297+298+299+300+301

အပိုင်း(၂၉၇)   မျက်နှာပျက်လို့မရဘူး


    "မင်းနှမကိုလာတောင်းပန်ဖို့ပြောပါလား ဟျောင် မင်းအရမ်းလူပါးဝသွားပြီ"


    "ငါတို့ကိုအရိုအသေပေးခိုင်းပြီး အရိုသေမပေးရင် ယဥ်ကျေးမှုမရှိဘူးပေါ့လေ မင်းကိုယ်မင်းဘာထင်နေတာလဲ လူလေးစားရတဲ့ပုဂ္ဂိုလ်လား?"
     
     "မထင်မှတ်ဘဲ ရန်ဟွမ်ဂြိုလ်ကလာတယ်ဆိုပြီး မင်းကိုယ်မင်းပြောလိုက်သေးတယ် ရန်ဟွမ်ဂြိုလ်ကလာတာတော်တော်ထူးခြားလို့ ငါတို့ကိုအရိုသေပေးခိုင်းနေတာလား မင်းရဲ့ရာထူးက တခြားသူတွေထက်ကိုမြင့်တယ်ထင်နေတာလား?"


    "ငါတို့ကိုယဥ်ကျေးမှုမရှိဘူးလို့ ကြိမ်းဝါးရဲတယ် ခွေးမသားမင်းသေချင်နေတာလား?"
 
    "ချီးလောက်တောင်အဆင့်မရှိတဲ့ ခွေးမသားက ငါတို့ကိုဒီလိုအထင်သေးရဲတယ်  မင်းအမေတောင်မင်းကိုမမှတ်မိတော့တဲ့အထိငါတို့မင်းကိုရိုက်နှက်လို့ရတယ်ဆိုတာ ယုံလားမသိဘူး"


     ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေက အမြှီးတက်နင်းခံရတဲ့ကြောင်လိုဒေါသပေါက်ကွဲသွားကြတယ် သူတို့တစ်ဘဝလုံးမှာအခုလိုလူပါးဝတဲ့ ရန်ဟွမ်ဂြိုလ်ကလူကိုမတွေ့ဖူးပါဘူး


    သူတို့တွေတစ်ယောက်စီက ကောင်းကင်တိမ်တိုက်ကမ္ဘာမှာနေကြတဲ့ လူသားလက်ရွေးစင်တွေဖြစ်ကြပါတယ် ဒီနေရာကသိပ္ပံနဲ့နည်းပညာတိုးတက်ပြီး ခွန်အားအကြီးဆုံးလူသားတွေနေထိုင်ကြတဲ့နေရာပါ ကောင်းကင်တိမ်တိုက်ကမ္ဘာက လူသားလက်ရွေးစင်တွေ နေထိုင်ကြတဲ့နေရာဖြစ်ပါတယ်
 
     အခုတော့ရန်ဟွမ်ဂြိုလ်ကထွက်လာတဲ့ လောကကြီးကိုမမြင်ဖူးတဲ့မျိုးမစစ်က သူတို့ကိုအထင်လာသေးရဲပါတယ်


    "ငါပြောတာ လက်မခံဘူးလား?"
     ရှပင်ကဒီလူတွေကို ဘေးတစောင်းကြည့်လိုက်ပြီး "လက်မခံချင်ရင်အသေခံဖို့ ထွက်လာကြစမ်း ငါမင်းတို့ကိုလက်တစ်ဖက်တည်းနဲ့အနိုင်မရရင် ငါရှုံးတယ်ဆိုတာဝန်ခံလိုက်မယ်"


    သူကလက်နှစ်ဖက်ကိုနောက်ပစ်ပြီး ဂရန်းမာစတာ တစ်ယောက်ရဲ့စတိုင်နဲ့ ရပ်နေပါတယ်


    "ငါ့လီး ဒီရုပ်လှလှနဲ့ကောင်လေးက အရမ်းလူပါးဝလွန်းတယ်"


    "ငါ့တို့ကို လက်တစ်ဖက်တည်းနဲ့အနိုင်ယူမယ်တဲ့ သိုင်းပညာရှင်အဆင့်၄အမှိိုက်ကောင်လေးက ဒီလိုလေလုံးထွားရဲတယ်"


    "သတ်ကြ ဒီမျိုးမစစ်ကိုရန်ဟွမ်ဂြိုလ်ကအမှိုက်တွေနဲ့ ငါတို့ဒီလူသားလက်ရွေးစင်တွေကြားမှာ နှိုင်းယှဥ်လို့မရတဲ့ခြားနှားချက်ကို သိအောင်လုပ်ပေးလိုက်"


    ရှပင်စကားတွေကြားတာနဲ့ ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားအုပ်ကြီးကချက်ချင်းပေါက်ကွဲသွားကြတယ် သူတို့ဘယ်လောက်ဘဲစိတ်ရှည်သည်းခံနိုင်ပါစေ
ဒီကိစ္စကိုသည်းမခံနိုင်တော့ပါဘူး ဒီကောင်ကသူတို့ခေါင်းမှာ သေးပေါက်ချချင်နေတာသေချာပါတယ်


    တကယ်လို့သူတို့တွေဒါကို သည်းခံနိုင်ရင် နှစ်တစ်သောင်းနင်ဂျာလိပ်တွေ ဖြစ်သွားမှာပါ
  
    "ဟျောင် ကောင်းကင်တိမ်တိုက်ကမ္ဘာကမင်းလို အမှိုက်ကောင်တွေမဆင်မခြင်သောင်းကျန်းလို့ရတဲ့နေရာမဟုတ်ဘူးဆိုတာ ငါမင်းသိအောင်လုပ်ပေးမယ် ဒီမှာမဆင်မခြင်ပြောဆိုရဲရင် စုတ်ပြတ်သတ်အောင်ရိုက်ခံရမယ်" ဝှစ်ကနဲ့ဆို အရပ်မြင့်မြင့်ခန္ဓာကိုယ်တောင့်တောင့်နဲ့ လူတစ်ယောက်ထွက်လာပါတယ်


    သူလက်သီးစုပ်လိုက်တာနဲ့ ကြွက်သားတွေဖောင်းထွက်လာကာ သူ့တစ်ကိုယ်လုံးက သံမဏိမျှော်စင်လို ကြောက်စရာအော်ရာတွေထွက်လာပါတယ် ဒီလူကအထင်ကြီးစရာကောင်းတဲ့ သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၅တစ်ယောက်ဖြစ်ပါတယ်


    သူ့ရဲ့အစစ်အမှန်ချီ ကျင့်ကြံခြင်းနဲ့တင် မျုဘန်ချန်းနဲ့အဆင့်တူပါတယ်


    "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၅ သိုင်းသမား ကျွဲရိုင်းဂျီယုရှန် "


   "ဒီကောင်တော့သေပြီ ဂျီယုရှန်ကငါတို့ကျောင်းသားတွေထဲမှာ ခွန်အားအကြီးဆုံးမဟုတ်ပေမဲ့ လူသိများသူတစ်ယောက်ဘဲ"


   "ဒါက အပ်စိုက်ကုထုံးအမှတ်ငါးခုကို ချိတ်ဆက်ထားတဲ့ သိုင်းပညာရှင်အဆင့်၅ဘဲ ဒီကောင့်ထက်ကို ဘယ်လောက်များများခွန်အားကြီးလဲမသိဘူး"


    "ပြောကြတာတော့ဂျီယုရှန်က မကောင်းဆိုးဝါးကျွဲကျင့်စဥ်ကို ကျင့်ထားပြီး ထူးခြားတဲ့ခွန်အားရှိတယ်တဲ့ ကျွဲတစ်ကောင်လိုကြံ့ခိုင်သန်မာပြီး သူ့နဲ့တိုက်ကြတဲ့လူတိုင်းက သေရင်သေ မသေရင်ဒဏ်ရာရရိုးထုံးစံရှိတယ်အတော်ကြောက်စရာကောင်းတယ်"


    "ဒီကောင်လေးတော့ သနားစရာဘဲ ဂျီယုရှန်နဲ့ တိုက်ခိုက်ချင်ရင် သူနှစ်၁၀၀လောက်လိုသေးတယ်"


    "ဟေးဟေး သူ့ရဲ့စုတ်ပြတ်သတ်အောင်အရိုက်ခံရမဲ့ပုံစံကိုစောင့်ကြည့်နေလိုက်ကြ "


    "ချက်ချင်း သက်သေအဖြစ်ဓာတ်ပုံတွေရိုက်ထားကြ ငါတို့ကောင်းကင်တိမ်တိုက်ကမ္ဘာကလူတွေကိုပုတ်ခတ်ရဲတဲ့ကံကြမ္မာကို ဒီရန်ဟွမ်ဂြိုလ်ကကျောင်းသားတွေကို နမူနာပြရမယ် အဲ့တာမှသူတို့တွေဓလေ့ထုံးတမ်းကို နားလည်မှာ"


    ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေက အချင်းချင်းပြောဆိုနေကြပြီး သူတို့မျက်နှာတွေကပွဲကောင်းတစ်ပွဲကြည့်ရတော့မဲ့ မျက်နှာထားတွေဖြစ်နေကြပါတယ်


   ဘန်း!
   လျှပ်တစ်ပြက်အတွင်းဂျီယုရှန်လှုပ်ရှားလိုက်ပြီး ကျွဲရိုင်းတစ်ကောင်လို သူ့ခြေနှစ်ဖက်ကိုမြေကြီးမာဆောင့်နင်းလိုက်တာနဲ့ တွင်းနက်ကြီးနှစ်ခုပေါ်လာကာ ကျောက်တုံးအပိုင်းအစတွေပြန့်ကြဲသွားပါတယ် သူ့တစ်ကိုယ်လုံးကိုလဲမိုးပြာရောင်အစစ်အမှန်ချီတွေ ဖုန်းအုပ်သွားပါတယ်


    သူ့ညာလက်ကကျွဲချိုအဖြစ်ပြောင်းသွားပြီး ဘယ်လက်ကကျွဲမြီးဖြစ်သွားကာ ခွာနှစ်ဖက်ကိုဆောင့်နင်းလိုက်တာနဲ့ တောင်တွေကိုဖြိုတော့မဲ့အရှိန်အဝါတွေထွက်လာပါတယ်


    ဂျန်းရရူတို့တွေက ဒါကိုမြင်ပြီးလန့်သွားကြတယ် ဒီကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေက အရမ်းကြမ်းပြီး သားရဲတွေ လူသားတွေနဲ့ တိုက်ပွဲတွေဘယ်လောက်များများတိုက်ခိုက်ဖူးထားကြလဲမသိပါဘူး သူတို့ရဲ့သိုင်းပညာကျွမ်းကျင်မှုလည်း အထူးကောင်းမွန်ပြီးပြည့်စုံပါတယ်


    သူ့ကိုယ်ကနေ အန္တရာယ်ရှိတဲ့သတ်ဖြတ်ခြင်းအော်ရာအနည်းငယ်တောင်ထွက်နေပြီး တိုက်ပွဲအတွေ့အကြုံမရှိတဲ့ငကြောက်သာဆိုရင် ဂျီယုရှန်အရှိန်အဝါအောက်မှာ ကြောက်ပြီးကြက်သေသေနေမှာပါ


    ဒါပေမဲ့ရှပင်က တည်တည်ငြိမ်ငြိမ်နဲ့ဘဲ ညာလက်ဝါးနဲ့အသာလေးပုတ်ပြီး တားလိုက်တယ်
   
    တန်ရာပေါင်းများစွာရှိတဲ့ကျောက်တုံးကိုတောင် ကြေမွအောင်လုပ်နိုင်တဲ့ တစ်ဖက်လူရဲ့ ရေလှိုင်းလုံးကြီးတွေလို နွားချိုကသူ့လက်ဝါးနဲ့ဝင်ဆောင့်ပါတယ်


    ဘန်း!
    ဒီခွန်အားနဲ့ ရှပင်ညာလက်ဝါးတို့တွေ့ဆုံပြီး ချီစွမ်းအင်တုန်ခါမှုဖြစ်ပေါ်ကာ ကြောက်မက်ဖွယ်လေပြင်းတွေတိုက်ခိုက်ပြီး ကျောက်ခဲတွေ ဖုန်တွေ လွင့်သွားပါတယ်
    
   "ဘာ?!"
    ဂူရှန်းကထိတ်လန့်ပြီး သူ့မျက်စိကိုတောင်သူမယုံနိုင်အောင်ဖြစ်သွားပါတယ် သူ့ရဲ့လူအယောက်တစ်သောင်းအားရှိတဲ့ခွန်အားက ဒီကောင့်ရဲ့လက်ဝါးနဲ့တွေ့တဲ့အခါမှာ ဝါးဂွမ်းကိုထိုးနေရသလို သူ့ရဲ့ကြမ်းတမ်းတဲ့ခွန်အားတွေက နူးညံ့တဲ့ခွန်အားတွေရဲ့ ပြောင်အောင်စုတ်ယူခြင်းခံလိုက်ရပါတယ်


    တစ်ဖက်လူရဲ့ အကာအကွယ်ကိုဖျက်ဆီးဖို့တောင် သူ့အတွက်မဖြစ်နိုင်ပါဘူး
   
    "အခြေနေမကောင်းတာ့ဘူး သွားပြီ"
    ဒီချိန်မှာ ဂျီယုရှန်မျက်နှာတွေ အကြီးကျယ်ပြောင်းလဲသွားပါတယ် ဒီတစ်ခါသူ့တိုက်ချက်မှာ ရှိသမျှခွန်အားအကုန်ထည့်ပြီး ဒီကောင့်ကိုတစ်ချက်တည်းနဲ့ရှင်းပစ်ဖို့ လုပ်ခဲ့တာပါ


   အဲ့တာကြောင့်သူ့ရဲ့ချီစွမ်းအင်တွေက
အချိန်တိုအတွင်းပြန်ပြည့်လာဖို့ မဖြစ်နိုင်တော့ပါဘူး ဒီအချိန်မှာ ခွန်အားအဟောင်းတွေသူ့ကိုယ်ထဲကထွက်သွားပြီး ခွန်အားအသစ်တွေလည်းပြန်မဝင်လာသေးတာကြောင့် ရန်သူ့နောက်တိုက်ချက်ကို သူဘယ်လိုကာကွယ်တော့မှာလဲ?


    ချက်ချင်း ရှပင်ဘယ်ခြေနဲ့လှမ်းကန်လိုက်တာနဲ့ မိုးချုန်းသံလိုဝက်ဝံနက်တစ်ကောင်ရဲ့အော်သံထွက်လာပြီး ပတ်ဝန်းကျင်ကကျောင်းသားတွေက နားစည်မကွဲအောင် ကိုယ့်နားကိုယ်အုပ်ထားလိုက်ရပါတယ်


    ဘန်း!
    ဒီကန်ချက်က ဂျီယုရှန်ရဲ့ဝမ်းဗိုက်ကိုထိကာ ကီလိုသိန်းပေါင်းများစွာခွန်အားပေါက်ထွက်ပြီး အစစ်အမှန်ချီတွေက သူ့အဆုတ်ထဲကိုစိမ့်ဝင်ကာ ကြွက်သားတွေထဲကို ထိုးဖောက်သွားပါတယ်


    အား!
    ဂျီယုဖန်က စူးစူးဝါးဝါးအော်လိုက်ပြီး သူ့တစ်ကိုယ်လုံးအပေါ်အောက်ပြောင်းပြန်လှန်ကာ မီတာတစ်ရာကျော်ကိုလွင့်ထွက်သွားပါတယ်


    ပြုတ်ကျတာနဲ့သူသွေးအန်လိုက်ပြီး အထိတ်တလန့်နဲ့ရှပင်ခြေထောက်ကို ကြည့်လိုက်ပါတယ်


     ဒီခြေထောက်ကြောင့် သူ့တိုက်ရည်ခိုက်ရည်အများကြီးဆုံးရှုံးပြီး အဆုတ်တွေပါထိခိုက်သွားပါတယ်    


    "ဒါဘယ်လိုဖြစ်နိုင်မှာလဲ?"
     ကောင်းကင်တိမ်တိုက်ကမ္ဘာက ကျောင်းသားအုပ်ကပါးစပ်အဟောင်းသားနဲ့ စိတ်ထဲမှာနည်းနည်းလန့်သွားကြတယ် ဂျီယုရှန်လိုသိုင်းပညာသင်အဆင့်၅တောင် ဒီကောင်ကန်တာခံရပြီးရှုံးသွားပါတယ် ဒါကအရမ်းလွန်ပါတယ်


    ဂျီယုရှန်ကသူတို့ထဲမှာနာမည်မရှိတဲ့လူတစ်ယောက်မဟုတ်ပါဘူး မကောင်းဆိုးဝါးကျွဲကျင့်စဥ်ကိုကျင့်ထားပြီး သူ့ခန္ဓာကိုယ်ကကျွဲရိုင်းတစ်ကောင်လိုအလွန်ကြံ့ခိုင်သန်မာသူပါ သာမန်သိုင်းပညာရှင်တွေသူ့ခန္ဓာကိုယ်ကိုတိုက်ခိုက်မယ်ဆို ရင် ခြစ်ရာတောင်ထင်မှာမဟုတ်ပါဘူး
 
    ဒါပေမဲ့ဒီကောင်ကဘယ်လိုလုပ် ဂျီယုရှန်ကိုခြေထောက်နဲ့ကန်ထုတ်ပစ်နိုင်ခဲ့တာလဲ?
   
    "ဘယ်ကောင်မကျေနပ်သေးဘဲ ရှေ့ကိုခြေနှစ်လှမ်းတိုးလာခဲ့ ငါ့ကိုကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့သိုင်းပညာကိုပြချင်တယ်ဆို မင်းတို့ရဲ့ဒီအရည်ချင်းလေးနဲ့လား?" ရှပင်ကလက်နှစ်ဖက်ကိုနောက်ပစ်ပြီး အထင်သေးတဲ့မျက်နှာနဲ့ပြောလိုက်တယ်
 
    "ဒါကလူသားလက်ရွေးစင်လို့ခေါ်တဲ့ကောင်တွေလား ဒါကအကောင်းဆုံးကျင့်ကြံခြင်းပတ်ဝန်းကျင်မှာ ကောငျးကငျဘုံပစ်စညျးတှနေဲ့မွကေမ်ဘာရတနာတှသေုူံပွီး အဆုံးမရှိတဲ့သဘာဝအရင်းမြစ်တွေသိမ်းပိုက်ထားတဲ့ မင်းတို့ရဲ့ရလဒ်လား?"


    "ဒီအရည်အချင်းနဲ့ဆို အရမ်းစိတ်ပျက်စရာကောင်းတယ် မင်းတို့တွေသဘာဝအရင်းအမြစ်တွေကိုလုံးဝဖြုန်းတီးရာရောက်တယ်"


    "နောက်ဆိုအပြင်ထွက်လို့ သူများတွေမေးရင်ရန်ဟွမ်တက္ကသိုလ်ကျောင်းသားတွေလို့သွားမဖြေမိစေနဲ့ ငါရှက်တယ်"


                            .........................
အပိုင်း(၂၉၈)    ဘုရင့်မျိုးဆက်


     "ပြောတာကောင်းတယ် ဒီကောင်းကင်တိမ်တိုက်ကမ္ဘာက မျိုးမစစ်အုပ်အုပ်တွေကိုကြည့်မရတာကြာပြီ"
      
     "ဒီကောင်တွေသူတို့ကိုယ်သူတို့မကျရှုံးတော့ဘူးလို့ ထင်နေကြတယ် တကယ်လို့အခုလိုကောင်းကင်နဲ့မြေကြီးရဲ့ချီဓာတ်ကြွယ်ဝတဲ့ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံပစ္စည်းတွေနဲ့ မြေကမ္ဘာရတနာအမြောက်အများကို သုံးထားလို့မဟုတ်ရင် မင်းတို့ကျင့်ကြံခြင်းတိုးတက်တာ အခုလိုမြန်မယ်လို့ထင်နေတာလား?"


    "တကယ်လို့ရန်ဟွမ်ဂြိုလ်မှာသာနေရမယ်ဆိုရင်သူတို့တွေတစ်ယောက်စီက သိုင်းပညာသင်အဆင့်မှာဘဲရှိနေပြီး သိုင်းပညာရှင်အဆင့်ကိုတောင် တက်နိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်"


    "ဒီကောင်တွေက သဘာဝအရင်းအမြစ်တစ်ပုံတစ်ခေါင်းသုံးစွဲထားတဲ့ ဆန်ကုန်မြေလေးတွေဆိုတာသိသာတယ် ဒီလိုကောင်တွေကဘဝင်မြင့်နေတာ ရှက်ဖို့ကောင်းတယ်"


    "ငါသိတာပေါ့ အကိုကြီးရှလိုသိုင်းပညာရှင်အဆင့်၄က ဒီဘာမဟုတ်တဲ့သိုင်းပညာရှင်အဆင့်၅ကို ခွေးတစ်ကောင်လိုရိုက်နိုင်တယ်လေ ဒါကိုကြည့်ရင်ဒီကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားတွေရဲ့ အဆင့်အတန်းကိုသိနိုင်တယ်"


    "သိုင်းတာအိုအုတ်မြစ်မခိုင်ခံ့ရင် တိုးတက်မှုဘယ်လောက်ဘဲမြန်မြန်အသုံးမဝင်ဘူး ဒီတစ်ဘဝလုံး သိုင်းပညာရှင်အဆင့်မှာသာနေရပြီး သိုင်းဆရာအဆင့်ကိုရောက်နိုင်တော့မှာမဟုတ်ဘူး"
 
    "ကြည့်ရတာဒီကောင်တွေက လူလိမ်ဟန်ဆောင်ကောင်တွေဘဲဖြစ်ရမယ် တကယ်လို့သာကောင်းကင်တိမ်တိုက်ကမ္ဘာမှာမမွေးလာဘူးဆိုရင် ဘာကြောင့်သူတို့တွေ ရန်ဟွမ်တက္ကသိုလ်တက်ခွင့်ရနိုင်မှာလဲ"


    ရှပင်စကားတွေကြားတာနဲ့ ရန်ဟွမ်ဂြိုလ်ကကျောင်းသားတွေလဲ ကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေကို အစွမ်းကုန်ပြန်လည်လှောင်ပြောင်ရယ်မောလိုက်ကြတယ် 


    ရှပင်တကယ်ဘဲ ဒီဆနျကုနျမွလေေးတှကျေိုပညာပေးလိုကျတာကွောငျ့ သူတို့စိတ်တွေလုံးဝသက်သောင့်သက်သာဖြစ်နေပါတယ် ခနတုန်းကဒီမျိုးမစစ်တွေတစ်ကောင်ချင်းစီ ကျင့်ကြံခြင်းအဆင့်နည်းနည်းလောက်မြင့်တာကိုအားကိုးပြီး ဘဝင်မြင့်ကာ သူတို့ကိုအထင်သေးနေတာကြောင့် ရန်ဟွမ်ဂြိုလ်ကကျောင်းသားတွေအရမ်းဒေါသထွက်နေကြပါတယ်


     တကယ်တမ်းမှာ အကယ်၍ဒီကောင်တွေသာကောင်းကင်တိမ်တိုက်ကမ္ဘာမှာ မမွေးလာဘဲ မရေတွက်နိုင်တဲ့အကျိုးကျေးဇူးတွေကို မသိမ်းပိုက်ထားဘူးဆိုရင် သူတို့တွေအခုလိုမြန်မြန်တိုးတက်နိုင်ပါ့မလား?


     ပြင်ပအကူအညီတွေယူပြီးတော့ အခုလိုမြန်မြန်အဆင့်တက်နိုင်တာကို ဒီကောင်တွေတစ်ယောက်ချင်းက သူတို့ရဲ့မွေးရပါ ပါရမီတွေကဘဲ ပြိုင်ဘက်ကင်းပြီးရန်ဟွမ်ဂြိုလ်သားတွေကို လွှမ်းမိုးဖို့လုံလောက်တယ်လို့ ထင်နေကြပါတယ်


    အကယ်၍သူတို့တွေလည်းကောင်းကင်တိမ်တိုက်ကမ္ဘာမှာမွေးလာပြီး ကျင့်ကြံချင်းအတွက်သဘာဝအရင်းမြစ်တွေအများကြီးရှိမယ်ဆိုရင် ဒီလူတွေနောက်မှာကျန်ခဲ့မှာမဟုတ်ဘူးလို့ ရန်ဟွမ်ဂြိုလ်ကကျောင်းသားတွေက
သူတို့ကိုယ်သူတို့ယုံကြည်ချက်ရှိပါတယ်


    "ဒီရန်ဟွမ်ဂြိုလ်က မျိုးမစစ်အုပ်တွေ အရမ်းသောင်းကျန်းတာဘဲ"
   
     "ငါတို့ကိုသဘာဝအရင်းမြစ်တစ်ပုံတစ်ခေါင်းပေါ်မှာထိုင်နေတယ်ပြောဖို့ သူတို့မှာဘယ်လိုမျက်နှာရှိတာလဲ?"


    "ငါတို့သာမန်အတိုင်း ဘယ်လောက်ခက်ခက်ခဲခဲကြိုစားကျင့်ကြံထားရတာကို သူတို့သိလား"


    ဒီစကားတွေကြားတာနဲ့ကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားတွေလည်း တစ်ယောက်စီမျက်နှာတွေစိမ်းတက်လာကြပြီး လက်သီးတင်းတင်းစုပ်ထားကြတယ် ဒီရန်ဟွမ်ဂြိုလ်မျိုးမစစ်တွေက သူတို့ကိုအခုလိုလှောင်ပြောင်တိုက်ခိုက်ရဲပါတယ် ဒါကအရမ်းစိတ်တိုစရာကောင်းပါတယ်


    ဒါပေမဲ့လည်း သူတို့ထဲကလူသိများတဲ့ ဂျီယုရှန်လိုသိုင်းပညာရှင်အဆင့်၅က ဒီကောင်ကန်တာခံလိုက်ရပြီး ရှုံးသွားတဲ့အတွက်သူတို့တွေဘာမှပြန်မပြောနိုင်ကြတော့ပါဘူး


     သူ့ထက်တစ်ဆင်နိမ့်တဲ့လူကိုတောင် အလယ်တကူရှုံးပေးခဲ့ရတာကြောင့် လက်ရှိအခြနေက
သူတို့ဒီကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားတွေက ဆန်ကုန်မြေလေးတွေဖြစ်တယ်ဆိုတာ ပြနေတာဘဲမဟုတ်လား


   ဘုန်း!
   ရုတ်တရက် ပြိုင်ဘက်ကင်းဖျက်ဆီးအားတွေပါတဲ့ လက်သီးတစ်ခုကအမြှောက်ကျည်ဆန်လိုလေကိုခွင်းပြီး ရှပင်ဆီကိုဝင်လာပါတယ်


   ဘာ?!
   ရှပင်မျက်လုံးတွေလက်သွားပြီး လက်ဝါးနဲ့ခုခံလိုက်တယ် ဘန်း! စွမ်းအားနှစ်ခုထိပ်တိုက်တွေ့တာနဲ့ ဒီလက်သီးကိုသူခုခံဖို့မဖြစ်နိုင်လုနီးပါးဆိုတာ ရှပင်ခံစားလိုက်ရတယ်


    ဒီခွန်အားမှာပါတဲ့အမြင့်ဆုံးဖျက်ဆီးအားတွေက ရှပင်ရဲ့ဒါခ့်နော့ကိုယ်ခန္ဓာကျင့်စဥ်အကာအကွယ်ကို ဖောက်ဝင်နေပါတယ် သူ့တစ်ကိုယ်လုံးဆယ်မီတာနောက်ဆုတ်လိုက်ရပြီးမှ ဒီခွန်အားကိုခုခံနိုင်လိုက်ပါတယ်


    ဒါပေမဲ့ကြမ်းပြင်မှာ ရှပင်ခြေထောက်ရာကြောင့် အက်ကြောင်းတွေပေါ်လာခဲ့ပါတယ်


    လူတွေကချက်ချင်းရှေ့ကိုကြည့်လိုက်တာနဲ့ ကောင်းကင်တိမ်တိုက်ကမ္ဘာကျောင်းသားအုပ်ထဲကနေ ခြေတံလက်တံတွေရှည်ရှည်နဲ့ အရပ်၂မီတာမြင့်တဲ့ ကြွက်သားအပြည့်နဲ့ကျောင်းသားတစ်ယောက် ထွက်လာတာကိုတွေ့လိုက်ရတယ်


    ခနတုန်းကဒီကျောင်းသားက မီတာတစ်ရာအဝေးကနေရှပင်ကို နောက်ဆုတ်အောင်လက်သီးနဲ့ထိုးလိုက်သူဖြစ်ပါတယ်
   
    "မင်းဘယ်သူလဲဟျောင် မထင်မှတ်ဘဲငါ့ကိုအလစ်တိုက်ရဲတယ် သေချင်နေပြီလား?" ရှပင်က ဒီလူငယ်ကျောင်းသားကိုကြည့်လိုက်တယ်  ဒီကောင့်ရဲ့ချီနဲ့သွေးတွေက ထူးခြားပြီးအသက်စွမ်းအင်ကလည်းသာမန်ကျောင်းသားတွေထက်အဆပေါင်းများစွာသာကာ ခွန်အားကလည်းအတော်ကြောက်စရာကောင်းပါတယ်


    မွေးရပါနတ်ဘုရားခွန်အားရှိသူတောင် ဒီထကျမပျိုပါဘူး


    ပြီးတော့ဒီကောင့်ရဲ့သိုင်းတာအိုကျင့်ကြံခြင်းအဆင့်ကလည်း အရမ်းမြင့်ပြီး သိုင်းပညာရှင်အဆင့်၆ကိုရောက်ရှိထားကာ မျုဘန်ချန်းနဲ့ယှဥ်ရင်တစ်ဆင့်မြင့်ပါတယ်


    "ငါက ရွှန်းယူအန်လို့ခေါ်တယ်"
     ဒီလူငယ်ကျောင်းသားက အေးစက်မှောင်မဲတဲ့မျက်လုံးတွေနဲ့ရှပင်ကို စိုက်ကြည့်လိုက်ပြီး "ဂျီယုရှန်ကိုအနိုင်ယူပြီးမင်းကိုယ်မင်း အရမ်းတော်တယ်ထင်မနေနဲ့ သူကငါတို့ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ ထိပ်တန်းအဆင့်ရှိတဲ့သူမဟုတ်ဘူး"


    "မင်းတို့ရန်ဟွမ်ဂြိုလ်ကလာတဲ့လူတွေက ခွန်အားနည်းတာကို နည်းတယ်လို့လက်ခံတတ်ရမယ်"


   "ကောင်းကင်တိမ်တိုက်ကမ္ဘာနဲ့ရန်ဟွမ်ဂြိုလ်ကြားက သဘာဝအရင်းမြစ်တွေကွာခြားမှုရှိတော့ရော ဘာဖြစ်လဲ? ခွန်အားနည်းတာကနည်းတာဘဲလေ အဲ့တာကိုသူများကအမှန်တိုင်းပြောလို့မရဘူးလား မင်းတို့နောက်ကျရင်ခွန်အားကြီးနိုင်လာရင်တောင် လက်ရှိမင်းကအဆင့်မမှီသေးဘူး"


    "ကြှမျးကငြျသူတှကျေို လေးစားကြောက်ရွံ့ရမယ်ဆိုတာ မင်းသိသင့်တယ် အဲ့တာမင်းအတွက်ကောင်းတယ်"


    သူကရှပင်ကိုစိုက်ကြည့်နေလိုက်တယ် သူ့အဝတ်တွေကငြိမ်သက်နေပြီး ပတ်ဝန်းကျင်ကကျောင်းသားတွေက သူ့ဆီကနေကျော်တက်လို့မရတဲ့တောင်တစ်တောင်လို သွားယှဥ်လို့မရတဲ့အော်ရာကို ခံစားရနေပါတယ်


    တစ်ဖက်လူရဲ့လက်သီးတစ်ချက်နဲ့တင် ဒီနေရာမှာ ရှိနေတဲ့သူတွေကို တစ်စစီလုပ်လိုက်လို့ရပါတယ် ဒါကကြီးမားလွန်းတဲ့ခွန်အားဖြစ်ပါတယ်


     ရန်ဟွမ်ဂြိုလ်ကျောင်းသားတွေလည်း ခနတာမွန်းကြပ်သွားတယ်
    
     "မင်းအဆင့်လောက်နဲ့လား?"
     ရှပင်က ဒီကောင့်ကိုဘေးတစ်စောင်းကြည့်လိုက်တယ်


     ဘန်း! ရွှန်းယူအန်ခြေတစ်လှမ်းတိုးလာပြီး မြေပြင်ကသူ့ခြေနှစ်ဖက်ဒဏ်ကိုမခံနိုင်ဘဲ ကြောက်မက်ဖွယ်အက်ကြောင်းတွေပေါ်လာပါတယ်


    "ကြည့်ရတာမင်းက လက်မခံချင်သေးပုံဘဲ လက်မခံချင်တာလည်း ကောင်းတယ် ငါမင်းကိုလက်ခံအောင်လုပ်ပေးမယ်"


     ပြောပြီးတာနဲ့ သူကတိုက်ခိုက်တော့ဖို့လုပ်လိုက်တယ်


     ဝှစ်!
     ဒီချိန်မှာ ရုတ်တရက်လူရိပ်တစ်ခုက ရွှန်းယူအန်ရှေ့ကို ရောက်လာပြီးတားလိုက်တယ် ဒါကအဖြူရောင်အဝတ်အစားဝတ်ထားတဲ့ဆရာဖြစ်ပြီး သူကအေးစက်စက်ပြောလိုက်တယ် "တော်ကြစမ်း ဒီနေရာကကျောင်းရဲ့အရေးကြီးတဲ့နေရာဘဲ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်မှုတွေလုပ်လို့မရဘူး မင်းတို့တိုက်ခိုက်ချင်ရင် ပြိုင်ပွဲမှာသွားသတ်ကြ"  


    "ဒီတစ်ခါရန်ဟွမ်တက္ကသိုလ် ရောက်ကာစဆိုတော့စည်းကမ်းတွေကို နားမလည်သေးတဲ့အတွက် မင်းတို့ကိုငါယာယီလွှတ်ပေးလိုက်မယ်"


    "တကယ်လို့နောက်တစ်ခါရှိလာရင် တစ်ယောက်ချင်းစီ အချုပ်ခံရမယ်" 


    သူ့အသံက အလွန်ပြင်းထန်နေပါတယ် နဂိုကတော့သူကအားလုံးက အစီစဥ်တကျရှိနေမယ်ထင်ထားတာပါ ဒါပေမဲ့ကျောင်းသားတွေကရောက်တာနဲ့ဘဲ မြန်မြန်တိုက်ခိုက်ကြမယ်လို့ သူမထင်ထားပါဘူး ဒါကသူ့ကိုအတော်စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်


    အကယ်၍ဒီကိစ္စကိုကျောင်းခေါင်းဆောင်သိရင် သူပြင်းပြင်းထန်ထန်ဒဏ်ရိုက်ခံရနိုင်ပါတယ်


    "ဟမ့် ဒီတစ်ခါမင်းကံကောင်းသွားတယ်မှတ်"
     ဆရာရောက်လာတာတွေ့တာနဲ့ ရွှန်းယုန်အန်မျက်နှာမှာ ကြောက်တဲ့အမူရာပေါ်လာပြီး လက်ကိုရုပ်သိမ်းလိုက်တယ် သူကရှပင်ကိုစိုက်ကြည့်ပြီးတော့ "ကျောင်းပြိုင်ပွဲမကြာခင်မှာစတင်တော့မယ် အဲ့ချိန်ကျရင်မင်းမှာဘာအရည်ချင်းရှိလဲဆိုတာ ငါကြည့်မယ်"


    "ကောင်းကင်တိမ်တိုက်ကမ္ဘာကအကျယ်ကြီးဘဲ မင်းတို့ရန်ဟွမ်ဂြိုလ်ကလာတဲ့သူတွေက ရေတွင်းထဲကဖားတွေဘဲ"  
    ပြီးတာနဲ့ သူလှည့်ထွက်သွားတယ်


     တခြားကောင်းကင်တိမ်တိုက်ကမ္ဘာကကျောင်းသားတွေလည်း မကျေမနပ်နဲ့ရှပင်ကိုစိုက်ကြည့်ပြီး လစ်သွားကြတယ် ဒီနေရာမှာဆရာရှိနေတဲ့အတွက်ပြသနာလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး


    "မင်းတို့လည်းသွားကြ အခုချက်ချင်းလေ့ကျင့်ရေးကွင်းကိုသွားပြီးတော့ ကျောင်းပြိုင်ပွဲသွားပြိုင်ကျ" ဝတ်စုံဖြူနဲ့ဆရာက ရှပင်တို့ကိုကြည့်ပြီး ဒီနေရာမှာပြဿနာဆက်မဖြစ်အောင် ထွက်သွားခိုင်းလိုက်တယ်


    ဆွစ် ဆွစ် ဆွစ်!
    ရှပင်တို့တွေထွက်သွားကြပြီး အနီးကဘတ်စ်ကားဆီရောက်လာကြတယ် ဒီဘတ်စ်ကားက သူတို့တွေကိုကျောင်းပြိုင်ပွဲအတွက် လေ့ကျင့်ရေးကွင်းကိုပို့ပေးဖို့ တာဝန်ယူရတာပါ 
   
    ဘွန်း ဘွန်း ဘွန်း!
    ရှပင်တို့တွေ ဘတ်စ်ကားမှာထိုင်ပြီးတာနဲ့ ကားထွက်သွားပါတယ်


    "အခုအခြေနေဆိုးပြီ ဒီရွှန်းယူအန်က ရိုးရှင်းတဲ့လူမဟုတ်ဘူး" လူအိုဒီမျက်နှာတွေ အလွန်လေးနက်နေပြီး "သူကဘုရင်မျိုးနွယ်ဖြစ်တဲ့ရွှန်းမိသားစုက လာတဲ့လူဘဲ ရွှန်းမိသားစုကကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ကြောက်စရာကောင်းတဲ့ အင်အားတွေရှိတဲ့မြို့တစ်မြို့ကိုတည်ထောင်ထားတယ် သူ့ကိုဘုရင့်မျိုးဆက်လို့တောင်ပြောလို့ရတယ်"


                           ...........................
အပိုင်း(၂၉၉)   သွေးမျိုးဆက်တွေ


    ဘုရင့်မျိုးဆက်လား?!
    ဂျန်းရရူတို့တွေ ရုတ်တရက်လန့်သွားကြတယ်ရန်ဟွမ်ဂြိုလ်မှာဆိုပြိုင်ဘက်ကင်းပါရမီရှိတဲ့ မျုဘန်ချန်းတစ်ယောက်ကသာ ဘုရင့်မျိုးဆက်ဖြစ်ပြီး ရန်ဟွမ်ဂြိုလ်ကလူငယ်အားလုံးကိုအနိုင်ယူနိုင်သူဖြစ်ပါတယ် ဒါပေမဲ့ကောင်းကင်တိမ်တိုက်ကမ္ဘာကိုရောက်ရောက်ချင်းမှာဘဲ သူတို့အမှတ်မထင်ကြုံတဲ့လူက ဘုရင့်မျိုးဆက်တစ်ယောက်ဖြစ်နေပါတယ်


     "ဒါ ပုံမှန်ပါဘဲ"
     နန်ဂုန်ဝူက လေးလေးနက်နက်နဲ့ရှင်းပြလိုက်တယ် "ကောင်းကင်တိမ်တိုက်ကမ္ဘာမှာဘုရင်တွေတကယ်များပြီး ရန်ဟွမ်ဂြိုလ်ထက်ကိုအဆဘယ်လောက်တောင် ပိုများလည်းမသိဘူး အဲ့တာကြောင့် နည်းနည်းလေးအစွမ်းပြနိုင်တဲ့ပါရမီရှင်တိုင်းက ဘုရင့်မျိုးနွယ်တွေနဲ့ပက်သက်မှုရှိကြတယ်"


     သူမပြောတာကြားပြီး ဂျန်းရရူတို့တွေခေါင်းငြိမ့်လိုက်တယ် လူသားလက်ရွေးစင်အားလုံးနီးပါးကောင်းကင်တိမ်တိုက်ကမ္ဘာမှာစုဝေးနေကြတာကြောင့် ဒီနေရာမှာကျွမ်းကျင်သူတွေက
တိမ်တွေလိုပေါများတာပုံမှန်ပါဘဲ အခုလိုဘုရင့်မျိုးဆက်နဲ့တိုးတာလည်း ဘာမှထူးဆန်းတာမဟုတ်ပါဘူး


     "တကယ်လို့ သာမန်ဘုရင့်မျိုးဆက်ဆိုရင်တော့ ဘာမှမထူးဆန်းဘူး ဒါပေမဲ့ဒီရွှန်းယူအန်ကိုယ်ထဲမှာသားရဲသွေးမျိုးဆက်ရှိနေပြီး ပင်ကိုယ်ပါရမီကသာမန်ဘုရင့်မျိုးဆက်တွေထက်ကိုပိုကြောက်စရာကောင်းတယ် သူကတကယ့်ကိုကြောက်ခမန်းလိလိပါရမီရှင်ဘဲ" လူအိုဒီက လေးနက်စွာပြောလိုက်တယ် သူ့မျိုးနွယ်ကလည်းဟွာမြို့တော် ရှူမိသားစုထက်မနိမ့်တဲ့ ရန်ဟွမ်ဂြိုလ်ကမျိုးနွယ်ကြီးတစ်ခုဖြစ်တာကြောင့် ကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ကိစ္စတွေကို ပိုနားလည်ပါတယ်


    "သားရဲသွေးမျိုးဆက်တဲ့လား ဒါဘာကိုဆိုလိုတာလဲ?" ရှပင်ကမျက်တောင်ခတ်ပြီး မေးလိုက်တယ်


    လူအိုဒီကလေးနက်စွာပြောလိုက်တယ် "ရှင်းရှင်းပြောရရင် ဒါကလူသားနဲ့ သားရဲမျိုးနွယ်ရဲ့ပေါင်းစပ်ပြီးမွေးဖွားလာတဲ့ သွေးမျိုးဆက်ပေါ့ ဒီလူတွေကိုလူတစ်ပိုင်း သားရဲတစ်ပိုင်းလို့သိကြတယ်"


    ဘယ်လို?!
    ကျန်တဲ့လူတွေက လန့်သွားကြတယ်


     "မဖြစ်နိုင်ဘူး လူသားနဲ့ သားရဲမျိုးနွယ်က
မတူညီတဲ့မျိုးနွယ်တွေလေ ဒါတောင်ပေါင်းစပ်ပြီး မျိုးဆက်တွေပါ မွေးလို့ရတယ်တဲ့လား?" ဖန်းဟိုက်ထန်က အလွန်အံ့သြနေပြီးသူ့နားကိုတောင်သူမယုံနိုင်ဖြစ်နေပါတယ်


    "ဒါပေါ့ရတာပေါ့ ဒီသားရဲတွေလည်း လူပုံစံပြောင်းလို့ရတာဘဲကို"
    လူအိုဒီက လက်သီးစုပ်ပြီး "လူသားတိုင်းဒါကိုစွမ်းဆောင်နိုင်တာမဟုတ်ဘူး ဘုရင်အဆင့်ကိုရောက်ပြီး လူ့ခန္ဓာကိုယ်ထဲကဆန်းကြယ်မှုတွေကို လေးလေးနက်နက်နားလည်ထားတဲ့လူတွေကသာ သားရဲတွေနဲ့ပေါင်းဖက်နိုင်တာ"


    "သာမန်သိုင်းပညာရှင်တွေမှာ ဒီလိုအရည်အချင်းမျိုးမရှိဘူး" 


    နန်ဂုန်ဝူလည်းခေါင်းငြိမ့်လိုက်တယ် "ငါလည်းဒီကိစ္စကိုကြားဖူးတယ် တချို့ဘုရင်အဆင့်လူသားကျွမ်းကျင်သူတွေက သားရဲမျိုးနွယ်ရဲ့သွေးမျိုးဆက်တွေကို ခွဲစိတ်စစ်ဆေးဖူးတယ် သူတို့ရဲ့သိုင်းတာအိုခွန်အားနဲ့ သားရဲအမတွေတစ်ကောင်ပြီးတစ်ကောင်ဖမ်းပြီး အတင်းခွဲစိတ်လေ့လာခဲ့ကြကာ သားရဲအမတွေနဲ့ပေါင်းဖက်ပြီး မျိုးဆက်တွေတစ်ယောက်ပြီးတစ်ယောက်မွေးဖွားလာခဲ့တယ် ဒီရွှန်းမိသားစုဘိုးဘေးဟောင်းလည်း ဒီအတိုင်းဘဲ ပြောကြတာတော့သူလည်း
မရေတွက်နိုင်တဲ့သားရဲအမတွေကိုဖမ်းဆီးပြီး
သူတို့နဲ့ခလေးအယောက်သောင်းချီရခဲ့တယ်တဲ့ အဲ့လိုနဲ့နှစ်ရာပေါင်းမျာစွာအကြာမှာ သူတို့တွေကလူသွေးတစ်ဝက် သားရဲသွေးတစ်ဝက်ပါတဲ့မျိုးနွယ်စုကြီး ဖြစ်လာခဲ့ကြတယ်"


    တစ်ချို့သားရဲသွေးမျိုးဆက်တွေက ကြောက်စရာကောင်းတာကို ရှပင်လည်းသိထားပါတယ် တစ်ချို့တွေက မီးစွမ်းအင်ကိုထိန်းချုပ်နိုင်ပြီး တချို့ကလေစွမ်းအင် တစ်ချို့ကမြေစွမ်းအင် တစ်ချို့ကရေစီးကြောင်း စတာတွေကို ထိန်းချုပ်နိုင်ကြပါတယ် ဒါကသူတို့ရဲ့မွေးရပါစွမ်းရည်တွေပါ


     ဒါပေမဲ့လူသားတွေကတော့ အဲ့လိုမဟုတ်ပါဘူး ကိုယ်တိုင်ကဘာမွေးရပါစွမ်းရည်မှမပါဘဲ ကျင့်ကြံပြီးမှသာအခြေနေတစ်ခုထိခွန်အားကို ပိုင်ဆိုင်ကြတာပါ ပါရမီချင်းသာ
ယှဥ်မယ်ဆို လူသားတွေက ဒီသားရဲသတ္တဝါကြီးတွေထက်ကို နိမ့်ပါတယ်


    တကယ်လို့လူသားတွေနဲ့ ဒီသားရဲတွေရဲ့ပေါင်းစပ်မှုက လူတစ်ပိုင်းသားရဲတစ်ပိုင်းမွေးဖွားလာခဲ့ရင် လူသားတွေက သားရဲသတ္တဝါတွေရဲ့ခွန်အားကို ပိုင်ဆိုင်နိုင်ပါတယ် ခန့်မှန်းရသလောက်ဆိုဒါက လူသားဘုရင်အများစုရဲ့အကြံအစည်ဖြစ်ပါတယ်


    "ဒီလိုဆို ရွှန်းမိသားစုကပြိုင်ဘက်ကင်းသွားပြီမလား?" ဖန်းဟိုက်ထန်ကမအောင့်နိုင်ဘဲမေးလိုက်တယ် တကယ်လို့လူသားတွေက သားရဲတွေရဲ့ခွန်အားကိုထိန်းချုပ်ပြီ သားရဲလိုပါရမီရှိမယ်ဆိုရင် ဒါကအရမ်းကြောက်စရာကောင်းသွားပါပြီ


   "အဲ့လောက်မရိုးရှင်းဘူး"
   လူအိုဒီကခေါင်းခါလိုက်တယ် "လူသားနဲ့သားရဲဆိုတာနဂိုတည်းက မတူညီတဲ့မျိုးနွယ်စုတွေဘဲ နှစ်ဖက်စလုံးက ပေါင်းစပ်နိုင်ရင်တောင်မှမွေးလာတဲ့မျိုးဆက်တွေက နှစ်ဖက်လုံးရဲ့ပါရမီတွေကိုမဆက်ခံနိုင်တာ ဖြစ်နိုင်တယ် ပြီးတော့ဘာစွမ်းရည်တစ်ခုမှ မပါလာတဲ့ဖြစ်နိုင်ခြေလည်းရှိတယ်"


    "လူတစ်ပိုင်း သားရဲတစ်ပိုင်းသွေးမျိုးဆက်ရှိတဲ့ လူသားတွေထဲမှာတောင်မှ ထူးချွန်တဲ့ကျင့်ကြံခြင်းပါရမီရှိတဲ့သူတွေ နည်းနည်းဘဲရှိတယ် ရွှန်းယူအန်က အဲ့လိုလူမျိုးဘဲ"


    နန်ဂုန်ဝူလည်း လေးလေးနက်နက်ပြောလိုက်တယ် "ဒီကိစ္စက သားရဲမျိုးနွယ်အတွက်တော့ ကြီးမားတဲ့အရှက်ရမှုကြီးဘဲ ဒါကတားမြစ်ချက်တွေကို ဖောက်ဖျက်တဲ့အတွက်လူသားတွေကို သူတို့မုန်းတီးလာကြတယ် သမိုင်းမှာဒီကိစ္စကြောင့် ကောင်းကင်ပြိုပြီးမြေပြင်ပျက်ဆီးတဲ့ပြင်းထန်တဲ့စစ်ပွဲပေါင်းများစွာဖြစ်ပေါ်ခဲ့တယ် နောက်ဆုံးမှာတော့ တစ်ဖက်နဲ့တစ်ဖက်အကြောင်းမဲ့မျိုးဆက်တွေကို လုံးဝအဓမ္မဖမ်းဆီးခြင်းမလုပ်ကြဖို့ မျိုးနွယ်နှစ်ခုလုံး နှဈဥိီးနှဈဖကျသဘောတူညီမှုရခဲ့တယျ"


    "ဒါပေမဲ့လည်း ဒါကအပြင်ပန်းသဘောတူညီချက်ပါ ဒီအလုပ်တွေကိုတိတ်တဆိတ်လုပ်နေတဲ့လူတွေ ရှိနေအုံးမှာပါ"


    ဒါကိုကြားတာနဲ့ ရှပင်ကမေးစေ့ကိုပွတ်လိုက်ပြီး "ဒီရွှန်းယုအန်ကတကယ်တော့ ဘာသွေးမျိုးဆက်လဲ?"
    
    "လေသားပိုက်ကောင် မျိုးဆက်"
     လူအိုဒီက အခိုင်အမာပြောလိုက်တယ် "လေသားပိုက်ကောင်မျိုးနွယ်စုက သားရဲမျိုးနွယ်တွေကြားမှာ လက်သီးသူတော်စင်မျိုးနွယ်လို့သိကြပြီး လက်သီးကျင့်စဥ်အမြောက်အများကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားကြကာ တိုက်ရည်ခိုက်ရည်ထူးချွန်ကြတယ် ဒီရွှန်းယူအန်က ဒီသွေးမျိုးဆက်ကိုဆက်ခံထားတယ်"
  
    "အဲ့တာကြောင့် သူ့လက်သီးသိုင်းက အရမ်းစွမ်းအားကြီးပြီး ပြည့်စုံတဲ့နယ်မြေကို ရောက်လုနီးပါးဖြစ်နေပြီ အဆင့်ကျော်ပြီးစိန်ခေါ်ဖို့က သူ့အတွက်ခက်ခဲတဲ့ကိစ္စမဟုတ်ဘူး"


    "ဒီဂျီယုရှန်လို့ခေါ်တဲ့ကောင်တောင် သူ့ဖိနပ်တိုက်ဖို့တောင် မတန်ဘူး"
    
    ဒီကောင်ကအခုလို လူပါးဝနေတာအံ့သြစရာမရှိတော့ဘူးလို့ ဖန်းဟိုက်ထန်တို့တွေသဘောပေါက်သွားကြတယ် ဒီလိုပါရမီ ဒီလိုခွန်အားမျိုးနဲ့ ကျောင်းသားသစ်ပြိုင်ပွဲမှာ သူ့အတွက်ထိပ်ဆုံးဆယ်ရောက်ဝင်ဖို့က ပြသနာမရှိပါဘူး


    "ရောက်ပြီ"
    ရနျဟှမျတက်ကသျိုလျလေ့ကငြျ့ရေးကှငျးကိုရောကျတာနဲ့ ကားရပ်လိုက်တယ် ပတျဝနျးကငြျကအဆောကျအဥိီးတှကေ ခြံစည်းရိုးကြီးတွေလိုဖြစ်နေတာကြောင့် အထဲကမြင်ကွင်းကိုတော့မမြင်ရပါဘူး


    ရှပင်တို့တွေကာပေါ်က ဆင်းပြီးတစ်ယောက်ချင်းလျှောက်ဝင်သွားလိုက်ကြတာနဲ့ အထဲမှာဘာတစ်ခုမှမရှိဘဲ အကန့်သတ်မရှိတဲ့ကွင်းပြင်ကျယ်ကြီးကိုတွေ့လိုက်ရတယ်


    ဒီအချိန်မှာ ကောင်းကင်ပေါ်က အသံထွက်ပေါ်လာပါတယ် "ကျောင်းသားသစ်ပြိုင်ပွဲစတင်ပါပြီ လူတိုင်းကပွဲ၅၀စီ ယှဥ်ပြိုင်ရမယ် အနိုင်ရရင်သုံးမှတ် သရေဆိုတစ်မှတ် ရှုံးရင်တစ်မှတ်မှမရဘူး စုစုပေါင်းရမှတ်နဲ့ အစဥ်လိုက်စီမယ် အ
မှတ်အမြင့်ဆုံးဆယ်ယောက်က ကျောင်းသားသစ်တွေရဲ့ထိပ်ဆုံးဆယ်ယောက်ဘဲ"


    ဘန်း ဘန်း ဘန်း!
    ချက်ချင်း စွမ်းအင်တွေဒီကွင်းပြင်ကျယ်ထဲမှာပေါ်လာပြီး ကျောင်းသားတွေအားလုံးကို ခုခံနိုင်စွမ်းမရှိအောင် ပြန့်သွားပါတယ်


    နောက်တစက္ကန့်မှာ ရှပင်က ၂၀၀-၃၀၀စတုရန်းရှိတဲ့ လေ့ကျင့်ရေးအခန်းထဲမှာပေါ်လာတာကို သိလိုက်ရတယ် ဒီလေ့ကျင့်ရေးအခန်းက စွမ်းအင်တွေနဲ့တည်ဆောက်ထားပုံရပြီး ပတ်ဝန်းကျင်တစ်ခုလုံးဗလာဖြစ်နေကာအပြင်ကိုဘာတစ်ခုမှ မမြင်ရပါဘူး


    ဒါကိုစွမ်းအင်ရုပ်လုံးပေါ်လာခြင်းလို့ခေါ်ပါတယ်
    
    "လန်းလိုက်တာ"
    ရှပင်ကလည်း အခုလိုရန်ဟွမ်ဂြိုလ်ထက်အဆပေါင်းများစွာမြင့်တဲ့ သိပ္ပံနည်းပညာကိုမြင်ပြီးအံ့သြသွားကြတယ် လုံလောက်တဲ့အဆင့်မြင့်စွမ်းအင်တွေရှိတာနဲ့ အရာအားလုံးကိုတုပဖန်တီးနိုင်ပြီး ပြောင်းလဲနိုင်ပါတယ်
  
    လေ့ကျင့်ရေးကွင်းပြင်ထဲကိုဝင်လာတဲ့ ကျောင်းသားတွေက ဒီစွမ်းအင်တွေရဲ့ဆွဲယူမှုကို ခံလိုက်ရပြီး မတူညီတဲ့ပြိုက်ဘက်တွေနဲ့တိုက်ခိုက်ဖို့ စွမ်းအင်အခန်းတွေဆီကို တစ်ယောက်ပြီးတစ်ယောက်ပို့ဆောင်ခံလိုက်ရတာပါ
   
    ဒီထဲမှာမတော်တဆမှု ဖြစ်မှာကိုလည်းစိတ်ပူနေစရာမလိုပါဘူး ဘာကြောင့်လဲဆိုတော့ဒီလေ့ကျင့်ရေးကွင်းတစ်ခုလုံးက  စူပါကွမ်တမ်ဦးနှောက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာကြောင့် စက္ကန့်ပိုင်းအတွင်းမှာအလင်းထက်မြန်နာတဲ့အရှိန်နဲ့ လှုပ်ရှားနိုင်ကာ အရာများစွာကိုထိန်းချုပ်နိုင်ပါတယ်


    ဝှစ်!
    ဒီအချိန်မှာ စွမ်းအင်တွေရှပင်အခန်းထဲကိုရောက်လာပြီး တောက်ပတဲ့အလင်းတန်းတွေတဖြည်းဖြည်းပျောက်ကွယ်သွားတာနဲ့ တစ်ဖက်လူရဲ့ပုံစံတဖြည်းဖြည်းရုပ်လုံးပေါ်လာကာ သူ့ကိုယ်က သားရိုင်းတစ်ကောင်လိုဖိအားတွေထွက်နေပါတယ်
 
     "ဟမ် ရွှန်းယူအန်?"
     သူ့ပထမဆုံးပြိုင်ဘက်ကိုတွေ့ပြီး ရှပင်မျက်ခုံးတွေမြင့်သွားတယ် ဒီလူကဘုရင့်မျိုးဆက်ရွှန်းယုအန်ဆိုတာကို သူချက်ချင်းမှတ်မိသွားပါတယ်


     "စိတ်ဝင်စားစရာဘဲ ပထမဆုံးပြိုင်ပွဲမှာတင်မင်းနဲ့တိုးမယ်လို့မထင်ထားဘူး ဒါငါ့အတွက်အများကြီးအလုပ်ရှုပ်စရာမလိုတော့ဘူး ဒါကတကယ်ဘဲ ရန်သူတွေက တစ်ယောက်လမ်းကိုတစ်ယောက် မကြာခနတိုးတယ်ဆိုသလိုဘဲ" ရှပင်ကိုတွေ့တာနဲ့ ရွှန်းယူအန်လည်း အလွန်အံ့သြသွားပါတယ်


                            ...........................
အပိုင်း(၃၀၀)  ကောင်းကင်ဘုံအလွှာအဆင့်၅


    "ငါကြားတာတော့ မင်းက
လေသားပိုက်ကောင်သွေးမျိုးဆက်ရှိပြီး လက်သီးသိုင်းတွေကျွမ်းကျင်သူဆို?" ရှပင်ကသူ့မေးစေ့ကိုပွတ်သပ်ပြီး ရွှန်းယူအန်ကိုရန်စလိုက်တယ် "ဒီကောလဟာသတွေကမှားလားမှန်လားတော့ ငါမသိဘူး ဟိုဂျီယုရှန်လိုဆန်ကုန်မြေလေးနဲ့ယှဥ်ရင် မင်းလဲတူတူဘဲလားမသိဘူး?"


    သူကတမင်တကာရန်စနေတာဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့လက်ရှိအချိန်မှာရှပင်က သိုင်းပညာရှင်အဆင့်၄အထွတ်အထိပ်ကိုရောက်နေပြီး သိုင်းပညာရှင်အဆင့်၅ကိုရောက်ဖို့ခြေတစ်လှမ်းသာလိုပါတော့တယ် ပုံမှန်အတိုင်းကျင့်ကြံမယ်ဆိုရင် အနည်းဆုံး၂လ၃လလောက်နေမှသာ သူအဆင့်တက်နိုင်မှာပါ


     ဒါပေမဲ့ပြင်ပအား အကူအညီနဲ့သာဆိုရင်သူ့ကိုယ်တွင်းကဆေးစွမ်းအင်တွေကို လျင်မြန်စွာချေဖျက်ပေးနိုင်ပြီး သိုင်းပညာရှင်အဆင့်၅ကိုရောက်အောင်လုပ်ပေးနိုင်ပါတယ် ဒီဂျီယုရှန်က အဲ့လိုလုပ်ခိုင်းဖို့အကောင်းဆုံးပြိုင်ဘက်ဖြစ်ပါတယ်


   သာမန်သိုင်းပညာရှင်တွေဆိုရင် သူ့ကိုနည်းနည်းတောင် ဒဏ်ရာရအောင်လုပ်နိုင်မှာမဟုတ်ပါဘူး


    "ဆန်ကုန်မြေလေးတဲ့လား?"
     ရွှန်းယုအန်က လက်သီးကိုအသံမြည်အောင်စုပ်လိုက်ပြီး ခက်ထန်တဲ့မျက်နှာထားနဲ့ "မင်းငါ့ကိုမထင်မှတ်ထားဘဲ အဲ့ဒီ့အမှိုက်နဲ့နိုင်းယှဥ်နေတာလား တကယ်မျက်နှာပြောင်တိုက်တာဘဲ ငါအားကုန်သုံးမယ်ဆိုရင်မင်းကိုတစ်စစီဖြစ်အောင်လုပ်ဖို့ လက်သီးတစ်ချက်ဘဲလိုတယ်"


    ပြောပြီးတာနဲ့ ရွှန်းယူအန်ကလေထဲကို
မိုးကြိုးလိုလက်သီးတစ်ချက် ပစ်သွင်းလိုက်တယ် မိုးကြိုးတွေက လေကိုခွင်းပြီးကြောက်စရာကောင်းတဲ့အရှိန်အဝါတွေထွက်လာကာ အသံလှိုင်းလုံးကြီးတွေပေါ်လာပါတယ်


    "ကြမ်းတယ်"
     ရှပင်လည်း လန့်သွားပါတယ် ဒီရွှန်းယူအန်ရဲ့လက်သီးက အပြည့်စုံဆုံးအဆင့်ကိုရောက်ရှိနေပြီး အရှိန်ကအလွန်မြန်ကာ အသံထက်တောင်မြန်ပါတယ်


    သူလည်း လက်ဝါးတစ်ချက်ရိုက်လိုက်ပြီး ဒါခ့်နော့ခန္ဓာကိုယ်ကာကွယ်ခြင်းကျင့်စဥ်ကို လည်ပတ်လိုက်တာနဲ့ တစ်ကိုယ်လုံးမှာ ထိုင်ချီပုံစံ ယင်နဲ့ယန်စက်ဝိုင်းပေါ်လာပါတယ်


    ဘန်း! 
    ရွှန်းယူအန်ရဲ့ကြောက်စရာကောင်းတဲ့ဖျက်ဆီးအားတွေပါဝင်တဲ့လက်သီးက ရှပင်လက်ဝါးကိုထိပြီး သူ့အရိုးတွေဖျက်ဆီးဖို့လုပ်လိုက်ပါတယ် ဒါပေမဲ့ဒါခ့်နော့ခန္ဓာကိုယ်ကာကွယ်ခြင်းကျင့်စဥ်လည်ပတ်ပြီး စွမ်းအင်တွေတုန်ခါကာ ဒီခွန်အားအများကြီးကိုအဆက်မပြတ်လျှော့ချပေးလိုက်ပါတယ် ကျန်တဲ့ခွန်အားအနည်းငယ်က ခြေလက်လေးဘက်နဲ့ အရိုးပေါင်းတစ်ရာစီကို စိမ့်ဝင်သွားပြီးရှပင်ရဲ့သွေးပြန်ကြောတွေနဲ့ ကိုယ်ခန္ဓာကိုကြံ့ခိုင်အောင် လုပ်ပေးကာ ကိုယ်ထဲကလည်ပတ်ခြင်းကိုးခုမူလကျင့်ကြံခြင်းဆေးဝါးအာနိသင်တွေကို သန့်စင်ပေးလိုက်ပါတယ်


     ချက်ချင်းဘဲရှပင်က သူ့ကိုယ်ထဲကကြွက်သားတွေ အရိုးတွေ သွေးပြန်ကြောတွေအနည်းငယ်ပိုအားကောင်းလာပြီး အစစ်အမှန်ချီတွေပါ အရင်ကထက်ပိုအားကောင်းလာတာကိုခံစားလိုက်ရတယ်


    "ဘယ်လိုဖြစ်နိုင်မှာလဲ?"
    ရွှန်းယူအန်မျက်လုံးကြီးတွေပြူးပြီး ဒါကိုမယုံနိုင်ပါဘူး သူ့လက်သီးဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သူသေချာသိပါတယ်


    အခုလိုဘာမဟုတ်တဲ့ သိုင်းပညာရှင်အဆင့်၄မပြောနဲ့ သိုင်းပညာရှင်အဆင့်၆တောင် သူ့လက်သီးနဲ့တိုက်ရိုက်ထိရင် နေရာမှာတင်သွေးအန်ပြီးကိုယ်တွင်းအစိတ်အပိုင်းတွေ ဒဏ်ရာအပြင်းအထန်ရသွားမှာပါ


    အဲ့လိုလူမျိုးတောင်သူ့လက်သီးစာမိရင် ဆေးရုံမှာတစ်လလောက်သွားပြီး ကုသမှုခံယူလိုက်ရမှာပါ ဒါပေမဲ့အခုတော့ ဒီလက်သီးကသိုင်းပညာရှင်အဆင့်၄ပြိုင်ဘက်ကို ခြေတစ်လှမ်းနောက်ဆုတ်အောင်မလုပ်နိုင်တာက အရမ်းလွန်လွန်းပါတယ်


    "ဒါမင်းလက်သီးသိုင်းလား? ငါစကားရှစ်လုံးနဲ့ဖော်ပြရမယ်ဆိုရင် လေလုံးထွားတာဘဲ အပြင်ပန်းကောင်းပြီးအတွင်းမှာဘာအားမှမပါဘူး"


    ရှပင်ကအထင်သေးပြီးပြောလိုက်တယ် "ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ အခုလိုဆန်ကုန်မြေလေးတွေဘဲရှိလိမ့်မယ်လို့ မထင်ထားဘူး ဒီလိုလူမျိူးတွေကကောင်းကင်တိမ်တိုက်ကမ္ဘာရဲ့ပါရမီရှင်တွေလို့ ကိုယ့်ကိုကိုယ်ခေါ်ရဲတာ ငါ့ကိုသွားဖြဲပြီးရယ်ရအောင်လုပ်နေတာဘဲ "


    "ငါမင်းကိုတိုက်ရိုက်ဘဲပြောလိုက်မယ် ငါခြေတွေလက်တွေမသုံးဘဲ မင်းကိုတိုက်ခိုက်ခွင့်ပေးမယ်"


    "တကယ်လို့မင်းငါ့ကို ခြေလှမ်းတစ်ဝက်နောက်ဆုတ်အောင်လုပ်နိုင်ရင် မင်းနိုင်ပြီ"


    သူကလက်နှစ်ဖက်ကို နောက်ပစ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရွှန်းယူအန်ကိုကြည့်လိုက်တယ်


    ဘာ?! 
    ဒီစကားတွေကြားတာနဲ့ ရွှန်းယူအန်ဒေါသပေါက်ကွဲပြီး သူ့အဆုတ်တွေကြေမွတော့မလိုဖြစ်သွားပါတယ် သူ့လိုသားရဲသွေးမျိုးဆက်ရှိတဲ့ရွှန်းမိသားစုရဲ့တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ ဘုရင်မျိုးဆက်က ပင်ကိုယ်ပါရမီမှာတစ်ခြားသူတွေထက်ကို သာလွန်ပြီး တစ်ရာရာခိုင်နှုန်းပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ပါတယ်   


    ဘယ်နေရာရောက်ရောက် ဘယ်သူမှသူ့ကိုအထင်မသေးရဲပါဘူး


    ဒါပေမဲ့အခုတော့ ခြေလက်တွေမသုံးဘဲသူ့ကိုပေးတိုက်ခိုက်ပြီး ခြေလှမ်းတစ်ဝက်နောက်ဆုတ်အောင်လုပ်နိုင်ရင် သူအနိုင်ရမယ်ဆိုတဲ့ စကားတွေကို ဒီမျိုးမစစ်ကသူ့ကိုပြောရဲပါတယ် အလွန့်အလွန်ဘဝင်မြင့်ရင်တောင် အကန့်အသတ်လေးတော့ရှိသင့်ပါတယ်


    "ကောင်းတယ် အရမ်းကောင်းတယ် မင်းဒီလောက်သေချင်နေမှတော့ ငါကူညီပေးမယ်"
ရွှန်းယူအန်ကဒေါသအလွန်ထွက်နေပါတယ် သူ့တစ်ဘဝလုံးမှာတောင် ဒီနေ့လောက်များများဒေါသမထွက်ဖူးဘဲ သူလုံးဝရူးတော့မလိုဖြစ်နေပါတယ်


    ဘုရင်လက်သီးသိုင်း - ကြယ်တာရာကောင်းကင်ဥက္ကာခဲလက်သီး


    ချက်ချင်းသူလှုပ်ရှားလိုက်ပြီး တစ်စက္ကန့်အတွင်းမှာလက်သီးရိပ်ပေါင်း တစ်ရာကျော်ထွက်လာကာ နေရာတိုင်းမှာကြယ်ကြွေသလိုလက်သီးတွေက အရှိန်အပြင်းဆုံးနဲ့ရှပင်ဆီဝင်လာပါတယ်


    ဒီလက်သီးတစ်ခုစီက ကြယ်ကြွေသလို တောင်ပတဲ့အလင်းရောင်တွေထွက်နေပြီး ဖျက်ဆီးခြင်းသဘာဝတွေနဲ့ ပြည့်နှက်နေပါတယ်


     ဒီလက်သီးတစ်ချက်က သားရဲတွေကိုသတ်ပစ်ဖို့လုံလောက်ပါတယ်


    လက်သီးအရိပ်ထောင်ချီက တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီး စွမ်းအင်တစ်ထောင်ကျော်အတူတကွပေါင်းစပ်သွားပါတယ် ဒီခွန်အားကအလွန့်အလွန်ကြောက်စရာကောင်းပါတယ် ပြောကြတာတော့ ဒီလက်သီးသိုင်းကိုအထွတ်အထိပ်အထိလေ့ကျင့်နိုင်ရင် ကောင်းကင်ကကြယ်တွေကိုပါ ကြွေကြအောင်ထိုးနိုင်တယ်တဲ့


    "ကောင်းလိုက်တဲ့ထိုးချက်"
    ရှပင်မျက်လုံးတွေချက်ချင်းတောက်ပသွားတယ် အခုလိုလက်သီးအားမှသာ လုံလုံလောက်လောက်အားကောင်းတာပါ တကယ်လို့အားနည်းတဲ့လက်သီးချက်တွေဆိုရင် သူ့ကိုအနည်းငယ်တောင်ထိခိုက်အောင်မလုပ်နိုင်တဲ့အတွက် သူ့ကျင့်ကြံချင်းကို ဘယ်လိုလုပ်ကူညီပေးနိုင်မှာလဲ?


   အခုလိုလက်သီးအားကသာ သူ့ကိုဂရုစိုက်ပြီး ရင်ဆိုင်ရစေဖို့ လုံလောက်တာပါ
 
    ဘုန်း ဘုန်း ဘုန်း!!!


    အခန်းထဲမှာ လက်သီးတွေကရှပင်ကိုယ်ပေါ်ကို ရာထောင်ချီတဲ့ကြယ်တွေလို ဖိချလာပြီး မရေမတွက်နိုင်တဲ့အစစ်အမှန်ချီတွေပေါက်ထွက်သွားပါတယ်


    "ကြမ်းတယ်ကွာ"
     အစတည်းကဒီလက်သီးအားတွေက အလွန်ကြောက်စရာကောင်းတာကို ရှပင်သိပါတယ် ဒါပေမဲ့လည်း လက်သီးကသူ့ကိုယ်မှာလာထိမှသာ ရန်သူ့လက်သီးရဲ့ ကြောက်စရာကောင်းတဲ့နေရာကို သိပါတယ်


    လက်သီးတစ်ခုစီက ကိုယ်မှာလာထိတာနဲ့ ဖျက်ဆီးအားတွေက သူ့အဆုတ်ထဲထိကို စိမ့်ဝင်သွားပါတယ် ဒီကြယ်တွေတောင်ထိုးချနိုင်တယ်ဆိုတဲ့ခွန်အားက သာမန်မဟုတ်ပါဘူး


   ဘုန်း ဘုန်း ဘုန်း!!!
   ဒါပေမဲ့လည်း ဒါခ့်နော့ခန္ဓာကိုယ်ကာကွယ်ခြင်းကျင့်စဥ်က ပိုအဆင့်မြင့်ပြီး ရှပင်ကိုယ်ခန္ဓာမျက်နှာပြင်မှာ ကြိမ်နှုန်းလိုအစစ်အမှန်ချီတွေတုန်ခါကာ တစ်ဖက်လူရဲ့လက်သီးအားတွေကို ပဲ့တင်သံထပ်စေပြီး တစ်ဖက်လူရဲ့ခွန်အားတွေကို အဆက်မပြတ်ပြန်လည်ထိန်းညှိပေးလိုက်ပါတယ်
     
     အခုလိုကြောက်မက်ဖွယ်လက်သီးအားကြောင့် သူ့ကိုယ်ထဲကလည်ပတ်ခြင်းကိုးခုမူလကျင့်ကြံခြင်းဆေးဝါးနဲ့ မီးအဆူးဖွတ်သားတွေရဲ့ စွမ်းအင်တွေပေါက်ထွက်ပြီး အစစ်အမှန်ချီမြစ်ကြီးတစ်စင်သလို ကိုယ်ထဲကသွေးပြန်ကျောတွေကိုစီးဝင်သွားကြပါတယ်


    ဘန်း!
    ဒီအစစ်အမှန်ချီတွေ အထွတ်အထိပ်ထိရောက်တဲ့အခါမှာ ရေလှိုင်းလုံးကြီးလို မာကျောတဲ့တံခါးကို တိုက်ဖွင့်သွားပါတယ်


    သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာ အဆင့်၅
  
    ငါးခုမြောက်အပ်စိုက်ကုထုံးအမှတ်ကို ချိတ်ပြီးတာနဲ့ သူ့ကိုယ်ထဲက အစစ်အမှန်ချီတွေအရူးအမူးတိုးတက်လာပြီး တဝေါဝေါအသံမြည်ကာငါးခုမြောက်အပ်စိုက်ကုထုံးအမှတ်ထဲကို စီးဝင်သွားကြပါတယ်
   
    သူ့ကြွက်သားတွေ အရိုးတွေ သွေးပြန်ကြောတွေ ခန္ဓာကိုယ်ဆဲလ်တစ်ခုစီက အရင်ကထက်နှစ်ဆလောက် ပိုမိုသန်မာလာပါတယ်


    ရုတ်တရက်ရှပင်ကိုယ်ကကြောက်စရာကောင်းတဲ့ အပျက်အစီးတန်ပြန်တက်ရောက်မှုခွန်အားတွေက မြစ်ကြီးတစ်စင်းလို ရွှန်းယူအန်ဆီပြန်ဝင်လာပါတယ်


    ဘာလဲဟ?!
    ရွှန်းယူအန်ကကြောက်လန့်သွားတယ် အစတုန်းကတော့ဒီကောင်က သိုင်းပညာရှင်အဆင့်၄ဘဲရှိသေးပြီး ခုစက္ကန့်ပိုင်းအတွင်းမှာ
သိုင်းပညာရှင်အဆင့်၅ကို ရောက်သွားကာ ခွန်အားကလည်းနှစ်ဆလောက်တိုးတက်လာပါတယ်


    သူ့တစ်ကိုယ်လုံးက တန်ပြန်တက်ရောက်အားတွေနဲ့ထိပြီး ရာဘာဘောလုံးလုံလွင့်ထွက်ကာ အခန်းစွမ်းအင်နံရံနဲ့ရက်ရက်စက်စက် ဝင်ဆောင့်ပါတယ်


   ဘန်း
   ရွှန်းယူအန်က သူ့တန်ပြန်သက်ရောက်အားကိုသူမခံနိုင်ဘဲ အဆုတ်တွေအပြင်းအထန်ထိခိုက်ကာ သွေးအန်လိုက်ပါတယ်


                           ............................
အပိုင်း(၃၀၁)    အရှုံးပေးရခြင်း
 
     "ဒါဘယ်လိုဖြစ်နိုင်မှာလဲ?" 
     ရွှန်းယူအန်က မျက်လုံးနှစ်လုံးပြူးပြီး မယုံနိုင်ဘဲ "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၅? ဘာဖြစ်တာလဲ သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၅ကို မင်းဘယ်တုန်းက ရောက်သွားတာလဲ?"


     သူကစဥ်းစားမရဖြစ်နေပြီး နည်းနည်းကြောင်နေပါတယ်
     
     "အဲ့တာမင်းအလုပ်လား?"


     ရှပင်က အထင်သေးကာပြောလိုက်တယ် "မင်းလက်သီးကငါ့ကိုမထင်မှတ်ဘဲ ခြေလှမ်းတစ်ဝက်တောင်နောက်ဆုတ်အောင် မလုပ်နိုင်ဘူးဆိုတော့ မင်းကိုအမှိုက်လို့ခေါ်တာ ငါမှားလားပြောစမ်း ဒီလိုခွန်အားလေးနဲ့နေရာတိုင်းမှာ လိုက်သောင်းကျန်းရဲတယ် မင်းမရှက်တတ်ဘူးလား"


    "နောက်ဆိုနေ့တိုင်းနေ့တိုင်းဘဝင်မမြင့်နေဘဲ နှိမ့်ချပြီးနေ ကြားလား ငါပြောသလိုမလုပ်ရင်ငါမင်းကိုနောက်တစ်ခါတွေ့တာနဲ့ တွေ့တဲ့နေရာမှာရိုက်နှက်မယ် မင်းတို့ရွှန်းမိသာစုဘိုးဘေးဟောင်းကိုခေါ်လာရင်တောင် အသုံးမဝင်ဘူး နားလည်လား?"
သူကရွှန်းယူအန်ကို မောက်မာစွာကြည့်လိုက်တယ်


    "ငါ့ယီးကိုလာနားလည်ပါလား!"
     ရွှန်းယူအန်ကသေလောက်အောင်ဒေါသထွက်နေပြီး အဆုတ်တွေပေါက်ထွက်တော့မလို ဖြစ်နေကာ သူကလုံးဝလုံးဝကိုလက်မခံနိုင်ပါဘူး ရန်ဟွမ်ဂြိုလ်ကလာတဲ့သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၅ ကျေးလက်တောသားက မထငျမှတျဘဲသူ့ကျိုဆုံးမနပေါတယျ ဒါကိုသူဘယ်လိုလက်ခံနိုင်မှာလဲ?


    "ငါနားလည်ပြီ"
    တစ်ခုခုကိုတွေးပြီး ရုတ်တရက်နားလည်သဘောပေါက်သွားဟန်နဲ့ ရွှန်းယူအန်က "မင်းကသေချာပေါက်ကျင့်ကြံခြင်းအဆင့်ကိုဖုန်းကွယ်နိုင်တဲ့ ကျင့်စဥ်ကျင့်ထားတာဖြစ်ရမယ် ဒီ
ကျင့်စဥ်နဲ့မင်းကိုယ်မင်းသိုင်းပညာရှင်အဆင့်၄ဟန်ဆောင်ပြီး အရေးကြီးတဲ့အချိန်ရောက်မှ ခွန်အားအစစ်အမှန်ကိုထုတ်ဖော်ပြီး ငါ့ကျိုအလဈဖမျးတိုကျခိုကျလိုကျတာဘဲ"


    "အရှက်မရှိလိုက်တာ ဒီနည်းလမ်းကအရမ်းယုတ်လွန်းတယ် မင်းတို့ရန်ဟွမ်ဂြိုလ်ကလူတွေ
ဒီလိုကောက်ကျစ်စဥ်းလဲတဲ့အကြံစည်တွေရှိမယ်လို့ငါမထင်ထားခဲ့ဘူး သတ္တိရှိရင်ငါ့ဒဏ်ရာတွေကောင်းရင် ထပ်တိုက်ရအောင်"


    ရှပင်သူ့ကိုအနိုင်ရတာ ဒီမျိုးမစစ်အကောက်ကြံလို့ သူသတိလတ်လွတ်ဖြစ်သွားတာကြောင့်လို့ ရွှန်းယူအန်ကမုချထင်မှတ်ထားပါတယ် အဲ့လိုမှမဟုတ်ရင်ဒီမျိုးမစစ်ကဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ?


    ချက်ချင်းဘဲ သူကနာကျည်းမှုနဲ့ရှပင်ကိုစိုက်ကြည့်လိုက်တယ်


    "မင်းနှမကိုငါရိုက်မယ်"
     ဘန်း! ရှပင်ရှေ့တိုးပြီး ရွှန်းယူအန်ရဲ့ညာမျက်လုံးကို လက်သီးနဲ့ထိုးချလိုက်ပြီး ရွှန်းယူအန်တစ်ကိုယ်လုံးလွင့်ထွက်သွားပါတယ်


     "အား!"
     ရွှန်းယူအန်နာကျင်စွာအော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ်လဲကျသွားပါတယ်
 
     ရှပင်က သဲအိတ်ကိုထိုးကျင့်သလို သူ့ကိုလက်သီးတစ်ချက်ထိုးပြီး ဆူးပူကြိမ်းမောင်းနေပါတယ် "ကောင်းကျစ်စဥ်းလဲတဲ့အကြံအစည်တွေဘာတွေလာလုပ်နေတယ် မင်းအားနည်းတာကအားနည်းတာပေါ့ အဲ့တာကိုဆင်ခြင်တွေအများကြီးလာပေးနေသေးတယ် မင်းအဖိုးကိုငါထိုးတုန်းကဆို မင်းတောင်မမွေးသေးဘူး မင်းထပ်ပြီး ဘဝင်မြင့်နိုင်သေးလားဆိုတာငါကြည့်မယ်"


    ဘန်း ဘန်း ဘန်း!!!
    ရွှန်းယူအန်ငယ်သံပါအောင်အော်နေပြီး လက်နှစ်ဖက်နဲ့ခေါင်းကိုကာထားပါတယ် ဒါပေမဲ့ဘယ်လိုမရှောင်နိုင်ဘဲ ရှပင်ရိုက်နှက်တာခံနေရပါတယ် သူ့ကိုယ်ကတခြားနေရာတွေလဲ အရိုက်ခံနေရပြီး အထူးသဖြစ်သူ့မျက်နှာက ရှပင်လက်ဝါးရာတွေနဲ့ ဝက်တစ်ကောင်လိုဖောင်းကားနေစေပါတယ်


    "ရပ် ရပ်ချင်းရပ်လိုက်စမ်း တော်သင့်ပြီ ဒီလိုဆက်ရိုက်နေရင်ငါဒေါသထွက်မိတော့မယ်" ရွှန်းယူအန်အော်ဟစ်ပြီးရှပင်ကိုရပ်ခိုင်းလိုက်တယ် နာကျင်မှုတွေကိုအံကြိတ်ကာသူခံနေရပြီး သူ့တစ်ဘဝလုံးအခုလောက်သနားစရာမကောင်းခဲ့ဖူးပါဘူး


    "လက်မခံချင်သေးဘူးလား? ကြည့်ရတာမင်းငယ်ပါကိုမလိုချင်တော့ဘူးထင်တယ်" ရှပင်မျက်လုံးတွေက ရက်စက်မှုအရောင်တွေထွက်လာပြီး ရွှန်းယူအန်ပေါင်ကြားကို ကန်ထည့်လိုက်တယ်


     ချက်ချင်းရွှန်းယူအန်ကသေးထွက်ကျလုနီးပါးကြောက်လန့်သွားတယ် သူ့မှာဘုရင့်သွေးမျိုးဆက်ပါပြီး သားရဲမျိူးနွယ်သွေးမျိုးဆက်ကိုဆက်ခံထားတာကြောင့် သာမန်လူတွေထက်ခန္ဓာကိုယ်ကြံ့ခိုင်ရင်တောင် အားနည်းချက်ရှိတဲ့နေရာရှိနေပါသေးတယ်


     ဒီမျိူးမစစ်ခြေထောက်ကြောင့် သူ့ငယ်ပါပေါက်ကွဲသွားရင် သူ့တစ်ဘဝလုံးအဆုံးသတ်သွားမှာပါ


     လက်ရှိသိပ္ပံနည်းပညာက အရမ်းမြင့်ပြီး ခြေလက်အင်္ဂါတွေဖြတ်ခံရတာတောင် ပြန်ဆက်နိုင်ပေမဲ့ ဒီလိုဖြစ်ခဲ့ရင် စိတ်ဒဏ်ရာရအကြီးကျယ်ရသွားမှာပါ
ဒါကဒုက္ခိတဖြစ်တာထက်ကို ပျိုဆိုးပါတယျ
 
    "အရှုံးပေးတယ် ငါအရှုံးပေးတယ်" ရွှန်းယူအန်ခေါင်းမာစွာဆက်ပြီးမတောင့်ခံနိုင်တော့ဘဲ ချက်ချင်းသူအရှုံးပေးကြောင်းကြေညာလိုက်တယ်


     ဘန်း!
     သူ့အသံထွက်ပြီးတာနဲ့ စွမ်းအင်တွေကျရောက်လာပြီး ရှပင်တို့နှစ်ယောက်ကို ပတ်လိုက်ပါတယ်
နောက်တစ်စက္ကန့်မှာ ရွှန်းယူအန်ကအခန်းထဲကပျောက်သွားပြီး ရှပင်ကသူ့နဂိုနေရာကို ပြန်ရောက်နေပါတယ်


    "မထင်မှတ်ဘဲအရှုံးပေးသွားတာလား?"
     ရှပင်ကမေးစေ့ကိုပွတ်သပ်လိုက်တယ် ဒီနေရာမှာအရှုံးပေးလိုက်တာနဲ့ ရွှန်းယူအန်ကိုသူဆက်ပြီးဒဏ်ရာရအောင်လုပ်နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ရှပင်သိပါတယ် ဘာကြောင့်လဲဆိုတော့ဒီနေရာက ကွမ်တမ်ဦးနှောက်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေလို့ပါဘဲ


     တစ်ဖက်လူကအရှုံးပေးလိုက်တာနဲ့ ကွမ်တမ်ဦးနှောက်က အန္တရာယ်ကိုရှာဖွေတွေ့ရှိပြီးတာနဲ့ ပြိုင်ပွဲကိုချက်ခြင်းအဆုံးသတ်လိုက်ပါတယ် ဒါကကျောင်းသားတွေအတွက် ကျောင်းရဲ့ကာကွယ်မှုဖြစ်ပါတယ်


     "ရှပင်အနိုင်ရသွားပြီး ၃မှတ်ရရှိပါတယ် ၁၅မိနစ်ကြာ အနားယူပြီးရင် နောက်ပြိုင်ပွဲပြန်စပါမယ်"အခန်းထဲမှာ စက်သံက ထပ်ပေါ်လာပါတယ်


    ရှပင်ကထောင့်တစ်ထောင့်မှာရပ်ပြီး အစစ်အမှန်ချီတွေလည်ပတ်ကာ ပြိုင်ပွဲမှာဆုံးရှုံးသွားတဲ့စွမ်းအင်တွေကို ပြန်သိုလှောင်လိုက်တယ် ပြောရတာထူးဆန်းပေမဲ့  ဒီနေရာမှာကျင့်ကြံတာ ကအပြင်မှာထက်ကို၁၀ဆလောက်စွမ်းအင်ဖြည့်တာ ပိုမြန်ပါတယ်  


    ဒီအခန်းထဲမှာအသက်စွမ်းအင်တွေတောင် ပြန့်နေပြီး ရှပင်ကိုယ်ထဲစိမ့်ဝင်ကာ ပျက်ဆီးနေတဲ့ကိုယ်ခန္ဓာဆဲလ်တွေဆက်တိုက်ပြန်ကောင်းလာစေပါတယ်


    ဒီအခန်းက တိုက်ခိုက်ရေးစင်မြင့်ဖြစ်ရုံတင်မကဘဲ ကုသပေးတဲ့လုပ်ဆောင်ချက်လည်းရှိတယ်ဆိုတာ သူခန့်မှန်းလိုက်တယ်


    ဝှစ်!
    ၁၅မိနစ်ကမျက်စိတစ်မှိတ်အတွင်း ကုန်သွားပြီး မိုးပြာရောင်အဝတ်အစားနဲ့လူက အခန်းထဲရုတ်တရက်ပေါ်လာပါတယ်


    "သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၅ရန်ဟွမ်ဂြိုလ်ကျောင်းလား?"
 
     မိုးပြာရောင်အဝတ်အစားနဲ့ကျောင်းသားက ရှပင်ကိုကြည့်ပြီးတာနဲ့ ရှပင်အကြောင်းကို နားလည်သွားပြီး သူမျက်နှာမှာ မောက်မာနဲ့အမူအရာနဲ့ "ငါမင်းကိုဒဏ်ရာရအောင်မလုပ်ချင်ဘူး အဲ့တာကြောင့်အရှုံးပေးလိုက် စောနိုင်သမျှစောစောအရှုံးပေးနော် မဟုတ်လို့ကတော့ ငါစပြီးတိုက်ခိုက်ရင် မင်းအရမ်းသနားစရာကောင်းသွားမယ်ဆိုတာ အာမခံတယ်"


     "ဒါမတိုင်ခင်ကလည်းငါ ရန်ဟွမ်ဂြိုလ်ကကျောင်းသားနဲ့တွေ့ပြီး လက်သီးတစ်ချက်နဲ့သူ့ကို ဒဏ်ရာအပြင်းထန်ရအောင်လုပ်ခဲ့တယ်"


    "တကယ်လို့ဒီနေရာမှာ သူ့ကိုကာကွယ်မဲ့စွမ်းအင်တွေသာမရှိရင် ဒီကောင်သေသွားတာကြာပြီ ငါ့တို့တဈယောကျနဲ့တဈယောကျခွားကကှာခွားခကြျတှကျေို မင်းသိမယ်လို့ငါမျှော်လင့်တယ် မင်းနဲ့ငါကအဆင့်တစ်ခုတည်းက လူတွေမဟုတ်ဘူး နားလည်လား?"


    သူလက်ဝှေ့ယမ်းပြီး ရှပင်ကိုအရှုံးပေးခိုင်းလိုက်တယ်


     သူ့ကိုယ်သူအခုလိုယုံကြည်မှုရှိနေတာကို
သွားအပြစ်တင်လို့မရပါဘူး သူကသိုင်းပညာရှင်အဆင့်၆ကျင့်ကြံခြင်းရှိပြီး ကောင်းကင်တိမ်တိုက်ကမ္ဘာမှာ မွေးလာသူဖြစ်ပါတယ် သူတို့ကမ္ဘာကသိုင်းတာအိုကျင့်စဥ်တွေက ရန်ဟွမ်ဂြိုလ်ထက်ကိုအများကြီး ပိုကြောက်စရာကောင်းပါတယ်


    အဲ့တာကြောင့် သူကရှပင်ကိုအထင်သေးနေပြီး တစ်မိနစ်အတွင်းရှင်းပစ်နိုင်မယ်လို့ ထင်နေပါတယ်


    ရုတ်တရက်ရှပင်က စကားများနေတဲ့ကောင်ကို ရှောင်ချိန်မရအောင်လျှပ်စီးကဲ့သို့အမြန်နှုန်းနဲ့တိုက်ခိုက်လိုက်တယ်  


    ဒါကိုမြင်ပြီး နဂိုတည်ငြိမ်အေးဆေးနေတဲ့မိုးပြာရောင်ဝတ်စုံနဲ့ကောင်က အကြီးကျယ်ထိတ်လန့်သွားပါတယ် ဒါပေမဲ့လည်း ရှပင်လက်ဝါးကနီးလာပြီး သူရှောင်ချိန်မရှိတော့ပါဘူး


    ဘန်း!
    လက်ဝါးချက်က မိုးပြာရောင်ဝတ်စုံနဲ့ကောင်မျက်နှာကိုထိမှန်ကာ သူ့ရှေ့သွားတွေကသွေးနဲ့ရောပြီးကျွန်ထွက်သွားပါတယ် သူ့ရဲ့နူးညံ့ဖြူဖွေးတဲ့မျက်နှာမှာလည်း အနီရောင်လက်ငါးချောင်းရာပေါ်လာပါတယ်


   "အား!"
    မိုးပြာရောင်ဝတ်စုံနဲ့ကောင်ကသနားစရာကောင်းအောင်အော်လိုက်ပြီး လေထဲမှာ၅ပတ်၆ပတ်လောက်လိမ့်သွားကာ ကြမ်းပြင်ပေါ်ပြုတ်ကျသွားပါတယ် ဒီအချိန်မှာသူကြယ်လတွေမြင်ပြီး ချာချာလည်နေပါတယ်
  
    ရှပင်ကအပေါ်စီးကနေ သူ့ကိုခါးထောက်ပြီးအထင်သေးတဲ့အကြည့်နဲ့ကြည့်ကာ "နောက်ခါဆို ဆရာကြီးအထာဖမ်းဖို့
မင်းရဲ့ဒီလိုခွန်အားနဲ့ အရည်ချင်းမပြည့်သေးဘူးနားလည်လား?"


    "မင်း မင်း!"
     မိုးပြာရောင်ဝတ်စုံနဲ့ကောင်က ကြမ်းပြင်ပေါ်မှာရုန်းကန်ပြီး ဒေါသကြောင့်မျက်နှာတွေနီရဲသွားကာ ခိုက်ခိုက်တုန်နေပါတယ် သူ့ပုံစံက ဒေါသကြောင့်ဒီလိုဖြစ်တာလား နာကျင်မှုကြောင့်လားဆိုတာ မသဲကွဲပါဘူး


   "ငါ့ယီးကိုမင်းလား မှတ်ထား မင်းကိုဒီပုံစံဖြစ်အောင်ထိုးလိုက်တဲ့ကောင်က ရှပင်ဘဲကွ" ဘန်း!
ရှပင်ကမထိန်းချုပ်ဘဲ မိုးပြာရောင်ဝတ်စုံနဲ့ကောင်နှာခေါင်းကို လက်သီးနဲ့ထိုးချလိုက်ပါတယ် ချက်ချင်းသူ့နှာခေါင်းရိုးကျိုးသွာပြီး သွေးတွေစင်ထွက်လာပါတယ်


    မိုးပြာရောင်ဝတ်စုံနဲ့ကောင်က ချက်ချင်းလဲကျပြီး သတိလစ်သွားပါတယ် 


   "ရှပင်အနိုင်ရသွားပြီ ရမှတ်သုံးမှတ်ရရှိပါတယ်" ကွန်ပြူတာစက်သံက ပြန်ပေါ်လာပြီး စွမ်းအင်တွေကမိုးပြာရောင်ဝတ်စုံနဲ့ကောင်ကို တခြားနေရာပို့ဆောင်လိုက်ကာ ရှပင်တစ်ယောက်သာကျန်ခဲ့ပါတယ်


                            ............................
အပိုင္း(၂၉၇)   မ်က္ႏွာပ်က္လို႔မရဘူး


    "မင္းႏွမကိုလာေတာင္းပန္ဖို႔ေျပာပါလား ေဟ်ာင္ မင္းအရမ္းလူပါးဝသြားၿပီ"


    "ငါတို႔ကိုအရိုအေသေပးခိုင္းၿပီး အရိုေသမေပးရင္ ယဥ္ေက်းမႈမရွိဘူးေပါ့ေလ မင္းကိုယ္မင္းဘာထင္ေနတာလဲ လူေလးစားရတဲ့ပုဂၢိုလ္လား?"
     
     "မထင္မွတ္ဘဲ ရန္ဟြမ္ၿဂိဳလ္ကလာတယ္ဆိုၿပီး မင္းကိုယ္မင္းေျပာလိုက္ေသးတယ္ ရန္ဟြမ္ၿဂိဳလ္ကလာတာေတာ္ေတာ္ထူးျခားလို႔ ငါတို႔ကိုအရိုေသေပးခိုင္းေနတာလား မင္းရဲ႕ရာထူးက တျခားသူေတြထက္ကိုျမင့္တယ္ထင္ေနတာလား?"


    "ငါတို႔ကိုယဥ္ေက်းမႈမရွိဘူးလို႔ ႀကိမ္းဝါးရဲတယ္ ေခြးမသားမင္းေသခ်င္ေနတာလား?"
 
    "ခ်ီးေလာက္ေတာင္အဆင့္မရွိတဲ့ ေခြးမသားက ငါတို႔ကိုဒီလိုအထင္ေသးရဲတယ္  မင္းအေမေတာင္မင္းကိုမမွတ္မိေတာ့တဲ့အထိငါတို႔မင္းကိုရိုက္ႏွက္လို႔ရတယ္ဆိုတာ ယုံလားမသိဘူး"


     ေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြက အျမႇီးတက္နင္းခံရတဲ့ေၾကာင္လိုေဒါသေပါက္ကြဲသြားၾကတယ္ သူတို႔တစ္ဘဝလုံးမွာအခုလိုလူပါးဝတဲ့ ရန္ဟြမ္ၿဂိဳလ္ကလူကိုမေတြ႕ဖူးပါဘူး


    သူတို႔ေတြတစ္ေယာက္စီက ေကာင္းကင္တိမ္တိုက္ကမၻာမွာေနၾကတဲ့ လူသားလက္ေ႐ြးစင္ေတြျဖစ္ၾကပါတယ္ ဒီေနရာကသိပၸံနဲ႕နည္းပညာတိုးတက္ၿပီး ခြန္အားအႀကီးဆုံးလူသားေတြေနထိုင္ၾကတဲ့ေနရာပါ ေကာင္းကင္တိမ္တိုက္ကမၻာက လူသားလက္ေ႐ြးစင္ေတြ ေနထိုင္ၾကတဲ့ေနရာျဖစ္ပါတယ္
 
     အခုေတာ့ရန္ဟြမ္ၿဂိဳလ္ကထြက္လာတဲ့ ေလာကႀကီးကိုမျမင္ဖူးတဲ့မ်ိဳးမစစ္က သူတို႔ကိုအထင္လာေသးရဲပါတယ္


    "ငါေျပာတာ လက္မခံဘူးလား?"
     ရွပင္ကဒီလူေတြကို ေဘးတေစာင္းၾကည့္လိုက္ၿပီး "လက္မခံခ်င္ရင္အေသခံဖို႔ ထြက္လာၾကစမ္း ငါမင္းတို႔ကိုလက္တစ္ဖက္တည္းနဲ႕အနိုင္မရရင္ ငါရႈံးတယ္ဆိုတာဝန္ခံလိုက္မယ္"


    သူကလက္ႏွစ္ဖက္ကိုေနာက္ပစ္ၿပီး ဂရန္းမာစတာ တစ္ေယာက္ရဲ႕စတိုင္နဲ႕ ရပ္ေနပါတယ္


    "ငါ့လီး ဒီ႐ုပ္လွလွနဲ႕ေကာင္ေလးက အရမ္းလူပါးဝလြန္းတယ္"


    "ငါ့တို႔ကို လက္တစ္ဖက္တည္းနဲ႕အနိုင္ယူမယ္တဲ့ သိုင္းပညာရွင္အဆင့္၄အမွိိုက္ေကာင္ေလးက ဒီလိုေလလုံးထြားရဲတယ္"


    "သတ္ၾက ဒီမ်ိဳးမစစ္ကိုရန္ဟြမ္ၿဂိဳလ္ကအမွိုက္ေတြနဲ႕ ငါတို႔ဒီလူသားလက္ေ႐ြးစင္ေတြၾကားမွာ ႏွိုင္းယွဥ္လို႔မရတဲ့ျခားႏွားခ်က္ကို သိေအာင္လုပ္ေပးလိုက္"


    ရွပင္စကားေတြၾကားတာနဲ႕ ေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားအုပ္ႀကီးကခ်က္ခ်င္းေပါက္ကြဲသြားၾကတယ္ သူတို႔ဘယ္ေလာက္ဘဲစိတ္ရွည္သည္းခံနိုင္ပါေစ
ဒီကိစၥကိုသည္းမခံနိုင္ေတာ့ပါဘူး ဒီေကာင္ကသူတို႔ေခါင္းမွာ ေသးေပါက္ခ်ခ်င္ေနတာေသခ်ာပါတယ္


    တကယ္လို႔သူတို႔ေတြဒါကို သည္းခံနိုင္ရင္ ႏွစ္တစ္ေသာင္းနင္ဂ်ာလိပ္ေတြ ျဖစ္သြားမွာပါ
  
    "ေဟ်ာင္ ေကာင္းကင္တိမ္တိုက္ကမၻာကမင္းလို အမွိုက္ေကာင္ေတြမဆင္မျခင္ေသာင္းက်န္းလို႔ရတဲ့ေနရာမဟုတ္ဘူးဆိုတာ ငါမင္းသိေအာင္လုပ္ေပးမယ္ ဒီမွာမဆင္မျခင္ေျပာဆိုရဲရင္ စုတ္ျပတ္သတ္ေအာင္ရိုက္ခံရမယ္" ဝွစ္ကနဲ႕ဆို အရပ္ျမင့္ျမင့္ခႏၶာကိုယ္ေတာင့္ေတာင့္နဲ႕ လူတစ္ေယာက္ထြက္လာပါတယ္


    သူလက္သီးစုပ္လိုက္တာနဲ႕ ႂကြက္သားေတြေဖာင္းထြက္လာကာ သူ႕တစ္ကိုယ္လုံးက သံမဏိေမွ်ာ္စင္လို ေၾကာက္စရာေအာ္ရာေတြထြက္လာပါတယ္ ဒီလူကအထင္ႀကီးစရာေကာင္းတဲ့ သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၅တစ္ေယာက္ျဖစ္ပါတယ္


    သူ႕ရဲ႕အစစ္အမွန္ခ်ီ က်င့္ႀကံျခင္းနဲ႕တင္ မ်ဳဘန္ခ်န္းနဲ႕အဆင့္တူပါတယ္


    "သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၅ သိုင္းသမား ကြၽဲရိုင္းဂ်ီယုရွန္ "


   "ဒီေကာင္ေတာ့ေသၿပီ ဂ်ီယုရွန္ကငါတို႔ေက်ာင္းသားေတြထဲမွာ ခြန္အားအႀကီးဆုံးမဟုတ္ေပမဲ့ လူသိမ်ားသူတစ္ေယာက္ဘဲ"


   "ဒါက အပ္စိုက္ကုထုံးအမွတ္ငါးခုကို ခ်ိတ္ဆက္ထားတဲ့ သိုင္းပညာရွင္အဆင့္၅ဘဲ ဒီေကာင့္ထက္ကို ဘယ္ေလာက္မ်ားမ်ားခြန္အားႀကီးလဲမသိဘူး"


    "ေျပာၾကတာေတာ့ဂ်ီယုရွန္က မေကာင္းဆိုးဝါးကြၽဲက်င့္စဥ္ကို က်င့္ထားၿပီး ထူးျခားတဲ့ခြန္အားရွိတယ္တဲ့ ကြၽဲတစ္ေကာင္လိုႀကံ့ခိုင္သန္မာၿပီး သူ႕နဲ႕တိုက္ၾကတဲ့လူတိုင္းက ေသရင္ေသ မေသရင္ဒဏ္ရာရရိုးထုံးစံရွိတယ္အေတာ္ေၾကာက္စရာေကာင္းတယ္"


    "ဒီေကာင္ေလးေတာ့ သနားစရာဘဲ ဂ်ီယုရွန္နဲ႕ တိုက္ခိုက္ခ်င္ရင္ သူႏွစ္၁၀၀ေလာက္လိုေသးတယ္"


    "ေဟးေဟး သူ႕ရဲ႕စုတ္ျပတ္သတ္ေအာင္အရိုက္ခံရမဲ့ပုံစံကိုေစာင့္ၾကည့္ေနလိုက္ၾက "


    "ခ်က္ခ်င္း သက္ေသအျဖစ္ဓာတ္ပုံေတြရိုက္ထားၾက ငါတို႔ေကာင္းကင္တိမ္တိုက္ကမၻာကလူေတြကိုပုတ္ခတ္ရဲတဲ့ကံၾကမၼာကို ဒီရန္ဟြမ္ၿဂိဳလ္ကေက်ာင္းသားေတြကို နမူနာျပရမယ္ အဲ့တာမွသူတို႔ေတြဓေလ့ထုံးတမ္းကို နားလည္မွာ"


    ေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြက အခ်င္းခ်င္းေျပာဆိုေနၾကၿပီး သူတို႔မ်က္ႏွာေတြကပြဲေကာင္းတစ္ပြဲၾကည့္ရေတာ့မဲ့ မ်က္ႏွာထားေတြျဖစ္ေနၾကပါတယ္


   ဘန္း!
   လွ်ပ္တစ္ျပက္အတြင္းဂ်ီယုရွန္လႈပ္ရွားလိုက္ၿပီး ကြၽဲရိုင္းတစ္ေကာင္လို သူ႕ေျခႏွစ္ဖက္ကိုေျမႀကီးမာေဆာင့္နင္းလိုက္တာနဲ႕ တြင္းနက္ႀကီးႏွစ္ခုေပၚလာကာ ေက်ာက္တုံးအပိုင္းအစေတြျပန့္ႀကဲသြားပါတယ္ သူ႕တစ္ကိုယ္လုံးကိုလဲမိုးျပာေရာင္အစစ္အမွန္ခ်ီေတြ ဖုန္းအုပ္သြားပါတယ္


    သူ႕ညာလက္ကကြၽဲခ်ိဳအျဖစ္ေျပာင္းသြားၿပီး ဘယ္လက္ကကြၽဲၿမီးျဖစ္သြားကာ ခြာႏွစ္ဖက္ကိုေဆာင့္နင္းလိုက္တာနဲ႕ ေတာင္ေတြကိုၿဖိဳေတာ့မဲ့အရွိန္အဝါေတြထြက္လာပါတယ္


    ဂ်န္းရ႐ူတို႔ေတြက ဒါကိုျမင္ၿပီးလန့္သြားၾကတယ္ ဒီေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြက အရမ္းၾကမ္းၿပီး သားရဲေတြ လူသားေတြနဲ႕ တိုက္ပြဲေတြဘယ္ေလာက္မ်ားမ်ားတိုက္ခိုက္ဖူးထားၾကလဲမသိပါဘူး သူတို႔ရဲ႕သိုင္းပညာကြၽမ္းက်င္မႈလည္း အထူးေကာင္းမြန္ၿပီးျပည့္စုံပါတယ္


    သူ႕ကိုယ္ကေန အႏၱရာယ္ရွိတဲ့သတ္ျဖတ္ျခင္းေအာ္ရာအနည္းငယ္ေတာင္ထြက္ေနၿပီး တိုက္ပြဲအေတြ႕အႀကဳံမရွိတဲ့ငေၾကာက္သာဆိုရင္ ဂ်ီယုရွန္အရွိန္အဝါေအာက္မွာ ေၾကာက္ၿပီးၾကက္ေသေသေနမွာပါ


    ဒါေပမဲ့ရွပင္က တည္တည္ၿငိမ္ၿငိမ္နဲ႕ဘဲ ညာလက္ဝါးနဲ႕အသာေလးပုတ္ၿပီး တားလိုက္တယ္
   
    တန္ရာေပါင္းမ်ားစြာရွိတဲ့ေက်ာက္တုံးကိုေတာင္ ေၾကမြေအာင္လုပ္နိုင္တဲ့ တစ္ဖက္လူရဲ႕ ေရလွိုင္းလုံးႀကီးေတြလို ႏြားခ်ိဳကသူ႕လက္ဝါးနဲ႕ဝင္ေဆာင့္ပါတယ္


    ဘန္း!
    ဒီခြန္အားနဲ႕ ရွပင္ညာလက္ဝါးတို႔ေတြ႕ဆုံၿပီး ခ်ီစြမ္းအင္တုန္ခါမႈျဖစ္ေပၚကာ ေၾကာက္မက္ဖြယ္ေလျပင္းေတြတိုက္ခိုက္ၿပီး ေက်ာက္ခဲေတြ ဖုန္ေတြ လြင့္သြားပါတယ္
    
   "ဘာ?!"
    ဂူရွန္းကထိတ္လန့္ၿပီး သူ႕မ်က္စိကိုေတာင္သူမယုံနိုင္ေအာင္ျဖစ္သြားပါတယ္ သူ႕ရဲ႕လူအေယာက္တစ္ေသာင္းအားရွိတဲ့ခြန္အားက ဒီေကာင့္ရဲ႕လက္ဝါးနဲ႕ေတြ႕တဲ့အခါမွာ ဝါးဂြမ္းကိုထိုးေနရသလို သူ႕ရဲ႕ၾကမ္းတမ္းတဲ့ခြန္အားေတြက ႏူးညံ့တဲ့ခြန္အားေတြရဲ႕ ေျပာင္ေအာင္စုတ္ယူျခင္းခံလိုက္ရပါတယ္


    တစ္ဖက္လူရဲ႕ အကာအကြယ္ကိုဖ်က္ဆီးဖို႔ေတာင္ သူ႕အတြက္မျဖစ္နိုင္ပါဘူး
   
    "အေျခေနမေကာင္းတာ့ဘူး သြားၿပီ"
    ဒီခ်ိန္မွာ ဂ်ီယုရွန္မ်က္ႏွာေတြ အႀကီးက်ယ္ေျပာင္းလဲသြားပါတယ္ ဒီတစ္ခါသူ႕တိုက္ခ်က္မွာ ရွိသမွ်ခြန္အားအကုန္ထည့္ၿပီး ဒီေကာင့္ကိုတစ္ခ်က္တည္းနဲ႕ရွင္းပစ္ဖို႔ လုပ္ခဲ့တာပါ


   အဲ့တာေၾကာင့္သူ႕ရဲ႕ခ်ီစြမ္းအင္ေတြက
အခ်ိန္တိုအတြင္းျပန္ျပည့္လာဖို႔ မျဖစ္နိုင္ေတာ့ပါဘူး ဒီအခ်ိန္မွာ ခြန္အားအေဟာင္းေတြသူ႕ကိုယ္ထဲကထြက္သြားၿပီး ခြန္အားအသစ္ေတြလည္းျပန္မဝင္လာေသးတာေၾကာင့္ ရန္သူ႕ေနာက္တိုက္ခ်က္ကို သူဘယ္လိုကာကြယ္ေတာ့မွာလဲ?


    ခ်က္ခ်င္း ရွပင္ဘယ္ေျခနဲ႕လွမ္းကန္လိုက္တာနဲ႕ မိုးခ်ဳန္းသံလိုဝက္ဝံနက္တစ္ေကာင္ရဲ႕ေအာ္သံထြက္လာၿပီး ပတ္ဝန္းက်င္ကေက်ာင္းသားေတြက နားစည္မကြဲေအာင္ ကိုယ့္နားကိုယ္အုပ္ထားလိုက္ရပါတယ္


    ဘန္း!
    ဒီကန္ခ်က္က ဂ်ီယုရွန္ရဲ႕ဝမ္းဗိုက္ကိုထိကာ ကီလိုသိန္းေပါင္းမ်ားစြာခြန္အားေပါက္ထြက္ၿပီး အစစ္အမွန္ခ်ီေတြက သူ႕အဆုတ္ထဲကိုစိမ့္ဝင္ကာ ႂကြက္သားေတြထဲကို ထိုးေဖာက္သြားပါတယ္


    အား!
    ဂ်ီယုဖန္က စူးစူးဝါးဝါးေအာ္လိုက္ၿပီး သူ႕တစ္ကိုယ္လုံးအေပၚေအာက္ေျပာင္းျပန္လွန္ကာ မီတာတစ္ရာေက်ာ္ကိုလြင့္ထြက္သြားပါတယ္


    ျပဳတ္က်တာနဲ႕သူေသြးအန္လိုက္ၿပီး အထိတ္တလန့္နဲ႕ရွပင္ေျခေထာက္ကို ၾကည့္လိုက္ပါတယ္


     ဒီေျခေထာက္ေၾကာင့္ သူ႕တိုက္ရည္ခိုက္ရည္အမ်ားႀကီးဆုံးရႈံးၿပီး အဆုတ္ေတြပါထိခိုက္သြားပါတယ္    


    "ဒါဘယ္လိုျဖစ္နိုင္မွာလဲ?"
     ေကာင္းကင္တိမ္တိုက္ကမၻာက ေက်ာင္းသားအုပ္ကပါးစပ္အေဟာင္းသားနဲ႕ စိတ္ထဲမွာနည္းနည္းလန့္သြားၾကတယ္ ဂ်ီယုရွန္လိုသိုင္းပညာသင္အဆင့္၅ေတာင္ ဒီေကာင္ကန္တာခံရၿပီးရႈံးသြားပါတယ္ ဒါကအရမ္းလြန္ပါတယ္


    ဂ်ီယုရွန္ကသူတို႔ထဲမွာနာမည္မရွိတဲ့လူတစ္ေယာက္မဟုတ္ပါဘူး မေကာင္းဆိုးဝါးကြၽဲက်င့္စဥ္ကိုက်င့္ထားၿပီး သူ႕ခႏၶာကိုယ္ကကြၽဲရိုင္းတစ္ေကာင္လိုအလြန္ႀကံ့ခိုင္သန္မာသူပါ သာမန္သိုင္းပညာရွင္ေတြသူ႕ခႏၶာကိုယ္ကိုတိုက္ခိုက္မယ္ဆို ရင္ ျခစ္ရာေတာင္ထင္မွာမဟုတ္ပါဘူး
 
    ဒါေပမဲ့ဒီေကာင္ကဘယ္လိုလုပ္ ဂ်ီယုရွန္ကိုေျခေထာက္နဲ႕ကန္ထုတ္ပစ္နိုင္ခဲ့တာလဲ?
   
    "ဘယ္ေကာင္မေက်နပ္ေသးဘဲ ေရွ႕ကိုေျခႏွစ္လွမ္းတိုးလာခဲ့ ငါ့ကိုေကာင္းကင္တိမ္တိုက္ကမၻာရဲ႕သိုင္းပညာကိုျပခ်င္တယ္ဆို မင္းတို႔ရဲ႕ဒီအရည္ခ်င္းေလးနဲ႕လား?" ရွပင္ကလက္ႏွစ္ဖက္ကိုေနာက္ပစ္ၿပီး အထင္ေသးတဲ့မ်က္ႏွာနဲ႕ေျပာလိုက္တယ္
 
    "ဒါကလူသားလက္ေ႐ြးစင္လို႔ေခၚတဲ့ေကာင္ေတြလား ဒါကအေကာင္းဆုံးက်င့္ႀကံျခင္းပတ္ဝန္းက်င္မွာ ကောင်းကင်ဘုံပစ္စည်းတွေနဲ့မြေကမ္ဘာရတနာတွေသုံူပြီး အဆုံးမရွိတဲ့သဘာဝအရင္းျမစ္ေတြသိမ္းပိုက္ထားတဲ့ မင္းတို႔ရဲ႕ရလဒ္လား?"


    "ဒီအရည္အခ်င္းနဲ႕ဆို အရမ္းစိတ္ပ်က္စရာေကာင္းတယ္ မင္းတို႔ေတြသဘာဝအရင္းအျမစ္ေတြကိုလုံးဝျဖဳန္းတီးရာေရာက္တယ္"


    "ေနာက္ဆိုအျပင္ထြက္လို႔ သူမ်ားေတြေမးရင္ရန္ဟြမ္တကၠသိုလ္ေက်ာင္းသားေတြလို႔သြားမေျဖမိေစနဲ႕ ငါရွက္တယ္"


                            .........................
အပိုင္း(၂၉၈)    ဘုရင့္မ်ိဳးဆက္


     "ေျပာတာေကာင္းတယ္ ဒီေကာင္းကင္တိမ္တိုက္ကမၻာက မ်ိဳးမစစ္အုပ္အုပ္ေတြကိုၾကည့္မရတာၾကာၿပီ"
      
     "ဒီေကာင္ေတြသူတို႔ကိုယ္သူတို႔မက်ရႈံးေတာ့ဘူးလို႔ ထင္ေနၾကတယ္ တကယ္လို႔အခုလိုေကာင္းကင္နဲ႕ေျမႀကီးရဲ႕ခ်ီဓာတ္ႂကြယ္ဝတဲ့ပတ္ဝန္းက်င္မွာ ေကာင္းကင္ဘုံပစၥည္းေတြနဲ႕ ေျမကမၻာရတနာအေျမာက္အမ်ားကို သုံးထားလို႔မဟုတ္ရင္ မင္းတို႔က်င့္ႀကံျခင္းတိုးတက္တာ အခုလိုျမန္မယ္လို႔ထင္ေနတာလား?"


    "တကယ္လို႔ရန္ဟြမ္ၿဂိဳလ္မွာသာေနရမယ္ဆိုရင္သူတို႔ေတြတစ္ေယာက္စီက သိုင္းပညာသင္အဆင့္မွာဘဲရွိေနၿပီး သိုင္းပညာရွင္အဆင့္ကိုေတာင္ တက္နိုင္မွာမဟုတ္ဘူးလို႔ ငါထင္တယ္"


    "ဒီေကာင္ေတြက သဘာဝအရင္းအျမစ္တစ္ပုံတစ္ေခါင္းသုံးစြဲထားတဲ့ ဆန္ကုန္ေျမေလးေတြဆိုတာသိသာတယ္ ဒီလိုေကာင္ေတြကဘဝင္ျမင့္ေနတာ ရွက္ဖို႔ေကာင္းတယ္"


    "ငါသိတာေပါ့ အကိုႀကီးရွလိုသိုင္းပညာရွင္အဆင့္၄က ဒီဘာမဟုတ္တဲ့သိုင္းပညာရွင္အဆင့္၅ကို ေခြးတစ္ေကာင္လိုရိုက္နိုင္တယ္ေလ ဒါကိုၾကည့္ရင္ဒီေကာင္းကင္တိမ္တိုက္ကမၻာေက်ာင္းသားေတြရဲ႕ အဆင့္အတန္းကိုသိနိုင္တယ္"


    "သိုင္းတာအိုအုတ္ျမစ္မခိုင္ခံ့ရင္ တိုးတက္မႈဘယ္ေလာက္ဘဲျမန္ျမန္အသုံးမဝင္ဘူး ဒီတစ္ဘဝလုံး သိုင္းပညာရွင္အဆင့္မွာသာေနရၿပီး သိုင္းဆရာအဆင့္ကိုေရာက္နိုင္ေတာ့မွာမဟုတ္ဘူး"
 
    "ၾကည့္ရတာဒီေကာင္ေတြက လူလိမ္ဟန္ေဆာင္ေကာင္ေတြဘဲျဖစ္ရမယ္ တကယ္လို႔သာေကာင္းကင္တိမ္တိုက္ကမၻာမွာမေမြးလာဘူးဆိုရင္ ဘာေၾကာင့္သူတို႔ေတြ ရန္ဟြမ္တကၠသိုလ္တက္ခြင့္ရနိုင္မွာလဲ"


    ရွပင္စကားေတြၾကားတာနဲ႕ ရန္ဟြမ္ၿဂိဳလ္ကေက်ာင္းသားေတြလဲ ေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြကို အစြမ္းကုန္ျပန္လည္ေလွာင္ေျပာင္ရယ္ေမာလိုက္ၾကတယ္ 


    ရွပင္တကယ္ဘဲ ဒီဆန်ကုန်မြေလေးတွေက်ိုပညာပေးလိုက်တာကြောင့် သူတို႔စိတ္ေတြလုံးဝသက္ေသာင့္သက္သာျဖစ္ေနပါတယ္ ခနတုန္းကဒီမ်ိဳးမစစ္ေတြတစ္ေကာင္ခ်င္းစီ က်င့္ႀကံျခင္းအဆင့္နည္းနည္းေလာက္ျမင့္တာကိုအားကိုးၿပီး ဘဝင္ျမင့္ကာ သူတို႔ကိုအထင္ေသးေနတာေၾကာင့္ ရန္ဟြမ္ၿဂိဳလ္ကေက်ာင္းသားေတြအရမ္းေဒါသထြက္ေနၾကပါတယ္


     တကယ္တမ္းမွာ အကယ္၍ဒီေကာင္ေတြသာေကာင္းကင္တိမ္တိုက္ကမၻာမွာ မေမြးလာဘဲ မေရတြက္နိုင္တဲ့အက်ိဳးေက်းဇူးေတြကို မသိမ္းပိုက္ထားဘူးဆိုရင္ သူတို႔ေတြအခုလိုျမန္ျမန္တိုးတက္နိုင္ပါ့မလား?


     ျပင္ပအကူအညီေတြယူၿပီးေတာ့ အခုလိုျမန္ျမန္အဆင့္တက္နိုင္တာကို ဒီေကာင္ေတြတစ္ေယာက္ခ်င္းက သူတို႔ရဲ႕ေမြးရပါ ပါရမီေတြကဘဲ ၿပိဳင္ဘက္ကင္းၿပီးရန္ဟြမ္ၿဂိဳလ္သားေတြကို လႊမ္းမိုးဖို႔လုံေလာက္တယ္လို႔ ထင္ေနၾကပါတယ္


    အကယ္၍သူတို႔ေတြလည္းေကာင္းကင္တိမ္တိုက္ကမၻာမွာေမြးလာၿပီး က်င့္ႀကံခ်င္းအတြက္သဘာဝအရင္းျမစ္ေတြအမ်ားႀကီးရွိမယ္ဆိုရင္ ဒီလူေတြေနာက္မွာက်န္ခဲ့မွာမဟုတ္ဘူးလို႔ ရန္ဟြမ္ၿဂိဳလ္ကေက်ာင္းသားေတြက
သူတို႔ကိုယ္သူတို႔ယုံၾကည္ခ်က္ရွိပါတယ္


    "ဒီရန္ဟြမ္ၿဂိဳလ္က မ်ိဳးမစစ္အုပ္ေတြ အရမ္းေသာင္းက်န္းတာဘဲ"
   
     "ငါတို႔ကိုသဘာဝအရင္းျမစ္တစ္ပုံတစ္ေခါင္းေပၚမွာထိုင္ေနတယ္ေျပာဖို႔ သူတို႔မွာဘယ္လိုမ်က္ႏွာရွိတာလဲ?"


    "ငါတို႔သာမန္အတိုင္း ဘယ္ေလာက္ခက္ခက္ခဲခဲႀကိဳစားက်င့္ႀကံထားရတာကို သူတို႔သိလား"


    ဒီစကားေတြၾကားတာနဲ႕ေကာင္းကင္တိမ္တိုက္ကမၻာေက်ာင္းသားေတြလည္း တစ္ေယာက္စီမ်က္ႏွာေတြစိမ္းတက္လာၾကၿပီး လက္သီးတင္းတင္းစုပ္ထားၾကတယ္ ဒီရန္ဟြမ္ၿဂိဳလ္မ်ိဳးမစစ္ေတြက သူတို႔ကိုအခုလိုေလွာင္ေျပာင္တိုက္ခိုက္ရဲပါတယ္ ဒါကအရမ္းစိတ္တိုစရာေကာင္းပါတယ္


    ဒါေပမဲ့လည္း သူတို႔ထဲကလူသိမ်ားတဲ့ ဂ်ီယုရွန္လိုသိုင္းပညာရွင္အဆင့္၅က ဒီေကာင္ကန္တာခံလိုက္ရၿပီး ရႈံးသြားတဲ့အတြက္သူတို႔ေတြဘာမွျပန္မေျပာနိုင္ၾကေတာ့ပါဘူး


     သူ႕ထက္တစ္ဆင္နိမ့္တဲ့လူကိုေတာင္ အလယ္တကူရႈံးေပးခဲ့ရတာေၾကာင့္ လက္ရွိအျခေနက
သူတို႔ဒီေကာင္းကင္တိမ္တိုက္ကမၻာေက်ာင္းသားေတြက ဆန္ကုန္ေျမေလးေတြျဖစ္တယ္ဆိုတာ ျပေနတာဘဲမဟုတ္လား


   ဘုန္း!
   ႐ုတ္တရက္ ၿပိဳင္ဘက္ကင္းဖ်က္ဆီးအားေတြပါတဲ့ လက္သီးတစ္ခုကအျမႇောက္က်ည္ဆန္လိုေလကိုခြင္းၿပီး ရွပင္ဆီကိုဝင္လာပါတယ္


   ဘာ?!
   ရွပင္မ်က္လုံးေတြလက္သြားၿပီး လက္ဝါးနဲ႕ခုခံလိုက္တယ္ ဘန္း! စြမ္းအားႏွစ္ခုထိပ္တိုက္ေတြ႕တာနဲ႕ ဒီလက္သီးကိုသူခုခံဖို႔မျဖစ္နိုင္လုနီးပါးဆိုတာ ရွပင္ခံစားလိုက္ရတယ္


    ဒီခြန္အားမွာပါတဲ့အျမင့္ဆုံးဖ်က္ဆီးအားေတြက ရွပင္ရဲ႕ဒါခ့္ေနာ့ကိုယ္ခႏၶာက်င့္စဥ္အကာအကြယ္ကို ေဖာက္ဝင္ေနပါတယ္ သူ႕တစ္ကိုယ္လုံးဆယ္မီတာေနာက္ဆုတ္လိုက္ရၿပီးမွ ဒီခြန္အားကိုခုခံနိုင္လိုက္ပါတယ္


    ဒါေပမဲ့ၾကမ္းျပင္မွာ ရွပင္ေျခေထာက္ရာေၾကာင့္ အက္ေၾကာင္းေတြေပၚလာခဲ့ပါတယ္


    လူေတြကခ်က္ခ်င္းေရွ႕ကိုၾကည့္လိုက္တာနဲ႕ ေကာင္းကင္တိမ္တိုက္ကမၻာေက်ာင္းသားအုပ္ထဲကေန ေျခတံလက္တံေတြရွည္ရွည္နဲ႕ အရပ္၂မီတာျမင့္တဲ့ ႂကြက္သားအျပည့္နဲ႕ေက်ာင္းသားတစ္ေယာက္ ထြက္လာတာကိုေတြ႕လိုက္ရတယ္


    ခနတုန္းကဒီေက်ာင္းသားက မီတာတစ္ရာအေဝးကေနရွပင္ကို ေနာက္ဆုတ္ေအာင္လက္သီးနဲ႕ထိုးလိုက္သူျဖစ္ပါတယ္
   
    "မင္းဘယ္သူလဲေဟ်ာင္ မထင္မွတ္ဘဲငါ့ကိုအလစ္တိုက္ရဲတယ္ ေသခ်င္ေနၿပီလား?" ရွပင္က ဒီလူငယ္ေက်ာင္းသားကိုၾကည့္လိုက္တယ္  ဒီေကာင့္ရဲ႕ခ်ီနဲ႕ေသြးေတြက ထူးျခားၿပီးအသက္စြမ္းအင္ကလည္းသာမန္ေက်ာင္းသားေတြထက္အဆေပါင္းမ်ားစြာသာကာ ခြန္အားကလည္းအေတာ္ေၾကာက္စရာေကာင္းပါတယ္


    ေမြးရပါနတ္ဘုရားခြန္အားရွိသူေတာင္ ဒီထက်မပ်ိုပါဘူး


    ၿပီးေတာ့ဒီေကာင့္ရဲ႕သိုင္းတာအိုက်င့္ႀကံျခင္းအဆင့္ကလည္း အရမ္းျမင့္ၿပီး သိုင္းပညာရွင္အဆင့္၆ကိုေရာက္ရွိထားကာ မ်ဳဘန္ခ်န္းနဲ႕ယွဥ္ရင္တစ္ဆင့္ျမင့္ပါတယ္


    "ငါက ႐ႊန္းယူအန္လို႔ေခၚတယ္"
     ဒီလူငယ္ေက်ာင္းသားက ေအးစက္ေမွာင္မဲတဲ့မ်က္လုံးေတြနဲ႕ရွပင္ကို စိုက္ၾကည့္လိုက္ၿပီး "ဂ်ီယုရွန္ကိုအနိုင္ယူၿပီးမင္းကိုယ္မင္း အရမ္းေတာ္တယ္ထင္မေနနဲ႕ သူကငါတို႔ေကာင္းကင္တိမ္တိုက္ကမၻာမွာ ထိပ္တန္းအဆင့္ရွိတဲ့သူမဟုတ္ဘူး"


    "မင္းတို႔ရန္ဟြမ္ၿဂိဳလ္ကလာတဲ့လူေတြက ခြန္အားနည္းတာကို နည္းတယ္လို႔လက္ခံတတ္ရမယ္"


   "ေကာင္းကင္တိမ္တိုက္ကမၻာနဲ႕ရန္ဟြမ္ၿဂိဳလ္ၾကားက သဘာဝအရင္းျမစ္ေတြကြာျခားမႈရွိေတာ့ေရာ ဘာျဖစ္လဲ? ခြန္အားနည္းတာကနည္းတာဘဲေလ အဲ့တာကိုသူမ်ားကအမွန္တိုင္းေျပာလို႔မရဘူးလား မင္းတို႔ေနာက္က်ရင္ခြန္အားႀကီးနိုင္လာရင္ေတာင္ လက္ရွိမင္းကအဆင့္မမွီေသးဘူး"


    "ကျွမ်းကျင်သူတွေက်ို ေလးစားေၾကာက္႐ြံ႕ရမယ္ဆိုတာ မင္းသိသင့္တယ္ အဲ့တာမင္းအတြက္ေကာင္းတယ္"


    သူကရွပင္ကိုစိုက္ၾကည့္ေနလိုက္တယ္ သူ႕အဝတ္ေတြကၿငိမ္သက္ေနၿပီး ပတ္ဝန္းက်င္ကေက်ာင္းသားေတြက သူ႕ဆီကေနေက်ာ္တက္လို႔မရတဲ့ေတာင္တစ္ေတာင္လို သြားယွဥ္လို႔မရတဲ့ေအာ္ရာကို ခံစားရေနပါတယ္


    တစ္ဖက္လူရဲ႕လက္သီးတစ္ခ်က္နဲ႕တင္ ဒီေနရာမွာ ရွိေနတဲ့သူေတြကို တစ္စစီလုပ္လိုက္လို႔ရပါတယ္ ဒါကႀကီးမားလြန္းတဲ့ခြန္အားျဖစ္ပါတယ္


     ရန္ဟြမ္ၿဂိဳလ္ေက်ာင္းသားေတြလည္း ခနတာမြန္းၾကပ္သြားတယ္
    
     "မင္းအဆင့္ေလာက္နဲ႕လား?"
     ရွပင္က ဒီေကာင့္ကိုေဘးတစ္ေစာင္းၾကည့္လိုက္တယ္


     ဘန္း! ႐ႊန္းယူအန္ေျခတစ္လွမ္းတိုးလာၿပီး ေျမျပင္ကသူ႕ေျခႏွစ္ဖက္ဒဏ္ကိုမခံနိုင္ဘဲ ေၾကာက္မက္ဖြယ္အက္ေၾကာင္းေတြေပၚလာပါတယ္


    "ၾကည့္ရတာမင္းက လက္မခံခ်င္ေသးပုံဘဲ လက္မခံခ်င္တာလည္း ေကာင္းတယ္ ငါမင္းကိုလက္ခံေအာင္လုပ္ေပးမယ္"


     ေျပာၿပီးတာနဲ႕ သူကတိုက္ခိုက္ေတာ့ဖို႔လုပ္လိုက္တယ္


     ဝွစ္!
     ဒီခ်ိန္မွာ ႐ုတ္တရက္လူရိပ္တစ္ခုက ႐ႊန္းယူအန္ေရွ႕ကို ေရာက္လာၿပီးတားလိုက္တယ္ ဒါကအျဖဴေရာင္အဝတ္အစားဝတ္ထားတဲ့ဆရာျဖစ္ၿပီး သူကေအးစက္စက္ေျပာလိုက္တယ္ "ေတာ္ၾကစမ္း ဒီေနရာကေက်ာင္းရဲ႕အေရးႀကီးတဲ့ေနရာဘဲ ပုဂၢိုလ္ေရးအရတိုက္ခိုက္မႈေတြလုပ္လို႔မရဘူး မင္းတို႔တိုက္ခိုက္ခ်င္ရင္ ၿပိဳင္ပြဲမွာသြားသတ္ၾက"  


    "ဒီတစ္ခါရန္ဟြမ္တကၠသိုလ္ ေရာက္ကာစဆိုေတာ့စည္းကမ္းေတြကို နားမလည္ေသးတဲ့အတြက္ မင္းတို႔ကိုငါယာယီလႊတ္ေပးလိုက္မယ္"


    "တကယ္လို႔ေနာက္တစ္ခါရွိလာရင္ တစ္ေယာက္ခ်င္းစီ အခ်ဳပ္ခံရမယ္" 


    သူ႕အသံက အလြန္ျပင္းထန္ေနပါတယ္ နဂိုကေတာ့သူကအားလုံးက အစီစဥ္တက်ရွိေနမယ္ထင္ထားတာပါ ဒါေပမဲ့ေက်ာင္းသားေတြကေရာက္တာနဲ႕ဘဲ ျမန္ျမန္တိုက္ခိုက္ၾကမယ္လို႔ သူမထင္ထားပါဘူး ဒါကသူ႕ကိုအေတာ္စိတ္အႏွောင့္အယွက္ျဖစ္ေစပါတယ္


    အကယ္၍ဒီကိစၥကိုေက်ာင္းေခါင္းေဆာင္သိရင္ သူျပင္းျပင္းထန္ထန္ဒဏ္ရိုက္ခံရနိုင္ပါတယ္


    "ဟမ့္ ဒီတစ္ခါမင္းကံေကာင္းသြားတယ္မွတ္"
     ဆရာေရာက္လာတာေတြ႕တာနဲ႕ ႐ႊန္းယုန္အန္မ်က္ႏွာမွာ ေၾကာက္တဲ့အမူရာေပၚလာၿပီး လက္ကို႐ုပ္သိမ္းလိုက္တယ္ သူကရွပင္ကိုစိုက္ၾကည့္ၿပီးေတာ့ "ေက်ာင္းၿပိဳင္ပြဲမၾကာခင္မွာစတင္ေတာ့မယ္ အဲ့ခ်ိန္က်ရင္မင္းမွာဘာအရည္ခ်င္းရွိလဲဆိုတာ ငါၾကည့္မယ္"


    "ေကာင္းကင္တိမ္တိုက္ကမၻာကအက်ယ္ႀကီးဘဲ မင္းတို႔ရန္ဟြမ္ၿဂိဳလ္ကလာတဲ့သူေတြက ေရတြင္းထဲကဖားေတြဘဲ"  
    ၿပီးတာနဲ႕ သူလွည့္ထြက္သြားတယ္


     တျခားေကာင္းကင္တိမ္တိုက္ကမၻာကေက်ာင္းသားေတြလည္း မေက်မနပ္နဲ႕ရွပင္ကိုစိုက္ၾကည့္ၿပီး လစ္သြားၾကတယ္ ဒီေနရာမွာဆရာရွိေနတဲ့အတြက္ျပသနာလုပ္ဖို႔ မျဖစ္နိုင္ေတာ့ပါဘူး


    "မင္းတို႔လည္းသြားၾက အခုခ်က္ခ်င္းေလ့က်င့္ေရးကြင္းကိုသြားၿပီးေတာ့ ေက်ာင္းၿပိဳင္ပြဲသြားၿပိဳင္က်" ဝတ္စုံျဖဴနဲ႕ဆရာက ရွပင္တို႔ကိုၾကည့္ၿပီး ဒီေနရာမွာျပႆနာဆက္မျဖစ္ေအာင္ ထြက္သြားခိုင္းလိုက္တယ္


    ဆြစ္ ဆြစ္ ဆြစ္!
    ရွပင္တို႔ေတြထြက္သြားၾကၿပီး အနီးကဘတ္စ္ကားဆီေရာက္လာၾကတယ္ ဒီဘတ္စ္ကားက သူတို႔ေတြကိုေက်ာင္းၿပိဳင္ပြဲအတြက္ ေလ့က်င့္ေရးကြင္းကိုပို႔ေပးဖို႔ တာဝန္ယူရတာပါ 
   
    ဘြန္း ဘြန္း ဘြန္း!
    ရွပင္တို႔ေတြ ဘတ္စ္ကားမွာထိုင္ၿပီးတာနဲ႕ ကားထြက္သြားပါတယ္


    "အခုအေျခေနဆိုးၿပီ ဒီ႐ႊန္းယူအန္က ရိုးရွင္းတဲ့လူမဟုတ္ဘူး" လူအိုဒီမ်က္ႏွာေတြ အလြန္ေလးနက္ေနၿပီး "သူကဘုရင္မ်ိဳးႏြယ္ျဖစ္တဲ့
႐ႊန္းမိသားစုက လာတဲ့လူဘဲ ႐ႊန္းမိသားစုကေကာင္းကင္တိမ္တိုက္ကမၻာရဲ႕ေၾကာက္စရာေကာင္းတဲ့ အင္အားေတြရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ကိုတည္ေထာင္ထားတယ္ သူ႕ကိုဘုရင့္မ်ိဳးဆက္လို႔ေတာင္ေျပာလို႔ရတယ္"


                           ...........................
အပိုင္း(၂၉၉)   ေသြးမ်ိဳးဆက္ေတြ


    ဘုရင့္မ်ိဳးဆက္လား?!
    ဂ်န္းရ႐ူတို႔ေတြ ႐ုတ္တရက္လန့္သြားၾကတယ္ရန္ဟြမ္ၿဂိဳလ္မွာဆိုၿပိဳင္ဘက္ကင္းပါရမီရွိတဲ့ မ်ဳဘန္ခ်န္းတစ္ေယာက္ကသာ ဘုရင့္မ်ိဳးဆက္ျဖစ္ၿပီး ရန္ဟြမ္ၿဂိဳလ္ကလူငယ္အားလုံးကိုအနိုင္ယူနိုင္သူျဖစ္ပါတယ္ ဒါေပမဲ့ေကာင္းကင္တိမ္တိုက္ကမၻာကိုေရာက္ေရာက္ခ်င္းမွာဘဲ သူတို႔အမွတ္မထင္ႀကဳံတဲ့လူက ဘုရင့္မ်ိဳးဆက္တစ္ေယာက္ျဖစ္ေနပါတယ္


     "ဒါ ပုံမွန္ပါဘဲ"
     နန္ဂုန္ဝူက ေလးေလးနက္နက္နဲ႕ရွင္းျပလိုက္တယ္ "ေကာင္းကင္တိမ္တိုက္ကမၻာမွာဘုရင္ေတြတကယ္မ်ားၿပီး ရန္ဟြမ္ၿဂိဳလ္ထက္ကိုအဆဘယ္ေလာက္ေတာင္ ပိုမ်ားလည္းမသိဘူး အဲ့တာေၾကာင့္ နည္းနည္းေလးအစြမ္းျပနိုင္တဲ့ပါရမီရွင္တိုင္းက ဘုရင့္မ်ိဳးႏြယ္ေတြနဲ႕ပက္သက္မႈရွိၾကတယ္"


     သူမေျပာတာၾကားၿပီး ဂ်န္းရ႐ူတို႔ေတြေခါင္းၿငိမ့္လိုက္တယ္ လူသားလက္ေ႐ြးစင္အားလုံးနီးပါးေကာင္းကင္တိမ္တိုက္ကမၻာမွာစုေဝးေနၾကတာေၾကာင့္ ဒီေနရာမွာကြၽမ္းက်င္သူေတြက
တိမ္ေတြလိုေပါမ်ားတာပုံမွန္ပါဘဲ အခုလိုဘုရင့္မ်ိဳးဆက္နဲ႕တိုးတာလည္း ဘာမွထူးဆန္းတာမဟုတ္ပါဘူး


     "တကယ္လို႔ သာမန္ဘုရင့္မ်ိဳးဆက္ဆိုရင္ေတာ့ ဘာမွမထူးဆန္းဘူး ဒါေပမဲ့ဒီ႐ႊန္းယူအန္ကိုယ္ထဲမွာသားရဲေသြးမ်ိဳးဆက္ရွိေနၿပီး ပင္ကိုယ္ပါရမီကသာမန္ဘုရင့္မ်ိဳးဆက္ေတြထက္ကိုပိုေၾကာက္စရာေကာင္းတယ္ သူကတကယ့္ကိုေၾကာက္ခမန္းလိလိပါရမီရွင္ဘဲ" လူအိုဒီက ေလးနက္စြာေျပာလိုက္တယ္ သူ႕မ်ိဳးႏြယ္ကလည္းဟြာၿမိဳ႕ေတာ္ ရႉမိသားစုထက္မနိမ့္တဲ့ ရန္ဟြမ္ၿဂိဳလ္ကမ်ိဳးႏြယ္ႀကီးတစ္ခုျဖစ္တာေၾကာင့္ ေကာင္းကင္တိမ္တိုက္ကမၻာရဲ႕ကိစၥေတြကို ပိုနားလည္ပါတယ္


    "သားရဲေသြးမ်ိဳးဆက္တဲ့လား ဒါဘာကိုဆိုလိုတာလဲ?" ရွပင္ကမ်က္ေတာင္ခတ္ၿပီး ေမးလိုက္တယ္


    လူအိုဒီကေလးနက္စြာေျပာလိုက္တယ္ "ရွင္းရွင္းေျပာရရင္ ဒါကလူသားနဲ႕ သားရဲမ်ိဳးႏြယ္ရဲ႕ေပါင္းစပ္ၿပီးေမြးဖြားလာတဲ့ ေသြးမ်ိဳးဆက္ေပါ့ ဒီလူေတြကိုလူတစ္ပိုင္း သားရဲတစ္ပိုင္းလို႔သိၾကတယ္"


    ဘယ္လို?!
    က်န္တဲ့လူေတြက လန့္သြားၾကတယ္


     "မျဖစ္နိုင္ဘူး လူသားနဲ႕ သားရဲမ်ိဳးႏြယ္က
မတူညီတဲ့မ်ိဳးႏြယ္ေတြေလ ဒါေတာင္ေပါင္းစပ္ၿပီး မ်ိဳးဆက္ေတြပါ ေမြးလို႔ရတယ္တဲ့လား?" ဖန္းဟိုက္ထန္က အလြန္အံ့ၾသေနၿပီးသူ႕နားကိုေတာင္သူမယုံနိုင္ျဖစ္ေနပါတယ္


    "ဒါေပါ့ရတာေပါ့ ဒီသားရဲေတြလည္း လူပုံစံေျပာင္းလို႔ရတာဘဲကို"
    လူအိုဒီက လက္သီးစုပ္ၿပီး "လူသားတိုင္းဒါကိုစြမ္းေဆာင္နိုင္တာမဟုတ္ဘူး ဘုရင္အဆင့္ကိုေရာက္ၿပီး လူ႕ခႏၶာကိုယ္ထဲကဆန္းၾကယ္မႈေတြကို ေလးေလးနက္နက္နားလည္ထားတဲ့လူေတြကသာ သားရဲေတြနဲ႕ေပါင္းဖက္နိုင္တာ"


    "သာမန္သိုင္းပညာရွင္ေတြမွာ ဒီလိုအရည္အခ်င္းမ်ိဳးမရွိဘူး" 


    နန္ဂုန္ဝူလည္းေခါင္းၿငိမ့္လိုက္တယ္ "ငါလည္းဒီကိစၥကိုၾကားဖူးတယ္ တခ်ိဳ႕ဘုရင္အဆင့္လူသားကြၽမ္းက်င္သူေတြက သားရဲမ်ိဳးႏြယ္ရဲ႕ေသြးမ်ိဳးဆက္ေတြကို ခြဲစိတ္စစ္ေဆးဖူးတယ္ သူတို႔ရဲ႕သိုင္းတာအိုခြန္အားနဲ႕ သားရဲအမေတြတစ္ေကာင္ၿပီးတစ္ေကာင္ဖမ္းၿပီး အတင္းခြဲစိတ္ေလ့လာခဲ့ၾကကာ သားရဲအမေတြနဲ႕ေပါင္းဖက္ၿပီး မ်ိဳးဆက္ေတြတစ္ေယာက္ၿပီးတစ္ေယာက္ေမြးဖြားလာခဲ့တယ္ ဒီ႐ႊန္းမိသားစုဘိုးေဘးေဟာင္းလည္း ဒီအတိုင္းဘဲ ေျပာၾကတာေတာ့သူလည္း
မေရတြက္နိုင္တဲ့သားရဲအမေတြကိုဖမ္းဆီးၿပီး
သူတို႔နဲ႕ခေလးအေယာက္ေသာင္းခ်ီရခဲ့တယ္တဲ့ အဲ့လိုနဲ႕ႏွစ္ရာေပါင္းမ်ာစြာအၾကာမွာ သူတို႔ေတြကလူေသြးတစ္ဝက္ သားရဲေသြးတစ္ဝက္ပါတဲ့မ်ိဳးႏြယ္စုႀကီး ျဖစ္လာခဲ့ၾကတယ္"


    တစ္ခ်ိဳ႕သားရဲေသြးမ်ိဳးဆက္ေတြက ေၾကာက္စရာေကာင္းတာကို ရွပင္လည္းသိထားပါတယ္ တစ္ခ်ိဳ႕ေတြက မီးစြမ္းအင္ကိုထိန္းခ်ဳပ္နိုင္ၿပီး တခ်ိဳ႕ကေလစြမ္းအင္ တစ္ခ်ိဳ႕ကေျမစြမ္းအင္ တစ္ခ်ိဳ႕ကေရစီးေၾကာင္း စတာေတြကို ထိန္းခ်ဳပ္နိုင္ၾကပါတယ္ ဒါကသူတို႔ရဲ႕ေမြးရပါစြမ္းရည္ေတြပါ


     ဒါေပမဲ့လူသားေတြကေတာ့ အဲ့လိုမဟုတ္ပါဘူး ကိုယ္တိုင္ကဘာေမြးရပါစြမ္းရည္မွမပါဘဲ က်င့္ႀကံၿပီးမွသာအေျခေနတစ္ခုထိခြန္အားကို ပိုင္ဆိုင္ၾကတာပါ ပါရမီခ်င္းသာ
ယွဥ္မယ္ဆို လူသားေတြက ဒီသားရဲသတၱဝါႀကီးေတြထက္ကို နိမ့္ပါတယ္


    တကယ္လို႔လူသားေတြနဲ႕ ဒီသားရဲေတြရဲ႕ေပါင္းစပ္မႈက လူတစ္ပိုင္းသားရဲတစ္ပိုင္းေမြးဖြားလာခဲ့ရင္ လူသားေတြက သားရဲသတၱဝါေတြရဲ႕ခြန္အားကို ပိုင္ဆိုင္နိုင္ပါတယ္ ခန့္မွန္းရသေလာက္ဆိုဒါက လူသားဘုရင္အမ်ားစုရဲ႕အႀကံအစည္ျဖစ္ပါတယ္


    "ဒီလိုဆို ႐ႊန္းမိသားစုကၿပိဳင္ဘက္ကင္းသြားၿပီမလား?" ဖန္းဟိုက္ထန္ကမေအာင့္နိုင္ဘဲေမးလိုက္တယ္ တကယ္လို႔လူသားေတြက သားရဲေတြရဲ႕ခြန္အားကိုထိန္းခ်ဳပ္ၿပီ သားရဲလိုပါရမီရွိမယ္ဆိုရင္ ဒါကအရမ္းေၾကာက္စရာေကာင္းသြားပါၿပီ


   "အဲ့ေလာက္မရိုးရွင္းဘူး"
   လူအိုဒီကေခါင္းခါလိုက္တယ္ "လူသားနဲ႕သားရဲဆိုတာနဂိုတည္းက မတူညီတဲ့မ်ိဳးႏြယ္စုေတြဘဲ ႏွစ္ဖက္စလုံးက ေပါင္းစပ္နိုင္ရင္ေတာင္မွေမြးလာတဲ့မ်ိဳးဆက္ေတြက ႏွစ္ဖက္လုံးရဲ႕ပါရမီေတြကိုမဆက္ခံနိုင္တာ ျဖစ္နိုင္တယ္ ၿပီးေတာ့ဘာစြမ္းရည္တစ္ခုမွ မပါလာတဲ့ျဖစ္နိုင္ေျခလည္းရွိတယ္"


    "လူတစ္ပိုင္း သားရဲတစ္ပိုင္းေသြးမ်ိဳးဆက္ရွိတဲ့ လူသားေတြထဲမွာေတာင္မွ ထူးခြၽန္တဲ့က်င့္ႀကံျခင္းပါရမီရွိတဲ့သူေတြ နည္းနည္းဘဲရွိတယ္ ႐ႊန္းယူအန္က အဲ့လိုလူမ်ိဳးဘဲ"


    နန္ဂုန္ဝူလည္း ေလးေလးနက္နက္ေျပာလိုက္တယ္ "ဒီကိစၥက သားရဲမ်ိဳးႏြယ္အတြက္ေတာ့ ႀကီးမားတဲ့အရွက္ရမႈႀကီးဘဲ ဒါကတားျမစ္ခ်က္ေတြကို ေဖာက္ဖ်က္တဲ့အတြက္လူသားေတြကို သူတို႔မုန္းတီးလာၾကတယ္ သမိုင္းမွာဒီကိစၥေၾကာင့္ ေကာင္းကင္ၿပိဳၿပီးေျမျပင္ပ်က္ဆီးတဲ့ျပင္းထန္တဲ့စစ္ပြဲေပါင္းမ်ားစြာျဖစ္ေပၚခဲ့တယ္ ေနာက္ဆုံးမွာေတာ့ တစ္ဖက္နဲ႕တစ္ဖက္အေၾကာင္းမဲ့မ်ိဳးဆက္ေတြကို လုံးဝအဓမၼဖမ္းဆီးျခင္းမလုပ္ၾကဖို႔ မ်ိဳးႏြယ္ႏွစ္ခုလုံး နှစ်ဥိီးနှစ်ဖက်သဘောတူညီမှုရခဲ့တယ်"


    "ဒါေပမဲ့လည္း ဒါကအျပင္ပန္းသေဘာတူညီခ်က္ပါ ဒီအလုပ္ေတြကိုတိတ္တဆိတ္လုပ္ေနတဲ့လူေတြ ရွိေနအုံးမွာပါ"


    ဒါကိုၾကားတာနဲ႕ ရွပင္ကေမးေစ့ကိုပြတ္လိုက္ၿပီး "ဒီ႐ႊန္းယုအန္ကတကယ္ေတာ့ ဘာေသြးမ်ိဳးဆက္လဲ?"
    
    "ေလသားပိုက္ေကာင္ မ်ိဳးဆက္"
     လူအိုဒီက အခိုင္အမာေျပာလိုက္တယ္ "ေလသားပိုက္ေကာင္မ်ိဳးႏြယ္စုက သားရဲမ်ိဳးႏြယ္ေတြၾကားမွာ လက္သီးသူေတာ္စင္မ်ိဳးႏြယ္လို႔သိၾကၿပီး လက္သီးက်င့္စဥ္အေျမာက္အမ်ားကို တစ္ဖက္ကမ္းခတ္ တတ္ေျမာက္ထားၾကကာ တိုက္ရည္ခိုက္ရည္ထူးခြၽန္ၾကတယ္ ဒီ႐ႊန္းယူအန္က ဒီေသြးမ်ိဳးဆက္ကိုဆက္ခံထားတယ္"
  
    "အဲ့တာေၾကာင့္ သူ႕လက္သီးသိုင္းက အရမ္းစြမ္းအားႀကီးၿပီး ျပည့္စုံတဲ့နယ္ေျမကို ေရာက္လုနီးပါးျဖစ္ေနၿပီ အဆင့္ေက်ာ္ၿပီးစိန္ေခၚဖို႔က သူ႕အတြက္ခက္ခဲတဲ့ကိစၥမဟုတ္ဘူး"


    "ဒီဂ်ီယုရွန္လို႔ေခၚတဲ့ေကာင္ေတာင္ သူ႕ဖိနပ္တိုက္ဖို႔ေတာင္ မတန္ဘူး"
    
    ဒီေကာင္ကအခုလို လူပါးဝေနတာအံ့ၾသစရာမရွိေတာ့ဘူးလို႔ ဖန္းဟိုက္ထန္တို႔ေတြသေဘာေပါက္သြားၾကတယ္ ဒီလိုပါရမီ ဒီလိုခြန္အားမ်ိဳးနဲ႕ ေက်ာင္းသားသစ္ၿပိဳင္ပြဲမွာ သူ႕အတြက္ထိပ္ဆုံးဆယ္ေရာက္ဝင္ဖို႔က ျပသနာမရွိပါဘူး


    "ေရာက္ၿပီ"
    ရန်ဟွမ်တက္ကသ်ိုလ်လေ့ကျင့်ရေးကွင်းကိုရောက်တာနဲ့ ကားရပ္လိုက္တယ္ ပတ်ဝန်းကျင်ကအဆောက်အဥိီးတွေက ၿခံစည္းရိုးႀကီးေတြလိုျဖစ္ေနတာေၾကာင့္ အထဲကျမင္ကြင္းကိုေတာ့မျမင္ရပါဘူး


    ရွပင္တို႔ေတြကာေပၚက ဆင္းၿပီးတစ္ေယာက္ခ်င္းေလွ်ာက္ဝင္သြားလိုက္ၾကတာနဲ႕ အထဲမွာဘာတစ္ခုမွမရွိဘဲ အကန့္သတ္မရွိတဲ့ကြင္းျပင္က်ယ္ႀကီးကိုေတြ႕လိုက္ရတယ္


    ဒီအခ်ိန္မွာ ေကာင္းကင္ေပၚက အသံထြက္ေပၚလာပါတယ္ "ေက်ာင္းသားသစ္ၿပိဳင္ပြဲစတင္ပါၿပီ လူတိုင္းကပြဲ၅၀စီ ယွဥ္ၿပိဳင္ရမယ္ အနိုင္ရရင္သုံးမွတ္ သေရဆိုတစ္မွတ္ ရႈံးရင္တစ္မွတ္မွမရဘူး စုစုေပါင္းရမွတ္နဲ႕ အစဥ္လိုက္စီမယ္ အ
မွတ္အျမင့္ဆုံးဆယ္ေယာက္က ေက်ာင္းသားသစ္ေတြရဲ႕ထိပ္ဆုံးဆယ္ေယာက္ဘဲ"


    ဘန္း ဘန္း ဘန္း!
    ခ်က္ခ်င္း စြမ္းအင္ေတြဒီကြင္းျပင္က်ယ္ထဲမွာေပၚလာၿပီး ေက်ာင္းသားေတြအားလုံးကို ခုခံနိုင္စြမ္းမရွိေအာင္ ျပန့္သြားပါတယ္


    ေနာက္တစကၠန့္မွာ ရွပင္က ၂၀၀-၃၀၀စတုရန္းရွိတဲ့ ေလ့က်င့္ေရးအခန္းထဲမွာေပၚလာတာကို သိလိုက္ရတယ္ ဒီေလ့က်င့္ေရးအခန္းက စြမ္းအင္ေတြနဲ႕တည္ေဆာက္ထားပုံရၿပီး ပတ္ဝန္းက်င္တစ္ခုလုံးဗလာျဖစ္ေနကာအျပင္ကိုဘာတစ္ခုမွ မျမင္ရပါဘူး


    ဒါကိုစြမ္းအင္႐ုပ္လုံးေပၚလာျခင္းလို႔ေခၚပါတယ္
    
    "လန္းလိုက္တာ"
    ရွပင္ကလည္း အခုလိုရန္ဟြမ္ၿဂိဳလ္ထက္အဆေပါင္းမ်ားစြာျမင့္တဲ့ သိပၸံနည္းပညာကိုျမင္ၿပီးအံ့ၾသသြားၾကတယ္ လုံေလာက္တဲ့အဆင့္ျမင့္စြမ္းအင္ေတြရွိတာနဲ႕ အရာအားလုံးကိုတုပဖန္တီးနိုင္ၿပီး ေျပာင္းလဲနိုင္ပါတယ္
  
    ေလ့က်င့္ေရးကြင္းျပင္ထဲကိုဝင္လာတဲ့ ေက်ာင္းသားေတြက ဒီစြမ္းအင္ေတြရဲ႕ဆြဲယူမႈကို ခံလိုက္ရၿပီး မတူညီတဲ့ၿပိဳက္ဘက္ေတြနဲ႕တိုက္ခိုက္ဖို႔ စြမ္းအင္အခန္းေတြဆီကို တစ္ေယာက္ၿပီးတစ္ေယာက္ပို႔ေဆာင္ခံလိုက္ရတာပါ
   
    ဒီထဲမွာမေတာ္တဆမႈ ျဖစ္မွာကိုလည္းစိတ္ပူေနစရာမလိုပါဘူး ဘာေၾကာင့္လဲဆိုေတာ့ဒီေလ့က်င့္ေရးကြင္းတစ္ခုလုံးက  စူပါကြမ္တမ္ဦးႏွောက္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိေနတာေၾကာင့္ စကၠန့္ပိုင္းအတြင္းမွာအလင္းထက္ျမန္နာတဲ့အရွိန္နဲ႕ လႈပ္ရွားနိုင္ကာ အရာမ်ားစြာကိုထိန္းခ်ဳပ္နိုင္ပါတယ္


    ဝွစ္!
    ဒီအခ်ိန္မွာ စြမ္းအင္ေတြရွပင္အခန္းထဲကိုေရာက္လာၿပီး ေတာက္ပတဲ့အလင္းတန္းေတြတျဖည္းျဖည္းေပ်ာက္ကြယ္သြားတာနဲ႕ တစ္ဖက္လူရဲ႕ပုံစံတျဖည္းျဖည္း႐ုပ္လုံးေပၚလာကာ သူ႕ကိုယ္က သားရိုင္းတစ္ေကာင္လိုဖိအားေတြထြက္ေနပါတယ္
 
     "ဟမ္ ႐ႊန္းယူအန္?"
     သူ႕ပထမဆုံးၿပိဳင္ဘက္ကိုေတြ႕ၿပီး ရွပင္မ်က္ခုံးေတြျမင့္သြားတယ္ ဒီလူကဘုရင့္မ်ိဳးဆက္႐ႊန္းယုအန္ဆိုတာကို သူခ်က္ခ်င္းမွတ္မိသြားပါတယ္


     "စိတ္ဝင္စားစရာဘဲ ပထမဆုံးၿပိဳင္ပြဲမွာတင္မင္းနဲ႕တိုးမယ္လို႔မထင္ထားဘူး ဒါငါ့အတြက္အမ်ားႀကီးအလုပ္ရႈပ္စရာမလိုေတာ့ဘူး ဒါကတကယ္ဘဲ ရန္သူေတြက တစ္ေယာက္လမ္းကိုတစ္ေယာက္ မၾကာခနတိုးတယ္ဆိုသလိုဘဲ" ရွပင္ကိုေတြ႕တာနဲ႕ ႐ႊန္းယူအန္လည္း အလြန္အံ့ၾသသြားပါတယ္


                            ...........................
အပိုင္း(၃၀၀)  ေကာင္းကင္ဘုံအလႊာအဆင့္၅


    "ငါၾကားတာေတာ့ မင္းက
ေလသားပိုက္ေကာင္ေသြးမ်ိဳးဆက္ရွိၿပီး လက္သီးသိုင္းေတြကြၽမ္းက်င္သူဆို?" ရွပင္ကသူ႕ေမးေစ့ကိုပြတ္သပ္ၿပီး ႐ႊန္းယူအန္ကိုရန္စလိုက္တယ္ "ဒီေကာလဟာသေတြကမွားလားမွန္လားေတာ့ ငါမသိဘူး ဟိုဂ်ီယုရွန္လိုဆန္ကုန္ေျမေလးနဲ႕ယွဥ္ရင္ မင္းလဲတူတူဘဲလားမသိဘူး?"


    သူကတမင္တကာရန္စေနတာျဖစ္ပါတယ္ ဘာေၾကာင့္လဲဆိုေတာ့လက္ရွိအခ်ိန္မွာရွပင္က သိုင္းပညာရွင္အဆင့္၄အထြတ္အထိပ္ကိုေရာက္ေနၿပီး သိုင္းပညာရွင္အဆင့္၅ကိုေရာက္ဖို႔ေျခတစ္လွမ္းသာလိုပါေတာ့တယ္ ပုံမွန္အတိုင္းက်င့္ႀကံမယ္ဆိုရင္ အနည္းဆုံး၂လ၃လေလာက္ေနမွသာ သူအဆင့္တက္နိုင္မွာပါ


     ဒါေပမဲ့ျပင္ပအား အကူအညီနဲ႕သာဆိုရင္သူ႕ကိုယ္တြင္းကေဆးစြမ္းအင္ေတြကို လ်င္ျမန္စြာေခ်ဖ်က္ေပးနိုင္ၿပီး သိုင္းပညာရွင္အဆင့္၅ကိုေရာက္ေအာင္လုပ္ေပးနိုင္ပါတယ္ ဒီဂ်ီယုရွန္က အဲ့လိုလုပ္ခိုင္းဖို႔အေကာင္းဆုံးၿပိဳင္ဘက္ျဖစ္ပါတယ္


   သာမန္သိုင္းပညာရွင္ေတြဆိုရင္ သူ႕ကိုနည္းနည္းေတာင္ ဒဏ္ရာရေအာင္လုပ္နိုင္မွာမဟုတ္ပါဘူး


    "ဆန္ကုန္ေျမေလးတဲ့လား?"
     ႐ႊန္းယုအန္က လက္သီးကိုအသံျမည္ေအာင္စုပ္လိုက္ၿပီး ခက္ထန္တဲ့မ်က္ႏွာထားနဲ႕ "မင္းငါ့ကိုမထင္မွတ္ထားဘဲ အဲ့ဒီ့အမွိုက္နဲ႕နိုင္းယွဥ္ေနတာလား တကယ္မ်က္ႏွာေျပာင္တိုက္တာဘဲ ငါအားကုန္သုံးမယ္ဆိုရင္မင္းကိုတစ္စစီျဖစ္ေအာင္လုပ္ဖို႔ လက္သီးတစ္ခ်က္ဘဲလိုတယ္"


    ေျပာၿပီးတာနဲ႕ ႐ႊန္းယူအန္ကေလထဲကို
မိုးႀကိဳးလိုလက္သီးတစ္ခ်က္ ပစ္သြင္းလိုက္တယ္ မိုးႀကိဳးေတြက ေလကိုခြင္းၿပီးေၾကာက္စရာေကာင္းတဲ့အရွိန္အဝါေတြထြက္လာကာ အသံလွိုင္းလုံးႀကီးေတြေပၚလာပါတယ္


    "ၾကမ္းတယ္"
     ရွပင္လည္း လန့္သြားပါတယ္ ဒီ႐ႊန္းယူအန္ရဲ႕လက္သီးက အျပည့္စုံဆုံးအဆင့္ကိုေရာက္ရွိေနၿပီး အရွိန္ကအလြန္ျမန္ကာ အသံထက္ေတာင္ျမန္ပါတယ္


    သူလည္း လက္ဝါးတစ္ခ်က္ရိုက္လိုက္ၿပီး ဒါခ့္ေနာ့ခႏၶာကိုယ္ကာကြယ္ျခင္းက်င့္စဥ္ကို လည္ပတ္လိုက္တာနဲ႕ တစ္ကိုယ္လုံးမွာ ထိုင္ခ်ီပုံစံ ယင္နဲ႕ယန္စက္ဝိုင္းေပၚလာပါတယ္


    ဘန္း! 
    ႐ႊန္းယူအန္ရဲ႕ေၾကာက္စရာေကာင္းတဲ့ဖ်က္ဆီးအားေတြပါဝင္တဲ့လက္သီးက ရွပင္လက္ဝါးကိုထိၿပီး သူ႕အရိုးေတြဖ်က္ဆီးဖို႔လုပ္လိုက္ပါတယ္ ဒါေပမဲ့ဒါခ့္ေနာ့ခႏၶာကိုယ္ကာကြယ္ျခင္းက်င့္စဥ္လည္ပတ္ၿပီး စြမ္းအင္ေတြတုန္ခါကာ ဒီခြန္အားအမ်ားႀကီးကိုအဆက္မျပတ္ေလွ်ာ့ခ်ေပးလိုက္ပါတယ္ က်န္တဲ့ခြန္အားအနည္းငယ္က ေျခလက္ေလးဘက္နဲ႕ အရိုးေပါင္းတစ္ရာစီကို စိမ့္ဝင္သြားၿပီးရွပင္ရဲ႕ေသြးျပန္ေၾကာေတြနဲ႕ ကိုယ္ခႏၶာကိုႀကံ့ခိုင္ေအာင္ လုပ္ေပးကာ ကိုယ္ထဲကလည္ပတ္ျခင္းကိုးခုမူလက်င့္ႀကံျခင္းေဆးဝါးအာနိသင္ေတြကို သန့္စင္ေပးလိုက္ပါတယ္


     ခ်က္ခ်င္းဘဲရွပင္က သူ႕ကိုယ္ထဲကႂကြက္သားေတြ အရိုးေတြ ေသြးျပန္ေၾကာေတြအနည္းငယ္ပိုအားေကာင္းလာၿပီး အစစ္အမွန္ခ်ီေတြပါ အရင္ကထက္ပိုအားေကာင္းလာတာကိုခံစားလိုက္ရတယ္


    "ဘယ္လိုျဖစ္နိုင္မွာလဲ?"
    ႐ႊန္းယူအန္မ်က္လုံးႀကီးေတြျပဴးၿပီး ဒါကိုမယုံနိုင္ပါဘူး သူ႕လက္သီးဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲဆိုတာ သူေသခ်ာသိပါတယ္


    အခုလိုဘာမဟုတ္တဲ့ သိုင္းပညာရွင္အဆင့္၄မေျပာနဲ႕ သိုင္းပညာရွင္အဆင့္၆ေတာင္ သူ႕လက္သီးနဲ႕တိုက္ရိုက္ထိရင္ ေနရာမွာတင္ေသြးအန္ၿပီးကိုယ္တြင္းအစိတ္အပိုင္းေတြ ဒဏ္ရာအျပင္းအထန္ရသြားမွာပါ


    အဲ့လိုလူမ်ိဳးေတာင္သူ႕လက္သီးစာမိရင္ ေဆး႐ုံမွာတစ္လေလာက္သြားၿပီး ကုသမႈခံယူလိုက္ရမွာပါ ဒါေပမဲ့အခုေတာ့ ဒီလက္သီးကသိုင္းပညာရွင္အဆင့္၄ၿပိဳင္ဘက္ကို ေျခတစ္လွမ္းေနာက္ဆုတ္ေအာင္မလုပ္နိုင္တာက အရမ္းလြန္လြန္းပါတယ္


    "ဒါမင္းလက္သီးသိုင္းလား? ငါစကားရွစ္လုံးနဲ႕ေဖာ္ျပရမယ္ဆိုရင္ ေလလုံးထြားတာဘဲ အျပင္ပန္းေကာင္းၿပီးအတြင္းမွာဘာအားမွမပါဘူး"


    ရွပင္ကအထင္ေသးၿပီးေျပာလိုက္တယ္ "ေကာင္းကင္တိမ္တိုက္ကမၻာမွာ အခုလိုဆန္ကုန္ေျမေလးေတြဘဲရွိလိမ့္မယ္လို႔ မထင္ထားဘူး ဒီလိုလူမ်ိဴးေတြကေကာင္းကင္တိမ္တိုက္ကမၻာရဲ႕ပါရမီရွင္ေတြလို႔ ကိုယ့္ကိုကိုယ္ေခၚရဲတာ ငါ့ကိုသြားၿဖဲၿပီးရယ္ရေအာင္လုပ္ေနတာဘဲ "


    "ငါမင္းကိုတိုက္ရိုက္ဘဲေျပာလိုက္မယ္ ငါေျခေတြလက္ေတြမသုံးဘဲ မင္းကိုတိုက္ခိုက္ခြင့္ေပးမယ္"


    "တကယ္လို႔မင္းငါ့ကို ေျခလွမ္းတစ္ဝက္ေနာက္ဆုတ္ေအာင္လုပ္နိုင္ရင္ မင္းနိုင္ၿပီ"


    သူကလက္ႏွစ္ဖက္ကို ေနာက္ပစ္ၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႕ ႐ႊန္းယူအန္ကိုၾကည့္လိုက္တယ္


    ဘာ?! 
    ဒီစကားေတြၾကားတာနဲ႕ ႐ႊန္းယူအန္ေဒါသေပါက္ကြဲၿပီး သူ႕အဆုတ္ေတြေၾကမြေတာ့မလိုျဖစ္သြားပါတယ္ သူ႕လိုသားရဲေသြးမ်ိဳးဆက္ရွိတဲ့႐ႊန္းမိသားစုရဲ႕တိုက္ရိုက္မ်ိဳးဆက္ျဖစ္တဲ့ ဘုရင္မ်ိဳးဆက္က ပင္ကိုယ္ပါရမီမွာတစ္ျခားသူေတြထက္ကို သာလြန္ၿပီး တစ္ရာရာခိုင္ႏႈန္းၿပိဳင္ဘက္ကင္းပါရမီရွင္ျဖစ္ပါတယ္   


    ဘယ္ေနရာေရာက္ေရာက္ ဘယ္သူမွသူ႕ကိုအထင္မေသးရဲပါဘူး


    ဒါေပမဲ့အခုေတာ့ ေျခလက္ေတြမသုံးဘဲသူ႕ကိုေပးတိုက္ခိုက္ၿပီး ေျခလွမ္းတစ္ဝက္ေနာက္ဆုတ္ေအာင္လုပ္နိုင္ရင္ သူအနိုင္ရမယ္ဆိုတဲ့ စကားေတြကို ဒီမ်ိဳးမစစ္ကသူ႕ကိုေျပာရဲပါတယ္ အလြန့္အလြန္ဘဝင္ျမင့္ရင္ေတာင္ အကန့္အသတ္ေလးေတာ့ရွိသင့္ပါတယ္


    "ေကာင္းတယ္ အရမ္းေကာင္းတယ္ မင္းဒီေလာက္ေသခ်င္ေနမွေတာ့ ငါကူညီေပးမယ္"
႐ႊန္းယူအန္ကေဒါသအလြန္ထြက္ေနပါတယ္ သူ႕တစ္ဘဝလုံးမွာေတာင္ ဒီေန႕ေလာက္မ်ားမ်ားေဒါသမထြက္ဖူးဘဲ သူလုံးဝ႐ူးေတာ့မလိုျဖစ္ေနပါတယ္


    ဘုရင္လက္သီးသိုင္း - ၾကယ္တာရာေကာင္းကင္ဥကၠာခဲလက္သီး


    ခ်က္ခ်င္းသူလႈပ္ရွားလိုက္ၿပီး တစ္စကၠန့္အတြင္းမွာလက္သီးရိပ္ေပါင္း တစ္ရာေက်ာ္ထြက္လာကာ ေနရာတိုင္းမွာၾကယ္ေႂကြသလိုလက္သီးေတြက အရွိန္အျပင္းဆုံးနဲ႕ရွပင္ဆီဝင္လာပါတယ္


    ဒီလက္သီးတစ္ခုစီက ၾကယ္ေႂကြသလို ေတာင္ပတဲ့အလင္းေရာင္ေတြထြက္ေနၿပီး ဖ်က္ဆီးျခင္းသဘာဝေတြနဲ႕ ျပည့္ႏွက္ေနပါတယ္


     ဒီလက္သီးတစ္ခ်က္က သားရဲေတြကိုသတ္ပစ္ဖို႔လုံေလာက္ပါတယ္


    လက္သီးအရိပ္ေထာင္ခ်ီက တစ္ခုတည္းအျဖစ္ေပါင္းစည္းသြားၿပီး စြမ္းအင္တစ္ေထာင္ေက်ာ္အတူတကြေပါင္းစပ္သြားပါတယ္ ဒီခြန္အားကအလြန့္အလြန္ေၾကာက္စရာေကာင္းပါတယ္ ေျပာၾကတာေတာ့ ဒီလက္သီးသိုင္းကိုအထြတ္အထိပ္အထိေလ့က်င့္နိုင္ရင္ ေကာင္းကင္ကၾကယ္ေတြကိုပါ ေႂကြၾကေအာင္ထိုးနိုင္တယ္တဲ့


    "ေကာင္းလိုက္တဲ့ထိုးခ်က္"
    ရွပင္မ်က္လုံးေတြခ်က္ခ်င္းေတာက္ပသြားတယ္ အခုလိုလက္သီးအားမွသာ လုံလုံေလာက္ေလာက္အားေကာင္းတာပါ တကယ္လို႔အားနည္းတဲ့လက္သီးခ်က္ေတြဆိုရင္ သူ႕ကိုအနည္းငယ္ေတာင္ထိခိုက္ေအာင္မလုပ္နိုင္တဲ့အတြက္ သူ႕က်င့္ႀကံခ်င္းကို ဘယ္လိုလုပ္ကူညီေပးနိုင္မွာလဲ?


   အခုလိုလက္သီးအားကသာ သူ႕ကိုဂ႐ုစိုက္ၿပီး ရင္ဆိုင္ရေစဖို႔ လုံေလာက္တာပါ
 
    ဘုန္း ဘုန္း ဘုန္း!!!


    အခန္းထဲမွာ လက္သီးေတြကရွပင္ကိုယ္ေပၚကို ရာေထာင္ခ်ီတဲ့ၾကယ္ေတြလို ဖိခ်လာၿပီး မေရမတြက္နိုင္တဲ့အစစ္အမွန္ခ်ီေတြေပါက္ထြက္သြားပါတယ္


    "ၾကမ္းတယ္ကြာ"
     အစတည္းကဒီလက္သီးအားေတြက အလြန္ေၾကာက္စရာေကာင္းတာကို ရွပင္သိပါတယ္ ဒါေပမဲ့လည္း လက္သီးကသူ႕ကိုယ္မွာလာထိမွသာ ရန္သူ႕လက္သီးရဲ႕ ေၾကာက္စရာေကာင္းတဲ့ေနရာကို သိပါတယ္


    လက္သီးတစ္ခုစီက ကိုယ္မွာလာထိတာနဲ႕ ဖ်က္ဆီးအားေတြက သူ႕အဆုတ္ထဲထိကို စိမ့္ဝင္သြားပါတယ္ ဒီၾကယ္ေတြေတာင္ထိုးခ်နိဳင္တယ္ဆိုတဲ့ခြန္အားက သာမန္မဟုတ္ပါဘူး


   ဘုန္း ဘုန္း ဘုန္း!!!
   ဒါေပမဲ့လည္း ဒါခ့္ေနာ့ခႏၶာကိုယ္ကာကြယ္ျခင္းက်င့္စဥ္က ပိုအဆင့္ျမင့္ၿပီး ရွပင္ကိုယ္ခႏၶာမ်က္ႏွာျပင္မွာ ႀကိမ္ႏႈန္းလိုအစစ္အမွန္ခ်ီေတြတုန္ခါကာ တစ္ဖက္လူရဲ႕လက္သီးအားေတြကို ပဲ့တင္သံထပ္ေစၿပီး တစ္ဖက္လူရဲ႕ခြန္အားေတြကို အဆက္မျပတ္ျပန္လည္ထိန္းညွိေပးလိုက္ပါတယ္
     
     အခုလိုေၾကာက္မက္ဖြယ္လက္သီးအားေၾကာင့္ သူ႕ကိုယ္ထဲကလည္ပတ္ျခင္းကိုးခုမူလက်င့္ႀကံျခင္းေဆးဝါးနဲ႕ မီးအဆူးဖြတ္သားေတြရဲ႕ စြမ္းအင္ေတြေပါက္ထြက္ၿပီး အစစ္အမွန္ခ်ီျမစ္ႀကီးတစ္စင္သလို ကိုယ္ထဲကေသြးျပန္ေက်ာေတြကိုစီးဝင္သြားၾကပါတယ္


    ဘန္း!
    ဒီအစစ္အမွန္ခ်ီေတြ အထြတ္အထိပ္ထိေရာက္တဲ့အခါမွာ ေရလွိုင္းလုံးႀကီးလို မာေက်ာတဲ့တံခါးကို တိုက္ဖြင့္သြားပါတယ္


    သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာ အဆင့္၅
  
    ငါးခုေျမာက္အပ္စိုက္ကုထုံးအမွတ္ကို ခ်ိတ္ၿပီးတာနဲ႕ သူ႕ကိုယ္ထဲက အစစ္အမွန္ခ်ီေတြအ႐ူးအမူးတိုးတက္လာၿပီး တေဝါေဝါအသံျမည္ကာငါးခုေျမာက္အပ္စိုက္ကုထုံးအမွတ္ထဲကို စီးဝင္သြားၾကပါတယ္
   
    သူ႕ႂကြက္သားေတြ အရိုးေတြ ေသြးျပန္ေၾကာေတြ ခႏၶာကိုယ္ဆဲလ္တစ္ခုစီက အရင္ကထက္ႏွစ္ဆေလာက္ ပိုမိုသန္မာလာပါတယ္


    ႐ုတ္တရက္ရွပင္ကိုယ္ကေၾကာက္စရာေကာင္းတဲ့ အပ်က္အစီးတန္ျပန္တက္ေရာက္မႈခြန္အားေတြက ျမစ္ႀကီးတစ္စင္းလို ႐ႊန္းယူအန္ဆီျပန္ဝင္လာပါတယ္


    ဘာလဲဟ?!
    ႐ႊန္းယူအန္ကေၾကာက္လန့္သြားတယ္ အစတုန္းကေတာ့ဒီေကာင္က သိုင္းပညာရွင္အဆင့္၄ဘဲရွိေသးၿပီး ခုစကၠန့္ပိုင္းအတြင္းမွာ
သိုင္းပညာရွင္အဆင့္၅ကို ေရာက္သြားကာ ခြန္အားကလည္းႏွစ္ဆေလာက္တိုးတက္လာပါတယ္


    သူ႕တစ္ကိုယ္လုံးက တန္ျပန္တက္ေရာက္အားေတြနဲ႕ထိၿပီး ရာဘာေဘာလုံးလုံလြင့္ထြက္ကာ အခန္းစြမ္းအင္နံရံနဲ႕ရက္ရက္စက္စက္ ဝင္ေဆာင့္ပါတယ္


   ဘန္း
   ႐ႊန္းယူအန္က သူ႕တန္ျပန္သက္ေရာက္အားကိုသူမခံနိုင္ဘဲ အဆုတ္ေတြအျပင္းအထန္ထိခိုက္ကာ ေသြးအန္လိုက္ပါတယ္


                           ............................
အပိုင္း(၃၀၁)    အရႈံးေပးရျခင္း
 
     "ဒါဘယ္လိုျဖစ္နိုင္မွာလဲ?" 
     ႐ႊန္းယူအန္က မ်က္လုံးႏွစ္လုံးျပဴးၿပီး မယုံနိုင္ဘဲ "သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၅? ဘာျဖစ္တာလဲ သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၅ကို မင္းဘယ္တုန္းက ေရာက္သြားတာလဲ?"


     သူကစဥ္းစားမရျဖစ္ေနၿပီး နည္းနည္းေၾကာင္ေနပါတယ္
     
     "အဲ့တာမင္းအလုပ္လား?"


     ရွပင္က အထင္ေသးကာေျပာလိုက္တယ္ "မင္းလက္သီးကငါ့ကိုမထင္မွတ္ဘဲ ေျခလွမ္းတစ္ဝက္ေတာင္ေနာက္ဆုတ္ေအာင္ မလုပ္နိုင္ဘူးဆိုေတာ့ မင္းကိုအမွိုက္လို႔ေခၚတာ ငါမွားလားေျပာစမ္း ဒီလိုခြန္အားေလးနဲ႕ေနရာတိုင္းမွာ လိုက္ေသာင္းက်န္းရဲတယ္ မင္းမရွက္တတ္ဘူးလား"


    "ေနာက္ဆိုေန႕တိုင္းေန႕တိုင္းဘဝင္မျမင့္ေနဘဲ ႏွိမ့္ခ်ၿပီးေန ၾကားလား ငါေျပာသလိုမလုပ္ရင္ငါမင္းကိုေနာက္တစ္ခါေတြ႕တာနဲ႕ ေတြ႕တဲ့ေနရာမွာရိုက္ႏွက္မယ္ မင္းတို႔႐ႊန္းမိသာစုဘိုးေဘးေဟာင္းကိုေခၚလာရင္ေတာင္ အသုံးမဝင္ဘူး နားလည္လား?"
သူက႐ႊန္းယူအန္ကို ေမာက္မာစြာၾကည့္လိုက္တယ္


    "ငါ့ယီးကိုလာနားလည္ပါလား!"
     ႐ႊန္းယူအန္ကေသေလာက္ေအာင္ေဒါသထြက္ေနၿပီး အဆုတ္ေတြေပါက္ထြက္ေတာ့မလို ျဖစ္ေနကာ သူကလုံးဝလုံးဝကိုလက္မခံနိုင္ပါဘူး ရန္ဟြမ္ၿဂိဳလ္ကလာတဲ့သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၅ ေက်းလက္ေတာသားက မထင်မှတ်ဘဲသူ့က်ိုဆုံးမနေပါတယ် ဒါကိုသူဘယ္လိုလက္ခံနိုင္မွာလဲ?


    "ငါနားလည္ၿပီ"
    တစ္ခုခုကိုေတြးၿပီး ႐ုတ္တရက္နားလည္သေဘာေပါက္သြားဟန္နဲ႕ ႐ႊန္းယူအန္က "မင္းကေသခ်ာေပါက္က်င့္ႀကံျခင္းအဆင့္ကိုဖုန္းကြယ္နိုင္တဲ့ က်င့္စဥ္က်င့္ထားတာျဖစ္ရမယ္ ဒီ
က်င့္စဥ္နဲ႕မင္းကိုယ္မင္းသိုင္းပညာရွင္အဆင့္၄ဟန္ေဆာင္ၿပီး အေရးႀကီးတဲ့အခ်ိန္ေရာက္မွ ခြန္အားအစစ္အမွန္ကိုထုတ္ေဖာ္ၿပီး ငါ့က်ိုအလစ်ဖမ်းတိုက်ခိုက်လိုက်တာဘဲ"


    "အရွက္မရွိလိုက္တာ ဒီနည္းလမ္းကအရမ္းယုတ္လြန္းတယ္ မင္းတို႔ရန္ဟြမ္ၿဂိဳလ္ကလူေတြ
ဒီလိုေကာက္က်စ္စဥ္းလဲတဲ့အႀကံစည္ေတြရွိမယ္လို႔ငါမထင္ထားခဲ့ဘူး သတၱိရွိရင္ငါ့ဒဏ္ရာေတြေကာင္းရင္ ထပ္တိုက္ရေအာင္"


    ရွပင္သူ႕ကိုအနိုင္ရတာ ဒီမ်ိဳးမစစ္အေကာက္ႀကံလို႔ သူသတိလတ္လြတ္ျဖစ္သြားတာေၾကာင့္လို႔ ႐ႊန္းယူအန္ကမုခ်ထင္မွတ္ထားပါတယ္ အဲ့လိုမွမဟုတ္ရင္ဒီမ်ိဳးမစစ္ကဘယ္လိုလုပ္ သူ႕ၿပိဳင္ဘက္ျဖစ္နိုင္မွာလဲ?


    ခ်က္ခ်င္းဘဲ သူကနာက်ည္းမႈနဲ႕ရွပင္ကိုစိုက္ၾကည့္လိုက္တယ္


    "မင္းႏွမကိုငါရိုက္မယ္"
     ဘန္း! ရွပင္ေရွ႕တိုးၿပီး ႐ႊန္းယူအန္ရဲ႕ညာမ်က္လုံးကို လက္သီးနဲ႕ထိုးခ်လိဳက္ၿပီး ႐ႊန္းယူအန္တစ္ကိုယ္လုံးလြင့္ထြက္သြားပါတယ္


     "အား!"
     ႐ႊန္းယူအန္နာက်င္စြာေအာ္ဟစ္လိုက္ၿပီး ၾကမ္းျပင္ေပၚလဲက်သြားပါတယ္
 
     ရွပင္က သဲအိတ္ကိုထိုးက်င့္သလို သူ႕ကိုလက္သီးတစ္ခ်က္ထိုးၿပီး ဆူးပူႀကိမ္းေမာင္းေနပါတယ္ "ေကာင္းက်စ္စဥ္းလဲတဲ့အႀကံအစည္ေတြဘာေတြလာလုပ္ေနတယ္ မင္းအားနည္းတာကအားနည္းတာေပါ့ အဲ့တာကိုဆင္ျခင္ေတြအမ်ားႀကီးလာေပးေနေသးတယ္ မင္းအဖိုးကိုငါထိုးတုန္းကဆို မင္းေတာင္မေမြးေသးဘူး မင္းထပ္ၿပီး ဘဝင္ျမင့္နိုင္ေသးလားဆိုတာငါၾကည့္မယ္"


    ဘန္း ဘန္း ဘန္း!!!
    ႐ႊန္းယူအန္ငယ္သံပါေအာင္ေအာ္ေနၿပီး လက္ႏွစ္ဖက္နဲ႕ေခါင္းကိုကာထားပါတယ္ ဒါေပမဲ့ဘယ္လိုမေရွာင္နိုင္ဘဲ ရွပင္ရိုက္ႏွက္တာခံေနရပါတယ္ သူ႕ကိုယ္ကတျခားေနရာေတြလဲ အရိုက္ခံေနရၿပီး အထူးသျဖစ္သူ႕မ်က္ႏွာက ရွပင္လက္ဝါးရာေတြနဲ႕ ဝက္တစ္ေကာင္လိုေဖာင္းကားေနေစပါတယ္


    "ရပ္ ရပ္ခ်င္းရပ္လိုက္စမ္း ေတာ္သင့္ၿပီ ဒီလိုဆက္ရိုက္ေနရင္ငါေဒါသထြက္မိေတာ့မယ္" ႐ႊန္းယူအန္ေအာ္ဟစ္ၿပီးရွပင္ကိုရပ္ခိုင္းလိုက္တယ္ နာက်င္မႈေတြကိုအံႀကိတ္ကာသူခံေနရၿပီး သူ႕တစ္ဘဝလုံးအခုေလာက္သနားစရာမေကာင္းခဲ့ဖူးပါဘူး


    "လက္မခံခ်င္ေသးဘူးလား? ၾကည့္ရတာမင္းငယ္ပါကိုမလိုခ်င္ေတာ့ဘူးထင္တယ္" ရွပင္မ်က္လုံးေတြက ရက္စက္မႈအေရာင္ေတြထြက္လာၿပီး ႐ႊန္းယူအန္ေပါင္ၾကားကို ကန္ထည့္လိုက္တယ္


     ခ်က္ခ်င္း႐ႊန္းယူအန္ကေသးထြက္က်လဳနီးပါးေၾကာက္လန့္သြားတယ္ သူ႕မွာဘုရင့္ေသြးမ်ိဳးဆက္ပါၿပီး သားရဲမ်ိဴးႏြယ္ေသြးမ်ိဳးဆက္ကိုဆက္ခံထားတာေၾကာင့္ သာမန္လူေတြထက္ခႏၶာကိုယ္ႀကံ့ခိုင္ရင္ေတာင္ အားနည္းခ်က္ရွိတဲ့ေနရာရွိေနပါေသးတယ္


     ဒီမ်ိဴးမစစ္ေျခေထာက္ေၾကာင့္ သူ႕ငယ္ပါေပါက္ကြဲသြားရင္ သူ႕တစ္ဘဝလုံးအဆုံးသတ္သြားမွာပါ


     လက္ရွိသိပၸံနည္းပညာက အရမ္းျမင့္ၿပီး ေျခလက္အဂၤါေတြျဖတ္ခံရတာေတာင္ ျပန္ဆက္နိုင္ေပမဲ့ ဒီလိုျဖစ္ခဲ့ရင္ စိတ္ဒဏ္ရာရအႀကီးက်ယ္ရသြားမွာပါ
ဒါကဒုကၡိတျဖစ္တာထက္ကို ပ်ိုဆိုးပါတယ်
 
    "အရႈံးေပးတယ္ ငါအရႈံးေပးတယ္" ႐ႊန္းယူအန္ေခါင္းမာစြာဆက္ၿပီးမေတာင့္ခံနိုင္ေတာ့ဘဲ ခ်က္ခ်င္းသူအရႈံးေပးေၾကာင္းေၾကညာလိုက္တယ္


     ဘန္း!
     သူ႕အသံထြက္ၿပီးတာနဲ႕ စြမ္းအင္ေတြက်ေရာက္လာၿပီး ရွပင္တို႔ႏွစ္ေယာက္ကို ပတ္လိုက္ပါတယ္
ေနာက္တစ္စကၠန့္မွာ ႐ႊန္းယူအန္ကအခန္းထဲကေပ်ာက္သြားၿပီး ရွပင္ကသူ႕နဂိုေနရာကို ျပန္ေရာက္ေနပါတယ္


    "မထင္မွတ္ဘဲအရႈံးေပးသြားတာလား?"
     ရွပင္ကေမးေစ့ကိုပြတ္သပ္လိုက္တယ္ ဒီေနရာမွာအရႈံးေပးလိုက္တာနဲ႕ ႐ႊန္းယူအန္ကိုသူဆက္ၿပီးဒဏ္ရာရေအာင္လုပ္နိုင္ေတာ့မွာမဟုတ္ဘူးဆိုတာကို ရွပင္သိပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ဒီေနရာက ကြမ္တမ္ဦးႏွောက္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနလို႔ပါဘဲ


     တစ္ဖက္လူကအရႈံးေပးလိုက္တာနဲ႕ ကြမ္တမ္ဦးႏွောက္က အႏၱရာယ္ကိုရွာေဖြေတြ႕ရွိၿပီးတာနဲ႕ ၿပိဳင္ပြဲကိုခ်က္ျခင္းအဆုံးသတ္လိုက္ပါတယ္ ဒါကေက်ာင္းသားေတြအတြက္ ေက်ာင္းရဲ႕ကာကြယ္မႈျဖစ္ပါတယ္


     "ရွပင္အနိုင္ရသြားၿပီး ၃မွတ္ရရွိပါတယ္ ၁၅မိနစ္ၾကာ အနားယူၿပီးရင္ ေနာက္ၿပိဳင္ပြဲျပန္စပါမယ္"အခန္းထဲမွာ စက္သံက ထပ္ေပၚလာပါတယ္


    ရွပင္ကေထာင့္တစ္ေထာင့္မွာရပ္ၿပီး အစစ္အမွန္ခ်ီေတြလည္ပတ္ကာ ၿပိဳင္ပြဲမွာဆုံးရႈံးသြားတဲ့စြမ္းအင္ေတြကို ျပန္သိုေလွာင္လိုက္တယ္ ေျပာရတာထူးဆန္းေပမဲ့  ဒီေနရာမွာက်င့္ႀကံတာ ကအျပင္မွာထက္ကို၁၀ဆေလာက္စြမ္းအင္ျဖည့္တာ ပိုျမန္ပါတယ္  


    ဒီအခန္းထဲမွာအသက္စြမ္းအင္ေတြေတာင္ ျပန့္ေနၿပီး ရွပင္ကိုယ္ထဲစိမ့္ဝင္ကာ ပ်က္ဆီးေနတဲ့ကိုယ္ခႏၶာဆဲလ္ေတြဆက္တိုက္ျပန္ေကာင္းလာေစပါတယ္


    ဒီအခန္းက တိုက္ခိုက္ေရးစင္ျမင့္ျဖစ္႐ုံတင္မကဘဲ ကုသေပးတဲ့လုပ္ေဆာင္ခ်က္လည္းရွိတယ္ဆိုတာ သူခန့္မွန္းလိုက္တယ္


    ဝွစ္!
    ၁၅မိနစ္ကမ်က္စိတစ္မွိတ္အတြင္း ကုန္သြားၿပီး မိုးျပာေရာင္အဝတ္အစားနဲ႕လူက အခန္းထဲ႐ုတ္တရက္ေပၚလာပါတယ္


    "သိုင္းပညာရွင္ေကာင္းကင္ဘုံအလႊာအဆင့္၅ရန္ဟြမ္ၿဂိဳလ္ေက်ာင္းလား?"
 
     မိုးျပာေရာင္အဝတ္အစားနဲ႕ေက်ာင္းသားက ရွပင္ကိုၾကည့္ၿပီးတာနဲ႕ ရွပင္အေၾကာင္းကို နားလည္သြားၿပီး သူမ်က္ႏွာမွာ ေမာက္မာနဲ႕အမူအရာနဲ႕ "ငါမင္းကိုဒဏ္ရာရေအာင္မလုပ္ခ်င္ဘူး အဲ့တာေၾကာင့္အရႈံးေပးလိုက္ ေစာနိုင္သမွ်ေစာေစာအရႈံးေပးေနာ္ မဟုတ္လို႔ကေတာ့ ငါစၿပီးတိုက္ခိုက္ရင္ မင္းအရမ္းသနားစရာေကာင္းသြားမယ္ဆိုတာ အာမခံတယ္"


     "ဒါမတိုင္ခင္ကလည္းငါ ရန္ဟြမ္ၿဂိဳလ္ကေက်ာင္းသားနဲ႕ေတြ႕ၿပီး လက္သီးတစ္ခ်က္နဲ႕သူ႕ကို ဒဏ္ရာအျပင္းထန္ရေအာင္လုပ္ခဲ့တယ္"


    "တကယ္လို႔ဒီေနရာမွာ သူ႕ကိုကာကြယ္မဲ့စြမ္းအင္ေတြသာမရွိရင္ ဒီေကာင္ေသသြားတာၾကာၿပီ ငါ့တို့တစ်ယောက်နဲ့တစ်ယောက်ခြားကကွာခြားချက်တွေက်ို မင္းသိမယ္လို႔ငါေမွ်ာ္လင့္တယ္ မင္းနဲ႕ငါကအဆင့္တစ္ခုတည္းက လူေတြမဟုတ္ဘူး နားလည္လား?"


    သူလက္ေဝွ႕ယမ္းၿပီး ရွပင္ကိုအရႈံးေပးခိုင္းလိုက္တယ္


     သူ႕ကိုယ္သူအခုလိုယုံၾကည္မႈရွိေနတာကို
သြားအျပစ္တင္လို႔မရပါဘူး သူကသိုင္းပညာရွင္အဆင့္၆က်င့္ႀကံျခင္းရွိၿပီး ေကာင္းကင္တိမ္တိုက္ကမၻာမွာ ေမြးလာသူျဖစ္ပါတယ္ သူတို႔ကမၻာကသိုင္းတာအိုက်င့္စဥ္ေတြက ရန္ဟြမ္ၿဂိဳလ္ထက္ကိုအမ်ားႀကီး ပိုေၾကာက္စရာေကာင္းပါတယ္


    အဲ့တာေၾကာင့္ သူကရွပင္ကိုအထင္ေသးေနၿပီး တစ္မိနစ္အတြင္းရွင္းပစ္နိုင္မယ္လို႔ ထင္ေနပါတယ္


    ႐ုတ္တရက္ရွပင္က စကားမ်ားေနတဲ့ေကာင္ကို ေရွာင္ခ်ိန္မရေအာင္လွ်ပ္စီးကဲ့သို႔အျမန္ႏႈန္းနဲ႕တိုက္ခိုက္လိုက္တယ္  


    ဒါကိုျမင္ၿပီး နဂိုတည္ၿငိမ္ေအးေဆးေနတဲ့မိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္က အႀကီးက်ယ္ထိတ္လန့္သြားပါတယ္ ဒါေပမဲ့လည္း ရွပင္လက္ဝါးကနီးလာၿပီး သူေရွာင္ခ်ိန္မရွိေတာ့ပါဘူး


    ဘန္း!
    လက္ဝါးခ်က္က မိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္မ်က္ႏွာကိုထိမွန္ကာ သူ႕ေရွ႕သြားေတြကေသြးနဲ႕ေရာၿပီးကြၽန္ထြက္သြားပါတယ္ သူ႕ရဲ႕ႏူးညံ့ျဖဴေဖြးတဲ့မ်က္ႏွာမွာလည္း အနီေရာင္လက္ငါးေခ်ာင္းရာေပၚလာပါတယ္


   "အား!"
    မိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္ကသနားစရာေကာင္းေအာင္ေအာ္လိုက္ၿပီး ေလထဲမွာ၅ပတ္၆ပတ္ေလာက္လိမ့္သြားကာ ၾကမ္းျပင္ေပၚျပဳတ္က်သြားပါတယ္ ဒီအခ်ိန္မွာသူၾကယ္လေတြျမင္ၿပီး ခ်ာခ်ာလည္ေနပါတယ္
  
    ရွပင္ကအေပၚစီးကေန သူ႕ကိုခါးေထာက္ၿပီးအထင္ေသးတဲ့အၾကည့္နဲ႕ၾကည့္ကာ "ေနာက္ခါဆို ဆရာႀကီးအထာဖမ္းဖို႔
မင္းရဲ႕ဒီလိုခြန္အားနဲ႕ အရည္ခ်င္းမျပည့္ေသးဘူးနားလည္လား?"


    "မင္း မင္း!"
     မိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္က ၾကမ္းျပင္ေပၚမွာ႐ုန္းကန္ၿပီး ေဒါသေၾကာင့္မ်က္ႏွာေတြနီရဲသြားကာ ခိုက္ခိုက္တုန္ေနပါတယ္ သူ႕ပုံစံက ေဒါသေၾကာင့္ဒီလိုျဖစ္တာလား နာက်င္မႈေၾကာင့္လားဆိုတာ မသဲကြဲပါဘူး


   "ငါ့ယီးကိုမင္းလား မွတ္ထား မင္းကိုဒီပုံစံျဖစ္ေအာင္ထိုးလိုက္တဲ့ေကာင္က ရွပင္ဘဲကြ" ဘန္း!
ရွပင္ကမထိန္းခ်ဳပ္ဘဲ မိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္ႏွာေခါင္းကို လက္သီးနဲ႕ထိုးခ်လိဳက္ပါတယ္ ခ်က္ခ်င္းသူ႕ႏွာေခါင္းရိုးက်ိဳးသြာၿပီး ေသြးေတြစင္ထြက္လာပါတယ္


    မိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္က ခ်က္ခ်င္းလဲက်ၿပီး သတိလစ္သြားပါတယ္ 


   "ရွပင္အနိုင္ရသြားၿပီ ရမွတ္သုံးမွတ္ရရွိပါတယ္" ကြန္ျပဴတာစက္သံက ျပန္ေပၚလာၿပီး စြမ္းအင္ေတြကမိုးျပာေရာင္ဝတ္စုံနဲ႕ေကာင္ကို တျခားေနရာပို႔ေဆာင္လိုက္ကာ ရွပင္တစ္ေယာက္သာက်န္ခဲ့ပါတယ္


                            ............................

Comment