501+502+503+504+505
အပိုင်း(၅၀၁) မြင့်မြတ်တဲ့ အလင်းယာဥ်ကိုအသွင်ပြောင်းခြင်း
    "ဒင် ဒေါင်!"
    နောက်တစ်စက္ကန့်အကြာမှာ ရှပင်ဘဏ်အကောင့်ထဲကို ဖက်ဒရယ်ဒေါ်လာ ကုဋေ၁၈၀၀၀ ဝင်လာပါတယ် သူ့မှာအရင်ကရှိနေတာနဲ့ ပေါင်းရင် လက်ရှိသူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုက ဒေါ်လာကုဋေ၂၀၀၀၀ကျော်သွားပါပြီ
   ကောင်းကင်တိမ်တိုက်ကမ္ဘာတစ်ခုလုံးကို ခြုံကြည့်လိုက်ရင်တောင် ဒီပမာဏကိုပိုင်ဆိုင်နိုင်တဲ့သူ့ကို အလွန်ချမ်းသာသူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ် ဒါဟာသာမန်လူတွေ တစ်ဘဝလုံးမရနိုင်တဲ့ ကြွယ်ဝမှုဖြစ်ပါတယ်
   ဒါပေမဲ့ ဘုရင်တွေ, ကြောက်ခမန်းလိလိဂရန်းမာစတာတစ်ချို့နဲ့တော့ သူသွားယှဥ်လို့မရသေးပါဘူး 
  "ဒီလောက်ပိုက်ဆံအများကြီးရထားတော့ ဘယ်လိုသုံးမယ်လို့ မင်းစဥ်းစားထားလဲ?" လီအန်ခွမ်က စပ်စပ်စုစုမေးလိုက်တယ် ဒီပမာဏကအရမ်းအရမ်းများတဲ့အတွက် သူ့လိုဂရန်းမာစတာတောင် နည်းနည်းလောဘတက်လာပါတယ်
   ရှပင်ချက်ချင်းပြန်ဖြေလိုက်တယ် "ကျွန်တော့်ရဲ့ ကိုယ်ပိုင်အာကာသယာဥ်ဖြစ်တဲ့ မြင့်မြတ်တဲ့အလင်းယာဥ်ကို အဆင့်မြှင့်တင်တဲ့နေရာမှာသုံးစွဲဖို့
စဥ်းစားထားတယ်"
   ကိုယ်ပိုင်အာကာသယာဥ်တွေရဲ့ အရေးပါမှုကို သူပိုပိုပြီး တွေ့ရှိလာပါတယ် ကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ မျက်နှာပြင်ဧရိယာက အရမ်းအရမ်းကျယ်တာကြောင့် မကြာခနဆိုသလိုကီလိုမီတာသိန်းခချီအကွာအဝေးနဲ့ ခရီးသွားရတတ်ပါတယ် အကယ်၍လူသားအမြန်နှုန်းနဲ့သာဆိုရင်နေရာတစ်ခုကို သွားလာနေရင်းနဲ့ အသက်ထွက်သွားမှာပါ
    ဒါပေမဲ့ အာကာသယာဥ်နဲ့ဆိုရင်တော့ နေရာပေါင်းစုံကို ပျံသန်းနိုင်ပြီး အရှိန်ကလည်း အလွန်မြန်တဲ့အတွက် ခရီးသွားတဲ့ကြာချိန်အများကြီးတိုတောင်းသွားပါတယ် ဒါကအလွန်အရေးကြီးတဲ့ ပို့ဆောင်ရေးယာဥ်ဖြစ်ပါတယ်
   ထို့အပြင်အာကာသယာဥ်မှာ ပြင်းအားကောင်းတဲ့ နည်းပညာမြင့်လက်နက်ပေါင်းစုံပါတာကြောင့် ခွန်အားကြီး သားရဲမွန်းစတားနဲ့ကြုံရင်တောင် ထွက်ပြေးတာ, သတ်ပစ်တာတွေ လုပ်နိုင်ပါတယ်
   ရှပင်အတွက်တော့ မြင့်မြတ်တဲ့အလင်းယာဥ်ထက် ပိုအရေးကြီးတဲ့ ပစ္စည်းမရှိပါဘူး အဲ့တာကြောင့် ပိုက်ဆံအများကြီးရလာတာနဲ့ မြင့်မြတ်တဲ့အလင်းယာဥ်ကို သူအရင်ဆုံးပြောင်းလဲပြီး ယာဥ်ရဲ့ စွမ်းရည်တွေကို တိုးမြှင့်ချင်တာပါ
   "မြင့်မြတ်တဲ့ အလင်းယာဥ်ကို ပြောင်းလဲမယ်ပေါ့လေ?, မင်းဘယ်လိုပြောင်းလဲ ချင်တာလဲ?" လီအန်ခွမ်မျက်ခုံးမြှင့်ပြီး မေးလိုက်ကာ သူ့စိတ်ထဲ အံ့သြသွားတယ် အစကတော့ရှပင်လိုလူငယ်တစ်ယောက်က ပိုက်ဆံတွေအများကြီးရပြီးနောက်မှာ ကောင်းကောင်းမွန်မွန်စံစားဖို့ ဇိမ်ခံပစ္စည်းပေါင်းစုံဝယ်မယ်လို့ သူထင်ထားတာပါ
   ဒါပေမဲ့ ဒီကောင်ကကိုယ်ပိုင်အာကာသယာဥ်ကို ပြောင်းလဲဖို့ နားလည်လိမ့်မယ်လို့ သူမထင်ထားပါဘူး ဒါအရမ်းညဏ်ရှိတဲ့ ရွေးချယ်မှုဖြစ်ပါတယ်
   ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ အချိန်အကြာကြီးနေလာသူတိုင်းက ကိုယ်ပိုင်အာကာသယာဥ်ရဲ့ အရေးကြီးပုံကို သိကြပါတယ် ကိုယ့်လက်ထဲမှာကိုယ်ပိုင်အာကာသယာဥ်ရှိရင် စွန့်စားလိုတဲ့နေရာမျိုးစုံကို သွားလာလို့ရပြီး အားသာချက်တွေအများကြီးပါဘဲ
   ဒါပေမဲ့ဒီအသိကို ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ အချိန်အကြားကြီးနေလာတဲ့ သိုင်းသမားတွေကသာ နားလည်တာပါ ရန်ဟွမ်ဂြိုလ်ကလာတဲ့ ဒီလူငယ်လေးက ဒီကိစ္စကိုအလွန်လျင်မြန်စွာ နားလည်လိမ့်မယ်လို့ သူမထင်ထားပါဘူး ဒါတကယ်အရေးကြီးပါတယ်
   ရှပင်မျက်လုံးတွေ လင်းဝင်းသွားပြီး လက်ချောင်းတွေထောင်ရင်း အလွန်စိတ်အားထက်သန် စွာနဲ့ပြောလိုက်တယ် "ပထမဆုံး မြင့်မြတ်တဲ့ အလင်းယာဥ်ရဲ့အကျယ်အဝန်းကို ငါချဲ့ချင်တယ် အကျယ်အဝန်းကိုအနည်းဆုံးငါးဆလောက် ပိုချဲ့မယ်"
   "ပြီးရင် အာကာသယာဥ်မှာ လေ့ကျင့်ရေးကိရိယာအချို့ကို ငါထပ်ဖြည့်ချင်တယ် ဥပမာအားဖြစ် မြေဆွဲအားအခန်း, လေ့ကျင့်ရေးခန်း စသည်ဖြစ်ပေါ့"
   "ပြီးရင် ယာဥ်အင်ဂျင်ကိုပြောင်းလဲပြီး မြင့်မြတ်တဲ့အလင်းယာဥ်ရဲ့ အမြန်နှုန်းကို အနည်းဆုံး အသံထက်ဆယ်ဆမြန်အောင် မြှင့်တင်ချင်တယ်"
   "နောက်ဆုံးအနေနဲ့ အာကာသယာဥ်တိုက်ခိုက်မှု စနစ်ကိုငါမြှင့်တင်ချင်တယ်, နယူးကလီးယားကျည်ဆန်တွေ, စွမ်းအင်အမြှောက်တွေနဲ့ တခြားလက်နက်တွေ တပ်ဆင်မယ် အကောင်းဆုံးကတော့ ဒီလက်နက်တွေက ဂရန်းမာစတာအဆင့်သားရဲတွေကို အလွယ်တကူသတ်နိုင်ရမယ် တောင်တွေကိုဖျက်ဆီးနိုင်အောင် ဗုန်းကြဲနိုင်ရမယ်"
   သူ့အာကာသယာဥ်ကို ပြောင်းလဲမဲ့အခြေအနေတွေကို ရှပင်အကြံပြုလိုက်တယ်
   ဘာ?!
   ဒီစကားတွေကြားတာနဲ့ လီအန်ခွမ်မှင်သက်သွားတယ် ဒီကောင်ကအာကာသယာဥ်အကျယ်အဝန်းကိုချဲ့ထွင်ရုံတင်မကဘဲ မြေဆွဲအားအခန်းတွေကိုပါ ထည့်ချင်နေပါတယ် ဒါအာကာသယာဥ်ကို ဘယ်နေရာလို့သူထင်နေတာလဲ? မြေဆွဲအားအခန်းတည်ဆောက်ဖို့ ကုန်မဲ့ပိုက်ဆံက အလွန်များတဲ့ပမာဏဖြစ်မှာပါ
   ထျို့အပွငျ မြင့်မြတ်တဲ့အခင်းယာဥ်ရဲ့ ပျံသန်းမဲ့အရှိန်ကို အသံထက်ဆယ်ဆမြန်အောင်တိုးမြှင့်မယ်ဆိုရင် တစ်နာရီကို ကီလိုမီတာ ၁၀၀၀၀ပျံသန်းနိုင်မှာဖြစ်ပြီး ကီလိုမီတာ၄၀၀၀၀၀- ၅၀၀၀၀၀ အကွာအဝေးကို ရက်အနည်းငယ်နဲ့ရောက်နိုင်ပါတယ်
    ဒါပေမဲ့ အရှိန်ကုန်ပျံသန်းမှုက အာကာသယာဥ်အင်ဂျင်ကို အပူလွန်ကဲစေတဲ့အတွက် နေ့တိုင်းတစ်နေ့၈နာရီပျံသန်းတာက အာကာသယာဥ်ရဲ့ အကန့်အသတ်ဖြစ်ပါတယ် တစ်ခြားအချိန်တွေမှာ ယာဥ်ကိုရပ်ပြီးအနားပေးဖို့လိုပါတယ်
   ဒါပေမဲ့ ဒီလိုပျံသန်းမှုအရှိန်နဲ့ အင်ဂျင်မျိုးကကြောက်မက်ဖွယ်ကောင်းအောင် စျေးများပြီး ဂရန်းမာစတာအဆင့်တွေတောင်  ဒီပမာဏကိုမြင်ရင် သူတို့မျက်နှာတွေစိမ်းတင်ပြီး ငိုကြွေးကြမှာပါ
   အလွန်ဆုံးက အာကာသယာဥ်ရဲ့တိုက်ခိုက်မှုစနစ်ကို မြှင့်တင်တာဖြစ်ပါတယ် စွမ်းအင်အမြှောက်တွေ, နယူးကလီးယားလက်နက်တွေပြင်ဆင်ပြီး ဒီကောင်ဘာလုပ်ဖို့လဲ? စစ်တိုက်ဖို့ပြင်ဆင်နေတာလား? မွန်းစတားမျိုးနွယ်စု တစ်ချို့ကို အစုလိုက်အပြုံလိုက်သွား သတ်ဖြတ်မလို့လား?"
   ဒီလက်နက်ပစ္စည်းတွေနဲ့တင် အသေးစား စစ်သုံးကာသယာဥ်တစ်ချို့ထက် မနိမ့်တော့ဘဲတစ်ချို့ စွမ်းဆောင်မှုတွေက စစ်သုံးယာဥ်တွေထက် ပိုသာသွားမှာပါ
   အကယ်၍ ဒီစကားမျိုးသာမန်လူတွေပြောမယ်ဆိုရင် ရဲတင်းလွန်းတဲ့တောင်းဆိုချက်ဖြစ်တာကြောင့် အစိိုးရကဝရမ်းထုတ်ပြီး ဖမ်းခိုင်းမှာပါ ဒါပေမဲ့ ရှပင်ကဧရာမကုမ္ပဏီအဖွဲ့ဝင်ဖြစ်တာကြောင့် အခွင့်ထူးပေါင်းစုံရထားပါတယ်
   အဲ့တာကြောင့် ဒီတောင်းဆိုချက်တွေ များရင်တောင် ဧရာမကုမ္ပဏီက ရှပင်လိုအပ်ချက်အားလုံးကို ကျေနပ်အောင်ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်
   လီအန်ခွမ်က တွက်ချက်ပြီးပြောလိုက်တယ် "မင်းပြောတဲ့အတိုင်းလုပ်ဖို့ လုံးဝပြဿနာမရှိဘူးဒါပေမဲ့ ဒီလိုပြောင်းလဲချင်တယ်ဆိုရင် အနည်းဆုံးဖက်ဒရယ်ဒေါ်လာ ကုဋေ၁၅၀၀၀ လောက်လိုလိမ့်မယ်"
   ဒီပစ္စည်းအသစ်တပ်ဆင်ခနဲ့တင် မြင့်မြတ်တဲ့အလင်းအာကာသယာဥ် နောက်ထပ်ငါးစင်းဝယ်ယူနိုင်ပါတယ်
   ဒါပေမဲ့ အဲ့တာတန်ပါတယ် ဒီလိုတပ်ဆင်လိုက်ခြင်းဖြစ် စွမ်းဆောင်ရည်တွေအဆပေါင်းများစွာပိုတိုးတက်လာပြီး အသေးစားစစ်သုံးအာကာသယာဥ်နဲ့တူလာဖြစ်ပြီး တိုက်ခိုက်စွမ်းက အသေးစား မွန်းစတားမျိုးနွယ်စုတစ်ခုကို အလွယ်တစ်ကူသုတ်သင်ပြစ်ဖို့ လုံလောက်ပါတယ်
   "ပြဿနာမရှိဘူး"
    ရှပင်လက်ဝေ့ယမ်းပြီး ဂရုမစိုက်ပါဘူး ဒီပိုက်ဆံတွေက ဘာဘဲဖြစ်ဖြစ် အဓမ္မဂိုဏ်းနဲ့လောရှာသူဓားမြတွေဆီက ရထားတဲ့ မထင်မှတ်ထားတဲ့ ပိုက်ဆံတွေဖြစ်ပါတယ်
    ယာဥ်အစွမ်းတိုးမြှင့်ရာမှာ သုံးတဲ့ဒီပိုက်ဆံတွေက ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ် ထို့အပြင်ဒီအာကာသယာဥ်ကို နှစ်တစ်ဒါဇင် နှစ်တစ်ရာလောက်သုံးလို့ ရပါတယ်
   အာကာသယာဥ်ကို ဒီပစ္စည်းအသစ်တွေတပ်ဆင်ပြီးတာနဲ့ သေချာပေါက်ပိုက်ဆံအများကြီးရှာနိုင်မယ်လို့ ရှပင်ယုံကြည်ချက်ရှိပါတယ်
   ဒင် ဒေါင်!
   ရှပင်က လီအန်ခွမ်ကိုဖက်ဒရယ်ဒေါ်လာ ကုဋေ၁၅၀၀၀ ပြန်လွှဲပေးလိုက်တယ် အဲ့တာကြောင့်သူ့မှာ ကုဋေ၅၀၀၀သာကျန်တော့ပါတယ်
   "ပစ္စည်းအသစ်တပ်ဆင်တဲ့ ကြာချိန်က သုံးရက်ကြာမယ်" လီအန်ခွမ်က ရှပင်ကိုပြောလိုက်တယ် "တပ်ဆင်ပြီးရင် အာကာသယာဥ်ကို မင်းရဲ့စံအိမ်ကို ပို့ပေးလိုက်မယ်"
    သူလျင်မြန်စွာနဲ့ သဘောတူလိုက်တယ် ဧရာမကုမ္ပဏီအတွက်တော့ ပိုက်ဆံအလုံအလောက်ရှိရင် အာကာသယာဥ်ပြန်လည် မွမ်းမံတဲ့ ကိစ္စတွေက လွယ်လွယ်လေးပါဘဲ
  "အိုကေ!" ရှပင်ခေါင်းငြိမ့်လိုက်တယ်
....................
   သုံးရက်အကြာ လက်ရွေးစင်နယ်မြေရဲ့ စံအိမ်လေဆိပ်မှာ ရှပင်ရပ်နေပြီး ပြောင်းလဲလို့ပြီးသွားတဲ့ မြင့်မြတ်တဲ့ အလင်းယာဥ်ကိုတော့ သူ့စံအိမ်လေဆိပ်မှာ ဆိုက်ကပ်ထားပါတယ်
   လက်ရှိမြင့်မြတ်တဲ့ အလင်းယာဥ်ရဲ့ အကျယ်အဝန်းကအရင်ထက် သုံးဆပိုကြီးမားလာပြီး သိပ္ပံစိတ်ကူယာဥ်ကားတွေထဲက ပုံစံအတိုင်းပါဘဲ အဆင့်မြင့်လက်နက်စနစ်ပေါင်းစုံကို ယာဥ်ပေါ်မှာတပ်ဆင်ထားကာ ငြိမ်သက်နေတဲ့ ရှေးခေတ်သားရဲတစ်ကောင်လိုပါဘဲ
    ဒီအာကာသယာယဥ်နဲ့ဆို ဘုရင်ကလွဲပြီးသူ့ကိုပြဿနာလာရှာသူတိုင်းကို သူသတ်နိုင်ပါတယ်
   ရှပင်အကျေနပ်ဆုံးကတော့ အာကာသယာဥ်ထဲမှာ မြေဆွဲအားလေ့ကျင့်ရေးအခန်းပါဝင်ပြီး အလိုအလျောက် မြေဆွဲအားကိုထိန်းချုပ်နိုင်ကာ အပြင်ကမ္ဘာထက် အဆ၂၀လေးတဲ့ မြေဆွဲအားရှိတဲ့ အခန်းပါဝင်လာတာဖြစ်ပါတယ်
   ဒီလိုမြေဆွဲအား အခန်းထဲမှာ ကျင့်ကြံမယ်ဆိုရင် ကြိုးစားမှုထက် ရလဒ်နှစ်ဆရမှာပါ
   အာကာသယာဥ်ပျံသန်းနေစဥ်အတွင်းမှာ သူအချိန်မဖြုန်းဘဲ သိုင်းတာအိုကျင့်ကြံခြင်းအဆင့်တိုးမြင့်အောင် လေ့ကျင့်နေလို့ရပါပြီ
   "အေးစက်တဲ့ လရေကန်ကို သွားဖို့အချိန်တန်ပြီ"ရှပင်လက်သီးစုပ်လိုက်တယ် ဒီခရီးစဥ်မှာ သူအစွမ်းကုန်အားထုတ်ရမှာဖြစ်ပြီး သူ့ကျင့်ကြံခြင်းကို ကူညီပေးနိုင်တဲ့ ရေလမြက်ရှိတဲ့အပြင် ပိုအရေးကြီးတာက အဲ့နေရာမှာ အန္တရာယ်တွေများပြီး မွန်းစတားအမြောက်အများရှိနေတာပါ
   ဒီလိုနေရာမျိုးကိုသွားရင် မွန်းစတားတွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီး သိုင်းလေ့ကျင့်လို့ရတာကြောင့် သူ့သိုင်းတာအိုကျင့်ကြံခြင်းအတွက် အကျိုးအမြတ်အမြောက်အများရှိပါတယ်
   ပါရမီရှင်ပြိုင်ပွဲမတိုင်မီ သူ့သိုင်းတာအိုကျင့်ကြခြင်းအဆင့်ကို မြန်နိုင်သမျှမြန်အောင် တိုးမြှင့်နိုင်ဖို့အတွက် အေးစက်တဲ့လရေကန်ကို သူသွားဖို့လိုအပ်ပါတယ်
   ထို့အပြင် သူ့စိတ်ထဲမှာခွန်အားကြီးလာဖို့အလောတကြီးဖြစ်နေပါတယ် နီကျန်းကိုသူသတ်တဲ့ကိစ္စကို လောဆယ်ဘယ်သူမှမသိသေးပေမဲ့ နောက်ကျရင် မြေခွေးဘုရင်နီဝူဒေါင် ရှာမတွေ့နိုင်ဘူးလို့ အာမမခံနိုင်ပါဘူး
   အဲ့လိုဖြစ်လာခဲ့ရင် သူ့အတွက်ကပ်ဘေးဆိုက်နိုင်ပြီး မိသားစုဝင်တွေပါ ပါဝင်ပက်သက်လာနိုင်တာကြောင့် သူစိတ်အေးအေးမထားရဲဘဲ လောနေတာပါ
                           ............................အပိုင်း(၅၀၂) တောရိုင်းသစ်တော
   မိုးပေါ်မှာ အာကာသယာဥ်တစ်စင်းက အသံထက်ဆယ်ဆမြန်တဲ့ အရှိန်နဲ့ လေကိုခွင်းပြီးအဝေးကို ပျံသန်းနေပါတယ်
   ဒီအာကာသယာဥ်ကတော ရှပင်ရဲ့မြင့်မြတ်တဲ့ အလင်းယာဥ်ဘဲ ဖြစ်ပါတယ်
   ဒီအခြျိနျမှာ ၎င်းကခုနှစ်ရက်တိတိပျံသန်းနေတာဖြစ်ပြီး နောက်ဆုံးရန်ဟွမ်တက္ကသိုလ်ကနေ တောရိုင်းသစ်တော အစွန်ကိုရောက်လာပါတယ်
   ဒါပေမဲ့ တောရိုင်းသစ်တောက တောင်တွေတစ်ခုပြီးတစ်ခုနဲ့ စိမ်းလန်းစိုပြေတဲ့ အပင်တွေ, သစ်ပင်ကြီးတွေနဲ့ သာယာလှပါတယ် သစ်ပင်ကြီးတွေက အလွန်ကြီးမားပြီး မီတာတစ်ရာလောက်ထိမြင့်ကာ လုံးပတ်က လူ၄-၅ယောက် ဖတ်စာလောက်ရှိပါတယ်
   မကြာခနဆိုသလို တောနက်ထဲကသားရဲအော်သံတွေ ကြားနေရပြီး သစ်တောထဲရောက်တာနဲ့ ရှေးခေတ်ကို ပြန်ရောက်သွားသလိုခံစားမှုမျိုးပေးပါတယ်
   ဒီအချိန်မှာ အာကာသယာဥ်ပေါ်ကမြေဆွဲအားခန်းထဲမှာ ရှပင်ကျင့်ကြံနေပါတယ်
   မြင်းမြတ်တဲ့အလင်းယာဥ်ကို ကွမ်တမ်
ဦးနှောက်ကဘဲ ထိန်းချုပ်မောင်းနှင်တဲ့အတွက် ရှပင်စိတ်ပူစရာမလိုပါဘူး အဲ့တာကြောင့်သူစိတ်ချလက်ချနဲ့ မြေဆွဲအားအခန်းထဲမှာ ကျင့်ကြံနေနိုင်တာပါ
   "ဟူး!"
    ရှပင် သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး အသက်ရှူထုတ်လိုက်တယ် သူ့ကိုယ်ထဲအတိုင်းအဆမရှိတဲ့ စစ်မှန်တဲ့အဆီအနှစ်တွေတုန်ခါနေပြီး ရှူထုတ်လိုက်တဲ့လေစီးကြောင်းကတောင် ကြောက်စရာကောင်းကာ သံမဏိကိုဖျက်ဆီးဖို့ လုံလောက်ပါတယ်
   ထို့အပြင်ဒီအစွမ်းက မြေဆွဲအားငါးဆအောက်မှာ ကြောက်စရာအစွမ်းပြနေတာဖြစ်နေပါတယ် 
   "မြေဆွဲအားငါးဆ ပီသပါပေတယ် ကျင့်ကြံခြင်းသက်ရောက်မှု တကယ်ကောင်းတာဘဲ" ခံစားချက်နဲ့ ရှပင်သက်ပြင်းချလိုက်တယ် ဒါဟာပထမဆုံး မြေဆွဲအားအခန်းမှာ သူကျင့်ကြံဖူးတာဖြစ်ပြီး မြေဆွဲအားအခန်းမှာ ကျင့်ကြံတာအကျိုးရှိဆုံးဆိုတာကို လျင်မြန်စွာသူနားလည်သွားတယ်
   ဒီမြေဆွဲအားအောက်မှာ သူ့ခွန်အားဖြစ်ဖြစ်,အရှိန်ဖြစ်ဖြစ်, စစ်မှန်တဲ့အဆီအနှစ်လည်ပတ်တာဖြစ်ဖြစ် ငါးဆနှေးသွားပြီး နဂိုလွယ်ကူတဲ့လှုပ်ရှားမှုတွေကတောင် ခွန်အားတော်တော်သုံးယူပြီး လှုပ်ရှားရပါတယ်
   သူ့ပတ်ပတ်လည်မှာမြေဆွဲအား ရှိနေတာကြောင့် ကြွက်သားနဲ့အရိုးတွေတင် ကြီးမားလေးလံတဲ့ မြေဆွဲအားကို ခံရရုံမကဘဲ ထိခိုက်လွယ်တဲ့ကိုယ်တွင်းအစိတ်အပိုင်းတွေတောင် မြေဆွဲအားဖိနှိပ်မှုအောက်မှာ အတော်လေးခက်ခဲသွားပါတယ်
   အကယ်၍သာမန်လူသာဆို ဒီမြေဆွဲအားအောက်မှာ ကိုယ်တွင်းကလီစာတွေ, ဆံချည်မျှင်သွေးကြောတွေတောင် ပေါက်ကွဲပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်
   ဒါပေမဲ့ သိုင်းဆရာအဆင့်ကို ရောက်နေတဲ့ရှပင်အတွက်တော့ ဒီမြေဆွဲအားက ဘာမှသိပ်မဟုတ်ပါဘူး
   နှစ်ရက်သုံးရက်အတွင်းမှာ မြေဆွဲအားငါးဆရှိတဲ့ ပတ်ဝန်းကျင်မှာ သူနေသားကျသွားပြီး လွတ်လွတ်လပ်လပ်လျှောက်နိုင်ကာ သူ့စိတ်တိုင်းကျခွန်အား ထုတ်ဖော်နိုင်နေနိုင်ပါပြီ
   ဒီမြေဆွဲအားကို ကျင့်သားရတာနဲ့ သူ့ခန္ဓာကိုယ်ကို သံမဏိလိုသန်မာလာအောင် လေ့ကျင့်ခံနေရပါတယ်
   ခန္ဓာကိုယ်သွေးကြောတွေကလည်း စွဲမြဲမာကျောလာနေပြီး အတိုင်းအဆမရှိတဲ့ စစ်မှန်တဲ့အဆီအနှစ်တွေ ဘယ်လိုတိုက်ခိုက်နေပါစေ သွေးကြောတွေကို နည်းနည်းမှထိခိုက်အောင်မလုပ်နိုင်ပါဘူး ဒါကြီးမားတဲ့အကျိုးအမြတ်ဖြစ်ပါတယ်
   စွမ်းအင်ကျောက်တုံး ၂၀၀-၃၀၀ကိုလည်း တစ်ပြိုင်တည်းမှာ ရှပင်ထုတ်ယူလိုက်ပြီး ပြောင်ရှင်းအောင် စုပ်ယူကာ စစ်မှန်တဲ့အဆီအနှစ်အဖြစ်ပြောင်းလဲပြီး ခန္ဓာကိုယ်အလားအလာကို တိုးမြှင့်နေပါတယ်
   ဒီအာကာသယာဥ်ပျံသန်းနေတဲ့ ခုနှစ်ရက်မှာ သူအချိန်မဖြုန်းဘဲ ကောင်းမွန်တဲ့ပတ်ဝန်းကျင်, ပေါများတဲ့သဘာဝအရင်းအမြစ်တွေရဲ့ အကူအညီနဲ့ နောက်ထပ်သွေးကြော၂ခု၃ခု ထပ်ပွင့်လာခဲ့ပါတယ်
   "အကယ်၍ဒီမြေဆွဲအားအခန်းထဲမှာ ဆက်ပြီးကျင့်ကြံနေမယ်ဆိုရင် တစ်လအတွင်းသိုင်းဆရာအဆင့်၅ကို ငါရောက်နိုင်တယ်" ရှပင်လက်သီးစုပ်ပြီး သူ့ကိုယ်ထဲက ပေါများတဲ့ခွန်အားကိုခံစားကြည့်ကာ အလွန်ယုံကြည်ချက်ရှိနေပါတယ်
   ဒင် ဒေါင်!
   ဒီအချိန်မှာ အာကာသယာဥ်စနစ်ရဲ့ အသံထွက်ပေါ်လာတယ် "သခင်, အေးစက်တဲ့လရေကန်နဲ့ ၁၅၀ကီလိုမီတာနီးတဲ့ တောရိုင်းသစ်တောကိုယာဥ်ရောက်နေပြီ ဆက်ပြီးရှေ့တိုးသွားရမလား?"
   "ရောက်ပြီလား?" ရှပင်ထရပ်လိုက်ကာ "တောင်ထိပ်တစ်ခုကို ရှာပြီး ယာယီဆင်းသက်ထားလိုက်, မွန်းစတားမျိုးနွယ်တွေ ရှာမတွေ့စေနဲ့နော်"
   အေးစက်တဲ့လရေကန်နားမှာ အာကာသယာဥ်တိုက်ရိုက်ဆင်းသက်မယ်ဆိုရင် အသံအရမ်းကျယ်တဲ့အတွက် ငွေဆူနာမီနဂါးဘုရင်ကြားသွားနိုင်ပါတယ်
   မွန်းစတားဘုရင်ကို ဒေါသထွက်အောင်သွားလုပ်တာ နောက်စရာမဟုတ်ဘဲ သေချာပေါက်သူသေသွားနိုင်ပါတယ်
   အဲ့တာကြောင့် အာကာသယာဥ်ယာယီဆင်းသက်မဲ့နေရာကို အေးစက်တဲ့လရေကန်နဲ့မနီးမဝေးမှာ သူရွေးချယ်လိုက်တာပါ ပြီးရင်သူ့ဟာသူ ရှေ့ကိုဆက်သွားသွားပြီး ငွေဆူနာမီနဂါးဘုရင်ကို သတိမထားမိစေဘဲ ရေလမြက်ကို ရယူမှာပါ
   မြင့်မြတ်တဲ့အလင်းယာဥ်ကို ချောင်ကျတဲ့တောင်ကြားတစ်ခုမှာ ဆင်းသက်ပြီး ဒီနေရာမှာ ယာယီရပ်နားထားပြီးတာနဲ့ ရှပင်တံခါးဖွင့်ပြီး အထဲက ထွက်လာပါတယ်
   အာကာသယာဥ်ဆင်းသက်လာတဲ့ အသံကြောင့် တောင်ကြားတစ်ခုလုံးမှာရှိတဲ့ သတ္တဝါတွေအားလုံး အထိတ်တလန့်ဖြစ်သွားကြပြီး အထဲကရှပင်ဆင်းသက်လာတာတွေ့တာနဲ့ ဆူညံသွားကြတယ်
   "သေစမ်း, တောရိုင်းသစ်တောထဲကို မထင်မှတ်ဘဲ လူသားရောက်လာရဲတာ သေဖို့လာတာဘဲ"
   "ဟဲဟဲ, ငါလူ့အသားမစားရတာအချိန်တော်တော်ကြာနေပြီ ဒါလူသားစားရဖို့အတွက်ရွှေအခွင့်အရေးဘဲ ကောင်းကင်ကငါ့ကိုကူညီပေးလိုက်တာဘဲ"
   "အငယ်ကောင်တွေ, သူ့ကိုသတ်ကြစမ်း, ဒီညငါတို့လူသား စားမယ်"
   တောင်ကြားထဲမှာ ဝံပုလွေမွန်းစတားတွေရုတ်တရက် ပေါ်လာကြပါတယ် ဒီဝံပုလွေအများစုက သိုင်းပညာရှင်အဆင့်တွေဖြစ်ကြပြီး ခေါင်းဆောင်ဖြစ်တဲ့ ဝံပုလွေမွန်းစတားဆယ်ကောင်ကျော်က သိုင်းဆရာအဆင့်တွေဖြစ်ကြပါတယ် သူတို့ထဲကခွန်အားအကြီးဆုံးက သိုင်းဆရာအဆင့်၅ခွန်အားရှိပါတယ်
   ဒီတောင်ကြားက ဝံပုလွေမွန်းစတားတွေကျက်စားရာဒေသဖြစ်ပါတယ်
   "ဆွစ် ဆွစ် ဆွစ်!!!"
   ဝံပုလွေမွန်းစတားတွေဒေါသနဲ့ ဟိန်းပြီး ဘာအကြောင်းပြချက်မှမရှိဘဲ ရှပင်ကိုသတ်ဖို့ရောက်လာကြပါတယ် လူသားနဲ့မွန်းစတားတွေ တောတောင်ထဲတွေ့ရင် အတူတကွယှဥ်တွဲမနေနိုင်ဘဲ အချင်းချင်းသတ်ဖြတ်ကြတာ ထုံးစံဖြစ်နေပါပြီ
   တစ်ချို့မွန်းစတားတွေက ရက်စက်ပြီး လူ့အသားကျို စားကောင်းသောက်ဖွယ်အဖြစ် သဘောထားကြပါတယ်
  "သေချင်နေကြတဲ့ကောင်တွေ!"
   ဒီဝံပုလွေတွေ သွေးဆာနေတဲ့ပုံနဲ့ အစွယ်ထုတ်ပြီး ပြေးဝင်လာကြတာတွေ့တာနဲ့ ရှပင်မျက်လုံးတွေအေးစက်လာပြီး ရှေ့တိုးလိုက်တယ်
   ဘန်း!
   ရှပင်ကိုယ်ကနေ နေလုံးလိုအနီနက်ရောင် မီးတောက်တွေ ထွက်လာပြီး ပတ်ဝန်းကျင်တစ်ကီလိုမီတာကို ပေါက်ထွက်သွားတယ်
  ဘန်း ဘန်း ဘန်း!!!  
  ဒီမီးတောက်တွေက ဘက်ပေါင်းစုံကို ပေါက်ထွက်ပြီး ဝံပုလွေမွန်းစတားတွေကို ထိမှန်သွားပါတယ်
   "အား!"
   ဒီမီးတွေ ဝံပုလွေတွေကိုယ်ပေါ် ကျတာနဲ့ သူတို့တစ်ကောင်ပြီးတစ်ကောင် ငယ်သံပါအောင်အော်ဟစ်ပြီး ခန္ဓာကိုယ်မှာမီးစွဲသွားကြပါတယ်
   သူတို့ဘယ်လောက်လဲရုန်းပြီး မြေပြင်မှာလူးလိမ့်နေပါစေ ဒီမီးတွေကမလွတ်မြောက်နိုင်ဘဲ သူ့တို့ခန္ဓာကိုယ်တွေပြာဖြစ်မှ မီးငြိမ်းသွားပါတယ်
   ဒါလက်ရှိရှပင်ရဲ့ ကြောက်စရာကောင်းပုံဖြစ်ပါတယ်
   သိုင်းဆရာအဆင့်၄ကို ရောက်ပြီးနောက်မှာ သူထိန်းချုပ်နိုင်တဲ့မီးအပူချိန်က ဒီဂရီရာပေါင်းများစွာအထိရှိလာပြီး ဒီမီးတွေထဲမှာ သူ့ဝိညဥ်စွမ်းအင်ပါပေါင်းစပ်နိုင်တာကြောင့် ဝိညဥ်မီးလိုပါဘဲ
   ရန်သူက သူ့ထက်ခွန်အားအများကြီးပိုကြီးမှ ဒါမှမဟုတ် ထူးခြားတဲ့ရတနာတစ်ခုခုရှိမှ ဒါမှမဟုတ် သူငြိမ်းသက်ပေးမှသာ မီးငြိမ်းမှာပါ မဟုတ်ရင် မီးလုံးဝငြိမ်းဖို့မရှိဘဲ ပိုများသထက် များလာပြီး ရန်သူကို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းလိုက်မှာပါ
   "လူသား!"
   ခေါင်ဆောင်ဝံပုလွေ မွန်းစတားတွေ မျှော်လသ့်ချက်ကကန်ဆုံးပြီး သူတို့ခန္ဓာကိုယ်မှာမီးစွဲနေလျက် နာကျင်မှုကိုဖိနှိပ်ကာ ရှပင်နဲ့အတူသေဖို့ ရှပင်ဆီပြေးဝင်လာပါတယ်
   တည်ရှိမှု ကင်းမဲ့ခြင်းလက်ဝါး!
   ရှပင်ရှေ့တိုးကာ လက်ဝါးနဲ့ရိုက်ချလိုက်တာနဲ့ လေထဲမှာ သိပ်သည်းတဲ့လက်ဝါးရာကြီး ပေါ်လာခဲ့ကာ အစိုင်အခဲအဖြစ်စုစည်းသွားပါတယ်
   သူ့ဆီပြေးဝင်လာနေတဲ့ ဝံပုလွေတွေ ဒီလက်ဝါးရိုက်ခံရပြီး ကိုယ်တွင်းအင်္ဂါတွေ မှုန့်မှုန့်ညက်ညက်ကြေကာ ခန္ဓာကိုယ်တွေအပိုင်းပိုင်းအစစဖြစ်သွားပါတယ် မြေပြင်မှာတာ့သူတို့သွေးစတွေ ပြန့်ကျဲနေပါတယ်
   မိနစ်အနည်းငယ်အကြာမှာ ရှပင်လက်ချက်နဲ့ ဒီတောင်ကြားထဲမှာရှိတဲ့ ဝံပုလွေမွန်းစတားတွေအကုန် တစ်ကောင်မကျန်အသေဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်
   ဒါပေမဲ့ တောင်ကြားတစ်ခုလုံးရှိတဲ့ အပင်တွေလည်း ကတုံးဖြစ်အောင်လောင်ကျွမ်းခံရပြီး မီးဘေးဆိုက်သလို ဖြစ်ဆနကာ မြေကြီးတွေလဲ လောင်ကျွမ်းခံရပြီး မဲနက်နေပါတယ်
                           ............................အပိုင်း(၅၀၃) ကျိုးကလန် ဂျုနီယာတွေ
    "အားတောင် စိုက်စရာမလိုဘဲပြီးသွားတယ်!"
    တောင်ကြားထဲက ဝံပုလွေမွန်းစတားတွေကို သတ်တာက လက်ရှိရှပင်အတွက်တော့ သိပ်မပင်ပန်းလှပါဘူး
   ထို့အပြင် မြေဆွဲအားအခန်းထဲမှာ ကျင့်ကြံပြီးနောက် သူ့ခွန်အားတွေအရင်ထက် အများကြီးတိုးတက်လာပါတယ်
   ဝံပုလွေမွန်းစတားခေါင်းဆောင်ဆယ်ကောင်ကို လက်ဝါးတစ်ချက်နဲ့ သတ်နိုင်တာဟာ အရင်ကထက်အများကြီးပိုလွယ်ကူလာပါတယ်
   ဟွောင် လောင် လောင်!
   မြေပြင်မှာ ပြန့်ကျဲနေတဲ့ မွန်းစတားအူတိုင်တွေကို ရှပင်သိမ်းယူလိုက်တယ် ဒီဝံပုလွေမွန်းစတားတွေ သေလို့ကျန်ခဲ့တဲ့ အသက်အဆီအနှစ်တွေရဲ့ တန်ဖိုးက မနည်းပါဘူး
   သူ့ကိုယ်ထဲက ချီကျင့်စဥ်ကိုလည်ပတ်လိုက်တာနဲ့ နေမီးဖိုပုံရိပ်ပေါ်လာပြီး ဒီမွန်းစတားအူတိုင်တွေကို သန့်စင်လိုက်ကာ မွန်းစတားချီတွေလောင်ကျွမ်းသွားပါတယ်
  မွန်းစတားအူတိုင်တွေဆီက အသက်စွမ်းအင်အမြောက်အများ ရှပင်ကိုယ်ထဲစီးဝင်သွားပြီး သူ့ကိုယ်ထဲမှာ စဈမှနျတဲ့အဆီအနှဈတှကျေို တိုးလာနေစေပါတယ် သူ့ခန္ဓာကိုယ်သွေးကြောတွေထဲမှာ စစ်မှန်တဲ့အဆီအနှစ်တွေက ပင်လယ်ရေလှိုင်းတွေလို ရိုက်ခတ်နေပါတယ်
   "ကောင်းတယ်, ဒီနေရာကအာကာသယာဥ်ရပ်နားဖို့အတွက် သင့်တော်တယ်" ဝံပုလွေတွေအားလုံးကို သတ်ပြီးနောက် ဒီတောင်ကြားကို ယာယီစခန်းချရာနေရာအဖြစ် ရှပင်ဆုံးဖြတ်လိုက်တယ်
   ဘာလို့လဲဆိုတော့ ဒီတောင်ကြားက ဝံပုလွေမွန်းစတားတွေရဲ့ အသိုက်နဲ့တူတဲ့ပိုင်နက်ဖြစ်တာကြောင့် ဝံပုလွေကိုကြောက်လန့်တဲ့အတွက် အချိန်တိုအတွင်းတခြားမွန်းစတားတွေဒီနေရာကို လာရဲကြမှာမဟုတ်ပါဘူး
   အဲ့တာကြောင့် ဒီနေရာက အာကာသယာဥ်ယာယီရပ်နားဖို့အတွက် အလွန်သင့်လျာ်ပါတယ်
   "အေးစက်တဲ့ လရေကန်က ရှေ့ကီလိုမီတာ၁၅၀မှာဆိုတော့ သိပ်တော့မဝေးပါဘူး, ငါပြေးသွားရင်ရတယ်" တောရိုင်းသစ်တောရဲ့ မြေပုံကို ရှပင်ကြည့်လိုက်တယ်
   အေးစက်တဲ့လရေကန်ရှိတဲ့ တည်နေရာကိုမြေပုံမှာ သူတွေ့တာနဲ့ ချက်ချင်းခွန်ပန်ခြေလှမ်းကို အသုံးပြုပြီးကျောနောက်မှာစစ်မှန်တဲ့ အဆီအနှစ်တောင်ပံတွေပေါ်လာကာ အဝေးကသစ်ပင်တွေဆီ ရှပင်ခုန်ပျံပြေးလွှားသွားပါတယ်
   ဒါပေမဲ့ မြင့်မြတ်တဲ့အလင်းယာဥ်ကိုတော့ တောင်ကြားထဲမှာ သူအရိပ်ဖျောက်ပြီး ရပ်နားထားခဲ့ပါတယ် အကယ်၍ယာဥ်ကိုဘယ်သူမှသွားမထိရင် အာကာသယာဥ်တည်ရှိမှုကို ဘယ်သူမှရှာတွေ့မှာမဟုတ်ပါဘူး
   ဝှစ်!
   ကီလိုမီတာဒါဇင်ကျော်ပြေးပြီးနောက်မှာ တောနက်ထဲက သူပြေးရာလမ်းကြောင်းမှာ အန္တရာယ်ရှိတဲ့ မွန်းစတားသားရဲတွေဝပ်နေတာကို သူခံစားမိပါတယ် ဒါပေမဲ့ရှပင်ဂရုမစိုက်ဘဲ ဆက်ပြီးပြေးလွှားနေလိုက်တယ်
  ရှပင်ကို ပြဿနာလုပ်ဖို့ ကြိုးစားတဲ့မွန်းစတားသားရဲတွေက သူ့ခြေရာကိုတောင် လိုက်လို့မမှီပါဘူး
   "ဟမ်, ရှေ့မှာတိုက်ပွဲဖြစ်နေတာလား?" ဒီအချိန်မှာ သူ့အရှေ့လူတစ်ချို့တိုက်ခိုက်နေကြတဲ့လေထဲကအလွန်ပြင်းထန်တဲ့ တုန်ခါမှုတွေနဲ့  သိုင်းဆရာအဆင့်လူသားရဲ့ အော်ဟစ်သံတွေကိုတစ်ပြိုင်တည်း ကြားလိုက်ရတယ်
   ချက်ချင်း တိုက်ပွဲဖြစ်နေတဲ့နေရာကို သူချဥ်းကပ်သွားလိုက်တယ်
.....................
  တောတောင်ထဲမှာ -
  "သေစမ်း, ငါတို့က ကျိုးကလန်ဂျူနီယာတွေဆိုတာ မင်းတို့သိလား?"
  "တကယ်လို့ မင်းငါတို့ကိုသတ်ရဲရင် ကျိုးမိသားစုက မင်းတို့ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘဲ မင်းတို့ခန္ဓာကိုယ်ကို အပိုင်းတစ်ထောင်ဖြစ်အောင် သေချာပေါက်ဆုတ်ဖြဲကြလိမ့်မယ်"
   "ဒီနေ့ဖြစ်တဲ့ကိစ္စကို ငါ့အဖေသာသိရင် ကမ္ဘာအဆုံးထိမင်းတို့ထွက်ပြေးရင်တောင် လွတ်ဖို့ခက်ပြီးသေရမှာဘဲ"
   "ငါတို့က ရန်ဟွမ်တက္ကသိုလ်ဘွဲ့ရတွေဘဲ, ငါတို့ကိုသတ်ရဲရင် ရန်ဟွမ်တက္ကသိုလ်က မင်းတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး"
   ရုတ်တရက် လူငယ်၄-၅ယောက်က တစ်ယောက်ပြီးတစ်ယောက်ဒေါသနဲ့ အော်ဟစ်လိုက်ကြပါတယ် အဖြူရောင်အဝတ်အစားတွေဝတ်ထားပြီး နူးညံ့ငြင်သာတဲ့ရုပ်ရည်ရှိတဲ့ လူငယ်က ဒေါသနဲ့ ရန်သူ့တိုက်ခိုက်မှုတွေကို ရွပ်ရွပ်ချွံချွံခုခံနေပါတယ်
   ဒါပေမဲ့ သူတို့ကိုတိုက်ခိုက်နေတဲ့ လူတွေက ၃၃ယောက်ရှိပြီး တစ်ယောက်စီက ရက်စက်ညှာတာမှုကင်းပါတယ် သူတို့အဖွဲ့ထဲအနိမ့်ဆုံးက သိုင်းဆရာအဆင့်၃ဖြစ်ပြီး သိုင်းဆရာအဆင့်၅တစ်ချို့လဲပါပါတယ်
   ဒါပေမဲ့ လူငယ်တွေထဲမှာ ခွန်အားအကြီးဆုံးက သိုင်းဆရာအဆင့်၃သာဖြစ်ပြီး သူတို့ရန်သူတစ်အုပ်နဲ့ယှဥ်လိုက်ရင် အများကြီးလိုအပ်နေပါတယ်
  "အာ ဟမ်?, ဒီလူတွေက မထင်မှတ်ဘဲ ကျိုးကလန်ဂျူနီယာ, ရန်ဟွမ်တက္ကသိုလ် ထူးချွန်ကျောင်းသားတွေလား?"
   "ငါကြားတာတော့ ကျိုးမိသားစုက ဘုရင့်မျိုးနွယ်ဖြစ်ပြီး သြဇာလွှမ်းမိုးမှုရှိတယ်တဲ့ ပြီးတော့ရန်ဟွမ်တက္ကသိုလ်ဝင်နိုင်တယ်ဆိုတော့ ဒီကောင်တွေက သေချာပေါက်ရိုးရှင်းမှာတော့မဟုတ်ဘူး လက်ရွေးစင်ကျောင်းသားမဖြစ်နိုင်ရင်တောင်မှ သူတို့အဆင့်က သာမန်ကျောင်းသားတွေထက်မြင့်လိမ့်မယ်"
  "ဟမ့်, ကျိုးမိသားစုကဘယ်လောက်ကြမ်းကြမ်း ဒီနေရာကတောရိုင်းသစ်တောလေ, မွန်းစတားတွေအများကြီးရှိပြီး လူသူကင်းမဲ့တဲ့နေရာဘဲ ဒီလိုနေရာမှာ လူနည်းနည်းလောက်သေလို့ ငါတို့လက်ချက်ဆိုတာ ဘယ်သူသိနိုင်မှာလဲ?"
   "မင်းပြောတာမှန်တယ်, အခုငါတို့တွေ သူတို့ကိုတိုက်ခိုက်မိမှတော့ ကွီးမားတဲ့ရနျငွိုးရှိနပွေိီ အကယ်၍သူတို့ကို အခုမဖျက်ဆီးဘဲထားပြီး
ဒီကောင်တွေ ကလန်ကို ပြန်ရောက်တဲ့အခါကျရင် ငါတို့ကိုသုတ်သင်ဖို့ စစ်တပ်ကြီးစေလွှတ်တာကို စောင့်နေရမှာလား?"
  "လုံးဝအနာဂတ်အတွက် ဒုက္ခတွေကျန်မဲ့ကိစ္စမျိုးလုပ်လို့ မဖြစ်ဘူး"
   "ဒီအလိုလိုက်ခံထားရတဲ့ သခင်လေးတွေကံဆိုးတယ်လို့ဘဲပြောရမှာပေါ့, ငါတို့နဲ့မှ လာတိုးတာကိုး, ပြီးတော့ခန္ဓာကိုယ်မှာ ရတနာတွေသယ်ဆောင်ပြီး တောရိုင်းသစ်တောလိုနေရာမျိုးမှာ လျှောက်သွားနေရဲတယ် သူတို့မှမသေရင် ဘယ်သူသေမလဲ?"
   ရန်သူ ဓားမြဆယ်ယောက်ကျော် အချင်းချင်းဆွေးနေပြီး ဒီကျိုးကလန်ဂျူနီယာတွေကို ကျူပင်ခုတ်ကျူငုတ်မကျန်အောင် တစ်ယောက်မကျန်သတ်ပစ်ရမယ်လို့ လျင်မြန်စွာဆုံးဖြတ်ချက်ချလိုက်တယ်
   ဒီလိုဆုံးဖြတ်ပြီးတာနဲ့ သူတို့တွေမညှာနေတော့ဘဲ ရက်ရက်စက်စက်တိုက်ခိုက်ကြပါတော့တယ် အဲ့တာကြောင့် ဒီကျိုးကလန်ဂျူနီယာငါးယောက် ကြီးမားတဲ့ဖိအားနဲ့ ရင်ဆိုင်ရပြီး ဆက်မတောင့်ထားနိုင်တော့ပါဘူး
  "အဆုံးသတ်ပြီ, ဒီတစ်ခါငါတို့တွေ အဆုံးသတ်ပြီ"
  နူးညံ့ငြင်သာတဲ့ ရုပ်ရည်ရှိတဲ့လူငယ်ရဲ့မျက်နှာထားတွေ အလွန်အမင်းခက်ခဲနေပါတယ်အစကတော့ သူတို့တွေ ကံကောင်းတဲ့ဖြစ်ရပ်နဲ့ကြုံကာ သက်တူရွယ်တူတွေကြားထွန်းတောက်လာဖို့မျှော်လင့်ချက်နဲ့ ကလန်ကထွက်လာပြီး တောရိုင်းသစ်တောမှာ စွန့်စားခန်းလာဖွင့်တာပါ
   အကယ်၍ တောရိုင်းသစ်တောထဲမှာ တန်ဖိုးရှိတဲ့ ဝိညဥ်ဆေးပင်တစ်ချို့ ရှတွေ့ခဲ့ရင် သူတို့ဘဝတွေပြောင်းလဲသွားမှာပါ
   ဒါပေမဲ့တောရိုင်းသစ်တောလို ဥပဒေမဲ့ဇုန်မှာ တဈခြို့က စွန့်စားပြီးရတနာတွေရှာဖွေကြ, တစ်ချို့လူတွေက အတွေ့အကြုံလာရှာကြပေမဲ့ တစ်ချို့လူတွေက မကောင်းတဲ့ရည်ရွယ်ချက်နဲ့လူသတ်ပြီး ရတနာလုကြပါတယ်
   ခွန်အားလုံလုံလောက်လောက်မရှိဘဲ တောရိုင်းသစ်တောထဲမှာ စွန့်စားခန်းထွက်ချင်ရင်တော့ တစ်ခြားလူတွေအရေခွံဆုတ်ခံရမဲ့ သိုးဝလေးတွေဖြစ်သွားမှာပါ
   ဒီနေရာမှာဖက်ဒရယ်ဥပဒေမရှိသလို ရဲတပ်ဖွဲ့လည်းမရှိဘဲ လူသူကင်းမဲ့နေတဲ့အတွက် တစ်ယောက်ယောက်က လာသတ်သွားရင်တောင် ဘယ်သူမှမင်းအလောင်းကိုမရှာနိုင်ဘဲ သေရတာအချည်းနှီးဖြစ်မှာပါ
   "တကယျလျို့ ဒီလိုဖြစ်မှန်းသိရင် ငါတို့မလာခဲ့ပါဘူးကွာ!"
   လူငယ်လေးတစ်ယောက်က တစ်ကိုယ်လုံး ခိုက်ခိုက်တုန်ပြီး နောင်တရနေပါတယ် သူတို့တွေကံကိုယုံခဲ့မိပြီး တောရိုင်းသစ်တောထဲမှာ လူသတ်ရတနာလုကြတဲ့ ဓားမြတွေရှိတယ်တိုတာ မလာခင်တည်းက ကြားဖူးပေမဲ့ ဂရုမစိုက်ခဲ့ပါဘူး
  ထို့အပြင်သိုင်းဆရာအဆင့်ကို ရောက်ထားတဲ့အတွက် သူတို့ကိုယ်သူတို့ကာကွယ်နိုင်စွမ်းရှိမယ်လို့ ထင်ထားကြပြီး ကံလာစမ်းကြည့်ကြတာဖြစ်ကာ ဓားမြအဖွဲ့နဲ့ တိုးလောက်အောင်သူတို့ကံကဆိုးနေလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး
  ဒါပေမဲ့ ကိစ္စတွေက အဲ့လောက်တိုက်ဆိုင်လွန်းလှပြီး တောရိုင်းသစ်တောထဲ ဝင်ခါစမှာဘဲ သူတို့တွေဓားမြအဝိုင်းခံရကာ ထွက်ပြေးချင်တောင် ထွက်ပြေးလို့မနိုင်တော့ပါဘူး
   "ဟဲဟဲ, ကျိုးကန်ဂျူနီယာတွေ သေပေတော့ကွာ!"
   ရုတ်တရက် လူယုတ်မာသုံးယောက်က လက်ထဲကဓားတွေဝှေ့ယမ်းပြီး ဓားချီတွေနဲ့ လူငယ်တွေကို သတ်ဖို့ပြင်လိုက်ကြတယ်
   "သေပြီ"
   ဒီကျိုးကလန်ဂျူနီယာတွေ မျှော်လင်ချက်မဲ့သွားကြတယ် ငှက်တွေတောင်အညစ်အကြေးလာမစွန့်တဲ့ တောနက်ထဲမှာ သေရလိမ့်မယ်လို့သူတို့မမျှော်လင့်ထားပါဘူး နဂိုဆိုသူတို့မှာတောက်ပတဲ့အနာဂတ်တွေရှိပေမဲ့ အခုတော့ဘာမှမရှိတော့ပါဘူး
   ဝူရှ် ဝူရှ် ဝူရှ်!!!
   ဒါပေမဲ့ ဒီအချိန်မှာ ရုတ်တရက်လေထဲကနေ အသံထက်မြန်တဲ့ အရှိန်နဲ့ အလင်းတန်း၂ခု၃ခုထွက်လာပါတယ်
   ဓားကိုင်ထားတဲ့ဓားမြတွေ ဘာဖြစ်မှန်းမသိခင်မှာဘဲ သူတို့နှဖူးမှာသွေးပေါက်ကြီးတွေပေါ်လာပြီး မျက်လုံးကြီးတွေပြူးကာသွေးတွေစီးကျလာပါတယ်
   ချက်ချင်းသူတို့ခန္ဓာကိုယ်တွေ လဲကျပြီး သေဆုံးသွားကြတယ်
                           ...........................အပိုင်း(၅၀၄) သတ်ဖြတ်ခြင်း
    ဘယ်လို?!   
    ဒီရုတ်တရက် မတော်တဆမှုကိုမြင်တာနဲ့
ဓားမြတွေသာမကဘဲ ကျိုးကလန်ဂျုနီယာတွေပါ အံသြမှင်သက်သွားတယ်
   "သေသွားတာလား?!"
    ကျိုးကလန်ဂျူနီယာတွေက လက်ထဲမှာဓားရှည်တွေကို ဆုပ်ထားကာ မြေပေါ်လဲကျနေတဲ့ ဓားမြသုံးယောက်ကို ကြောင်ကြည့်နေပါတယ်
   ဒါပေမဲ့ဒီသုံးယောက်လုံး မျက်လုံးကြီးတွေပြူးနေပြီး သူတို့တွေဘယ်လိုအသတ်ခံလိုက်ရလဲဆိုတာသိပုံမရလဲ မျက်အိမ်ထဲမှာ နားမလည်နိုင်မှုတွေ, ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ပြည့်နေပါတယ်
   "ဒါဘယ်လိုဖြစ်တာလဲ?" 
   နူးညံ့ညင်သာတဲ့ ရုပ်ရည်ရှိတဲ့ လူငယ်ကလည်း နည်းနည်းကြောင်သွားတယ် ဒီလူသုံးယောက်လုံးက ခွန်အားကြီးပြီး သူတို့ခန္ဓာကိုယ်က အရမ်းသန်မာပေမဲ့ ဘာမှထူးထူးခြားခြားမတွေ့ရဘဲ ရုတ်တရက်သေဆုံးသွားပါတယ်
   ဝှစ်!
   သူတို့တွေဘာဖြစ်လဲဆိုတာ နားမလည်ခင်မှာဘဲ တောတွင်းပိုင်းကနေ လေပြင်းတိုက်ခတ်လာပြီးသူတို့ရှေ့မှာ လူငယ်တစ်ယောက်ပေါ်လာခဲ့ပါတယ်
     ဒီလူက ရှပင်ဖြစ်ပါတယ်
    "မင်း ဘယ်သူလဲ?"
    ဓားမြခေါင်းဆောင်က ရှပင်ကိုစိုက်ကြည့်ပြီးမေးလိုက်တယ် ဒီလူငယ်ဆီကနေ တောင်တစ်တောင်လိုခမ်းနားပြီး လှုပ်ခတ်လို့မရနိုင်တဲ့ အော်ရာတွေထွက်နေတာကို သူခံစားမိပါတယ်
   ဒါပေမဲ့ ဒီလူငယ်က သိုင်းဆရာအဆင့်၄သာရှိသေးပြီး သူကသိုင်းဆရာအဆင့်၅ဖြစ်ပါတယ် ကျင့်ကြံခြင်းအဆင့်အရ တစ်ဖက်လူထက်ကို သူတစ်ဆင့်မြင့်ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဒီကောင်လေးကိုသူအနိုင်ယူနိုင်မဲ့ မျှော်လင့်ချက်မရှိသလို ခံစားနေရပါတယ်
   တစ်ခြားဓားမြတွေတစ်ယောက်စီကလည်း လူတွေကို မြတ်ရိတ်သလိုသတ်တဲ့ အတွေ့အကြုံရှိသူတွေဖြစ်တာကြောင့် ဒီလူငယ်က ကြောက်စရာကောင်းတာကို ခံစားမိပါတယ် ဒီလူငယ်က လုံးဝရက်စက်တဲ့ကောင်ဖြစ်ပြီး မရေမတွက်နိုင်အောင် လူသတ်ထားကာ အနီးနားကကျိုးကလန်ဂျူနီယာတွေနဲ့ လုံးဝကွာပါတယ်
   "သူတို့က ငါ့ရန်ဟွမ်တက္ကသိုလ်ကကျောင်းသားတွေဆိုတော့ ငါ့နဲ့တစ်ဖက်တည်းသားတွေဘဲ, မင်းတို့တွေငါ့ကိုမျက်နှာသာပေးပြီး သူတို့ကို ယာယီအသက်ချမ်းသာပေးလိုက်မလား?"ရှပင်လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်ရင်း "တကယ်လို့မင်းတို့သဘောတူမယ်ဆိုရင် ငါမင်းတို့ကို အသက်ရှင်ချက်ထွက်သွားခွင့်ပြုမယ်"
   သူ့လေသံက ဓားမြတွေကိုဂရုစိုက်တဲ့ပုံမပေါ်ဘဲ ပုံမှန်စကားပြောနေသလိုပါဘဲ
   အစကတော့ ဒီကိစ္စမှာသူဝင်မပါချင်ပါဘူး ဘာကြောင့်လဲဆိုတော့ ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ လူသတ်ပြီးရတနာလုတဲ့ကိစ္စတွေက အရမ်းအရမ်းများပြားလွန်းပါတယ် ဒီလိုကိစ္စတွေအားလုံး သူဝင်ပါနေရင် သူ့လက်တွေခြေတွေနဲ့ လောက်မှာတောင် မဟုတ်ပါဘူး
   ဒါပေမဲ့ ဒီလူငယ်တွေက ရနျဟှမျတက်ကသျိုလျမှာတကျဖူးတဲ့လူတှဖွေဈနပေါတယျ
   သူလည်း ရန်ဟွမ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းကနေ အကျိုးအမြတ်အများကြီးရရှိခဲ့တာကြောင့် လက်ရွေးစင်ကျောင်းသားတစ်ယောက်အနေနဲ့ ဒီရန်ဟွမ်တက္ကသိုလ်ကျောင်းသားတွေကို ကူညီဖို့တာဝန်ရှိပါတယ်
   ဒါပေမဲ့ သူတို့ရင်ဆိုင်ရတဲ့ရန်သူက အရမ်းခွန်အားကြီးရင်တာ့ ရှပင်ရူးမိုက်စွာနဲ့ အသေသွားခံမှာမဟုတ်ပါဘူး ဒါပေမဲ့ဒီဓားမြတွေလောက်တော့ သူတစ်စက်မှကြောက်စမလိုပါဘူး
   ဘာကွ?!
   ရှပင်စကားတွေကြားတာနဲ့ အနီးနားမှာရှိတဲ့
ဓားမြတွေအားလုံး အမြီးတက်နင်းခံရတဲ့ကြောင်တွေလို ဒေါပွသွားကြတယ် ဒီကောင်လေးက အရမ်းအရမ်းမောက်မာလွန်းပါတယ်
   သူတို့လူသုံးယောက်ကို သတ်ဖြတ်ပြီးတာတောင် မထင်မှတ်ဘဲအခု စကားနည်းနည်းလောက်ပြောပြီး သူတို့ကိုထွက်သွားခိုင်းချင်နေပါတယ် ဒါအရမ်းမောက်မာတာမဟုတ်ရင် ဘာဖြစ်ရအုံးမလဲ?
   တကယ်လို့ ဒီကောင်ကဂရန်းမာစတာ တစ်ယောက်ဆိုရင်တော့ သူတို့ဘာမှဆက်မပြောရဲဘဲ လှည့်ထွက်သွားမှာပါ
   ဒါပေမဲ့ ဒီကောင်ကသိုင်းဆရာအဆင့်၄ဘဲရှိသေးပြီး ကျင့်ကြံခြင်းအဆင့်က သူတို့နဲ့သိပ်မကွာပါဘူး အရေအတွက်အားဖြစ်ကြည့်ရင်လဲ သူတို့တွေလုံးဝအားသာနေပါတယ်
   "သောက်အဓိပ္ပာယ်မရှိတဲ့စကားတွေ"
   "ငါတို့လူကို သတ်ပြီးတော့ငါတို့ကို ထွက်ခွါခွင့်ပြုချင်ရင် မင်းကိုယ်မင်း ဘာထင်နေတာလဲ?"
   "ငါတို့ကိုအသက်ရှင်လျက် ထွက်ခွါခွင့်ပြုချင်ရအောင် မင်းကိုယ်မင်းဂရန်းမာစတာ ထင်နေတာလား?"
   "သူ့ကိုသတ်ပြီး သူများကိစ္စတွေမဆိုင်ဘဲဝင်ပါတာ ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူးဆိုတာကို သိအောင်သင်ပေးလိုက်ရအောင်"
   ဓားမြတစ်အုပ်က ဒေါသနဲ့အော်ဟစ်ပြီး ရှပင်ကိုစိုက်ကြည့်နေကြပါတယ်
   ပြောဆိုပြီးတာနဲ့ ချက်ချင်းသူတို့ လှုပ်ရှားလိုက်ကြပြီး သိုင်းဆရာအဆင့်ခွန်အားတွေထုတ်ဖော်ကာ လူအသွင်နဂါးတွေလို ဘက်ပေါင်းစုံကနေ ရှပင်ဆီဝင်လာကြပါတယ်
   "မိုက်မဲလိုက်တဲ့ကောင်, တစ်ယောက်တည်းလာရဲတာ ဒါသေကြောင်းကြံနေတာမဟုတ်လား?" ကျိုးကလန်ဂျူနီယာတစ်ယောက်ရဲ့ မျက်နှာတွေ သွေးမရှိတော့ဘဲ ဖြူဖျော့သွားတယ် အစကတော့ ကူညီမဲ့သူရောက်လာလို့အန္တရာယ်ရှိတဲ့ အခြေအနေကနေ လွတ်မြောက်ပြီလို့ သူထင်ထားတာပါ
   ဒါပေမဲ့ဒီကောင်က တစ်ကိုယ်တော်ရောက်လာတာဖြစ်ပြီး ဓားမြတွေအများကြီးနဲ့ ရင်ဆိုင်ချင်တာ ဒါကိုယ့်ပျက်စီးကြောင်း ကိုယ်ရှာနေတာဖြစ်ပါတယ် 
   "အဲ့ကောင်က မိုက်မဲပေမဲ့ ငါတို့တွေသူ့နောက်လိုက်ပြီး မိုက်မဲလို့မရဘူး, ဒီဓားမြတွေကို သူခုခံနေတဲ့အချိန်မှာအခွင့်အရေးယူပြီး ငါတို့ထွက်ပြေးရမယ်" နောက်ကျိုးကလန်ဂျူနီယာတစ်ယောက်က မျက်လုံးတွေလက်သွားပြီးအကြံပြုလိုက်တယ်
   သူတို့အားလုံး တူညီတဲ့အကြံအစည်တွေရှိနေကြပါတယ် ဒီလူက သူတို့ကိူကူညီပေးတာဖြစ်ပေမဲ့ ဒီနေရာမှာဆက်နေပြီး ဓားမြတွေနဲ့ အသေခံတိုက်ခိုက်မယ်ဆိုရင် သူတို့တွေအဆုံးသတ်ကောင်းမှာမဟုတ်ပါဘူး အဲ့တာကြောင့် အခွင့်အရေးကို အရယူပြီး ထွက်ပြေးတာ ပိုကောင်းပါတယ်
  ဒါပေမဲ့ သူတို့မလှုပ်ရှားခင်မှာ ရုတ်တရက်ရှပင်ရှေ့တစ်လမ်းတိုးပြီး ဟိန်းလိုက်တယ်
   "ဝူ! ဂူ! ဘ! မ! ဟွန်း! အ! သုံး! ဖော်!"
   လျှပ်တစ်ပြက်အတွင်း စစ်မှန်နဲ့အဆီအနှစ်တွေနဲ့ အစိုင်အခဲအဖြစ်စုစည်းထားတဲ့ အော်သံရှစ်မျိုးပေါ်လာပါတယ် သိုင်းဆရာအဆင့်၄ကိုရောက်ပြီးနောက်မှာ ရှပင်အစွမ်းတွေက ထိုးတက်လာပါတယ်
   အခုတစ်ခါ ကောင်းကင်ဘုံနဂါးအော်သံရှစ်မျိုးကို ပြန်လည်အသုံးပြုလိုက်တဲ့အခါမှာ သူ့အသံထဲမှာ ကောင်းကင်ဘုံနဂါးဒေါသနဲ့ဟိန်းသံသဲ့သဲ့ ပါနေပါတယ်
   ဒီအသံတွေ ပေါက်ထွက်တာနဲ့ အလွန်ကြောက်စရာကောင်းတဲ့ အသံလှိုင်းတွေထွက်ပေါ်လာပြီး လေတွေတောင် လှိုင်းဂယက်ထကာ လှိုင်းတွေက ပတ်ဝန်းကျင်တစ်ကီလိုမီအတွင်းဘက်ပေါင်းစုံကိုပြန့်သွားပါတယ်
   တိုက်ခိုက်မှု ပစ်မှတ်မဟုတ်တဲ့ဒီကျိုးကလန်ဂျူနီယာတွေတောင် ဒီအသံတွေကြားရုံနဲ့ နားစည်တုန်ခါပြီး ကိုယ်ထဲကချီနဲ့သွေးတွေမြင့်တက်ကာ ဆက်တိုက်နောက်ဆုတ်လိုက်ရတယ်
    ဒါပေမဲ့ ကောင်းကင်ဘုံနဂါးအော်သံရှစ်မျိုးတိုက်ခိုက်တာခံရတဲ့ ဓားမြတစ်အုပ်ကတာ့
ပိုသနားစရာကောင်းနေပါတယ်
   ဘန်း ဘန်း ဘန်း!!!
   သူတို့ခန္ဓာကိုယ်တွေ မိုးကြိုးပစ်ခံရသလို အသံလှိုင်းတွေက သူတို့ခန္ဓာကိုယ်ထဲမှာအကြိမ်ရာပေါင်းများစွာတုန်ခါသွားပါတယ်
   "ဖွက်!"
   သူတို့တွေနေရာမှာရပ်နေရင်း ဒွါရပေါက်တိုင်းကနေ သွေးတွေစီးကျလာပါတယ် သူတို့မျက်လုံးကြီးတွေပြူးကျယ်နေပြီး တစ်လှမ်းတောင်မလှုပ်နိုင်ဘဲ အသက်ရှင်လျက် သတ်ခံလိုက်ရပါတယ်
   ဒီအချိန်မှာ မြေပြင်မှာတော့ မုန်တိုင်းတိုက်ခတ်ထားရသလို ချိုင့်ကြီးတွေ, ပင့်ကူအိမ်လို ရာပေါင်းများစွာသောအက်ကြောင်းတွေ ဖြစ်ပေါ်နေပါတယ်
   အဝေးနေရာက လူ့အရပ်တစ်ဝက်စာမြင့်တဲ့ကျောက်တုံးတွေတောင် လှုပ်ခါပြီး အမှုန့်ဖြစ်သွားကြတယ်
   "လာနောက်နေတာလားဟ?"
   ဒီအခြေအနေကို မြင်တဲ့ကျိုးကလန်ဂျူနီယာတွေအားလုံး ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဘဲ အံ့သြမှင်တက်နေကြပါတယ် ဒီကောင်ကဟိန်းသံတစ်ချက်နဲ့တင် သိုင်းဆရာဓားမြအများအပြားကို အသက်ရှင်လျက် လှုပ်ခါသတ်ပြစ်နိုင်ပါတယ်
    ဒါပေမဲ့အခုအသက်ရှင်ကျန်တဲ့ ဓားမြတွေက သိုင်းဆရာအဆင့်၅အပါအဝင် နှစ်ယောက်သုံးယောက်သာ ကျန်ခဲ့ပါတယ်
   သူတို့တွေက အသက်ရှင်ကျန်ခဲ့ပေမဲ့လဲ ကိုယ်တွင်းကလီစာတွေဒဏ်ရာအပြင်းအထန်ရပြီး သွေးအန်လိုက်ရတယ်
   "မွန်းစတား, ဒီကောင်ကလုံးဝမွန်းစတားဘဲ"
   "သံပြားကိုကန်မိပြီ, မြန်မြန်ထွက်ပြေးပြီး ခေါင်းဆောင်ကို သတင်းပို့ကြ"
   ကျန်တဲ့ဓားမြသုံးယောက်က ဆက်ပြီးလူပါးမဝရဲတော့ပါဘူး စက္ကန့်ပိုင်းအတွင်း သူတို့အပေါင်းအပါအများစုကို ရှပင်သတ်ပစ်လိုက်တာကြောင့် သူတို့တွေ ရန်လိုတဲ့စကားတောင်မပြောရဲကြတော့ဘဲ အသက်ရှင်ဖို့မျှော်လင့်ချက်နဲ့ မတူညီတဲ့ဦးတည်ဖက်တွေကို ထွက်ပြေးကြပါတယ်
   ရှပင်မျက်လုံးတွေ အေးစက်ပြီး လေထဲကို လက်သီးနဲ့ ထိုးချလိုက်တယ်
  သားရဲတစ်သောင်းလက်သီး အဋ္ဌမမြောက်သိုင်းကွက် - ကြိုးကြာဖြူခုတ်ချက်
   ဝူရှ် ဝူရှ် ဝူရှ်!!!
   ရှပင်နောက်မှာ ပြိုင်စံရှားဓားတာအိုဂရန်မာစတာတစ်ယောက်လို ခြေတစ်ဖက်တည်းနဲ့  မြေပြင်မှာရပ်နေတဲ့ ကြိုးကြာဖြူပုံရိပ်ပေါ်လာပါတယ်
   ရုတ်တရက် ဓားချီတွေက ကျည်ဆန်တွေလိုလေကိုခွင်းထွက်သွားပါတယ်
   ဘန်း!
   လေထဲမှာ ထွက်ပြေးနေတဲ့ဓားမြသုံးကောင်ခန္ဓာကိုယ်ကို ဓားချီတွေဖေါက်ဝင်သွားပြီး သူတို့အလောင်းတွေ လေထေဲကပြုတ်ကျလာပါတယ်
                            ..........................အပိုင်း(၅၀၅) အသက်ကယ်ခြင်းရဲ့ ရလဒ်
   "အရမ်းအစွမ်းကြီးတာဘဲ!"
    ဒီဓားမြတွေအားလုံး ရှပင်သတ်တာခံလိုက်ရတာကိုတွေ့တာနဲ့ ကျိုးကလန်ဂျူနီယာတွေ အကြီးကျယ်ထိတ်လန့်သွားတယ် ဒီတိုက်ခိုက်စွမ်းက အလွန်ကြောက်စရာကောင်းပါတယ်
   သူတို့အားလုံးပေါင်းရင်တောင် ဒီလူငယ်ရဲ့ပြိုင်ဘက်မဟုတ်ဘဲ စက္ကန့်အနည်းငယ်အတွင်းအသတ်ခံလိုက်ရမှာပါ
   "ဒီညီအစ်ကို, ကျွန်တော်တို့ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" နူးညံ့ငြင်သာတဲ့ ရုပ်ရည်နဲ့လူငယ်လေးက ကျိုးနွံစွာပြောလိုက်တယ် "ငါတို့ကကျိုးမျိုးနွယ်ဂျူနီယာတွေပါ, ငါ့နာမည်က ကျိုးဟောင်, ဒါကတော့ ကျိုးဂျီယာ,ကျိုးခန်, ကျိုးမျု, ကျိုးဟူအိုတို့ဘဲ, ညီအစ်ကိုရဲ့နာမည်ကရော ဘယ်လိုခေါ်လဲမသိဘူး"
   ရှပင်ကိုတောက်ပတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး သူ့ကိုယ်သူနဲ့ အပေါင်းအပါတွေကိုမိတ်ဆက်ပေးလိုက်တယ်
  "ရှပင်ပါ, ရန်ဟွမ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဘဲ" ရှပင်သူ့နာမည်သူပြောလိုက်တယ်
   သူ့နာမည်ကြားတာတောင် ကျိုးကလန်ဂျူနီယာတွေ ဘာတုံ့ပြန်မှုမှမရှိပါဘူး လူသားနဲ့မွန်းစတားမျိုးနွယ်ကြား စစ်ပွဲဖြစ်လုနီးနီးဖြစ်ခဲ့ပေမဲ့ ဒီကိစ္စကို ဂရုမစိုက်တဲ့သူတော်တော်များများလဲရှိပါတယ်
   ဒီကိစ္စကို အာရုံစိုက်ခဲ့ရင်တောင် အဓိကတရားခံက ရှပင်ဆိုတာကို လူတော်တော်များများမသိကြဘဲ ရန်ဟွမ်တက္ကသိုလ်ကျောင်းသားတစ်ယောက်အဖြစ်ဘဲ သိကြပါတယ် ဒီကိစ္စကိုတကယ်အာရုံစူးစိုက်တဲ့သူတွေသာ ရှပင်နာမည်ကို သိတာပါ
   အဲ့တာကြောင့် သူတို့တွေရှပင်ကို မသိတာမထူးဆန်းပါဘူး
   ရုတ်တရက် လူငယ်ကျိုးဟောင်က ရှပင်ကိုကြည့်ပြီး စပ်စုကာမေးလိုက်တယ် "မင်းကိုကြည့်ရတာ အရမ်းငယ်ငယ်လေးဘဲရှိသေးတဲ့ပုံဘဲ, ဒါပေမဲ့သိုင်းဆရာအဆင့်ကိုတောင်ရောက်နေပြီဆိုတော့ မင်းကရန်ဟွမ်တက္ကသိုလ်ရဲ့ လက်ရွေးစင်ကျောင်းသားတစ်ယောက်ဖြစ်မလား မသိဘူး?"
   "ဟုတ်ပါတယ်" ရှပင်ခေါင်းငြိမ့်ပြီး ဖြေလိုက်တယ်
   တခြားကျိုးကလန်ဂျူနီယာတွေပါ အရမ်းအံ့သြသွားကြတယ် ရန်ဟွမ်တက္ကသိုလ် လက်ရွေးစင်ကျောင်းသား ဖြစ်လာတဲ့သူတိုင်းကကြေက်ခမန်းလိလိ ပြိုင်စံရှားပါရမီရှင်တွေ ဖြစ်ကြပါတယ် တစ်ချို့ဆို ဘုရင်ဖြစ်လာမဲ့ပါရမီတွေ ရှိကြတယ်ဆိုတာ သူတို့နားလည်ပါတယ်
   ဒါကြောင့်လဲ ဒီကောင်ကအခုလိုကြောက်စရာကောင်းပြီး သိုင်းဆရာအဆင့်၎အဆင့်နဲ့ ဓားမြတွေအားလုံးကို အလွယ်တကူသတ်ပစ်နိုင်တာပါ
   "တော်လိုက်တာ!"
   ရှပင်ကိုကြည့်ကာ ကျိုးဟောင်နည်းနည်းနာမလိုဖြစ်ပြီး ပြောလိုက်တယ် "ညီအစ်ကိုရှရဲ့ တိုးတက်မှုတွေက အရမ်းမြန်တော့ ညီအစ်ကိုရဲ့မျိုးနွယ်ကလဲ အင်အားကြီးမှာဘဲ ညီအစ်ကိုရှကဘယ်မျိုးနွယ်ကလဲ မသိဘူး?"
   ရှပက်ကို မျိုးနွယ်ရဲ့သဘာဝအရင်းအမြစ်အမြောက်အများအားကိုးနဲ့ အခုလိုလျင်မြန်စွာတိုးတက်လာပြိး လက်ရွေးစင်ကျောင်းသားဖြစ်လာတာလို့ သူထင်နေပါတယ် အဲ့လိုမဟုတ်ရင် ဒီလောက်ငယ်ငယ်နဲ့ ဒီလိုတိုက်ခိုက်စွမ်းရည်ရှိဖို့ ကိုယ်တိုင်ကြိုးစားယုံနဲ့ မဖြစ်နိုင်ပါဘူး
   "ငါ့မှာမျိုးနွယ်မရှိပါဘူး, သာမန်အရပ်သားပြည်သူတစ်ယောက်ဘဲ" ရှပင်ဂရုမစိုက်ဘဲ ပြောလိုက်တယ်
   သာမန်အရပ်သားပြည်သူ?
   ဒီစကားကြားတာနဲ့ ကျိုးဟောင် စိတ်ဓာတ်တွေတက်ကြွလာပြီး သူ့ကိုယ်သူရှပင်ထက်ဂုဏ်ပိုမြင့်တယ်လို့ ခံစားလာရပါတယ် လတ်စသတ်တော့ဒီကောင်က သာမန်အရပ်သားပြည်သူကိုး
   ဒီလိုဆို နောက်ခံအသိုင်းဝိုင်းမရှိတဲ့ ရှပင်ရှေ့မှာသူသိပ်ပြီးသိက္ခာစောင့်ထိန်းနေစရာမလိုတော့ပါဘူး
  အဲ့လျိုတှေးပွီး သူ့သဘောထားတွေ အနည်းငယ်ပြောင်းသွားကာ ပြောလိုက်တယ် "ညီအစ်ကိုရှ, ငါတို့ကျိုးမျိုးနွယ်ကို ကြားဖူးလားမသိဘူး?, ငါတို့ကျိုးမိသားစုရဲ့ဘိုးဘေးကို ရှန်ကျိုးဘုရင်လို့ သိကြပြီး ငါတို့ကျိုးမိသားစုက ဥစ္စာဓနချမ်းသာကြွယ်ဝတဲ့မိသားစုတစ်ခုဘဲ"
   "အကယ်၍ငါတို့ကျိုးမိသားစုကို မင်းဝင်ပြီး ကျိုးမိသားစုရဲ့ ဧည့်အမှုဆောင်တစ်ယောက်ဖြစ်လာမယ်ဆိုရင် ဘိုးဘေးရဲ့ အသိအမှတ်ပြုမှုကို သေချာပေါက်ခံရလိမ့်မယ် အဲ့လိုဖြစ်လာရင် ညီအစ်ကိုရှက အနာဂတ်မှာရာထူးဂုဏ်ရှိန်တွေမြင့်လာပြီး သက်တူရွယ်တူတွေကြား ထင်ပေါ်လာလိမ့်မယ် အနာဂတ်မှာဘုရင်တစ်ပါး ဖြစ်လာနိုင်ခြေတောင် ရှိတယ်" ရှပင်ကိုသူစည်းရုံးချင်နေပါတယ်
   အဓိကဘုရင့်ကလန်တွေက ကြီးမားတဲ့သိုင်းတာအိုအဖွဲ့အစည်းကြီးတွေနဲ့ ဆင်တူပြီး မျိုးနွယ်အတွက် ပါရမီရှင်ပေါင်းစုံကို စုစည်းကြပါတယ် ဒီလိုလုပ်ခြင်းအားဖြစ် ကလန်သြဇာအာဏာလွှမ်းမိုးမှုကို ပိုတောင့်တင်းစေပါတယ်
   ဒါပေမဲ့ ဒီဘုရင်မျိုးနွယ်တွေကို ဝင်လိုက်ပြီး သူတို့ရဲ့သဘာဝအရင်းအမြစ်တွေကို လက်ခံမယ်ဆိုရင် သူတို့လက်အောက်ငယ်သားဖြစ်သွားတာနဲ့ တူသွားမှာပါ ကိုယ်ပိုင်လွတ်လပ်ခွင့်အများကြီး အကန့်အသတ်ရှိလာပြီး ကိုယ့်စိတ်ကြိုက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး
   "မလိုပါဘူး" ရှပင်လက်ဝေ့ယမ်းပြီး ငြင်းလိုက်တယ် သူကသူများကိုဦးညွှတ်တတ်တဲ့သူမဟုတ်ပါဘူး
  ကျိုးဟောင်က နည်းနည်းဇွဲမလျော့ချင်သေးဘဲ ဆက်ပြောလိုက်တယ် "ညီအစ်ကိုရှ သေချာစဉ်းစားပြီးပြီလား? ငါတို့ကျိုး ကလန်အထောက်အပုံနဲ့ဆိုရင် မင်းအနာဂတ်မှာသေချာပေါက် အကန့်သတ်မရှိတဲ့ အလားအလာတွေရှိမှာနော် အကယ်၍ မင်းတစ်ကိုယ်တည်းရုန်းကန်မယ်ဆိုရင်တော့ အားနည်းပြီး သဘာဝအရင်းအမြစ်အကူအညီတွေရရှိမှာမဟုတ်ဘူး အဲ့လိုဆိုမင်းမှာ ပါရမီရျှိရငျတောငျ ဘုရင်ဖြစ်ဖို့ အရမ်းခက်ခဲလိမ့်မယ်"
    ရှပင်ကို သူဖျောင်းဖျချင်နေပါတယ်
   "မလိုပါဘူး" ရှပင်ပြတ်ပြတ်သားသားငြင်းလိုက်တယ် "မင်းတို့အဆင်ပြေပြီဆိုမှတော့ ငါအရင်သွားနှင့်မယ်"
   ဒီကျိုးကလန်လူတွေနဲ့ အဓိပ္ပာယ်မရှိတာတွေ သူဆက်မပြောချင်တော့ဘဲ ထွက်သွားဖို့လုပ်လိုက်တယ်
   သူ့ရဲ့ဧရာမကုမ္ပဏီနောက်ခံက ကျိုးကလန်ထက်အများကြီးအင်အားကြီးပြီး သဘာဝအရင်းအမြစ်တွေ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်အဆက်အသွယ်တွေလဲအများကြီးရှိပါတယ် မလောက်လေးမလောက်စား ကျိုးမိသားစုလေးက သူ့ကိုစည်းရုံးချင်နေပြီး မက်လုံးတစ်ချို့နဲ့သူ့ကို သူတို့အတွက်သေတဲ့အထိခိုင်းစားချင်နေတာ တကယ်လူကိုအရူးထင်နေတာပါ
   "နေပါအုံး"
    ကျိုးဟောင်ကို ရှပင်ခေါ်တားပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ် "အကယ်၍ညီအစ်ကိုရှ လက်မခံချင်လဲ ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ငါတို့အခု ဓားမြတွေတိုက်ခိုက်တာ ခံထားရပြီး အတော်အတန်ဒဏ်ရာရထားတယ်"
   "အကယ်၍ ငါတို့ဒီနေရာမှာဆက်နေမယ်ဆိုရင်တခြား လူယုတ်မာတွေတိုက်ခိုက်တာကို ထပ်ခံရနိုင်တယ်"
   "အကယ်၍ညီအစ်ကိုရှ အဆင်ပြေမယ်ဆိုရင် ငါတို့ကို တောရိုင်းသစ်တော အပြင်ကိုလိုက်ပို့ပေးမလား?"
   သူ့တောင်းဆိုမှုကို ပြောလိုက်တယ် တခြားကျိုးကလန်ဂျူနီယာတွေလဲ မျှော်လင့်ချက်တွေဖြစ်ပေါ်လာပါတယ် သူတို့ဒီနေရာမှာနေရမှာကြောက်ပြီး ပြန်တောင်မပြန်ရဲတော့ပါဘူး
   "တောရိုင်းသစ်တောအပြင်လား? မင်းတို့ကိုလူသားမြို့ကို ငါလိုက်ပို့ပေးရမှာလား?" ရှပင်မျက်မှောင်ကြုံပြီး စိတ်ထဲကနေသရော်လိုက်တယ် ဒီကျိုးကလန်ဂျူနီယာတွေက ပိုပိုအတင့်ရဲလာနေပြီး တစ်လက်မလောက်ရရင် တစ်ပေလောက်လိုချင်နေတယ်လို့ သူတွေးလိုက်တယ်
   သူတို့ရဲ့အသက်ကို သူကယ်တင်ပေးခဲ့တာနဲ့တင်ဘဲ သူတို့အပေါ်ကြီးမားတဲ့ကျေးဇူးကြီးရှိနေပါပြီ အခုတော့ဒီကောင်တွေ သူ့ကိုတဈခုပွိီးတဈခုလာတောငျးဆိုနရေအောငျ ဘယ်တုန်းက သူကကျိုးကလန်လက်အောက်ငယ်သွားဖြစ်သွားတာလဲ?
  "တကယ်လို့ညီအစ်ကိုရှ စိတ်မရှိဘူးဆို ကျွန်တော်တို့ကို လူသားမြို့ကိုလိုက်ပို့ပေးတာကောင်းတာပေါ့" ကျိုးဟောင်က နည်းနည်းမှရှက်တဲ့ပုံမပေါ်ဘဲ မျက်နှာအလွန်အရည်ထူစွာပြောလိုက်တယ်
   ဒျီစကားကွားတာနဲ့ ဒီကျိုးဟောင်နဲ့ ရှပင်ဆက်မပြောချင်တော့ပါဘူး ဒီကောင်တွေအသက်ကို သူကယ်တင်ခဲ့တာ ရန်ဟွမ်တက္ကသိုလ်ကျောင်းသားအချင်းချင်းဆိုလို့ဖြစ်ပါတယ်
  ဒါပေမဲ့ အဲ့တာနဲ့ဘဲ ဒီကောင်တွေက တစ်လက်မရရင်တစ်ပေလောက်လိုချင်ပြီး သူ့ကျိုအလိုလိုကျအမိုကျစောျကားတာမြိုး လာလုပ်လို့မရပါဘူး
   သူလက်ဝေ့ယမ်းပြီး အပြီးငြင်းလိုက်တယ် "ငါဒီမှာကိစ္စရှိသေးတယ် တောရိုင်းသစ်တောကထွက်ခွါလို့မရဘူး, မင်းတို့ဘာသာမင်းတို့သွားတော့"
   ပြောပြီးတာနဲ့ ခွန်ပန်တစ်ကောင်လို ဝှစ်ကနဲ့ညင်တာစွာခုန်ပြီး ရှပင်ဒီနေရာကထွက်သွားပါတယ် ကျိုးကလန်ဂျူနီယာတွေ သူ့ကိုခေါ်ပြီးဆက်တားချင်ရင်တောင် မတားနိုင်တော့ပါဘူး
   လျင်မြန်စွာဘဲ သူ့အရိပ်ကတောထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်
   "လီးဘဲ!"
   ရှပင်ထွက်သွားတာမြင်တာနဲ့ ကျိုးကလန်ဂျူနီယာတွေ သူ့ကိုဆဲဆိုလိုက်ကြတယ် "အဲ့ဒီ့ရှပင်ဆိုတဲ့ အရပ်သားပြည်သူက တကယ်လူပါးဝတယ် ငါတို့ကျိုကယျတငျပွီးတာတောငျ ဘာလို့တစ်ခါတည်း အပြင်ကိုမခေါ်သွားပေးလိုက်တာလဲ အသက်ကယ်တယ်ဆိုတာ အဆုံးထိကယ်ရတာဖြစ်ပြီး ဗုဒ္ဓကိုအနောက်အရပ်ကို ပို့ဆောင်ပေးရတယ်ဆိုတဲ့စကားအတိုင်း တကယ်လို့ငါတို့ပြန်ရင်း လမ်းမှာဓားမြတွေသတ်တာခံလိုက်ရရင် သူကငါတို့လူတွေကို သတ်တဲ့တရားခံဘဲ"
   ရှပင်အပြုအမူသူလုံးဝမကျေနပ်ပါဘူး
   "အေးလေ, ငါတို့ကိုမထင်မှတ်ဘဲငြင်းဆန်ရဲတာ ဂုဏ်သိက္ခာချတာဘဲ"
   "ဒါသူ့အတွက် ငါတို့ကျိုးမိသားစုနဲ့ ဆက်ဆံရေးကောင်းရှိဖို့ အခွင့်အရေးဆိုတာကို သူနားမလည်ဘူး"
   "လူ့လောကအကြောင်းနားမလည်မှတော့ သာမန်ပြည်သူတစ်ယောက်ဖြစ်နေတာ မထူးဆန်းတော့ဘူး, ပညာမတတ်အောင် သူ့မိဘတွေသူ့ကိုဘယ်လိုဆုံးမထားလဲမသိဘူး" 
   ကျိုးကလန်ဂျူနီယာတွေက ရှပင်ကိုမကျေမနပ်ဖြစ်ပြီး ကျိမ်ဆဲလိုက်ကြတယ် သူတို့လိုအထက်တန်းလွှာမိသားစုဝင်တွေကို အပြင်ရောက်ရင် ခဝပ်ခယမပြုသူမရှိတာကြောင့် အခုတော့သူတို့ဒီလိုဆက်ဆံခံရတာကို မကျေမနပ်ဖြစ်နေကြပါတယ်
   "ဟမ့်, အဲ့တာပါရမီရှင်ဆိုတွေရဲ့အကျင့်ဘဲ သူတို့ကလူအုပ်နဲ့မနေတတ်ဘဲတစ်ယောက်တည်းနေတတ်ကြတယ်" ကျိုးဟောင်က သရော်လိုက်တယ် "သူတောရိုင်းသစ်တောကနေမထွက်ခွါချင်သေးတော့ ငါ့စိတ်ထင်ဒီနေရာမှာ ရတနာလာရှာတာဖြစ်နိုင်တယ်"
    သူ့မျက်လုံးတွေ အေးစက်သွားတယ်
    "ဒင် ဒေါင်!"
စဉ်းစားထားတယ်"
   ဘာ?!
   ဒါပေမဲ့ ဒီလိုပျံသန်းမှုအရှိန်နဲ့ အင်ဂျင်မျိုးကကြောက်မက်ဖွယ်ကောင်းအောင် ဈေးများပြီး ဂရန်းမာစတာအဆင့်တွေတောင်  ဒီပမာဏကိုမြင်ရင် သူတို့မျက်နှာတွေစိမ်းတင်ပြီး ငိုကြွေးကြမှာပါ
   အကယ်၍ ဒီစကားမျိုးသာမန်လူတွေပြောမယ်ဆိုရင် ရဲတင်းလွန်းတဲ့တောင်းဆိုချက်ဖြစ်တာကြောင့် အစိုးရကဝရမ်းထုတ်ပြီး ဖမ်းခိုင်းမှာပါ ဒါပေမဲ့ ရှပင်ကဧရာမကုမ္ပဏီအဖွဲ့ဝင်ဖြစ်တာကြောင့် အခွင့်ထူးပေါင်းစုံရထားပါတယ်
   "ပြဿနာမရှိဘူး"
   ဒင် ဒေါင်!
....................
   ဒီအချြိနျမှာ ၎င်းကခုနှစ်ရက်တိတိပျံသန်းနေတာဖြစ်ပြီး နောက်ဆုံးရန်ဟွမ်တက္ကသိုလ်ကနေ တောရိုင်းသစ်တော အစွန်ကိုရောက်လာပါတယ်
   ဒါပေမဲ့ တောရိုင်းသစ်တောက တောင်တွေတစ်ခုပြီးတစ်ခုနဲ့ စိမ်းလန်းစိုပြေတဲ့ အပင်တွေ, သစ်ပင်ကြီးတွေနဲ့ သာယာလှပါတယ် သစ်ပင်ကြီးတွေက အလွန်ကြီးမားပြီး မီတာတစ်ရာလောက်ထိမြင့်ကာ လုံးပတ်က လူ၎-၅ယောက် ဖတ်စာလောက်ရှိပါတယ်
   "ဟူး!"
   ဒင် ဒေါင်!
   "ဟမျ? လူးသားလား?"
   "ဆွစ် ဆွစ် ဆွစ်!!!"
   ဘန်း!
  ဘန်း ဘန်း ဘန်း!!!  
   "အား!"
   သိုင်းဆရာအဆင့်၎ကို ရောက်ပြီးနောက်မှာ သူထိန်းချုပ်နိုင်တဲ့မီးအပူချိန်က ဒီဂရီရာပေါင်းများစွာအထိရှိလာပြီး ဒီမီးတွေထဲမှာ သူ့ဝိညဉ်စွမ်းအင်ပါပေါင်းစပ်နိုင်တာကြောင့် ဝိညဉ်မီးလိုပါဘဲ
   "လူသား!"
   ဟွောင် လောင် လောင်!
   ဝှစ်!
.....................
  တောတောင်ထဲမှာ -
   ရုတ်တရက် လူငယ်၎-၅ယောက်က တစ်ယောက်ပြီးတစ်ယောက်ဒေါသနဲ့ အော်ဟစ်လိုက်ကြပါတယ် အဖြူရောင်အဝတ်အစားတွေဝတ်ထားပြီး နူးညံ့ငြင်သာတဲ့ရုပ်ရည်ရှိတဲ့ လူငယ်က ဒေါသနဲ့ ရန်သူ့တိုက်ခိုက်မှုတွေကို ရွပ်ရွပ်ချွံချွံခုခံနေပါတယ်
   "သေပြီ"
   ဝူရှ် ဝူရှ် ဝူရှ်!!!
    ဘယ်လို?!   
   "သေသွားတာလား?!"
   "ဒါဘယ်လိုဖြစ်တာလဲ?" 
   ဝှစ်!
     ဒီလူက ရှပင်ဖြစ်ပါတယ်
    "မင်း ဘယ်သူလဲ?"
   ဒါပေမဲ့ ဒီလူငယ်က သိုင်းဆရာအဆင့်၎သာရှိသေးပြီး သူကသိုင်းဆရာအဆင့်၅ဖြစ်ပါတယ် ကျင့်ကြံခြင်းအဆင့်အရ တစ်ဖက်လူထက်ကို သူတစ်ဆင့်မြင့်ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဒီကောင်လေးကိုသူအနိုင်ယူနိုင်မဲ့ မျှော်လင့်ချက်မရှိသလို ခံစားနေရပါတယ်
   ဒါပေမဲ့ ဒီလူငယ်တွေက ရန်ဟွမ်တက္ကသ်ိုလ်မှာတက်ဖူးတဲ့လူတွေဖြစ်နေပါတယ်
   ဘာကွ?!
   ဒါပေမဲ့ ဒီကောင်ကသိုင်းဆရာအဆင့်၎ဘဲရှိသေးပြီး ကျင့်ကြံခြင်းအဆင့်က သူတို့နဲ့သိပ်မကွာပါဘူး အရေအတွက်အားဖြစ်ကြည့်ရင်လဲ သူတို့တွေလုံးဝအားသာနေပါတယ်
   သူတို့အားလုံး တူညီတဲ့အကြံအစည်တွေရှိနေကြပါတယ် ဒီလူက သူတို့ကိုကူညီပေးတာဖြစ်ပေမဲ့ ဒီနေရာမှာဆက်နေပြီး ဓားမြတွေနဲ့ အသေခံတိုက်ခိုက်မယ်ဆိုရင် သူတို့တွေအဆုံးသတ်ကောင်းမှာမဟုတ်ပါဘူး အဲ့တာကြောင့် အခွင့်အရေးကို အရယူပြီး ထွက်ပြေးတာ ပိုကောင်းပါတယ်
  ကောင်းကင်ဘုံနဂါးအော်သံရှစ်မျိုုး!
   လျှပ်တစ်ပြက်အတွင်း စစ်မှန်နဲ့အဆီအနှစ်တွေနဲ့ အစိုင်အခဲအဖြစ်စုစည်းထားတဲ့ အော်သံရှစ်မျိုးပေါ်လာပါတယ် သိုင်းဆရာအဆင့်၎ကိုရောက်ပြီးနောက်မှာ ရှပင်အစွမ်းတွေက ထိုးတက်လာပါတယ်
   ဘန်း ဘန်း ဘန်း!!!
   "ဖွက်!"
   "လာနောက်နေတာလားဟ?"
   ဝူရှ် ဝူရှ် ဝူရှ်!!!
   ဘန်း!
   "အရမ်းအစွမ်းကြီးတာဘဲ!"
   ဒါကြောင့်လဲ ဒီကောင်ကအခုလိုကြောက်စရာကောင်းပြီး သိုင်းဆရာအဆင့်၎င်းအဆင့်နဲ့ ဓားမြတွေအားလုံးကို အလွယ်တကူသတ်ပစ်နိုင်တာပါ
   "တော်လိုက်တာ!"
   သာမန်အရပ်သားပြည်သူ?
   "နေပါအုံး"
   "လီးဘဲ!"
                           ............................
Comment