတော့တာပေါ့ဗျာ။

ဟော...နိုးလာကုန်ပြီဗျို့။ ဘုရင်မရဲ့ ရံရွေတော်တွေ နိုးလာကြပြီဗျို့။

“ဟဲ့ ... သုန္ဒြီ၊ ဘုရင်မကို ခစားရင်း အိပ်ပျော်နေတာလား''

တစ်ယောက်က သုန္ဒြီ ဆိုတဲ့ ရံရွေတော်ကို လှုပ်ပြီးနှိုးနေ

တာဗျ။

““ဟဲ့...ရံရွေတော်များ၊ ဒီပန်းတွေကို ဖယ်ကြဟဲ့၊ ပြီးရင် ကိုယ်တော်မြတ်ထိုင်ဖို့ နေရာထိုင်ခင်းတွေ ပြင်ကြပါဟဲ့””

ဘုရင်မက ချက်ချင်းကို အမိန့်ပေးတော့တာဗျ။ ရံရွေ တော်တွေက ချက်ချင်းထပြီး ဘုရင်မရဲ့ ကိုယ်ပေါ်ကို ဖုံးထားတဲ့ နှင်းဆီပန်းအဖြူတွေကို ဖယ်လိုက်တယ်။

ကျုပ် ဒါတော့ သိတယ်ဗျ။ ဘုရင်မ ထုံကူးတုန်းကလည်း ပထမံကိုယ်တော်တစ်ပါး လာပြီးကူးပေးရတာ။ ဒီပန်းတွေကို လည်း ပထမံကိုယ်တော်ပဲ လွှမ်းပေးခဲ့တာ ဖြစ်မှာပေါ့ဗျာ။

ထုံက ပြန်ထွက်ရင်လည်း ပထမံကိုယ်တော်တစ်ပါးလာ ပြီး ဝိညာဉ်တော်သွင်းပေးရတာဗျ။ ပန်းတွေဖယ်လိုက်ပြီးတော့ ရံရွေတော်တွေက ရွှေထိုင်ခုံတစ်လုံး ယူလာတယ်ဗျ။ ဦးကြီးတော် ထိုင်ဖို့ပေါ့ဗျာ။ ဦးကြီးတော်က ရွှေထိုင်ခုံမှာ ထိုင်တယ်။ ဘုရင်မ က ကြမ်းပြင်က မွှေးပွကော်ဇောကြီးပေါ်မှာ ထိုင်ပြီး ဦးကြီးတော် ကို ခစားတယ်ဗျ။ ဘိုးလူပေရော ကျုပ်ရော ဘုရင်မရဲ့နောက် ခပ်လှမ်းလှမ်းက ထိုင်ပြီး ဦးကြီးတော်ကို ခစားရတာပေါ့ဗျာ။

နှစ်ပေါင်းတစ်ရာ ထုံကူးပြီး အိပ်ပျော်နေတဲ့ ဘုရင်မက နိုးလာတဲ့အခါ အခုလေးကာမှ အိပ်ပျော်သွားတဲ့လူလိုပါပဲဗျာ။ ဘာမှမထူးခြားသလိုပဲဗျ။ ရံရွေတော်တွေ အပြင်ထွက်သွားကြ တယ်ဗျ။ အပြင်မှာလည်း အခုမှ လူသံတွေ ဆူဆူ ဆူဆူနဲ့ ကြား လာရတာဗျ။

စောစောက အရုပ်လိုဖြစ်နေတဲ့လူတွေ နိုးလာပြီပေါ့ဗျာ။ နိုးလာတာနဲ့ သူတို့အလုပ်တွေ တာဝန်တွေကို ထမ်းရွက်တော့တာ

နေမှာဗျ။

ခဏနေတော့ ရံရွေတော်တစ်ယောက် ပြန်ဝင်လာပြီး ဦးကြီးတော်ကို လျှောက်တင်တယ်။

““ကိုယ်တော်မြတ်တို့ရဲ့ မြင်းတွေကို မြင်းဇောင်းထဲပို့ပြီး

အစာကျွေးပြီး ရေတိုက်ထားပါတယ်ဘုရား၊ ကိုယ်တော်မြတ်တို့

မြင်းတွေပေါ်က ပစ္စည်းတွေအားလုံးကို ကိုယ်တော်မြတ် ယာယီ

စံမြန်းမယ့် ခန်းဆောင်မှာ ထားလိုက်ပါတယ်ဘုရား””

“အေး အေး၊ ကျေးဇူးတင်ပါတယ်ကွယ်”” 66

ဦးကြီးတော်က သူ့ရဲ့အသံ သာသာယာယာ အေးအေး လေးနဲ့ ပြောတယ်။

““ကဲ . . .ဘုရင်မ ပန်ထွာ၊ ​အေးအေးဆေးဆေးနား
နေပြီးရွှေနန်းဆောင်မှာ စီစဉ်စရာတွေ စီစဉ်လိုက်ပေဦးကွယ်၊ ကိုယ်တော် လည်း ခန်းဆောင်ထဲမှာ နားလိုက်ချေဦးမယ်””

“မှန်လှပါ၊ ကိုယ်တော်မြတ်ဘုရား၊ ဟဲ့ သုန္ဒြီ၊ ကိုယ် တော်မြတ်တို့ကို လိုက်ပို့လိုက်ပါကွယ်””

သုန္ဒြီ ခေါ်ဆောင်ရာနောက်ကို ကျုပ်တို့ လိုက်ခဲ့ကြတယ်။

ကျုပ်တို့ တည်းဖို့ ပြင်ဆင်ပေးတဲ့ အခန်းကြီးမှာ တစ်ညအိပ်ပြီး

နောက်နေ့ မနက်စောစောမှာ ပန်ထွာဘုရင်မရဲ့ တောင်တော်

ရွှေနန်းဆောင်ကနေ ထွက်ခဲ့ကြတယ်။ အပြန်လမ်းမှာ ကျုပ်နဲ့

ဘိုးလူပေ စားဖို့ ရိက္ခာတွေနဲ့ မြင်းစာတွေ၊ သောက်ရေဘူးတွေ

အပြည့်အစုံကို ထည့်ပေးလိုက်တာဗျ။

အပြန်လမ်းကျတော့ ကျုပ်တို့ခရီးကို ဟန့်တားမယ့်သူ

မရှိတော့ဘူးလေဗျာ။ ခရီးက တွင်တော့ တစ်ညအိပ်ပြီးတာနဲ့

နောက်နေ့မှာ ပိဿနိုးမြို့ဟောင်းက ရွှေရောင်တော်ဘုရားကို ပြန်

ရောက်ခဲ့တယ်ဗျ။

““မြင်းတွေကို ဒီမှာပဲ ထားခဲ့တော့ လူလေး””

လို့ ဦးကြီးတော်က ပြောတယ်ဗျ။ ကျုပ်လည်း မြင်းတွေကို ကျုပ်တို့ ခရီးစထွက်တုန်းက စီးတဲ့နေရာမှာပဲ ထားလိုက်တယ်။ ခဏနေတော့ မြင်းခွာသံကြားလို့ ကျုပ် လှည့်ကြည့်လိုက်တဲ့အခါ ခမောက်ပြန့်ကြီးတွေ ဆောင်း ထားတဲ့ လူသုံးယောက်က မြင်းဖြူကြီးတွေ ဒုန်းစိုင်းပြီး ပိဿနိုး မြို့ဟောင်းထဲမှာ စီးသွားတာကို မြင်လိုက်ရတယ်ဗျ။ ရွှေရောင်တော်ဘုရားပေါ်ရောက်တော့ ကျုပ်နဲ့ ဘိုးလူပေ က ဦးကြီးတော်ကို ရှိခိုးကြတယ်။

““အေးကွယ်၊ ပါရမီတွေ အထပ်ထပ်ဖြည့်ဆီးကြပြီး ပထမံလမ်းပေါ်ကို တက်လှမ်းလာနိုင်တဲ့သူတွေ ဖြစ်ကြပါစေ”

လို့ ဆုပေးတယ်ဗျ။ ကျုပ်နဲ့ ဘိုးလူပေ ဘုရားပေါ်က ဆင်းလာတော့ ဦးကြီးတော်က သူ့ရဲ့ လက်သုံးတော် လှံပျံကို ကိုင်ရင်း ကျန်ရစ်ခဲ့တယ်ဗျ။

““ဆရာကြီး၊ ဦးကြီးတော် ဘယ်ကိုသွားမှာတုံး””

““သူ ထွက်ရပ်ကြွသွားကတည်းက ခုမှ ပြည်တော်ဝင်ရ တာကွဲ့၊ ပြည်တော်ဝင်တုန်း သူ နေသွားဦးမှာကွယ်၊ ဘယ်လောက် ကြာအောင် နေသွားမယ်ဆိုတာတော့ မသိဘူးပေါ့ကွယ်””

““အခုမြင်ရတဲ့ ဦးကြီးတော်ရဲ့ မူလအသွင်သဏ္ဌာန်ရော ဟုတ်ရဲ့လား ဆရာကြီးရဲ့””

“အဲ...ဒါတော့ ကျုပ်လည်း မသိဘူး၊ မောင်တာတေ၊ သူတို့ကတော့ ကြိုက်တဲ့အသွင်သဏ္ဌာန်ကို ယူလို့ရကြတာတော့ကျုပ် သိတယ်ကွဲ့၊ ဒါဟာ နောင်တော်ရဲ့ မူလအသွင်သဏ္ဌာန် ဟုတ် မဟုတ်တော့ ကျုပ် မပြောနိုင်ဘူး””

““ဦးကြီးတော်က ပြည်တော်ဝင်တာ ရှိနေဦးမှာဆိုတော့

ကျုပ်နဲ့ နောက်ထပ် ဆုံနိုင်သေးတာပေါ့နော် ဆရာကြီး””

““ဟာ၊ ဆုံနိုင်ပါပြီလား မောင်တာတေရယ်၊ ဆုံဦးမှာပါ ကွာ၊ နောင်တော်ဘုရားက မင်းကို တော်တော်သဘောကျသွားတာ တော့ ကျုပ် သိတယ်ကွဲ့””

“ကျုပ်တော့ ဦးကြီးတော်နဲ့ ထပ်ပြီးဆုံချင်သေးတယ်

ဆရာကြီးရာ””

ကျုပ် ထနောင်းကုန်းကို ပြန်ရောက်တော့ အားလုံး ခုနစ်ရက် ကြာသွားတယ်ဗျ။

ဘုရင်မရဲ့ တောင်တော်နန်းဆောင်က ထည့်ပေးလိုက်တဲ့ အစားအစာတွေ အဘနဲ့ အမေ့ကို ကျွေးလိုက် တယ်။

Comment